Showing posts with label ဘာသာခြားအမေးအဖြေများ. Show all posts
Showing posts with label ဘာသာခြားအမေးအဖြေများ. Show all posts

Friday, December 15, 2017

အတိတ်က ကံပါလာရင် ဘယ်လိုကြိုးစားကြိုးစား အရာမထင်ဘူး ၊ ကြိုးစားက ဘုရားဖြစ် စကား၂မျိုး

မောင်လေး ညီမလေးတို့ရေ ……

Zeyar Mg ဆိုတဲ့ အစ္စလာမ် ဘာသာဝင်တစ်ယောက် ရေးတာကို ဗုဒ္ဓဘာသာဝင် မောင်လေး တစ်ယောက်က သူလည်း အဲ့တာကို ဘ၀င်မကျဘူး မနူးရှင်းပြပါဆိုပြီးလာမေးတာနဲ့ သူ့ကိုရှင်းပြ ထားတာလေးကို နည်းနည်းထပ် ဖြည့်ပြီး မောင်လေး ညီမလေးတို့ လည်း သိရအောင် ပိုစ့်တင်ပေး တာပါ ။
သူတစ်ပါး ဘာသာကိုတော့ မဆဲရဘူးနော် ခလေးတို့ ….
.
စဉ်းစား နော် သင်ဘယ်လောက်ပဲ ဝီရိယ အားကောင်းကြိုးစားပါစေ အတိတ် ကုသိုလ် ကံ ပါမလာရင် သင်ကြိုးစား တိုင်း မရနိုင်ဘူးတဲ့


ဘယ်အရာမဆို ကြိုးစားရင် ဘုရား တောင်ဖြစ်နိုင်တယ် တဲ့


ဟယ် ဘယ်လိုကြီးလဲ ဟ အထင်ကြီးအောင်ပြောနေတာလား ဟ
......... ၀၀၀၀၀ .......
.
ဒါက ဘုရားရှင်က လောက သစ္စာ ရှုထောင့်နဲ့ လောကီပစ္စုပ္ပန်ကြိုးစားအားထုတ်မှု ရှုထောင့် နှစ်မျိုး ကို ရည်ရွယ်ထားတာပါ။
နှစ်မျိုးလုံးက ကံ( ကုသိုလ် ၊ အကုသိုလ်) ကိုပဲ အတိတ် ပစ္စုပ္ပန် နဲ့ သံသရာ အတွက် ရည်ရွယ်ပြီး ဟောတာပါ။
.
သင်ဘယ်လောက်ပဲ ဝီရိယအားကောင်းကြိုးစားပါစေအတိတ် ကုသိုလ် ကံ ပါမလာရင် သင်ကြိုးစား တိုင်း မရနိုင်ဘူး .......
ဆိုတဲ့ စကားစွန်း …..
.
နူးတို့ဗုဒ္ဓဘာသာက ကံ ကံရဲ့ အကျို ဆိုတာ ....
သတ္တ၀ါ တစ်ခုဟာ လူ့ဘ၀ကိုရောက်မယ့် ကံက အကျိုးပေးရင် လူ့ဘ၀ကိုရောက်မယ်။
ငရဲကနေ လွတ်လာတဲ့သူ လူ့ဘ၀ရောက်တာရှိမယ်။
တိရစ္ဆာန် ဘ၀ကနေ လွတ်မြောက်ပြီး လူ့ဘ၀ရောက်တာရှိမယ်။
ဆိုပါတော့ အပါယ်လေးဘုံကနေ လွတ်မြောက်ပြီး လူ့ဘ၀ရောက်တာ ရှိမယ်ပေါ့။


.
တချို့က အချောက်တွေဖြစ်ကြတယ်
တစ်ချို့က ပိုလီယို
တစ်ချို့က ဥဏှောက်မပြည့်စုံ
တချို့က သူထွက်လာတဲ့ ငရဲရဲ့ အရှိန်မသေတဲ့အတွက် ပစ္စုပ္ပန်ငရဲမှာ လူဖြစ်သော်ငြား ငရဲဆက်ခံနေရရင် ခံရမယ်။
.
သို့မဟုတ် အကုသိုလ်ကံ ကုန်ပြီး ကုသိုလ်ကံတွေ အများကြီးက အကျိုးပေးချိန်တန်လို့ နတ်ဘုံ သို့မဟုတ် ချမ်းသာတဲ့ အသိုင်းအ၀ိုင်း မင်းစိုးရာဇာ မှာဖြစ်ချင်ဖြစ်မယ်။
.
တိရစ္ဆာန်ဘ၀က မိမိပြုခဲ့တဲ့အကုသိုလ်ကံတွေပေးဆပ်ပြီး လွပ်လာတော့ လူပြန်ဖြစ်ချင်ဖြစ်မယ်။
.
အကုသိုလ်ကံ အကြွင်းအကျန်ကြောင့် သူတောင်းစားလို လမ်းမှာနေချင်နေရမယ် ။
.
တိရစ္ဆာန်တွေလိုပဲ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေ ရှာဖွေစားချင်စားရမယ်။
( အာရဗ် ဒေသတွေမှာတော့ အမှိုက်ပုံက နံပြား ခရမ်းချဉ်သီး ဂေါ်ဖီတွေ ရှာဖွေကောက်စား နေသူတွေ နေရာတိုင်း ရှိသပေါ့ )
.
သို့မဟုတ် ရူးပြီး လမ်းရိုးလျှောက် လမ်ကဟာ ကောက်စားတာတွေ ဖြစ်ချင်ဖြစ်နေမယ်။ လက်ကျန် အကုသိုလ်ကံတွေ က ဆက်ပြီး အကျိုးပေးနေတာကိုး။
.
အကုသိုလ်ကံ လက်ကျန် ရင့်ကျက် အကျိုးပေးချိန်တန်တာ မရှိသေး ရင်တော့ ပုံမှန် အလယ် အလတ် တန်းစား မိဘဆီမယ် သို့မဟုတ် ချမ်းသားတဲ့ မိဘ သို့မဟုတ် မင်းစိုးရာဇာ မိဘ သို့မဟုတ် ကိုယ်တိုင် မင်းစိုးရာဇာ အဖြစ် အကျိုးပေးတဲ့ ကုသိုလ်ကံအလိုက် ပဋိသန္ဓေ တည်လိမ့်မယ်။
.
ဒီလို ကံကြောင့်ဖြစ်လာတဲ့ ဘ၀ ကိုတော့ ဘယ်လိုမှ ပြောင်းလဲလို့မရစကောင်းဘူး ရယ်။
.
ဆိုလိုတာ .... Stephen Hawking တို့လို ဂီလာနတွေ ဆိုပါတော့ လောကမှာ သူကြိုးစားသလောက် နာမည်ကြီးပေမယ့် သူ့အတိတ်ကံကြောင့် ခံနေရတဲ့ ပစ္စုပ္ပန် ငရဲ လိုကခေါ်တဲ့ ဂီလာန ဘ၀က လွတ်အောင်လို့ ဘယ်လိုပဲ ကြိုးစား ကြိုးစား မရနိုင်ပါဘူး ။
ဒီသဘောပါပဲ ...။
.
ဒါဟာ ဗုဒ္ဓမိန့်တော်မူတဲ့ အတိတ်က အကုသိုလ်ကံပါလာရင် ဘယ်လိုမှ ပြောင်းလဲလို့မရဘူးဆိုတဲ့ စကားပါ။
.
နောက်တစ်ခုက …..
ဘယ်အရာမဆို ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ် …. ဆိုတဲ့စကားစွန်း
.
လောက သုံးပါးလို့ခေါ်တဲ့ ( ၃၁ ) ဘုံမှာ လူ့ဘ၀ဟာ ရဘို့ အခက်ခဲဆုံးဖြစ်တဲ့အပြင် ကုသိုလ် အကုသိုလ်နဲ့ ပါတ်သက်ရင် ကောင်းမှု မကောင်းမှု အစွန်း ( ၂ ) ဖက်လုံးကို ကျူးလွန်လို့ရတဲ့ ရခဲသလို သိပ်လည်းကြောက်စရာကောင်းတဲ့ ဘုံဖြစ်ပါတယ်။
.
လူ့ဘုံမှာလေ .....
.
မိမိကိုယ်ကို အရိုင်းအစိုင်းဇာတ်သွင်းပြီး အကုသိုလ်ကံတွေ ကျူးလွန်ပြီဆိုရင်လည်း ......
.
မိမိသားသမီး နဲ့ မိမိသားအရွယ် သမီးအရွယ် မြေးအရွယ် လူမမယ်တွေ ကို ပြန်မုဒိမ်းကျင့်တဲ့ ပြန်သတ်ဖြတ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ အကုသိုလ်ကံ တွေအပြင်
.
ဒီကမ္ဘာပျက်ရင်တောင် နောက်ကမ္ဘာကိုပြောင်း ငရဲခံရမယ့် မိမိ မိဘကို ပြန်သတ်တဲ့ အဆိုးရွားဆုံး အကုသိုလ်ကံဖြစ်တဲ့ ပဉ္စနန္တိယ ကံအထိ ကျူးလွန်နိုင်သလို
.
အမြင့်မြတ်ဆုံး ကုသိုလ်ကံဖြစ်တဲ့ လောကလူသားတွေကို ကယ်တင်တဲ့ ဗုဒ္ဓ မြတ်စွာဘုရား
.
ပြီးတော့ ပစ္စေကဗုဒ္ဓ ရဟန္တာ တွေစတဲ့ သံသရာဖြတ်ပြီး မိမိကိုယ်ကို
သံသရာ က လွတ်မြောက်တဲ့ အထိ ကြိုးစားလို့ရပါတယ် ဆိုတဲ့ သဘောကိုပြောတာပါ ။
အဆိုးဆုံး အကောင်းဆုံး အလယ်အလတ် အားလုံး ပြုလို့ရတဲ့ ဘုံက လူ့ဘုံတစ်ခုထဲပါ။
.
အချုပ်ဆိုရရင် .....
.
အတိတ်ကပြုခဲ့တဲ့ ကံတွေနဲ့ ဖြစ်တည်လာတဲ့ ဘ၀ကို ဘယ်လိုပဲ ပြောင်းဘို့ကြိုးစားသော်လည်း မရစကောင်းပေမယ့်။
လက်ရှိ ပစ္စုပ္ပန်ဘ၀မှာ ကြိုးစားရင် သံသရာမှာ လူ့ဘုံ နတ်ဘုံ ဗြဟ္မ ဘုံ မကလို့ မင်းစိုးရာဇာ စင်္ကြ၀တေးမင်းမပြောနဲ့ဘုရားအထိ တောင်ဖြစ်နိုင်တယ်လို့ဆိုလိုတာပါ။
.
အတိတ်ကံက ဖန်လာတာကို ပြင်မရပေမယ့် ပစ္စုပ္ပန် မှာ အနာဂါတ် ဆိုတဲ့ သံသရာ အကျိုးအတွက် ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ် ဆိုတဲ့ အဓိပါယ်ပါ ။
.
ဒီလောက်ဆို ဒီစကားစွန်းနှစ်ခုရဲ့ အဓိပ္ပါယ်ကို သဘောပေါက်ပြီထင်ပါတယ်။
.
ဒီတော့ မောင်လေး ညီမလေးတို့က …..
.
သူတစ်ပါး ဘ၀ကိုဖျက်ဘို့ကြိုးစားမှာလား
သူတစ်ပါး ဘ၀လေးတွေကိုကယ်တင်ဘို့ကြိုးစားမှာလား
.
သူတစ်ပါးဆီက သို့မဟုတ် လောကဆီက လူသားအချင်းချင်းဆီက မတရားယူမှာလား
သူတစ်ပါးအတွက် မိမိကိုယ်ကို စွန့်လွှတ်မှာလား မိမိရှိတာကိုစွန့်ကြဲမှာလား
.
NayMyo Bala ဆိုတဲ့ မောင်လေး တို့လို ကုန်စိမ်းရောင်းရပေမယ့် နေ့စဉ်ရတဲ့ အမြတ်လေးကို ဖဲ့စုပြီး နှစ်စဉ် ကထိန်ခင်းနိုင်အောင်စုပြီး အပါယ်တံခါးပိတ်အောင်ကြိုးစားမှာလား
.
သူတစ်ပါး ကုသိုလ်ကောင်းမှုပြုတာတွေကို ကဲရဲ့နေမှာလား။
ကုသိုလ်ကောင်းမှု ပရဟိတကိုအကြောင်းပြုပြီး လောကီကောင်းစားရေးအတွက် သံသရာနဲ့ ရင်းမှာလား။
.
သူတစ်ပါး သမီးပျိုကို အယုံသွင်း ဖျက်စီးဘို့ကြိုးစားမှာလား
ခိုး ဆိုး လု ယက် မှာလား
.
ကိုရီးယားကားတွေကြည့်ပြီး ကိုရီးယားစိတ်တွေ အတုယူပြီး အိမ်ကမိဘကို နင်ပဲငဆ ရိုင်းစိုင်းပြီး ဆန့်ကျင်ဘက်လိင်တွေနဲ့ကျ တိတ်တဆိတ် ခြေထောက်ဖက် အောက်ကျို့နေတဲ့ သားယုတ် သမီးယုတ် ၊ သားမိုက် သမီးမိုက် အရိုင်းအစိုင်းတွေ လုပ်မှာလား
.
မိဘကို သေတပန် သက်တစ်ဆုံး မညီး မညူ ရိုသေစွာစောင့်ရှောက်တဲ့ နတ်တွေကတောင် လက်အုပ်ချီအရိုအသေပေးရတဲ့ မြင့်မြတ်တဲ့ သားသမီးတွေလုပ်မှာလား
.
ပညာတတ်ကြီးဖြစ်အောင်ကြိုးစားမှာလား
ဘုရားရဟန္တာဖြစ်အောင်ကြိုးစားမှာလား။
.
လာမယ့်ဘ၀မှာအပါယ်တံခါးပိတ်စေမယ့် ကသိုလ်တွေပြုပြီး သံသရာကနေလွတ်မြောက်ရာလမ်းမပေါ်ရောက်အောင် ဒါန သီလ ဘာဝနာ အတိုင်းအတာ တစ်ခုထိ ရအောင်ဖြည့်ကျင့်သွားမှာလား။
.
လောက လူသားတွေအတွက် မိမိကိုယ်ကို စွန့်သူ လုပ်မှာလား။
ကြိုက်တာကို လွပ်လပ် လွယ်ကူစွာဖောဖော သီသီ ရွေးလို့ရတယ် ခလေးတို့ ……
သံသရာနဲ့ယှဉ်ရင် လူ့ဘ၀က တိုတိုလေးရယ်
.
အဖိုး အခ အကျိုး အမြတ်က လောလောဆယ် ပေးစရာ ယူစရာ မလိုဘူး။
သံသရာ မှာ အတိုးနဲ့ ရမယ်လေ ….
.
ကဲ ….
ဘယ်လိုလဲ ??????
.
ချမ်းမြေ့ကြပါစေရှင် .....


ကောင်းမှု မကောင်းမှုကို ဘယ်အရာက သတ်မှတ်ပြဌာန်းလဲ

မောင်လေး ညီမလေးတို့ရေ ……
ကောင်းမူ
မကောင်းမူ
ကို ဘယ်အရာက
သတ်မှတ်ပြဌာန်းထားပေးတာလည်း
မိမိ အယူဝါဒ အရ
ကောင်းမူ မကောင်းမူကို ဘယ်အရာက သတ်မှတ်ပြဌာန်းထားပြီး
ဘယ်အရာက ခွဲခြမ်းစိတ်ဖြာ စိစစ်ပြီး
အကျိုးတရားတွေ့ကို တိကျစွာ ပြန်ပေးနေတာလည်း
ဆိုတာ
သိတဲ့သူတွေ့ ပြောပြပေးကြည့်ပါလား …….. တဲ့
…….. 0000 ……..
မေးခွန်းကိုယ်တိုင်က မှားနေပါတယ်
ဘယ်အရာကို ကောင်းမှု ဘယ်အရာကို မကောင်းမှုလို့ သတ်မှတ်သလဲလို့မေးတာလား
ကောင်းမှု မကောင်းမှုကို ဘယ်သူကသတ်မှတ်တယ်လို့မေးတာလား
ကောင်းမှု မကောင်းမှုကို ဘယ်အရာတွေကပြုတာလဲလို့မေးတာလားမသဲကွဲဘူး
ထားပါတော့ သုံးခုလုံးဖြေလိုက်ပါ့မယ် ….
.
ဒါပေမယ့် ဗုဒ္ဓ ရဲ့ အဆုံးအမနဲ့ ဖြေရမှာမို့ ဗုဒ္ဓဘာသာ အသုံးအနှုံးတွေကို မိမိတို့ဘာသာမှာ ယူမသုံးကြဘို့တော့ တောင်းပန်ပါရစေ
တောင်းပန်လည်းသုံးကြတာ ပါပဲ ။ ခုပဲ ဒေသစာရီကြွချီတယ် လုပ်ကုန်ပြီလေ။
.
ကောင်းမှု မကောင်းမှုကို လောက က သတ်မှတ်တယ် ပြဌာန်းတယ် စီရင်ဆုံးဖြတ်တယ်။ ဒါကိုလောက နိယာမလို့ခေါ်တယ်။
.
ဗုဒ္ဓ၀ါဒက လောကရဲ့ သစ္စာတရား အမှန်တရား လောက နိယာမ တရားကို လူတွေရဲ့ အသိစိတ်ထဲ ရောက်အောင် မီးမောင်းထိုးပြတဲ့ ဘာသာဖြစ်လို့ ….
လောက က သတ်မှတ် ဆုံးဖြတ် ပြဌာန်း အပြစ်ပေးတဲ့ လောကနိယာမကို ဗုဒ္ဓက လူတွေရဲ့ အသိစိတ်ထဲ ရောက်အောင် ဆုံးမ လမ်းပြတယ်။
သံသရာရဲ့ မာယာက လွပ်မြောက်ဘို့ နည်းလမ်းတွေ အများကြီး လမ်းပြတော်မူခဲ့တယ်။
.
အချုပ်ဆိုရရင်
ဗုဒ္ဓ၀ါဒဆိုတာ လောကနိယာမ လောကသစ္စာတရားကို လိုက်နာတဲ့ ၀ါဒဖြစ်တဲ့အတွက် ကောင်းမှု မကောင်းမှု ကို ဗုဒ္ဓ၀ါဒကလည်း လောကရဲ့ ပြဌာန်းချက်အတိုင်း သတ်မှတ် ဆုံးဖြတ်တယ် လို့ ဖြေရလိမ့်မယ်။
.
ဒါပေမယ့် ဗုဒ္ဓရဲ့ တန်ခိုးတော်နဲ့ပညတ်တော် မူခဲ့တဲ့ ပညတ်တော် တွေလည်းရှိတယ် ။
ကံ ( ၅ ) ပါးလိုမျိုးပေါ့ ၊ ဗုဒ္ဓဘာသာဝင်အများစု အတတ်နိုင်ဆုံး လိုက်နာကြပါတယ်။
ရဟန်းတွေအတွက်လည် ၀ိနည်းတွေ ရှိတယ်။
.
ဗုဒ္ဓ ၀ါဒက
ကိုယ်ချင်းစာ တရား
မိမိရဲ့ သတိ ၊ ပညာ ဦးစီးတဲ့ ဓမ္မနဲ့ ဆုံးဖြတ်မှု အပေါ်မှာ အခြေခံတယ်။
ဗုဒ္ဓက ကောင်းမှု မကောင်းမှုကို ဓမ္မ ၊ အဓမ္မ နဲ့ လည်း ခွဲခြားသတ်မှတ်ခဲ့တယ်
.
ဗုဒ္ဓက မကောင်းမှုနဲ့ ပတ်သက်ပြီး သွန်သင် ဆုံးမ လမ်းပြခဲ့တာတွေအများကြိးရယ်။ မရေတွက်နိုင်ဘူး။
ဒီထဲက နှစ်ခု သုံးခုလောက် ပြောပြမယ်။
ဗုဒ္ဓသင်ပြသမျှ အားလုံးဟာ လောက က သတ်မှတ်ပြဌာန်းတဲ့ အရာတွေချည်းပါပဲ ။
.
ဗုဒ္ဓက …..
ကိုယ်ကြိုက်တာကို ကိုယ်လုပ် ကိုယ်မကြိုက်တာကို ကိုယ်မလုပ်နဲ့ တဲ့ ။
ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ ကောင်းမှု
ကိုယ်မကြိုက်တာကို ကိုယ်လုပ်တာမကောင်းမှုပေါ့ …..
.
ဥပမာ ဆိုပါစို့ …. မုဆိုးက သားကောင်ကို မြားနဲ့ ပစ်တယ် သားကောင်ဟာ ဆံ့တငန့်ငန့်နဲ့ မချိမဆံ့သေသွားတယ်။
မိမိလည်မျိုးကို မြားနဲ့ ပစ်လို့ မိမိ မချိမဆံ့သေရရင် မိမိကြိုက်မလား …..
မိမိကိုးကွယ်တဲ့ ဘုရားကို ဘာသာခြားတစ်ယောက်က မကောင်းပြောတာကို ကြိုက်လား …..
မကြိုက်ဘူးလေ ….
ဒီတော့ ကိုယ့်ကို လုပ်ရင် မကြိုက်တဲ့အရာတစ်ခုကို ကိုယ်ကလည်း သူများကို သွားမလုပ်မိစေနဲ့ပေါ့ …. အဲ့တာ ကိုယ်မကြိုက်တာကို ကိုယ်လည်းမလုပ်နဲ့လို့ဆိုတာ။
.
မိမိကို လူတွေချစ်ခင်တာကို ကြိုက်တယ် ….
မိမိအပေါ် လူတွေ ကမေတ္တာထားတာကိုကြိုက်တယ် ….
မိမိဘာသာကို လူတွေက မိမိရဲ့ ကိုယ်နှုတ် စောင့်ထိန်းမှုကြောင့် သြော် သူတို့ဘာသာ အဆုံးအမက ကောင်းသားပဲလို့ ပြောတာ ကြိုက်တယ်ဆိုရင်
မိမိက စပြီးတော့လူတွေကို လည်း အဲ့ဒီလို ပြန်ဆက်ဆံသင့်တာပေါ့။
အဲ့တာကို ကိုယ်ကြိုက်တာကိုပဲ ကိုယ်လုပ်လို့ဆိုတဲ့သဘောပဲ ။
.
မိမိ မကြိုက်တဲ့ ပြော ဆို ပြု မူ ဆက်ဆံ မှုမျိုးကို မိမိကလည်း သူတစ်ပါးကို သွားပြီး မပြုမူ မိ စေနဲ့ပေါ့ ။
.
ဒါကို ကိုယ်ချင်းစာ တရား လို့ ခေါ်တယ် ။
ကိုယ်ချင်းစာ တရား ရှိတဲ့ ၀ါဒဟာ လောကမှာ ဗုဒ္ဓ၀ါဒ တစ်ခုပဲရှိတယ်။
………… ၀၀၀၀၀ ………
လောက ( လောက လူသားတွေ ) ကို အကျိုးယုတ်စေမယ့်အရာ
လောက ( လောကလူသားတွေ ) က လက်မခံတဲ့ အရာ လောက ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ အရာတွေဟာ အဓမ္မ ဖြစ်တဲ့အတွက် အဓမ္မ မကြီးစိုးရအောင် ဖယ်ရှားရှင်းလင်းရမယ်တဲ့ ….
.
ဥပမာ
အနီးစပ်ဆုံးဥပမာနဲ့ ပြောရရင် အနောက်တံခါး ….
အခု ရှစ်သိန်းလေးသောင်း လက်ခံရမယ်တဲ့။
ဒါပေမယ့် လက်ခံရင်တောင် နိုင်ငံသားမပေးရင် မလာဘူးတဲ့ ။
အိုကေ နိုင်ငံသားပေးရင်ရော …..
ရွင့်ညာဆိုတဲ့ ဘင်္ဂလားအခေါ် ခြေသလုံးအိမ်တိုင်တွေကို မြန်မာမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ လူမျိုး အသစ် တိုင်းရင်းသားအသစ် သတ်မှတ် ပေးရမယ်တဲ့
ပေးပြီးရင်ရော …. ရိုဟင်ဂျာနယ်မြေတောင်းမယ်။
တောင်းပြီးရင်ရော မျိုးတုန်းသတ်ဖြတ် နယ်ပယ်ချဲ့ထွင် ပြီးရင် ….. နိုင်ငံတစ်ခုခွဲထွက်မယ် ။
.
ဒီနည်းနဲ့ အင်ဒီးယားကနေ …. ပါကစ္စတန် အရှေ့တီမော မလေး ဘင်္ဂလား ခွဲထွက်လာတာ။
အင်ဒီးယားကနေ ဌာနေတိုင်းရင်းသားတွေက ခွဲထွက်တာက သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေး။
.
ဒီမှာက မြန်မာစကား မပြောနဲ့ ၁၃၅ မျိုးသော ဘာသာစကား တစ်ခုကိုမှ တစ်လုံး တစ်ပါဒမှမတတ် .....
.
ဘင်္ဂလား စကားပဲ တတ်ပြီး သား မယား မိဘ ဘိုးဘေးဆွေမျိုးတွေက ဘင်္ဂလားမှာနေပြီး နာမည်တောင် ဘင်္ဂလားနာမည် မှည့်ထားတဲ့ ဟာတွေက မြန်မာလို နိုင်ငံငယ်လေးမှာ နိုင်ငံ တစ်ကာ ဖိအားနဲ့ လူမျိုးလိမ် ပေးရမယ်လို့ တောင်းနေ တာဟာ အဓမ္မ မဟုတ်လား ။
.
မပေးရင် ထုံးစံတိုင်း ၀င်စီး ဗုံးခွဲ ဟိုဘက်ထွက်ပြေး အာရဗ်သူဌေးတွေက ယူအန် နိုင်ငံတစ်ကာ နဲ့ အစိုးရကိုငွေပုံပေး ။ဖိအားပေး။ တစ်ဆင့်တက်တောင်း။ ပြန်လာ
.
စတာတွေဟာ လောကငြိမ်းချမ်းရေးကို ဖျက်စီးနေတာမဟုတ်လား။
ဘယ်လောက်သေခဲ့ပြီးပြီလဲ ရခိုင် တိုင်းရင်းသား ( ၇ ) မျိုး ထဲက ဘယ်နှစ်မျိုးလောက် မျိုးတုန်းသတ်ဖြတ် ခံရပြီး မျိုးပြုတ်စပြုနေခဲ့ ပြီလဲ ။
.
ဒီလူတစ်စုကြောင့် သန်း ( ၅၀ ) ဟာ အချိန်တိုင်း ကျီးလန့်စာစား ။
ဒါမျိုးကို ဗုဒ္ဓ၀ါဒအရ လောက ငြိမ်းချမ်းရေးကို ဖျက်စီးနေသူတွေလို့ သတ်မှတ်ပါတယ်။
……… ၀၀၀၀၀ ……..
.
နောက် လောကငြိမ်းချမ်းရေးနဲ့ လိုက်လျှော ညီထွေရှိတာဟာ ကောင်းမှုတဲ့ …..
လောက ငြိမ်းချမ်းရေးနဲ့လိုက်လျှောညီထွေရှိတဲ့ သာဓက ကိုပြောပြရရင် …..
ဟိုးလွန်ခဲ့တဲ့ နှစ်၂၀ ကျော်ကဆိုရင် ခရစ်စမတ်နေ့တွေမှာဆို ဗုဒ္ဓဘာသာတွေ မွတ်စလင်တွေ အားလုံး သီချင်းဆိုထွက်လည်းလိုက်ကြ ၊ ခရစ်စမတ် မတိုင်ခင် ဘုရားကျောင်းတွေကို လိုက်သွားကြ ၊ ခရစ်ယန်တွေ ပေးတဲ့လက်ဆောင်တွေယူလာကြ ခရစ်စမတ် နယူးရီးယား အတူတူပျော်ကြ။
.
မွတ်စလင် အစ်နေ့တွေမှာလည်း သူငယ်ချင်းတွေအိမ်မှာ ဆမိုင်အစ်ဆို ဆမိုင်တွေ ဗုဒ္ဓဘာသာတွေ အိမ်မှာ မစားချင်မှအဆုံးပုံလို့ ၊ အသားအစ်တွေ ဆိုလည်း ဗုဒ္ဓဘာသာတွေ ခရစ်ယန်တွေ အားလုံး ပါတာပဲ အသားတွေတောင်းတာပဲ အစ်လုပ်တဲ့အိမ်မှာ အတူတူစားကြတာပဲ
.
ဗုဒ္ဓဘာသာ ပွဲတွေမှာလည်း ဥပမာသင်္ကြန်ဆိုလည်း ဘာသာပေါင်းစုံ ပါတယ် နိဗ္ဗာန်ဈေး ပွဲတော် ဆိုလည်း မွတ်စလင်တွေကအစ ထိပ်ဆုံးက။
ဗုဒ္ဓဘာသာ သူငယ်ချင်းအိမ်မှာ အလှူလုပ်တယ်ဆိုရင် အိမ်ရှင်သူငယ်ချင်း တရားနာချိန်မှာ ဘာသာခြား သူငယ်ချင်းတွေက မီးဖိုချောင်မှာ ပန်းကန်ဆေးသူဆေး ဟင်းအရည်လိုက်ဘို့ပြင်သူပြင် လည်ဂတုံးလေးတွေနဲ့ ပျော်ပျော်ပါးပါး ၊
ယုတ်ဆွအဆုံးဘုန်းကြီးကျောင်းအထိ လိုက်လာကြ စပ်စုကြ ၀ိုင်းကူကြပေါ့။
.
ဒါကိုလောကငြိမ်းချမ်းရေးနဲ့ လိုက်လျှောညီထွေနေတာလို့ ဗုဒ္ဓ၀ါဒက သတ်မှတ်တယ်။
( ဘယ်သောအခါမှ ပြန်ရတော့မှာမဟုတ်တဲ့ ဘာသာပေါင်းစုံ အတူတစ်ကွ ငြိမ်းချမ်းစွာ နေထိုင်ခဲ့တဲ့ အချိန်တွေ ။ အထူးလွမ်းဆွတ် တမ်းတမိ )
.
ဒါကြောင့် သတိချပ်သင့်တာက ဘာသာပေါင်းစုံ အတူတစ်ကွ ငြိမ်းချမ်းစွာ ပူးတွဲနေထိုင်ရေးဆိုတာ ဟန်ပြ လုပ်ယူလို့ မရဘူး ။
မိမိတို့ နှလုံးသားထဲက ဖြူစင် ရိုးသား တဲ့ မေတ္တာတရားနဲ့ နားလည်မှု ချစ်ခြင်းတရား အပေါ်မှာ အခြေ မှရလိမ့်မယ် ။ ကြိုးစားသူတွေ ကိုယ်တိုင် ရိုးသားဘို့ကတော့ အထူးလိုအပ်တာပေါ့။
.
ထပ်ပြောရရင် တစ်ဦးစီရဲ့ နှလုံးသားထဲက ဆန္ဒ မပါပဲ တမင်လုပ်ယူလို့ မရစကောင်းဘူး။
……….. ၀၀၀၀ …..
.
ပြီးတော့ မိမိတို့ရဲ့ ရခဲလှတဲ့ တန်ဘိုးရှိသော လူ့ဘ၀တို့ကို လောကငြိမ်းချမ်းရေးအတွက် လောကကို ပူဇော်ပေးဆပ်ခြင်းဖြင့် ထိုက်တန်စွာ အသုံချ ပေးဆပ် ထိုက်ပေတယ်တဲ့ …… စသဖြင့် အများကြီးပေါ့ …..
.
ဒါကြောင့် မကောင်းမှုတွေကို မိမိ သဏ္ဍန်ကရော လောက ကပါ ပါယ်ထုတ်ရမယ်လို့ ဟောတော် မူခဲ့တယ် ။
…………. ၀၀၀၀၀၀ ………
.
ကောင်းမှု မကောင်းမှု အားလုံးကိုတော့ မိမိတို့ ကိုယ်တိုင် စက္ကန့်နဲ့အမျှ ကိုယ်အားဖြင့် နှုတ်အားဖြင့် စိတ်ကူးဖြင့် စတဲ့ ကိုယ် နှုတ် နှလုံး သုံးပါးလုံးနဲ့ တစ်ချိန်လုံး ပြုနေကြတယ်လို့ပဲ ပြောရမှာပါ။
.
ကဲ ….
ဒီလောက်ဆို ကောင်းမှု မကောင်းမှုကို ဗုဒ္ဓ၀ါဒအရ ဘယ်သူက ပြဌာန်း သတ်မှတ် ဆုံးဖြတ် အပြစ်ပေးလဲဆိုတာ သိလောက်ပြီထင်ပါတယ်။.
.
ချမ်းမြေ့ကြပါစေရှင် ….