Monday, October 26, 2015

အပါယ်မကျတဲ့ အချက် ( ၇ ) ချက်



တောသားကြီး ...

ညီမလေးနူး မတွေ့တာ ၃ရက် ရှိသွားပြီ၊ နေကောင်းရဲ့လား။ အစ်ကိုမေးတဲ့မေးခွန်တွေကို မဖြေပေးဘူးနော်။
ဒီတခါမေးမဲ့ မေးခွန်းလေး လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အတွက်ဖြေပေးစေချင် ပါတယ် ။
 မေးခွန်းလေးက. အပါယ်မကျတဲ့ အကြောင်းအချက်လေးတွေရှိရင်ပြောပြပေးပါ။ 
တန်ဖိုးထားလေးစားလျှက် ....
 

★ ★  အကိုတောသားကြီးရေ ....
အပါယ်မကျတဲ့ အချက် ( ၇ ) ချက်ရှိပါတယ် အကို ....

အဂုင်္တ္ထိုရ်အဋ္ဌကထာ၊ သတ္တနိပါတ်၊ သီဟနာဒ၀ဂ်၊ သဥပါဒိသေသသုတ်အဖွင့် လာ သောတာပန်ပုဂ္ဂိုလ်ကဲ့သို့ အပါယ်မကျသော ပုထုဇဉ်လူသား (၇) ဦးရှိပါတယ်တဲ့

သောတာပန်နှင့်အလားတူသောအလှူဒါန(၇)မျိုး(ဝါ)အပါယ်မကြောက်သူခုနစ်ဦး
၁။သရဏဂုံသီလမြဲခြင်း။
၂။ငါးပါးသီလကိုမြဲမြံစွါဆောက်တည်ခြင်း။
၃။လဆန်း/လဆုပ်၌ပက္ခဆွမ်းလှူဒါန်းခြင်း။
၎။စာရေးတန်မဲဆွမ်းလှူဒါန်းခြင်း။
၅။ဝါဆိုသင်္ကန်းလှူဒါန်းခြင်း။
၆။ဇရပ်,ကျောင်း စသည်အဆောက်အဦးလှူဒါန်းခြင်း။
၇။ ရေတွင်းရေကန်လှူဒါန်းခြင်း စသည်တို့ဖြစ်ပါတယ်။
.
တစ်ချက်ချင်းစီရဲ့ အကျယ်ကိုဘဘဦးသုခရဲ့ သုခ မှတ်စုမှာ ရှာဖတ်ပါရှင်...
သောတပန်နဲ့အလားးတူလို့ဆိုထားတဲ့အတွက် .... 
သောတပန်လိုတော့ အပါယ်တံခါး လုံးဝ ပိတ် မသွားဖူးပေါ့ ... အကိုတော် ... လာမယ့်တစ်ဘ၀ထဲ အပါယ်မကျအောင် တန့်ထားယုံပဲ ရတာပါ ။
.
★ ★ အဲ့ ... တစ်ခုတော့ရှိတယ်နော် ... အချောင်လိုက်ပြီး .... အပါယ်မကျချင်လို့ ... လိုက်လှူ နေပါတယ်ဆိုရင်တော့ ... ရမှာမဟုတ်ဖူးရှင် ...  
ဆိုလိုတာက ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူ မလုပ်စေချင်ပါဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။
.
 အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နု ဆိုတာရှိခဲ့ဘူးပါတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နု အုတ်ကျောင်းရယ် လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်တဲ့
.
တစ်နေ့ နန်းမတော်မယ်နုက  သူပြုလုပ်ထားတဲ့ ဘုရားတည်၊ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်တဲ့။ 

.
ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်။
.
ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ 

ဒီအခါ ဆရာတော် က 
“ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ” 
လို့ မိန့်တော်မူတော့ မယ်နုက 
“ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” 
လို့လျှောက်တယ်၊ ဆရာတော်က 
“ ဒီလိုပါပဲ ကျောင်းအစ်မ ပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီး ပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ” 
လို့ မညှာမတာ မိန့်လိုက်တယ်တဲ့၊။ 
.မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။
ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာ များတယ် ဆိုတာပါပဲ။

 .

★ ★ မင်းကန်စီ ..... 
.
အဲဒီကုသိုလ်တွေက နောက်ဘဝအပါယ်မကျအောင် ခဏတားပေးတာပါ အပါယ်တံခါးကို မပိတ်ပေးပါဘူး လူဘဝလို ဝီရိယဘုံပြန်ရရင် တော်သေးရဲ့ နတ်ဗြဟ္မာလို သုခဘုံကို ပုထုဇဉ်အနေနဲ့ရောက်သွားရင်တော့ ချမ်းသာလှတဲ့ ကာမအာရုံတွေကြားမှာ သတိ သံဝေဂရဖို့ အင်မတန်ခဲယဉ်းလို့ ကုသိုလ်ကံအကျိုးပေး ကုန်ချိန်ရောက်ရင် မူရင်းနေရပ် အပါယ်ကို ပြန်သွားရဖို့ ကျိန်းသေပါတယ်ဒါကြောင့် သောတာပတ္တိမဂ်ကုသိုလ်သာ အပါယ်တံခါး ပိတ်နိုင်ကြောင်း သတိချပ်စေချင်ပါတယ်
..
အရှင်မုနိန္ဒ  
ဒက်ဒီ Ashin War Ya Ma Wpn
အကိုတော်ဦးဇင်း Ashin Utay Zein တို့ကိုဦးတင်လျှက်...။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.

Ko Phyo  
.
ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာဘာအကျိုးများထူးပါသလဲ
.
★ ★ ရဟန်းမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးမလာ ပါဘူး။
သိက္ခာထပ်ခြင်းအားဖြင့် ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ ခံစားခွင့် ရရှိပါတယ်။
ဒါကြောင့် သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကကို မေတ္တာပို့ရင်တော့ ကုသိုလ်များ ရမှာပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
Thant Zaw 
 .
သရဏဂုံ ရွတ်ဆိုခြင်းဖြင့်ဗုဒ္ဓသာသနာ့ကို သက်ဝင်ယုံကြည်သူဖြစ်နိုင်ပါသလား။
ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သူဖြစ်ရန် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပေးကြပါရန်

ဓမ္မမိတ်ဆွေ ဆရာသမားအပေါင်းတို့ကို ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။  
.
တိုတို တုတ်တုတ် ဖြေရရင် ..... 
ဘုရား တရား သံဃာတော်ကို ယုံကြည်ကြည်ညိုယုံနဲ့ သရဏဂုံ ရွတ်ဆိုလိုက်ရင် သာသနာတော်ဝင်ပဲ ဖြစ်နိုင်ပါတယ် .....
.
ဘုရားရှင်ရဲ့ကောင်းမြတ်တဲ့ အစဉ်အလာ အမူအကျင့် မေတ္တာတရား အေးချမ်းမှုလေးလောက်ကိုသိလျှင် ...
.
ပီးတော့ ဘုရားရှင်ရဲ့ကောင်းသောလမ်းပြမှုများ .  
ဘု၇ားတပည့်သား သံဃာတော်များကို ယုံကြည်မှုလေး ရှိနေတာနဲ့တင် ... 
သာသနာတော်ဝင် ဖြစ် နိုင်ပါတယ် ...
.
အဲ ... ဒါပေမယ့် ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူ သာသနာတော်ဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကတော့ ... ယုံကြည် ကြည်ညိုယုံနဲ့ မရပါဘူး ....
.
ဗုဒ္ဓရဲ့အဆုံးအမ ကိုလိုက်နာမှု  
လူသားဆန်မှု  
ကျင့်ကြံအားထုတ်မှု ...  
သူတော်ကောင်းတရား နှင့်ပြည့်စုံမှု ... 
 ဗြဟ္မစိုတရားလေးပါနဲ့ပြည်စုံမှု ... 
 ဒါနအခြေခံကစလို့ အာဇီဝဌမကသီလ ဆိုတဲ့ 
အခြေခံသီလ ဆောက်တည်မှု ....  
စသည် စသည် အများကြီး လိုက်နာကျင့်ကြံ စရာတွေ ရေးမကုန်အောင်ရှိနေပါတယ်လို့ပဲ ပြောပါရစေရှင်။
.
.
ချမ်းမြေ့ကြပါစေရှင် .... 
.
.
.

No comments:

Post a Comment