Tuesday, June 24, 2014

ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ အပိုင်း ၂ - ခ



၁၄။ ....... သဘာဝကို လွန်ဆန်၍ မရပါက အနော်မာမြစ်ကူးပြီး စံပယ်သောနောက် အဘယ့်ကြောင့် မုတ်ဆိတ်၊ ကျင်စွယ်တို့ကို နောက်ထပ်ရိတ်ပယ်ရခြင်း မရှိဆိုခြင်းကား အသဘာဝပင် မဟုတ်ပါလော အဘယ်နည်း လက်တွေ့ကျကျရှင်းပြပေးပါ။

★ ★  သဘာဝအတိုင်းရှည်နေလို့ ဘုရားရှင်မှာ ဆံတော် ရှိတာပေါ့ ....  ဘယ်ဗုဒ္ဓရုပ်ထုမှာ ကတုံးတုန်း ထားတုန်း ...။

၁၅။ ......  တောထွက်ပြီးနောက် ပြည်တော်ကို ပြန်လိုသော သိဒ္ဓတ္ထအား ကမ္ဘာမြေကြီးသည် ချာချာလည် ကာ ရှေ့တော်အရောက်ပို့ပေးသည်ဆိုသည်ကို ပထဝီအရ ရှင်းလင်းဖြေကြားပေးပါ။

★ ★ တစ်ကယ်ပါပဲရှင် .... တောထွက်ချင်လွန်းလို့ သံတံခါးမကြီး ( ၆ ) ဆင့်ကို ခက်ခက် ခဲခဲကျော်ဖြတ်ပြီး မှ တောထွက်တဲ့ ဗောဓိသတ်ဟာ .... ဘုရင်ဗိမ္မိ သာရနဲ့ သူတရားရှာ လှည့်လည်ရာ ဒေသတိုင်းက ဘုရင်တွေ က သူ့ကိုထီးနန်း အတင်းပေးတာတောင် အတင်းငြင်းဆန်ပတ်ပြေးနေရတာရှင် .... 

ဇတ်အမြင့်အနိမ့်အရမ်းခွဲတဲ့ ရဟူဒီတွေက ...  ... အဖေမရှိတဲ့ ခလေးဆို ပြည့်တန်ဆာခလေးမို့ .... လမ်းမှာတွေ့ ရင်တောင်  ချက်ချင်းလှညိ့ပြန် ရေချိုးကြတဲ့ .... ဘုရားကျောင်းမပြောနဲ့ .... ဒီခလေးမျိုး လမ်းဘေး မှာတောင် ဘယ်နေရာမှ ... နေခွင့်ထိုင်ခွင့် ၇ပ်ခွင့် မရှိတဲ့ခေတ်မှာ ... အဖေမရှိ ... မွေးနေ့မရှိ ... သိုးကျောင်း တဲ့ ပြည့်တန်ဆာမ က မွေးတဲ့ ခလေးကို  ( ၁၃ ) နှစ်သားမှာ  ရဟူဒီ ဘုန်းကြီးတွေ က ၀ိုင်းပြီး ဂိုဏ်းချုပ် တင်မြှောက်ကြပါတယ် လို့ လိမ်လည်ခဲ့တဲ့ သူဟာ ... ဗုဒ္ဓလို့ များထင်နေသလား ရှင် ....

၁၆။ ...... ဂိရိမေခလာဆင်သည် ယူဇနာ ၁၅၀ ( ၁၃+၁၅၀=၇၃၅၀ မိုင်) ရှိနေသောကြောင့် ထိုစစ်ပွဲသည် အပ်ဖျား၌ ဘောလုံးပွဲကျင်းပသည်နှယ် နယ်မြေဧရိယာ အရ သဘောသဘာဝအရ ရှင်းပြပေးကြပါ။

★ ★ အောင်ခြင်း ရှစ်ပါးထဲ မာန်နတ်လာတိုက်တဲ့ဆင်ကိုပြောတာလား ..... အဲ့တာ ဗုဒ္ဓပွင့်ပြီး  နှစ်တစ်ထောင် ကျာ် မှ ပေါ်လာတဲ့ သီဟိုလ် ဆရာတော်ကြီးတွေရေးထားတာပါ... ဗုဒ္ဓလဲ မဟောခဲ့ပါပဲနဲ့ ... ဒီဆရာတော် များ ..ဒီလောက် ဘာလို့တိတိ ကျကျအတိုင်းအတာ ကို သိနေရတာလဲ ... ကျမလဲမသိ ဘူးရှင် .... ကျိန်းသေ တာ ဗုဒ္ဓ အဲ့လိုမဟောထားပါဘူး ...။

ဘုရားဟော အစစ်တွေမှာ ဘုရားရှင်က ဘယ်နေရာမှာဘယ်အကြောင်းကြောင့် ဘယ်သူ့ကို ဘယ်လိုဟောပါတယ် ပါ ပါတယ်. ..။ 


အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသအဋ္ဌကထာကို မြန်မာလိုပြန်ပြီး ရေးထား တဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်။ 

နာလာဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ် ရဟန်းတော် အရှင်မဟာနာမ ဆိုသူက ရေးသားခဲ့တာပါ။ 


အဲ့ဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ ၊ ဋီကာတွေ ကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော် က (ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့ပါတယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတ ဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ 

အဲ့ဒီကျမ်းက စကားတွေကို ဖတ်ပြီး ဗုဒ္ဓဘုရားဟော တာပါ ဆိုပြီး ဝေဖန် ရင်တက်တက်စင်မှားမှာပေါ့...။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ 

ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ပဲ သူတစ်ပါး ဘာသာ ကို ရှုံ့ချချင်ဇော နဲ့ ရေးထားတယ်ဆိုတာ ပြရာရောက်ပါလိမ့်မယ်။ 

ခုနောက်ပိုင်းတွေမှာ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် တစ်ခြားဘာသာဝင်တွေ ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာ ဗုဒ္ဓ ဘုရားဟော အစစ် ၊ ဘယ်ဟာကနောက် စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူးပြောင်း ခဲ့ကြတာ တွေ အများကြီး ရှိပါတယ်....။ 

စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာပါ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။

အောင်ခြင်းရှစ်ပါးတို့ .... ၀ိပါက်တော် (၁၂) ပါးထဲက တာဝတိသာနတ်ပြည် ကိစ္စတို့ ဆိုတာ စာရေးဆရာ ရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။

၁၇။ .....  အရိမေတ္တယျ အလောင်းတော် သင်္ခစကြာဝတေမင်း သည် မိမိလက်သည်းဖြင့် မိမိလည်ပင်း ကို ဖြတ်၍၊ မိမိလက်တွင် ဦးခေါင်းကိုတင်ကာ အမည်မသိသော ဘုရားတွင် ဘုရားဆုပန်သည်မှာ ဦးခေါင်းပြတ် သည့်နောက် လက်ဖဝါးပေါ်တွင်တင်ကာ ဆုတောင်းနိုင်ပါဦးမည်လော။ သင့်မြတ်လျှော်ကန် စွာ ဖြေရှင်းပေးပါ။ဘုရားအား နား၊ နှာခေါင်း၊ လက်ချောင်း စသည်တို့ကို ဖြတ်၍ လှူခြင်းကို မပြုအပ်ကြောင်း အဌကထာတို့တွင် ဆိုထားပါသည်။ “အညံပန ကဏ္ဏနာသအင်္ဂုလိမာဒိံ ယံကိဥ္စိ ဆိန္ဒိန္တဿ တာဒိသံဝါ ဒုက္ခံ ဥပ္ပါ ဒေန္တဿ ဒုက္ကဋံ´´ဝိ၊ ဌ၊ ၄-၄၆) အရ နား၊ နှာခေါင်း၊ လက်ချောင်း စသည်တို့ကိုဖြစ်၍ လှူဒါန်းသောအလှူသည် အဘယ့်ကြောင့် ကျမ်းဂန်နှင့် မညီညွတ်သော်လည်း ဘုရားအလောင်းဖြစ်သော ထိုအရှင်သည် အပြစ်မဖြစ်သည့်အပြင် နောင်တွင် အနှိုင်းမဲ့ဖြစ်လာဦးမည်ဆိုက အဘယ်သို့နည်း။

★ ★  စွန့်ခြင်းကြီး ငါးပါး  
ဓန ပရိစ္စာဂ ..................  ပစ္စည်းဥစ္စာကို ပေးလှုခြင်း 
အင်္ဂ ပရိစ္စာဂ ..............  ခြေ ၊ လက် ၊ အင်္ဂါကို ပေးလှုခြင်း
ပုတ္တပရိစ္စာဂ  ................ သား၊ သမီးတို့ကို လှုခြင်း
စာရိယ ပရိစ္စာဂ ...............  သားမယားကို ပေးလှုခြင်း
ဇိဝိတ ပရိစ္စာဂ ..................  အသက်ကိုပေးလှုခြင်း
 

ကျန်တာတော့ အရိမေတ္တယျ  ဘုရားပွင့်တဲ့အခါ ကိုယ့်ဖာသာမေးလိုက်နော် ....  အရိမေတ္တယျ ဘုရားလောင်းက အခုဂေါ တမ ဘုရားရှင် သာသနာတော်ပြန့်ပွားချိန် မှာ ဖြတ်တာမဟုတ်တဲ့အတွက် .... သူလည်ပင်းဖြတ်လှူ စဉ်အချိန်က ခေါင်းပြတ်ကို လက်ဖ၀ါးပေါ် ဘယ်လိုတင်လဲ ကျမလဲ သမိုင်းရှာ မပေးနိုင် ဖူးလေ...  နော် ။

၁၈။ဘုရားအဆူဆူတို့သည်၊ဃနာနို့ဆွမ်း၊အပင်အောက်၊တောထွက်၊ဘုရားဖြစ်ဆိုသည်တို့တွင် တူညီသော အချက်ကား အိန္ဒိယနိုင်ငံသားများသာဖြစ်သောကြောင့်၊ ထိုနိုင်ငံသည် အဘယ်ကြောင့် ထိုဘုရားဖြစ်ခြင်း လိုက်စင်ကို ရထားကြပါသနည်း။

★ ★  အခုတောင်ဗုဒ္ဓ ပွင်ခဲ့တဲ့နေရာ က ရှေးဟောင်းမြို့ပျက်ဖြစ်နေတာ .... နောင်ကမ္ဘာက မီး ရေ လေ  နဲ့ပျက်ရ အုန်းမှာ ... အင်ဒီးယာဆိုတာဂျီး နာမည်နဲံတစ်ထပ်ထဲဘယ်လို၇ှိနိုင်မှာလဲ ..သေချာစဉ်းစားလဲပြောပါအုန်းရှင် .... ပိဋကတ်တော်မှာ ...ဒီအကြောင်းမပါ ပါဘူးရှင် ...။

၁၉။ စွန့်ခြင်းကြီးများကို အကြိမ်ကြိမ် ပေးလှူသော်လည်း မျောင်မင်းဘဝတွင် သူ၏ နှလုံးကို စားလို သော မျောက် မကြီးကိုကား မပေးလှူသည့်အပြင် အဘယ့်ကြောင့် မုသာကိုပင် ပြောခဲသနည်း။ 
ဤနေရာတွင် လျှောက်ပတ်စွာ ဖြေပေးပါ။ သား၊ မယား၊ ကျေးကျွန်၊ ဥစ္စာ စသည်တို့ကို လှူသော် လည်း သေ ရန်ကြောက် ၍ မလှူခြင်းတော့ မဖြစ်တန်ရာ။

★ ★ မဟုတ်သေးပါဘူး .... ဘုရားလောင်းမျောက်မင်းက ... မျောက်တွေလွတ်ရာကိုဖြတ်ကူးဖို့ နွယ်တန်းက တိုနေလို့ .... သူကိုယ်နဲ့ ဆက်ပြီး မျောက်တွေကိုကူးစေတာပါ .... အခုရှင်ပြောတာတော့ ကျမဖတ်မိတဲ့ထဲမပါဘူးရှင် ...။

စိတ်ညစ်တယ် .... အခု ရှင်ပြောနေတာနဲ့ဆင်ဆင်တူတာကတော့  စိုးပိုင်သီချင်းထဲက  မိချောင်းနဲ့ မျောက်ရဲ့ဒဏ္ဍာရီ သီချင်းပဲကြားဖူးတယ်  .... မျောက် ရဲ့ အသည်း ကိုမိကျောင်းမက စားချင်တယ်ဆိုလို့ ... မိကျောင်းထီးက သွားရှာတာ သဖန်းတောသွား ချင်နေ တဲ့မျောက်နဲ့တွေ့တာလေ ... အဲ့တာ ကာတွန်းလေ ... ပုံပြင်လေ ... 

၂၀။ မယ်တော်မာယ ဝမ်းသည် အညစ်အကြေးမှရှိသလို သိဒ္ဓတ္ထမင်းသားလောင်းသည် သူမ၏ ဝမ်း၌ တင်ပျဉ်ခွေထိုင်နေခြင်းဖြင့် ကိုယ်ဝန်ယူခဲ့သည်ကို ခန္ဒာဗေဒ၊ ဆေးပညာ အရ ရှင်းလင်းပေးပါ။
 ၂၁။ မယ်တော်မာယာ ဝမ်းဗိုက်သည် ဖန်မှန်လွှာအလား ( မှန်ငါးကလေးလို) ပကတိမျက်စိဖြင့် သူမဝမ်းထဲမှ သူငယ်ကို မြင်ရသည်မှာ ဆီလျှော်ပါသလော။ သူမသည် ဧကန် ( မှန်ငါးမဟုတ်) လူဖြစ်သောကြောင့် သင့်နှင့် ကျွန်ုပ်တို့၏ မိခင်များကဲ့သို့သော ဝမ်းဗိုက်ရှိမနေပါက သူမသည် အဘယ်သတ္တဝါနည်း။

★ ★ ဒါကတော့ ... ရှင်ရေးတဲ့ကျမ်းပဲနေပါလိမ့်မယ် .... ပိဋကတ်မှာရော အဌကထာမှာပါ ..မပါပါရှင် ...။

စိတ်ကူးတည့်ရာတွေရှောက်မရေးပါနဲ့ရှင် .... ကျမတို့သာသနာတော်က ... ရှင်တို့လို  သူများဘာသာက တိတ်တိတ်ခိုးသုံးနေရတဲ့ ကျမ်းလေးနဲ့ ...  ဟိုဂျောင်က ပတ်လိမ် ..ဒီဂျောင်ကပတ်လိမ်နေတဲ့ ဘာသာ မဟုတ်ပါဘူးရှင် .... ကျမ်းကိုးတိတိကျကျနဲ့ မေးမှပေါ့ ....  မေးခွန်းမများ  များအောင် ... ကိုယ်ပိုင်လုပ် စတိုရီတွေနဲ့ ပြောချင်ရာပြော ရေးချင်ရာရေးနေတော့တာပဲ ...။

၂၂။ ဃနာနို့ထည့်သော ရွှေခွက်ကို ရေတွင်ချရာ ဆန်တက်သည်ဆို၏၊ ယခု အသင်ချပြပါ သဘာဝ အတိုင်း အောက်သို့ဆုန်မည်လော၊ အထက်ဆန်မည်လား ဆိုသည်ကို ကြည့်လိုပါသည်။

★ ★ ရှင်တို့ ဘာသာမှာလဲ ရေကိုဆန်တက်တဲ့ အထောက်အထားတွေရှိနေပါတယ် ... သူများလို သေခါနီး နာမှာကြောက်လို့ ပုန်းရည်တွေ အသေအလဲ သောက်ပြီး အမူးလွန်သေရတဲ့ ဘုရားကိုကိုးကွယ်တဲ့ ...  လူတွေ အတွက် ဒါမျိုးက ထူးဆန်းနေပေမယ့် .... မကြားဖူးပေမယ့် .... ပါရမီရင့်သန်သူတွေအတွက် ဒီလိုမျိုးအဖြစ်ကမဆန်းပါဘူး ... 
လောလောဆယ် ... ဘုရားရှင်ကို အသာထား ... လက်ရှိခေတ်မှာ ... ရေဆူဆရာတော်ဆိုတာ ..ပေါ်ခဲ့ တယ်လေနော် ... ဆရာတော် တရားဟော ပရိတ်ရွတ်ရင် ပရိတ်ရေက ပွက်လာတယ်လေ ... ခုထိ လိုက်မေး လို့ရပါသေးတယ် .... ဘိုဘိုးအောင် ရဲ့အမျိုးတွေလဲ အခုထိ ရှိနေကြသေးတယ် ...မေးလို့ရ ပါတယ်ရှင် ...။

၂၃။ မိန်းမယူလို၍ အစွမ်းကောင်းပြရာဝယ် မြားဆရာကြီးများက တဦးတဦးလျှင် ၃၀ဝ၀ဝ ရှိသော မြားများကို သိဒ္ဓတ္ထက မြားတလက်ဖြင့် ဂျက်လီကဲ့သို့ ကာကွယ်ရင်း မြားဖြင့် အိပ်ကိုဆောက်၍ အဆုံး မြားများကုန်သောအခါ ထိုမြားအိမ်ထဲမှ အပျက်အဆီး မရှိ ခုန်ထွက်လာသည်မှာ မျက်လှည့်လေလား၊ လက်လှည့် ( စာ ) လေလား အကိုးအကား လက်တွေ့ဆန်ဆန် ဖြေရှင်းပေးပါ။

★ ★  မြှားပြစ်ပြိုင်ရာမှာ  .... နန္ဒက ကြေးဝါစည်ကို ( ၆ ) ဂါဝုတ် အကွာမှာထားတယ် 
အဇ္ဇုနက ( ၆ ) ဂါဝုတ် ...
ဒေ၀ဒတ္တက  ( ၈ ) ဂါဝုတ် ... 
သိတ္တဒတ္တ က အဝေးဆုံး ကြေးစည်ကို  ( ၁၀ ) ဂါဝုတ် အကွာမှာထားစေတယ် .... လှမ်းကြည့်ရင် ... ကြွေစေ့ အစက်လေးလောက်ပဲမြင်ရတာပ ....
နန္ဒ သူ့စည် ....
အဇ္ဇုန သူ့စည် ... အလယ် က ဖောက်ရဲ့ ... 
ဒေ၀ဒတ္တ မြားကိုအကျချိန်လွှတ်လိုက်ရာ  .... ပစ်ကွင်းနှစ်ဖက်စလုံး ဖောက်ထွက်သွားသမို့ ... ပရိတ်သတ်များအံ့သြမဆုံး
သိတ္တဒတ္ထ ... လေးမှာ ..မြားတစ်စင်းတပ် ... မြားချွန် မိုးကိုဖောက်ခွဲ ... အဝေးဆုံးစည်းကို တည့်တည့်ထွင်း ..ဖောက်ထွက် ... ဒီတွင်မရပ်သေးဘူး ... ကွင်းပြင်တစ်ဖက်ပြန်သွားရာ ... မမြင်ရတော့ဘူး .... အံ့မခန်းပါ့ ... လို့ ကျမ်းစာတွေမှာရေးထားပါတယ်  .... 
ကဲ ... ဘယ်မယ်တုန်း ရှင် ... ဂျက်လီလို က တာ .... ။

၂၄။ ပုဗ္ဗနိမိတ်ကြီး ၃၂ ပါးတွင် သိဒ္ဓတ္ထ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်တို့၌ မျက်ကန်း၊ နားပင်း၊ စကားအ၊ ခြေခွင်၊ လိမ်ကောက်တို့ကို အကောင်းပကတိ ဖြစ်ရကြောင်းကို ဗုဒ္ဓဝင်တို့တွင် သာ တွေ့ရသော် လည်း အခြား ကမ္ဘာ့သမိုင်းတွင်သော်၎င်း၊ ရှေးကျသော အိန္ဒိယ သမိုင်းတို့တွင်သော်လည်းကောင်း မတွေ့ရခြင်းက သမိုင်းမှားသည်လား၊ အယူအဆပင် လိုတာထက်ချဲ့ကား၍ မှားနေသည်လား ရှင်းပြပေးပါ။


★ ★ ခလေးတွေကို လိမ္မာစေချင်လို့ပြောတဲ့ ဒဏ္ဍာရီပုံပြင်တွေနဲ့ ... ဘုရားရှင်အဟောတွေကို .... ခွဲခွဲခြားခြား နားလည်ပါစေလို့ပြောပါရစေရှင် ... ။

ဝန်ခံချက်။ ။ အထက်ပါ မေးခွန်းများ အားလုံးတို့သည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်၊ ပထမကျော် ပါဠိပါရဂူ ဓမ္မာစရိယ ကထိက၊ အနေကဂန္တကာရက၊ အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင် စာအုပ်မှသာဖြစ်ပြီး၊ ခင်ချိုထွန်းစာပေမှဖြန့်ဝေ၍၊ ဘာသာရေး စာမူခွင့်ပြုချက် အမှတ် ၅၁/၉၇(၁) ဖြင့် ထုတ်ဝေထားသည်ဖြစ်သောကြောင့် အမှားအယွင်းအဖြစ်မှတ်ယူရန်ကား လုံးဝ မသင့်လျှော်ပါ http://ashinnanda.blogspot.com/

အခုရှင်ပေးတဲ့သက်သေအထောက်အထားကလဲအလိမ်ပါပဲရှင် .... ဆရာတော်နာမည်ကပါ အလိမ် ဖြစ်နေပါတယ် ....။

ချမ်းမြေ့ကြပါစေရှင် ....



Sunday, June 22, 2014

ဘုရားရှင် ဆံတော်ဘာလို့ထားလဲ




★ ★ ((((( ဗုဒ္ဓမြတ်စွာဘုရား က သံဃာ တွေ အပေါ် မှာ ဆံပင် လက် ၂ သစ် တောင်ထားခွင့် မရှိလို့ တိတိကျကျ သတ်မှတ်ထားပါတယ် အကို သူကြတော့ ဆံပင် က အရှည် နဲ့ ဆံထုံး နဲ့ ဘာကြောင့်ဖြစ်နေတာလည်း အမှန်တကယ်က မြတ်စွာဘုရားက သူကိုယ်တိုင်သတ်မှတ်ရင် သူလည်း မထားသင့်ဘူး ဟုတ်ဘူးလား ဒါဘာကြောင့်ကဖစ်တာလည်း .....။ ))))) 

★ ★ မေးထားသူက အစ္စလာမ် ဘာသာဝင် ဖြစ်ပါတယ်။  မောင်လေးတစ်ယောက် လဲမေးထား ပါသေးတယ် 

★ ★ မင်းခန့်ဇင် 
အစ်​မ ​နေ​ကောင်းလား တစ်​ခု​မေးချင်​တယ်​ သား​တော်​ရဟန်း​တွေကျ​တော့ ဦးပြည်းကတုံးထာပြီး ဘုရားရှင်​ကဘာလို့ ဦးပြည်းကတုံးမထားတာလဲအစ်​မ 

★ ★ ဟုတ်ကဲ့ရှင် .... ဘုရားဖြစ်ပြီးနောက် ဘုရားရှင်ဦးခေါင်းတော်ကို မကိုင်စကောင်းဖူးလေ ... သံဃာတွေ ကိုတော့ဆံပင်ဖြီး သင်ရခြင်းဆီလိမ်းရခြင်း သပ်ယပ်အောင်ပြင်ဆင်ရခြင်း ...ဒီလို အပြင်ပန်းအလှ အပအတွက်အချိန်ကုန်နေရင် သံဃာဆိုတဲ့ဂုဏ်နဲ့ဘယ်ညီတော့မှာလဲ ....။ 

ဘုရားရှင်ဆံတော်ပါယ်ပြီးတဲ့အချိန်ကစလို့ ဆံတော်ကိုလက်နှစ်သာ အညီအမျှ ထားခဲ့ပါတယ် ... ဒီ ဆံတော်လက်နှစ်သစ်ကနေ ... သဘာဝအတိုင်း အခွေ လေးတွေ သူ့ဖာသာလိပ် ထွက်ပြီး လက်ျာရစ် သူ့အစုနဲ့သူပေါ့တည်နေပါတယ်...။

ဦးထိပ်ပိုင်း ဆံတော်တွေကတော့ သင်းကျစ်လို စုပြီးလကျာ်ရစ် တည်ပါတယ်အကို ... သမိုင်းစာပေတွေ ထဲမှာတော့ ဘုရားရှင်ရဲ့ဆံတော်ဟာ.. တော်တော်ကြီး ကို ကောက် တယ်... လိပ်ခွေနေတယ် လို့ ရေးထား တာတွေတွေ့ဖူးပါတယ် ... 

သတ္တ၀ါတွေကို မေတ္တာ ဂရုဏာ ကြီးတော်မူသော ဘုရားရှင်ဟာ သူ့ရဲ့ခြေရာတော်တောင်.... နောက် ကရဟန်းရှင် လူတွေ ရှောင်နေရမှာ နင်းမိရင် .... ငရဲကြီးမှာစိုးတဲ့တွက်ခြေတော်ရာတောင် ( ၇ ) ခုပဲ အထူးတလည်ချခဲ့တာပါ .... ။ 

ဘယ်သူ့ကို သူဦးခေါင်းတော်ကိုင်ပြီး ... ဆံပင်ကိုရိတ် သင်စေမှာလဲ သေချာလဲ စဉ်းစားကြည့်ပါအုန်း .... အနဲဆုံးရိတ်ပေးတဲ့ရဟန်းဟာ...ဘုရားရှင်ထက် အမြင့်မှာနေရမယ်လေကွာ ...။ ဒါကြောင့်ပါ.. မဟာဂရုဏာရှင်ပါ .....။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ တပည့်သာဝကတို့ကိုတန်ခိုးအရာမှာ အားပေးတော်မူခြင်း မရှိခဲ့ပါ .... ဆိုတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်တိုင် လဲတန်ခိုးပြတာရှောင်ရှားပါတယ် .... မဟာလူသားလို့ နူးတို့ခိုင်းနှိုင်းတဲ့ဘုရားရှင်ဟာ သာမန်လူသာတစ်ယောက်လိုပဲ စံပြနေထိုင်ပြသွားတာပါ ...ဒါကြောင့် ..ဆံတော်လေးတစ်ခုအတွက် ... တန်ခိုးနဲ့ .... မရှည်စေလို့ မလုပ်ခဲ့ပါဖူး .... ရှည်လာတဲ့ဆံတော်တွေဟာ လက်ျာရစ် ... ခွေပြီးတည်နေပါတယ်လို့ သာဘာဝကျကျရေးထားတာကို ... ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ့ Good answers for Good Questions စာအုပ်မှာဖတ်ဖူးပါတယ် .... ။
 ကမ္ဘာကျော်စာအုပ်တစ်အုပ်ပါပဲ ...။

 (((( Upon taking up the homeless life, he cut his hair with knife. Because his hair was so curly, it spiraled onto corkscrew curls that sat close to his head. ))) လို့ရေးထားပါတယ်

★ ★ (((( တစ်ခုဗျာ နဲနဲမေးမလို့ အဌာကထာသမားတွေရဲ့ လုပ်ချက်ဆိုရင်တစ်ချိုနေရာမှာ အကွဲအလွဲ ရှိနေတယ် ဒါကိုဘာလို့မပြင်ကြတာလည်း မိန်းနေ တာလည်း ညီမသိမလားမသိ ကျွန်တော် နဲ့ ကိုခင်မောင် နဲ့ ညှိတဲ့အကြောင်းဆင်းတု မှာ ဆံထုံးပုံစံကပန်းပုဆရာ ကွန့် လိုက်တာလို့ ကိုခင်မောင် ပို့စ်ရဲ့ ဆရာတော်တစ်ပါးပြောထားပါတယ်ဒါဆိုမပြင်သင့်ဘူးလား သိရဲ့သားနဲ့မှိမ်းကန်တော့နေ တာလား အခုလက်ရှိ ဓါတ်ပုံဆေက်လက်ထုနေတာတွေက ဆံပင်ပုံစံနော်အမ ဆီမီးခွက်တင်ထားတာ မဟုတ်ဘူး ရောင်ခြည် ပုံလည်းမဟုတ်ဘူး ဒါကိုဆက်မထုဖို့ ဆံပင်လက်၂သစ် တာထုခွင့်ပေးမယ်ဒါပုံစံက မှာနေ ပါတယ် ဘာကြောင့်မပြောကြတာလည်း ကျွန်တော့အမေးကြောင့်တော်နော်များများ ဗုဒ္ဓ ဘာသာတွေ သိသွားကြပါ တယ်စော်ကားတာ မဟုတ်ဘူးနော်)))) 

★ ★ ဘာသာခြား တစ်ယောက် အမေးပါ ...။ 

★ ★ ကမ္ဘာကဗုဒ္ဓဘာသာဝင်အားလုံးဟာ ... ပိဋကတ်တော် ...ပါဋိကိုပဲအတည်ယူကြပါတယ်... အဌကထာ ဆိုတာ ... ဘုရားရှင်ပရိနိဗ္ဗန်ပြုပြီး နှစ် ၁၀၀၀ လောက်မှာပေါ်တာဆိုတော့လေ ...  မမှန်ဖူး မဟုတ်ဖူး ... မှန်ပါတယ်... ဒါပေမယ့် ညှပ်ထည့်တာတွေ ရှိတာပေါ့ ... 

ဥပမာ .... ကိုဌေး လွင်ဦး ဘာသာပြန်တဲ့ ကိုရ်အန်ကျမ်းဆို.... ကိုရ်အန်စစ်စစ်နဲ့လွဲပီး လိုရာ ဆွဲထား ညှပ်ထည့် ထားတာတွေ ရှိနေတယ်လေ.... 

ဒီလိုပဲပေါ့ .... ဘုရားရှင်ကိုကြည်ညိုလွန်းတော့ လွန်လွန်ကြူးကြူးရေးဖွဲ့ကုန်တာပါ ... နောက်ပြီး ဘုရားပုံတော်တွေက ဘယ်လိုထုထုပါ ...အဓိကက ဘုရားရှင်ရဲ့ တရားတော်တွေသာ လျှင် လောကီလော ကုတ္တရာ ..အကျိုး အတွက်အဓိကပါ ... တရားတော်တွေကိုတော့ ကျမ်းညှိရပါတယ်...။ 

အကိုတို့လိုပေါ့ ...အဓိက မိန်းက အာရေဗီနဲ့ရေးတဲ့ကိုရ်အန်မူရင်းလေ ... ဘာသာပြန်တွေက နိုင်ငံတိုင်းရှိကြကွန့်ကြတာပဲလေ..။ 

★ ★ (((((  စိဉ္ဇမာန က ဘုရားရှင် ကို ယုတ်မားကောက်ကြစ်ပြီး ကိုဝန်ရှိတယ် ဟန်ဆောင်တယ်ပေါ့ဗျာ အကျယ် မရေးတော့ဘူး အကိုတင်တာက နတ်သားလေးပါး ကျွန်တော်သိတာက သကြားမင်း ထားပါနတ်ပေါ့ဗျာ နတ်က လူအနံ့မခံနိုင်လို့ယူဇနာ၁၂ မိုင် မှာသွားနေရတယ်တဲ့နတ်က တန်ခိုးရှိ ရင် ကြွက်ယောင်ဖန်ဆင်း စရာမလိုဘူးအပြင်ကရင်လက်ကလေး သို့မဟုတ် လေတစ် ချက်ပေါ့ ဗျာ ပြုလုပ်ရင်ရပြီပေါ့ဗျာအခုကတကူးတက ကြွက်ယောင်ဖန်ဆင်းပြီး ဗိုက်က ချက်ကြိုးကို ဖြတ်ရတယ် ဆိုတော့ တန်ခိုးမရှိလို့လား နတ်တစ်ယောက်ရဲ့ ဘုန်းမနိမ့်သွားဘူလား သူက ထမိန်အောက်က ဝင်သွား တာနော် ဘုရားဟောအစစ်နဲ့ အဌကထာဆရာတွေပြန်ရေးထားတာကို ကိုခွဲခွဲခြားခြားသိဖို့လိုပါတယ် .... )))) 

★ ★ အမှန်က ဗိုက်ထဲမှာ လိပ်ခွံထည့်ထားတာပါ... ရှင်တို့သိတဲ့အတိုင်းလိပ်ခွံကလေးတော့ ကိုယ်ဝန်ဆောင် သည်တွေလို ... ညာလက်နဲ့ပင့်ထားပြီးဘယ်လက်နဲ့ ဘုရားရှင်ကို လက်ညှိုး ထိုးပြီး ရန်တွေ့ချိန် မှာ... သူ့ခြေထောက်အောက် ကြွက်ဖြတ်ပြေး တာနဲ့ .. လန့်ပြီးခုန်မိတာ... လိပ်ခွံကပြုကျ ပြီး အဖြစ်မှန်ပေါ် တာပါ... ကြာကသိကြားတွေညှပ်ထည့်တာ ...အဌကထာတွေလက်ချက်ပါ ...ဗုဒ္ဓနဲ့မဆိုင်ပါဖူး ..။

 ချမ်းမြေ့ကြပါစေရှင် ....

ဗိမ္မိသာရ နှင့် မင်းသား တွေ့ခန်း


တခွပ်ခွပ် ခြေရဲ့ ဖုံလိပ် တောင်ပေါ်က လွင့် .... ဆိတ်ဖြူတွေ သိုးမဲတွေ ဖြေးဖြေးဆင်းလာ ... သိုးထိန်းအော်ကာ ... လေးကိုလွှဲကာနဲ့ပဲ ... ငမိုက်သားအုပ်ကို ... မြေပြန့်ဆီချီစေတယ် ...
အုပ်ထဲမှာ သားတစ်စုံနဲ့ သိုးမပါရဲ့ .... သိုးငယ်တစ်ကောင်က ဒါဏ်ရာရထားသမို့ နောက်က သွေးရဲရဲ နဲ့လှမ်း ... ရှေ့က အဖော်က ခုန်ပေါက် ... စိတ်ပူသူသိုးမ ဟိုဒီပြေးရှာတယ် ....
ဒီသားငယ် ဟိုသားငယ်ပျောက်မှာ တထင့်ထင့် ....

ဒါကို ဒို့အရှင်မြင်တော့ ... ကြင်ကြင်နာနာ ... သိုးခြေကျိုးလေး ... လည်ပင်းမှာထမ်းလိုက်ကာ... ဆိုတယ်

★ ★ သနားစရာ့ အမွှေးထူအမေ ... စိတ်အေးတော့ ... မင်းသွားရာ ငါမင့်သားကို သယ်ခဲ့ပေးမယ် ... 
ဆုချွေသူတွေနဲ့ ... ဂူတွေမှာ ကမ္ဘာ  ဒုက္ခ စရိယ ထိုင်ရှုနေတာထက်တော့ ... တိရစ္ဆာန်တစ်ကောင် ဒုက္ခရော့စေတာ မြတ်ရဲ့ ...

သိုးထိန်းတို့ကိုသူက ....

★ ★ ဒါ့ထက် ... အဆွေတို့  မွန်းတည့်ကြီးးမှာ .. သိုးအုပ် ဘယ်မောင်းကြမလဲ ... ညနေမှသိုးအုပ်ခြံ သွင်းမြဲပါ

သိုးထိန်းတွေက
ယဇ် ဆိတ်တရာ သိုးးတရာ အပို့ခိုင်းလို့ပါ ... ဒီယဇ်တွေကို ငါတို့သခင်ဘုရင်က ဒီနေ့ည သူ့ရဲ့ နတ်တွေကို ... ပူဇော် ပသ သတ်ဖြတ်ပါမယ်... လို့ပြောတယ် ...။

ဒီတော့သခင်က  ငါလဲလိုက်မယ် ဆိုကာ ဖုန်ထဲ နေပူထဲ သိုးထိန်းတို့ဘေးကလျောက်ခဲ့တယ် ... သိုးမခ မျာအော် ရင်းသူနဲ့တဖ၀ါးမခွာ ....  သနားစရာ

ဒီလိုနဲ့ သိုးထိန်းတို့နဲ့ ဒို့အရှင် ... မြို ထဲဝင်ခဲ့ကြတယ် ....

သိုးငယ်ကိုထမ်းလာသူ အရှင်ကိုမြင်တော့ အစောင့်တို့နောက်ဆုတ်ကြ ...
ဈေးသားတို့ လှည်းတွေကို ဘေးကပ်ပေးကြ ...
ဈေးထဲဝယ်သူရောင်းသူ လျာစစ်ပွဲရပ်ခါ ... ညင်သာတဲ့မျက်နှာကိုငေးကြ ...
တူကိုလက်နဲ့မြှောက်လျက် ပန်းပဲဆရာ ထုဖို့မေ့သွား
ယက်ကန်းသည် ယက်ထည်ပစ် ... စာချီ စာလွှာမေ့ ... ငွေအမ်းသူ ကြွေစေ့ရေတာ မှားသွား
နူးညံ့သလောက် လှပခန့်ညားမှုနဲ့ လှမ်းတဲ့ ဒို့သခင် ကိုငေးကြ ... မေးကြတယ်
ယဇ်ကောင်ထမ်းလာတာဘယ်သူလဲ ... သွားပုံ လှလိုက် ငြိမ်းချမ်းမှုပေးလိုက်တာ ... ဘာဇာတ်နွယ်ပါ့  မျက်လုံးလှလှဘယ်ကရပါ့ .... သိကြားလား ဒေ၀ရာဇာလားတဲ့ ...

သခင်ကတော့ ဈာန်ဝင်စားကာလျောက်လာရင်း ....
★ ★ သြော် .. သိုးထိန်းမရှိတဲ့ လမ်းပြမဲ့ ညမှာ လှည့်လည်နေကြတဲ့  သေမင်းဒါးဆီ မမြင်မစမ်း အော်ပြည်သွားနေတဲ့ ငါ့အမျိုးတွေ ....

ဒီတွင်တစ်ဦးက ... ယဇ်ပသဘို့ မင်းကြီးမှာလိုက်တဲသိုးတွေနဲ့အတူ ... ရသေ့မြတ်တစ်ပါး ... ဒီရောက်လာကြောင်းပါ ...။

ဘုရင်ယဇ်ခန်းမှာ ရပ်နေတယ် ... တစ်ဖက်တစ်ချက်မှာ ၀တ်ဖြူစင်ကျယ် ဗြဟ္မဏတွေ မန္တရားရွတ်ကြ  အလယ်ခေါင်က ယဇ်ကလ္လင်ထက် ..ဟိန်းဟောက်နေတဲ့မီးကိုထိုးပေးကြတယ် .... မီးပုံပတ်လည်မှာ နှေးကွေး ... ထူပျစ် ... နီရဲ ... ချောင်းငယ် ... အခိုးလူစီးဆင်း ...တအော်အော် ယဇ်ကောင်တို့ရဲ့သွေးပ ....

လှဲထားတဲ့ ဆိတ်ခေါင်းကို နောက်ပြန်ချည် ... စင်းထားတဲ့လည်မှာ ... ဒါးဖိရင်း ပုဏ္ဏားအော်တယ်...

ကြောက်ဖွယ်နတ်တို့ ... ဒါဘုရင် ဗိမ္မိသာရရဲ့ ယဇ်အဖြစ်နဲ့ ယူဇနာအများကလာတာ ....
ပန်းထွက်တဲ့ သွေး ကိုကြည့် ... ၀မ်းမြောက်တော့
လောင်ကျွမ်းတဲ့ အသားနံ့ခံကာ ကြည်နူးလော့
ဘုရင့်ပြစ်မှုတွေ ဒီဆိတ်ပေါ်တင်ထားစေ
ဒါတွေကိုမီးက ..... လောင်ကျွမ်းဖျက်စီးစေ
ခုငါခုတ်ပေါ့ .....

★ ★ ဗုဒ္ဓ နူးညံ့စွာ ....
မခုတ်စေနဲ့ မင်းကြီး  ဆိုကာ ယဇ်ကောင်ရဲ့ကြိုးတွေဖြေတယ် ... ဘယ်သူမှမတားရဲ ပြီး ခွင့်ပန်ကာ ... သူ့ဘ၀အကြောင်းပြောတယ် ...

ဘ၀ကို ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်မှမပေးနိုင်ဘူး ... မိမိဘ၀ကိုမိမိဖန်ဆင်းတယ်
ဘ၀ကို သတ္တ၀ါတိုင်းချစ်တယ် ... အနိမ့်ဆုံးထိ သတ္တ၀ါတိုင်း မြတ်နိုး သာယာ တယ် ...
သတ္တ၀ါတိုင်းကို ဂရုဏာ ထားခြင်းသည် ဆုတစ်ပါးပဲ
ကမ္ဘာဟာ အားနဲသူအဖို့ ပျော့ ... အင်အားကြီးသူအဖို့မြတ်တယ်
သိုးမ ... နတ်တို့ဆီအသနားခံ ... လူသားဟာသနားညှာတာမှုကင်းတယ်
မင်းမြတ် ... ဘ၀ အားလုံးဟာ အမျိုးတော်တယ် ...
သင်တို့သတ်တဲ့ သတ္တ၀ါတွေ ... နို့နဲ့သိုးမွှေး ပဏ္ဏာ သရှာတယ်
ကိုယ့်ကိုသတ်မယ့် လက်တွေကိုစိတ်ချယုံကြည်ရှာတယ်
ကံ ကံကြောင့် ... သေချိန်မှာ ...တစ်ချို့ ငှက် တစ်ချို့တိရစ္ဆာန်ဘ၀ နိမ့်ဆင်းကြရတယ်
တဖန် မီးလျှံကြီးဖြစ်တဲ့ မီးပွားခရီးမှာ ... လူဖြစ်တတ်ကြတယ် 
သတ္တ၀ါရဲ့ကံကြမ္မာလမ်းကိုဟန့်တားခဲ့လျှင် ယဇ်ပူဇော်တာ ပြစ်မှု အသစ်သာဖြစ်တယ်
မိမိဝိညာဉ်ကို သွေးနဲ့ စင်အောင်ဆေးလို့မရဘူး
နတ်တွေ ကို သွေးနဲ့ပျော်အောင်လုပ်မရသလို လာဘ်ထိုးလို့မရဘူး
တရားမဲ့ ပြုလုပ်ခဲ့သမျှအတွက် အားလုံးပေးဆပ်ကြရမယ့် ၀ဋ်ကြွေးရဲု့ ဆံခြည်မျှင်လောက်ကိုတောင်မှ အပြစ်မဲ့ အနှောင်ခံ တိရစ္ဆာန်တို့ခေါင်းပေါ် ပုံချလို့မရဘူး
ဒါဟာ ကိုယ်စီကိုယ်ငှ လောကရဲ့ အမှန်တရား သစ္စတရားဆိုတဲ့ သင်္ချာနဲ့ တွက်ရတယ် ....
ဒီသင်္ချာက သိပ်တိကျတယ် ...
သတိရှိ သတိမရှိ ... အသိရှိ အသိမရှိ ... ဒေါသမဲ့ ဒေါသရှိ ... စတဲ့ ကာယ ၀ဇီ မနောတို့ ကပြုသမျှ  အကောင်းကို အကောင်းနဲ့ ... အဆိုးကို အဆိုးနဲ့ ... အတိအကျတွက်တယ် ...တရွေးသားမျှမမှားဘူး ။ အဖြေရဲ့ ဆံတစ်ခြည်စာမျှလောက်တောင် .... တိရစ္ဆာန်အပေါ်ပုံချလို့မရဘူး ...။
အနာဂတ်အားလုံဟာ ... အတိတ်ရဲ့ အသီးဖြစ်တယ် ...
ဒီလို ဂရုဏာ ... သစ္စာ ... ခန့်ငြားမှုနဲ့ သနားစဖွယ်စကားလုံးများသုံးကာ ... သူပြောရာ ...
ပုဏ္ဏားတို့ သတ်မှုနဲ့ နီစွေးနေတဲ့ လက်ပေါ် အင်္ကျီနဲ့ ဖုံး
ဘုရင် ချဉ်းကပ်လာ ... လက်အုပ်ချီရပ် ..ဗုဒ္ဓကို ရှိခိုးပေါ့ ...

တို့သခင်ဆက်ပြောတယ် ....
သက်ရှိအားလုံးမိတ်ဆွေစိတ်ပွားကြရင် .... သွေးကင်းစင်ကြယ်တဲ့  အစာတွေ ... ရွှေရောင်စပါး သစ်သီးဝင်းဝင်း ... အားလုံးအတွက်ပေါက်နေတဲ့အပင်ချိုတွေ ... ရေကြည် ... လုံလောက်တဲ့ သောက်ဖွယ် စားဖွယ် စားသုံးရင် ဒီကမ္ဘာ လှစွ ....

ရှေးဘ၀က တို့အရှင်  ဗြဟ္မဏမျိုးမှာဖြစ်ကာ ... ဒါလိဒရွာ အနီး မှာဖြစ်စဉ် ..အခါတပါး ..ငတ်မွတ်ခေါင်းပါး မှုဖြစ်တယ် ..တိရစ္ဆာန်တွေဟာ အစာရေစာအတွက် ကစဥ့် ကလျှားထွက်ပြေးးကြတယ် .... ဒီအချိန်မှာ ... ရိုးတခုရဲ့ နံရံပူကြား .... အစာငတ်လို့သေလုမျောပါးကျားမ ... စန့်စန့် လဲနေတာ တို့သခင်ဖြတ်သွား ရင်း မြင်ရဲ့ .... နံဘေးမှာ နို့ပိန်ခြောက်ကို ငတ်မွတ်အေည်မြည် ကျားငယ်နှစ်ကောင်...ဆွဲစို့နေကြရဲ့...။
ဘာမှမထွက်တဲ့ နို့သီးပိန် ၀ါးကြ .... မိခင်ပန် နာလွန်းလို့ စူးစူးဝါးဝါးအော်ရင်း ...သားငယ်တွေကို မိခင်စိတ်အပြည့် ကြင်နာစွာ လျှက်ပေးရဲ့ 

ဒီဆင်းရဲကိုမြင်ရာ ဗုဒ္ဓက  မဟာဂရုဏာတော်က .... လွဲလို့ ဘာမှ မမှုတော့ပဲ ....

ဒီတောတွင်း သူသတ်မကို ကယ်ဘို့ လမ်းတစ်လမ်းပဲရှိတယ် ... အစာမရလို့နေ၀င်ချိန်သေကြတော့မယ် .... သားကောင်သွေးဒးစွန်း   သွေးမရလို့ ပိန်လှီနေသူကို ...ဘယ်သက်ရှိ နှလုံးးသားကမှ...မသနား ...

ငါသူ့ကိုကျွေးရင် ငါကလွဲလို့ ဘယ်သူဆုံးမလဲ .... ငါပေးတဲ့ဒီမေတ္တာ အတွက် ... မေတ္တာဟာ အလွန်ဆုံးအမှုပြုလဲ ငါဘယ်မှာ ဆုံးရှုံးမလဲ  ...။

ဒီလိုပြောပြီး ဖိနပ် ...အ၀တ် ..မျိုးမြတ်ချည်... ခေါင်းပေါင်း တောင်ဝှေးတို့ကို .... အသာထားခဲ့တဲ့ပြီး ....ပိန်လှီ မိခင်ရှေ့ထွက်လာ ကာ ....

ကဲ ... သူသတ်မ မိခင် ...ဒီမှာ သင့်ဖို့ အစာလေတဲ့ .....

သေဆဲမိခင် ... စူးစူးရိုင်းရိုင်းအော် ... ခလေးတွေဆီကခုန် ...စေတနာသားကောင်ကို မြေပေါ်လှဲ ...လက်သည်းဓါးကောက်တွေနဲ့ ... သူ့အသားကိုဖဲ့ ...အစွယ်ဝါ၀ါတွေ ..သွေးနဲ့ ရွှဲရွှဲ ပွဲတော်တည် တော့တယ် ...

ကြောင်ကြီးရဲ့လောင်ကျွမ်းအသက်ရှူသံဟာ ... ကြောက်ခြင်းကင်းတဲ့ မေတ္တာရဲ့နောက်ဆုံး သက်မနဲ့ရောပြီ .... ဒီလို တို့သခင်နှလုံးသားက ရှေးကပဲကြီးရဲ့ ....

ဒါကြားရာ နူးညံ့မှုအားကအောင်သမို့ .... ဘုရင် တို့သခင်ခြေဖ၀ါးအောက်ဝပ်ဆင်း ....  ယဇ်ဆရာတွေ ကိုယ်တိုင် ယဇ်မီးလျှံတွေ ညှိမ်း ..ယဇ် သံမဏိ ဓါးကိုစွန့်ပြစ်ကြတယ် ....
 နိုင်ငံတစ်ဝှမ်း  နောက်နေ့ မောင်းကြေးနင်း လှည့်ပြီးအမိန့်တော်ပြန်တဲ့ကာ ... ကျောက်ပြား ကျောက်တိုင် မှာ ဒါထွင်းထုတယ် .....

ဘုရင်းဆန္ဒတော် .....
ယဇ်ပူဇော်ဖို့သတ်တာ ....
စားဖို့သတ်တာ .... ရှိခဲ့လေပြီ ....
ယနေ့မှနောက်ပိုင်း ..... ဘယ်သူမှ ဘ၀သွေးကို မဖိတ်စင်စေရ ....
လူသားကသာ အသိဥါဏ်ရှိသမို့ .... ဘ၀တိုင်းကိုတန်ဖိုးထား ...
ဂရုဏာရှိသူဆီ ... ဂရုဏာလာမြဲ ...
ယဇ် ဘို့ .... စားဘို့ ...မသတ်ရ .... ဒါပထမဆုံးကျောက်စာပဲ ....  ကျောက်စာ တွေအားလုံး ဒိနောက်မှာ အစ ပြုတယ် .....

ဘုရင်ဗိမ္မိသာရ ... တို့အရှင်ကို ... သူထံမှာ နေဘို့ အများကြီးတောင်ပန်တယ် ....
အသင်မင်းသား နူးညံ့သူသင်နဲ့ ဒီအကျင့်အကြံတွေ  မအပ်စပ် ....သင့်နူးညံ့တဲ့လက်က သံလျှက် ကိုင်ဘို့  တောင်းဘို့မဟုတ် .... မင်းသား ... ငါ့မှာ သားမရှိသေးဘူး .... ငါနဲ့နေလှည့်ပါ .... ငါ့နန်းမှာစံကာ ... ငါ့တိုင်းပြည်ကို သွန်သင်ပါ ....

★ ★ သိဒတ္ထ ပြတ်သားတဲ့စိတ်နဲ့ဆိုတယ် ....
မင်းမြတ် ... ဒါတွေ ငါ့မှာ ရှိခဲ့ ...စွန့်ခဲ့ .. သစ္စာ ရှာခဲ့ ... ခု ရှာဆဲ ... ရှာအုန်းမယ် ....
သိကြားနန်းတော်နဲ့ နတ်မယ်တို့ဖျားစေအုန်း ငါနေမယ်မဟုတ်ဘူး ....
တရားနိုင်ငံထူထောင်ဘို့ငါသွားနေတယ် ... ဂယာနဲ့ တောမြိုင်ရိပ်များဆီ ခရီးနှင်မယ် ...
အဲ့ဒိမှာ ငါ့အတွက်အလင်းရှိမယ်ထင်ရဲ့ ... ရတန်ကောင်းရဲ့ ...။
ဒီအလင်းဟာ ... ဒီကရသေ့တို့ကြားမှာရော.... သျှတြ တို့ကြားမှာရော ငါမတွေ့ဘူး ...
ဒါပေမယ့် ... ရစရာအလင်း ... အောင်စရာ သစ္စာတော့ ရှိလေရဲ့ ....

အို ..ဆွေစစ် .... ငါရရှိခဲ့လျှင် ... မုချပြန်လာကာ ...  သင့်မေတ္တာ ... ဆပ်မယ် .... ။


ချမ်းမြေ့ကြပါစေရှင် ...


ဘုရားရှင် အရပ်တော် အဆုံးအဖြတ်



မောင်လေးညီမလေးတို့ရေ ... ဘုရားရှင်ရဲ့အရပ်တော်အဆုံး အဖြတ်ပါရှင် ......

ဘုရားရှင်ရဲ့ အရပ်တော် ကို ဗုဒ္ဓ၀ံသပါဠိတော်မှာ ၁၆ တောင် နှင့် ကျန်တဲ့ အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ရေးထားတာသိရပါတယ် ..... ဘုရားရှင်ရဲ့ အရပ်တော်အစစ်ကို သိပါရစေတဲ့ ....။

★ ★ ဟုတ်ကဲ့ပါ ....ဒီလိုသာ ( ၁၆ ) တောင် ( ၁၈ ) တောင် အပြင်မှာ တစ်ကယ်ကြီး မြင့်နေတယ် ဆိုရင်ဖြင့် ..... ဘုရားရှင် ဆွမ်းခံကြွ ရင် .... အဲ့ခေတ်ကလူတွေ လှေခါးထောင် လောင်း ရမယ့် သဘောမှာရှိပါတယ် .... ဒါမှ မဟုတ် ခေါင်မိုးပေါ်က တက်လောင်းရမလို ဖြစ်နေပါပြီ .... ဒါတောင် မှီဖို့မကျိန်းသေပါဘူး ....။

★ ★ ပြီးတော့ ဘုရားရှင် ဟာ အရပ်မြင့်လွန်းနေတဲ့အတွက် .... ဗုဒ္ဓ ကိုယ်တော်တိုင် ဟောခဲ့တဲ့ ... အပြစ် ( ၆ ) ပါးထဲ ကိုယ်တော်တိုင် ပါနေ သလို ဖြစ်နေပြီပေါ့ ....။
( မဲ ဖြူ ဆူ ကျုံ နိမ့် မြင့် တုန် ... မှတ်ကုန် ပြစ် ( ၆ ) ပါးတဲ့.... )

★ ★ ဒီကိစ္စကိုဆုံးဖြတ်မယ်ဆို .... သဘာဝ ယုတ္တိ ၊ အာဂမယုတ္တိ ဆိုတဲ့ ..... ယုတ္တိ နှစ်မျိုးနဲ့ရေးပေးမှမောင်လေးညီမလေးတို့နားလည်မှာပါ ......

★ ★ ★ ကဲရှင် .... သဘာဝယုတ္တိနဲ့ ... အရင် စဉ်းစားကြရအောင်ပါ မောင်လေး ညီမလေး တို့ရယ် ....

ဘုရားရှင်စံဝင်ပြီး သုံးလအကြာ ပဌမသင်္ဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်ဝဟာ အထက်အောက် အားလုံး ၆ ပေလောက်သာရှိပါတယ် .... ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်လက်ထက်တော်က လူများရဲ့ အရပ်တော် ဟာ ပကတိ လူသားများထက် မမြင့်နိုင် ဘူးလို့ ယူဆရပါတယ်။

ကမ္ဘာ့ သမိုင်းပညာရှင်များရဲ့ .... သမိုင်းအထောက်အထားများအရ လည်း .... ဘုရားရှင်ရဲ့ အရပ်တော် ဟာ ၆ ပေသာသာပဲ ရှိတယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားပါတယ် ..... လူသာမာန်ထက် အနည်းငယ် ပိုမြင့်တယ်လို့ဆိုပါတယ် .....

ကျောက်စာများမှာရေးထားတာကလဲ .... ဘုရားရှင်လက်ထက် ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများ လူများရဲ့အရိုးစုများ ဟာ လက်ရှိ လူသာမာန်များ သုံးတဲ့ပစ္စည်းလောက် ... လက်ရှိလူသားများ အရိုး စုလောက်ပဲ ရှိပါတယ်တဲ့ ....

ဘုရားဖြစ်သွားမှ မြင့်တယ်ပြောရအောင်ကလည်း .... ဘုရားဖြစ်တော်မူပြီး တရားဦးဟောရန် အသွား လမ်းခုလပ်မှာ .... တက္ကတွန်းတစ်ယောက်နဲ့တွေ့ပါတယ် ... ( ဥဒက လား ဥပက လား ရောနေလို့ပါ ) ... သူဟာဘုရားရှင်ကိုမြင်တော့ .... ဘုရားရှင်ကိုကြည့်ပြီး ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါးလို့ပဲ ထင်မှတ် ခဲ့ပါတယ် လို့ .... (မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်) မှာရေးထားပါတယ်

ဒါကိုထောက်ရင် လည်း ဘုရားရှင်ရဲ့အရပ်ဟာ ပကတိလူသားထက် ပိုပြီးမမြင့်နိုင်ပါ။

ဘုရားရှင်ဟာ ကောသမ္ဗီမှ ပါလိလေယျက တော သို့ အကြွ၊တောကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်နန္ဒိယ၊အရှင်ကိမိလ၊ အရှင်နုရုဒ္ဓါ မထေရ်သုံးပါးထံ ၀င်တော်မူရာ တောစောင့်ယောက်ျားက သာမန်ရဟန်းထင်ပြီး “ ရဟန်းကြီး မ၀င်ပါနဲ့ အမျိုးကောင်းသားတွေ တရားအားထုတ်နေတယ်” လို့ တားမြစ်ခဲ့ဖူးတယ်။

ညီတော် နန္ဒမင်းသာဟာ ဘုရားရှင်ရဲ့ သင်္ကန်းတော်နှင့်ညီမျှတဲ့ သင်္ကန်းကို ၀တ်ရုံလာတယ်။ ဒီအခါမှာ နန္ဒမင်းသားကို မြင်သော လူများကို ဘုရား လို့ ထင်မှတ်ပြီး နေရာမှ ထကြတယ်။ အနားရောက်မှာ နန္ဒမင်းသားမှန်း သိရပါတော့တယ်။ ဘုရားရဲ့အရပ်တော်ဟာ နန္ဒမင်းသားထက် လက်လေးသစ် ပိုပြီးမြင့်တယ် လို့ ၀ိနည်း ပါစိတ်ပါဠိတော်၊ ရတန၀ဂ် မှာ ဆိုထားပါတယ်။

တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ သူဝတ်နေကျ အ၀တ်ကို ဘုရားရှင်အား လှူဖူးပါတယ်။ ဘုရားရှင်က ပုဏ္ဏားအ၀တ်ကို ၀တ်ရုံ လောက်တယ်လို့ ဆိုပါတယ်။ (မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်)

★ ★ ★ ★ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဘုရားရှင်ရဲ့သာမာန်အရပ်တော်ဟာ အပြစ်ခြောက်ပါး ကလွတ်တဲ့ ... သာမန်လူတွေထက် အနည်းငယ်မြင့်တဲ့ .... မနိမ့်မမြင့် သင့်တော်သော အရပ်ပဲရှိပါတယ် လို့ပြောပါရစေ ....

အောက်ပါ ကမ္ဘာ သမိုင်းအထောက် အထားများအရလဲ ဘုရားရှင်အရပ်တော်ဟာ အားလုံး စစ်ဆေးချက်အရ ... ( ၆ ) ပေ ( ၄ ) လက္မ ရှိကြောင်း ကမ္ဘာ့ သမိုင်းနဲ့ အောက်စဖိုဒ့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များမှာမှတ်တမ်းတင်ထားတာ တွေ့ရပါတယ် ....

II. Controversial points: Sugata measures.

According to DN 30, the spread of the Buddha's arms, outstretched, was equal to his height. Because a person's cubit is one-fourth the spread of his outstretched arms, this would put the Buddha's height at 2 meters, or approximately 6 feet 7 inches. The origin story to Pc 92 states that his half-brother, Nanda, was four fingerbreadths shorter than he, and that when bhikkhus saw him coming from afar, they would mistake him for the Buddha, partly on the basis of his tall height. One fingerbreadth is said to be 1/24 cubit, or a little more than 2 cm. by this reckoning, which would put Nanda at 1.92 meters, or approximately 6 feet 4 inches tall.

Homage to the Buddha
Thus indeed, is that Blessed One: He is the Holy One, fully enlightened, endowed with clear vision and virtuous conduct, sublime, the Knower of the worlds, the incomparable leader of men to be tamed, the teacher of gods and men, enlightened and blessed.

Homage to the Teachings
The Dhamma of the Blessed One is perfectly expounded; to be seen here and now; not delayed in
time; inviting one to come and see; onward leading (to Nibbana); to be known by the wise, each for himself.

★ ★ ★ ဟင် ... ဒါဖြင့်ရင် ပိဋကတ်ကျမ်းတွေမှာ ဘာလို့ ( ၁၈ ) တောင် ( ၁၆ ) တောင်ဖြစ်ရလဲ ... ဒါကရော.... မှန်နေလားလို့မေးစရာရှိပါတယ် ..... မှန်တယ်လို့ပဲဖြေပါရစေ ရှင် ......

★ ★ ဒါကိုတော့ အာဂမယုတ္တိ နဲ့ ယှဉ်ရမှာပါ .....

မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့ ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိပါတယ် .....
ဒါကို အစိန္တေယျ လေးပါး လို့ ခေါ်ပါတယ်။

(၁) တန်ခိုးတော်ကို မကြံစည်အပ်။
(၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။
(၃)သဗ္ဗညုတ ဥာဏ်တော် အရာတွင် မကြံစည်အပ်။
(၄) လောကအကြောင်း မကြံစည်အပ်ခြင်း တို့ ဖြစ်ပါ တယ်။ ....

ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိ လူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့ ဘုရားရှင်ရဲ့ ဘုန်းတော် တန်ခိုးတော် ကြောင့် .... ဘုရားရှင် ခန္တာကိုယ်ဟာ ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ် ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။

ဘုရားရှင်ရဲ့ အရပ်တော် အဆုံးအဖြတ်နဲ့ပတ်သက်ပြီး အရေးကြီးဆုံး သတိထားစရာတစ်ခုက တော့ ဘုရားရှင်ရဲ့ ဘုန်းတော် ပါရမီတော်ကို ကို စမ်းသပ်ဝေဖန် နှိုင်းယှဉ်မှုတွေအတွက် ..... အရပ်တော်ဟာ အနန္တ ဖြစ်သွားတဲ့သာဓကတွေရှိနေပါတယ် ...

★ ★ ★ ဘုရားရှင် ရဲ့ ဘုန်တော် ကံတော် ဥါဏ်တော် ကိုမနှိုင်းယှဉ်စကောင်း တာ ပြတဲ့ သာဓကလေးတွေပါပဲ .....။

ဘုရားရှင်ရဲ့ ဘုန်းတော်ကိုစူးစမ်းသူတွေအတွက် .... ဘုရားရှင်အရပ်တော်က အနန္တ ပါလို့ပြောပါရစေ .....ဘုန်းတော်ကြောင့်ဝေဖန်သူရဲ့မျက်စိထဲမှာကွဲလွဲသွားတာပါ...။

★ ★ ★ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ် အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာ နေရာမှာ ၀ါးလုံးတစ်လုံး ( ၈တောင် ) စိုက်ထူထားလိုက်ပါတယ်၊ ဘုရားကြွတော်မူ လာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့ အရပ်တော်က မြင့်နေပါတယ်၊

ဒါပေမယ့် သူဆွမ်းလောင်းတော့လဲ ... ဘုရားရှင်ကို ပုံမှန်လောင်းလို့ရနေခဲ့ပါတယ် .....

နောက်တစ်နေ့ မကျေနပ်တာနဲ့ ... အိမ်ပြင် ခပ်လှမ်းလှမ်းမှာ ၀ါးလုံးကို နှစ်ပြန် ( ၁၆ တောင် ခန့် လို့ဆိုပါတယ် ) ဆက်ပြီး ထောင် ထား လိုက်ပါတယ်။ ဘုရားရှင် ၀ါလုံးရှေ့ကဖြတ်တော့လဲ ဘုရားရဲ့ အရပ်တော်က မြင့်လျှက်ပါပဲ။

ဒါပေမယ့် သူဆွမ်းလောင်းတော့လဲ ပုံမှန် မတ်တပ်ရပ်လောင်းလို့ရနေခဲ့ပါတယ် ... (၀ါလုံး၂ပြန်စာလှေ ခါးထောင် စရာမလိုဘူး သူ့အရပ်နဲ့ ဆွမ်းလောင်းလို့ရနေပါတယ် ) ...။

ဒီအခါမှပုဏ္ဏားလဲ လန့်ပြီးဘုရားရှင်ကိုလျှောက်တင်ပါတော့တယ် .....
အရှင်ဘုရား ... အရှင် ဘုရားရဲ့အရပ်တော်ကို သိချင်တဲ့အတွက်ကြောင့် မဖွယ်မယာ ပြုလျှက် ... ၀ါလုံးနှင့် တိုင်းရာ အရှင် ဘုရားအရပ်တော်က ရှည်လဲမလာ ...ဘာမျှပြောင်းလဲခြင်းမရှိပါပဲ .... ၀ါးလုံးကလည်း တိုဝင် သွားခြင်းမရှိပါပဲ ..... အ၇ှင်ဘုရားအရပ်တော်ဟာ .... ၀ါးလုံးထက် .... အနည်းငယ် ၇ှည်နေတယ် လို့မြင်နေရတာ ဘာကြောင့်ပါလဲ ဘုရား လို့မေးသတဲ့ ....

အဲဒီအခါ ဘုရားရှင်က ....
ချစ်သား ငါဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို ၀ါးလုံးနဲ့ တိုင်းတာလို့ ရပါ့မလား လို့ ဟောကြားဆုံးမတော်မူပါတယ်။

★ ★ ★ အခါတစ်ပါးမှာလည်း ..... ဘုရားရှင်ဟာ .... တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာ မြကျောက်ဖျာ ထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းကတွေးသတဲ့ .....

ငါ့ရဲ့ မြကျောက်ဖျာဟာ တစ်ဆယ့်ငါးယူဇနာတောင် ရှိတာဆိုတော့ ဘုရားရှင် ကိုယ်သေးသေး လေးနဲ့ထိုင် ရင် ဘုရားရှင်ပျောက်ပြီး နေ၇ာတွေပိုနေမှာပဲလို့ တွေးမိသတဲ့.....

ဒါပေမယ့် ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ဘုရားရှင်ကလဲ ကြီးမလာ ... မြကျောက် ဖျာ ကလဲသေးမသွားပါပဲ .... ဘုရားကိုယ်တော်ဟာ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်း အစွန်းဟာ ကမ္ပလာရဲ့ အပြင်ကို ထွက်ကျနေပါတော့တယ်။

အဲဒီအခါ သိကြားမင်းက ငါဟာ မိုက်လေစွ ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ လို့ နောင်တရတော် မူပါတယ် တဲ့ ...။

★ ★ ★ တစ်ခါမှာလည်း .... အသူရာနတ်များက ဘုရားရှင်ကို သွားဖူးကြတော့ .... ရာဟု အမည်ရှိတဲ့ အသူရာနတ်မင်း တွေထဲမှာ ခန္တာကိုယ် အကြီးဆုံးနတ်မင်းကိုပါ .... ဘုရားဖူးလိုက်ဖို့သွားခေါ်တာပေါ့ .....

ဒီအခါ .... အသူရာနတ်မင်းကြီးက ငါသွားရင် ဘုရားရှင်က ငယ်ငယ်လေးဆိုတော့ ငါငုံ့ကြည့်ရမယ် ငါ မသွားဘူး လို့ပြောသတဲ့ ..... နတ်တွေက ဖူးရခဲတဲ့ ဘုရားရှင်မို့ အထပ်ထပ် အတင်းခေါ်တဲ့အခါမှ မတတ်သာတော့ဘဲ လိုက်သွားရတော့တယ် .....

အသူရာနတ်မင်းကြီးဟာ .... ဘုရားအရှေ့ရောက်တဲ့အခါ ...ကျန်တဲ့ နတ်လူအပေါင်းက ဘုရားရှင်ကိုပုံမှန် ... အိနြေ္ဒ ရ ရ ဖူးမြှောက်ကန်တော့ တာမြင်နေရပေမယ့် ....

သူတစ်ပါးထဲ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရပြီး မျက်နှာတော်ကို ဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း ...ဇက်သာလန်ကျသွားတယ် .... မျက်နှာတော် က မြင့်လွန်းနေတဲ့ အတွက် ရင်ခေါင်းတော်လောက် သာ မြင်ရပါတယ် လို့ဆိုပါတယ် .....

အဲဒီအခါကျမှ အသူရာနတ်မင်းက .....
အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း လို့ တွေးကာ နောင်တ ရနေပါတော့တယ်။

★ ★ ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးအရာပါပဲ .....

★ ★ ★ ★ ဒါတွေကိုထောက်ရှု ဆင်ခြင်ခြင်း အားဖြစ့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ ... ( ၁၆ ) တောင် ( ၁၈ ) တောင် မကပါဘူး .... အနန္တ ရှိပါတယ်လို့ .... မှတ်သားရမှာပါ .....။

ဘုရားရှင်မပြောပါနဲ့ ...နူးတို့သာမန်လူတွေမှာတောင် ...ယောက်ျားလေးဘုန်းနဲ့ မိန်းခလေး ဘုန်းတန်ခိုး ကွာတာရှိပါတယ် ....

ဥပမာ နူးတို့ မြန်မာအယူမှာရှိပါတယ် .... ယောက်ျားနဲ့ မိန်းမ ... မိန်းမက အရပ် အတိုင်းမှာ ယောက်ျား ထက် လက္မ အနည်းငယ် ရှည်နေတယ်ဆိုပါစို့ ( ဒီနေရာမှာအပြစ် ( ၆ ) ပါးမပါပါရှင် ) ... ဒီယောက်ျားလေး နဲ့ မိန်းခလေးယှဉ်သွားရင် ... ယောက်ျားရဲ့ ဘုန်းကံကြောင့်တန်းတူ အရပ် ကိုပဲ ယောက်ျားလေး က မသိမသာ သာနေသယောင် တွေရတတ်ပါတယ် ....

ရဟန်းနဲ့ လူယှဉ်လျှောက်ရင်လဲဒီိလိုပါပဲ ... ( ပုလွန်း ရှည်လွန်း ကိုမပြောပါ ) ... သာမာန်အရပ်မှာ ရဟန်းက အတိုင်းတာအပြင်မှာနဲနဲလေး ပုတယ်ဆိုပေမယ့် ယှဉ်လျှောက်ရင် ရဟန်းရဲ့ဘုန်းတန်ခိုးကြောင့် ရဟန်းနိမ့်မနေပါဘူး .... ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ် ....

ရိုးရိုးလူတွေရဟန်းတွေမှာတောင်ဒီလိုရှိနေရင် .... ဘုရားရှင်ဆိုရင် ....

ကဲ ...မောင်လေးညီမလေးတွေ ... အားလုံးနားလည်သဘောပေါက်ပြီလို့ထင်ပါတယ်ရှင် .....

ကျမ်ကိုးတွေကတော့ ပိဋကတ်စာပေများကဖြစ်ပြီး ..... ကိုးကားတဲ့ ဆိုဒ်များ ကတော့ အောက်ပါ ဆိုဒ်များပါရှင်

http://www.accesstoinsight.org/lib/auth ... .ch12.html
http://www.dhammawheel.com/viewtopic.php?f=29&t=7145
http://dhamma-admin.blogspot.com/2009/01/blog-post_4233.html
http://dhamma-admin.blogspot.com/2009/01/blog-post_5436.html

... ချမ်းမြေ့ကြ ပါစေ ရှင် ....

ဗုဒ္ဓဘာသာဝင်များအတွက် အမြင်မရှင်းသည့်မေးခွန်း အပိုင်း ၂ - က



မင်္ဂလာပါမောင်လေးညီမလေးတို့ရယ် .....

ကို Pyae Phyo Maung က ( သူလဲ ခရစ်ယန်ထင်ပါတယ် ) .... အမဗဟုသုတ အရမ်းကြွယ်ဝပါတယ် ဒီမေးခွန် အဖြေ များဖြေကြားပေး ပါဆိုပြီး ... နူး ဝေါမှာ လာတင် ထားတဲ့ ..... ခရစ်ယန်လူလိမ် ... အက်စ် ဂွန်အောင်ရဲ့ မေးခွန်း ( ၂၄ ) ခုပါ ..... စာအရမ်းများလို့ တစ်ဝက်အရင် တင်ပေးလိုက် ပါတယ် ....

ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ အပိုင်း ၂

၁။ ပလ္လင်တော်၏ ကွာခြားချက်ကို ရှင်းပြပါ။က။မဏိဒိပဋီကာတစ်လက်မမှ မမြင့်(စုဒ္ဒသဟတ္ထုဗ္ဗေဓေါ ဥဗ္ဗေစ သဒ္ဒါ) -ပ၊ ၁၄၉။ခ။ ပရိတ်ကြီးဋီကာ ၁၄ တောင်။

★ ★ ဘယ်ပလ္လင်ကိုပြောတာလဲ ခွဲခွဲခြားခြားမေးပါရှင် ..... ဘုရားဖြစ်တော်မူရာ အပရာဇိတ ပလ္လင်ကတော့

...... ဘုရားအဖြစ်သို့ ရောက်တော်မူခါနီး ကဆုန်လပြည့် ညနေဆည်းဆာ အချိန်၌ ဗောဓိပင်အောက် အရှေ့မြောက်အရပ်၌ မြက်ထမ်းသမား ပေးလှူသော မြက် ၈ ဆုပ်ကို .... ကြဲဖြန့်တော်မူရာ မြက်အသွင် ကွယ်ပျောက်၍ တစုံတယောက်သော ပန်းချီဆရာ၊ ပန်းပုဆရာမျှ ရေးထုခြင်းငှါ မတတ်သာအောင် လွန်စွာ ဆန်းကြယ်သည့် တဆယ့်လေးတောင် ပမာဏရှိသော ရတနာပလ္လင်တော်ကြီးကို ပါရမီတော် အားလျော် စွာ ပေါ်ပေါက်တော် မူလာရသည်လို ဗုဒ္ဓ၀င် မှာဖော်ပြထားပါတယ် ... ( ဘုရားဟော မဟုတ်တဲ့ အတွက် ချင့်ချိန် ကျမ်းညှိရမှာပါ )

၂။ ဂေါတမ၏ မတူညီသော အရပ်တော်ဖေါ်ပြမှု။က။ ဗုဒ္ဓဝံသ ၁၆ တောင် ( သေဠသ ဟတ္ထုဗ္ဗေဓေ)ခ။ အဌကထာ ၁၈ တောင် ( အဌာရသ ဟတ္ထုဗ္ဗေဓေ)။

★ ★ အရပ်တော်အဆုံးအဖြတ်ကိုတော့ စာများတဲ့အတွက်သီးသန့်တင်ပေးပါ့မယ် ....။

၃။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားတို့တွင် ဒီပင်္ကရာ အပါအဝင်၁၉ဆူ၏ပါရမီဖြည့်ရာကာလကို ထင်ထင်ရှားရှားဖေါ်ပြပေးပါ။

★ ★ ဘုရားရှင်တိုင်း ဆုပန်ရတဲ့ကာလ က ကမ္ဘာပေါင် တစ်ဆယ့်ခြောက်သချေ် ပါရမီဖြည့်ကျင့်ပြီးဆုပန်ရတဲ့ ကာလကတော့ ကမ္ဘာပေါင်း လေးသချေ် နဲ့ ကမ္ဘာ တစ်သိန်းပါ ... စုစုပေါင်း ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်း ဖြစ်ပါတယ် ။

တစ်ကယ်ပါရမီဖြည့်ကျက် ကျင့်ကြံ ခဲ့တာကတော့ လေးသချေ် နဲ့ ကမ္ဘာတစ်သိန်းပါ .....

၎။ဂင်္ဂါဝါဠုမထားနှင့်ဦးဂေါတမနှင့်အရိမေတ္တယျမှအပအခြားဘုရားများကားအဘယ်သူထံတွင် ဘုရားဆုပန်ခဲ့သနည်း ဖေါ်ပြပါ။

★ ★ ကမ္ဘာပေါင်း သချေ် ( ၂၀ ) နဲ့ တစ်သိန်းမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်းပါ။ စုစုပေါင်း (၅၁၂၀၂၈) ဆူရှိပါတယ်။

ပါဠိလို စေတောပဏိဓာနခေတ် လို့ ပြောလို့ရတဲ့ စိတ်နှင့် ဘုရားဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့ ခေတ်က ကမ္ဘာပေါင်း (၇) သင်္ချေ ရှိခဲ့ပါတယ် ဘုရားပေါင်း (၁၂၅၀၀၀) ဆူ ပွင့်ခဲ့ပါတယ်။

နောက် ဝါစာပဏိဓာနခေတ်လို့ ပါဠိလိုခေါ်တဲ့ နှုတ်ဖြင့် ဆုတောင်းခဲ့တဲ့ ကမ္ဘာပေါင်း (၉) သင်္ချေအတွင်း ဘုရားပေါင်း (၃၈၇၀၀၁) ဆူပွင့်ခဲ့ပါတယ်။

နောက်ဆုံး ပါဠိလို ကာယာဝါစာပဏိဓာနခေတ်လို့ခေါ်တဲ့ လူအများသိတဲ့ ကမ္ဘာပေါင် လေးသင်္ချေနဲ့ တစ်သိန်း ကိုယ်ရော နှုတ်ပါ ပါရမီဖြည့်ခဲ့တဲ့ ကာလအတွင်းမှာတော့ ဘုရားအဆူပေါင်း (၂၇) ဆူသာ ပွင့်ခဲ့ပါတယ်။

ဒီတော့ သူ့အချိန်အလိုက် ....ကြုံဆုံတဲ့ပစ္စေကဗုဒ္ဓါတွေကို ဆုပန်ခဲ့တယ်လို့ပဲပြောလို့ရမှာပါ ....

အဲဒီ ပါရမီဖြည့်စဉ် ကမ္ဘာပေါင်း သင်္ချေ (၂၀ ) နှင့် တစ်သိန်းမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်း (၅၁၂၀၂၈) ဖြစ် လို့ သဗ္ဗုဒ္ဓေဂါထာမှာ ဘုရားပေါင်း ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကြိပ် ရှစ်ဆူလို့ ဆိုခဲ့တာပါ ။

၅။ အသိဆုံး၊ အတတ်ဆုံး၊ အမြတ်ဆုံးဟု အဘယ့်ကြောင့် အို၊နာ၊သေကိုမသိ၍ အစေခံထံ ၌ မေးမြန်း ရသနည်း။

အဲ့တာမေးတုန်းက ဘုရား အဖြစ်ကိုရောက်ပြီးပြီလားရှင် ..... ဘုရား အဖြစ်ကိုရောက်ရှိပြီးနောက်ပိုင်း ကိုပြောပါရှင် ...

★ ★ ဘုရင်တစ်ပါးရဲ့ ငယ်ဘ၀ဘာမှမသိတာကို အသာထား ... ကျမလို ဆင်းရဲသား မိန်းမတစ်ယောက်တောင် .... ရှစ်တန်းအထိ ... ယောက်ျားလေးတစ်ယောက်နဲ့ အသားချင်းထိရင် ကိုယ်ဝန်ရှိတတ်တယ်လို့ ထင်ခဲ့တာပါ .... မိဘတွေကမသိစေချင်လို့ ဖုံးကွယ်ထားရင် သားသမီးကသိစရာအကြောင်းမရှိပါဘူး ....

ဒီလိုပဲ ... ဗောဓိသတ်ငယ်ရွယ်စဉ် မိဘများက ... ဦးပြည်းကတုန်း ချိုါ်ခြံခြွေတာသူ ... သို့မဟုတ် ... စင်္ကြ၀တေးမင်း ဖြစ်မယ့်သူလို့ဟောခဲ့တာကြောင့် ....စက်ြဝတေးမင်းဖြစ်စေချင်တဲ့ မိဘတွေက ဒုက္ခဆိုတာကို ဖုံးကွယ်ထားခဲလို့မသိတာပါ ....

၆။ဂေါတမ၊ဝေသန္တရာ၊မဟော်သဓာ တို့သည်မွေးကင်းစမှစ၍ လမ်းစသွားခြင်း၊ စကားပြောခြင်းမျှားပြုသည် ကိုဗုဒ္ဓဝင်စာပေမှအပ အဘယ့်ကြောင့် မတွေ့ရသနည်း။

★ ★ ပိဋကတ် ပါဋိနဲ့ ဘုရားဟောတွေမှာ မရှိပါရှင် .... အဌကထာ ...ဆရာတော်ကြီးများက ဘုရားရှင်ကိုကြည်ညိုလွန်ပြီး ...လွန်လွန်ကြူးကြူးဖွဲဆိုထားတာလို့ပဲပြောပါရစေ ....။

၇။ထိုအသိဆုံး၊အတတ်ဆုံး၊ အမြတ်ဆုံးသူက အဘယ့်ကြောင့် ကျွတ်တန်းတရာကို တကယ် မသိသော ဥဒကနှင့် အာဠာရ ရသေ့ထံတွင် တပည့်ခံရပါသနည်း။

★ ★ ဘုရားရှင်တရားလှည့်လည်ရှာဖွေရာမှာ .... ဆရာပေါင်းများစွာတွေ့ခဲ့ပါတယ် .... ဒါပေမယ့် အာဠာရ ဥဒက ရသေ့ဆရာ နှစ်ပါးဆီက ... အသင့်အတင့် လေ့လာခဲ့ရပါတယ် ... ဒါပေမယ့် ဆရာတွေအားလုံးဟာ သူလိုချင်တဲ့ ဒုက္ခ ချုပ်ငြိမ်းရာတရားကို မပေးစွမ်း မသင်ပြနိုင်ခဲ့ပါဘူး ....

ဒီလိုနဲ့ ၀ိသာခါနက္ခတ်နဲ့ယှဉ်တဲ့ .... ကုဆုန်လပြည့်နေ့ မနက်ခင်းမှာ .... ဘယ်ပြင်ပ တန်ခိုးရှင်အကူ အညီမျှ မပါပါပဲ .... မိမိကိုယ်တော်တိုင် .. တစ်ပါးထဲ ဗောဓိပင်ရင်းမှာထိုင်ပြီး တရားကျင့်ကြံခဲ့ပါတယ် ....

ဒီအခါတစ်ခြားအယူဝါဒများရဲ့လွဲမှားတဲ့ နည်းလမ်းများကို တွေ့ရှိလာပါတယ် .... ဒုက္ခအပေါင်း အစနဲ့ ချုပ်ငြိမ်းရာ ... တရားများကိုကောင်းစွာသိမြင်လာပါတော့တယ် ... * ဘ၀ နှစ်သက်မှု တဏှာ * ဟာ ဆင်းရဲအပေါင်းရဲ့အရင်းခံဆိုတာသိလာရပါတယ် ....။

နောက်ဆုံးမှာတော့ သံသရာ ၀ဋ်ဆင်းရဲအပေါင်းကလွတ်မြောက်ကြောင်း ဟာ မဂ္ဂင် ( ၈ ) ပါးတရား သာဖြစ်တယ်ဆိုတာ ကိုယ်တွေ့သိလာရပါတယ် ....

အလောင်းတော် ဗောဓိသတ်ဟာ ... ဒီလိုနဲ့ ကဆုန်လပြည့်နေ့ ညဥ့် ဦးယံမှာ ... ရှေးဟောင်းနှောင်းဖြစ် အားလုံး ကို အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုသတိဥာဏ်တော် ....

သန်းခေါင်ယံမှာ ... လောကကြီးတစ်ခုလုံးကိုမျက်ဝါးထင်ထင် သိမ်းကျုံးမြင်နိုင်သော .... ဒိဗ္ဗစက္ခု ဥာဏ်တော်

အာရုဏ်တက်မယ့်ဆဲဆဲမှာ ... တစ်ထောင့်ငါးရာ ကိလေသာ အားလုံးစင်ကြယ် သဖြင့် အာသ၀က္ခယ ဥာဏ်တော် (သဗ္ဗညုတ ညဏ်တော် ) ရတော်မူလျှက် .... ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့ပါတယ် ....

၈။ပုဗ္ဗနိမိတ်ကြီးများတွင်ပါသည့် အတိုင်းမတီးပဲအလိုလို တူရိယာများမြည်ခြင်း၊ မိုးလေငလျှင်လှုပ်ခြင်း၊ အချည် အနှောင်လွတ်ကြခြင်း၊ ငရဲမီးငြိမ်းခြင်းတို့ကို အဘယ့်ကြောင့် ကမ္ဘာသမိုင်းတွင်မှတ်တမ်းမရှိပါသနည်း။သမိုင်းမှား၍လား၊ဗုဒ္ဓသမိုင်းမှားလို့လားသေခြာရှင်းလင်းပြပါ။ဟုတ်လျှင်ကမ္ဘာကသိသင့်ပေသည်။ကမ္ဘာများစွာကိုပင်ရေတွက်ပါက မဝေးသေးသော အိန္ဒိယ သမိုင်းသည် ထင်ရှားရပေမည်။

★ ★ လက်ရှိသိပ္ပံပညာက ငရဲပြည်ရောက်အောင်မသွားနိုင်သေးလို့မသိဘူးပဲထား .... ..... ရှင်တို့ကျတော့ရော .... ရှင်တို့ဘုရားမွေးနေ့ကိုသိလို့လား .... သမိုင်းမှာလဲမရှိဘူး ....

၉။ ငယ်ရာက ကြီးရသည်ကို ခန္ဓာဗေဒအရ လူတိုင်းကသိသော်လည်း သိဒ္ဓတ္ထသည် ၂၉ နှစ်ရောက်သည့်တိုင်အဘယ့်ကြောင့်မသိရသနည်း၊ဖွားဖက်တော်ကိုပင်ငုံ၍ကြည့်ပါကသိနိုင်သည် မဟုတ်ပါလော။မောင်စံကိုလည်း ကျီစားလို၍ မေးဟန်မတူပါလေ။

★ ★ အင်းး ယုတ်ညံ့လှတဲ့ ဘာသာဝင်ပါပဲ .... ဘုရားရှင်မေးတာ ... ငါေ၇ာ တစ်ချိန် မှာ ဒီလို အိုရမှာလား .... ဒီလို နာရမှာလား .... ဒီလိုပဲသေရမှာလား ... လို့မေးခဲ့တာပါ .... ။ဘုရင်မင်းမြတ်ကိုယ် တိုင် တောထွက် မှာကြောက်တဲ့အတွက် .... အသိမပေးနန်းတော်ကမထွက်ခိုင်းခဲ့တာပါ အို နာ သေ ဘေးဒုက္ခတွေ ပေးမမြင်တာပါ ... ဒါကြောင့်မသိခဲ့တာပေါ့ .... ငယ်ရာကကြီးတာ မသိစရာ အကြောင်း မရှိပါဘူး ...။

၁၀။သယမ္ဘုတံအလိုလိုညာဏ်ဖြင့်သိခြင်း ဟူသည်က၊ခ၊ဂ၊ဃ၊ငဆိုသော စာကိုကျောင်း မှာမသင်ပဲ တတ်ရပါမှဆရာမကူ သိသူဟုဆိုနိုင်ပေမည်၊ သို့သော်ဂေါတမသည် လက်ဦး ဆရာရှိခဲ့သောကြောင့်ဆရာမပါငါကိုယ်တိုင်သိသည်ဆိုခြင်းကကျေးဇူးကန်းသောတပည့်မိုက်အဖြစ်သို့မရောက်ပါသလော။အဘယ့်ကြောင့်မွေးကင်းစ၌အသိဆုံး၊ အတတ်ဆုံး၊ အမြတ်ဆုံးဟု ဆိုနိုင်ပါအံ့နည်း။

★ ★ ဗုဒ္ဓကိုယ်တော်တိုင်ပြောခဲ့တဲ့ .... သူရဲ့ လောကီဆရာဟာ ( ၅ ) ပါးရှိပါတယ် .....

၁။ဘုရားလောင်းမွေးဖွါးသည့်အချိန်၌လက္ခဏာဖတ်သော ရာမ,ဓဇ,လက္ခဏ,မန္တီ,ယည,သုယာမ,သုဘောဇန,သုဒတ္တ,ဟူသောပုဏ္ဏားရှစ်ယောက်။

၂။ပဒကကျမ်း, ဗျာကရုဏ်းကျမ်း, ဆဠင်္ဂကျမ်း, အတတ်တိုကို သင်ကြားပေးသော သဗ္ဗမိတ္တ မည်သော ပုဏ္ဏား

၃။ဘုရားလောင်းအား အို နာ သေ ရဟန်း နိမိတ်လေးပါးကို ပြ၍ ထိတ်လန့်ကြောက် ရွံ့စေပြိး တော ထွက်စေသော နတ်သား။

၎။အာကိဉ္စညာယတနဈာန်၏ ပရိကံကိုပြောကြားပြသပေးသော ကာလာမ၏ သားဖြစ်သော အာဠာရရသေ့။

၅။နေဝသညာ နာသညာယတန ဈာန်၏ ပရိကံကို သင်ကြားပြသပေးသော ရာမ၏ သားဖြစ်သော ဥဒကရသေ့။

တို့ဟာ ဘုရားရှင်ရဲ့ လောကီ ဆရာ ငါးပါးပါ

၁၁။ မောရိယသုတ်တွင် ဘုရားအလောင်းဥဒေါင်းမင်း အဘယ့်ကြောင့်နေကို ရှစ်ခိုး သနည်း။ နေကို ရှစ်ခိုးခြင်းသည် ဒိဌိပင်မည်သည်ဆိုသော စကားအရာတွင် ၄င်းနေရာ၌ အဘယ် သို့ဖြေရှင်းမည်နည်း။

★ ★ ရှင်ပြောတဲ့အချိန်က ... ဗုဒ္ဓပွင့်ပြီးပြီလားဟင် ..... ဗုဒ္ဓဘာသာထွန်းကားပြီလားဟင် ..... ဘုရားရှင်တေင် ဥဒေါင်းမင်းဘ၀ပဲရှိသေးတယ်လေရှင် ... တစ်ကယ်ပါပဲ ....

အလောင်းတော်ဥဒေါင်းမင်းအချိန်ကိုထား ... ဗုဒ္ဓ မမွေးခင် ...ဘုရားမဖြစ်ခင် ...တရားမရခင် ..ဗုဒ္ဓရဲ့ မိဘတွေတောင် ဟိန္ဒူ အယူနေရှိခိုးကြတယ်လေ .... ဥဏှောက် ထဲ ဥဏှေက်ရှိနေတာမှ ဟုတ်ရဲ့လားရှင် ... အင် အင်းတွေများထည့်ထားသလားမှတ်ရတယ် ....

၁၂။ ကေသာ၊ လောမာ စသော ၃၂ ကောဌာသစသော တရားတို့ကို ဥပေက္ခာပြုနိုင်သော သိဒ္ဓတ္ထမင်း သားသည် ၄င်း၏ ကိုယ်၌ အများနှင့်မတူ တမူထူးကဲစွာ ကျင်ကြီး၊ ကျင်ငယ် သွားရာ တွင် ရွှေ၊ ငွေ ၊ ရေမွှေးများ သာ သွားနေသောကြောင့် ဤ တရားကို မသိကျိုးကျွံပြုနေခြင်းပင်လော။

★ ★ ဒုက္ခပါပဲ ...ဘာတွေ ရှောက်ရေးထားတာတုန်းမသိ .... တပ်မက်မှု အားလုံးကို ဥပေက္ခာပြုနိုင် တယ်ပြော တာရှင် .... ရှင်ကဥပေက္ခာ မပြုနိုင်ရင်ကောက်သာ စားလိုက် ပါတော့ ရှင် ...။

၁၃။ မောင်းမ ၄၀ဝ၀ဝကို၎စုခွဲရာ၁စုတွင်ယသော်ဓရာကဦးဆောင်၍စေစားသောကြောင့်၊ အခြား သုံးဖွဲ့တွင် ဦးဆောင်မိဖုရား သုံးယောက်တို့ကား အဘယ့်ကြောင့် သမိုင်းတွင် မြုပ်ခဲ့သနည်း

★ ★ အမလေး ... ရှိတဲ့ ယသော်ဓရာတစ်ပါးတောင် တုန်ဏှိဘာဝေ .... ဖြစ်နေတဲ့ .... မိန်းမကို .အတင်းပေးစားထားရတဲ့ မင်းသားဟာ .... ဘယ့်နှာ မိန်းမတွေက ရှိမှာတုန်း ... ဘုရားရှင်ဆွေတော် မျိုးတော် တွေက ... ရာဇ၀င်ရှိသမိုင်းရှိတဲ့ အိန္ဒိယရဲ့ သြဇာ အကြီးဆုံး မင်းတွေနော် ... သမိုင်းထဲမှာလဲပါတယ် ....

သိုးလိုက်ကျောင်းရတဲ့ မိန်းမတစ်ယောက်က ဘယ်သူနဲ့ ရ ဘယ်ရက်မှာမွေးတဲ့ ခလေးမှန်းမသိ .... သေတော့လဲ တရားမ၀င် ပြည့်တန်ဆာ ( ၅ ) ယောက်လောက် နဲ့ ညားခဲ့တဲ့ လူပျို ဘုရားလိုမျိုး မိုးလုံးပြည့်မုသာဝါဒ နဲ့ လုပ်စားနေတဲ့ဘာသာမဟုတ်ရပါဘူးရှင် .... သမိုင်း ရှိပါတယ် ...။

ချမ်းမြေံကြပါစေရှင် .......

Thursday, June 12, 2014

သီရိမာ

  



မောင်လေးညီမလေးတို့ရေ ...... ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ .....
ဖတ်ပြီးရင်အောက်ကမေးခွန်းလေးလဲဖြေခဲ့နော်

★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါအုန်း သခင်မ နားကြားများလွဲ လေသလားကွယ် ။

>>> ဟုတ်ပါတယ် သခင်မ …သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်း နေ ပါတယ် ….

★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …
တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား ...။

>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ပါသခင်မ … ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ ….

★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခနစောင့်ဖို့ ပြောထားလိုက်နော် ….

> ★ < အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….

ကိုယ် ကို မှန်ရှေ့မှာတစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။

အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….

ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမ လောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့နဲ့သက်တူ၇ွယ်တူလောက်ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခန်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် ….

★ ★ ကျမ သီရိမာ ပါ ….

သူကျမကို မော့ကြည့်ပြီး … ပစပ်အဟောင်းသားနဲ့ခနငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….

★ ဒီလောက်လှပ ကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံး ဘွဲ့ကိုခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူထေးကြီးရဲ့ ချွေးမပါရှင် …

★ ★ သြော် … နန္ဒသူထေး လေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဘူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …

ဒီမယ် … ကျမပြောပြပါအုန်းမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူထေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။

★ အင်း …. သူ သီရိမာနဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ ကပဲ သီရိမာ ဆီလာပြီး သီရိမာကလာဘို့အကူ အညီတောင်းရတော့ တာပေါ့ရှင် …. ။

★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….

ကျမသိတာက ဂုဏ်သရေ၇ှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦး လှည့်မှာသိတ်ကြောက်ကြတယ်လေ …။

★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူထေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားကို … သက်ဝင်ယုံကြည်မှုမရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံ သေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …

★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….

★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …

★ ★ အို … အမ ဥတ္တရာ … ကျမအမေ လဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံ လုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ ဘူး ….

ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ

★ ဆယ့်ငါးရက် တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက် လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….

★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ် လို့ အမထင်လားဟင် ….

★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လားညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။

★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကား ကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။

★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် ….

★ ★ အို … ကိစ္စမရိုပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….

အခန်း ( ၂ )







> ★< ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေးးလေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့ အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့ လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …

★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …

>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. ။

★ အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ ….

သူကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်း ရှေ့မှာ .. ရပ်ပြီး …

★ ခနတစ်ဖြုတ်နားအုန်းနော်ညီမလေး …. ခနနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။

> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့ မိခင်အမည်က သလ္လ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် …

တစ်ပြည်ထောင်မင်းတွေကိုဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ်

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယ မင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီးဇီဝက ဆိုပြီူး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိကကျတဲ့ ၀န်ထမ်း တစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီမဟာ သွေး ပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့တာတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၎။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ ကုတင် … ပန်းအလှပြင် ..စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည် သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး မြှားကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစား တို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ခလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင် မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုငငံအတွက်သီတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြငး အတတ်နှင့်ပြန်လည် သင်ပြခြင်း အတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင် မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက်ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ်တစ်ကြိမ် နိင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာ ထေရီမကြီးးး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက် လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …

> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျှက် အခန်းထဲမှာ .. သူဌေးလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ငြားမွန်ရည်တယ် … အပူအ ပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံ ပုံပဲ …

ဥပတိရုပ် ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံး အားသန်ပုံပဲ ဆိုတာအကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့သတ်မှတ်ရမှာပါ…။

★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….

> ★ < သူကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လို ဆွဲဆောင်သွားပြီ… မခွာ တော့ဘူး … သ ဥတ္တရာ ရှိနေတာ မသိတော့ဘူး …

★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှုလုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား ရိုသေကြပါလိမ့်မယ် ….

> ★ < ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …

ကျမ ဥတ္တရာကိုခေါင်းညှိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။

ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုး သွားလိုက် တယ် …

★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …

★ ★ ဘာလို့ …

★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များ မက်နေသလားလို့ ပါ … လှလိုက် တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ
တာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။

> ★ < ကျမလဲသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိ အောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက် လိုပဲနေချင်လာတော့တယ် ….

ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …

ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာ ၀စ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမ နဲ့ နန္ဒ ကတော့ သံလိုက်နှင် သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင် ဘူး ….

မနက်ဖြန်ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုတ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒ သလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြူတင်းပေါက်ကနေ … အောက်ကို ငုံ့ ကြည့် ပီး …. ခေါင်းတညှိမ့်ညှိမ့်နဲ့ ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြူတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓနဲ့ သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟားးးး …. တရားကိုပဲနှစ်သက်တဲ့ မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင် သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့ အပြုံး … ငါ့လောက်မချော တဲ့မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင်အပြစ်ကင်းတဲ့ အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက် ပါတော့တယ် …

>>> အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …

>>> သခင်မကို ကယ်ကြပါအုန်း …..

ဝိုင်းအော်ကြသော အသံနှင့်အတူ … ယောက်ျားမိန်းမများ တ၀ုန်းဝုန်း အပေါ်ထပ်သို့ ပြေး တက်လာ ကြပြီး … ကျမကို ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ် …

သူ့အခန်း ခနပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …

>>> မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား ….

★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …

> ★ < နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘ၀အမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာဝရမယားဖြစ်လို၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

ဝိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုတ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတွေတစ်ကိုယ်လုံးရွှဲရွှဲစိုနေပါ လျှက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….

★ သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …

>>> မဟုတ်ဘူးအရှင်မ .. သူကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် ….

★ ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့် ရှောက်ရင် .. သခင်မတို့လဲ … ၀ိတက် .. ၀ိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန် လိုက်ကြ ….

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက် သွားတယ် ….

★ ★ ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ …

★ မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာ ပဲလေ …

★ ★ ကျမတိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …။

★ ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော မှာပေါ့ … ကြည့်ပါလား … ညည်းလေးအမ ဘာမ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်း ဘူဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲညီမလေးရယ် ….

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….

အခန်း ( ၃ )





အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင့်ဖြူလေးကောင် ကတဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်း ထား သော်လည်း …. ၀င်ဝါမှုမရှိ ပကာသနမဆန်သောအ၀တ်တို့နှင့် …

ဖြူစင် တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုတ်ကို ခြေလျှင်သယ်လာသော ကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ )))

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက

★ ★ ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်း မပြု အပ သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသော နောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ ပါတယ် ….

★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေ လော့ …. ။

ချစ်သမီး … ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူ ဆီက ကြား ချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

★ ★ ★ ★ ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည်နှင့် လောင်းသောအခါ အသို့ရှိသနည်း ….

★ တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့် ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေးခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏

ဝန်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏ ….

> ★ < ကျမ မျက်ရည်တွင်တွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်း ၇ရှိလိုက်သည် … စိတ်သည် … ၀ါဂွမ်းနှယ် ပေါ့ပါး ကြည်လင် သွားခဲ့ရသည် …

အိမ်ယာသည် ၄င်း … ဥစ္စာသည် ၄င်း … ကျမ၏ရူပကာယသည်၎င်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ ….။

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွဲရွှဲစိုလျှက်ပင် ….။

ကဲရှင် သလ္လ၀တီဟာ အဘယ မင်းသားနဲ့အကြောင်းပါပြီး သားတော်ဇီဝကကိုမွေးခဲ့ပါတယ်တဲ့
ဒါဆို အမ္ဗပါလီဟာ ဗိမ္မိသာရနဲ့အကြောင်းပါပြီး သားတော်လေးတစ်ပါးဖွားမြင်ခဲ့တယ် ...သူလဲ နာမည်ကြီး ရဟန္တာပဲ အဲ့တာဘယ်သူလဲရှင်

ချမ်းမြေ့ကြပါစေရှင် ..



Friday, June 6, 2014

သာသနာတော်နှင့် ... အမျိုးသမီးများး

 

ခင်ဗျားတို့ ဗုဒ္ဓဘာသာမှာ မိန်းမတွေကို ယောက်ျားများနဲ့ တစ်တန်းထဲထားတယ် ဆိုတဲ့ သက်သေအထောက် အထားရှိရင်ပြပါ လားဗျ ။ ဘုရားက မိန်းခလေးမွေးတဲ့မိခင်ကယောက်ျားလေးမွေးတဲ့ မိခင်ထက်နိမ့်ကျတယ်လို့ဟောခဲ့တယ်လို့ကြားဘူးပါတယ် ။

အခါတပါးမှာ ပသေနဒီကောသလမင်းကြီး ဘုရားရှင်ထံရောက်နေချိန်မှာ ... မင်းချင်းတစ်ယောက်ရောက် ရှိလာပြီး မလ္လိကာမိဖုရားကြီး သမီးလေးမွေးကြောင်းသတင်းလာပို့ပါတယ် ...

ဒီသတင်းကိုကြားတဲ့အခါ ပသေနဒီကောသလမင်းကြီးဟာ ...ချက်ချင်းမျက်နှာပျက်သွားပြီး ... ရှက်စိတ်ကြောင့်ခေါင်းငိုက်စိုက်ချသွား ပါတယ် ....

ဒီအခါ ... ဘုရားရှင်က ... မင်းကြီးး သမီးကညာ ဖွားမြင်သည့်အတွက် ဘာကြောင့် စိတ်ပျက် ၀မ်းနဲသွား ရသနည်း အချို့သောယောက်ျားများသည် .... မိန်းမများထက်မြင့်မြတ်ကြသကဲ့သို့ ....

တစ်ချိ့သော မိန်းမများသည်လည်းးး ... ယောက်ျားများထက်မြင့်မြတ်ကြပေသည် .... ယောက်ျားရော မိန်းမပါ ... နှစ်ဦးစလုံးပင် လိုအပ်ပေသည် ...။

အကယ်၍ အိမ်တိုင်းအိမ်တိုင်း လူတွေဆန္ဒရှိတဲ့အတိုင်း သားကိုချည်း မွေးနေကြမည်ဆိုလျှင် လူ့အဆက် တစ်ဆက်နှစ်ဆက်မှာပင် လူတစ်ယောက်မျှကျန်တော့မည်မဟုတ်ပေ ...။

လူသားအမျိုးဇာတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သားမွေးဖို့ လိုအပ်ခြင်းထက် သမီးမွေးးဖို့လိုအပ်ခြင်းက ပိုသေးသည် ... သမီးမွေးခြင်းမရှိပါလျှင် အဘယ်သို့ယောက်ျားကောင်းယောက်ျားမြတ်ပေါ်လေမည်နည်း .... သမီးမွေးခြင်းမရှိပါလျှင် ..အဘယ်သို့ တထာဂတ ပေါ်မည်နည်း ... မင်းကြီး ။

သမီးကိုမွေးမြူစောင့်ရှောက်ခြင်းက သားကိုမွေးမြူစောင့်ရှောက်ခြင်းထက် ... ပိုပြီး ကမ္ဘာလောကကို အကျိုးပြုရာရောက်ပေသည် ...။

ယင်းသို့ အကျိုးပြုခွင့်ရသည်ဖြစ်၍ သင်မင်းကြီးသည် စိတ်ပျက်ခြင်း ၀မ်းနည်းခြင်း ရှက်ခြင်းမဖြစ်သင့်ပေ။ လို့ဟောကြားခဲ့ပါတယ် ....။

................................................................................................

အခါတပါး ဗုဒ္ဓရဲ့လက်ရင်းတပည့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးဟာ ရေခပ်နေတဲ့ မာတင်္ဂအမျိုးနွယ် (သူတောင်းစား) ဇာတ်ဝင် အမျိုးသမီးလေး တစ်ဦးရှိရာ ရေတွင်းနားကို ရောက်သွားခဲ့ပါတယ်။ ရှင်အာနန္ဒာက “သောက်ရေနည်းနည်းလောက် ပေးပါလား” လို့  တောင်းလိုက်ပါတယ်။

မိန်းကလေး ရုတ်တရက် မော့ကြည့်လိုက်မိရာ ဇာတ်မြင့်ရဟန်းတော်တစ်ပါး ဖြစ်နေတာကို တွေ့လိုက်ရတော့

“အရှင်မြတ်ဘုရား တပည့်တော်မလို မစင်ကြယ်တဲ့ ဇာတ် နိမ့်အမျိုးသမီးတစ်ဦး ဆီက ရေတောင်းပါသလား ဘုရား။ တပည့်တော်မ ကိုင်တဲ့ လက်ကရေခွက်ကို အရှင်မြတ်လက်နဲ့ထိခဲ့မိရင် အရှင်မြတ်ကိုယ်တိုင် မသန့်မရှင်းဖြစ်သွားမှာ စိုးရိမ်လို့ပါဘုရား”လို့ လျောက်တာပေါ့

ရှင်အာနန္ဒာက ကရုဏာအပြုံးနဲ့ လက်ကာပြပြီး “ငါ့နှမ ငါ သင့်ဆီက ဇာတ်ကိုတောင်းနေတာ မဟုတ်ပါဘူး ရေကိုသာတောင်းနေတာပါ။
ငါ့ရဲ့ဇာတ်မြင့်မှုက ရေတစ်ခွက်လို ရေဆာပြေအောင် မလုပ်နိုင်ပါဘူး လို့ဆိုပါတယ်။

” ဒီလိုဆိုလိုက်တော့ ကလေးမမျက်နှာတစ်ခုလုံး ပျော်ရွှင်မှုတွေ ဖုံးလွှမ်းသွား ခဲ့ပါတယ်။ အရှင်မြတ်ရဲ့စကားကြောင့်ရဲတင်းစိတ်နဲ့အတူ အရှင်မြတ်ကို ရိုသေစွာ ရေကပ်လိုက်ပါတော့တယ်။
မာတင်္ဂနွယ် အမျိုးနွယ် စဏ္ဍာလအမျိုးသမီးလေးဟာ ဗုဒ္ဓသာသနာအတွင်း ခိုလှုံဘို့ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓအနေနဲ့ ရှင်အာနန္ဒာကို အကြောင်းပြုရောက်လာခဲ့တဲ့ စဏ္ဍာလအမျိုးသမီး လေးကို တပည့်မတစ်ဦး အ ဖြစ်လက်ခံပြီး အမှန်တရားကိုသိနိုင်တဲ့ ဓမ္မစက္ခု(တရားမျက်လုံး)ကို ဖွင့်ပေးလိုက် ပါတယ်။

ဒီလို ဇာတ်နိမ့်အမျိုးသမီးကို လက်ခံရမလားဆိုပြီး သာဝတ္တိဘုရင်ကြီးကောသလ ကိုယ်တိုင်နဲ့ ဗြဟ္မဏ တွေ ခတ္တိယတွေ အကြီးအကျယ် အကျေမနပ်ဖြစ်ကြလို့ ဗုဒ္ဓဆီ လာရောက်ကန့်ကွက်ပြောဆိုကြပါတယ်။ ဗုဒ္ဓက
 

“ပြာနဲ့ရွှေ ခြားနားတယ်ဆိုတာ ဂုဏ်လက္ခဏာ ကွဲပြားတာဖြစ်လို့ ခြားနားတာမှန်ပါတယ်။ ဒါပေမယ့် ဗြဟ္မဏနဲ့ စဏ္ဍာလကြားမှာ ဘာအမျိုးအစားမှ ကွဲပြားတာ မရှိပါဘူး။ ဗြဟ္မဏဆိုတာ သစ်ကိုင်းခြောက်နှစ်ခုပွတ်ရာက ပေါ်လာတဲ့မီးလိုအရာမျိုး မဟုတ်သလို၊ ကောင်းကင်က ဒါမှမဟုတ် လေထဲက ဆင်း သက်ကျရောက်လာတာမျိုးလဲ မဟုတ်ဘူး။

ပြီးတော့ မြေထဲက ဖေါက်ထွက်လာတာမျိုးလဲ မဟုတ်ဘူး။ စဏ္ဍာလတွေ မိခင်ဝမ်းကထွက်ရပုံမျိုး ဗြဟ္မဏတွေလည်း အတူတူဘဲ မိခင်ဝမ်းက လာရတာပါ။ လူသားအားလုံး လူ့ဘ၀ကို ရောက်လာရတဲ့ အခြေခံက အတူတူချည်းပါဘဲ။”

(လက်ရှမီ နရသူ၏ ဗုဒ္ဓ၀ါဒအနှစ်သာရ P.Lakshmi Narasu ''The Essence of Buddhism"စာအုပ်ကို အခြေပြုပါသည်။)

မိန်းမ ယောက်ျား “စဏ္ဍာလကော ဗြဟ္မဏပါ လူ့လောကထဲ စ၀င်လာတဲ့ လမ်းကြောင်းခြင်းက အတူတူပါဘဲ” ဆိုတဲ့ စကားရပ်တွေက အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အမျိုးသား တွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူအဆနဲ့ ဥပဒေတစ်ရပ်လို အစဉ်အဆက်မပျက် ခံယူခဲ့ကြရတဲ့ ဇာတ်နိမ့်အယူတွေကို သုတ်သင်လိုက်တာဖြစ်ပါ တယ်။ 


ဒါ့အပြင် ရှင်အာနန္ဒာရဲ့စကားက ဇာတ်ဆိုတာ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အသွေးအသား (တစ်နည်း) သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာအတွက် ရေတစ်ခွက်လောက် တန်ဖိုးမရှိဘူးဆိုတာကို သွယ်ဝိုက်ပြီး သိစေခဲ့တာဖြစ်ပါတယ်။
 

ဗုဒ္ဓပရိနိဗ္ဗာန်ပြုစဉ်က အလောင်းတော် ဖူးခွင့်အဖြစ် အမျိုးသမီးတွေကို ဦးစား ပေးခဲ့တာလည်း ရှင်အာနန္ဒာပါ။ ဒါ့ကြောင့် ရှင်အာနန္ဒာကို အမျိုးသမီး အခွင့်အရေး တောင်းဆိုရာမှာ ကမ္ဘာ့အစောဆုံးပုဂ္ဂိုလ်လို့ဆိုရင် လွန်ရာမကျလောက်ပါဘူး။

 အရှင်အာနန္ဓကြောင့် ဘိက္ခုနီသာသနာတော်ကြီး ပေါ်ပေါက်လာပြီး ဇာတ်မျိုးစုံ ဘ၀မျိုးစုံက အမျိုးသမီးတွေ ဘိက္ခုနီသာသနာထဲကို ၀င်ရောက်လာကြ ပါတယ်။ ပဋာစာရီတို့လို အရူးဘ၀ကျွတ်လာသူတွေ၊ ကိသာဂေါတမီ လို အပူသည်မတွေကအစ ခေမာမိဘုရားကြီးနဲ့ သူဌေးကတော် ဓမ္မဒိန္နာတို့လို အထက်တန်းလွှာက အမျိုးသမီး တွေအပြင် လူသတ်မှုကျူးလွန်မိရာက ပရပိုဇ်မဘ၀ခံယူပြီး ရှင်သာရိပုတ္တရာကို အကြောင်းပြုလို့ ဘိက္ခုနီဘ၀ ရောက်လာတဲ့ ကုဏ္ဍလကေသီတို့ စသည်ဖြင့် ဘိက္ခုနီသာသနာတော်ကြီး စည်ပင်ထွန်းကားလာခဲ့ပါတယ်။


ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ဘိက္ခုတို့ရဲ့ သူတို့ ဆိုင်ရာ အမြင့်ဆုံးဂုဏ် အရည်အသွေးတွေ ကို ဧတဒဂ်ဘွဲ့နဲ့ အသိအမှတ်ပြုကြသလို၊ ခေမာ၊ ဓမ္မဒိန္နာ စတဲ့ ထေရီမယ် ဘိက္ခုနီတို့ရဲ့ ဂုဏ်တွေကို လည်း ဧတဒဂ်ဘွဲ့နှင်းကာအသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ (ပါဠိလို ဧတဒဂ္ဂ = ပညာ၊ တရားဟော စသည်အမြင့်ဆုံး)
ဒါကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကိုနှိမ့်ချမထားတာသိသာပါတယ် .....

 ကမ္ဘာမှာ ဗုဒ္ဓဘာသာတစ်ခုထဲ ကသာ အမျိုးသမီးများလက်ထပ်ပြီးတဲ့အချိန်မှာ .... နွားများတိရစ္ဆာန်များလို တံဆိပ်ရိုက်  မခံရတာပါ ...ကျန်ဘာသာဝင်အားလုံးကတော့ .... ယောက်ျားနာမည်ရှေ့ မှာ  ( Mrs. ) တပ်ခေါ်ရခြင်း .... လက်မှာလက်စပ်ဝတ်ရခြင်းဆိုတဲ့ ...မည်သူ့မယားပါ ...မည်သူပိုင်ပစ္စည်းပါဆိုတာ တံဆိပ်ခတ်ခံကြရတာပါ... ( လူ့အခွင့်ရေးအော်နေတဲ့အမေရိကန်ကအစပေါ့ )
...........................................................................................................

မြန်မာနိုင်ငံမှာလဲ သိမ်ထဲကို မိန်းမ မ၀င်ရ ...ဘုရား ပေါ်ကန့်သတ်နယ်မြေတွေမှာ မိန်းမ မ၀င်ရ ရှိကြတာဘာကြောင့်လဲ ခင်ဗျားဘယ်လိုပြောပြော ... မြန်မာမှာ မိန်းမယောက်ျားကို ခွဲခြားကန့်သတ် တာ ရှိနေတယ်ဆိုတာ ခင်ဗျားသိပါတယ်..အမှန်အတိုင်းပြောပြပါ ...။

ဗုဒ္ဓမတိုင်မီက မြန်မာနိုင်ငံမှာလဲ တစ်ခြားမျိုးနွယ်စုတွေနည်းတူ .... အမျိုးသမီးထုရဲ့ တာဝန်ဝတ္တရားတွေ ကို မီးဖိုချောင်မှာဘဲ ကန့်သတ်ခံထားခဲ့ရပါတယ်။ 

အမျိုးသမီးတွေမှာ တစ်စုံတစ်ခုသော ဘုရားကျောင်းအတွင်း ၀င်ခွင့်မရခဲ့သလို ဘာသာရေးဆိုင်ရာ စာအုပ်တွေကို ထိခွင့် ဖတ်ခွင့်မရခဲ့ကြပါဘူး။ 

ဗုဒ္ဓဘာသာထွန်းကားလာတော့လဲ ဒီလိုနိမ့်ကျတဲ့အယူအဆကြီးကိုပဲ တစ်ချို့ဆရာတော်တွေကအစ ဆုတ်ကိုင်ထားကြပါသေးတယ် .... မိန်းမဆိုတာယုတ်ညံ့တယ် ...ယောက်ျားသည်သာမြင့်မြတ်တယ် ....  ဘုရားဆုပန်နိုင်တယ် ..... စသည်ဖြင့်ပေါ့ .... 

တစ်ကယ်တော့ ဘုရားဆိုတာယောက်ျားမှဖြစ်ပေမယ့် .... ယောက်ျားတွေအားလုံး ဟာ ဘုရားဖြစ်မယ့်သူတွေမဟုတ်ပါဘူး .... 

ယောက်ျားတွေဟာလဲ  သူတို့ပြုခဲ့တဲ့ ကံ ကံ၏ အကျိုးကြောင့် နောင် လာမယ့်ဘ၀ါ ဘ၀တွေ မှာ ယောက်ျားသော် လဲပြန်ဖြစ်ကောင်းဖြစ်မယ် ... မိန်းမသော်လဲဖြစ်နိုင်တယ် .... အပါယ်လေးဘုံမှာလဲကျရောက်နိုင်သလို  ... နတ်ဘုံမှာလဲ ကျရောက်နိုင်တာပဲ

မိန်းမတွေကလဲဒီအတိုင်း ပါပဲ လာမယ့်ဘ၀ါ ဘ၀တွေမှာ .. .ယောက်ျားလဲဖြစ်နိုင်သလို .... ဘုရားဆုလဲပန်နိုင်တာပဲ .... နတ်ဘုံဌါနလဲရောက်နိုင်ပါတယ် ... အပါယ်လေးဘုံလဲကျနိုင်သလို .... မိန်းမလဲပြန်ဖြစ်နိုင်တာပါပဲ .... 

တစ်ချို့ရဟန်းအများစုတောင်မှ ဒီသဘောအတိုင်းပါပဲ ...... ဗုဒ္ဓလက်ထက်တုန်းက လူ့အဖွဲ့အစည်းက အမျိုးသမီးထုရဲ့ အခြေအနေဟာ အလွန်ပဲနိမ့်ကျခဲ့ပါတယ်။
((( ဘုရားရှင်ဟောခဲ့တယ်လေ .... သံသရာမှာ မိခင်မတော်ဖူးတဲ့သူမရှိသလို ဖခင်မတော်ဖူးတဲ့ သူလဲမရှိဘူးတဲ့ ဒါဟာ အားလုံးဟာ မိန်းမလဲဖြစ်ခဲ့ကြတယ် ယောက်ျားလဲဖြစ်ခဲ့ကြတယ်လို့ပြောတာပေါ့  ... ဒါကိုယောက်ျားဖြစ်တုန်းလေး မြတ်လိုက်အုန်းမယ်ဆိုရင်တော့ သက်သက်အနိုင်ကျင့် တာပေါ့ရှင် ...။ )))

တစ်ခြားကိုမကြည့်ပါနဲ့ .... လက်ရှိမာလုဆိုတဲ့ အကောင့် အသစ်ကိုယူပြီးစာတွေစရေးစဉ် အချိန်တုန်းကဆို .... နူးမှာ ..အကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် .... တစ်ချို့ တရားတော်တွေကို ပြန်လည်ကူးယူတင်ပေးနေတဲ့  ယောက်ျားလေးတွေနဲ့ရဟန်းတွေကိုယ်တိုင် ... 
မင်းလို ယုတ်ညံ့စာရင်းဝင် မိန်းမတစ်ယောက်က ... ဘုရားရှင်သမိုင်းတွေ တရားတော်တွေ ကိုယ်တိုင် ရေးတာ တန်လား ဖြစ်သင့်လားဆိုတဲ့ ... အယူအဆလေးနဲ့တော်တော်တိုက်ခိုက်ခံရခဲ့ပါတယ် .... သီလရှင်တွေတောင် ..ရေးလေ့မရှိကြဘူးကိုး .... 

နူးကိုယ်တိုင်ကလဲ .... ဗုဒ္ဓရဲ့တရားတော်တွေကို ... နူးဒီလိုရေးပေးနေတာကိုယ်တိုင်က ... မြင့်မြတ်တဲ့တရားတော်တွေ ... နူးကြောင့်နိမ့်ကျသွားမလားဆိုတာ ... ခံစားနေရတုန်းပါ .... အရိုးစွဲနေတဲ့ ဓလေ့ဖြစ်နေလို့ပါ ....ဒါကြောင့် တရားတော်တွေကို တင်ခြင်းကနေ အတတ်နိုင်ဆုံ ရှောင်ပါတယ် ... ဘုရားရှင်နှုတ်တော်ကဟောတဲ့တရားကို နူးကရေးပေးရင် ..တရားတော်တွေယုတ်ညံ့သွားမှာကြောက်လို့ပါ...။

ဒီတော့ သာသနာတော်က အမျိုးသမီးအမျိုးသားဆိုတာ တစ်တန်းထဲ ထားပေမယ့်လည်းး နူးတို့ မိန်းခလေးတွေကိုယ်တိုင်က .... ရှေးအယူစွဲကြီးကြောင့် နဲနဲ  တွန့်နေကြတာပါ လို့ပဲပြောပါရစေ .... ဗုဒ္ဓနဲ့မဆိုင်ပါဘူး ...
(((  ယောက်ျားတွေရဲ့မိန်းမတွေကိုနိုင်ချင်တဲ့ အတ္တကြောင့်လဲ ခြမ်းခြောက်ခံရတာပါတာပေါ့ နော် )))

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်) ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်ပါ၇န်

အမျိုးသမီးးများနှင့်သိမ်

တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြပါတယ် .... အမရပူရမြို့ မဟာ ဂန္ဓာရုံကျောင်းတိုက် အတွင်းက သိမ်ကြီးထဲမှာ ဒကာရော ဒကာမရော ကလေးရောဝင်ခွင့်ပြုပါတယ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုပါတယ် ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့ပါတယ်  နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြပါတယ်။

ဘုရားရှင် လက်ထက်တော်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိပါတယ်  ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားပြီး ထိုမြို့ကြီးသည်ပင် သိမ်မည်ပါတယ် ။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်ပါတယ်။

တစ်ခုတော့ရှိပါတယ်  .... သံဃာများ သိမ်အတွင်း အမှုကိစ္စဆောင် ရွက်နေချိန်မှာတော့ အမျိုးသမီး မဆိုထားနဲ့ ဘုရင်တို့ သမတတို့တောင် မ၀င်ရပါဘူး ။(ကံပြုသံဃာ၏ နေရာမှ ၂တောင့်ထွာအတွင်း မရောက်စေရ)


 သို့သော်  သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

ကဲ……ဒါဆိုရင် ဗုဒ္ဓ၀ါဒလွှမ်းခြုံတဲ့ မြန်မာ့လူမှုရေးဝန်းကျင်က အသိအမှတ်ပြုထားတဲ့ ကိုယ်ရနေတဲ့ လူ့အခွင့်အရေးတွေရဲ့ တန်ဖိုးကို သိကြပြီဆိုရင်တော့ ကမ္ဘာ့အမျိုး သမီးထုကြားမှာ မြန်မာ အမျိုးသမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူတဲ့ စိတ်တွေနဲ့ အတူ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းနိုင်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ကြလိမ့်မယ်လို့ ရည်ရွယ် မျှော်လင့် အပ်ပါတယ်။

ချမ်းမြေ့ကြပါစေရှင် .....