Tuesday, November 4, 2014

သာသနာတော်က ၅၀၀ လား ၅၀၀၀ လား

 
 
မာင်လေးညီမလေးတို့ရေ...... 
ဘုန်းဘုန်း ဘုရား Ashinwi Seikta ဆွေးနွေးခိုင်းတာလေး ကိုတင်ပေးလိုက် ပါတယ်.....
မောင်လေး ညီမလေး တို့ရဲ့ အမြင်နဲ့ ဆွေးနွေးမှုလေးတွေလဲ ဖတ်ပါရစေရှင်.....။ 

  နဲနဲလောက် ဝင်ဆွေးနွေးပါရစေ....
သာသနာနှစ် ၅၀၀၀ ဆိုတာဘုရားဟော မဟုတ်ကြောင်း လဲ လေ့လာ သိရှိရပါသည်။
နှစ်ငါးရာသာ တည်လိမ့်မည်လို့ အင်္ဂုတ္တရနိကာယ ၊ဂေါတမီဝဂ်၊ ဂေါတမီ သုတ်မှာ ဘုရားရှင်ဟောကြား ခဲ့ကြောင်း ဖတ်ရှုလေ့လာရပါသည်။ 

ငါးထောင်လို့ ဖွင့်ဆိုရေးသားခဲ့သော အဋ္ဌကထာ ဆရာတော်များရဲ့ အာဘော်ကလဲ ရှိခဲ့ပြန်ပါသည်။ အကြောင်းပြချက်တော့ ရှိနိုင်ပါသည်။ မိလိန္ဒမင်းကြီး စကားအသွားအလာကို ယူသုံးပြီးပြောရရင် 
  ကျင့်ကြံသူတွေ ရှိနေသ၍ ရဟန္တာပုဂ္ဂိုလ်များနှင့် သာသနာတော် မဆိတ်သုဉ်းနိုင်ပါ ဆိုတဲ့ စကားအစွန်း တစ်ချက်၊ 
  သာသနာတော်သည် နှစ်ပေါင်းငါးရာသာ တည်လိမ့်မည် ဟု အင်္ဂုတ္တရနိကာယ ၌ ဟောတော်မူခဲ့သော စကားအစွန်းတစ်ချက်။ 
  အဋ္ဌကထာ ဆရာတော်များ၏ နှစ်ပေါင်းငါးထောင် ရှည်ကြာ သာသနာ လို့ဖွင့်ဆိုသော စကားအစွန်းတစ်ချက် အစွန်းသုံးချက်မညီဖြစ်နေပါသည်။ 
ညီအောင်ညှိယူရမည့် အာဂမ သဘာဝ ယုတ္တိတော့ ရှိပါလိမ့်မည်။ ညှိမရရင်လဲ မရနိုင်ကြောင်းတော့ရှိ ရပါလိမ့်မည် စဉ်းစားစရာပါ ... 
ကျမ်းမစုံလို့ ဥာဏ်ကုန်မဖွင့်နိုင် အကြောင်းတိုက်ဆိုင်လို့ တင်ပြတာပါ မည်သူမဆို ရှင်းပြပေးနိုင်ရင်တော့ ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ပါမည်။
============================ 

★    ဆရာတော်ဘုရားသိချင်သည့် စကားအစွန်း ( ၃ ) ခု ဖြစ်တဲ့ 
(၁) အင်္ဂုတ္တရနိကာယ ၊ဂေါတမီဝဂ်၊ ဂေါတမီသုတ်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ် တိုင် ဟောကြား ခဲ့သော သာသနာတော် နှစ်(၅၀၀)တည်မယ့် စကားအစွန်း 

( ၂ ) အဋ္ဌကထာ ဆရာတော်များ တွေဖွင့်ဆိုထားတဲ့ သာသနာနှစ်( ၅၀၀၀ ) ဆိုတဲ့ စကားအစွန်း

( ၃ ) မိလိန္ဒမင်းကြီး စကားအရ ကျင့်ကြံသူတွေ ရှိနေသ၍ ရဟန္တာ ပုဂ္ဂိုလ်များနှင့် သာသနာတော် မဆိတ် သုဉ်းနိုင်ပါ ဆိုတဲ့စကားအစွန်းတစ်ချက်၊

အဲ့ဒိစကားအစွန်း(၃)ချက်ကို နူးဥါဏ်မှီသလောက်လေးအပြင် ဆရာတော် Ashin Kondanna ရဲ့ဖြေကြားချက် တစ်ချို့ကိုပါ ပေါင်းပြီး တင်ပြလိုက် ပါတယ် ဘုရား...။


( ၁ ) အင်္ဂုတ္တရနိကာယ ၊ဂေါတမီဝဂ်၊ ဂေါတမီသုတ် မှာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော သာသနာတော် နှစ် ( ၅၀၀ ) တည်မယ့် စကား အစွန်း ....

ချစ်သား အာနန္ဒ  .. မာတုဂါမများ သာသနာ အတွင်း ၀င်လာတဲ့ အတွက်ကြောင့် အကယ်၍ သာသနာ ဟာ အနှစ် ( ၁၀၀၀ ) တည်မည်ဆိုပါက အနှစ်ငါးရာသာ တည်လိမ့်မည်။ အကယ်၍ ငါဘုရား  ပြဋ္ဌာန်း ထားသော  ဂရုဓံ ရှစ်ပါးတရားကို ရဟန်းမများ လိုက်နာစောင့်ထိန်းပါက သာသနာသည် ယ္ခင်အတိုင်း အနှစ်တစ်ထောင်တည်မြဲလိမ့်မည် လို့စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားတာရှိပါတယ်။
 (((( ဂရုဓံတရားရှစ်ပါးပြဋ္ဌာန်မှုရဲ့အရေးပါပုံကိုသိစေချင်လို့ဥပမာပေးတာပါ .... တစ်ကယ်လို့ ဂရုဓံတရား ရှစ်ပါးမပြဋ္ဌာန်း ဘူးဆိုရင် ၁၀၀၀ တည်မယ့် သာသနာဟာ ၅၀၀ ပဲတည်လိမ့်မယ် လို့ဟောတာဖြစ် ပါတယ် ရှင်။

((((အနှစ် ၁၀၀၀ ဆိုတဲ့စကားဖြစ်ပေါ်လာကတော့ အမျိုးသမီးများ သာသနာတော်ထဲ ဝင်လာတဲ့ အခါ ဂရုဓံရှစ်ပါးကို အကယ်၍ မပြဋ္ဌာန်းပါလျှင် သာသနာ ၁၀၀၀ တည်မည်ဆိုပါက ၅၀၀ သာ တည်လိမ့်မည်။ ဂရုဓံရှစ်ပါးပြဋ္ဌာန်းလိုက်တဲ့ အတွက် ၅၀၀ တည်မည့် သာသနာဟာ ၁၀၀၀ တည်လိမ့်မည်လို့ ဂရုဓံရှစ်ပါးပြ ဋ္ဌာန်းမှုရဲ့ အရေးပါအရာရောက်တာကို သိစေလို၍ ဟောကြားတာဟု မှတ်ပါလေ။ Ashin kondanna )))))


( ၂ ) အဋ္ဌကထာဆရာတော် တွေဖွင့်ဆိုထားတဲ့သာသနာနှစ်(၅၀၀၀)ဆိုတဲ့စကားအစွန်း

တစ်ကယ်တော့ ဒီသာသနာအနှစ် ( ၅၀၀၀ ) ဆိုတာ ကလဲ အဌကထာ ဆရာတော်တွေက သာသနာတော် သက်တမ်း ( ၅၀၀၀ ) ပဲရှိမယ်လို့ပြောတာ မဟုတ်ရပါဘူး ….
.
သာသနာနှစ်ငါးထောင် သာတည်တံ့မည် ဟုဘုရားရှင် ဟော ခဲ့ပါတယ် ဆိုသော ကျမ်းအထောက်အထား ပိဋကတ်ပါဠိတော်ရင်း၌ မရှိပါဘူးရှင် အဋ္ဌကထာများ၌သာ တွေ့ရှိ ရတာပါ ...
အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအားဖြင့်-
.
(၁) ပဋိသမ္ဘိဒါပတ္တ-ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၂) ဆဠာဘိည-အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၃) တေ၀ိဇ္ဖက-၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၄) သုက္ခ၀ိပဿက-ဈာန်မရသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၅) ပါတိမောက္ခသံဝရသီလခေတ်-ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေသေး သောခေတ် နှစ် ပါင်း ၁၀၀၀။ စုစုပေါင်း ၅၀၀၀။
.
☆。 ★。 ဆိုလိုတာက ဘုရားရှင် ပရိနိဗ္ဗန်ပြုပြီး ..
.
( ၁ ) ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၂ ) အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၃ ) ၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၄ ) ဈာန်မရသော ရဟန္တာများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၅ ) ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေထိုင် သော ရဟန်းများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ၁၀၀၀။
.
ဆိုပြီး နှစ်ပေါင်း ( ၅၀၀၀ ) အတွင်း နှစ်တစ်ထောင်စီအလိုက် ရှိလာမယ့်ပုဂ္ဂိုလ်မြတ်တွေ ကို ပြောတာပါ...။
.
ဒီနေရာမှာ ဘုရားဟောအစစ်နဲ့ ပြန်ရေးထားတဲ့ ကျမ်းတွေကိုခွဲခြားသိဖို့လိုမယ် ရှင်..
ပိဋကတ် ( ၃ ) ပုံ ဘုရားဟော အစစ်တွေ မှာ ဘုရားရှင်က ဘယ်နေရာမှာ ဘယ်အကြောင်းကြောင့် ဘယ် သူ့ကို ဘယ်လိုဟောပါတယ် လို့ ပါပါတယ်. ..။
.
ဗုဒ္ဓစာပေမှာ ဘုရားဟော မဟုတ်တဲ့ ဋီကာ အဌကထာ တွေမှာ လက်တွေ့နဲ့ သိပ္ပံနဲ့လုံးဝ မကိုက် ညီတဲ့ အပိုင်းတွေပါနေပါတယ် ... ဘုရားဟော တပိုဒ်လောက်လေး ကို ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းတစ်ခုလုံးကို အဌကထာဆရာ ဗြဟ္မဏတွေက ဇတ်လမ်းဆင် လက်စွမ်းပြ ထားတာပါ ... ဒါတွေဟာ ဘုရားဟော မဟုတ်ပါဖူးရှင်။
. 
ဒီစကားအစွန်းကတော့ဘုရားရှင်ဟောတော်မူတာမဟုတ်တဲ့အတွက်စဉ်းစားစရာလိုမယ်မထင်ပါဘူးဘုရား ထည့်မတွက်ရအောင်ပါဘုရား...အဋ္ဌကထာဆရာတွေဆိုတာ မြတ်ဗုဒ္ဓပွင့်ပြီး နှစ်ပေါင်း (၁၀၀၀)ကျော်ကြာ မှပေါ်လာ တဲ့ ဗြဟ္မဏ အရိပ်လွှမ်းတဲ့သီဟိုလ် ဆရာတော်တွေပါ....။
.
ဒီနေရာမှာအဌကထာဆရာတော်တွေကိုအပြစ်တင်တာမဟုတ်ရပါဘူးဘုရား အဋ္ဌကထာ ဆရာတော်တွေ ရဲ့ ကျေးဇူးကြောင့် ခက်ခဲ နက်နဲတဲ့ ပါဠိတော်တွေရဲ့ အဓိပ္ပါယ်တွေကို သိခဲ့ရတာ အများကြီးပါ ဒါကို လက်ခံပါတယ် ဘုရားးး...

မင်းကန်စီပြောသလိုပါပဲ အချို့သော အဋ္ဌကထာတွေကြောင့် ထေရဝါဒ သာသနာ တော်ကို မေးခွန်း ထုတ်စရာတွေ ဖြစ်လာတာလည်း အများသားပါဘုရား ...ပြီးတော့ မြတ်စွာဘုရားရှင် တို့မည်သည် သုဂတော ဂုဏ်တော်နဲ့အညီ စကားကို နှစ်ခွန်းနှစ်ခွ ပြောတော်မူရိုး ထုံးစံ မရှိပါဖူ ဘုရား .... ဟောသမျှ တရားတော်တွေတိုင်းဟာလည်း ဧကောဓမ္မောပါပဲ ဘုရား....။

( ၃ ) မိလိန္ဒမင်းကြီး စကားအသွား အလာကို ယူသုံးပြီးပြောရရင် ကျင့်ကြံသူတွေ ရှိနေသ၍ ရဟန္တာပုဂ္ဂိုလ် များနှင့် သာသနာတော် မဆိတ်သုဉ်းနိုင်ပါ ဆိုတဲ့စကားအစွန်း။

တင်ပါဘုရားးး မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇက သုတ်တော်မှာ ဘုရားရှင် တစ်ကယ်ဟောတော် မူခဲ့ တာက..

(သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ် ( မိ မိ တရားထူး ရပြီး ထိုတရားအား အခြားသူများအား ပြောဟောကာ အခြား သူများကလည်း တရား ထူးရကြမယ်) ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး) လို့ သုဘဒ္ဒ ပရိဗိုဇ်အား မိန့်တော်မူ ထားပါတယ်ဘုရား ...။

ဣမေစသုဘဒ္ဒဘိက္ခူသမ္မာဝိဟရေယျုံအသုညော လောကော၊အရဟန္တေဟိအဿတိ။

(ဒီဃဋ္ဌ၁၈၁)၊ ( အံ-ဋ္ဌ- ၁-ရ၂ ) ဟူသော....

ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ် ဆိုရင်တော့ အရိယာများ မဆိတ်သုဉ်းနိုင် ပါဘူး၊ ရှိနေဦးမှာပါ ဆိုတာပါပဲ။

ကျင့်ကြံသူတွေ ရှိနေသရွေ့ ရဟန္တာပုဂ္ဂိုလ်တွေ နှင့် သာသနာတော်သည် လောကကြီး၌ မဆိတ်သုဉ်းနိုင်ပါ။ ကျင့်ကြံကြသူတွေ ရှိနေကြသမျှ ကာလပတ်လုံး သာသနာတော် တည်တံ့နေမည် ဖြစ်ပါသည် လိုပဲ မှတ်ယူရမယ် ထင်ပါတယ်ဘုရား။

ဦးတင်လျှက်ပါဘုရား
  

No comments:

Post a Comment