Showing posts with label အမေးအဖြ ကဏ္ဍ. Show all posts
Showing posts with label အမေးအဖြ ကဏ္ဍ. Show all posts
Tuesday, May 19, 2015
မာရ်နတ် ( သို့ ) ဒေ၀ပုတ္တမာရ်
မောင်လေး ညီမလေး တို့ရေ ....
ဒီတစ်ခါတော့ မောင်လေးတစ်ယောက်အမေးရော ....
ဘာသာခြားတွေရဲ့အမေးတွေဖြစ်တဲ့ မာန်နတ်အကြောင်းကို ... ဖြေပေးလိုက်ပါတယ်။
သူတို့မေးတာက ...
.
( ၁ ) အမနူးရေ ... မာန်နတ် ရဲ. အကြောင်း လေး တင်ပေးပါလား။ တရားတွေ ဟောရင်လည်း သူ. အကြောင်း နဲတယ်သေသေချာချာ လေး ဖတ်ကြည့်ချင်လို.သူ.ကျ ငရဲ ဘာလို.မကျသေးတာလဲ 
ကျွန်တော်တို. သိထားတာက သူက ဘုရား ကို စစ်တပ်တွေ နဲ. တိုက်ပြီး ခြိမ်းခြောက်တာ လို. သိထားတာ
.
( ၂ ) မာန်နတ်ဆိုတာ နတ်ပြည် ( ၆ ) ထပ်မှာ အမြင့်ဆုံးဖြစ်တဲ့ ဝဿဝတ္တီ နတ်ပြည်က နတ်မင်းကြီးဆိုရင် သူဟာ ဘယ်ကုသိုလ်တွေကြောင့် အကောင်းဆုံးဘုံကိုရောက်ပြီး ... လောကမှာ အဆိုးဆုံး အလုပ်တွေကို လုပ်နေရတာလဲ ... 
.
( ၂ ) မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က နတ်အကြီးအမှူးဖြစ်တဲ့အတွက် တာဝတိ`ံသာက သိကြားမင်းထက် တန်ခိုးအရာမှာ သာလွန်လိမ့်မယ်လို့တော့ တွေးမိပါတယ်။ မာရ်နတ်မင်း ဖျက်ဆီးတာတွေကို သိကြားနတ်အပါအဝင် လောကပါလ နတ်မင်းကြီးလေးပါး တို့တောင် မတားဆီး နိုင်ဘူးပေါ့ ဒါဆို ဒီလိုမကောင်းတာလုပ်တဲ့နတ်ဆိုးဟာ နတ်အားလုံးရဲ့အကြီးအမှူးဖြစ်နိုင်တယ်ဆိုရင် ဘုရားဟောတွေနဲ့ သွေဖည်မနေဘူးလား ...
.
.................................................................................................
.
မာရ်နတ်အကြောင်းမပြောခင် မာရ်ဆိုတဲ့ စကားရဲ့အဓိပါယ်လေးကိုပြောပြပါရစေ ... မာရ်ဆိုသည်မှာ ဖျက်ဆီးခြင်း၊ ညှဉ်းဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း မကောင်းမှုကို လှုံ့ဆော်ခြင်း စတဲ့ သဘောရှိတဲ့ အရာများကို ဆိုလိုပါတယ်။
.
ကျမတို့ ဗုဒ္ဓသာသနာတော်အယူအရ ... မာရ် ( ၅ ) ပါးရှိပါတယ် .... 
.
မြတ်စွာဘုရားများအောင်မြင်တော်မူတဲ့ မာရ်(၅)ပါး ပါ ...။
.
၁။ ဒေ၀ပုတ္တမာရ် ((ဒါကတော့ အားလုံးသိချင်တဲ့ သက်ရှိ မာန်နတ်ပေါ့ ))
၂။ ကိလေသမာရ် ((ကိလေသာ ၁၀ - ပါး အပြား အပါး ၁၅၀၀ ကိုကိလေသာမာရ် လို့ခေါ်တာပါ))
၃။ အဘိသင်္ခါရမာရ် ((ဘ၀သစ်ဖြစ်ရန်စီမံပေးတဲ့ လောကီ ကုသိုလ်၊ အကုသိုလ်ကံများ )))
၎။ မစ္စုမာရ် သေခြင်းတရား။ 
၅။ခန္ဓမာရ် ((ရဟန္တာမဖြစ်မီ အတွင်းကာလမှာ အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို ခန္ဓမာရ်ဟု ခေါ်တာပါ )) 
.
မာရ် ( ၅ ) ပါးထဲက .... ကိလေသမရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာမာရ်၊ မစ္စုမာရ်၊ ဆိုတဲ့ မာရ် ( ၄ ) ပါးက လောဘဒေါသမောဟရဲ့ ကိုယ်ပွားတွေပါ ......
.
ဒေ၀ပုတ္တမာရ် တစ်ခုတည်းကသာ တစ်ခုတည်းသော သက်ရှိ မာရ် ဖြစ်ပါတယ် နတ်ဆိုးတစ်ပါးပါ ။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်ပါတယ်။ 
ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာမှလွတ်မြောက်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံက နှောက်ယှက် တတ်ပါတယ် ... ဒါကိုမာရ်နတ် နှောင့်ယှက်တယ်လို့ ခေါ်ပါတယ်။
.မာရ် ( ၅ ) ပါးလုံးဟာ အဆုံးသတ်မှာ မတည်မြဲသော သေခြင်း၏ အကြောင်းတရားများသာ ဖြစ်ပတယ် ...။
.
★ ★ ၁။ ဒေ၀ပုတ္တမာရ် 
ဒါကတော့ အားလုံးသိချင်တဲ့ သက်ရှိ မာရ်နတ်ပေါ့...
မာန်နတ်အကြောင်းပြောမယ်ဆိုရင် ဒေ၀ပုတ္တဆိုတဲ့ စကားရဲ့အဓိပါယ်ကို အရင် သိသင့်ပါတယ် 
ဒေ၀ = နတ် .... 
ပုတ္တ = သားရတနာ 
မာရ် = မကောင်းမှုကို နှိုးဆော်တတ်သော အဖျက် အဆီး အတား တို့ကိုသာ ပြုလုပ်တတ်သော (( တစ်နည်း ဖျက်ဆီးခြင်း၊ ညှဉ်းဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း သဘောရှိတဲ့ အရာများ ... လို့ ))) လို့ အဓိပါယ် ရတာပါ ... 
.
ဒီတော့ ဒေ၀ပုတ္တမာရ် ကို မြန်မာပြန်လိုက်ရင် .... 
မကောင်းမှုကို နှိုးဆော်တတ်သော အဖျက် အဆီး အတား တို့ကိုသာ ပြုလုပ်တတ်သောနတ်သား (နတ်ဆိုး) လို့ အဓိပါယ်ရတာပေါ့...။
.
မာရ်နတ်အကြောင်းကိုပိဋကတ်လမ်းညွှန်ကျမ်း ဒုတိယတွဲ၊ စာမျက်နှာ (၂၅၁) မှာ မာရ်နတ် (အစစ်၊အတု) နှစ်မျိုး လို့ရေးထားတာ တွေ့ရပါတယ်။ 
.
(၁) မာရ်နတ်မင်း (အစစ်)မှာ ဝသဝတ္တီ လို့ခေါ်ပြီး အဲဒီနတ်ပြည်မှာနေကာ နတ်ပြည်ခြောက်ထပ်ကို အစိုးရပါတယ်။ ဒီမာရ်နတ်မင်းအစစ်က ဘုရားရှင်အား နှောင့်ယှက်တဲ့ မာရ်နတ်မဟုတ်ပါဘူး ။ ဒီမာရ်နတ်က မာရ်နတ်အစစ်ပါ ။
.
(၂) ဘုရားရှင်အား အနှောက်အယှက် အမျိုးမျိုးပေးနေတဲ့မာရ်နတ်ကတော့ ''မာရ၊ ကဏှ၊ ပဇာပတိ၊ အန္တဂူ၊ နမုစိ၊ ပမတ္တဗန္ဓု၊ ပါပိမ၊အန္တက'' လို့အမည်အမျိုးမျိုးခေါ်ပြီး ပရနိမ္မိတ ဝသဝတ္တီ ဘုံမှာနေတဲ့ နတ်ဆိုးတစ်ပါး ပါ ပရနိမ္မိတ ဝသဝတ္တီ နတ်မင်း မဟုတ်ပါဘူး။ ဆိုးသွမ်းတဲ့နတ်ဆိုးကြီးသာ ဖြစ်ပါတယ်။ ဒီမာရ်နတ်ကတော့ မာရ်နတ်အတုပေါ့
.
ဒီမာရ်နတ်ဟာ ကကုသန်ဘုရားရှင် လက်ထက်တော်ကရှိခဲ့ဘူးတဲ့ ဒုဿီ မာရ်နတ်ရဲ့ နှမဖြစ်သူ ကာဠီရဲ့သားဖြစ်ပြီး ယခု ဂေါတမဘုရားရှင်လက်ထက်တော်တွင် မာရ်နတ်ဖြစ်လာကြောင်း သိရ ပါတယ်။
ယခုဂေါတမမြတ်စွာဘုရားရှင်ကို လိုက်လံဖျက်စီးနေတဲ့ မာရ်နတ်ဟာ ဒုဿီမာရ်နတ်ရဲ့ တူတော်သူ ဒုဿီမာရ်နတ်ရဲ့ နှမတော် ကာဠီရဲ့ သားဖြစ်တယ်လို့ သိရပါတယ်။ 
.
ဆရာပါရဂူဘာသာပြန်တဲ့ဗုဒ္ဓဒိုင်ယာရီစာအုပ်ထဲမှာတော့ မာရ ခေါ် မာရ်နတ်ကို အတွင်း စိတ်မှာဖြစ်ပေါ်လာတဲ့ အနှောင့်အယှက် ဒွိဟ ဖြစ်ပေါ်မှု တစ်မျိုးလို့ရေးထားပါတယ် ။
ဒီလို ယူကြတဲ့ အနောက်တိုင်း အယူအဆ သမားတွေလဲ ရှိကြပါတယ်။
.
မာရ်နတ်ဟာ နတ်ပြည်ခြောက်ထပ်ထဲက ဝဿဝတ္တီနတ်ပြည်မှာစံပါတယ်။ ဝဿဝတ္တီ နတ်မင်းကြီးလဲ မနိုင်တဲ့ နတ်ဆိုးလို့ ပါ ...
နတ်တွေဟာ နတ်ပြည်တစ်ထပ်ကနေ တစ်ခြားတစ်ထပ်ကို မလည်ပတ်ကြပေမယ့် မာရ်နတ်ကတော့ လျှောက်သွားနေတတ်ပါတယ်။
.
မာရ်နတ်ဟာ ဗုဒ္ဓကို တောမထွက်ခင်ကတည်းက စတင်နှောက်ယှက်ပါတယ်။ 
တောထွက်ပြန်တော့လဲ တံခါးဝကပိတ်ပြီး မင်းသား နောက်တစ်ပတ်ဆို စကြာရတနာရောက်ပြီ။ ဘာလို့တောထွက်မှာတုန်း .... စကြ၀တေးမင်း ဘ၀နဲ့ ကုသိုလ်အမှုတွေကို လုပ်စမ်းပါလို့ ဆွယ် ပါတယ်။ သိဒ္ဓတ္တမင်းသားမောင်း ထုတ်လိုက်မှ ထွက်ပြေးပါတယ်။
★ေ နာက်တော့ ဒုက္ကရစရိယာကျင့်တဲ့အခါမှာ မာရ်နတ်က လူသားတွေကို ကယ်တင် စရာမလိုကြောင်း ကယ်တင်လည်းအကောင်းမြင်မှာမဟုတ်ကြောင်း သံလျှက်မိုးပြီး ဂုတ်ပေါ်ခွစီးထားသူစကားကိုသာ ကြောက်ရွံ့ယုံကြည်ကြောင်းသွေးထိုး နှောက်ယှက်ပြန်ပါတယ်။ ဒီတော့မောင်းထုတ်ရပြန်ပါတယ်။ 
.
ဒီလိုနဲ့ အကြိမ်ကြိမ် နှင်ထုတ်ခံရတဲ့အခါမှာ မာရ်နတ်က ကြိမ်းဝါးပါတယ်။
အသင်မင်းသား ... သင့်ဆီမှာ ကာမဂုဏ်အာရုံ ခံစားချင်တဲ့စိတ်၊ သူတစ်ပါးကိုညှဉ်းဆဲလိုတဲ့ စိတ်၊ နောက် တွေဝေပျံ့လွင့်တဲ့စိတ် သုံးမျိုးထဲက တစ်ခုခု ဖြစ်ခဲ့သော် … သင်ဟာ ကျွနုပ်ကိုရှုံးပြီ … သင်ဒီဘ၀မှာဘုရားဖြစ်မှာမဟုတ်တော့ဘူးလို့ ကြိမ်းဝါးပါတယ်။
ဒါပေမယ့်ကိလေသာ အညစ်အကြေးမြူတစ်မှုန်စာတောင်ရှာမရခဲ့ပါဘူး … အလောင်းတော် ဘဝက တည်းက ဖြူစင်မှုကို ထင်ရှားစေတာပါ။
.
ဘုရားဖြစ်မယ့် ညမှာလည်း မာရ်နတ်ရောက်လာပြန်ပါတယ်။ 
မာရ်နတ်ဟာ ဂီရိ မေခလာဆင်ကိုစီးပြီး လက်ရုံးတစ်ထောင်ဖန်ဆင်းကာ အလောင်းတော် ဗောဓိသတ်ကို နှောင့်ယှက်ပါတယ် ။
အလောင်းတော်က အသက်မဲ့မြေကြီးကိုသစ္စာတိုင် တည်တော့ မာရ်နတ်ရှုံးပါတယ်။ 
လက်တစ်ဖက်မှာကိုင်ထားတဲ့ သူပိုင်တဲ့ ဗေလုဝ နတ်စောင်း လွတ်ကျပါတယ် ….
သိကြားမင်းက ခံယူပြီး ပဉ္စသီင်္ခက နတ်သားကိုပေးခဲ့တယ်လို့ သိရပါတယ်။
သဗ္ဗညုတဥာဏ်တော်ကို ရတဲ့အခါမှာ မာရ်နတ်ဟာ မြေပေါ်မှာ အစင်းကြောင်းတွေခြစ်ပြီးစိတ်ပျက်လက်ပျက်နဲ့ ရဟန်းဂေါတမ ကျင့်တဲ့ ပါရမီအကျင့်တွေ မကျင့် ခဲ့လို့ ငါသူ့လို ဘုရားမဖြစ်တာလို့ ညည်းညူပါတယ်။ 
ဒါကို မြင်တဲ့ သမီးသုံးပါးက မခံနိုင်ဖြစ်ပြီး အသက်ငယ်ငယ်၊ အသက်လတ်လတ်၊ အသက်ကြီးကြီး မိန်းမလှသုံးယောက်လို ဖန်ဆင်းလို့ မြူဆွယ်ခဲ့ပါတယ်။ ရှုံးပါတယ်။
.
ဘုရားဖြစ်ပြီးတော့လည်း သင်လိုချင်တဲ့ သဗ္ဗညုတဉာဏ်ရပြီ မဟုတ်လား တော်ပြီလေ တရားမဟောနဲ့နော်လို့ တားပါသေးတယ်။ 
ဘုရားရှင်က တရားလိုက်ဟောနေတော့လည်း ဘုရားရှင်ကို မြန်မြန်ပရိနိဗ္ဗာန်ပြုဘို့ ခနခန နားပူ နားဆာလုပ် တောင်းပန်ပါတယ်။
တစ်ကယ်ဆိုးတဲ့မာရ်နတ်ကြီးပါပဲ …. 
.
ဇာတ်တော်တွေထဲမှာတော့ 
ဘုရားလောင်း လယ်သမားဘဝတုန်းက ဒေဝဒတ်နဲ့ မာရ်နတ်ဟာ ကျီးကန်းနဲ့မြွေဖြစ်ပြီး အလောင်းတော်ကို သတ်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 
.
တစ်ခါမှာတော့ မာရ်နတ်ဟာ ရဟန္တာမတစ်ပါးကို သွားနှောင့်ယှက်ပါတယ် … ရဟန္တာမကြီးက ပဌါန်းကို အကျယ်ဟောပြလိုက်တဲ့အခါ … မာရ်နတ်ထွက်ပြေးရပြန်ပါတယ် …။
.
အခါတစ်ပါးမှာတော့ … အရှင်မောဂ္ဂလာန်ကိုယ်တော်ကြီး ဆွမ်းဘုန်းပေးပြီး ဗိုက်ထဲ မအီသာလို့ တန်ခိုးနဲ့ ဆင်ခြင်တော့ မာရ်နတ်က အစာအိမ်ထဲဝင်နေတာကိုတွေ့ရပါတယ်။
ဒီအခါမှာ သာဝကကြီးက ထွက်လာဘို့ပြောပေမယ့် ပေကပ်ပြီးနေခဲ့ပါတယ် …. ဒီတော့မှာ သျှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက … မာရ်နတ်ကို ...
.
★ ★ အသင်မာရ ငါဟာ အရင်ဘဝက သင့်ဦးရီး တော်ခဲ့သူဖြစ်တယ် .... သင့်မိခင် ကာဠီနတ်သမီးရဲ့မောင်တော်သူဖြစ်တယ်။
.
ငါဟာ ကဿပ ဘုရားရှင်လက်ထက်တော်က ဒုဿီမာရ်နတ်ဘ၀နဲ့ သူကြွယ်ပုဏ္ဏားတွင် စွဲဝင်ပြီး ဘုရားရှင်ကိုဆဲရေးခြင်း၊ 
ရဟန်းတို့ကို ဆဲရေးချောက်ချားစေခြင်း၊ 
ကဲ့ရဲ့ရှုတ်ချခြင်း၊ 
ရဟန်း၊ ရဟန်းမတို့အနီးတွင် ဝိသဘာဂအာရုံဖန်ဆင်းပြီး လူတို့ကိုမြင်စေခြင်း၊ 
ရဟန်း၊ ရဟန်းမတို့အား အပျိုမများ၊ လူပျိုများနှင့် ဆက်ဆံကြပုံတို့ကို ဖန်ဆင်းပြခြင်း၊ 
မုဆိုး တံငါတို့ကဲ့သို့ ငါးမျှားပုံ ငှက်ထောင်ပုံတို့ကိုဖန်ဆင်းပြခြင်း၊ 
လူတို့က မကြည်ညိုအောင်လုပ်ခြင်း၊ 
နောက်ဆုံးတွင် ကကုသန်ဘုရားရှင်ရဲ့ လက်ျာရံဖြစ်တဲ့ ဝိဓုရထေရ်ရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ ကွဲသွားအောင် ပစ်ခြင်းစသည်တို့ကို ပြုခဲ့ပါတယ်။
ဒီအခါမှာ သာဝကကြီးက … မာရ ငရဲဘုံကို ပျော်စရာနေရာများထင်ရော့သလားလို့မိန့်တဲ့အခါမှာ … ချက်ချင်းနတ်သက်ကြွေပြီး… အပါယ်ငရဲကျခဲ့ပါတယ်
.
အဝီစိငရဲမှာ နှစ်ပေါင်းတစ်သိန်းမျှ ကာလပတ်လုံး ဒုက္ခခံရပါတယ်။ အရဟန္တဃာတက ကံကြီး ထိုက်ခဲ့သူဖြစစ်ခဲ့ပါတယ် .... လို့ဟောတော်မူတော့မှ မာရ်နတ်ဟာ စိတ်ထားနူးညံ့လာပြီး သံဝေဂရ ထွက်သွားပါတယ်။ 
.
တန်ခိုးအရာမှာ ဘုရားရှင်မှတစ်ပါး သူ့ထက်သာလွန်သူမရှိခဲ့တဲ့ တန်ခိုး အာနုဘော်ကြီးမားတဲ့ သာဝကကြီးတောင်မှ မာရ်နတ်ကို မေတ္တာဖြင့်ဆုံးမခဲ့ပါတယ်။
.
တစ်ကယ်တော့ ဒီမာန်နတ်ကြီးဟာ သူ့စိတ်ထဲမှာ (၃၁) ဘုံရှိတဲ့ သတ္တ၀ါတို့မှာ သူသာ တန်ခိုး ကြီးတယ်၊ 
ကာမဂုဏ်ဆိုတာ သတ္တ၀ါတွေအတွက် သူကပဲ ဖန်ဆင်းပေးထားတာမျိုး အထင်ရောက်နေသူပါ။
.
သတ္တ၀ါတွေ သံသရာမှာ ဘ၀မျိုးစုံ ကျင်လည်ရင်း သူဖန်တီးပေးထားတဲ့ လောကီအာရုံ ကာမဂုဏ် တွေကို ခံစားနေကြတာကိုကြည့်ပြီးသူက သဘောကျနေသူပါ။
.
ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူကလိုက်ပြီး နှောက်ယှက်တာပါ။
.
အဲဒီတော့ ဒီမာရ်နတ်မင်းဟာ သူဖန်ဆင်းပေးထားတာလို့ ထင်နေတဲ့ လောကကြီးထဲမှာရှိတဲ့ ကာမဂုဏ်များကို သူလိုပဲ အများကိုပါ ခံစားစေချင် နေသူ ဖြစ်ပါတယ်။
သူဟာ မာရ်နတ်မင်း ဘ၀ကနေ သက်တမ်းကုန်ရင်တော့ သူလုပ်ခဲ့တဲ့ မကောင်းမှုများကို ပြန်လည် ပေးဆပ်ရပါ လိမ့်မယ်။
.
………………………………………………………..
.
မာရ်နတ်နဲ့ အခြားဆရာတော်တွေပတ်သက်မှုကို တော့ မြန်မာသာသနာဝင်မှာ စွန်းလွန်းဂူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီးတို့ ခန္ဓာဝန်ချခါနီး လာတောင်းပန်သလို ဖတ်ဖူးပါတယ်။ 
.
နောက်လယ်တီဆရာတော်ကို လာနှောက်ယှက်တဲ့ သဘောလက္ခဏာတွေကို လဲ ဖတ်မိဘူးပါတယ်။ 
.
မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ တောနေရဟန်းတွေ တစ်ပါးတည်း တောထဲအားထုတ်ရင် ညဖက် အသံပေးတာတွေ၊ အလင်းရောင်တွေနဲ့ အုပ်လိုက်ကြီးချီတက်လာတတ်တာတွေ၊ 
.
နှစ်ပါးသီတင်းသုံးရင် တစ်ပါးနဲ့တစ်ပါး သည်းမခံနိုင်အောင် ပြဿနာတက်လာတတ်တာတွေကို သတိပေးဖူးပါတယ်။
.
အပူ နဲ့ အအေး
အဖို နဲ့အမ 
အကောင်း နဲ့ အဆိုး
ဓမ္မ နဲ့ အဓမ္မ
ကောင်းမှု နဲ့ မကောင်းမှု 
စသည် ဒွန်တွဲနေတဲ့လောကကြီးမှာ လူတွေဟာ မိမိတို့ပြုသမျှကို ဓမ္မ လား အဓမ္မလား ဆိုတာ ... မိမိတို့ဆောက်တည်ခဲ့တဲ့ ပါရမီအနု အရင့်နဲ့သာခွဲခြား နိုင်တာကြောင့် .... ပါရမီရင့်သန်အောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းရင်း ....
.
( ကျန်တဲ့မာရ် ( ၄ ) ပါးကို လာမယ့်တနင်္ဂနွေ ထပ်တင်ပေးပါ့မယ် )
.
ချမ်းမြေ့ကြပါစေရှင် ...
Thursday, April 2, 2015
ဘာသာခြားစွတ်စွဲမှုများ .... ဘုရားနှင့်မောင်းမများ
မောင်လေးညီမလေးတို့ရေ .... ပိဠကတ်ကျမ်းတော်တွေမှာ တစ်ကယ်ပဲ ပါနေသယောင် ... ကျမ်းညွှန်းတွေကိုပေးပြီး .... မသိနားမလည်တဲ့ မိရိုးဖလာ သာသနာတော်ဝင်ခလေးတွေ ... ထင်ယောင်ထင်မှားဖြစ်အောင် ... ရေးထားတာလေးတွေကို ... ဆိုဒ်တစ်ခုကနေ တွေ့လို့ .... ဖြေရှင်းထားတာလေးပါ .... ဖတ်ကြည့်ပါ
.
.
မောင်းမဆိုတာဟာ မိဘုရားငယ်တွေဖြစ်ကြောင်း ဆယ်တန်းတုံးက ခက်ဆစ်မှာ သင်ကြားခဲ့ရပါတယ်။ ပိဋကတ်တော်ကို အသေအချာ လေ့လာမိတဲ့အခါမှာလဲ မောင်းမဆိုတာဟာ ကြင်ရာတော်တွေဖြစ်ကြောင်း ကို သိရပါတယ်။ ဥပမာအားဖြင့်  (ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန် ၃- ကုဏ္ဍလကေသီဝဂ်  ၁၀- ယသောဓရာပမုခအဋ္ဌာရသဘိက္ခုဏိသဟသအပဒါန်- အမှတ်၄၃၁) မှာဆိုရင် ယသောဓရာဦးဆောင်တဲ့ ရဟန်းမ တစ်သောင်းရှစ်ထောင်က ဘုရားဆီချဉ်းကပ်ပြီးပြောကြပါတယ်။ သူတို့အားလုံးဟာ ဘုရားလောင်းရဲ့ ကြင်ရာတော်တွေပါတဲ့ ခင်ဗျ။
.
မောင်းမ (သို့) မိဘုရားငယ် ဆိုတာဟာ လိင်ဆက်ဆံခံဖြစ်ကြောင်းကိုလဲ ပိဋကတ်တော်အရ အသေအချာ သိရပါတယ်။ ဥပမာအားဖြင့် ဘုရင်ရဲ့မောင်းမတစ်ဦးဟာ ဘုရင်ကသူ့ဆီသိပ်မလာနိုင်လို့ သူ့ခမျာ ချောမောပြေပြစ်တဲ့ ချိပ်တောင့်နဲ့ ဖြေရပါသတဲ့။  
(ဝိနည်း၊ ပါစိတ်၊ ၁- လသုဏဝဂ် ၄-စတုတ္ထသိက္ခါပုဒ် အမှတ် ၈၀၆)
.
နောက်ပြီးတော့ ဒီလိုမိဘုရားငယ်တွေဟာ လိင်ဆက်ဆံခံဖြစ်ကြောင်းကို (အင်္ဂုတ္တိုရ်ပါဠိတော် ၊ ဒသကနိပါတ်၊  ၅- အက္ကောသဝဂ် - ရာဇန္တေပုရပ္ပဝေသနအမှတ် ၄၅) မှာလဲ လေ့လာနိုင်ပါတယ်။
ဒီလောက်များတဲ့ မိန်းမတွေဟာ ယောက်ကျားတစ်ယောက်တည်းကသာ ပိုင်ဆိုင်တာဖြစ်တဲ့အတွက် ချိပ်တောင့်နဲ့ ဖြေရပါတယ်ဆိုတာဟာ တကယ်တော့ ဘုရင်မင်းသားတွေရဲ့ မောင်းမ သောင်း၊ သိန်းချီပြီး အများအပြားထားရှိခြင်းဟာ အာဏာဖိအားဖြင့် အမျိုးသမီးတွေကု စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ဆိုးညစ်မူကို အထင်းသားမြင်တွေ့ရတဲ့ ဖြစ်စဉ်ပါပဲ။
.......................................................................................
.
အဖြေပါ ....
.
★  ((((((( ကျွန်တော်ပြောချင်တာက မွေးကတည်းက လမ်းထလျှောက်ကာ အလုံးစုံအရပ်တို့ကို လှည့်ပြီး ငါသည် လောကမှာ ထိပ်ဆုံးဖြစ်တယ်၊ ငါသည်လောကမှာ အကြီးဆုံးဖြစ်တယ်၊ ငါသည် လောကမှာ အမြတ်ဆုံးဖြစ်တယ် လို့ ကြွေးကျော်ရမယ်မှန်းသိနေပါတယ်တဲ့ 
(((((မဇ္ဈိမနိကာယ်၊ ဥပရိပဏ်ဏာသပါဠိတော်၊ ၃- သုညတဝဂ် ၃- အစ္ဆရိယအဗ္ဘုတသုတ် ၊အမှတ် ၂၀၇)... ))))))) 
.
ကျမ်းကိုးမှားနေပါတယ် .... ဒါဟာ ဗုဒ္ဓ၀ံသ အဋ္ဌကထာ မှာပါတာပါ ... မဟာဗုဒ္ဓ၀င်ပါ ... ဘုရားဟော မဟုတ်ပါဘူး ..... အဋ္ဌကထာဆရာတော်များ ဗုဒ္ဓကို .... ကြည်ညိုလွန်ပြီး လွန်လွန်ကြူးကြူး  ဖွဲ့ထားတာပါ ...... မွေးကထဲကလမ်းထလျှောက်တယ်ဆိုတဲ့ ကျမ်းတော့ ပိဠကတ်တော် ပါဠိမှာ မတွေ့မိပါဘူး။ (((((( ဘုရားလောင်းလို မောင်းမ လေးသောင်း  ၊ ဒါမှမဟုတ် ယသောဓရာက  သူဟာ သတို့သမီး တစ်သိန်းရဲ့ အကြီးအမူးဖြစ်တယ်လို့ ဝန်ခံတဲ့ အရေအတွက်လောက် တမာန်တော်မြတ် (ဆွ) မှာ မိန်းမရှိပါတယ်လို့ ကိုရမ်ကျမ်းတော်မြတ်က မဆိုပါဘူးခင်ဗျ။ )))
( ခုဒ္ဒကနိကာယ်၊ ဗုဒ္ဓဝံသပါဠီတော် ၊ ၂၇ ဂေါတမဗုဒ္ဓဝင် အမှတ် ၁၅)
(ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် ၃- ကုဏ္ဍလကေသီဝဂ်  ၈- ယသောဓရာထေရီအပဒါန် အမှတ် ၃၃၃)
.
အင်း ... မိန်းမလေးသောင်း ... ဟုတ်လား .... တွက်ကြည့်ကြရအောင် .... 
သိဒတ္တမင်းသား သိတတ်တဲ့အရွယ် ... အသက် ( ၁၆ ) နှစ်က မိန်းမစယူတယ်ဆိုပါစို့ 
တောထွက် တာက အသက် ( ၂၉ ) နှစ် .....
အသက် ( ၁၆ ) နှစ်ကနေ ( ၂၉ ) နှစ်အတွင်း ... စုစုပေါင်း ( ၁၃ ) နှစ်မှာ မိန်းမ လေးသောင်းကျော်ကို ဘယ်လိုပေါင်းပါလိမ့် ..... 
( ၁၃ ) နှစ်မှာ ... ရက်ပေါင်း ( ၄၅၀၀ ) ....
အင်း .... တစ်နေ့ကို မိန်းမ ကိုးယောက်နှုံးနဲ့ ... ပျက်ရက်မရှိ ....  ပေါင်းရမယ့် သဘောမှာ ရှိနေတာပါလား  .... မတွေးဝံ့စရာပဲ ။
.
မောင်လေးရယ် ကျမတို့ ဘုရားလောင်းဗောဓိသတ်က  .... 
မိမဲ့ဖမဲ့ ငတ်ပြတ်ပြီး ကုလားအုတ်ကျောင်း ချီးကျုံး ..... ကုလားအုတ် တင်းကုတ်မှာ အိပ် ... မိန်းမရမှ လူလိုသူလိုနေရတဲ့သူ .... မဟုတ်ဘူးလေကွယ် ....  
ဘုရင့်သားတော်လေ .... ဒါကြောင့် ငယ်စဉ်ကစပြီး သူ့ကိုထိန်းကျောင်း လာတဲ့ ကိုယ်လုပ်တော်တွေ အခိုင်းအစေတွေ ... ရှိတာပေါ့ ....
.
အ၀တ်လျှော်...အ၀တ်လဲ ...ပွဲတော်ပြင် .. ပန်းမာန်အလှပြင် ... ဥယျာဉ် ပြင် ကချေသည် .... ကချေသည် ကို ပြင်ဆင်ပေးသူ ..... အ၀တ်ချုပ်သူ ... ယသော်ဓရာရဲ့ အလုပ်အကျွေး ကိုယ်လုပ်တော်တွေ ....
.
 ဘုရင့်သားတော် ဆိုတာ အ၀တ်တောင်ကိုယ့်ဖာသာဝတ်တာမဟုတ်ဘူး ... ရုပ်ရှင်တွေထဲမှာ မမြင် ဘူးလား အများကြီးကိုကွယ် ..... အလုပ် အကျွေး အားလုံး ပေါင်းကိုပြောတာလေ .....
.
ရှင်တို့တမန်တော်လို မိန်းမတွေ့တာ နဲ့မယားတော် လိုက်တယ်များ ထင်နေလားရှင် .... ဘုရင့်သားတော် အိမ်ရှေ့ဥပရာဇာ က သူ့ရဲ့ကျေးကျွန်မ တွေကို မယားလုပ် စရာလား ....
.
ယသော်ဓရာဟာ .... နန်းတော်က ဘုရင် အိမ်ရှေ့မင်းသားနဲ့ ဘုရင့်သားတော်များအားလုံး .... မင်းသားတွေ ရဲ့မိဖုရားများအားလုံး ....   မိထွေးတော် စသည် အားလုံးတို့ရဲ့ ကိုယ်လုပ်တော် အမျိုးသမီး အားလုံးကို စီမံကွပ်ကဲရသူလေ .... နန်းတော်တွင်းရှိမိန်းမအားလုံးရဲ့ အကြီးအမှူးလေ ....
.
အဲ့တာနဲ့ ရှင်တို့တမန်တော်မိန်းမ ၁၁ ယောက်ယူတာနဲ့ဘာဆိုင်လို့တုန်း
ရှင့်ဖာသာ တမန်တော် မိန်းမ ၁၁ယောက်နဲ့ ၆နှစ်သမီးယူတာ မဆိုးပါဘူးဆို မဆိုးနဲ့ပေါ့ ... အဲ့တာ၇ှင်တို့သမိုင်းလေ ...။
ရှင်တို့တမန်တော်မိန်းမများတာ ....  ၆ နှစ်သမီးယူတာကိုထောက်ခံချင်တာနဲ့ .... ဗုဒ္ဓကိုပါ တန်းဆွဲ ညှိနေတာ ပါလား ...
.
ယသော်ဓရာ တစ်ယောက်ထဲနဲ့ တင်တောင် တုံဏှိဘာဝေ တောထွက်ဖို့ အကြိမ်ကြိမ်ကြံနေလို့ ... သံတံခါး မကြီး ၆ထပ်နဲ့ ပိတ်ထားရတာလေကွယ် ....
.
စွပ်စွဲချင်ရင် .... ဗုဒ္ဓ၏ မိန်းမများဆိုပြီး ကျမ်းကိုးတိတိကျကျနဲ့ .... တင်ပြလိုက်လေ ... ဟိုခေတ်က ဘုရင် မင်းသား မင်းသမီး တွေရဲ့ကျွန်မတွေအားလုံးကို ကိုယ်လုပ်တော် ... မောင်းမ လို့ခေါ်တယ်လေကွယ် .....  ကိုယ်လို ရာအတင်းဆွဲ ဘာသာပြန်တာ ကတော့ လွန်တာပေါ့  ....
.
(((( မောင်းမဆိုတာဟာ မိဘုရားငယ်တွေဖြစ်ကြောင်း ဆယ်တန်းတုံးက ခက်ဆစ်မှာ သင်ကြားခဲ့ရပါတယ်။ ပိဋကတ်တော်ကို အသေအချာ လေ့လာမိတဲ့အခါမှာလဲ မောင်းမဆိုတာဟာ ကြင်ရာတော်တွေဖြစ်ကြောင်းကို သိရပါတယ်။)))))
မောင်းမတော်ဆိုတာကြင်ယာတွေဖြစ်တယ်လို့ပြောတဲ့ ပိဋကပ်တော်လေးတစ်ချက်ပြပါ ကိုကို အပ္ပနားရေ .....
.
(((((( ဥပမာအားဖြင့် (ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန် ၃- ကုဏ္ဍလကေသီဝဂ် ၁၀- ယသောဓရာပမုခအဋ္ဌာရသဘိက္ခုဏိသဟသအပဒါန်- အမှတ်၄၃၁) မှာဆိုရင် ယသောဓရာဦးဆောင်တဲ့ ရဟန်းမ တစ်သောင်းရှစ်ထောင်က ဘုရားဆီချဉ်းကပ်ပြီးပြောကြပါတယ်။ သူတို့အားလုံးဟာ ဘုရားလောင်းရဲ့ ကြင်ရာတော်တွေပါတဲ့ ခင်ဗျ။ ))))) 
.
မိထွေးတော်ဂေါတမီ ဦးဆောင်တဲ့ .... နောက်လိုက်မောင်းမ ( ၅၀၀ ) 
ယသော်ဓရာ ဦးဆောင်တဲ့ နောက် လိုက် မောင်းမ တစ်သောင်းရှစ်ထောင် ..
ဗုဒ္ဓထံမှာ ဆည်းကပ်ပြီး .... ရဟန်မ ( ဘိက္ခူနီ ) ပြုကြတာပါ .... 
မရှက်ဘူးလား ရှင် .... သူများ ဘုရားဟောတွေ ကို ... လိမ်ပြီးပြန်ထားတာတွေလေ .... အင်းလေ ဘမျိုး ဘိုးတူလေးတွေပဲ ဟာကို။
.
((((( မောင်းမ (သို့) မိဘုရားငယ် ဆိုတာဟာ လိင်ဆက်ဆံခံဖြစ်ကြောင်းကိုလဲ ပိဋကတ်တော်အရ အသေအချာ သိရပါတယ်။ )))) 
.
အဲ့ဒိကျမ်းကိုးလေးတစ်ချက်ပြပါ .... ပိဋကပ်မှာရော အဋ္ဌကထာမှာပါ မပါဘူးရှင် ....
ဝိနယဆိုတဲ့ဝိနည်းတော်တွေဆိုတာ ... အနေချောင်အောင် သာသနာတော်ထဲဝင်လာပြီး ယ္ခင်က ယုတ်ညံ့တဲ့ အကျင့်စရိုက်တွေမပျောက်ပဲ ... လစ်ရင်လစ်သလိုခိုးလုပ်တဲ့သံဃာတွေရှိလာတဲ့အတွက် ထားတဲ့ ပညတ်ချက်တွေပါ ....
.
((((((( နောက်ပြီးတော့ ဒီလိုမိဘုရားငယ်တွေဟာ လိင်ဆက်ဆံခံဖြစ်ကြောင်းကို (အင်္ဂုတ္တိုရ်ပါဠိတော် ၊ ဒသကနိပါတ်၊ ၅- အက္ကောသဝဂ် - ရာဇန္တေပုရပ္ပဝေသနအမှတ် ၄၅) မှာလဲ လေ့လာနိုင်ပါတယ်။
ဒီလောက်များတဲ့ မိန်းမတွေဟာ ယောက်ကျားတစ်ယောက်တည်းကသာ ပိုင်ဆိုင်တာဖြစ်တဲ့အတွက် ချိပ်တောင့်နဲ့ ဖြေရပါတယ်ဆိုတာဟာ တကယ်တော့ ဘုရင်မင်းသားတွေရဲ့ မောင်းမ သောင်း၊ သိန်းချီပြီး အများအပြားထားရှိခြင်းဟာ အာဏာဖိအားဖြင့် အမျိုးသမီးတွေကု စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ဆိုးညစ်မူကို အထင်းသားမြင်တွေ့ရတဲ့ ဖြစ်စဉ်ပါပဲ။)))))) 
.
(အင်္ဂုတ္တိုရ်ပါဠိတော် ၊ ဒသကနိပါတ်၊ ၅- အက္ကောသဝဂ် - ရာဇန္တေပုရပ္ပဝေသနအမှတ် ၄၅) 
မှာ ဘုရားရှင်က .... တပည့်သားရဟန်းများ မင်းရဲ့ နန်းတော်ထဲဝင်ခြင်းရဲ့အပြစ် ( ၁၀ ) ချက်ကိုပြောထားတာပါ ... တစ်ကယ်ပါပဲရှင် ... ရှင်ပြောတဲ့ညစ်ညမ်းတာတစ်ခုမှမပါပါဘူးရှင် ။
.
အင်း ... ရှင်တို့ဘာသာဝင်တွေကလဲ ဆိုတာလေ .. ပြောသမျှစကား မိန်းမအကြောင်း တဏှာအကြောင်းက မတက် ဆိုသလိုပဲ ... ။
အင်းလေ ... ရှင်တို့တမန်တော်ပြောခဲ့ကျမ်းကလဲ  ကျမ်းသာဆိုတယ် ...  ပြောသမျှစကား မိန်းမတွေ အကြောင်း တဏှာအကြောင်း က တက်တာမှ မရှိတာကိုး ....။ 
လူသတ်ရင်သတ် ... မသတ်ရင် ခါးအောက်ပိုင်းအကြောင်းပဲ ပြောနေတာ တွေတွေ့နေရတာဆိုတော့ မထူးဆန်း ပါဘူး .... ။
ရှင်ပေးတဲ့ ပိဋကပ် ကျမ်းမှာ ရှင်ပြောသလိုရေးမထားဘူးနော် ။
((((( ဘုရားက သူကွယ်လွန်ရင် စကြဝတေးမင်းကဲ့သို့ သင်္ဂြိုလ်ပါလို့ အမှာပါးခဲ့ပါသေးတယ်။ (အမှတ် ၂၀၅) )))) 
.
မိုဟာမက်နဲ့မှားနေပြန်ပြီ .... ငါသေရင်ငါ့မိန်းမတွေဘယ်သူမှမယူရ ဆိုတာလေ ...
ဘုရားရှင် က ဒီလိုမိန့်ရအောင် ကုလားအုတ်ကျောင်းတဲ့ မိမဲ့ဖမဲ့ လမ်းဘေးမှာနေတဲ့ သူတစ်ယောက် မဟုတ်ဘူးလေကွယ် ....
ရှိတာတွေအားလုံး ကို မလိုချင်လို့စွန်ခွာပြီးမှ တောထွက်လာတာလေ .... ထမင်းစားတဲ့ ဥဏှောက်လေး နဲ့ စဉ်းစားပါအုန်းရှင် ...
.
စင်္ကြ၀တေးမင်းဆိုတာ ... ခုခေတ်မှာရော ဗုဒ္ဓလက်ထက်တော် မှာရောမရှိဘူး .... နောင်ရှိရင်လဲ ဗုဒ္ဓဘာသာဝင် ဟုတ်မဟုတ် မသိဘူး .... ဒါကြောင့် ... သူ့ဖာသာ မိန်းမ တစ်ထောင်မကလို့ တစ်သန်းယူယူ ... နိုင်ငံတွင်ကမိန်းမမှန်သမျှကိုယူယူ .... ဗုဒ္ဓနဲ့မဆိုင်ဘူးလေကွယ် ... 
ဘုရင်ဆိုတာ ... သူဖာသူရှိချင်ရှိမှာပေါ့ .... မြန်မာဘုရင်တွေတောင် ... တောင်နန်းစံမြောက်နန်းစံ ရှိသေးတာပဲ ... ဘုရင်ကိစ္စနဲ့ ဗုဒ္ဓနဲ့လဲ မဆိုင်ပြန်ဘူး။
ချမ်းမြေ့ကြပါစေရှင် ....
Saturday, March 28, 2015
ဘုရားတရားသံဃာဆိုတာ ဘယ်လိုရတနာမျိုးလဲ
ရင်ထဲက အနှစ် သာရ  
ညီတို့ဗုဒ္ဓဘာသာဝင်တွေ ဘုရားတရားသံဃာအားဘာလိုကိုးကွယ်နေလဲ ဘုရားတရားသံဃာဆိုတာ
ဘယ်လိုရတနာမျိုးလဲ အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးပါ
.
ကုသိုလ်နှင့်အကုသိုလ် မင်္ဂလာနှင့်အမင်္ဂလာ ဗုဒ္ဓဘာသာအရ ဘယ်လိုသတ်မှတ်သလဲ အကျယ်တ၀င့်ရေး သားဖော်ပြပေးစေလိုပါတယ်
.
အင်း .....  ကုသိုလ်နဲ့ အကုသိုလ်ဆိုရင်တော့ ပိုစ့်ရေးစရာမှမလိုပဲလေ .... ကောင်းသော စိတ် ကောင်းသော အကြံ ကောင်းသော ရည်ရွယ်ချက်နဲ့ပြုတဲ့ကိစ္စ မှန်သမျှ ကုသိုလ်လို့ခေါ်ပြီး ....... အဲ့တာတွေရဲ့ဆန့်ကျင်ဖက်တွေကတော့ အလုသိုလ်ပေါ့ ..... ။
.
ဘုရားတရားသံဃာ ဆိုတာကို ဘာလို့ ဗုဒ္ဓဘာသာဝင်တွေအတွက်ရတနာ သုံးပါးလို့ ပြောရသလဲဆိုရင် ..... 
.
 (၁) အရဟံ ဂုဏ်တော်
ကိလေသာမှဝေးကွာခြင်း၊ ကိလေသာရန်သူကို သတ်တတ်ခြင်း၊ သံသရာလည်ပတ်ခြင်းကို ဖျက်စီးတတ်ခြင်း၊ အပူဇော်ခံထိုက်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း။
.
(၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
တရားအလုံးစုံကို  ဆရာမကူ သရမူညာဏ်တော် ပါရမီစွမ်းအားကြောင့် မိမိအလိုလို မှန်ကန်စွာ သိတော်မူခြင်း။
.
(၃) ၀ိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်
အသိဥာဏ် (၀ိဇ္ဇာ သုံးပါး ၀ိဇ္ဇာ ရှစ်ပါး )၊ အကျင့်တရား (စရဏ တစ်ဆယ့်ငါးပါး ) တို့နှင့် ပြည့်စုံတော်မူခြင်း
.
(၄) သုဂတ ဂုဏ်တော်
နိဗ္ဗာန်သို့ ရရှိရန်အကြောင်းကို  ကောင်းစွာဟောတော်မူခြင်း .. ကောင်းသောစကားကို ဆိုတော်မူတတ်ခြင်း
.
(၅) လောက၀ိဒူ ဂုဏ်တော်
သတ္တ၀ါ (သတ္တလောက)၊ သတ္တ၀ါတို့၏ တည်နေရာ (ဩကာသလောက)၊ အရာအားလုံး တို၏ ဖြစ်ပျက်မှု (သင်္ခါရလောက)၊ ဤလောက သုံးပါးအကြောင်းတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူခြင်း
.
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသူ၊ ဆုံးမထိုက်သူတို့ကို ယဉ်ကျေး အောင်ပြု သိမ်မွေ့အောင် ဆုံးမမှုဝယ် ...အတုမရှိ လွန်ကဲစွာသိတော်မူတတ်ခြင်း
.
(၇) သတ္တာ ဒေ၀မနုဿာနံ ဂုဏ်တော်
နတ် လူ အားလုံးတို့၏ ဆရာသခင် ကျေးဇူးတော်ရှင် ဖြစ်တော်မူခြင်း
.
(၈) ဗုဒ္ဓ ဂုဏ်တော်
အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း။
.
(၉) ဘဂ၀ါ ဂုဏ်တော်
ဘုန်းတော် ( ၆ ) ပါးနှင့်ပြည့်စုံတော်မူခြင်း ....... စတဲ့ ဂုဏ်တော်တွေနဲ့ပြည့်စုံတော် မူသောကြောင့် ဘုရား အမြတ်ဆုံးရတနာ လို့တင်စားကိုးကွယ်တာပါ
.
(၁) သွာက္ခာတ ဂုဏ်တော်
မြတ်စွာဘုရားရှင်ကောင်းစွာဟောကြားထားခြင်း။
.
(၂) သန္ဒိဌိက ဂုဏ်တော်
ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင် ရှုမြင်နိုင်သည့် စွမ်းအားရှိခြင်း။
.
(၃) အကာလိက ဂုဏ်တော်
ရှုပွားနေသော ယောဂီအတွက် မဂ်ပြီးလျှင် ဖိုလ်တရားသည် အချိန်မဆိုင်းဘဲ ဖြစ်ပေါ်နိုင်ခြင်း။
.
(၄) ဧဟိပဿိက ဂုဏ်တော်
လာလော၊ လက်တွေ့ကျင့်ကြည့်လော ဟု တရားတော်နှင့် ပတ်သက်၍ ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ခံနိုင်ခြင်း။
.
(၅) ဩပနေယျိက ဂုဏ်တော်
မိမိသန္တာန်၌ အစဉ်အမြဲ ကပ်၍ ဆောင်ထားသင့်ခြင်း။
.
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗ ဂုဏ်တော်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားအရသာကို အ၇ိယာ သူတော်ကောင်း တို့သည် အသီးသီးလက်တွေ့ ခံစားနိုင်ခြင်း။ စတဲ့ ဂုဏ်တော်တွေနဲ့ပြည့်စုံတဲ့အတွက် 
.
ဘုရားရှင် ( ၄၅ ) ၀ါပတ်လုံး လူနတ် ဗြဟ္မာ သတ္တ၀ါများအတွက် မနားမနေ လမ်းပြ ဟောကြားတော်မူသော တရာတော် များဖြစ်တဲ့အတွက်ကိုးကွယ် ဟု သ်မှတ်ပြီး ကိုးကွယ်တာပါ ....
.
 (၁) သုပ္ပဋိပန္နော
အကျင့်မြတ်ကို ကောင်းစွာ ကျင့်ကြံတော်မူပါပေသောအရိယာသံဃာတော်။
.
(၂) ဥဇုပ္ပဋိပန္နော
အကျင့်မြတ်ကို ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံတော်မူပါပေသော အရိယာသံဃာတော်။
.
(၃) ဥာယပ္ပဋိပန္နော
နိဗ္ဗာန်အကျိုးငှာသာ ကျင့်ကြံတော် မူပါပေသောအရိယာသံဃာတော်။
.
(၄) သာမီစိပ္ပဋိပန္နော
ရိုသေမှုနှင့် လျော်ကန်အောင် ကျင့်ကြံတော်မူပါပေသောအရိယာသံဃာတော်။
.
(၅) အာဟုနေယျော
အဝေးမှဆောင်ယူပြီး လှူဒါန်းအပ်သော ပစ္စည်း ၀ထ္တုတို့ကိုလည်းကောင်းစွာခံတော်မူတတ်ပါပေသော အရိယာသံဃာတော်။
.
(၆) ပါဟုနေယျော
ဧည့်သည်အလို့ငှာ စီမံထားအပ်သော ပစ္စည်းဝထ္တုတို့ကိုလည်း ကောင်းစွာခံတော်မူတတ်ပါပေသော အရိယာသံဃာတော်။
.
(၇) ဒက္ခိဏေယျော
တမလွန်ဘ၀အတွက် ရည်မှန်းလျက် လှူဒါန်းအပ်သောအလှူကောင်း အလှူမွန်တို့ကိုလည်း ကောင်းစွာ ခံယူတော်မူတတ်ပါပေသော အရိယာသံဃာတော်။
.
(၈) အဉ္ဇလိကရဏီယော
လက်အုပ်ချီမိုး ရှိခိုးခြင်းငှာလည်း ကောင်းစွာခံယူတော်မူထိုက်ပါပေသော အရိယာသံဃာတော်။
.
(၉) အနုတ္တရံပုညက္ခေတ္တံလောကဿ
လောကသားတို့၏ ကုသိုလ်ကောင်းမှု မျိုးစေ့စုကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်
ဖြစ်တော်မူအပ်ပါပေသောအရိယာသံဃာတော်။ စတဲ့ ဂုဏ်တော်တွေနဲ့ပြည့်စုံးပြီး ဘုရားရှင်ရဲ့ .... သားရဟန်းသံဃာ သာသနာကိုလက်ဆင့်ကမ်းစောင့်ထိန်းသူ မြင့်မြတ်သော ပူဇော်ခံထိုက်သူ များရယ်လို့ ကိုးကွယ်ဆည်းကပ် ကြရခြင်းပါ ....
.
 စိတ်နှလုံးချမ်းမြေ့စေသော .... ပီတိဖြစ်စေသော ..... ဓမ္မနဲ့ယှဉ်သော ကုသိုလ်ကောင်းမှု ... ကောင်းသောသတင်း ..ကောင်းသောစကား ကောင်းသော လာဘ်လာဘ .... စသည်တို့ မြင်ရ ကြားရ ... ရရှိရခြင်းကို မင်္ဂလာလို့ခေါ်ပြီး အဲ့တာတွေရဲ့ ဆန့်ကျင်ဖက်က အမင်္ဂလာပါ ...... ။
( ဥပမာ .... ရှင့်အဖေက တရားသူကြီး ဆိုပါစို့ ..... တရားခံက အမှုကိုပြီးငြိမ်းစေဘို့ အတွက် လာဘ်ထိုး လို့ ... ရလာတဲ့လာဘ် လာဘဆိုရင်တော့ ဓမ္မနဲ့ယှဉ်တာမဟုတ်တဲ့အတွက် ... မင်္ဂလာမမည်ပါဘူး ... တရားလို မတရာခံရသူအတွက် အမင်္ဂလာပါ )
.
မောင်လေးမေးတာတွေအားလုံးက မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေတောင်သိတဲ့ အကြောင်းတွေပါ
ချမ်းမြေ့ပါစေရှင် ...
.
.