Sunday, March 30, 2014

ပုံပြင်လေးတစ်ခု



တစ်ခါက သာမာန် မိသားစု တစ်စုရှိတယ်တဲ့ ...
အဖေရယ် .... အမေရယ် .... သားသမီး သုံးယောက်ရယ်ပေါ့

အဖေက ဘာအလုပ်မှ လက်ကျောတင်းအောင်မလုပ် .... မိဘ ဘိုးဘွားလက်ထက်က ... ပိုင်ခဲ့တဲ့ လယ်မြေ အတွင်း ပစ္စည်းလေးတွေ ထုခွဲရောင်းချသုံးစွဲ .... လောင်းကစားလုပ် .... မူးရူး ရမ်းကားပြီး ... သားသမီးတွေ ကိုလဲ လူလိုမဆက်ဆံဖူးတဲ့ ....

အမေကတော့ .... ရပ်ကွက်မှာ အမျိုးသမီးခေါင်းဆောင်လိုလုပ် ... မိန်းမကောင်းတစ်ယောက်လိုနေ .. အမျိုးတွေကြား ယောက်ျားမကောင်းကြောင်း ... ယောက်ျားဆိုးတစ်ယောက် ရထားကြောင်း .... ကိုယ့်အိမ်ဘယ်လောက်စုတ်ပြတ်မွဲ တေနေပြီဖြစ်ကြောင်း ...လိုက်ပြောပြီး အမျိုးတွေထောက်ပံ့ကြေးနဲ့ ... သူ့ကိုယ် သူ ပဲ မြင့်သထက်မြင့်အောင် လုပ်နေတာ..အိမ်တွင်းသားသမီးတွေအရေး တစ်ခုမှမလုပ်ဖူးတဲ့ ...။
ခလေးတွေကလဲ ဖြစ်ချင်တိုင်းဖြစ်နေကြတော့တာပေါ့ ... သူတို့ရဲ့အိမ်လေးကလဲ ကပိုကယိုနဲ့ ယိုရွင်းပျက်စီးလာတော့တာပေါ့ ....

ဒီမှာတင် သားသမီး ( ၃ ) ယောက်မှာ စရိုက်က ( ၃ ) မျိုးဖြစ်လာတော့တယ် ....
သားကြီးက သူငယ် ချ င်း တွေ ဆွေမျိုးတွေနဲ့ ဆုံရင် ပြီးတော့ ရပ်ကွက်ထဲမှာ မူးပြီး အိမ်ပြန်လာချိန်တွေမှာ ... အဖေဘယ်လောက်အသုံးမကျကြောင်း ... ဘိုးဘွားပိုင်ပစ္စည်းတွေကို ဘယ်လိုဖြုန်းတီးကြောင်း ... တချိန်လုံး မူးရူးအော်ဟစ်နေပြီး ... သူ့ကိုဟိုဟာပေးဖို့ ဒီဟာပေးဖို့ .... သူတို့ရှေ့ရေးလုပ်ပေးဖို့ ... တစ်ချိန်လုံး ဆူပူနေတယ်တဲ့ ....

ဒီအခါမှာ မိခင်လုပ်သူက .... အိမ် အတွင်း အပြင်ပစ္စည်းတွေဟာ ...အားလုံးမင်းအဖေပိုင်တာတွေလေ သားရယ် ... အမေပိုင်မှ ..အမေစိတ်တိုင်းကျ သားတို့တို ပေးလို့ရမှာပေါ့ ... ဒါကြောင့် မင်းအဖေဖက်က လူကြီးတွေကို မင်းတို့ဖျောင်းဖျပြီးပိုင်ဆိုင်မှုတွေကို ... အမေ့ကိုပေးမှ ... အမေကသားတို့ သမီးတို့ လက်ထဲကိုအားလုံးအပ်မှာပေါ့ တဲ့ ...။

သမီးလတ်ကတော့ ... အိမ်ဆင်းသွာပြီး ..သူများအကူအညီအထောက်အပံ့နဲ့ .... သူများအိမ်မှာ သွားနေတယ်တဲ့ ... ပြီးရင် အမလေးကြည့်ကြပါအုန်း ဦးလေးတို့အဒေါ်တို့ရယ် ..ကျမမောင်လေးက စားစရာတောင်မရှိပါဖူး ... ကျောင်းလေးတောင်မတက်နိုင်ပါဘူး ... အမလေးကျမတို့အိမ်ကလေ ..ဒီနေရာလေးကပြိုကျနေပြီ ...ဆိုပြီး ဓါတ်ပုံလေးတွေဝေေ၀ဆာဆာ နဲ့ အသနားခံတာပေါ့... ဒီလိုနဲ့ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ... သူ့ဖာသာ အဆင်ပြေ ပြီး ပျော်ပါးနေသတဲ့ ....။

ဒါကိုမိခင်လုပ်သူက ... ကျမတို့သားအမိတွေဘ၀ကိုက ဆိုးတာပါရပ်ကွက်လူကြီးတို့ရယ် ... ကျ မယောက်ျား ရဲ့ အုပ်ထိန်းသူတွေကိုဖျောင်းဖျပေးပါ ... ဒီဘိုးဘွားပိုင် အိမ်ကြီးမကုန်ခင် ကျမကိုလွှဲပေးဖို့ ဖိအားပေးကြ ပါရှင်တဲ့ ... ဒါပေမယ့် ..သူ့ပိုက်ဆံအိတ်ထဲက ဟာတော့ အထိမခံဖူးပေါ့ ...။

သားအငယ်လေးကတော့ .... ဘာစကားမှသိပ်မပြောရှာဖူး ... အကိုတွေ အမတွေပြောရင်လဲ .... သူကပြောတယ် ... ကျုပ်တို့ဘိုးဘွားတွေ တာဝန်ကျေလာလို့ ...ကျု ပ်တို့ နေစရာလေးရှိနေပြီးမှပဲ ... အဖေမကောင်းလဲ ..ပြောမနေနဲ့တော့ဗျာ ..ကျု ပ်တို့လက်ထက် ... ကျုပ်တို့မြေးဖြစ်တွေအတွက် ... တတ်နိုင်တာလေးပဲ ...ဖာထေးကြတာပေါ့ ... ဆိုပြီး ... အိမ်မှာမိုးယိုရင် ... ရှိတာလေးရှာကြံပြီးဖာတယ်...
ကြမ်းလေးကျိုးနေရင် ... ပျဉ်ပြားစလေးလိုက်ကောက်တယ် ... ပြီးရင်ဖာတယ် ... အိမ်မှာ ဗွက်တွေထနေမယ် ...ရေတွေအိုင်နေမယ်ဆိုရင် ... မြေသွားသယ်ဖို့ချင် ဖို့မယ် ...ဒါမှမဟုတ် လမ်းက အုတ်ခဲလေးတွေကောက် လာတယ် ... ဗွက်အိုင်နေရာလေးမှာချထားမယ်...ဒီလိုလေးပဲ အိမ်စုတ်လေးမှာ ...သူတတ်နိုင်တာလေး လုပ်ပြီးနေသတဲ့ ....

ကဲရှင် ... မောင်လေးညီမလေးတို့တွေရော ... ဘယ်လိုသားသမီးအမျိုးအစားမှာ ပါချ င်လဲဟင် ...။



Wednesday, March 26, 2014

သောဏဒဏ္ဍပုဏ္ဏားကြီး





မဂ်လာပါရှင် .....
နူးရဲ့ အကိုတော် ကချင်ဆရာတော်ကြီးတစ်ပါးက ... သောဏဒဏ္ဍ ပုဏ္ဏားကြီး အကြောင်းလေး တင် ပါလား ... ဘာသာခြားတွေနဲ့ အမေးအဖြကိုလဲတင်သလို ... ဘုရားရှင် အလိုတော်တွေကိုလဲ ... ခလေးတွေနားလည်အောင် တင်ပေးပါဆိုတာနဲ့ ... ရေးထား တာလဲ အသင့်ရှိတာနဲ့ တင်ပေးလိုက်တာပါ ....
ဒီသောဏဒဏ္ဏသုတ်လေးကို ... ဖတ်ရခြင်းအားဖြင့် ... ဘုရားရှင် ဟောတော်မူတဲ့ ... မြင့်မြတ်သောသူ ... တန်ဘိုးရှိသောသူ ဆိုတာ လယ်လိုလူအမျိုးအစားလဲဆိုတာ မောင်လေးညီမလေးတို့ သိရှိ လိုက်နာ ကြရအောင်ပါ ...။

စမ္မာမြို့ ဆိုတာ ဘုရားအလောင်းတော် မဟာဇနကမင်း ဖွားမြင်ရာဇာတိပေါ့ .... စမ္မာနဂိုရ် ပြည်လို့ လဲခေါ် တာပေါ့ .... ဘုရားရှင်လက်ထက်တော်က သူဟာ မာဂဓ တိုင်းရဲ့ လက်အောက်ခံ မြို့လေးပါ .... ဒီမြို့ဟာ အခုဘယ်မှာရှိသလဲဆို ကျမတို့ချစ်သော လက်ရှိ ဘင်္ဂလားဒေ့ရှ် က ကျမ္မာနဂရ် ဆိုတဲ့ ရွာငယ်လေး တစ်ရွာပေါ့ရှင် ... ။ 

စမ္မာမြို့လို့ခေါ် ရတာဟာ ဒီဒေသက စမ္မာမြစ်ကြောင့် ပါ ... စမ္မာမြစ်လို့ခေါ်ရတာဟာလဲ ... မြစ်အောက်က စမ္မာနဂါးပြည်ကို အစွဲပြုခေါ်တာပါတဲ့ .... ဒီမြို့ကို သောဒဏ္ဍဆိုတဲ့ ပုဏ္ဏာကြီးကအုပ်ချုပ်သတဲ့ .... ။

တစ်နေ့တော့ဘုရားရှင်ဟာ အင်္ဂတိုင်းအတွင်းဒေသစာရီ ကြွချီတော်မူရင်း ... သောဏဒဏ္ဍပဏ္ဏားကြီးကို အကြောင်းပြုပြီး .... များစွာသော ပုဏ္ဏားတို့ သရဏဂုံတည်ကြမှာကို မြင်တော်မူတဲ့အတွက် စမ္မာမြို့ ကိုကြွခဲ့တာပေါ့ ...

မြတ်စွာဘုရားရှင်ကြွလာတာကိုသိတော့ ...မြို့သူမြို့သားတွေဟာ ဘုရားရှင်ကိုဖူးရအောင် အစုလိုက် ဘုရားရှင်သီတင်းသုံးရာ ဂဂ္ဂရာ ရေအိုင်တော်ရှိရာ အရပ်ကိုသွားကြပါတယ် .... 


ပုဏ္ဏားကြီးက ပြသာဒ် ပေါ် ကနေ လှမ်းမြင်တော့ အမတ်တွေကိုမေးတဲ့အခါ ... ဂေါတမဘုရားရှင်ရောက်လာ တဲ့ အတွက် ဖူးမြော် ဖို့သွားကြ တာပါ လို့ လျှောက်သတဲ့ ...။

ဒီတော့ မြိုးစားကြီးက ငါလဲဘုရားဖူးလိုက်မည် ထိုလူများကို ခေတ္တစောင့်ဆိုင်းဖို့တောင်းပန်ပေးပါဆိုပြီး အ၀တ်ပြေးလဲတာပေါ့ ... ဒီအချိန်မှာ သောဏဒဏ္ဍ ရဲ့အိမ်မှာ အတိုင်းတိုင်း အပြည်ပြည်ကမြို့စား ပုဏ္ဏားကြီး ( ၅၀၀ ) က သူတို့ဆရာ သောဏဒဏ္ဍကို လာရောက် ဂါရ၀ပြုကြတာပေါ့ ... အားလုံးက ဗြဟ္မဏတွေ ဗုဒ္ဓဘာသာဝင်တွေမဟုတ်တော့ ဆရာဖြစ်သူက ဘုရားဖူးလိုက်မယ်ကြားတော့ မကျေမနပ်ဖြစ်ကြတာပေါ့ .... ဒါနဲ့တပည့်တွေက

ဆရာ အရှင် သင်ရဟန်းဂေါတမကို အဖူးအမြော်လိုက်မည်ဆိုတာ မှန်ပါသလားးး

အချင်းတို့ မှန်ပါတယ် ယ္ခုပင် ဘုရားဖူးလိုက်ရန် အ၀တ်လဲနေပါတယ်

အရှင် သင်ဂေါတမရဟန်းထံ သွားရောက်မဖူးပါနဲ့ ... အရှင်သွားပါက အရှင့်ဂုဏ်သတင်း ကျဆင်းလိမ့်မည် မသွားသင့်ပါ ... ဂေါတမ ကသာ အရှင့်ထံ လာဖူးမြော်သင့်တာပါ ... အဘယ်ကြောင့်ဆိုသော် အရှင်သည် ( ၁ ) မိဘဖက်မှ စင်ကြယ်သောဇတ်ရှိ၏ ( ၂ ) များစွာသောဥစ္စာရှိ၏ ( ၃ ) ဗေဒင် ( ၃ ) ပုံကို တစ်ဖက်ကမ်း ခတ် တတ်၏( ၄ ) တင့်တယ်သောအဆင်းရှိ၏ ( ၅ ) အကျင့်သီလရှိ၏ ( ၆ ) ကောင်းသောစကားရှိ၏ ( ၇ ) များစွာသော သူတို့၏ဆရာဖြစ်၏ ( ၈ )ပညာကြီးမားပြီး အသက်အရွယ်ကြီးရင့်သောကြောင့် မဂဓတိုင်းဘု ရင် ဗိမ္ဗိသာရနှင့် ပေါက္ခရသာတိပုဏ္ဏား တို့ပင် အလေးအမြတ်ပြရ၏ ( ၉ ) ဗိမ္ဗိသာရမင်းက စမ္မာမြို့ကို အပိုင်စားပေးပူဇော်ထား၏ ထို့ကြောင့်ရဟန်းဂေါတမကသာ မြင့်မြတ်သောအရှင်ကို လာရောက် ဖူးမြော် သင့်တာပေါ့လို့ တစ်ယောက်တစ်ပေါက် ပြောကြသတဲ့...

အချင်းတို့ ငါ့စကားနားထောင်ကြပါအုန်း ... ရဟန်းဂေါတမသည် (၁) စင်ကြယ်သောဇတ်ရှိ၏ (၂)များ စွာသောဆွေမျိုး အပေါင်းကိုစွန့်ရဟန်းပြု၏ (၃)မြေပေါ်မြေအောက်ရွှေငွေကိုစွန့်၏ (၄)ပထမအရွယ် နုပျိုစဉ်မှာပင်ရဟန်းပြု၏ (၅)မိဘများငိုယိုတားမြစ်နေစဉ် အမြင့်မြတ်ဆုံး ဆံမုတ်ဆိတ်တို့ကိုပယ်စွန့်၏ (၆)မြတ်သောသီလရှိ၏ (၇)တင့်တယ်သောအဆင်းရှိ၏ (၈)ကောင်းစွာမြွက်ကြားတတ်သော စကားရှိ၏ (၉)များစွာသောသူတို့၏ဆရာဖြစ်၏ (၁၀)တပ်မက်ခြင်းကင်း၏ (၁၁)ကံကိုယုံကြည်၏(၁၂)အများ၏ကောင်း ကျိုးကို ပဲကြည့်၏ (၁၃)မြင့်မြတ်သောမင်းအဖြစ်မှ ရဟန်းပြု၏(၁၄)များစွာသော လူတို့သည်ပြသနာမေးရန် ရဟန်းဂေါတမထံလာကြ၏(၁၅)နတ်လူ အပေါင်းတို့သည်ရဟန်းဂေါတမအား အသက်နှင်ပြီး ကိုးကွယ် ကြ၏(၁၆)ဂုဏ်တော်ကိုးပါး ယောက်ျားမြတ်အင်္ဂါ ၃၂ပါးနှင့်ပြည့်စုံ၏ ( ၁၇ ) ရွှင်လန်းသော မျက်နှာ ပေါ့ ပါးသော လျှာရှိ၏ (၁၈)အရှင်ဂေါတမကို ပသေနဒီကောသလမင်း ဗိမ္ဗိသာရမင်း ပေါက္ခရသာတိပုဏ္ဏားတို့ အရို အသေ အလေး အမြတ်ပြုကြ၏ မြတ်နိုးပူဇော်ကြ၏ ...။

အချင်းတို့ ယ္ခုအခါ ရဟန်းဂေါတမသည် ဧည့်သည် ငါသည် အိမ်ရှင်ဖြစ်တဲ့အတွက် ဧည့်သည်ကို ငါသည် အလေးအမြတ်ပြုသင့်ရာသည်...ငါသာလျှင်သွားရောက်သင့်သည် ...ရဟန်းဂေါတမသည် မလာရောက်သင့် လို့ပြောတာပေါ့ ...။

ဒီလိုဆို ကျွနုပ်တို့လဲ အရှင်နှင့်အတူ ဘုရားဖူးရန် လိုက်ပါကြမည် ဆိုပြီး ပုဏ္ဏား ( ၅၀၀ ) လဲ မြို့စားကြီးနဲ့ အတူတူလိုက်လာကြတာပေါ့ ....။

ဒီလိုနဲ့ ဘုရားရှင်သီတင်းသုံးရာ ဂဂ္ဂရာ ရေအိုင်နဲ့နီးလာတော့ ပုဏ္ဏားအခြံအရံများစွာနဲ့လာတဲ့ သောဏ ဒဏ္ဏမြို့စားက ဒီလိုတွေးသတဲ့ ...

အင်း ....မကြာခင်ငါဟာရဟန်းဂေါတမနဲ့ တွေ့ရတော့မယ် ငါဟာ ဝေဒဆရာကြီးဖြစ်တော့ ပြသနာကို ငါကစမေးပါပြီတဲ့ ... ရဟန်းဂေါတမက ဒီလိုမမေးထိုက် ဒီလိုသာမေးသင့်သည် လို့ ထောက် လိုက်ငြားအံ့ လူ ပရိတ်သက်အလည်မှာ ငါဟာ ရှက်စရာဖြစ်တော့မယ် ....

တစ်ကယ်လို့ ရဟန်းဂေါတမက ပြသနာကို အရင်မေးခဲ့လို့ ငါမဖြေနိုင်ရင်လဲ ရှက်ဖွယ် ဖြစ်တော့မယ် ... အင်း ...ဒီနေရာကလှည့်ပြန်ပြန်လျှင်လည်း ငါဟာ မလိမ္မာသူ မိုက်သူ မာနကြီးသူ ကြောက်ရွံသူ ဆိုပြီး ငါ့ကိုကဲ့ရဲ့ကြတော့မယ် .... အင်း ရဟန်းဂေါတမသာ ငါတတ်တဲ့ ဝေဒပညာကိုမေးလျှင်တော့ အရမ်းကောင်း မှာပဲလို့ စဉ်းစားရင်း စိတ်ညစ်နေတာပေါ့ ....။

ဒီစိတ်အကြံကို ဘုရားရှင်ကသိတော်မူတော့ ... မြို့စားကြီး ဘုရားရှင်အပါးလာရောက်ထိုင်တဲ့ အခါမှာ ... ဘုရားရှင်က ...

ပုဏ္ဏားကြီး အဘယ်မျှသော ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောသူကို ပုဏ္ဏားများက ဗြဟ္မဏ ( မြင့်မြတ်သောသူ ) လို့ ပညတ်ပါသနည်း လို့မေးလိုက်တယ်...။

မြို့စားကြီး ထခုန်မတတ် တအားဝမ်းသာသွားတယ် .... သူတတ်သိနားလည် တဲ့ ဝေဒ ပညာ ကိုမေး တာကြောင့် လွန်စွာနှစ်သက်ပြီး သူ့ပရိတ်သတ်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီး ...

အရှင်ဂေါတမ

( ၁ ) အမိဘက် အဖဘက်မှ မျိုးရိုးဇတ် သန့်စင်သူ

( ၂ ) ဝေဒကျမ်းများကို တတ်မြောက်သူ

( ၃ ) တင့်တယ်ခန့်ငြားသော ကိုယ်အင်္ဂါရှိသူ

( ၄ ) အကျင့်သီလနှင့်ပြည့်စုံသူ

( ၅ ) ထက်မြက်သောဥါဏ်ပညာရှိသူ စတဲ့ဂုဏ် ( ၅ ) ပါး ပြည့်စုံသူကို ဗြဟ္မဏ လို့ ကျွနုပ်တို့သတ်မှတ် ပါတယ် လို့ပြောသတဲ့ ...

ပုဏ္ဏားကြီး ဒီငါးပါသော အင်္ဂါထဲက တစ်ပါးပါးကို ပစ်ပယ်ပြီး လေးပါးသော ဂုဏ်ရှိသူကို ဗြဟ္မဏ လို့ ပညတ် နိုင်သေးသလော...

အရှင်ဂေါတမ နံပါတ် ( ၃ ) ဖြစ်တဲ့ တင့်တယ်ခန့်ငြားသောကိုယ်ကို ပစ်ပါယ်ပြီး လေးပါးသောဂုဏ်အင်္ဂါ ပြည့် စုံသူကို ဗြဟ္မဏလို့ သတ်မှတ်နိုင်ပါတယ် ...

ပုဏ္ဏားကြီး ဒီလေးပါသော အင်္ဂါထဲက တစ်ပါးပါးကို ပစ်ပယ်ပြီး သုံးပါးသော ဂုဏ်ရှိသူကို ဗြဟ္မဏ လို့ ပညတ် နိုင်သေးသလော...

အရှင်ဂေါတမ နံပါတ် ( ၂ ) ဖြစ်တဲ့ ဝေဒကျမ်း တတ်မြောက်သူ ကို ပစ်ပါယ်ပြီး သုံးပါးသောဂုဏ်အင်္ဂါ ပြည့် စုံသူကို ဗြဟ္မဏလို့ သတ်မှတ်နိုင်ပါတယ် ...

ပုဏ္ဏားကြီး ဒီသုံးပါသော အင်္ဂါထဲက တစ်ပါးပါးကို ပစ်ပယ်ပြီး နှစ်ပါးသော ဂုဏ်ရှိသူကို ဗြဟ္မဏ လို့ ပညတ် နိုင်သေးသလော...

အရှင်ဂေါတမ နံပါတ် ( ၁ ) ဖြစ်တဲ့အမိ အဖ ဘက် မျိုးရိုးသန့်စင်သူ ကို ပစ်ပယ်ပြီး နှစ် ပါးသောဂုဏ် အင်္ဂါ ပြည့်စုံ သူကို ဗြဟ္မဏလို့ သတ်မှတ်နိုင်ပါတယ် ...

ပုဏ္ဏားကြီးရဲ့ ( ၂ ) ပါးထဲနဲ့ ဗြဟ္မဏ လုပ်လို့ရပါတယ်ဆိုတဲ့ အဖြေလဲကြားရော ငြိမ်နားထောင်နေတဲ့ တပည့် ( ၅၀၀ )တို့ဟာ လှုတ်လှုတ်ရွရွ ဖြစ်လာပြီး

အရှင် သောဏဒဏ္ဍ ဒီလိုတော့ မပြောပါနှင့် အရှင်သည် ကိုယ်အဆင်းကို ပစ်ပယ်၏ ဝေဒ ကျမ်းကို ပစ်ပယ်၏ မိဘဇတ်ကို ပစ်ပယ်၏ အရှင်သည် ရဟန်းဂေါတမ၏၀ါဒ နောက်သို့လိုက်သွား၏ ... လို့ဝိုင်း ပြစ်တင်ဝေ ဖန်ပြီး အုတ်အုတ်ကြွက်ကြွက် ဖြစ်ကုန်ကြတာပေါ့ ... ။

ဒါနဲ့ဘုရားရှင်က အို.... ပုဏ္ဏားတို့သင်တို့သည် သောဏဒဏ္ဏ မြို့စားကြီးအား အကြားအမြင်နည်းသည် ဟုထင်လျှင် သင်တို့ထဲမှ စကားပြောကျွမ်းကျင်သူ ဖြေပါလို့ပြောတဲ့အခါ

ပုဏ္ဏားကြီးက အရှင်ဂေါတမ နေတော်မူပါ ကျွန်နုပ်ပြန်လည်ဖြေကြားပါ့မယ် လို့ပြောပြီး ပုဏ္ဏားများ ဖက်လှည့် ထိုင်ပြီး ...

အချင်းတို့ ငါ့ကို အဆင်းကိုပစ်ပယ်သူ ... မိဘဇတ်ကိုပစ်ပယ်သူ ဝေဒကျမ်းကို ပစ်ပယ်သူဆိုပြီး အပြစ်တင် မစောကြပါနဲ့ အသင်တို့ရှေ့မှာရှိနေတဲ့ ကျွန်ုပ်၏တူ အင်္ဂက ကိုကြည့်ပါ ...

သူဟာ အဆင်းအင်္ဂါ နဲ့ပြည့်စုံတယ် ... ဝေဒကျမ်းတတ်တယ် ....စင်ကြယ်သောဇတ်ရှိတယ် ....တစ်ကယ် လို့သူဟာ ... သူ့အသက်သတ်အံ့ ... သူ့မယားပစ်မှားအံ့ ... သူ့ဥစ္စာခိုးအံ့ .... မုသားစကားဆိုအံ့ ... အရက်သေစာသောက်စားအံ့ .... သူ၏ စင်ကြယ်သောဇတ် သူတတ်သောဝေဒကျမ်း သူ့အဆင်းတွေဟာ အဘယ်သို့လားအံ့နည်း ( ဘယ်လိုသုံးစားလို့ရမှာတုန်း ) .... ဒါတွေဟာ ပညာမဲ့လို့ ...အကျင့်သီလ မစင်ကြယ် လို့ဖြစ်တာ .... ဒါ့ကြောင့် အကြင် ပုဂ္ဂိုလ်သည် ( ၁ ) အကျင့်သီလနှင့်ပြည့်စုံမယ် ( ၂ ) ထက်မြက်သော ဥါဏ်ပညာရှိမယ်ဆိုရင် ဗြဟ္မဏလို့ သတ်မှတ်လို့ရတယ်လို့ပြောတာဖြစ်ပါတယ် လို့ရှင်း ပြပါတယ်.... ဒီတော့မှတပည့်တွေလဲ သဘောပေါက်ပြီး ဆရာကိုဦးညွှတ်ကြတာပေါ့ ....

ပုဏ္ဏားကြီး အကျင့်သီလ ပြည့်စုံခြင်း ။ ဥါဏ်ပညာရှိခြင်း ဆိုတဲ့ ဒီနှစ်ပါးသော အင်္ဂါထဲက တစ်ပါးပါးကို ပစ်ပယ်ပြီး တစ်ပါးတည်းသော ဂုဏ်ရှိသူကို ဗြဟ္မဏ လို့ ပညတ် နိုင်သေးသလော..

အရှင်ဂေါတမ ဂုဏ်အင်္ဂါတစ်ပါးတည်း ရှိသောသူကို ဗြဟ္မဏဟု မပညတ်နိုင်ပါ သီလဖြင့် ပညာကို ဆေးကျောရပါ၏ ...။ ပညာဖြင့် သီလကိုဆေးကြောရပါ၏ ...။ သီလရှိသူသည် ပညာရှိ၏ ...။ ပညာရှိသူသည် သီလရှိ၏ ...။ လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို ဆေးကျောရာ၏ ....။ ငှက်တို့သည် အတောင်နှစ်ဖက် ဟန်ချက်ညီ မှ ပျံနိုင်၏ ...။ လူသားဖြစ်ခြင်း၏ တန်ဖိုးသည် ... သီလနှင့် ပညာ ရှိခြင်းဖြစ်၏ ....။အရှင်ဂေါတမ ဟောကြားတဲ့အတိုင်း လောကတွင် သီလနှင့်ပညာသည်သာ အမြတ် ဆုံးဖြစ်၏ ...။ လို့ပြောသတဲ့

ဘုရားရှင်က သီလဖြင့် ပညာကို ဆေးကျောရပါ၏ ...ပညာဖြင့် သီလကိုဆေးကြောရပါ၏ ... သီလနှင့်ပညာသည်သာ အမြတ်ဆုံးဟုဆိုအပ်၏။ အို.... ပုဏ္ဏားကြီး ထိုအကျင့်က အဘယ်နည်း ထိုသီလကားအဘယ်နည်း ....။

အရှင်ဂေါတမ ကျွနုပ် ထိုမျှသာ သိပါ၏ ထို့ထက်အလွန် ကိုမသိပါ... ထိုသီလနှင့် ပညာ၏ အနက် အကျယ်ကို ဟောကြားတော် မူပါ လို့ လျှောက်ထားသတဲ့ ...

ဒီအခါမှာဘုရားရှင်က ရဟန်းတို့စောင့်ထိန်းအပ်သော အငယ် အလတ် အမြတ် ၃-ပါးသော သီလအကြောင်း ကိုဟောတော်မူပါတယ် ...

ပြီးနောက် သီလ သမာဓိ ပညာအကြောင်းဖြစ်သော သမ္မာဝါစာ- ၄-ပါး သမ္မာကမ္မန္တ- ၃ -ပါး သမ္မာအာဇီဝ -၁-ပါး ဆိုတဲ့ မဂ္ဂင် (၈ )ပါးတရာကို ဟောတော်မူခဲ့ပါတယ်...။

ဘုရားရှင်ရဲ့တရားအဆုံးမှာ သောဏဒဏ္ဍနှင့်တစ်ကွ ( ၅၀၀ ) သော ပုဏ္ဏားတို့ဟာ သရဏဂုံ ဆောက်တည် ကုန်ကြပြီး ဥပါသကာများ ခံယူကုန်ကြပါတယ်....

အဌကထာ ဆရာများ၏အလိုအားဖြင့် သောဏဒဏ္ဍ ပုဏ္ဏား ကြီးဟာ ပလွှားတတ်သော ကုဟက ပုဂ္ဂိုလ် ဟုဆိုပါတယ် ... ဘုရားရှင်ကိုရိုသေပါသော်လဲ ... ဂုဏ် ပစ္စည်း ပျက်မှာ ကြောက်လွန်းသောကြောင့် မည်သို့ပင် ဘုရား၇ှင် တရားဟောပါသော်လည်း မိမိ၏ ပလွှားသော စိတ်ကြောင့် တရားထူးကို မရခဲ့ရှာပါဖူးရှင် ...။

သောဏဒဏ္ဍသုတ်

( သီလက္ခန္ဓ၀ဂ်၊ ပါဋိ ၊ အဌကထာ )
ချမ်းမြေ့ကြပါစေရှင် ...

ိနိဗ္ဗာန် အကြောင်း ဘာသာခြားအမေးအဖြေ


 
 
ဘာသာခြားတွေနဲ့ အမေးအဖြေတွေတင်မပေးတာကြာပြီလို့ ခနခနဂျီကျနေတဲ့ မောင်လေးညီမလေးတွေအတွက်ပါ ... ရဲရင့်သစ္စာဆိုတဲ့ မွတ်စလင်တစ်ယောက်မေးတာပါ ...

★ ★ ( ၁ ) ကိလေသာဆိုတာ လိုချင်တပ်မက်မှုကိုပြောတာဆိုရင် ... ဂေါတမ နဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ နိဗ္ဗာန် ကို ပြင်းပြင်းပြပြ လိုချင်တာ ကိလေသာ ကုန်တယ်လို့ပြောလို့ရလား ???

★ ★ ★ ★ ဒါက နိဗ္ဗာန်ဆိုတဲ့ အဓိပါယ်ကို သေသေချာချာမသိလို့ပါ .... နိဗ္ဗာန်ဆိုတဲ့ အဓိပါယ်ကိုယ်တိုင်က .. အရာ အားလုံး ချုပ်ငြိမ်းခြင်းပါ ....။

အခုရှင်ပြောနေတဲ့ ကိလေသာ ဆိုတာကြီးကို မိမိရဲ့စိတ် စေတသိတ် ထဲကနေ စင်ကြယ်သွားအောင် ဖယ်ထုတ် ပစ်လိုက်ခြင်း .... ကို နိဗ္ဗာန်လို့ခေါ်တာပါ ..။

တစ်နည်းပြောရရင် .... လိုချင် တပ်မက် မှုတွေ ... အားလုံးကို ဖယ်ထုတ်ပစ်လိုက်ပြီး ... မိမိရဲ့စိတ် ဟာ ဖန်သားပြင်ကဲ့သို့ .... ကြည်လင် စင်ကြယ် ထွင်းဖောက် သွားခြင်းပါ...။

မိမိရဲ့စိတ် ၀ိညာဉ် မှာရှိနေတဲ့ ... ကိလေသာဆိုတဲ့ အညစ်အကြေးကို ... စင်ကြယ်သွားအောင် ဖယ်ထုတ် အောင် နိုင်ခြင်း ဟာ နိဗ္ဗာန်ပါ...။

★ ★ ( ၂ ) ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာထူးချွန်ချင်လို့ ဂိမ်းမကစားဘူး၊ ဘောလုံးမကန်ဘူး၊ ရည်းစားမထားဘူး၊ တစ်ချိန်လုံးစာကိုပဲကျက်နေတယ်။အဲဒီကျောင်းသား ကို ဘာကိုမှ လိုချင်တပ်မက်မှု မရှိသူလို့ ပြောလို့ရမလား?ပြောရင် ပြောတဲ့လူ လူလိမ်ပေါ့။ စာမေးပွဲမှာထူးချွန်ချင်တာလိုချင်တပ်မက်
စိတ်မဟုတ်လို့ဘာစိတ်လဲ?

★ ★ ★ ★ တပ်မက်မှုလို့ခေါ်တဲ့ ( ရာဂ ) နဲ့ ဆန္ဒကို မှမသိပဲရှင် ... ဘယ်လိုနားလည်မှာတုန်း
အရက်သမားတစ်ယောက်နဲ့ ဥပမာပေးပါရစေရှင် ....
( က ) ဥပမာ အရက်သမားတစ်ယောက်ဟာ ... သူချစ်နေတဲ့သူက အရက်ဖြတ်ရင် ... အဖြေပေးမယ် ... လက်ထပ်မယ် ပြောလို့အရက်ဖြတ်မယ် ...

ဒါမှမဟုတ် ... သူ့မိဘတွေ ညီအစ်ကို မောင်နှမတွေက အရက်ဖြတ်ရင် .... တခုခုလုပ်ပေးမယ်... ၀ယ် ပေးမယ်ပေါ့ .. ဒါကြောင့်အရက်ဖြတ်မယ် ...။

((( ဒါဟာ မျှော်လင့်ချက် တစ်ခုခုကြောင့် သောက်ချင်နေရက်နဲ့ အောင့်ထားရတာ ... ဒါဟာ လောဘ ဒေါသ မောဟ ဦးစီးနေတဲ့ ရာဂပါ ... )))

( ခ ) အရက်သမားဟာ ... သူ့ကိုသွန်သင်ပြသတဲ့ ဆရာတစ်ယောက်ယောက်ကြောင့် ... ဒါမှမဟုတ် ... မိမိကိုယ်တိုင် ...အရက်ရဲ့ဆိုးကျိုးတွေကိုသိလာလို့ အရက်မသောက်တော့တာ ...

ဒါမှမဟုတ် အရက်သောက် ခြင်းကြောင့် မှားတတ်တဲ့ အမှားတွေကိုရှက်လာတာ ... အရက်သောက်လို့ လူတွေမရိုသေတာ .... ဆဲရေးတိုင်းထွာ ...အမှားတွေများတတ်တာ .... အရက်မသောက်တော့တဲ့ အတွက် ကံတစ်ပါးလုံသွားလို့ ကုသိုလ်ရပုံ ကောင်းမြတ်ပုံ .... လူတွေရိုသေလေးစားလာပုံ ... နတ်တွေချစ်ခင်လာပုံ .... ဒါတွေကိုသိမြင်ပြီး ... လုံးဝမသောက်တော့တာ ....

(((( ဒါဟာ လောဘ ဒေါသ မောဟ ဆိုတဲ့ ရာဂတွေ မကပ်ငြိပဲ စင်ကြယ်တဲ့ ဆန္ဒ လို့ခေါ်တာပါ .. အလောဘ ၊ အဒေါသ ၊ အမောဟတဲ့ရှင် )))

ဒုတိယ အမျိုးအစားဟာ ဘုရားရှင်အလိုတော်ကျပါ ....

ဒီတော့ (((( ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာထူးချွန်ချင်လို့ ဂိမ်းမကစားဘူး၊ ဘောလုံးမကန်ဘူး၊ ရည်းစားမထားဘူး၊ တစ်ချိန်လုံးစာကိုပဲကျက်နေတယ်။))))) ဆိုရင် ... သူဟာ စာမေးပွဲအောင်ခြင်းရဲ့ အကျိုးကျေးဇူးကို သိလို့လား .... ဒါမှမဟုတ် ... မိဘကတစ်ခုခုဝယ်ပေးမယ် ပြောလို့လား... ချစ်သူရီးစားက အဖြေပေးမယ် ... တစ်ခုခုမျှော်လင့်ချက်ကြောင့်လား .... ဒီအပေါ်မှာမူတည်ပြီး တပ်မက်မှု ဆိုတာကို ( ရာဂလား ဆန္ဒလား ) အဖြေပေးရမှာပါ

★ ★ ( ၃ ) တိရစ္ဆာန်ဘဝ ဆိုတာ ငရဲဘဝ တစ်မျိုးပဲလို့ ဆိုကြတယ်။ ဒါဖြင့်ရင်အဲဒီ ငရဲဘဝ မှာ အကြာကြီး မနေစေဖို့ ဖန်တီးပေးတဲ့လူ (နွားကိုသတ်သူ)က ကုသိုလ်တောင်ရမှာပေါ့ ဘာလို့ အကုသိုလ်ဖြစ်မလဲ? စဉ်းစားကြည့်လေ ခင်ဗျား တို့ရဲ့ အဘိုးအဘေးတွေသေလို့နွားဖြစ်နေရင် အဲဒီနွားဘဝမှာ ကြာရှည်နေစေ ချင်မလား? ဒါမှမဟုတ် အခြားဘဝ အမြန်ကူးအောင် ကူညီပေးမလား?

★ ★ ★ ★ ငရဲဘုံတော့ မဟုတ်ပါဘူး ... ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံထဲက တိရစ္ဆာန် ဘုံသားပါ ... သူတို့တွေဟာ တရားဟောလို့မရတဲ့အတွက် အပါယ် ဘုံသားတွေလို့ခေါ်တာပါ ။

လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ သူတို့မှာ ကိုယ်ပိုင်ဘ၀ ရှိပါတယ် ... သူတို့မိသားစု ရှိကြပါတယ် ... နာကျင် ခံစားတတ်ကြပါတယ် ... နာမှာလဲကြောက်သလို ..သေမှာလဲကြောက်ကြပါတယ် ... သတ္တ၀ါတိုင်းဟာ သူတို့ရဲ့လက်ရှိဘ၀တွေကို .... မြတ်နိုးခုံမင်စမြဲပါ ...

သူတောင်းစားကလဲ လမ်းဘေးမှ နေရစားရပေမယ့် ...သူ့လက်ရှိဘ၀လေး မှာပျော်နေတာပါပဲ ... မသေချင်ပါဖူး ... ဒီလိုပါပဲ ခွေးသားအုပ်မ ဟာလဲ ... သူ့ခလေးခွေးသားပေါက်လေးတွေကို သူတစ်ပါးယူမှာ ထိမှာ ... ကြောက်ကြကာကွယ်ကြတာပါပဲ .... လက်ရှိဘ၀လေးကို ခုံမင်ကြတာပါပဲ ...။

ရှင်ပြောသလို ... ကျမဘိုးဘေးတစ်ယောက်ယောက် ... မပြောကောင်းမဆိုတောင်း တိရစ္ဆာန် ဘ၀ရာက်နေ တာ ကျမသိခဲ့မယ်ဆိုရင် ... အဲ့တိရစ္ဆာန်ကို ... မတောင့်မတ မကြောင့် မကျ အိမ်မှာမွေး ထားမယ် ... သူ့အတွက် ကုသိုလ်ကောင်းမှုတွေအများကြီးမှအများကြီးလုပ်မယ် ... သူ့ကို ဒါတွေအတတ်နိုင်ဆုံး နားလည်အောင် သင်မယ် ... ယုန်စွဆုံး လက်အုပ်ချီတတ်တာလေးပဲ တတ်တတ် သင်မှာပေါ့ ...။

ဒီတော့ နူးပြောချင်တာက အပယ်ဘုံသားဖြစ်ပေမယ့် သတ္တ၀ါတိုင်းဟာ သေမှာကိုကြောက်တယ်၊ နာတတ်တယ်၊

ကျမတို့ ဘာသာ အယူအရ သတ္တ၀ါတွေဟာ သေပြီးရင် ဘယ်ဘဝကို သွားရမယ်ဆိုတာ မသိကြပါဘူး။

ကိုယ်က တစ်ခြားဘ၀ အမြန်ကူးအောင် လုပ်ပေးလိုက်တယ်ဆိုပေမယ့် သူဒီလိုအလားတူဘဝမျိုးကို ထပ်အကျိုးပေးခံရရင်ရှင်ဘယ်လိုလုပ်မလဲဟင် ။

ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး မည်သူတစ်ဦးတစ်ယောက်ရဲ့ဘဝကိုမှ မပျက်စီးအောင် ထိန်းသိမ်းခြင်း ...

အဲ့လို ဖျက်ဆီးလိုစိတ်တွေမဖြစ်လာအောင် နေထိုင်ခြင်းကိုကျင့်ကြံစောင့်ထိန်းခြင်း သတ္တ၀ါတိုင်း အပေါ် မေတ္တာတရားထားတတ်ခြင်းကို ...သီလလို့ခေါ်ပါတယ်ရှင် ...။

★ ★ ( ၄ ) လူ့ဘဝကို ရဖို့ (နိဗ္ဗာန်ကိုရောက်နိုင်ဖို့) ကုသိုလ်ထက် သေခါနီးစိတ်က ပိုအရေးကြီးတယ် လို့ပြောကြတယ် ... ဒါဖြင့်တစ်သက်လုံးဘယ်လောက် ကုသိုလ်လုပ်လုပ်၊ သေခါနီး ဇောဖြစ်ရင်
လူဖြစ်ချင် မှဖြစ်တာပေါ့? တစ်သက်လုံး အကုသိုလ်လုပ်၊သေခါနီး နတ်ပြည်ရောက်ချင်တယ်ဇောစိတ်ဖြစ်ရင် နတ်ပြည်ရောက်သွားတာပေါ့? အဲဒီလိုဆိုရင်လည်း ဘာလို့ကုသိုလ်တွေ အကုသိုလ်တွေ လုပ်နေတာ လဲ? သေခါနီးဘယ်လိုစိတ်ထားလို့ ပဲ တရားဟောနေပေါ့ လူတွေနိဗ္ဗာန်ရောက်နိုင်အောင်။ ....

★ ★ ★ အကျိုးပေး၇ာမှာကာလနဲ့ ဆက်ဆိုင်တဲ့ ကံ ၄မျိုးရှိပါတယ် ...

၁ .. ဒိဌဓမ္မ ဝေဒနိယကံ
ယ္ခုဘ၀မှာ ချက်ချင်းလက်ငင်းအကျိုးပေးတာ

၂ ... ဥပပဇ္န ဝေဒနိယကံ
ဒုတိယဘ၀မှာ အကျိုးပေးတဲ့ကံ

၃ ... အပရာပရိယ ဝေဒနိယကံ
တတိယဘ၀ကစပြီး နိဗ္ဗာန် ရောက်သည့်ဘ၀တိုင် အခွင့်သာလျှင် တစ်ချိန်ချိန် မှာ အကျိုး ပေးတတ်တဲ့ ကံ

၎ ... အဟောသိကံ
အကျိုးပေးချိန်မှာ အကျိုးမပေးလိုက်ရတဲ့ အတွက် အချည်းနှီးဖြစ်သွားတဲ့ကံ ဆိုပြီး မိမိပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် ကံ ( ၄ ) ပါးရှိပါတယ် ...။

★ ★ ★ ★ ဒီတော့ ရှင်မေးတာကို နူးနားလည်သလောက်ဖြေရရင် ....

လမ်းလျှောက်တတ်ခါစ ခလေးတစ်ယောက်ဟာ ... လမ်းကိုစလျှောက်တာနဲ့ ... သူ့ကို ဖြောင့်ဖြောင့် တန်းတန်းလေးသွားတတ်အောင် .... လဲမကျအောင် ထိန်းပေးရသလိုပါ ...

ဒီလိုပဲ မျက်မမြင် တစ်ယောက် အပြင်ထွက်ရင် ... သူသွားမယ့်နေရာ ဖြောင့်ဖြောင့်ရောက်အောင် ... ဒီလမ်းက တည့်တည့်သွား ဘယ်မှမကွေ့ မကောက်နဲ့လို ... လမ်းပြသလိုပါ ....

ဆယ်ကျော်သက် စူးစမ်းတတ်ခါစ လူငယ်တစ်ယောက်ကို ... ဆေးသမားတွေ ရှိတဲ့နေရာပို့လိုက် ရင် ဆေးသမားဖြစ်မှာပါ ... မိန်းမပွေသူတွေရှိတဲ့နေရာသွားပို့ရင် .... မိန်းမပွေချင်မှာပေါ့ .... ဒါပေမယ့် တရားစခန်းပို့ပေးရင် အနဲဆုံးတော့ တရားထိုင်မှာပဲလေ ....

ဒီလိုပါပဲ ... သေခါနီးလူတစ်ယောက်ဟာ ... အသက်ထွက်ခါနီးမှာ ဇောစိတ် အကြိမ်ကြိမ်ဖြစ်ပါတယ် ... သူ့ရဲ့ဝိညာဉ်လေးက ... လားရာကိုရှာနေတာပါ ( သူသွားရမယ့်လမ်းကိုရှာနေတာပါ ) ... ဒီနေရာမှာ ... အကုသိုလ်ကို ကို အာရုံပြုမိတဲ့ အခါမှာ ... ဒီဝိညာဉ်လေး ထွက်သွားတဲ့ နေရာဟာ အကုသိုလ်ရဲ့ လားရာနေရာဖြစ်သွား တတ်ပါတယ် ....။ ကုသိုလ်တွေကို အာရုံပြုမိတဲ့ အခါ ကုသိုလ်ရဲ့လားရာ ကိုရောက် ပါတယ် ။

ဒီလိုဆိုတော့ ကုသိုလ်ကို အာရုံပြုတဲ့အတွက် ... ကောင်းတဲ့နေရာရောက်တယ် ... ဒါဆို ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံတွေကရော မခံရဖူးလားဆိုတော့ ... ဒုတိယ ဘ၀မှာခံရမယ့် အကုသိုလ်ကံ ကလွဲလို့ ... ကျန်တဲ့ နံပါတ် ( ၃ ) အကုသိုလ် က ကိုယ် ကုသိုလ်ကို အာရုံပြုပြီး ရောက်သွားတဲ့ နေရာမှာ ... ဒါန သီလ ဘာဝနာကို ဆက်လက် ဖြည့်ကျက် သွားရင် ... ကုသိုလ်ကံအားကောင်းလာတာနဲ့အမျှ ... အကုသိုလ် ကံ အဟောင်းတွေဟာ .... ခါတရံ အကျိုးပေးခွင့် မရ ပဲ အဟောသိကံ လဲဖြစ်ချင် ဖြစ်သွား နိုင်ပါတယ် ။ ဒါကြောင့် သေခါနီးဇောစိတ် ကအရေးကြီး တယ်ပြောကြတာပါ ...

ကိုယ်ပြုခဲ့တဲ့ ကုသိုလ်လေးကို အာရုံပြုပြီး ... ကောင်းတဲ့ဘုံဘ၀လေးပြန်ရောက် ပြီးခါ မှ ... ကောင်မှုတွေ အထပ်ထပ် ဖြည့် ကျက်ပြီး ...နိဗ္ဗန်မရခင်စပ်ကြား ... ကိုယ် ပြုခဲ့ တဲ့ အကုသိုလ် ကံလေးတွေကို ... ချေဖျက် နိုင်အောင် ... အကျိုးပေးခွင့် မရအောင် ..ကြိုးစားခွင့်ရှိလို့ပါ ...။

ဘုရားရှင်လက်ထက်တော်က မလ္လိကာမိဖုရားကြီးရှိပါတယ် ...သူဟာ သေခါနီးမှာ ... အကုသိုလ်သေးသေးတစ်ခုလုပ်ခဲ့မိတာကို အာရုံပြုခဲ့မိတော့ ... ငရဲကျခဲ့ရပါတယ် ..ဒါပေမယ့် သူဟာ ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ထားခဲ့တဲ့ အတွက် ... ငရဲမှာ ( ၇ ) ရက်ပဲကျခံရပြီး နတ်ပြည် ကိုရောက်သွားခဲ့ပါတယ်...။

★ ★ ( ၅ ) ကမ္ဘာမှာ လူဦးရေအလွန်အမင်း တိုးလာတာကို ဘာသာအယူဝါဒ ရှုထောင့်က အဖြေသိချင်ပါတယ်။ သံသရာထဲကအကောင်တွေ ဒီထဲကိုရောက်လာကြတာလား / ဖန်ဆင်းရှင် ကြောင့်လား ???

★ ★ ★ ★ ဘုရားရှင် ဟောတော်မူခဲ့တာကိုက စင်္ကြာဝဠာ အနန္တ ... သတ္တ၀ါအနန္တ ပါရှင် ... ပုရွက်ဆိတ်တွေ... ပိုးလောက်လန်းတွေ ... တီတွေ ... ယုတ်ဆွအဆုံး ... လေထဲမှာ ပြန့်လွင့်နေတဲ့ ပိုးမွှားတွေ ... ကိုယ့်သွေးတစ်စက်ကိုစစ်ရင်တောင် ... သွေးထဲမှာပါနေတဲ့ ..သန်းချီတဲ့ ပိုးတွေ ... နှုတ်ခမ်းအရေခွံကို ခွာပြီး ... အဏုမြူ မှန်ပြောင်းနဲ့ ကြည့်ရင်တောင် ... ရာထောင်ချီတဲ့ပိုးတွေ၇ှိနေပါတယ် ... ရှင်အသက် တစ်ခါရှု တိုင်းလဲ ... လေထဲမှာပျံ့ လွင့်နေတဲ့ .... သိန်းချီတဲ့ပိုမွှားလေးတွေ နှခေါင်းကတစ်ဆင့် ၀င်သွားတာပဲလေ ... ဘုရားရှင်က ဟောခဲ့တာ နှစ်ပေါင်း ၂၆၀၀ တောင်ကြာပေါ့ ... လူသားတွေက ..မိုက်ခရိုစကုတ် ဆိုတာပေါ် လာမှ ... ဘုရားရှင် ဟောတာမှန်တယ်ဆိုတာ ... လာဝန်ခံရတာ ...။ ဘယ်က ပေါက်ကရ ဖန်ဆင်းရှင်က ပါလာရတာတုန်းရှင် . ...။

ချမ်းမြေ့ကြပါစေရှင် ...

စကြ၀ဠာ၊ မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟောပြောချက်များ








http://www.hittai.org/remember/all/18.htm       

ကိုယ်.ဆရာတို.ရေကျွန်တော်နှင်. တကွဗုဒ္ဓဘာသာဝင် အားလုံးနီးပါးစိတ်ထဲ မှာမရှင်းတာလေးတစ် ခုတော.ရှင်းပြပေး စေလိုပါ တယ်။ အဲဒါကတော.မြင်းမိုရ်တောင်နဲ.ကျွန်းကြီးလေးကျွန်းပါပဲ။ဗုဒ္ဓဘာသာကိုအနည်းငယ်တီးမိခေါက်မိရှိတဲ. တစ်ခြား ဘာသာဝင်တွေက မေးရင်ဘယ်လိုကျေနပ်အောင်ပြန်ရှင်းပြရမလဲဆိုတာမသိလို.ပါ။ 
ကျေးဇူးတင်လျှက်။

ဟိုတလောကတော့ ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာက ရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရတယ်။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာ မဟုတ်ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ်လို့ သုံးသပ်ကြတယ်။
မြတ်စွာဘုရားဟောတဲ့ စကြ၀ဠာ တိုက် တစ်သောင်း ၊ စကြ၀ဠာအနန္တ ဆိုတာ မကြာခင် သက်သေ ပြကြ

တော့မယ် ထင်တယ်။


နိကယ်ကဏ္ဍ ၊၁၄-သတ္တသူရိယ သုတ်တော်ရဲ့ ကောက်နှုတ်ချက်မှာ ….
ကမ္ဘာမပျက်ခင်နှစ် တစ်သိန်း ကပင်ကြိုတင်၍ လောကဗျူဟာ နတ်တို့သည် ကမ္ဘာလောကဓာတ် တစ်ခွင်လုံးကို လှည့်လည် ကြွေး ကြော်ကြတယ်။
ဓ အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။ မဟာ သမုဒ္ဒ ရာလည်းခန်းခြောက်ကာ ဤကမ္ဘာမြေနှင့် တကွ မြင်းမိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက်၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ …..မြင်းမိုရ်တောင်က ဘယ်နားမှာရှိလဲ လိုက်ရှာဖတ်ကြည်တော့ လဲ တွေ့ပါတယ်။ သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ အဂ္ဂည သုတ် အဌကထာ၊ ၀ိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊ ၅၅၀ ဧကနိပါတ် ကုလာဝကဇာတ် ၊နေမိဇာတ်၊အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း စသည် တို့ ဖြစ်သည်။

     ဒီကျမ်းတွေမှာ ဆိုတာက စကြ၀ဠာ တစ်ခုမှာ နေတစ်စင်း ၊လတစ်စင်း နှင့် အလယ်တွင် မြင့်မိုရ်တောင်ရှိသည် ။ မြင့်မိုရ် တောင် ကိုဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ထောင်ကို နေ နဲ့ လ က အလင်း ရောင်ပေး နေတယ် လို့ ဆိုပါတယ်။ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် ကို စကြ၀ဠာ တစ်ခု လို့ ဆိုပါတယ် ။ စကြ၀ဠာ ဟာ အ၀ိုင်းပုံစံ နဲ့ အရေအတွက် အနန္တရှိတယ် ဆိုပါတယ်။ စကြ၀ဠာ (၃) ခုကြားမှာ လောကန္တရိတ် ငရဲ ရှိတယ်ဆိုပါတယ်။ (အဇာတသတ် ကျနေတဲ့ ငရဲပါ)

စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ်သည့် သဘောရှိပါတယ်၊ ဘုရားရှင်ပွင့် တဲ့ ကာလဟာ မဟာပေါက်ကွဲမှု(Big Bang) အပြီးမှာ Expension of Universe စနေတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ဂြိုလ်တွေ အခုလောက် မများသေးဘူး လို့ ယူဆကြပါတယ်။ တောင်စဉ် (၇) ဆိုတာ ဂြိုလ် (၇) လုံး ရှိနေပြီ လို့ ယူဆရင် ၊ ကျွန်းကြီး (၄) ကျွန်းက ကမ္ဘာထဲ ပို့ရတော့မယ်။ လက်ရှိခေတ်မှာတောင် ဂြိုလ်တိုင်းမှာ မြေကြီးသဘောမရှိပဲ အခိုးအငွေ့ပဲ ရှိနေတာတွေ ရှိသေး တယ်။ဒီအခိုးအငွေ့ပဲ ရှိနေတာတွေကို တောင်စဉ် တွေလို့ ဟောခဲ့တယ် ဆိုရင် ကျွန်းကြီး (၄) ကျွန်းက မြေကြီးရှိတဲ့ ဂြိုလ် (၄)ခု ဖြစ်နိုင်တယ်။ ဒါဆိုရင်မဆိုးပါဘူး။ ကျွန်းကြီး (၄) ကျွန်းထဲ က တောင်ကျွန်း ( ဒီပ ) = ကမ္ဘာ နဲ့ မဇ္ဈိမ ( ဒေသ ) ဆိုရင် ဘုရား ခေတ်မှာ မြေသဘောရှိတဲ့ ဂြိုလ် (၄) လုံး နဲ့ အဲဒီထဲမှာ ကမ္ဘာက တောင်ဘက် ဂြိုလ် ၊ ကမ္ဘာထဲမှာမှ မဇ္ဈိမ ( ဒေသ ) မှာ သူ ပဋိသန္ဓေ ယူမယ်လို့ သေတကေတု နတ်သားကြည့်တယ် ဆိုရပါမယ် ။ဂြိုလ်အရေအတွက်တွေကလဲ ပြောင်းနေကိုး အခုတောင်း ပြောင်းသွားပြန်ပြီ မဟုတ်လား။ ဂြိုလ်အဆင့် မမီလို့ ချလိုက်တာတို့ ၊ ဘာတို့ ကရှိနေသေးတော့ ဘုရားခေတ်မှာ မြေကြီးရှိတဲ့ ဂြိုလ် (၄)ခုပဲရှိတယ်လို့ ဖြစ်နိုင်တယ်။ ဒါလဲ ဘုရားရှင်ကိုယ်တော်တိုင်က လက်ရှိခေတ်နဲ့ နှိုင်းယှဉ်ပြီး လာရှင်းမှ ရမယ်။ ဘယ်အရာတွေကို အဲဒီတုန်းက ကျွန်းလို့ ဒါပြောတာ ၊ ဘယ်ဟာတွေ အဲဒီတုန်းက မရှိသေးဘူး စသည်ဖြင့်ပေါ့ ။

ဒါဆိုရင် စိတ္တသူကြွယ်ရဲ့ ဇနီး ကမြောက်ကျွန်းသူ လို့ ဆိုတယ်။ အဲဒီမှာ စတွေ့တာပဲ ။ ဂြိုလ်သားဖြစ်နေပြီ ။တခြားဂြိုလ်က ခေါ် လာတာ ဖြစ်နေပြီ ။ ဒီ အမျိုးသမီးက ။ သုတ္တန်မှာကလည်း သူက လူစစ်စစ် ၊ အသားဖြူတယ်။ ချောတယ်။ ထွားတယ် လို့ ပါနေ တော့ ၊အမေရိကန်၊ ရုရှား၊ဥရောပ သူလို့ ဆရာတော်တွေက ယူဆကြပြန်တယ်။( စိတ္တသူကြွယ် သုတ်တော် ဖတ်ကြည့် နာကြည့် ပါ ။ဆရာတော် တစ်ပါးက ဆို မြောက်အမေရိကတိုက်ကဖြစ်မယ်တဲ့ ။ ဒါတော့ မဖြစ်နိုင်ပါဘူး။ ဥရောပသူဖြစ်ဖို့ များ ပါတယ်။ အမေရိကတိုက်ကို လူတွေ ကိုလံဘတ်စ် ရှာတွေ့မှ သိကြတာပါ၊ ကမ္ဘာ့သမိုင်းအရ)နည်းနည်းတော့ ရှုပ်တယ်ဗျ ။ ညှိနိုင်းရတာခက်တယ်။

ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာ သင်တန်းမှာ ကြားလိုက်ရတာလေး ရှိသေးတယ်။ ရယ်စရာ အနေနဲ့ပေါ့ ။ သူက တက္ကသိုလ် တုန်း က ဆရာတစ်ယောက်ကို မေးတယ်တဲ့ ။ (ဒေါက်တာခင်အောင် ကို ထင်တယ်) ။ ဆရာ မြင့်မိုရ်တောင်က ဘယ်နားမှာလဲ ၊မြင်လဲ မမြင်ကြပါလားဆိုတော့ …ဆရာက .. အေး..အဲဒီ မြင့်မိုရ်တောင်ထိပ်မှာ ဘာရှိလဲ..တဲ့ ။ တာဝတိံ သာ နတ်ပြည်ရှိတယ် ဆရာ…ဆိုတော့….. မင်း တာဝတိံ သာ နတ်ပြည်ကိုတောင် မမြင်ရတာ သူ့အောက်က မြင့်မိုရ်တောင်ကိုလဲ ဘယ်မြင်ရပါ့မလဲတဲ့ ။ မြင့်မိုရ်တောင်ကို မြင်ချင်ရင် တာဝတိံ သာ နတ်ပြည်ကို မြင်အောင် အရင်လုပ်ပါတဲ့ ။
သာမာန် မျက်စိတွေ ကိရိယာတွေနဲ့ တော့ မမြင်ရဘူးပေါ့ ။ ဒိဗ္ဗစက္ခု အဘိဥာဉ် နဲ့မှ မြင်ရမယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် သီတင်းကောင်းတစ်ခုကတော့ ဖားအောက်တောရကျောင်းတိုက်မှာ ယောဂီတွေဟာ ဒါတွေကို မြင်နေရတယ်။ နိုင်ငံခြားသားတွေေ၇ာပဲ။ မယုံရင်လာ …ဘက်တွေ့ တရားလာမှတ်၊ ကိုယ့်ဟာကို ကြည့် ကြလို့ ဆရာတော်ကြီးက ရဲ ရဲ ဖိတ်ခေါ် တယ်။ ငါပြောတာကို ယုံမနေနဲ့ ။ကိုယ့်ဟာကို ကြည့်ကြတဲ့ ။ အခုနောက်ပိုင်း ပုဗ္ဗေနိဝါဿ အဘိဥာဉ်ရသူတွေတော်တော်များ လာကြောင်း ဒေါက်တာမင်းတင်မွန်က အဘိဓမ္မာသင်တန်းမှာ ပြောတာကြားရတယ်။

ကိုပြေဇော်တွက်ထားတာလေးတွေ ရှိတယ်။ ကူးတင်ပေးမယ်။ စိတ်ဝင်စားစရာပေါ့ ။

    

လေးကျွန်း တစ်မြင်းမိုရ်နဲ့ စကြ၀ဠာအနန္တဆိုတာကို ဗုဒ္ဓဟောအနေနဲ့ ရှိတာတော့ အကိုလဲ ထောက်ခံတယ်။
ကမ္ဘာမြေကြီးထုက နှစ်သိန်းလေးသောင်းတို့ ၊ နတ်ပြည် ၊ ငရဲပြည် အကွာအဝေးတွေကတော့ ဆရာတော်တွေလဲ ပါဠိတော်မှာ တိုက်ရိုက်မတွေ့ဘူးလို့ ဆိုကြတယ်။ သီဟိုရ်ဆရာတော် အရှင်အနုရုဒ္ဓရဲ့ အပြောတွေ ပဲ ဖြစ်နေတယ်။ ဒါကလဲ ပြဿနာ ရှိနေတယ်။ ဆက်တင်ပေးမယ်။


ဒါက အရင်တုန်းက ပဒုမ္မာမှာ ကိုပြေဇော်ရေးထားတာပါ။

စကြာဝဠာအကြောင်း

ယနေ့ ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများပါ စိတ်ဝင်စားနေကြသည့် စကြာဝဠားကြီးတည်ရှိပုံ၊ စကြာဝဠာကြီး တစ်ခု ဖြစ်တည်ပျက် သဘောတရားများသည် မိမိတို့ ဉာဏ်မမီသော အရာများအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ထိုအကြောင်းအရာများမှာ ဗုဒ္ဓဘာသာဝင်များအဖို့ သံသရာလွတ် မြောက်ကြောင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဂေါတမမြတ်စွာဘုရားက အဂ္ဂညသုတ္တန်တွင် စကြာဝဠာနှင့်ပတ်သက်၍ အထိုက်အလျောက် ဟောကြားခဲ့ဘူးပါသည်။

ယနေ့အနောက်တိုင်း Physical Cosmology သည်လည်း စကြာဝဠာအကြောင်း လေ့လာသုတေသနပြုနေဆဲ ဖြစ်ပြီး ဆုံးခန်း တိုင်ရောက်ပြီဟုလည်း မပြောနိုင်သေးပါ။ သို့ရာတွင် ၄င်းတို့၏ တွေ့ရှိချက်များနှင့် ဗုဒ္ဓ၏ဟောကြားချက်များကို ပေါင်းစပ်ပြီး သုံးသပ်ကြည့်ရာ စိတ်ဝင်စားဖွယ်ရာ အချက်အချို့ကို ဖော်ထုတ်ရရှိပါသည်။

The Buddha seems to present a model of cosmology wherein the universe expands and contracts over extremely long periods of time, this description has been found by some to be consistent with the expanding universe model and Big Bang. The Buddha seems to be saying here that the universe expands outward, reaches a stabilising point, and then reverts its motion back toward a central point resulting in its destruction, this process again to be repeated infinitely. Throughout this expanding and contracting process, the objects found within the universe undergo periods of development and change over a long stretch of time, according to the environment in which they find themselves. Following this passage above, the Buddha goes on to say that the “beings” he described in this paragraph become attached to an earthlike planet, get reborn there, and remain there for the duration of the life. As a consequence of this, physical characteristics change and evolutionary changes takes place. This is often interpreted as a very rough theory of evolution. Furthermore, the Aggañña Sutta presents water as pre-existent to earthlike planets, with the planet forming with water and the life moving from the water onto the earth. Buddha does not talk about a specific earth, but about earthlike planets in general.

အထက်ပါ စာပိုဒ်၏ အစတွင် မိမိတို့၏ စကြာဝဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ် သည့် သဘောရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် အဂ္ဂညသုတ္တန်ကို ရည်ညွှန်း၍ သုံးသပ်ထားသည်။ Expansion of universe နှင့် Big-Bang အယူအဆနှင့်လည်း ကိုက်ညီနေသည်ဟုလည်း ဖော်ပြထားပါသည်။

အဂ္ဂညသုတ္တန်တွင် ဗုဒ္ဓမြတ်စွာဘုရားက ‘ ၀ါဌေသ ထိုအခါ (စကြာဝဠာ ကုဋေ တစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီး သားတည်း၊ မှောင်အတိဖြစ်၏၊ တခဲနက်မှောင်အတိဖြစ်၏၊ လနေတို့မရှိကုန်၊ နက္ခတ်တာရာတို့လည်းမရှိကုန်၊ နေ့ညလည်းမရှိ၊ ဥတုနှစ်တို့လည်းမရှိ’ ဟု စကြာဝဠာကြီး စတည်ပုံကို ဟောကြားခဲ့သည်။ နောက်ပိုင်းတွင် နေ၊ လတို့ထွက်လာပုံ၊ နေ့ ည ဖြစ် ပေါ်လာပုံတို့ကို တဆင့်ခြင်း ဟောကြားသွားခဲ့သည်။

ထို့ကြောင့် Cocmological model of universe တစ်ခု ဖြစ်သည့် Big-Bang အယူအဆတွင် စကြာဝဠာကြီးသည် အလွန်သိပ် သည်းမှုများပြီး အပူချိန်မြင့်တက်နေရာမှ ပေါက်ကွဲပြီးပြန့်ကားခြင်း ဖြစ်နေသည်။ ယနေ့အထိ expansion ဖြစ်နေဆဲဟု လက်ခံ ထားကြသည်။ ဤယူဆချက်သည် အဂ္ဂညသုတ္တန်နှင့် အနီးစပ်ဆုံး ကိုက်ညီသော်လည်း steady state ရောက်ပြီး ပြန်ကျုံ့သွား သည်ဟု ဗုဒ္ဓဘုရားရှင်က ယင်းသုတ္တန်တွင် ဟောကြားထားကြောင်း မတွေ့ရပေ။ သို့သော် စကြာဝဠာကြီးသည် steady state ရောက်ပြီး ပြန်ကျုံ့သွားသည်ဆိုသည့် ပညာရှင်တို့၏ ယူဆချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဗုဒ္ဓပွင့်တော်မူချိန်သည် စကြာဝဠာကြီးပေါ်ပေါက်လာပြီး ဒုတိယ အသင်္ချေယျကပ်၏အစ ပထမ အန္တရကပ်အဆုံးပိုင်း ရောက်နေပြီ ဖြစ်၍ လူ့သက်တမ်း ၁၀၀ နှစ်ရှိသည်။ ပထမ အသင်္ချေယျကပ်သည် စကြာဝဠာကြီး ဖြစ်တည်လာသည့် အချိန် အပိုင်းအခြား၊ ဒုတိယ အသင်္ချေယျကပ်သည် steady state သို့ ပြောင်းနေသည့် အချိန်အပိုင်းအခြား ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ယင်းဟောကြားချက်သည်လည်း သိပ္ပံပညာရှင်တို့၏ expansion ဖြစ်နေဆဲဟု ယူဆချက်နှင့် ကိုက်ညီနေပြန်သည်။

ယနေ့ သိပ္ပံပညာရှင်များက စကြာဝဠာကြီး၏သက်တမ်းကို နှစ်သန်းပေါင်း ၁၃၇၀၀ ရှိပြီဟု ခန့်မှန်းထားပါသည်။
သို့ဖြစ်ပါ၍ သိပ္ပံပညာရှင်များ လက်ခံထားသော စကြာဝဠာသက်တမ်းကို အခြေခံထား တွက်ချက်ကြည့်ရာ အန္တရကပ်တစ်ခုသည် နှစ်သန်းပေါင်း ၆၅၂.၄ နှစ်ခန့် ကြာမည် ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင် ပွင့်စဉ် လူ့သက်တမ်း ၁၀၀ မှ ပျှမ်းမျှ တစ်နှစ်လျှင် ၂ နာရီ ၉ မိနစ်နှုန်းဖြင့် သက်တမ်းလျော့လာနေရာ နောင်နှစ်ပေါင်း ၃.၇ သိန်းခန့်တွင် ၁၀ နှစ်တမ်းသို့ ရောက်မည် ဖြစ်ပါသည်။ ထိုမှတဖန် နှစ်သန်းပေါင်း ၃၂၆.၂ ကြာသော် လူ့သက်တမ်းသည် ၈၀၀၀၀ ထိပြန်ရောက်လာမည်ဖြစ်ပြီး ဤကမ္ဘာအတွက် ပဉ္စမမြောက် နောက်ဆုံးဘုရား ပွင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် နှစ်သန်းပေါင်း ၃၂၆.၅၇ ခန့်တွင် အရိမေတ္တယျမြတ်စွာဘုရားပွင့်မည်ဟု ခန့်မှန်းပြောဆိုနိုင်ပါသည်။

စကြာဝဠာကြီးသည် ဒုတိယအသင်္ချေယျကပ်အတွင်း လက်ရှိ ပြန့်ကားထွက်လာခြင်းသည် steady state သို့ ရောက်ရှိသွားပြီး နောက် တတိယ အသင်္ချေယျကပ်သည် စကြာဝဠာကြီး ပျက်စီးမည့် ကာလအပိုင်းအခြားဖြစ်ပါသည်။
ဤနေရာတွင် သိပ္ပံပညာရှင်များ၏ စကြာဝဠာကြီးသည် တဖြေးဖြေး ကျုံ့သွားသည်ဆိုသည့် ယူဆချက်မှာ ဖြစ်နိုင်ချေရှိသည်ဟု ယူဆပါသည်။ ထိုသို့ ကျုံ့လာလျှင် ကြယ်များတစ်ခုနှင့်တစ်ခု နီးကပ်လာသဖြင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအနီးသို့လည်း ကြယ်များရောက်လာနိုင်ပါသည်။
ဗုဒ္ဓဘုရားရှင် ဟောကြားးထားသည့် နေ ၇ စင်းထွက်မည်ဆိုသည်ကို မိမိတို့နေ စကြာဝဠာငယ်အနီးသို့ အခြားကြယ်ကြီး ၆ ခု နီးကပ်လာသည့်အခါ နေ ၇ စင်းထွက်သည့်သဘောဟု ယူဆပါသည်။ အဆမတန် ပူပြင်းပြီး နောက်ဆုံးတွင် စကြာဝဠာတိုက်အတွင်း ရှိသမျှ နက္ခတ်တာရာများအားလုံးနှင့်အတူ မီးလောင်ပျက်စီးသွားမည် ဖြစ်ပါသည်။(ကာမ ၁၁ ဘုံနှင့် အောက်ဆုံးဗြဟ္မာဘုံပါဝင်မည်။ ကျန်အထက်ဘုံများမပါ။)
ဤသို့ ကမ္ဘာကြီး ပျက်ရန်မှာ နှစ်သန်းပေါင်း ၂၅၄၄၄ ခန့် လိုသေးကြောင်း ခန့်မှန်း တွက်ချက်တင်ပြလိုက်ရပါသည် ခင်ဗျာ။
(မိမိ၏ သုံးသပ်ချက်များမှာ အကြွင်းမဲ့မှန်ကန်သည်ဟု မဆိုနိုင်ပါ။ ရနိုင်သမျှ အချက်အလက်များပေါ် အခြေခံ၍ သုံးသပ်ခြင်း ဖြစ်ပါသည်။)

လေးစားစွာဖြင့်

မောင်ပြေဇော်

ဒါကတော့ အကိုတို့ မြင့်မိုရ်တောင်ကို စဉ်းစားကြည့်ခဲ့တာ ပါ။

—————————–
ကောင်းတယ်ဗျာ ၊ ဖတ်ရတာ တော်တော် အရသာရှိတယ်။
ဟိုတလော ကတော့ ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာ ကရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရတယ် ။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာ မဟုတ်ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ် လို့ သုံးသပ်ကြတယ်။
မြတ်စွာဘုရားဟောတဲ့ စကြ၀ဠာ တိုက် တစ်သောင်း ၊ စကြ၀ဠာအနန္တ ဆိုတာ မကြာခင်သက်သေပြကြတော့မယ် ထင်တယ်။
ချမ်းသာကြပါစေ ။
————————————
ကျွန်တော် ရှုပ်သွားတာ တစ်ခုရှိတယ်ဗျ ။ နိကယ်ကဏ္ဍ ၊၁၄-သတ္တသူရိယ သုတ်တော်ရဲ့ ကောက်နှုတ်ချက်မှာ ….
ကမ္ဘာမပျက်ခင်နှစ် တစ်သိန်း ကပင်ကြိုတင်၍ လောကဗျူဟာ နတ်တို့သည် ကမ္ဘာလောကဓာတ် တစ်ခွင်လုံးကို လှည့်လည် ကြွေးကြော်ကြတယ်။
” အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။ မဟာ သမုဒ္ဒရာလည်းခန်းခြောက်ကာ ဤကမ္ဘာမြေနှင့် တကွ မြင်းမိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက်၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ ။ ”

မြင်းမိုရ်တောင်က ဘယ်နားမှာရှိလဲ လိုက်ရှာဖတ်ကြည်တော့ လဲ တွေ့ပါတယ်။ သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ အဂ္ဂည သုတ် အဌကထာ၊ ၀ိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊ ၅၅၀ ဧကနိပါတ် ကုလာဝကဇာတ် ၊နေမိဇာတ်၊အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း စသည် တို့ ဖြစ်သည်။

ဒီကျမ်းတွေမှာ ဆိုတာက စကြ၀ဠာ တစ်ခုမှာ နေတစ်စင်း ၊လတစ်စင်း နှင့် အလယ်တွင် မြင့်မိုရ်တောင်ရှိသည် ။ မြင့်မိုရ်တောင်ကိုဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ထောင် ကို နေ နဲ့ လ က အလင်းရောင်ပေးနေတယ် လို့ ဆိုပါတယ်။ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် ကို စကြ၀ဠာ တစ်ခု လို့ ဆိုပါတယ် ။ စကြ၀ဠာ ဟာ အ၀ိုင်းပုံစံ နဲ့ အရေအတွက် အနန္တရှိတယ် ဆိုပါတယ်။ စကြ၀ဠာ (၃) ခုကြားမှာ လောကန္တရိတ် ငရဲ ရှိတယ်ဆိုပါတယ်။(အဇာတသတ် ကျနေတဲ့ ငရဲပါ)

ဒီမှာ ကျွန်တော် မရှင်းတာ က ဒီစကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာ ကရှာတွေ.တယ်ဆိုရင် မြင်းမိုရ်တောင်ကို ဘာလို့ မတွေ့ကြတာလဲ ။ ရှိတာတော့ သေချာနေပြီ ။ သာမန် မံသစက္ခုနဲ့ မမြင်နိုင်ဘူး လို့ ယူဆရ မှာ လား ။ ကိုပြေဇော် ဘယ်လို ယူဆပါသလဲ ။

ချမ်းသာကြပါစေ ။
Solomon

——————
     ကို solomon ရေ

သိပ္ပံပညာကလည်း တော်တော်လေး လေ့လာမှုတွေ ရှိထားတာပဲ။ သို့သော် မြင့်မိုရ်တောင် ဘယ်မှာဆိုတာတော့ confirmed မဖြစ်ဘူးဖြစ်နေတယ်။ ရှုပ်ကုန်မှာ စိုးလို့ ကျွှန်တော် တမင်ချန်ထားတာ။ ခင်ဗျားက လာမေးတော့ ထည့်ရှင်းရမှာပေါ့။ ဟောဒီ http://en.wikipedia.org/wiki/Sumeru မှာဖတ်ကြည့်လိုက်ပါ။ ဒီလိုဖော်ပြထားတယ်။

40,000 yojanas is also the height at which the Sun and Moon circle Sumeru in a clockwise direction. This rotation explains the alteration of day and night; when the Sun is north of Sumeru, the shadow of the mountain is cast over the continent of Jambudvīpa, and it is night there; at the same time it is noon in the opposing northern continent of Uttarakuru, dawn in the eastern continent of Pūrvavideha, and dusk in the western continent of Aparagodānīya. Half a day later, when the Sun has moved to the south, it is noon in Jambudvīpa, dusk in Pūrvavideha, dawn in Aparagodānīya, and midnight in Uttarakuru.
နေနဲ့ လ ကမြင့်ရ်မိုတောင်ကို ပတ်နေလို့ မြင့်ရ်မိုတောင် ကွယ်ရင် အဲဒီကျွှန်းက ညဖြစ်တယ်။ ဆန့်ကျင်ဘက်ကျွှန်းက နေ့ဖြစ်တယ်ပေါ့။ ဒီလိုတွေလည်း ရေးထားတာတွေ့နေရတယ်။ စကြာဝဠာကြီး ဖြစ်ပြီးစ၊ နေ လတို့ ပေါ်ထွန်းစ၊ ကျွှန်းလေး ကျွှန်း မြင့်မိုရ်တောင်ကြီး ပေါ်ထွန်းစ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀၀၀ ၀န်းကျင်က စကြာဝဠာကြီး ခုလောက် expansion မဖြစ် ခင် အခြေအနေကို ရည်ညွှန်းပြီး ဟောခဲ့တယ်လို့သာ မှတ်လိုက်ပါ။ ဒါမှမကြိုက်ရင် အဘိညာဉ်နဲ့ ကြည့်ရင် တွေ့ဦးမယ်လို့ မှတ်ချင်လည်းမှတ်ပေါ့။ ဘုရားရှင်ရဲ့ ဟောကြားချက်ကို မှားတယ်လို့တော့ မယူပါနဲ့။ ကျွှန်တော်လည်း အဘိညာဉ်မရတော့ တပ်အပ်တော့ မပြောနိုင်ဘူး။ စကြာဝဠာကြီးက အချိန်နဲ့ အမျှ ပြောင်းနေတာလေ။ Evolution ပေါ့ဗျာ။ တရွေ့ရွေ့ ပြောင်းလဲတဲ့ ဖြစ်စဉ်ပေါ့။ သိပ္ပံပညာရှင်တွေက စကြာဝဠာထဲက အရာဝတ္တုတွေကိုဖော်ပြရင် 3-D( 3 Dimensions)နဲ့ မရဘူး။ 4-D နဲ့မှ ရမယ်။ Time ဆိုတဲ့ Dimension တစ်ခုထပ်ထဲ့ ထားတယ်။ ဒီလို spacetime နဲ့ ဖော်ပြမှ ပြည့်စုံတယ်တဲ့။ ဆိုလိုတာက အချိန်နဲ့အမျှ ပြောင်းလဲတဲ့သဘောလို့ပဲ မှတ်ထားလိုက်ပါ။
ကျွှန်တော်အနေနဲ့က သိပ္ပံနယ်ပယ်မှာ တွေ့ရှိချက်အချို့နဲ့ ဘုရားရှင်ရဲ့ဟောကြားချက်တွေထဲက တိုက်ဆိုင်တယ်ထင်တာပဲ ရွေးထုတ်တင်ပြတာပါ။

နောက်တစ်ဆက်တည်း တင်ပြလိုတာက စကြာဝဠာကြီးက ပျက်ခါနီးရင် ကျုံ့သွားတယ်ဆိုတာ ပညာရှင်တွေ ပြောတာမဟုတ်ပဲ ဗုဒ္ဓဘုရားရှင် ဟောကြားချက်မှာပါကြောင်း မူလတင်ပြမှုကို ဖြည့်စွက်လိုပါတယ်။ အဂ္ဂညသုတ်ကို အင်္ဂလိပ်လို ရေးထားတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
In the second part of the Sutta, Buddha tells the story of how the human beings came to dwell on Earth. The Buddha told that sooner or later, after a very long time, there would be a time when the world shrinks. As the universe shrinks, many of its inhabitants would die. Of these deceased creatures, some were born again (due to good karma) in the Heavenly realm of Abbhasara (Lucid Light). There, they floated for a very - very long time, as a bodiless, radiating extreme light. They don’t eat or drink, as they nourish themselves from pure spiritual joy.

ဒီလောက်ဆိုရင် ကျွှန်တော့်အဖြေကို ကျေနပ်မယ်လို့ မျော်လင့်ပါတယ်ဗျာ။

ခင်မင်လျက်

မောင်ပြေဇော်


နောက် ပြဿနာ တစ်ခုကတော့ ကမ္ဘာမြေကြီးရဲ့ ထုထည်နဲ့ ငရဲပြည်တွေရဲ့ အကွာအဝေး ကို အကို လိုက်တွက်ကြည့် တဲ့ အခါ တွေ့ရတဲ့ ပြဿနာပါပဲ ။
ဒီအကွာအဝေးတွေကို ဘုရားရှင်ရဲ့ မူရင်းပါဠိတော်မှာ မပါဘူးလို့ ဒေါက်တာ မင်းတင်မွန်ူက တော့ ပြောသွားတယ်။ သူလဲ သံသယဖြစ်လို့ Confirm လုပ်နေတာကြာပြီတဲ့ ။ နိုင်ငံခြားရောက်တိုင်း ဒါတွေကို မေးလေ့ရှိနေတော့ ရဲရဲ မပြောရဲဘူးပေါ့ ။
ဒါတွေကလဲ ဘုန်းကြီးတွေနဲ့ ခေတ်ပညာတတ်တွေ ပူးပေါင်းစဉ်းစားပြီး သေချာအောင်လုပ်သင့်တဲ့ အချက်တွေပါ။ပြဿနာ က ဒီလိုပါ ။

လက်ရှိဆရာတော်တွေ ဟောနေတာ ၊ ရေးထားတာတွေမှာ -
ကမ္ဘာ မြေကြီး၇ဲ့ ထုထည်ဟာ ယူဇနာပေါင်း ၂-သိန်း၊၄သောင်း ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိသိပ္ပံပညာမှာက ကမ္ဘာ့ အချင်းဟာ အီကွေတာ အတိုင်းဆိုရင်
The diameter of the earth at the equator is 7,926.41 miles (12,756.32 kilometers).the earth through the poles the diameter is a bit shorter - 7,901 miles (12,715.43 km).

ဒီတော့ ထုထည်ဆိုတာက Volume = 4/3 pi r^3 ဆိုတော့ သိပ္ပံပညာအရ ကမ္ဘာ မြေကြီး၇ဲ့ ထုထည်ဟာ မိုင်သန်းပေါင်း ၂၆၀၀၀၀ လောက် ရှိတယ်။ အတိအကျဆိုရင် ၂၅၈၀၀၀ သန်းရှိတယ်။
တစ်ယူဇနာကို (၈ )မိုင် သော်လည်းကောင်း ၊ (၁၃) မိုင်သော်လည်းကောင်း ၊ (၁၂)မိုင်၊(၅)ဖာလုံ ၊(၈ )သံကြိုး ၊(၄) ကိုက် သော် လည်းကောင်း ရှိတယ် ဆိုပါဆို့ ။ဘုရားဟောကို ပြန်တွက်ရင် အနည်းဆုံး ကမ္ဘာရဲ့ အချင်းက ၁၃၂၈၉၀ မိုင်လောက်ရှိ နေတယ်။ ယူဇနာကို မိုင် ပြောင်းအပြီးမှာပေါ့။ သိပ္ပံ နဲ့ကွာနေတယ်။

အဓိက ပြဿနာက ငရဲ (ဂ )ထပ်ရဲ့ တည်နေရာပါပဲ ။
ငရဲ (ဂ ) ထပ်ဟာ မြေမျက်နှာပြင်ကနေ ယူဇနာ (၁၅၀၀၀) ဆီ အောက်ကို နိမ့်ပြီး ရှိနေတယ်လို့ ဟောထားတယ်။ ဟောနေတုန်းပဲ ။ ဒီတော့ ယူဇနာ ၁၅၀၀၀ ဆိုတာ ၁၅၀၀၀ (အမြှောက်) ၈ မိုင် ဆိုရင်တောင် ၁၂၀၀၀၀ မိုင်မှာ ပထမဆုံး သိဥ္စိုးငရဲ က စရှိနေ မယ်။ ဒါဆိုရင် တောင်မြောက် အချင်း - ၇၉၀၀ မိုင်ပဲ ရှိတဲ့ ကမ္ဘာ ရဲ့ အပြင်ကို ဒီ ငရဲ ရောက်နေပြီ လို့ ပြောရမလို ဖြစ်နေတယ်။ ကျန်တဲ့ (၇) ခုဆို ပိုဆိုးပြီ။
တရားတော်တွေမှာက ထုထည်ဟာ ယူဇနာပေါင်း ၂-သိန်း၊၄သောင်း ရှိတယ်လို့ ပြောပြီးတာနဲ့ မြေကြီးအောက်ကို ယူဇနာ ၁၅၀၀၀ ဆီ အောက်မှာ ငရဲတွေ ရှိနေတယ်လို့ ဆိုတယ်။
စက္က၀တ္တိသုတ်တော်၊ သတ္တသူရိယ သုတ်တော် အကျယ်တွေမှာ ပါနေတယ်။ အနက် ( Depth ) နဲ့ ထုထည်(Volume)ကို နှိုင်းယှဉ်ပြထားသလိုဖြစ်နေတယ်။အနက်ကို အနက်နဲ့ ယှဉ်ပြရင် ကျွန်တော်တို့ သတိထားမိနိုင်တယ်။အခု ယှဉ်ကြည့်လိုက်တော့ အဲဒီလိုအပြင်ကိုရောက်တာ ဖြစ်နေတယ်။

ငရဲတွေကလည်း ကမ္ဘာထဲမှာပဲ ရှိတယ်လို့ အဆိုကရှိနေတယ်။အပြင်မှာလည်း ရှိနိုင်တယ်ဆိုရင်တော့ အားလုံးအစဉ်ပြေမယ်။ အ၀ီစိကတော့ အပြင်နဲ့ ဆက်စပ်နိုင်တယ်။ဘာကြောင့်လဲဆိုရင် အ၀ီစိ၇ဲ့ အရံ လောက ကုမ္ဘီငရဲဟာ စကြာဝဠာ (၃)ခု ဒါမှမဟုတ် (၂) ခု ဆုံတဲ့ ကြာ်းမှာ မှောင်မည်းပြီး ရှိနေတယ်လို့ ဆိုတယ.်။ ဒါကလည်း အဇာတသတ်မင်းနဲ့ ပတ်သက်ပြီး ဟောထားတဲ့ တရားတွေမှာ ရှိနေတယ်။ သိပ္ပံကလည်း အခုဆိုရင် ကျွန်တော်တို့ စကြာဝဠာရဲ့ အဆုံးလို့ ပြောလို့ ရတဲ့နေရာကို တွေ့ပြီလို့ ဆိုတယ်။မှောင်မည်းနေတယ်တဲ့ ။ ဒီအမှောင်ရဲ့ ဟိုဘက်မှာ နောက် စကြာဝဠာတစ်ခု ရှိမယ်ဆိုရင်တော့ ဘုရားရှင်ဟောတဲ့ စကြာဝဠာအနန္တဆိုတာကို သိပ္ပံပညာက တွေ့ရတော့မယ်။

္ပဒီတော့ လက်ရှိခေတ်နဲ့ ကိုက်ညီအောင် ငရဲတွေကို ဘယ်လို တွက်ကြမလဲ ။ ဒေါက်တာ မင်းတင်မွန်တို့ကတော့ ဒါတွေက သီဟိုဠ်ကဆရာတော် ပြန်ရေးတဲ့ အဋ္ဌကထာက စကားတွေပါလို့ ပဲ .ဇာတ်လမ်းဖျက်လိုက်ပါတယ်။

ချမ်းသာကြပါစေ

Solomon


ဒီမေးခွန်းတွေ အဖြေရှာတာတွေဟာ မဂ် ၊ဖိုလ်၊ နိဗ္ဗာန် သွားရာ မဟုတ်လို့ အရေးမပါဘူးလို့ လဲ မတင်လိုက်ပါနဲ့ ။
နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ သာသနာပြုမယ်ဆိုရင် သူတို့ မေးတာတွေကို အရင် စုံနေအောင် ဖြေနိုင်ပြီးမှ သူတို့ ရဲ့ First Impression ကို ရမယ်။ ဒါပြီးမှ သမထဖြစ်စေ၊ ၀ိပဿနာ ဖြစ်စေ ဟောပြောသင်ကြားလို့ ရမယ်။ ဒါတွေကို ဟောပြောခဲ့တဲ့ ဗုဒ္ဓဆိုတာလဲ ဘယ်လိုပုဂိုလ်ဖြစ်တယ်၊ ဥာဏ်တော် ဘယ်လောက်ကြီးကျယ်ဆိုတာကို အဲဒီ ဘာသာခြား ၊ဘာသာမဲ့တွေက ဒီလို မေးခွန်းတွေနဲ့ပဲ တိုင်းတာကြပါတယ်။

လက်ရှိ ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်တို့မှာ သာသနာပြု ဒေသစာရီကြွမယ့် ဆရာတော်လောင်းလျာ စာသင် သားတွေကို သိပ္ပံပညာအချို့သော Concept တွေ ၊ Unit ပြောင်းတဲ့ Formulae တွေ ၊ ဆေးပညာဆိုင်ရာ ဗဟုသုတတွေ ၊ ဘာသာစကားတွေ၊သမိုင်းတွေ၊ အဆိုအမိန့်တွေ ကို ပါဠိတော် နဲ့ အတူ တွဲပြီးသင်ပေးနေတယ်ဆိုတာ ဒါကြောင့်ပါပဲ ။

နိုင်ငံခြားသားနဲ့ စတွေ့တာနဲ့ အဝိဇ္ဇာ ပစ္စယာ သခါၤရ၊ သခါၤရာ ပစၥယာ ဝိဥာဏံ၊ ဝိဥာဏ ပစၥယာ နာမရူပံ စသည် တန်းပြီး ရွတ်လို့ ရတာ မဟုတ်ဘူး။
ဝိဥာဏ ပစ္စယာ နာမရူပံ ဆိုတာလေးကို သူတို့လက်ခံနိုင်ဖို့ အနည်းဆုံး ဒီလောက်ပြောနိုင်ရမယ်။ဥပမာ အနေနဲ့ ရေးပြမယ်။

ဗုဒ္ဓရဲ. ကမ္ဘာလောကဖြစ်တည်ပုံ ရုပ် ၊ နာမ် ပိုင်း ဖြစ်စဉ် အဟော၊ နဲ့ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ လည်း နီးစပ်နေတာ တွေ့ရပါတယ်။
သိပ္ပံပညာရှင်ပေါင်းများစွာ စုဝေးပြီး ကမ္ဘာမြေကို မဟာဓါတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ကြရာ ( လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀၀ ကျော်က ) ကာဗွန် ၊ ဟိုက်ဒရိုဂျင် ၊အောက်ဆီဂျင် နဲ့ နိုက်ထရိုဂျင်တွေ အချင်းချင်းဓာတ်ပြုပြီး ရှုပ်ထွေးဆန်းကျယ်တဲ့ မော်လီကျူး အဖြစ်ပေါင်းစပ်သွားကြတယ် ။ ဒီဖြစ်စဉ်မှာ တစ်ခုခုသော ပေါင်းစပ်မှုဟာ ဇီဝအသက် ဆိုတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး Process တစ်ခုကို ဖြစ်သွားစေခဲ့တယ်။ ရုပ်ပိုင်း အခြေခံမှာ မီသိန်း ၊ အမိုးနီးယား နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ ပေါင်းစပ်သွား တဲ့ ပရိုတိန်း ( ၀ါ ) ပေါ်လီမာ (Polymer ) ဒြပ်ပေါင်း တစ်ခုဖြစ်နိုင်တယ် လို့ ယူဆကြတယ်။ အဲဒီလိုစတင်ခဲ့တဲ့ အသက်ဇီဝ ဓာတ်ပေါင်းလေးဟာ နှစ်ကာလများစွာကြာမှ လူသားဖြစ်လာတယ်လို့ ယူဆကြပါတယ်။Polymer ဖြစ်ပေါ်မှုဟာ နှစ်သန်း အနည်း ငယ်ပို၍ စောပြီး လူသားကတော့ ဤစကြာဝဠာမှာ လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်း( ၁၀၀,၀၀၀ )ခန့်ကမှ ဖြစ်လာတယ်လို့ ဆိုပါ တယ်။

တဖန် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် တစ်မျိုး ကမ္ဘာမြေမှာ ဆက်ပြီးဖြစ်ပေါ်လာတယ် ။ ဤစကြာဝဠာမှာ ကမ္ဘာမြေ ရဲ့ အပေါ်ယံ အလွာ ဖြစ်ပေါ်လာပြီးနောက်မှာ စကြာဝဠာမှာ လဲ ပြောင်းလဲမှုတွေ ဆက်ဖြစ်လာတယ်လို့ ယူဆကြတယ်။ဒီ ပြောင်းလဲမှုဖြစ်စဉ် တစ်မျိုး ကို “မဟာပေါက်ကွဲမှု ( Big Bang )” သီအိုရီ လို့ ခေါ်လိုက်ကြပါတယ် ။

“မဟာပေါက်ကွဲမှု ( Big Bang )” ကို တွေ့ရှိခြင်းဟာ ဗုဒ္ဓရဲ. ကမ္ဘာလောကဖြစ်တည်ပုံ အဟော နဲ့ အတွေးအမြင် သွားတူနေတာ တွေ့ရပါတယ်။ ဗုဒ္ဓကျမ်းဂန်တွေမှာ လည်း နောက်ဆုံးမှာ ကမ္ဘာဟာ အလွန်ပူပြင်းလာပြီး တစ်ချိန်တည်းလောက်နီးနီးမှာ နေ (၇) စင်း ပေါ်ထွက်လာလျက် ကမ္ဘာလောက ပေါက်ကွဲ တော့မည့် အခြေအနေကို ဖော်ပြကြပါတယ်။ဒီ အပူရှိန်ကလည်း ကမ္ဘာမြေကို လောင်ကျွမ်းပစ်လိုက်မယ် လို့ ဆိုပါတယ်။
    
သိပ္ပံပညာရှင်တွေကတော့ ဒီ Big Bang ဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဘီလီယံ ခန့်က ဖြစ်ပျက်ခဲ့တယ် လို့ ယူဆကြပါတယ်။အဲဒီ နောက် ဆင့်ကဲ ဖြစ်စဉ်ပေါင်းများစွာ မှာ သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေ လဲ ပါဝင် လာရတယ် လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များစွာတို့ သည် သတ္တ၀ါရဲ. မူလဘူတ ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်ရမည်။ ဒီလိုမှ မဟုတ်ရင် လုံးဝ မဖြစ်ပေါ်နိုင်ကြောင်း ယူဆကြသည် ။

Einstein ကလဲ ... Matter and mind must arise together or not at all ; that, in other words , there is simultaneous genesis of matter and mind . လို့ အတည်ပြုခဲ့ ပါတယ်။

အဲဒီမှ တဆင့် ဒီလို ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်လာဖို့ ဘုံအရင်းအမြစ် တစ်ခုတော့ ရှိရမယ် ဆိုပြီး ရှာကြံကြပါတယ် ။

Henri Bergson said that mind is a condensation from consciousness . He also said that once consciousness is present, matter can be deduced from it. In other words, consciousness gives rise to mind and matter. ဟင်နရီဘဂ်ဆင် ပြောတာ က နာမ်ဟာ အာရုံစုဖွဲ့မှုကနေ ဖြစ်လာတယ် ။ အာရုံစုဖွဲ့မှုဖြစ်လာတာနဲ့ ရုပ်ကိုလည်း ဆင်ခြင်တွေး ဆနိုင်ပြီ ။ တစ်နည်းဆိုရရင် အာရုံသိမှုဟာ နာမ် နဲ့ ရုပ်ကို ဖြစ်စေတယ်…… လို့ ပြောပါတယ်။

ဒီအချက်ကို ဗုဒ္ဓမြတ်စွာက အတိအကျ ဟောတော်မူခဲ့ပါတယ်။
” ၀ိဥာဏပစ္စယာ နာမရူပံ “...(အာရုံသိမှု ၀ိဥာဏ် သည် နာမ် နှင့် ရုပ် ကို ဖြစ်စေသည်။)….

ဒီတော့ စကြာဝဠာ ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များမှ တဆင့် သတ္တ၀ါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေဟာ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ နဲ့ ဗုဒ္ဓမြတ်စွာရဲ. တရားတော်များ အဘယ်မျှ တူညီ နီးစပ်နေကြောင်း ၀မ်းမြောက်ဖွယ် ရာ တွေ့ ရှိရပါ ကြောင်း……………………။

ဒီလို သူတို့ ရင်းနှီးပြီးသား သိပ္ပံပညာရှင်တွေ ရဲ့ အကိုးအကားတွေ ဘာတွေနဲ့ တိတိကျကျပြောနိုင်မှ သူတို့က လက်ခံမှာလေ။ တရားဟောဖို့ဆိုရင် ဘာလဲ ၊ ဘယ်မှာလဲဆိုတာကိုတောင် သေသေချာချာမဖြေနိုင်ရင် ဘယ်လို ဆက်ဟောနိုင်ပါ့မလဲ ။ဘယ်ယုံကြည်ပါတော့မလဲ ။

အခုနောက်ပိုင်းတော့ နိုင်ငံခြားမှာ ချမ်းမြေ့  ဆရာတော် ဖြေတာတွေ သိပ်ကို ကောင်းတယ် ။ အရမ်းကို အဆင့်အတန်းမြင့်တဲ့ သုံးသပ်ချက်တွေ၊ ကိုးကားချက်တွေ နဲ့ ဖြေတယ်။ဓမ္မစေတီဆရာတော်လဲ ဒီလို ပါပဲ ။ဒါပေမယ့် နိုင်ငံခြားမှာ သူဖြေတာတွေတော့ သေသေချာချာမဖတ်ကြရသေးဘူး။ တရားတွေမှာဟောရင်းပြောသွားတာလောက်ပဲ သိနေရတယ်။ သူကတော့ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ၊ ပညာရှင်တွေကိုဆရာတော်တွေကို အကြံပေးကြဖို့ ၊ ပူးပေါင်းပြီး ဒီလို သက်သေပြချက်တွေ ထုတ်ကြဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။

တို့တွေလဲ တတ်နိုင်သလောက် စဉ်းစားအဖြေရှာကြတာပေါ့ ။

ချမ်းသာကြပါစေ။
ပေးပို့ မျှဝေသူ။ ကိုတေ teza htut <tezahtut@gmail.com>

Sunday, March 9, 2014

ပုက္ကုသာတိ မင်း

 

မောင်လေး ညီမလေးတို့ကို ဘုရားရှင်လက်ထက်  တော်က ဘုရင်ကြီးတစ်ပါး အကြောင်းပြောပြချင်ပါတယ်

 ဘုရားရှင်လက်ထက်တော်က ... အိန္ဒိယ မြောက်ပိုင်း သိန္ဓူမြစ် အနောက်ဖက်က တက္ကသီလာ ဆိုတဲ့ ပြည်ကြီးမှာ ... ဘုရင်တစ်ပါးရှိတာပေါ့ ... သူ့နာမည်က ပုက္ကုသာတိ မင်း တဲ့ သူ့အကြောင်းပေါ့ ။

ဒီအကြောင်းကိုမပြောခင် ဘုရားရှင်လက်ထက်တော်က သိသင့်တာလေးတွေအရင်ပြောတာပေါ့
ဘုရားရှင်လက်ထက်တော် အခါကထင်ရှားကျော်ကြားတဲ့ တိုင်းကြီး ၁၆ တိုင်းရှိတာပေါ့ ။  ၁။ အင်္ဂတိုင်း၊ ၂။ မာဂဓတိုင်း၊ ၃။ ကာသိတိုင်း၊ ၄။ ကောသလတိုင်း၊ ၅။ ဝဇ္ဇီတိုင်း၊ ၆။ မလ္လာတိုင်း၊ ၈။ စေတီတိုင်း၊ ၉။ ဝံသတိုင်း၊ ၁၀။ ကုရုတိုင်း၊ ၁၁။ ပဉ္စာလတိုင်း၊ ၁၂။ မစ္ဆတိုင်း၊ ၁၃။ သူရသေနတိုင်း၊ ၁၄။ အဿကတိုင်း၊ ၁၅၊ အဝန္တိတိုင်း၊ ၁၆။ ဂန္ဓာရတိုင်း၊ ၁၆။ ကမ္ဘောဇတိုင်း ဟု တိုင်းဒေသကြီး ၁၆ ခုကို တွေ့ရ၏ ။ (( အင်္ဂုတ္တရနိကာယ် ဥပေါသထ သုတ်(အံ-ပ ၂၁၃) .. (နိယံ- အင်္ဂနှင့်၊မဂဓာ၊ ကာသိ-ကောသလာနှင့်၊ ဝဇ္ဇီပါ မလ္လာပြ၊ စေတိယပါ၊ ဝံသနှင့် ကုရုတဖြာ၊ ပဉ္စာလာ မစ္ဆော၊ သူရသေ အဿကာနှင့်၊ အဝန္တီ ဂန္ဓာရရယ်၊ ကမ္ဘောဇနှော။)... ))

အခု နူးပြောမယ့်  ပုက္ကုသာတိ ဘုရင်ကြီး က အဲ့တိုင်းကြီး ( ၁၆ ) တိုင်းထဲက ဂန္ဓာရ တိုင်း တက္ကသီလာ ပြည်ကြီး ရဲ့ ဘုရင်ကြီးပေါ့ ..။
ကသ္မီရ လို့ခေါ်တဲ့ ဂန္ဓာရတိုင်းမှာ ပါဝင်တဲ့ ပြည်တွေကတော့  တက္ကသီလာ (တက္ကသိုလ်)၊ ပုရိသပုရ အမည်များနှင့် ထင်ရှားခဲ့ပြီး၊ ယ္ခု ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏ အရှေ့မြောက်ဘက်စွန်းနှင့် စပ်လျက်ရှိတဲ့  ကသ္မီရတိုင်း၊ ယင်း၏အနောက် ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် ယ္ခု ပါကစ္စတန် .... အာဖဂန် နစ္စတန်တို့ ပါဝင်တဲ့ဒေသပေါ့ ...

ဘုရားရှင်လက်ထက် မတိုင်ခင်ကတည်းက  ဒီအရပ်ဒေသဟာ   တက္ကသိုလ်ပြည်လို့ နာမည်ကြီးတာပေါ့  တိုင်းကြီး ၁၆ တိုင်းက မင်းညီမင်းသား ... မင်းမျိုးမင်းနွယ်များနှင့် မင်းခစားပုဏ္ဏားများ၊ သူဌေးသူကြယ် သားသမီးတို့ တတ်အပ်သော အဋ္ဌာရသ (၁၈) ရပ်တို့ကို သင်ကြားပေးရာ အရပ်လည်း ဖြစ်တယ် ။  ပညာရှိတို့ကို မွေးဖွားပေးရာ တစ်ခုတည်းသော ဒေသကြီးဖြစ်ခဲ့ဖူးတာပေါ့ ။

စာပေနှင့် ယဉ်ကျေးမှု အရာမှာ  မြတ်ဗုဒ္ဓနဲ့  ခေတ် ပြိုင်ထင်ရှားတဲ့ ကျောင်းတော်ကြီးဖြစ်ခဲ့တယ်တဲ့
ပသေနဒီကောသလမင်းကြီးနှင့် သမားတော် ဇီဝက (အဘယမင်းသား၏သား) တို့ ဟာ တက္ကသိလာကျောင်းထွက် တွေဖြစ်သလို .... ကမ္ဘာကျော် သဒ္ဒါပါရဂူပါဏီနိ မွေးဖွားရာ အရပ်ဒေသ လည်းဖြစ်ခဲ့သေးတယ်တဲ့ ... ဘုရားရှင်၏ အထက် လက်ဝဲ စွယ်တော် ကိန်းဝပ်ရာ အရပ်လည်းဖြစ်သတဲ့ ။

သိရိဓမ္မာသောက မင်းကြီးလက်ထက် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုစေလွှတ်ရာမှာလည်း အရှင် မဇ္ဈန္တိက မထေရ်မြတ် ခေါင်းဆောင်သော အဖွဲ့ဝင် သံဃာတော် ၄-ပါး၊ဟာ  အာသီဝိသောပမ သုတ္တန်ကို ဟောကြား ကာ ဒီဒေသမှာ သာသနာ ပြုတော်မူခဲ့ကြပါတယ်...

သာသနာနှစ် (၄၅၀) ခန့်၊ မိလိန္ဒမင်းကြီးလက်ထက်မှာတော့  ရဟန္တာ ခြောက်သောင်းအထိ ရှိခဲ့ ပြီး တစ်တိုင်းပြည်လုံး ရဟန်းသံဃာ များ ဖြင့် သာသနာတော်  ပြန့်ပွားခဲ့ရာ အရပ်ဒေသကြီး လည်း ဖြစ်ခဲ့ပါတယ်။

ဤဗုဒ္ဓသာသနာတော် ထွန်းကားခဲ့ရာ ဒေသဟာ ဘုရားရှင်သာသနာနှစ်   တစ်ထောင့် နှစ်ရာ အလွန်မှာ   အနောက်ဖက်မှ အစ္စလာမ်တပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံရပြီး အမျိုးကောင်း သမီးများအား သားမယားပြုကာ မွတ်စလင်နိုင်ငံကြီး ထူထောင်ခဲ့ကြတာပေါ့ ...။

လွန်ခဲ့သော ခရစ်နှစ် (၂၀၀၀) ပြည့်နှစ်မှာတော့  တာလီဘန်ခေါင်းဆောင် မူလာအိုမာက ဘာမီယန်တောင် ကုန်းမှာရှိတဲ့  ဉာဏ်တော်ပေ (၁၆၀) နဲ့ ပေ (၁၄၀) ခန့်ရှိ  ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူကို ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များ ဘာသာရေးအဖွဲ့များ ကမ္ဘာ့နိုင်ငံပေါင်းစုံ  အစိုးရခေါင်းဆောင်များ တားမြစ် နေတဲ့ကြားက အမြောက်များနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ် ။

မအောင်မြင်ခဲ့ပါဖူး ... ဒါနဲ့ ခရစ်နှစ် ၂၀၀၁-ခုနှစ် နှစ်ဆန်းပိုင်းမှာ အဲလ်ကိုင်ဒါခေါင်းဆောင် အိုစမာ ဗင်လာဒင်ရဲ့ အကူအညီနဲ့ ကိုယ်လုံးတော်မှာ ဗုံးများမြုပ်နှံကာ ဖောက်ခွဲခဲ့ကြပါတယ်

 နှစ်ပေါင်း ၁၇၀၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းမှာ  အစောဆုံး၊ အဦးဆုံး ဆင်းတုတော်များ လို့ သတ်မှတ်ခံထားရတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူဟာ  အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီး ခဲ့ရပါတယ်။

 ရုပ်ပွားတော်ကြီးများ ပျက်စီးခဲ့ရတဲ့ လမှာပဲ တာလီဘန်ခေါင်းဆောင် မူလာအိုမာနဲ့ အိုစမာ ဗင်လာဒင်တို့ ဟာ တပြေးတည်း ပြေးနေရပါတယ် ....  ခရစ်နှစ် (၂၀၁၁) ခုနှစ်၊ မေလ (၄) ရက်နေ့မှာတော့  ဗင်လာဒင် ဘ၀ ဇာတ်သိမ်းသွားပါတယ် ။

အာဖဂန်လူမျိုး သမိုင်းပညာရှင်၊ မစ္စတာဇာမီယာက မိမိတို့ဘာသာ ပြောင်းသွားသော် လည်း မိမိတို့၏ ဘိုးဘေးများကိုးကွယ်ခဲ့သော ဗုဒ္ဓကို မမေ့ကြပါဘူး ဒေသခံအားလုံး ခံစားကြရပါ သည်ဟု ပြောခဲ့ပါတယ် ။


 
 ဒါပေမယ့် ဘာမီယန်တောင်ကုန်းကြီးမှာ  ရပ်တော်မူ ဗုဒ္ဓ ရုပ် ပွားတော်ကြီးနှစ်ဆူနှင့် အတူ ထိုင်နေတော် မူဟန် ရုပ်ပွားတော်တစ်ဆူလည်း ရှိ သေးကြောင်း ဒါ့အပြင်  လျောင်းတော်မူ ရုပ်ပွားတော်ကြီး တစ်ဆူကို ဘာမီယန်တောင်ကုန်းကြီးအောက် လိုဏ်ဂူတွင် တွေ့ရှိ ခဲ့ဖူးကြောင်း (၇ -ရာစုနှစ်) မှ တရုတ်ခရီးသည်ကြီး ရွှင်ကျန်၏ မှတ်တမ်းမှာ ရေးသားဖူးပါတယ် ... ယခုခေတ်သမိုင်း ပညာရှင်တို့ ရှာဖွေနေတုန်းပါ ။

ကဲ  ပုက္ကုသာတိမင်း အကြောင်းဆက်ပြောကြပါစို့ ....

ဂန္ဓာရတိုင်း ဘုရင်ပုက္ကုသာတိ ရယ်  ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ ရယ်တို့ဟာ မိတ်ဆွေတွေပေါ့ ... ပြီးတော့ အဲ့ဒီ အချိန်တွေကဆို တက္ကသီလာပြည်ဟာ အနောက်အရပ်မှ ကုန်ပစ္စည်း တွေကို  အရှေ့အရပ် ရာဇဂြိုဟ်သို့ ပို့ရာ ကုန်ရောင်းကုန်ဝယ် အချက်အချာကျတဲ့  အရပ်ဒေသ လည်း ဖြစ်ခဲ့တာပေါ့ ။

တစ်နေ့မှာ ဘုရင် ဗိမ္ဗိသာရ က ကုန်သည် အကြုံနဲ့ သူ့သူငယ်ချင်း ပုက္ကုသာတိ မင်းထံကို  ရောင်း ရင်းရေ ရှေးဗျာဒိတ် တော်တွေအတိုင်း  လောကမှာ ဘုရားရှင် ဆိုတာ ကျုပ် တို့ဒေသမှာ ပွင့်တော်မူပြီ ဘုရားရှင် ရဲ့ခြေအစုံတော် ကို ဖူးခွင့်ရပြီ ဆိုတဲ့ အကြောင်း အကြုံပါးလိုက်တာပေါ့ ..။

ဒီအခါမှာ ပုက္ကုသာတိမင်း ဟာ ဘုရားရှင်ဆိုတဲ့ အသံကို ကြားတဲ့ တစ်ခနမှာပဲ  ဘ၀များစွာ က ဖြည့်ဆည်း ခဲ့တဲ့ ပါရမီအရှိန်အဟုန် ကြောင့် နှစ်သိမ့်ခြင်း ပီတိ နှင့်အတူ နိဝရဏဆိတ်ခြင်းကို ဖြစ်ပေါ်လာခဲ့တယ်တဲ့  သုခလည်းမဟုတ် ချမ်းသာကို လွန်မြောက်ကာ ဝေဒနာသာရှိသော စတုတ္တဈာန် ကို ရရှိ လာခဲ့တယ်တဲ့။ ၀မ်းမြောက်သော ပီတိအဟုန်နဲ့  ဥပက္ခာစိတ်တို့ ဖြစ်ပေါ်လာပြီး၊ လူတို့နှင့် အတွေ့မခံတော့ စကား မပြောတော့ ပဲဘုရား ရှင်ကို  ရည်မှန်း၍သာ နေနေတော့တယ်  ..။

ဒီနေရာမှာ တစ်ခုပြောချင်တာက .... ပုက္ကုသာတိဘုရင်ကြီးကဲ့သို့ အသံကြားကြားခြင်း၊ ဉာဏ်အလင်းပေါက် သွားသူ တွေလောကမှာရှိခဲ့ပါတယ် ...။ ဥပမာ

 ရှင်သာရိပုတ္တရာအလောင်း ဥပတိဿသည် အရှင်အဿဇိနှင့် တွေ့ သည့်အခါ . . .
““ယေ ဓမ္မာ ဟောတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာကတော အာဟတေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော”” ဟု အက္ခရာ ၃၄လုံးရှိသော ဂါထာ ကို ဟောကြားရာတွင် . . .
““ယေ ဓဓ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာကတော အဟ”” ဟူသော နှစ်ပါဒ (ဂါထာဝဂ်) အဆုံးတွင် ပါရမီဉာဏ် ထက်သန်လာကာ သောတပန် တည်ခဲ့ပါတယ်...။

ဒီလိုနဲ့ ပုက္ကုသာတိမင်းဟာ ကုန်သည် တွေဆီက ဘုရားရှင်အကြောင်းတွေ ကိုသာ တစ်ချိန်လုံးမေးမြန်း စုံစမ်းနေတော့တာပေါ့ ... နောက်ဆုံးမှာတော့ မိမိကိုယ်ကို အကြိမ်ကြိမ်သုံးသပ် စိတ်ကိုပိုင်းဖြတ်ပြီး .... မိမိကိုယ်ကို ရဟန်း အသွင် ၀တ်ရုံတို့ကို ဆင်လျှက်  ဘုရားရှင်သည် ထီးမဆောင်း၊ ဖိနပ်မစီး လို့ ကြားမိ ပြီး  ကြည်ညို စိတ်တွေနဲ့ မိမိလည်း ထီးမယူ၊  ဘိနပ်မပါ ဘုရားရှင်ကို ဖူးမြော်ရန်အတွက် ထီးနန်းကိုစွန့်ခွားပြီး တစ်ဦးတည်း နန်းတော်မှ ထွက်ခွာ လာခဲ့တော့ တယ်တဲ့ ...။

တစ်ကယ်တော့ ... ရာဇဂြိုဟ်နဲ့ တက္ကသီလာဟာ ကိုးဆယ့်နှစ်ယုဇနာရှိတာ တစ်ယူဇနာကို ၁၂ မိုင် ၆ ဖာလုံ၊ ၄သံကြိုးး နဲ့ တွက်မယ်ဆိုရင်တော့  (၁၂၁၀ ) မိုင်  ဝေးတာပေါ့ ... နဲတဲ့ခရီးမှမဟုတ်တာ..။

ရာဇဂြိုဟ်ပြည်နဲ့ နီးလေလေ ဗုဒ္ဓရဲ့ အသံတော်များ ကြားရ လေလေ အားတွေ ပိုရှိလေလေပေါ့ ... ဒီလိုနဲ့
မဂဓတိုင်း အတွင်း ရောက်ရှိလာပြီး ၊ နောက်ဆုံးမှာတော့ ရာဇဂြိုဟ်ပြည် ကို ချဉ်းကပ်မိလာတော့တယ်တဲ့ ..။
ရောက်တဲ့ အချိန်က ညာဥ့်လဲနက်နေ တဲ့အတွက် ပုက္ကုသာတိမင်းဟာ ရာဇဂြိုဟ်မြို့အ၀င်က အိုးဖုတ် စားတဲ့ အိုးထိန်းသည် ဘဂ္ဂ၀ ရဲ့ အိုးလုပ်ရာ တင်းကုပ် မှာတစ်ညတာ ခွင့်တောင်း နားနေပြီး နံက်လင်းတာနဲ့ ကိုယ်လက် သန့်စင်ပြီး  ရာဇဂြိုလ် မြို့ထဲဝင်  ဆုံးဖြတ်ခဲ့တာပေါ့  ..။ ဒီအချိန် ဘုရားရှင်ဟာ ရာဇဂြိုလ် မှာ မရှိဖူးရယ် ... သာဝတ္ထိပြည် ဇေတ ၀န်ကျောင်းတော် မှာသီတင်းသုံးနေတဲ့အချိန်ဖြစ်နေတယ်  ...။

ဒီအချိန် မှာ ဇေတ၀န်ကျောင်းတော်မှာ  သီတင်းသုံးနေတော်မူတဲ့  မြတ်စွာဘုရားရှင် ဟာ မိမိအား ရည်စူးကာ  ဘိနပ်မပါ၊ ထီးမဆောင်းဖြင့် ဝေးလံလှသော တက္ကသိုလ်ပြည်မှ လာတဲ့ ပုက္ကုသာတိမင်း ရဲ့ အဖြစ်ကို ဂရုဏာ ဖြစ်တော်မူလာခဲ့တယ်တဲ့ ပြီးတော့  ပုက္ကုသာတိ ရဲ့ အတိတ် အကြောင်းကို သုံးသပ် ဆင်ခြင်ပြီး သာဝတ္ထိပြည် ကနေ  (၄၅) ယူဇနာ ဝေးတဲ့ ရာဇဂြိုဟ်ပြည်၊ ဘဂ္ဂ၀ ရဲ့ အိုး တင်းကုပ်ကို တစ်ပါးတည်း ကြွတော်မူလာခဲ့ပါတယ် ။

 ဘဂ္ဂ၀၏ အိမ်ဝင်း ကိုရောက်တဲ့ အခါ ဘုရားရှင်က ...  ဘဂ္ဂ၀၊ သင့်မှာ ၀န်မလေးခဲ့သော် သင့်အိမ်မှာ တစ်ညတည်းခိုပါရစေ လို့ဆိုသတဲ့ ....
ဒီအခါ ဘဂ္ဂ၀ကဘုရားရှင်ကို သူ့ရဲ့အိမ်မှာရဟန်းကြီးတစ်ပါးလဲ တစ်ညတာ သီတင်းသုံး ရန်ခွင့်တောင်းနေ နှင့်တော်မူကြောင်းလျှောက်ထားပြီး ခွင့်ပြုတာပေါ့ ..။
ဒီလိုနဲ့ ဘုရားရှင်ဟာ အိုးလုပ်တဲ့ တင်းကုတ်ကိုဝင်ပြီး ပုက္ကိသာတိ ရဟန်းကို တစ်ညတာ အတူတူတည်းခိုဖို့ခွင့်တောင်းသတဲ့ ...

ရဟန်းအိုကြီးဟာ ... အသရေတော် နဲ့ပြည့်စုံလွန်းတဲ့ ရဟန်းတစ်ပါးကိုမြင်တဲ့အခါ ... ကြည်ညို စိတ်ဖြစ် ပေါ်ပြီး အတူတူ မျက်နှာချင်းဆိုင်ထိုင်ကာ သုံးသပ်နေသတဲ့ ...။

မထူးဆန်းဖူးလား  ဗုဒ္ဓဟာ ဒီနေရာကို ပုက္ကုသာတိ အတွက် ကြွရောက်လာခြင်းဖြစ်ပြီး ဗုဒ္ဓက ပုက္ကုသာတိကို သိတော်မူခဲ့တယ် ..။

ဒါပေမယ့်  ပုက္ကုသာတိကတော့  ဗုဒ္ဓထံ လာခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓနှင့် မျက်နှာချင်းဆိုင် ဆုံမိပါလျှက် ဗုဒ္ဓမှန်းမသိ သာမန်ရဟန်းတစ်ပါးလို့သာထင်နေတာပေါ့ ...။

ဗုဒ္ဓဟာ ခရီးဝေးကနေ လာရတဲ့ ပုက္ကုသာတိရဲ့ ခန္ဓာကိုယ် အပန်းပြေ ငြိမ်းအေးစေပြီးမှ စိတ်အင်္ဂါတို့ အခန့်သင့်ဖြစ်မယ့်အချိန်ကို  စောင့်ဆိုင်းနေတာပေါ့ ...။
ပုက္ကုသာတိကတော့  အင်း ... ဒီကိုယ်တော်ဟာ ဘုရားရဲ့သားတော် ပီသစွာဣနြေ္ဒသိက္ခာတော် ပြည့်စုံ ပါကလား လို့တွေးနေသတဲ့

သင့်တင့်တဲ့အချိန်ရောက်တဲ့ အခါ ဘုရားရှင်က
အသင်ရဟန်း ဘယ်အကြောင်းကြောင့် သင်ရဟန်းပြုသနည်း။သင့်ဆရာကား မည်သူနည်း၊လို့စတင်မေး သတဲ့ ။

ပုက္ကုသာတိ က  ငါ့ရှင်၊ ငါကား  ဂေါတမဗုဒ္ဓကို ကြည်ညိုသောကြောင့်  ရဟန်းပြုလိုက်ခြင်းဖြစ်၏ ထို့ကြောင့်
ငါ၏ဆရာကား တရားခပ် သိမ်းကို ကိုယ်ပိုင်ဉာဏ်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူသော ဂေါတမဗုဒ္ဓ ရှင်တော်မြတ် ဘုရားတည်းလို့ဖြေသတဲ့ ..။

အသင်ရဟန်း၊  ဗုဒ္ဓဂေါတမကို သင်မြင်ဖူးပါသလော

မမြင်ဘူးသေးပါ ငါ့ရှင်၊ သို့သော် မမြင်ဘူးပဲလျက်၊ ဗုဒ္ဓကိုလည်းကောင်း၊ ဗုဒ္ဓ၏ တရားတော်ကိုလည်းကောင်း၊ ကြည်ညို၍  ရဟန်းပြုခဲ့ခြင်း ဖြစ်ပါ၏

အသင်ရဟန်း သင့်အား ငါတရားဟောတုံငြားအံ့၊ ငါ့တရားကို သင်နာလို သလော

ကျွန်ုပ် နာပါအံ့၊ ဟော်တော်မူပါ၊ အသင်ကား၊ ဗုဒ္ဓမြတ်စွာထံမှ တိုက်ရိုက် ဆင့်ပွား လာသူဖြစ်သဖြင့် သင့်တရားကို ဗုဒ္ဓတရားတော်ဟူ၍ အကျွန်ုပ်နာယူပါအံ့ ဟူ၍ ရိုသေ စွာ တောင်းပန်ခြင်းပြုလေ၏။

ဒီအခါမှာ ဗုဒ္ဓက ပုက္ကုသာတိ နှင့် လျော်ကန်သော ဓာတ်ခြောက်ပါး တရားကို ဟောကြားတော်မူခဲ့ပါတယ်။

--------------------------------------------------------------------------------------
နားထောင်လော့ အသင်ရဟန်း ...
ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါးတို့သည် မူလဓာတ် သဘောတို့အရ ရုပ်ဝတ္ထုတို့၏ သဘောမျှသာတည်း။
မလှုပ်ရှားနိုင်၊ သိမှုမရှိ၊
ထိုဓာတ်လေး ပါးအား လှုပ်ရှားစေနိုင် သော အာကာသဓာတ်နှင့် ၀ိညာဏဓာတ်တို့ ပေါင်းစပ်မှသာ ပုဂ္ဂိုလ်သတ္တ၀ါဖြစ်စေ၏။

အသင်ရဟန်း၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ  ပုဂ္ဂိုလ်ဟုဆိုအပ်သော သတ္တ၀ါဟူသမျှတို့သည် ထိုဓာတ် ခြောက်ပါး ၏ အစုအဝေးသာဖြစ်၏။
ပုဂ္ဂိုလ်သတ္တ၀ါတိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်သော်
ပထ၀ီ (မြေဓာတ်)၊
အာပေါ (ရေဓာတ်)၊
ဝါယော (လေဓာတ်)၊
 တေဇော (မီးဓာတ်)၊
အာကာသ (ဟင်းလင်းပွင့်နေသောဓာတ်)၊
ဝိညာဏ (အသိဓာတ်)၊ ဤဓာတ်ခြောက်ပါးကိုသာ တွေ့ရ၏။
ရဟန်း သင့်မှာလည်း ဓာတ်ခြောက်ပါးနှင့်ပင်ဖြစ်၏။

မြေဓါတ် (ပထ၀ီ )
အသင်ရဟန်း၊ ကောင်းစွာ မှတ်သားဘိလော့၊ ပထ၀ီ (မြေဓာတ်)  ဟူ၍ ရှိ၏။ အချို့သည် ကိုယ်တွင်းမှာဖြစ်၏။ အချို့ကား ကိုယ်၏အပမှာဖြစ်၏။
အသင်ရဟန်း၊ မြေဓာတ်ကို ရှေးဦးစွာ ဤသို့ သင်မှတ်ဘိလော့၊
အကြင်ရုပ်ဝတ္ထုသည် ကြမ်း၏။ မာ၏။ ကိုယ်၌မှီတွယ်၍ဖြစ်၏။ လိုချင်မှုတဏှာ မစွဲစွဲအောင် ဆွဲဆောင်ထား၏။ ထိုရုပ် မျိုးသည် မြေဓာတ်မည်၏။
(၃၂)ကောဋ္ဌာသ အစုအဝေးဖြစ်သော ပုဂ္ဂိုလ် သတ္တ၀ါတိုင်း၏ ကိုယ်၌ မြေဓာတ်ဖြစ်သော ထိုရုပ်ကြမ်း ရုပ်မာတို့ ရှိကုန်၏။
အသင်ရဟန်း၊ ယင်းရုပ်ကြမ်းမျိုးကို ခွဲလိုက်သော် ဆံပင် (ရုပ်) မွေးညှင်း (ရုပ်)၊ ခြေသည်း၊ လက်သည်း (ရုပ်)၊ သွား၊ အရေထူအရေပါး၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညိ၊ နှလုံး၊ အသည်း။ အမြေး၊ အဖျန်း၊ အဆုတ်၊ အူသိမ်၊ အူမ၊ အစာအိမ်သစ်၊ အစာဟောင်း၊ ရုပ်ဟူ၍ အားလုံးသော ရုပ်၊ ရုပ်တို့၏သဘော ရုပ်ကြမ်း၊ ရုပ်မာများ အားလုံးသည် မြေဓါတ်ဖြစ်ပေ၏

အသင်ရဟန်း ဤမြေဓာတ်တို့သည် သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော
မပိုင်ပါ၊ ကျွန်ုပ်၏ ပစ္စည်းများ မဟုတ်ပါ
အသင်ရဟန်း ဤမြေဓာတ်သည် သင်ပိုင်မဟုတ်၊ သင့်ပစ္စည်းမဟုတ်လျှင် ဤမြေဓာတ်သည် သင်များကောဟုတ်သလော၊ မဟုတ်ဘူးလော
အကျွန်ုပ်လည်း မဟုတ်ပါ။
သင်မဟုတ်ခဲ့လျှင် သင်၏ အတ္တများဖြစ်နေသလော
အကျွန်ုပ်၏ အတ္တလည်း မဟုတ်ကြောင်းပါ
အသင်ရဟန်း၊ သာဓု၊ သာဓု၊ သာဓု ကောင်းဘိ။ ဤမြေဓာတ်တို့ကို မူလဓာတ်ရင်း၊ ဓာတ်ငုတ်၊ မြှပ်ပျောက် မသွားစေဘဲ၊ အမှန်ကို အမှန်အတိုင်း သိအောင်၊ ထင်အောင်၊ မြင်အောင်၊ ယထာဘူတဉာဏ်ဖြင့် ရှုအပ်၏။ ရှုလော့

ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤမြေဓာတ်သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့အတ္တမဟုတ်ဟူ၍ အမှန်ကို အမှန်အတိုင်း သဘောပေါက်အောင် ထိရောက်စွာ ရှုလေသည်ရှိသော် ဘာမှတွယ်တာ စရာ၊ မြတ်နိုးစရာ ရှာမတွေ့သဖြင့် မြေဓာတ်အပေါ်၌ မြေဓာတ်ဟုခေါ်သော ဆံပင်၊ မွှေးညင်းတို့ အပေါ်၌ ငြီးငွေ့လာ၏။ ယင်းမြေဓာတ်နှင့် ပတ်သက်၍ စိတ်ကိုတပ်မက်ခြင်း၊ သာယာခြင်း၊ စွဲလန်းခြင်းမရှိ ကင်းစေ၏။ တပ်မက်ခြင်း ကင်းသွားပါက စွဲလန်းခြင်း ရှိနိုင်ပါတော့မည်လော။

အာပေါ (ရေဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး အာပေါဓာတ်ခေါ်သော ရေဓာတ်ဟူသည်ရှိသည်။ ယင်းရေ ဓာတ်သည်လည်း အချို့ကား ကိုယ်တွင်းမှာ အချို့ကား ကိုယ်၏အပမှာဖြစ်၏။ ထိုရေဓာတ်သတ္တိ ကား ဖွဲ့စည်းတတ်၏။ ဖွဲ့စည်းဆိုသည်ကား အရာဝတ္ထုများကို တမျိုးနှင့်တမျိုး တစ်ခုနှင့်တစ်ခု ပူးမိ အောင် ကပ်မိအောင်၊ နှောမိအောင်၊ တွဲမိသွားအောင် ပြုလုပ်ပေးခြင်းဆိုပေသည်။
အသင်ရဟန်း၊ သည်းခြေ၊ သလိပ်တို့သည် အဘယ်၌ တည်သနည်း။ အဘယ်ကို စွဲ၍ ဖြစ် သနည်း။ ခန္ဓာကိုယ်ကိုစွဲမှီ၍ ဖြစ်နေသည် မဟုတ်ပါလော။ ထို့အတူ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်ရေ၊ ဤသို့သော ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်တိုင်း၊ သတ္တ၀ါတိုင်းတို့၏ ခန္ဓာကိုယ်၌ တည်ကုန်၏
 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော .. သင်၏ အတ္တလော ....

ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤရေဓာတ်သည် ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဥစ္စာ ငါ့ဟာမဟုတ်၊ ငါ့အတ္တကော  မဟုတ်ဟူ၍ ဤသို့ အမှန်ကို အမှန်အတိုင်း သိအောင်၊ မြင်အောင်၊ ထိရောက်စွာ ရှု၏။ ဤသို့ ရှုဖန်များလတ်သော် တွယ်တာစရာ၊ မြတ်နိုးစရာဟူ၍၊ ဘာမှမတွေ့သဖြင့်၊ ရေဓာတ်ဖြစ်သော သည်းခြေ၊ သလိပ်၊ သွေး စသည်တို့အပေါ်၌ ငြီးငွေ့ခြင်း၊ ဖြစ်လာလေသည်။
ထိုအခါ ယင်းရေဓာတ်နှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်း ကင်းစေ၏။ တပ်မက်ခြင်း ကင်းသည်ဆိုကတည်းက စွဲလန်းခြင်းလည်း ရှိနိုင်ပါတော့မည်လော။

ဝါယော (လေဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး ၀ါယောဓာတ်ခေါ်သော လေဓာတ်ဟူသည်ရှိသည်။ ယင်းလေ ဓာတ်သည်လည်း အချို့ကား ကိုယ်တွင်းမှာ အချို့ကား ကိုယ်၏အပြင်ဘက်တွင်ရှိ၏။ ယင်း လေဓာတ်၏သတ္တိကား လှုပ်ရှားခြင်း၊ ထောက်ကန်ခြင်း၊ အငြိမ်မနေ ကြရွစေခြင်းကို ဆိုလိုသည်။
အသင်ရဟန်း၊ လေနှင့်ပတ်သက်၍ အထက်ဆန်သောလေ၊ အောက်သို့ဆန်သောလေ၊ အူထဲ တည်သောလေ၊ ကိုယ်လက်အင်္ဂါတို့ကို ကွေးခြင်း၊ ဆန့်ခြင်း၊ ခုန်ခြင်း၊ ပျံခြင်း၊ ပြုလုပ်နိုင် အောင် ကူးချည်သန်းချည် လျှောက်နေသောလေ၊ ၀င်လေ၊ ထွက်လေ၊ ဤလေ၊ ထိုလေ အားလုံးတို့သည် ကိုယ်တွင်းမှာ ဖြစ်သောကြောင့် အတွင်းဓာတ် မည်ကုန်၏။ အတွင်းဓာတ်ဟူ၍ မှတ်

 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော ..သင်၏အတ္တလော .... ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤလေဓာတ်သည်ကား ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဥစ္စာ ငါ့ဟာမဟုတ်၊ ငါ့အတ္တ မဟုတ်ဟူ၍ အမှန်ကို အမှန်အတိုင်း သိအောင်၊ ထင်အောင်၊ ထိရောက်စွာရှု၏။ ရှုဖန်များ လတ်သော် တွယ်တာစရာ၊ မြတ်နိုးစရာဆိုသ၍၊ ဘာမျှမရှိတော့၊ လေဓာတ်ဖြစ်သော ထွက်သက် ၀င်သက်တို့အပေါ်၌ ငြီးငွေ့ခြင်း ဖြစ်လာလေ၏ ။
ထိုအခါ ငြီးငွေ့ခြင်းဖြစ်လာသော် လေဓာတ်နှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်း ကင်းစေ၏။ တပ်မက်ခြင်း ကင်းသည်ဆိုကတည်းက စွဲလန်းခြင်းလည်း ရှိနိုင်ပါတော့မည်လော။
 
တေဇော (မီးဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး တေဇောဓာတ်ခေါ်သော မီးဓာတ်ဟူသည်ရှိသည်။ယင်း မီးဓာတ်၏သတ္တိကား လောင်ကျွမ်းစေတတ်၏။ လောင်ကျွမ်းခြင်းသဘောရှိ၏။
အသင်ရဟန်း၊ ပုဂ္ဂိုလ်တိုင်း၊ သတ္တ၀ါတိုင်း၏ ခန္ဓာကိုယ်ကောင်သည် အကြင်ဓာတ်ကြောင့် ပူလောင်၏။ ကျွမ်း၏။ ဆွေးမြေ့ခြင်းသို့ ရောက်၏။ စားသောက်ဖွယ်ရာ ဟူသမျှတို့ကို ကောင်းစွာ ကြေညက်ခြင်း၊ နူးနပ်ခြင်းသို့ ရောက်စေ၏။ ထိုဓာတ်၊ ထိုရုပ်တို့သည် ခန္ဓာကိုယ်၏ အတွင်း၌ ဖြစ်သောကြောင့် အတွင်းဓာတ်မည်ကုန်၏။ အတွင်းဓာတ်ဟူ၍ မှတ်။

 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော ..သင်၏ အတ္တလော ....
ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
ဤတေဓာတ်ဟုဆိုအပ်သော မီးဓာတ်၊ အပူဓာတ်၊ လောင်ကျွမ်းဓာတ်၊ ဆွေးမြေ့စေ တတ်သော ဓာတ်သည် ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဟာငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟူ၍ ထိ ရောက်ပေါက်မြောက်အောင် ရှု၏။ ဤသို့ ရှုဖန်များလတ်သော် ထိုတေဇော ခေါ် ပူလောင်သော ဓာတ်များအပေါ်၌ ငြီးငွေ့ခြင်းဖြစ်ပေါ်၏။ ယင်းဓာတ်များနှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်း ကင်းစေ၏။ စိတ်၌ တပ်မက်ခြင်း ကင်းသွားသဖြင့် တပ်မက်ခြင်းကို ဖြစ်စေသော စွဲလန်းစိတ်သည် ရှိနိုင်ပါဦးမည်လော။

အာကာသ (အာကာသဓာတ်ကို ခွဲခြားစိတ်ဖြာခြင်း)
အသင်ရဟန်း၊ ထိုမှတစ်ပါး သိမှတ်ဖွယ် ကျန်သေး၏။ သင်မှတ်လေဦး ဟင်းလင်းဟာလာ အတွယ်အတာ ငြိစရာဟူ၍ မရှိသော အာကာသဓာတ်ဟူသည်ရှိသေး၏။ ယင်း အာကာသဓာတ် သည် သင့်မှာလည်းရှိ၏။ ပုဂ္ဂိုလ်တိုင်း သတ္တ၀ါတိုင်းမှာလည်းရှိ၏။ ယင်း ဓာတ်တို့ကား အဘယ် နည်းဆိုသော် နားပေါက်၊ မျက်စိပေါက်၊ ပါးစပ်ပေါက်၊ အစာသစ်ပေါက်၊ အစာဟောင်းပေါက်တို့ ဖြစ်ကုန်၏။
ယင်း ဓာတ်တို့သည် တစ်စုံတစ်ရာဖြင့် အခြားအဟန့်အဆီးအတာမရှိ၊ သူပင်ကို ပကတိ အတိုင်း ဟာလာဟင်းလင်းပြင်ဖြစ်ကုန်၏။ တစ်ခုနှင့်တစ်ခု တစ်မျိုးနှင့်တစ်မျိုး ထိကပ်ရောစပ်ခြင်း မရှိ။ ဥပမာ သင်၏ နှာခေါင်းပေါက်၊ နားပေါက်များကို သင်ကြည့်လော့။ သူ့ဘာသာသူ ဟောင်း လောင်း၊ အပေါက်ကြီး ဖြစ်နေသည်မဟုတ်လော။ ယင်းအပေါက်တို့မှ ထွက်စရာရှိသည်တို့သည် ထွက်ကုန်၏။ ၀င်စရာရှိသည်တို့ ၀င်ကုန်၏
အသင်ရဟန်း သင့်အား ထပ်မံ၍ ရှင်းပြဦးအံ့၊ စားဖွယ်သောက်ဖွယ် အာဟာရတို့သည် ရှိကြကုန်၏။ သတ္တ၀ါတိုင်းသည် အာဟာရတို့ကို မှီတင်းနေကြရသည်ဖြစ်သောကြောင့် စားဖွယ်ကို စားကြကုန်၏။ သောက်ဖွယ်ကို သောက်ကြကုန်၏။ ထိုအခါ ယင်းစားဖွယ်၊ သောက်ဖွယ်တို့ အဘယ်သို့ မည်သည့်နေရာသို့ ရောက်ကုန်သနည်း။
ပုက္ကုသ ။     ။ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပါသည် ငါ့ရှင်
ဗုဒ္ဓ    ။    ။ ကောင်းပြီ ရဟန်း၊ စားဖွယ်သောက်ဖွယ်များ၊ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသည် ဟု သင်ဖြေ၏။ ယင်းစားဖွယ် သောက်ဖွယ်တို့သည်၊ မည်သို့သော နည်းလမ်းဖြင့် ခန္ဓာကိုယ်တွင်း သို့ ရောက်ရှိ သွားကုန် သနည်း။
ပုက္ကုသ ။     ။ ပါးစပ်ပေါက်မှ ရောက်ရှိသွားကြပါကုန်၏ ငါ့ရှင်
ဗုဒ္ဓ    ။      ။  ဒါဖြင့်ရင် စားသောက်ဖွယ်ရာများ ၀မ်းခေါင်းထဲ ခန္ဓာကိုယ်ထဲ ရောက်ရှိ သွားနိုင်ခြင်းသည်၊ ၀င်စရာတံခါး၊ ၀င်စရာပေါက်ရှိသောကြောင့်ဆိုတာ မထင်ရှားပေဘူးလား၊ ၀င် ပေါက် မရှိလျှင်၊ စားသောက်ဖွယ်ရာများ ၀မ်းထဲ ရောက်နိုင်ပါမည်လား၊
ပုက္ကုသ ။     ။ မရောက်နိုင်ပါ ငါ့ရှင်

 မြတ်စွာဘုရားသည် ရှေးနည်းအတိုင် မေးပြန်၏
ရဟန်း .... ဤဓာတ်တို့သည် သင်လော ... သင့်ဥစ္စာ၊ သင့်ပစ္စည်းလော၊ သင်ပိုင် သလော ..သင်၏ အတ္တလော ....
ပုက္ကုသရဟန်းလည်း ဤသို့ နှလုံးသွင်း၏
အာကာသဓာတ်ဟုဆိုအပ်သော ပါးစပ်ပေါက်၊ နားပေါက်၊ မျက်စိပေါက်၊ နှာခေါင်းပေါက်၊ အစာသစ်ပေါက်၊ အစာဟောင်းပေါက်တို့သည် ငါမဟုတ်၊ ငါ့ပစ္စည်းမဟုတ်၊ ငါ့ဟာမဟုတ်၊ ငါ့အတ္တမဟုတ်ဟူ၍ မူလဓာတ်ငုတ်ကို မြုပ်မသွားစေဘဲ အမှန်အတိုင်းမြင်အောင် ယထာဘူတ ဉာဏ်ဖြင့် ရှု၏။ ထိုအခါ အာကာသဓာတ်များ အပေါ်၌ ငြီးငွေ့လာ၏။ အာကာသဓာတ်နှင့် ပတ်သက်၍ စိတ်ကို တပ်မက်ခြင်းများ ကင်းစေ၏။ စိတ်၌ တပ်မက်ခြင်း၊ ပတ်သက်ခြင်း၊ ကင်း သွားသည့်အခါ စွဲလန်းခြင်းဟူသည် အဘယ်မှာ ဖြစ်နိုင်ပါတော့မည်နည်း။

ဝိညာဏ (သိမှုကို ခွဲခြားစိတ်ဖြာခြင်း)
ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ သင့်အား ငါမေးဦးအံ့၊ သစ်ပင်၊ တောတောင်တို့ရှိကြသည် ဖြစ်ကုန်ရာ၊ ယင်းတို့သည် ငါဟောအပ်ခဲ့ပြီးသော ဓာတ်ငါးပါးအနက်၊ မည်သည့်ဓာတ်များ ပါဝင် ကုန်သည် ထင်သနည်း။
ပုက္ကုသ ။     ။ မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊ မီးဓာတ်၊ အာကာသဓာတ်အားဖြင့် ဓာတ်ငါးပါး စလုံး ပါဝင်ပါကြောင်း ငါ့ရှင်
ဗုဒ္ဓ    ။      ။ရဟန်းမြတ် သစ်ပင်တောတောင် စသည်တို့၌ ဓာတ်ကြီးလေးပါးနှင့် ဖွဲ့တည် နေကြောင်းမှာ ထင်ရှား၍ ထားဘိလော့၊ ယင်းတို့၌ အာကာသဓာတ် ပါဝင်ကြောင်းကို အဘယ်သို့ သင်နားလည်သနည်း။
ပုက္ကုသ ။     ။ ထင်ရှားပါသည် ငါ့ရှင်၊ ဥပမာ – တောင်ဆိုပါတော့၊ ယင်းတောင်သည် တသား တည်း တပြင်တည်း တစ်လုံးတစ်စည်းတည်း အကြားမရှိသော တောင်များလည်းရှိ၏။ အချို့ တောင်များမှာကား သတ္တ၀ါတို့ ခန္ဓာကိုယ်၌ အာကာသဓာတ် ပါးစပ်ပေါက်များ ရှိသကဲ့သို့ တစ်ခု နှင့်တစ်ခု ပူးကပ်စပ်နှောခြင်း မရှိ၊ ဟင်းလင်းပွင့်နေသော ဥမင်လှိုင်ခေါင်းကြီးများ၊ တူးမြောင်းကြီး ချောက်ကမ္ဘားကြီးများ ရှိကြပါကုန်၏။ ယင်းတို့သည် အဆီးအတား၊ အခြားအကန့်မရှိ၊ ဟင်းလင်း ပွင့်၊ အာကာသဓာတ် ဖြစ်ကြောင်း ထင်ထားပါသည်။
ဗုဒ္ဓ    ။      ။ သာဓု သာဓု သာဓု၊ သင့်ကို ငါမေးအံ့၊ ယင်းသစ်ပင်၊ တောတောင် စသည်တို့၌ရှိသော ဓာတ်ငါးပါးနှင့် သတ္တ၀ါတို့သဏ္ဍာန်မှာရှိသော ဓာတ်ငါးပါးတို့နှင့် ခြားနားချက် များရှိသလော
ပုက္ကုသ ။     ။ ခြားနားချက်မရှိပါ၊ ဓာတ်ငါးပါး၏ အစုအဝေးချည်းသာ ဖြစ်ပါကုန်၏
ဗုဒ္ဓ    ။      ။ ရဟန်းမြတ် ယင်းသို့ ဓာတ်ငါးပါး အရှိခြင်း တူပါလျက် သစ်ပင်တောတောင် တို့ကား လူတို့ကဲ့သို့ စကားပြောမှု၊ သွားလာလှုပ်ရှားမှု စသည်ကို အဘယ်ကြောင့် မပြုနိုင်ကြ သနည်း။
ပုက္ကုသ ။     ။ ဤသည်ကိုကား ကျွန်ုပ်မသိပါ င့ါရှင်
ဗုဒ္ဓ    ။      ။ အသင်ရဟန်း ယခု သင့်အား ငါဟောနေသည်မှာ ၀ိညာဏခေါ်သော (အသိ) ဓာတ်တရားဖြစ်၏။ ထိုအသိဓာတ်ကား စင်ကြယ်၏။ ဆွတ်ဆွတ်ဖြူ၏။ ယင်း ၀ိညာဏခေါ် အသိ ဓာတ်၏ သတ္တိကား အပူကို အပူမှန်းသိ၏။ ဆင်းရဲကို ဆင်းရဲမှန်းသိ၏။ သက်ရှိ သတ္တ၀ါတို့၌သာ ရှိ၏
အသင်ရဟန်း သင့်အား ဥပမာဖြင့် ပြအံ့။ သစ်ပင်ကြီးတစ်ပင်သည်ရှိ၏။ ထိုသစ်ပင်ကြီးအောက်တွင် ချုံနွယ်ပင်များ ပေါက်လျက်ရှိကြကုန်၏။ အသင်ရဟန်း၊ တစ်နေ့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း ဒဏ်ကြောင့် ထိုသစ်ပင်ကြီးမှ သစ်ကိုင်းကြီးတစ်ကိုင်းသည် အောက်ကချုံနွယ်ပင်များပေါ်သို့ ကျိုးကျသဖြင့် ပရမ်းပတာ ပျက်စီးခြင်းသို့ ရောက်ကုန်လေ၏။ ဤသည်ကို ထားဘိဦးလော့။ ယခု တရားနာနေခိုက်၊ သင့်ကို ခြင်ကိုက်သည်ဆိုပါတော့ သင်သည် ခြင်ကိုက်ခံရခြင်းနှင့် ချုံနွယ်များ သစ်ကိုင်းဖိခံရခြင်း ကို နှိုင်းယှဉ်ကြည့်လျှင် ခံရပုံခြင်းတူသည် မဟုတ်ပါလော၊ ထူးခြားသေးသလား
ပုက္ကုသ ။     ။ မထူးခြားပါ ငါ့ရှင်၊ သူတို့မှာလည်း သူတို့လျောက် ခံကြရခြင်းပါ။ အကျွန်ုပ် မှာလည်း အကျွန်ုပ်အလျောက် ခံရခြင်းပါ။ ဘာမျှ ထူးခြားခြင်း မရှိပါ
ဗုဒ္ဓ    ။      ။  အသင်ရဟန်း၊ သင့်မှာ ခြင်ကိုက်သည့်အခါ ကိုက်မှန်းသိ၏လော
ပုက္ကုသ ။     ။ ဘယ့်နှယ့်ပြောပါလိမ့် ငါ့ရှင်၊ မသိဘဲနေချည့် သိပါသော်ကော
ဗုဒ္ဓ    ။      ။ ဟုတ်ပြီ ခြင်ကိုက်သည်ကို သင်သိဘိသကဲ့သို့ ထိုချုံနွယ်ပင်များကော သစ်ကိုင်း ဖိခံရမှန်း သူတို့ သိကြပါ၏လော
ပုက္ကုသ ။     ။ သူတို့မသိကြပါ ငါ့ရှင်
ဗုဒ္ဓ    ။      ။ ““ခံရတာချည်းခြင်း တူပါလျက်၊ ၀ိညာဉ် ကမူ ခံရမှန်းသိချေ၏။ သူတို့ခမျာများ မသိကြ ခြင်းမှာ အဘယ်ကြောင့်ပါနည်း။ သူတို့ခမျာတွေလဲ သင်ကဲ့သို့ပင် သိထိုက်သည် မဟုတ်ပါလော
ထိုအခါ ပုက္ကုသရဟန်းကြီးသည် တွေ၍ စဉ်းစားနေ၏။ ဗုဒ္ဓကပင် ဆက်၍ မိန့် တော်မူ၏။
ဗုဒ္ဓ   ။       ။ အသင်ရဟန်း၊ ဤပြဿနာကား သင့်အဖို့ စဉ်းစားထိုက်သော ပြဿနာဖြစ်ပေ ၏။ ရုပ်ချည်းပင်၊ သင်မဖြေနိုင်သည်မှာ မထူးပြီ။ သတ္တ၀ါနှင့် သစ်ပင် တောတောင်တို့သည်  ဓာတ်ငါးပါး၏ အစုဝေးဖြစ်ခြင်း အရာတွင် တူညီကုန်ကြ၏။
လူသားသတ္တ၀ါတို့က သစ်ပင် တော၊ တောင် စသည်တို့ထက် ဓာတ်တစ်ပါး၊ ပိုကဲပါရှိနေ ပေသည်။ ထိုဓာတ် ကား ၀ိညာဏခေါ်သော အသိ(ဉာဏ်) ဓာတ်ဖြစ်ပေ၏။ ထိုအသိစိတ် သင့်မှာ ပါရှိသောကြောင့် ခြင်ကိုက် သည်ကို သင်သိသတည်း။ သစ်ပင်၊ တော၊ တောင် စသည်တို့ကား သင်၌ကဲ့သို့ ၀ိညာဏခေါ်သော အသိ ဓာတ်မျိုး မပါသောကြောင့် ချုံနွယ်တို့အပေါ်၌ သစ်ပင်ပိ၍လည်း ပိမှန်းမသိကုန်၊ နာရမှန်းမသိကုန်၊ ငါကျိုးကျပါကလား၊ နာ လိုက်ဘိခြင်း၊ ဆင်းရဲဘိခြင်းဟူ၍ မသိကုန်၊ ရှင်းပါ၏လော၊ အသင်ရဟန်း
ပုက္ကုသ ။     ။  ရှင်းပါ၏။ ဟောပြောမှုမှာ နက်လည်းနက်နဲလှဘိ။ အလွန်လည်း သိမ်မွေ့လှ၏။ ဓမ္မ၏ အနှစ်သာရလည်း ပြည့်ဝလှဘိ၏။ ငါ့ရှင်ကား ဗုဒ္ဓမြတ်ဘုရား ၏ ကိုယ်တော်ပွားများလေလားဟု ငါထင်၏ ဟု လှိုက်လှဲစွာ ဆိုသတည်း။

ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ နာဘိလော့ သင့်နှလုံးအိမ်သည် တည်ငြိမ်သိမ်မွေ့၍ ရွှေခွက် သည် ခြင်္သေ့ဆီကို စိမ့်ယိုခြင်းမရှိအောင် ခံနိုင်စွမ်းရှိဘိသည့်အလား၊ တရား၏ အနှစ်သာရကို ခံယူ နိုင်စွမ်းသော အားဓာတ်သည်၊ အထူးကောင်းမွန်လျက်ရှိဘိ၏။ တရားတော်၏ ဖြစ်၊ တည်၊ ပျက်ဟု ဆိုအပ်သော (ဥပါဒ်၊ ဋ္ဌီ၊ ဘင်) သဘောကို သင့်အား ဆက်၍ ဟောပေဦးအံ့။
ပုက္ကုသ ။     ။ ၀မ်းမြောက်လှပါသည် ငါ့ရှင်၊ ဟောတော်မူပါလော့
ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ သင်သည် အေးလျှင် အေးမှန်း၊ ပူလျှင် ပူမှန်းသိသည် မဟုတ် လော၊ အပူအအေးသည် အမှန်မှာ သူ့သဘောသူ အေး၏။ ပူ၏။ အာရုံတို့နှင့် ထိတွေ့မှ ဖဿ သည်ဖြစ်၏။ အပူအအေးတို့သည် ထိုထိတွေ့မှု ဖဿနှင့် တွေ့မှု ပူမှု၊ အေးမှုတွေ ဖြစ်လာ၏။ ခံစားမှုများ ဖြစ်လာခြင်းသည် ဝေဒနာမည်၏။ ခံစားမှုမှန်သမျှ ဝေဒနာမည်၏။ ပူမှုကိုလည်း ဝေဒနာ ခံစား၏။ အေးမှုကိုလည်း ခံစား၏။ ထိုမှတပါး ချမ်းသာမှု၊ ဆင်းရဲမှု၊ ပျော်ရွှင်မှု၊ ညစ်နွမ်း မှုတွေကိုလည်း ဝေဒနာက အကုန်သိမ်းကျုံး၍ ခံစား၏။
အသင်ရဟန်း ချမ်းသာခြင်းဖြစ်စေ၊ ဆင်းရဲခြင်းဖြစ်စေ၊ ခံစားမှုမှန်သမျှ ဝေဒနာသက်သက် သာတည်း၊ ငါနှင့် မပတ်သက်
အသင်ရဟန်း အချုပ်ကိုဆိုသော် ဖဿဟူသော ထိတွေ့မှုသည် ခံစားမှု ဝေဒနာ၏ အကြောင်းဖြစ်သတည်း။ ထိတွေ့မှုမရှိလေဘဲ မည်သည့်ခံစားချက်မျှ ဖြစ်ပေါ်လေ့မရှိ၊ ဖြစ်ပေါ်လာ သော ဒုက္ခဝေဒနာတို့ကား အရှည်စွဲ၍ မြဲသော သဘောမရှိကုန်၊ ဖျတ်ကနဲဖြစ်၊ ဖျတ်ကနဲတည်ပြီး ဖျတ်ကနဲပင် ချုပ်ပျောက်ကုန်၏။
အသင်ရဟန်း သန္တတိ သဘောအားဖြင့် အဆက်မပြတ် ဖြစ်မှုတွေသည် ရေအလျင်ကဲ့သို့ တဖွားဖွား ဖြစ်ပေါ်နေခြင်းကြောင့် ချမ်းသာနေသည်ဟူ၍လည်းကောင်း၊ ဆင်းရဲနေသည်ဟူ၍ လည်းကောင်း၊ ထင်ရကုန်၏။
အသင်ရဟန်း ဥပမာတစ်ခုကို ငါဆိုအံ့၊ မီးစတစ်ခုကို ကြိုးချည်၍ ဝှေ့ယမ်းသော်၊ မီးကွင်း ကြီးပမာဖြစ်၏။ အမှန်မှာ လျှင်မြန်မှုနှုန်းကြောင့်သာ မီးကွင်းကြီးပမာဖြင့် ထင်ရ၏။ အမှန်တကယ် စင်စစ် မီးကွင်းမဟုတ်၊ မီးစမှ မီးတို့ တစ်ခု ချုပ်ပျောက်ပြီးလျှင် တစ်ခုဖြစ်ပေါ်ခြင်းသာဖြစ်၏။ ထို့အတူ ခံစားမှုတို့လည်း တစ်ခုဖြစ်၍ တစ်ခုချုပ်၏။
အသင်ရဟန်း ရေအလျင်တို့သည်လည်း ထို့အတူပင် စီးဆင်းသွားဆဲ ရေတို့မရှိကုန်၊ နောက်ရေတို့အစား ထိုးဝင်ရောက်၏။ အစားထိုးဝင်ရောက်မှု မြန်ဆန်သောကြောင့်သာ မသိနိုင် ကြကုန်၊ တဆက်တစပ်တည်းထင်၏။

ဗုဒ္ဓ    ။      ။ အသင်ရဟန်း၊ သင့်အား ငါဆိုဦးအံ့၊ ငါဟောကြားခဲ့သော ဓာတ်ခြောက်ပါးကို အခြေခံလျှက် ခန္ဓာတို့အား စူးစိုက်ရှုလော့၊ ထို ဓာတ်ခြောက်ပါးတို့သည် အကြောင်းအားလျော်စွာ ဖြစ်၏။ ထိုသို့ဖြစ်ခြင်းကို “ငါ” ဟု စွဲလန်းသော စိတ်ဖြင့် ထင်ခြင်းသာလျှင် အမှားဖြစ်၏။ ထင်မှတ် မှားသော စိတ်ဖြင့်သာ ဤဟာ ငါဖြစ်၏ ဟူ၍ ထင်မှတ်ခြင်းတည်း၊ နောင်တွင် ငါ၏ ရုပ်သည် ဤသို့ဖြစ်လတ္တံ့ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာဖြစ်သော ရုပ်ဖြစ်စေ၊ ဝေဒနာဖြစ်စေ ဖြစ်လတ္တံ ဟူ၍ ထင်မှတ်ခြင်းတည်း၊ မဖြစ်လတ္တံဟူ၍ ထင်မှတ်ခြင်းတည်း။ ဖြစ်လတ္တံ့၊ မဖြစ်လတ္တံ့စသည်တို့ သည် ထင်မှတ်ခြင်းတည်း။
ရဟန်းမြတ် ထင်မှတ်ခြင်းသည် အနာရောဂါတည်း၊ ထင်မှတ်ခြင်းသည် အိုင်းအမာတည်း၊ ထင်မှတ်ခြင်းသည် မြားငြောင့်တည်း
အသင်ရဟန်း ဤထင်မှတ်ခြင်း အားလုံးတို့ကို လွန်မြောက်လျှင် ကိလေသာငြိမ်းအေး၏။ ကိလေ သာငြိမ်းအေးသော် အာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်လေတော့၏။ ထိုရဟန္တာဖြစ်သူကို  ဒုက္ခ ခပ်သိမ်း ငြိမ်းသူ ဟု ဆိုအပ်၏။
အသင်ရဟန်း၊ စဉ်းစားလော့၊ အကြင်ကံတို့ကြောင့် ပဋိသန္ဓေနေရာ၏။ ထိုပဋိသန္ဓေပေး သော ကံမရှိလျှင် အဘယ်မှာ အိုလတ္တံ့နည်း၊ မအိုသူသည် အဘယ်မှာ သေလတ္တံ့နည်း၊ မသေသူ သည် အဘယ်မှာ ပျက်စီးလတ္တံ့နည်း၊ မပျက်စီးခြင်းသည် အမှန်စင်စစ် ချမ်းသာအမှန် နိဗ္ဗာန် တည်း
အသင်ရဟန်း ဤသည်ကား အကျဉ်းအားဖြင့် ငါဟောကြားအပ်သော ““ဓာတုဝိသင်္ဂ”” သုတ်၏ ဓာတ်ခြောက်ပါး ဝေဖန်သုံးသပ်ချက်တည်း။ ယင်းတရားကို သင်ကောင်းစွာ မှတ်သား၍ အထပ်ထပ်အခါခါ ပွားများလော့ ဟူ၍ နိဂုံးချုပ်ကာ ဗုဒ္ဓသည်  ဆိတ်ဆိတ်နေတော် မူ၏။

.............................................................................................................................

ပုက္ကုသာတိ ရဟန်းကြီး၏ နှလုံးအိမ်သည်  ရောင့်ရဲခြင်း၊ နှစ်သိမ့်ခြင်းတို့ ဖုံးလွှမ်းနေ၏။ တစ်ကိုယ်လုံးသို့ ပီတိတို့ဖြင့် ပြန့်၍သွား၏။ ဤပုဂ္ဂိုလ်သည်ကား ဘုရားရှင်ပင်တည်းဟု မနသီတွင် နှလုံးသွင်းမိသောစိတ်ဖြင့် ဗုဒ္ဓအား မမှိတ်မသုန် ကြည်ညိုကာ ကြည်လင်နေမိ၏။
ထိုသို့ ကြည့်ရင်း ကြည့်ရင်းမှပင် ဗုဒ္ဓ၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ကွန့်မြူးလျှက် ထွက်ပေါ်လာသည်ကို မြင်ရလေသော်
   ငါ၏ဆရာ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ငါ၏ရှေ့မှောက်သို့ ရောက်ရှိနေပါပကော ဆိုပြီး ထိုင်ရာမှထကာ လက်ဝဲ ပုခုံးစွန်း၌ သင်္ကန်း ကို တင်၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ၀ပ်လျှိုးကာ နဖူးဖြင့် တိုက်လျှက် ရိုသေစွာ တောင်းပန်ရှာတယ်တဲ့ ။

ပုက္ကုသ ။     ။ မြတ်စွာဘုရား၊ အကြင် အကျွန်ုပ်သည် မြတ်စွာဘုရားရှင် ကို ငါ့ရှင်၊ င့ါရှင် ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဆိုခဲ့မိပါ၏။ အရှင်ဘုရား  ထိုကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့် စည်းခြင်း ငှာ အပြစ်ဟု သည်းခံတော်မူပါ ဘုရား၊ ဗုဒ္ဓဘုရားရှင်အား မျက်ဝါးထင်ထင် တွေ့နေရပါလျှက်  ဗုဒ္ဓဟူ၍ မသိနိုင်လောက်အောင် ဖြစ်ရခြင်း၊ အခြင်း၊ မိုက်မဲခြင်းဖြစ်သော တပည့်တော် ၏ အပြစ်များကို သည်းခံတော်မူပါဘုရား ဟုလျှောက်၏ ...

ဒီအခါ ဘုရားရှင်က
““ချစ်သား ပုက္ကုသာတိ ငါခွင့်လွှတ်ပေ၏။ ငါ၏သာသနာ၌ အပြစ်ရှိသည်ကို ရှိမှန်းသိလျှင် ၀ိနည်း ဓမ္မကံအားလျော်စွာ ကုစား၏။ နောင်အခါ ဤသို့ မဖြစ်ရလေအောင် စောင့်စည်းခြင်းသို့ ရောက်၏။
 နောင်သောအခါ ဤကုစားခြင်းသည် အရိယာတို့၏ ၀ိနည်းအဆုံးအမ၌ ကြီးပွားခြင်း ပေတည်း”” ဟု မိန့်တော်မူလျှင် ပုက္ကုသတိသည် နှလုံးစိတ်ဝမ်းများစွာ ချမ်းသာသွားလေသည့် အလျောက် ““မြတ်စွာဘုရား၏ အထံတော်၌ ပဉ္စင်းအဖြစ်ကို ရလိုပါကြောင်း”” ဖြင့် တောင်းပန် လေ၏။

ဗုဒ္ဓ    ။      ။ ချစ်သား ပုက္ကုသာတိရဟန်းအဖြစ် ငါ့ထံခံယူလိုသော် သင့်မှာ သပိတ် သင်္ကန်း များ ပြည့်စုံ ပါ၏လော
ပုက္ကုသ ။     ။ မပြည့်စုံသေးပါဘုရား

ဗုဒ္ဓ    ။      ။ ရဟန်း ဘုရားတို့မည်သည် သပိတ်သင်္ကန်း မပြည့်စုံသူအား ရဟန်းပြုပေးလေ့ မရှိကုန်၊ ရဟန်းပြုလိုသော် သင်္ကန်းပရိက္ခရာများ ပြည့်စုံစေဦးတော့ ဟုဆို၏

ဤသို့နှင့်ပင် အချိန်မှာ တဖြည်းဖြည်းနှင့် မိုးစင်စင် လင်းခဲ့လေပြီ။
ရဟန်းအဖြစ် ခံယူ ခြင်းငှာ သပိတ်၊ သင်္ကန်း၊ ပရိက္ခရာ ရှာဖွေရန်အတွက် တက်ကြသော စိတ်ဖြင့် တက္ကသိုလ်ပြည်ကြီး အရှင်ဘုရင် လူထွက် ပုက္ကုသာတိရဟန်းကြီးသည် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကန်တော့ပြီး လျှင် ဘုရားရှင်၏အပါးမှ ထွက်ခွာသွားလေ၏ ။

ပုက္ကုသာတိရဟန်းကြီး၏ဘ၀နိဂုံး

ကံတို့၏သဘောသည် အချိန်တန်လျှင် အကျိုးပေးတတ်သော သဘောရှိ၏။ ရှောင်တိမ်း၍ မရ ကြီးမားသော ဂရုကံများလည်းရှိ၏။

ပုက္ကုသာတိရဟန်းကြီး၏ စိတ်၌ ရဟန်းအဖြစ် ခံယူဖို့ရန်သာ စိတ်အားထက်သန်လျှက်ရှိ၏။ ၊ ““ငါ သပိတ်သင်္ကန်းရလျှင် ရဟန်းပြုရတော့မည်”” ထိုစိတ်သာလျှင် လွှမ်းမိုးနေပြီး ရွာလမ်းအတိုင်း တစိုက်မတ်မတ် လျှောက်လာ၏။

ထိုအချိန်ဝယ် နွားအုပ်ကြီးတစ်အုပ်၊ သူရှေ့မှ သူနှင့် ရင်ဆိုင်မောင်း သွင်းလာသည် ထိုနွားအုပ်ထဲတွင် သားပျောက်၍ စိတ်နောက်ဒေါသထွက် နေသော ထွားကျိုင်းသည့် နွားမကြီးတစ်ကောင်လည်း ပါလာသည်။

သားဇောဖြစ်နေသော နွား မကြီးကလည်း ဘာမှမမြင်၊ ပုက္ကုသာတိရဟန်းကြီး၏ သင်္ကန်းရောင်ဖြင့် သူ့ရှေ့မှလာ၍ တားဆီး နေသည်ဟု မြင်ကာ ဒေါသစိတ်ကြောင့် မိမိချိုဖြင့် အားကုန်သုံးကာ ပုက္ကုသာတိရဟန်းကြီးအား ဝှေ့တော့၏။
 နွားအုပ်ကြီးတရွေ့ ရွေ့ ပျောက်ကွယ်သွားချိန်ဝယ် ပုက္ကုသာတိရဟန်းကြီး၏ အသက်မဲ့ခန္ဓာကိုသာ လမ်းမပေါ်၌ တွေ့ ရတော့သည်။ ဘ၀ဇာတ်သိမ်းသွားရှာလေပြီတည်း။

ရဟန်းတို့ လျှောက်ထားခြင်း

တက္ကသိုလ်ပြည်ကြီးသခင် ဘုရင်အဖြစ်မှ ဘုရားရှင်၏သားတော်ဖြစ်ချင်လွန်းသော ပုက္ကု သာတိရဟန်းကြီး၏ ဘ၀သည် ဤတွင်နိဂုံးချုပ်ပြီး သနားစဖွယ် ရင်နင့်စရာ အတိပင်။
ဘုရားရှင်ထံသို့ လိုက်လာကြကုန်သော များစွာသော ရဟန်းတို့သည် ဘုရားရှင်ထံ အလျင် အမြန်သွားရောက်၍ မြတ်စွာဘုရားထံမှ အဆုံးအမကို ခံယူပြီးသော အမျိုးကောင်းသား ပုက္ကုသာတိသည် သေဆုံးပါပြီဘုရား။ ကွယ်လွန်ခဲ့ပါပြီဘုရားဟု လျှောက်ကြ၏။ ပြီးလျှင် ထိုအမျိုး ကောင်းသား၏ လားရာဂတိကို ဘုရားရှင်ထံ မေးလျှောက်ကြ၏။

ရဟန်းတို့ တက္ကသိုလ်ပြည်မှ ထီးနန်းစွန့်၍ ငါ့အားဆရာတင်ကာ ထွက်ခွာလာခဲ့သော ပုက္ကုသာတိရဟန်းကား ပညာကြီး၏။ မှန်သောစကားကို ဆိုလေ့ရှိ၏။ လောကုတ္တရာတရားအား လျော်စွာ ကျင့်ခဲ့ပြီ။ ကျင့်အပ်ပြီးပြီ။ ထိုအမျိုးကောင်းသား ပုက္ကုသာတိသည် ငါးပါးကုန်သော အောက်ကာမဘုံ တို့၌ ဖြစ်ခြင်းငှာ မထိုက်တော့ပြီ။

အရဟတ္တမဂ်အားလျော်စွာ အထက် (အ၀ိဟာဘုံ) ၌ပင် ဖြစ်စေကာ ထိုသဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ၊ သံသရာလည်ခြင်း ကင်းပြတ်ပြီတည်း။

* အ၀ိဟာဗြဟ္မာဘုံသည် သူဒ္ဓါဝါသ (သုဒ္ဓ – ကိလေသာစင်ကြယ်သူတို့၏ အာဝါသ = နေ ထိုင်ရာ) ကိလေသာစင်ကြယ်ပြီးသော အနာဂါမ်ဗြဟ္မာများနှင့် ရဟန္တာဗြဟ္မာတို့ တည်ရာဘုံဖြစ်၏။

သုဒ္ဓါဝါသ (၅)ဘုံတွင် အ၀ိဟာဘုံသည် အောက်ဆုံးဗြဟ္မာဘုံဖြစ်၏။ အ၀ိဟာဘုံသို့ ရောက်ကြ သော ဗြဟ္မာတို့သည် ကမ္ဘာပေါင်းများစွာ မိမိဘုံကို မစွန့်ဘဲ နေတတ်ကြ၏။
(အ = မ၊ ၀ိဟ = စွန့်ခွာခြင်း = မစွန့်ခွာခြင်း) *
ထိုအခါ များစွာသော ရဟန်းတို့သည် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေကုန်သတည်း။ (ဥပရိပဏ္ဏာသပါဠိ တော် (မြန်) ဓါတုဝိဘင်္ဂသုတ်)

ချမ်းမြေ့ကြပါစေရှင်...
.
.

Tuesday, March 4, 2014

မဟာ ကောဇာ မြန်မာ သက္က၇ာဇ် နှင့် ဂရီဂိုရီယန် ပြက္ခဒိန်






★ ★ ★ ကမ္ဘာဦး ၊ မဟာ ၊ သာသနာ ၊ ကောဇာ ၊ သက္ကရာဇ် များနှင့် ခရစ်နှစ်

သက္ကရာဇ် ဆိုတဲ့စကားက ပါဠိ လို သက္က + ရာဇ မှဆင်းသက်လာတဲ့ မြန်မာစကားပါ ....

သက္က = ခုနှစ်များ

ရာဇ = ရှင်ဘုရင် လို့ဆိုတဲ့ အတွက် .... ရှင်ဘုရင် တို့ရဲ့ ခုနှစ်များလို့ အဓိပါယ်ရပါတယ် ...။

★ ★ ★ ကမ္ဘာဦး သက္က၇ာဇ် ...

ကမ္ဘာဦး သက္ကရာဇ်ဆိုတာကတော့ .... ( ကမ္ဘာဦ + သက္က + ရာဇ )

ကမ္ဘာဦး = ကမ္ဘာ ဦးအစ
သက္က = ခုနှစ်များ
ရာဇ = ရှင်ဘုရင်

ဒါကြောင့် ကမ္ဘာဦး အစ ရှင်ဘုရင်များရဲ့ ခုနှစ်များလို့ မှတ်ယူရမှာပါ ....

ဒီသက္ကရာဇ်ကို ဗုဒ္ဓမပွင့်မှီ ... အရိုင်းခေတ်ကိုကျော်လွန်ပြီး ... ရှင်ဘုရင်များ စတင်ပေါ်ပေါက်လာတဲ့ အချိန်က စတင်သတ်မှတ်ထားတဲ့ သက္ကရာဇ်ပါ ...

ဒါကြောင့် ကမ္ဘာဦး ပထမဆုံး ရှင်ဘုရင် ဖြစ်တဲ့ မဟာသမ္မတမင်း လက်ထက်ကစပြီး ရေတွက်လာတဲ့ ခုနှစ်ကို ကမ္ဘာဦးသက္ကရာဇ်ကို လို့ခေါ်တာပါ လို့ ဟိန္ဒူ ကျမ်းတွေက ဆိုပါတယ် .... ။

.
မဇ္ဈိမဒေသတွင် တိုင်းကြီး ၁၆တိုင်း ပြည်နယ်ကြီး ၂၀ ရှိသည့်အနက် မာဂဓတိုင်း ကပိလဝတ်ပြည်ကြီး၌ ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစ၍ လူတို့ရေတွက်လာသော် ....
.
သက္ကရာဇ် ၁၁၄၉၇၈၇ သို့ရောက်သောအခါ အာကာရဋ္ဌမင်းက နှစ်ပေါင်း ၁၁၄၉၇၈၅ ခုနှစ်ကိုဖြို၍ ၂ ခုကြွင်းထားသည်။
.
ထို ၂ခုကြွင်းမှစ၍ ရေတွက်လာပြန်ရာ ပပဝတီ၏ မြောက်သားတော် ကုသမင်းကြီး၏ ခမည်းတော် မဟာ ကုသ မင်း လက်ထက်သို့ရောက်သောအခါ သက္ကရာဇ် ၁၄၉၃၈၅၆၂ ခုနှစ်သို့ တိုင်ခဲ့လေသည်။
.
ထိုအခါ မဟာကုသမင်းကြီးသည် နှစ်ပေါင်း ၁၄၉၃၈၅၆၀ ခုနှစ်ကိုဖြို၍ ၂ခုကြွင်းထားပြန်သည်။
.
ယင်း ၂ခုကြွင်းကို ရေတွက်လာပြန်ရာ သက္ကရာဇ် ၈၆၄၇ သို့ရောက်သောအခါ ....
ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ ဘိုးတော်များဖြစ်သော သီဟနုမင်းကြီးနှင့် အဉ္စနမင်းကြီးတို့တိုင်ပင်၍ ၈၆၄၉ ခုနှစ်ကိုဖြို၍ အကြွင်း ၂ခုကိုထားပြန်သည်။
ထိုသက္ကရာဇ် ၂ခုကို မဟာသက္ကရာဇ် ခေါ်သည် ဟုအဆိုရှိသည်။ 

အဲ့ဒီအချိန်တွေက ဟိန္ဒူ ဘာသာရော ဂျူးတမန်တော် မူဆာပါမပေါ်သေးပါဘူး .... ဒီလိုနဲ့ရေတွက် လာကြပြီး နှစ်ပေါင်း .... ( ၈၆၄၉ ) နှစ်ကြာတဲ့အချိန် ....

★ ★ ★ မဟာ သက္ကရာဇ်

မဟာ = မြင့်မြတ်သော
သက္ကရာဇ = ဘုရင်၏ ခုနှစ် တဲ့

( ၈၆၄၉ ) နှစ်ကြာတဲ့အချိန် .... မြတ်စွာဘုရားရှင် ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော်အဉ္ဇန မင်းကြီးဟာက ဒိဗ္ဗစက္ခု အဘိညာဉ်ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်၍ ရှေးရှေး ကမ္ဘာဦး မင်းတို့ရဲ့ ရောက်ဆဲနှစ် သက္ကရာဇ် ( ၈၆၄၉ ) နှစ် တပေါင်းလကွယ်မှစ၍ မှ သူ့ထီးနန်းသက် ( ၂ ) နှစ်ကို စတင် ရေတွက်ပြီး ကျန် ( ၈၆၄၇ )နှစ်ကို ဖြိုကာ သက္ကရာဇ် ( ၂ ) နှစ် က စတင်ရေတွက်၍ သက္ကရာဇ် ဖြစ်လာခဲ့တာပါ ... ။ ( လူတွေရဲ့ လောဘ ဒေါသ မာန် မာန ငါသာလျှင်ဆိုတဲ့ အစွဲ ပေါ့ ) ။

နောက်ပိုင်းမှာတော့ သကျ မျိုးနွယ်တွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်သည် ဆိုတဲ့ အဓိပ္ပါယ် သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံးလာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါ ...။

ဒါကြောင့် မဟာသက္ကရာဇ် ( ၆၈ ) ခု ကဆုန်လပြည့် နေကမှာ ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့တာပါ ... ပရိနိဗ္ဗန် စံဝင်တာကတော့ မဟာသက္ကရာဇ် ( ၁၄၈ ) ခုနှစ်ပါ ...။((( ဂရီဂိုရီ နှစ် ( ခရစ်ယန်တွေက သူတို့ သက္ကရာဇ်ပါဆိုပြီး ခိုးယူသုံးစွဲထားတဲ့ ခရစ်နှစ်ပေါ့ ) ထက် .. ၆၂၃ ... နှစ်စော ပါတယ် ။ )))

ဒါကတော့ မဟာသက္ကရာဇ်ရဲ့ အဓိပါယ်ပါ ....။ ဘုရားရှင် စံဝင်တော်မူပြီး ပထမဆုံးနှစ် မဟာသက္ကရာဇ် ( ၁၄၉ ) ခုနှစ် ပထမ သံင်္ဂါယနာ တင်တဲ့အချိန်ပေါ့ ....

★ ★ ★ သာသနာ သက္ကရာဇ်

ဘုရားရှင် စံဝင်တော်မူပြီး ပထမဆုံးနှစ် မဟာသက္ကရာဇ် ( ၁၄၉ ) ခုနှစ် ပထမ သံင်္ဂါယနာ တင်တဲ့အချိန်ပေါ့ .... ပဋ္ဌမ သင်္ဂါယနာတင် ရဟန္တာ အရှင် မဟာကဿပ မထေရ်မြတ် နဲ့ ဘုရင် အဇာတသတ် တိုဟာ သာသနာတော်အတွက် အမှတ်အသား တစ်ခုခုရှိသင့်တယ် ... သာသနာသက္ကရာဇ် ရှိသင့်တယ်လို့ တိုင်ပင်ပြီး ဘုရားရှင်လွန်တော်မူပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၉ ) မှ ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ( ၁ ) ခုကြွင်း ထားကာသာသနာနှစ် ( ၁ ) နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပါတယ် ...။ ဒါကြောင့် ယ္ခုထိ ဘုရားပွင့်ရာဒေသမှာ မဟာသက္ကရာဇ် ရှိသလို ဗုဒ္ဓဘာသာဝင်တွေအတွက် သာသနာတော် သက္ကရာဇ် ဆိုတာရှိလာတာပါ ...။

ဒါကြောင့် ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခုဆို ( ၂၅၅၃ ) ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်။

အဲဒီနောက် သာသနာ သက္ကရာဇ် ( ၆၂၄ ) ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ပေါ့

★ ★ ★ ကောဇာ သက္ကရာဇ်

သာသနာ သက္ကရာဇ် ( ၆၂၄ ) ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ဒေါဒေါရသ ( ၆၂၂ ) ခေါ် သာသနာတော် သက္ကရာဇ် မှ ( ၆၂၂ ) နှစ်ကို ဖြိုပြန်ပြီး သူနန်စတက်တဲ့နှစ်ကို သက္ကရာဇ်ဖြစ်ရမယ်လို့ သတ်မှတ်ပြန်ပါတယ် ... ဒီတော့ ( ၂ ) နှစ်က စမှတ်ပြီး သက္ကရာဇ်အသစ်လုပ်ပြန်ပါတယ် မတည်မြဲတာ ကိုတည်မြဲချင်ကြတာပေါ့ ... ။ ယင်းကိုကောဇာသက္ကရာဇ်လို့ဆိုပါတယ်။

ဘုရားရှင်ပွင့်တော် မမူခင် နှစ်ပေါင်း ထောင်ချီ တဲ့အချိန် ကောသလ တိုင်း အဘိရာဇာ မင်းဟာ စစ်ရှုံးပြီး တိမ်းရှောင်လာတာ အခုမြန်မာနိုင်ငံ ဘက်ရောက် လာပြီး .... မန္တလေးမြို့ ရဲ့ အထက် ဘက်မိုင် ၁၆၀ လောက်အကွာ ဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာ တကောင်းပြည်ကို တည်ထောင်ပြီးနေ ထိုင်တယ်၊ တကောင်းမင်းဆက်ပေါင်း ၃၃ ဆက်ရှိပြီးနှစ်ပေါင်း (၁၀၀၀ ) လောက် နန်းစံသွားခဲ့ပါတယ်။
ဒီအချိန်တွေထဲက မြန်မာမှာ သက္ကရာဆိုတာရှိခဲ့ပါတယ် ... ဒါပေမယ့် အတ္တကြီးလွန်းတဲ့ ဘုရင်တွေက သူတို့နန်းစံတဲ့ နှစ်တွေက စ စ မှတ်ကြတာနဲ့ ... ကြက်အစာကောက်သလို လိုက်ကောက်မှ ရမလိုဖြစ် နေ ပါတော့တယ် ... ဒီတော့ မြန်မာခုနှစ်တွေသိချင်ရင် ... ခေတ်တွေရဲ့သက်တမ်းနဲ့တွက်ရတော့မှာ ပါ ... တကောင်း တောာင်ငူ ပင်းယ အင်းဝ ကုန်းဘောင် ညောင်ရမ်း သရေခေတ္တရာ ပုဂံ စသည်ခေတ်တွေပေါ့ ။

တဖန် ကောဇာသက္ကရာဇ် ( ၅၆၂ ) နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက် မှာပေါ့ ...

★ ★ ★ ကောဇာ သက္ကရာဇ် ခေါ် လက်ရှိ မြန်မာသက္ကရာဇ်

တဖန် ကောဇာသက္ကရာဇ် ( ၅၆၂ ) နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက် မှာ ... သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ခန်းဆပဉ္စ ( ၅၆၀ ) နှစ် ကို ဖြိုဖျက်၍ ၂ ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ်။

ထို ( ၂ ) ခုနှစ်မှ တိုးတက်လာကာ ယနေ့ ( ၁၃၇၅ ) ခုနှစ် အထိ သက္ကရာဇ်မှာ လက်ရှိ ကောဇာ သက္ကရာဇ် ခေါ် မြန်မာသက္ကရာဇ် ပင် ဖြစ်ပါတော့သည် ...။

သာသနာ ကောဇာနှစ် တွက်နည်း

နှစ်ကြိမ်ဖြို ၆၂၂-ခုနှစ်နှင့်၊ ၅၆၀-ခုနှစ် ကိုပေါင်းကြည့်လျှင်
၁၁၈၂-ခုနှစ် ဖြစ်သည်။ ၎င်းနှင့် ယခု
ရောက်ဆဲ ၁၃၇၃ ခုနှစ် ကိုပေါင်းသော် ၂၅၅၅-ခုနှစ်ဖြစ်သည်။
သာသနာနှစ် ဖြစ်သည်။ ထို့ကြောင့်
တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော
ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို အလွယ်တကူ သိနိုင်ပေသည်။
မဟာသက္ကရာဇ် ကိုလိုချင်ရင်တော့ သာသနာနှစ်ကို ( ၈၆၄၇ + ၁၄၈ ) ထပ်ပေါင်းပေါ့ ..။

ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )

★ ★ ★ ဂရီဂိုရီယန် ပြက္ခဒိန် ( လက်ရှိကမ္ဘာသုံးပြက္ခဒိန် )

ခရစ်မပေါ်မှီ နှစ်များစွာက ဗုဒ္ဓဘာသာ ထွန်းကားသော အီဂျစ် ဒေသ အာဖဂန် ဒေသ နိုင်ငံ တို့မှာ တစ်လကို ရက်ပေါင်း ၃၀ ထားပြီး တစ်နှစ်တွင် ၁၂ လရှိသော ပြက္ခဒိန်ကို သုံးစွဲခဲ့ကြပါတယ် ...။ တစ်နှစ်ရက်ပေါင်း ၃၆၀ ပေါ့ ...။ဒါပေမယ့် နေအသွားအလာအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်မှတစ်နှစ်ပြည့်တာပါ ...။

ဒီလိုသုံးလာတာ တစ်နှစ်ကို ၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် နှစ်စဉ် နောက်ကျပြီး ကွာနေတာပေါ့ ... နှစ်ထောင်ချီကြာလာ တဲ့အချိန်မှာတော့ .... ရက်တွေနောက်ကျပြီး ... နွေရာသီလို့ပြောတဲ့အချိန် က ဆောင်းဖြစ်နေပြီး ... မိုးရာသီဆိုတာက နွေခေါင်ခေါင် ဖြစ်နေတာပေါ့ ...။

ဒီအချိန်မှာ ရောမတွေက အီဂျစ်ကိုသိမ်းပိုက်ပြီး စာပေယဉ်ကျေးမှုတွေ သယ်ဆောင်နေရာက သူတို့လဲ သူတို့အသုံးပြုဖို့ ပြက္ခဒိန် တည်ထွင်တော့တယ် ... ဒါနဲ့ ရောမဘာသာနဲ့ မတ် ၊ဧပြီ ၊ မေ ၊ဂျွန် ၊ ကွင်းတီးလစ် ၊ဆက္ကတ်စတီလစ် ၊စက်တင်ဘာ ၊အောက်တိုဘာ၊နိုဝင်ဘာ ၊ ဒီဇင်ဘာ ဆိုပြီး တစ်နှစ် ၁၀ လ တစ်နှစ် ( ၂၉၈ ) ရက်ဖြစ်လာတာပေါ့ ...။

ဒါနဲ့ ကမ္ဘာသုံးပြက္ခဒိန် စသုံးတော့ ... မတ်လကနေ ဒီဇင်ဘာထိ ... ၁၀ လ ပဲရှိတယ် .... မတ် မေ စက္ကတ်စတီးလစ် အောက်တိုဘာ က (၃၁) သတ်တယ် ကျန်လတွေက ( ၂၉)ရက်သတ်ပါတယ်.... အဲ့မှာ ( ၂၉၈ )ရက်ပဲရှိတော့ ... တစ်နှစ် (၃၅၅)ရက်သတ်မှတ်ထားတော့ ... ရက်ပို ...လ ပိုတွေ ...ညှပ်ထပ်ထည့်ကြတာပေါ့ .... ။

နှစ်ကြာတော့ ရက် လ နှစ်တွေက..ရာသီဥတုနဲ့ ပြောင်းပြန်ဖြစ်ပြန်ရော.... ဒီတော့ ဇန်န၀ါရီဖေဖော်ဝါရီ ထပ်တိုးကြပြန်ရော....တနှစ် ၁၂ လလုပ်ကြတာပေါ့ ...ပထမ( ၄ ) လ ၃၁ ရက်သတ် ... ကျန်တဲ့လတွေ ... ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ သတ် စသည်ဖြင့် နေအသွားအလာကိုကြည့်ပြီး အဆင်ပြေသလိုသတ် မှတ်ကြပြန်ရော.... ။

မဖစ်ပြန်ဖူး..နှစ်ကုန်တော့ ၄ ရက်ပိုနေပြန်ရော .... ဒီမှာတင် ခရစ်မပေါ်မှီ ဘီစီ ( ၄၅ ) နှစ်မှာ ရောမဇကရာဇ် ဂျူးလိယက်ဆီဇာက... အီဂျစ် နက္ခတ်ပညာရှင်ဆိုဆီဂျင်းနီး အကြံပေးချက်အရ ... အီဂျစ် ပြက္ခဒိန်ကို အတုယူကာ ... ဂျူလီယန် ပြက္ခဒိန်ကို စတင်ပြဌါန်းကြပြန်ပါရော... ။

ဒါကြောင့် ... အရင်က ဂျူလိုင်လကို ကွင်တီလစ်လို့ခေါ်ရာကနေ..သူ့ကို ဂုဏ်ပြုပြီး ... ဂျူလိုင်လ ...အရင် ဆုံးပြက္ခဒိန်စသူ သြဂတ်စတတ်ကို ဂုဏ်ပြုပြီး ဆက္ကစတီလစ် လကို သြဂုတ်လလို့ပြောင်းခေါ်ကြ ပါတယ်....အဲ့အချိန်ကစလို့ ... လ ( ၁၂ ) မျိုးရခဲ့တာ...။ ဒါက လ ၁၂မျိုး အစ...။တနှစ် ( ၃၆၅)ရက် ၄နှစ်တစ်ကြိမ် ( ၃၆၆ )ရက်ပေါ့...။

ဒီစနစ်အတိုင်းလက်ခံလာရာ ... ယေရှု ပေါ်တဲ့အချိန်မှာလဲ ဒီပြက္ခဒိန်ကိုပဲ ဆက်လက်သုံးနေပြီး ခရစ်ယန်များဟာ ယေရှုရဲ့ မွေးနေ့ ဇစ်မြစ်ကို မသိကြရကား အေဒီ ဟု ခေါ်သော ခရစ်နှစ်ကိုပင် ...ဂျူလီယန်ပြက္ခဒိန်အတိုင်း လွယ်လွယ်ယူလိုက်ကြပြီး ရောမများ ကမ္ဘာ့သက္ကရာဇ် စတင် ရေးတဲ့ နှစ်ဟာ ခရစ်တော်မွေးနေ့လို့ လိမ်လည် သမိုင်းဖျောက်ကြတာပါ ...။ အောက်စဖိုဒ့် တက္ကသိုလ် မှာကအစ ဒီလိုပဲ ဇွတ် ငြင်းထားတာပါ .. ဒါပေမယ့် လအမည်အားလုံးက ရောမ ဘာသာစကား နဲ့ ရောမပြက္ခဒိန် အစပါ .. ။

ဒါပေမယ့်လည်း ... ဒီပြက္ခဒိန်ဟာ တစ်နှစ်ကို ၁၁နာရီကွာပြန်ရော... နှစ် ၁၆၀၀ လဲကြာရော ... ( ၁၀ ) ရက်မှားနေပြန် ပါရော.... အဆင်မပြေပြန်ဖူး ... ဒီမှာတင် ...ခရစ်နှစ် ( ၁၅၈၂ ) ခုနှစ် မှာ တစ်ဆယ့် သုံးယောက်မြောက် ပုတ်ရဟန်းမင်းကြီး ... ဂရိဂိုရီက ... ပြက္ခဒိန် ပြန်လည်ပြင်ဆင်ရေး လုပ်ပြီး ... ( ၄ ) နှစ်တစ်ကြိမ် ... ဖေဖော်ဝါရီလမှာ ... ၂၉ရက် သတ်ပေးရတယ် ... အဲ့ဒါက လက်ရှိရောက်ဆဲသက္ကရာဇ်ကို ၄ နဲ့စားပြီးပြတ်တဲ့ နှစ်ကို ... ရက်ထပ်ပေးရတယ်...။ မြန်မာပြက္ခဒိန်မှာလဲ ၀ါထပ်ပေးရတယ်လေ ...။ ဒီအချိန်ကစလို့ ... ဂျူလီယန်ပြက္ခဒိန် လို့နာမည်ပေးထားရာကနေ ... ပုတ်ရဟန်းမင်းကြီးက..သူ့နာ မည်ပြောင်းပြီး ... ဂရိဂိုရီယန်ပြက္ခဒိန်လို့ခေါ်ကြတာ ...ပါ... အခုသုံးနေကြတဲ့ ... ခရစ်ပြက္ခဒိန်ပေါ့ ...။ ခရစ်တော်မွေး နေ့ သေတဲ့နေ့ကစပေါ်တဲ့ ပြက္ခဒိန်မဟုတ်ပါဖူး... ခရစ်တော်နဲ့မဆိုင်ပဲ ... သူတိုဟာလုပ်ထားတာပါ ... ခရစ်မပေါ်ခင် ( ၄၅ ) နှစ်ကစတာပါ ...။
ခရစ်ယန်တွေက ယေရှုသေတဲ့ နေ့က စမှတ်တယ်လို့ အကျောက်အကန် ငြင်းကြပေမယ့်....

Oxford တက္ကသိုလ် Dictionary မှာတော့ ....

A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )
ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊

သူတို့ဆိုလိုတာက ခရစ်မပေါ်ခင် ၄၅ နှစ်ကို ခရစ်တော်မွေးတဲ့နှစ် ဆို ရောချပြီး ရောမပြက္ခဒိန်ကို ခရစ်ပြက္ခဒိန်လုပ်ပြစ်တာပါ ...။ တစ်ကယ်တော့ယေရှုမှာမွေးနေ့အတိအကျမရှိပါဖူး ...။

မှီငြမ်းသောစာအုပ်များ ...

အင်းဝခေတ် လှေသင်းအတွင်းဝန်မင်း မှတ်တမ်းများ
ဦးဖိုးလတ် မှတ်တမ်းများ ..
မောင်ထင် မြန်မာ့ ၁၂ လရာသီ အကြောင်း
စွယ်စုံကျမ်း မှဦးအုန်းကြိုင်အဆိုအမိန့်များ
သူရိယသိဒ္ဓန္တ ကျမ်း ....။

ချမ်းမြေ့ကြပါစေရှင်