Sunday, July 27, 2014

ရာ ဟု လာ




ခုတစ်လောရာသီဥတုကဆိုး ... နေရထိုင်ရတာအဆင်ကမပြေ ... စာဖတ်လို့လဲမရ ... တင်ရမယ့်ပိုစ့်တွေက ကျမ်းကိုးတွေမစုံသေး ... ဒါကြောင့် မောင်လေးညီမလေးတွေ ချတ်ဘောက်က မေးထားတာလေးတွေပဲ တင်ပေးလိုက်ပါတယ် ...

ကိုယ့်ဖာသာမေးပြီးနာမည်ရအောင်ကိုယ့်ဖာသာဖြေတယ်လို့ပြောတဲ့ ကိုယ်တော် တစ်ပါးအတွက်ကတော့ ... နူးကိုလာမေးထားတဲ့ ကာယကံရှင်နဲ့နူးးကိုယ်တိုင် ပြီးတော့ နူးနောက်အမြဲလိုက်နေတဲ့ နူးရဲ့ကံတရားက အမှန်ကို သိပါတယ် လို့ပြောပါရစေ ....

★ သားတော်ရာဟုလာသည် ဘယ်အသက်အရွယ်တွင်ဘုရားရှင် ထံမှ အမွေတောင်းပါသလဲ

★ ★ Rāhula was raised by his mother and grandfather, King Suddhodana. When he was seven years old, Rahula requested his father, missing him dearly; the Buddha returned to his home city of Kapilavatthu. On the seventh day of his return, Yasodharā took Rāhula to see his father, the Buddha. She told Rāhula that since his father had renounced the palace life and as he was the next royal prince in line, he should ask his father for his inheritance of crown and treasure for his future sake when his grandfather would no longer rule the kingdom.

★ ဟုတ်ကဲ့ အဲ့ဒီ့ရာဇ ဝင်ကျနော်သိပါတယ် အမ ဗုဒ္ဓဝင်ထဲက ရဟုလာ အမွေတောင်းခန်းကပါ
တကယ်ဆိုရင် ကျနော်တို့ အလောင်းတော် ဟာတောထွက်ပြီး ၉ နှစ်လောက်ကြာမှ ဘုရားအဖြစ်ကိုရောက် ရှိတော်မူခဲ့တာပါ

★ ★ အမပေးတာ ကမ္ဘာက တရားဝင်လက်ခံတဲ့သမိုင်းလေ ... ဘယ့်နှာ ရာဟုလာ အမွေတောင်းခန်း ဇတ်နဲ့ရောနေပြန်တာတုန်း ... မောင်လေးပြောတဲ့ တောထွက်ပြီး ( ၉ ) နှစ်မှ ဘုရားဖြစ်တယ် ဆိုတဲ့ ကျမ်းတော့တစ်ခါမှမတွေ့ဖူးဘူး ... ၀တ္ထုရေးဆရာတွေ ကိုယ့်နေရာကိုယ် မနေပဲ အတတ် လုပ်ပြီး ဒါဖြစ်နိုင်တယ် ... ဒါပါ .. ဆိုပြီး ခန့်မှန်းတာတွေကိုတော့ မယူသင့်ဘူး မောင်လေး ... ဘုရားရှင်သမိုင်းဆို ပိဋကတ်တော်တွေရှိတယ် ... ဒါတွေက ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ထဲက ... ရှိလာတဲ့သမိုင်းပဲလေ ... ပိဋကတ်တော်ထက်တိကျတာမရှိတော့ဘူး ...

★ ကျနော် သိချင်လို့ အမပြောသလို ကျမ်းအကိုးအကားကော ယုတ္တိဗေဒ အရပါရှင်းပြ ပေး ပါလား
အမ တင်ထားတဲ့ Status တွေက ဗုဒ္ဓဘာသာ အကြောင်း တော်တော့်ကိုရှင်းရှင်း လင်းလင်း ဖြစ်စေ ပါတယ်

ဘာသာခြားတွေကိုလည်း အချက်ကျကျရှင်းပြထားတဲ့အတွက် ဂုဏ်ယူမိပါတယ်
ကျနော် မေးထားတာကဘာမှတော့ မဟုတ်လှပါဘူး ဆရာမြသန်းတင့်ရဲ့ လာခြင်းကောင်းတဲ့ အရှင်ဆိုတဲ့ စာအုပ်ကိုဖတ်မိပြီး သူ့စာအုပ်ထဲကအချက်အလက်က ပိုပြီးဖြစ်နိုင်တယ်ထင်လို့ပါအမ

★ ★ မဟာဗုဒ္ဓ၀င်ကိုဖတ်မောင်လေး .... အလောင်းတော်ဟာ တောထွက်ပြီး ( ၆ ) နှစ်တိတိ ဒုက္က၇စရိယကျင့်နေခဲ့တယ်ဒုက္ကရစရိယဆိုတာ ဒုက္ခကိုချုပ်ငြိမ်းခြင်း တရားတွေရှောက် ကျင့် တာပေါ့

အာဠာရ ဥဒက ပဉ္စ၀ဂ္ဂီ ၅ ပါး ကျောင်းထိုင်ရဟန်း များ သူတို့တွေဆီမှာ ၆နှစ်တိတိကျင့်နေခဲ့တာ
၆ နှစ်တင်းတင်းပြည့်ပြီးမှ သဗ္ဗညုတဥါဏ်တော်ကိုရတာလေ ...။

သက်တော် ၃၆နှစ် ကျော် မှာ ဘုရားဖြစ်ပြီး သိက္ခာတော် ၄၅ ၀ါ အရ သက်တော် ၈၀မှာ
စံဝင်တယ်လေမောင်လေး အပေါ်က အင်္ဂလိပ်လိုက ဗမာ ဗုဒ္ဓ၀င်က စာမဟုတ်ဖူးလေ ... ကမ္ဘာက သေသေချာချာ လေ့လာစုံစမ်းပြီးမှတင်တဲ့စာလေ ....။

★ အမ မြတ်စွာ ဘုရားကို ကပ္ပိလဝတ် ပြည်ကို ပင့်တဲ့ အမတ် အမည်သိပါ သလား
ကျနော်ပြောချင်တာက မြတ်စွာ ဘုရားဟာ ကပ္ပိလဝတ်ကို ဘုရား ဖြစ်ပြီးတာနဲ့ ပြန်မကြွခဲ့ဘူး နော်
ကျနော် ဘဲအယူမှားမှား ကျနော်တို့ဘဲ အယူမှားမှား အယူမှားရင်မကောင်းပါဘူး
အမက အထောကအထားတွေနဲ့ လေ့လာနိုင်တဲ့သူ လေ ကျနော်က လက်လှမ်းမှီရာလေး ဖတ် မိတာလေးလောက်ဘဲ သိတာပါ

ကျနော် စိတ်ထဲရှင်းသွားအောင် နည်းနည်းလောက် ထပ်ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ် အမ
အနှောင့် အယှက်ပေးမိတဲ့ အတွက် တောင်းပန်ပါတယ် အမတို့လို လူမျိုးတွေ ရှိနေတာ ကိုလည်း ဝမ်းသာပါတယ်

★ ★ အင်းး မောင်လေးက ရွှေမန်းတင်မောင်ဇာတ်ထဲမှာ .... ကြည့်ကောင်းအောင် ဇာတ်ကွက် ဆင်တာနဲ့ ... တစ်ကယ့်သမိုင်းနဲ့ ရောနေတာ ထင်တယ် .... သမိုင်းအစစ် ... အဌကထာ ဆရာတော်ကြီး များ လက်ရာ ... ပြီးတော့ အဆိုတော်တွေ ဇတ်သမားတွေလက်ချက် တော်တော် ကွဲတယ်လေမောင်လေးး သမိုင်းအစစ်နဲ့ အဌကထာတွေကို လဲကျမ်းညှိရပါတယ်

ဘုရားအဖြစ်ကိုရောက်ရှိပြီး သတ္တဌာန ( ၄၉ ) ရက်လွန်မြောက်တော့ ... ဆရာနှစ်ပါးကို ညာဏ်တော်နဲ့ အရင်ရှာပါတယ် ..... မရှိတော့ပါဘူး ဒါနဲ့ တရားဦးဟောဖို့အ တွက် ဗာရာဏသီ ပြည်ကို ဦးစွာကြွချီခဲ့ပါတယ် ...

ဒိနောက်ဆွေတော် မျိုးတော်တွေ ရှိတဲ့ ကပ္ပိလ၀တ် ပြည်ကိုကြွချီ ပါတယ် ... လမ်းရိုးမှာ ဆွမ်းခံကြွတာကို ဘုရင်သိတဲ့အခါ .... မင်းချင်းတစ်ယောက်ကိုစေခိုင်းပြီး ... နန်းတော် ကိုကြွဖို့ ပင်းလျှောက်ခဲ့တာပါ ....

ဘုရားရှင်ကပ္ပိလ၀တ် ရောက်ပြီး ( ၇ ) ရက်အကြာမှာ ... ရာဟုလာကအမွေတောင်းတာပါ .... ဒါ အမဖတ်ဖူးတဲ့ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်တွေ လက်ခံတဲ့ ဗုဒ္ဓ ရဲ့သမိုင်းပါ ... ။

ရွှေမန်းတင်မောင်ဇာတ်ထဲကလို ... တယောက်ကိုသွားပင့်ခိုင်း ... ရဟန်းဝတ် ... နောက် တစ်ယောက် သွားပင့် ခိုင်း ရဟန်းဝတ် ...ဒါကိုသမိုင်းအမှန်လို့ ထင်ရင်ဇောက် ထိုးတွေဖြစ်ကုန်မှာပေါ့ မောင်လေးရ ... ဇတ်က ဘို့ဇာတ်အိမ်ဖွဲ့တာကို သမိုင်းလုပ်လို့မရ စကောင်းဘူးလေ .. ဇာတ်ကိုကြည့်ပြီးဒါသမိုင်းပါလို့စာရေးရင်လဲ ... ဒီစာရေးသူ အမှားပဲမောင်လေး ...။

ချမ်းမြေ့ ကြပါစေရှင် ....

I Want Happiness



ဒီတစ်ခါတော့ အလားကားရေးမပေးတော့ဘူးအေ ....
ဖတ်ပြီးအောက်ကမေးခွန်းလေးတွေပါဖြေပေးခဲ့ပါနော် ...
တစ်ယောက်ထဲရေးရတာပျင်းလာပြီပေါ့ ....

A man asked Lord Buddha ...
လူကြီးက ဗုဒ္ဓကိုမေးတယ် တဲ့ ....

I want Happiness
ငါသုခကို လိုချင်တယ်တဲ့

Lord Buddha said ...
ဗုဒ္ဓကပြောတယ် ...

First remove I ... That's ego ..
ပထမဆုံး .... ( I ) ငါ ဆိုတဲ့ အတ္တ အစွဲကို အရင် ပါယ်ဖျက် လိုက်ပါတဲ့ .....

Then remove ... WANT .... that's DESIRE ...
ပြီးရင် .... လိုချင်တယ် ( WANT ) ဆိုတဲ့ .... လိုချင် တပ်မက်မှုကို ပါယ်ဖျက်လိုက်ပါတဲ့ ...

See now U R left with HAPPINESS .
နောက်ဆုံးတော့ ... မင်းမှာ သုခပဲကျန်ခဲ့တာ တွေရပါလိမ့်မယ်တဲ့ ...။

SADHU .... SADHU .... SADHU ...
သာဓု သာဓု သာဓု .... ပါတဲ့ ...။

ကဲရှင် ...မောင်လေးညီမလေးတို့ ... ဖြေပေးကြတော့ နော် .... ဒီထဲက လူကြီးက ဘယ်သူလဲလို့ ....



Ba Wa Thit 

 ''ခမည်းတော် . . . နားစိုက်ထောင်ပါ။ 
ခုနေအခိုက်အတန့်မှာ သောကချုပ်ငြိမ်းမှု အပေါ်မှာပဲ အာရုံစိုက်နေလိုက်ပါ။ 
ဝတ္ထုအာရုံ တစ်ခုကို တွေးကြံတယ်ဆိုရင်၊ အာရုံကို စိတ်ထဲမှာ စွဲထားတယ်ဆိုရင်၊ အာရုံကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ စိတ်မှာ အာရုံက တွဲကပ်နေတယ်ဆိုရင် ဘ၀သစ်အတွက် ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပေါ်ဖို့ပဲ။

အာရုံ ရှိနေရင် စိတ်ဝိညာဉ် ရှိနေမှာပဲ။ ကြုံရတဲ့ အာရုံကို စွဲလမ်းတဲ့ အတွက်ကြောင့်၊ အာရုံကို ကိလေသာနဲ့ သုံးသပ်တဲ့ အတွက်ကြောင့် နောက်ဘ၀မှာ ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပေါ်လာတာပဲ။ 

ဇာတိ ရပြီးတဲ့နောက် ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတွေနဲ့ ကြုံရတာပဲ။ 
ခမည်းတော် . . . စိတ်အေးအေးထားပါ။ 

ဝတ္ထုအာရုံကို ကိလေသာနဲ့ မသုံးသပ်ရဘူး။ ဘာကိုမှ မစွဲလမ်း မတောင့်တပါနဲ့။ မတွယ်တာပါနဲ့။ ဒါဆိုရင် ၀တ္ထုအာရုံဟာ ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပေါ်ကြောင်း မဟုတ်တော့ပါဘူး။ 

တွယ်စရာအာရုံ မရှိရင် ပဋိသန္ဓေ၀ိညာဉ် မရှိနိုင်တော့ပါဘူး။ ခမည်းတော် . . . သစ္စာတရားကို နားလည်လိုက်စမ်းပါ။ ဒါမှသာ စစ်မှန်တဲ့သုခကို ရရှိနိုင်ပါမယ်။”

ဘုရားရှင်က သုဒ္ဓေါဒနမင်းကြီးကို ဟောတာ ဒီလိုလေးဖြစ်မယ်။  

Kyaw Kyaw  

အမ မာလုကျွန်တော်မရှင်းတာလေးတွေဖြေပေပါအုံဗျာ ကျွန်တော်ကို တမျိုးတော့ မထင်နဲ့နော်ရှေ့ဦးစွား ကျွန်တော်ပန်ပါတယ် ဘာသာရေးမှာ အားနည်နေတဲ့ကျွန်တော်ကို နာလည်ပေပါနော် မမ မာလုတို့ ဘာသာရေးကိုလေ့လာနိုင်တဲ့ အရည်ချင်းမျိုး.. ကျွန်တော်တို့ မှာမရှိပါဘူးဗျာ ကျွန်တော်ကိုအကြောင်းပြု၍ ကျွန်တော်လည်းသိရှိပြီး သူငယ်ချင်းတွေလည်းဗဟုသုတရရှိအောင်ကျေးဇူးပြု၍ဖြေပေပါနော်
 

၁..ရေအကျိုး ၁၀ပါး ကျွန်တော်ငါး
ပါးပဲသိတယ် ပိုပြီးရှင်းအောင် ၁၀ပါးလုံဖြေပေပါနော်..

 
၂..ရဟန်းတော်တို့ မဖုံးအပ်သော အသားငါး ၁၀မျိုးလိုကြားဖူတယ် ၁၀မျိုးမက ရှိသေးလာတော့မသိဘူး
ရှိရင်ဖော်ပြပေပါ..

 
၃..ဘုရားရှင်၏ပကဓိပုံမှန်ကိုယ်အင်အားမည်မျှရှိသည်ကိုရှင်းပြပေါ..

 
၎..ဘုရားရှင်သည် ၄၅ဝါအတွင်း သတဝါတွေကိုကျွတ်တန်းဝင်အောင်တရား ဓမ္မဟောကြားရာတွင်
သတဝါတွေမည်မျှအတိုင်းတာထိ

 
ကျွတ်တန်းဝင်ခဲ့သည်ကိုဖြေကြား‌ပေပါ..
၅..မြေငလျှင်လုတ်ခြင် အကြောင်းအရာများကိုရှင်းပြဖြေကြားပေပါ..သူငါအများဗဟုသုတရစေ
ဖို့ မေတ္တာရှေထားပြီးဖြေကြားပေ
ပါလို့ မေတ္တာရပ်ခံပါသည်...

စာလုံးပေါင်းမှားများကိုလည်သိခံ၍ဖတ်ပေပါ...မမ မာလုစိတ်ရောကိုယ်
ရောကျမ်းမာပါစေချမ်းသားပါစေ....
 


မင်းကန် စီ

ညီအစ်ကိုတော် သိချင်သမျှ အတော်များများ ဒီအထဲမှာ ပါတယ်... ရှာသာ ဖတ်ကြည့်ပေတော့ ညီအစ်ကိုတော်ရေ.... အခြားအကြောင်းအရာတွေလည်း အများကြီးပါတယ်.....
မေးခွန်းနံပါတ် ၃ နဲ့ ၄ အတွက်တော့ မပါဘူးပေါ့..... ၃ အတွက်ကတော့ အဖြေက အမျိုးမျိုးဖြစ်နိုင်ပါတယ်..... အားတော် အနန္တလို့ပဲ မှတ်ယူထားလိုက်ပါ.... အခုခေတ် အမြင့်ဆုံး စံသတ်မှတ်ချက်က ၉ ဆိုတော့ အဲ့ဒါပဲပေါ့နော်.....
နံပါတ် ၄ အတွက်ကတော့ ဘယ်လိုမှကို တိုင်းတာလို့မရနိုင်တဲ့အတွက် ဘယ်မှာမှ အတိအကျဖော်ညွှန်းထားတာ မတွေ့ဖူးပါဘူး..... ဖော်ညွှန်းထားရင်လည်း အဲ့ဒါ မမှန်နိုင်ပါဘူး.... စကြာဝဠာတိုက်တစ်သောင်းက သတ္တဝါအနန္တ လို့ပဲ ယူရတော့မှာပေါ့....

https://docs.google.com/.../0ByoybHO2EueJMU5zVUZxLU5.../edit
 



မာ လု  

ဘုရားရှင်တားမြစ်ထားတဲ့ အသား (၁၀)မျိုးကတော့ -
(၁) လူသား၊ (၂) ဆင်သား၊ (၃) မြင်းသား၊ (၄) ခြင်္သေ့သား၊ (၅) ကျားသား၊ (၆) ကျားသစ်သား၊ (၇) ၀ံသား၊ (၈) အောင်းသား၊ (၉) ခွေးသား၊ (၁၀) မြွေသားတို့ပါပဲ။

 
လူသားကတော့ ဇာတ်တူသားဖြစ်တဲ့ အတွက်ကြောင့် မစားရပါဘူး။ စားခဲ့ရင် ထုလ္လစ္စည်း အာပတ်သင့်စေဆိုပြီး ပညတ်တော်မူပါတယ်။ ခွေးသား၊ မြွေသားတို့ကတော့ လောကမှာ အများသူငါက ရွံစရာလို့ သတ်မှတ်ထားတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒိအသားတွေ စားမိရင် ဒုက္ကဋ် အာပတ်သင့်ပါတယ်။

မြင်းနဲ့ ဆင်ကတော့ မင်းအသုံးအဆောင် ဖြစ်တဲ့အတွက်ကြောင့် မစားသောက်ဖို့ ပညတ်ထားတာပါ။

ကျားသစ်သား၊ ကျားသား၊ ၀ံသား၊ ခြင်္သေ့သား၊ အောင်းသားတို့ ကတော့ သူတို့ အသားစားမိတဲ့ သူဟာ အနံ့ထွက်တတ်ပါတယ်။ တောထဲမှာ တရားကျင့်တဲ့ ကိုယ်တော်တွေ ဒီအနံ့ထွက်လာရင် အန္တရာယ် ရှိနိုင်ပါတယ်။ ဒါကြောင့် ပညတ်ထားတာပါ။

ထိုပညတ်ထားတဲ့ အသားကြီး (၁၀) မျိုးကို မသိလို့ စားမိရင်လည်း အပြစ်က မလွတ်ပါဘူး။ အဲဒါကြောင့် မြတ်စွာဘုရားက အသားဟင်းတွေကို စားရင် အပ်စပ်တဲ့ အသား ဟုတ်မဟုတ် ဆင်ခြင်ပြီးမှ စားကြဖို့ ပညတ်တော်မူပါတယ်။ အသားကြီး (၁၀)မျိုးမှ တပါး အပ်စပ်တဲ့ အသားပင်ဖြစ်သော်လည် အစွန်း (၃)ပါး မလွတ်ရင် မစားကြဖို့ ပညတ်တော်မူပါတယ်။

 
(၁) မြင်မှု
သတ္တ၀ါကို ကိုယ့်အတွက်ရည်စူးပြီး သတ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ရရင် အဲဒိအသားကို မစားကောင်းပါဘူး။

 
(၂) ကြားမှု
သတ္တ၀ါကို ကိုယ့်အတွက်ရည်စူးပြီး သတ်ဖြတ်နေတဲ့ အသံတွေ၊ ကိုယ့်အတွက် ရည်စူးပြီး သတ်တယ်လို့ ကြားရသည်ဖြစ်စေ မစားကောင်းပါဘူး။

 
(၃) ယုံမှားသံသယရှိမှု
မြင်မှု၊ ကြားမှု မရှိသော်လည်း ဒီအသားသည် ကိုယ့်အတွက် ရည်စူပြီး သတ်ဖြတ်သည်ဟု ယုံမှားသံသယရှိခဲ့ရင်လည်း မစားကောင်းပါဘူး။


အကျိုးတရားပါ ..... https://www.facebook.com/photo.php?fbid=1438648436367891&set=pb.100006682441171.-2207520000.1406210930.&type=3&theater 

Ba Wa Thit 

 မြေလှုပ်တာကတော့ ဘုရားလောင်းပဋိသန္ဓေယူတုန်းကလှုပ်ပါတယ်။
၊ဖွားတော်မူတုန်းကလှုပ်ပါတယ်။
ဘုရားဖြစ်တော်မူ၍လှုပ်ပါတယ်။
ဓမ္မစကြာတရားဟောတော်မူတုန်းကလှုပ်ပါတယ်။
မြတ်စွာဘုရားပရိနိဗ္ဗာန်ဝင်တော်မူတဲ့အခါကလှုပ်ပါတယ်။
အာယုသင်္ခါရလွှတ်တော်မူသောအခါကလှုပ်ပါတယ။်
 


မင်းကန် စီ 
  
ကျန်တေးဒယ် ပံ့သကူသင်္ကန်းကောက်တုန်းကလည်း လှုပ်တယ်
အရှင်မဟာကဿပကို အဲ့ဒီသင်္ကန်းပေးတုန်းကလည်း လှုပ်တယ်
များယီးပဲ ပီးတော့ သဘာဝကြောင့်လှုပ်တာဒေလည်းချိလယ် ဆူနာမီတောင်ပါတေး ဟိဟိ


Yin Htwe  

အမရေ.…ဟီး /// ဝိဇ္ဇာ ပစ္စေကဗုဒ္ဓ ရဟန္တာ အနာဂဏ် စသည်တို့ ၏ အားသည် အကန့်သက် ရှိပါသည် ဘုရားဟူသည် ပိက်ပင်တားဆီးမှု့ ကင်းရပါသည် အကန်သက်ကင်းရပါသည် ထိုကြောင့် မခန့်မှန်းကောင်းခြင်း၅မျိုး ထဲပါဝင်ပါသည်


ချမ်းမြေ့ကြပါစေရှင်   








 

လ င် မု ဆိုး မ ယား သော တ ပ န်




မောင်လေး ညီမလေးတို့ရေ ... ကိုယ်ချင်းစာတရား အကြောင်း ပုံပြင်တစ်ပုဒ်ပါ ....
မောင်လေးညီမလေးတွေ သိလွယ် နားလည်လွယ် စိတ်ဝင်စားအောင် ... ဇတ်လမ်းလေးလို ရေးပေးထားတာပါ ... ရဟန္တာမတွေအကြောင်းလိုမျိုးလေးလေ ...

★ ★ ဟော .... မောင်ကြီး … ပြန်လာပြီလား … မောလာလားမောင်ကြီး ရယ် ရေအေးအေးလေး သောက် လိုက် ပါအုန်း …….

အော်… ဒီနေ့သားကောင်ကြီး ရခဲ့တာပဲ …. မောင်ကြီးခနနားအုန်းနော် … နှမ အသားတွေ ကိုင်ပြီး မနက် ရွာထဲမှာသွားရောင်းဖို့ ပြင် လိုက်အုန်းမယ် …..

★ ဟူးး … တောဝက်ရလာတယ် ရှင်မရေ … တော်တော်လေးတဲ့ကောင်ကြီးကွာ … မနဲထမ်းလာ ရတယ် … ကဲ ကဲ ရှင်မ လုပ်စရာရှိတာသွားလုပ်ချေတော့ ….

✔ ✔ မိန်းမရွယ် … အိမ်အောက်ဆင်းသွားပြီး ကွပ်ပစ်ပေါ်မှာတင်ထားတဲ့ …. ဟင်းစားကို … စတင် လှီးဖြတ်နေခဲ့ပါတယ် ….

★ ★ ဟင်း …. စိတ်မချမ်းသာလိုက်တာ … မောင်ကြီးကို သနားလိုက်ပါဘိ …. ဒီလောက် စိတ် သဘော ထား ဖြူစင်တဲ့မောင်ကြီးဟာ … သားကောင်တွေ သတ်ဖြတ်ရောင်းစား ၀မ်းစာ ရှာလို့ အပါယ် လေးဘုံ ကို ကျိန်းသေသွားရတော့မယ် ..

ငါဟာ ဒါတွေကို သိရက် မြင်နေရက် … ငါ့ခင်ပွန်းကိုမကယ်နိုင်တာ … သိတ်ဆိုးတာပဲ …ငါဟာ သူ့အတွက်မိန်းမကောင်း မိန်းမမြတ် မဟုတ်တော့ဘူး …

ခက်တာက သူ့အသက်သတ် ၀မ်းစာ ရှာတဲ့ အလုပ်ကို စွန့်လွှတ်ဖို့ ပြောတာလဲ ဘယ်လိုမှပြောလို့မရဘူး ….

မောင်ကြီးကို ဘုရားရှင်နဲ့ တစ်ကြိမ် တစ်ခါလောက် တွေ့စေချင် လိုက်တာ … တစ်ကြိမ် ထဲတွေ့ပြီး ဘုရားရှင်ရဲ့ တရားကို … ကျမမောင်ကြီးကို ခနလေးဖြစ်ဖြစ် ကြားနာ ခိုင်းလိုက်ရရင် … ကျမ သေပျော် ပါပြီ ရှင်….

✔ ✔ သူမကတော့ ….. ဗုဒ္ဓရဲ့တရားကို နာယူခဲ့ရပြီး သောတပန်ဖြစ်နေတဲ့ အမျိုးသမီးပေါ့ … သောတပန် ဆိုတာ အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိ မရှိတော့ဘဲ ရတနာသုံးပါးကို ယုံမှားသံသယ လုံးဝ မရှိ တော့တဲ့ သူပေါ့…

သို့သော် ကိလေသာ မကုန်သေးတဲ့အတွက် မုဆိုးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက် ရတာ ကတော့ ရှေးရေးစက်ကြောင့်ပါ …..

ဒီလိုပါ …. ကဿပ ဘုရှားရှင်လက်ထက်တော်အခါ က ဒီအမျိုးသမီးနဲ့ မုဆိုးဟာ … လင်မ ယား တော်ခဲဖူးပါတယ် …

ပြီးတော့ အလှူတွေလဲ အတူတူပြုခဲ့ဖူး ရေစက်ချလှူဒါန်းခဲ့ဖူး ကြတဲ့အတွက် … ဂေါတမ ဘုရားရှင် လက်ထက်တော်မှာ … ရှေးဘ၀ က ပြုခဲ့တဲ့ရေစက်ကြောင့် …. လင်မယား လာတော်ရတဲ့အပြင် … အတူတူ ကျွတ်တန်းဝင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ …

★ နှမ … ပင်ပန်းနေပြီလား … ဘာလိုလိုနဲ့ မောင်ကြီးတို့လက်ထပ်တာ ဆယ်နှစ် တင်းတင်း ပြည့်တော့ မယ် …. လာမယ့် လဆန်းရက်ဆို မောင်ကြီးတို့ ပေါင်းဖက်တာ ( ၁၀ ) နှစ် တင်းတင်းပြည့်ပြီ …. အဲ့ဒီနေ့ရောက်ရင် နှမ ဘာလိုချင်လဲ ဘာလုပ်ချင်လဲ မောင်ကြီးကိုပြော ... နှမဆန္ဒအားလုံးမောင်ကြီးဖြည့်ဆည်းပေးမယ် ….

★ ★ ဟင် …. တစ်ကယ်ပြောတာလားမောင်ကြီး … နှမဆန္ဒကို တစ်ကယ်ဖြည့် ဆည်းပေး မှာလားဟင် … ပျော်လိုက်တာမောင်ကြီးရယ် … ဘာပဲဖြစ်ဖြစ်လိုက်လျှော မယ် မဟုတ် လားမောင်ကြီး ….

★ ဒါပေါ့ချစ်နှမ …. နှမဆန္ဒရှိရာ ပြောသာပြောပါ ….

★ ★ ဒါဆိုရင်ဖြင့်မောင်ကြီးရယ် … အဲ့ဒီနေ့ရောက်တဲ့အခါ … အမဲလိုက်တာကိုနားပြီး … ဗုဒ္ဓဆီ သွား တရားချီးမြှင့်ဖို့တောင်းပန်ပြီး နှမအတွက် တရား တစ်ပုဒ်လောက် နာလာခဲ့ပေး ပါ မောင်ကြီးရယ် …

ဒီဆန္ဒကတော့ နှမဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒပါပဲ … နော်မောင်ကြီး …

★ ဟင် …. ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်နော်နှမ … ကျုပ်က သူ့အသက်သတ်သူ … ဗုဒ္ဓက သူ့အသက်လွှတ်သူ … ဘယ်လိုမှမဖြစ်ပါဘူးကွာ …

★ ★ ဒီလိုဆိုရင်တော့ နှမ မောင်ကြီးဆီက တောင်းဆိုစရာ ဘာမှ မရှိတော့ပါဘူး … နှမ ဒီအခွင့် အရေး တစ်ခုရဖို့ စောင့်နေခဲ့တာ .. နှစ်များစွာကြာနေခဲ့ပါပြီ ….

မောင်ကြီးကို ဗုဒ္ဓဆီ သွားချင်စေချင်တာ … နှမဘ၀ရဲ့တစ်ခုတည်းသောဆန္ဒပါ … ဒီဆန္ဒပြည့်ဝ သွားရင် … နှမဘ၀ ပြီးပြည့်စုံ သွားပါပြီ မောင်ကြီးရယ် …

★ ဟင်း … ခက်တော့ခက်တယ် နှမ .. ကျုပ်ကလဲ တရားနာတာကို စိတ်ကမရှည်တတ် … မေတ္တာထားတယ်ဆိုတာလဲမသိ …

တောင်နဲ့မြောက်ဆန့်ကျင်နေတဲ့ သူနှစ်ဦးတွေ့ဖို့ဆိုတာ ..ဘယ်လိုဖြစ်နိုင်မှာလဲ …. အင်းလေ … နှမ ဒီလောက်ဆန္ဒ ပြင်းပြမှတော့ … ကျုပ်သွားပါ့မယ် .. ကတိပေးပါတယ် …

★ ★ ဟယ် …. ၀မ်းသာလိုက်တာ မောင်ကြီးရယ် … ကျမဘ၀ရဲ့ အပျော်ရွှင်ရဆုံးနေ့ဟာ ဒီနေ့ပါပဲ ….

✔ ✔ ဒီလိုနဲ့ …. သတ်မှတ်တဲ့ရက် ရောက်တဲ့အခါ … မုဆိုးကြီးဟာ …. မယားအလိုကျ ဘုရားထံသွားခဲ့ပါတယ် … အလုံးစုံကို သိမြင်တော်မူတဲ့ ဗုဒ္ဓဟာ စင်္ကြန် လျှောက်ရင်း အသင့်စောင့်တော်မူနေတာပေါ့ …ဘုရားရှင်ရှေ့မှောက်ရောက်တော့ … မုဆိုးကြီးက …

★ အရှင်ဘုရား … တပည့်တော် ဇနီးက တပည့်တော် ကို အရှင်ဘုရားထံ တစ်ခေါက် သွားပြီးတရားနာစေချင်တာ သူ့ဘ၀အတွက် တစ်ခုတည်းသောဆန္ဒလို့ ပြောပါတယ်ဘုရား …

ဒီအတွက် တပည့်တော် ဘုရားရှင်ထံမှောက် လာရတာပါဘုရား … ဒါကြောင့် တရား တိုတိုလေး တစ်ပုဒ်လောက်ချီးမြှင့်ပါဘုရား ....

★ ★ ★ ချစ်သား … သင်ကြိုက်တာကို သင်လုပ် … သင်မကြိုက်တာကို သင်မလုပ်နဲ့ ….

★ အရှင်ဘုရား တရားသာ မြန်မြန်ဟောပါဘုရား …. တပည့်တော် တရားနာချင်ပါတယ်ဘုရား … ပြီးရင်ပြန်ချင်ပါတယ်ဘုရား ….

★ ★ ★ ချစ်သား …. ငါဘုရားဟောပြီးပါပြီ ....

★ ဟင် … ဟောပြီးသွားပြီလားဘုရား … တစ်ကယ်လားဘုရား … ဒီတရားကျတော့ အရှင်ဘုရား ကို ဦးချသလောက်တောင် မကြာလိုက်ပါလားဘုရား …. ဦးတင်ပါတယ်ဘုရားး … တပည့်တော်တာဝန် ကျေပါပြီဘုရား … ပြန်ပါတော့မယ်ဘုရား ….

✔ ✔ ဒီလိုနဲ့ မုဆိုးကြီးလဲ ၀မ်းသာအားရ အပြေးပြန်လာတာပေါ့ ... လမ်းထိပ်ရောက်ကထဲက မယားကို လှမ်းအော်ပြောတာပေါ့ ... သူကတာဝန်ကြီးတစ်ခုကိုကျေခဲ့တာကိုး ....

★ ရှင်မရေ … ရှင်မ … ကျုပ်ဘုရားရှင်ထံရောက်ခဲပြီ … ဘုရားရှင်က ကျုပ်ကို မဆူဘူး … မဆုံးမဘူး … ပြီးတော့ ကျုပ်ကို တရားတစ်ခွန်းပဲဟောလိုက်တယ် … သင်ကြိုက်တာသင်လုပ် သင်မကြိုက် တာ သင်မလုပ်နဲ့တဲ့ …

ကဲကြည့် မင်းကသာ ကျုပ်အမဲလိုက်တာ တစ်ချိန်လုံးစိတ်မချမ်းမသာဖြစ်နေတာ …. ဗုဒ္ဓက သင်ကြိုက် တာသင်လုပ် … သင်မကြိုက်တာ သင်မလုပ်နဲ့တဲ့ …. ကဲ ရှင်မစိတ်ချမ်းသာတော့နော် …

★ ★ အမလေး …မောင်ကြီးရယ် … လမ်းမကနေကိုအားရ၀မ်းသာအော်လာတာပါလား …. ထိုင်ပါအုန်း ..ရေလေးလဲအမောပြေသောက်ပါအုန်းမောင်ကြီးရယ် ….

★ ✔ အဘ … ဗုဒ္ဓက အဘကို ဘာတွေဟောလိုက်တုန်းအဘ … ကျုပ်တို့ကို ပြန်ပြောပြပါအုန်း ….

★ အဟေး … အဘကပြောတယ် … အရှင်ဘုရား … ဇနီးဆန္ဓကိုဖြည့်ပေးချင်လို့ လာတာပါဘုရား ..တရားတိုတိုလေးပဲ ချီးမြှင့်ပါဘုရားဆိုတော့ … ဗုဒ္ဓက သင်ကြိုက်တာသင်လုပ် … သင်မကြိုက်တာ သင်မလုပ်နဲ့ ကဲ … ငါဘုရားဟောပြီးပြီ ပြန်တော့တဲ့ … ဒါနဲ့အဘလဲ ၀မ်းသာပြီးပြန်လာတာ သား တို့ရဲ့ ….

★ ✔ ဟုတ်လား အဘ … ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရတယ်လား …. ဒါဆိုရင် တော့ တော်သေး တာပေါ့ … လာအဘ အချိန်စောသေးတယ် ..အမဲလိုက်ထွက်ကြမယ် …

✔ ✔ ဒီအခါမှာပဲ … အမျိုးသမီးက ဗျုန်းဆို … လေးနဲ့မြားကိုကောက်ကိုင်ပြီး မုဆိုးကြီးကို ချိန်လိုက် ပါတော့တယ် ….

★ ဟင် … ရှင်မ … မင်းသွားခိုင်းလို့ ဗုဒ္ဓဆီသွားခဲ့တယ်လေ … တရားတိုတို ဟောပါလို့ ပြော မိတာ စော်ကားသလိုဖြစ်သွားပြီ ထင်တယ် … တောင်ပန်ပါတယ်ရှင်မရယ် …

★ ★ မောင်ကြီး … အခု ကျမ မောင်ကြီးကိုချိန်ထားတဲ့လေးနဲ့မြှား အကြောင်းမောင်ကြီးသိလား ….

★ သိတာပေါ့နှမရယ် … ကျုပ်ကိုယ်တိုင်သားကောင်တွေကိုသတ်လာတာ … အဲ့ဒီ ချိန်ထား တာကြီး ကို ဖယ်လိုက်ပါကွယ် … မတော်လွတ်ထွက်သွားမှ … ကိုယ်ကျိုးတွေနဲကုန်ပါ့မယ် …

★ ★ ဒါဆိုရင် … မောင်ကြီးကို … ကျမက ဒီမြှားနဲ့ ပြစ်သတ်မယ်ဆိုရင် ရော ..မောင်ကြီး သဘောကျမလား …..

★ ရက်စက်လိုက်တာနှမရယ် … ကိုယ်ချင်းမစာပြောရက်လိုက်တာ …. ဘယ်ကြိုက်ပါ့မလဲ … ကျုပ်နာလွန်းလို့ ဆံ့တငင်ငင် သေသွားမှာပေါ့လို့ ….

ကျုပ်ကိုချိန်ထားတဲ့ မြှားကြီးကို …. မြန်မြန် ဖယ်လိုက်ပါ ရှင်မရယ် … ကျုပ် အသက်တောင် မရှူ ၀ံ့ဘူး ….

★ ★ အဲ့တာ ဘုရားရှင်ပြောတဲ့ … သင်မကြိုက်တာ … သင်မလုပ်နဲ့ … သင်ကြိုက်တာသင်လုပ် ဆိုတဲ့စကားပါပဲ ….

သံသရာမှာ သင်လည်း … ချားရဟတ်လို တစ်ပတ် ပြန်လည်တဲ့အခါ … သင်သာ သားကောင်ဖြစ် ခဲ့ရင် … သင့်မျက်စိရှေ့မှာ … ဆန့်တငင်ငင် မချိမဆံ့ အသက်ထွက်သွားတဲ့ သားကောင် ရဲ့ခံစား ချက်ကို … သင်ကိုယ်တိုင်ခံစားရမှာ ….

★ ဟင် … ဘုရား ဘုရား ဘုရား … ဟုတ်ပေသားပဲ … ငါ့လိုပဲ သူတို့ကြောက်ကြမှာပဲ … ငါလဲပဲ သူတို့လို တချိန်ချိန် ပြန်ခံရမှာပါလား …

✔ ✔ မုဆိုးကြီးဟာ … မယားစကားအဆုံး …. အဲ့ဒီနေရာမှာပဲ … သောတပန် တည် သွားပါတယ် …

ဘုရားရှင်လက်ထက်တော်မှာ … ဘုရားရှင်တရားကိုတိုက်ရိုက်မဟုတ်ပဲ … တဆင့်ပြန်ပေးမှ .. သောတပန်သူဟာ … ဒီမုဆိုးကြီးတစ်ယောက်ပဲဖြစ်ပါတယ် …

ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားဆိုတာကို ဖော်ညွှန်းတဲ့ အကောင်းဆုံး သာဓကပါပဲ ….

ဒီတော့ ... မောင်လေးညီမလေးတို့တွေလဲ … ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ပါ … ကိုယ်မကြိက်တာ … ကိုယ်မလုပ်မိအောင် ကြိုးစားကြည့်နော် …..

ကဲ မောင်လေးညီမလေးတို့က ဇာတ်တော်နာမည်လေး … ပြောပြကြပါ …

ခုဒ္ဒကနိကာယ် ကပါ ….

ချမ်းမြေံကြပါစေရှင် .....

Monday, July 21, 2014

ဗု ဒ္ဓ ၀ါ ဒ


 
 
 
✔ အမနူးး ဗုဒ္ဓ၀ါဒဆိုတာ ဘာကိုခေါ်တာလဲအမ ... ကျနော်တစ်ကယ်မသိလို့မေးတာပါ ... ကျနော့်သူငယ်ချင်းတွေကမေးတယ်အမ ... ငါတို့ကဖန်ဆင်းရှင် ကိုယုံကြည်တဲ့ ၀ါဒ ... မင်းတို့ဘာသာသရော ဘာဝါဒလဲတဲ့အမ ....

✔ ✔ ကံကံ၏ အကျိုးကို ယုံတဲ့ဘာသာ .... ဖန်ဆင်းရှင်ကို မယုံတဲ့ဘာသာ ပေါ့မောင်လေးရယ် ပိုနားလည်အောင် ရှင်းပြပါ့မယ် ....

✔ ✔ ✔ ဗုဒ္ဓ၀ါဒ

အမှန်အားဖြင့် ဗုဒ္ဓ၀ါဒ ဆိုပြီး မရှိပါဘူး သစ္စာလေးပါးဆိုတဲ့ ဓမ္မပဲ ရှိတာပါ ….

သစ္စာလေးပါး ဆိုတာကတော့ ကမ္ဘာ အဆက်ဆက်က ရှိခဲ့တဲ့ ဘုရားအဆူဆူတို့ရဲ့ ၀ါဒ သာလျှင် ဖြစ် ပါတယ် … ဒါ့ကြောင့် တစ်ဆူတည်းသော ဘုရားရှင် တစ်ပါး၏ ၀ါဒလို့ ပြောဆိုရန် ခက်ခဲပါတယ် ….

ပွင့်ခဲ့ပြီးသော ဘုရားအဆူဆူ တို့က ချမှတ်ခဲ့သော ၀ါဒ ဟူ၍ မရှိ ပါ …
သို့သော် … သစ္စာလေးပါး ဟူသော လောက၏ အမှန်တရား လောကသစ္စာတရား အဟောင်းကိုပဲ ဗုဒ္ဓက ပြန်လည်ဖော် ထုတ် လိုက်တဲ့ အခါ အသစ်ဆန်းသဖွယ်ဖြစ်ပြီး …. ဗုဒ္ဓ၀ါဒ လို့ ပြောဆို လိုက်ကြခြင်းသာ ဖြစ်ပါတယ် …

အမှန်က ၀ါဒအသစ်မဟုတ်ပါဘူးမောင်လေးရယ် ….. သစ္စာတရား လေးပါးဆိုတာ လောကမှာ ရှိပြီး အမြဲတမ်း မှန်ကန်နေတဲ့ လောကရဲ့ အမှန်တရား ဖြစ်ပါတယ် …

ဒါပေမယ့် ဒီနေရာမှာ ရှိခြင်း က နှစ်မျိုးရှိပါတယ် ….
✔ သတ္တ၀ါ တို့ရဲ့ အသိအာရုံထဲ ရောက်သောရှိခြင်းနဲ့
✔ သတ္တ၀ါတို့ရဲ့ အသိအာရုံထဲ မရောက်သော ရှိခြင်း ပါ

လောကမှာ မြတ်စွာဘုရားဆိုတာ ပွင့်တော်မမူသေး ချိန်မှာတော့ သစ္စာ လေးပါး တရားဆိုတာ သတ္တ၀ါတို့ အာရုံသိရောက်အောင် ဆောင်ကျဉ်းပေးမယ့်သူ မရှိပါဘူး .... ဒါကြောင့် သတ္တ၀ါတို့ရဲ့ အသိ အာရုံ ထဲသို့ မရောက်သောကြောင့် လောကမှာ သစ္စာလေးပါးဆိုတာ မရှိသကဲ့သို့ ထင်မှတ် ရတာ ပါ ….

အမှန်ကမရှိတာမဟုတ်ပါဘူး …. သတ္တ၀ါတို့ရဲ့ အသိအာရုံထဲ မရောက်သော ရှိခြင်း ပါ

ဒါကြောင့် သစ္စာလေးပါးကို သနန္တရ ( ထာဝရ တည်နေသော ဓမ္မ ) လို့ခေါ်တာပေါ့ …. ထာဝစဉ် တည်တံ့နေသော သစ္စာတ၇ား ဟာ လောကမှာ ဘုရားပွင့်တော်မူသောအချိန်များ မှာ သတ္တ၀ါတို့ အသိထဲေ၇ာက်ပြီး ဘုရားမပွင့်တဲ့ အချိန်မှာတော့ အသိထဲမေ၇ာက်ပါဘူး ….

လောကရဲ့အမှန်တ၇ား ကတော့ …တည်မြဲနေသောအမှန်တ၇ားဖြစ်တဲ့အတွက် … ဆိတ်သုန်းခြင်း မရှိ စကောင်း … ဒီနေရာမှာ ၀ါဒဆိုတာကို ပြောပြချင်ပါတယ် ….

✔ ✔ ✔ ၀ါဒ

အယူအဆ တစ်ခုကို စွဲမြဲစွာ သက်ဝင် လက်ခံယုံကြည်မှု ကို ၀ါဒလို့ ပြောတာပါ ....
လောကမှာ ၀ါဒနဲ့ပတ်သက်ပြီး နှစ်မျိုး နှစ်စားရှိပါတယ် ….

✔ ✔ ( ၁ ) ဥပ္ပါဒက ( အသစ်ဖြစ်ပေါ်စေသူ ) လို့ခေါ်တဲ့ လုံးဝမရှိသေးသော အရာအသစ် ၀ါအသစ် ကို တည်ထောင်သူ … နဲ့

✔ ✔ ( ၂ ) အဘိဗျဉ္ဇက ( တိမ်မြုတ်နေသည့် အမှန်တ၇ား ကို ဖော်ထုတ်သူ ) လို့ခေါ်တဲ့ တိမ်မြုတ်နေသော အခြေအနေမှ ထင်ရှားရှိသောအခြေအနေသို့ ရောက်အောင်ပြုလုပ်သူ …. တို့ပါ

✔ ✔ ( ၁ ) ဥပ္ပါဒက ( အသစ်တည်ထောင်သူ )

ဝါဒတစ်ခုကို အသစ်တည်ထောင်သူ ဆိုတာကတော့ တိတ္တိတွေကိုပြောတာပါ …

တိတ္တိတွေဟာ ၀ါဒအသစ် တွေကိုထူထောင်ကြပါတယ် …. ဒါပေမယ့် ပြီးပြည့်စုံခြင်း မရှိကြပါဘူး … လူတွေ ယုံလာအောင် စိတ်ကူးယဉ်ပြီး အကောင်းဆုံးတွေ လူကြိုက်များတာတွေ ကို ရေးကြပြောကြ ပါတယ် လူတွေရဲ့အကြောက်တရားကိုအခြေခံ ကြပါတယ် … ခြိမ်းခြောက် မှုတွေနဲ့ ၀ါဒ ဖြန့်ကြပါတယ် …

ဒီဝါဒတွေဟာ ပြီးပြည့်စုံခြင်းမရှိကြပါဘူး … စိတ်ကူးသက်သက်နဲ့ တည်ထွင်ထားကြတာပါ … ဒါကြောင့် ၀ါဒအသစ်တွေဟာ …ပထမတစ်ခုထက် နောက်တစ်ခုက သာ၍ ကောင်းမြဲပါ …

ဘာလို့လဲဆိုတော့ … ပထမတစ်ခုမှာ လိုတာတွေကို ကောင်းသထက်ကောင်းအောင် …လူကြိုက် သထက်ကြိုက်အောင် ဒုတိယ၀ါဒမှာ ထပ်ဖြည့်ကြ လို့ ပါ …. ဒါကြောင့် ဒုတိယ၀ါဒက ပထမ၀ါဒ ထက် ပိုကောင်းတဲ့ သဘောကိုဆောင်ကြပါတယ် ….

ဒီဝါဒအသစ်တွေဟာ စိတ်ကူးယဉ်တွေဖြစ်လို့ … ဘယ်လိုစမ်းသပ် စမ်းသပ် .. ဘယ်လိုစောဒက တက်တက် …. သူတို့အဖြေက ဖန်ဆင်းရှင် လုပ်တာ မမေးနဲ့ မေးရင် ငရဲရောက်မယ် ဆိုတဲ့ အဖြေပါပဲ …

✔ ✔ ( ၂ ) အဘိဗျဉ္ဇက၀ါဒ ( အဟောင်းကိုဖော်ထုတ်သူ )

တိမ်မြုတ်နေသော ၀ါဒကို ဖော်ထုတ်သူ ဆိုတာကတော့ ထာဝရ ရှိပြီးသား အမှန်တရား … လောက ရဲ့ သစ္စာတရားတွေကို လူတွေသိအောင် အလင်းဖွင့်ပေးတာပါ ….

ဘယ်အချိန် ..ဘယ်လိုဇောတကတက်တက် … အဖြေရှိပြီး … မှန်ကန်နေတဲ့ … အမှန်တရားဖြစ်ပါတယ် ... ကျမတို့ သာသနာတော်တစ်ခုထဲရှိပါတယ် …..

ဒီလို လောကရဲ့ အမှန် တရားကို ဖော်ထုတ်တဲ့သူဟာ ….
✔ လောကကိုကြင်နာတတ်သူ
✔ အနစ်နာခံတတ်သူ …
✔ စွန့်လွှတ်တတ်သူ …
✔ သူတစ်ပါးအကျိုးကို လိုလားသူ …
✔နောက်ဆုံး ဒါတွေပြည့်စုံပြီး နှစ်အသင်္ချေ ကျင့်ကြံကာ … သဗ္ဗညုတညဏ်တော်ကို ရရှိတဲ့အခါမှသာ ဖော်ထုတ်နိုင်တာပါ …

ဒီတော့ ကျမတို့သာသနာတော်ဟာ … ကမ္ဘာ အဆက်ဆက် နဲ့ စင်္ကြာဝဠာမှာ အမြဲမှန်နေတဲ့ ရှိပြီးသား တိမ်မြုတ်နေတဲ့ အမှန်တရားလို့ ပြောရမှာပါ ….

သဗ္ဗညုတ ညဏ်ရတဲ့ ပုဂ္ဂိုလ် တစ်ဦးဦးကသာ နှစ်အသင်္ချေ မှာ တစ်ကြိမ်သာပေါ်တတ်ပြီး လော က ရဲ့ သစ္စာတရားတွေ ကို သတ္တ၀ါတွေရဲ့ အသိထဲရှိလာအောင် လမ်းပြပေးလေ့ရှိပါတယ် …

✔ ဒါကြောင့် ဂေါတမ မြတ်စွာဘုရားရဲ့အသိက ရှေးဘုရားတွေရဲ့ အသိနဲ့ ဘာမှမခြား …
✔ ဂေါတမ မြတ်စွာဘုရားရဲ့ ဓမ္မက ရှေးဘုရားတွေရဲ့ ဓမ္မနဲ့ဘာမှမခြား ….
✔ ဒါကြောင့် မြတ်စွာဘုရား တွေမှာ ၀ါဒသစ် မရှိ

ထာဝစဉ် တည်ရှိပြီး ထာဝစဉ်မှန်ကန်နေတဲ့ သစ္စာလေးပါး တည်းဟူသော ၀ါဒဟောင်း ကို ဝေနေ ယျ သတ္တ၀ါတို့ အာရုံအသိ အဖြစ် ရောက်အောင် စွမ်းဆောင်ကြ သူများပါ … ဂေါတမဗုဒ္ဓ တစ်ပါး အပါအ၀င်ပေါ့ ….

ဒါကြောင့်သာသနာတော်နဲ့ ကြုံကြိုက်တဲ့ ခုအချိန် လူဖြစ်ခွင့်ရတဲ့ အချိန် ..ဗုဒ္ဓဘာသာဝင် ဖြစ်နေ တဲ့အချိန်မှာ … မိမိနဲ့အတူတူ သစ္စာတရားတစ်ခုခကိုနားလည် သယ်ဆောင် သွားနိုင်အောင် ကြိုးစားသင့်ပါတယ် …။

ချမ်းမြေ့ကြပါစေရှင် ....

ကျမ်းကိုး ......
ဆရာချစ်စံဝင်း ..... ဗုူဒ္ဓ၀ါဒ

Wednesday, July 9, 2014

ဇဗ္ဗူပတိချွတ်ခန်း နှင့် ထေ၇၀ါဒ မဟာယန


မောင်လေးညီမလေးတို့ရေ  ...

( က ) ဘုရားရှင်ရုတ်တုတော်တွေမှာ ဘာကြောင့် မင်းမြောက်တန်းဆာ နဲ့ဖြစ်ရတာလဲ ဇဗ္ဗူပတိမင်း ဆိုတာကရော တစ်ကယ်ရှိလား ...။
( ခ ) ထေရ၀ါဒ နဲ့ မဟာယန နှစ်ဂိုဏ်း ဘယ်အချိန်ကစကွဲလဲ
( ဂ ) ထေရ၀ါဒဆိုတာဘာကိုခေါ်တာလဲ မဟာယနဆိုတာ ဘာကိုခေါ်တာလဲ
လို့ လာမေးထားတာလေးပါ ....
.
ဟုတ်ကဲ့ပါ ... မေးခွန်း ( က ) ကို ဖြေလိုက်တာနဲ့ ( ခ ) နဲ့ ( ဂ ) ဖြေပြီးသားဖြစ်သွားမှာပါ ....
.
ဘုရားရှင်ရုတ်ထုတော်တွေမှာ ဘာကြောင့် မင်းမြောက်တန်းဆာ နဲ့ဖြစ်ရတာလဲ ဆိုတာကိုဖြေရရင် .... ...... အယူအဆလေးမျိုး ထွက်လာပါတယ် .....
.
★ ပထမဆုံးအယူအဆကတော့ ... သမိုင်းအထောက်အထား ... အတိအကျနဲ့ သဘာဝ အကျဆုံး သက်သေ ပါ ....
.
ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး ... ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို နံ့သာထင်းပုံပြီး မီးရှို့ကြတဲ့အခါ ဘယ်လိုမှာမီးသဂြိုလ်လို့မရခဲု့ပါဘူး .... ဗျာဒိတ်တော်အတိုင်း ... ပါဝါပြည်မှာ သီတင်းသုံးနေတဲ့ ရှင်မဟာ ကဿ     ပ မထေရ်ကမှ တေဇောဓါတ်လောင်ကျွမ်းစေမှာပါ ...
.
ဘုရားရှင် စံဝင်တော် မူကြောင်းကြားသိတဲ့ အခါမှာ ... ရာဂ မကင်းသေးတဲ့ ရဟန်းများကငိုကြွေးကြပါတယ် .... ဒီအခါမှာ ...အာတုမာပြည်သား တော ထွက် ရဟန်းကြီး သုဘဒ္ဒက ...
.
ငါ့ရှင်တို့ မငိုကြကုန်လင့် ... ယ္ခု ငါတို့ ဂေါတမ ရဟန်းကြီး လက်က လွတ်မြောက်ကြပေပြီ ... ရဟန်းကြီးဂေါတမ သည် .. ငါတို့အပေါ် အလွန်ချုပ်ချယ်သည် လို့  ပြောသတဲ့ ...
.
 တောထွက်ကြီး ရဲ့ စကားကိုကြားရတဲ့အတွက် ရှင်မဟာကသပမထေရ်က...
ယ္ခု ဘုရားရှင်စံဝင်သည်မှာ ( ၇ ) ရက်မျှသာရှိသေးသည် ...
အန္တရာယ်ကပေါ်လေပြီ ...
သာသနာတော်အမှိုက်သရိုက်များကို ရှင်းပြစ်ရန် ... သင်္ဂါယနာတင်သင့်သည်ဟု အကြံပြုလျက် ...
ဗုဒ္ဓစံလွန်တော်မူပြီး သုံလအကြာ သာသနာတော်သက္ကရာဇ် တစ်နှစ်အတွင်းမှာ ရဟန္တာ သီးသန့်  ( ၅၀၀ ) နဲ့ ပထမဆုံး သင်္ဂါယနာတင်ခဲ့ပါတယ် ...
.
ပထမ သင်္ဂါယနာတင်ပြီး အနှစ် ( ၁၀၀ ) လွန်မြောက်တဲ့အခါမှာတော့
ဝဇ္ဇီတိုင်းသား ... ရဟန်းများရဲ့ ဒသ၀တ္တု အတွက် ...
ကာလာသောကမင်းလက်ထက် ... ဝေသာလီပြည်မှာ ...
ဒုတိယ သင်္ဂါယနာ တင်ခဲ့ ပါတယ် ...
ဒုတိယ သင်္ဂါယနာတင်ရာမှာ ရဟန္တာပေါင်း ( ၇၀၀ ) တိတိ နှင့် လာရောက်နားထောင်သူ ရဟန်းတစ်သိန်းတိတိ ... ရှိခဲ့ပါတယ် ...
.
ဒီသင်္ဂါယနာတင်ပွဲမှာ ... ၀ဇ္ဇီတိုင်းသား ... ရဟန်းများကို အဓမ္မ၀ါဒီ ဒိတ္တိ များ အဖြစ် ကြေငြာခဲ့ပါတယ် ....
ဒီအခါမှာ ... ဒိတ္တိ ရဟန်းများဟာ ... ဝေသာလီပြည်ကထွက်ခွာပြီး ကောသမ္မီပြည်မှာ အဓမ္မ၀ါဒီရဟန်းများ စုပြီး စင်ပြိုင် သင်္ဂါယနာတင်ကြပါတယ် ....
သူတို့ သင်္ဂါယနာတင်ပွဲမှာ .... သံဃာ (၁၀၀၀၀) ပါဝင်တဲ့အတွက် ( ရဟန္တာ လုံးဝမပါ ပါ ) .... မိမိတို့ကိုယ်ကို ... မဟာသံဃိက ဂိုဏ်းလို့ခေါ်ကြပါတယ် ။
.
ဝေသာလီ သင်္ဂါယနာအဖွဲ့ကိုတော့ ... ဟိန သံဃိက ဂိုဏ်းလို့သမုတ်ကြပါတယ် ... သာသနာတော် နှစ် ( ၂၀၀ ) နောက်ပိုင်းမှာ ဝေသာလီ အဓမ္မ၀ါဒီ ရဟန်းများဟာ ... အိန္ဒယ မြောက်ပိုင်း ဒေသကို သာသနာပြုစေ လွှတ်ခဲ့ကြ ပါတယ် ....
.
ဘူတန် ... နိပေါ ... တိဗက် ... မြန်မာ နိုင်ငံ မြောက်ပိုင်း ... ယူနန် ... တရုတ် ... ကိုရီးယား ... ဂျပန် စတဲ့တိုင်းပြည်တွေမှာ ... မဟာယဉ် သာသနာ ဂိုဏ်းအမြစ်တွယ်ခဲ့ပါတယ် ... သာသနာတော် ( ၂၀၀ ) မတိုင်ခင်မှာပါ မှာပါ ... ။
.
ဝေသာလီမှာ သံင်္ဂါယနာတင်တဲ့ ... ထေရ၀ါဒ ( ဘုရားရှင် လက်တက်တော်မှ ... ထေရ်ကြီးဝါကြီး ရဟန်းများ ) ဂိုဏ်းကတော့ ...
သာသနာတော်နှစ် ( ၃၀၀ ) သီရိဓမ္မာသောကမင်းလက်ထက် ...
ပါဋလိပုတ် မှာ ရဟန္တာ ( ၁၀၀၀၀ ) ဖြင့် တင်တဲ့ ...
တတိယသံင်္ဂါယနာ တင်ချိန်ရောက်မှသာ ...
ကိုးတိုင်း ကိုးဌါနကို ... သာသနာပြု စေလွှတ်နိုင်ခဲ့ပါတယ် ...  ဒါကြောင့် ထေရ၀ါဒသာသနာတော်ဟာ ... မြန်မာ နိုင်ငံမြောက်ပိုင်း မှာ ... မဟာယဉ် သာသနာတော်နောက် ... နှစ်ပေါင်း ( ၁၀၀ ) ကျော် ..နောက်ကျ စွာ ရောက် ရှိခဲပါတယ် ..။
.
ကောသမ္ဗီ သင်္ဂါယနာဂိုဏ်ဟာ ... ကမ္ဘာ့ မြောက်ခြမ်းမှာ ... ထွန်းလင်းတဲ့အတွက် ... မြောက်ပိုင်း သာသနာ လို့ခေါ်ပြီး ... ဝေသာလီမှာ သံင်္ဂါယနာတင်တဲ့ ... ဘုရားရှင်ရဲ့တပည့်ရဟန်းများ ရဲ့ထေရ၀ါဒ ဂိုဏ်းကတော့ ... တောင်ပိုင်းမှာ ထွန်းလင်းတဲ့အတွက် ... တောင်ပိုင်းသာသနာလို့ခေါ်ပါတယ် ... ။
.
မဟာယဉ်ဂိုဏ်းသားတွေဟာ ... သာသနာပြုရာမှာ သိတ်မြန်ကြပါတယ် ... သူတို့ဟာ တွေ့ရာအရပ်မှာ ... တွေ့ရာ ၀ါဒ နဲ့ရောမွှေပြီး ... မဟာယဉ်သာသနာကိုပြုကြပါတယ် ...
ဒီအခါ သူတို့နဲ့တွေ့ထိတဲ့ ၀ါဒ များကတော့ ... အများအားဖြင့် ဗြဟ္မဏ ၀ါဒ များဖြစ်နေပါတော့တယ် ... ။
မဟာယဉ်သာသနာဟာ ထွန်းလင်းမှုအရေအတွက် အရမ်းမြန်ဆန်ကျယ်ပြန့်ပါတယ် ရာစုနှစ်တစ်ခုအတွင်းကမ္ဘာအနှံ့လွှမ်းမိုးသွားပါတယ် ။
.
ဗြဟ္မဏ၀ါဒ မှာ ဘုရားသုံးဆူရှိခဲ့ပါတယ် ...
( ၁ ) ဗြဟ္မာက စင်္ကြာဝဠာ တစ်ခုလုံး ကို ဖန်ဆင်းတယ်
( ၂ ) ဗိသနိုးက ဗြဟ္မာ ဖန်ဆင်းလို့ဖြစ်လတဲ့သတ္တ၀ါများကိုစောင့်ရှောက်တယ် ...
( ၃ ) သျှီ ၀ ဘုရားကတော့  မကောင်းတဲ့သတ္တ၀ါတွေကိုအပြစ်ပေးတယ် ဒါဏ်ခပ်တယ်ပေါ့ ...
.
မဟာယာဉ် ဂိုဏ်းဝင်များဟာ ...
ဟိန္ဒူဝါဒရှင်များကို သိမ်းသွင်းလိုတဲ့အတွက် ...
 ဂေါတမ ဗုဒ္ဓ ကို ဟိန္ဒူ ၀ါဒမှ ဗိသနိုး ၀င်စားတဲ့ နာမဒူတအဖြစ် ဖန်တီးကြသလို ... ဗုဒ္ဓဘာသာတွင်းမှာလဲ ဗိသနိုးနဲ့တူတဲ့ အ၀လောကိတေသွရ နတ်ဘုရားလောင်းကို ဖန်တီးခဲ့ကြပါတယ် ...
.
ကောင်းကင်ဘုံမှ သတ္တ၀ါများကို မပြတ်ကြည့်ရှု နေသော ... ဘုရားလောင်း လို့ဆိုပါတယ် ...
မဟာယနတို့ ရဲ့ အယူအားဖြင့် ... လောကိတေသွရ နတ်ဘုရားလောင်းဟာ ....
နိဗ္ဗာန်ကို ယ္ခု ယူလျှင် ယ္ခုရနိုင်ပါလျှက် သတ္တ၀ါများကိုစောင့်ရှောက်လိုသေးတဲ့အတွက် ... နိဗ္ဗာန်မယူသေးပဲနေပါသတဲ့ ...။
.
သတ္တ၀ါများကို စောင့်ရှောက်တဲ့ လောကနတ်တွေကတော့ ... အ၀လောကိတေသွရ နတ်ဘုရားလောင်းတွေ ပါပဲတဲ့ ... ဒီနတ်ဘုရားလောင်းရုပ်ပုံတွေဟာ ...
.
( ၁ ) ရေချမ်းအိုးကိုင် ဘေးမဲ့ပေးဟန် အဘယမုဒြ
( ၂ ) ၀ရဇိန် မိုးကြိုးကိုင် ဆုပေးဟန် အဘယမုဒြ
( ၃ ) စိန္တာမဏိ ကျောက်မျက်ရွဲဆိုင် ဆုပေးဟန် ၀ရဒမုဒြ
( ၄ ) ကြာပန်းကိုင် ဆုပေးဟန် ၀ရဒမုဒြ
( ၅ ) ပတ္တမြားကိုင် ဆုပေးဟန် ၀ရဒမုဒြ
( ၆ ) ကျေက်မဏိတင်ထားသော ကြာပန်းခိုင် ဆုပေးဟန် ၀ရဒမုဒြ
.
စသောအားဖြင်းမုဒြ အမျိုးမျိုးရှိပါတယ် ...
ထုလုပ်ပုံတွေကတော့ သာသနာအနေအားဖြင့် ... ကြာပန်းပေါ်မတ်တပ်ရပ် ... ကြာပလ္လင်ပေါ်ထိုင် ... ကြာပလ္လင်ထက် ခြေတစ်ဖက်ချ ခြေတစ်ဖက်တင် ... စသဖြင့်ပေါ့ ...
.
ဝတ်စားဆင်ယင်ပုံအားဖြင့် ....
သင်္ကန်းဝတ်ပေါ် မင်းဝတ်ဆင် ပုံ
သင်္ကန်းဝတ်ပေါ် ..တန်းဆာမပါ ဦးခေါင်း နားကင်း လက်ကောက် ခြေကျင်းပါသောပုံ
သင်္ကန်းဝတ်မပါ မင်းဝတ်တန်ဆာ ..
သင်္ကန်းဝတ်မပါ မင်းဝတ်တန်ဆာ ...
ခါးတောက်ကျိုက် လျှက် ကိုယ်တွင် ကြာရိုးကြာနွယ်များပတ်၍ ကြာပလ္လင်ထက်မှ ကြာပွင့်ကို ခြေနင်းဖြင့် နင်းထားပုံ  ... စသဖြင့် များစွာရှိပါတယ် ...
.
မြန်မာနိုင်ငံမြောက်ပိုင်းဟာ .. မူလ မဟာယဉ်ဂိုဏ်း တပ်စွဲရာဒေသဖြစ်တာကြောင့် ...
 ရှေးဟောင်းစေတီပျက်များအတွင်းမှ အ၀လောကိတေသွရ ရုပ်ပွား ( မင်းမြောက် တန်ဆာနှင့် ဘုရားရှင် ရုပ်တု )  အများအပြား ရဖူးကြပါတယ် ...
ပုဂံအနော်ရထာမင်းလက်ရေးဖြင့် အ၀လေကိတေသွ၇ အုတ်ခွက်ကိုပင် တွေ့ကြရပါတယ် ... အနော်ရထာမင်းကိုယ်တော်တိုင် ...
မူလက မဟာယဉ်ဂိုဏ်းသားဟု သိကြရပါတယ် ...။
.
★ ★ ဒုတိယအယူဝါဒကတော့ နဲနဲ သဘာဝကျပါတယ် .... နဲနဲတော့ ယုတ္တိရှိပါတယ် ...
.
ဘုရားရှင်လက်ထက်တော်အချိန်က ... မင်းအစရှိတဲ့ လူအားလုံးဟာ ... ဘုရားရှင်ကို သူတို့ရဲ့ အမြတ်နိုး ဆုံး ပစ္စည်း တွေကိုလှူဒါန်းကြပါတယ် .... ဥပမာ
.
ဝိသာခါ ကျောင်းအမ ရဲ့ မဟဟာ လတာ တန်းဆာ
အနာတပိဏ်သူဌေးကြီး ရွှေပြားအပြည့်ခင်းဝယ်ရတဲ့ ဇေတမင်းသားရဲ့ ဇေတ၀န်ကျောင်းတော်
သမားတော် ဇီဝကရဲ့ သရက်ဥယာဉ်တော်  အစရှိသည် တို့လိုပါပဲ ....
.
ဘုရင်တွေကလဲ သူတို့အမြတ်နိုးဆုံးမင်းမြောက်တန်ဆာတွေကို စွန့်ပါယ်ပြီး ရဟန်းပြုကြတဲ့အခါ ...
သူတို့ရဲ့ မင်းမြောက်တန်ဆာအစစ်တွေကို ဘုရားရုပ်ပွားတော်ထုဆစ်ပြီး ... ရုပ်ပွားတော်မှာတစ်ကယ် ဆင်ယင်ပေးကြပါတယ် ....
ဒါကြောင့် ရုပ်ပွားတော်မှာ မင်းမြောက်တန်ဆာရှိနေရတာပါလို့ပြောပါတယ် ...
မိမိရဲ့ အသက်တမျှ အမြတ်နိုးဆုံး အလှူဝတ္တုဖြစ်တဲ့ မင်းမြောက်တန်ဆာကို ဘုရားရှင်ကိုယ်ပေါ်စိတ်ကူးနဲ့ဆင်မြန်း ကြရာမှ ...
ပုံဖော်ပြီး ထုလုပ် ဆင်မြန်း ပေးကြတဲ့သဘောပါ ... ။
.
★ ★ ★ တတိယ အယူဝါဒ ကတော့ ကျမ်းဂန်လာပါ ... ဒါပေမယ့် အဌကထာ ပါ ...
.
ဗုဒ္ဓ သာသနာတော်မရောက်သေးတဲ့ ဇဗ္ဗူဒိတ်မှအပ ... တိုင်းနိုင်ငံများမှ ရှင်ဘုရင်များ စည်းဝေးပြုသောအခါ ....
ဘုရားရှင်ဟာ ထိုထိုမင်းတို့ အသွင်ဖန်ဆင်းပြီး ထိုထိုမင်းများ စည်းဝေးရာမှာ တရားတော်ဟောပြောကြောင်း အဌကထာတွေမှာ ပါရှိပါတယ် ...
ဒါကြောင့် ယ္ခုလို မင်းဝတ် ရုပ်ပွားများဟာ ဘုရားရှင် မင်းဟန်ဖန်ဆင်း အစည်းဝေးတက် တရားဟောစဉ်ကပုံပါလို့  .... မိန့်ဆိုကြပါတယ် ...။
( ဘုရားရှင်က ဒီလို မိမိကိုယ်ကို ဘုရားရှင် သဏ္ဍန်နဲ့ မသွားပဲ ဘုရင်ဟန်ဆောင်ပြီး တရားသွားဟောတယ်ဆိုတာကတော့  ထေရ၀ါရသာသနာတော်ဝင် တစ်ယောက် အနေနဲ့ လက်ခံရတာစနိုးစနောင့်ကြီးပါ ... ကျမခံစားချက်ပါ )
.
★ ★ ★ ★ နောက်ဆုံး တစ်ခုက ဇမ္ဗူပတိ ချွတ်ခန်းပါ ...... ( ယုတ္တိမရှိဆုံး ... သဘာဝမကျဆုံး ... ဘုရားရှင်အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတဲ့ အယူပါလို့ပြောရပါ့မယ် )
.
ဘုရားရှင် လက်ထက်တော်က ပဉ္စလ တိုင်းမှာ  ဇမ္ဗူပတိ ဆိုတဲ့ဘုရင် တစ်ပါးရှိပါတယ် ... ဒီဘုရင်ပဋိသန္ဓေနေစဉ် ( ၁၈ ) တောင်အမြင့်ရှိတဲ့ ရွှေတောင်ကြီးပေါက်လာတယ် .... ဖွားတဲ့အခါ မြေကြီးထဲ ကရွှေ အိုးတွေပေါ်လာတယ် ...
.
ဝေပုလ္လတောင်က .... ပတ္တမြားရွှေခြေနင်းရောက် လာတယ် .... အဲ့ဒိရွှေခြေနင်းစီးပြီး အထက် တစ်ယူဇနာကို ပျံတက်နိုင်တယ် .... အဲ့ဒိရွှေခြေနင်းစီးပြီး ဇမ္ဗူဒိတ်လှည့်လည်တဲ့အခါ တရာ့တပါးသော ထီးဆောင်းမင်းတို့က သူ့ကိုပူဇော်ကြ ရပါတယ်တဲ့ ....
.
ဒါပေမယ့် ရာဇဂြိုဟ်ကဗိမ္ဗိသာရရဲ့ .... နန်းပြသဆောင်က မတုန်လှုတ်ဖူး ... ဘုရင်ကလဲမပူဇော်ဘူးတဲ့ ... ဒါနဲ့နန်းပြသဒ်ကို ပတ္တမြား ခြေနင်းနဲ့နင်းတဲ့အခါ .... ခြေချော် ပုဆစ်ဒူး သွေးယိုသွားတယ်တဲ့ ....
.
စိတ်တိုလို့ သန်လျှက်နဲ့ ခုတ်တာ .... သန်လျက် ပျက်စီး သွားတယ်တဲ့ ....
.
နန်းတော်ပြန်ပြီး မြားတမန် ပစ်လွှတ်တာ ...ပြသဒ်များကမြားတမန် ကို ခြိမ်းခြောက် တယ်တဲ့ ...
.
ဘုရင်ဗိမ္ဗိသာရလဲလန့်ပြီး .... ဘုရားရှင်ဆီသွားလျှောက်တယ် ....
.
မြားကကျောင်းတော်ထိ လိုက်ပြီး ခြိမ်းခြောက်တယ် .....
.
ဒါကြောင့်ဘုရားရှင်က ... စက်ကိုဖန်ဆင်းပြီး ... မြားကိုပြစ်ချတာ ..
 မြားက .... ကြောက်ပြီး   ဇမ္ဗူပတိမင်းထံ အရောက်ပြန်ပြေးပြီး အနောက်မှာ ၀င်ပုန်းတယ် တဲ့ ... 
ဇမ္ဗူပတိမင်းရဲ့ ရင်ကိုခွဲမလို ...
ဦးခေါင်းကို ဖြတ်မလိုပြုတယ် ...
.
ဇမ္ဗူပတိ မင်းကြောက်သွားတယ် .... ဒါကြောင့်ခြေနင်းကို နဂါးအသွင် ဖန်ဆင်းပြီး ဗိမ္ဗိသာရ ကို ..ဖမ်းဖို့ကြံတယ် ...
ဘုရားရှင်က ... ဂဠုန်အသွင်ဖန်ဆင်းလို့ ... နဂါးပြေးရတယ် ....
.
ဘုရား ရှင်က သိကြားမင်းကိုခေါ်ပြီး ဇမ္ဗူပတိမင်းကို ပြန်တိုက်ခိုက်ခိုင်းတယ် ....  ဇမ္ဗူပတိမင်းက မြားနဲ့ပြစ်တယ် ...
သိကြားမင်းက စက်နဲ့ပြစ်တယ် ....
 မြားက ဇမ္ဗူပတိမင်းတံပြန်ပြေးတယ် ...
စက်ကလိုက်တယ် ....

မြားက ဇမ္ဗူပတိမင်းရဲ့ဦးရစ်ထဲ ၀င်ပုန်းတယ် ...
စက်ကဦးရစ်ကိုပစ်မယ်ပြုတယ် ...
ဘုရင်ဦးရစ် ချွတ်ပြစ်ရတယ် ....
ထွက်လာတဲ့ မြားကိုစက်ကပြစ်တယ် ....
မြားမီးလောင်တယ် ....
အဲ့ဒီမီးစ က ပဉ္စလ ပြည်ကိုစွဲတယ် ....
တိုင်းပြည် မီးလောင်တယ် ....
 ဇမ္ဗူပတိမင်း ဒီတော့မှ ... တောင်းပန်လို့ သိကြားမင်းက ... မီးငြှိမ်းပေးရတယ် ...
.
သိကြားအာဏာနဲ့ ...  ဇမ္ဗူပတိမင်း မင်းကိုခေါ်ခဲ့ရာ ...ဘုရားရှင်က ... ရာဇာဓိရာဇာမင်းအသွင်နဲ့ .... တရားဟောဆုံးမတယ် ... ဒီမှာတင်  ဇမ္ဗူပတိမင်း ရဟန်းခံကျွတ် တန်းဝင်တယ် ....လို့ ( တထာဂတ ဥဒါန ဒီပနီ ကျမ်းမှာ ) .... ပါရှိပါတယ်။
.
ဒီဒဏ္ဍာရီထဲမှာပါတဲ့ မင်းဝတ်တန်ဆာ ဒွာဒယာများဆင်မြန်းထားတဲ့ ဘုရားရှင် ရာဇာဓိ ရာဇာ မင်းအသွင်ကို ပူဇော်ကြတာလို့ပြောပါတယ် ...။
.
ဒီအကြောင်းကို မုံရွေးဆ၇ာတော်ကိုလျှောက်ထားတော့ ... ဆရာတော်ကြီးက
ဇမ္ဗူ ပတိမင်းခွှတ်ခန်းဟာ တထာကဂတ ဥဒါန ဒီပနီမှတစ်ပါး ...
ဘယ်ပိဋကတ် ဘယ်ပါဋိတော် ဘယ်အဌကထာ ဘယ်ဋိကာမှာမှ မပါတဲ့အပြင် ..ရေးသားထားပုံကလဲ ထေရ၀ါဒနဲ့မတူ ...
.
ဒါကြောင့် ထုံးစံအတိုင်း မဟာယနတွေရဲ့ ရောက်တဲ့ဒေသမှာ ...
အဲ့ဒေသမှာရှိတဲ့ ကိုးကွယ်တဲ့ တန်ခိုးရှင် နဲ့ နတ် ဒေ၀တာတွေနေရာမှာ ဘုရားရှင်ရဲ့ လွန်ခဲ့တဲ့ဘုရားလောင်းဘ၀ကိုအစားထိုး  ...
သို့မဟုတ် ဘုရားရှင်ပါ ဆိုတဲ့ အယူကို ရောနှော ထားတဲ့ ဒဏ္ဍာရီ လုပ်ဇတ်လို့ပဲယူဆရမှာလို့ ( သမန္တ စက္ခု ဒီပနီ ကျမ်း မှာ ) မိန့်တော်မူထားပါတယ် ....။
.
ထီးချိုင့်မြို့
တည်တောဆရာတော် ဘုရားကြီး တရားများကို ...
ကိုးကားပါတယ်ရှင် ...
.
ချမ်းမြေ့ကြပါစေရှင် ....
.
.

Thursday, July 3, 2014

သံဃာတော်များ ဘုရားတည်ကောင်း




မောင်လေးညီမလေးတို့ရေ .... ဧပြီလထဲကမေးထားတာထင်ပါတယ် ....

Nyeim Coco

မမာလု တစ်ခုလောက် မေးလို့ရရင် မေးချင် ပါတယ် သံဃာတော်တွေ ဘုရားမတည်ကောင်းဘူးလို့ ကုန်းဘောင် ရှာပုံတော် (ညိုမြ) မှာ တွေ့လိုက်ဘူးပါတယ် အဲဒါ တကယ်လား ဂဃနဏ လေးရှင်းပြ ပေးစေချင် ပါတယ် ။ ဝိသုဒ္ဓိမဂ် လို့တော့ ညွှန်းထားတယ် အဲလောက်ထိလည်းဥာဏ် ရည်မမှီလို့ပါ ။l'm waiting fr ur answer,Plz

★ ★ ဟုတ်ကဲ့အကို ..... တည်ကောင်း တယ်လို့ပြောရမှာဖြစ်သလို ... မတည်ကောင်းဘူးလို့လဲပြောရမှာပါ ..... ဒီနေရာမှာနှစ်ပိုင်းရှိပါတယ် .... ပထမတစ်ပိုင်းကတော့

★ ★ ★ ( က ) ရဟန်းတော်များ ရွှေငွေကို မိမိတို့ကိုယ်တိုင် အလှူခံပြီး ဘုရားစေတီတည်ထားခွင့် ပါ .... ဒါမျိုးဆိုရင်တော့ ... တည်ခွင့် မရှိပါ ... မတည်နိုင် ... မတည်ကောင်းပါဘူး ...

ရဟန်းတော်များဟာ .... ရွှေငွေကို မိမိအတွက် .... သံဃ .... ပုဂ္ဂိုလ် ... စေတီ ( ဘုရား ) စသည်တို့အတွက် ... ကိုယ်တိုင်လဲ အလှူမခံကောင်း ..... သူများကိုလဲ အလှူခံမခိုင်းကောင်း ... အဲ့ဒီအလှူခံလို့ရတဲ့ငွေနဲ့ .... ပစ္စည်းမ၀ယ်ကောင်း .... ၀ယ်တဲ့ပစ္စည်းကို ငွေအလှူခံသူနဲ့တစ်ကွ ... ဘယ်ရဟန်းမှ မသုံးစွဲကောင်း .... သုံးစွဲရင် အာပတ်သင့်ပါတယ် ....။

ဒါဟာ အဆိပ်ပင်ရေလောင်းသလိုဖြစ်တဲ့အပြင် သာသနာတော်ကို ဆိုးရွားစွာ ညစ်နွမ်းစေပါတယ် ..... အလဇ္ဇီရဟန်းတွေ တိုးပွားစေပါတယ် ...

ဒါကြောင့် ငွေနဲ့စပ်ပြီးလှူတဲ့နေရာမှာ ... အပ်အပ်စပ်စပ် လှူတတ်အောင် .... ကြိုးစားဖို့လိုအပ် ပါတယ် လို့ ရှေးဆရာတော်ကြီးတွေမိန့်ခဲ့တာပါ .... ဒကာ ဒကာမများကလဲ ... သဒ္ဓါတရားကို အလွဲသုံးစား လုပ်မိလျှင် ... ကျားသေကို အသက်သွင်းမိသူလို ... ဖြစ်တတ် ပါတယ် ....

ဘုရားတည်တာနဲ့ ပတ်သက်ပြီး ကြားဖူးတာလေးပြောပြပါ့မယ် ... အင်းဝခေတ် ဘကြီးတော် ဘုရား လက်ထက် သာသနာပိုင်ဆရာတော်ကြီးက ... ၀ိနည်းမှာ နာမည်ကျော် .... ဦးဗုဓ်ကျောင်းက ရဟန်းများကို ... ဆေးလိပ်သောက်တဲ့ အတွက် ဆုံးမပေးဖို့ မဟာဒါန်ဝန် တွေလွှတ်ပြီး လျှောက်ထားစေတဲ့အခါ ...

ဆရာတော်ဦးဗုဓ်က ...''' ငါ့ကျောင်းက ပဉ္ဇင်းတွေ ဆေးလိပ်သောက်တာ နင်တို့သာသနာပိုင် ဘုရား တည်တာလောက် မဆိုးဘူး ... သွားကြ ''' လို့ငေါက်လွှတ်ပါသတဲ့....

ဆေးလိပ်သောက်တာ သောက်သူ တစ်ဦးမှာသာ အပြစ်ရှိပြီး ငွေအလှူခံပြီး ... ဘုရား တည်တာ က ... သာသနာတော်မှာ ... အတော် ကျယ်ကျယ်ပြန့်ပြန့် အပြစ်ရှိသွား နိုင်လို့ဖြစ်ပါတယ် ....။

ရဟန်းတွေမှာတစ်ခုပဲလုပ်ပိုင်ခွင့်ရှိပါတယ် ... ဒကာ ဒကာမတွေကို ... ငါဘာလိုအပ်တယ် ပဲ ပြောကောင်း ပါတယ် .... ဘုရားတည်ဖို့ငွေအလှူခံပါတယ် ... မလုပ်ကောင်းပါဘူး ...

★ ★ ★ နောက်တစ်ပိုင်းကတော့ ....
( ခ ) ရှင်ရဟန်းများ ... စေတီတည်ခြင်း ပြုင်မွန်းမံခြင်း စသည်ကို ဓမ္မ၀ိနယ နှင့် မဆန့် ကျင် သော အားဖြင့် ဆိုလျင်တော့ ပြုလုပ်ကောင်းတယ် ... ဘုရားစေတီ တည်ကောင်း ပါတယ် .... ဆိုတဲ့ အချက်ပါ

★ ★ ဘုရားရှင်လက်ထက်တော်အခါက ... သစ်သားစလေးတွေကို ... ကြိုးနဲ့သီပြီး ... အရှက်အကြောက် ..လုံယုံပဲ ခါးပတ်လည်မှာ တန်းစီလှည့်ပတ် ထားတဲ့ .... ဗာဟိရ ဒါရုစိရိယ လို့ခေါ်တဲ့ ပရပိုဇ် တစ်ဦးဟာ ... ဗုဒ္ဓ သာဝတ္ထိပြည် ဆွမ်းခံကြွစဉ် ... ဘုရားရှင်နောက် တစ်ကောက်ကောက်လိုက်ပြီး ... ရှင်ကြီးဂေါတမ ... ကျွနုပ်ကို တရားဟောပါ ... ရှင်ကြီးဂေါတမက လူတွေကို ဒုက္ခချုပ်ငြိမ်းကြာင်း တရား ပြနိုင်ခဲ့တယ်လို့ ကျွန်ုပ် ကြားရတယ် ... ကျွန်နုပ်ကို တရားဘယ်လိုပြမလဲ ... ကျွန်နုပ်ကို တရားဟောပါ .... ဆိုပြီး မနားတမ်း ဗုဒ္ဓ အနောက်က တကောက်ကောက် လိုက်ပြောနေသတဲ့ .... ဒါနဲ့ နောက်ဆုံးမှာဘုရားရှင်က ... ''' ဒိဌေ ဒိဌ မတ္တံ - ချစ်သား မြင်တာကို ... မြင်တယ်လို့ မှတ် ''' ဆိုပြီး စကားလေးတစ်ခွန်း မိန့်လိုက်တယ်ဆိုရင်ပဲ ... အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွားခဲ့ပါတယ် ....

သူဟာ ရဟန်းပြုပေးဖို့တောင်းပန်တဲ့အခါ ရှင်တော်ဘုရားက သင်္ကန်းရှာခဲ့ဖို့မိန့်တော်မူတာနဲ့ ...သင်္ကန်း အရှာထွက် အမှိုက်ပုံမှာ အ၀တ်အစားတွေ ကောက်နေတုန်း ... ရှေးဘ၀က လက်ကျန် ၀ဋ်ကြွေး ကြောင့် ... မြေဖုတ်ဘီလူး ပူးဝင်နေတဲ့ နွားလား ဝှေ့လို့ တစ်ခါထဲ ပရိနိဗ္ဗာန် ပြုသွား ရှာပါတယ် ... ။

ဒါကိုသိတော်မူတော့ ဘုရားရှင်က ... ချစ်သားတို့ ... ငါ၏သားတော် ဗာဟိရဒါ ရုစိရိယ သည် ... ငါဘုရားသွန်သင် ဆုံးမအပ်သော ... သစ္စာလေးပါး မြတ်တရားကို ... လျှင်လျှင်မြန်မြန် သိအပ်သော ပုဂ္ဂိုလ်များထဲတွင် ငါ့၏စကား သုံးလုံး ( တစ်ခွန်း ) ထည်း နှင့်ပင် လျှင်မြန်စွာသိမြင် ခဲ့ပေသည် ...

ကြီးမြတ်လှသော ပညာရှင်ဖြစ်တဲ့ ချစ်သား ဗာဟိရ သည် လျှင်မြန်စွာ အသိဆုံး ဧတဒတ် ဘွဲ့ ခံထိုက်ပေသည် .... ဆိုပြီး အောက်ပါဂါထာဖြင့် ...

တတော အာမန္တ ယိသတ္တာ ၊ သာဝကေ သာသနေ ရတေ။
ဂဏှထ နေတွာဈာပေထ ၊ တနုံသဗြဟ္မစာရိနော။

ထူပံ ကရောထ ပူဇေထ ၊ နိဗ္ဗူ တောသော မဟာပတိ ။
ခိပ္ပာဘိညာန မေသဂ္ဂေါ ၊ သာဝကော မေ ၀စောကရော ။

ဘုရားရှင်က ... ချစ်သားတို့ သင်တို့၏သတင်းသုံးဖော် ချစ်သားဗာဟိရ ရဟန္တာရဲ့ ရုပ်အလောင်းကို ဆောင်ယူပြီး မီးသဂြိုလ်ကြကုန်လော့ .....

ကြွင်းကျန်ရစ်သော အရိုးဓါတ် ... ပြာများကို ... ထူပါ ( စေတီ ) ထည်ထား ... ပူဇော်ကိုးကွယ်ကုန်ကြလို့မိန့်ခဲ့ပါတယ် ... ဆိုတဲ့

((( ဗာဟိရဒါ ရုစိရိယ ထေရာ အပဒါန် ))) ကိုထောက်ထားပြီး လည်းကောင်း ...

★ ★ သီဟိုဠ်ကျွန်း မဟာစေတီကြီး တွင် ယို့ယွင်းပျက်စီးနေသော အရာများကို ရဟန်းတော်များ အင်္ဂတေနှင့် ဖာထေးလိမ်းကျံ ပြုင်နေကြစဉ် ... ရဟန်းတော်တစ်ပါး ခြေချော်ပြီး .... စေတီတော် အ၀န်း မှ တောင်အောက် ပြုတ်ကျရာ ... ရဟန်းတော်မှ ...

''' ဓဇဂ္ဂပရိတ္တံ မံ ရက္ခတု - ဓဇဂ္ဂ ပရိတ်တရားတော်သည် ငါ့အားစောင့်ရှောက်စေသတည်း ''' ဟု ရွတ်ပြီးအဓိဌါန်လိုက်ရင်ပဲ စေတီဝန်း အဆင့်တစ်ခု ထွက်လာပြီး ရဟန်းတော်အား ခံယူထားလိုက် ပါတယ် .... (သဂါထာဝဂ္ဂ သံယုတ်အဌကထာ )

စတဲ့ အချက်တွေကိုထောက်ထားလို့ .... ရှင်ရဟန်းများ ... စေတီတည်ခြင်း ပြုင်မွန်းမံခြင်း စသည်ကို ဓမ္မ၀ိနယ နှင့် မဆန့်ကျင် သော အားဖြင့် ဆိုလျင်တော့ ပြုလုပ်ကောင်းပါတယ်လို့ ... ပြောပါရစေရှင် ...။

ချမ်းမြေ့ကြပါစေရှင် .....