Showing posts with label ဆောင်းပါးတိုကဏ္ဍ. Show all posts
Showing posts with label ဆောင်းပါးတိုကဏ္ဍ. Show all posts
Sunday, June 14, 2015
ပါတီစွဲအတွက် သံဃာများအားစော်ကားခြင်း
မောင်လေးညီမလေးတို့ရေ ...
နူးက ခုလ ( ၅ ) ရက်နေ့ကစလို့ ခရီး ( ၃ ) ပတ်ထွက်နေရလို့ ... ပိုစ့်တွေမတင်ဖြစ်သေးပါဘူး
( ၃ ) ပတ်နားပါ့မယ် .... ခွင့်တိုင်တာပါ ( ဒါကပထမအချက် )
.
ဒါဆို ... ခုကဘာလို့တင်သလဲဆိုတော့ .... နဲနဲလောက်ဆူချင်လို့ပါ ...
ခုတစ်လော အွန်လိုင်းတက်နေရတာ စိတ်မသက်သာဘူး ....
ပြီးတော့စိတ်မချမ်းမသာဖြစ်ရတယ် ....
အွန်လိုင်းမှာ ရဟန်းတွေကိုဆဲနေတဲ့ကိစ္စကြောင့်ပါ ....
မိမိဖက်ကပါတုန်းကတော့ .... ပြည်သူ့ဘုန်းဘုန်းဒို့ဘုန်းဘုန်း ....
ဘုန်းကြီးတွေကိုစခန်းသွင်း ကျုံးသွင်း ပြီးတော့ ... သပိတ်စခန်းတွေဖွင့်
ဘုန်းကြီးဆိုတာ သမိုင်းမှာအထင်ကရ မှတ်တိုင်တို့ ...
ဆရာတော်ဦးဝိစာရတို့ ဘာတို့တွေကိုလက်ညှိုးထိုးပြပြီး ... 
နိုင်ငံတော် သူ့ကျွန်ဘ၀ကလွတ်မြောက်ရေး ဘုန်းကြီးတွေ အခန်းကဏ္ဍက 
သမိုင်းအဆက်ဆက်မှာပါတယ်တို့ ...
ဘုန်းကြီးကိုမရိုသေရင်နေ ... ဗုဒ္ဓရဲ့ မေတ္တာဓါတ်လွှမ်းခြုံတဲ့ဝတ်ရုံ ရှိနေတယ် ... 
မစော်ကားရဘူး ... စော်ကားရင် စော်ကားမိသူရဲ့တာဝန်တို့ ...
သူတို့ဆောက်တည်ရတာ ၂၂၇ သွယ်တို့ ယောင်လို့တောင်မစော်ကားမိစေနဲ့တို့ .... 
ငရဲမှာ ဘွတ်ကင် ယူသလိုဖြစ်မယ်တို့ ....
ဆဒ္ဒန်ဆင်မင်းတောင် ... သင်္ကန်းမြင်တာနဲ့ ဦးချတယ်တို့ ... ဒီလိုတွေ ပြောနေခဲ့သူတွေက
.
အခုကျတာ့ ... ဥူးဝီရသူကို ခွေးနဲ့နှိုင်းဆဲတာ အနိမ့်ဆုံးဖြစ်နေတယ် .... 
ဒိထက်ဆိုးဆိုးရွားရွားကို ဆဲနေတာ
( ဥူးဝီရသူကိုမှန်တယ်မပြောဘူးနော် သာသနာတော်ကို စော်ကားတာကိုပြောတာ ) ...
ဒီရက်တွေ ပိုပိုဆဲလာတယ် ... ဆဲနည်းပေါင်းစုံနဲ့ ကိုဆဲလာတယ် ...
မိမိက ရဟန်းလို့မသတ်မှတ်ရင် ရှောင်နေလိုက်ပေါ့ ...
မငြိနဲ့ပေါ့ ... မမြင်ချင်ယောင်ဆောင်နေပေါ့ရှင် ....
သီတဂူဆရာတော်လဲမနေရ ...
မဟနဆရာတော်တွေဆို မျိုးမစစ်တွေ အမျိုးယုတ်တွေကိုဖြစ်လို့ ...
ဘာအတွက်ဒီလောက် အကုသိုလ်အတုန်းလိုက်အတစ်လိုက်ယူနေမလဲရှင် ...
.
★ ★ ★ ဘုန်းကြီးတွေ ဝိနည်းတော်နဲ့မညီဘူး... အကြည်ညိုပျက်စေတယ် ... 
ကဲ့ရဲ့စရာဖြစ်စေတယ် ... သာသနာတော် သိက္ခာညစ်နွမ်းတယ် ...ဆိုရင်တောင် ....
သူတို့ဆောက်တည်ရတဲ့ သီလကိုလည်း ပြန်ကြည့်ပါဦး၂၂၇ သွယ် အကျယ်ချဲ့လိုက်ရင် ကိုးကုဋေ ... 
လူဝတ်ကြောင်တစ်ယောက် အများဆုံးစောင့်ထိန်းနိုင်တဲ့သီလက ဆယ်ပါး ... 
ဒါပေမယ့် ဆယ်ပါးသီလထိန်းတဲ့သူ မြဲတဲ့သူရယ်လို့က ဘုရားစူး ရှာမှရှား ... 
.
★ ★ ★ အဲဒီတော့ ရဟန်းတွေ ဘုန်းကြီးတွေ ဝိနည်းနဲ့မညီဘူးဆိုရင်တောင် ပါရာဇိက မကျသေးသ၍ သူတို့မှာ ကျန်တဲ့ သိက္ခာပုဒ်က လူတွေထက် အများကြီးသာပါတယ် ... 
ကိုယ်ကတာ့ ယောင်လို့တောင် သွားမစော်ကားမိစေနဲ့ ... အပါယ်လေးဘုံက တန်းရောက် သွားမယ်... 
ပါရာဇိကမကျသေးသ၍ ရဟန်းဟာ ရဟန်းပဲ ... 
အာပတ် အကြီးအသေး အာပတ်ကိုပြန်လည်ကုစား မကုစား ဆိုတာက ရဟန်းတာဝန် ...
အဲ ရဟန်းရဲ့ ဝိနည်း မညီတဲ့ အချက်လောက်ကလေး ကြည့်ပြီး စော်ကား မိရင်တော့ စော်ကားမိသူတာဝန်ပေါ့ ....
.
ပြီးတော့ ဝိနည်းတော်ဆိုတာကိုလည်း သေချာ လေ့လာကြည့်ပါဦး .. 
ဘယ်အပြစ်က ဘာအာပတ်.. ဘယ်အာပတ်ကို ဘယ်လိုကုစားလို့ရတယ်ဆိုတာကို
ဝိနည်းမညီတာလောက်လေးကြည့်ပြီး စော်ကားမယ်ဆိုရင်တော့ အဲဒါမျိုးကမှ မျက်ကန်းဆန်သွားလိမ့်မယ်
.
★ ★ ★ လူတစ်ယောက် သို့မဟုတ် ရဟန်းတစ်ပါးရဲ့ အကျင့်သီလဆိုတာမျိုးက အပြင်ကနေကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူးလေ ... 
ပြီးတော့ ဗုဒ္ဓသာသနာက ယုံကြည်မှုနဲ့တင်လမ်းဆုံးတာမျိုးမဟုတ်ဘဲ သီလအပြင် အကျင့်နဲ့ပါ သက်ဆိုင်တဲ့ သာသနာဖြစ်တော့ ....
.
တစ်ချို့တစ်ချို့သော အပြစ်တွေကိုမြင်ပြီး ကောင်းတဲ့အချက်တွေ ကိုယ်မတွေ့ရုံနဲ့ စော်ကားတာမျိုး ... 
ကျန်တဲ့ ကောင်းတဲ့ရဟန်းတွေကို ဝါးလုံးရှည်ချေးသုတ်ရမ်း စော်ကားတာမျိုးဖြစ်ရင် ကိုယ်ပဲ အကုသိုလ်ဖြစ်နေမှာ ။
.
★ ★ ★ ခြေမမကောင်းတာ လက်မမကောင်းတာ မြင်နိုင်ပေမယ့် အကျင့်သီလကောင်းတာ မကောင်းတာကတော့ အပြင်ပန်းမမြင်နိုင်ပါဘူး... 
.
လူတစ်ယောက်အရက်သောက်တယ် ဒါပေမယ့် သူက သူများပစ္စည်းမခိုးဘူး အသတ်မသတ်ဘူးဆို သူများသားမယားမပြစ်မှာဘူး ဆိုရင် အရက်သောက် တာလေးတစ်ခုထဲကိုကြည့်ပြီး အပြစ်ပြော နေသူတွေက သူ့လောက်သီလမလုံရင် ငရဲရမှာပေါ့ .... အားလုံးကို ကျူးလွန်နေတဲ့သူက တစ်ပါးလုံတဲ့သူကို လေးစားရမှာ မဖြစ်သင့်ဘူးလား...
.
★ ★ ★ ရဟန်းဆိုတာ ....
၁။ သင်္ကန်းကို ၀တ်ရုံထားတယ် ဆောင်ထားတယ် 
၂။ ဘုရားရဟန္တာလို ဦးပြည်း အသွင်ကို ဆောင်ထားတယ် 
၃။ ရဟန်းအစစ်မဟုတ်သော်တောင်မှ သူ့ကိုယ်သူ ရဟန်းလို့ ၀န်ခံထားတယ် 
၎။ အပြစ်ကိုပင်ကျူးလွန်သော်လည်း ရတနာသုံးပါးကို ဆည်းကပ်သူဖြစ်တယ် 
၅။ လူအများနဲ့ထွေးရောယှက်တင် နေခွင့်မရှိ အိမ်မှာမနေဘဲ ကျောင်းမှာနေတတ်တယ် 
၆။ သာသနာတော် တည့်တံ့မှုကို လိုလားတယ် 
၇။ ဘုရားရှင်ရဲ့တရားတော်ကို ဟောတတ်တယ် 
၈။ တရားတော်ကို အမှိပြုနေတယ် 
၉။ သမ္မာဒိဌိ အယူမှန်ရှိတယ် 
၁၀။ တစ်လကို နှစ်ကြိမ် အခြားရဟန်းများ ဥပုသ်ပြုလျှင် လိုက်ပါတတ်တယ်။ 
.
ဒီအချက် ( ၁၀ ) ချက်နဲ့တင် သာမန်လူတွေထက်စင်ကြယ်နေပါပြီ .... 
. 
★ ★ ★ ရဟန်းများ ကမ္မဋ္ဌာန်းအားထုတ်ချိန် မဟုတ်သော အခါ ၅-ပါး
**********************************
(၁) ဇိဏ္ဏ ဇရာဘိဘူတ-ဇရာထောင်း၍ အိုဟောင်းရွတ်တွသောအခါ၊
(၂) ဗျာဓိနာ ဘိဘူတ- မကျန်းမမာ အနာဘေးနှိပ်စက်သောအခါ၊
(၃) ဒုဘိက္ခ ဒုလ’ဘ ပိဏ္ဍ- ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊
(၄) ၀ိဝါဒ ဘယ ပတ္တ- အသင်းကွဲပါတီကွဲ ၀ါဒကွဲ ပြည်ထဲရေးသူပုန်ထပြီးအချင်းချင်းတိုက်ခိုက်နေသောအခါ၊ 
( လက်ရှိမြန်မာနိုင်ငံအခြေအနေလေ )
(၅) သံဃဘိန္န- သံဃာချင်းကွဲပြားပြီး အငြင်းပွားနေသောအခါ။
.
★ ★ ★ ဒီတော့ နူးပြောချင်တာ .....
ပါတီတစ်ခုဟာ မိမိအစွမ်းအစနဲ့ပဲ လူယုံကြည်မှုကို ယူသင့်တယ် ...
ပါတီတစ်ခု နေရာရဖို့ဆိုရင် ပြည်သူရဲ့နှလုံးသားကိုယူသင့်တယ် ...
ရှင်ကြီးကို ၀ိုင်းကိုးကွယ်ပြီးမှ ကျားနဲ့ပဲ ဆက်နေတော့မယ်ဆိုရင် ရှင်းရှင်းလေး ရှင်ကြီးကကျားထက်ဆိုးနေလို့ပဲပေါ့ ...
ထမင်းစားတဲ့သူတွေအားလုံးဟာ ခလေးကအစ သူများဆွယ်တိုင်း သူများစကား နားယောင်စရာ မှမရှိတာ ...
.
★ ★ ★ မောင်လေးညီမလေးတို့ လည်း 
ကိုယ်ယုံကြည်ရာကို အေးချမ်းစွာပဲယူပါ ... ထောက်ခံပါ
မိမိကိုယ်တိုင်မှတ်ကျောက်တင်ခံနိုင်ရင် .... သူတစ်ပါးဆွယ်တာကြောက်စရာမလိုပါဘူး 
ပြီးတော့ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုရင် 
အသင်းစွဲ အဖွဲ့စွဲ ပါတီစွဲ အစွန်းရောက်မှု တွေ အတွက် ရဟန်းတွေကို ဆဲတာရပ်ပြီး
မိမိ လက်ခံရာကို အေးချမ်းစွာရွေးချယ်ပါလို့ ပြောပါရစေ ။
.
ဒါကတော့ နူးလေးစားရတဲ့ အကိုတော် အမြင်မှန် ( Ahmyin Hman ) ရေးထားတာလေးပါ
ဖတ်ကြည့်ပါ ...
.
★ ★ အခါခါ ရေးပြီးပါ ပြီ
သင်္ကန်း ၀တ်ထားတဲ့  ရဟန်းတပါးကို ရဟန်းမဟုတ်လို့ ပြောချင်ရင်
၁) သူဟာ မရတဲ့  ဈာန် နဲ့ မဂ်ကို ရသဟန်သူအများ နားလည်အောင်ပြောသလား
၂) ငွေစင်တမတ် ထက်ပိုသော ပစ္စည်းခိုးသလား
၃) လူသတ်သလား 
၎) အထီး အမ ၃ပါးသော သတ္တ၀ါတို့ ရဲ့  စိုစွတ်သော မုခပေါက် ၁၅ပေါက်ထဲ သူ့ လိင်အင်္ဂါကို 
( သာယာလိုသော စိတ်ဖြင့် ) နှမ်းစေ့တထောက် သွင်းဝင်မိတာကို 
(အပြန်အားဖြင့် ရဟန်း မုခပေါက် ၂ပေါက်ကို၃ ပါးသော အဖိုသတ္တ၀ါ ရဲ့  လိင်အင်္ဂါ ) 
သူကိုယ်တိုင်ဝန်ခံသလား ဒါမှမဟုတ် ခိုင်လုံသော မျက်မြင်သက်သေရှိလား 
( ဥပမာ စမ်းကလေးဆရာတော် ၊ မိုးပြာ ညာ နနဲ့ အောက်ကထတို့  သည် ပထမအချက်နဲ့  တင်ငြိ )
. 
★ ★ အပေါ်ကအချက်တွေ မဟုတ်ပါက .... 
ရဟန်း တပါးကို မိုက်မိုက်ရိုင်းရိုင်းပြောသူ ၊
ပြောတာကို ကံ ၃ပါးနဲ့ ထောက်ခံသူဟာ 
အ၀ီဇိ ယက်ဆင်းသူပါဘဲ 
တခြား တကမ္ဘာလုံး လုပ်ပါစေ
ကိုယ်တော့ မလုပ်မိပါစေနဲ့ 
.
★ ★ သာသနာမှာ ပုထုစဉ် ရဟန်းတွေ ရှိနေသေးသ၍ ရဟန်း ၂ပါး မတည့်မရှုဆိုတာ ရှိနေအုံးမှာပါဘဲ 
သို့ သော် လူဝတ်ကြောင်တွေ အနေနဲ့  က 
ရဟန်း ၂ပါး ထသတ်နေတာဘဲ တွေ့ ပါစေ။
တားမရက ဘေးက သာ ဧကသီ ကိုင်ပေးပြီးထိုင်ကြည့်နေရုံသာ 
နောက်မှသာ နာသောရဟန်း ဆေးကုရုံသာ 
ကိုယ့်ဘုန်းကြီးဘက်ကနေ ဟိုဘုန်းကြီးသွားရိုက်ဘို့ တော့ ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့  ဗျာ
.
( ငါနဲ့မတူ ငါ့ရန်သူ ဆိုသူအန္ဓဗာလများအတွက်ပါ .... )
.
ချမ်းမြေ့ကြပါစေရှင် ...
.
.
Tuesday, March 10, 2015
လက်ပံတန်းကိစ္စပေါ့
ကျမပြောချင်တာက ... ကျမသာဆို လုပ်ချင် သိတ်စိတ်အားထက်သန်နေရင် ကိုယ်တိုင်ဝင်လုပ်မယ် မြှောက်မပေးဘူး .... ဖြစ်လာရင်လဲ ကျမမှာသာတာဝန်ရှိပါတယ် ... သူတို့နဲ့မဆိုင်ပါဘူး ... ကျမတာဝန်ယူပါတယ်လို့ ပြောမှာပဲ ... ရှောင်ပြေးမှာမဟုတ်ဘူး
ခုမြောက်ပေးနေတဲ့သူတွေ ကိုယ့်အနီးအနားကလူတွေ ကအစ သူတို့မှာ
မြန်မာမှာ မယား ကျန်ခဲ့တယ် ညီမရှိတယ် သားသမီးရှိတယ် အဲ့တာတွေကိုလွှတ်ပေါ့ ဒီလောက် ထက်သန်နေမှတော့ .... ဘာလို့သူများတွေကို ရှူးတိုက် စတေးနေမလဲရှင် ။
.
ကိုယ့်အိမ်က ဟာတွေကျတော့ ဆန္ဒပြပွဲလေး ရှိတာ သတင်းကြားတာနဲ့ အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းပဲနဲ့ မသိနားမလည်တဲ့ ချို့တဲ့တဲ့ စိတ်လေနေတဲ့ ခလေးတွေကို မြှောက်ပေးနေတယ် စတေးနေတယ်ဆိုရင် ဒါတိရစ္ဆာန်ပဲ ခွေးဇာတ်ခင်းတာပဲရှင် ( ကန်တော့ )
သတ္တိရှိရင် အမျိုးသားရေးစိတ်ဓါတ်သိပ်ပြင်းပြနေကြရင် ကိုယ်တိုင်ပါပြလိုက်ပေါ့
ကိုယ်နိုင်ငံခြားေ ရာက်နေရင် ကိုယ့်မယား ကိုယ့်ညီမ ညီတွေမောင်တွေ ကိုယ့်ရည်းစား  ကိုယ့် ခလေးတွေ ပါခိုင်းလိုက်ပေါ့ရှင် ...။
အွန်လိုင်းမှာ သူတော်ကောင်းယောင်ဆောင် မြှောက်ပေးနေတဲ့ ဘယ် လူ့အန္ဓ တစ်ကောင်မှ ကျုပ်မယားကို ဆန္ဒပြဘို့ လွှတ်လိုက်ပြီတို့ ကျုပ်ခလေးကို လွှတ်လိုက်ပြီတို့  တစ်ခါမှပြောသံ မကြားဖူးပါလားရှင် 
အခု ခလေးတွေ အရိုက်ခံရတယ် .... အဖမ်းခံရကြတယ် ... အွန်လိုင်းကမြှောက်ပေးတဲ့ သူတွေ ..ပြီးတော့ နာမည်ယူ အလှူခံ စားနေ တဲ့ကျောင်း သားခေါင်းဆောင်တွေ ဘယ်တစ်ယောက် အရိုက်ခံရလဲ ... .ထောင်ထဲရောက်သွားလဲရှင်  ... ဟင်
သားသမီးချင်း မယားချင်း နှမချင်း ကိုယ်ချင်းစာတတ်ရင် ... 
မိမိနိုင်ငံတော်ကို တစ်ကယ်ကောင်းစေ ချင်တဲ့စိတ်ဆန္ဒနဲ့ဆိုရင်ပေါ့ ....
ရှင်တို့မှာလူစိတ်ရှိနေရင် အွန်လိုင်မှာအော်ပြမနေနဲ့ ပေါ့ရှင် ... ကိုယ်တိုင်ထွက်လိုက်ပေါ့ ...
ကိုယ်အပြင်မှာဆိုရင်လဲ ကျန်ခဲ့တဲ့ မယားတွေ ခလေးတွေ နှမတွေ ပြီးတော့ ကိုယ့်ရည်းစားကိုယ် ထွက်ခိုင်းလိုက်ပေါ့ ....
အဲ့တာကမှကိုယ်ချင်းစာတာ လို့ခေါ်တာ ...မိမိကိုယ်တိုင် အနစ်နာ ခံတာ လို့ခေါ်တာရှင် ။
ဘယ့်နှာရှင် ...  မူလတန်းခလေးတွေ လမ်းရိုးထွက်တယ် သမီးလေးတို့ရယ် ဂုဏ်ယူပါတယ် ဘာတယ် ညာတယ် နဲ့ ... အွန်လိုင်းမှာ တက်ညှောင့်နေတယ် ...
ရှင်တို့မှာလဲ သမီးရှိနေ သားရှိနေသားပဲ ... ဒီမယ်ကျုပ်တို့ သမီးလေးကို ကျုပ်က ဂုဏ်ယူချင် လွန်းလို့ ... လမ်းလျှောက်တဲ့ထဲ ပို့လိုက်ပြီလို့ .... အွန်လိုင်းက မြှောက်ပေးနေတဲ့ ဘယ်တိရစ္ဆာန် ကောင် တစ်ကောင်တစ်လေက ပြောလို့တုန်း ...
ခလေးတွေဒီလို မဖြစ်စေချင်လို့  အတန်တန်လိုက်လျှောပေးပါရက်နဲ့ ... လိုက်လျှောလဲ ဆက်ချီ တက် ဆိုတာ ဘယ်သူတွေ မြှောက်ပေးခဲ့တာတုန်း ....
ခလေးတွေရဲ့သွေးမြေကျစေချင်တာ ဘယ်သူတွေတုန်း .... ဘာမှမဖစ်ခင် ၂ရက်လောက် အလို ထဲက သွေးရောင် ပရိုဖိုင်ကြို တင်နေ တာ ဘယ်သူတွေတုန်း ....
ဘယ်လောက်ထိ ခလေးတွေသွေး မြေကျဖို့ အာသာ ဆန္ဒတွေ ပြင်းပြနေကြတုန်း
ဘယ်အတိုင်းအတာရောက်တဲ့ထိ ... မသိနားမလည်တဲ့ ပြည်သူတွေ ...ခလေးတွေက ရှင်တို့ အတွက် သူတို့ အသက်တွေ ဆက်စတေးပေး ရအုန်းမှာတုန်း ။
လူတွေကိုလမ်းပေါ်ရောက်စေချင်တာဘယ်သူတွေတုန်း .... အတတ်နိုင်ဆုံးလိုက်လျှောပေး လွှတ်တော်ထဲ အထိခေါ်တွေ့ပြီး ...  ညှိပေးတာဘယ်သူတွေတုန်း .... အတန်တန်တားပါ လျှက်နဲ့ ... ရဟန်းတော်တွေမိဘတွေအကုန် တားနေတဲ့ကြားကနေ အိမ်မပြန်အောင်မြှောက်ေ ပးနေကြတာဘယ် သူတွေတုန်း
ဟိုလိုလဲမဟုတ် ဒီလိုလဲမဟုတ် ဘာပေးပေး မရဘူးဆိုတာ ဆက်ချီတက် ဆိုတာ ဘယ်သူတွေနောက် ကမြှောက်ပေးနေ တာတုန်း
စာရင်းချုပ်လိုက်ရင် ... ရှင်တို့စခွက်လုနေတဲ့ အဖွဲ့နှစ်ခုအတွက် ထုံးစံအတိုင်း ခလေးတွေ စတေးခံရပြန်တယ်မဟုတ်လား ....
ကိုယ့်ပါတီ အနိုင် လိုချင်ရင် ကိုယ်တိုင် နဲ့ကိုယ့်မိသားစု ကိုယ့်ရည်းစား ၀င်ပါ ပါ့လား လွှတ်ပါလား .... ဘာလို့ညှောင့်နေတာတုန်း
ကဲ ...ဒီတော့ .... မသိနားမလည်တဲ့ ခလေးတွေကို ... သားရဲတွင်းထဲ ဆင်းဘို့ အတင်းမြှောက်ပေးပြီး  လွှတ်နေတဲ့သူနဲ့
တွင်းထဲအတင်းဝင် ဂဲနဲ့ဝင်ပေါက်သူကို စားတဲ့သူ .... ဘယ်သူ့ကိုပိုမုန်းသင့်လဲ  ... ဘယ်သူ့မှာပိုအပြစ်ရှိလဲ ....
ထမင်းစားတဲ့ ဥဏှောက်လေးနဲ့ ...လူလို စဉ်းစားကြရင်ကောင်း တာပေါ့ရှင် ....
တစ်ကယ်လို့ ရှင်တို့က ခလေးတွေကိုစားပြစ်လိုက်တဲ့ တိရစ္ဆာန်ကမှားတယ်လို့ပြောရင်တော့ .... မိမိမှာ ထမင်းစားတဲ့ဥဏှောက်ရှိနေတာလား ..
မိမိ ဥဏှောက်ထဲမှာ အင်အင်းတွေပဲ ရှိနေတာလား စဉ်းစားဖို့တော့လိုပြီရှင် ။
တိရစ္ဆာန်က တိရစ္ဆာန်အလုပ်လုပ်မှာပဲ ....
အတင်းတွန်းလွှတ်ခဲ့ကြတဲ့ ရှင်တို့တစ်တွေက သူတို့လေးတွေအတွက် ဘာတွေ တာဝန် ယူပေးကြမှာလဲဟင် ...  ပြောကြည့်ရှင် ...။
တစ်ကယ်ကောင်းစေချင်ရင် ... မိမိဖာသာ သားရဲတွင်းထဲဝင်တိုက်ကြပါလို့ မေတ္တာရပ်ခံပါရစေရှင် ။
.
နောက်တစ်ကြိမ်ထပ်ပြောပါ့မယ် ...
((((( သားသမီးချင်း မယားချင်း နှမချင်း ကိုယ်ချင်းစာတတ်ရင် ... မိမိနိုင်ငံတော်ကို တစ်ကယ်ကောင်းစေချင်တဲ့စိတ်ဆန္ဒနဲ့ဆိုရင်ပေါ့ ....  အွန်လိုင်မှာအော်ပြမနေပါနဲ့ ရှင်
ကိုယ်တိုင်ထွက်လိုက်ပါ ... ကိုယ်အပြင်မှာဆိုရင်လဲ ကျန်ခဲ့တဲ့ မယားတွေ ခလေးတွေ နှမတွေ ပြီးတော့ ကိုယ့်ရည်းစားကိုယ် ထွက်ခိုင်းလိုက်ပေါ့ရှင်  .... အဲ့တာကမှ ကိုယ်ချင်းစာတာ လို့ခေါ်တာ ... မိမိကိုယ်တိုင် အနစ်နာ ခံတာ လို့ခေါ်တာရှင်  ... ))))) 
.
.
Sunday, May 11, 2014
ဘာသာခြားနဲ့ ထိမ်းမြားခြင်း
ဘာသာခြားအိမ်ထောင်ဖက်
 (က) မဟာမေဒင်
        မဟာမေဒင် တရားဥပဒေဟာ မဟာမေဒင် ဘာသာဝင် မဟုတ်သူနဲ့ မဟာမေဒင် ဘာသာဝင်ပုဂ္ဂိုလ်  ထိမ်းမြား လက်ထပ်တာကို တင်းတင်းကျပ်ကျပ် တာမြစ် ပိတ်ပင်ထားတယ်။ လက်ထပ်ထိမ်းမြားတာကို အသိအမှတ်မပြုရဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်အနေနဲ့ မဟာမေဒင် ဘာသာကို ကူးပြောင်းပြီး အဲ့ဒီ ထုံးတမ်းဥပဒေအရ ထိမ်မြားခြင်းမပြုရင် တရားမ၀င်ဘူး။ တည်မြဲခိုင်မာမှု မရှိဘူးလို့ ရှေးဟောင်းစီရင်ထုံးတွေမှာ ထုံးဖွဲ့ထားတာ ရှိတယ်။
       သမီးတစ်ယောက်ရှိတဲ့ ဗုဒ္ဓဘာသာဝင် မိခင် မုဆိုးမတစ်ယောက်ဟာ မဟာမေဒင်ဘာသာကို ကူးပြောင်းပြီး အဲ့ဒီ ဘာသာဝင် ယောက်ျား တစ်ယောက်နဲ့ အိမ်ထောင်သစ် ပြုလိုက်တယ်။
       မိန်းမ သေဆုံးသွားတဲ့အခါ ဗုဒ္ဓဘာသာဝင်သမီးက အမွေရလိုကြောင်း တောင်းဆိုတဲ့အခါ မဟာမေဒင် ဘာသာဝင်တစ်ယောက်ရဲ့ အမွေကို မဟာမေဒင်ဘာသာဝင် မဟုတ်သူတစ်ယောက်က  အမွေဆက်ခံခွင့် မှရှိဘူလို့ ဆုံးဖြတ်ခဲ့ဖူးတာ ရှိတယ်။
       ဒါကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေရဲ့ ဆုံးရှုံးနစ်နာမှုကိုအခွင့်အရေးပေးဖို့အတွက် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထုး ထိမ်မြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။
       အဲဒီ အက်ဥပဒေပုဒ်မ ၂၀ အရ မဟာမေဒင် ဘာသာဝင်ယောက်ျားတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးတို့ အကြင်လင်မယားအဖြစ် အထင်အရှား ပေါင်းသင်းနေထိုင်ခဲ့ရင် မဟာမေဒင် တရားဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေက ဘယ်လိုပဲ ဆိုထား ဆိုထား ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှု၊ အမွေဆက်ခံမှု ဥပဒေအရ ထိမ်းမြားခဲ့တယ်လို့ မှတ်ယူနိုင်ကြောင်း ပြဋ္ဌာန်းထားတယ်။
      သူတို့ရဲ့ လင်မယားကွာရှင်းရေး ကိစ္စ၊ ပစ္စည်းခွဲဝေရေးကိစ္စနဲ့ သားသမီးထိန်းသိမ်းရေး ကိစ္စ အားလုံးကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအရသာ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်။
 (ခ) ဟိန္ဒူ 
        ဟိန္ဒူဘာသာမှာ (၁) ဗြာဟ္မဏ (၂) ခတ္တိယ (၃) ဝေဿနဲ့ (၄) သုဒ္ဒ ဇာတ်လေးမျိုး ရှိတယ်။ အဲဒီ ဇတ်လေးမျိုးဝင် ဟိန္ဒူနဲ့ မြန်မာဗုဒ္ဓဘာသာ ထိမ်းမြားလက်ထပ်ဖို့ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ စီရင်ထုံးဟောင်း တစ်ချို့မှာ ဆုံးဖြတ်ထားတယ်။
        ဒိုရာမိုးနဲ့ မရွှေမဲဆိုတာရှိတယ်။ သူတို့နှစ်ဦး ၁၆ နှစ်အထိ လင်မယားအဖြစ် အတူတူနေထိုင်ခဲ့ကြတယ်။ အဲဒီကာလအတွင်းမှာ အိမ်တစ်ဆောင်ဝယ်ခဲ့ကြသေးတယ်။ ဒိုရာမိုးဟာ ဟိန္ဒူဖြစ်တယ်လို့ သက်သေထွက်ချက်ရှိတယ်။ ဇာတ်ကပယ်ထားသူဖြစ်တဲ့အကြာင်းကန့်ကွက်ချက်လည်း မရှိခဲ့ဘူး။ ကလေးခြောက်ယောက် ရခဲ့ကြတယ်။ ဒါပေမယ့် အတူတူမစားဘူးလို့ ထွက်ချက်အရ သိရတယ်။ ဒါကြောင့် ဒိုရာမိုးဟာ ဟိန္ဒူတရားဥပဒေနဲ့ သက်ဆိုင်တယ်လို့ မရွှေမဲကို တရားဝင်မယား မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြဖူးတယ်။
       ဒါပေမယ့် နောက်ပိုင်း ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၀ အရ ဟိန္ဒူဘာသာဝင် ယောက်ျားတစ်ယောက်နဲ့ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦး အကြင်လင်မယားအဖြစ် အထင်အရှား ပေါင်းသင်းနေထိုင်ခဲ့တာမှန်ရင် ဟိန္ဒူတရားဥပဒေနဲ့ ဓလေ့ထုံးတမ်း တွေက ဘယ်လိုပဲဆိုဆို သူတို့နေထိုင်ပေါင်းသင်းတဲ့ အချိန်ကစပြီး (၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှုအက်ဥပဒေ) အရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူနိုင်တယ်။ သူတို့ရဲ့ လင်မယားကွာရှင်းရေး ကိစ္စ၊ ပစ္စည်းခွဲဝေပေးရေးကိစ္စနဲ့ သားသမီးထိန်းသိမ်းရေး ကိစ္စတွေမှာလဲ မြန်မာဓလေ့ထုံးတမ်းဥပဒေအရပဲ ဆုံးဖြတ်ဖို့ရှိတယ်။
 (ဂ) ခရစ်ယာန်
         မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ခရစ်ယာန်ဘာသာကို မကူးပြောင်းပဲ ခရစ်ယာန်ဘာသာဝင်တစ်ယောက်နဲ့ တရာဝင်း ထိမ်းမြားခြင်းမပြုနိုင်ဘူးလို့ ဆိုပေမယ့် ၁၈၇၂ ခုနှစ် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေ ပုဒ်မ ၄ နဲ့ ၅ မှာ ဘာသာမပြောင်းဘဲ ထိမ်းမြားနိုင်ကြောင်း ဖော်ပြ ထားတာကို တွေ့ရပါတယ်။
       တကယ်လို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီး ခရစ်ယာန်ဘာသာဝင်တစ်ယောက်နဲ့ အခိုင်အမှာ ထိမ်းမြားပြီးကာမှ ဗုဒ္ဓဘာသာသို့ တစ်ဖန် ပြန်ဝင်လာခဲ့လို့ရှိရင် အဲ့ဒီသူဟာ မြန်မာ ဗုဒ္ဓဘာသာတွေလို နောက်ထပ် အိမ်ထောင်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေအရ ဘာသာကူးပြောင်း ခြင်းဟာ ထိမ်းမြားခြင်းကို မပျက်ပြယ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
      ယခုအခါမှာတော့ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှု အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၀ အရ ခရစ်ယာန် ဘာသာဝင် ယောက်ျားတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦး အကြင်လင်မယားအဖြစ် အထင်အရှား ပေါင်းသင်းနေထိုင်ခဲ့တာ မှန်ရင် ခရစ်ယာန် ဥပဒေက ဘယ်လိုပဲ ဆိုထား ဆိုထား သူတို့ နေထိုင်ပေါင်းသင်းချိန်ကစပြီး (၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်မများ အထူး ထိမ်းမြားမှုနဲ့ အမွေဆက်ခံမှုအက်ဥပဒေ) အရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူနိုင်တယ်။ သူတို့ရဲ့ လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေရေးကိစ္စနဲ့ သားသမီးထိန်းသိမ်းရေးကိစ္စတွေမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရသာ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်။
  (ဃ) တရုတ်
          မြန်မာနိုင်ငံမှာ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးနဲက ကွန်ဖြူးရှပ် ဘာသာဝင် တရုတ်တို့ အခိုင်အမာ ထိမ်းမြားလက်ထပ်နိုင်တယ်။
          တရုတ် ဗုဒ္ဓဘာသာဝင်နဲ့ မြန်မာဗုဒ္ဓဘာသာ ၀င်တွေ တရားဝင် ထိမ်းမြားလက်ထပ်နိုင်ကြပေမယ့် ထိမ်းမြားလက်ထပ်တဲ့နေရာမှာ မြန်မာနဲ့ တရုတ် ဓလေ့ထုံးတမ်း နှစ်ရပ်စလုံးအရ ဆောင်ရွတ်ဖို့လိုတယ်လို့ ထုံးဟောင်း တစ်ခုက ဆိုပါတယ်။
        တရုတ်ဗုဒ္ဓဘာသာတွေဟာ မြန်မာ ဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ အတွက် တကယ်လို့ တရုတ်အမျိုးသားဟာ ထိမ်းမြားလက်ထပ်ရေးမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ မသက်ဆိုင်ချင်ရင် အောက်ဖော်ပြပါအချက်တွေကို ထင်ရှားအောင် ပြုရမယ်လို့ ဆိုတယ်။
    ၁။  သက်ဆိုင်ရာ တရုတ် ဓလေ့ထုံးတမ်းဟာ မြန်မာနိုင်ငံမှာ တရား ဥပဒေကဲ့သို့ အတည်ဖြစ်လျက် ဖြစ်ကြောင်း။
    ၂။ အဲဒီ ဓလေ့ထုံးတမ်း ဟာ မြန်မာ ဓလေ့ထုံးတမ်းဥပဒေနဲ့ ဆန့်ကျင်ကြောင်း
    ၃။  အဲဒီ ဓလေ့ထုံးတမ်းဟာ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးအပေါ် မှာ မတရားမှု မဖြစ်ကြောင်း။
  တကယ်လို့ တရုတ်အမျိုးသားဘက အထက်ဖော်ပြခဲ့တဲ့ အချက် သုံးချက်ကို ထင်ရှားအောင် ပြနိုင်ခဲ့ရင် ထိမ်းမြားလက်ထပ်ရေးဟာ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တယ်လို့ ဆုံးဖြတ် ထုံးဖွဲ့ထားခဲ့ပါတယ်။
၂။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ
     ဘာသားခြားယောက်ျားတွေနဲ့ အိမ်ထောင်ပြုရတဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခြေအနေ ဆိုးဆိုးရွားရွား မဖြစ်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် ၁၉၃၉ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၂၄ အရ (ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှု နှင် အမွေဆက်ခံမှု အက်ဥပဒေ) ကို အင်္ဂလိပ်လို ပြဋ္ဌာန်းထားခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် လူသိ အင်မတန်နည်းတာမို့ ၁၉၅၄ ခုနှစ်မှာ ၁၉၃၉ ခုနှစ် ဥပဒေကို ရုပ်သိမ်းပြီး ( ဗုဒ္ဓဘာသာဝင်မိန်းများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ) ကိုမြန်မာဘာသာနဲက ပြဋ္ဌာန်း အတည်ပြုခဲ့ပါတယ်။ (ယင်းဥပဒေ အပြည့်အစုံကို စာအုပ်ရဲ့ နောက်ဘက်မှာ နောက်ဆက်တွဲအဖြစ် မူရင်းအတိုင်း ဖော်ပြပေးထားပါတယ်။)
      ဒီဥပဒေ ပြဋ္ဌာန်းချက်ဟာ တခြား တည်ဆဲတရားဥပဒေ/ဓလေ့ထုံးတမ်းနဲ့ ဘယ်လိုပဲ ဆန့်ကျင် ဆန့်ကျင် ဗုဒ္ဓဘာသာသင် မိန်းမများနဲ့ အဲဒီမိန်းမရဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲံ လင်ယောက်ျားတိုင်းအပေါ်မှာ အာဏာသက်ရောက်မှု ရှိတယ်။
     ပီဘူရီးယား ဆိုတဲ့  ဟိန္ဒူဘာသာဝင် အိန္ဒိယအမျိုးသားတစ်ယောက်ဟာ ၁၉၆၄ ခုနှစ် ရန်ကုန်မှာ ကွယ်လွန်သွားတယ်။ သူ့အလုပ်နဲ့ ပတ်သတ်ပြီး ရဖို့ရှိတဲ့ငွေ၊ အိုနာစာ ရန်ပုံငွေတို့အတွက် အိန္ဒိယပြည်မှာနေထိုင်တဲ့ သူ့ရဲ့ မယား ပီရာဂျမျှားနဲက မြန်မာပြည်မှာရှိတဲ့ မြန်မာ ဗုဒ္ဓဘာသာ ဇနီး မခင်သိန်း တို့အတွက် အမွေဆက်ခံဖို့ သက်သေခံလက်မှတ် ယှဉ်လျှောက်လာကြတယ်။
    မခင်သိန်းနဲ့ ပီဘူရီးယားတို့ဟာ ၁၉၅၄ ခုနှစ်ကစပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြတယ်။ ပီရာဂျမျှားက မခင်သိန်းဟာ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနဲ့  အမွေဆက်ခံမှု အက်ဥပဒေအရ ထိမ်းမြားမှုကို မှတ်ပုံတင်မထားတဲ့အတွက် တရားဝင်မယား မဖြစ်ဘူးလို့ ဆိုပါတယ်။ ကွယ်လွန်သူက ၁၉၅၇ ခုနှစ်မှာ အိုနာစာရံပုံငွေကို သူ့ကိုပေးဖို့ အမည်စာရင်း တင်သွင်းထားကြောင်း တင်ပြလာပါတယ်။
    တရားရုံးက ဆုံးဖြတ်ရာမှာ ပုဒ်မ ၂၀ (၁၀) အရ ဘူရီးယားနဲက မခင်သိန်း တို့ဟာ တရာဝင် လက်ထပ်ခဲ့တယ်လို့ ယူဆရမှာ ဖြစ်တဲ့အကြောင်းနဲ့ ပုဒ်မ ၄၊ ၂၆ တို့အရ အိုနာစာရန်ပုံငွေကို ပီရာကျမျှားကိုပေးဖို့ အမည်စာရင်းတင်သွင်းခဲ့စေဦးတော့ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခွင့် ရရှိတဲ့သူဟာ မခင်သိန်းသာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
    ကွယ်လွန်သူမဟာမေဒင်  ဘာသာဝင်တစ်ဦးရဲ့ ပစ္စည်းတွေအတွက် အမွေဆက်ခံဖို့ သက်သေခံလက်မှတ်ရလိုကြောင်း ဗုဒ္ဓဘာသာဝင် ဇနီးက လျှောက်ထားလာတဲ့အခါ ကွယ်လွန်သူရဲ့ဖခင်က ကွန့်ကွက်ပြီး ပြိုင်ဆိုင် လျှောက်ထားလာတယ်။
   ကွယ်လွန်သူနဲက ဗုဒ္ဓဘာသာဝင် မယားတို့ဟာ ၁၉၂၆ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင် နေထိုင်ကြသူတွေ ဖြစ်တယ်။
   ကွယ်လွန်သူရဲ့ ဖခင်က ကွယ်လွန်သူဟာ မဟာမေဒင် ဘာသာဝင်တစ်ဥိးဖြစ်ပြီး သူ့ရဲ့ အမွေပစ္စည်းတွေကို မဟာမေဒင် ဥပဒေအရသာ စီမံခန့်ခွဲရမှာ ဖြစ်ကြောင်း တင်ပြလာပါတယ်။
   ဒီအမှုကို တရားရုံးချုပ်က ဆုံးဖြတ်ရာမှာ သေသူဟာ ကွယ်လွန်စဉ်က မဟာမေဒင် ဘာသာဝင်ဖြစ်ပေမယ့် သူ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မဟာမေဒင် ဥပဒေနဲ့ စီမံခန့်ခွဲခြင်း မပြုနိုင်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတွေအဖို့ အခြား ဘာသာဝင် ယောက်ျားတွေနဲ့ နှစ်ပေါင်း မြောက်မြားစွာ ပေါင်းသင်းနေထိုင်ပြီး သားသမီးတစ်ကျိပ် ထွန်းကားတဲ့တိုင်အောင် တရားဝင်မယား မဖြစ်ဘဲ အမျှော် အပျော် မယားအဆင့်မှာပဲ တင်းတိမ်ခဲ့ရကြောင်း၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှာ နစ်နာဆုံးရှုံးခဲ့ရကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့( ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေ) ကို ပြဋ္ဌာန်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဒါ့ကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်ဟာ ကွယ်လွန်သူရဲ့ မဟာမေဒင်ဥပဒေကို လွှမ်းမိုးတယ်လို့ ယူဆရမှာဖြစ်ကြောင်း အကျယ်တ၀င့် ထုံးဖွဲ့ထားတယ်။
    တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်တဲ့အမှုမှာ ကွယ်လွန်သူ ရောဘတ်အာချီဘောနစ်ကို (ခေါ်) ဦးဆန်နီ ဆိုသူဟာ ၁၉၆၂ ခုနှစ်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပြီး ပြည့်သူ့ဘဏ်မှာ သူစုဆောင်းထားတဲ့ငွေနဲ့ မြေတွေ၊ အဆောက်အုံတွေ အတွက် အမွေထိန်းစားရဖို့ ဦဆန်နီရဲ့  ပထမ မယားက မွေးတဲ့သမီးရယ်၊ ဒုတိယမယားရယ် ယှဉ်ပြီး လျှောက်ထားကြတယ်။
    ဦးဆန်နီဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူ ဖြစ်တယ်။
    ပထမ မယားနဲ့ မွေးတဲ့ သမီးကိုတော့ အိန္ဒိယပြည်မှာနေပြီး ဗြိတိသျှ  နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်တယ်။
   ဦးဆန်နီနဲ့  ပထမ မယားတို့ ဟာ တရားဝင် ကွာရှင်းခဲ့ပြီးဖြစ်တယ်။
   ဦးဆန်နီနဲ့ ဒုတိယဇနီး ဒေါ်မြရွှေတို့ဟာ မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား လက်ထပ်ခဲ့တယ်။
      ဒီအမှုမှာ ပုဒ်မ ၄ နဲ့  ၂၀ တို့ အရ ဦးဆန်နီနဲ့  ဒေါ်မြရွှေတို့ ဟာလင်မယားအဖြစ် ပေါင်းသင်းချိန်ကစပြီး အဲဒီ ဥပဒေအရ ထိမ်းမြားလက်ထက်ခဲ့တယ်လို့  မှတ်ယူရမှာဖြစ်တဲ့အတွက် ပုဒ်မ ၂၆ အရ ဒေါ်မြရွှေသာ ဦးဆန်နီရဲ့ အမွေကို
ဆက်ခံခွင့် ရှိသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တယ်။
   ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားမှုနဲ့  အမွေ ဆက်ခံမှု အက်ဥပဒေနဲ့  ပတ်သက်တဲ့အထဲမှာ နိုင်
ငံတော် တရားစီရင်ရေးသမိုင်းမှတ်တိုင်တစ်ခုလို့  မှတ်တမ်းတင်ခြင်းခံရတဲ့ အမှုတစ်မှု ရှိခဲ့ဖူးပါတယ်။
အဲဒီအမှုကတော့ ဒေါ်ကြည်ကြည်နဲ့  မစ္စစ်မေရီဝိန်အမှုပါပဲ။
  ကိုတင်ဝိန်နဲ့ မစ္စစ်မေရီဝိန်တို့ဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူတွေဖြစ်တယ်. ခရစ်ယာန်ထိမ်မြားခြင်း အက်ဥပဒေအရ ထိမ်းမြား လက်ထပ်ခဲ့ကြတယ်။
   ကိုတင်ဝိန် ကွယ်လွန်တဲ့အခါ ဒေါ်ကြည်ကြည်က သူဟာ ဦးတင်ဝိန်ရဲ့ တရားဝင်မယား ဖြစ်ခဲ့ပြီ ကျန်ရစ်ခဲ့တဲ့ အမွေပုံကို ပထမ မယား မစ္စစ်မေရီဝိန် တို့နဲ့အတူ အချိုးကျ ခွဲဝေရထိုက်ပါတယ်ဆိုပြီး တရားစွဲတယ်။
  မစ္စစ်မေရီဝိန်က ခရစ်ယာန် ထိမ်းမြားခြင်းအက်ဥပဒေအရ တစ်လင်တစ်မယားသာ ရှိရတာဖြစ်လို့ ဒေါ်ကြည်ကြည်ဟာ အမွေရနိုင်တဲ့ တရားဝင် မယား မဟုတ်ပါဘူးလို့ ပြောဆိုကန့်ကွက်တယ်။
  အမှုကိုစစ်ဆေးတဲ့ မူလရုံးက ဒေါ်ကြည်ကြည်ဟာ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၀ အရ တရားဝင်လင်မယား အရာမြောက်ကြောင်း၊ ဒါကြောင့် ဦးတင်ဝိန် ရေးခဲ့တဲ့ သေတမ်းစာပျက်ပြယ်ပြီး အမွေပုံကို ဒေါ်ကြည်ကြည် ရထိုက်တယ်တယ် လို့အဆုံးအဖြတ်ပေးထားတယ်။
  ဒေါ်ကြည်ကြည်က သူ့ကို (မယားငယ်)လို့ ဆုံးဖြတ်တာကို မကျေနပ်ဘူး။ ဒါကြောင့် အယူခံတက်တယ်။ တစ်ဖက်ကလည်း ဒေါ်ကြည်ကြည်ကို ငါးပုံ နှစ်ပုံပေးတာ မကျေနပ်လို့ အယူခံတက်တယ်။
   နိုင်ငံတော် တရားသူကြီးချူပ် ဦးဆောင်တဲ့ စုံညီအယူခံရုံးက အောက်ပါအတိုင်း အဆုံးအဖြတ်ပေးလိုက်တယ်။
  မထမ အယူခံကို ဆုံးဖြတ်ခဲ့တဲ့တရားသူကြီးဟာ အက်ဥပဒေကို  အတိအလင်း ပြဋ္ဌာန်းထားတာကို ကျော်ပြီး ရှေးစီရင်ထုံးတစ်ချိုကကို ကြည့်ကာ ဒေါ်ကြည်ကြည်ဟာ မယားငယ်မျှသာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ခြင်းဖြင့် အထူးအက်ဥပဒေရဲ့ ရည်ရွယ်ချက်စေတနာကို မျက်ခြည်ပြတ်ခဲ့ကြောင်း၊ အထူး အက်ဥပဒေက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို (မယားငယ်) တွေဖြစ်အောင် ပြဋ္ဌာန်းပေးထားတာမဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ယောက်ျားတွေရဲ့ အငယ်အနှောင်းသဖွယ် (သို့) ရှေးဓမ္မသတ်အဆို(တော်ပြောင်) ကျွန်မသဖွယ် နေရတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို အဲဒီဘ၀က လွတ်မြောက်စေပြီး တရားဝင်မယားအဖြစ် ရောက်စေဖို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဒီလိုပို့ဆောင်ရာမှာ တခြား ဓလေ့ထုံးတမ်းဥပဒေတွေ၊ တခြားဥပဒေတွေက ဘယ်လိုပဲ ဆိုးထား ဆိုးထား ဖော်ပြတဲ့နည်းအတိုင်း ပေါင်းဖက်နေထိုင်ကြရင်း တရားဝင် ထိမ်းမြားပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖ်ြစကြောင်း၊ အမွေဆက်ခံေ၇း စတဲ့ အခွင့်အရေးတွကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ရှိစေမယ်လို့ အထူးဥပဒေက လွှမ်းခြုံပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်။
   ပုဒ်မ ၂၀(၁)မှာ (လင်မယားအရာမြောက်မည့် ပေါင်းဖက်နေထိုင်ခြင်း) ရှိရင် အဲဒီဥပဒေအရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူရမှာဖြစ်ကြောင်း၊ လင်မယားဆိုတဲ့ စကားရပ်၊ ထိမ်းမြားဆိုတဲ့ စကားရပ်တွေဟာ မယားငယ်ဘ၀နဲ့ အပ်စပ်တယ် မဆိုနိုင်ကြောင်း၊ ပုဒ်မ (၁၅)မှာ မှတ်ပုံတင်အရာရှိရှေ့မှာ ထိမ်းမြားပုံကို သတ်မှတ်တဲ့အခါ (ကျွန်ုပ်သည် တရားဝင်လင်မယားအဖြစ် ပေါင်းဖက်ပါမည်) လို့ပြောဆိုရမယ်လို့ ဆိုထားကြောင်း၊ တရားဝင်မယားဟာ မယားငယ်မဟုတ်နိုင်ကြောင်း၊ မယားငယ်ကို ထိမ်းမြားတယ်လို့ ဆိုလေ့မရှိကြောင်း ဆက်လက် ဖော်ပြထားတယ်။
   မယားငယ်ဆိုတဲ့ စကားဟာ တိကျရှင်းလင်းခြင်းမရှိဘဲ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ(Lesser wife, Inferior wife) စသည်ဖြင့် ပိုမို ရှုပ်ထွေးကာ ရှေးစီရင်ထုံးတွေ ချွတ်ချော်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှန်မှာ မယားအဖြစ်ကို တရားဝင်ရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဟာ တခြား တရားဝင် မယားနဲ့ မယားပြိုင်အဖြစ် တန်းတူရည်တူ လင့်အမွေကို ရည်ညွှန်းရင် ပိုပြိး တိကျ မှန်ကန် မှာဖြစ်ကြောင်း၊ မယားကြီး မယားငယ်လို့ ခေါ်ဝေါ်ရင် အဆင့်အတန်းကွာတဲ့ သဘော၊ အခွင့်အရေးခြားနားတဲ့သဘော မှားမှားယွင်းယွင်း ဖြစ်နိုင်ကြောင်း လည်းဖော်ပြထားတယ်။
   ၁၉၅၄ ခုနှစ် အထူးအက်ဥပဒေက ဗုဒ္ဓဘာသာဝင် မိန်းမကို တရားဝင် ထိမ်းမြားပြီးတဲ့ မယားအဖြစ် အသိအမှတ်ပြုကြောင်း၊ တခြား တရားဝင်မယား ရှိနေရင် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ တန်တူရည်တူ လင့်အမွေကို ဆက်ခံနိုင်ခွင့်ရှိတဲ့ တရားဝင်မယားပြိုင်အဖြစ်ကို ပေးကြောင်း၊ အထူးဥပဒေက ပေးတဲ့ အခွင့်အရေးကိုတရားရုံးက နုတ်ပယ်လို့မရကြောင်း၊ လင်ဖြစ်သူရဲ့ သေတမ်းစာနဲ့လဲ ဖျက်လို့မရကြောင်း၊ အပြည့်အ၀ ခံစားရဖို့သာရှိကြောင်းပါရှိတယ်။
  ဒေါ်ကြည်ကြည်ဟာ ၁၉၅၄ ခုနှစ် အက်ဥပဒေအရ ဦးတင်ဝိန်ရဲ့ မယားအဖြစ်ကို ရောက်ခဲ့ပြီး ဖြစ်တယ်လို့ မူလရုံးနဲ့ ပထမ အယူခံရုံးတွေက တစ်သဘောတည်း တွေ့ရှိကြောင်း၊ ယခုရုံးကလည်း မြင်တွေ့ကြောင်း၊ ဒါကြောင့် ပထမ အယူခံရုံးက လွဲချော်ပြီး ဒေါ်ကြည်ကြည်ဟာ မယားငယ် ဖြစ်တယ်လို့ ဆုံးဖြတ်ထားတာကို ပယ်ဖျက်ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြပါရှိတယ်။
  အခွင့်ထူးအယူခံ မစ္စစ်မေရီဝိန်ရဲ့ အယူခံကို ပယ်တယ်။ ဒေါ်ကြည်ကြည်ရဲ့ အယူခံကို စရိတ်နဲ့တကွ ခွင်ပြုလိုက်တယ်။ ပထမ အယူခံရုံး ဆုံးဖြတ်စိရင်ချက်ကို ပယ်ဖျက်လိုက်တယ်။
   ဒေါ်ကြည်ကြည်ဟာ ဦးတင်ဝိန်ရဲ့ တရားဝင်မယားအဖြစ် ကျန်ရစ်တဲ့ အမွေပုံထဲက မစ္စစ်မေရီဝိန်နဲ့ ခွဲဝေရပိုင်ခွင့် ရှိသွားတယ်။
   မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဒေါ်ကြည်ကြည်ရဲ့ ဝေစုဟာ ဦးတင်ဝိန် နဲ့ ပေါင်းသင်းစဉ်က ရခဲ့တဲ့ လက်ထက်ပွား ပစ္စည်ထဲက တစ်ဝက်၊ မပေါင်းသင်းမီ မစ္စစ်မေရီဝိန်နဲ့ ဦးတင်ဝိန်တို့ရဲ့ လက်ထက်ပွားပစ္စည်းထဲက သုံးပုံတစ်ပုံရတယ်။
                                                               naywunnaoo(ရေးသားဖော်ပြခြင်းဖြစ်ပါသည်)
http://lawyernay.blogspot.com/ 
Sunday, March 30, 2014
ပုံပြင်လေးတစ်ခု
တစ်ခါက သာမာန် မိသားစု တစ်စုရှိတယ်တဲ့ ...
အဖေရယ် .... အမေရယ် .... သားသမီး သုံးယောက်ရယ်ပေါ့
အဖေက ဘာအလုပ်မှ လက်ကျောတင်းအောင်မလုပ် .... မိဘ ဘိုးဘွားလက်ထက်က ... ပိုင်ခဲ့တဲ့ လယ်မြေ အတွင်း ပစ္စည်းလေးတွေ ထုခွဲရောင်းချသုံးစွဲ .... လောင်းကစားလုပ် .... မူးရူး ရမ်းကားပြီး ... သားသမီးတွေ ကိုလဲ လူလိုမဆက်ဆံဖူးတဲ့ ....
အမေကတော့ .... ရပ်ကွက်မှာ အမျိုးသမီးခေါင်းဆောင်လိုလုပ် ... မိန်းမကောင်းတစ်ယောက်လိုနေ .. အမျိုးတွေကြား ယောက်ျားမကောင်းကြောင်း ... ယောက်ျားဆိုးတစ်ယောက် ရထားကြောင်း .... ကိုယ့်အိမ်ဘယ်လောက်စုတ်ပြတ်မွဲ တေနေပြီဖြစ်ကြောင်း ...လိုက်ပြောပြီး အမျိုးတွေထောက်ပံ့ကြေးနဲ့ ... သူ့ကိုယ် သူ ပဲ မြင့်သထက်မြင့်အောင် လုပ်နေတာ..အိမ်တွင်းသားသမီးတွေအရေး တစ်ခုမှမလုပ်ဖူးတဲ့ ...။
ခလေးတွေကလဲ ဖြစ်ချင်တိုင်းဖြစ်နေကြတော့တာပေါ့ ... သူတို့ရဲ့အိမ်လေးကလဲ ကပိုကယိုနဲ့ ယိုရွင်းပျက်စီးလာတော့တာပေါ့ ....
ဒီမှာတင် သားသမီး ( ၃ ) ယောက်မှာ စရိုက်က ( ၃ ) မျိုးဖြစ်လာတော့တယ် ....
သားကြီးက သူငယ် ချ င်း တွေ ဆွေမျိုးတွေနဲ့ ဆုံရင် ပြီးတော့ ရပ်ကွက်ထဲမှာ မူးပြီး အိမ်ပြန်လာချိန်တွေမှာ ... အဖေဘယ်လောက်အသုံးမကျကြောင်း ... ဘိုးဘွားပိုင်ပစ္စည်းတွေကို ဘယ်လိုဖြုန်းတီးကြောင်း ... တချိန်လုံး မူးရူးအော်ဟစ်နေပြီး ... သူ့ကိုဟိုဟာပေးဖို့ ဒီဟာပေးဖို့ .... သူတို့ရှေ့ရေးလုပ်ပေးဖို့ ... တစ်ချိန်လုံး ဆူပူနေတယ်တဲ့ ....
ဒီအခါမှာ မိခင်လုပ်သူက .... အိမ် အတွင်း အပြင်ပစ္စည်းတွေဟာ ...အားလုံးမင်းအဖေပိုင်တာတွေလေ သားရယ် ... အမေပိုင်မှ ..အမေစိတ်တိုင်းကျ သားတို့တို ပေးလို့ရမှာပေါ့ ... ဒါကြောင့် မင်းအဖေဖက်က လူကြီးတွေကို မင်းတို့ဖျောင်းဖျပြီးပိုင်ဆိုင်မှုတွေကို ... အမေ့ကိုပေးမှ ... အမေကသားတို့ သမီးတို့ လက်ထဲကိုအားလုံးအပ်မှာပေါ့ တဲ့ ...။
သမီးလတ်ကတော့ ... အိမ်ဆင်းသွာပြီး ..သူများအကူအညီအထောက်အပံ့နဲ့ .... သူများအိမ်မှာ သွားနေတယ်တဲ့ ... ပြီးရင် အမလေးကြည့်ကြပါအုန်း ဦးလေးတို့အဒေါ်တို့ရယ် ..ကျမမောင်လေးက စားစရာတောင်မရှိပါဖူး ... ကျောင်းလေးတောင်မတက်နိုင်ပါဘူး ... အမလေးကျမတို့အိမ်ကလေ ..ဒီနေရာလေးကပြိုကျနေပြီ ...ဆိုပြီး ဓါတ်ပုံလေးတွေဝေေ၀ဆာဆာ နဲ့ အသနားခံတာပေါ့... ဒီလိုနဲ့ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ... သူ့ဖာသာ အဆင်ပြေ ပြီး ပျော်ပါးနေသတဲ့ ....။
ဒါကိုမိခင်လုပ်သူက ... ကျမတို့သားအမိတွေဘ၀ကိုက ဆိုးတာပါရပ်ကွက်လူကြီးတို့ရယ် ... ကျ မယောက်ျား ရဲ့ အုပ်ထိန်းသူတွေကိုဖျောင်းဖျပေးပါ ... ဒီဘိုးဘွားပိုင် အိမ်ကြီးမကုန်ခင် ကျမကိုလွှဲပေးဖို့ ဖိအားပေးကြ ပါရှင်တဲ့ ... ဒါပေမယ့် ..သူ့ပိုက်ဆံအိတ်ထဲက ဟာတော့ အထိမခံဖူးပေါ့ ...။
သားအငယ်လေးကတော့ .... ဘာစကားမှသိပ်မပြောရှာဖူး ... အကိုတွေ အမတွေပြောရင်လဲ .... သူကပြောတယ် ... ကျုပ်တို့ဘိုးဘွားတွေ တာဝန်ကျေလာလို့ ...ကျု ပ်တို့ နေစရာလေးရှိနေပြီးမှပဲ ... အဖေမကောင်းလဲ ..ပြောမနေနဲ့တော့ဗျာ ..ကျု ပ်တို့လက်ထက် ... ကျုပ်တို့မြေးဖြစ်တွေအတွက် ... တတ်နိုင်တာလေးပဲ ...ဖာထေးကြတာပေါ့ ... ဆိုပြီး ... အိမ်မှာမိုးယိုရင် ... ရှိတာလေးရှာကြံပြီးဖာတယ်...
ကြမ်းလေးကျိုးနေရင် ... ပျဉ်ပြားစလေးလိုက်ကောက်တယ် ... ပြီးရင်ဖာတယ် ... အိမ်မှာ ဗွက်တွေထနေမယ် ...ရေတွေအိုင်နေမယ်ဆိုရင် ... မြေသွားသယ်ဖို့ချင် ဖို့မယ် ...ဒါမှမဟုတ် လမ်းက အုတ်ခဲလေးတွေကောက် လာတယ် ... ဗွက်အိုင်နေရာလေးမှာချထားမယ်...ဒီလိုလေးပဲ အိမ်စုတ်လေးမှာ ...သူတတ်နိုင်တာလေး လုပ်ပြီးနေသတဲ့ ....
ကဲရှင် ... မောင်လေးညီမလေးတို့တွေရော ... ဘယ်လိုသားသမီးအမျိုးအစားမှာ ပါချ င်လဲဟင် ...။
Wednesday, January 22, 2014
အပြောင်းမြန်ပုံများ ....
ဟူးးးး........ခေတ်တွေကလဲလေ ပြောင်းလဲလိုက်တာမြန်လိုက်တာ....
ဟိုးခေတ်တွေတုန်းကဆိုရင် .... မြန်မာယောက်ျားလေးတွေဟာ... သူငယ်ချင်းမိန်းခလေးတွေကို...ဘယ်လောက်စောင့်ရှောက်ကြလဲဆိုရင်....လူယုတ်မာတစ်ယောက်ကြောင့်..... ဘ၀ပျက်သွားတဲ့ သူငယ်ချင်းမိန်းခလေးတွေရှိရင် ...သူတို့ချစ်သူနဲ့ အကွဲခံပြီး သူ့သူငယ်ချင်းရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ် လက်ထပ်ကြတယ်တဲ့ ....။
မိန်းခလေးတွေကျတော့ရော... တစ်ယောက်ဆိုမှတစ်ယောက် ... ချစ်သူနဲ့ကွဲလို့ အိမ်ထောင်မပြုတော့ပဲ မိဘပေးစားတာပဲယူလိုက်ရတာတွေ ရှိကြတယ်...။
ဒီအချိန်တွေတုန်းကဆိုရင် ယောက်ျားလေးတွေဟာ ဆိုရင် ... ယောကျာ်း ဆိုတာ... မိန်းခလေးတွေရဲ့ အားကိုရာ ... အားထား ရာလို့ ခံယူကြတာ ကလား .... အချစ်သက်တမ်းနှစ်ပတ်လည်မို့လို့ ... မိန်းခလေးက  အမှတ်တရ လက်ဆောင်ပေးရင်တောင် ...သူတို့သိက္ခာကျတယ်ထင်ကြတာ ...။
သူတို့သာသူတို့ချစ်သူလေးတွေကို ....၀ယ်ပေးချင် .. အမြင့်ဆုံးမှာထားချင်ကြ တာကလား ... မိန်းခလေးက လက်ထပ်ရအောင်ပြောရင်တောင် .. ခနလေးစောင့်ပါ ..မင်းကိုအမြင့်ဆုံး ...ပြီးတော့ မင်းမိဘ ထက်မြင့်အောင် ထားနိုင်အောင် ကြိုးစားနေ ပါတယ် ဆိုပြီး .... ကြိုးစားကြတာ။
( ဒီခေတ်မှာတော့ ဒါတွေဟာပုံပြင်တွေလိုပေါ့ ၊ မရှိတော့ဖူးမဟုတ်ပေမယ့် အရမ်းနဲသွားပြီလေ ) ။
အဲဒီခေတ်ကမိန်းခလေးတွေကလဲ .... ကိုယ့်ကိုကိုယ် သိတ်တန်ဖိုးထားကြတာ ... မရှိရင် ဈေးရောင်းသာစားမယ် ... သူတို့နာမည် မိဘ မျိုးရိုးဂုဏ်သိက္ခာ ကို သိပ် ထိန်းကြ တာ။
.......................................................
ဟော ... တဖြေးဖြေး ခေတ်တွေပြောင်းလာတော့ ...
မိန်းခလေး ယောက်ျားလေးတွေဟာ ... ဖြူစင် မြင့်မြတ်တဲ့ အချစ်ထက် ... အတွေ့ကို ပိုဦးစားပေးလာကြတယ် ... ဈေးတွက် တွက်တတ်လာတယ် ... ချစ်သူ ချင်းကွေ့ကောက် လာကြတယ် ... တချို့တွေဆို လွန်ကြပြီးမှ ...ဘ၀အမှန်တွေ သိကုန်ကြတယ် ..... ဒီအချိန်မှာတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထား မှုတွေ လျှော့ လာကြတယ် .... ချစ်သူရှိနေပေမယ့် ... သာတဲ့ဖက်ကို လွယ်ကူစွာပဲ ကူးကုန်ကြတာကိုး ...။
ယောက်ျားလေးတွေကလဲ ... ငါ့ချစ်သူက ဘယ်လိုရှိတာ ဘယ်အဆင့် ... ဘယ်ဌာနက ဘာရာထူး .... ဆိုပြီး ဂုဏ်ယူစွာပြောတတ်လာသလို ... မိန်းခလေးတွေ ကလဲ ... သူတို့ရွယ်တူချစ်သူတွေအပြင် ... သူတို့ကို အလိုလိုက်မယ့် ... ပေးကမ်း မယ့်. .... အကိုကြီးတွေ ... အန်ကယ်တွေ သူတို့ပလီတာတွေကို ပြာယာခတ်ပြမယ့် ...သူတို့ထက် ကြီးသူတွေကို ထားတတ်လာကြတယ်
..................................................................................
အဲ ... အခုလို အိုင်တီ  ခေတ်ကိုရောက်လာတော့ .....
ယောက်ျားလေးမိန်းခလေးတွေဟာ .... စည်းတွေဘောင်တွေ လွတ်ကုန်ကြတာပေါ့ ...
သူတို့ဟာ နတ်ရေကန်ထဲကို ကျသွားသလိုတွေဖြစ်ပြီး ... မိမိတို့ကိုယ်မိမိ စိတ်ကူးယဉ် ဇတ်လမ်းတွေဆင် ... မိမိတို့ဘ၀တွေကို ... လက်ရှိဘ၀နဲ့ ဆန့်ကျင်ဖက် စိတ်ကူးယဉ် ဒဏ္ဍာရီတွေလုပ် အွန်လိုင်းမယ် ...အပျော်ကြီးပျော်ကုန်ကြတာပေါ့ ... ဒီအချိန်မှာ စည်းတွေ ..သစ္စာတွေ ... ဟိရိသြတ္တပ္ပတရားတွေဆိုတာ ... မရှိကြတော့သလောက် ဖြစ်ကုန် ကြရော ... ။
ဥပမာ လက်ရှိဖေ့ဘွတ်လောကမှာပေါ့ ... ကောင်းလေးကောင်မလေး တွေဟာလဲ ချစ်သူ တစ်ယောက်နဲ့ မတင်းတိမ်ကြတော့ဖူး ... မိန်းခလေးတွေဟာလဲ ... စတိုရီပေါင်းများစွာနဲ့ ... လက်ရှိချစ်သူအပြင် ... အွန်လိုင်းမှာ ..တိတ်တိတ်ပုန်း ဘာလိုလို ညာလိုလို... အရသာအီခံဖို့ တခြားကောင်လေးတွေနဲ့ ... ဖြစ်နေ တတ်ကြတယ် ... ယောက်ျားလေးတွေကလဲဒီလိုပဲ ..ချစ်သူအပြင် တစ်ခြား အာသာဖြေ စရာတွေ တပုံတပင်နဲ့ .. သူတို့ချစ်သူ မအားချိန် အိပ်ချိန်တွေမှာ ဖျော်ဖြေမှုတစ်ခုလို လုပ်လာကြပြန်တယ်  ...။
( ထူးဆန်းတာက ဒီလို ချစ်သူတွေရှိနေရက် တိတ်တိတ်ပုန်း အာသာဖြေအီကြတာကို ... အချင်းချင်းနားလည်မှုပေးကြတယ် ... အပြင်ပန်းကြည့်ရင် မောင်နှတော် ထား သလိုလို ထူးဆန်းလေစွ )
တစ်ချို့နိုင်ငံတွေမှာဆို ... မြန်မာလေးတွေပဲ ... ဘယ်လောက်စည်း မဲ့နေကြပြီ လဲဆိုရင် ... ခုပဲ ဒီချစ်သူနဲ့သူ့အိမ်မှာလိုက်နေတယ် ... နောက်မကြာခင်မှာပဲ ... အဲ့ဒီချစ်သူနဲ့ တစ်အိမ်ထဲနေတဲ့ ချစ်သူရဲ့သူငယ်ချင်း ... နဲ့ Living Together ဖြစ်နေကြပြန်ရော ... ။ ဒီတော့ ... စည်းဆိုတာလဲမရှိကြတော့ဖူး ... သိက္ခာဆိုတာတွေလဲ ... မသိကြတော့ဖူး ...
( ... လောဘ ဒေါသ မောဟ အာသာဆန္ဒ ကိုမထိမ်း နိုင်ရင် ... လမ်းရိုးက ခွေးတွေနဲ့ ဘာခြားမှာလဲရှင် ... ) ။
ဒီတော့ ... ဒီလိုဖြစ်နေတဲ့ ..သူတွေရဲ့စိတ်ဟာ ... လူစိတ်မဟုတ်တော့ဖူး ... ဒါကြောင့် မိဘဂုဏ် မျိုးရိုးဂုဏ် ဘာသာရေး အဆုံးအမ အသိအမြင်ဆိုတာ ... သူတို့မသိတော့ဖူး ...
ဟိုတစ်ချိန်က ...ဘာသာမတူလို့ကွဲကြတဲ့ချစ်သူတွေ ဒုနဲ့ဒေး ... ဒီခေတ်မှာ ... ယောက်ျားလေးတွေဟာလဲ ... ဘာသာ လူမျိုးမခွဲခြားတော့ဖူး ... ဖြစ်ချင်တိုင်းဖြစ်ကုန်ကြသလို ...
မိန်းခလေးတွေ ကလဲ ... အမျိုးကောင်းသမီးဆိုတဲ့ အဓိပါယ်ကို .. သူတို့မိဘတွေက အစ... မသိကြတော့ဖူး ...
ယောက်ျားလေးတွေကလဲ .. ဖေ့ဘွတ်စာမျက်နှာမှာ ... ဒါကတော့ ချစ်သူလေး ၀ယ်ပေးတဲ့ ...အိုင်ဖုန်းပါ .... ပန်းသီးလက်ပတော့ပါ ...ဆိုပြီး တင်ကြတယ်... အသက်ကြီးကြီး မိန်းမတွေကို မမ မမ နဲ့ ကြံဖန်ကြတယ် ..ကံကောင်းရင် ဥရောပတောင် ရောက်မယ်ပေါ့ ...။
တစ်ချို့ ... မိန်းခလေးတွေကလဲ ... လွယ်လွယ်နဲ့ငွေရတာကိုမွေ့လျှော်ကြတယ်.. လက်ကျော တင်းအောင် အလုပ်မလုပ်တော့ဖူး .... လူကြီးတစ်ယောက်ယောက်ရဲ့ အငယ်ဖြစ်ရတာ ... ဂုဏ်ယူတတ်လာတယ် ....။
 စတိုရီတွေလုပ်ပြီး ...အွန်လိုင်းမှာငွေ ချူရတာကို ... အရသာတွေ့ လာတယ် ... ။
ဘာသာလူမျိုးမရွေးနဲ့ တွဲရတာ.. အရသာတွေ့လာတယ် ...။
( ဒီခေတ်မှာ မိန်းခလေးတစ်ချို့ဆို ... အွန်လိုင်းမှာအခုတွေ့ ... နောက် ၂ရက်လောက်နေ .... ရီးစားစကားပြော ... နောက်တစ်ရက် အဖြေရ ... ဆိုပဲ)
ကောင်လေးတွေကလဲ ...ကိုယ့်နှမအရွယ် ... သမီးအရွယ် ... လေးတွေ ကို သားပြော မယားပြော ... မမြင်ဝံ့ ...မဖတ်ဝံ့စရာ
ဒီလို ကိုယ့် သွေးချင်း  မြန်မာ မိန်းခလေးတွေကို မစောင့်ရှောက်တဲ့ အပြင် ... ကိုယ်က စပြီး တန်ဖိုးမထားရင် ....
ကိုယ့်ချစ်သူ အပြင် တစ်ခြား မိန်းခလေးတွေကို ...
ကိုယ့် အမေနှမလို တန်ဖိုးမထား ကြရင် ....
မိန်းခလေးတွေကလဲ  ... မိမိကိုယ်ကို တန်ဖိုး မထား တတ်ကြရင် ...
ဘယ်လို အမျိုးဘာသာ သာသနာကို ကာကွယ်မလဲရှင် ...။
အွန်လိုင်းမှာဘယ်လောက်ပဲ အမျိုးသားရေးအော်နေပါစေ ။
ကိုယ်ဘာတွေလုပ်နေလဲ အားလုံးပဲကိုယ့် ကို ကိုယ် ... အသိဆုံးပါ ။
ဒီတော့ ဒီခေတ်ကြီးမှာ .. အသဲကွဲတဲ့ ... ခလေးတို့ရေ ....
ခေတ်ပြောင်းသွားပြီ ... အချစ်စစ်နဲ့ သစ္စာတရားဆိုတာ .... ခုခေတ်မှာဟာသတစ်ခုလိုဖြစ်နေပြီ ....
ဒီလိုပဲ....ကိုယ့်ကို တုန်နေအောင်ချစ်သူ တန်ဖိုးထားသူ ... သစ္စာရှိပြီး အရိပ်တကြည့်ကြည့်သ၀န်တိုတတ်သူ ဆို  ခုခေတ်မှာ ... တန်ဖိုးမထား ကြတော့ဖူး....။
လိုက်ရင် ပြေးးတယ်
လစ်ရင် လစ်သလိုဖောက်ပြားတယ်
မိရင်ရမ်းတယ်
မိန်းခလေးသော ချစ်သူသောနားမလည်ဘူးဆဲတယ်။
ပြတ်ရင် တစ်လမပြည့်ခင်နောက်တစ်ယောက်ရတယ်။
လွယ်လိုက်တဲ့လောက ....
အံ့သြပါ့
Thursday, September 5, 2013
မသေမချင်း မှတ်ထားစေချင်တယ်
ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။
အခုလည်း မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က ....
၁။ မြန်မာနိုင်ငံမှာ ဘုန်းကြီးအပါး(၅)သိန်းရှိရာ တစ်ပါးကို (၁၀၀၀)နှုန်းဆွမ်းစားခကို တွက်ကြည့်ပါက တစ်နှစ်ရင် အမေရိကန်ဒေါ်လာ (၁၈၆)သန်းခန့် ကုန်ကျကြောင်း၊
၂။ တကယ်လို့ သံဃာ(၅)သိန်းထဲက (၄)သိန်းလောက် လူထွက်ပြီး တစ်နေ့တစ်ထောင်စားအလုပ်လုပ်ကြရင် ဗုဒ္ဓဘာသာဝင်ပေါင်း (၄)သိန်းကို ကူညီနိုင်မှာဖြစ်သလို ဒေါ်လာ (၁၈၆)သန်းကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊
၃။ (၅)သိန်းကျော် သံဃာတော်များအတွက် (၁၈၆)သန်းကျော် သုံးစွဲရပေမဲ့ တစ်နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူ (၅)ဦးခန့်တောင် ရှိမယ်မထင်ကြောင်း၊
၎။ ယနေ့ခေတ် ဗုဒ္ဓဘာသာမှာ လူများပြီး အရည်အချင်းနည်းလို့ နာမည်ကောင်းးမကျော်၊ နာမည်ဆိုးနဲ့သာ ကျော်ကြားပြီး မကြာမီ ကမ္ဘာ့တံတွေးခွက်မှာ မျှော်ဖို့ မဝေးတော့ကြောင်း
ဗုဒ္ဓဘာသာသံဃာတော်များကို ပုတ်ခတ်ဝေဖန်ထားပါတယ်။ မိမိက အနည်းငယ် ရှင်းပြလိုပါတယ်။
၁။ သံဃာတော်များအတွက် ကုန်ကျစရိတ်
ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျက်များ ချမှတ်ပြီး ကုန်ကျရခြင်း မဟုတ်ပါ။ အရိပ်အကဲပြမှ လှူတဲ့ဆွမ်းကိုလည်း မသုံးဆောင်ကောင်းပါ။ သဒ္ဓါအလျောက် လှူတဲ့ဆွမ်းကိုပဲ စားကောင်းပါတယ်။ မြတ်ဗုဒ္ဓက ဘုရားဖြစ်ပြီး မိမိမွေးရပ်မြေကို ပြန်ကြွတဲ့အခါ ဖခမည်းတော်က မိမိသားပဲ၊ နန်းတော်ကိုပဲ ကြွလာပြီး ဆွမ်းစားမယ်လို့ ထင်ပြီး ဆွမ်းစားမဖိတ်ခဲ့ပါ။ မြတ်ဗုဒ္ဓက သပိတ်ပိုက်ပြီး ကပိလဝတ်နေပြည်တော်မှာ ဆွမ်းခံပါတယ်။ ဒါကို သူ့ဖခမည်းတော်က သူ့ကို အရှက်ခွဲတယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓက ဆွမ်းခံစားခြင်းမှာ သန့်ရှင်းမွန်မြတ်တဲ့ အလုပ်တစ်ခုသာ ဖြစ်ပြီး ရှေးရှေးဘုရားတို့ရဲ့ ကျင့်ဝတ်လည်း ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ အိမ်ရာတည်ထောင်လူ့ဘောင်ကနေ ခွာပြီး ရဟန်းဘဝကို ယူကြတဲ့ ရဟန်းများဟာ သက်မွေးဝမ်းကျောင်းလုပ်ငန်းအပါအဝင် လူဝတ်ကြောင်လုပ်ငန်းများကိုလည်း စွန့်လွှတ်ခဲ့ပြီး ဓုရနှစ်ဖြာကိုပဲ ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်သူများမဟုတ်လို့ အခွန်ကင်းလွတ်သူလည်း ဖြစ်တယ်။ သံဃာတော်များကို ဆွမ်းလောင်းရလို့ ဘယ်အိမ်မှ မွဲသွားတာ မရှိခဲ့ဖူးသလို ဘယ်နိုင်ငံကမှ ငတ်နာကျခဲ့တာ မရှိပါ။
၂။ သံဃာတော်(၅)သိန်းအနက် (၄)သိန်းက လူထွက်ပြီး တစ်နေ့တစ်ထောင် အလုပ်လုပ်ပြီး ဆင်းရဲသားဗုဒ္ဓဘာသာလူမျိုး(၄)သိန်းကို ထောက်ပံ့နိုင်တယ်လို့ ယူဆချက်မှာလည်း မပြည့်စုံပါ။ သံဃာအဖွဲ့အစည်းမှာ ရှိနေလို့ ဒီလူတွေဟာ ဝိနည်းသိက္ခာပုဒ်များကို စောင့်ထိန်းရလို့ ငြိမ်းချမ်းကြောင်း ဖြစ်ပါတယ်။ စစ်သား(၅)သိန်းဟာ ဘာကြောင့် ဆင်းရဲသားတွေကို မထောက်ပံ့ပါသလဲ။ ဘင်္ဂလီ(၅)သိန်းဟာ ဘာကြောင့် အခြားဘင်္ဂလီ(၅)သိန်းကို မထောက်ပံ့ကြသလဲ။ ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့် ဆင်းရဲမွဲတေမှုများရတယ်လို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီလူမျိုးတွေ ဘာကြောင့် (၅)သိန်းမျှ ခိုးဝင်ခဲ့ကြသလဲ။ အဖရိကနိုင်ငံအချို့မှာ ဘာကြောင့် ငတ်သေနေကြရသလဲ။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီး မရှိပါ။ အခုမှ တစ်ပါးစ နှစ်ပါးစပဲ ရောက်ပါသေးတယ်။ ဒုတိယတစ်မျိုးအနေနဲ့ စဉ်းစားကြည့်ပါ။ အဆိုပါသံဃာ(၅)သိန်းထဲက (၄)သိန်းက လူထွက်ခဲ့ရင်၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာမရှိခဲ့ဘဲ မွေးကတည်းက သူခိုးဖြစ်နေခဲ့သူ၊ အကြမ်းဖက်သမားဖြစ်မဲ့သူ၊ ဘာသာခြားများကို တွေ့ရင် အသေသတ်မဲ့သူ၊ တစ်ဦးရင် ကလေး(၈)ယောက်လောက်မွေးပြီး တာဝန်မကျေသူဆိုရင် ဘယ့်နှယ်ရှိမလဲ။ အဲဒီတစ်ဦးကပဲ မိန်းမ(၄)ယောက်ယူပြီး တစ်ယောက်စီကို ကလေး(၈)ယောက်မွေးခိုင်းရင်ကော ကလေးအရေအတွက် ဘယ်လောက်ရှိသွားမလဲ။ (၁၀)နှစ်အတွင်းမှာ ကလေး 12.8 သန်း တိုးလာမှာဖြစ်လို့ ဒီကလေးတွေကို တစ်ထောင်စီ ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး (၁၂)သန်း (၈)သိန်း လူထွက်ပေးရဦးမယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲဒီလောက်အထိ မတတ်နိုင်ပါ။
၃။ ဗုဒ္ဓသာသနာမှာ ကျင့်ကြံရေးက ပထမ၊ ပြန့်ပွားရေးက ဒုတိယပါ။ ဒီဘုန်းကြီးများဟာ ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်နေကြတာမဟုတ်ကြောင်း သိစေချင်ပါတယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းနေကြရုံလေးပါ။ ဘာသာခြားများကို စွဲဆောင်ပြီး ဗုဒ္ဓဘာသာထဲ ဝင်ကြစေ ကြိုးစားအားထုတ်နေကြသူများလည်း မဟုတ်ကြပါ။ ပိဋကစာပေများကို သင်အံလေ့လာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ပင့်တာရှိရင် တရားဟောကြားခြင်း၊ မင်းပရိသတ်၊ လူပရိသတ်များကို ဆိုဆုံးမခြင်းများကိုသာ ပြုလုပ်ကြပါတယ်။ တကယ့်လို့ ဘာသာခြားများကို စွဲဆောင်ဖို့ဆိုရင်၊ ဒါမှမဟုတ် တစ်နှစ်(၅)ဦးတောင် ဗုဒ္ဓဘာသာမဖြစ်လို့ ရှက်စရာလို့ ထင်ရင် မျိုးစောင့်ဥပဒေကို ထောက်ခံ၊ လူထွက်၊ ဘာသာခြားအမျိုးသမီးများကို လက်ထပ်၊ ဗုဒ္ဓဘာသာကို အတင်းပြောင်းခိုင်း ဒါပဲရှိတော့မပေါ့။ ရခိုင်နယ်စပ်သွားပြီး မှတ်ပုံတင်မရှိသေးသူ ဘင်္ဂလီအမျိုးသမီးများကို မှတ်ပုံတင်ရစေမယ်ဆိုတဲ့ အာမခံချက်နဲ့ ဖြားယောင်းလို့ရတာပဲလေ။ တစ်ခု သိထားရမှာက ဗုဒ္ဓဘာသာကို မကိုးကွယ်လို့ ဗုဒ္ဓဘာသာအတွက် ဘာမှ ယုတ်လျော့သွားမှာမဟုတ်ဘူး။ မကိုးကွယ်သူများအတွက်သာ အကျိုးယုတ်လျှော့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ရင်လည်း ဘာမှ မဖြစ်ပါ။ တစ်နေ့ ပျောက်ကွယ်မယ်လို့ ဝန်ခံတာ ဗုဒ္ဓဘာသာတစ်ခုထဲပဲ ရှိပါတယ်။
၎။ ဗုဒ္ဓဘာသာအရေအတွက်က မများပါ။ အများဆုံးက ခရစ်ယာန်ဘာသာပါ။ ဒုတိယအမ်ားဆုံးက အစၥလာမ္ဘာသာပါ။ တတိယအမ်ားဆုံးက ဟိႏၵဴဘာသာပါ။ ဗုဒ္ဓဘာသာကတော့ မာမွန်နဲ့ တာအိုဝါဒအောက်မှာတောင် ရောက်နေသလားလို့ပါ။ အရည်အချင်းကျတော့ သတ်မှတ်သူရဲ့ စံနှုန်းအပေါ်မှာ မူတည်ပါတယ်။ ရဟန်းသံဃာအပါးရေကို ကြည့်ပြီး ပြောရင်းလည်း လူဦးရေသန်း(၆၀)မှာ (၁)ရာခိုင်နှုန်းတောင်မရှိပါ။ အမေရိကန်နိုင်ငံမှာ အမေရိကန်အစိုးရကို မှီခိုနေရသူတွေက သန်း(၃၀၀)ထဲမှာ (၄၈)သန်း ရှိပါတယ်။ ဒါဟာ (၁၀)ရာခိုင်နှုန်းကျော်ပါတယ်။ ဘုန်းဘုန်းက အမေရိကမှာ နေပါတယ်။ အဲဒီ(၄၈)သန်းစာရင်းထဲမှာ မပါပါ။ မနားရပါ။ ဇေတဝန်မြန်မာကျောင်းဘုန်းကြီးများဆိုရင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်အပါအဝင် အားလုံးက အကူအညီလာတောင်းကြပါတယ်။ မနားရပါ။ တံတွေးခွက်မှာ ပက်လက်မျောမယ်မထင်ပါ။
မိန်းမလေးယောက်ယူနိုင်လို့ ကြွားစရာမလိုပါ။ တိရစ္ဆာန်တွေက ဒီထက် ယူနိုင်ကြပါတယ်။ မိသားစုကို ရှာကျွေးနိုင်လို့ မာန်တက်စရာမဟုတ်ပါ။ တိရစ္ဆာန်တွေလည်း ရှာကျွေးတတ်ကြတယ်။ လူ့ဘဝဆိုတာ မေထုန်မှု၊ စားမှု၊ အိပ်မှုနဲ့ပဲ ပြီးရမဲ့ဘဝ မဟုတ်ဘူး။ အဲဒီထက် အများကြီး လေးနက်ပါသေးတယ်။ ပြန်ပြောပါဦးမယ်။ မြတ်ဗုဒ္ဓဟာ အခြားဘာသာရေးခေါင်းဆောင်တွေထက် ချမ်းသာခဲ့ပါတယ်။ စည်းစိမ်ရှိခဲ့ပါတယ်။ တန်ခိုးအာဏာရှိခဲ့ပါတယ်။ မိသားစုဘဝ ရှိခဲ့ပါတယ်။ ငတ်ပြတ်လို့ တောထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ မသေမချင်း မှတ်ထားစေချင်ပါတယ်။
Credit to>> ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်သော
Wednesday, July 10, 2013
အိန္ဒိယပြည်နဲ့ အစ္စလာမ်ဘာသာ
ဦးနရပတိ ဆရာတော်'s photo.
အိန္ဒိယပြည် တစ်ဝန်းလုံးကို စုစည်း အုပ်ချုပ်နိုင်သောဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်ကြီးများ ဖြစ်ကြသော စန္ဒဂုတ္ထ၊ မောရိယ ၊သိရီဓမ္မာသောက၊ ဟာသျှ၊ သမုဒြဂုတ္တ ကဲ့သို့သော ဘုရင်ကြီးများသည် ၇­ရာစုမှ ၁၃ ရာစုတိုင်အောင် အိန္ဒိယနိုင်ငံ၌မပေါ်ပေါက်ခဲ့သေးပါ။ ထိုကဲ့သို့ဘုန်းတန်ခိုးအင်အားချို့တဲ့နေစဉ်ကာလများမှာ အာရပ်၊အာဖဂန်နှင့် မဂိုဘုရင် များတို့က ၄င်းတို့၏တန်ခိုးအာဏာတိုးချဲ့လို၍လည်းကောင်း အစ္စလာမ်ဘာသာ ပြန့်ပွားလို၍လည်းကောင်းတစ်သုတ်ပြီး တစ်သုတ် ဖော်ပြပါရာစုများအတွင်းမှာ အိန္ဒိယနိုင်ငံကြီးသို့ အနောက်မြောက်ဖက်အရပ်မှ ဝင်ရောက်၍ သိမ်းပိုက်ခဲ့ကြပါတယ်။ အိန္ဒိယတိုက်ငယ် ဆင့်(ဒ်)ပြည်နယ်ကို ပထမဦးစွာ အောင်နိုင်သိမ်း ပိုက်ခဲ့သူမူဆလင်စစ်သူကြီးအမည်မှာ “မိုဟာမက်ဗင်ကာဆင်“ဖြစ်ပါတယ်။ ပန်ဂျပ်ပြည်နယ်၊ဆင်းပြည်နယ် စသည်ဖြင့် ဟိန္ဒူမြစ်ဝှမ်းဒေသတွင် အထူးအားဖြင့် ခြေကုပ်ယူ၍ ဓါးမိုးအုပ်ချုပ်မင်း လုပ်ခဲ့တယ်။ ပထမဦးစွာ အာရပ်တို့ကလည်းကောင်း၊နောင် အာရပ်တို့ တန်ခိုးမှိန်သောအခါ အာဖဂန်တို့ကလည်းကောင်း ၊ နောက်ပိုင်း မဂိုတို့ကလည်းကောင်း အစ္စလာမ်ဘာသာပြန့်ပွားရေးကို လူသာလဲပြီး မူမလဲသောဝါဒဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့တွင် အိန္ဒိတိုက်ငယ်၌ ဘင်္ဂလားဒေရှ့် ၈၅ သန်ဲး့န့်၊ ပါကစ္စတန် သန်း ၈၀ ခန့်နှင့် အိန္ဒိယ ပြည်ထဲမှာပင် သန်းပေါင်း ၁၀၀ (၁၀-ကုဋေ)ခန့်ထိအောင် လူဦးရေများပြားစေခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း အခြေပြစာအုပ်တွင် အစ္စလာမ်ဘာသာပြန့်ပွားရေးကို လက်နက်အားကိုဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြပါရှိပါတယ်။
မူဆလင်တွေဟာ အာရေဗျကျွန်းဆွယ်ကနေ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဘာသာရေးကို သိမ်းသွင်းပြီး ၀ါးမျိုးလာခဲ့ရာမှာ နိုင်ငံငယ်များဖြစ်ပြီး လူဦးရေးနည်းပါးတဲ့ဆီးရီးယား၊ အီရတ်၊ အီရန်၊ အာဖဂန်စတဲ့ နိုင်ငံငယ်များကို ၀ါးမျိုးရတဲ့အချိန်ဟာ သိပ်မကြာလှပေမယ့် အိန္ဒိယပြည်ကြီးကျတော့ ဟိန္ဒူဘာသာ ဗုဒ္ဓဘာသာတို့က မူဆလင်တို့အရင် ရာစုနှစ်ပေါင်းများစွာကြာပြီး အရိုးစွဲနေကြပြန်၊ လူဦးရေကလည်း ထူထပ်များပြားပြန်ဆိုတော့ ရုတ်တရက်မ၀ါးမျိုနိုင်ကြပဲ ဆင်ခေါင်းခွေးချီသလို ရာစုနှစ်အတော်များများ ကြိုးစားအားထုတ်ကြရပါတယ်။ ဒါကြောင့်လည်း အိန္ဒိယ ပြည်ကြီး ဗြိတိသျှထံမှ လွတ်လပ်ရေးရယူတဲ့အခါ မူဆလင် ဘာသာဝင်များပြားတဲ့ ယခု ပါကစ္စတန်ခေါ်တဲ့ အရပ်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ခေါ်တဲ့ အရပ်ဒေသတွေကို နိုင်ငံသီးခြား ဖဲ့ပေးလိုက်ရပါတယ်။ ဒီလို မူဆလင်များရာ အရပ်ဒေသတွေကို ဖဲ့ပေးပြီးတာတောင် ယနေ့ကမ္ဘာမှာ မူဆလင်အများဆုံး မှီတင်းနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံကလွဲလျှင် အိန္ဒိယပြည်ထဲရှိ မူဆလင်တွေက ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာမှာ တတိယနှင့်စတုတ္တနိုင်ငံတွေဟာလည်း အိန္ဒိယတိုက်ငယ်ထဲက စောစောကတင်ပြခဲ့တဲ့ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယ ပြည်မှာခံရတာက ဟိန္ဒူဘာသာဝင်တွေသာမကပါဘူး ဗုဒ္ဓဘာသာတွေကျတော့ အမြစ်ပါမကျန် ကျွတ်ကုန်ပါတော့တယ်။
ဗုဒ္ဓမြတ်စွာဘုရားပွင့်ပြီးနောက် နှစ်ပေါင်း (၃၀၀)ခန့် အကြာ ဗုဒ္ဓဘာသာကို သူ့အလိုအလျောက် သက်ဝင်ယုံကြည် ကြည်ညိုပြီး ကူးပြောင်းလာခဲ့တဲ့ သီရိဓမ္မာသောကမင်းကြီးဟာ အများသိတော်မူတဲ့ အတိုင်း ကိုးတိုင်း၊ကိုးဌာန သာသနာပြု စေလွှတ်ရုံနှင့် အားမရသေးဘဲ သားတော်သမီးတော်တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြုင့်ခြင်း ပြုခဲ့ပါတယ်။ နောင်ဗုဒ္ဓဘာသာဝင်မင်းများကလည်း သာသနာတော်ကို ဆက်လက်၍ အားပေးကြပါတယ်။ အိန္ဒိယပြည် နာလန္ဒာဗုဒ္ဓတကသိုလ်ကြီးကို ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ လာရောက်၍ ပညာဆည်းပူးနိုင်ရန် သာသနာ သက္ကရာဇ် ၁၀၀၀ ခန့်တွင် ကုမ္မာရဂုတ္ထမင်း တည်ထောင်ခဲ့ပါတယ်။ အခြား ဗုဒ္ဓဘာသာဝင်မင်းတို့ကလည်း ၀ိက္ကမသီလာ တက္ကသိုလ်, လေဘီ တက္ကသိုလ် , သြဒန္တပူရိ တက္ကသိုလ်, သောမရူပမ တက္ကသိုလ်, ဖဂန္ဒလ တက္ကသိုလ်, အစရှိတဲ့ ဗုဒ္ဓတက္ကသိုလ်ကြီးများကို တည်ဆောက်ခဲ့ပြီး စာသင်သားရဟန်းတော် ထောင်သောင်းချီ ၍ရှိခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင် နိုင်ငံကြီးများဖြစ်ကြတဲ့ တရုတ်ပြည်၊ ဂျပန်ပြည်၊ အင်ဒိုနီးရှား ကျွန်းစုများ (ထိုစဉ်က သီရိဝိဇယ သုဝဏ္ဏဘုမိ နိုင်ငံတော်) စသည်တို့မှ စာသင်သား ရဟန်းတော်များ၏ ဗုဒ္ဓစာပေပညာ ဆည်းပူးရာ တက္ကသိုလ်ကြီးများ ဖြစ်ခဲ့ကြပါတယ်။ ယင်း တက္ကသိုလ်ကြီးများမှာ မူဆလင် အာရပ် တို့သည် လည်းကောင်း၊ အာဖဂန် မူဆလင် တို့သည်လည်းကောင်း၊ တူရကီ မူဆလင်တို့ကလည်းကောင်း ခေတ်အဆက်ဆက် မီးတိုက် ဖျက်ဆီးခြင်း၊စာသင်သား ရဟန်းတော်များကိုသတ်ဖြတ်ခြင်း စသည်ဖြင့် အပြီးတိုင် ချြေမှုန်းခြင်းခံရ၍ အိန္ဒိယမှာ ဗုဒ္ဓဘာသာ တို့ နလန်မထူနိုင်အောင် ဖြစ်သွားကြပါတယ်။ မူဆလင်သမိုင်းသုတေသီ မိန်ဟဇက်က “မူဆလင်မြင်းစစ်သည်တော်တွေဟာ နာလန္ဒာတက္ကသိုလ်ကြီးကို မီးတိုက်ဖျက်ဆီးပြီး ရဟန်းတော်ပေါင်း သောင်းနှင့်ချီ၍ သတ်ဖြတ်ပါတယ်။ ရက်ရက်စက်စက် အရှင်လတ်လတ် မီးတိုက်ပြီး သတ်ဖြတ်ပါတယ်။ စာပေ၊ ပိဋိကတ်တော်ကြီးများကို မီးတိုက် ဖျက်ဆီးကြရာတွင် လနှင့်ချီပြီး မီးလောင်၍နေတယ်” လို့ မှတ်တမ်း တင်ထားပါတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ ကွယ်ပရခြင်း အကြောင်းတစ်ရပ်တွင် ဟိန္ဒူ တို့၏ ပယောဂနှင့်ရက်စက်မှု တို့ပါဝင်သော်လည်း အပြီးတိုင် အမြစ်ပါမကျန် သုတ်သင်ခံရခြင်းမှာ မူဆလင်တို့ကြောင့် ဖြစ်ပါတယ်။ ဤကဲ့သို့ များပြားလှသော ရဟန်းတော်များနှင့် ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြီးများကို အလွယ် တကူ ဖျက်ဆီးနိုင်ရခြင်း အကြောင်းကတော့ ဗုဒ္ဓ ရဟန်းတော်များ အနေဖြင့် တုတ်၊ခါး၊ လက်နက်ဆိုလျှင် လုံးဝမကိုင်ရလေတော့မြင်းစစ်သည်တစ်ထောင် မပြောနှင့် လက်နက်ကိုင် အနည်းငယ်ခန့် ဆိုလျှင်လည်း ခံရမှာပါပဲက်နက်ရှိနဲ့ လက်နက်မဲ့တို့၏ ဓမ္မတာပါပဲ။ ဗုဒ္ဓဘာသာရဟန်းတော်တို့က ၀ိနည်းတော်နဲ့ အညီကျောင်းသီးခြား၊ ၀တ်ရုံသင်္ကန်းသီးခြားဆိုတော့ရှာဖွေသုတ်သင်ပစ်ဖို့လွယ်ပေမယ့် ဟိန္ဒူဘာသာကို ဦးဆောင်ကြတဲ့ ဟိန္ဒူဗြဟ္မဏတွေကျတော့ ၀တ်ရုံ၊ ကျောင်းသီးခြားမရှိလို့ရှာဖွေရတာ သိပ်မလွယ်လှဘူး။ သူတို့ ခန္ဓာကိုယ်ထဲမှာသာ ၀ှက်ထားတဲ့စလွယ်ကို အဓိကထားရှာဖွေပြီးမှ သတ်ဖြတ်ရပါတယ်။ ဒါဟာလည်း ဟိန္ဒူဘာသာတို့ ဂျိန်းဘာသာတို့ဟာ အိန္ဒိယမှာ ကြွင်းကျန်တဲ့ ရပ်တည်နိုင်ခဲ့တဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။
မဂိုဘုရင် အော်ရန်ဇစ်လက်ထက်မှာ ဟိန္ဒူတို့ရဲ့ဘာသာရေး ဦးစီးဦးဆောင် ဗြဟ္မဏများကို ရှာဖွေ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ တစ်နေ့ တစ်နေ့ ဟိန္ဒူ ဗြဟ္မဏစလွယ် (၅) ပိဿာရမှ မျက်နှာတော်ကြည်ပြီး ပွဲတော်တည်တယ် လို့ဆိုပါတယ်။ ဒါကြောင့် နေ့စဉ်နေတိုင်း ဟိန္ဒူ ဗြဟ္မဏစလွယ်( ၅ )ပိဿာ ရအောင် မူဆလင်စစ်သားတွေက ရှာဖွေဆက်သကြရပါတယ်။ သူတို့ရှာဖွေကြပုံက ဘယ်လိုလဲဆိုတော့ သူတို့ရှာဖွေစုံစမ်းလို့ ဟိန္ဒူဗြဟ္မဏတစ်ယောက် ယောက်ကို ဖမ်းမိလျှင်သင်ဘာအယူလဲလို့ ပထမ မေးပါတယ်။ အမေးခံရသူက ကျွန်တော် အစ္စလာမ်ပါလို့ ပြန်လည်ဖြေကြားလျှင် အစ္စလမ်ဆိုလျှင် ဒီစလွယ်ကို မလွယ်ရဘူး။ နောက်တစ်ခါထပ်ပြီးတွေ့ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး စလွယ်ကို ဓားဖြင့်ဖြတ်ယူပါတယ်။ ဒါပေမယ့်အမေးခံရသူက အယူပြင်းထန်လို့ ကျွန်တော်ဟိန္ဒူဘာသာလို့ဖြေခဲ့လျှင် ဦးခေါင်းကို ဖြတ်ပြီးမှ ဒီစလွယ်ကို ဖြုတ်ယူပါတယ်။ အော်ရန်ဇစ် ရက်စက်မှုကြောင့် သူလည်းသေရော ဟိန္ဒူ မဟာရတ်သာတို့၊ ဂုဂျရတ်တို့၊ ဆစ်(ခ)တို့အားလုံးက တော်လှန်ပုန်ကန်ကြပါတယ်။ ဗုဒ္ဓဘာသာတွေမှာတော့ ရဟန်းတော်တွေ ဆိတ်သုဉ်းသွားပြီးမို့ နာလန်မထူနိုင်တော့ပဲ နောင်နှစ်တော်တော်ကြာတော့ အပြီးအပိုင် အိန္ဒိယနိုင်ငံမှာ ပျောက်ကွယ်သွားရပါတယ်။ အထက်က တင်ပြခဲ့တာတွေဟာ အိန္ဒိယတိုက်နယ်မှာ ဘာသာရေး နယ်ချဲ့ အဓ္ဓမခံရပုံ သမိုင်း ကြောင်းအကျဉ်းပါပဲ။
အိန္ဒိယပြည်ဟာ ခဲမှန်ဘူးတဲ့စာသူငယ်လို နောက်ဆုံး ၁၉၄၉ ခုနှစ် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရယူတဲ့အချိန်မှာ ၄င်းပိုင်နယ်မြေထဲက မူဆလင်အများစုနယ်မြေတွေကို မချိတင်ကဲ ဖဲ့ပေးလိုက် ရပါတယ်။ အဲဒီတုန်းက အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ မဟတ္တမဂန္ဒီတို့ နေရူးတို့က မူဆလင်တွေ သီးခြားခွဲမထွက်စေချင်ပါဘူး။ သူတို့ကို အထူးဦးစားပေးပြီး ဥပဒေတစ်ရပ်ပြဌာန်းပြီး ဟိန္ဒူနဲ့ တန်းတူရည်တူလက်တွဲပြီး နေစေချင်ပါတယ်။ ဒါပင်မယ့် မူဆလင်ထုကြီးနဲ့ သူတို့ခေါင်းဆောင် ဒေါက်တာဂျင်းနားတို့က ဖိအားပေးပြီးခွဲထွက်ဖို့ ဆောင်ရွက်ကြပါတယ်။ ဟိန္ဒူတွေက ဘုရားလိုကြည်ညိုတဲ့ မဟတ္တမဂန္ဒီကလည်း မူဆလင်တွေ ဘယ်လိုရန်စစ ရန်စွာစွာ သည်းခံဖို့ အလျှော့ပေးပြီး ပေါင်းဖို့ဆောင်ရွက်နေတော့ သီးခြားနိုင်ငံခွဲထွက်လိုတဲ့ မူဆလင်တွေရော ခံနေရတဲ့ ဟိန္ဒူတွေကပါ အခက်တွေ့နေကြပါတယ်။ အဲဒီလိုနဲ့ ၁၉၄၇-ခုနှစ် ရက်တရက်မှာ လက်တွေ့အကောင်အထည်ဖော်ရမယ့်နေ့လို့ သတ်မှတ်ပြီး မူဆလင်တွေဟာ အချိန်းအချက်ပြုပြီး ဂျလီဝါနာဘတ်(ဂ်)ခေါ်တဲ့ ခရိုင်အတွင်းမှာ ဟိန္ဒူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ နောက်ပြီးတော့လည်း စစ်တကောင်း န၀ခါလီခရိုင်မှာ ဟိန္ဒူရာဂျာ မိသားစုများမှအစဟိန္ဒူထောင်ပေါင်းများစွာကို သွေးအေးအေးနဲ့ ဆိတ်များ၊သိုးများ သတ်သလို ၀ိုင်းဝန်းပြီးတော့ သတ်ဖြတ်ခဲ့ကြ ပါတယ်။ မူဆလင်တွေက လက်ဦးမှုရတော့ ဟိန္ဒူတွေခံလိုက်ရပါတယ်။ ဒါပင်မယ့် သူတို့က ပါးကြ လျှင်ကြပါတယ်။ သတ်လို့ပြီးတော့ အိန္ဒိယပြည်မှ ခွဲထွက်ရေးကို မလိုးလားတဲ့ ဟိန္ဒူတို့ ဘုရားလိုကိုးကွယ်တဲ့ မဟတ္တမဂန္ဒီကြီးထံ ချဉ်းကပ်ကြပါတယ်။ ‘ ပြီးတာတော့ပြီးခဲ့ပါပြီ ‘ နောက်ထပ် ဟိန္ဒူ မူဆလင် မကွဲရအောင် ဆိုပြီး ‘ လိမ္မာပါးနပ်တယ်ခေါ်မလား၊ ကောက်ကျစ်ယုတ်မာတယ် ‘ ခေါ်မလား ချဉ်းကပ်တော့ မဟတ္တမဂန္ဒီကလည်း ခန္တီပါရမီဦးထိပ်ထားသူပီပီ ဟိန္ဒူများတဲ့ ဒေသတွေမှာ ပြန်ပြီး လက်စားမချေဖို့ လက်တုန့်မပြန်ဖို့ သူ့စကားနားမထောင်လျှင် သူအစာငတ်ခံမယ်လို့ အားလုံးကို ခြိမ်းခြောက်ပါတယ်။ ဟိန္ဒူခေါင်းဆောင်တွေကလည်း အခံရခက်၊အနေခက်နဲ့ အခက်တွေ့နေဆဲမှာ ဟိန္ဒူအယူသည်း အဖွဲ့အစည်းထဲက ဂေါ့(ဒ်)ဆေးအမည်ရှိသူတစ်ဦးက နာကျည်းပြီးတော့ မဟတ္ထမဂန္ဒီကို သတ်လိုက်ပါတယ်။ဒါနဲ့ ဟိန္ဒူတွေလည်း မိအေးနှစ်ခါနာလိုက်ရပါတယ်။ မြွေပါလည်းဆုံး သားလည်းဆုံး ဆိုသလိုပေါ့။
ဒါနဲ့ အိန္ဒိယတိုက်ငယ်ရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ ခေါင်းမြီးခြုံဓလေ့ဟာ မူလက အိန္ဒိယမှာ မရှိပါ။ မူဆလင်ဘုရင်အသီးသီးတို့ အိန္ဒိယနိုင်ငံအတွင်း ၀င်ရောက်၍ နယ်မချဲ့မီက ဟိန္ဒူမိန်းမတွေဟာ လွတ်လွတ်လပ်လပ်သွားလာခဲ့ကြပါတယ်။ မူဆလင်တွေ ၀င်ရောက်ပြီးမှ ဟိန္ဒူအမျိုးသမီးတွေက မူဆလင်များ နည်းတူ အိမ်တွင်းပုန်းဓလေ့ကို လိုက်နာကြပြီး နောင်အခါအမှာ ထုံးစံတစ်ရပ်ဖြစ်လာပါတယ်။ နောက်ပြီး ဘာသာရပ်စကားအသစ်ဖြစ်တဲ့ အုရဒူဘာသာဟာလည်း မူဆလင်တွေ ၀င်ရောက်လာပြီး နောက်ပိုင်းမှ အုရဒူဘာသာစကားရပ်ရယ်လို့ ပါရှန်း,အာရပ်,ဟင်ဒီဘာသာ စကားသုံးစုရောနှောပြီး ပေါ်ပေါက်လာ ပါတယ်။
ကျွဲနွားများကို ဟိန္ဒူဘာသာဝင်တွေဟာ လူတို့ရဲ့အသက် ဆန်စပါးစိုက်ပျိုးရာတွင် လည်းကောင်း၊ နို့ ၊ ဒိန်ခဲ၊ထောပတ် အစရှိသော အာဟာရကိုလည်းကောင်း၊ ရရှိကြလို့ အလွန်ချစ်မြတ်နိုးကြပါတယ်။ ဒါပေမယ့် မူဆလင်တွေကျတော့ နှစ်စဉ်တွန်ဘာနီအစ်နေ့များမှာ နွား၏ လည်မျိုကို ဓါးဖြင့်လှီးဖြတ်၍ သတ်စားခြင်းအားဖြင့်ဘာသာရေးအထိမ်းအမှတ်ပြုကြလို့ အိန္ဒိယနိုင်ငံမှာ ပင်ရင်းဒေသခံဟိန္ဒူတွေ အတွက် ကြိမ်မီးအုံးသကဲ့သို့ နှစ်စဉ်ခံစားကြရပါတယ်။ ဒီလောက်နဲ့ပဲ အိန္ဒိယပြည်နှင့် အစ္စလာမ်ဘာသာအကြောင်းကို အကျဉ်းချုံးပြီး တင်ပြလိုက်ရပါတယ်။
(အကျယ်ကို မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေး စာအုပ်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်)
အတွက်မှားက ရတက်ပွားရမည်
~~~~~~~~~~~~~~~~~
ရှေးတုန်းက အိန္ဒိယနိုင်ငံဟာ ဒီနေ့မြန်မာနိုင်ငံထက် ဗုဒ္ဓသာသနာရောင်ဝါ ပိုမိုထွန်းကားခဲ့တာကို
လေ့လာသိရှိရပါတယ်။ ဘယ်လောက်ထွန်းကားသလဲဆိုတော့
(၁)ဒီနေ့ မြန်မာနိုင်ငံမှာ ရဟန်းတော်တွေ သုံးသိန်းခန့်သာရှိပေမယ့်
အိန္ဒိယမှာတော့ (၁၀)သန်းကျော်အောင် ရှိခဲ့ခြင်း၊
(၂) ဒီနေ့ မြန်မာနိုင်ငံမှာ ရန်ကုန်, မန္တလေးပရိယတ္ထိတက္ကသိုလ်ကြီးတွေ
နှစ်ခုသာရှိပေမယ့် အိန္ဒိယမှာ (၁၀)ခု အထိရှိခြင်း၊
(၃) မြန်မာနိုင်ငံ တက္ကသိုလ် တစ်ခုတစ်ခုမှာ စာသင်သား (၄၀၀)ကျော်သာ ရှိပေမယ့်
အိန္ဒိယ တက္ကသိုလ်တိုင်းမှာ နှစ်သောင်း ကျော်တောင် ရှိခဲ့ခြင်းစတဲ့
အချက်(၃)ချက် ကိုကြည့်လျှင် သိနိုင်ပါတယ်။
သို့သော်လည်း ဒီနေ့ဒီအချိန်အခါမှာ အိန္ဒိယရောက်ရင် ဗုဒ္ဓဘာသာဝင် တစ်ယောက်တွေ့ဘို့ရာ အလွန်ခဲယဉ်းတဲ့ အခြေအနေကို ဆိုက်ရောက်နေပါပြီ။ ဒါကြောင့် ဒို့နိုင်ငံကိုတော့ မ၀ါးမျိုနိုင်ပါဘူးလို့ ကိုယ့်ဟာကိုယ်အထင်ကြီးပြီး အတွက်မှားလို့ကတော့ ရတက်ပွားရပါလိမ့်မယ်။ ယခုလည်း မြန်မာတိုင်းရင်းသူတွေ တစ်စတစ်စ ၀ါးမျိုးခံနေရတာကို တွေ့ကြရမှာပါ။
( ( ( အမျိုးပျောက်မှာ စိုးကြောက်စရာမှ ) ) )
ရဲရင့် ဇာနည် မှ တဆင့် ကူးယူမျှဝေလိုက်ပါတယ်...။