Monday, May 25, 2015

မာ ရ် ( ၅ ) ပါး


★ ★ ★ ၂။ ကိလေသမာန်ကိလေသာမာန် ( ၁၀ ) ပါးရှိပါတယ် ... အကျယ်ချဲ့လိုက်ရင် အပါး ( ၁၅၀၀ )ပေါ့
.
★ ★ ( ၁) လောဘ 
လိုချင်တပ်မက်ခြင်း
.
★ ★ ( ၂ ) ဒေါသ 
အမျက်ထွက်ခြင်း
.
★ ★ ( ၃ )မောဟ
တွေဝေမိုက်မဲခြင်း 

( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးတတ်ပါတယ်။ 
အ၀ိဇ္ဇာ နဲ့ မောဟ ကိုခွဲခြားသိစေချင်ပါတယ် ...
 သစ္စာ(၄)ပါး ကို မသိခြင်းဟာ အ၀ိဇ္ဇာ ပါ ဒိဌိနှင့်ဆက် နွယ်ပါ တယ် ..
... ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေေ၀ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊ 
ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ် ၊ အကုသိုလ်ဟုခွဲခြား မသိခြင်းကို မောဟ လို့ခေါ်တာပါ ။ 

သစ္စာ ( ၄ ) ပါးကို မသိလျှင် သံသရာလည်ပြီး မောဟများလျှင်တော့ အပယ်လားမှာပါ ကျိန်းသေပါတယ်။
.
★ ★ ( ၄ ) မာန 
ပလွှားခြင်း မာနထောင်လွှားခြင်း ( မာန ဆိုသည်မှာ မာန် ပင်ဖြစ်ပါသည် ... မာနကြီးနေသည် မာန်ကြီးနေ
သည်ပေါ့ ။ )
.မာန ဆိုတဲ့ မာန် (၃) မျိုး ရှိပါတယ် ...
.
(၁)သေဌမာန် 
ငါသာမြတ်၏ ဟု မာန်တက်ခြင်း

(၂)သဒိသမာန် 
ငါနှင့် တန်းတူ၏ ဟု မာန်တက်ခြင်း

(၃)ဟိနမာန် 
ငါကား နိမ့်၏ ၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို ဟု မာန်တက်ခြင်း တို့ဖြစ်ပါသည်။
.
မာန်တက်စေတဲ့ အချက် (၃) ချက် ရှိပါတယ် 
.
(၁)ဇာတိမာန် 
ဇာတ်ကို စွဲ၍ မာန်တက်ခြင်း

(၂)ဣဿရိယ မာန် 
သြဇာ အာဏာ ကို စွဲ၍ မာန်တက်ခြင်း

(၃)ဂေါတ္တမာန် 
အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်ပါတယ်
.
★ ★ ( ၅ ) ဒိဌိ
မိစ္ဆာ ဒိဌိ လို့ခေါ်တဲ့ အယူမှားခြင်းပါ ( ဒိဌိ အမျိုးပေါင်း ၆၂-ပါး ရှိပါတယ် )
.
ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ 


ဟူ၍ ဒိဌိ ဖြစ်ကြောင်း ( ၈ ) ပါးရှိပါတယ်


၁။ ခန္ဓာ၏ ဖြစ်ကြောင်းကို မသိလျှင် ဒိဌိ ဖြစ်မည်။

၂။ အ၀ိဇ္ဇာ၏ အကြောင်းကိုမသိလျှင် ဒိဌိ ဖြစ်မည်။

၃။ ဖဿ (ထိတွေ့ခြင်း ကြောင့်)ဒိဌိ ဖြစ်မည်။

၎။ အမှတ်မှားလျှင် ဒိဌိ ဖြစ်မည်။

၅။ အကြံအစည် မှားလျှင် ဒိဌိ ဖြစ်မည်။

၆။ နှလုံး သွင်းမှာလျှင် ဒိဌိ ဖြစ်မည်။

၇။ အပေါင်းအသင်းမှားလျှင် ဒိဌိ ဖြစ်မည်။

၈။ သူတစ်ပါး တရားအနာ မှားလျှင် ဒိဌိ ဖြစ်မည်။

★ ★

( ၆ ) ၀ိစိကိစ္ဆာ 

တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော ကိုပြောတာပါ)
.
ဝိစိကိစ္ဆာ ဖြစ်ကြောင်းတရား ( ၈ ) ပါး ရှိပါတယ် ဒီတရား ( ၈ ) ပါးကို အမှီပြုပြီး ဖြစ်တာပါ

(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဥာဏ်တော်များ နဲ့ ပတ်သက်၍ ၄င်း ၊

(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၄င်း ၊


(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၄င်း ၊

(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၄င်း ၊

(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊

(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊

(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၄င်း ၊

(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၄င်း ၀ိစိကိစ္ဆာ ဖြစ်လာပါသည်။

ဒိဌိ နဲ့ ၀ိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီဖြစ်ပါသည်
.
★ ★( ၇ ) ထိနမိဒ္ဓ 
ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘ၀မှ ဖြစ်လာသောသူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပု
ဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးပါတယ် )
.
★ ★( ၈ ) ဥဒ္ဓစ္စ 
စိတ်ပျံ့လွင့်ခြင်း ။
.
★ ★ ( ၉ ) အဟိရိက 
မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။
.
★ ★
( ၁၀ ) အနောတ္တပ္ပ
 မကောင်းမှုလုပ်ခြင်းကို မကြောက်ခြင်း ။ 
.
၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါသည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲ
လို့ရပါသေးတယ်။ ကိလေသာ ( ၃ ) မျိုးရှိပါတယ် ...။
.
ကိလေသာ (၃)မျိုး
.
(၁) ၀ိတိက္ကမ ကိလေသာ 
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက်
 ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
.
(၂) ပရိယုဌာန ကိလေသာ 
မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )
.
(၃) အနုသယ ကိလေသာ

သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်
ကျုးလွန်တတ်သော ကိလေသာ ။ ( ၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)
ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်ပါသည်။ 
အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပြတ်အောင် ဖြတ်နိုင်ပါမည်ဟု မှတ်စုစာအုပ် ဘလော့တွင်ဖတ်ဖူးပါသည်။ 
.
★ ★ ★ ၃။ အဘိသင်္ခါရမာန်
ဘ၀သစ်ဖြစ်ရန်စီမံပေးတဲ့ လောကီ ကုသိုလ်၊ အကုသိုလ်ကံများ၏ ပြုင် စီရင်မှု ဆိုတဲ့သင်္ခါရတရား တွေကိုခေါ်တာပါ 
.
သင်္ခါရ တရားကို (၃) ပါး ရှိပါတယ် 

★ ★(၁) ပုညာဘိ သင်္ခါရ

မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
.
★ ★(၂) အပုညာဘိ သင်္ခါရ

အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။
.
★ ★(၃) အာနဉ္ဇာဘိ သင်္ခါရ 

အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ တို့ဖြစ်ပါတယ် ။
.
ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (၀ါ) သတ္တ၀ါ၏ ကာယ၊ ၀ါစာ၊ ဥာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။
.
သင်္ခါရတရားဖြစ်ကြောင်း ကံ ( ၄ ) ပါး ရှိပါတယ်
ကံ ( ၄ ) ချက် ပေါ်မူတည်ပြီး ဖြစ်ပျက်တာပါ ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ရဲ့ အတိုချုပ်ပေါ့
.
( ၁ ) ဒိဌဓမ္မ ဝေဒနိယ ကံ

ချက်ချင်းလက်ငင်း အကျိုး ပေးသောကံ

.
( ၂ ) ဥပ ပဇ္ဇဝေဒနိယ ကံ

ဒုတ်ယဘ၀မှာ အကျိုး ပေးသော ကံ

.
( ၃ ) အပရာပရိယ ဝေဒနိယ ကံ

ချက်ချင်းလက်ငင်း ယခုဘ၀ရော ၊ နောင်ဘ၀မှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘ၀မှသည် ကံပိုင်ရှင် 
ထိုလူသား နိဗ္ဗန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည့်ကံ
.
( ၄ ) အဟောသိကံ

ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. 
ဖျက်ဆီးခြင်း ခံလိုက်ရသော တို့ဖြစ်သည်။
.
(((( မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘ၀ကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ ))))
.
((((( ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်ငြားလည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။ သို့သော် ငရဲမှလွတ်သောအခါ ၀ိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်ဟု အဆိုရှိပါသည် ။ )))))) 
.
★ ★ ★၄။ မစ္စုမာန် 
ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘ၀အား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။ 
.
လူတွေအားလုံးဟာ မွေးဖွားခြင်း အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရတာပါ
ဒီအကြောင်း ( ၄ ) ပါးကတော့ 
.
★ ★(၁) အာယုက္ခယ 
အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
.
★ ★(၂) ကမ္မက္ခယ 
ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
.
★ ★(၃) ဥဘယက္ခယ 
အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )
.
★ ★(၄)ဥပစ္ဆေဒက 
အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) …တို့ဖြစ်ပါတယ်။
.
မည်သို့ဆိုစေ သေခြင်းကို သတ္တ၀ါတို့ ကြောက်ကြသည်။ကြောက်ရခြင်းမှာလည်း
သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်ပါသည်။ 
.
★ ★(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။
.
★ ★(၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊
.
★ ★(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊
.
★ ★(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း တို့ဖြစ်ပါသည်။
.
★ ★ ★၅။ ခန္ဓမာန်
ရဟန္တာမဖြစ်မီ အတွင်းကာလမှာ အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို အောင်နိုင်သောမာန်ကို ခန္ဓမာရ်လို့ ခေါ်တာပါ
.
ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ်ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည်အမှန်ပင်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ်ဖြစ်သည်ကို သိမြင်အောင်နိုင် သောမာန် ခန္ဓမာရ် ဟုခေါ်ခြင်းပါ ။
..
ဒီလောက်ဆိုမာရ်ငါးပါးအကြောင်း နဲနဲသဘောပေါက်ပြီထင်ပါတယ် ....
.
ချမ်းမြေ့ကြပါစေရှင် ...

No comments:

Post a Comment