Tuesday, August 25, 2015

အစ္စလန် ရဲ့နိဗ္ဗာန်


မောင်လေးညီမလေးတို့ရေ .... အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါပဲ ... သူတို့ဘာသာမှာလဲနိဗ္ဗာန်ရှိပါတယ်တဲ့ .... ဖတ်ကြည့်နော် ဗဟုသုတရတာပေါ့ ...။
.
ဗုဒ္ဓဘာသာဝင် တို့ရဲ့ နိဗ္ဗာန်လိုဘဲ အစ္စလန် ရဲ့နိဗ္ဗာန် ဆိုတာလည်းရှိပါတယ်

“Indeed may you be healthy and never be sick again, may you live and never die again, may you be young and never grow feeble again, may you enjoy, and never feel sorrow and regret again.”
(Saheeh Muslim)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ မောင်လေးတင်ထားတာ နတ်ပြည်နော် ... နိဗ္ဗာန်မဟုတ်ဘူးရယ် ...
ဗုဒ္ဓသာသနာတော်ကလွဲလို့ ကျန်တဲ့ဘာသာတွေရဲ့ အမြင့်ဆုံး .. ပန်းတိုင်က နတ်ပြည်ပါ .... 
.
နတ်ပြည်ဆိုတာ ကာမသုဂတိဘုံထဲမှာပါ ပါတယ်...
အမတို့သာသနာတော် အယူအရ နတ်ပြည် ၆ ထပ်ရှိတယ် ... တစ်ထပ်စီက ... သူတို့ပြုခဲ့တဲ့ ကုသိုလ်နဲ့ယှဉ်ပြီး ... မြင့်တက်ပါတယ် .....
.
★ ★ မောင်လေးတို့ ဘာသာမှာ နတ်ပြည်ရောက်ရင် နတ်သမီး ( အပျိုစင်ပေါ့ ) ၇၃ ယောက်လို့ပြောသံကြားဘူးပါတယ်  ... ဟုတ်မဟုတ် အမလဲမသိပါဘူး ။
ဒါပေမယ့် နတ်ပြည် ( ၆ ) ထပ်က အနိမ့်ဆုံး တာဝတံသာနတ်ပြည်မှာရှိတဲ့ နတ်မင်း ( ၃၀ ) မှာ တောင် နတ်သမီး တစ်ဖက် ( ၅၀၀ ) စီပိုင်တယ်လို့ အမတို့က သိကြတယ် .....
.
သူ့လက်အောက် နတ်စစ်သည် ...အဆင့်ဆင့်တွေက သူတို့ကုသိုလ်ကံ အတိုင်း ကိုယ်အရောင် အ၀ါ တန်ခိုး ကအစ ပိုင်ဆိုင်မှုတွေပါနိမ့်နိမ့် သွားတယ်မောင်လေးရ ....
အမတို့လူ့ဘုံလိုပေါ့ ... သမ္မတ တရားသူကြီး ... ဗိုလ်မှူး ဗိုလ်ချုပ် စစ်သား ... ရဲ ... သူတောင်းစား ... ပြည်သူ စသည်ဖြင့်ပေါ့
 နတ်ပြည်မှာလဲ နတ်မင်း နတ်စစ်သူကြီး နတ်စစ်သည်ဆို ရိုးရိုးနတ်သား စသည်ဖြင့် .... သူ့အဆင့်နဲ့သူကွဲသေးတာကိုး .....
ဒီတော့ မောင်လေးတို့ဘာသာရဲ့ အပျိုစင် ၇၃ ယောက်ဆိုတာ .. ဘယ်အဆင့်ဆိုတာ အမတို့ ခန့်မှန်းလို့ရတယ်လေ ....။
.
★ ★ ပြီးတော့ မောင်လေးတို့ ဘာသာက နတ်ပြည်မှာလမ်းဆုံးတာမောင်လေးရ .... နတ်ပြည်ရောက်ဘို့ အတွက် ဖြူစင်တဲ့ ဒါနပဲ လိုတယ် ......
.
★ ★ အမတို့ သာသနာတော်ကတော့ ... နိဗ္ဗာန်မှာလမ်းဆုံးပါတယ် ....
မောင်လေးတို့ရဲ့ အမြင့်ဆုံး လုပ်ရတဲ့တစ်ခုတည်းသော ဒါနဆိုတာ .... အမတို့ သာသနာတော် မှာက အခြေခံ အဆင့် အလုပ်ပါ ...။
နိဗ္ဗာန်ကိုရောက်ဘို့ ဒါနတစ်ခုတည်း နဲ့ မရပါဘူး  ... ဒါနကိုအခြေခံပြီး ... ဒုတိယအနေနဲ့ သီလ၊ သမာဓိ ၊ပညာ .... နောက်တစ်ဆင့် ဘာဝနာ လိုသေးပါတယ် ... 
ဒါန အခြခံရယ် ... သီလရယ် .... ဘာဝနာရယ် ဒီသုံးပါး ဟန်ချက်ညီမှလေမောင်လေးရ ... 
.
 မောင်လေးတို့ပန်းတိုင် နတ်ပြည်နဲ့  အမတို့ပန်းတိုင် နိဗ္ဗာန်ကြားမှာ ..... ဘုံတွေ အများကြီးမှ အများကြီး ခြားနေသေး တယ်လေ ...
နတ်ဘုံအဆင့်ဆင့်ကိုကျော်မှ ဗြဟ္မ့ဘုံ ( ၂၀ ) ...  အဲ့တာပြီးမှ ဘ၀ဂ် ရှိသေးတယ် ... ဒါတွေအားလုံးရဲ့အထက်မှာ မှအားလူံးချုပ်ငြိမ်းတာလေ ....
.
 မောင်လေးတို့က ဘာသာမတူတော့ ဒါမျိုးတွေ သဘောပေါက်မှာ မဟုတ်ဘူး .... 
အမတို့ဘာသာဝင် ချင်းတောင် ကျင့်ကြံမှုနဲ့ ပညာနဲ့ ယှဉ်ပြီး အဆင့်ဆင့်နားလည်တာ လေ .... 
ဒါကြောင့် အမကတော့ .... စာများများဖတ်ပါမောင်လေးရယ်လို့ပဲပြောပါရစေ  ... ။
.
.
ချမ်းမြေ့ကြပါစေရှင် ....
.
.


No comments:

Post a Comment