Saturday, November 22, 2014

ပဋာစာရီ




ဂေါတမ ဗုဒ္ဓဟာ ဒို့လို ခတ္တိယ သကျမျိုးနွယ်မို့ ... ကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိမယ်ဆိုတာတော့ ... ငြင်းလို့မရပါဘူး ...
.
ခြောက်နှစ်တိုင်တိုင် တောထဲမှာတရားကျင့်ခဲ့လို့ ယောဂီပညာတွေ တတ်ကောင်း တတ်ပါလိမ့်မယ် ... တန်ခိုးပြာဓိဟာ လဲ အထိုက်အလျှောက် ရကောင်းရမှာပေါ့ ....
.
ဒါပေမယ့် မဟာ မာယာဒေ၀ီလို လူမိန်းမက မွေးတဲ့ လူသားတစ်ယောက်ဟာ လူ ဆရာ တစ်ယောက်ပဲပေါ့ ... လူ နတ် ဗြဟ္မာ တို့ရဲ့ ကိုးကွယ်ခံထိုက်သူဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ...
.
သူဟာ မဟာဗြဟ္မာကြီးကိုအန်ုတုသူပဲ ... အဘတို့ ခတ္တိယတွေ သူ့ကြောင့် အရှက်ရသလို ... ထာဝရ ဘုရားကို အံတုသူ မျိုးနွယ်ဆိုပြီး ... နာမည်ဆိုးထွက်အောင်ဖန်တီးနေသူပဲ ...
.
★ ★ အဲ့ဒိ မဟာဗြဟ္မာကြီးကို  ဖခင်မြင်ဘူးလား ... မြင်ဘူးတဲ့သူ ... ဘိုးဘွားတွေထဲက တစ်ယောက်ယောက် ရှိလား အဘ ..
.
ဒါက ဘာအရေးလဲ သူ့ဆန္ဒတော်အတိုင်း သေလွန်လို့ သူ့ထံရောက်ရင်မြင်ဘူးမှာပေါ့ ....

★ ★  ဒါဖြင့် ရည်မှန်းကြည်ညိုရအောင် ... ပုံပန်းသဏ္ဍန်ကရောအဘ ...
.
အို ... သူ့ ပုံပန်းသဏ္ဍန်က အတုမရှိနိုင်လို့ ... အတုလုပ်လို့ မရနိုင်ပါဘူး ..
.
★ ★  ဒါဆို ... သူ့ဝါဒ လမ်းစဉ်တွေကို ဘယ်သူက ကိုယ်တိုင်ကြားနာ ခဲ့ရသလဲအဘ ...
.
အလွန်တန်ခိုးရှိတဲ့ ... သူ့သား တမန်တော်တွေဆီကကြားနာပြီး ... အဘတို့ကိုတဆင့်ဟောတာပေါ့ ...
.
★ ★  အဲ့ဒိ ထာဝရ ဘုရားရဲ့ တန်ခိုးအရမ်းကြီးတဲ့သားတော် တမန်တွေကရော ... သူတို့ဟာ ထာဝရ ရှင်သန်သူရဲ့ သား ဆိုပြီး ... သူတို့တန်ခိုးကို ပြဘူးလား ...
.
အို .. ဒါကတော့ သူတို့ရဲ့တန်ခိုးတော်တွေက ..လူတွေမမြင်စကောင်းဘူး ... လူတွေနဲ့မတန်လို့ မပြကြဘူး .... သမီး .. ထာဝရဘုရားရှင်ကို ယုံမှာတစ်စက်မရှိနဲ့ သမီး .... သမီးငရဲကျမှာအမှန်ပဲ ....
.
★ ★  နောက်ဆုံးတစ်ခုပဲ မေးပါရစေ အဘ ... ထာဝရဲ့ သားတော် တန်ခိုးအရမ်းကြီးတဲ့ တမန်တွေကိုပဲ စကားပြောတဲ့ ထာဝရဟာ ... လောကမှာ ရှိရှိသမျှ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်ဆိုရင် ... သူ့သား တမန်တွေကို ... သူတို့နဲ့ ပတ်သက်ဆက်နွယ် နေပါတယ်ဆိုတဲ့ ... သက်သေပစ္စည်း တစ်ခုခု ဖန်ဆင်းပေးထားခဲ့တာရှိလား အဘ ...
.
သမီးလေး .. သင်ဟာ ... ဂေါတမဗုဒ္ဓ ကြွလာမယ်ကြားလို့ စိတ်ညွှတ်နေတာ .... မင်းမှတ်ထားစမ်း ... ဂေါတမဟာ ခတ္ထိယ သာကီဝင် မင်းလို့ဆိုတယ် ... သူဟာမျိုးနွယ်ဂုဏ်ကိုမစောင့်ထိန်းဘူး ... ဇာတ်နိမ့်တဲ့လူတန်းစားတွေကို ..ရဟန်းပြု ..တစ်တန်းထဲထား ... တစ်တန်းထဲစားတယ် ... သူဟာဇာတ်ပျက်ပဲ ...လူတွေကိုလဲ ဇာတ်ပျက်အောင်လုပ်တယ် ... လူတွေလဲ သူ့ကြောင့် ဇာတ်ပျက်ကုန်ပြီ ....
.
ကမ္ဘာကြီးနဲ့ ရေမြေတောတောင် သတ္တ၀ါ ... အို ယုတ်စွအဆုံး ..ဒီကမ္ဘာကြီးတစ်ခုလုံး ... ထာဝရ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ .. ဆန္ဒမပါပဲ ဘာတစ်ခုမှဖြစ်မလာဘူး ... သတ္တ၀ါတိုင်း သူစီမံသမျှ ခံကြ စံကြရတယ် ... တန်ခိုးတော်နဲ့ မဟာဂရုဏာတရားကြီးမားလွန်းလို့ ... သတ္တ၀ါတိုင်း သူ့ကို ကိုးကွယ် ပူဇော် ၀န်ချ တောင်းပန်တာနဲ့ ...အပြစ်ဟူသမျှ လွတ်ကင်းခွင့်ရပြီးကောင်းကျိုးချမ်းသာရတယ် ...
.
သူ့ရဲ့ အာခံတွင်းက .. အမြင့်မြတ်ဆုံး  ဗြဟ္မဏတွေကို ဖန်ဆင်းပေးလိုက်တယ် ... ဗြဟ္မဏတွေ ပြော စကား ဟာ သူပြောစကားပဲ ... ဘုရင်ကအစနားထောင် ဦးခိုက်ရတယ်  ဗြဟ္မဏ ဟူသည် ... အလုပ်မလုပ်ရဘူး ... ဘုရင်က စလို့ လူတွေအားလုံး ဦးဦးဖျားဖျား လာရောက် ပူဇော် ဂါရ၀ပြုတာ စားခွင့် သုံးခွင့်ရတယ် ..
.
ထာဝရဘုရားရဲ့ ... လက်မောင်းလက်ရုံးက ... ငါတို့ခတ္ထိယတွေကို ဖန်ဆင်းဖွားမြင်တယ် ... မြေရှင် လယ်ပိုင်ရှင် စစ်သူရဲကောင်းတွေ ...
.
မဟာဗြဟ္မာရဲ့ပေါင်ကနေ ... ၀ဿ     တွေကို မွေးထုတ်ဖန်ဆင်းတယ် .... သူကြွယ် အခွန်ထမ်းတွေ ..ကုန်သည်ကြီးတွေ စီးပွားရေးသမား သူဌေးကြီးတွေပေါ့  ... အနာတပိဏ် တွေပေါ့
.
သူ့ရဲ့ခြေဖ၀ါး အညစ်အကြေးတွေကနေ ထွက်လာကတော့ ... သုဒ္ဒ ဆိုတဲ့ အယုတ်ညံ့ဆုံး တွေ ... အစေခံ ကျေးကျွန် ဆတ္တာသည် အမှိုက်သိမ်း မိလ္လာကျုံး ... သူသေကောင်မြှုတ် တဲ့သူတွေပေါ့ ... သူဒ္ဒရဲ့အသားကို... ဗြဟ္မဏ ခတ္ထိယ တွေထိမိရင် ... ကံဆိုးတတ်တယ်
.
သုဒ္ဒထက်နိမ့်တာ စဏ္ဍာလတဲ့ ....  သူကတော့ အဆိုးဆုံးပ ... ဘယ်လောက်ထိနိမ့်ကျလဲဆိုရင် ... လူမြင်ကွင်းကို ထွက်ခွင့်မရှိဘူး ... သူအပြင်ထွက်ရင်လဲ ... စထွက်တာနဲ့ ((( အမျိုးနိမ့်လာပါပြီ ))) လို့အော်ရတယ် ... ဒါမှ လမ်းမှာရှိတဲ့ ...ဗြဟ္မဏနဲ့ ခတ္ထိယတွေက ထွက်ပြေး တိမ်းရှောင်ကြရတယ် ... မြင်တာနဲ့ ( ၄၉ ) ရက် အကုသိုလ်ဝင် ကံဆိုးတတ်တယ် ....
.
ဒါတင်မကဘူး ... ဗုဒ္ဓက သူ့ကိုယ်သူ ... သာမဏ ဗြဟ္မဏ ဆိုပြီး ... ဗြဟ္မဏဖြစ်ပါတယ်လို့ မုသားစကားကိုပြောသေးတယ် ....
.
★ ★  အဘပြောနေတဲ့ ယုတ္တိမရှိတာတွေကျမ မကြားချင်တော့ဘူး ... ကျမ အခန်းထဲဝင်လာခဲ့တယ်... အမိနဲ့ မောင်ငယ်လေးက ဆက်နားထောင်နေခဲ့တယ် ...
.
အခန်း ( ၂ )
.
★ ★  မောင်ကြီး ဒါသ ... သားလေးက သူ့အဖိုးအဖွားတွေအကြောင်းခနခန မေးနေတယ် .. နှမလဲ အဘတို့အိမ်ကနေ မောင်ကြီးနောက်လိုက်ပြေးလာတာ လေးနှစ်ကျော်နေပြီ ... ညကလဲ အမိကို အိမ်မက် မက်တယ် ... အဘများနေမကောင်းလို့လား .... ဘာပဲဖြစ်ဖြစ် အမိနဲ့ အဘက ကျမကိုဒီလောက်ချစ်တာ ... ခုလောက်ဆိုစိတ်ဆိုးပြေလောက်ပါပြီ ... ကျမဗိုက်ထဲကခလေးကို အိမ်ပြန်မွေးချင်တယ်မောင်ကြီး ...အမိနဲ့မောင်ငယ်လေးကိုလဲလွမ်းလှပြီ ...
.
★ ★    ဖြစ်ပါ့မလားနှမရယ် ... ကျုပ်ကနှမတို့အိမ်က ...မြင့်ဇောင်းမှာအလုပ်လုပ်တဲ့ သုဒ္ဒမျိုး ... ဇတ်အရမ်းခွဲတဲ့ နှမရဲ့ဖခင်က ... လက်ခံမယ်မထင်ဘူး ... နှမရဲ့ဘိုးဘေးတွေတောင် ရာဇ၀င်ရှိခဲ့တယ်လေ ... သူဒ္ဒမျိုးတစ်ယောက်က အိမ်ရှေ့မှာလူးလိမ့်ငိုယိုပြီး သမီးလာတောင်းလို့ ... ဇာတ်အပျက်မခံပဲ ...သမီးကိုသုဒ္ဒမျိုးတံဆိပ် ခတ်နှိပ်ပြီး ..စွန့်ပစ်ပလိုက်တာ ...ကျုပ်တော့တစ်ကယ်စိုးရိမ်မိတာပါပဲ ...
.
★ ★ ကျမ မရမက ပူစာလွန်းတဲ့အတွက် ကျမကိုချစ်လှတဲ့ ကိုဒါသက အမိ အဖတို့ရှိရာသာဝတ္ထိကို သွားဖို့သဘောတူလိုက်ပါတယ် .... ဒီလိုနဲ့ ခရီးထွက်လာပြီး လ၀က်လောက်မှာပေါ့ ...
.
အားးး ...မောင်ကြီး ဒါသ ... ကျမ ဗိုက်က တဖြးဖြေး နာလာသလိုပဲ .... မီးဖွားဖို့အချိန်ကျပြီတထင်တယ် ... သာဝတ္ထိ ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲဟင် ....
.
★ ★ ဒုက္ခပါပဲ နှမရယ် ... ဒီကနေဆို အနဲဆုံး သုံးရက်လောက်တော့ကြာလိမ့်မယ် ... ဒါတောင် ချောင်းမှာ ဒီရေ မတက်မှ ဒီရေတက်ရင် ရေကျရက်ထိစောင့်မှချောင်းဖြတ်ကူးလို့ရမှာ .... ဘယ်လိုလုပ်ကြမလဲဟင် ... အရမ်းနာနေပြီလားနှမ ... ခနလေးး ရှေ့မှာဇရပ်တစ်ခုတွေ့တယ် .. အဲ့ဒိမှာ နားကြတာပေါ့ ... အားတင်းထားနော်နှမ ....
.
★ ★  ဟုတ်ကဲ့ပါမောင်ကြီးရယ် ... မောင်ကြီး ... မောင်ကြီးကြားဘူးတဲ့ ...ဗုဒ္ဓအကြောင်းပြောပြပါအုန်း
.
★ ★ တခါက ဝေဒ လေးပုံ အာဂုံဆောင်တဲ့ ... ဗြဟ္မဏကြီးတစ်ဦးဟာ ... တပည့် ( ၅၀၀ ) နဲ့ ဗုဒ္ဓဆီ သွားမေးသတဲ့ ....
ရှင်ကြီးဂေါတမ ... သင်ဟာ သင့်ကိုယ်သင် ခတ္ထိယမျိုးနွယ်ဖြစ်ပါလျှက် ... ဗြဟ္မဏ အစစ် ဖြစ်တယ်လို့ ဟောကြားနေတယ်ဆိုတာ ဟုတ်ပါသလား .... ဒီလို မုသားပြောတဲ့အတွက် ... ဇာတ်ကိုလိမ်လည်တဲ့အတွက် အသင်မရှက်ဖူးလား ... သင့်ရဲ့ဇာတ်ကိုတစ်လောကလုံး ခတ္ထိယ ဆိုတာသိလျှက် ဘာကြောင့် ဗြဟ္မဏ ပါလို့ လိမ်လည် မုသား ပြောရတာလဲ ....
.
ကိုယ့်ကိုကိုယ် ဗြဟ္မဏ ဆိုပြီးဂုဏ်ယူနေတဲ့ အသင်ပုဏ္ဏားကြီး ... ငါဘုရား မိမိကိုယ်ကို သာမဏ ဗြဟ္မဏ လို့ ဟောခဲ့ ပါတယ် .. ဒါဟာမုသားမဟုတ်ဖူး ... အစစ်အမှန်သာဖြစ်တယ် ....
.
ဗြဟ္မဏ ဆိုတဲ့အဓိပါယ်ကို အသင်ပုဏ္ဏားကြီးမသိဘူးပဲ ... ငါဟာအမြင့်ဆုံး  ဗြဟ္မာ့ဘုံသား တို့ရဲ့ ကျင့်ရာ လမ်းစဉ် ဖြစ်တဲ့ ဗြဟ္မာစရိယ တရား ( ၄ ) ပါး ဆိုတဲ့ ... မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ စတဲ့ အသေးအဖွဲကျင့်စဉ်လေးကိုတောင် မသွေမဖည် အမြဲ နိစ္စဓူဝ ပြုကျင့်နေလို့ဖြစ်တယ် ....
.
အာသဝေါတရား လေးပါး ကုန်ခမ်းသော ပုဂ္ဂိုလ်မှသာ ... သာမဏဗြဟ္မဏ အစစ်ဖြစ်တယ် ... ဗြဟ္မဏ အစစ်မဟုတ်ပါပဲ ... ဗြဟ္မဏဆိုပြီး ယုံကြည်နေသူ ... သင်သာလျှင် မုသားပြောသူဖြစ်တယ်
.
သင့်ဟာလဲပဲ သူလိုကိုယ်လို ... သင့်အမိရဲ့ ယောနိက ထွက်လာတာပဲ ..ဒါကိုသင်လဲသိတယ် ... သင့်ဘိုးဘေးတွေလဲသိတယ် ... အားလုံးလဲသိတယ် ...လူသားအားလုံးဟာ ဒီအတိုင်းထွက်လာကြတာကို သိလျှက် နဲ့ ... ကိုယ်မမြင်ဘူးတဲ့ ဗြဟ္မာကြီးရဲ့ အာခံတွင်းက သန့်သန့်ရှင်းရှင်း ထွက်လာပါလို့ အဘယ်ကြောင့် လိမ်လည် ဂုဏ်ယူကြွား ၀ါပြီး လူတန်းစားခွဲနေကြရတာတုန်း ....
.
မွေးရာပါမျိုးရိုးကြောင့် ဗြဟ္မဏ ဖြစ်လာတာမဟုတ်ဘူး .... ဗြဟ္မာစရိယ အကျင့်သိက္ခာနဲ့ပြည့်စုံပြီး ... ဗြဟ္မာတို့ ရှိအပ်တဲ့ သိက္ခာနဲ့ ပြည့်စုံမှသာ ... ဗြဟ္မဏ လို့ခေါ်အပ်တာ ...
.
သင်တို့မျိုးရိုးရဲ့ ပထမဆုံးမျိုးနွယ်အစက ကျွန်မကမွေးလာတဲ့ သားကစတာမဟုတ်ဘူးလား ...လို့မိန့်တော်မူခဲ့ပြီး ... ဗြဟ္မစိုတရားလေးပါကိုဟောပြောခဲ့တဲ့အတွက် ... ဗုဒ္ဓကို ကိုးကွယ် ဆည်းကပ်သူဖြစ်သွားတယ် လို့ တဆင့် စကားကြားဖူးတယ်နှမရဲ့ ...
.
ကဲကဲ ဇရပ်လဲရောက်ပြီ .. နှမအရမ်းနာနေပြီလား ... ခန နားလိုက်နော် နှမ ....
.
★ ★  ကံဆိုးမိုးမှောင်ကျမှုရဲ့ရှေ့ပြေးပဲထင်ပါရဲ့ .... ဗိုက်ကလဲ ဒရစပ်နာလာသလို ... မိုးမှောင်ကြီးကျလာပြီး ... မိုးသက်လေပြင်းနဲ့ မုန်းတိုင်ကျလာပါတော့တယ် ... ဒီမုန်းတိုင်းတွေကြားမှာပဲ ဒုတိယသားလေးကို မွေးဖွား ခဲ့တယ် ....ကျမရော မွေးကင်းစခလေးရော ...သားကြီးလေးပါ ချမ်းလွန်းလို့ခိုက်ခိုက်တုန်နေတာပေါ့ ...
.
နှမနဲ့ သားတို့ အရမ်းချမ်းနေကြပြီ ... ပြီးတော့ နှမလဲ သွေးနုသားနုနဲ့ဆိုတော့ ... ဒီဇရပ်မှာပဲ ( ၂ ) ရက်လောက်နားမှရလိမ့်မယ် ... ဒီတော့ မောင်ကြီးး နှမတို့သားအမိတစ်တွေ မီးလှုံဖို့ ထင်းသွားကောက် လိုက်အုန်းမယ်နော် ... ခနပဲ ... အမြန်ဆုံးပြန်လာခဲ့မယ် ...
.
★ ★  ဒါပေမယ့် ... ကျမခင်ပွန်းမနက်ထိပြန်မလာ ခဲ့ဘူး ... ကျမတှိုသားအမိတွေလဲ ... ဒမြရန် ... လူဆိုးရန်ကြောက်တာကြောင့် ... မိုးလင်းတာနဲ့ သားလေးတစ်ယောက်လက်ကိုဆွဲ ..သားလေး တစ်ယောက်ကိုချီ  လို့ မောင်ကြီးကို အရှာထွက်ခဲ့တယ် ...
.
★ ★  ဟော .. သားရေ ..ဟိုချုံကွယ် မှာလူတစ်ယောက် လဲနေပါလား ... ဟင် ... မောင်ကြီး ...မောင်ကြီး ဒါသ ဘယ်လိုဖြစ်တလဲဟင် .... ပင်ပန်းလွန်းလို့အားပြတ်လဲသွားတာလား ..ဒမြတွေနှိပ်စက်တာလား ... တစ်ကိုယ်လုံးလဲ ...ညိုမဲလို့ပါလား ... အသက်မရှိတော့ဘူး ... မောင်ကြီးရေ ... မောင်ကြီး ... ကျမခလေးနှစ်ယောက်နဲ့ ဘယ်လိုခရီးဆက်ရမလဲမောင်ကြီးရဲ့  ....
.
  ဒီလိုနဲ့ မောင်ကြီးအလောင်းကို သစ်ခြေက်တွေနဲ့ သားအမိနှစ်ယောက် အုတ်မိုးခဲ့တယ် ... အမိ အဖတွေ သာ အားကိုးရာမို့ မနားတော့ပဲ ခရီးဆက်ထွက်ခဲ့တယ် .... ရှေ့မှာမြင်နေရတဲ့ချောင်း ကို ဖြတ်ပြီး ရင် သာဝတ္ထိမြို့စွန်ရောက်ပြီ ... တော်သေးတယ် ... ချောင်းက ရေကျရက် ... ဒါပေမယ့် မနေ့က မုန်တိုင်းကြောင့် တောင်ကျရေတွေရှိနေသးတယ် ... ရေအနက်က ကျမခါးကျော်ကျော် ...
.
★ ★  သားလေး ... ဒီမှာငြိမ်ငြိမ်လေးထိုင်နေနော် ... အမေ ညီလေးကို ဟိုဖက်ကမ်းကိုအရင်ပို့မယ် ... သူ့ကိုဟိုဖက်ကမ်းမှာခနချခဲ့ပြီး ... သားကိုပြန်လာခေါ်မယ် နော်သားလေး ... ရော့ ဒီမုန့်လေးစားရင် ... မေမေ့ကိုထိုင်စောင့်နော် ...
.
သာငယ်လေးကိုချီလို့ချောင်ကိုကူးလာခဲ့တယ် .. ရေစီးကနဲနဲ သန်နေတုန်းမို့ ...ဖြေးဖြေးချင်း ဖြတ်နေ ရတယ် ... ဒီလိုနဲ့ တစ်ဖက် ကမ်းရောက်လို့ သားငယ်လေးကို ချခဲ့ပြီး သားကြီးရှိရာဖြတ်ကူးလာတာပေါ့ ...ဖြတ်ကူးရင် သားငယ်ရှိရာဖက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ ... ဟင် ... ကျမသားလေးကို စွန်က ချီဖို့ပြင်နေတာပါလားး ...
.
★ ★  ကျမလဲ စွန်ကိုလက်နှစ်ဖက်နဲ့ခြေက်လှန့်ရင်းအော်တာပေါ့ ... ဒါကို ကမ်းမှာရှိတဲ့သားက သူ့ကို ကူးလာဖို့လက်ယပ်ပြတယ်ထင်ပြီး ... ရေထဲဆင်းလာပါတော့တယ် ..
.
★ ★ သားလေး ပြန်သွား ..ရေစီးကြမ်းတယ် ... ပြန်သွားပါသားလေးရယ် ..သားရေ ..မလာနဲ့ မလာနဲ့ ...
ရွှေး .... ဟဲ့ ရွှေးးး .... သွားစမ်း ..ငါ့သားလေးကိုချီနေပြီ ... ဟင် ... သားကြီး သာကြီး ... ကယ်ကြ ပါအုန်းရှင် ကျမသားလေး ... ရေစီးနဲ့ပါသွားပြီ .... သားရေ  ... သားလေးး သားး ..အမေလိုက်လာပြီ ..အမေလာပြီ ... သာပြန်လာပါ ...
.
★ ★  အမလေး ကျမသားလေးကို စွန်ကြီးချီပြေးပြီ ... ပြန်ချ ..ပြန်ချလေ .... သားလေး ... သားလေး .. ရွှေး .. ဟဲ့ စွန် ..ငါ့သားလေးကိုပြန်ချ .... ပြန်ချစမ်း ... အားးးးး
.
သမီး ... သမီးရဲ့ ဒုက္ခတွေကို .... အမေ မကြည့်ရက်လိုက်တာသမီးရယ် .... သမီးလေး ... ထထ
.
★ ★  ကျမသတိရလာတော့ ချောင်းတစ်ဖက်မှာ ...
အမေ ... အမေ လာထွေးမွေ့ထားတယ် .... ကျမဘာမှမသိတော့ဘူး ... အမေရှိရာကို မနားတမ်းပြေးတော့တယ် .... အမေနဲ့တိုင်မယ် .... လောကကြီးမတရားဘူး ...
.
အခန်း ( ၃ )
.
★ ★ ငါလမ်းမှားတာလား ... အိမ်မှားတာလား ... ဒီနေရာဟုတ်ရဲ့လား ... ဟုတ်ပါတယ် ... ကျိန်းသေပါတယ် ... ဒါပေမယ့် ဘာလို့အုတ်ပုံကြီးဖြစ်နေရတာလဲ ....
.
 သခင်မလေး ... သခင်မလေးမဟုတ်လားဟင် ....
.
★ ★ ဟင် ... ဘယ်သူပါလိမ့် ..... လူတွေကျမနား ၀ိုင်းအုံလာတယ်
.
သခင်မလေး ... ကျနော်ကျွန်ခေါင်းကြီး ... အိမ်ထိန်းကြီးလေ ... သခင်မလေးမမှတ်မိဘူးလား
.
★ ★ ဟင် ... ကျွန်ခေါင်းကြီး ... အမိ အဖ တို့ရော ... ကျမမောင်ငယ်လေးရော ... ဘယ်မှာလဲဟင် ... ဒီအုတ်ပုံကြီးက ဘာဖြစ်တာလဲ ... ကျမ အမိနဲ့တွေ့ချင်တယ် ... ကျမမှာတိုင်စရာတွေအများကြီးရှိတယ် ...
.
လူတွေအကုန်လုံးစုတ်သတ် မျက်ရည်ဝဲကုန်တယ် ... ဘာလို့လဲ ...
.
အမလေး ..သခင်မလေးရယ် ... သခင်ကြီးရော .. သခင်မကြီးရော ... သခင်လေးရော ... ဒီတိုက်ကြီး ပိလို့ သေကုန်ကြပြီလေးသခင်မလေးရဲ့ ... လွန်ခဲ့တဲ့နှစ်ရက်ကမုန်တိုင်ကျလို့ ... အိမ်အို တိုက်ဟောင်းတွေပြို  ကျတာ သခင်မလေးတို့အိမ်လဲပါသွားတယ် ... ကျနော်မျိုးကြီး အလောင်းတွေကို ခက်ခက်ခဲခဲ ထုတ်ယူပြီး ဒီနေ့ပဲ သုံးလောင်းပြိုင် မီးသြ၈ိုလ် ခဲ့တာ ..ဟိုမှာကြည့် မီးခိုးတောင် မှ မစဲသေးပါလားသခင်မရယ် ... အဖြစ်ဆိုးလိုက်တဲ့ သခင်မ ....
.
★ ★ အဖိုးကြီး ကျမခြေရင်းမှာ ပုံလျှက် လဲကျသွားတယ် .... နှလုံးကွဲသွားတယ်တဲ့ ...
ကျမမီးခိုးတွေကိုကြည့်ပြီးပြုံးလိုက်တယ် ....
.
သခင်မလေး ... သတိထားပါအုန်း ... သခင်မလေးရယ် ...
.
ကျမကို ထိန်းလာတဲ့ အဖွားကြီး ...
.
★ ★ ဘာကိုသတိထားရမှာလဲ အထိန်းတော်ကြီးရဲ့ ... သခင်မနဲ့အတူထွက်ပြေးတဲ့ ကိုဒါသလေ ... သင်သိလား ... သူ့ကိုတနေ့ညကပဲ မြွေကိုက်လို့ သေသွားပြီးသိလား ...
.
အို ... ဖြစ်ရလေသခင်မလေးရယ် ...
.
★ ★ နောက်တော့သိလား ... ကျမရဲ့ သားအကြီးလေးလေ ... သိတ်လိမ်မာတာ ... စကားပြောရင်လဲ တီတီ တာတာနဲ့ ... သူလေးက မနေ့ကပဲ ချောင်းထဲမျောသွားတယ် ... ဟင်း ဟင်း
.
★ ★ နောက်ပြီး ... တစ်နေညကမှမွေးတဲ့ သားလေးလေ ... ကျမကချောင်းတစ်ဖက်မှာထားခဲ့ပြီး သားကြီးကို သွားခေါ်တုန်း ... သားတစ် မှတ်ပြီး စွန်ချီသွားတာ  ... ဒီလို ကိုက်ပြီးလေ ... ဒီလိုပျံသွားတာသိလား ...
.
အို ... ဘုရားးး ကယ်တော်မူပါ ...
.
★ ★ လူတွေအားလုံး ၀ိုင်းငိုနေကြပါလား ... အေးလေ ... ကျမက ၀မ်းနဲစရာပုံပြင်ကိုပြောပြနေတာ ... သူတို့ဝမ်းနဲတာပေါ့ ... အရူးတွေ ... နေအုန်း ... ပုံပြင်ပြီးအောင်ဆက်ပြောမယ် ..
.
အဲ့တာကြောင့် ... လောကကြီးက ကျမကိုနှိပ်စက်လို့ မညှာတာလို့ ... ရန်သူလိုသဘောထားလို့ ကျမက အမိနဲ့ တိုင်မလို့  ..အဖနဲ့တိုင်မလို့ ပြေးလာတာ ... မောလိုက်တာ
.
★ ★ ဟူး အခုတော့ ... လာရကျိုးမနပ်ဖူး ... အမိ အဖ မောင်ငယ် သားနှစ်ယောက် ခင်ပွန်း အကုန်သေကုန်ပြီ ... ဟိဟိ ... သေဖို့  ကျမတစ်ယောက်ပဲ ကျန်တော့တယ် ... မွန်းကြပ်တယ် ... ဟုတ်တယ် ..မွန်းကြပ် ရင်လဲသေတတ်တယ် ... အပေါ်ရုံတွေ ... မွန်းကြပ်တယ် ..ချုပ်နှောင်ထားသလိုပဲ ... ကျမဆုတ်ဖြဲပ လိုက်တယ် ...
.
★ ★ ခါးဝတ် ... ထုတ်ကြပ်နေတာပဲ ... ရှုတ်တယ် ...အဲ့တာတွေရှုတ်နေလို့ ကြပ်ထုတ်နေလို့ ..ငါ့သားတွေ ဆီ မြန်မြန် မကူးသွားနိုင်တာ မုန်းတယ် ... ချွတ်ပစ် .... ငါမွန်းကြပ်ပြီးသေမသွားချင်ဘူး ... စွန်ပစ်ချခဲ့မယ့် ငါ့သားကိုရှာရမယ် ... ရေထဲမျောသွားတဲ့ ငါ့သား ...တနေရာရာမှာတင်နေမှာ ... ငါရှာရမယ် ... အားလုံးချွတ်ပြစ်လိုက်စမ်း ... ဟိဟိ ..ခုမှလွတ်လပ်သွားတယ်
.
အလိုလေး ................ ဘုရား ဘုရား ...ဖြစ်ရလေးသခင်မလေးရယ် ... အဖြစ်ဆိုးလှချည်လား ...
.
★ ★ လူတွေအကုန် ပြေးကုန်ကြတယ် ... သူတို့ရှိလဲ အလကားပဲ ... သူတို့ကို အရေးအရာလုပ်ဖို့ အချိန်မရှိဘူး ... ခလေးတွေရှာရမယ် ...
.
ဒီလိုနဲ့ အရပ်တစ်ကာလှည့်ပြီး ... ခလေးတွေရှာတယ် ...
သားလေးကို စွန်ကြီးဆီက ပြန်လုတယ် ...
သားကြီးကို ရေကူးပြီး လိုက်ဆယ် တယ် ...
အဖေ အမေတို့ကို  ငိုငိုပြီးတိုင်တယ် ...
မောင်လေးကိုတွေ့တော့ ကယ်ပါအုန်းမောင်လေးရဲ့ဆို ဖက်ငိုတယ် ။
.
★ ★ ကျမကိုလူတွေက မသနားကြဘူးသိလား ...
သူတို့ကိုစွန်လို့ပြောပြီး ..ခလေး အတင်းဝင်လုလို့တဲ့ ၀ိုင်းရိုက်တယ် ...
မြေကြီးပေါ်ရေကူးတဲ့ အရူးမဆိုပြီး ၀ိုင်းရယ်ကြတယ် ...
သူတို့ကို အဖေ အမေ ခေါ်ပါတယ်ဆိုပြီး တွန်းထုတ်ကြတယ် ...
သူတို့ကို မောင်လေးရဲ့လို့ ဖက်ငိုတာ .... အိနြေ္ဒ ဖျက်ရပါ့မလားဆို ပြီး ယောက်ျားတွေက ကန်ကျောက်ကြတယ် ... ဂဲနဲ့ဝိုင်းပေါက်ကြတယ် ...
လူတွေက ရက်စက်တယ် .... ( ပဋာ = ခါးဝတ်မပါ  စာရီ = လှည့်လည်သွားနေသူ ) တဲ့... ကျမကိုခေါ်ကြတယ်
.
ရက်တွေ လတွေ ဘယ်လောက်ကြာသွားလဲ ကျမ မသိဘူး .... လူစု လူဝေးရှိရာအရပ်တွေမှာ ကျမသားလေးတွေကိုလိုက်ရှာတယ် ... တစ်ယောက်ယောက်ကောက်မွေးစားထားမှာကျိန်းသေတယ်လေ ... ဒါကျမအလုပ် ...
.
ဟဲ့ ... ဟဲ့ ... ပဋာစာရီ ... မလာနဲ့လေ .. သွား ... သွား ... တခြားသွားစမ်း ...
.
ရိုက်ထုတ်လိုက်ကြစမ်း ... ဒီအရူးမကို ... ဇေတ၀န် ကျောင်းတော်ထဲ ... ဗုဒ္ဓတရားဟောမယ်နေရာကို ..ဘယ်လိုဝင်လာ တာတုန်း ... အမြင်မတော်ပါဘူး
.
အမလေး ... ရှက်စရာကောင်းလိုက်တာတော် ....
.
★ ★  ခိုးဝင်လာတာပေါ့ ... ကျမသေချာရှာပြီးပြီ ...ဘယ်နေရာမှာ ကျမသားတွေကိုမတွေ့ဘူး .. ဒီတစ်နေရာ ပဲ ကျန်တယ် ... ဒီမှာဖွက်ထားကြမှာပေါ့ .. ဟွန်း
.
★ ★  လူတွေက ကျမကိုတွန်းထိုးနှင်ကြတယ် ... မသွား ပေါင်
ဆွဲလွဲခေါ်ကြတယ် .... မလှုတ်ပေါင်
ရိုက် ပုတ်ထိုးကြိတ် ကြတယ် ... မနာပေါင်

ဒီလိုတွေရုတ်ရုတ်သဲသဲဖြစ်နေတုန်း ... ကျမဘ၀မှာ ပထမဆုံး သာယာတဲ့ အသံတစ်သံကြားလိုက်ရတယ် ....
.
  ချစ်သမီး ... ပဋာစာရီ .... ရှေ့ကိုတိုးလာခဲ့ပါ ...
.
★ ★  ကျမကိုဝိုင်းရိုက်နေတဲ့ လူတွေ ရှဲသွားကြတယ်  ...
.
★  ဗုဒ္ဓ ခေါ်နေတယ် ... ပဋာစာရီ ....
.
★ ★ ဗုဒ္ဓ ... ဗုဒ္ဓ ....
ကျမချက်ချင်း ကိုယ်ကိုယို့ပြီးထိုင်ချ ... ရင်ဘတ်နှစ်ဖက်ကိုလက်နဲ့ ယှက်ပြီး ... ဘေးကလူတွေဆီကပုဝါကို အတင်ဆွဲလုမိတယ် ... ကျမ သတိကပ်လာပြီ ရှက်ကြောက်တတ်လာပြီ ဆိုတော့ ... ဘေးကလူတွေကလဲ သူတို့အပေါ်ရုံတွေလှမ်းပေးကြတယ် ...လူတွေက ၀ိုင်းတွဲပြီး ဗုဒ္ဓရှေ့အရောက် ခေါ်သွားကြတယ် ...
.
ချစ်သမီး ပဋာစာရီ ... ဘ၀အဆက်ဆက် .... သံသရာတစ်လျှောက် .... လင်သေ ... သားသေ ... ဆွေမျိုး မိဘ ညီအစ်ကိုမောင်နှမ သေလို့ .... ငိုခဲ့ရတဲ့ ချစ်သမီးရဲ့မျက်ရေတွေက ... မာဟာသမုဒ္ဒရာကြီး လေးစင်းထက် များပြားလှပါတယ် ...
ချစ်သမီးတစ်ယောက်ထဲမဟုတ်ဘူး ... သတ္တ၀ါတိုင်း ချစ်သမီးလို အပူမီး လောင် ကျွမ်းကြတာ ....
သေမင်းကို သင်တောင်မလွန်ဆန်နိုင်ဘူးချစ်သမီး ...
ဒီဒုက္ခတွေ ကင်းရာ မြတ်နိဗ္ဗာန်ရောက်ကြောင်း ..မဂ္ဂင် ရှစ်ပါးတရား ..အားထုတ်မယ်မဟုတ်လားသမီး ...
.
★ ★ ကျမရဲ့ ရင်ထဲမှာ ... အလင်းရောင်တစ်ခု လင်းလက်လာခဲ့ပါတယ် ... စိတ်ထဲမှာလဲ ကြည်လင်စင်ကြယ်သွားခဲ့ပါတယ် .... တင်းကျပ်နေတာတွေ ဘာလို့ပျောက်သွားပါလိမ့် ....
အဖ ... ဘုရားရှင် .... လို့ ခေါ်ပြီး ကျမ အားရပါးရငိုခဲ့ပါတယ် ...
.
ဒီလိုနဲ့ ကျမ ဘိက္ခူနီ ဘ၀ကိုခံယူခဲ့ပါတယ် ... ပဋာစာရီ ထေရီတဲ့ ... ဒီနာမည်က တွင်သွားပါလေရော...
.
★ ★ သောတပတ္တိမဂ်မှ အထက်မဂ် သို့ တက်လှမ်းရန် ကျင့်ကြံနေဆဲ တစ်နေ့ .... ကျမနေတဲ့ ဘိက္ခူနီကျောင်းပေါ်အတက်... ခြေထောက်ကိုရေဆေးမိရာ ...
ပထမ ရေတစ်ခွက်လောင်းလိုက်တယ် ... ရေကခြေဖမိုးပေါ်ကနေ ... နိမ့်ရာ မြေကြီးပေါ်ဆင်းသွားတယ် .. တစ်နေရာမှာ ရေကုန်ရပ်တန့်သွားတယ် ...
.
နောက်တစ်ခွက်လောင်းတယ် .... ခုနက ရပ်သွားတဲ့နေရာကနေ ရှေ့ကိုဆက်စီးပြီး ... တစ်နေရာမှာ တန့်သွားတယ်  ...
.
နောက်တစ်ခွက်လောင်းလိုက်တယ် ... ပထမတစ်ခါထက်ဝေးတဲ့ တစ်နေရာမှာ ရပ်သွားတယ် .....
ရေခွက်ပေါင်း .. သိန်း သန်း ကုဋေ အသင်္ချေ နဲ့ အညစ် အကြေးတွေဆေးရင် တစ်ချိန်မှာ ... ဒီရေဟာ သမုဒ္ဓရာဆီရောက်မှာပေါ့ ....
.
★ ★ နောက်တစ်မျိုးစဉ်းစားရင် ... ပထမအရွယ်မှာ သေနိုင်သလို ... ဒုတိယအရွယ်မှာလဲ သေနိုင်တာပဲ ...ဒီလိုပဲ တတိယအရွယ်မှာရောပေါ့ ....
.
ဒါဟာ အနိစ္စ ဒုက္ခ အနတ္တ တရားပေါ့ ပဋာစာရီ ...
.
★ ★ ဗုဒ္ဓရဲ့ အသံပါလား .... ကျမစိတ်လက်ပေါ့ပါးစွာ ... ဆီမီးခွက်လေးထွန်းပြီး ... ကျမတရားထိုင်ရာ ကျောင်း သင်္ကန်းကို ထွက်ခဲ့တယ် ... ကျမဆုံးဖြတ်လိုက်တယ် ... ရဟန္တာကိစ္စ မပြီးမချင်း ကျမ မထတော့ဘူး ...
.
ရဟန္တာ ဖြစ်ပြီးနောက်  အဖ ဘုရားရှင်ဆီမှာ ..၀ိနည်း ပိဋကတ်တော်တွေ အကျယ်သင်ကြားခဲ့တယ် ...  ၀ိနည်းဆိုင်ရာ အရေးအခင်းများကို ဘိက္ခူနီတွေကြားမှာကျမက ... လမ်းပြဆုံးဖြတ်ပေးရတယ် ...
.
★ ★ တစ်နေ့သောအခါမှာပေါ့ ...ဇေတ၀န်ကျောင်းတော်မှာ ... ဘိက္ခူ ဘိက္ခူနီ တို့ကို  ဗုဒ္ဓကိုယ်တော်တိုင် ... ဘွဲတော်ချီးမြှင့်တော်မူတော့  .... ဗုဒ္ဓက ကျမကို
.
ဧတဒဂ္ဂံ ဘိက္ခူဝေ မမ သာဝိကာနမ ဘိက္ခူနီနံ ၀ိနယ ဓရာနံ ယာဒိဓံ ပဋာစာရာ  ... လို့
နှုတ်တော်မှ ...ချီးမြှောက်တော်မူခြင်းခံခဲ့ရပါတယ် ....
.
ရဟန္တာ ထေရီ တွေထဲမှာ ... သင်ဟာ ၀ိနည်း အရာမှာ အမြတ်ဆုံး အတတ်ဆုံး .... ချစ်သမီး ပဋာစာရီ .... တဲ့
.
သုခိ အတ္တာနံ ပရိဟရ န္တု
( ဘဘဦးသုခရဲ့ ...ဗုဒ္ဓသမီးတော်များစာအုပ်မှ ကိုးကားပါတယ်ရှင် )
       
ချမ်းမြေ့ကြပါစေရှင် ....

Tuesday, November 18, 2014

မိုးပြာဓမ္မတရား သုံးသပ်ချက် ...

 

ဘုန်းဘုန်း ဓမ္မအလင်း သို့ ပြန်ကြားချက် (မိုးပြာဓမ္မတရား သုံးသပ်ချက်)

မနေ့ က ဓမ္မနဒီ မှာ ဘုန်းဘုန်း ဓမ္မအလင်း တင်ထားတဲ့ ပို့စ် တစ်ခု ကို ဖတ်မိတော့ ဒီ ပြန်ကြားချက် လေး ကို ရေးချင်စိတ် ဖြစ်ပေါ်လာ လို့ ရေးလိုက် ပါတယ်။ ဘုန်းဘုန်းတင်ထားတဲ့ ပို့စ် က မိုးပြာ ဦးဥာဏ ကို ဝေဖန် ထား တဲ့ ပို့စ်ပါ။ ဘုန်းဘုန်း တင်ပြထားတာ တွေ ကို အနှစ်ချုပ် ရင် အောက်ပါအချက်တွေ ကို ရပါတယ်။
.
(၁) မိုးပြာ ဦးဥာဏ က ဥာဏ်ထက် ရင် ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူလို့ ရ တယ်။ အခုတော့ မိုးပြာ ဦးဥာဏ က ဥာဏ်မထက် တော့ ဒီလို မလုပ်နိုင်ခဲ့ ဘူး။
(၂) ခန္ဓာတွေ ဟာ အရှိတရားတွေ မဟုတ်ကြဘူး။ အဖြစ်တရားတွေ သာ ဖြစ်တယ်။
(၃) အဗျာကတ ၀ိပါက်ခန္ဓာ တွေ နဲ့ ကိလေသာ ဥပါဒါနက္ခန္ဓာ တွေ ကို ခွဲခြား မြင်နိုင်ရင် သမုဒယ နဲ့ ဒုက္ခ ဆက်စပ် ပုံ ကို မြင်လိမ့်မယ်။ နိဗ္ဗာန် အသိလဲ ကွဲပြားလိမ့်မယ်။
(၄) မိုးပြာ ဦးဥာဏ က ဒါတွေ ကို မမြင်ပဲ ထေရ၀ါဒ ကို အပေါ်ယံ ရှပ်ပြီးတော့ တိုက်ခိုက်တဲ့ အခါ မှာ လူ အများ ကို လမ်းလွဲစေတယ်။
(၅) ဒီ အတွက် ဘုန်းဘုန်း က မိုးပြာ ဦးဥာဏ အရမ်း သနား မိတယ်။
(၆) ဒါတွေ ကို မိုးပြာ နဲ့ နီးစပ်သူတွေ ကို တွေက ရင် ပြောဆို ဖျောင်းဖြ ပေးကြပါ။ ပြန်လည် စည်းရုံးကြပါ။ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စည်းလုံးညီညွတ်ရေး က အလွန် အရေးကြီး ပါတယ်။

ဒီအချက်တွေ ကို ဖတ်ရတော့ ဘုန်းဘုန်း ဓမ္မအလင်း ဟာ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို အပြည့်အ၀ မသိမြင်သေး ပါလား ဆို တာ သဘော ပေါက်မိတယ်။ ဒါကြောင့် ဒီ ပြန်ကြားချက် ကို ရေးလိုက် တာ ဖြစ် တယ်။

.
ဒီရှင်းလင်းပြန်ကြားချက် ဟာ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ရှေ့နေလိုက် ပြီး ဘုန်းဘုန်း ကို ချေပ ထားတာ မဟုတ် သလို မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ကြော်ငြာ တာ လဲ မဟုတ်ဘူး ဆို တာ သိစေချင်တယ်။ တစ်ချို့ က မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ရေးတိုင်း မိုးပြာ လို့ ရမ်းတုတ်စွပ်စွဲ တတ်ကြလို့ ပါပဲ။ တစ်စုံတစ်ရာ ကို မသိနိုးနား ၀ိုးတစ်ဝါး ဖြစ်နေရမဲ့ အစား ပီပီပြင်ပြင် ကြည်ကြည်လင်လင် မြင်ပြီးတော့ မှ လက်ခံချင်လဲ လက်ခံ ငြင်းဆန်ချင်လဲ ငြင်းဆန်ပေါ့။ ငှက်မသိ ပဲ ဆက်ရက် ကို ချိုးထင် နေကြမှာစိုးလို့ ဖြစ်ပါတယ်။
.
မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား  တွေ က သူရေးခဲ့ တဲ့ စာအုပ် ၄၀ လောက် နဲ့ တရားခွေ ၁၅၀ လောက် မှာ ပြန့်ကျဲ နေတာ မို့ အားလုံး အမြင်ရှင်းအောင်  ဦးဥာဏ ရဲ့ ဓမ္မတရား တစ်ခု လုံး ရဲ့ အခြေခံ အုတ်မြစ်ကျောက်တုံး အယူ အဆ က နေ စပြော မယ်။ ဒါကို မသိ ရင် ကျန်တာ မှန်သမျှ စမ်းတ၀ါးဝါး ဖြစ်နေကြလိမ့်မယ်။ မိုးပြာ ဦးဥာဏ ဟာ မြတ်စွာဘုရား မဟောကြားတဲ့ အဗျာကထန တရား (၁၀) ချက် နဲ့ သူ့ ရဲ့ ဒဿန ကို စ တည်တယ်။ လောက အစရှိမရှိ အဆုံးရှိမရှိ အတ္တ နဲ့ ရုပ်နာမ် အတူတူ ဟုတ် မဟုတ် သတ္တ၀ါသေပြီး ရင် ထပ် ဖြစ်မဖြစ် ဆို တာ တွေ ပဲ။ ဒီ အဗျာကထန တရား (၁၀) ချက် ကို အခြေခံ လို့ ဗုဒ္ဓ ဟာ ခေတ်ပြိုင် လောကအမြင် တွေ ဘ၀သံသရာ အမြင်တွေ အတ္တ အမြင်တွေ ကို ပယ်ခဲ့ တယ် လို့ မိုးပြာ ဦးဥာဏ က ယူဆ ပုံ ပေါက်ပါတယ်။ သူ့ တရားခွေ တွေ မှာလဲ ကြားမိတယ်။

တကယ်တော့ အဗျာကထန တရား (၁၀) ချက် ကို ဗုဒ္ဓ မတုန့် ပြန်တာ က မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား တစ်ခု လုံး ရဲ့ အခြေခံ အုတ်မြစ်ကျောက်တုံး အယူ အဆ မဟုတ်သေးဘူး။ ဒါကို မူတည် ပြီး သတ္တ၀ါသေ ရင် ပြန်ဖြစ်-မဖြစ် ကို ဘုရားမဟော ဘူး ဆို တဲ့ အချက် မှာ မိုးပြာ ဦးဥာဏ က သတ္တ၀ါ သေရင် ပြန် မဖြစ်ဘူး ဆို တဲ့ အမြင်ဖက် ကို ဆွဲယူ သွားတယ် ဆို တာ တွေ့ ရတယ်။ ပါဠိလို ပြော ရင် တော့ ဥစ္ဆေဒ ဒိဋ္ဌိ ပေါ့ နော်။ မသေခင် အတ္တ ရှိတယ်..ဒီ အတ္တ က သေရင် ချုပ်ပြီ ဆို တဲ့ အမြင် ပါပဲ။ ရှင် ဥက္ကဌ ရဲ့ အမြင် က လူသေ လူဖြစ် ဆို ရင် မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က လူသေ ဘာမှ မဖြစ် လို့ ပဲ ပြောရ မယ်။
.
ဒီ အချက် က ဘယ်မှာ ထင်ရှား သလဲ ဆို ရင် လူတစ်ဦးချင်းစီ မွေးဖွားဖြစ်ပေါ်တည်ရှိ လာ တာ နဲ့ ပတ်သက် တဲ့ မိုးပြာ ဦးဥာဏ ရဲ့အမြင် မှာ ထင်ရှားနေပါတယ်။ အစဉ်အလာ ဗုဒ္ဓဘာသာရဲ့ အမြင် မှာ လူတစ်ဦးချင်းစီ မွေးဖွားဖြစ်ပေါ် လာ ဖို့ အကြောင်း တရား အခြေခံ (၃) ခု လို တယ်။
.
(၁) မိဘ နှစ်ပါး သံဝါသပြုခြင်း
(၂) မိခင်းလောင်း ဥတုပန်းပွင့်ခြင်း
(၃) ဂဗ္ဘ သေယျက ခေါ်တဲ့ ဘ၀ဟောင်း က စုတေပျက်ကြွေ လို့ အမိဝမ်းထဲ ၀င်စားမည့် သတ္တ၀ါ...တို့ ပါပဲ။
.
မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က နံပါတ် (၁) နဲ့ (၂) အကြောင်းတရားတွေ ကို အစဉ်အလာ ဗုဒ္ဓဘာသာရဲ့ အမြင် အတိုင်းလက်ခံ ပေမဲ့ နံပါတ် (၃) ဂဗ္ဘ သေယျက နဲ့ ပါတ်သက်လို့ ဘ၀ဟောင်း က စုတေပျက်ကြွေ လို့ အမိဝမ်းထဲ ၀င်စားမည့် သတ္တ၀ါ.လို့ မယူဆဘူး ဆို တာတွေ့ ရတယ်။ ဂဗ္ဘ သေယျက ရဲ့ တိုက် ရိုက် အနက် ဖြစ်တဲ့ သားအိမ် အတွင်း ကပ်ငြိကျရောက်မည့် သူ ဆို တာ ကို ပဲ ယူ ပြီး ဂဗ္ဘ သေယျက ဟာ အခြားမဟုတ်= ဖခင်လောင်း ရဲ့ မျိုးအောင် နိုင်တဲ့ သုတ်ပိုး (စပန်း) ပဲ ဖြစ်တယ်လို့ ကောက်လိုက် ပါတော့ တယ်။ ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒ အလို အရ လဲ ကိုက် သလို ဖြစ်နေတယ်။ သန္ဓေဗေဒ အလို အရ နံပါတ် (၁) နဲ့ (၂) အကြောင်းတရားတွေရှိ ရုံ နဲ့ သန္ဓေမတည်နိုင် ပဲ နံပါတ် (၃) ဂဗ္ဘ သေယျက =ဖခင်လောင်း ရဲ့ မျိုးအောင်နိုင်တဲ့ သုတ်ပိုး (စပန်း)လဲ အဓိက လို အပ် နေတာ ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒ က  အတည်ပြုပြီး ဖြစ်တဲ့ အပြင် အခြားသော ဇီဝကမ္မဆိုင်ရာ လိုအပ်ချက် တွေ လဲ များစွာ ရှိ သေးကြောင်း တွေ့ ရှိ ထားပြီး ဖြစ်လို့ ပါပဲ။
.
ဒီတော့ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒသက်သက် ကို မူတည် ပြီးတော့ လူ့ဇာတိ ဖြစ်ပေါ်လာပုံ ကို ရှင်းပြတဲ့ အခါ ဟိုး ရှေး အတိတ် က ဘ၀ဟောင်းနဲ့ ကမ္မသတ္တိတွေ ဆို တာ မလိုအပ်တော့ တဲ့ အပို ၀ိဘာဂတွေ သဖွယ် ဖြစ်ခဲ့ ပါတယ်။ ဒါကို ဒဿန ပညာ မှာ သဘာဝအခြေပြုရှင်းပြနည်း ( Naturalistic Explanation) လို့ လဲ ခေါ်တယ်။ သဘာဝ ကို သဘာဝ သက်သက် ရုပ် ကို ရုပ်သက်သက် နဲ့ ပဲ ရှင်းပြတဲ့ နည်းပါ။ နောက်တစ်ခါ ဒါ ကို အုက္ကာမ် ရဲ့ သင်တုန်းဓါးနည်း (Ockham's Razor) လို့ လဲ ခေါ်ကြသေးတယ်။ ဥပမာ မိုးကြိုးပစ် တာ ကို လုံလောက်တဲ့ သဘာဝ အကြောင်းတရား တွေ (မိုးတိမ် လျှပ်စစ်ဓါတ် )နဲ့ ရှင်းပြနိုင်ရင် သဘာဝလွန် အကြောင်း တရား တွေ ထည့် စဉ်းစားဖို့ မလို ဘူး ဆို တဲ့ နည်းပဲ   ဖြစ်တယ်။ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင်က ဒီ အချက်တွေ ကို အခြေခံလိုက်တဲ့ အခါ မှာ လူ--လူ ဘယ်က လာ အမိအဖတွေ ဆီ က လာ ဆို တဲ့ အမြင် ကို ရောက်တော့ တာပဲ။
.
မိုးပြာ ဦးဥာဏ ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လို့ လူသားရဲ့ ဒုက္ခ=ဒုက္ခ အကြောင်းတရား=ဒုက္ခချုပ်ငြိမ်းမှု
=ဒုက္ခငြိမ်းရာ လမ်း အမှန် ဆို တာ တွေ ကို ဆက် စဉ်းစားတဲ့ အခါ မှာ အထက်ပါ သဘာဝတ္တ အမြင် ကို အခြေခံ ပြီး စဉ်းစားပါတော့ တယ်။ မိုးပြာ ဦးဥာဏ ဟာ ရုပ်ကြမ်းဝါဒီ တစ်ယောက် တော့ မဟုတ်ဘူး။ ရုပ်ဆင့်ပွားဂုဏ်ရည်ဝါဒီ (Epiphenomenalist) တစ်ယောက် ဖြစ်တာ ကို တော့ တွေ့ ရတယ်။ မိုးပြာ ဦးဥာဏ ရဲ့ အမြင် မှာ စိတ် ဟာ ရုပ် မဟုတ် တဲ့ ဂုဏ်သတ္တိထူး တစ်ခု ဖြစ်ပေမဲ့ ရုပ်မရှိပဲ စိတ်မရှိနိုင် ရုပ်ကို အခြေခံလို့ ရုပ်ရဲ့ ဆင့်ပွားဂုဏ်ရည် အနေနဲ့ စိတ် က ပေါ်ထွက်လာတာ ဖြစ်တယ် လို့ မြင် တယ်။ ဥပမာ ကြေးပြား တစ်ချပ် ကို ပြောင်လက် အောင် တိုက်ချွတ်လိုက် ရင် ကြေးမုံ  ဖြစ်သွားပြီး ပတ်ဝန်းကျင်ဝတ္တုတွေ ကို အရိပ်ထင်နိုင်တယ်..ဒီ အရိပ်ထင်နိုင်တဲ့ ဂုဏ်သတ္တိ ဟာ မူလကြေးပြားပေါ် မှာ ပဲ တည်မှီ ရှိ နေပြီးတော့ ကြေးပြား က တစ်ဆင့် ထွက်ပေါ်လာတဲ့ ဆင့်ပွားဂုဏ်ရည်(Epiphenomenon) တစ်ခု သာ ဖြစ်တယ်..ထိုနည်းတူ ပဲ ရုပ် ကို မှီ ပြီး ဖြစ်တဲ့ စိတ် ကို မြင် ကြည့်ပါ။
.
ဒီ အတွက် ကြောင့်  မိုးပြာ ဦးဥာဏ ဟာ စိတ် ရဲ့ အရှိတရား ကို လက်ခံ တယ် (ရုပ်ကြမ်းဝါဒီ မဟုတ်) စိတ် ကို စနစ်တကျ လေ့ကျင့် ပေးရင် ထူးကဲတဲ့ အဘိညာဉ်တန်ခိုးသတ္တိတွေ ရနိုင်တယ် ဆို တာ ကို လဲ လက် ခံ တယ်။ စိတ် ရဲ့ ကြံစည်အားထုတ်မှု နဲ့ သိပ္ပံ ၀ိဇ္ဇာ ပညာ တွေ ဖေါ်ထုတ်နိုင်တယ် ဆို တာ လဲ လက်ခံ တယ်။ နောက် ဆုံး လူသားရဲ့ ဒုက္ခ=ဒုက္ခ အကြောင်းတရား=ဒုက္ခချုပ်ငြိမ်းမှု= ဒုက္ခငြိမ်းရာ လမ်း အမှန် ဆို တာ တွေ ကိုသိပြီး လွတ်မြောက်မှု ရသ ကို ခံစား နိုင်တာ လဲ စိတ် ပဲ လို့ လက်ခံတယ်။ ဟုတ်ပြီ..ဒါဆို မိုးပြာ ဦးဥာဏ ရဲ့ အမြင် မှာ လက်မခံ တာ က ဘာ လဲ ဆို တော့ ရုပ်ကို မတည်မှီတဲ့ စိတ်သက်သက် ရှိမှု နဲ့ လူ မမွေးခင် ရှိ နေတဲ့ စိတ်-လူသေပြီး ဘ၀ ပြောင်းသွားတဲ့ စိတ် စတာ တွေ ကို လက်မခံ ဘူးဆိုတာ တွေ ရတယ်။ ဒီ အချက် တွေ က မိုးပြာ ဦးဥာဏ ရဲ့ အမြင် တစ်ခု လုံးရဲ့ အတွင်း အနှစ်သား (Core) ပါပဲ။ ကျန်တာတွေ က ဒီ အချက် က နေ ဖြာထွက် သွား ရ တာ ပါ။
.
ထေရ၀ါဒ အမြင် က နေခွဲထွက်ခဲ့ တဲ့ မိုးပြာ ဦးဥာဏ ရဲ့ အမြင် ဟာ ဒီနေရာ မှာ အခက်ခဲ ဆုံး အလုပ် တစ်ခု ကို လုပ်ရပါတော့တယ်။ ထေရ၀ါဒ အမြင် က သံသရာ ကို ဘောင် အကျယ်ကြီး ထားတယ်..အချိန် ကာလ အရဆိုလဲ အစမထင် တဲ့ အတိတ် ကာလ အနမတဂ္ဂ ကာလ ကစလို့ နိဗ္ဗာန်ဝင်တဲ့ အထိ ( ပကတိ သံသရာ က အဆုံး တောင် မရှိပါ) နဲ့ နေရာဌာန အရ ဆို လဲ စကြာဝဠာတစ်ခု ကို (၃၁) ဘုံ နဲ့ စကြာဝဠာ ပေါင်း အနန္တ မှာ (၃၁) ပေါင်း အနန္တ ရှိပြီးတော့ သတ္တ၀ါ တွေ က လဲ မရေမတွက်နိုင်အောင် အနန္တ ကျယ်ပြန့် စွာ ရှိ နေ ပါတယ်။ ဒီလို ကာလ-ဒေသ အနန္တ သဘော ထဲ မှာ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း အဖန်တလဲလဲ မွေးသေ လည်ပတ် နေတယ်လို့ ထေရ၀ါဒ မဟာယာန စသည်တို့ က မြင်တာ ဖြစ်ပါတယ်။ ဒါတွေ အားလုံး ကို ဦးဥာဏ က အုက္ကာမ် ရဲ့ သင်တုန်းဓါးနည်း (Ockham's Razor)နဲ့ တိ ကနဲ ဖြတ်ချ လိုက် ပါတယ်။ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း အဖန်တလဲလဲ မွေးသေ လည်ပတ် နေတယ့် ဖြစ်စဉ်ကို ရှင်းပြရန် ကာလ-ဒေသ အနန္တ သဘော မလို အပ်ဘူး လို့ သူ က ဆို တယ်။
.
ရောဟိတဿ နတ်သား ကို ဟောတဲ့ ((ဤ တစ်လံ မျှ သော ကိုယ်ကာယ မှာ လောက-လောကဖြစ်ကြောင်း-လောကချုပ်ကြောင်း နဲ့ လောကချုပ်ရာ လမ်း တွေ ကို ငါပညတ် တယ်)) လို့ ဟောခဲ့ တာ ကို ထောက် ပြီးတော့ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ရဲ့ တည်မှီ ရာ ဟာ ဒီ အမိ နဲ့ အဖ ကြောင့် မွေးဖွားလာ ရ တဲ့ မွေးလူ ရဲ့ ရုပ်စိတ်တွေ ပေါ် မှာ ပဲ မှီ နေတယ် လို့ အခိုင်အမာ ပြော တော့ တာ ပဲ ဖြစ်တယ်။ ဘ၀သံသရာ ကြီးတစ်ခု လုံး ၃၁ ဘုံး အားလုံး ကို မိတ္တူချုံ့ ပြီး လူသားပေါ် တင်ကြည့် တဲ့ အမြင် ဖြစ်လာ ပါတော့ တယ်။

ဒီတော့ ချုပ်လိုက် ရင် ရုပ်ခန္ဓာကိုယ် က မိဘ တွေ ကြောင့် ဖြစ်လာတယ် ထမင်း မုန့် အာဟာရ နဲ့ ကြီးထွားတယ်..ဒီ ဇီဝရုပ် ကို အမှီပြု လို့ သိစိတ် က ဆင့်ပွားဂုဏ်ရည် အနေနဲ့ ဖြစ်ပေါ်လာတယ်။ ဘုန်းဘုန်း ဓမ္မအလင်း ပြော သလို ထေရ၀ါဒ အမြင် က အတိတ် ကံ အကျိုးပေးကြောင့် ဖြစ်ပေါ်လာတဲ့ အဗျာကတ ၀ိပါက်ခန္ဓာ တွေ ဖြစ်တယ် ဆိုတဲ့ အမြင် ကို မိုးပြာ ဦးဥာဏက လက်မခံ ပါဘူး။ သူ့ အမြင်မှာ ကမ္မသတ္တိ တွေ ဟာ ဒီဘ၀ ဒီခန္ဓာ ကို မကျော် ပါဘူး။ ဒါကြောင့် ထေရ၀ါဒ ရဲ့ ကမ္မသတ္တိကြောင့် ဖြစ်တဲ့ အဗျာကတ ၀ိပါက်ခန္ဓာ တွေ ကို သူ က သဘာဝတ္ထခန္ဓာ= ပရမတ္ထခန္ဓာ တွေ အဖြစ် ယူ ပါတယ်။ ဒီခန္ဓာ တွေ ဟာ အကောင်း အဆိုး မဟုတ် ကြလို့ အဗျာကတ တွေ လို့ တော့ ဆို နိုင် ပါတယ်။
.
ဟုတ်ပြီ။ သဘာဝတရား ကြီး က အမိ အဖ တွေ ကနေ တစ်ဆင့် ပစ်လွှင့်လိုက်လို့ လူသား ဟာ လောကကြီးထဲ ကျရောက်လာခဲ့ တယ်။ ပတ်ဝန်းကျင် တစ်ခု မှာ ကြီးပြင်းလာရ တယ်။ သူ့ ရဲ့ မွေးရာပါ လူသား ရုပ် နာမ်ခန္ဓာ တွေ က သူ့ ရဲ့ ပကတိ အတ္တ ပဲ ဖြစ်တယ်။ သူ ဟာ သူ ဖြစ်ကြောင်း ထပ်တူစွဲ နိုင်တဲ့ အမှတ်သရုပ် (Personal Identity) ဖြစ်တယ်။ ဒီ အတ္တဟာ သဘာဝ အတ္တ ဖြစ်လို့ ကိုယ်လုပ်တာ လဲ မဟုတ် သူ့ သဘော သူဆောင် နေတဲ့ အတ္တ ပဲ ဖြစ်တယ်။ ဒီ အတ္တ ရဲ့ အလိုဆန္ဒတွေ နဲ့ တုန့်ပြန်မှု တွေ က သဘာဝ သာ ဖြစ်လို့ ကုသိုလ် အကုသိုလ် မဟုတ်တဲ့ အဗျာကတတွေ သာဖြစ်တယ် ပယ်စရာလဲ မလို ဘူး လို့ ဦးဥာဏ က ပြော ပါတယ်။ ဒီ အပြစ်မဲ့ လူသား သဘာဝ ကလေးငယ်လေးဟာ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ ပြွမ်းတီးနေတဲ့ လူ့ ပတ်ဝန်းကျင်ထဲ ကို ရောက်လာ တဲ့ အခါ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ  ရဲ့ ကူးစက်မှု ကို စပြီးခံ ရပါတော့ တယ်။

သူ့ပတ်ဝန်းကျင်မှာ လူ တွေ ကံကျူး နေတာ တွေ ကို မြင်တယ်။ ဒီနေရာ မှာ ကံကျုးတယ်ဆို တာ ကို မိုးပြာ ဦးဥာဏက မိမိ သဘာဝ မဟုတ်ပဲ အလွန်အကျွံ ထပ်ခါတလဲလဲ လုပ် တာ တွေ ကို ဆို ပါတယ်။ ကာမဘ၀ မှာ ကံလွန်ကျူး မှု တွေ က တော့ သတ်-ခိုး-မှား-လိမ်-မူး စတဲ့ ဂရုဓမ္မသီလ ချိုးဖေါက်မှု တွေ အပြင် အခြားသော အပုည ကိရိယာ တွေ ချိုးဖေါက်မှု တွေ ကာမဂုဏ်အာရုံ တွေ ကို သဘာဝလွန်အကျူးအကျော်ထပ်ဖန်တလဲလဲ ခံစားလို မှု တွေ အပြင် အနာဂတ်ကာလ အတွက် ကာမဘ၀ အကျိုးပေးတွေ ကို စိတ္တဇ နဲ့ စိတ်ကူးယဉ် မျှော်မှန်းပြီး လုပ် တဲ့ ပုည ကိရိယာ တွေ ပါ ပါဝင်ပါတယ်။ ရူပဘ၀-အရူပဘ၀ ဆိုင်ရာ ကံလွန်ကျူး မှု တွေ က တော့ရူပဈာန် အရူပဈာန်တရားတွေ မှာ ရုပ်နာမ်ပျောက်ဆုံး ပြီး မဟဂ္ဂုတ် သုခ ဈာန်ချမ်းသာတွေ ထဲ မှာ သာယာနစ်မွန်း နေတာ တွေ ကို ဆို လို ပါသတဲ့။ ဒါတွေ အားလုံး က ဒုက္ခ နဲ့ ဒုက္ခ ချုပ်ငြိမ်းမှု အမှန် ကို မသိတဲ့ အတွက် ဖြစ်ပွား နေရ တဲ့ လွန်ကျူးမှု တွေ ပါ။
.
ဒါကို တွေ့မြင်ကြုံသိ ရတဲ့ လူသားဟာ ဒီ ကံကျုးမှု တွေ ကူးစက်ပြီး သူ့ စိတ်သဏ္ဍာန်မှာ လဲ အချစ် အမုန်း အမိုက် ကိလေသာ တွေ ကပ်ငြိလာ ပါတယ်။ အချစ် အမုန်း အမိုက် ကိလေသာတွေ ရဲ့ တွန်းအားကြောင့် သူများတွေ နည်းတူ သူလဲ ကံကျူးမှု တွေ ကို လုပ်ပါတယ်။ ဒီ ကံကျူးမှုတွေ က ရရှိလာတဲ့ ဝေဒနာ တွေ အပေါ် တပ်မက်သာယာတာ ကြောင့် အစွဲဥပါဒါန်တွေ ဖြစ်လာပါတယ်။ဒီ အစွဲ တွေ ဟာ ကံကျူးသူ ရဲ့ သန္တာန် မှာ အနုသယဓါတ် အနေနဲ့ ပြန်ကိန်းပြီး တော့ ကံဝိပါက်တွေ ကြွင်းရစ်စေပါတယ်။ ဒီ အနုသယတွေ ကြောင့် အကြောင်းတိုက်ဆိုင်တဲ့ အခါ ကိလေသာ အသစ်တွေ တစ်ဖန် ဖြစ်လာပြန် ပြီးတော့ ကံကျူးမှု အသစ် တွေ ကို ထပ်လုပ်ပြန်ပါတော့ တယ်။ ဒီလို နဲ့ ကိလေသာ==ကံကျူးမှု==ဝေဒနာ==သာယာမှု==စွဲလန်းမှု==အနုသယ==၀ိပါက် စတာတေါ ဟာ လူသား ပေါ်မှာ တရစပ် လည် နေတာ ကို ပဲ သူ က သံသရာ လို့ ခေါ်ခဲ့ ပါတယ်။

ဒီလို့ ကံကျုးမှု နဲ့ ဥပါဒါန်အစွဲ ၀ိပါက် တွေ ကြောင့် ဖြစ်ပေါ်လာရတဲ့ အသွင်အပြင် အစုအဝေးကြီး ကို ပဲ သတ္တ၀ါ လို့ ခေါ်တယ်။ သတ္တ၀ါ ဆို တာ သိမှတ်ခွဲခြားနိုင်လောက် အောင် ထင်ရှားပေါ်လွင်လာတာ ကို ဆို ပါတယ်။ အင်္ဂလိပ်ဘာသာ နဲ့ Personality လို့ ဆို နိုင်မယ် ထင် တယ်။ လူ တစ်ကိုယ် မှာ ဘ၀ တစ်လျှောက်လုံး သတ္တ၀ါ တွေ အများ ကြီး ရှိ နိုင်ပါတယ်။ ဘ၀ကဏ္ဍတွေ ဟာ သတ္တ၀ါတွေ ပါပဲ။ ကိုယ်ပြုသော ကံ က ကိုယ်ထံ ပြန်လာပြီး ဆိုင်ရာ သတ္တ၀ါ အသွင် ကို ပေါ်ပေါက် စေပါတော့ တယ်။ ဒါကိုပဲ ဦးဥာဏ က ဥပါဒါနက္ခန္ဓာ တွေ လို့ လဲ ဆို ပါတယ်။ ကံလွန်ကျူးမှု ဆို တဲ့ ကမ္မဘ၀ ကြောင့် ဖြစ်ပွားပေါ်လွင်ထင်ရှားလာရတဲ့ ဇာတိ တွေ လို့ လဲ ဆိုပါတယ်။ သူ့ အမြင် မှာ သတ္တ၀ါ ရယ် ဥပါဒါနက္ခန္ဓာ ရယ် ဇာတိ ရယ် ဟာ အနက်တူ ပါတယ်။ လူ တစ်ကိုယ် မှာ ဘ၀ တစ်လျှောက်လုံး ဇာတိ တွေ အများ ကြီး ရှိ နိုင် ပါတယ်။

ဥပမာ လူတစ်ယောက် ဟာ သူများတွေ ခိုးဝှက်ပြီး ချမ်းသာနေကြတာ ကို မြင်ပြီး အားကျလာ တယ် ဆိုပါဆို့။ ဒါက သူတပါး ကံကျုးမှု က ကိုယ်ထံ ကူးစက် လာ တာပါ။ ဒီတော့ သူ လဲ ခိုးချင်လာတယ် ကိလေသာတွေ သောင်းကျန်းတယ်။ ဒီတော့ ခိုးတဲ့ ကံကိုယ် သူ ကိုယ်တိုင် ကျူးလွန်တယ်။ ခိုးရာပါပစ္စည်းတွေ ရလာတော့ ပျော်ရွှင်တယ် သုခဝေဒနာ ရတယ်။ ဒီကို စွဲမက်တဲ့ စိတ် ဖြစ်တော့ ဒါကို ကောင်းတယ်ထင်တဲ့ ဥပါဒါန် က ၀ိပါက်ကြွင်းပြီး သူ့ သန္တာန် မှာ ကပ် နေတော့ တယ်။ အနုသယ ဖြစ်လာ တယ်။ ဒီ အခါ မှာ သူ ဟာ သူခိုး ဇာတိ ဖြစ်သွားပြီ==သူခိုး မျက်လုံး သူခိုးနား တွေ နဲ့ သူခိုး ဥပါဒါနက္ခန္ဓာ တွေ ပဲ ဖြစ်ပွားလာပြီးတော့ သူခိုးဆိုတဲ့ သတ္တ၀ါ သဘော ပီပြင် ထင်ရှားလာပါတော့ တယ်။ 

မိုးပြာ ဦးဥာဏ က ဆက်ရှင်းတာ က တော့ လူရဲ့ သဘာဝ အဗျာကတ ခန္ဓာ မှာ သူမဟုတ်တဲ့ သူ့ ကံကျူးမှု တွေ က တည်ဆောက်ထားတဲ့ ဥပါဒါနက္ခန္ဓာ တွေဟာ ပယောဂကြောင့် ဖြစ်တဲ့ အပ မှီ နေသလို ပဲ တွယ်ကပ်နေကြတာ ဖြစ်တယ်လို့ မြင်တယ်။ လူမှာ လူမဟုတ်တဲ့ သတ္တ၀ါတွေ ဇာတိတွေ က လာရောက်စွဲ ကပ်ပြီး သူတို့ အမိန့်ပေးစေစားတဲ့ အတိုင်းလူ က လိုက်လုပ် နေရ တယ် သူတို့ ကျေးကျွန် ဖြစ်နေတဲ့ အခြေအနေ နောက် ဒါကို လဲ အကောင်းထင်ပြီး သာယာနေတဲ့ အခြေအနေ ဟာ လူ့ ဒုက္ခ= ဒုက္ခအရိယသစ္စာ ဖြစ်တယ်လို့ ဆို တယ်။ Human Situation and His Predicament လို့ ဆို နိုင်ပါတယ်။

ဒီနေရာ မှာ ဘုန်းဘုန်း ဓမ္မအလင်း ကို တင်ပြချင်တာ က တော့ (( မိုးပြာ ဦးဥာဏ က ဥာဏ်ထက် ရင် ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူလို့ ရ တယ်)) ဆို တာ နဲ့ ပတ်သက်လို့ ပါပဲ။ မိုးပြာ ဦးဥာဏ က ဥာဏ်ထက်ခဲ့ ပါတယ်။  ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူခဲ့ ပါတယ် လို့ ပြော ပါရစေ။ သူ ဘယ်လို ထုတ်ယူခဲ့ သလဲ ရှင်းပြပါ့မယ်။

မိုးပြာ ဦးဥာဏ က အရှိတရား ကို အလွှာ အထပ် (၃)ခု ခွဲ တယ် ။

(၁) အခြေခံ အကျဆုံး အလွှာ က ပရမတ္ထသစ္စာ အလွှာ ဖြစ်တယ်။ ရုပ်နာမ်ဓမ္မတရားတွေ အခြေခံ ယူနစ်တွေ အဖြစ် ဖွဲ့စည်းထားတဲ့ အစိတ်အစိတ်တွေ ရဲ့ လောက ဖြစ်တယ်။ အဘိဓမ္မာ ရူပဗေဒ စိတ္တဗေဒ ဓါတု ဗေဒ စတဲ့ ဘာသာရပ်တွေ က လေ့လာ တယ့် နယ်ပယ် ဖြစ်တယ်။ ဒီနေရာ မှာ ခန္ဓာတွေ ဟာ အရှိတရားတွေ မဟုတ်ကြဘူး။ အဖြစ်တရားတွေ သာ ဖြစ်တယ်။ ဆိုတဲ့ ဘုန်းဘုန်း ဓမ္မအလင်း ရဲ့ အမြင် ကို လက်ခံတယ်။ ထပ်ပြီး နက်နက် ရှိုင်းရှိုင်း ပြောရရင် အဖြစ်တရား တွေ ဆို တာ မရှိတရား တွေ ဖြစ်တယ် (ဖမ်းဆုပ်ညွှန်ပြမရအောင်ပြောင်းလဲနေလို့ ပဲ ဖြစ်တယ်)==မရှိတရားတွေ ဆို တာ လဲ မဖြစ်မပျက် တဲ့ တရားတွေ ပဲ ဖြစ်တယ်။(အရှိသဘာဝ ညွှန်ပြစရာ မရှိလို့ ဒီအရာ ဖြစ်တယ် လို့ တောင် မပြော နိုင်ပါ)==ဒီတော့ ပရမတ္ထသစ္စာ အလွှာ ကို စူးစိုက် လေ့လာမယ် ဆို ရင် နောက်ဆုံးမှာ ထပ်တူစွဲမှုတွေ မရှိတော့ တဲ့ ဖြစ်ခြင်းပျက်ခြင်း အမူအယာတွေ ကင်းဆိတ် နေတဲ့ အနိမိတ္တ သုညတ သဘော ဆီ ကို ပဲ ဆိုက် ရောက် မှာ ဖြစ်တယ်။
မိုးပြာ ဦးဥာဏ ရဲ့ စကား အတိုင်းပြော ရ ရင် ဒြပ် (သမ္မုတိ) ကို ဖေါက်ခွဲ ရင် ကာလတရား (ဖြစ်ပျက်တရား) ကို ရ မယ်။ ကာလတရား (ဖြစ်ပျက်တရား) ကို ဖေါက်ခွဲ ရင် အာကာသ တရား (မဖြစ်မပျက်တရား) ကို ရ မယ်။

(၂) ပရမတ္ထသစ္စာ အလွှာ ဖြစ်တဲ့ ရုပ်နာမ်ဓမ္မတရားတွေ အခြေခံ ယူနစ်တွေ အဖြစ် ဖွဲ့စည်းထားတဲ့ အစိတ်အစိတ်တွေ ကို ပေါင်းစုပြီး နာမပညတ်တင်လိုက်တဲ့ အခါ သမ္မုတိ သစ္စာ အလွှာ က ပေါ်လွင်လာတယ်။ လှည်း ရဲ့ အစိတ်အပိုင်းတွေ ကို ပေါင်းစု လိုက်တဲ့ အခါ လှည်းအသွင် ပေါ်လာပြီး လှည်းလို့ နာမပညတ် ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ လူ ခွေးကြောင် အိမ် တိုက်တာ အဆောက်အဦ စတာ တွေ ပေါ်လွင် လာ လို့ ဒီ သမ္မုတိ သစ္စာ အလွှာ ကို အစိတ်အပိုင်းတွေ ပေါ် အခြေခံ တဲ့ အစု အရှိတရား လို့ ဆို နိုင်ပါတယ်။ ဒီ နေရာ မှာ ထေရ၀ါဒ နဲ့ မိုးပြာ ဦးဥာဏ အမြင်ကွာခြားချက် ရှိပါတယ်။ ထေရ၀ါဒ အနေနဲ့ က သမ္မုတိ သစ္စာ အလွှာ ဖြစ်တဲ့ အစု အရှိတရား တွေ ဟာ ပညတ်သက်သက် တွေ ပဲ ဖြစ်လို့ တကယ်မရှိတဲ့ တရားတွေ ဖြစ်ပြီး ရုပ်နာမ် ဖြစ်ပျက် စတဲ့  အစိတ်အစိတ်တွေ ရဲ့ လောက -ပရမတ္ထသစ္စာ အလွှာ က တော့ အဟုတ်ရှိ အမှန်ရှိတဲ့ အရာ တွေ ဖြစ်တယ် ဆိုတာ ပါပဲ။ ငါ-သူတပါး-ယောကျာ်း-မိန်းမ မရှိ ရုပ် နဲ့ နာမ် သာ ရှိ တယ်လို့ ထေရ၀ါဒ ၀ိပဿနာ သမားတွေ ပြော လေ့ ရှိပါတယ်။

မိုးပြာ ဦးဥာဏ ရဲ့ အမြင် က တော့ သမ္မုတိ သစ္စာ အလွှာ နဲ့ ပရမတ္ထသစ္စာ အလွှာ နှစ်ခုလုံး ဟာ သူ့ရှုထောင့်နဲ့သူ ရှိ ကြတဲ့ သစ္စာတွေ ဖြစ်ပါတယ်။ ပရမတ္ထသစ္စာ ရှုထောင့် ကကြည့်ရင် ပရမတ္ထသစ္စာ ပဲရှိပြီး သမ္မုတိ သစ္စာ က မရှိ သလို သမ္မုတိ သစ္စာ ရှုထောင့် ကကြည့်ရင် သမ္မုတိ သစ္စာပဲရှိပြီး ပရမတ္ထသစ္စာ ကို မရှိဘူးလို့ မြင်နိုင်တာ ပါပဲ။ အစိတ်သဘော နဲ့ အစုသဘော တွေ ဟာ နိုင်းရ တွေ ပဲ ဖြစ်တယ်။ အစိတ်မပါ ပဲ အစု မဖြစ်နိုင်သလို အစု လို့ ပြောလိုက် ရင် လဲ အစိတ် သဘော က ပါပြီးသား ဖြစ် ပါတယ်။ အနောက်တိုင်း ဒဿနပညာ နယ်ပယ် မှာ Parts and Whole ပြဿနာ ကို အကျယ်တ၀င့်ဆွေးနွေးကြပါတယ် ဒီနေရာ မှာ တော့ မသက်ဆိုင်လို့ မပြော တော့ ပါ။

သတ္တ၀ါတွေ ဟာ အဆင့်မြင့်လာတဲ့ အခါ မှ သမ္မုတိ သစ္စာ အလွှာ ကို သိလာတာ ပါ။ ဘာသာစကား သင်္ကေတစနစ်တွေ ကို သင်ကြားလေ့လာ လာရတာပါ။ ပရမတ္ထတရား တွေ ကတော့ အဆင်းအနံ့ အရသာ စတာ တွေ ဖြစ်လို့ ခရု ပက်ကျိနဲ့ က စလို့ နို့စို့ ကလေး တောင် သိတယ် လို့ ဆို ရမှာ ဖြစ်တယ်။ပရမတ္ထတရား တွေ ကို ပရမတ္ထတရား တွေအနေနဲ့ သစ္စာ ဖွဲ့ ပြီး သိတဲ့ အခါ သမ္မုတိ သစ္စာ အလွှာ ထဲ ကို ရောက်သွား ပါပြီ။ အဘိဓမ္မာ စာပေ တွေ ဖြစ်ထွန်းလာပါတော့ တယ်။

(၃) မိုးပြာဦးဥာဏ ရဲ့ အမြင် မှာ ဖေါ်ပြခဲ့တဲ့ အစိတ်အရှိတရား (ပရမတ္ထသစ္စာ အလွှာ) နဲ့ အစုအရှိတရား (သမ္မုတိ သစ္စာ အလွှာ) တွေ အပြင် နောက်ထပ် သစ္စာ အလွှာ တစ်ရပ် ရှိနေပါသေးတယ်။ ဒါက တော့ အမှုကိစ္စ အရှိတရားတွေ ရဲ့ အရိယသစ္စာ အလွှာ ဖြစ်ပါတယ်။ ဥပမာ လှည်း အစိတ်အပိုင်းတွေ ပေါင်းစု လို့ လှည်း ဆို တဲ့ ပညတ် ဖြစ်လာတယ်။ ဒီလှည်းဟာ ပညတ် သက်သက် မဟုတ်ပဲ စီးနင်းသူ ကို လိုရာ ရောက်အောင် ပို့ ဆောင်ပေးနိုင်ခြင်း ဆို တဲ့ အမှုကိစ္စ/ Function ကို ဆောင်ရွက် ပေးပါတယ်။ ဒီလိုပဲ လူမှာ လဲ အစိတ်သဘော ရုပ်နာမ်တွေ ကို အခြေခံပြီး မောင်ဖြူမောင်နီ ပညတ် တွေ အစုအရှိ တွေ ဖြစ်လာ တယ်။ ဒီ အစု လူသား က ကံကျူးခြင်း မကျူးခြင်း ဆို တဲ့ ကမ္မအမှုကိစ္စ တွေ ကို လုပ်ဆောင် ပါတော့ တယ်။ အစိတ် ကို အခြေခံ လို့ အစု ဖြစ် အစု ကို အခြေခံ လို့ အမှု ဖြစ် ဆို တာ က မိုးပြာဦးဥာဏ ရဲ့ ပရမတ် က နေ ကံ အထိ အောင် ဆက်စပ်ယူသွားတဲ့ အမြင် ပါပဲ ဘုန်းဘုန်းရေ။

အရိယာ ဆို တာ ဖြူစင်သူ ဆို တဲ့ အနက် ကြောင့် အရိယသစ္စာ အလွှာ ဟာ ကံကျူးမှု အစွန်းတွေ ကို ရှောင်ရှားပြီး တော့ မိမိ ကမ္မတရားတွေ ကို ဖြူစင်စေသူ ပါပဲ။ ဒီတော့ ဥပါဒါနက္ခန္ဓာ တွေ နဲ့ ကပ်ငြိ နေတဲ့ လူ သာ ဖြူစင်ရိုးသား ယဉ်ကျေးမြင့်မြတ်သူ အရိယာ အဖြစ် ကို ရောက် အောင် ဘယ်လို အားထုတ်မလဲ။ ဒါကို မိုးပြာဦးဥာဏ ရဲ့ သင်ကြားချက် မှာ ဓမ္မာနုဓမ္မာ ပဋိပတ္တိ လို့ ခေါ်ပါတယ်။ ဓမ္မာ= သူတော်ကောင်းဆရာသမားထံ က ပရေတောဃောသ ကြားခဲ့ ရသော တရားသဘောတို့ ကို ဆင်ခြင်မှတ်သားပြီး + အနုဓမ္မ ပဋိပတ္တိ = မိမိ ၏ သန္တာန်၌ ကံကျူးမှု တွေ မဖြစ်အောင် အဖန်ဖန် လေ့ကျင့် အားထုတ်ခြင်း ပါပဲ ။

ဒီလို အားထုတ်နိုင်ဖို့ ဆရာထံ က နေ ကိလေသာ=ကံ=၀ိပါက်=ဥပါဒါန်=ဇာတိ စတာတွေ အဖန်ဖန် လည် ပတ် နေပုံ နဲ့ ဒါတွေ ရပ်တန့်ချုပ်ငြိမ်းပုံတွေ ကို သင်ကြားရပါတယ်။ သစ္စာလေးပါးရဲ့ ခွင် ထဲ မှာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတွေ ကို တင်လို့ ကမ္မ၀ိပဿနာ ဥာဏ် နဲ့ မြင်နိုင်အောင် ရှု ပွား ရ ပါတယ်။

(၁) ပွား ရ မှာ က မဂ္ဂ အရိယသစ္စာ ဖြစ်ပါတယ်။ သမာသော ကောင်းမြတ်သော မလွန်ကျူးသော ကံ (၈) ပါး ကို အားထုတ် ရမှာ ဖြစ်တယ်။ လူသား ရဲ့ နေ့စဉ်ဘ၀ မှ ရှိတဲ့ အယူအမြင်၊ အတွေးအကြံ။ အပြော အဆို။ အလုပ်အဆောင်။ သက်ဝင်ရှင်သန်မှု။ အားထုတ်မှု။ သတိရှိမှု နဲ့ တည်ကြည်မှု စတာ တွေ ကို သမာသော ကောင်းမြတ်သော မလွန်ကျူး သော ကံတွေ ဖြစ် အောင် တရပ်စပ် နေထိုင် အားထုတ် နေရ မှာ ဖြစ်ပါတယ်။ သတိ ပညာ ၀ီရိယ သမာဓိ စတာ တွေ ဦးစီးတဲ့ နေထိုင်မှု ဘ၀ဟန် ကို တည်ဆောက် ရ မှာ ဖြစ်တယ်။

(၂) အပွားခံ တရား က ဒုက္ခ အရိယသစ္စာ ဖြစ်ပါတယ်။ ကံ (၈) ပါး မှာ လွန်ကျူး မှားယွင်းနေခဲ့ ရင် ကာမသုခလ္လိက အစွန်း နဲ့ အတ္ထကိလိမထ အစွန်းတွေ ကို ကျရောက် မယ်။ လုပ်ပြီးတိုင်း ဆာလောင်လို့ ထပ်ထပ် လုပ်ချင် တဲ့ အနုယောဂ အကျင့်တွေ စွဲ နေမှာ ဖြစ် ပါတယ်။ ဒီ အကျင့် တွေ ကမ္မဘ၀ တွေ ကြောင့် ဇာတိတွေ ဖြစ်လဲ ဒီ ဇာတိတွေ က ကြာကြာမခံ ပဲ ပျက်စီးတယ် (အနိစ္စ) မိမိ ကို နှိပ်စက် နေတယ် (ဒုက္ခ) မိမိ ဘ၀ မိမိ အစိုးမရ အောင် သူတို့ က ကြိုးကိုင် ချယ်လှယ် နေတယ် (အနတ္တ) ဆို တဲ့ ဒုက္ခ အရိယသစ္စာ လက္ခဏာ တွေ ကို ပေါ်လွင် ထင်ရှားလာ အောင် မပြတ်သော သတိ နဲ့ စောင့်ကြည့်ပွားများ နေရ မှာ ဖြစ်ပါတယ်။

(၃) ပယ်အပ်တဲ့ တရား က သမုဒယ အရိယသစ္စာ ဖြစ်ပါတယ်။ ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် တွေ ကို ဖြစ်ပေါ်စေတဲ့ ကိလေသာ အစွဲတွေ ဖြစ်ပါတယ်။ ဒီနေရာ မှာ မိုးပြာဦးဥာဏ ရဲ့ အမြင် အရ ဆာလောင်မှုတိုင်း လိုချင်မှု တိုင်း ကို ကိလေသာ လို့ မသတ်မှတ်ပါဘူး။ သဘာဝတ္ထခန္ဓာတွေ (ဘုန်းဘုန်းစကားနဲ့ ဆို အဗျာကတ၀ိပါက် ခန္ဓာတွေ) က တောင်းဆို တာ မှန်သမျှ က သဘာဝ က တောင်း တာ ဖြစ်လို့ ပယ်ရန်မထိုက်တဲ့ (၀ါ) သမုဒယ အရိယသစ္စာ မဟုတ်တဲ့ တရားစုတွေ ပါပဲ။ အတ္တ မဟုတ်တဲ့ အတ္တ (သို့မဟုတ်) သဘာဝအတ္တ မှာ လာကပ်ငြိ နေတဲ့ အနတ္တ ဥပါဒါနက္ခန္ဓာ တွေက နေ တရိရှားရှား ဆာလောင် မွတ်သိပ် တောင့်တ နေ တာ တွေ က သာ ကိလေသာတွေ ပါပဲ။ ကာမတဏှာ နဲ့ အပို ဆာဒါး ကာမဂုဏ် သာယာမှု တွေ ကို တောင့်တ မယ်။ ဘ၀တဏှာ နဲ့ မိမိ ရဲ့ ဇာတိ သဏ္ဍာန် သတ္တ၀ါ ဘ၀ တည်မြဲ မှု တွေ ကို တောင့် တမယ် ၀ိဘ၀တဏှာ နဲ့ ဒီ ဘ၀ တွေ ကို အရှိမှတ်ထင်ပြီး ချုပ် မှ အေးမယ် ဆို ပြီးတောင့်တမယ် ပေါ့ ။ အစဉ်အလာ သမထ ၀ိပဿနာ အားထုတ်မှု တွေ ဟာတောင် ဒီ ကမ္မဘ၀ အမြင် ကို မရပဲ ရုပ်နာမ်ချုပ်ပြတ်ရေး ကို ဦးတည် အားထုတ် နေရင် ၀ိဘ၀တဏှာ ဖြစ်စေတယ်လို့ မိုးပြာဦးဥာဏ က ကောက်ယူ ပါတယ်။

(၄) ဆိုက်ရောက် အပ် တဲ့ တရား က တော့ နိရောဓ အရိယသစ္စာ ဖြစ်ပါတယ်။ ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် တွေ ရဲ့ ငြီးငွေ့ဖွယ် အနိစ္စ ဒုက္ခ အနတ္တ အသုဘ တွေ ကို မြင် ပြီး ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် ကို ထပ် မကျော့ တော့ တဲ့ အခါ ကိလေသာ-ကံ-၀ိပါက် စက်ဝိုင်းကြီး ဟာ ကျိုးပျက် သွား ရပါတော့ တယ်။ ကိလေသာတွေ ကင်းစင် ငြိမ်းအေးတဲ့ အစွန်းလွတ်နေတဲ့ ကံ မကျူးတော့ တဲ့ လူသား ဟာ အရိယာ ဖြစ်ပါပြီ။ ဖြူစင်ရိုးသားယဉ်ကျေးမြင့်မြတ်သူ လို့ သတ်မှတ်လို့ ရ ပါပြီ။ ဒီလူ သား ဟာ လူ့ အောက် လျှော့ကျ လို့ ကာမတဏှာ တွေ နဲ့ ရစ်ပတ်နှောင်ဖွဲ့ ပြီးတော့ ကာမဘုံသားဆုံလည်နွား ဖြစ် နေရ တဲ့ ဘ၀ ကို လဲ ပယ်စွန့် ခဲ့ ပါပြီ။ လူ့ အထက် ကျော်လွန်မြင့်တက်လို့ ဘ၀တဏှာ ၀ိဘ၀တဏှာ ရူပရာဂ အရူပရာဂ တွေ နဲ့ ဈာန် မဟဂ္ဂုတ်တွေ ပဲ ပျော်ဝင် နစ်မွန်း နေတဲ့ လူလွန် အဖြစ် ကို လဲ ပယ်စွန့် ခဲ့ ပါပြီ။သူ ဟာ လူသား နဲ့ အတူ ဆုံး လူသား လူ့ယဉ်ကျေးမှု အဖွဲ့ အစည်းတိုင်း က လက်ခံ နိုင်တဲ့ လူသား ပရိုတိုတိုက်ပ် ဖြစ်လို့ သူ့ ကို သာမညလူသား (Universal Man) လို့ ပဲ ခေါ်နိုင် ပါတော့ မယ်။ ဤ ကမ္ဘာ မြေ၀ယ် နေခွင့် ရသမျှ နေရက် တွေ ကို လွတ်လပ် ပေါ့ပါးချမ်းမြေ့အေးငြိမ်းစွာ ရှင်သန် နေထိုင်သွားမဲ့ လူသား သာ ဖြစ်ပါတော့ တယ်။

မိုးပြာ ဦးဥာဏ က ဒါတွေ ကို မမြင်ပဲ ထေရ၀ါဒ ကို အပေါ်ယံ ရှပ်ပြီးတော့ တိုက်ခိုက်တဲ့ အခါ မှာ လူ အများ ကို လမ်းလွဲစေတယ် ဆိုတဲ့ဘုန်းဘုန်း ရဲ့ မှတ်ချက် နဲ့ ပတ်သက်ပြီးတော့ ပြော ရ ရင် မိုးပြာ ဦးဥာဏ က လဲ ထေရ၀ါဒ မဟာယာန စသည် တို့ ကို ထပ်တူ ပဲ စွပ်စွဲ ထား ပါတယ်။ သူ့ အမြင်မှာ ဘုရားရှင် ရဲ့ ကမ္မ၀ါဒ သာသနာ ဟာ ဘုရားရှင် လွန်တော်မူပြီးနောက် နှစ်ပေါင်း ၂၀၀ လောက် ပဲ တည်တယ်လို့ ဆို တယ်။ နှစ်ပေါင်း ၂၃၀၀ လောက် ဘုရားရှင် ရဲ့ ကမ္မ၀ါဒ သာသနာ ဟာ အကွယ်ခံ ရပြီး ဒီနေရာ မှာ ထေရ၀ါဒ မဟာယာန စသည် တို့ ရဲ့ ပရမတ္ထသာသနာ ပဲ ထွန်းကားခဲ့ တယ်လို့ ဆိုတယ်။ ဒီ ဟာ က အလွန် ၀န်လေး သော အဆို ဖြစ်ပါတယ်။ ထေရ၀ါဒ မဟာယာန စသည် တို့ ဟာ ဗုဒ္ဓဓမ္မ ကို နက်နဲစွာ မသိမြင်ပဲ လူ အများ ကို လမ်းလွဲစေတယ် လို့ ဆို တာ ဖြစ်လို့ ပါပဲ။ ဒီ အချက် က တော့ ထရ၀ါဒ မဟာယာန စသည် တို့ က ဆရာတော်ကြီးတွေ နဲ့ မိုးပြာ ဦးဥာဏ အကြိတ် အနယ် ဆွေးနွေးသင့်တဲ့ အချက်ပါ။ မိုးပြာ ဦးဥာဏ က ထေရ၀ါဒ က ဟိုး အတွင်း ကလီစာ အထိ အောင် ထိုးနှက် ထား တာ ဖြစ်ပါတယ်။ ဘုန်းဘုန်း က မိုးပြာ ဦးဥာဏ အရမ်း သနား မိတယ် လို့ ဆို သလို ပဲ မိုးပြာ ဦးဥာဏ က လဲ ထေရ၀ါဒ မဟာယာန စသည် တို့ ကို သနားမိတယ် လို့ ဆို ပါတယ်။ ဒါတွေ က တော့ ပုဂ္ဂလ ဓိဋ္ဌာန် အမြင်တွေ ပဲ မို့ တပည့်တော် အကျယ် မဆွေးနွေးတော့ ပါဘူး။
ဒီလောက် ဖတ်ရရင်တော့ မိုးပြာဓမ္မတရား ဘာလဲ ဆို တာ အကြမ်းဖျင်း သဘော ပေါက် လောက်ပီထင်ပါတယ်။ ရိုးရာ ထေရ၀ါဒ နဲ့ မဟာယာန တွေ ဟာ အခြေခံ အားဖြင့် သဿတဒိဋ္ဌိ ကို အခြေခံ ပြီး ဒါန သီလ တွေ ပါရမီတွေ ဟော နောက်မှ သမထ ၀ိပဿနာ နဲ့ သဿတဒိဋ္ဌိ ကို ဖြုတ်တဲ့ လမ်းစဉ် ဖြစ်ပါတယ်။ မိုးပြာဓမ္မတရား က ဥစ္ဆေဒ ဒိဋ္ဌိ ကို အောက်ခံ ကျောက်တုံး အနေနဲ့ တည်ဆောက် ထားတဲ့ ဓမ္မတရား ဖြစ်ပါတယ်။ ဒီ နှစ်ခု က တစောင်းစေး နဲ့ မျက်ချေး လို ပဲ ဖြစ်ပါတယ်။ အတူတကွ ယဉ်တွဲ လက်ခံ ဖို့ မဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ် ဘုန်းဘုန်းဘုရား။

တပည့်တော် ကြုံကြိုက် ရင် မိုးပြာဓမ္မတရား ဝေဖန်ချက် တွေ ရေးပြီးတင်ပါဦးမယ်။ အလွန်ရှည်လျှားသော  ပြန်ကြားချက် ကို ခန္တီ မေတ္တာ လက်ကိုင်ထား ဖတ် ရှု ပေးသော ဘုန်းဘုန်း ဓမ္မအလင်း နဲ့ ဓမ္မ မိတ်ဆွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ တရားတွေ့ ကြ ပါစေလို့ ဆု တောင်း လိုက်ပါတယ်။

မေတ္တာဖြင့်

အောင်ကျော်မိုး (ဓမ္မနဒီ)

Saturday, November 15, 2014

ဘုရားရှင်နှင့် အမ္မဋ္ဌ လုင်




★ ★  ဒီတစ်ခါတော့ .... ဘာသာခြားတစ်ယောက်က ဘုရားရှင်ကို အပြောနဲ့အလုပ် မညီဖူးဆိုပြီး စွပ်စွဲထားတဲ့ အကြောင်းအရာလေးကိုရှင်းထား တာလေးတင်ပေး လိုက်ပါတယ်....
.
ဘာသာခြားတွေပြောသမျှကို ..အငြိုငြင်ခံ ဖြေရှင်းပေးတာက တစ်ခြားမဟုတ်ပါဘူး ကျမတို့ ဘာသာဝင်မောင်လေး ညီမလေးတွေ သာသနာတော်အပေါ်မှာ သို့လော သို့လော ထင်ယောင် ထင်မှား မဖြစ်စေချင်တာရယ် .... ကိုယ့်သာသနာတော် အကြောင်း အမှန်ကိုသိပြီး ... လက်မထောင်စေချင်တဲ့ဆန္ဒ လေးနဲ့ပါ..... 

.
သူတို့ကိုလဲ မဖတ်စေချင် ပါဖူး ရှင်... သူတို့မဟုတ်ထှာရေးတာတွေဖတ်မိတဲ့.... မောင်လေးညီမလေးတွေ အတွက် ပါ... ဒီနည်းနဲ့ အမျိုး ဘာသာ သာသနာတော်ကို... ကိုယ်တတ်နိုင် သလောက်လေး စောင့်ရှောက်ပေးတာပါ.....။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

.
စွပ်စွဲချက် ( ၁ )
.
((((((( ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ် ၂၇၀-၂၇၁ဂေါတမဗုဒ္ဓ နဲ့ အမ္ဗဋ္ဌလုလင် တို့ အပြန်အလှန်ပြောဆိုရင်း၊ တစ်ချက်မှာ ဂေါတမဗုဒ္ဓ ရဲ့ အမေးစကား တစ်ခုကို အမ္ဗဋ္ဌလုလင် က မဖြေကြားဘဲ၊ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဂေါတမဗုဒ္ဓသုံးကြိမ်တိုင်တိုင် မေးပြီး၊ အကယ်၍ ဘုရားကသုံးကြိမ်တိုင်တိုင် မေးမြန်းတာကို မဖြေကြားဘဲ နေလျှင်၊ အဲဒီလူရဲ့ ဦးခေါင်းဟာ အဲဒီနေရာမှာပဲ ခုနှစ်စိတ်ကွဲ မှာ ဖြစ်ကြောင်း ခြိမ်းချောက်မိန့်တော်မူခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြားမင်းဟာ ဘီလူးအသွင်ဆောင်ပြီး သံတူ ကြီးစွဲကိုင်၊ မေခွန်းဖြေဖို့ ပျက်ကွက်ရင် ခေါင်းကိုခုနှစ်စိတ်ကွဲ အောင် ထုသတ်ဖို့ အထက်ကောင်းကင်မှာ ရပ်နေခဲ့ပါတယ်။ မေးခွန်းလေးမေးတာ မဖြေတာကို တောင် ဦးခေါင်း ခုနှစ်စိတ် ခွဲသတ်ဖို့ ဂေါတမဗုဒ္ဓ က ကြံရွယ်တော်မူခဲ့ပါတယ်။ အကယ်၍ အမ္ဗဋ္ဌ လုလင်ကသာ မေးခွန်း ကို မဖြေခဲ့ရင်၊ ဦးခေါင်း ခုနှစ်စိတ်ကွဲသေပွဲဝင်ခဲ့ရမှာပါ။ ))))))
 .

  စွပ်စွဲချက် ( ၂ )
.
((((( အောင်ခြင်းရှစ်ပါးကို ကြားဖူးမှာပါ။ မာရံ ယက္ခံ ဂဇံ စောရံ ၊စိဉ္စမာဏဉ္စ သစ္စကံ ။နာဂံ ဗကံ ဇိနော ဇိနိ ၊ဟောတု မေ ဇယမင်္ဂလံ ။ ဆဋ္ဌမမြောက် အောင်ခြင်းဟာ "သစ္စက ပရဗိုဇ်ကို အောင်တော်မူခြင်း"ဖြစ်ပါတယ်။ မူလပဏ္ဏာသ၊ စူဠှသစ္စကသုတ် ၊ ၃၅၇ ကို လေ့လာကြည့်ပါ။ အဲဒီမှာလည်းပဲ၊ ဂေါတမဗုဒ္ဓမေးတဲ့ မေးခွန်းကို သစ္စက ပရဗိုဇ် က မဖြေတော့ ဦးခေါင်းခုနှစ်စိတ်ကွဲ ရမယ်လို့ဂေါတမဗုဒ္ဓ က ခြိမ်းချောက် တော်မူခဲ့ပါသေးတယ်။ ဆိုလိုတာ က အသက်ဟူသမျှမသတ်ရလို့ဟောကြားခဲ့သော်ငြား လက်တွေ့မှာတော့ ဂေါတမဗုဒ္ဓဟာ လိုအပ်လာလျှင်တော့ အသက်ကိုသတ်ဖို့ အထိအသင့်ရှိခဲ့ကြောင်းပါ။))))))
.

★ ★  ( ၁ ) နှင့် ( ၂ ) အဖြေပါ....
.
ဒီနေရာမှာ ဘုရားဟောအစစ်နဲ့ ပြန်ရေးထားတဲ့ ကျမ်းတွေကိုခွဲခြားသိဖို့လိုမယ်ရှင်။ ဘုရားဟောအစစ်တွေမှာ ဘုရားရှင်က .......

ဘယ်နေရာမှာ
ဘယ်အကြောင်းကြောင့် 
ဘယ်သူ့ကို 
ဘယ်လိုဟောပါတယ် ပါပါတယ်. ..။ 
.
ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ပဲ သူတစ်ပါး ဘာသာ ကိုရှုံ့ချချင်ဇော နဲ့ ရေး ထားတယ် ဆိုတာ ပြရာရောက်ပါလိမ့်မယ်။ 
.
ခုနောက်ပိုင်းတွေမှာ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် တစ်ခြားဘာသာဝင်တွေ ပညာ ရှင်တွေ ထဲ က ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအ စစ် ၊ ဘယ်ဟာကနောက် စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူးပြောင်း ခဲ့ကြတာ တွေ အများကြီး ရှိပါတယ်....။ 
.
`` စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။

 အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော်(၁၂)ပါးတို့ ထဲက တာဝတိသာနတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။ သစ္စက ပုရပိုဇ်နှင့်င့် ဗုဒ္ဓဟာ အနတ္တ၀ါဒ ကိစ္စ မေးတာပါ ... နောက်ဆုံးမှာ  အနတ္တသာ မှန်ပါတယ်လို့ သစ္စက ကအားလုံးကို ၀န်ခံရပါ တယ်။
 .
 နောက်ပိုင်း သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာပါ ဗုဒ္ဓနဲ့ မ ဆိုင်ပါဘူး ´´ ။ ဒီတော့ ဘုရားဟောဆိုတာတွေမှာ...ဘုရားရှင်က ဘယ်နေရာ...ဘယ်တုန်းက...ဘာအကြောင်းကြောင့်.. ဘယ်သူ့ကို ဘယ်လိုဟောခဲ့တယ်ဆိုတာ...အတိအကျပါပါတယ်..... ဘုရားရှင်ပရိနိဗ္ဓန်ပြုပြီး နောက်ပိုင်း ရဟန်းတွေစာရေးဆရာတွေက....ဗူဒ္ဓကို ကြည်ညိုလွန်ပြီး ...လွန်လွန်ကြူးကြူး ဖွဲ့ ထားတာတွေနဲ့ ဘုရားဟော အစစ်တွေကို ခွဲခြားဝေဖန်စေချင် ပါတယ်.... ။
.
★ ★  ဘုရားရှင်နှင့် အမ္ဗဋ္ဌ လုင်
.
တချိန်က ပေါက္ခရသာတိ ပုဏ္ဏားဆရာကြီးရဲ့ တပည့်ကြီးတဦးဖြစ်သူ ဝေဒပါရဂူ၊ အမ္ဗဋ္ဌလုလင်ဟာ မိမိဆရာကြီး စေခိုင်းချက်အရ မြတ်စွာဘုရားအား ဘုရားစစ် ဟုတ်-မဟုတ် စုံစမ်းဘို့ ဘုရားရှင် သီတင်းသုံး တော်မူရာ ကောသလတိုင်း ဣစ္ဆာနင်္ဂလရွာကြီးအနီးက ဣစ္ဆာနင်္ဂလတောအုပ်ကို အခြားပုဏ္ဏားလုလင်အပေါင်းခြံရံလျှက် သွားရောက်ခဲ့ပါတယ် ....

 .
 ဘုရားရှင်ထံမှောက် ရောက်တဲ့ အခါ အမ္ဗဋ္ဌလုလင်က ဘုရားရှင်အား နှုတ်ဆက်စကားပြောပြီး ထိုင်နေတော်မူသော မြတ်စွာဘုရားနှင့် မတ်တတ်ရပ်လျက်၎င်း၊ ထိုင်လျက်၎င်း အမှတ်တရ စကားကို အနည်းအပါး ပြောကြားပါတယ် ...
.
ထိုအခါ ဘုရားရှင်က အမ္ဗဋ္ဌ-သင်သည် ထိုင်လျက်၊ ရပ်လျက်ပင် ထိုင်နေသည့် ငါဘုရားနှင့် စကားပြော သကဲ့သို့ အသက်အရွယ်ကြီးရင့်ကြ ဆရာ့ဆရာဖြစ်ကြသည့် ပုဏ္ဏားကြီးများနှင့်လဲ အဲဒီလိုပဲ စကားပြောဆိုပါသလောလို့  မေးတော်မူလိုက်တဲ့အခါ ...

.
အရှင်ဂေါတမ၊ ဒီလိုမပြောပါနဲ့ ... ကျွန်ုပ်တို့ဟာ ဇာတ်နိမ့်ဖြစ်ကြ၊ မည်းညစ်ကြ၊ ဗြဟ္မာရဲ့ ခြေဖမိုး မှ ပေါက်ဖွားလာကြတဲ့ ဦးပြည်းရဟန်းတို့နှင့် စကားပြောသည့်အခါမှသာ ယခု အရှင်ဂေါတ မနှင့် ပြောသလို ပင် ဖြစ်ပါတယ်-ဟု အမ္ဗဋ္ဌက ပြောဆိုပါတယ် .... 

.
အမ္ဗဋ္ဌ သင်ဟာ ဒီကိုလာရင်းကိစ္စကိုသာ နှလုံးသွင်းပါ။ အို လုလင်တို့၊ အမ္ဗဋ္ဌဟာ အကြားအမြင် နည်းပါး၊ မယဉ်ကျေး မလိမ္မာသူ ဖြစ်နေလျက်နဲ့ သူ့ကိုယ်သူ အကြားအမြင်များသူ လိမ္မာယဉ်ကျေး သူလို့ မှတ်ထင်နေရှာတယ်။ 

.
ဒီလို ဖရုသ၀ါစာ စကားမျိုးကို ပြောဆိုတဲ့အတွက် မလိမ္မာ မယဉ်ကျေးသည်မှလွဲပြီး ဘာမျှ အကြောင်း မရှိလို့  မြတ်စွာဘုရားက မိန့်ကြားတော်မူပါတယ် ...။

ဒီအခါ အမ္ဗဋ္ဌက ဆတ်ဆတ်ခါ နာသွားပြီး-အရှင်ဂေါတမ၊ သာကီဝင်မင်းမျိုးဟာ  ခက်ထန်ကြမ်းတမ်းတယ်။ သဘောထားနုကြတယ်။ စကားလဲ များကြတယ်။ ဇာတ်နိမ့်တွေဖြစ်လျက်နဲ့ ပုဏ္ဏားတွေကို မရိုသေကြ၊ အလေးမပြုကြ၊ မပူဇော်ကြ၊ မတုပ်ဝပ်ကြ၊ ဇာတ်နိမ့်ဖြစ်တဲ့ သာကီဝင်မင်းတွေရဲ့ ဒီအပြုအမူမျိုးဟာ မသင့်တော်လွန်းပါဆိုပြီး သုံးကြိမ်တိတိ  ဇာတ်နိမ့်စကားနဲ့ ရှုတ်ချပြောဆိုခဲ့ပါတယ် ။

.
ဒီအခါ ဘုရားရှင်က-အမ္ဗဋ္ဌ သင့်ရဲ့ အမျိုးအနွယ်ကို ပြောစမ်းပါလို့  မိန့်တော်မူရာ အမ္ဗဋ္ဌက အကျွန်ုသည် ကဏှာယန အမျိုးအနွယ် ဖြစ်ပါသည်လို့  ပြန်ပြောပါတယ် ။ 

.
ဗုဒ္ဓက သာကီဝင်မင်းမျိုးတို့ဟာ သြက္ကာက မင်းကြီး၏ သားတော်၊ သမီးတော်များဖြစ်လို့ အမျိုးမြတ်ပုံပြီး  ကဏှာ ယန ပုဏ္ဏားမျိုးသည် သြက္ကာက မင်းကြီး၏ ဒိသာမည်သော ကျွန်မ မှ မွေးသော ကဏှ အမည်ရှိသူ၏ သားစဉ်မြေးဆက် အမျိုးအနွယ်များဖြစ်၍ ယုတ်ညံ့ကြောင်းတို့ကို အထင်အရှားဖြစ်စေပြီး ကဏှာ အတိတ်လူ့သမိုင်းအကြောင်း  ဖော်ထုတ်ဟောကြားတော်မူပါတယ် ...။
.
  ပြီးနောက် ဗုဒ္ဓက အမ္ဗဋ္ဌလုလင်အား ....  အမ္ဗဋ္ဌ... အကြောင်းယုတ္တိရှိသည့် မေးခွန်းကို ငါမေးမည်။ သင်မဖြေချင်ပေမဲ့လဲ ဖြေရမယ်။

 .
 အမ္ဗဋ္ဌ .... အသက်အရွယ်ကြီးရင့်ကြသည့်  ဆရာ့ဆရာတွေ ဖြစ်ကြတဲ့  ပုဏ္ဏားများ ပြောဆိုသည်ကို သင်ဘယ်လိုကြားဘူးသလဲ၊ ကဏှအနွယ်ဝင်များဟာ ဘယ်ကစပြီး ဖြစ်လာသလဲ။ ကဏှအနွယ်ဝင်များရဲ့ ရှေးဦးယောက်ျားကား ဘယ်သူလဲလို့ မေးတော်မူတော့  အမ္ဗဋ္ဌက  မဖြေဘဲ ဆိတ်ဆိတ်နေပါတယ် .....  နှစ်ကြိမ်မြောက် မေးလည်း မတုန်မလှုပ်။ မဖြေဘဲ ငုတ်တုတ်ထိုင်နေတာပေါ့ .... ။
.
ဘုရားရှင်က တတိယအကြိမ် ထပ်မံမေးမှသာ အမ္ဗဋ္ဌက သက်ပြင်းချလျှက် .... အရှင် ဂေါတမ မိန့်တော်မူသည့်အတိုင်းပင် အကျွန်ုပ် ကြားဖူးပါ၏။ 

ကဏှအနွယ်တို့ သည် ထိုကျွန်မ၏ သား ကဏှမှစ၍ ဖြစ်ကြပါ၏။ 
ထိုကျွန်မ၏သားသည်ပင် ကဏှအနွယ်ဝင်တို့၏ ရှေးဦးပုဂ္ဂိုလ်ဖြစ်ပါသည်-ဟု ဦးခေါင်းအောက်စိုက်လျှက်လျှောက်ထား ရှာရပေသည်တဲ့ရှင် .....
(((( ကြားက သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာပါ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး ))))

.
ချမ်းမြေ့ကြပါစေရှင်.....

မာလု  
.
.

Wednesday, November 12, 2014

မိုးပြာတွေပြောတဲ့ မိစ္ဆာဒိဋ္ဌိ




မောင်လေး ညီမလေးတို့ရေ .... မိုးပြာက တင်ထားတာလေးကို ရှင်းထားတာလေးပါ ... ပုံမှန်အတိုင်းဆို နူးက မိုးပြာတွေနဲ့မပတ်သက်ပါဘူး .... ရွံလို့ပါ ပြီးတော့ တအားစိတ်တိုရ လွန်းလို့ပါ ... နူးကလဲ စိတ်တိုရင် ပိသလေး ဘေးပြစ် ကပြောတတ်တာ နဲ့ တမင်ရှောင်နေတာ ....  
ဒါပေမယ့် ဒီတစ်ခါတော့ တအားဆိုးလွန်း လာတယ် ထင်တဲ့အတွက် ... ညီမတစ်ယောက် အကောင့်နဲ့ ၀င်ပြီး  ... ဖြေရှင်းထားပါ ... 

  ဦး မနော  

"ဂေါတမ ဗုဒ္ဓ ဟုတ် မဟုတ်""
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဋ္ဌကထာ ဆရာတွေ သရုပ်ဖော် ထားတဲ့ ဘုရားဟာ ဂေါတမ ဗုဒ္ဓ မဟုတ် ဘူးလို့ပြောရင် ပြောသူ လွန်ရာ ကျမယ်။

မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဋ္ဌကထာဆရာတွေ သရုပ်ဖော် ထားတဲ့ ဘုရားက
"""ဒီ လူကောင် ကြီးဟာ မမွေးမီ ဟို ဘက်ဘ၀ဘ၀ တွေမှာ အကောင် ဗလောင် တစ်ခု မဟုတ် တစ်ခု ဖြစ်ခဲ့တယ်။

ဟို ဘက်ဘ၀ အကောင် ကနေ ကြောင်းကျိုးဆက်ပြီး ဒီ ဘက် ဘ၀ မှာ လူကောင်ကြီး လာဖြစ်တယ်။
ဒီ လူကောင်ကြီင်္းကသေပြီးတဲ့ အခါ နိဗ္ဗာန် မရောက်ရင် နောက်ထပ် အကောင် တစ်ကောင်ကောင်က
တစ်နေရာရာ မှာ ထပ် ဖြစ်အုန်းမယ် နိဗ္ဗာန် ရောက်ရင် တော့ ဘာ အကောင်မှ မဖြစ်တော့ဘူး"""လို့
""ပြောတဲ့ ဘုရား"""

ဒါ ဆို စိစစ် ရမှာ က ဂေါတမ ဗုဒ္ဓ က အဲ့ လို ပြောခဲံ့သူ လား။ တကယ်တော့ ဂေါတမ ဗုဒ္ဓက အဲ့ လို သူ မပြောပါ ဘူး လို့ သုတ္တံ ပေါင်း ၇၂ သုတ် နဲ့ ပြင်းပြင်း ထန်ထန်ငြင်း ဆို ခဲံသူပါ။

ပြီးတော့ မိစ္ဆာဒိဋ္ဌိ (အယူမှား) (၆၂) မျိုးကို ညွှန်ပြ ခဲ့သူပါ။ အဲဒီ မိစ္ဆာဒိဋ္ဌိ ၆၂- မျိုးက..
မမွေးခင် ဟိုအတိက် ဘ၀က အယူတွေကို ကြံဆပြီး ယူတဲ့ အယူမှား ----- ( ၁၈ )-ခု။
သေပြီးနောင်မှာ ဖြစ်လာမယ့် အယူတွေကို ကြံဆပြီး ယူတဲ့ အယူမှားက ------- (၃၉)-ခု။
နောက် လက်တွေ့ဘ၀ထဲမှာ ကြံဆပြီးယူတဲ့ အယူမှားက------( ၅)-ခု။
ပေါင်းတော့ ၆၂-ခု။
ဒါ ဆိုရင် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဋ္ဌကထာဆရာတွေ သရုပ်ဖော် ထားတဲ့ ဘုရားက ဂေါတမ ဗုဒ္ဓ ဟုတ် ပါသလား။ ဆန်းစစ် ကြပါစို့။ ။
((((  Mg Mg Shinn ))))))

✔ ✔ ဗုဒ္ဓဟောတဲ့ ((((( မမွေးခင် ဟိုအတိက်ဘ၀က အယူတွေကို ကြံဆပြီး ယူတဲ့အယူမှား ----- ( ၁၈ )-ခု။ )))) အဲ့တာကို ဗုဒ္ဓ ဘယ်လိုဟောထားတာလဲ ... 

ဗုဒ္ဓက ရှေ့ဘ၀နောက်ဘ၀ ရှိတာ မဟောခဲ့ဘူး ... နောက်တစ်ခုက ရှင်ပြောတဲ့ ဒိဋ္ဌိ ( ၆၂ ) ပါးထဲက ပထမ ( ၁၈ ) ပါးရဲ့ ဦးဆုံး ( ၄ ) ပါးကိုပဲ ရှင်းပါအုန်း .... အကျဉ်းရော အကျယ်ရော ... ကျမ်းကိုးနဲ့တစ်ကွ အကျယ် ရှင်းပြပါ ... ရှင်တင်တာကို  တာဝန်ယူဖြေ ရှင်းပေးပါ ... ။

((ရှေ့ဘဝကို ယုံသူဟာ မိစ္ဆာဒိဌိ ဖြစ်ပါတယ်ဆိုတဲ့ သက်သေပဲ လိုချင်တယ်)) 
စာတစ်အုပ်လုံး မတင်နိုင်ဘူး ကိုယ့်ဖာသာရှာဖတ်ပါ ဆဌသဂါင်္ယနာ တင်ထားတဲ့ သံယုတ်ပါဠိတော် မြန် မာပြန် တတိယတွဲ စာမျက်နှာ ၃၇၁ သုတ်အမှတ်စဉ် ၁၀၇၈ စိန္တသုတ် မှာသွားကြည့်လိုက် ရှေ့ ဘဝ နောက် ဘဝ ဗုဒ္ဓ မယူကြောင်းကို ....
ကူးမပြနိုင်သေးဘူး ခုပြောထားတာကို အရင်ကြည့်လိုက် ဆဌသဂါင်္ယနာ တင်ထားတာတောင် မကြေ နပ်သေးရင် နောက်ထပ် သဂါင်္ ယနာ တင်ခိုင်းပေါ့

✔ ✔ ရှင်ပြောတဲ့ကျမ်းကိုးမှားနေတယ် ... ရှင်ပေးတဲ့စာမျက်နှာက ကာမဘူသုတ် ... ရှင်အာနန္ဒနဲ့ အရှင်ကာမဘူနဲ့ ပြောတာ .... ဘုရားဟော တစ်စိမှကို မပါတာ ... .... စိန္တသုတ် မတွေ့ဘူး .... စိန္တသုတ်ကလဲ ကျမရှာခိုင်းတဲ့မိစ္ဆာဒိဋ္ဌိ ( ၆၂ ) ပါးကျမ်းကိုးမဟုတ်ဘူး .... အရှေ့ ၁၀ မျက်နှာ အနောက် ၁၀ မျက်နှာ  ရှာတာတောင်မရှိဘူး ... နောက်တစ်မျိးဆက်လိမ်အုန်း ... ကျမ်းကိုး မှားနေတယ် ...

စိန္တသုတ်မှာပါတဲ့ အဗျာကထန ၁၀ ချက် ကို ဘုရားမယူဘူးလို့ပြောတယ် တို့ကမယူဘူး ထေရကသဂါင်္ယနာ တင်ပြီး အသိမှတ်ပြုပေမယ့် ဘုရားပယ်တာကို ယူတယ် အဲဒါကွာတယ်

✔ ✔ ခက်ပြီ ... မေးတာက တခြား ... ပေးတဲ့ ကျမ်းကိုး ကတစ်လွဲပဲ .... ပိဋက တော်တွေလဲ ဖတ်ဖူးပုံ မပေါ်ဘူး .... ဦးဥာဏ ကျမ်း အဗျကထန ပဲ တွင်တွင်ပြောနေတော့ တာပါလား .... 

သိတယ် ... သူများ မယား နဲ့ ဖောက်ပြန်နေရင်တောင် နှစ်ဦး သဘောတူရင် ကုသိုလ်ပါရတယ်ဆိုတဲ့ ဥာဏလမ်းစဉ် .... အရက်ကို မမူးအောင်သောက်ရင် ... သူရာမေဒယကံ မမြောက်ဖူးပြောတဲ့ ဥာဏ လမ်းစဉ် တွေ

တော်ပြီ ... ဒိလူ့ အန္ဓကြီးကိုကိယ်တိုင်ပဲဖြေပေးတော့မယ် .... ရှာခိုင်းလဲ ကျမ်းကိုးကိုသိမှာမဟုတ်ဘူး ..... သေချာ မှတ်ထား ရှင် .... မိစ္ဆာဒိဋ္ဌိ ( ၆၂ ) ပါးအကြောင်းက .... ((((( ဒီဃနိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ၊ ဗြဟ္မဇလ သုတ္တန် )))) မှာရှိပါတယ် ... 

✔  ၆၂ ပါးသော မိစ္ဆာဒိဌိ ရဲ့ ခေါင်ချုပ်က
၁။သဿတမိစ္ဆာဒိဌိ= သေပြီး ဖြစ်သေးတယ်
၂။ ဥစ္ဆေဒမိစ္ဆာဒိဌိ = သေပြီး မဖြစ်တော့ဘူး

အဲဒီ မိစ္ဆာဒိဌိ ၂ ပါးကို သမတ ဆယ်စောင်တွဲမှာ သာမဏေတွေအတွက် လိင် ၁၀ ပါး ထဲလည်းပါတယ် အဲ့မိစ္ဆာဒိဌိကိုယူရင် သာမဏေ တောင် မဟုတ်တော့ဘူး
 

 
✔ ✔ အဖျီး အဖြန်းကလဲတော်ပါ့ဦးမနောရယ် ... 
 ဗုဒ္ဓက ...  လူတွေဟာ လွန်ခဲ့တဲ့ ဘ၀ပေါင်းများစွာမှာ မိမိတို့ပြုခဲ့တဲ့ ကံ ကံ၏အကျိုးကြောင့် .... ဘ၀အထပ်ထပ် ကျင်လည် နေခဲ့ရတယ် .... သေပြီးနောက်မှာလဲ မိမိပြုခဲ့တဲ့ ကံအတိုင်း ... နိဗ္ဗာန်မရောက်ခင်စပ်ကြား ဘ၀ပေါင်းများစွာ ဆက်ကျင်လည်နေရအုန်းမယ် လို့ဟော ခဲ့တာ .... 

ရှင်တို့မိုးပြာ လက်ထဲရောက်မှ ... ဗုဒ္ဓက ... 
မမွေးခင် ဘ၀တွေရှိတယ်လို့ယူရင် ဒိဋ္ဌိ ...
သေပြီးနောက်ဘ၀တွေရှိတယ်လို့ယူရင် ဒိဋ္ဌိ လို့ဟောပါတယ် ဆိုပြီး ... ဘုရားဟောတွေ ပြောင်းပြန် အလုပ် ခံရတော့တယ်  ... ငရဲသားတွေ ... 
ကိုယ့်ဖာသာ သေပြီးနောက်ဘ၀ မရှိဘူးလို့ ယူရင် ယူပေါ့ရှင် ... ဗုဒ္ဓကို ခုတုန်း လုပ်စရာလား ...။
ထားပါတော့ ....


(((((  ၆၂ ပါးသော မိစ္ဆာဒိဌိ ရဲ့ ခေါင်ချုပ်က
၁။သဿတမိစ္ဆာဒိဌိ= သေပြီး ဖြစ်သေးတယ်  ၂။ ဥစ္ဆေဒမိစ္ဆာဒိဌိ = သေပြီး မဖြစ်တော့ဘူး
)))))


ဘယ်လိုများ ဒီလောက်လွဲအောင် ဘာသာပြန်လိုက်လဲ စဉ်းစားလို့ကိုမရတော့ဘူး .... မှတ်ထားနော် 

✔ ✔ သဿ     တမိစ္ဆာဒိဌိ  ကို သဿ      တ ၀ါဒ လို့ခေါ်တယ် ( ၄ ) ပါးရှိပါတယ် ....

✔ ✔ ( ၁ ) ဘ၀တစ်သိန်းမျှ ရှေးကဖြစ်ခဲ့ဘူးသော ခန္တာအစဉ်ကို အောင့်မေ့ဆင်ခြင်နိုင်သော ပုဗ္ဗေနိဝါသ နုဿ တိဥာဏ်ကို ရသဖြင့် ခန္တာအိမ်ကို အစိုးရသော အတ္တဖြင့် သတ္တလောက မြဲ၏ ဟု ယူသော အယူ ၀ါဒ ....

✔ ✔ ( ၂ ) ဘ၀ပေါင်းများစွာ သံဝဋ ၀ိဝဋ ကပ်ပေါင်း ( ၁၀ ) ကမ္ဘာမျှ ခန္တာစဉ်ကို ဆင်ခြင်အောင့်မေ့ နိုင်သော ဤမျှလောက်သော အတ္တဖြင့် သတ္တလောကသည် မြဲ၏ ဟု .... ယူသော အယူ

✔ ✔ ( ၃ ) ကပ်ကမ္ဘာပေါင်း ( ၄၀ ) ကိုဆင်ခြင်အောင့်မေ့နိုင်သော ဥာဏ်ကိုရသဖြင့် ဤမျှလောက်သော အတ္တဖြင့် သတ္တလောကသည် မြဲ၏ ဟု .... ယူသော အယူ

✔ ✔ ( ၄ ) ဈာန် အဘိဥာဏ်မရပဲ ရှေးကဖြစ်ခဲ့သော ခန္တာစဉ်ကို မိမိစိတ်ထင်တာ တွေးတော စဉ်းစားပြီး  မိမိစိတ်ကူးတွင် ထင်သည့်အတိုင်း ( စိတ်ကူးယဉ်ပြီး ) အတ္တနှင့် သတ္တလောကမြဲ၏ဟု ယူခြင်း
ဒီလေးပါးကိုပြောတာပါ .....
 

ကဲ ပြောပါအုန်းရှင်  ... ရှင်ပြောတဲ့ ရှေးဘ၀တွေကို အယူရှိရင် မိစ္ဆာဒိဋ္ဌိ လို့ဗုဒ္ဓကပြောပါတယ် ဆိုတာ ဘယ်မှာလဲ .... သိတ်ယုတ်ညံ့တဲ့ မိုးပြာတွေ ။

((( ကျန်တာတွေဆက်မရှင်းတော့ပါဘူး ... အားလုံးအတွက် မိစ္ဆာဒိဋ္ဌိ ( ၆၂ ) ပါး အကျယ်ကို ရေးပြီးတာနဲ့ တင်ပေး ပါ့မယ် ))))

ချမ်းမြေ့ကြပါစေရှင် ....