Friday, December 15, 2017

လူအများကြီးသတ်ခဲ့တဲံ ဒုဋ္ဌဂါမဏိ ကျတော့ ဘာကြောင့် ငရဲမကျ

မောင်လေးညီမလေးတို့ရေ ….
တစ်လောက သီတဂူဆရာတော်ဘုရားကြီးရဲ့ ဒုဋ္ဌဂါမဏိ တရား အကြောင်း ကို နူးကိုလည်း ခလေးတွေက လာမေးကြတယ်။
.
တစ်ယောက်က
ဒုဋ္ဌဂါမဏိမင်းက လူတွေ အများကြီးသတ်ပြီး ဘာလို့ငရဲပြည်မရောက်ရတာလဲတဲ့ ဗုဒ္ဓဘာသာမှာ သူ့အသက်သတ်တာ အကုသိုလ်လို့ ပြောတယ် မဟုတ်လားတဲ့
.
နောက်တစ်ယောက်ကကျတော့….
ဗုဒ္ဓ၀ါဒအရ သူ့အသက်သတ်တာ အကုသိုလ်ဆိုရင် ဒုဋ္ဌဂါမဏိမင်းက အကုသိုလ်ကံ ကျူးလွန်တာ မဟုတ်ဘူးလား တဲ့
.
ဒီတော့ နူးက နှစ်ယောက်လုံးကို ဟုတ်ပါတယ် ဒါပေမယ့် မဟုတ်ဘူးလို့ ဖြေလိုက်တယ်။
သူတို့လည်း နားမလည်လို့ စိတ်မကောင်းဖြစ်သွားကြတယ်။
.
နူးလည်း ခလေးတွေနားလည်အောင် ဘယ်လိုများရေးပြရပါ့မလဲလို့ တွေးနေတာ အတော်ကြာတယ်။
ထုံးစံအတိုင်း ချရေးကြည့်လိုက် မိမိဖာသာပြန်ဖတ်လိုက် နားမလည်လို့ ပြန်ဖျက်လိုက်ပေါ့ ။
.
နူးပိုစ့်တွေအားလုံးကို အနည်းဆုံး ( ၁၅ ) ကြိမ်လောက် ရေးလိုက် ဖျက်လိုက် လုပ်ရတာ ။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ခလေးတွေ နားလည်လိမ့်မယ် လို့ မထင်သမျှ ကာလပတ်လုံး ဘ၀င်မကျမချင်း ပြန်ပြန်ရေးတာကိုး။
ခုတော့ မောင်လေး ညီမလေးတို့နားလည်အောင် ရှင်းပြနိုင်ပြီထင်ပါရဲ့ ….
.
ကဲ …. စရအောင် ….
နူးတို့ ( ၃၁ ) ဘုံသား သတ္တ၀ါအားလုံးတို့ဟာ သံသရာမှာကျင်လည်နေကြရတယ်တဲ့ ….
.
သံသရာဟာ အဆုံး အစ မထင် အပြောကျယ်လှတဲ့ အတွက် သမုဒ္ဒရာနဲ့ တူပြီး နူးတို့တွေကတော့ သမုဒ္ဒရာထဲမှာ မျောနေသူတွေဖြစ်ကြတယ် ။
.
ဗုဒ္ဓ၀ါဒဆိုတာ သတ္တ၀ါများကို သံသရာထဲမျောမနေစေပဲ ကုန်းပေါ်ကို တင်ပေးတဲ့ ဘာသာဖြစ်ပါတယ်။
.
တစ်ဖက်ကမ်းကို ရောက်ဘို့အတွက် ၊ မိမိလိုပဲ တစ်ဖက်ကမ်းကို ရောက်ဘို့ အားထုတ်နေသူတွေ အတွက် ရံခါမှာ မိမိကိုယ်ကို စွန့်လွှတ် အနစ်နာခံခြင်း အားဖြင့်လည်း ကြိုးစားအားထုတ်ကြရတယ်။
.
တဖက်ကမ်းကို ရောက်ဘို့အတွက် မိမိအရှေ့မှာ တွေ့ရာကို အားပြုရတယ်။
.
ဥပမာ မိမိရှေ့မှာ အသေကောင်ပုတ် မျောလာရင်လည်း အသေကောင်ပုတ် ကိုဖက်တွယ် ရတယ်။
.
သစ်တုံးမျောလာရင်လည်း သစ်တုံးကို ဖက်တွယ် အားပြု ရတယ်။
ငါးမန်း စတဲ့ ရန်တွေကိုလည်း ရင်ဆိုင်ရတတ်တယ်။
မဟုတ်ရင် သံသရာဆိုတဲ့ သမုဒ္ဒရာထဲမှာ စုန် ဆန် မျောပါနေတော့မှာကိုး ….
.
အသေကောင်ပုတ်ကို ဖက်တွယ်ရတဲ့အချိန်ဆို စက်ဆုတ်တယ် ။ ရွံရှာတယ် ဒါပေမယ့် ဖက်တွယ် ကူးခတ် ၇တယ်။
.
သစ်တုံးကို တွေ့တော့လည်း ပျော်တယ် သစ်တုံး မပျက်စီးမချင်း သစ်တုံးပေါ်မှာ အေးအေးလူလူ ကူးခတ် ကြ၇တယ်။
.
ငါးမန်း စတဲ့ မိမိနဲ့ ကျန်တဲ့သူတွေ သွားမယ့်လမ်းကို အနှောင့်အယှက်ပေးသူတွေကိုလည်း မိမိကိုယ်ကို စတေး၍ ဖြစ်စေ စုပေါင်း၍ ဖြစ်စေ သုတ်သင်ရတယ်။
.
ဒါပေမယ့် သစ်တုံးရော အသေကောင်ပုပ်ရော မကာန်း စတဲ့ အန္တရာယ်တွေကို သုတ်သင်တာရောက အဓိကမဟုတ်ဘူး ။
.
အဓိက က ကုန်းပေါ်ကို ရောက်ရေးပဲ။ ကုန်းပေါ်ရောက်ဘို့အတွက် ကုသိုလ် အကုသိုလ် ( ၀ါ ) ကောင်းမှု မကောင်းမှု စတာတွေကို အသုံးပြုတဲ့ တန်ဆာပလာ သို့မဟုတ် ဖောင်အဖြစ် အသုံးပြုဘို့ လိုအပ်တယ် ။ ဒါပေမယ့် ပန်းတိုင် အဖြစ်တော့ မသုံးရဘူး ။
.
ဒါဟာ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ဖြစ်တယ် ။

သာသနာတော် အဓွန့်ရှည် တည်တံ့ဘို့ လောကနိယာမ ၊ လောကသစ္စာတရား လူသားတွေအသိမှာ တည်မြဲဘို့ ဓမ္မ၀ါဒ ကြီးစိုးဘို့ လောက လူသားတွေ လွပ်မြောက်ရာ တရားကို အေးချမ်းစွာ ကျင့်ကြံအားထုတ်ဘို့ ရံခါ မိမိကိုယ်ကို အနစ်နာခံ စတေး၇တယ်။
.
နူးတို့ လူ့ဘောင်မှာ တော့ …..
.
မလွှဲ မရှောင်သာလို့ စစ်ကိုလည်းတိုက်ရတယ်။
ခွေးရူးကိုလည်း သတ်ရတယ်။
လောကငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် ကျူးကျော်လာသူ တို့ကိုလည်း နှိမ်နင်း၇တယ်။
ဒီအလုပ်တွေဟာ မကောင်းတဲ့ အကုသိုလ်လုပ်ငန်းများဖြစ်တယ်။
.
မကောင်းတဲ့ အကုသိုလ် လုပ်ငန်းတွေဖြစ်တဲ့ အလျှောက် မလုပ်ပဲ ရှောင်ကျဉ်ဘို့ ဗုဒ္ဓရဲ့ ဒေသနာတော် တွေက ညွှန်ကြားထားတယ်။
.
ဗုဒ္ဓဘာသာဝင်တွေကလည်း ဗုဒ္ဓရဲ့တားမြစ်ချက်ဖြစ်လို့ ရှောင်ကျဉ်ကြပါတယ်။
.
ဒါပေမယ့် တစ်ခါတစ်ရံမှာ ဘယ်လိုမှ ရှောင်လို့မရတော့တဲ့ အခါသမယမျိုး ပေါ်ပေါက်လာတတ်တယ်။
ဘယ်လိုအခါသမယမျိုးလဲဆိုရင် …….
.
ဒုစရိုက် တရားများနဲ့ အဓမ္မ၀ါဒများက လောကကို ဖျက်စီးဘို့ အားထုတ်တဲ့ အခါ။
သုစရိုက်တရားများနဲ့ ဓမ္မကို လွှမ်းမိုး နင်းချေရန်ကြိုးစားတဲ့ အခါ။
မိမိတို့ရဲ့ အသက် အန္တရယ် ကြုံတဲ့ အခါတွေမှာ ဖြစ်တယ်။
.
ဒီလိုအခါ သမယမျိုးမှာ နူးတို့က ….
ကျူးကျော်စစ်ကိုတိုက်ခြင်းအားဖြင့် ၎င်း
ခွေးရူးကို သတ်ခြင်းအားဖြင့် ၎င်း
အဓမ္မ၀ါဒများကို နှိမ်နင်းခြင်းအားဖြင့်၎င်း
လူဆိုး သူခိုးများကို ဖမ်းခြင်းအားဖြင့်၎င်း
.
အသေကောင်ပုတ်ကို ဖက်တွယ်ရသလို မကာန်း စတဲ့ အန္တရာယ်တွေကို ဖယ်ရှားရသလို ….
အကုသိုလ်ကံ များကိုလည်း လောက လူသားတွေ အကျိုးအတွက် မလွှဲ မရှောင်သာတဲ့အခါ မိမိကိုယ်ကို အနစ်နာခံ ကျူးလွန်ကြရတယ်။
.
ကျူးကျော်စစ်ကို မတိုက်ရင် နူးတို့မြေနဲ့ နူးတို့ဘာသာ ပျက်စီးပျောက်ကွယ်သွားရလိမ့်မယ်။
ဒီလိုပဲ …..
ခွေးရူးကို မသတ်ရင် ။ လူဆိုးသူခိုးကို မနှိမ်နင်းရင် ။ အဓမ္မ၀ါဒ စိုးမိုးမှု မရှိအောင် တားဆီးမှုမပြုရင် …… ထားပါတော့
.
ဒီလိုတားဆီး သုတ်သင်ကြရတဲ့ အကုသိုလ် လုပ်ငန်းတွေ လုပ်နေကြရတဲ့ အခါမှာ နူးတို့ဟာ ဒီအလုပ်တွေကို ပျော်မွေ့လို့ လုပ်နေတာကြတာ မဟုတ်ဘူး။
.
စက်ဆုတ်ရွံရှာတယ် မုန်းတီးတယ် စိတ်မချမ်းမြေ့ခြင်းများစွာ ဖြစ်လျှက်နဲ့ပဲ မလွှဲမရှောင်သာလို့
.
လောကရဲ့ အကျိုးစီးပွားအတွက် ၊
ဓမ္မ၀ါဒ ရှင်သန် ထွန်းကားရေး အတွက် ။
မိမိမြေ မိမိဘာသာ မပျောက်ကွယ်ဘို့အတွက်
လောကမှာ ဓမ္မပျောက်ကွယ်ပြီး အဓမ္မ၀ါဒ ကြီးစိုးမှုကို တားမြစ်ဘို့ အတွက်
ဓမ္မ၀ါဒ ရှင်သန်ပြီး လူသားအားလုံးအေးချမ်းဘို့အတွက် ။
သာသနာတော် အဓွန့်ရှည် တည်တံ့ဘို့ အတွက်
လောကနိယာမ ၊ လောကသစ္စာတရား လူသားတွေအသိမှာ တည်မြဲဘို့ အတွက်
လောက လူသားတွေ သံသရာက လွတ်မြောက်ကြောင်း တရားကို အေးချမ်းစွာ ကျင့်ကြံအားထုတ်ဘို့အတွက်
သံသရာတစ်ဖက်ကမ်းကို ကူးမယ့် လမ်းမပျောက်ပျက်ဘို့အတွက် ….
.
လောက လူသားတွေ အေးချမ်းဘို့အတွက် ဆောင်ရွက်ရတာ ဖြစ်တယ်။
.
ဒီလိုစိတ်ထားနဲ့ လုပ်တဲ့အခါမှာ ကုသိုလ် သဘောလဲပါတယ် ။
အကုသိုလ် သဘောလည်းပါတယ် ။
.
အကုသိုလ်သဘောကတော့ ငါ ငါ့ဥစ္စာ ငါ့အတွက်ဆိုတဲ့ အတ္တ ဒေါသနဲ့ ယှဉ်တဲ့ အကုသိုလ်မဟုတ်ဘူး။
.
လောက အကျိုးအတွက် ငါ့ကိုယ်ငါ သံသရာမှာစတေးမယ်ဆိုတဲ့ ပရဟိတ စိတ် ကုသိုလ်စိတ်နဲ့ ....
.
ဆိုလိုတာက ….
အကုသိုလ် အလုပ်တွေက အကုသိုလ် သပ်သပ်ဖြစ်တယ်။
ဒါပေမယ့် ငါ့အတွက် မဟုတ်တဲ့ ဒီအကုသိုလ်ဟာ ဥပနိဿယ သတ္တိနဲ့ ဆိုင်ရာ ကုသိုလ်ကို ကျေးဇူး ပြုနိုင်တယ် မောင်လေး ညီမလေးတို့ ….
.
လောကရဲ့ အစီးအပွားအတွက်
ဓမ္မ မကွယ်ပျောက်ရေးအတွက် မိမိအကျိုးစီးပွားကို မငဲ့ပဲ လူသားတွေအတွက် မိမိကိုယ်ကို သံသရာနဲ့ ရင်း စတေးပြီး အနစ်နာခံခြင်းဟာ ကုသိုလ် သဘောဖြစ်တယ်။
.
ဒါကြောင့် ဗုဒ္ဓက စိတ်သာ အဓိကလို့ဟောတော်မူခဲ့တာ။
နူးတို့ စိတ်ထဲမှာ လူသားအကျိုးအတွက် ဓမ္မထွန်းကားဘို့ အတွက် ဆိုတဲ့ ကောင်းတဲ့ ကုသိုလ်စိတ် ဖြစ်နေတယ်။
.
ဒါကို ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ အကုသိုလ်လို့ခေါ်တယ် ခလေးတို့
.
ဂေါတမ မြတ်စွာဘုရား ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလတွေမှာ လောက လူသား အကျိုးအတွက် ဓမ္မ အတွက် အဓမ္မ မကြီးစိုးဘို့အတွက်

အထက်ကပြောခဲ့တဲ့ ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ …. မိမိကိုယ်ကို လောကအတွက် အနစ်နာခံ ပေးဆပ်ရတဲ့ အကုသိုလ်တွေကို ပြုခဲ့ရတယ် ။
တန်ပြန် ကုသိုလ်ပြုခွင့် မရတဲ့ သာသနာပ ကာလတွေမှာ ဆိုရင်
.
ဂေါတမ ဘုရားအလောင်းတော်ဟာ ဒီ အကုသိုလ်တွေ အတွက် ငရဲကျရတယ် ဒါပေမယ့် လောကအကျိုးအတွက် စွန့်လွှတ်သူဖြစ်တဲ့အတွက် ငရဲကျတဲ့အခါမှာ ငရဲမင်းဖြစ်ရတယ်။
.
အပါယ်လေးဘုံကျတဲ့ အခါတွေ မှာလည်း မျောက်မင်း ငုံးမင်း နဂါးမင်း စသည်ဖြင့် ဖြစ်ရတယ်။
.
ဒီလိုပဲ ဒုဋ္ဌဂါမဏိဟာလည်း အဓမ္မ၀ါဒ မကြီးစိုးရေးအတွက် သာသနာတော် ပြန်လည်ထွန်းလင်း တောက်ပရေးအတွက် မိမိကိုယ်ကို သံသရာ ငရဲမှာ စတေးပြီး သာသနာတော်အတွက် အဓမ္မ၀ါဒီ တွေကို နှိမ်နင်းခဲ့တယ် ။
ဒီလို ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ အကုသိုလ် တွေပြုခဲ့ရတယ် ။
.
သာသနာတွင်းကာလဖြစ်လို့ ….
သူကျေးကုလားတွေကို နှိမ်နင်းပြီး နိုင်ငံပေါင်း ၃၃နိုင်ငံမှာ ဗုဒ္ဓသာသနာတော် ပြန်လည် ထွန်းလင်းအောင် ပြုခဲ့တဲ့ ကုသိုလ် ၊
.
သာသနာတော်ပြန်လည်ထွန်းလင်းပြီး သူ့ကြောင့် သောင်းပေါင်းများစွာသော ရဟန္တာများ ပေါ်ထွန်းစေတဲ့ ကုသိုလ်
( မိမိအားဖြင့် ရဟန္တာတစ်ပါး ပေါ်ထွန်း စေရင်တောင် နှိုင်းဆမရနိုင်တဲ့ ကုသိုလ်တွေ ရနေခဲ့ပြီ )
.
သူတည်ခဲ့တဲ့ ဘုရားကျောင်းကန် လှူခဲ့တဲ့ ရေတွင်းရေကန်တွေ ၊ လူမှန်းသိတတ်စထဲက မိမိစားဦးကို သံဃာကို အဦး ထားပြီးမှ သံဃာ့နောက်မှ စားခဲ့တဲ့ ကုသိုလ် ။
( ဒီအတွက် စစ်မြေပြင်ကိုတောင် သံဃာတော် တွေကို တစ်ကူးတစ်က ပင့်ဆောင်သွားခဲ့တဲ့ဘုရင် )
.
များစွာသော ဘုန်းတော်ကြီးကျောင်းတွေကို ရာသက်ပန် ဆွမ်းအလှူ ဒီကျောင်းတွေကနေ ပွင့်တော်မူတဲ့ မရေတွက်နိုင်တဲ့ ရဟန္တာမြတ်တွေ ….
.
စတဲ့ အပါယ်တံခါးပိတ်စေတဲ့ ခန့်မှန်းမရနိုင်တဲ့ ကုသိုလ်တွေဟာ သူပြုတဲ့ ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ မကောင်းမှုထက် အဆ မတန် များပြားလွန်းတဲ့ အတွက် ကောင်းမြတ်တဲ့ ဘုံဘ၀ရောက် ရတာပါ။
.
သူဟာ အတိတ်က ရဟန်းငယ် ဘ၀ထဲက ရဟန်းမြတ်တစ်ပါးပါ သူ့ကံကုန်ခါနီးမှာ …..
.
သူ့ဆရာရဟန္တာ မထေရ်မြတ်တွေ အေးချမ်း စွာ သာသနာ့ဝန် ဆက်လက်ထမ်းရွက်ပြီး ရဟန္တာများ ထပ်မံပေါ်ပေါက်အောင်လမ်းပြနိုင်ဘို့
.
သီဟိုဠ်ကျွန်း ( ၃၃ ) နိုင်ငံမှာ ( ၃၂ ) နိုင်ငံကိုသိမ်းထားပြီး သူတို့ နိုင်ငံကိုပါ သိမ်းဘို့ ပြင်ဆင်နေတဲ့ ကျေးကုလား အဓမ္မ၀ါဒီ သာသနာ့ရန်စွယ်တွေကို တားဆီးဘို့ လူ့ပြည်ကို ခနပြန်လာဘို့ အာရုံပြုခဲ့တဲ့ သူလည်းဖြစ်ပါတယ်။
.
ကဲ ဒီလောက်ဆို ဒုဋ္ဌဂါမဏိမင်း ဘာလို့ငရဲမကျတာလဲဆိုတာ နားလည်ပြီထင်ပါတယ်။
...................................
.
သီတဂူ ဆရာတော်ဘုရားကြီးကို ၀ိုင်းဆဲတာမြင်ရတဲ့ အတွက် အတော်ပဲ စိတ်နှလုံး မသာ မယာ ဖြစ်ရပါတယ်။
မနေ့ကလဲ နောက်ထပ် ၀မ်းနည်းစရာ အဖြစ်ကို တွေ့ရပြန်ပါတယ် ….
.
ဆရာသမားဖြစ်တဲ့ ဆရာတော်ကြီးက ….
အရိုက်ခံရတဲ့ ငါ့တပည့်ဟာ သံဃာ အစစ်ပါကွယ် …..လို့မိန့်တော့
တပည့်ဆရာတော်ကြီး ချုံးပွဲချ ငိုနေတဲ့ မြင်ကွင်း
.
သာသနာတော် ဆုတ်ယုတ်သွားတာ ….
သာသနာတော်ဟာ မြန်မာထေရတွေကို လက်ပြနှုတ်ဆက်ပြီး သာသနာ့ရောင်ဝါ တဖြေးဖြေးမှိန်လာပြီဆိုတာ တော့ နူးတို့က လက်မခံချင်လည်း လက်ခံ ရတော့မယ်။
.
လစ်ဘရယ် မှိုင်းကနေ ထွက်ကြပါတော့ ခလေးတို့ရယ်
ရေတစ်ပွက်စာမရှိတဲ့ ခနတာ ဘ၀လေးအတွက် သို့မဟုတ် ဘာမဟုတ်တဲ့ အယူလေးတစ်ခုကို ယုံကြည်မှုအတွက် သံသရာနဲ့ မရင်းကြ ပါနဲ့ကွယ် …..
လို့ပဲ အားလုံးကို လက်အုပ်ချီ တောင်းပန်ချင် မိတော့တယ်။
နူးရဲ့ညီမလေးလည်း အဲ့ထဲမှာပါ ပါတယ်။
.
အားလုံးပဲ ချမ်းမြေ့ကြပါစေ ….
နောက်မကျခင် အိပ်မက်က နိုးထနိုင်ကြပါစေရှင်
.
ကိုးကား ...
ဆရာကြီးဦးရွှေအောင်
မူလပဏ္ဍာသပါဠိတော်ကုလ္လောပမသုတ်တော်

No comments:

Post a Comment