Thursday, January 29, 2015

စုန္ဒ ၀က်သတ်သမား



မင်းတို့မြဲမြဲမှတ်ထားကြစမ်း  … လောကကြီးမှာ …  မိမိကိုယ်ကိုပဲ ယုံကြည်ရမယ် … အလုပ်လုပ်မစားချင်တဲ့ …. ကိုယ့်ရဲ့ဘဏ္ဍာကို … အလှူခံဘို့ မျက်စောင်းထိုးနေတဲ့ … ဘယ် ပုဂ္ဂိုလ် ဘယ် ဂိုဏ်းကိုမှ ယုံစရာမလိုဘူး
.
ဘ၀ကို သာယာစရာကောင်းအောင်နေရမယ် … ကိုယ့်ဘ၀ကို မသာစေတဲ့ အဟန့်အတား တစ်ခုခုတွေ့ရင် … မဖြစ်ဖြစတဲ့နည်းနဲ့ ဒီအဟန့်အတားကို ဖျက်စီးပြစ်ရတယ် …. ဘ၀ရဲ့ သာယာမှု အတွက် တရားမျှတမှူဆိုတာမရှိဘူး …. ကိုယ့်ဘ၀ သာယာအောင်ကိုယ်သာ ဖန်တည်း ရမယ် ….
ကိုယ် ပင်ပန်းတကြီး အာကျိုးမာန်တက် ရှာဖွေစုဆောင်းထားတာကိုလဲ … အလုပ်မလုပ်ပဲ အလှူခံစားနေတဲ့ … အချောင်သမားတွေကို မပေးသင့်ဘူး …. ဒါဟာ တရားမျှတ တယ် ….
.
သူက …. သိပ်ချမ်းသာတဲ့ကုန်သည်တစ်ယောက်ပေါ့   …  ရာဇဂြိုဟ် မှာနေတယ် … သူ့ရဲ့အိမ်က ဘုရားရှင်သီတင်းသုံးတဲ့ ဝေဠုဝန်ကျောင်းတော် နဲ့နီးတာပေါ့ …. ဒါပေမယ့် ဒီလောက် နာမည်ကြီး တဲ့ မြတ်စွာ ဘုရားကျောင်းတော် ကို သူမသွားဘူး ….
နိစ္စ ဒူဝ သူ့အိမ်ရှေ့ကနေ ဆွမ်းခံကြံတဲ့ရဟန်းတွေ ရှိခဲ့တယ် …. သူနှုတ်မဆက်ဘူး ….
( ၁ ) လှူရမှာစိုးလို့
( ၂ ) အမြင်မကြည်လို့
တခြားတိတ္ထိများ အာရာမ် သို့လဲ  သူမသွားဘူး ….
ပုရပိုဇ်များနှင့်လည်း လုံးဝမဆက်ဆံ
အလှူခံပုဂိုလ်မှန်သမျှ သူအမြင်ကတ်တယ် ….
သူ့အိမ်ရှေ့မှာ အလှူခံ တက္ကတွန်းတွေ .. ဗြဟ္မဏတွေ … အမြဲဖြတ်ကြတယ် … အလှူခံကြတယ် … ရဟန်းတွေ ဆွမ်းရပ်ကြတယ် ….
ဒါပေမယ့် သူ့ဘ၀တစ်လျှောက်လုံး တစ်ခါမှ မလှူခဲ့ဖူးဘူး … သူ့အိမ်ရှေ့လာရပ်ရင်လဲ
သူမသိချင်ယောင်ဆောင်နေတယ် …. ရံခါ ဆဲထုတ်တယ် …. ရံခါအော်ငေါက်လွှတ်တယ် ….
.
သူ့ရဲ့စီးပွားရေးက …. ၀က်ကုန်သည် … ပြီးတော့ ၀က်ပေါ်ရောင်းတယ် ……
ဘုရားရှင်လက်ထက်တော်က လူတွေက ဒီခေတ်လောက် မကောက်ကျစ်ကြဘူး ရိုးသား အေးချမ်းကြတယ် … ဒါပေမယ့် ဒီဝက်ကုန်သည်ကတော့ ဘုရားရှင်ငုတ်တုတ်ရှိနေတဲ့အချိန်မှာတောင် ..ဒီခေတ်က လူတွေလောက်ကောက်ကျစ် တာပေါ့  ဒါကို သူ့ကိုယ်သူ စီးပွားရေးအကွက်မြင်တယ်လို့ထင်တယ်  …
.
သူကုန်ကူးတာဒီလို … လယ်သမားတွေကို စပါးစိုက်ချိန်တွေမှာ အတိုကမတန်တဆယူပြီး စပါးပေးနဲ့ငွေချီးတယ် …. စပါးပေါ်ချိန် သတ်မှတ်သလောက်မပေးနိုင်ရင် လယ်သိမ်းနွားသိမ်းတယ် စပါးသိမ်းတယ် .. ဒီစပါးတွေကိုလှောင်ထားတယ် …
.
စပါးရှားချိန်ကျတော့မှ သူဟာရွာစဉ်လှည့်ပြီး စပါးနဲ့ ၀က်ပေါက်စလေးတွေနဲ့လဲတယ် … ၀က်ပေါက်စလေးတေါဆိုတော့ အလကားနီးပါးဈေးနဲ့ ဆန်နဲနဲ ပေးပြီးဝက်လေးငါး ဆယ်ကောင်မတရား ယူပြီးလဲတာပေါ့ … ၀က်စာက ဈေးကအပုတ်အသိုးတွေကိုး … ၀က်စာအတွက်မကုန်ဘူးလေ … ဒီလိုနဲ့
တစ်နှစ်သားလောက်ဆို ၀က်တွေကပေါ်လို့ရပြီ ..ဒီလိုနဲ့ သူက သူဌေးဖြစ်နေတာပေါ့ …
.
သူ့ဝက်သတ်နည်းက ..ရက်စက်လှ၏ …
သူဟာ ၀က်များရဲ့အာခေါင်ကို တုတ်နဲ့ထောက်ထားတယ် ….
ဟနေသောပစပ်ထဲကို … ကျိုက်ကျိုက်ဆူနေတဲ့ရေနွေးပူလောင်းထည့်တယ်
ဝက်ဗိုက်ထဲကမစင်တွေအရေပျော် ကျအာင်လုပ်တယ် …
ရေနွေး ကျိုက် ကျိုက်ဆူကို … ကြိမ်ဖန်များစွာလောင်းထည့်တယ်
အူတွင်းကကျဆင်းလာတဲ့အရည်ဖြူကာမှ … ရေနွေးလောင်းခြင်းကိုရပ်တယ် …
ပြီးရင် ၀က်ရဲ့အသားကို ဖျက်ပြီးရောင်းတာပေါ့ …
ဒီနည်းအတိုင်းနှစ်ပေါင်း ( ၅၅ ) နှစ်ကြာအောင်လုပ်လာတယ်တဲ့ … 
သူက  … သူ့ရဲ့ ၀က်သတ်တဲ့အလုပ်ကို အလွန်ပျော်တယ် ….
ဝက်တွေကိုသူ့ရဲ့တင်းပုတ်နဲ့ ထုလို့ ၀က်တွေအောဟစ်သံကြားတာကို .. စောင်းသံလို့ ထင်တယ် …. အလွန်ပီတိဖြစ်တယ် …
.
ဝက်တွေရဲ့ပါးစပ်ထဲ ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးတွေလောင်းထည့်လို့  ၀က်တွေ စူးစူးဝါးဝါး အော်ဟစ်သံဟာ … သူ့ကိုပီတိဖြစ်စေတယ် ….
သူဟာ လောကကို … အသိမှား ( စိတ္တ၀ိပ္ပလ္လာသ ) … အမှတ်မှား ( သညာ ၀ိပ္ပလ္လာသ ) … အမြင်မှား ( ဒိဌိ ၀ိပ္ပလ္လာသ ) တွေနဲ့ ကြည့်ပြီး လောကဟာ သူ့အတွက်ပျော်စရာ အပြည့်လို့ ထင်နေခဲ့တယ် … ( သံသရာကို မယုံကြည်သောအမြင်ပေါ့ ) …
.
တစ်ချို့လူတွေပြောကြတယ် … သေပြီးမှဖြစ်တာ … ငါလဲမသိဘူး … အပိုတွေ လုပ်မနေ နိုင်ဘူး ဆိုပြီးလေ … ဒီဝက်ကုန်သည်လိုလူမျိုးပေါ့ ( သေပြီးပေမယ့် လွန်ခဲ့တဲ့ဘ၀က ကိုယ်ဘာတွေ လုပ်ခဲ့ တယ် ဆိုတာ သိတဲ့ ဘုံတွေရှိတယ်နော် ) …
.
အိမ်နီးနားချင်းတွေကတော့ ပြောင်းပြေးကြတယ် …. မပြောင်းပြေးနိုင်သူတွေကတော့ … နားပိတ်ထား ယုံပေါ့ … တစ်ပတ်တစ်ခါဝက်သတ်တိုင်း … ၀က်တွေရဲ့ နာကျင်စွာ အော်သံဟာ ငရဲခန်းလို မကြားချင်လဲ ကြားနေကြရတယ် …
.
ဒီလိုနဲ့ တစ်နေ့ သူ မမာ မကျမ်းဖြစ်တော့တယ် …  လောကအပေါ်အနိုင်ယူခဲ့သမျှ ..လောက ရဲ့သစ္စာ တရား က … သူ့ကိုဒါဏ်ခတ်ပြီပေါ့ …
.
တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်မှူကို ခံစားနေရတယ် … ပူလောင်လွန်းလို့ … ၀က်များ သွားသလို လေးဖက်ထောက် ပတ်ပြေးပြီး အော်နေ ၇တယ် ….
.
အကုသိုလ်ကံကကြီးလွန်းတော့ နောက်ဘ၀ကိုအကူးမခံတော့ဘူးလေ … တူသော အကျိုးပေးခြင်းကို ခံနေရရှာပြီ  …
.
သူ့တစ်ကိုယ် လုံးမှာ အနာတို့ဟာ ပြည်တရွှဲရွှဲနဲ့ ဖူးယောင်ထကုန်တယ် ….  အ၀ီစိ ငရဲမီးဟာ သူ့ခန္တာ ကိုယ်မှာ လွှမ်းခြုံထားသလိုပဲ …
.
သတိကင်းလွတ်ပြီး အိမ်အတွင်းဟိုမှသည်မှ လှည့်ပတ်ပြေးနေ၇တယ် …  အိမ်သားတွေက အပြင်ကို ထွက်ပြေးမှာကြောက်လို့ အခန်းထဲသော့ပိတ်ထားရတယ် … ၀က်ခြံတွင်းဝက်တွေ သတ်ခံရခါနီးထွက်ပေါက်ရှာသလိုပေါ့ … နောက်ဆုံး ၀က်ရဲ့ အော်သံနဲ့ ( ၇ ) ရက်တိတိ တစ်ချိန်လုံး စူးစူးဝါးဝါးအော်နေ၇တယ် …
.
အိမ်နီးပါးချင်းတွေလဲ မအိပ်ရဘူးပေါ့ … နောက်ဆုံးမှတော့ အိမ်နီးနားချင်းတွေက မခံ မရပ်နိုင် တော့ပဲ … ( ၇ ) ရက်မြောက်နေ့ နံက်မှာ ဘုရားရှင်ထံ သွားတိုင်ကြတာပေါ့ …
.
အရှင်ဘူရား … ၀က်ကုန်သည်ဟာ ( ၇ ) ရက်ပတ်လုံး …၀က်တွေကိုမနားတမ်းသတ်နေပါတယ် ဘုရား … တပည့်တော်တို့မှာ မအိပ်ရတာ ( ၇ ) ရက်တိတိရှိပါပြီဘုရား ….
.
ချစ်သား ချစ်သမီးတို့ … ၀က်ကုန်သည်သည် ( ၇ ) ရက်ပတ်လုံး ၀က်သတ်နေခြင်းမဟုတ် … ( ၅၅ ) နှစ်တာပတ်လုံး … သူပြုခဲ့သည့် မကောင်းမှူအကုသိုလ်ကံသည် .. ပြင်းထန်လွန်းသမို့ … ပစ္စုပ္ပန်ဘ၀မှာပင် ချက်ချင်းလက်ငင်း တူသောအကျိုးပေးခြင်းကိုခံရပြီး … ( ၇ ) ရက်တိတိ ပစ္စုပ္ပန် ငရဲတီက်ကျခံကာ .. ယနေ့နံက်မှာပင် ကွယ်လွန်၍ အ၀ီစိ ငရဲသို့ ကျသွားခြင်းဖြစ်ပေသည် …ဆိုပြီး အောက်ပါ ဓါထာကိုဟောခဲ့ပါတယ် ….
.
မကောင်းမှုကိုလုပ်သောသူသည် .. ယ္ခုဘ၀ တွင်လည်းစိုးရိမ် ပူပန်ရတတ်၏
နောင်တမလွန်ဘ၀တွင်လည်း ပူပန်ရ၏ … ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး ပူပန်ရ၏
မိမိ၏ညစ်ညူးသော အကုသိုလ် ကြမ္မာအတိုင်း … တူသောအကျိုးပေးခြင်းကို ဧကန် ခံရမည်သာဖြစ်ပေသည်လို့ …. မိန့်ခဲ့ပါတယ် …. ။
.
ချမ်းမြေ့ကြပါစေရှင် ...
.
.

Tuesday, January 27, 2015

ကံလေးပါးတရား



★ ★ ★ ကံလေးပါး

မိမိတို့ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်များ အကျိုးပေးရာမှာ ကာလနဲ့ ဆက်ဆိုင်တဲ့ ကံအကျိုးပေး လေးမျိုးရှိပါတယ် … ပါကကာလ လေးပါးပါ …. ဒီကံအကျိုးပေးလေးပါးးကတော့ …
( ၁ ) ယ္ခုဘ၀မှာချက်ချင်းလက်ငင်းအကျိုးပေးတဲ့ ဒိဌ ဓမ္မ ဝေဒနိယကံ …
( ၂ ) ဒုတိယ ဘ၀မှာကျမှ အကျိုးပေးတဲ့ ဥပပဇ္စ ဝေဒနိယကံ
( ၃ ) တတိယဘဝကစပြီးနိဗ္ဗာန် ရသည့် ဘ၀တိုင်အောင် အခွင့်သာလျှင်အကျိုးပေးတဲ့ အပရာ ပရိယ ဝေဒနိယကံ …
( ၄ ) အကျိုးပေးချိန်မှာအကျိုးမပေးလိုက်ရတဲ့အတွက် ….အချည်းနှီးဖြစ်သွားတဲ့ အဟောသိကံ … တို့ဖြစ်ပါတယ် …

★ ★ ( ၁ ) ယ္ခုဘ၀မှာချက်ချင်းလက်ငင်းအကျိုးပေးတဲ့ ဒိဌ ဓမ္မ ဝေဒနိယကံ …

ကုသိုလ်ကံကိုဖြစ်စေ …အကုသိုလ်ကံကိုဖြစ်စေ … စိတ်လိုက်မာန်ပါ …အူလှိုက်သည်းလှိုက် …. ပြုလိုက်တဲ့တွက် တစ်ချို့သောကံများဟာ …နောက်ဘဝတွေထိအောင်မစောင့်ပဲ ယ္ခုဘဝမှာပဲ ချက်ချင်းလက်ငင်း အကျိုးပေးပါတော့တယ် …..

★ စုန္ဒအမည်ရှိတဲ့ ဝက်သတ်သမားဟာ … နှစ်ပေါင်း ( ၅၅ )နှစ်ကြာအောင် ၀က်တွေကို ရက်ရက်စက်စက်သတ်ခဲ့ပါတယ် … အဲ့ဒီကံကြောငိ့ပဲ ရောဂါဝေဒနာဖိစီးတဲ့အခါ ၀က်လိုအော်ပြီး ကြီးမာသော ဒုက္ခဆင်းရဲကို ခံခဲ့ရကြောင်း ပြထားပါတယ် ( အဌကထာ၊ ယမက၀ဂ် )

★ ဒီလိုပါပဲ …. နွားသတ်သမားဟာ ….နွားရဲ့လျှာကို …အရှင်လတ်လတ်လှီးဖြတ်ပြီး …မီးကင် သေရည်နဲ့မြည်းဖို့လုပ်တဲ့အခါမှာ …. သူ့ရဲ့အကုသိုလ်ကံကြောင့်မီးကျည်ခဲနဲ့ အမဲလျှာ မှားဝါးမိတဲ့အတွက် ချက်ချင်းလက်ငင်း ယက္ခုဘဝမှာပဲ လျှာအရင်းကပြတ်လို့ နွားလိုအော် သေခဲ့ရကြောင်းဖော်ပြထားပါတယ် … (ဓမ္မပဒ၊ မလဝဂ် )

★ ဘုရားရှင်လက်ထက်တော်ကသူဆင်းရဲတစ်ယောက်ဟာ ဘုရားရှင်နဲ့သံဃာတော်တွေကို လှူဒါန်းချင်စိတ် အရမ်းပြင်းပြနေခဲ့ပါတယ် ..တစ်နေ့မှာ ကံကောင်းထောက်မစွာ .. ဆန်ကွဲလေးအနည်းငယ်ရရှီခဲ့ပါတယ် …
သူဟာ ဒီဆန်ကွဲနဲ့ အလှူမြောက်အောင်လုပ်မယ်ဆိုပြီး … အိမ်ကိုအလျှင်အမြန်ပြန်လာ … ဆန်ကွဲ ကိုထောင်း မရိုးရွက်နဲ့ ထုတ်ပြီးမုန့်ဖုတ်ပါသတဲ့ … မုန့်ကျက်တော့ ဘုရားရှင်ကိုလှူမယ် ဆိုပြီး သွားသတဲ့ … ဒါပေမယ့် ဘုရားရှင်ရှေ့မှာသူ့ထက်ဦးစွာ မွန်မြတ်တဲ့ ဆွမ်း ခဲဖွယ်တွေရောက်နေတဲ့အတွက် သူဟာ သူ့မုန့်ထုတ်လေးကိုင်လို့အဝေး ကနေဘုရားရှင်ကိုကြည့်နေရှာတာပေါ့ ….
 ဒါကိုဘုရားရှင်သိတော်မူတဲ့အခါ … သူဆင်းရဲကိုခေါ်ပြီးသူ့ရဲ့မုန့်ကို ပဲ ဘုန်းပေးတော်မူပါသတဲ့ …. ဒီအကြောင်းကို မင်းမူးမတ် သူဌေး … သူကြွယ်တွေကကြားတော့ … အလှူစေတနာကို ငါတို့အား အမျှဝေပေးပါ အသပြာ ၁၀၀ ပေးပါ့မယ် … ၁၀၀၀ ပေးပါ့မယ် ၀ယ်ကြတာပေါ့ ။
သူဆင်းရဲက အလှူအဖို့ဘာဂကို အမျှဝေသင့်မဝေသင့် ဘုရားရှင်ကို လျှောက်ပါရစေအုန်းလို့ ပြောသတဲ့ … ဘုရားရှင်က ဥစ္စကို ယူ၍ ဖြစ်စေ … မယူ၍ဖြစ်စေ အမျှဝေကောင်းပါတယ်လို့ မိန့်တဲ့အခါ …ဥစ္စအဖို့ကို မယူပဲအမျှဝေခဲ့ပါတယ် …
ဒါပေမယ့်သူဌေးသူကြွယ်များကလဲ …သာဓုခေါ်ပြီးသူ့ ထက်ငါ သာလွန်အောင် … အလှူအခ ကိုပေးကြတဲ့တွက် ….သူဆင်းရဲဟာနေ့ချင်းညချင်း ကြီးပွား သွားခဲ့ပါတယ် … ကောသလမင်းကြီးကလည်း သူဆင်းရဲကို တိတ်တဆိတ်ခေါ်ပြီး သူဌေးကြီး ရာထူးပေးခဲ့ပါတယ် …။(ဧကန်ပါတ် ကုဏ္ဍာလပူဝ ဇာတ် ) … မဟာဒုတ် ဇတ်တော်လဲသာဓကရှိပါတယ်…။
ဒီလိုပစ္စုပ္ပန်အကျိုး ဖြစ်တဲ့ ကုသိုလ် အကုသိုလ်တွေကို … ဒိဌိဓမ္မဝေဒနိယကံလို့ခေါ်ပါတယ် ….။

★ ★ ( ၂ ) ဒုတိယ ဘ၀မှာကျမှ အကျိုးပေးတဲ့ ဥပပဇ္စ ဝေဒနိယကံ

အချို့သောကုသိုလ်ကံ အကုသိုလ်ကံများကတော့ ယ္ခုဘဝမှာချက်ချင်းအကျိုးမပေးပေမယ့် အနီးဆုံး ဒုတိယဘ၀မှာ အကျိုးပေးတတ်ပါတယ် ….

အကျိုးပေးနည်း၂မျိုးရှိပါတယ် ..
★ ( ၁ ) ပဋိသန္ဓေဝိဥာည် အဖြစ်အကျိုးပေးတာကို ပဋိသန္ဓေအကျိုး လို့ခေါ်ပါတယ် …. ကိုယ်အင်္ဂါချို့တဲ့စွာမွေးလာခြင်း … မိမိကိုယ်ဝန်ဆောင်စဉ် … မိဘများရာထူးဂုဏ်ရှိန်တိုးတက်လာခြင်း ထီပေါက်ခြင်း … ဒီလိုအကျိုးတွေပါ …။

★ ( ၂ ) ပဋိသန္ဓေရဲ့နောက် ပဝတ္တိအခါမှာ ကုသိုလ် အ ကုသိုလ်ကံကြောငိ့ ဆင်းရဲခြင်း ဖျားနာခြင်း ရောဂါထူပြောခြင်း … ဂီလာနဖြစ်ခြင်း စတဲ့ အကုသိုလ်ကံကြောင့် မကောင်းကျိုးများခံစားရသလို … ချမ်းသာခြင်း ရာထူဂုဏ်ရှိန်တိုးခြင်း ဥစ္စပြည့်ဖြိုးခြင်းဆိုတဲ့ ကုသိုလ်ကံကြောင့် ကောင်းမှုတွေကို ခံစားစံစားရပါတယ် …. ဒီလို အကျိုးပေးတာကိုတော့ ပဝတ္တိအကျိုးလို့ခေါ်ဆိုပါတယ် …။

★ ★ ( ၃ ) တတိယဘဝကစပြီးနိဗ္ဗာန် ရသည့် ဘ၀တိုင်အောင် အခွင့်သာလျှင်အကျိုးပေးတဲ့ အပရာ ပရိယ ဝေဒနိယကံ …

အချို့သောကုသိုလ်ကံ အကုသိုလ်ကံများကျတော့ ခု ဘဝရောနောင်ဘ၀ရောအကျိုးမပေးပါပဲ တတိယဘ၀ကစပြီး နိဗ္ဗန်စံဝင်တဲ့တိုင်အောင် … အကြောင်းတိုက်ဆိုင်လျှင်ကွက်ကျားကွက်ကျား အကျိုးပေးတတ်ပါတယ် …။
အဲ့လိုဘ၀ပေါင်းများစွာလိုက်ပါနေ ပြီး … အခွင့်သင့်တာနဲ့ အကျိုးထပေးတဲ့ကံကို … အပရာပရိယ ဝေဒနိယကံလို့ခေါ်ပါတယ် …. ။
.
အလုံးစုံသော သတ္တ၀ါအန န္တမှာ ဒီ အပရာ ပရိယ ဝေဒနိယကံတွေက ကောင်းမှုမှာရော မကောင်းမှုမှာပါ … တင်းကြမ်းပြည့်လျှံပြီး နေကြတာပါ …
ဒီကံကလွတ်တဲ့ သတ္တ၀ါရယ်လို့ လောကမှာ မရှိပါဘူး ….
ဘုရားရှင်ရဲ့ ဝဋ်တော် ( ၁၂ ) ပါးဆိုတာ …. ဒီကံတွေပါပဲ …
ဒါကြောင့် အခုဘဝ မကောင်းတာ လုပ်နေပေမယ့် …
ဟိုဘဝကပြုခဲ့ဘူးတဲ့ … ကုသိုလ်ကံက အကျိုးပေးခွင့် သာခဲ့လျှင် မကောင်းမှုပြုနေတုန်း ကောင်းကျိုးပေါ် လာ တတ်ပါတယ် …

★ ထို့အတူ ကောင်းတာလုပ်နေပါလျှက်နဲ့ ဟိုဘ၀ကပြုခဲ့တဲ့ မကောင်းမှုကံကအခွင့်ကြုံ ခဲတဲ့တွက် ကောင်းမှု လုပ်နေတုန်း မကောင်းကျိုးပေါ်လာတတ်ပါတယ် …
ဒါကိုဥါဏ်နဲ့မယှဉ်နိုင်သူတွေက … မကောင်းတာ လုပ်တဲ့သူတွေ ကျတော့ကောင်းနေပြီး ကောင်းတာ လုပ်နေတဲ့သူကျ ဆိုးရလား ဆိုပြီး လောကကြီးကိုစိတ်နာ … အယူ ဖောက်ပြန် ဆိုးရွားသွားတတ်ပါတယ် …။
ကောင်းတာလုပ်နေရက်နဲ့ မကောင်းကျိုးကိုခံရတဲ့ ပုံပြင်တစ်ပုဒ်တင်ပြီးပါပြီ  …. ဒီပါယန နဲ့ မဏ္ဍဗျ ဆိုတဲ့ ကုဋေကြွယ် သူဌေးသူငယ်ချင်း နှစ်ဦးအကြောင်းပါ ...။
(၀တ္တုက ဒသက နိပါတ်တော် ကကှဒီပါယန ဇာတက )

★ ဒီတော့ အပရာပရိယ ဝေဒနိယကံဟာ တတိယဘ၀ကစပြီး နိဗ္ဗာန် ရတဲ့ဘဝတိုင် အောင် တိုက်ဆိုင် ရင်အကျိုးပေးပြီး … မတိုက်ဆိုင်သေးလျှင် ဒီကံဟာ မိမိသဏ္ဍန်မှာရှိနေပါလျှက် မိမိနောက် တကောက် ကောက်လိုက်နေပြီး  …မြုံနေတတ်ပါတယ် …မြုံနေလို့စိတ်ချရသလားဆိုတော့ စိတ်မချရဘူး … ယ္ခု မဏ္ဍဗျ ရသေ့လိုပေါ့ အကြောင်းတိုက်ဆိုင်လာတော့ … ကောင်းမှုပြုနေ တဲ့ကြားက ၀င်နှောင့် ယှက်တော့ တာ …။

တစ်ခြားမကြည့်နဲ့ ဘုရား၇ှင်ကိုပဲကြည့်ပါ … ခါးတော်နာခြင်း … ကျောက်လှိမ့်ခံရခြင်း စတဲ့ ဝဋ်တော် ( ၁၂ ) ပါးဟာ ဒီ အပရာပရိဝေဒနိယကံရဲ့ အကျိုးတွေပါ …
ဘုရားဖြစ်တဲ့နောက် ဆုံးဘ၀ မှာတောင် လိုက်လံ နှိပ်စက်တာပါ …
ဒီကံဟာ .. သူ့စိတ်ကြိုက် အကျိုးမပေးရသမျှ … ဘယ်တော့မှ မပျက်စီးဘူး … ( အပရာကရိယဝေဒနီယံ ပန ၀ိပါကံ အဒတွာ န နဿတိ ) လို့ နေမိဇတ် အဌ ကထာ မှာ ပြဆိုထားတာပါ …။
ဒါကြောင့် မိမိသန္တာန်မှာ ကုသိုလ် အပရာပရိယ ဝေဒနိယ ကံ ပွားများပြီး အကုသိုလ်အပရာပရိယ ဝေဒနိယ ကံ နည်းပါးအောင် … ကြိုးစားအားထုတ်သင့်တာပေါ့ ….။

★ ★ ( ၄ ) အကျိုးပေးချိန်မှာအကျိုးမပေးလိုက်ရတဲ့အတွက် ….အချည်းနှီးဖြစ်သွားတဲ့ အဟောသိကံ …

အဟောသိကံ …. ဆိုတာကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကံတရားတွေဟာ သူ့အချိန် နဲ့သူ အကျိုး ပေးရ ဖို့ရှိပါတယ် အကျိုးပေးချိန် ကုန်သည့်တိုင်အောင် အကျိုးပေးခွင့် မရတော့ရင် အဟောသိကံ ဖြစ်သွားပါတယ် …။
★ ယ္ခု ဘဝမှာ ချက်ချင်း လက်ငင်း အကျိုးပေးမယ့် ကုသိုလ် အကုသိုလ်ကံဟာ သူ့ထက် အဆ များစွာကြီးမားတဲ့ ကုသိုလ် အကုသိုလ်ကံရှိနေရင် ဒီကဟာ အဟောသိကံဖြစ် သွားတတ်ပါတယ် ……။

★ ဒုတိယဘဝမှာခံရမယ့် ကုသိုလ် အကုသိုလ် ကံဟာလဲ ဒီလိုပါပဲ …. သူ့ထက် အဆများစွာကြီးမား တဲ့ ကုသိုလ် အကုသိုလ်ကံ ရှိနေရင် အကျိုး ပေးခွင့်မရတော့ ပါဘူး … အဟောသိကံ ဖြစ်သွားတတ်ပါတယ်

★ တတိယဘဝကနေစလို့ နိဗ္ဗာန်မရောက်ခင်စပ်ကြား ခံရမယ့် ကုသိုလ် အကုသိုလ်က က အဟောသိကံ မဖြစ်တတ်ပါဘူး …. ကိုယ့်နောက် တကောက်ကောက်လိုက်ပြီး အခါအခွင့်ကို ချောင်းနေတာပါ … ဒါပေမယ့် …. ငရဲကျနိုင်မယ့် ကံများကတော့ သောတပန် ရဟန္တာ စတဲ့ မဂ်ကုသိုလ် ရလိုက်တာနဲ့ အလိုလိုချေဖျက်ပြီးသားဖြစ်ပါတယ် ….
.
ဒါပေမယ့် ဝဋ်ကြွေးအနေနဲ့ ကျန်တာတွေ ကတော့ နောက်ဆုံးဘဝမှာ စုခံရပါတယ် …. ဥပမာ … ပဋာစာရီ … ဂင်္ဂါတိရိယ မာတာ ခိုးသား ( ၅၀၀ )နဲ့ သျှင်မဟာမောဂ္ဂလာန် စသည် သာဓကတွေ ရှိနေပါတယ် …။

★ ★ ဒီကံလေးပါးကို ဘာနဲ့ပိုင်းခြားပြီးသိရမှာလဲဆိုရင်ဇောနဲ့ ပိုင်းခြားသိရမယ်လို့ ကျမ်းဂန်များက ဆိုပါတယ် …

★ အဘိဓမ္မာနည်းအရ ကုသိုလ် အကုသိုလ် ပြုခဲ့ရင် ပြုသူရဲ့ သန္တာန်မှာ ကုသိုလ်ဇော အကုသိုလ်ဇော ( ၇ ) ကြိမ် ထိဖြစ်ပွားပါတယ် … အဲ့ဒီ ဇော ( ၇ ) ကြိမ်ကို

( က ) ပထမဇောစိတ် တစ်ပိုင်း
( ခ ) အလည်ဇော စိတ် ( ၅ ) ခုတစ်ပိုင်း
( ဂ ) သတ္တမ ဇောစိတ် တစ်ပိုင်း သုံးပိုင်း ပိုင်းထားပါတယ် ….

★ အဲ့ဒီ သုံးပိုင်းအနက် ပထမဇောစိတ်နဲ့ ယှဉ်တဲ့ စေတနာကို ယ္ခုဘဝမှာ အကျိုးပေးတဲ့အတွက် ဒိဌိဓမ္မ ဝေဒနိယကံလို့ခေါ်ပါတယ် …။

★ နောက်ဆုံးသတ္တမဇောစိတ်နဲ့ ယှဉ်တဲ့ စေတနာကို ဒုတိယဘ၀မှာ အကျိုးပေးတဲ့ အတွက် ဥပပဇ္စဝေဒနိယကံ လို့ခေါ်ပါတယ် …။

★ အလယ် ဇော ( ၅ ) ချက်နဲ့ယှဉ်တဲ့ စေတနာကို တတိယ ဘဝမှ နိဗ္ဗာန်ရသည်အထိ အကျိုးပေးတဲ့အတွက် …. အပရာပရိယ ဝေဒနိယကံလို့ခေါ်ပါတယ် …။

ဗုဒ္ဓဘာသာဝင်မှန်သမျှ ဒီကံလေးပါကို သိထားဘို့နဲ့ ဒီကံက ဒီလိုဖြစ်ပြီး ဒီလို အကျိးပေး တတ်ပါလား ဆိုတာကို ယုံကြည်ဖို့ အထူးလိုအပ်ပါတယ် ….။

ချမ်းမြေ့ကြပါစေရှင် ...

Wednesday, January 7, 2015

ခရစ်ယန်တရားဟောဆရာလူလိမ်တစ်ယောက်ပြောတဲ့ ... ယနေ့တိုင် ဘယ်ဗုဒ္ဓဘာသာ ဆရာတော်ဘုန်းကြီးများမှ မဖြေနိုင်သည့်မေးခွန်း


မောင်လေးညီမလေးတို့ရေ .... ခရစ်ယန်တရားဟောဆရာလူလိမ်တစ်ယောက်ပြောတဲ့ ...
ယနေ့တိုင် ဘယ်ဗုဒ္ဓဘာသာ ဆရာတော်ဘုန်းကြီးများမှ မဖြေနိုင်ကြ၍ ဗုဒ္ဓတရားစစ်မဟုတ်ဟု ငြင်းရုံသာ တတ်နိုင်ကြသည့် မေးခွန်းတဲ့ ...။

ဆရာကြီးဦးသာဒင်ကမေးသော်လည်း ဆရာတော်ဥက္ကဌ မဖြေနိုင်၍ ချန်ထားခဲ့သော ဗုဒ္ဓ၏ ဖြစ်စဉ်။
★ ★ အသျှင် ဥက္ကဌ မဖြေတာက ဖြေစရာမလိုတော့လောက်အောင်ပေါကြောင်ကြောင် နဲ့ ပညာမဲ့မေးခွန်းဖြစ်နေလို့ပါ ...
.
ယနေ့တိုင် ဘယ်ဗုဒ္ဓဘာသာ ဆရာတော်ဘုန်းကြီးများမှ မဖြေနိုင်ကြ၍ ဗုဒ္ဓတရားစစ်မဟုတ်ဟု ငြင်းရုံသာ တတ်နိုင်ကြသည်။ ဒါဖြင့် တရားစစ်မှာ ဘယ်လိုလဲဆိုရင်လည်း မဖြေနိုင်ကြပါဘူး။ တရားစစ်မရှိသော ဗုဒ္ဓဘာသာဟု ပြောရမလို ဖြစ်နေသည်။
★ ★ အင်း ... ဆရာတော်တွေကိုအသာထား ... မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ခလေးလူကြီးအားလုံး ၀ိုင်းဟား မယ့်မေးခွန်းဖြစ်နေတာ လဲ ပြောအုန်းလေ .... ကုယ်မေးတာတွေလဲကိုယ်ပြန်ကြည့်ပါအုန်း ရှင် ...။
.
“..တုသိတာနတ်ပြည်၌ စည်းစိမ်ဖြင့်ပျော်မွေ့ပြီး ကာမဂုဏ်အရ၊ နတ်သမီးတစ်ဖက်ငါးရာနဲ့ ထင်တိုင်း ကျဲသောင်းကျန်းနေတဲ့ ဘုရားအလောင်းဆိုကြတဲ့ သေတကေတုနတ်သားကို တခြားနတ်တွေကလူ့ပြည်မှာ လူအဖြစ် ဆင်းသက် မွေးပါတော့လို့ တောင်းပန်မှ မယ်တော်မာယာရဲ့ ဗိုက်ထဲဝင်ပြီး ပဋိသန္ဓေယူသတဲ့”
★ ★ဒုက္ခပါပဲရှင်  ...  နတ်ပြည် ဘယ်နှစ်ထပ်ဆိုတာကိုရောသိရဲ့လားရှင် .... နတ်ပြည်တွေထဲမှာ သုတိသာ နတ်ပြည် ဆိုတာ ဘယ်လိုနတ်ဘုံမျိုးလဲဆိုတာရော သိရဲ့လား .... ကျမတို့သာသနာတော် က ပေါက်လွှတ် ပဲစားရေးထားပြီး .... အလိမ်ပေါ်တိုင်း ပြင်နေတဲ့ သာသနာတော်မဟုတ်ပါဘူးရှင် .... ဖတ်ကြည့်ရှင် ....
.
★ ★ ★ ★တုသိတာ
.
ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံကြ၍
နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။
ထိုဘုံ၌ဖြစ်ကြသောနတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက်ပျော်ပါးနေကြရသောကြောင့်
တုသိတာနတ်ဘုံဟု ခေါ်သည်။ 
.
သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။
ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။ 
ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ "သေတကေတု"မည်သောနတ်မင်း ဖြစ်လေသည်။
ဘုရားအလောင်း၏ မယ်တော် စသည့် သူတော်ကောင်းပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ် သည် .... တဲ့ရှင် ....
သူတော်ကောင်းတွေနေတဲ့ တရားကျင့်ရာဘုံပါ ...။
.
နောက်နောင် .... ဘာသာတိုင်းကို မိမိဘာသာလို မသတ်မှတ်ဖို့မေတ္တာရပ်ခံပါရစေ ...
.
ဒါကြောင့်လည်း အထူး သဖြင့် ဒီဇာတ်တော်မျိုးက တလင်တမယားစနစ်ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့မကိုက်ဘူး မူစလင်တွေအတွက်ဖြစ်ရမှာ။
★ ★ မွတ်စလင်မတွေ ... ခရစ်ယန်မတွေထက် အဆ တစ်ထောင် သစ္စာရှိပါတယ် ... အိမ်တွင်းပုန်း ဆိုတာတွေက မွတ်စလင် အမျိုးသမီးတွေကလာတာပါ ... ။
.
မြန်မာ့ ယဉ်ကျေးမှုအရ မကိုက်ညီကြတော့ ဆုပန်တဲ့အချိန်မှာ နောင်တမလွန် ဆိုတဲ့အတွေးနဲ့ “နတ်ဖြစ်ရင် နတ်ချမ်းသာ”ဟု ဆုခြွေဆုပန်တော့ပြုနေကြလေ့ရဲ့။ အားကျစရာအဖြစ် ကလေးတွေကိုလည်း ရိုက်သွင်းနေကြလေရဲ့။
★ ★လူကြီးမိဘတွေ ဘဘုန်းတွေက သားသမီးမြေးဖြစ်တွေ ဒကာ ဒကာမတွေကို ဒီလိုပဲဆုပေးတာ ရိုးရာ ဓလေ့ပါ  ... လူဖြစ်လျှင် လူချမ်းသာ ...နတ်ဖြစ်လျှင်နတ်ချမ်းသာ ... နတ်မှာအမျိုးမျိုးရှိတာ ရှင်တို့လို အန္ဓဗာလတွေ ဘယ်သိမှာတုန်းရှင် ...။ ခရစ်ယန်ဖာသာတွေလဲ ဆုပေးတတ်ကြပါတယ် ...။
.
ပြီးတော့လည်း ပဋိသန္ဓေယူတဲ့နေ့က ၀ါဆိုလပြည့်နေ့တဲ့။ အခါကြီးရက်ကြီးလည်းမရှောင်ဘူး ဒါကို ဆေးပညာအရ ဘာညာဆိုပြီးလည်း လုပ်ပြန်ကြလေရဲ့။ ကဲပါ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ လဲမရှောင်ဘဲ မေထုန်ပြု ပြီးကာမလွန်ကျူးကြပြန်လေရဲ့။ မျိုးဥကြွေတာတွေကိုလည်း ဆရာဝန်တွေအသိပါ။ မသိသူများအတွက်တော့လည်း လိမ်ညာမှုကရှိနေပြန်သေးရဲ့။
★ ★ ဗုဒ္ဓဘာသာပေါ်ဖို့မပြောနဲ့ ... ဘုရားလောင်းတောင် မမွေးသေးဘူးလေကွယ်  ... ၀ါဆိုလပြည့်နေ့က ဘယ်လိုလုပ် အခါကြီး ရက်ကြီးဖြစ်ရတာလဲရှင် .... ဘယ်ဘာသာရဲ့ အခါကြီး ရက်ကြီးလဲ .... ပြောပြပါရှင်။
.
★ ★ ★ ★ ၀ါဆိုလပြည့်နေ့ဆိုတာ ... ဘုရားရှင် သုတိသာ နတ်ပြည်ကနေ စုတေတဲ့နေ့ မို့လို့ ဘုရားရှင် စံလွန်တော်မူမှ ... အခါကြီးရက်ကြီးလို့ သာသနာတော်ဝင်တွေက သတ်မှတ်တဲ့နေ့ပါ  ... ဗုဒ္ဓဘာသာမပေါ်ထွန်းခင် ၀ါဆိုလပြည့်နေ့ကိုအခါကြီးရက်ကြီးလို့ ကြိုသတ်မှတ်တယ်လို့ ဘယ်ကျမ်းမှာပါလဲရှင် ...။
.
အဲ့နေ့မှာ မေထုန်ပြုတာ သုဒ္ဓေါဓနအလွန်လား မယ်တော်မာယာအလွန်လားမသိ။ ၀ါဆိုလပြည့်နေ့မှာ သန္ဓေတည်သော ဗုဒ္ဓသည် သာမန်ထက်ထူးသော တဏှာလွန်ကျူး၊ ကာမဘီလူးလူလွန်ဖြစ်ကြောင်း ထင်ရှားသည်။
★ ★ အင်း .... ပြည့်တန်ဆာ တစ်ကာနဲ့ ဖြစ်နေတဲ့ လူလိမ်တစ်ယောက်နဲ့ ဗုဒ္ဓနဲ့မှားနေပုံပါပဲရှင် ... ကျန်းမာရေးကောင်းတဲ့ ဥဏှောက်နဲ့ ဖတ်ပါလို့ပဲပြောပါရစေ ...။
.
ပြိင်ဘက်ကင်းတဲ့ ဗုဒ္ဓ၀င်အဖြစ်တွေ ကျောက်ကွင်းအရေးတော်ပုံမှာဆရာကြီးဦးသာဒင် ပြောတဲ့အခန်းမှာ ဖတ်နိုင်ပါ တယ်။အသေးစိတ်ဖတ်နိုင်ပါတယ်။
★ ★ ကဲ ... ဘယ်လောက် ရူးကြောင်ကြောင်နိုင်တဲ့အမေးတွေလဲဆိုတာ သိလောက်ပြီ ထင်ပါတယ် ... သျှင်ဥက္ကဌ မပြောနဲ့ ... မူလတန်းက ဗုဒ္ဓဘာသာဝင် ခလေးတွေတောင် ဟားတိုက်မယ့်  မေးခွန်းတွေဖြစ်နေ ပါတယ်ရှင် ...။
.
ချမ်းမြေ့ကြပါစေရှင် ...
.

Thursday, January 1, 2015

ဆံေ တာ် ပါ ယ် ပြီး


မောင်လေးညီမလေးတို့ရေ ...
ရှင်တော်ဗုဒ္ဓသည် ... အလုံးစုံကို အကြွင်းမဲ့ သိမြင်သူမဟုတ်ပါ ဆိုပြီး ပိဋကပ်တော်တွေကို မိမိ ဖာသာ ပြင်ချင်သလို  ပြင်ရေးထားတဲ့ ခရစ်ယန် တရားဟောဆရာတစ်ယောက်ရဲ့ စွပ်စွဲချက် လေးပါ ...။
.
★ (((((( ရှင်တော်ဂေါတမသည်၊ ကိုယ်တိုင်ရှိစဉ် ကပင် မသိကြောင်းကို ထင်ရှားစွာဟောကြား ထားသည်ကို၊ ဗုဒ္ဓ၀င်ကျမ်းတို့၌ တိုက်ရိုက်ပြဆို သည်မှာ၊ ရှင်တော်ဂေါတမသည်၊ ဗေဓိညောင်ပင်သို့ရောက်၍၊ သတ္တဌာန၊ လေးဆယ့် ကိုးရက်စေ့ပြီးသည့်နောက်။
.
ကပ္ပိလ၀တ်ပြည်မှ မိမိထွက်လာစဉ်အခါက၊ ရှေးဦးစွာ လောကဈာန်ရှစ်ပါးကို၊ သင်ယူခဲ့ဘူးသော ပဌမဆရာ၊ အာဠာရရသေ့ထံ တရားစောသွားမည်ဟု့ အကြံရှိရာ၊ ၎င်းအကြံကို နတ်သားတယောက်က သိ၍ပြောသည်မှာ၊ အာဠာရရသေ့သည် လွန်ခဲ့သော ခုနှစ်ရက်မြောက်ကပင် သေဆုံးသွားပါပြီဟူ၍ ဆိုရလေ၏၊
.
တဖန်၊ ရှင်တော်ဂေါတမသည်၊ ဒုတိယ ဆရာဖြစ်သော ဥဒက ရသေ့ထံသို့သွားမည်ဟု အကြံရှိလေပြန်ရာတွင်၊ အထက်နည်းတူ နတ်သားက ဆိုလေသည်မှာ၊ ယမန်ညသံခေါင်းယံအချိန် ကပင် ၎င်းလည်းသေဆုံးသွားပြီ ဖြစ်ကြောင်းကြား ပြောလေ၏၊
.
ဤသည်ကို ကြည့်ခြင်းအားဖြင့်၊ ထိုရသေ့ဆရာညီနောင်တို့ ဆုံးသွားသည်ကိုပင် မသိကြောင်း ဗုဒ္ဓ၀င်တို့တွင် တိုက်ရိုက် ဖေါ်ပြထားလေသည်။
.
ထို့ကြောင့် ရှင်တော်ဂေါတမ၌ အကြွင်းမဲ့သိကြွမ်းသောနိုင်သော ဥာဏ်မရှိကြောင်းကို ရှင်းလင်းစွာ သိရှနိုင်ပေသည်။ ယခုဆိုပြခဲ့သောအရာတို့ကို မစဉ်းစားလိုသောသူတို့က၊ နတ်သားမပြောဘဲနှင့် သိပါသည်ဟူ၍ မပြောပါနဲဗျာ. မသိသည်ကို နှုတ်က တိုက်ရိုက်ဖွင့်ဟ နေသည်ကို အထင်အရှားသိလျက်ပင် လူ၏ ခေါင်းကို ဥာဏ်ပ၇ိယယ်စင်ပြီး ရှုပ်ထွေးသော စကားများကို ထက်မသုံးပါနဲ့တော့... ကထေဋက မျသာပုစ္ဆာဖြစ်မည်၊ အသိပေးလိုပါသည်။ ))))))
.....................................................................
★ ★ စွပ်စွဲချက်  အတွက်အဖြေပါ ....
.
အင်း .. သဗ္ဗေညုတ ဥါဏ်တော်ဆိုတာ ... အားအား ယားယား တစ်ချိန်လုံးမြင်နေတယ်လို့ထင်နေပုံပါပဲ ...  သဗ္ဗေညု ဥာဏ်တော်ဆိုတာဟာ  သိစရာရှိသမျှ အလုံးစုံကို သိချင်လို့ ဆင်ခြင်လိုက်ရင် အဆီးအတားမရှိ အကုန်အစင် သိမြင်တော်မူနိုင်တာကိုပြောတာပါ ...။
.
ဟုတ်ကဲ့ပါ ရှင် ရှင်ပြောတဲ့ စကားတွေဟာ ဘယ်ပိဋကတ် ကျမ်းမှာမှ မပါ ပါဘူးရှင် ....
( သဘာဝမကျတိုင်း ...လူတစ်ကာလက်ညှိုးထိုးတိုင်း ပြင်နေကျ ကျမ်းပိုင်ရှင်တွေဆိုတော့ ...  သူတို့လို ပဲလုပ်နေတယ်လို့ ထင်တာ မမှားပါဘူး )
.
★ ★ အလောင်းတော် သိဒတ္ထမင်းသားဟာ ဆံတော်ပါယ်ပြီးနောက် ....  တရားလှည့်လည်ရှာဖွေရင်း ပထမဆုံး ဆရာဦး အာဠာရ ရသေ့ နဲ့တွေ့ပါတယ် ...
.
★ ★ အာဠာရ ရသေ့ဟာ ... ကပိလ ရသေ့မြတ်ရဲ့ ... အရိုက်အရာခံ တပည့်ဖြစ်ပြီး ဝေသာလီမှာတန်ခိုးသြ ဇာ နောက် လိုက် အများဆုံးသော သူတော်စင်ပေါ့ ....သူဟာ ၀ိဥါဉ်ရဲ့ အရေးပါမှု ကို ဟောကြားတဲ့ သက္ထကနည်း ( ဒသနဗေဒ ) ကိုရှာဖွေတွေ့ရှိသူပါ ... ၀ိဥါဉ်ကိုမယုံကြည်ရင် ...ဘ၀လွပ်မြောက်မှာ မဟုတ်ဖူးလို့ ယုံကြည်နေသူပါ....
.
သူ့အယူကတော့ ပိုက်ကွန်တွင်းမိနေတဲ့ တောရိုင်းငှက်တစ်ကောင်ဟာ အနှောင်အဖွဲ့က လွတ်မြောက် သွား သလို .... ၀ိညာဉ်ဟာလဲ ရုပ်ခန္တာတည်းဟူသော အနှောင်အဖွဲ့က ကင်းကွာသွားတာနဲ့ လွတ်မြောက် သွားတာပဲ ...ဒါကြောင့် ဒီဝိညာဉ်ကြီးဟာ အနှောင်အဖွဲ့ ကင်းလွတ်ရင် စစ်မှန်တဲ့ လွတ်မြောက်မှူ ရတာပဲ လို့ဆိုပါတယ်  ....
.
ဒီသွန်သင်ဆုံးမမှုကို အလောင်းတော်ဗောဓိသတ်က မနှစ်သက်တာနဲ့ ...ဆရာအရှင်ကို ဦးခိုက်ကန်တော့ .... တရားထူး ရလျှင်အရင်ဆုံး ဆရာ့ဆီပြန်လာခဲ့ပါ့မယ်ဆိုတဲ့ ကတိနဲ့ လက်ဦးဆရာ အရှင်ဆီမှ ရိုသေစွာ ဖယ်ခွာခဲ့ပါတယ် .....  ဒီဆရာဆီကနေ .. စတုတ္ထဈာန်ဘုံရောက်နိုင်တဲ့ ဈာန်ရရှိခဲ့ပါတယ် ...
.
★ ★ ဒိနောက် အလောင်းတော်ဗောဓိသတ်ဟာ ဥဒက ရသေ့ထံ ပညာဆည်းပူးပြန် ပါတယ် ဥဒကဟာလဲ အတ္တကောင် ၀ိညာဉ်ကိုပဲ အကျယ်ချဲ့ဟောပြန်ပါတယ် ...
.
သို့ပေမယ့် ကမ္မရဲ့ အကျိုးသက်ရောက်မှုနဲ့ သတ္တ၀ါများသေလွန်တဲ့အခါ သည် ၀ိညာဉ်ကြီးဟာ ရုပ်နာမ် တစ်ခုကနေ နောက်တစ်ခုကိုပြောင်းလဲဖြစ်တည်မှုကို  အထူးဟောပြောပါတယ် ....
.
ဒီအခါမှာအလောင်းတော်ဟာ ... ကံ ကံ၏ အကျိုးကို တွေရှိခဲ့ပါတယ် ... ဒါပေမယ့် ၀ိညာဉ်ရဲ့ ဖြစ်တည်မှု ...ပြောင်းလဲဖြစ်တည်မှု တို့ကို ဘ၀င်မကျတဲ့အတွက် ယ္ခင်နည်းအတိုင်းပဲ ... ဆရာအရှင် ဥဒကကိုလဲ ဦးခိုက်ကန်တော့လျှက် တရားထူးရလျှင် ..အရင်ဆုံးဆရာ နှစ်ပါးထံ ပြန်လာ ၍ မျှဝေပါ့မယ်လို့ ကတိပြု ပြီး  ... ဆရာ အရှင် ဥဒကကိုစွန့်ခွာပြန်ပါတယ် ....
.
★ ★ တစ်ဖန် ကျောင်းထိုင်ရဟန်းများထံ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်း ရှာပြန်ပါတယ် ... သို့သော် လဲ မလိုလားပါပဲ .. ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လည်လှီး ... ယဇ်ပူဇော်တဲ့ အမှုတွေကို တွေ့ရတဲ့ အခါမှာ ... ဒီအမှုတွေဟာ အလောင်းတော်ရဲ့ ... နူးညံ့သိမ်မွေ့လှတဲ့စိတ်နှလုံးကို ကြီးစွာ ထိခိုက်စေ ခဲ့ပါတယ် ....
.
★ ★ ဒီလိုနဲ့ အလောင်းတော်ဟာ ဝေသာလီကထွက်ခဲ့ပြီး ...  ကောဏ္ဍညခေါင်းဆောင်တဲ့ ဥဒကရဲ့ တပည့် ( ၅ ) ဦးရှိရာ .... ဥရုဝေလတောဆီ ရောက်ရှိခဲ့ပါတယ် ... (ကောဏ္ဍည ဆိုတာက ဘုရားရှင်ဖွားတော်မူတော့ ... ဆံတော်တွေပါယ်သတ် ဦးပြည်းကတုံးနဲ့ ချိုးခြံစွာ ကျင့်မယ် ဘုရားသာဧကန်မုချဖြစ်လိမ့်မယ် လို့ ဟောမိလို့ နန်းတော်က နှင်ထုတ်ခံရတဲ့ ပုဏ္ဏားပေါ့ ... ဘုရင်ကစင်္ကြ၀တေးမင်းဖြစ်စေချင်တာကိုး )
.
ဒီငါးဦးဟာ ... အာရုံများနဲ့ တပ်မက်မှု (လောဘ) ကိုချုပ်ထိန်းပြီး စိတ်ရဲ့ အလိုကို မလိုက်ပဲ ပြင်းစွာ ကျင့်ကြံအားထုတ်သူတွေပေါ့ .... သူတို့ကျင့်တဲ့ * အတ္တ ကိလမထာနုယောဂ * ကျင့်စဉ်ဟာ ထိုစဉ်က အိန္ဒိယ မှာ အစင်ကြယ်ဆုံးအကျင့်ပေါ့ .... ကျင့်နိုင်သူသိတ်ရှားပါးတာ ....။
.
★ ★ အလောင်းတော် ဗောဓိသတ်ဟာ ... ( ၆ ) နှစ်တိုင်တိုင်  အတ္တ ကိလမထာနုယောဂ  ဆိုတဲ့ ဒုက္ခရစရိယ အကျင့်ကို ဆရာတွေဆီမှာ လေ့လာ ကျင့်ကြံပြီး ..ကိုယ်ခန္တာကို ဒီလို ညှင်းပန်းလေ .... ပန်းတိုင်နဲ့ ဝေးကွာလေဆိုတာသိလာရပါတယ် ...
.
ဒါကြောင့်  ... စိတ်အလိုကိုလိုက်ခြင်း .... ကိုယ်ကို ညှင်းပန်းနှိပ်စက်ခြင်းဆိုတဲ့ ...အစွန်းနှစ်ခုကို ရှောင်ပြီး လွတ်ကင်းတဲ့ လမ်းကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ် ....
.
စိတ်အလိုကိုလိုက်ခြင်း ဆိုတဲ့ ပထမအစအစွန်းက စိတ်ဓါတ်ကြံ့ခိုင်မှုကိုဟန့်တားစေပြီး .... ကိုယ်ကိုညှင်းပန်းနှိမ်စက်ခြင်း ဆိုတဲ့ ဒုတိယအစွန်းကတော့ ပညာအရည်အသွေးကို အားပျော့စေ ပါတယ်....
.
★ ★ ဒါနဲ့ ဘုရားရှင်ဟာ .... အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ ( မလျှော့လွန်း မတင်းလွန်း ) လမ်းစဉ် ကိုရွေးချယ်ပါတော့တယ် .... ဒီလမ်းစဉ်ဟာနောင်အခါ ဘုရားရှင်တရားဟောတဲ့ အခါ အရေးအပါ ဆုံးတရားတော်ပါ ....
 .
ဒီလိုနဲ့ ၀ိသာခါနက္ခတ်နဲ့ယှဉ်တဲ့ .... ကုဆုန်လပြည့်နေ့ မနက်ခင်းမှာ .... ဘယ်ပြင်ပ တန်ခိုးရှင်အကူ အညီမျှ မပါပါပဲ .... မိမိကိုယ်တော်တိုင် ..ဗောဓိပင်ရင်းမှာထိုင်ပြီး တရားကျင့်ကြံခဲ့ပါတယ် ....
.
★ ★ ဒီအခါတစ်ခြားအယူဝါဒများရဲ့လွဲမှားတဲ့ နည်းလမ်းများကို တွေ့ရှိလာပါတယ် .... ဒုက္ခအပေါင်း အစနဲ့ ချုပ်ငြိမ်းရာ ... တရားများကိုကောင်းစွာသိမြင်လာပါတော့တယ် ... * ဘ၀ နှစ်သက်မှု တဏှာ * ဟာ ဆင်းရဲအပေါင်းရဲ့အရင်းခံဆိုတာသိလာရပါတယ် ....။
.
နောက်ဆုံးမှာတော့ သံသရာ ၀ဋ်ဆင်းရဲအပေါင်းကလွတ်မြောက်ကြောင်း ဟာ မဂ္ဂင် ( ၈ ) ပါးတရား သာဖြစ်တယ်ဆိုတာ ကိုယ်တွေ့သိလာရပါတယ် ....
.
★ ★ ★ အလောင်းတော် ဗောဓိသတ်ဟာ ... ဒီလိုနဲ့ ကဆုန်လပြည့်နေ့ ညဥ့် ဦးယံမှာ ... ရှေးဟောင်းနှောင်းဖြစ် အားလုံး ကို အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုသတိညဏ်တော် ....
.
★ ★ ★ သန်းခေါင်ယံမှာ ... လောကကြီးတစ်ခုလုံးကိုမျက်ဝါးထင်ထင် သိမ်းကျုံးမြင်နိုင်သော .... ဒိဗ္ဗစက္ခု ညဏ်တော်
.
★ ★ ★ အာရုဏ်တက်မယ့်ဆဲဆဲမှာ ... တစ်ထောင့်ငါးရာ ကိလေသာ အားလုံးစင်ကြယ် သဖြင့် အာသ၀က္ခယ ညဏ်တော် (သဗ္ဗညုတ ညဏ်တော် ) ရတော်မူလျှက် .... ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့ပါတယ် ....
.
★ ★ ဗုဒ္ဓဟာ ဘုရားအဖြစ်ရောက်တော်မူပြီနောက် ... မိမိကိုယ်တော်မြတ် အပေါ် ကျေးဇူးပြု  ဖူးသည့် သူများအား တရားဦးဖြင့် ကျေးဇူးတုံ့ဆပ်ရန် အကြံဖြစ်တော်မူပါတယ်
 .
ဒီအကြံအရ ဘုရားမဖြစ်မီ အလောင်းတော်ဘ၀က မိမိအား လောကီဈာန် အဘိညာဉ် ရအောင် ကျေးဇူးပြု ခဲ့ပေ ဖူးသော လောကီ ဆရာ အာဠာရရသေ့ကြီးနှင့် ဥဒကရသေ့ကြီးတို့ အဘယ်အရပ်၌ ရှိနေကြသည်ကို ဆင်ခြင်ကြည့်ရူတော်မူတဲ့အခါ  အာဠာရဆရာကြီး ကွယ်လွန်သည်မှာ ၇-ရက်မျှသာ ရှိသေးပြီး ဥဒကဆရာကြီးကား ယမန်နေ့ည သန်ခေါင်ယံ ကလေးကမှ ကွယ်လွန်သွားခဲ့တာကိုတွေ့ရပါတယ်  ဘ၀လွတ်မြောက်မူကို မရရုံသာမက သူတပါးဟော၍ပင် မနာကြားနိုင်သော ရုပ်ကိုယ်ခန္ဓာမရှိသည့် အရူပ ဗြဟ္မာဘုံ၌ ဖြစ်နေကြကြောင်း မြင်တော်မူခဲ့တဲ့အတွက်  ...
.
★ ★ “ဆုံးရူံးခြင်းကြီး ဆုံးရူံးကာ နစ်နာကြရှာလေစွ၊ ငါ့တရားကို နာရသော် လွတ်မြောက်ကြလေရာ၏” လို့ညည်းတွားတော်မူပါတယ်
.
★ ★ .လောကီဆရာ ဆိုတာ ကတော့ ခေတ်လောကအတတ်ပညာကိုအခကြေးငွေ ယူပီး သင်ကြားပေးသူပါ သံသရာမှလွတ်မြောက်ကြောင်း မဂ်တရား ဖိုဂ်တရား တွေသိအောင် နည်းပေးလမ်းပြ မပါ ပါဘူး ...
.
★ ★ ဗုဒ္ဓဘုရားရှင်မှာ  ... အလောင်းတော်ဘ၀က ကျေးဇူးရှိဘူးသူ လောကီဆရာတွေ ရှိခဲ့ ပါတယ် ...။
.
ဒီအခါမှာ ဗုဒ္ဓဟာ ... တရားဦးဟောကြားရန်အတွက်  ရာစုနှစ်ပေါင်းများစွာ ဘာသာတရားကိုင်းရှိုင်းရာ ... အတွေးအခေါ်ရင့်ကျက်ရာ .... အထင်ကရနေရာဒေ သဖြစ်တဲ့ ... ဗာရာဏသီပြည်ကို စတင်ကြွချီ  ခဲ့ပါတော့ တယ် ...
.
ဗုဒ္ဓဟာ ဘုရားအဖြစ်ရောက်တော်မူပြီးနောက်ပိုင်း ... ကျန်ဘ၀တစ်လျှောက်လုံး မိမိ ကိုယ်ကျိုး မပါ ... လူသားအားလုံးအကျိုးအတွက် ... မြင့်မြတ်တဲ့ သီလတွေကိုထိန်းပြီး ... လူသားအားလုံးအတွက် နမူနာကောင်းများ ကိုပြသဆောင် ကျဉ်း ခဲ့ပါတယ် ......။
.
ချမ်းမြေ့ကြပါစေရှင် ....
.