Wednesday, September 25, 2013
ကထိန်သင်္ကန်း ( သို့မဟုတ် ) မသိုးသင်္ကန်း
ဒါကြောင့် ကထိန်ခင်းဖို့အတွက် လှူဒါန်းတဲ့သင်္ကန်း အလှူခံရလာတဲ့သင်္ကန်းကို ဒီနေ့မခင်းဖြစ်ဘူးဆိုရင် နောက်တစ်နေ့ အရုဏ်မတက်ခင်အတွင်းမှာ ကထိန်မခင်းဖြစ်ဘူးဆိုရင် နောက်တစ်နေ့ အရုဏ်လွန်သွားတာနဲ့ တစ်ပြိုင်နက် အဲဒီသင်္ကန်းဟာ သိုးသွားတဲ့သင်္ကန်း ဖြစ်သွားတဲ့အတွက် ကထိန်သင်္ကန်းကို အလှူခံပြီးတာနဲ့ တစ်ပြိုင်နက် နောက်တစ်နေ့ အရုဏ်မတက်ခင်အတွင်းမှာ သံဃာတော်များက ပြီးဆုံးအောင် ကထိန်ခင်းကြရပါတယ်။
  ဥပမာ နောက်တနေ့မှာ မနက်ငါးနာရီမှာ အရုဏ်တက်တယ် ဆိုကြပါစို့  ဒီနေ့ လာလှူထားတဲ့  ကထိန်သင်္ကန်းတွေကို နောက်တစ်နေ့ မနက်ငါးနာရီမထိုးခင်မှာ ပြီးအောင် ကထိန်ခင်းကြရတယ်။ မနက်ငါးနာရီထက်စောပြီးခင်းလဲရပါတယ်။နောက်တစ်နေ့အရုဏ်အတက်ခင်အတွင် တစ်ချိန်ချိန် မှာ ပြီးအောင်တော့ ခင်းကြရတယ်။
ဒီနေရာမှာ တစ်ခုသတိပြုရမှာက တချို့ကထိန်အလှူ့ရှင်တွေက ကထိန်ခင်းမယ့်ရက် မရောက်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သွားထားတတ်ကြပါတယ် အဲဒီလိုအခါမျိုးမှာ သင်္ကန်းကို ကျောင်းမှာ အပ်ရုံပဲ အပ်နှံထားခဲ့ရပါမယ်။အပြီးအပိုင်မလှူပစ်ခဲ့ရပါဖူးလှူပစ်ခဲ့ရင်တကယ်ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့ မရပဲ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်းလိုက်ရမှအလှူမြောက်တာပါ နေ့ကူးသွားရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရတော့ဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ်အတွက် ပြီးပြီ။ ကထိန်ခင်းလို့ လုံးဝမရတော့ဘူး။
သံဃာကလည်း ကြိုအလှူခံထားလို့ မရပါဖူး  ကြိုလှူထားတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်မမြောက်ပါဘူးရှင်။
Saturday, September 21, 2013
Marry May အမေးများ
အောက်ပါမေးခွန်း များကို ဗုဒ ဘာသာဝင်များ လွတ်လပ်စွာဖြေကြား နိုင်ပါသည်။
၁- ဗုဒ္ဓဘာသာတွင် ဆုတောင်းလျှင်မည်သူက ဖြည့်ဆည်းပေးသနည်း (မြတ်စွာ ဘုရားသည် ဘ၀ တစ်ုခုတုန်းက ဘုရားဖြစ်ရန် ဆုပန်ကြား သည် ဟု ကြားဖူးသည်။)
၂- ဗုဒ္ဓ ဘာသာတွင် လောကကြီးသည် မည်သို့ဖြစ်လာသနည (အလိုအလျှောက် ဖြစ်လာသလော)
၃- ဗုဒ္ဓ ဘာသာတွင် လူမည် သို့ဖြစ် လာသနည်း။
၎-နိဗံ နှင့် ငရဲ ကိုမည်သူ စတည်ထောင် သနည်း။
၅-ငရဲ ပြည်တွင် ယမမင်း ရာထူးကို မည်သူခန့်အပ်ထားသနည်း။
(ဗုဒ ဘာသာအယူအဆတွင် ဘုရားဖြစ်ရန် ကြိုမ်းပမ်း၍ ရသလို ယမမင်းဖြစ်ရန် ကြိုမ်းပမ်း၍ ရပါသလား။)
၆- ဗုဒ ဘာသာတွင် သံသရာစက်ဝန်းကို မည်သည့်အထောက် အထား နှင့် ယုံကြည်ကြသနည်း။
၇- ဗုဒ္ဓဘာသာမှာ ဘုရားကို ဘာလို့ဆွမ်းကပ်တာလဲဗျ။ခင်ဗျားတို့ ဘုရားက စားလည်းမစားဘူး။တချို့ဆို ထမင်းကော ဟင်းကော ကပ်တယ်။ တချို့တွေကျတော့ အချိုရည်နဲပေါင်မှန့်တွေကပ်တယ်။ ပြီးကျတော့ အဲဒါတွေက ပုပ်သို့းကုန်ရော။ ငယ်ငယ်တုန်း က ကျောင်း ဆရာ တစ်ယောက်ပြောတာကြားဖူးတယ်။မင်းတို့ဘုရားကို ဆွမ်းကပ် ရင် နည်းနည်းလေးပဲမကပ်နဲတဲ လူစားတဲ ပန်းကန်အကြီးနဲ ဆွမ်းကပ် ပါတဲ။ပန်းကန်သေးသေးလေးနဲ ကပ်ရင် ဘုရား ဘယ်လိုလုပ်ဗိုက်ဝ မှာလဲ တဲဒီစကားတွေ၊ဒီလုပ်တွေက လုံးဝ ယုတိ မရှိဘူးလို့ကျတော် ထင်တယ်။ကျောက်တုံးနဲ ထုဆစ်ထားတဲ ဘုရားရုပ်ထုကို ဘာလို့လူ စားသလို ထမင်းတွေ ဟင်းတွေကပ်နေတာလဲ။ဒီအစား အသောက်တွေ ကို မစားတဲ ဘုရားမှာကပ်မယ့်အစား တခြားဆာလောင်မွတ် သိပ် နေ တဲ လူတွေကို သွားကျွေးတာ ပိုကုသိုလ်မရဘူးလား။
https://www.facebook.com/groups/DhammaWarField/permalink/366630666800312/ 
 https://www.facebook.com/groups/DhammaWarField/permalink/369251269871585/ 
======================================================
မေးခွန်းတွေအားလုံးရဲ့ အဖြေက ခရစ်ယန်နဲ့ မွတ်စလင် ဘာသာဝင်တွေ အတွက်.... လွယ်လွယ် ကူကူ God ဆို တာ ပဲ       ထွက် လာမယ် ထင်ပါတယ်။
မေးရတဲ့ ရည်ရွယ်ချက် ကလဲ ဂေါ့ ဆိုတာ ကိုပဲ ဦးတည်အောင်ဂျောင် ပိတ်မေးထားတယ် ထင်ပါ တယ်.... ဂေါ့ ကို လွှဲချလိုက်တာနဲ့...  အနေချောင် သွားသလိုပဲ... ဘာမှထွေထွေထူးထူး စဉ်းစားစရာ မလိုဖူးပေါ့။
၁။ ((((( ဗုဒ္ဓဘာသာတွင် ဆုတောင်းလျှင်မည်သူက ဖြည့်ဆည်းပေး သနည်း (မြတ်စွာ ဘုရားသည် ဘ၀ တစ်ုခုတုန်းက ဘုရားဖြစ်ရန် ဆုပန်ကြား သည်ဟု ကြားဖူးသည်။))))
***ဟုတ်ကဲ့ ဗုဒ္ဓဘာသာမှာ ဆုတောင်းတာမရှိပါရှင်.... ဆုတောင်း တယ် ဆိုတာ ဖန်ဆင်းရှင်ကို ယုံကြည်သူတွေ အတွက် ပါ ဆုပန်တာပါရှင်... ဆုပန်တယ် ဆိုတာကလဲ ... မိမိလိုချင်တဲ့ အရာ ကို ပြီးမြောက်အောင်မြင်စေ နိုင်တဲ့ ခွန်အားတွေ ရပါရစေဆိုပြီး တိုင်တည် တာပါရှင်... ဒီလိုတိုင်တည်တဲ့အခါ ဘုရားရှင် ပစ္စေကဗုဒ္ဓါ ရဟန္တာတွေ ဆီမှာဆုပန်တိုင်တည်တဲ့အခါ.. ဒီပုဂ္ဂိုလ်မြတ်တွေက ဆုပန်သူရဲ့ ဘ၀အကြောင်းကိုသူတို့ရဲ့ဥါဏ်တော် နဲ့ကြိုတင်ကြည့်ပြီးမှ ...ဆုတောင်းတဲ့အတိုင်း ပြည့်ဝအောင်စွမ်းဆောင်နိုင်တဲ့ ပါရမီရှင်ဆိုရင် ဖြည့်ဆည်းပေးလို့ရပါတယ်... ပြည့်ပါတယ်။
၂။ (((( ဗုဒ္ဓ ဘာသာတွင် လောကကြီးသည် မည်သို့ဖြစ်လာသနည (အလိုအလျှောက် ဖြစ်လာသလော ))))
***ဗုဒ္ဓဘာသာမှာလောကကြီး မည်သိုဖြစ်ပေါ်လာပုံ ကိုမြတ်ဗုဒ္ဓ မဟော ခဲ့ပေမယ့်....ယ္ခုလက်ရှိ သိပ္ပံပညာရှင်တွေ လက်ခံထားတဲ့ နေအဖွဲ့ အစည်း အာကာသ ဟင်းလင်းပြင်နဲ့  အက်တမ်တွေ အကြောင်းကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၅၀ နှစ်လောက်က မြတ်ဗုဒ္ဓဟော ခဲ့ပါတယ် ။ ပြီးတော့ ဗုဒ္ဓဘာသာမှာ ကမ္ဘာကြီး မပြားပါဖူးရှင် ... ။
၃။ (((( ဗုဒ္ဓ ဘာသာတွင် လူမည် သို့ဖြစ် လာသနည်း။ ))))
*** လူသားမည်သို့ဖြစ်ပေါ်လာသနည်းဆိုတဲ့မေးခွန်းကို ဗုဒ္ဓကဖြေ ရန် ငြင်းဆိုခဲ့ပါတယ်...။ လူသားအစကို စဉ်းစားနေ မယ့်အစား သာသ နာတော်နဲ့ကြုံကြိုက်နေတဲ့ ဒီဘ၀မှာ ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗန် ရောက်ကြောင်းနဲ့  မိမိကိုယ်ကို သံသရာက လွတ်မြောက်ကြောင်း တရားများသာ ကျင့်ကြံ အားထုတ် ကြဖို့သွန်သင်ခဲ့ပါတယ်။
*** ( ၂  ) နှင့် ( ၃ ) အချုပ်
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နှုတ်တော်က ထွက်သမျှ စကားတွေ ဟာ တစ်ခုတည်းသော ရည်ရွယ်ချက် နဲ့ပဲ ပြောခဲ့ပါ  တယ်  ( ဧကောဓမ္မော )နိဗ္ဗာန် အတွက် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရာ ကိုပဲ ရည်ရွယ်ပြော ပါတယ်။
နိဗ္ဗာန်ရရာရကြောင်း နဲ့ မသက်ဆိုင်ဘူး သိမ်ဖျင်းသေးနုတ်သော စကား (သမ္ဖပလာပ)တွေဝေမိန်းမော ..အကျိုးမရှိတဲ့စကား  စတာတွေကို မပြောပါဘူးအဆုံးသတ် ရည်ရွယ်ချက်ဟာ အေးငြိမ်းကြောင်း အေးငြိမ်း ရာ အစစ်အမှန်ကို ရှာဖွေဖို့ ပဲလမ်းပြခဲ့တာပါ ...။
အဲဒီတော့ တွေဝေမိန်းမောနေရမယ့် အတွေးရှုပ်ထွေးရမယ့်ကိစ္စဟာ သာသနာတော်နဲ့မအပ်စပ်ပါ ဘူး ဒါကြောင့် အဲ့လို အကျိုးမရှိ တာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မမူပါဘူး လို့ပဲပြောပါရစေ။
ဒီနေရာမှာ နင်တို့ဘုရားက ဥါဏ်မှမမှီတာဘယ်သိမလဲ ဆိုပြီးစောတက တက်နိုင်ပါတယ်... မဟုတ်ရပါရှင် ...အောက်ကဥပမာလိုပါပဲ (
မူကြိုကျောင်းသားအဆင့်ခလေးက ကျောင်းဆရာကို နယူတန်နိယာမ အာခီမိဒီးစ်စည်း မျည်း  နေအဖွဲ့အစည်း စင်္ကြာဝဠာ နဲ့ အကာသဟင်းလင်ပြင် အကြောင်း နားလည်အောင် သင်ပြခိုင်းရင်) ဆရာကဖြေလို့မရသလိုပါပဲ.... မေးသူ က သူ့မေးခွန်းကိုနားလည် နိုင်မယ့် အဆင့်အတန်းမရှိသေးရင်... ဖြေလို့မရပါရှင်။
 ၄။ ((( နိဗံနှင့်ငရဲကို မည်သူ စတင်ထောင်သနည်း။ )))
*** နိဗ္ဗန် ဟုသောအဓိပါယ်မှာ အရာအားလုံးချုပ်ငြိမ်းခြင်း လူဗျိန်း အခေါ်ပြောရလျှင် အားလုံးပျောက်ကွယ် ဆိတ်သုန်းသွားခြင်းလို့ အဓိပါယ် ရပါတယ်.... ဘုံ မဟုတ်ပါ...။
ငရဲကတော့ .... အပြစ်သား...ပြီးတော့ အကုသိုလ်များ သူတွေ တစ်စု တစ်ဝေး ထဲ ရှိနေတဲ့ နေရာတစ်ခုပါ... ဘယ်သူမှမ ဖန်ဆင်းပါ မိမိ ကိုယ်တိုင် တည်ဆောက်ကြတာပါ ... ကိုယ်ပြုတဲ့ အကုသိုလ် ကံကြောင့်  ... သွားစုနေကြရတဲ့ နေရတစ်ခုပါ ။
ငရဲမှာ သက်တမ်း အတိ အကျမရှိပါမိမိတို့ပြုသောကံ အကုသိုလ် အတိုင်း အတာ အလိုက် နေရတာပါ။
၅။ (((( ငရဲ ပြည်တွင် ယမမင်း ရာထူးကို မည်သူခန့်အပ်ထားသနည်း။ (ဗုဒ ဘာသာအယူအဆတွင် ဘုရားဖြစ်ရန် ကြိုမ်းပမ်း၍ ရသလို ယမ မင်းဖြစ်ရန် ကြိုမ်းပမ်း၍ ရပါသလား။))))
*** ယမမင်းဆိုတာ နတ်မင်းအဆင့်ပေါ့  .... မိမိကိုယ်တိုင်ပြုတဲ့ ကံက ဖန်ဆင်းတယ်လို့ပဲပြောပါရစေ  ကံ ကံရဲ့အကျိုးပေါ့ ... 
( ၄ ) နှင့် ( ၅ ) အချုပ်
ငရဲသည်မကောင်းမှုပြုသူများအတွက် လားရာဘ၀ တစ်ခုဖြစ်သည်။ မိမိတို့ပြုအပ်သော ကုသိုလ် အကုသိုလ်ကံကြောင့် ( ၃၁ )ဘုံမှ ဘုံတစ်ခုခုသို့ ရောက်ကြရသည်။ မကောင်းမှု ဒုစရိုက် (အကုသိုလ်ကံ) များလွန်းမှသာ ငရဲနှင့် တစ်ခြားဒုက္ခိတ ဘုံဘ၀များ ဥပမာ တိရစ္ဆာန် ၊ ဗြိတ္တာ၊ အသူရကာယ် ဘုံဘ၀သို့ ရောက်ကြရသည်။ ထို့အတူပင် မိမိပြုလုပ်သော ကုသိုလ်ကောင်းမှု အစုစုကြောင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မ ဘုံ စတုမဟာရာဇ်ဘုံ တို့သို့ ကံကံ၏ အကျိုးအတိုင်း ရောက်ကြ ရမည်ဖြစ်သည်။ ထို့ကြောင့် မိမိသွားရမည့် ဘုံဘ၀ကို မိမိကိုယ်တိုင် သာဖန်တီးပြီး ကိုယ်တိုင် တည် ဆောက်ကြခြင်းသာဖြစ်ပါသည်။ ဘယ်တန်ခိုးရှင်မှ ဘယ်ဖန်ဆင်း ရှင်မှ ပို့ပေးလို့မရပါရှင်...။
၆။ (((( ဗုဒ ဘာသာတွင် သံသရာစက်ဝန်းကို မည်သည့် အထောက် အထား နှင့် ယုံကြည်ကြသနည်း။ ))))
သာသနာတော် အကြောင်းကို နကန်းတစ်လုံးမျှ မသိသူတစ်ယောက် က သံသရာစက်ဝန်း အကြောင်းကိုမေးခြင်းသည်.. မူကြိုကျောင်းသားအဆင့်ခလေးက ကျောင်းဆရာကို နယူတန်နိယာမ အာခီမိဒီးစ်စည်း မျည်း  နေအဖွဲ့အစည်း စင်္ကြာဝဠာ နဲ့ အကာသဟင်းလင်ပြင် အကြောင်း နားလည်အောင် သင်ပြခိုင်း တဲ့ အလား သဏ္ဍန်နဲ့တူနေပါပြီ....
*** အဲတာကတော့ ပဋိစ္စသမုပ္ပဋ်ကို နားလည်မှဖြစ်မယ်ရှင်
ပဋိစ္စသမုပ္ပါဒ်တရားတော် ဥဒါန်းဂါထာတော်တွေကို ထောက်ဆပြီး ရှိကြောင်း သိရတာပါ...
အဲ့ဒါကိုနားလည်တဲ့ ဗုဒ္ဓသာသနာဝင်တွေက သံသရာကို လက်ခံကြတယ်... 
နားမလည်တဲ့မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေက အကြားနဲ့ လက်ခံတယ်
အကြောင်းအကျိုးဆက်စပ်မှုနဲ့ သံသရာကိုယုံကြည်တာပါလို့ ပဲပြော ပါရစေ။
၇။  (((( ဗုဒ္ဓဘာသာမှာ ဘုရားကို ဘာလို့ဆွမ်းကပ်တာလဲဗျ။ခင်ဗျားတို့ ဘုရားက စားလည်းမစားဘူး။တချို့ဆို ထမင်းကော ဟင်းကော ကပ် တယ်။ တချို့တွေကျတော့ အချိုရည်နဲပေါင်မှန့်တွေကပ်တယ်။ ပြီး ကျတော့ အဲဒါတွေက ပုပ်သို့းကုန်ရော။ ငယ်ငယ်တုန်းက ကျောင်း ဆရာတစ်ယောက်ပြော တာကြားဖူးတယ်။ မင်းတို့ဘုရားကို ဆွမ်းကပ် ရင် နည်းနည်းလေးပဲမကပ်နဲတဲ လူစားတဲ ပန်းကန်အကြီးနဲဆွမ်းကပ် ပါတဲ။ ပန်းကန်သေးသေးလေးနဲ ကပ်ရင် ဘုရား ဘယ်လိုလုပ်ဗိုက်ဝမှာ လဲတဲ.......ဒီစကားတွေ၊ဒီလုပ်တွေက လုံးဝ ယုတိ မရှိဘူးလို့ကျတော် ထင်တယ်။ကျောက်တုံးနဲ ထုဆစ်ထားတဲ ဘုရားရုပ်ထုကို ဘာလို့လူစား သလို ထမင်းတွေ ဟင်းတွေကပ်နေတာလဲ။ဒီအစား အသောက်တွေကို မစားတဲ ဘုရားမှာကပ်မယ့်အစား တခြားဆာလောင်မွတ် သိပ် နေတဲ လူတွေကို သွားကျွေးတာ ပိုကုသိုလ်မရဘူးလား။ ))))
*** စေတီပုထိုး ၊ ပုံတော်ကို ကြည့် ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ကြတာ လို့ နားလည် မိပါတယ်။ တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်နေကြတာဖြစ်ပါတယ် ။ နောက်တစ်မျိုး က... ဖြစ်ပြီးပျက် ဆိုတဲ့လောကရဲ့ ဓမ္မတာတရား ကို နှလုံးသွင်းမိစေဖို့ပါ လို့ပဲ လွယ်လွယ်ပြော ပါရစေရှင်...။
နောက်တစ်မျိုးကတော့  ( မင်းကန်စီရဲ့အဖြေပါ )
*** ကျနော်တို့ သာသနာတော်ကြီးမှာ အလှူခံပုဂ္ဂိုလ် ဆိုတာ ခွေးက အစ လူ၊ နတ်၊ ဗြဟ္မာ၊ ရဟန်းသံဃာ နဲ့ ဘုရားရှင်အဆုံး အားလုံးဟာ အ လှူခံပုဂ္ဂိုလ်ဖြစ်ပါတယ်... ကျနော်တို့သာသနာတော်ကြီးမှာ အလှူခံ ပုဂ္ဂိုလ် အလှူပေးသူရဲ့ စေတနာ နဲ့ လှူဖွယ်ဝတ္ထု စတဲ့အကြောင်းသုံး ပါးကောင်းရင် ကောင်းသလောက် အကျိုးပေးကောင်းပါတယ် ဆိုတဲ့ ကံရဲ့အကျိုးတရားကို ယုံကြည်တဲ့အတွက် သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရားကို ရည်စူးလှူဒါန်းကြခြင်းဖြစ်ပါတယ်... ဒါကြောင့် လူတစ်ယောက် ရဟန်းတစ်ပါးကို ဆွမ်းကပ်သလို များများကပ်ဖို့ ဆိုဆုံးမကြတာပါ.... မိမိအိမ်ကို သက်တော်ထင်ရှားမြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ကြွရောက်ဆွမ်းခံသလို ကြွရောက်ဆွမ်းစားသလို သဘောထားပြီးတော့ လှူဒါန်းကြတာပါ.... ဒါပေမယ့် အဲဒီဘုရားဆွမ်းတော်တွေဟာလည်း အပိုအလေ အလွင့် မဖြစ် ပါဘူး... ဘုန်းကြီးကျောင်းတွေ နဲ့ စေတီပု ထိုးတွေ မှာ သစ်ပုတ် ပလ္လင်ဆိုတာကို မမြင်ဖူးလေသလား မသိလေသလားလို့ပဲ ထင်မြင်မိ ပါတယ်... အဲဒီသင်ပုတ်ပလ္လင်ဆို တာဟာ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကပ်လှူထားတဲ့ ဆွမ်းများကို စွန့်လောင်း ရာနေရာပါပဲ... အဲဒီနေရာမှာ ဖုန်းတောင်းယာစကာတွေ နဲ့ ကျေးငှက် တိရစ္ဆာန်တွေ လာရောက်စားသောက်ကြပါတယ်.. အိမ်မှာဆွမ်းကပ် ရင်တော့ ဆွမ်းတော်စွန့်ရင် အိမ်ရှေ့က ခွက်အစရှိတဲ့အရာ သို့မဟုတ် မြေသန့်သန့်မှာ စွန့်ပါတယ်... ကျေးငှက် ကလေးတွေ ကြောင် ခွေး အစရှိတဲ့ တိရစ္ဆာန်လေးတွေ စားသောက်လို့ ရအောင်ပါ.... ဒါဟာလည်း ကုသိုလ်တစ်မျိုးတိုးတာပါပဲ.... အလ ဟဿဖြုံး တီးပစ်တာမဟုတ်ပါဘူး... စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း ဆိုတာဟာ လောဘဆိုတဲ့ အပိုင်သိမ်းထားချင်စိတ်ကို စွန့်နိုင်အောင် အားထုတ်တာပါ.... ကျနော်တို့သာသနာတော်မှာ လှူပြီဟေ့ဆိုရင် အခုလိုမျိုးပဲ အယုတ် အလတ် အမြတ်မရွေး လူတန်းစားမရွေး ယုတ်ဆွအဆုံး လူလားတိရစ္ဆာန်လားတောင် မခွဲခြားပဲ အကုန် လှူတတ်ကြပါတယ်.... သက်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လှူတယ်ဆိုတာဟာ ရှေ့မှာပြောသွားခဲ့သလိုပဲ.... အလဟဿဖြုန်းတီးပစ်တာမဟုတ်ဘူး....
ချမ်းမြေ့ပါစေရှင်...။
Friday, September 20, 2013
၃၁ဘုံ သတ္တ၀ါတို့၏သက်တမ်းများ
( ၁ ) အပါယ်ဘုံသားတို့၏သက်တမ်း...
ငရဲသား.ပြိတ္တာအသူရကာယ်တို့တွင်.သတ်မှတ်ထားသောသက်တမ်းများမရှိ ။မိမိတို့၏ကံသာလျင်သက်တမ်းအတိုင်း
အတာဖြစ်ပါသည် ။
တိရစ္ဆာန်များမှာ.အမျိုးပေါင်းမရေတွက်နှိုင်.။အမျိုးဇါတ်အလိုက်သက်တမ်းကွာခြားကြပါသည် ။
( ၂ ) လူတို့၏သက်တမ်း...
ရှေ့ခုနှစ်ရာ ၊ နောက်ငါးရာ ၊ မြောက်မှာတစ်ထောင်မြဲ ။ဟူသောစကားအရ...အရှေ့ကျွန်းသားတို့တွင်သက်တမ်း ၇၀၀နှစ်
အနောက်ကျွန်းသားတို့တွင်သက်တမ်း ၅၀၀နှစ် .မြောက်ကျွန်းသားတို့တွင်သက်တမ်း ၁၀၀၀နှစ်.တောင်ကျွန်းသားတို့မှာ
သက်တမ်းမမြဲကြပါ ။အသင်္ချေရတမ်းမှသည်ဆယ်နှစ်တမ်း၊ တစ်ဖန်  ဆယ်နှစ်တန်းမှသည် အသင်္ချေရတမ်းဟူ၍ဆုတ်
ချည်တက်ချည်ရှိပါသည် ။
( ၃ ) စတုမဟာရာဇ်နတ်တို့၏သက်တမ်း...
အောက်စတုမဟာရာဇ်နတ်များဖြစ်ကြသော.ဖုတ်.မှင်စာ.တစ္ဆေ.သရဲ.အစိမ်း.သဘက်.ဘီလူး.ဘုမ္မဖိုဝ်းနတ်တို့တွင်.တည်မြဲ
သောသက်တမ်းမရှိကြ ။အချို့သော.ဘုမ္မဇိုဝ်းနတ်တို့သည်.ခုနှစ်ရက်မျှသာအသက်ရှည်ကြပြီး.အချို့မှာအာယုကပ်ပါတ်လုံး
အသက်ရှည်ကြ၏ ။
အထက်စတုမဟာရာဇ်နတ်တို့၏သက်တမ်းမှာတည်မြဲ၏ ။ထိုနတ်တို့၏နှစ်ဖြင့်ရေတွက်လျင်  အနှစ် ၅၀၀ ၊လူတို့၏နှစ်ဖြင့်ရေ
တွက်လျင် အနှစ်  ကိုးသန်း  ရှိ၏ ။
လူတို့၏အနှစ် ၅၀၀သည်.စတုမဟာရာဇ်နတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ။
( ၄ ) တာဝတိံသာနတ်သက်...
လူတို့၏အနှစ်တစ်ရာသည်.တာဝတိံသာနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ။အနှစ် ၁၀၀၀ သည် တာဝတိံသာ နတ်သက်ဖြစ်၍
လူတို့၏နှစ်ဖြင့်ရေတွက်သော်.နှစ်ပေါင်း  သုံးကုဋေခြောက်သန်း ရှိသည် ။
( ၅ ) ယာမာနတ်သက်...
လူတို့၏အနှစ်  ၂၀၀ သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏ ။ယာမာနတ်တို့၏သက်တမ်းသည်.အနှစ်  ၂၀၀၀  ရှိသည်
လူတို့၏နှစ်ဖြင့်ရေတွက်သော်..နှစ်ပေါင်း..၁၄ ကုဋေ လေးသန်းရှိပါသည် ။
( ၆ ) တုသိတာနတ်သက်...
လူတို့၏နှစ် ၄၀၀ သည် တုသိတာနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ တုသိတာနတ်တို့၏သက်တမ်းသည် နှစ် ၄၀၀၀  ၊ လူတို့၏နှစ်ဖြင့်
၅၇ ကုဋေ နှင့်ခြောက်သန်းရှိပါသည် ။
( ၇ ) နိမ္မာနရတိနတ်သက်...
လူတို့၏နှစ် ၈၀၀ သည် နိမ္မာနရတိနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ။နိမ္မာနရတိနတ်တို့၏သက်တမ်းသည် နှစ်ပေါင်း ၈၀၀၀
လူတို့၏နှစ်ဖြင့်  ၂၃၀ ကုဋေ လေးသန်းရှိပါသည် ။
( ၈ ) ပရနိမ္မိတ၀သ၀တ္တီနတ်သက်...
လူတို့၏နှစ် ၁၆၀၀ သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ထိုနတ်တို့၏သက်တမ်းသည် နှစ်ပေါင်း  ၁၆၀၀၀
လူတို့၏နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း  ၉ ၂၁ ကုဋေ ခြောက်သန်း ရှိသည် ။
( ၉ ) ဗြဟ္မာတို့၏သက်တမ်း...
ဗြဟ္မာတို့၏သက်တမ်းများသည်.အလွန်ရှည်လျားကြသည့်အတွက်.အသင်္ချေယျကပ်.မဟာကပ်...တို့ဖြင့်တိုင်းတာကြ၏ ။
ကပ်တို့သည်..(၁ ) အာယုကပ်.( ၂ ) အန္တရကပ်. ( ၃ ) အသင်္ချေယျကပ် ( ၄) မဟာကပ်..ဟူ၍လေးပါးရှိ၏ ။
ထိုလေးပါးတို့တွင်.သတ္တ၀ါတို့၏သက်တမ်းအသီးသီးကို...အာယုကပ်...ဟုခေါ်၏ ။
လူတို့၏သက်တမ်းဖြင့်.အသင်္ချေယျတမ်းမှဆယ်နှစ်တမ်း.ဆယ်နှစ်တန်းမှအသင်္ချေယျတမ်းအထိ.ရှည်ကြာသောကာလ
ကို....အန္တရကပ်....တစ်ခုဟုခေါ်၏ ။
အန္တရကပ်....၆၄ ကပ်သည်..အသင်္ချေယျကပ်...တစ်ကပ်နှင့်ညီမျှ၏ ။
အသင်္ချေယကပ်လေးကပ်သည်...မဟာကပ်တစ်ကပ်.( ၀ါ ).တစ်ကမ္ဘာနှင့်ညီမျှ၏ ။
အသင်္ချေယျကပ်..ကို..လေးမျိုးခွဲခြားပြန်၏ ။
( က ) သံဝဋ္ဋ္ဋကပ်  = ကမ္ဘာကြီးစပျက်သည်မှလုံးဝပျက်သုဉ်းသွားသည်အထိရှည်ကြာသောအသင်္ချေယျကပ်
( ခ ) သံဝဋ္ဋဌာယီကပ်  = ကမ္ဘာကြီးပျက်သုဉ်းပြီး၍ပျက်ပြီးသည့်အတိုင်းတည်နေသောအသင်္ချေယျကပ်
( ဂ ) ၀ိဝဋ္ဋကပ်  = ကမ္ဘာပြုမိုးစရွာသည့်အချိန်မှစ၍ကမ္ဘာကြီးအပြည့်အစုံဖြစ်ပေါ်လာသည်အထိရှည်ကြာသော
အသင်္ချေယျကပ်
( ဃ ) ၀ိဝဋ္ဋဌာယီကပ်  =  ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှထိုအတိုင်းတည်နေသောအသင်္ချေယျကပ် ။
http://waiphyo-mogaung.blogspot.com/2011/01/blog-post_18.html 
Sunday, September 8, 2013
အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ အမေး ၁၀ ချက်
ကျွန်တော် အစ္စလာမ်ဘာသာဝင်ပါ.... ကျွန်တော်တို့ ဘာသာ မှာကိုးကွယ် မှုပုံစံ၊ပညတ်ချက်စ တာတွေကို ကုရ်အာန်မှာ ကသတ် မှတ်ပေးထားပါတယ်...ကျွန်တော်တို့ ဘာသာရဲ့ အဆုံးအမ မှာလည်း သူများယုံကြည်ရာကိုစော်ကားခွင့်မပေးထားပါဘူး....စော်ကားမယ့်အစီ အစဉ်လည်းမရှိပါဘူး...အခုကျွန်တော်သိချင် တာလေးတွေ ကို ဗုဒ္ဒဘာသာဝင်အကိုအမ များကငြိမ်းချမ်းစွာဖြေပေးပါ... 
(1) ဗုဒ္ဒကသူ့ ကို ဆင်းတုများပြုလုပ်ပူဇော်ရမယ် လို့ ပြောခဲ့ဖူး ပါသလား..အဲလိုလုပ်ရပ်ကိုသူကိုယ်တိုင်ရောကြိုက်ပါရဲ့ လား
(2)ဆင်းတုများစေတီများပြုလုပ်ပူဇော်ခြင်းက သူရှိစဉ်ကတည်းကပါလား၊သူမရှိမှလာ
(3)ဆင်းတုများစေတီများပြုလုပ်ခွင့်ကိုတောင်းဆိုခဲ့ရတယ်လို ပိုစ်တစ်ခုမှာပြောထားတာတွေ့ ရတဲ့အတွက်....ကမ္ဘာပေါ်မှာမည့် သည့်စေတီက ပထမဆုံးပါလဲ...
(4)စေတီတိုင်းမှာအများအားဖြင့်ဆင်းတုတော်တွေ အများကြီးတွေ့ ရ ပါတယ်... .စေတီတည် တဲ့အခါ အဓိကလို အပ်ချက်ကဘာပါလဲ၊
(5)ဗုဒ္ဒဘာသာရဲ့ ကိုးကွယ်မှုဖြစ်တဲ့..ရတနာသုံးပါးဆိုတာကို ဗုဒ္ဒကချ မှတ်ပေး ထားခဲ့ခြင်းလား
(6) ဗုဒ္ဒဘာသာရဲ့ ပညတ်ချက်တွေကဘာပါလဲ..
(7)ရတနာသုံးပါးအပြင်မိဘဆရာ အစရှိတာတွေက ဘုရားနဲ့ တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာဆိုရင် သံဃာနဲ့ မိခင်ဘယ်သူကပိုမြတ်ပါသလဲ။
(8)ဗုဒ္ဒဘုရားရှင် ယခုရှိပါသေးလား။အစ္စလာမ်ရောခရစ်ယာန်တွေပါ ဆုတောင်းမှုပြုရင်..ဖန်ဆင်းရှင်ဆီမှာသာတောင်း ခံကြပါတယ်.... ဗုဒ္ဒဘာသာမှာဘယ်သူ့ ဆီကဆုတောင်းနေကြတာပါလဲ...
(9)ဗုဒ္ဒဘာသာကိုဝင်ချင်လို့ နိုင်ငံခြားသားတစ်ယောက်က ဗုဒ္ဒကို ဘယ်လိုသုံးနှုန်းမလဲ.. ကျွန်တော်မေးချင်တာက..  .မြန်မာမှာ     ဆိုဘုရား လို့ သုံးတယ်..ထိုင်းမှာဆိုလည်းဖကျောင်း ဆိုပြီးသုံးနှုန်း ပါတယ်... အဲဒီမှာအာရှ ကမဟုတ်တဲ့ အမေရိကန်တစ်ယောက်က ဘုရားရှစ်ခိုးမယ် ဆိုရင်... ဘုရားဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ ရနိုင်မလဲ..
(10)ဘုရားဟောတာတွေက သိပ်ကောင်းနေပါ ရဲ့ နဲ့ ဗုဒ္ဒဘာ သာဝင်တော်တော်များများကဘာလို့ မကျင့်သုံးနိုင်ကြတာပါလဲ... ဥပပမာ..ခက်လို့ လား ဒါမှမဟုတ် မလုပ်နိုင်လို့ လား ဆိုတာသိပါ ရစေ.....
ဖြေပေးတဲ့အကိုအမများအားလုံးကိုလေးစားပါတယ်.... ဒီထဲကအသုံးအနှုန်းတခုခုကရိုင်းသွားရင်လည်းခွင့်လွတ်ပေးပါ....
-------------------------------------------------------------------------------------------------------------------------------------
နံပါတ် ( ၁ ) ( ၂ ) ( ၃ )  ( ၄ ) အ ဖြေ ပါ
မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက ဘုရားရှင်ကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့ အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြ ပါတယ်...။  မြတ်စွာ ဘုရား ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့ မြတ်စွာ ဘုရားကို လှူကြတာပေါ့  မြတ်စွာဘုရား မရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။ မြတ်စွာ ဘုရားကို လှူဒါန်းဘို့ စိတ်ကူးနဲ့ လာကြတာကိုး။ဒီတော့ ကျောင်းဒကာ အနာထပိဏ်သူထေးက ဘုရားထံ လှူဒါန်းဘို့ လာတဲ့သူတွေ ဘုရားရှင် မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင် သင့်လျှော်တဲ့နေ ရာစီစဉ်ဘို့ ရှင် အာနန္ဒာကို  လျှောက်ထားပါတယ်။  ရှင်အာနန္ဒာ ကလည်း ဒီ ကိစ္စ ကို မြတ်စွာဘုရား နဲ့တွေ့တော့လျှောက် ထားပါတယ်....  မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုးကို ပြောပြခဲ့ပါတယ်။
၁။ ဓာတ်တော်မွေတော်အပါအ၀င် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း မိန့်ခဲ့ပါတယ် ။
တစ်ဖန် ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တဲ့အခါ ဘုရားရှင်က .....  စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း
 သူ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။
( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။ 
ဘုရားရှင်က ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ  ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊ စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
(((( စေတီပုထိုးကို ကြည့်၊ ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာ လို့ နားလည် မိပါတယ်။ တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။)))))
စေတီပုထိုးမတည်သေး ဘဲနဲ့ သူတရားအားထုတ် ခဲ့တဲ့ ဗောဓိညောင်ပင် ကို စိုက်ပျိုးပြီး သူမရှိတဲ့အခါ သူခရီးထွက်နေ သခိုက် သူ့ကိုယ်စား ဗော ဓိညောင်ပင်ကို ပူဇော်ဘို့ မြတ်စွာဘုရားက ရှင်အာနန္ဒာကို အကြံပြုပါတယ်။ဒီနောက် ရှင်အာနန္ဒာ ဟာ ရှင်မဟာမော ဂ္ဂလာန် အကူအညီနဲ့ ဗုဒ္ဓဂယာ က ဗောဓိညောင် မျိုးစေ့ကိုယူပြီး ဇေတ ၀န်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။  အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။ ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။  ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး သီဟို ဠ် (သီရိ လင်္ကာ) နိုင် ငံ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ကို ဘုန်းကြီးကျောင်း  အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။   သီဟိုဠ် ဘုန်းကြီးကျောင်း (၁) ကျောင်းတည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၎၊ သံဃာနေဆောင် တို့ရှိရပါတယ်။
ပထမဆုံး စေတီတော်ကတော့ ဘုရားရှင်ကို ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင် တဖုဿ နှင့် ပလ္လိကာ ကဘုရားရှင်ထံမှပင့်ဆောင်လာသော ဆံတော်များကို ဥက္ကလာကမင်းကြီးထံ ဆက်သရာမှ ဖြစ်ပေါ်လာသော လက်ရှိအားလုံးဖူးမြော်နေရပါသော နှစ်ပေါင်း ၂၆၀၀ နီးပါးသက်တမ်းရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးပါပဲရှင်...။ 
 ( ၅ ) ( ၆ ) ( ၇ ) အဖြေပါ
ရတနာသုံးပါးကိုသိမြင်ဖို့ မြတ်ဗုဒ္ဓက လမ်းပြခဲ့တာပါ... ချမှတ်ခဲ့တာ မရှိပါ ရတနာသုံးပါးအပြင်.. မိဘ ဆရာသမားကိုလဲ တစ်ဂိုဏ်းထဲထား ရိုသေသင့်တယ်လို့သွန်သင်ဆုံးမခဲ့ပါတယ်...  သံဃာ ရယ် ဘုရားရယ်မိခင်ရယ် မဟုတ်ပါဖူး. စော်ကားမိရင် တူညီတဲ့ ငရဲ ရမှာဖြစ်ပါတယ်။ တစ်ဂိုဏ်းထဲမှာဆိုမှ ဘယ်ဟာပိုကြီးလဲ လုပ်နေတယ်။ပြီးတော့ ဘုရား ရှင်က ၀ိနယလို့ခေါ်တဲ့ ၀ိနည်းတွေကိုသာ ပညတ်ခဲ့ပါတယ်။ ကျန်တာတွေ တော့ လောကရဲ့ သစ္စာတရားတွေကို ညွှန်ပြခဲ့တာပါ..။
ပညတ်ချက်တွေကိုအောက်လင့်မှာသွားဖတ်နိုင်ပါတယ်.....
 ( ၈ ) နဲ့ ( ၉ ) အဖြေပါ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး က အတ္တာဟိ အတ္တနော နာတော... မိမိကိုယ် ကိုသာ ကိုးကွယ် ရာ၏ လို့ဆိုခဲ့ တဲ့အတွက် သာသနာတော်ဝင်တွေ က ဆုတောင်းတာမဟုတ်ပါ  သူတို့ပြုခဲ့တဲ့ ကုသိုလ် အားလုံးကို တိုင်တည်ပြီး ဘယ်အကျိုး ကိုစွမ်းဆောင်နိုင်တဲ့ အားအင်ရချင်ပါတယ်လို့ တိုင်တည် ဆုပန်တာပါ။  ဗုဒ္ဓကို တစ်ကမ္ဘာလုံး BUDDHA လို့သုံးပါတယ်။ ထိုင်းမှာသုံးတာက ဖရာ့ကျောက် ပါ ကျောက် ဆိုတာက သခင် ၊ ဦးထိပ်ပန်ဆင်သူလို့ အမည်ရပြီး ဖရာ့ ကတော့ ဘုရား ပါ အတူတူပါပဲ။
နံပါတ် ( ၁၀ ) တော့ ဘာသာတိုင်းမှာ ရှိတတ်တဲ့သဘာဝပါ ... ကျမတို့ဘာသာဝင် အများစု မကျင့်သုံး နိုင်ရင်လေ... ကျမတို့သာသနာ ကမ္ဘာမှာအနူးညံ့ အသိမ်မွေ့ဆုံး သာသနာတော်အဖြစ် လက်မထောင် မနေဖူးရှင် ကျမတို့ သာသနာတော်ကြောင့် စစ်ခင်းရတာ သွေးချောင်းစီးရတာ... မရှိပါရှင်...  ချမ်းမြေ့ ပါစေ။
˜º̶̶ƷʌuτuмиƸ̶º˜˜ 
ဝိနယ - ၀ိနည်း ( ၀ိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည် )
                                 “ ၀ိနယ - ၀ိနည်း
“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
၁။ ဂရုကအာပတ်    ၂မျိုး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုး
ဂရုကအာပတ် ၂မျိုး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ  
    ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိုး
၃။ ထုလ္လစ္စဉ်းအာပတ် (ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
                                         ...................................
၁။ ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။ မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။ မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၎။ ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ )
၂။ သံဃာဒိသိသ် ၁၃ ပါး
(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
၅။ သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၈။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။ သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက်   လွန်သောကျောင်းကို ဆောက်မှု)
၁၁။ ၀ိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။ သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ )
ရဟန်း အချင်းချင်း ဒေသ နာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို ၀န်ခံလျှင် ပြေပျောက်နိုင်သော အပြစ်များ
၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၁၉။ ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀ (စွန့်ပြစ်ရမည်)
(စီဝရ၀ဂ်)
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး မချူပ်ဆိုးဘဲ ထားမှု)
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)
(ကောသိယ၀ဂ်)
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)
(ပတ္တ၀ဂ်)
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)
၅။ သုဒ္ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး
(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
၅၁။ သြမသ ၀ါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
၅၂။ ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု)
၅၃။ ပဒသော ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
၅၅။ ဒုတိယ သဟသေယျ သိက္ခာပုဒ် (မာတုကာမနှင့်အတူ အမိုးအကာတူ နေရာ၌အိပ်မှု)
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောကျာ်းအဖော်မပါပဲ တရားဟောမှု)
၅၇။ ဘူတာရောစန သိက္ခာပုဒ် (ဈာန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)
(ဘူတဂါမ၀ါဂ်)
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
၆၁။ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
၆၂။ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကကျောင်းပေါ်ဝယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးများ အနားကပ်ပြီး နေထိုင်မှု)
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကျောင်းမှ ထွက်သွားအောင်လုပ်မှု)
၆၇။ ဝေဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကျောင်းကို အထပ်ထပ် အမိုးခိုင်းမှု)
၆၉။ သပ္ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)
(ဘိက္ခုနောဝါဒ၀ဂ်)
၇၀။ သြ၀ါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြ၀ါဒ ပေးမှု)
၇၁။ အတ္ထင်္ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြ၀ါဒ ပေးမှု)
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကျောင်းသို့သွားပြီး သြ၀ါဒပေးမှု)
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
၇၄။ စီဝရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
၇၅။ စီဝရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
၇၆။ သံဝိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု)
(ဘောဇန၀ဂ်)
၈၀။ အာဝါသထပိဏ္ဍ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်ဝတ်ဆွမ်းကို အမြဲစားမှု)
၈၁။ ဂဏဘောဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်များကို အကုန် အလှူခံမှု)
၈၄။ ပထမ ပ၀ါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
၈၅။ ဒုတိယ ပ၀ါရဏာ သိက္ခာပုဒ် (ပ၀ါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန် တိုက်တွန်းမှု)
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမှီ သိမ်းစည်းထားပြီး စားမှု)
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ်မခံပဲ စားမှု)
(အစေလက၀ဂ်)၉၀။ အစေလက သိက္ခာပုဒ် ( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
၉၁။ ဥယျောဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
၉၂။ သဘောဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
၉၃။ ရဟောပဋိစ္ဆန္န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
၉၉။ ဥယျောဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)
(သုရာပါန၀ဂ်)၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)
(သပ္ပါဏက၀ဂ်)
၁၁၀။ သဥ္စိစ္စ သိက္ခာပုဒ် (ကျီးကန်သတ်မှု)
၁၁၁။ သပ္ပါဏက သိက္ခာပုဒ် (ရေကို ပိုးကောင်ရှိမှန်းသိလျက်သောက်သုံးမှု)
၁၁၂။ ဥက္ကောဋန သိက္ခာပုဒ်( အဓိကရုဏ်ဖြစ်အောင် လှုပ်ဆော်မှု)
၁၁၃။ ဒုဋ္ဌုလ္လ သိက္ခာပုဒ် (ရုန်ရင်းသောအာပတ်ကို ဖုံးကွယ်ထားမှု)
၁၁၄။ ဥုန၀ီသတိဝဿ သိက္ခာပုဒ် (အသက်နှစ်ဆယ်မပြည့်သူကို ရဟန်းပြုပေးမှု)
၁၁၅။ ထေယျသတ္ထ သိက္ခာပုဒ် (ခိုးသူကုန်သည်နှင့်အတူသွားမှု)
၁၁၆။ သံဝိဓာန သိက္ခာပုဒ် (မာတုကာမနှင့်အတူ ခရီးသွားမှု)
၁၁၇။ အရိဋ္ဌ သိက္ခာပုဒ် (မှားယွင်းသောအယူကို ယူမှု)
၁၁၈။ ဥက္ခိတ္တ သံဘောဂ သိက္ခာပုဒ် (ထုတ်ခံရသော ၇ဟန်းနှင့် ပေါင်းမှု)
၁၁၉။ ကဏ္ဋက သိက္ခာပုဒ် (မိစ္ဆာဝါဒီသာမဏေနှင့် ဆက်ဆံမှု)
(သဟဓမ္မိက၀ဂ်)
၁၂၀။ သဟဓမ္မိက သိက္ခာပုဒ် (သိက္ခာပုဒ်ကို သွယ်ဝိုက်ငြင်းဆန်မှု)
၁၂၁။ ၀ိလေခန သိက္ခာပုဒ် (သိက္ခာပုဒ်ကို ကဲ့ရဲ့မှု)
၁၂၂။ မောဟန သိက္ခာပုဒ် (သိက္ခာပုဒ်ကို မသိဟန်ဆောင်မှု)
၁၂၃။ ပဟာရ သိက္ခာပုဒ် (ရဟန်းကို ရိုက်နှက်မှု)
၁၂၄။ တလသတ္တိက သိက္ခာပုဒ် (ရိုက်နှက်မည့်ဟန် ချိန်ရွယ်မှု)
၁၂၅။ အမူလက သိက္ခာပုဒ် (သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲမှု)
၁၂၆။ သဥ္စိစ္စ သိက္ခာပုဒ် (ရဟန်းအား သံသယဖြစ်စေမှု)
၁၂၇။ ဥပဿုတိ သိက္ခာပုဒ် (ရန်ဖြစ်သော ရဟန်းများ စကားပြောနေသည်ကို ချောင်းနားထောင်မှု)
၁၂၈။ ကမ္မပတိဗာဟန သိက္ခာပုဒ် (ဆန္ဒပေးပြီးမှ ကံကို တားမြစ်မှု)
၁၂၉။ ဆန္ဒံအဒတွာ ဂမန သိက္ခာပုဒ် (ဆန္ဒမပေးပဲ ဖယ်ခွာသွားမှု)
၁၃၀။ ဒုဗ္ဗလ သိက္ခာပုဒ် (သံဃာနှင့် သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ ချကဲ့ရဲ့မှု)
၁၃၁။ ပရိဏာမန သိက္ခာပုဒ် (သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွတ်စေမှု)
(ရတန၀င်္ဂ ရာဇ၀ဂ်)
၁၃၂။ အန္တေပုရ သိက္ခာပုဒ် (ကြိုတင်အသိမပေးပဲ နန်းတွင်းခန်းဆောင်သို့ ၀င်မှု)
၁၃၃။ ရတန သိက္ခာပုဒ် (ငွေထုတ်ကို သိမ်းထားမှု)
၁၃၄။ ၀ိကာလဂါမပဝေသန သိက္ခာပုဒ် (နေလွဲချိန်တွင် ရှာတွင်းဝင်မှု)
၁၃၅။ သူစိဃရ သိက္ခာပုဒ် (အလိုက်မသိပဲ အပ်ဗူးအများကိုတောင်းမှု)
၁၃၆။ မဉ္စပီဋ္ဌ သိက္ခာပုဒ် (မြင့်သောကုတင်ပေါ်တွင် အိပ်မှု)
၁၃၇။ တူလောနဒ္ဓ သိက္ခာပုဒ် (၀ါဂွမ်းမွေ့ယာသုံးစွဲမှု)
၁၃၈။ နိသီဒန သိက္ခာပုဒ် (အလွန်ကြီးသော နိသီဒိုင်အခင်းကိုဆောင်မှု)
၁၃၉။ ကဏ္ဍုပဋိ စ္ဆာဒိ သိက္ခာပုဒ် (အနာလွမ်းသင်္ကန်းကို ပမာဏလွန်အောင်ပြုမှု)
၁၄၀။ ၀ဿိကသာဋိကာ သိက္ခာပုဒ် (အတိုင်းအရှည်လွန်သောမိုးရည်ခံသင်္ကန်းကို ပြုလုပ်မှု)
၁၄၁။ နန္ဒတ္ထေရ သိက္ခာပုဒ် (ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ၀တ်ဆင်မှု)
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ၄ ပါး (သီးခြား ထုတ်ဖော် ပြောကြားရသောအပြစ်)
၁၄၂။ ပဋ္ဌမ ပါဋိဒေသနီယ သိက္ခာပုဒ် ( ဘိက္ခုနီထံမှ ဆွမ်းကိုခံယူမှု)
၁၄၃။ ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ဆွမ်းစားစဉ် ဘိက္ခုနီ စီမံသည်ကို မတားမြစ်မှု)
၁၄၄။ တတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ခဲဖွယ်ဘောဇဉ်ကို အတိုင်းအရှည်မသိ ခံယူမှု)
၁၄၅။ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ် (ကြိုတင်အသိမပေးသည့် ဆွမ်းကိုစားမှု)
၇။ သေခိယ သိက္ခာပုဒ် ၇၅ပါး (သင်ကြားလေ့ကျင်ရမည်)
၁၄၆။ ပရိမဏ္ဍလ သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို ရှေ့နောက်ဝဲယာ အ၀န်းညီစွာ ၀တ်ရုံရန်။)
၁၄၈။ သုပ္ပဋိ စ္ဆန္န သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် သင်္ကန်းရုံထား၇န်။)
၁၅၀။ သုသံဝုသ သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် ကာယိနြေ္ဒထိန်းရန်)
၁၅၂။ သြက္ခိတ္တစက္ခု သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းတွင် မျက်လွှာချထားရန်)
၁၅၄။ ဥက္ခိတ္တက သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို မပြီးသွားလာနေထိုင်မှု)
(ဥဇ္ဖ ဂ္လိက၀ဂ်)
၁၅၆။ဥဇဂ္ဃိက၀ဂ် သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းပြင်းစွာရယ်မှု)
၁၅၈။ အပ္ပသဒ္ဒ သိက္ခာပုဒ် (၂)ပါး (စကားကို တိုးတိုးပြောရန်)
၁၆၀။ ၁၆၅ထိ ။ ပစာလကစာသော သိက္ခာပုဒ် (၆)ပါး (ကာယိနြေ္ဒကိုစောင့်ထိန်း၇န်)
(ခမ္ဘကတ၀ဂ်)
၁၆၆။ ခမ္ဘကတ သိက္ခာပုဒ် (၂)ပါး (ခါးမထောက်ရ)
၁၆၈။ ဥဂုဏ္ဌိတ သိက္ခာပုဒ် (၂)ပါး (ခေါင်းမြီး မခြုံရ။)
၁၇၀။ ဥက္ကုဋိက သိက္ခာပုဒ် (ခြေဖျားထောက်မသွားရ)
၁၇၁။ ပလ္လတ္ထိက သိက္ခာပုဒ် (ဒူးကို သိုင်းဖွဲ့မထိုင်ရ)
၁၇၂။ သက္ကစ္စပဋိဂ္ဂဏ သိက္ခာပုဒ် (လေးလေးစားစားဆွမ်းခံရန်)
၁၇၃။ ပတ္တသညီ သိက္ခာပုဒ် (ဆွမ်းခံစဉ် သပိတ်တွင် စိတ်အာရုံပြုနေရန်။)
၁၇၄။ သမသူပက သိက္ခာပုဒ် (ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရန်။)
၁၇၅။ သမတိတ္ထိက သိက္ခာပုဒ် (သပိတ်အနားရေးညီရုံသာ ဆွမ်းခံရန်။)
(သက္ကစ္စ၀ဂ်)
၁၇၆။ သက္ကစ္စ ဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းစားရာတွင် လေးစားမှုရှိရန်)
၁၇၇။ ပတ္တသညီဘဉ္ဖန သိက္ခာပုဒ် ( သပိတ်၌စိတ်စိုက်ပြီး စားရန်)
၁၇၈။ သပဒါန သိက္ခာပုဒ် (ဆွမ်းကို အစဉ်အတိုင်း စားရန်)
၁၇၉။ သမသူပကဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းနဲ့ဟင်း မျှတစွာစားရန်)
၁၈၀။ ထူပကတ သိက္ခာပုဒ် (ဆွမ်းဦးဆွမ်းထိပ်မှ ယူမစား၇န်..)
၁၈၁။ ပဋိစ္ဆာဒန သိက္ခာပုဒ် (ဟင်းကို ဆွမ်းဖြင့် ဖုံးမထားရ)
၁၈၂။ သူပေါဒန၀ိညတ္တိ သက္ခာပုဒ် (မနာမဖျားပဲ ဆွမ်းနဲ့ဟင်းကို တောင်းခံမစားရ)
၁၈၃။ ဥဇ္ဈာနသညီ သိက္ခာပုဒ် (ကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ရ)
၁၈၄။ အတိမဟန္တကဗဠ သိက္ခာပုဒ် (ဆွမ်းလုတ်ကြီးကြီးမစားရ)
၁၈၅။ ပရိမဏ္ဍလအာလောပ သိက္ခာပုဒ် (ဆွမ်းလုတ်ကို ညီအောင်ညှိပြီး စားရမည်)
၁၈၆။ အနာဟဋ သိက္ခာပုဒ် (ဆွမ်းလုတ်မေ၇ာက်မီ ခံတွင်းကို ကြိုတင်ဖွင့်မထားရ)
၁၈၇။ ဘုဉ္ဖမန သိက္ခာပုဒ် (လက်ချောင်းအားလုံး ခံတွင်းသို့မသွင်းရ)
၁၈၈။ သကဗဠ သိက္ခာပုဒ် (ဆွမ်းပလုတ်ပလောင်းဖြင့် စကားမပြောရ)
၁၈၉။ ပိဏ္ဍုက္ခေပက သိက္ခာပုဒ်( ဆွမ်းလုတ်ကို ခံတွင်းထဲသို့ ပစ်ပေါက်မသွင်းရ)
၁၉၀။ ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် (ဆွမ်းလုတ်ကို ကိုက်ဖြတ်မစားရ)
၁၉၁။ အ၀ကဏ္ဍကာရက သိက္ခာပုဒ် (ပါးဖောင်းအောင်ပြုပြီး မစားရ)
၁၉၂။ ဟတ္ထ နိဒ္ဓုနကံ သိက္ခာပုဒ် (ဆွမ်းစားစဉ် လက်မခါရ)
၁၉၃။ သိတ္ထ ၀ကာရက သိက္ခာပုဒ် (ဆွမ်းလုံးများ ဖြန့်ကြဲပြီး မစားရ)
၁၉၄။ ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် (လျှာထုတ်မစားရ)
၁၉၅။ စပုစပုသာရက သိက္ခာပုဒ် (ပျတ်ပျတ်အသံမထွက်စေရ)
(သုရုသုရုဝဂ်)
၁၉၆။ သုရုသုရု သိက္ခာပုဒ် (အစာစားစဉ် ရှုးရှုးရှဲရှဲမမြည်စေရ)
၁၉၇။ ဟတ္ထနိလ္လေဟက သိက္ခာပုဒ် (လက်တွင် ကပ်နေသော အစာကို မလျက်ရ)
၁၉၈။ ပတ္တနိလ္လေဟက သိက္ခာပုဒ် (သပိတ်ကို ခြစ်ပြီး မစားရ)
၁၉၉။ သြဠနိလ္လေဟက သိက္ခာပုဒ် (နှုတ်ခမ်းကို လျှာဖြင့် ရက်ပြီး မစားရ)
၂၀၀။ သာမိသ သိက္ခာပုဒ် (ဟင်းပေကျံသော လက်ဖြင့် သောက်ရေခွက် မကိုင်ရ)
၂၀၁။ သသိတ္ထက သိက္ခာပုဒ် (ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာအတွင်း မစွန့်ရ)
၂၀၂။ ဆတ္တပါဏိ သိက္ခာပုဒ် ( ထီးကိုင်ထားသူအား တရားမဟောရ)
၂၀၃။ ဒဏ္ဍပါဏိ သိက္ခာပုဒ် ( တုတ်ကိုင်ထားသူအား တရားမဟောရ)
၂၀၄။ သတ္ထပါဏိ သိက္ခာပုဒ် ( ဓားကိုင်ထားသူအား တရားမဟောရ)
၂၀၅။ အာဝုဓပါဏိ သိက္ခာပုဒ် (လေးလက်နက်ကိုင်ထားသူများအား တရားမဟောရ)
၂၀၆။ ပါဒုကာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရားမဟောရ)
၂၀၇။ ဥပါပနာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ)
၂၀၈။ ယာနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် ယာဉ်ပေါ် နေသူအား တရားမဟောရ)
၂၀၉။ သယနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် အိပ်ရာထဲနေသူအား တရားမဟောရ)
၂၁၀။ ပလ္လတ္ထိကနိသိန္န သိက္ခာပုဒ် (ကျန်းမာပါလျက် အယောဂပတ်ဖွဲ့ပြီး ထိုင်နေသူအား တရားမဟောရ)
၂၁၁။ ဝေငှိတသီသ သိက္ခာပုဒ် (ကျန်းမာပါလျက်ခေါင်းပေါင်းပေါင်းထားသူအား တရားမဟောရ)
၂၁၂။ သြဂုဏ္ဍိသီသ သိက္ခာပုဒ် (ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ)
၂၁၃။ ဆမာ သိက္ခာပုဒ် (မြေကြီးပေါ်နေလျက် တရားမဟောရ)
၂၁၄။ နီစ အာသန သိက္ခာပုဒ်(နိမ့်ရာမှ နေပြီး တရားမဟောရ)
၂၁၅။ ငှိတ သိက္ခာပုဒ် (မတ်တပ်ရပ်လျက် တရားမဟောရ)
၂၁၆။ ပစ္ဆဂမန သိက္ခာပုဒ် (နောက်က လိုက်၍ တရားမဟောရ)
၂၁၇။ ဥပ္ပထဂမန သိက္ခာပုဒ် (လမ်းဘေးက လိုက်၍ တရားမဟောရ)
၂၁၈။ ငှိတဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ မတ်တပ်၇ပ်ပြီး ကျင်ကြီးမစွန့် ရ)
၂၁၉။ ဟရိတ ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ စိမ်းစိုရာ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
၂၂၀။ ဥဒက ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ ရေ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
၈။ အဓိကရဏ သမထ ၇ ပါ
ဖြစ်ပေါ်လာသော အဓိကရုဏ်းမှုခင်းများကို ပြေငြိမ်းစေမည့် နည်းလမ်း ခုနှစ်မျိုး
၂၂၁။ သမ္မုခါဝိနယသမထ
၂၂၂။ သတိဝိနယသမထ
၂၂၃။ အမူဠ၀ိနယသမထ
၂၂၄။ ပဋိညာတကရဏသမထ
၂၂၅။ ယေဘုယျသိကာသမထ
၂၂၆။ တဿပါပိယသိကသမထ
၂၂၇။ တိဏ၀တ္ထာရကသမထ
ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၎။ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
(( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ))
သံဃာဒိသိသ် ၁၃ ပါး
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
၅။သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၈။အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက် လွန်သောကျောင်းကို ဆောက်မှု)
၁၁။ဝိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
(( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ))
ရဟန်း ၀ိနည်း၂၂၇ သွယ် စာအုပ်မှ ကူးယူဖော်ပြပါသည်။
ဓမ္မဒါန- ဦးမောင်မောင်
https://www.facebook.com/notes/young-buddhists-association/%E1%81%80%E1%80%AD%E1%80%94%E1%80%9A-%E1%81%80%E1%80%AD%E1%80%94%E1%80%8A%E1%80%B9%E1%80%B8-%E1%81%80%E1%80%AD%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9-%E1%80%9E%E1%80%AC%E1%80%9E%E1%80%94%E1%80%AC-%E1%80%A1%E1%80%9E%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9-/703608746321626 
Thursday, September 5, 2013
မသေမချင်း မှတ်ထားစေချင်တယ်
ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။
အခုလည်း မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က ....
၁။ မြန်မာနိုင်ငံမှာ ဘုန်းကြီးအပါး(၅)သိန်းရှိရာ တစ်ပါးကို (၁၀၀၀)နှုန်းဆွမ်းစားခကို တွက်ကြည့်ပါက တစ်နှစ်ရင် အမေရိကန်ဒေါ်လာ (၁၈၆)သန်းခန့် ကုန်ကျကြောင်း၊
၂။ တကယ်လို့ သံဃာ(၅)သိန်းထဲက (၄)သိန်းလောက် လူထွက်ပြီး တစ်နေ့တစ်ထောင်စားအလုပ်လုပ်ကြရင် ဗုဒ္ဓဘာသာဝင်ပေါင်း (၄)သိန်းကို ကူညီနိုင်မှာဖြစ်သလို ဒေါ်လာ (၁၈၆)သန်းကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊
၃။ (၅)သိန်းကျော် သံဃာတော်များအတွက် (၁၈၆)သန်းကျော် သုံးစွဲရပေမဲ့ တစ်နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူ (၅)ဦးခန့်တောင် ရှိမယ်မထင်ကြောင်း၊
၎။ ယနေ့ခေတ် ဗုဒ္ဓဘာသာမှာ လူများပြီး အရည်အချင်းနည်းလို့ နာမည်ကောင်းးမကျော်၊ နာမည်ဆိုးနဲ့သာ ကျော်ကြားပြီး မကြာမီ ကမ္ဘာ့တံတွေးခွက်မှာ မျှော်ဖို့ မဝေးတော့ကြောင်း
ဗုဒ္ဓဘာသာသံဃာတော်များကို ပုတ်ခတ်ဝေဖန်ထားပါတယ်။ မိမိက အနည်းငယ် ရှင်းပြလိုပါတယ်။
၁။ သံဃာတော်များအတွက် ကုန်ကျစရိတ်
ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျက်များ ချမှတ်ပြီး ကုန်ကျရခြင်း မဟုတ်ပါ။ အရိပ်အကဲပြမှ လှူတဲ့ဆွမ်းကိုလည်း မသုံးဆောင်ကောင်းပါ။ သဒ္ဓါအလျောက် လှူတဲ့ဆွမ်းကိုပဲ စားကောင်းပါတယ်။ မြတ်ဗုဒ္ဓက ဘုရားဖြစ်ပြီး မိမိမွေးရပ်မြေကို ပြန်ကြွတဲ့အခါ ဖခမည်းတော်က မိမိသားပဲ၊ နန်းတော်ကိုပဲ ကြွလာပြီး ဆွမ်းစားမယ်လို့ ထင်ပြီး ဆွမ်းစားမဖိတ်ခဲ့ပါ။ မြတ်ဗုဒ္ဓက သပိတ်ပိုက်ပြီး ကပိလဝတ်နေပြည်တော်မှာ ဆွမ်းခံပါတယ်။ ဒါကို သူ့ဖခမည်းတော်က သူ့ကို အရှက်ခွဲတယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓက ဆွမ်းခံစားခြင်းမှာ သန့်ရှင်းမွန်မြတ်တဲ့ အလုပ်တစ်ခုသာ ဖြစ်ပြီး ရှေးရှေးဘုရားတို့ရဲ့ ကျင့်ဝတ်လည်း ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ အိမ်ရာတည်ထောင်လူ့ဘောင်ကနေ ခွာပြီး ရဟန်းဘဝကို ယူကြတဲ့ ရဟန်းများဟာ သက်မွေးဝမ်းကျောင်းလုပ်ငန်းအပါအဝင် လူဝတ်ကြောင်လုပ်ငန်းများကိုလည်း စွန့်လွှတ်ခဲ့ပြီး ဓုရနှစ်ဖြာကိုပဲ ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်သူများမဟုတ်လို့ အခွန်ကင်းလွတ်သူလည်း ဖြစ်တယ်။ သံဃာတော်များကို ဆွမ်းလောင်းရလို့ ဘယ်အိမ်မှ မွဲသွားတာ မရှိခဲ့ဖူးသလို ဘယ်နိုင်ငံကမှ ငတ်နာကျခဲ့တာ မရှိပါ။
၂။ သံဃာတော်(၅)သိန်းအနက် (၄)သိန်းက လူထွက်ပြီး တစ်နေ့တစ်ထောင် အလုပ်လုပ်ပြီး ဆင်းရဲသားဗုဒ္ဓဘာသာလူမျိုး(၄)သိန်းကို ထောက်ပံ့နိုင်တယ်လို့ ယူဆချက်မှာလည်း မပြည့်စုံပါ။ သံဃာအဖွဲ့အစည်းမှာ ရှိနေလို့ ဒီလူတွေဟာ ဝိနည်းသိက္ခာပုဒ်များကို စောင့်ထိန်းရလို့ ငြိမ်းချမ်းကြောင်း ဖြစ်ပါတယ်။ စစ်သား(၅)သိန်းဟာ ဘာကြောင့် ဆင်းရဲသားတွေကို မထောက်ပံ့ပါသလဲ။ ဘင်္ဂလီ(၅)သိန်းဟာ ဘာကြောင့် အခြားဘင်္ဂလီ(၅)သိန်းကို မထောက်ပံ့ကြသလဲ။ ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့် ဆင်းရဲမွဲတေမှုများရတယ်လို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီလူမျိုးတွေ ဘာကြောင့် (၅)သိန်းမျှ ခိုးဝင်ခဲ့ကြသလဲ။ အဖရိကနိုင်ငံအချို့မှာ ဘာကြောင့် ငတ်သေနေကြရသလဲ။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီး မရှိပါ။ အခုမှ တစ်ပါးစ နှစ်ပါးစပဲ ရောက်ပါသေးတယ်။ ဒုတိယတစ်မျိုးအနေနဲ့ စဉ်းစားကြည့်ပါ။ အဆိုပါသံဃာ(၅)သိန်းထဲက (၄)သိန်းက လူထွက်ခဲ့ရင်၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာမရှိခဲ့ဘဲ မွေးကတည်းက သူခိုးဖြစ်နေခဲ့သူ၊ အကြမ်းဖက်သမားဖြစ်မဲ့သူ၊ ဘာသာခြားများကို တွေ့ရင် အသေသတ်မဲ့သူ၊ တစ်ဦးရင် ကလေး(၈)ယောက်လောက်မွေးပြီး တာဝန်မကျေသူဆိုရင် ဘယ့်နှယ်ရှိမလဲ။ အဲဒီတစ်ဦးကပဲ မိန်းမ(၄)ယောက်ယူပြီး တစ်ယောက်စီကို ကလေး(၈)ယောက်မွေးခိုင်းရင်ကော ကလေးအရေအတွက် ဘယ်လောက်ရှိသွားမလဲ။ (၁၀)နှစ်အတွင်းမှာ ကလေး 12.8 သန်း တိုးလာမှာဖြစ်လို့ ဒီကလေးတွေကို တစ်ထောင်စီ ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး (၁၂)သန်း (၈)သိန်း လူထွက်ပေးရဦးမယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲဒီလောက်အထိ မတတ်နိုင်ပါ။
၃။ ဗုဒ္ဓသာသနာမှာ ကျင့်ကြံရေးက ပထမ၊ ပြန့်ပွားရေးက ဒုတိယပါ။ ဒီဘုန်းကြီးများဟာ ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်နေကြတာမဟုတ်ကြောင်း သိစေချင်ပါတယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းနေကြရုံလေးပါ။ ဘာသာခြားများကို စွဲဆောင်ပြီး ဗုဒ္ဓဘာသာထဲ ဝင်ကြစေ ကြိုးစားအားထုတ်နေကြသူများလည်း မဟုတ်ကြပါ။ ပိဋကစာပေများကို သင်အံလေ့လာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ပင့်တာရှိရင် တရားဟောကြားခြင်း၊ မင်းပရိသတ်၊ လူပရိသတ်များကို ဆိုဆုံးမခြင်းများကိုသာ ပြုလုပ်ကြပါတယ်။ တကယ့်လို့ ဘာသာခြားများကို စွဲဆောင်ဖို့ဆိုရင်၊ ဒါမှမဟုတ် တစ်နှစ်(၅)ဦးတောင် ဗုဒ္ဓဘာသာမဖြစ်လို့ ရှက်စရာလို့ ထင်ရင် မျိုးစောင့်ဥပဒေကို ထောက်ခံ၊ လူထွက်၊ ဘာသာခြားအမျိုးသမီးများကို လက်ထပ်၊ ဗုဒ္ဓဘာသာကို အတင်းပြောင်းခိုင်း ဒါပဲရှိတော့မပေါ့။ ရခိုင်နယ်စပ်သွားပြီး မှတ်ပုံတင်မရှိသေးသူ ဘင်္ဂလီအမျိုးသမီးများကို မှတ်ပုံတင်ရစေမယ်ဆိုတဲ့ အာမခံချက်နဲ့ ဖြားယောင်းလို့ရတာပဲလေ။ တစ်ခု သိထားရမှာက ဗုဒ္ဓဘာသာကို မကိုးကွယ်လို့ ဗုဒ္ဓဘာသာအတွက် ဘာမှ ယုတ်လျော့သွားမှာမဟုတ်ဘူး။ မကိုးကွယ်သူများအတွက်သာ အကျိုးယုတ်လျှော့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ရင်လည်း ဘာမှ မဖြစ်ပါ။ တစ်နေ့ ပျောက်ကွယ်မယ်လို့ ဝန်ခံတာ ဗုဒ္ဓဘာသာတစ်ခုထဲပဲ ရှိပါတယ်။
၎။ ဗုဒ္ဓဘာသာအရေအတွက်က မများပါ။ အများဆုံးက ခရစ်ယာန်ဘာသာပါ။ ဒုတိယအမ်ားဆုံးက အစၥလာမ္ဘာသာပါ။ တတိယအမ်ားဆုံးက ဟိႏၵဴဘာသာပါ။ ဗုဒ္ဓဘာသာကတော့ မာမွန်နဲ့ တာအိုဝါဒအောက်မှာတောင် ရောက်နေသလားလို့ပါ။ အရည်အချင်းကျတော့ သတ်မှတ်သူရဲ့ စံနှုန်းအပေါ်မှာ မူတည်ပါတယ်။ ရဟန်းသံဃာအပါးရေကို ကြည့်ပြီး ပြောရင်းလည်း လူဦးရေသန်း(၆၀)မှာ (၁)ရာခိုင်နှုန်းတောင်မရှိပါ။ အမေရိကန်နိုင်ငံမှာ အမေရိကန်အစိုးရကို မှီခိုနေရသူတွေက သန်း(၃၀၀)ထဲမှာ (၄၈)သန်း ရှိပါတယ်။ ဒါဟာ (၁၀)ရာခိုင်နှုန်းကျော်ပါတယ်။ ဘုန်းဘုန်းက အမေရိကမှာ နေပါတယ်။ အဲဒီ(၄၈)သန်းစာရင်းထဲမှာ မပါပါ။ မနားရပါ။ ဇေတဝန်မြန်မာကျောင်းဘုန်းကြီးများဆိုရင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်အပါအဝင် အားလုံးက အကူအညီလာတောင်းကြပါတယ်။ မနားရပါ။ တံတွေးခွက်မှာ ပက်လက်မျောမယ်မထင်ပါ။
မိန်းမလေးယောက်ယူနိုင်လို့ ကြွားစရာမလိုပါ။ တိရစ္ဆာန်တွေက ဒီထက် ယူနိုင်ကြပါတယ်။ မိသားစုကို ရှာကျွေးနိုင်လို့ မာန်တက်စရာမဟုတ်ပါ။ တိရစ္ဆာန်တွေလည်း ရှာကျွေးတတ်ကြတယ်။ လူ့ဘဝဆိုတာ မေထုန်မှု၊ စားမှု၊ အိပ်မှုနဲ့ပဲ ပြီးရမဲ့ဘဝ မဟုတ်ဘူး။ အဲဒီထက် အများကြီး လေးနက်ပါသေးတယ်။ ပြန်ပြောပါဦးမယ်။ မြတ်ဗုဒ္ဓဟာ အခြားဘာသာရေးခေါင်းဆောင်တွေထက် ချမ်းသာခဲ့ပါတယ်။ စည်းစိမ်ရှိခဲ့ပါတယ်။ တန်ခိုးအာဏာရှိခဲ့ပါတယ်။ မိသားစုဘဝ ရှိခဲ့ပါတယ်။ ငတ်ပြတ်လို့ တောထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ မသေမချင်း မှတ်ထားစေချင်ပါတယ်။
Credit to>> ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်သော