Sunday, June 22, 2014

ဘုရားရှင် ဆံတော်ဘာလို့ထားလဲ




★ ★ ((((( ဗုဒ္ဓမြတ်စွာဘုရား က သံဃာ တွေ အပေါ် မှာ ဆံပင် လက် ၂ သစ် တောင်ထားခွင့် မရှိလို့ တိတိကျကျ သတ်မှတ်ထားပါတယ် အကို သူကြတော့ ဆံပင် က အရှည် နဲ့ ဆံထုံး နဲ့ ဘာကြောင့်ဖြစ်နေတာလည်း အမှန်တကယ်က မြတ်စွာဘုရားက သူကိုယ်တိုင်သတ်မှတ်ရင် သူလည်း မထားသင့်ဘူး ဟုတ်ဘူးလား ဒါဘာကြောင့်ကဖစ်တာလည်း .....။ ))))) 

★ ★ မေးထားသူက အစ္စလာမ် ဘာသာဝင် ဖြစ်ပါတယ်။  မောင်လေးတစ်ယောက် လဲမေးထား ပါသေးတယ် 

★ ★ မင်းခန့်ဇင် 
အစ်​မ ​နေ​ကောင်းလား တစ်​ခု​မေးချင်​တယ်​ သား​တော်​ရဟန်း​တွေကျ​တော့ ဦးပြည်းကတုံးထာပြီး ဘုရားရှင်​ကဘာလို့ ဦးပြည်းကတုံးမထားတာလဲအစ်​မ 

★ ★ ဟုတ်ကဲ့ရှင် .... ဘုရားဖြစ်ပြီးနောက် ဘုရားရှင်ဦးခေါင်းတော်ကို မကိုင်စကောင်းဖူးလေ ... သံဃာတွေ ကိုတော့ဆံပင်ဖြီး သင်ရခြင်းဆီလိမ်းရခြင်း သပ်ယပ်အောင်ပြင်ဆင်ရခြင်း ...ဒီလို အပြင်ပန်းအလှ အပအတွက်အချိန်ကုန်နေရင် သံဃာဆိုတဲ့ဂုဏ်နဲ့ဘယ်ညီတော့မှာလဲ ....။ 

ဘုရားရှင်ဆံတော်ပါယ်ပြီးတဲ့အချိန်ကစလို့ ဆံတော်ကိုလက်နှစ်သာ အညီအမျှ ထားခဲ့ပါတယ် ... ဒီ ဆံတော်လက်နှစ်သစ်ကနေ ... သဘာဝအတိုင်း အခွေ လေးတွေ သူ့ဖာသာလိပ် ထွက်ပြီး လက်ျာရစ် သူ့အစုနဲ့သူပေါ့တည်နေပါတယ်...။

ဦးထိပ်ပိုင်း ဆံတော်တွေကတော့ သင်းကျစ်လို စုပြီးလကျာ်ရစ် တည်ပါတယ်အကို ... သမိုင်းစာပေတွေ ထဲမှာတော့ ဘုရားရှင်ရဲ့ဆံတော်ဟာ.. တော်တော်ကြီး ကို ကောက် တယ်... လိပ်ခွေနေတယ် လို့ ရေးထား တာတွေတွေ့ဖူးပါတယ် ... 

သတ္တ၀ါတွေကို မေတ္တာ ဂရုဏာ ကြီးတော်မူသော ဘုရားရှင်ဟာ သူ့ရဲ့ခြေရာတော်တောင်.... နောက် ကရဟန်းရှင် လူတွေ ရှောင်နေရမှာ နင်းမိရင် .... ငရဲကြီးမှာစိုးတဲ့တွက်ခြေတော်ရာတောင် ( ၇ ) ခုပဲ အထူးတလည်ချခဲ့တာပါ .... ။ 

ဘယ်သူ့ကို သူဦးခေါင်းတော်ကိုင်ပြီး ... ဆံပင်ကိုရိတ် သင်စေမှာလဲ သေချာလဲ စဉ်းစားကြည့်ပါအုန်း .... အနဲဆုံးရိတ်ပေးတဲ့ရဟန်းဟာ...ဘုရားရှင်ထက် အမြင့်မှာနေရမယ်လေကွာ ...။ ဒါကြောင့်ပါ.. မဟာဂရုဏာရှင်ပါ .....။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ တပည့်သာဝကတို့ကိုတန်ခိုးအရာမှာ အားပေးတော်မူခြင်း မရှိခဲ့ပါ .... ဆိုတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်တိုင် လဲတန်ခိုးပြတာရှောင်ရှားပါတယ် .... မဟာလူသားလို့ နူးတို့ခိုင်းနှိုင်းတဲ့ဘုရားရှင်ဟာ သာမန်လူသာတစ်ယောက်လိုပဲ စံပြနေထိုင်ပြသွားတာပါ ...ဒါကြောင့် ..ဆံတော်လေးတစ်ခုအတွက် ... တန်ခိုးနဲ့ .... မရှည်စေလို့ မလုပ်ခဲ့ပါဖူး .... ရှည်လာတဲ့ဆံတော်တွေဟာ လက်ျာရစ် ... ခွေပြီးတည်နေပါတယ်လို့ သာဘာဝကျကျရေးထားတာကို ... ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ့ Good answers for Good Questions စာအုပ်မှာဖတ်ဖူးပါတယ် .... ။
 ကမ္ဘာကျော်စာအုပ်တစ်အုပ်ပါပဲ ...။

 (((( Upon taking up the homeless life, he cut his hair with knife. Because his hair was so curly, it spiraled onto corkscrew curls that sat close to his head. ))) လို့ရေးထားပါတယ်

★ ★ (((( တစ်ခုဗျာ နဲနဲမေးမလို့ အဌာကထာသမားတွေရဲ့ လုပ်ချက်ဆိုရင်တစ်ချိုနေရာမှာ အကွဲအလွဲ ရှိနေတယ် ဒါကိုဘာလို့မပြင်ကြတာလည်း မိန်းနေ တာလည်း ညီမသိမလားမသိ ကျွန်တော် နဲ့ ကိုခင်မောင် နဲ့ ညှိတဲ့အကြောင်းဆင်းတု မှာ ဆံထုံးပုံစံကပန်းပုဆရာ ကွန့် လိုက်တာလို့ ကိုခင်မောင် ပို့စ်ရဲ့ ဆရာတော်တစ်ပါးပြောထားပါတယ်ဒါဆိုမပြင်သင့်ဘူးလား သိရဲ့သားနဲ့မှိမ်းကန်တော့နေ တာလား အခုလက်ရှိ ဓါတ်ပုံဆေက်လက်ထုနေတာတွေက ဆံပင်ပုံစံနော်အမ ဆီမီးခွက်တင်ထားတာ မဟုတ်ဘူး ရောင်ခြည် ပုံလည်းမဟုတ်ဘူး ဒါကိုဆက်မထုဖို့ ဆံပင်လက်၂သစ် တာထုခွင့်ပေးမယ်ဒါပုံစံက မှာနေ ပါတယ် ဘာကြောင့်မပြောကြတာလည်း ကျွန်တော့အမေးကြောင့်တော်နော်များများ ဗုဒ္ဓ ဘာသာတွေ သိသွားကြပါ တယ်စော်ကားတာ မဟုတ်ဘူးနော်)))) 

★ ★ ဘာသာခြား တစ်ယောက် အမေးပါ ...။ 

★ ★ ကမ္ဘာကဗုဒ္ဓဘာသာဝင်အားလုံးဟာ ... ပိဋကတ်တော် ...ပါဋိကိုပဲအတည်ယူကြပါတယ်... အဌကထာ ဆိုတာ ... ဘုရားရှင်ပရိနိဗ္ဗန်ပြုပြီး နှစ် ၁၀၀၀ လောက်မှာပေါ်တာဆိုတော့လေ ...  မမှန်ဖူး မဟုတ်ဖူး ... မှန်ပါတယ်... ဒါပေမယ့် ညှပ်ထည့်တာတွေ ရှိတာပေါ့ ... 

ဥပမာ .... ကိုဌေး လွင်ဦး ဘာသာပြန်တဲ့ ကိုရ်အန်ကျမ်းဆို.... ကိုရ်အန်စစ်စစ်နဲ့လွဲပီး လိုရာ ဆွဲထား ညှပ်ထည့် ထားတာတွေ ရှိနေတယ်လေ.... 

ဒီလိုပဲပေါ့ .... ဘုရားရှင်ကိုကြည်ညိုလွန်းတော့ လွန်လွန်ကြူးကြူးရေးဖွဲ့ကုန်တာပါ ... နောက်ပြီး ဘုရားပုံတော်တွေက ဘယ်လိုထုထုပါ ...အဓိကက ဘုရားရှင်ရဲ့ တရားတော်တွေသာ လျှင် လောကီလော ကုတ္တရာ ..အကျိုး အတွက်အဓိကပါ ... တရားတော်တွေကိုတော့ ကျမ်းညှိရပါတယ်...။ 

အကိုတို့လိုပေါ့ ...အဓိက မိန်းက အာရေဗီနဲ့ရေးတဲ့ကိုရ်အန်မူရင်းလေ ... ဘာသာပြန်တွေက နိုင်ငံတိုင်းရှိကြကွန့်ကြတာပဲလေ..။ 

★ ★ (((((  စိဉ္ဇမာန က ဘုရားရှင် ကို ယုတ်မားကောက်ကြစ်ပြီး ကိုဝန်ရှိတယ် ဟန်ဆောင်တယ်ပေါ့ဗျာ အကျယ် မရေးတော့ဘူး အကိုတင်တာက နတ်သားလေးပါး ကျွန်တော်သိတာက သကြားမင်း ထားပါနတ်ပေါ့ဗျာ နတ်က လူအနံ့မခံနိုင်လို့ယူဇနာ၁၂ မိုင် မှာသွားနေရတယ်တဲ့နတ်က တန်ခိုးရှိ ရင် ကြွက်ယောင်ဖန်ဆင်း စရာမလိုဘူးအပြင်ကရင်လက်ကလေး သို့မဟုတ် လေတစ် ချက်ပေါ့ ဗျာ ပြုလုပ်ရင်ရပြီပေါ့ဗျာအခုကတကူးတက ကြွက်ယောင်ဖန်ဆင်းပြီး ဗိုက်က ချက်ကြိုးကို ဖြတ်ရတယ် ဆိုတော့ တန်ခိုးမရှိလို့လား နတ်တစ်ယောက်ရဲ့ ဘုန်းမနိမ့်သွားဘူလား သူက ထမိန်အောက်က ဝင်သွား တာနော် ဘုရားဟောအစစ်နဲ့ အဌကထာဆရာတွေပြန်ရေးထားတာကို ကိုခွဲခွဲခြားခြားသိဖို့လိုပါတယ် .... )))) 

★ ★ အမှန်က ဗိုက်ထဲမှာ လိပ်ခွံထည့်ထားတာပါ... ရှင်တို့သိတဲ့အတိုင်းလိပ်ခွံကလေးတော့ ကိုယ်ဝန်ဆောင် သည်တွေလို ... ညာလက်နဲ့ပင့်ထားပြီးဘယ်လက်နဲ့ ဘုရားရှင်ကို လက်ညှိုး ထိုးပြီး ရန်တွေ့ချိန် မှာ... သူ့ခြေထောက်အောက် ကြွက်ဖြတ်ပြေး တာနဲ့ .. လန့်ပြီးခုန်မိတာ... လိပ်ခွံကပြုကျ ပြီး အဖြစ်မှန်ပေါ် တာပါ... ကြာကသိကြားတွေညှပ်ထည့်တာ ...အဌကထာတွေလက်ချက်ပါ ...ဗုဒ္ဓနဲ့မဆိုင်ပါဖူး ..။

 ချမ်းမြေ့ကြပါစေရှင် ....

No comments:

Post a Comment