Saturday, October 18, 2014

မ ဟာ ပ ဇာ ပ တိ




★ ★  ငါသည် ဤ ဘဒ္ဒ ကမ္ဘာမှ ကမ္ဘာတစ်သိန်း ထက်က မာန်ငါးပါးကိုအောင်မြင်တော်မူသော ဘဒုမုတ္တရ ဘုရားရှင်လက်ထက်တော်အခါက ဟံသာဝတီ ပြည့်ရှင်ထံ အမှုထမ်းသော အမတ်ကြီး၏ သမီးဖြစ်ခဲ့၏ ....

တစ်ရံရောအခါ  အဖနှင်တစ်ကွ ကျွန်မ အပေါင်းခြံရံ လျှက် ... မြတ်စွာဘုရားအား ဖူးမြော်ပြီး ..ဘုရားရှင် ၏တရားတော်မြတ်ကို နာကြားခဲ့ရ၏ ...

ငါသည် ဗုဒ္ဓကိုကြည်ညို သည်ဖြစ်၍ ရက်သတ္တပတ်လုံး ... ဘုရားရှင်နှင့် ရဟန်း ရဟန်းမများအားလုံးကို ... များစွာသော အလှူကြီးပေးကာ ဆွမ်း လုပ်ကျွေးပြုစု ခဲ့၏ ...

ခုနှစ်ရက်မြောက်သောနေ့တွင် ..မြတ်စွာဘုရားနှင့် အတူ ကြွရောက်လာသော ... မိထွေးတော် ရဟန်းမကို ( ရတ္တညု ) ဧတဒဂ် အရာထားတော်မူသည်ကို တွေ့ရှိပြီး ... မိထွေးတော်၏ တရားနာကြားခဲ့ရ၏ ....

ထိုအခါ ငါသည် ဘုရားရှင်ခြေရင်း ပျတ်ဝပ်ရှိခိုးလျှက် ... မိထွေးတော်အရာကို ဆုတောင်းခဲ့၏ ....
ထိုအခါ များစွာသော ပရိတ်သတ်အလယ်၌ ဗုဒ္ဓက ဤသို့မိန့်၏ ....

အကြင်အမျိုးသမီးသည် ... မြတ်စွာဘုရားနှင့်တစ်ကွ သံဃာကို ခုနှစ်ရက်ပတ်လုံးလုပ်ကျွေး၏ ... ငါသည် ထိုအမျိုးသမီးကိုဗျာဒိတ်ပေးအံ့ နာကြားကြကုန် ....

ယ္ခု ကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်  သြက္ကာက မျိုးနွယ်ဖြစ်သော ဂေါတမ မြတ်စွာဘုးရားသည် ... လောက
၌ပွင့်အံ့ ... ထိုဘုရားလက်ထက် တွင် အသင်သည် တရားတော်တို့၏ အမွေခံဖြစ်လျှက် ဂေါတမီဟု ထင်ရှားသော .... ဗုဒ္ဓ၏ မိထွေးတော် နှင့် တပည့်သာဝိကာဖြစ်လတ္တံ ..... 

★ ★ ယ္ခု ငါ၏ ဆုတောင်းပြည့်ခဲ့ပေပြီ .... ငါ၏အသက်သည်လည်း ( ၁၂၀ ) တိုင်ပေပြီ .... ငါသည်  မြတ်စွာ ဘုရား နဲ့ အဂ္ဂသာဝက အလုံးစုံ တို့ အပြင် အသျှင် မဟာကသပ အသျှင်နန္ဓ အသျှင်အာနန္ဓာ အသျှင် ရာဟုလာ တို့ရဲ့ ပရိနိဗ္ဗာန်ပြုခြင်းကိုဖူးမြင်ရတော့မယ် မဟုတ်ပေ ...

ဒါကြောင့် ငါသည် ရှေးဦးစွာ အာယုသင်္ခါလွှတ်ပြီးလျှင် လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်ဗုဒ္ဓထံ ခွင့်ပန်ပြီး ငြိမ်းအေးရာသွားရန် အချိန်ကျပေပြီ ....

☆ 。 ☆。ဒီအခါ ခေမာစတဲ့ နန်းတော်မှ အတူတစ်ကွ ရဟန်းပြုကြသော ရဟန်းမ ငါးရာတို့ရဲ့ စိတ်မှာလဲ ပရိနိဗ္ဗာန်ပြုရန် တစ်ပြိုင်နက် အကြံဖြစ်ပေါ်ပြီး အာယု သင်္ခါများလွှတ်ကြ တဲ့အတွက် မြေလှုတ်ခြင်း ဖြစ်ပေါ် ပါတယ်

မကြာမီမှာပဲ ရဟန်းမ ( ၅၀၀ ) ကျောင်းသင်္ခန်းရှေ့ စုဝေး ရောက်လာကြပြီး ....

အရှင်မ ကျွန်ုပ်တို့သည် အိမ်မှ၎င်း ဘ၀မှ၎င်း အတူတစ်ကွ ထွက်မြောက်လာကြပြီး ယ္ခုလဲ ငြိမ်းအေးရာကို အတူတစ်ကွ သွားလိုပါသည် ... ခွင့်ပြုတော်မူပါ ... ကျွန်ုပ်တို့သည် ယ္ခုပင် အာယုသင်္ခါလွှတ်ပြီး နံနက်လင်းသော်  ဗုဒ္ဓထံ ခွင့်တောင်း လျှောက်ထားရန်သွားကြပါတော့မည် .... လို့လျှောက်ပါတယ်

★ ★  ကျွန်ုပ်လဲ ဒီအကြံဖြစ်ပေါ်ခဲ့တဲ့အတွက် အာယုသင်္ခါလွှတ်ခဲ့ပါပြီ ဗုဒ္ဓထံ သွားရောက်ခွင့်ပန်ကြတာပ ...

☆ 。 ☆。 ကျောင်းင်းသင်္ခန်းပြင်ပရောက်တဲ့အခါမှာ ရဟန်းမ ( ၅၀၀ ) က ကျောင်းသင်္ခန်း ကိုနောက်ဆုံး ကြည့်ခြင်း    ဖြင့်ကြည့်ပြီး .....

★ ★  ကျောင်းသင်္ခန်းကို စောင့်ရှောက်ကုန်သော အကြင်နတ်တို့ .... ကျောင်းသင်္ခန်းတွင်ကျန်ခဲ့ကုန်သော အသင်ရဟန်းမတို့ .... ပူဆွေးသောက မဖြစ်ကြလေနှင့် ....

အိုခြင်းသည်၎င်း နာခြင်းသည်၎င်း သေခြင်း သည်၎င်း မုန်းတီးသူတို့ နှင့်ပေါင်းသင်းရခြင်းသည် ၄င်း ချစ်သော သူတို့နှင့်ကွေကွင်းရခြင်းသည် ၄င်း ... ကင်းဝေးရာ ကို ငါတို့ သွားကြအံ့ ...  

ဤကျောင်း အာရာမ် ကို ငါတို့ရှုမြင်ခြင်းသည် နောက်ဆုံး ရှုမြင်ခြင်း ပေတည်း ..... မမေ့ မလျှော့သော လုံလဖြင့် သီလကိုဆောက်တည်ကြပါကုန် .... ငြိမ်းအေးရာအစစ်ကို ရှာကြပါကုန် လော့ ...

☆ 。 ☆。  ကိလေသာမကင်းကုန်သေးသော ဗုဒ္ဓသမီးတော်များ ... ကျောင်းအာရာမ်စောင့်နတ်များ ...တောစောင့်တောင်စောင့် နတ်များက ... ဒီစကားကိုကြားရတဲ့အခါ ... ငါတို့ဘုန်းကံနဲလေစွ တကား လို့ ၀မ်းနဲ ငိုကြွေးကုန်ကြပါတယ် .... 

နောက်တစ်နေ့ နံနက်လင်းတဲ့အချိန်မှာတော့ ... ကြယ်တာရာတို့ကဲ့သို့မြတ်စွာဘုရားရဲ့သမီးတော်တို့ကို မတွေ့ရတော့ ပါဘူး ..ကျောင်းဝင်းဟာ တိတ်ဆိတ် ဆိတ်သုန်းသွားပါတော့တယ် .... 

ဗုဒ္ဓသီတင်းသုံးရာ မဟာဝုန်တောကျောင်းတော်သို့ အသွား ... လမ်းမှာ ပိတ်ပြီး ဥပသကာများက ငိုကြွေး တားမြစ်ကြပြန် ပါတယ် ....

 ☆。 အရှင်မ ကိုးကွယ်ရာမဲ့ကုန်သော ကျွနုပ်တို့ကိုစွန့်ပြီး ... ပရိနိဗ္ဗာန်ပြုရန် မသင့်တော်ပါဘူး ...

 ★ ★ ချစ်သားချစ်သမီးတို့ .... ငါသည် လေးလံသော တဏှာဝန်ကို ချအပ်ပြီ ....  မြတ်စွာဘုရား အရှင်ကောဏ္ဍည အရှင်အာနန္ဒာ အရှင်ရာဟုလာ အရှင်နန္ဒ  တို့လဲ ရှိ၏ ... သံဃာလည်း ချမ်းသာခြင်းရှိ၏ ညီညွှတ်၏  ... တိတ္ထိတို့မာန်မူခြင်းလည်းဖယ်ပျောက်ပြီးဖြစ်၏ 

ငါသည် ကမ္ဘာတစ်သိန်းကြာမြင့်စွာ အကြင်နိဗ္ဗာန်ကို တောင့်တခဲ့၏ ယ္ခုငါရရှိခဲ့ပေပြီ ... အကယ်၍ သင်တို့ငါ့အပေါ် သနားကြင်နာခြင်း ကျေးဇူးစောင့်သိခြင်း ဖြစ်ပါရင် ... သူတော်ကောင်းတရား ကို မိမိကိုယ်တွင်း မြဲမြံစေရန် အားထုတ်ကြပါကုန် ....

☆ 。 ☆。 လို့ ဆုံးမပြီး ရဟန်းမတို့ခြံရံလျှက် ဗုဒ္ဓထံ ကြွခဲ့ ပြီး ဤသို့ လျှောက်ထားပါတယ်  ....

★ ★ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရား ... ကျွန်ုပ်သည် အရှင်၏ မယ်တော် ပါတည်း ....
လုံ့လရှိတော်မူသော မြတ်ဗုဒ္ဓ .... အရှင်သည်ကားကျွန်ုပ်၏ ခမည်းတော်ပါတည်း ....  သူတော်ကောင်း တရား ချမ်းသာပေးတော်မူသော မြတ်စွာဘုရား .... အကျွန်ုပ်သည် အရှင်ဘုရားမှ မွေးဖွားသူ ဖြစ်ပါ၏ ... 

★ ★ လောက၏ကိုးကွယ်ရာ ဖြစ်တော်မူသောမြတ်စွာဘုရား ... ကျွနုပ်သည်.... အရှင်ဘုရားကို တစ်မုဟုတ်မျှ  တပ်ခြင်းကို ငြိမ်းအေးစေနိုင်သော နို့ရည်ကို တိုက်ကျွေးခဲ့ပါ၏ ...
အရှင်ဘုရားသည်ကား ကျွန်ုပ်ကို စင်စစ် ငြိမ်းအေးသော သစ္စာတရားတည်းဟူသော နို့ရည်ကို တိုက်ကျွေးတော်မူပါ၏ ကျွန်ုပ်ကို ကိလေသာအနှောင်အဖွဲ့မှ စောင့်ရှောက်ခဲ့၍ နို့ကြွေးဘိုးမရှိပါ ...

 ★ ★  ကြီးသောလုံ့လ ရှိတော်မူသော ဘုရား မန္ဓတုမည်သော စင်္ကြ၀တေး မင်းတို့၏ အမိသည် ဂုဏ်ကြီးလှ၏ ထိုအမိသည် ပင် ဘ၀ဟူသော သမုဒ္ဒရာ နစ်မြုတ်ရ၏
သားတော်အရှင်ဘုရား အရှင်ဘုရားသည် ကျွန်ုပ်ကို ဘ၀ဟူသော သမုဒ္ဒရာမှ ကယ်တင် ခဲ့ပါပေ၏

 ★ ★ မိန်းမတို့သည် မင်း၏မယ်တော် မိဖုရား ဟူသော အမည်ကို ရလွယ်ပါ၏
 မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်သည် ရခဲ၏

ဒုက္ခ၏ အဆုံးကိုပြုတတ်သောမြတ်စွာဘုရား ကျွန်ုပ်ဆုတောင်းသော ထိုအမည်ကို အရှင်ဘုရားကြောင့် ရအပ်ပြီ ကျွန်ုပ်သည် ငယ်သည်လည်းဖြစ်သော ကြီးသည်လဲဖြစ်သော အလုံးစုံကို သိမြင်ပြည့်စုံ အပ်ပြီ

★ ★ လုံ့လ ရှိသောမူသော မြတ်စွာဘုရား  ကျွန်ုပ်သည် ဤကိုယ်ကောင်ကို စွန့်ပါယ်၍ နိဗ္ဗာန်ပြုလိုပါသည် ခွင့်ပြုတော်မူပါ .... ကြာကဲ့သို့ နူးညံ့သော ခြေတော်အစုံကိုဆန့်တော်မူပါ အရှင်ဘုရား ၏ မြတ်သောခြေ အစုံကို နောက်ဆုံးအကြိမ် ဦးခိုက်ခြင်းပြုပါအံ့ 

ဗုဒ္ဓကမယ်တော်၏ ဆန္ဒကို ပြည့်စေ၏ မယ်တော်လည်း နေလုလင်ကဲ့သို့ အလင်းရောင်ရှိသော သားတော် ဗုဒ္ဓ၏ ခြေအစုံကို ဦးတိုက်၏

 ★ ★ အာဒိစ္စ၀င် မင်းမျိုးတို့၏ မှန်ကင်းသဖွယ်ဖြစ်သော မြတ်စွာဘုရား နောက်ဆုံးဖြစ်သော သေခါနီးအခါ အရှင်ဘုရားအား ရှိခိုးပါ၏ အကျွနုပ်သည် အရှင်ဘုရားကို နောက်တစ်ကြိမ် မဖူးမြင်ရတော့ပါအံ့

★ ★ လောကထက်မြတ်တော်မူသော မြတ်စွာဘုရား မိန်းမတို့သည် အလုံးစုံသော အပြစ်တို့၏တည်ရာ ဟု သိအပ်ပါ၏ ကျွန်ုပ်အားတစ်စုံတရာ အပြစ်သည် ရှိခဲ့ပါက သည်းခံတော်မူပါ

★ ★ လူတို့၏နေမင်းဖြစ်သော မြတ်စွာဘုရား မိန်းမတို့ ၏ ရဟန်းအဖြစ်ကို ကျွန်ုပ်အကြိမ်ကြိမ်တောင်းပန်ခဲ့၏ အကယ်၍ အပြစ်ရှိငြား  ထိုအပြစ်ကိုသည်းခံတော်မူပါ 

 ★ ★ သနားခြင်းတည်ရာဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အရှင်၏ ခွင့်ပြုချက်ဖြင့် ရဟန်း မတို့အားဆုံးမခဲ့ပါ၏ ထိုသို့ဆုံးမရာတွင် ကယ်၍ မကောင်းသော ထုတ်ဆောင်ခြင်းရှိအံ့ ထိုအပြစ်ကို သည်းခံတော်မူပါလို့ လျှောက်ထားပါတယ် .... 

  မိခင် သည်းခံဖွယ် မလိုသောအရာအား သည်းခံဖွယ် အဘယ်မှာရှိမည်နည်း ... မိုးသောက်သောအခါ ကွယ်ပျောက်သော နက္ခတ်တတာရာတို့ကိုမြင်ရသောကြောင့် လရေးသည် ကမ္ဘာ့မြင်ကွင်းမှ ပျောက်ကွယ် ထွက်ခွာ သကဲ့သို့   လောကမှလွတ်မြောက်ရန်လိုလားနှစ်သက်ကုန်သော စင်ကြယ်သော ငါ၏ သားသမီး ရဟန်းသံဃာ များ နည်းတူ ငါဘုရားသည်လည်း လောကမှ ပျောက်ကွယ် ထွက်ခွာ ရပေမည် 

☆ 。 ☆。 လသို့အစဉ်လိုက်ကုန်သော ကြယ်တာရာတို့သည် မြင်းမိုရ်တောင်ကို လင်္ကျာရစ်လှည့်သည်ပြုသကဲ့သို့ ... ရဟန်းမများသည် မြတ်သောဗုဒ္ဓကိုလကျာင်္ရစ်ဖူးမြော်ကာတည်ကုန်၏ 

★ ★ သားတော် အရှင်ဘုရား .... အရှင်ဘုရားအား ဖူးမြော်ခြင်းဖြင့်မျက်စိသည် မရောင့်ရဲနိုင် ဘူးပါ
အရှင်ဘုရား၏တရားစကားဖြင့် နားသည်လည်း မရောင့်ရဲနိုင်ဘူးပါ 
အာရုံတစ်ခုသာရှိသော ကျွန်ုပ်၏စိတ်သည် ထိုနိဗ္ဗာန်ရောက်သော တရားအရသာဖြင့် မရောင့်ရဲနိုင်ပါဘူး ..
အရှင်ဘုရားရဲ့ချိုမြိန်သော တရားစကားကို နာကြားခွင့်ရခြင်း ..အရှင်ဘုရား ကိုယ်ကာယတော်ကို ဖူးမြင်ခွင့်ရခြင်း အတွက် အကျွန်ုပ်သည်လည်း ဘုန်းကံကြီးမားသူပင်ဖြစ်ခဲပါ၏ ....

☆ 。 ☆。 ဒီနောက်မှာတော့ ... မဟာပဇာပတိ ဟာ ... ရဟန်း များနှင့်  အရှင်ရာဟုလာ အရှင်နန္ဒ အာရှင်အာနန္ဒာ အရှင်အနုရုဒ္ဓါတို့ကိုလဲ ခွင့်တောင်းခဲ့ပါတယ် ...

★ ★ သားတော်အသျှင်ဘုရားတို့ .... အနာရော၈ါတို့၏ နေရာဖြစ်သော ဒုက္ခ၏ပေါင်းစုရာဖြစ်သော အိုခြင်း သေခြင်းတို့၏ ကျက်စားရာဖြစ်သော ကိုယ်ကောင် ကျွနုပ် ငြီးငွေ့ပါပြီ ...

အထူးထူးသော အပြစ် အညစ်အကြေးတို့ဖြင်းပြွမ်းသော သူတစ်ပါးနှင့်စပ်သော အားထုတ်ခြင်းမရှိသော ကိုယ်ကောင် ၌ အကျွန်ုပ်ငြီးငွေ့ပါပြီ ထို့ကြောင့် ပရိနိဗ္ဗာန်ပြုရန် အလိုရှိပါသည် .... ဒါကြောင့် ချစ်သားတို့ခွင့်ပြုတော်မူပါဘုရား ....

☆ 。 ☆。 ဒီအခါမှာ ရဟန်းကိစ္စမပြီးသေးတဲ့ အရှင်အာနန္ဒာက သေခပုဂ္ဂိုလ် ဖြစ်တဲ့အတွက် .... ၀မ်းနဲပူဆွေးပြီး မျက်ရည်ယိုစီးလျှက် သနားစဖွယ်ငိုကြွေးပါတယ် ...

☆ 。 ☆。 အရှင်အာနန္ဒာဟာ ဗုဒ္ဓလက်ထက်ရဟန်းတော်တွေထဲမှာ .... နူးညံ့သိမ်မွေ့သူ ... ဂရုဏာတရားကြီးမားသူ ... အမျိုးသမီးများအတွက် နိဗ္ဗာန်လမ်းကို ဖွင့်ပေးသူ ... အမျိုးသမီးမျာကို ဇာတ်အနိမ့်အမြင့် ခွဲခြားတဲ့ဓလေ့နဲ့ အမျိုးသမီးများကို နှမ့်ချတဲ့ ဓလေ့ကို ပါယ်စေသူပါ .. မေတ္တာတရား ဂရုဏာ တရား ကြီးမားလွန်းသူ လို့ဆိုရမှာပါ ...

★ ★ သမုဒ္ဒရာကဲ့သို့ နက်နဲသောအကြားအမြင်ရှိသော ဗုဒ္ဓကို အမြဲ မပြတ် လုပ်ကျွေးရခြင်းကို နှစ်ခြိုက်တဲ့ ချစ်သား အာနန္ဒာ ...

★ ★ သားတော်သည် ... အကျွနုပ်၏ ကိုးကွယ်ရာပါတည်း ....
အသျှင့်ကြောင့် အဆုံးဖြစ်သော နိဗ္ဗာန်သို့ရောက်ရပါ၏ ....
သားမောင် ... အသျှင်ဘုရား တိုက်တွန်း အပ်သည်ဖြစ်၍ အကျွန်ုပ်တို့အား ရဟန်းအဖြစ်ကို မြတ်စွာ ဘုရား ခွင့်ပြုတော် မူပါ၏ ...
အရှင်ဘုရားအားထုတ်ခြင်းကြောင့် ရဟန္တာမများစွာ ပေါ်ခဲ့ပါ၏ ... သာတော်၏ကျေးဇူးသည် ကြီးမားလှပါပေ၏ ....
ပုရဏ ကသပ စသော ရှေးတိတ္တိဆရာကြီးတို့ပင်နိဗ္ဗာန်ကို မမြင်နိုင် ....
အရှင်ဘုရား၏ကျေးဇူးတော်အားဖြင့် နိဗ္ဗာန်ကို ( ၇ ) နှစ်မျှပင်ရှိသေးသော ... သတို့သမီးငယ်တို့ သိအပ်ပါ၏ ...
မြတ်စွာဘုရား၏ သာသနာတော်ကို စောင့်ရှောက်အပ်သော သင်ချစ်သားအာနန္ဒာ ... အရှင့်သားအား ဖူးမြင်ခြင်းသည် နောက်ဆုံးဖူးမြင်ခြင်းပါတည်း ...
သားတော်အာနန္ဒာ အလုံးစုံချုပ်ငြိမ်းခြင်း ဖြစ်သော အကြင်နိဗ္ဗာန်သို့ အကျွန်ုပ်တို့ သွားပါတော့အံ့ ခွင့်ပြုတော်မူပါ ....

★ ★ မြတ်စွာဘုရား အကျွန်ုပ်သည် မွေးဖွားသည်မှ အသက် ၁၂၀ ရှိပါပြီ မြတ်စွာဘုရား ဤမျှလောက် သင့်တော် ပါပြီ ပရိနိဗ္ဗာန်ပြုပါတော့အံ့ ...
မြတ်စွာဘုရား ... မေတ္တာစိတ်ရှိကုန်သာ အကျွန်မတို့သည် အရှင်ဘုရားကိုလုပ်ကျွေးခဲ့ပါ၏ ... ပရိနိဗ္ဗာန်ပြုခြင်းငှာ ခွင့်ပြုတော်မူပါ ....

☆ 。 ☆。 မိခင် ... အသင်တို့သည် ... ပရိနိဗ္ဗာန်ပြုခြင်း၏ အချိန်အခါကို .... သိကုန်ပါလော့ ဟု .... ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ် ...

ထိုအခါ ဂေါတမီ အစရှိသော ရဟန်းမတို့သည် ...  ဗုဒ္ဓနှင့်သံဃာတော်တို့၏ခြေတော် အစုံစုံ ကိုနောက်ဆုံး အကြိမ် ဦးခိုက်လျှက် လက်ျာရစ်ပူဇော်ပြီး ... မိမိတို့စံကျောင်းသို့ ပြန် ကုန်လျှက် မြတ်သောနေ ရာတွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူ၏ ...

☆ 。 ☆。 လောက၏ ရှေ့သွား မြတ်စွာဘုရားသည် ... များစွာသောလူအပေါင်းနှင့်တစ်ကွ မိထွေးတော် အမှူးပြုသော ရဟန်းမ တို့အား မုခ်ဝတိုင်အောင် လိုက်ပို့တော်မူ၏ .... အရှင်အာနန္ဒာ မှာ မျက်ရည်များစီးကျလျှက် ....

☆ 。 ☆。 မြတ်သော .. ပဇာပတိ သည် ငိုကြွေးကုန်သော ဥပသိကာမများကို  ပြန်လွှတ်လျှက် ... ထိုညတွင်ပင် ...ပထမဈာန်ကို၎င်း ဒုတိယဈာန်ကို၎င်း တတိယဈာန်ကို၎င်း စတုတ္ထဈာန်ကို၎င်း ၀င်စား၏ ...

အာကာသနဉ္စာယတန ဈာန်ကို၎င်း .. ၀ိဥာဏဉ္စာ ယတန ဈာန် ကို၎င်း ထိုမှတစ်ပါး အာကိဉ္စညာ ယတန ဈာန်ကို၎င်း နေ၀သညာ နာသညာယတနဈာန်ကို၎င်း အစဉ်အတိုင်းဝင်စား၏ ....

မိထွေးတော်ဂေါတမီသည် ... စတုတ္ထဈာန်မှ ပထမဈာန်တိုင်အောင် ပဋိလုံ ... ထို့နောက် ပထမဈာန်မှ စတုတ္ထဈာန်တိုင်အောင် အဏုလုံ ၀င်စား၏ ....

ထိုစတုတ္ထဈာန်မှ ထ၍ ဆီမီးလျှံ ငြိမ်းသကဲ့သို့ ...  ရဟန်းမ ( ၅၀၀ )တို့ အာသ၀ မရှိငြိမ်းလေ၏ ... ကြီးစွာသော မြေလှုတ်ခြင်းဖြစ်၏ .... လျှပ်ပန်းနွယ်တို့ ကောင်းကင်မှပျက်ကြ၏ ...

☆ 。 ☆。 နံက်လင်းသော် မြတ်စွာဘုရားသည် ... အာနန္ဒာအား ... အာနန္ဒာ သွားချေ ... မယ်တော်နှင့်တစ်ကွ ရဟန်းမ ( ၅၀၀ ) ပရိနိဗ္ဗာန်ပြုကြောင်း ရဟန်းတို့အား ... ပြောကြားချေလော့ ဟု မိန့်တော်မူပါတယ် ....

အရှင်အာနန္ဒာသည် ...မျက်ရည်ဖြင့်ပြည့်သော မျက်လုံးအစုံရှိလျှက် ... ရှိုက်ငင်သောအသံဖြင့် ... ရဟန်းတို့ အညီအညွတ်စည်းဝေးကြပါကုန်ဟုလော့ ....

★ ★ ရဟန်းတို့ အကြင် ဂေါတမီသည် .. ဗုဒ္ဓ၏ ခြေအစုံကို နောက်ဆုံးဦးခိုက်ပြီး နေတက်ခြင်းကြောင့်ကင်းပျောက်သောကြယ်တာရာကဲ့သို့ ငြိမ်းအေးရာ နိဗ္ဗာန်သို့ ရောက်လေပြီ

★ ★   မြတ်စွာဘုရားမယ်တော်ဟူသော အမည် ပညတ် ကိုလောက၌ ထားခဲ့လျှက် ... ပရိနိဗ္ဗာန်ပြုပေပြီ .... ဗုဒ္ဓ၏ မယ်တော်အား ပူဇော်သက္ကာရ ပြုကြပါကုန်လို့လျှောက်ထားပါတယ် ...

☆ 。 ☆。 ထို့နောက် အရှင်အာနန္ဒာသည် ... ဂေါတမီ၏ သပိတ်၌  တည်ကုန်သော ဓါတ်တော်တို့ကို ဗုဒ္ဓအားဆက်ကပ်တော်မူ၏ ....

မြတ်စွာဘုရားသည် ... ထိုဓါတ်တော်ကိုလက်ဖြင့်ခံတော်မူလျှက် ဤသို့မိန့်ကြား၏ ...

ကကြီးဆုံးဖြစ်သော ပင်စည်သည် ... အမြဲမရှိခြင်းကြောင့် ပျက်စီးသကဲ့သို့ ... ဘိက္ခူနီသံဃာ၏ အကြီးဆုံး မိထွေးတော်သည် ... ပရိနိဗ္ဗာန်ပြုပေပြီ ...
ထိုဂေါတမီသည် သံသရာ သမုဒ္ဒရာကို ကူးမြောက်လေပြီ ....
ပူလောင်ခြင်းကင်းလေပြီ ...
အေးမြသည်ဖြစ်လျှက်ငြိမ်းအေးလေပြီ ...
အကြင်ဂေါတမီ သည် ဣဒ္ဓိဝိဓ အဘိညာဉ် ( ရှေးဘ၀နေဘူးသော ခန္တာအစဉ် )
ဒိဗ္ဗသော အဘိညာဉ် ( ဒိဗ္ဗစက္ခု အဘိညာဉ် ) ကိုသုတ်သင်ပြီးဖြစ်လေပြီ
အလုံးစုံသော အာသ၀ ကုန်ခမ်းလေပြီ
ဘ၀ အသစ်တစ်ဖန်ဖြစ်ခြင်းမရှိတော့ ပေ

ထို့အတူ ကိလေသာမှ ကောင်းစွာလွတ်မြောက်သော ကာမအနှောင်သြဃကို ကူးမြောက်ပြီးကုန်သော ပုဂ္ဂိုလ်တို့အား ပညတ်ရန် လားရာ မရှိတော့ချေ ....

ထို့ကြောင့် သင်တို့လည်း မိမိကိုယ်သာ ကိုးကွယ်ရာ ရှိကုန်လျှက် .. သတိပဌါန်သာကျက်စားရာ ရှိသူဖောစ္ဇျင်ခုနှစ်ပါးကို ပွားများလျှက် ဆင်းရဲဒုက္ခ အဆုံးကို ပြုကုန်လော့ ..... ဟု မိန်းတော်မူပါတယ် ....။

ခုဒ္ဒကနိကယ် 
ထေရီအပါဒါန် ပါဠိတော် 
ဧကူပေါသထိက၀ဂ်
မဟာ ပဇာပတိ ဂေါတမီ ထေရီ အပဒါန်

ချမ်းမြေ့ကြပါစေရှင် ....



No comments:

Post a Comment