Sunday, June 14, 2015

★ June Ko Kyaw





June Ko Kyaw
.
အစ်မ နူးး ရေ
ကျနော်တို့ရပ်ကွက်မှာ ဓမ္မာရုံဆောက်နေတာ 
လူကြီးလာကြည့်ပြီး အရပ်မျက်နှာ သင့်မသင့် စုံစမ်းကြည့်ဦးပြောနေလို့၊
ကျနော်ကတော့ ကောင်းတာ လုပ်တာပဲဆိုပြီး နဂို ရှိပြီးသား ပန္နက်အတိုင်းပဲဆက်ဆောက်တာ တော်တော် ပြီးနေပါပြီ၊
မျက်နှာမူတာက အရှေ့တောင် ၊ကျောပေး အနောက်မြောက်ပေါ့ ၊ ဒီလို အရပ်မျက်နှာ အယူမရှိလည်း အကိုးအကားလေးနဲ့ ပြောပေးပါဦးနော် ၊
လာကြည့်သွားတဲ့ လူကြီးကို ဂဃနဏလေး ပြန်ပြောချင်လို့ပါ ...
လေးစားလျက် JKK.
.
Ba Wa Tit
.
ဗုဒ္ဓဘာသာနှင့်ဗေဒင်၊ နက္ခတ် နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။
နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွား ကြသည်။
 ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။
 ကောင်းကင် မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။
(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။
.
ကံနဲ့ ကံရဲ့အကျိုးကို ယုံရပါမယ်။ 
ဒီလိုမဟုတ်ဘဲ ဂြိုဟ်စီး၊ ဂြိုဟ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးရှိလမ်း ကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် 
ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမ္မာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမယ်။
.
ရက်ရာဇာနေ့မှာ သူတပါးအသက်သတ်လည်း အကုသိုလ်ဖြစ်တယ်။
 ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရ တာပါပဲ။ 
ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။
.
ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို
 ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် 
အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော်ဖြစ်ပါတယ်။
.
မောင်လေးရေ...ကိုဘ၀သစ်ပြောတဲ့အတိုင်းပါပဲ... 
ဘုရားတည်ကျောင်းဆောက်ဘာညာနဲ့ ပတ်သက်ပြီး ဘုရားရှင် ပဥာတ်ထားတာမရှိပါဘူး...။

ဒါပေမယ့် .... နိုင်ငံတိုင်း ဘာသာတိုင်း even America မှာတောင် မိရိုးဖလာ ယုံကြည်မှု တွေရှိနေ ပါတယ်.... 
ဒါကို ဘယ်ဘာသာရေးခေါင်းဆောင် ..ဘယ်ဘာသာကမှ ဘယ်နိုင်ငံမှာမှ.... ဒီမိရိုးဖလာ အယူတွေ ပပျောက်အောင်မ လုပ်နိုင်ပါ ဘူး ...
.
ကိုယ်ကစောဒကတက်ရင် ရှေးရှေးဘိုး ဘွားတွေ ၀မ်းနဲကုန်မယ်လေ ...
ဒီတော့ အဆင်ပြေသလို သူတို့စိတ်ချမ်းသာစေမယ့် အဖြေလေးပေးလိုက်ပါမောင်လေး ရယ်...။
.
.
ချမ်းမြေ့ကြပါစေရှင် ....
.
.

No comments:

Post a Comment