Friday, December 15, 2017

နိဗ္ဗာန်ကို မတော်တစ်ဆ ရောက်မှာ ကြောက်သူများအတွက်

မောင်လေး ညီမလေးတို့ရေ ….
ဒီရက်တွေမှာ နူးကို အများဆုံးလာမေးတာကတော့ နိဗ္ဗာန်အကြောင်းပါပဲ။
နိဗ္ဗာန် ဆိုတာ ဘာလဲ
နိဗ္ဗာန်မှာဘာရှိလဲ
လူတွေက ဘာလို့နိဗ္ဗာန် လိုချင် တာလဲ
အွန်လိုင်းမှာခေတ်စားတဲ့ နိဗ္ဗာန်ကို မတော်တစ်ဆ ရောက်သွားရင် ဘယ်လိုပြန်ထွက်ရမလဲ ဆိုတာလည်း ဖြေပေးပါလို့ လာမေးကြတယ်။
.
အဓိက ကတော့ နိဗ္ဗာန်ကို မတော်တစ်ဆရောက်သွားရင် ဆိုတဲ့ ဗွီဒီအိုဖိုင်လေးက စသွားတာ လို့ ထင်ပါတယ်
နူးက မူလတန်းအရွယ်ထဲက ဖွားဖွားဖိုးဖိုးတွေသင်ပြထားလို့ သံမ္ဗုဒ္ဓေ သက်စေ့ ပုတီး စိတ်တယ် ညတိုင်း ပေါ့

နူးအလယ်တန်း အစပိုင်း အရွယ်လောက်မှာ စဉ်းစားတယ် ငါဒီလို ပုတီးတွေနေ့တိုင်း စိတ်ပြီး နိဗ္ဗာန် ရောက်သွားရင်တော့ ဒုက္ခပဲ

ပြီးတော့ လူကြီးသူမ ဆရာတော်ဘုရားကြီးများကလည်း ဆုပေးရင်နိဗ္ဗာန်ရောက်ပါစေပဲ ပေးတာကိုး ….
.
ပိုဆိုးတာက နိဗ္ဗာန်ဆိုတာ  ဘာမှမရှိတာ ငြိမ်းအေးတာတဲ့
သွားပြီ ဒီလောက် ပျင်းစရာကောင်းတဲ့ နေရာရောက်ရင် ငါတော့ လူဖြစ်ရှုံးပြီ ငါဘယ်လို လုပ်ရပါ့ ဆိုတွေးပြီး
.
 သြကာသ ဘုရားရှိခိုးကို ….
ဗုဒ္ဓံပူဇေမိ ဗုဒ္ဓမြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား
ဓမ္မံ ပူဇေမိ ဓမ္မံတရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား
သံဃာပူဇေမိ သံဃာ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား လို့ ဦးသုံးကြိမ်ချ ရှိခိုးပြီးတာနဲ့…. 
.
ရှေ့ပိုင်းကသြကာသ ကစလို့  နိဗ္ဗာန် ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား အထိကို ချန်ခဲ့ပြီး ….. အဟံဘန္တေက ရွတ်တော့တယ်။
.
လောလောဆယ် နိဗ္ဗာန်မှမသွားချင်ပဲကိုးလုပ်စရာတွေကအများကြီးမဟုတ်လား ဖေဖေ က လူမမာ မောင်လေးညီမလေးတွေကလည်း ငယ်သေး ကိုယ်ကလည်း အလယ်တန်း လေ။
.
ဒါနဲ့ အထက်တန်းရောက်လာတယ် …. အသိလေးတွေ ပိုလာတယ်
သြော်နိဗ္ဗာန်ဆိုတာ တခါပြီးတခါ တစ်ဘ၀ ပြီးတစ်ဘ၀ ပြောင်းတာတွေ ရပ်တန့် သွားအောင် လုပ်တာကိုး ဟား …. ဒါဆို အပါယ်လေးဘုံ ကျတာထက် နိဗ္ဗာန်က ပိုအဆင်ပြေတယ်
.
ဒါပေမယ့် နောင်ဘ၀ အပါယ်လေးဘုံမကျအောင်လုပ်နည်းတွေ ဘုရားရှင်က သင်ပေး ထားသားပဲ လောလောဆယ် ပျော်ချင်သေးတယ် နောင်ဘတွေမှာလည်း သူငယ်ချင်းတွေ ချစ်သူတွေ မိဘတွေ မောင်နှမတွေနဲ့ တူတူဆုံချင်သေးတယ်
.
ဟင့် အင်းနိဗ္ဗာန်ကို နောင်ဘုရားပွင့်လို့အကုန်ကျွတ်မှပဲ လိုက်တော့မယ်။
နောက်ဆုံး ဘုရားပွင့်ရင် လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးကျွတ်တန်းဝင်မယ်ဆိုတာကိုး။
လောလောဆယ် နောင်ဘ၀ အပါယ်မကျတဲ့ ကုသိုလ်တွေလုပ်ပြီး သံသရာမှာ ပျော်ပျော် နေ လိုက်အုန်းမယ်။
နောင်ဘ၀ ကိုယ်ချစ်တဲ့သူတွေနဲ့ ပြန်ဆုံအောင်ကုသိုလ်အများကြီးနဲ့ ရေစက် အတူတူချတဲ့ အလုပ်တော့လုပ်ရမယ်။ ဒါမှ နောင်ဘ၀ ဒီလူတွေနဲ့ပြန်ဆုံမှာ …… 
.
( ကိုယ်က ဒီကြားထဲ ဘ၀တစ်ခုခုမှာ တိရစ္ဆာန်ဖြစ်နိုင်တာတွေ တိတ္ထိဖြစ်ပြီး  လက်ရှိ သံဃာ စော်ကား နေတဲ့ တစ်ဘ၀စံတွေလို မဟာအ၀ီစိကျ ဒီကမ္ဘာပျက်တောင် နောက် ကမ္ဘာ တစ်ခုမှာ ပြောင်း ခံရမယ့် ငရဲသား ဖြစ်ချင်ဖြစ်တတ်တယ် ဆိုတာတွေ မသိဘူးလေ )
.
နူး ထင်တာက နောင်ဘ၀လည်း ဒီလူတွေနဲ့ ဒီလို ကောင်မှုလုပ်ပြီး နောက်ထပ်လူ့ ဘ၀ထပ်ယူမယ်ပေါ့လေ
နောင်ဘ၀မှာ ကိုယ်က ဒီလိုအသိရှိမှာလား အကုသိုလ်တွေလုပ်ပြီး ငရဲ သွားရမှာလား ဒီဘာသာဝင်ဖြစ်မှာလား ဘာသာခြားဖြစ်မှာလား ဆိုတာမတွေးမိဘူး။
.
( ) တန်းအတွေးပေါ့
……………………..
ခုလည်း နူးလိုအတွေးမျိုး ရှိတဲ့ ခလေး တစ်ယောက်ကို တွေ့လိုက်တော့ ငယ်ဘ၀က အတွေးလေးသတိရပြီး အတော်ကိုပြုံးမိတယ်

ပန်ဆယ်လိုဆိုတဲ့ ညီမငယ် တစ်ယောက်ကလည်း နူးငယ်ငယ်ကတွေးသလို သူလည်း လောလောဆယ်နိဗ္ဗာန်မသွားချင်ဘူး သံသရာမှာပျော်ပျော်နေအုန်းမယ် ဆိုပြီး ရေးထားတာ ဖတ်ရတော့ ပိုပြုံးရပြန်တယ်
.
သူတို့အထင် နိဗ္ဗာန်ဆိုတာ တရားစခန်းတစ်ခုလို ကိုယ်သွားချင်တဲ့ အချိန် သွားလို့ရတယ် လို့ထင်နေ တာပါ …. ဒါပေမယ့် သွားပြီးရင် ဘယ်သူ့မှတွေ့လို့မရတော့ဘူးပေါ့လေ။

သူတို့လွယ်တယ်ထင်တာလည်း မမှားပြန်ဘူး
ခုခေတ်မှာ က တစ်မဂ် နှစ်မဂ် သုံးမဂ် ရဟန္တာ စတာတွေ က အွန်လိုင်းမှာရော အပြင်မှာပါ အုန်းအုန်းထ ပေါနေတာ မဟုတ်လား။
.
နိဗ္ဗာန်ဆိုတာကို မောင်လေး ညီမလေးတို့ နားလည်အောင် လွယ်လွယ်ပြောရရင် ….
.
လောကမှာ ရှိသမျှ  တော်တောင် ရေမြေ သစ်ပင် စင်္ကြာဝဠာ စတဲ့ အရာဝတ္ထုတွေနဲ့တစ်ကွ လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးဟာ ထာဝရတည်မြဲတာ တစ်ခုမှမရှိဘူး ဖြစ် လိုက် ပျက်လိုက် နဲ့ သံသရာလည်နေကြတယ်တဲ့
.
နူးတို့ဟာ ဟိုးလွန်ခဲ့သော အသင်္ချေပေါင်းများစွာသော ဘ၀ါ ဘ၀တွေကနေ လက်ရှိဘ၀ အထိ
နူးတို့ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံတွေ ထဲက ရင့်သန် အကျိုးပေး လာတဲ့ ကံတွေ စီမံရာ အတိုင်း ( ၃၁ ) ဘုံမှာ …..
.
ငရဲကျလိုက် တိရစ္ဆာန်ဖြစ်လိုက် သရဲတစ္ဆေပြိတ္တာတွေဖြစ်လိုက် အသူရကာယ် တွေဖြစ်လိုက် နတ်ဘုံ ရောက်လိုက် လူ့ဘုံရောက်လိုက်  ဗြဟ္မဘုံရောက်လိုက်နဲ့ အဖန်ဖန် အထပ်ထပ် ပဋိသန္ဓေ နေခြင်း ရှင်သန်နေခြင်း  သေဆုံးခြင်း တွေနဲ့ လှည့်ပတ် ကျင်လည်နေကြရတယ်။
.
ဒီလို မွေးခြင်း ရှင်ခြင်း သေခြင်း တစ်နည်းဆိုရရင် ဖြစ်လာလိုက် တည်နေလိုက် ပျက်သွားလိုက် နဲ့….
ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်းတွေရဲ့ ကြားမှာ တစ်ဘ၀ပြီးတစ်ဘ၀ လှည့်လည် ရင်း တိုင်တွေပတ်နေတဲ့
သံသရာ လို့ခေါ်တဲ့  တစ်ဘ၀ပြီး တစ်ဘ၀ လည်ပတ်ခြင်းကို ရပ်တန့်လိုက်ခြင်း …..
.
နောက်ထပ်တစ်ဖန် မွေးခြင်း ရှင်သန်နေခြင်း  သေဆုံးပျက်စီးခြင်း တွေကို ရပ်တန့်စေခြင်း  ……
.
ဖြစ်-တည်-ပျက် ဆိုတဲ့ သံသရာဝဲဂရက်ကရုန်းထွက်ပြီး
အဖြစ်ငြိမ်း အတည်ငြိမ်း အပျက်ငြိမ်းခြင်း ဆိုတဲ့ အငြိမ်းဓါတ်ကို နိဗ္ဗာန်လို့ခေါ်တာပါ။
ကိလေသာအားလုံးငြိမ်း ၊ မိမိပြုခဲ့တဲ့ ကံအားလုံးငြိမ်း၊ ခန္ဓာအားလုံးငြိမ်းတဲ့ သဘာဝကို နိဗ္ဗာန်လို့ ခေါ်တာပါ။
.
နိဗ္ဗာန် ဆိုတာ ဘုရားရှင်တိုင်းက လူသားတွေကို  ကယ်တင်ချင်လို့ သံသရာက လွတ်မြောက် ကြောင်း တရား ကို အသင်္ချေ ( ၂၀ ) နဲ့ ကမ္ဘာတစ်သိန်း အထပ်ထပ် ပါရမီဖြည့်ကျင့် ပြီးမှ  သိလာတဲ့ ဒုက္ခ ချုပ်ငြိမ်းခြင်း အကြောင်း တရား ဖြစ်ပြီး
.
ဒီ လောကရဲ့ သစ္စာတရားကို လူသားများရဲ့အသိစိတ်ထဲ ရောက်အောင် ဆောင်ကျဉ်းပေး တဲ့အခါ လူသား များက ဗုဒ္ဓရဲ့လမ်းပြမှုတွေအတိုင်း လိုက်နာပြီး ဘ၀ အဆက်ဆက် ပါရမီ အထပ်ထပ် ကျင့်ကြံကျိုးကုတ် အားထုတ်တဲ့အခါ အချိန်တန် ရင့်သန်မှသာ မျက်မှောက်ပြုနိုင်တဲ့ တရား ဖြစ်တဲ့ အတွက် ….
.

နူးတို့လို လောဘ ဒေါသ မောဟ တွေ ဒင်းကြမ်းပြည့်နေသူတွေက ဘယ်လို လွယ်လွယ် ရနိုင် မှာလည်း မောင်လေး ညီမလေးတို့ရယ် ….
.
ဒါကြောင့် ဆရာတော် အရှင်ဆေကိန္ဒ မိန့်ကြားသလိုပဲ ပထမဆုံး ပြောပါရစေ ….
နိဗ္ဗာန်ဆိုတာ မတော်တစ်ဆ ဘယ်သော အခါမှ မရောက်နိုင်ပါဘူး အပြင်းအထန် ကျင့်ကြံရင်တောင် ပါရမီ ရင့်ကျက်လွန်းမှ ရောက်နိုင်ပါတယ်။  ဦးတင်ပါတယ်ဘုရား။

နိဗ္ဗာန်ဆိုတာ
နိဗ္ဗာန ဆိုတဲ့ ပုဒ်က ဆင်းသက်လာတာပါ
ငြိမ်းအေးခြင်း ( သို့မဟုတ် ) ခန္တာ၌ လိုခြင်တပ်မက်မှု တဏှာတရားကင်းပျောက်ခြင်းတဲ့
လောဘ ဒေါသ မောဟ မီးများ ငြိမ်းသတ်နိုင်ခြင်းကို နိဗ္ဗာန်သို့မဟုတ် ငြိမ်းအေးခြင်းလို့ ခေါ်တာပါ။
.
နိဗ္ဗာန ပုဒ်ကို ပါဠိဘာသာ နိ နဲ့ ၀ါနကို ပေါင်းစပ်ထားတာပါ။
နိ  ….. မရှိခြင်း လွတ်မြောက်ခြင်း၊ ပါယ်သတ်ခြင်း
ဝါန  … တဏှာ တပ်မက်ခြင်း
ဒါကြောင့် နိဝါန ဆိုတာဟာ တဏှာ မရှိခြင်း တပ်မက်မှု အားလုံးကင်းစင်ခြင်း
တဏှာ အစေးနွံမှ ရုန်းထွက် လွတ်မြောက်ခြင်းလို့ အဓိပါယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်။
.
ဗုဒ္ဓက ….
ဝါနသင်္ခါတာယ ၊တဏှာယ နိက္ခန္တတ္တာ ၊နိဗ္ဗာနန္တိ ၊ပ၀ုစ္စတိ
ဘ၀တစ်ခုနှင့်တစ်ခု ချုပ်တတ် စပ်တတ် သောကြောင့် ၀ါနဟုဆိုအပ်သော တဏှာမှ လွတ်မြောက်တတ်သည့် အဖြစ်ကြောင့်  နီဗ္ဗာန်လို့ ဆိုအပ်၏ လို့ ဟောတော်မူခဲ့ပါတယ်။
.
နူးတို့က နိဗ္ဗာန်ကို ဘာလို့မျက်မှောက်ပြုချင်ကြလဲ လို့မေးရင်
.
ဘုရားရှင်က
 ဇာတဿ မရဏံ ဟောတိ ဇာတော ဒုက္ခာနိ ဖုသတိ ….. 
ပဋိသန္ဓေတည်သူ (၀ါ) ရုပ် နာမ် နှစ်ပါးဖြစ်ပွားသူသည်၊ သေခြင်းတည်းဟူသော ပျက်စီးခြင်းဖြစ်ရ၏ ၊ဆင်းရဲကို တွေ့ကြုံရသည်မှာ မလွဲ  … ဖြစ်တာမှန်သမျှ ပျက်မှာမလွဲပဲ …. ဒီသေခြင်းတရားတွေကိုရပ်တန့်ဘို့ နိဗ္ဗာန် ကို မျက်မှောက်ပြုဘို့ကြိုးစား အားထုတ်ကြတယ် တဲ့
.
မောင်လေး ညီမလေးတို့ နားလည်အောင် ပြောရရင်
သတ္တ၀ါအားလုံးဟာ မိမိတို့ပြုခဲ့တဲ့ ကံတွေ ကြောင့် ( ၃၁ ) ဘုံမှာ အဖန်ဖန် အထပ်ထပ် ကျင်လည် နေကြရတယ် တဲ့ ….
.
ကံဆိုတာကတော့ မိမိတို့ရဲ့ ကိုယ်အားဖြင့် စိတ်အားဖြင့် နှုတ်အားဖြင့် ပြုသမျှ အလုပ် အားလုံးကို ကံလို့ခေါ်ပါတယ်။
ဒီလို နူးတို့ စက္ကန့်နဲ့အမျှ ပြုနေတဲ့ ကိုယ်ဖြင့်သော်၎င်း စိတ်ဖြင့်သော် နှုတ်ဖြင့်သော်၎င်း ပြုတဲ့ကံတွေဟာ လွယ်လွယ်ပြောရရင် မိမိရဲ့ စိတ်ဆန္ဒ  ( စေတနာ < ၀ါ > စေတနာဦးစီးတဲ့ စေတသိတ် ) မပါပဲ အထ မမြောက် နိုင်ဘူး စေတနာပါမှသာ အထမြောက် အောင်မြင် တဲ့အတွက်
.
ဘုရားရှင်က
 မိမိတို့ရဲ့ ကိုယ် နှုတ် နှလုံး သုံးပါးဖြင့်ပြုနေသော ကိစ္စ အားလုံး အထမြောက်စေတဲ့ စေတနာသည် ကံဖြစ်သည်လို့ဟောတော်မူခဲ့တာပေါ့။
((( စေတနာကံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ၊ စေတိယတွာ ကမ္မံ ကရောတိ ကာယေန ၀ါစာယ မနသာ။)))
.
နူးတိုကတစ်တွေဟာ လက်ရှိဘ၀မှာ စက္ကန့်တိုင်းးပြုနေတဲ့ မိမိတို့ရဲ့ ကာယ ၀စီ  မနော
မိမိကိုယ်နဲ့ မိမိစိတ်နဲ့ မိမိနှုတ်နဲ့ အချိန်တိုင်းပြုနေတဲ့ကံတွေဟာ သံသရာအတွက် ပဋိသန္ဓေ ထပ်တည်ဘို့ မျိုးဥတွေဖြစ်တယ်တဲ့
.
လွန်ခဲ့တဲ့ ဘ၀ါ ဘ၀ အဆက်ဆက်ကို အသာထား
လက်ရှိဘ၀မှာတောင် တစ်ဘ၀လုံးမပြောနဲ့ တစ်နာရီစာမျှ တစ်မိနစ်မျှ အချိန်လေးမှာ တောင်မှ အနိမ့်ဆုံး ကာယ ၀စီ မနော စတဲ့ ကံသုံးပါးထဲက တစ်ပါးပါးကို အချိန်ပြည့် ကျူးလွန်နေကြတယ် မဟုတ်လား။
.
ဒီကံတွေက ဘ၀တစ်ခုနဲ့တစ်ခုကို ချုပ်စပ်ပေး နေတဲ့အတွက် ဘ၀တွေအဖန်ဖန် အထပ်ထပ် ဖြစ်လိုက် ပျက်လိုက်နဲ့ဖြစ်နေကြရတယ်။
.
နူးတို့တွေဟာ သံသရာမှာပြုခဲ့တဲ့ ကံတွေထဲက ရင့်ကျက်အကျိုးပေးလာတဲ့ ကုသိုလ်ကံတွေကြောင့် ရခဲလှတဲ့ လူ့ဘ၀ကိုရကြရတယ် ….
ဒီကုသိုလ်ကံတွေကုန်လို့ သေလွန်သွားရင် …. နောက်ထပ် အကျိုးပေးချိန်တန်ပြီး ရင့်ကျက်လာတဲ့ကံတွေက ကုသိုလ်ကံတွေလား အကုသိုလ်ကံတွေလား နူးတို့မသိဘူးလေ
ကျိန်းသေတာ အခုလက်ရှိ ကုသိုလ်ကံကြောင့်တော့ လူ့အဖြစ်ကို ရပြီးပြီပေါ့
.
ဒီတော့ ဒီဘ၀က လွန်မြောက်ပြီး နောက်မှာ နောက်ထပ် အကျိုးပေးမယ့် ကံတွေစေမယ့် နေရာက …. အပါယ်လေးဘုံ အပါအ၀င် လူဖြစ်တာတောင် လူစင် မမှီတဲ့ ဘ၀တွေ ဒုက္ခသုက္ခတွေ နဲ့ သံသရာလည်နေတဲ့ အရှေ့အလယ်ပိုင်းက စစ်ဘေးဒါဏ်ထိလူတွေလို ဒုက္ခတွေနဲ့လား  …

လက်ရှိ ရခိုင်က အစွန်းရောက် ဘေးနဲ့ အရှင်လတ်လတ် ခုတ်ခံရတဲ့ သူတွေ စစ်ဘေး သဘာဝဘေး တွေကြား က လူတွေလို ဒုက္ခတွေနဲ့လား …..
.
ကိုရီးယား ဟင်းချက်သမားတွေလက်ထဲက ငါး ပုစွန် ရေဘ၀ဲတွေလို အရှင်လတ်လတ် လှီးပြီး တဆတ်ဆတ် တုန်နေတဲ့ မိမိအသားကို အချဉ်ရည်နဲ့တို့စားခံရ တဲ့ဘ၀ရောက်မှာလား
.
တရုတ်ပြည်ကခွေးတွေလို အရှင်လတ်လတ်ရေနွေးပူလောင်း သို့မဟုတ် အရှင်လတ်လတ် မီးမြှိုက်ကင်ပြီး အစားခံရတဲ့ ခွေးသားစားပွဲတော်ကခွေးဖြစ်မှာလား
.
မွတ်စလင်ကုလားတွေလက်ထဲက အရှင်လတ်လတ် လည်လှီးခံရပြီး တဆတ်ဆတ် အကျောဆွဲသေရမယ့် ယဇ်ကောင်တွေဘ၀ ရောက်မှာလား
.
ဖလစ်ပိုင် နဲ့ ရုရှားကငါးတွေလို အရှင်လတ်လတ် ပြုတ်စား အသားလွှာစား သို့မဟုတ် ရေခဲစိမ်ပြီး အစား ခံရမှာလား
.
သရဲတစ္ဆေမြေဖုတ်ဘီလူး ပြိတ္တာတွေဖြစ်မှာလားဘယ်ကံက အကျိုးလာပေးမလဲ နူးတို့မသိဘူးလေ။
.
ဒီလို နူးတို့ရဲ့ကံက ဘယ်ဆီကိုစေညွှန်မယ်ဆိုတာ မသိတဲ့အပြင် ….
ဒီဘ၀ကနေ လွန်တာနဲ့ ဒီလိုဘာသာဝင် ဒီလိုအသိ သိဘို့ ရဘို့ ဝေလာဝေး လူ့ဘ၀ကိုပြန်ရဘို့တောင် အတော်ခက်ခဲလှတယ်လေ။
.
နူးတို့ဘ၀တစ်လျှောက်လုံး မပြောနဲ့ တစ်နာရိဆိုတဲ့အချိန် အတောအတွင်း မှာတောင် ကောင်းမှုနဲ့ မကောင်းမှုမှာ  မကောင်းမှုပြုဖြစ်တာက ပိုများတယ်မဟုတ်လား။ စိတ်နဲ့ဖြစ်ဖြစ်ပေါ့။
.
ဒါကြောင့် သံသရာမှာ မိမိတို့ ပြုခဲ့တဲ့ ကုသိုလ်ကံတွေနဲ့အတူ ဒိထက် အဆမတန်များပြားလှတဲ့ အကုသိုလ် ကံတွေ ထဲက ရင့်ကျက် အကျိုးပေး ချိန်တန်လာတဲ့ ကံတွေ တစ်ခုပြီးတစ်ခု ရဲ့ စေညွှန်ရာကို ကပြအ သုံးတော် ခံရင်း
.
သံသရာမှာဆက်လက် ကျင်လည်နေရမှာကို ကြောက်လွန်းလှတဲ့ အတွက်
နိဗ္ဗာန်ကို မြန်နိုင်သမျှ မြန်အောင် ဘ၀အနည်းဆုံး နဲ့ အတိုဆုံး အချိန်အတွင်း မျက်မှောက်ပြုနိုင်ဘို့ ပါရမီတွေ အထပ်ထပ် ဖြည့်ကျင့်ပြီး ကြိုးစားကြရတာဖြစ်ပါတယ်
.
ဒီတော့ ….
မောင်လေး ညီမလေးတို့ကလည်း  သံသရာမှာလှည့်လည်နေရင်း ရတောင့် ရခဲလှတဲ့ လူ့ဘုံမှာဖြစ်တည်လျက်  ကံကောင်းထောက်မစွာ သာသနာတော်နဲ့ကြုံကြိုက်ကာ ဗုဒ္ဓဘာဝင်အဖြစ် မွေးဖွားလာပြီး
.
ကံအကြောင်းနဲ့ သံသရာ အကြောင်းတွေ သိခွင့်ရတဲ့ အပြင် သံသရာက လွတ်မြောက်ကြောင်း တရားတွေ ကိုပါ သိခွင့်ရတဲ့ အခိုက်
.
နောင်ဘ၀တွေမှာ ရဘို့မကျိန်းသေတဲ့ ဒီဘ၀တစ်ခုထဲမှာ မိမိရရှိတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဓမ္မအသိတွေကို ထိုက်တန်စွာ အသုံးချရင်း သံသရာခရီးအတွက် အကောင်းဆုံးတွေကို ပြင်ဆင်သွားကြပါလို့ပြောရင်း
.
ချမ်းမြေ့ကြပါစေရှင် …..

.


No comments:

Post a Comment