Friday, June 6, 2014

သာသနာတော်နှင့် ... အမျိုးသမီးများး

 

ခင်ဗျားတို့ ဗုဒ္ဓဘာသာမှာ မိန်းမတွေကို ယောက်ျားများနဲ့ တစ်တန်းထဲထားတယ် ဆိုတဲ့ သက်သေအထောက် အထားရှိရင်ပြပါ လားဗျ ။ ဘုရားက မိန်းခလေးမွေးတဲ့မိခင်ကယောက်ျားလေးမွေးတဲ့ မိခင်ထက်နိမ့်ကျတယ်လို့ဟောခဲ့တယ်လို့ကြားဘူးပါတယ် ။

အခါတပါးမှာ ပသေနဒီကောသလမင်းကြီး ဘုရားရှင်ထံရောက်နေချိန်မှာ ... မင်းချင်းတစ်ယောက်ရောက် ရှိလာပြီး မလ္လိကာမိဖုရားကြီး သမီးလေးမွေးကြောင်းသတင်းလာပို့ပါတယ် ...

ဒီသတင်းကိုကြားတဲ့အခါ ပသေနဒီကောသလမင်းကြီးဟာ ...ချက်ချင်းမျက်နှာပျက်သွားပြီး ... ရှက်စိတ်ကြောင့်ခေါင်းငိုက်စိုက်ချသွား ပါတယ် ....

ဒီအခါ ... ဘုရားရှင်က ... မင်းကြီးး သမီးကညာ ဖွားမြင်သည့်အတွက် ဘာကြောင့် စိတ်ပျက် ၀မ်းနဲသွား ရသနည်း အချို့သောယောက်ျားများသည် .... မိန်းမများထက်မြင့်မြတ်ကြသကဲ့သို့ ....

တစ်ချိ့သော မိန်းမများသည်လည်းးး ... ယောက်ျားများထက်မြင့်မြတ်ကြပေသည် .... ယောက်ျားရော မိန်းမပါ ... နှစ်ဦးစလုံးပင် လိုအပ်ပေသည် ...။

အကယ်၍ အိမ်တိုင်းအိမ်တိုင်း လူတွေဆန္ဒရှိတဲ့အတိုင်း သားကိုချည်း မွေးနေကြမည်ဆိုလျှင် လူ့အဆက် တစ်ဆက်နှစ်ဆက်မှာပင် လူတစ်ယောက်မျှကျန်တော့မည်မဟုတ်ပေ ...။

လူသားအမျိုးဇာတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သားမွေးဖို့ လိုအပ်ခြင်းထက် သမီးမွေးးဖို့လိုအပ်ခြင်းက ပိုသေးသည် ... သမီးမွေးခြင်းမရှိပါလျှင် အဘယ်သို့ယောက်ျားကောင်းယောက်ျားမြတ်ပေါ်လေမည်နည်း .... သမီးမွေးခြင်းမရှိပါလျှင် ..အဘယ်သို့ တထာဂတ ပေါ်မည်နည်း ... မင်းကြီး ။

သမီးကိုမွေးမြူစောင့်ရှောက်ခြင်းက သားကိုမွေးမြူစောင့်ရှောက်ခြင်းထက် ... ပိုပြီး ကမ္ဘာလောကကို အကျိုးပြုရာရောက်ပေသည် ...။

ယင်းသို့ အကျိုးပြုခွင့်ရသည်ဖြစ်၍ သင်မင်းကြီးသည် စိတ်ပျက်ခြင်း ၀မ်းနည်းခြင်း ရှက်ခြင်းမဖြစ်သင့်ပေ။ လို့ဟောကြားခဲ့ပါတယ် ....။

................................................................................................

အခါတပါး ဗုဒ္ဓရဲ့လက်ရင်းတပည့် ရှင်အာနန္ဒာမထေရ်မြတ်ကြီးဟာ ရေခပ်နေတဲ့ မာတင်္ဂအမျိုးနွယ် (သူတောင်းစား) ဇာတ်ဝင် အမျိုးသမီးလေး တစ်ဦးရှိရာ ရေတွင်းနားကို ရောက်သွားခဲ့ပါတယ်။ ရှင်အာနန္ဒာက “သောက်ရေနည်းနည်းလောက် ပေးပါလား” လို့  တောင်းလိုက်ပါတယ်။

မိန်းကလေး ရုတ်တရက် မော့ကြည့်လိုက်မိရာ ဇာတ်မြင့်ရဟန်းတော်တစ်ပါး ဖြစ်နေတာကို တွေ့လိုက်ရတော့

“အရှင်မြတ်ဘုရား တပည့်တော်မလို မစင်ကြယ်တဲ့ ဇာတ် နိမ့်အမျိုးသမီးတစ်ဦး ဆီက ရေတောင်းပါသလား ဘုရား။ တပည့်တော်မ ကိုင်တဲ့ လက်ကရေခွက်ကို အရှင်မြတ်လက်နဲ့ထိခဲ့မိရင် အရှင်မြတ်ကိုယ်တိုင် မသန့်မရှင်းဖြစ်သွားမှာ စိုးရိမ်လို့ပါဘုရား”လို့ လျောက်တာပေါ့

ရှင်အာနန္ဒာက ကရုဏာအပြုံးနဲ့ လက်ကာပြပြီး “ငါ့နှမ ငါ သင့်ဆီက ဇာတ်ကိုတောင်းနေတာ မဟုတ်ပါဘူး ရေကိုသာတောင်းနေတာပါ။
ငါ့ရဲ့ဇာတ်မြင့်မှုက ရေတစ်ခွက်လို ရေဆာပြေအောင် မလုပ်နိုင်ပါဘူး လို့ဆိုပါတယ်။

” ဒီလိုဆိုလိုက်တော့ ကလေးမမျက်နှာတစ်ခုလုံး ပျော်ရွှင်မှုတွေ ဖုံးလွှမ်းသွား ခဲ့ပါတယ်။ အရှင်မြတ်ရဲ့စကားကြောင့်ရဲတင်းစိတ်နဲ့အတူ အရှင်မြတ်ကို ရိုသေစွာ ရေကပ်လိုက်ပါတော့တယ်။
မာတင်္ဂနွယ် အမျိုးနွယ် စဏ္ဍာလအမျိုးသမီးလေးဟာ ဗုဒ္ဓသာသနာအတွင်း ခိုလှုံဘို့ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓအနေနဲ့ ရှင်အာနန္ဒာကို အကြောင်းပြုရောက်လာခဲ့တဲ့ စဏ္ဍာလအမျိုးသမီး လေးကို တပည့်မတစ်ဦး အ ဖြစ်လက်ခံပြီး အမှန်တရားကိုသိနိုင်တဲ့ ဓမ္မစက္ခု(တရားမျက်လုံး)ကို ဖွင့်ပေးလိုက် ပါတယ်။

ဒီလို ဇာတ်နိမ့်အမျိုးသမီးကို လက်ခံရမလားဆိုပြီး သာဝတ္တိဘုရင်ကြီးကောသလ ကိုယ်တိုင်နဲ့ ဗြဟ္မဏ တွေ ခတ္တိယတွေ အကြီးအကျယ် အကျေမနပ်ဖြစ်ကြလို့ ဗုဒ္ဓဆီ လာရောက်ကန့်ကွက်ပြောဆိုကြပါတယ်။ ဗုဒ္ဓက
 

“ပြာနဲ့ရွှေ ခြားနားတယ်ဆိုတာ ဂုဏ်လက္ခဏာ ကွဲပြားတာဖြစ်လို့ ခြားနားတာမှန်ပါတယ်။ ဒါပေမယ့် ဗြဟ္မဏနဲ့ စဏ္ဍာလကြားမှာ ဘာအမျိုးအစားမှ ကွဲပြားတာ မရှိပါဘူး။ ဗြဟ္မဏဆိုတာ သစ်ကိုင်းခြောက်နှစ်ခုပွတ်ရာက ပေါ်လာတဲ့မီးလိုအရာမျိုး မဟုတ်သလို၊ ကောင်းကင်က ဒါမှမဟုတ် လေထဲက ဆင်း သက်ကျရောက်လာတာမျိုးလဲ မဟုတ်ဘူး။

ပြီးတော့ မြေထဲက ဖေါက်ထွက်လာတာမျိုးလဲ မဟုတ်ဘူး။ စဏ္ဍာလတွေ မိခင်ဝမ်းကထွက်ရပုံမျိုး ဗြဟ္မဏတွေလည်း အတူတူဘဲ မိခင်ဝမ်းက လာရတာပါ။ လူသားအားလုံး လူ့ဘ၀ကို ရောက်လာရတဲ့ အခြေခံက အတူတူချည်းပါဘဲ။”

(လက်ရှမီ နရသူ၏ ဗုဒ္ဓ၀ါဒအနှစ်သာရ P.Lakshmi Narasu ''The Essence of Buddhism"စာအုပ်ကို အခြေပြုပါသည်။)

မိန်းမ ယောက်ျား “စဏ္ဍာလကော ဗြဟ္မဏပါ လူ့လောကထဲ စ၀င်လာတဲ့ လမ်းကြောင်းခြင်းက အတူတူပါဘဲ” ဆိုတဲ့ စကားရပ်တွေက အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အမျိုးသား တွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူအဆနဲ့ ဥပဒေတစ်ရပ်လို အစဉ်အဆက်မပျက် ခံယူခဲ့ကြရတဲ့ ဇာတ်နိမ့်အယူတွေကို သုတ်သင်လိုက်တာဖြစ်ပါ တယ်။ 


ဒါ့အပြင် ရှင်အာနန္ဒာရဲ့စကားက ဇာတ်ဆိုတာ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အသွေးအသား (တစ်နည်း) သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာအတွက် ရေတစ်ခွက်လောက် တန်ဖိုးမရှိဘူးဆိုတာကို သွယ်ဝိုက်ပြီး သိစေခဲ့တာဖြစ်ပါတယ်။
 

ဗုဒ္ဓပရိနိဗ္ဗာန်ပြုစဉ်က အလောင်းတော် ဖူးခွင့်အဖြစ် အမျိုးသမီးတွေကို ဦးစား ပေးခဲ့တာလည်း ရှင်အာနန္ဒာပါ။ ဒါ့ကြောင့် ရှင်အာနန္ဒာကို အမျိုးသမီး အခွင့်အရေး တောင်းဆိုရာမှာ ကမ္ဘာ့အစောဆုံးပုဂ္ဂိုလ်လို့ဆိုရင် လွန်ရာမကျလောက်ပါဘူး။

 အရှင်အာနန္ဓကြောင့် ဘိက္ခုနီသာသနာတော်ကြီး ပေါ်ပေါက်လာပြီး ဇာတ်မျိုးစုံ ဘ၀မျိုးစုံက အမျိုးသမီးတွေ ဘိက္ခုနီသာသနာထဲကို ၀င်ရောက်လာကြ ပါတယ်။ ပဋာစာရီတို့လို အရူးဘ၀ကျွတ်လာသူတွေ၊ ကိသာဂေါတမီ လို အပူသည်မတွေကအစ ခေမာမိဘုရားကြီးနဲ့ သူဌေးကတော် ဓမ္မဒိန္နာတို့လို အထက်တန်းလွှာက အမျိုးသမီး တွေအပြင် လူသတ်မှုကျူးလွန်မိရာက ပရပိုဇ်မဘ၀ခံယူပြီး ရှင်သာရိပုတ္တရာကို အကြောင်းပြုလို့ ဘိက္ခုနီဘ၀ ရောက်လာတဲ့ ကုဏ္ဍလကေသီတို့ စသည်ဖြင့် ဘိက္ခုနီသာသနာတော်ကြီး စည်ပင်ထွန်းကားလာခဲ့ပါတယ်။


ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ဘိက္ခုတို့ရဲ့ သူတို့ ဆိုင်ရာ အမြင့်ဆုံးဂုဏ် အရည်အသွေးတွေ ကို ဧတဒဂ်ဘွဲ့နဲ့ အသိအမှတ်ပြုကြသလို၊ ခေမာ၊ ဓမ္မဒိန္နာ စတဲ့ ထေရီမယ် ဘိက္ခုနီတို့ရဲ့ ဂုဏ်တွေကို လည်း ဧတဒဂ်ဘွဲ့နှင်းကာအသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ (ပါဠိလို ဧတဒဂ္ဂ = ပညာ၊ တရားဟော စသည်အမြင့်ဆုံး)
ဒါကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကိုနှိမ့်ချမထားတာသိသာပါတယ် .....

 ကမ္ဘာမှာ ဗုဒ္ဓဘာသာတစ်ခုထဲ ကသာ အမျိုးသမီးများလက်ထပ်ပြီးတဲ့အချိန်မှာ .... နွားများတိရစ္ဆာန်များလို တံဆိပ်ရိုက်  မခံရတာပါ ...ကျန်ဘာသာဝင်အားလုံးကတော့ .... ယောက်ျားနာမည်ရှေ့ မှာ  ( Mrs. ) တပ်ခေါ်ရခြင်း .... လက်မှာလက်စပ်ဝတ်ရခြင်းဆိုတဲ့ ...မည်သူ့မယားပါ ...မည်သူပိုင်ပစ္စည်းပါဆိုတာ တံဆိပ်ခတ်ခံကြရတာပါ... ( လူ့အခွင့်ရေးအော်နေတဲ့အမေရိကန်ကအစပေါ့ )
...........................................................................................................

မြန်မာနိုင်ငံမှာလဲ သိမ်ထဲကို မိန်းမ မ၀င်ရ ...ဘုရား ပေါ်ကန့်သတ်နယ်မြေတွေမှာ မိန်းမ မ၀င်ရ ရှိကြတာဘာကြောင့်လဲ ခင်ဗျားဘယ်လိုပြောပြော ... မြန်မာမှာ မိန်းမယောက်ျားကို ခွဲခြားကန့်သတ် တာ ရှိနေတယ်ဆိုတာ ခင်ဗျားသိပါတယ်..အမှန်အတိုင်းပြောပြပါ ...။

ဗုဒ္ဓမတိုင်မီက မြန်မာနိုင်ငံမှာလဲ တစ်ခြားမျိုးနွယ်စုတွေနည်းတူ .... အမျိုးသမီးထုရဲ့ တာဝန်ဝတ္တရားတွေ ကို မီးဖိုချောင်မှာဘဲ ကန့်သတ်ခံထားခဲ့ရပါတယ်။ 

အမျိုးသမီးတွေမှာ တစ်စုံတစ်ခုသော ဘုရားကျောင်းအတွင်း ၀င်ခွင့်မရခဲ့သလို ဘာသာရေးဆိုင်ရာ စာအုပ်တွေကို ထိခွင့် ဖတ်ခွင့်မရခဲ့ကြပါဘူး။ 

ဗုဒ္ဓဘာသာထွန်းကားလာတော့လဲ ဒီလိုနိမ့်ကျတဲ့အယူအဆကြီးကိုပဲ တစ်ချို့ဆရာတော်တွေကအစ ဆုတ်ကိုင်ထားကြပါသေးတယ် .... မိန်းမဆိုတာယုတ်ညံ့တယ် ...ယောက်ျားသည်သာမြင့်မြတ်တယ် ....  ဘုရားဆုပန်နိုင်တယ် ..... စသည်ဖြင့်ပေါ့ .... 

တစ်ကယ်တော့ ဘုရားဆိုတာယောက်ျားမှဖြစ်ပေမယ့် .... ယောက်ျားတွေအားလုံး ဟာ ဘုရားဖြစ်မယ့်သူတွေမဟုတ်ပါဘူး .... 

ယောက်ျားတွေဟာလဲ  သူတို့ပြုခဲ့တဲ့ ကံ ကံ၏ အကျိုးကြောင့် နောင် လာမယ့်ဘ၀ါ ဘ၀တွေ မှာ ယောက်ျားသော် လဲပြန်ဖြစ်ကောင်းဖြစ်မယ် ... မိန်းမသော်လဲဖြစ်နိုင်တယ် .... အပါယ်လေးဘုံမှာလဲကျရောက်နိုင်သလို  ... နတ်ဘုံမှာလဲ ကျရောက်နိုင်တာပဲ

မိန်းမတွေကလဲဒီအတိုင်း ပါပဲ လာမယ့်ဘ၀ါ ဘ၀တွေမှာ .. .ယောက်ျားလဲဖြစ်နိုင်သလို .... ဘုရားဆုလဲပန်နိုင်တာပဲ .... နတ်ဘုံဌါနလဲရောက်နိုင်ပါတယ် ... အပါယ်လေးဘုံလဲကျနိုင်သလို .... မိန်းမလဲပြန်ဖြစ်နိုင်တာပါပဲ .... 

တစ်ချို့ရဟန်းအများစုတောင်မှ ဒီသဘောအတိုင်းပါပဲ ...... ဗုဒ္ဓလက်ထက်တုန်းက လူ့အဖွဲ့အစည်းက အမျိုးသမီးထုရဲ့ အခြေအနေဟာ အလွန်ပဲနိမ့်ကျခဲ့ပါတယ်။
((( ဘုရားရှင်ဟောခဲ့တယ်လေ .... သံသရာမှာ မိခင်မတော်ဖူးတဲ့သူမရှိသလို ဖခင်မတော်ဖူးတဲ့ သူလဲမရှိဘူးတဲ့ ဒါဟာ အားလုံးဟာ မိန်းမလဲဖြစ်ခဲ့ကြတယ် ယောက်ျားလဲဖြစ်ခဲ့ကြတယ်လို့ပြောတာပေါ့  ... ဒါကိုယောက်ျားဖြစ်တုန်းလေး မြတ်လိုက်အုန်းမယ်ဆိုရင်တော့ သက်သက်အနိုင်ကျင့် တာပေါ့ရှင် ...။ )))

တစ်ခြားကိုမကြည့်ပါနဲ့ .... လက်ရှိမာလုဆိုတဲ့ အကောင့် အသစ်ကိုယူပြီးစာတွေစရေးစဉ် အချိန်တုန်းကဆို .... နူးမှာ ..အကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် .... တစ်ချို့ တရားတော်တွေကို ပြန်လည်ကူးယူတင်ပေးနေတဲ့  ယောက်ျားလေးတွေနဲ့ရဟန်းတွေကိုယ်တိုင် ... 
မင်းလို ယုတ်ညံ့စာရင်းဝင် မိန်းမတစ်ယောက်က ... ဘုရားရှင်သမိုင်းတွေ တရားတော်တွေ ကိုယ်တိုင် ရေးတာ တန်လား ဖြစ်သင့်လားဆိုတဲ့ ... အယူအဆလေးနဲ့တော်တော်တိုက်ခိုက်ခံရခဲ့ပါတယ် .... သီလရှင်တွေတောင် ..ရေးလေ့မရှိကြဘူးကိုး .... 

နူးကိုယ်တိုင်ကလဲ .... ဗုဒ္ဓရဲ့တရားတော်တွေကို ... နူးဒီလိုရေးပေးနေတာကိုယ်တိုင်က ... မြင့်မြတ်တဲ့တရားတော်တွေ ... နူးကြောင့်နိမ့်ကျသွားမလားဆိုတာ ... ခံစားနေရတုန်းပါ .... အရိုးစွဲနေတဲ့ ဓလေ့ဖြစ်နေလို့ပါ ....ဒါကြောင့် တရားတော်တွေကို တင်ခြင်းကနေ အတတ်နိုင်ဆုံ ရှောင်ပါတယ် ... ဘုရားရှင်နှုတ်တော်ကဟောတဲ့တရားကို နူးကရေးပေးရင် ..တရားတော်တွေယုတ်ညံ့သွားမှာကြောက်လို့ပါ...။

ဒီတော့ သာသနာတော်က အမျိုးသမီးအမျိုးသားဆိုတာ တစ်တန်းထဲ ထားပေမယ့်လည်းး နူးတို့ မိန်းခလေးတွေကိုယ်တိုင်က .... ရှေးအယူစွဲကြီးကြောင့် နဲနဲ  တွန့်နေကြတာပါ လို့ပဲပြောပါရစေ .... ဗုဒ္ဓနဲ့မဆိုင်ပါဘူး ...
(((  ယောက်ျားတွေရဲ့မိန်းမတွေကိုနိုင်ချင်တဲ့ အတ္တကြောင့်လဲ ခြမ်းခြောက်ခံရတာပါတာပေါ့ နော် )))

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်) ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်ပါ၇န်

အမျိုးသမီးးများနှင့်သိမ်

တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြပါတယ် .... အမရပူရမြို့ မဟာ ဂန္ဓာရုံကျောင်းတိုက် အတွင်းက သိမ်ကြီးထဲမှာ ဒကာရော ဒကာမရော ကလေးရောဝင်ခွင့်ပြုပါတယ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုပါတယ် ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့ပါတယ်  နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြပါတယ်။

ဘုရားရှင် လက်ထက်တော်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိပါတယ်  ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားပြီး ထိုမြို့ကြီးသည်ပင် သိမ်မည်ပါတယ် ။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်ပါတယ်။

တစ်ခုတော့ရှိပါတယ်  .... သံဃာများ သိမ်အတွင်း အမှုကိစ္စဆောင် ရွက်နေချိန်မှာတော့ အမျိုးသမီး မဆိုထားနဲ့ ဘုရင်တို့ သမတတို့တောင် မ၀င်ရပါဘူး ။(ကံပြုသံဃာ၏ နေရာမှ ၂တောင့်ထွာအတွင်း မရောက်စေရ)


 သို့သော်  သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

ကဲ……ဒါဆိုရင် ဗုဒ္ဓ၀ါဒလွှမ်းခြုံတဲ့ မြန်မာ့လူမှုရေးဝန်းကျင်က အသိအမှတ်ပြုထားတဲ့ ကိုယ်ရနေတဲ့ လူ့အခွင့်အရေးတွေရဲ့ တန်ဖိုးကို သိကြပြီဆိုရင်တော့ ကမ္ဘာ့အမျိုး သမီးထုကြားမှာ မြန်မာ အမျိုးသမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူတဲ့ စိတ်တွေနဲ့ အတူ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းနိုင်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ကြလိမ့်မယ်လို့ ရည်ရွယ် မျှော်လင့် အပ်ပါတယ်။

ချမ်းမြေ့ကြပါစေရှင် .....



No comments:

Post a Comment