Thursday, January 1, 2015

ဆံ ေ တာ် ပါ ယ် ပြီး


မောင်လေးညီမလေးတို့ရေ ...
ရှင်တော်ဗုဒ္ဓသည် ... အလုံးစုံကို အကြွင်းမဲ့ သိမြင်သူမဟုတ်ပါ ဆိုပြီး ပိဋကပ်တော်တွေကို မိမိ ဖာသာ ပြင်ချင်သလို  ပြင်ရေးထားတဲ့ ခရစ်ယန် တရားဟောဆရာတစ်ယောက်ရဲ့ စွပ်စွဲချက် လေးပါ ...။
.
★ (((((( ရှင်တော်ဂေါတမသည်၊ ကိုယ်တိုင်ရှိစဉ် ကပင် မသိကြောင်းကို ထင်ရှားစွာဟောကြား ထားသည်ကို၊ ဗုဒ္ဓ၀င်ကျမ်းတို့၌ တိုက်ရိုက်ပြဆို သည်မှာ၊ ရှင်တော်ဂေါတမသည်၊ ဗေဓိညောင်ပင်သို့ရောက်၍၊ သတ္တဌာန၊ လေးဆယ့် ကိုးရက်စေ့ပြီးသည့်နောက်။
.
ကပ္ပိလ၀တ်ပြည်မှ မိမိထွက်လာစဉ်အခါက၊ ရှေးဦးစွာ လောကဈာန်ရှစ်ပါးကို၊ သင်ယူခဲ့ဘူးသော ပဌမဆရာ၊ အာဠာရရသေ့ထံ တရားစောသွားမည်ဟု့ အကြံရှိရာ၊ ၎င်းအကြံကို နတ်သားတယောက်က သိ၍ပြောသည်မှာ၊ အာဠာရရသေ့သည် လွန်ခဲ့သော ခုနှစ်ရက်မြောက်ကပင် သေဆုံးသွားပါပြီဟူ၍ ဆိုရလေ၏၊
.
တဖန်၊ ရှင်တော်ဂေါတမသည်၊ ဒုတိယ ဆရာဖြစ်သော ဥဒက ရသေ့ထံသို့သွားမည်ဟု အကြံရှိလေပြန်ရာတွင်၊ အထက်နည်းတူ နတ်သားက ဆိုလေသည်မှာ၊ ယမန်ညသံခေါင်းယံအချိန် ကပင် ၎င်းလည်းသေဆုံးသွားပြီ ဖြစ်ကြောင်းကြား ပြောလေ၏၊
.
ဤသည်ကို ကြည့်ခြင်းအားဖြင့်၊ ထိုရသေ့ဆရာညီနောင်တို့ ဆုံးသွားသည်ကိုပင် မသိကြောင်း ဗုဒ္ဓ၀င်တို့တွင် တိုက်ရိုက် ဖေါ်ပြထားလေသည်။
.
ထို့ကြောင့် ရှင်တော်ဂေါတမ၌ အကြွင်းမဲ့သိကြွမ်းသောနိုင်သော ဥာဏ်မရှိကြောင်းကို ရှင်းလင်းစွာ သိရှနိုင်ပေသည်။ ယခုဆိုပြခဲ့သောအရာတို့ကို မစဉ်းစားလိုသောသူတို့က၊ နတ်သားမပြောဘဲနှင့် သိပါသည်ဟူ၍ မပြောပါနဲဗျာ. မသိသည်ကို နှုတ်က တိုက်ရိုက်ဖွင့်ဟ နေသည်ကို အထင်အရှားသိလျက်ပင် လူ၏ ခေါင်းကို ဥာဏ်ပ၇ိယယ်စင်ပြီး ရှုပ်ထွေးသော စကားများကို ထက်မသုံးပါနဲ့တော့... ကထေဋက မျသာပုစ္ဆာဖြစ်မည်၊ အသိပေးလိုပါသည်။ ))))))
.....................................................................
★ ★ စွပ်စွဲချက်  အတွက်အဖြေပါ ....
.
အင်း .. သဗ္ဗေညုတ ဥါဏ်တော်ဆိုတာ ... အားအား ယားယား တစ်ချိန်လုံးမြင်နေတယ်လို့ထင်နေပုံပါပဲ ...  သဗ္ဗေညု ဥာဏ်တော်ဆိုတာဟာ  သိစရာရှိသမျှ အလုံးစုံကို သိချင်လို့ ဆင်ခြင်လိုက်ရင် အဆီးအတားမရှိ အကုန်အစင် သိမြင်တော်မူနိုင်တာကိုပြောတာပါ ...။
.
ဟုတ်ကဲ့ပါ ရှင် ရှင်ပြောတဲ့ စကားတွေဟာ ဘယ်ပိဋကတ် ကျမ်းမှာမှ မပါ ပါဘူးရှင် ....
( သဘာဝမကျတိုင်း ...လူတစ်ကာလက်ညှိုးထိုးတိုင်း ပြင်နေကျ ကျမ်းပိုင်ရှင်တွေဆိုတော့ ...  သူတို့လို ပဲလုပ်နေတယ်လို့ ထင်တာ မမှားပါဘူး )
.
★ ★ အလောင်းတော် သိဒတ္ထမင်းသားဟာ ဆံတော်ပါယ်ပြီးနောက် ....  တရားလှည့်လည်ရှာဖွေရင်း ပထမဆုံး ဆရာဦး အာဠာရ ရသေ့ နဲ့တွေ့ပါတယ် ...
.
★ ★ အာဠာရ ရသေ့ဟာ ... ကပိလ ရသေ့မြတ်ရဲ့ ... အရိုက်အရာခံ တပည့်ဖြစ်ပြီး ဝေသာလီမှာတန်ခိုးသြ ဇာ နောက် လိုက် အများဆုံးသော သူတော်စင်ပေါ့ ....သူဟာ ၀ိဥါဉ်ရဲ့ အရေးပါမှု ကို ဟောကြားတဲ့ သက္ထကနည်း ( ဒသနဗေဒ ) ကိုရှာဖွေတွေ့ရှိသူပါ ... ၀ိဥါဉ်ကိုမယုံကြည်ရင် ...ဘ၀လွပ်မြောက်မှာ မဟုတ်ဖူးလို့ ယုံကြည်နေသူပါ....
.
သူ့အယူကတော့ ပိုက်ကွန်တွင်းမိနေတဲ့ တောရိုင်းငှက်တစ်ကောင်ဟာ အနှောင်အဖွဲ့က လွတ်မြောက် သွား သလို .... ၀ိညာဉ်ဟာလဲ ရုပ်ခန္တာတည်းဟူသော အနှောင်အဖွဲ့က ကင်းကွာသွားတာနဲ့ လွတ်မြောက် သွားတာပဲ ...ဒါကြောင့် ဒီဝိညာဉ်ကြီးဟာ အနှောင်အဖွဲ့ ကင်းလွတ်ရင် စစ်မှန်တဲ့ လွတ်မြောက်မှူ ရတာပဲ လို့ဆိုပါတယ်  ....
.
ဒီသွန်သင်ဆုံးမမှုကို အလောင်းတော်ဗောဓိသတ်က မနှစ်သက်တာနဲ့ ...ဆရာအရှင်ကို ဦးခိုက်ကန်တော့ .... တရားထူး ရလျှင်အရင်ဆုံး ဆရာ့ဆီပြန်လာခဲ့ပါ့မယ်ဆိုတဲ့ ကတိနဲ့ လက်ဦးဆရာ အရှင်ဆီမှ ရိုသေစွာ ဖယ်ခွာခဲ့ပါတယ် .....  ဒီဆရာဆီကနေ .. စတုတ္ထဈာန်ဘုံရောက်နိုင်တဲ့ ဈာန်ရရှိခဲ့ပါတယ် ...
.
★ ★ ဒိနောက် အလောင်းတော်ဗောဓိသတ်ဟာ ဥဒက ရသေ့ထံ ပညာဆည်းပူးပြန် ပါတယ် ဥဒကဟာလဲ အတ္တကောင် ၀ိညာဉ်ကိုပဲ အကျယ်ချဲ့ဟောပြန်ပါတယ် ...
.
သို့ပေမယ့် ကမ္မရဲ့ အကျိုးသက်ရောက်မှုနဲ့ သတ္တ၀ါများသေလွန်တဲ့အခါ သည် ၀ိညာဉ်ကြီးဟာ ရုပ်နာမ် တစ်ခုကနေ နောက်တစ်ခုကိုပြောင်းလဲဖြစ်တည်မှုကို  အထူးဟောပြောပါတယ် ....
.
ဒီအခါမှာအလောင်းတော်ဟာ ... ကံ ကံ၏ အကျိုးကို တွေရှိခဲ့ပါတယ် ... ဒါပေမယ့် ၀ိညာဉ်ရဲ့ ဖြစ်တည်မှု ...ပြောင်းလဲဖြစ်တည်မှု တို့ကို ဘ၀င်မကျတဲ့အတွက် ယ္ခင်နည်းအတိုင်းပဲ ... ဆရာအရှင် ဥဒကကိုလဲ ဦးခိုက်ကန်တော့လျှက် တရားထူးရလျှင် ..အရင်ဆုံးဆရာ နှစ်ပါးထံ ပြန်လာ ၍ မျှဝေပါ့မယ်လို့ ကတိပြု ပြီး  ... ဆရာ အရှင် ဥဒကကိုစွန့်ခွာပြန်ပါတယ် ....
.
★ ★ တစ်ဖန် ကျောင်းထိုင်ရဟန်းများထံ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်း ရှာပြန်ပါတယ် ... သို့သော် လဲ မလိုလားပါပဲ .. ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လည်လှီး ... ယဇ်ပူဇော်တဲ့ အမှုတွေကို တွေ့ရတဲ့ အခါမှာ ... ဒီအမှုတွေဟာ အလောင်းတော်ရဲ့ ... နူးညံ့သိမ်မွေ့လှတဲ့စိတ်နှလုံးကို ကြီးစွာ ထိခိုက်စေ ခဲ့ပါတယ် ....
.
★ ★ ဒီလိုနဲ့ အလောင်းတော်ဟာ ဝေသာလီကထွက်ခဲ့ပြီး ...  ကောဏ္ဍညခေါင်းဆောင်တဲ့ ဥဒကရဲ့ တပည့် ( ၅ ) ဦးရှိရာ .... ဥရုဝေလတောဆီ ရောက်ရှိခဲ့ပါတယ် ... (ကောဏ္ဍည ဆိုတာက ဘုရားရှင်ဖွားတော်မူတော့ ... ဆံတော်တွေပါယ်သတ် ဦးပြည်းကတုံးနဲ့ ချိုးခြံစွာ ကျင့်မယ် ဘုရားသာဧကန်မုချဖြစ်လိမ့်မယ် လို့ ဟောမိလို့ နန်းတော်က နှင်ထုတ်ခံရတဲ့ ပုဏ္ဏားပေါ့ ... ဘုရင်ကစင်္ကြ၀တေးမင်းဖြစ်စေချင်တာကိုး )
.
ဒီငါးဦးဟာ ... အာရုံများနဲ့ တပ်မက်မှု (လောဘ) ကိုချုပ်ထိန်းပြီး စိတ်ရဲ့ အလိုကို မလိုက်ပဲ ပြင်းစွာ ကျင့်ကြံအားထုတ်သူတွေပေါ့ .... သူတို့ကျင့်တဲ့ * အတ္တ ကိလမထာနုယောဂ * ကျင့်စဉ်ဟာ ထိုစဉ်က အိန္ဒိယ မှာ အစင်ကြယ်ဆုံးအကျင့်ပေါ့ .... ကျင့်နိုင်သူသိတ်ရှားပါးတာ ....။
.
★ ★ အလောင်းတော် ဗောဓိသတ်ဟာ ... ( ၆ ) နှစ်တိုင်တိုင်  အတ္တ ကိလမထာနုယောဂ  ဆိုတဲ့ ဒုက္ခရစရိယ အကျင့်ကို ဆရာတွေဆီမှာ လေ့လာ ကျင့်ကြံပြီး ..ကိုယ်ခန္တာကို ဒီလို ညှင်းပန်းလေ .... ပန်းတိုင်နဲ့ ဝေးကွာလေဆိုတာသိလာရပါတယ် ...
.
ဒါကြောင့်  ... စိတ်အလိုကိုလိုက်ခြင်း .... ကိုယ်ကို ညှင်းပန်းနှိပ်စက်ခြင်းဆိုတဲ့ ...အစွန်းနှစ်ခုကို ရှောင်ပြီး လွတ်ကင်းတဲ့ လမ်းကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ် ....
.
စိတ်အလိုကိုလိုက်ခြင်း ဆိုတဲ့ ပထမအစအစွန်းက စိတ်ဓါတ်ကြံ့ခိုင်မှုကိုဟန့်တားစေပြီး .... ကိုယ်ကိုညှင်းပန်းနှိမ်စက်ခြင်း ဆိုတဲ့ ဒုတိယအစွန်းကတော့ ပညာအရည်အသွေးကို အားပျော့စေ ပါတယ်....
.
★ ★ ဒါနဲ့ ဘုရားရှင်ဟာ .... အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ ( မလျှော့လွန်း မတင်းလွန်း ) လမ်းစဉ် ကိုရွေးချယ်ပါတော့တယ် .... ဒီလမ်းစဉ်ဟာနောင်အခါ ဘုရားရှင်တရားဟောတဲ့ အခါ အရေးအပါ ဆုံးတရားတော်ပါ ....
 .
ဒီလိုနဲ့ ၀ိသာခါနက္ခတ်နဲ့ယှဉ်တဲ့ .... ကုဆုန်လပြည့်နေ့ မနက်ခင်းမှာ .... ဘယ်ပြင်ပ တန်ခိုးရှင်အကူ အညီမျှ မပါပါပဲ .... မိမိကိုယ်တော်တိုင် ..ဗောဓိပင်ရင်းမှာထိုင်ပြီး တရားကျင့်ကြံခဲ့ပါတယ် ....
.
★ ★ ဒီအခါတစ်ခြားအယူဝါဒများရဲ့လွဲမှားတဲ့ နည်းလမ်းများကို တွေ့ရှိလာပါတယ် .... ဒုက္ခအပေါင်း အစနဲ့ ချုပ်ငြိမ်းရာ ... တရားများကိုကောင်းစွာသိမြင်လာပါတော့တယ် ... * ဘ၀ နှစ်သက်မှု တဏှာ * ဟာ ဆင်းရဲအပေါင်းရဲ့အရင်းခံဆိုတာသိလာရပါတယ် ....။
.
နောက်ဆုံးမှာတော့ သံသရာ ၀ဋ်ဆင်းရဲအပေါင်းကလွတ်မြောက်ကြောင်း ဟာ မဂ္ဂင် ( ၈ ) ပါးတရား သာဖြစ်တယ်ဆိုတာ ကိုယ်တွေ့သိလာရပါတယ် ....
.
★ ★ ★ အလောင်းတော် ဗောဓိသတ်ဟာ ... ဒီလိုနဲ့ ကဆုန်လပြည့်နေ့ ညဥ့် ဦးယံမှာ ... ရှေးဟောင်းနှောင်းဖြစ် အားလုံး ကို အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုသတိညဏ်တော် ....
.
★ ★ ★ သန်းခေါင်ယံမှာ ... လောကကြီးတစ်ခုလုံးကိုမျက်ဝါးထင်ထင် သိမ်းကျုံးမြင်နိုင်သော .... ဒိဗ္ဗစက္ခု ညဏ်တော်
.
★ ★ ★ အာရုဏ်တက်မယ့်ဆဲဆဲမှာ ... တစ်ထောင့်ငါးရာ ကိလေသာ အားလုံးစင်ကြယ် သဖြင့် အာသ၀က္ခယ ညဏ်တော် (သဗ္ဗညုတ ညဏ်တော် ) ရတော်မူလျှက် .... ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့ပါတယ် ....
.
★ ★ ဗုဒ္ဓဟာ ဘုရားအဖြစ်ရောက်တော်မူပြီနောက် ... မိမိကိုယ်တော်မြတ် အပေါ် ကျေးဇူးပြု  ဖူးသည့် သူများအား တရားဦးဖြင့် ကျေးဇူးတုံ့ဆပ်ရန် အကြံဖြစ်တော်မူပါတယ်
 .
ဒီအကြံအရ ဘုရားမဖြစ်မီ အလောင်းတော်ဘ၀က မိမိအား လောကီဈာန် အဘိညာဉ် ရအောင် ကျေးဇူးပြု ခဲ့ပေ ဖူးသော လောကီ ဆရာ အာဠာရရသေ့ကြီးနှင့် ဥဒကရသေ့ကြီးတို့ အဘယ်အရပ်၌ ရှိနေကြသည်ကို ဆင်ခြင်ကြည့်ရူတော်မူတဲ့အခါ  အာဠာရဆရာကြီး ကွယ်လွန်သည်မှာ ၇-ရက်မျှသာ ရှိသေးပြီး ဥဒကဆရာကြီးကား ယမန်နေ့ည သန်ခေါင်ယံ ကလေးကမှ ကွယ်လွန်သွားခဲ့တာကိုတွေ့ရပါတယ်  ဘ၀လွတ်မြောက်မူကို မရရုံသာမက သူတပါးဟော၍ပင် မနာကြားနိုင်သော ရုပ်ကိုယ်ခန္ဓာမရှိသည့် အရူပ ဗြဟ္မာဘုံ၌ ဖြစ်နေကြကြောင်း မြင်တော်မူခဲ့တဲ့အတွက်  ...
.
★ ★ “ဆုံးရူံးခြင်းကြီး ဆုံးရူံးကာ နစ်နာကြရှာလေစွ၊ ငါ့တရားကို နာရသော် လွတ်မြောက်ကြလေရာ၏” လို့ညည်းတွားတော်မူပါတယ်
.
★ ★ .လောကီဆရာ ဆိုတာ ကတော့ ခေတ်လောကအတတ်ပညာကိုအခကြေးငွေ ယူပီး သင်ကြားပေးသူပါ သံသရာမှလွတ်မြောက်ကြောင်း မဂ်တရား ဖိုဂ်တရား တွေသိအောင် နည်းပေးလမ်းပြ မပါ ပါဘူး ...
.
★ ★ ဗုဒ္ဓဘုရားရှင်မှာ  ... အလောင်းတော်ဘ၀က ကျေးဇူးရှိဘူးသူ လောကီဆရာတွေ ရှိခဲ့ ပါတယ် ...။
.
ဒီအခါမှာ ဗုဒ္ဓဟာ ... တရားဦးဟောကြားရန်အတွက်  ရာစုနှစ်ပေါင်းများစွာ ဘာသာတရားကိုင်းရှိုင်းရာ ... အတွေးအခေါ်ရင့်ကျက်ရာ .... အထင်ကရနေရာဒေ သဖြစ်တဲ့ ... ဗာရာဏသီပြည်ကို စတင်ကြွချီ  ခဲ့ပါတော့ တယ် ...
.
ဗုဒ္ဓဟာ ဘုရားအဖြစ်ရောက်တော်မူပြီးနောက်ပိုင်း ... ကျန်ဘ၀တစ်လျှောက်လုံး မိမိ ကိုယ်ကျိုး မပါ ... လူသားအားလုံးအကျိုးအတွက် ... မြင့်မြတ်တဲ့ သီလတွေကိုထိန်းပြီး ... လူသားအားလုံးအတွက် နမူနာကောင်းများ ကိုပြသဆောင် ကျဉ်း ခဲ့ပါတယ် ......။
.
ချမ်းမြေ့ကြပါစေရှင် ....
.

No comments:

Post a Comment