Showing posts with label သမိုင်းအထောက်အထားများ. Show all posts
Showing posts with label သမိုင်းအထောက်အထားများ. Show all posts

Sunday, March 1, 2015

သင်္ကြန် .... သမိုင်း


ဧပြီလမှ တင်မလို့ရေးထားတာပါ ... ဘာသာခြားတစ်ယောက်က
သင်္ကြန်ဆိုတာ ....သိချင်လို့တဲ့ တင်စေချင်တာနဲ့ တင်ပေးလိုက်တာပါ

တန်ခူးလမြတ်

နှစ်လုံးရယ်တဲ့ ပါဒ်မှီ ၊ ရေသွန်းစံပျော်လို့
ငွေကံ့ကော် ပိတောက်ပန်းရယ် ၊ လန်းတဲ့ရာသီ ။
စိတြာ ရွှေကြယ်မြတ်ကယ်နှင့် ၊ စန်းသမသတ်ပြည့်ခါမှီ
ညာဥ့်နာရီ နေ့ခင်း ။
မျှမပို လအလိုအခါထူးပါတဲ့ ၊ တန်ခူးသည် ဂိမှေနဲ့
ရ၀ိန်နေ မဇ္စျေနန်းမှာ ၊ မြန်းမည့်အတွင်း ။
( မဟာဂီတ ဦးပြုံးချို )

တန်ခူး မည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးးးတဲ့ .....

တန်ခူးလဟာ မြန်မာပြက္ခဒိန်ရဲ့ ပထမဆုံးလပါ ..။ တန်ခူး လကို တန်းခူး ဟုလည်းရေးလေ့ရှိပြီး ပျို့ကဗျာ တွေမှာတော့ တာကူး လို့လဲရေးကြ တာတွေ့ရပါတယ် ...။

တာကူးဟူသောအဓိပါယ်မှာ မိန်ရာသီမှ မိဿ ရာသီသို့ တနင်္ဂနွေ ဂြိုလ် ကူးပြောင်းခြင်းကို အစွဲပြုရေး သားကြောင်း ဝေါဟာရလိနတ္ထဒီပနီ ကျမ်းပြုစုသူ လှေသင်း အတွင်းဝန်မင်းကဆိုပါတယ်..။
တန်ခူးလတွင် ကောင်းကင်မှာ စိတြာကြယ်ထွန်းလင်း တောက်ပ ပါတယ် ။

ထို့အပြင် 

အတာ ဟုသောစကားကို ရှေးမြန်မာစာပေ တို့မှာ ... အချိန် ရာသီ နှစ်တို့ကိုခေါ်ဝေါ်ပြီး 
ကူး ကတော့ ကူးပြောင်းခြင်းလို့ ဆိုပါတယ်... 
ဒါ့ကြောင့် အတာကူးသောလ လို့ခေါ်ကြတာပါ ...။

ဒါတင်မက ... 

တန်ခူး ဟူသော ဝေါဟာရမှာတော့ ပါဋိ စကားအရ 
တန် သည် ... ထန်းပင်ကို ရည်ရွယ်ပြီး 
 ခူး .... ကတော့ ခူးစွတ်ခြင်း လို့ပြန်ကြပါတယ် .... 
ဒါကြောင့် ထန်းခူးသောလ တန်ခူး လလို့လဲခေါ်ပါတယ်။

ဒါကြောင့် ....

အတာကူးသောလ ... ထန်းခူးသောလ တာကူး တန်ခူး လရယ် လို့ အမည်တွင်ခဲ့တာပေါ ...။
.
တန်းခူးလ မှာ ပိတောက် ကံ့ကော် နှင့် ရင်ခတ်ပန်း တို့ပွင့်ကြပါတယ် ...။
ပိတောက်ပန်းဟာ မြန်မာ့ရိုးရာ အတာ သင်္ကြန် ပွဲတော်ရဲ့ အထိမ်းအမှတ်ပန်းဖြစ် သလို မြန်မာအမျိုး သမီးများရဲ့နိုင်ငံတော် အထိမ်း အမှတ် ပန်းပါ ....။ 

ပိတောက် ဟာ တနှစ်မှ တခါသာ ပွင့်တဲ့ပန်းဖြစ် လို့  မြန်မာအမျိုးသမီးများဟာလဲ ပိတောက်လို သစ္စာရှိပါတယ်ဆိုတဲ့ အဓိပါယ်နဲ့ နှိုင်းယှဉ်ထားတာပါ။
.
ကုန်ဘောင်ခေတ်စာဆိုတော်ကြီး ဦးကြော့က ....
တနှစ်တွင် ဒီတစ်လတွင်ပ
တစ်လတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံမတော့
ရွှေဝတ်ဆံငုံတံ မြတ်ကယ်နှင့်
ခါသင်္ကြန် ဂိမှန်ရောက်ပြန်တော့
သိဟ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတစ်လျှောက်သင်းပါဘိ
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း
ဆိုပြီး ပိတောက် ပန်းဘွဲ့ကို စပ်ဆိုထားပါတယ်။
.
တန်ခူးလတွင် သင်္ကြန်ကျရောက်ပြီး တစ်နိုင်ငံလုံး သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြပါတယ်။ 

မြန်မာ့ ယဉ်ကျေးမှုနှင့် ဆက်စပ်နေသော လော ကမ္ဘောဒီးယာ ထိုင်းနိုင်ငံတို့မှာလဲ အလားတူ ဧပြီလမှာ ကျင်းပပါတယ် .... 
သို့သော် မြန်မာသင်္ကြန်ဟာ ရှေးအင်းဝခေတ်ကပင် ကြီးကျယ် မြင့်မြတ်ခဲ့တာမို့ ပေါ်တူဂီ အင်္ဂလိပ် စသော တိုင်းတစ်ပါးသားတို့ကပင် မှတ်တမ်းတင်ရသော မြန်မာတို့ရဲ့ ရိုးရာပွဲတော် ဖြစ်ပါတယ်...။
.
သင်္ကြန် .... ဟူသောစကားသည် ပါဋိစကား ....

သင်္ကန္တမှ ဆင်းသက်လာပြီး ... 
ကူးပြောင်းခြင်း ..... လို့ အဓိပါယ်ရပါတယ်။
.
မြန်မာ့ဓလေ့ထုံးစံအရ တန်ခူးလမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေအမွေးနံ့သာ တို့ရောနှောကာ ၊ နှစ်သစ်မှာ အောင်မြင်ခြင်း အဖြာဖြာကိုရည်သန်လို့ အောင်သပြေခက်လေးတွေနဲ့ တစ်ဦးကိုတစ်ဦး ရေပက် သန့်စင် စင်ကြယ်စေပြီး နှစ်သစ် ကိုကြိုဆိုကြတယ်လို့ အယူရှိကြပါတယ်။ ဒါကိုရှေးအခါက ...... 

ထုံသင်းနံ့သာ
 ရေသီတာဝယ် 
စမ္မာကရမက် 
ပန်းပေါင်းဖက်  ...... 
လို့ရေးသားကြပါတယ်။ ချစ်စရာ့ မြန်မာ့ ဓလေ့ပါ..။
.
လူကြီးများက သင်္ကြန် နှစ်ကူးအခါဝယ် ကိုယ် နှုတ် နှလုံး သုံးပါး စင်ကြယ်စေရန် အလို့ငှာ ဦးခေါင်းကို ဆေးလျှော်ကြပါတယ် ။

 ရှေးဘုရင်များကတော့ ဘုရင်မင်းမြတ်များကိုယ်တိုင် ဦးခေါင်းဆေး မင်္ဂလာတော်ကို ကြီးမှူးကျင်းပြကြ ပါတယ်..။ 
ဒီမ၈င်္လာကိုအတုယူပြီး နောက်ပိုင်း လူငယ်များက ....သက်ကြီးရွယ်အို များကို...  တရော် ကင်ပွန်း တို့နဲ့ ခေါင်းလျှော်ပေးခြင်း ၊ လက်သည်းခြေသည်း ညှပ်ပေးခြင်း နှင့် ... သက်ကြီးပူဇော်ပွဲများ ကျင်းပကြတာပါ.။
.
တန်ခူးလ သကြန်ပွဲရဲ့ ရိုးရာအစားအစာကတော့ မုန့်လုံးရေပေါ်ဖြစ်ပါတယ် ၊ကောက်ညှင်းနှင့် ဆန်ရောကြိတ် ထားတဲ့ မုန့် နှစ်လုံးလေးထဲမှာ ထန်းညက်ခဲကလေးများထဲ့ပြီး ပြုတ်ပွက်လာ ရင် ရေပေါ် ပေါ်လာတဲ့မုန့် လုံးရေပေါ်ကို အုန်းသီးနိုင်း ခြင်းနဲ့ သင်္ကြန်ရေ ချမ်းချမ်း ပျော်လွန်း လို့ မောပန်းနေတဲ့ အချိန်မှာ စာရတာ မြန်မာပြည်ရောက် ဧည့်သည်တွေအတွက်တစ်သက်မမေ့စရာပါ..။
ကာလသားများအတွက်ကတော့ သင်္ကြန် ဖယောင်းထမင်းပေါ့ ...။
.
မြန်မာတွေဟာ ကုသိုလ်ယူခြင်းကို အလေးထားကြတဲ့အားလျှော်စွာ .. နှစ်သစ်ကို ကုသိုလ်ကောင်းမှုတွေ တစ်ပုံတစ်ပင် ယူပြီးလဲကြိုဆိုကြပါသေးတယ်။
.
ေေ.နေအိမ်တွေမှာတော့ ဘုရားများ ရေသပ္ပာယ်ခြင်း အိမ်တွင်းသန့်ရှင်းမှုများပြုလုပ်ခြင်း တိရိစ္ဆာန် များဘေးမဲ့ လွှတ်ခြင်း တို့ ကို ပြုလုပ်ခြင်းဖြင့် လည်း နှစ်သစ်ကိုကြိုဆိုကြပါတယ်။
.
သင်္ကြန်ကာလမှာ ချို့တဲ့လို့ ရှင်မပြုနိုင် ရဟန်းမခံနိုင် တဲ့ ခလေးတွေကို ဒုလ္လပတ် ရဟန်းခံပေးခြင်း ... ရှင်တစ် ရာ အလှူပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းများနဲ့ ကုသိုလ်ယူကြပါတယ် ...
.
တစ်ချို့လူငယ်လူရွယ်များကတော့ သင်္ကြန်မတိုင်ခင် ( ၃ ) ရက် ဒုလ္လပတ် သင်္ကန်းစည်းပြီး သင်္ကြန်မှာတော့ ထုံးစံအတိုင်း ပျော်ကြပါတယ် ..။
.
သင်္ကြန်အခါကာလမှာ ... အိမ်တိုင်း လမ်းတိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း စတုဒီသာ မဏ္ဍပ်များနဲ့ စည်ကား စွာ အလှူပေး နေကြပြီး အယုတ် အလတ် အမြတ် မရွေး ၀င်ရောက်စားသုံး ရေကစားနိုင်ပါတယ်။
.
သင်္ကြန်ရေကစားခြင်းဓလေ့ဟာ ဘယ်အချိန်ကတည်းက ရှိလာလဲမသိပေမယ့် ပုဂံခေတ်ကတည်းက ရှိလာတယ်ဆိုတာကို ၀မ်းနည်းစရာ မိဖုရားလေး စောလုံ အကြောင်း ကသာဓက အနေနဲ့ ရှိနေပါတယ်..။
.
ပုဂံခေတ် နရသီဟပတေ့မင်းဟာ ကျီစား အလွန်သန်တဲ့အတွက် .... သင်္ကြန်ရက်မှာ ... သူ့အချစ်ဆုံး မိဖုရား လေးစောလုံ ကို ရေတွေမွန်းအောင် ၀ိုင်းပက်စေခဲ့ပြီး စခဲ့ပါတယ် ...။
ဒီအခါမှာ အင်မတန်မှ အရှက်ကြီးပြီး သိက္ခာနဲ့ပြည့်စုံတဲ့ မိဖုရားလေးဟာ သူ့ကိုမောင်းမတွေ အလုပ် သမား တွေက ၀ိုင်းပြီး ရေမွန်းအောင် ကာယိဣနြေ္ဒ ပျက်ပြားအောင် ပြုလုပ်ခဲ့တဲ့တွက် အလွန် အမင်း ရှက်ရွံ့ ၀မ်းနဲ ယူကျုံးမရဖြစ်ခဲ့ပါတယ်။ ( နူးအထင် ဘုရင်သေရည်မူးနေတယ်ထင်ပါတယ် )
.
ဒီတော့ အင်မတန်အရှက်ကြီး တဲ့ မိဖုရားစောလုံက ရှက်လွန်းလို့ ဘုရင်ကြီး ကို ရန်ညိုးထားပြီး စားတော်ပွဲမှာအ ဆိပ်ခပ်ခဲ့ပါတယ် ၊

( ဟိုခေတ် အချိန် အခါတွေက မိန်းခလေးတစ်ယောက် ရဲ့အရှက်ဟာ သူ့ရဲ့အသက်ပါ ၊ အရှက်ကွဲတာဟာ အသက်သေတာနဲ့ အတူတူပါ ) ။
.
ဒါကိုဘုရင်သိသွာေးတာ့ မိဘုရားစောလုံကို ကွက်မျက်ခဲ့ပါတယ် ... 

သို့သော် ကွပ်မြက်ပြီးမှ နရသီဟပတေ့ဟာ နောင်တအကြီးအကျယ်ရပြီး .... 
'' စောလုံ စောင့်ပါ ခလှည့် " ဟုမကြာခန ယောင်ယမ်း တမ်းတသော ဟူ၏ .... ဆိုတဲ့ သနားစရာ သမိုင်းကြောင်းအဖြစ်ကလေးက ပုဂံခေတ်ရဲ့ သက်ြန်အကြောင်း ကို မှတ်တမ်း တင်ရစ်စေပါတယ်။
.

ဟိန္ဒူ ...ဗြဟ္မဏ အယူနဲ့ ဖက်စပ်ပြီးယူထားတဲ့ ဒဏ္ဍာရီလေး ...
နောက်တစ်ခုက .....
သက်ြန်နဲ့ပတ်သက်ပြီး မြန်မာ နဲ့ ဟိန္ဒူ ဖက်စပ် ဒဏ္ဍာရီလေးတခုကလဲ ယ္ခုတိုင် မြန်မာတွေ အယူရှိနေကြ တာကိုတွေ့ရမှာပါ ....
.
ဟိုးးးးကမ္ဘာဦးတုံးကပေါ့ ပိဿ.....နိုးနတ်မင်းကြီးနဲ့ အာသီ လို့အမည်တွင်တဲ့ ဗြဟ္မာမင်းတို့ကဗေဒင်ဆိုင် ရာပြဿ.....နာတရပ်နှင့်ပါတ်သက်ပြီး အငြင်းပွါးကြတယ်တဲ့ နောက်ဆုံးမှာတော့သူတို့နှစ်ဦး ဟာ ဗေဒင် ပညာ ရှင် ကာဝါလမိုင်း ဆရာကြီးထံ အဆုံး အဖြတ် တောင်းခံ ဖို့သဘောတူလိုက်ကြတာပေါ့။ နိုင်တဲ့ သူက ရှုံးတဲ့သူရဲ့ခေါင်းကိုဖြတ် ကြေးဆိုတဲ့ ကတိနဲ့ပေါ့..။
.
ဒီအခါမှာ ကာဝါလမိုင်းဆရာ ကြီးက ပိဿ.... နိုးနတ်မင်းကြီးရဲ့ အယူအဆမှန်ကန်တယ်လို့ ဆုံးဖြတ် ပေးလိုက် တယ်တဲ့ ပိဿနိုးနတ်မင်းကြီးကနိုင်ပေမယ့် ဗြဟ္မာမင်းရဲ့ခေါင်းကိုမဖြတ်ချင်ဘူးပေါ့ ။ 

ဒါပေမယ့် ဗြဟ္မာမင်းကြီးက ခေါင်းမာ ကတိတည်တော့ .... သူကတိပြုခဲ့တဲ့ အတိုင်း ဗြဟ္မာမင်း က အဓိဌါန် နဲ့ သူ့ရဲ့ဦးခေါင်းကိုပြတ်စေလိုက်ပါတယ်။
.
ဒီမှာ ပြသနာကစဖြစ်တော့တာပေါ့ .....

ပြတ်သွားတဲ့ဗြဟ္မာဦးခေါင်းဟာ ပူလွန်းတော့ ပင်လယ်ထဲပစ်ချပါက ပင်လယ်ရေတွေ ခန်းခြောက်သွားမယ်။
မြေပြင်ပေါ်ပစ်ချပါက ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်သွားလိမ့်မယ်တဲ့ .... 
ဒီတော့ ပိဿ....နိုးနတ်မင်းကြီးရဲ့သမီး ခုနှစ်ယောက်က တလှည့်စီ ပွေ့ကိုင်ထားရတော့ တာပေါ့။ 
.
နတ်သမီးတဦး လက်မှနောက်တဦးလက် ကိုပြောင်းတဲ့အချိန်က လူတို့ ဘုံမှာ အရေအတွက် အားဖြင့် တနှစ် အချိန်နှင့်ညီမျှတယ် တဲ့ ။ 

ဒီလို ဦးခေါင်းလွှဲပြောင်းပေးတာကို သကရာဇ် ဦးခေါင်းပြောင်းတယ် ဟုခေါ်ကာ အတာ သင်္ကြန်ပွဲ ကျင်းပခြင်းဖြစ်တယ်လို့ ယူဆခြင်းလည်းရှိနေပါတယ်။
.
သက်ြန်အတက်နေ့ ကျရောက်တဲ့နေ့ ဟာ ဗြဟ္မာကြီးဥိးခေါင်းကိုင်၇မဲ့ နတ် သမီးရဲ့ အလှည့် ဘဲ ၊ အဒါကို တာစားတယ်လို့ ခေါ်ပါတယ် 
အင်မတန်ပူတဲ့ ဗြဟ္မာကြီးရဲ့ဉီးခေါင်းကို ကိုင်ထားရတဲ့ နတ်သမိးက တနဂ်နွေနေ့ သမီးဖြစ်ရင် ....
 ဒီနှစ်အဘို့ တနဂ်နွေသားသမီး များ ပူလောင်မယ်ပေါ့ .....
ဒဏ္ဍာရီဖြစ်ပေမဲ့ ဒီနေ့ မြန်မာတချို့ကတော့ ယုံကြည်ကြတော့ တာစား တဲ့ နေ့ နံ သားသမီးဟာ .....
ဒီနှစ်မှာ ပူလောင်မယ် ၊ ကုသိုလ်များများလုပ်ဘို့  ၊ အရာရာကို ဆင်ခြင်ဘို့ မိဘ များက ညွှန်ကြားကြ ပါတယ်တဲ့ ... ဒါပေမယ့် ဒါလဲကောင်းတဲ့အယူပါ ... အနဲဆုံးတော့ တာစားတဲ့နေ့နံ ခလေးက ကောင်မှုနဲနဲလုပ်ဖြစ်တာပေါ့ ...
( ကိုယ့်အယူမဟုတ်တော့ နူးသိတ်မသိပါဖူးရှင် ၊ မိရိုးဖလာ အယူတွေဆိုတော့ ခက်သားကလား )
.

ကဲ ...ဒီလောက်ဆိုသင်္ကြန်အကြောင်း ပြည့်စုံပြီလို့ ထင်ပါတယ်ရှင် .... 
.
ချမ်းမြေ့ကြပါစေရှင် ....။

Wednesday, February 25, 2015

ပျူစောထီးကို ရာဇ၀င်ထဲမှာ ထားခဲ့ပါ



ပျူစောထီး သမိုင်းမှာ တကယ်ရှိ မရှိ ဆိုတာပြောဖို့ရာ အထောက်အထားရှာတော့ မှန်နန်း နှင့် ဦးကုလား ရာဇဝင်တွေကို အရင်ဆုံး သွားတွေ့တယ်။
သူနဲ့ပတ်သက်ပြီး မေးစရာတွေကတော့အများကြီးပါဘဲ။ ပျူစောထီးဆိုတော့ ဘာလူမျိုးလဲ ။ မြန်မာလား။ ပျူလား။ သာကီဝင် မင်းမျိုးလား။ နဂါးလား။ လူလား။ နဂါး နဲ့ နတ် ယှက်စပ်ပြီး ဖြစ်ထွန်းလို့ နတ်နဂါးလား စသဖြင့် စသဖြင့်။
အရေးကြီးဆုံး မေးခွန်းကတော့ သူဟာ မြန်မာ့သမိုင်းမှာ တကယ်ရှိတဲ့ခဲ့ မင်းတစ်ပါးလား၊ သူဟာ မင်းဆက် တစ်ခုရဲ့ ကနဦးလားဆိုတဲ့အချက်ပါ။
ဦးကုလား ရာဇဝင်မှာ ပျူစောထီးရဲ့အစကို အကျဉ်းချုပ်ပြန်ပြောရရင် သူ့ဖခင် နေနတ်သား နှင့် မိခင် နဂါးမတို့ အကြောင်းပါ။ ညားပြီးနောက် များမကြာခင်မှာဘဲ နေနတ်သားက ပြန်သွား။ ကျန်ခဲ့တဲ့ နဂါးမက ဥတွေ ထားရစ်ခဲ့ပြီး ဆုံးပါး။ ကျန်ခဲ့တဲ့ ဥတွေကို နတ်တွေက လမ်းပြတာကြောင့် မုဆိုးကတွေ့ပြီး သယ်သွား။ ချောင်းကိုဖြတ်အကူးမှာ ဥတစ်လုံးပြုတ်ကျသွားပြီး မိုးကုတ်ရောက်။ နောက်တစ်လုံး ထပ်ကျ။ တကောင်းရောက်။ တကောင်းရောက်တဲ့ ဥကနေ အမျိုးသမီးတစ်ယောက်ဖွား။ တကောင်းမင်းက မြှောက်စား။ ဥ နောက်တစ်လုံး ထပ်ကျ။ ညောင်ဦးရောက်။ လူယောင်္ကျားတစ်ယောက် ဖွားလို့ ပျူ လင်မယားနှစ်ယောက်က ကောက်ယူမွေးစား။
လူလားမြောက်တဲ့အရွယ်ရောက်တဲ့အထိ ဥကဖွားတဲ့လူကို နေမင်းမြေးလို့ ခေါ်။ နောက်တော့ ပျူစောထီးလို့ ရုတ်တရက်ပြောင်းခေါ်။ အရွယ်ရောက်တော့ အဖေနေမင်းက လေး နှင့် မြှား လာပြီးပေး။ နောက်တော့ ပုဂံတက်။ ပုဂံမှာ ဝက် ရှူး ဘူး ငှက် သောင်းကျန်းလို့ ဘုရင် နှင့် တိရိစ္ဆာန် နားလည်မှု ပြီး အစားစာထောက်ပန့် ။ ငှက်ကြီးကိုတော့ လူ အမျိုးသမီးတွေပေးရ။ ဒါကို ပျူစောထီးက လေး နှင့် မြှား သုံးပြီး သတ်ဖြတ်နှိမ်နင်းပြီး အနိုင်ရ။ ဘုရင်ကခေါ်ပြီး သမီးနဲ့ ပေးစား။ အိမ်ရှေ့အရာပေး။ သုံးနှစ်နေပြီးနောက် လက်ရှိဘုရင်က ဆုံးပါးပေမင့် ဆရာရသေ့ကို ခေါ်ပြီး မင်းအဖြစ်တင်။ အဲဒီမင်းကို ရသေ့ကြောင်မင်းလို့ခေါ်ပြီး မင်းစည်းစိမ်ကိုခံစား။ ဆုံးပါး။ ပျူစောထီး နန်းတက်။ ဒီတော့မှ ပျူစောထီးမင်းရိုးစပါတော့တယ်။
သတိထားရမယ့် အချက်တချို့ကိုပြောရရင် ဇာတ်လမ်းအစပိုင်း မှာကတည်းက နဂါး နဲ့ နေနတ်သားညားတယ်ဆိုတာ နတ်နဲ့ တိရိစ္ဆာန် ညားတယ်လို့ ဆိုထားတာကြောင့် မဖြစ်နိုင်ပါ။
ဒါနဲ့ တင်ဆက်ပြောဖို့မလိုပေမယ့် ဆက်ပြီးပြောပါမယ်။
၁။ နတ်နဲ့ တိရိစ္ဆာန်ဖြစ်တဲ့အတွက် နဂါး နဲ့ နှင့် နေနတ်သား ဘယ်ဘာသာစကားပြောပြီး ဘယ်လို မေထုံအမှုပြုတယ်မသိပါ။
၂။ နဂါးမက ဥအရေတွက် ဘယ်လောက်များများ ဥ ခဲ့တယ်လို့ မပြောသလို မုဆိုးက ဥဘယ်နှစ်လုံးသယ်လာတယ်ဆိုတာမပြော။ ဥ သုံးလုံးပြုတ်ကျတာ ဖြစ်တဲ့အတွက်
အနည်းဆုံး သုံးလုံးနဲ့ အထက်သယ်မှသာ မနိုင်မနင်းပြုတ်ကျတယ်လို့ အကြမ်းမှတ်ယူနိုင်ပါတယ်။
၃။ ဥတွေထဲမှာမှ ၂ နှစ်လုံးရဲ့ ဇာတ်လမ်းတွေသာသိရပြီး ကျန်တဲ့ ဥတွေဘာဖြစ်တယ်မသိရ။ မိုးကုတ်ရောက်တဲ့ ဥက ပတ္တမြားဖြစ်၊ တကောင်းက ဥ က မိဘုရားဖြစ်၊ ညောင်ဦးရောက်တဲ့ ဥက ပုဂံမင်းဖြစ် ဆိုပြီး
အကြမ်းမှတ် ယူနိုင်ပါထယ်။
၎။ နေနတ်သားက လေး နှင့် မြှား ပေး။ (မှန်နန်းမှာတော့ သိကြားကပေး) ။ ဒီလိုလက်နက်အထူးဆန်းတွေကို နတ်ဘုရား သိကြားတွေဆီက ရတယ်ဆိုတဲ့ ဇာတ်လမ်းကတော့ ဥရောပမှာရော ၊ အာရှမှာပါ လူသုံးများတဲ့ အကြောင်းရာပါ။ ရှေးဟောင်းသုတေသန မှာဒါတွေမသုံးပါ။
၅။ ပုဂံမှာ ဘုရင်လုပ်နေတဲ့ သမုဒ္ဒရာဇ်မင်း နှင့် ကျား ဝက် ရှူး ငှက် ( ဝက် ရှူး ဘူး ငှက် လို့တချို့ကပြောကြတယ်) ဘယ်လို ညှိပြီး အပေးယူတည့်သွားကြတာကြောင့် တိကျတဲ့ အစားစာဆက်တဲ့ စာရင်းထွက်တယ်မပြောတတ်ပါ။
ဝက်ကြီးကို ထမင်းလုံး ၆၀ ၊ ဖရုံ ၉ လှည်း၊ ဖွဲ ကိုးလှည်းပေးရတယ်။ ကျား နှင့် ရှူးပျံ ကြီးကိုတော့ ဘာတွေပေးရတယ် မပြောထားပါ။ ငှက်ကြီးကို အစားအစာအဖြစ် သမီးကညာတစ်ရက် တစ်ယောက်နှုန်းပေးရတယ် ။ စတာတွေက ဘယ်လိုကဘယ်လို သဘောတူညီမှုရတယ်မပြောတတ်ပါ။ တိရိစ္ဆာန်က လူစကားမပြောတတ်သလို လူကလည်း တိရိစ္ဆာန် စကားမပြောတတ်ပါ။
၆။ လေးနဲ့မြှားအသုံးပြုပြီး ရန်သူတွေကို နှိမ်နင်းတယ်ဆိုရာမှာလည်း ကျား ကြီးနဲ့ သူ့နောက်လိုက် ငါးရာ၊ ဝက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ရှူးပျံကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ငှက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ ရှိတဲ့အတွက် အနည်းဆုံး မြှားပစ်တဲ့အကြိမ်ပေါင်း ၁၅၀၀ လောက်ရှိခဲ့လေမလားလို့ စဉ်းစားမိတယ်။
ဒီလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေကြီး ရွေးပြီးနှိမ်နင်းလိုက်တယ်ဆိုရင်ဘဲ နောက်လိုက်တွေထွက်ပြေးကုန်သလားဆိုပြီး ဖြည့်တွေးမိတယ်။ အဲဒီအချိန် ရာသီဥတုနဲ့ ပုဂံလိုနေရာမှာ အဲဒီလို တိရိစ္ဆာန် တွေတကယ်ရှိခဲ့လေမလားဆိုတာလည်း
မေးစရာဖြစ်တယ်။ နောက်ပြီး ရှူးပျံဆိုတာမျိုးက ဘယ်လို တိရိစ္ဆာန် ဖြစ်တယ်ဆိုတာ အတိကျပြောဖို့ မလွယ်ပါ။
၇။ အကယ်၍ ဦးကုလားရာဇဝင် ထဲကအတိုင်း တိရိစ္ဆာန် အကောင် ၂၀၀၀ လောက်သာ ပုဂံမှာရှိခဲ့ရင် ဒါဟာ ပုဂံသားတွေအတွက် မပူမပင် စားသောက်နိုင်တဲ့ ရိက္ခာသိုလှောင်မှုအဖြစ်နဲ့တောင် သိပ်အသုံးဝင်ပါမယ်။
စတဲ့ စတဲ့အချက်တွေကပေါက်ကရလေးဆယ်ရေးထားလို့ ပေါက်ကရသုံးဆယ်တွေးကြည့်တာပါ။
၉ ရာစုမတိုင်မှီကတည်းက ပုဂံအရပ်မှာ ပျူတွေအခြေချနေထိုင်နေပြီဆိုတာကိုတော့ အလုံးအထည်ဖြစ်ကျန်ရစ်ခဲ့တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်းဘုရား တို့ကိုကြည့်ပြီးအတပ်ပြောနိုင်ပါတယ်။ ဒါကို ရာဇဝင်ကျမ်းပြုသူ ဦးကုလားအနေနဲ့သိကောင်း သိပြီးဖြစ်ပါမယ်။ ဒါကြောင့်လည်း တိုင်းရင်းရိုးရာပုံပြင်ဆန်တဲ့ နေမင်း၊ နဂါးမတို့နဲ့ အစပြုပြီး ပျူစောထီး ဇာတ်ကောင်ကို ဖန်တီးခဲ့ဟန်တူပါတယ်။ အမှန်တရားနဲ့ မနီးစပ်တဲ့ ပုံပြင်တစ်ခုပါဘဲ။ ဒီတော့ ဦးကုလားရာဇဝင်ထဲက ပျူစောထီးဆိုတာ တကယ်ရှိခဲ့တဲ့ Historic Person မဟုတ်ပါ။ ပျူစောထီး မရှိတဲ့အတွက် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင် ဆိုတာတွေကလည်း မြန်မာ့သမိုင်းမှာ တကယ်မရှိခဲ့ပါ။
မှန်နန်း ရာဇဝင်လာ ပျူစောထီးကြပြန်တော့ မောင်ကုလားရာဇဝင်မှာပြောထားတဲ့ နေနတ်သား နှင့် နဂါး ပုံပြင်ကို အတော်လေး ဝေဖန်ထားပါတယ်။ ပျူစောထီးဖြစ်လာမယ့် ကလေးကို ဦးတည်ပြီးပြောရာမှာ နတ် နှင့် နဂါး ညားပြီးမွေးတဲ့ကလေးဟာ နတ်သော်လည်းကောင်း နဂါးသော်လည်းကောင်း ဖြစ်ကောင်း၏ လူသားစင်စစ်မဖြစ်တန်ရာ ဆိုပြီးဝေဖန်လိုက်ပါတယ်။
ရှင်းရှင်းပြောတော့ ဥ ကပေါက်ပြီး လူဖြစ် ၊ သူရဲကောင်းဖြစ် ၊ မင်းဖြစ်ဆိုတာမျိုးကို မသုံးတော့ပါ။ ဒီတော့ မှန်နန်းရာဇဝင်ဆရာတို့ တမျိုးကြံဆပါတယ်။ အဲဒီကြံဆမှုကြောင့် မောင်ကုလားရာဇဝင်မှာ တိရိစ္ဆာန်မျိုးရိုးကဆင်းသက်သူ ပျူစောထီးဟာ သာကီဝင်မင်းမျိုး အဖြစ်နဲ့ အသွင်ပြောင်းပါတယ်။
မှန်နန်း ရာဇဝင်လာ ပျူစောထီးအကြောင်း အကျဉ်းပြောရရင် ကုလားပြည်က သာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာ။ ဧရာဝတီမြစ်ညှာရောက်ပြီး တကောင်းမြို့တည်ပြီး မင်းလုပ်စိုးစံ။ အဲဒီ တကောင်းရောက် သာကီဝင်မင်းတွေထဲမှာ ၁၇ယောက်မြောက်မင်းက သတိုးမဟာရာဇာ။
သတိုးမဟာရာဇာ နှင့် သူ့မိဖုရားကနေ မျက်မမြင် ညီနောင်တွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ ကိုမွေးပြီး နောက် ဧရာဝတီမြစ်ထဲ ဖောင်နဲ့မျှောပြီးစွန့်ပစ်။ ညီနောင် နှစ်ပါးက ဘီလူးမနဲ့တွေ့ပြီး မျက်စိအလင်းရ။ နောက်တော့ သရေခေတ္တရာမြို့တည်ပြီး မင်းလုပ်အုပ်ချုပ်။ ဒီဇာတ်လမ်းနဲ့ ပျူစောထီးနဲ့ ဘာများသက်ဆိုင်သလဲ ဆိုပြီးမေးလာခဲ့ရင် ဆက်ပြီးဖြေရပါမယ်။
မှန်နန်း ရာဇဝင်ထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာဟာ မင်းလုပ်စိုးစံစဉ်မှာဘဲ မလည်အရပ်မှာ မငြိမ်မသက်ဖြစ်လို့ သူ့မိဘုရားနဲ့အတူ မထင်မရှားဘဝ နဲ့ တောင်ယာလုပ်ပြီးနေပါသတဲ့။ ဒီလိုနဲ့ မိဖုရားမှာ ကိုယ်လေးလက်ဝန်ရပြီး သားယောင်္ကျားဖွားမြင်တယ်။ မွေးလာတဲ့ ကလေးကို မင်းထီးလို့ အမည်ပေးပြီး သသေ့ကြီးတစ်ပါးဆီမှာ ပညာသင်အဖြစ်အပ်နှံပါတယ်။ အရွယ်ရောက်တော့ ပုဂံအရပ်ကို သွားမယ်ဆိုပြီး မိဘတွေထံမှာ ခွင့်တောင်း။ မင်းဖြစ်ကိန်းရှိတယ်လို့ ရသေ့ဆရာက
ရှေ့ဖြစ်ဟောထားပြီးသားမို့ မိဘနှစ်ပါးက ခွင့်ပြု။ ပုဂံသွားဖို့ ပြင်တော့ မိုးပေါ်ကသိကြားမင်း ဆင်းလာပြီး လေး နှင့် မြှားကို လာပေး။
နောက်တော့ မင်းသားလေးက ပုဂံညောင်ဦးရောက်။ ပျူအဖိုးကြီး အဖွားကြီးမောင်နှံနဲ့တွေ့ပြီး သူတို့ထံမှာ မှီတင်းနေထိုင်။ ဒီလိုနဲ့ မင်းသားလေးက တစ်ရက်တော့ သူ့ လေးနဲ့မြှားကို စမ်းသပ်ဖို့ရာ ပုဂံပြည်ဘက်သွားမယ် ဆိုပြီး အဖိုးအို မောင်နှံထံ ခွင့်ပန်။ ဒီတော့မှ အဖိုးကြီးတို့မောင်နှံက ပုဂံမှာ သောင်းကျန်းနေတဲ့ တိရိစ္ဆာန် တွေအကြောင်းပြောပြလို့ ပျူစောထီးကသိပြီး နှိမ်နင်းဖို့ အကြံဖြစ်။
အဲဒီကနေ စပြီးတော့ တိရိစ္ဆာန် သောင်းကျန်းပုံ နှင့် နှိမ်နင်းလိုက်ပုံတွေဟာ မှန်နန်းထဲက အကြောင်းရာနဲ့ မောင်ကုလားရာဇဝင် အကုန်တူပါတယ်။ ပျူစောထီး မင်းဖြစ်လာပုံ နှင့် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက် ၊ ပိုက်သေလည်၊ သေလည်ကြောင်၊ ကြောင်ဒူရစ် စတဲ့ မင်းတွေ ဖြစ်လာပုံပါအတူတူဖြစ်နေပါတယ်။ ရှင်းရှင်းပြောတော့ သူရဲကောင်းအခန်းတွေကို ကူးချတာဘဲပေါ့။ ပျူစောထီး အိမ်ရှေ့ အရာရပုံ နှင့် မင်းဖြစ်လာပုံဟာလည်းဘဲ အတူတပါဘဲ။
အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ မြန်မာပြည်ထဲဝင်လာတယ် ဆိုကတည်းက ဆက်ပြီးဆွေးနွေးဖို့မလိုတော့ပေမယ့် ဆက်ဆွေးနွေးပါမယ်။
၁။ အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာတယ်ဆိုတဲ့ မှတ်တမ်းဟာ အိန္ဒိယ ရှေးဦးသမိုင်းမှတ်တမ်းတွေမှာရှာမရပါ။ ဗုဒ္ဓသာသနာ သမိုင်းမှာလည်း ရှာမတွေ့ပါ။ ဒါဟာဘာနဲ့ သွားဆင်သလဲဆိုတော့ မြတ်စွာဘုရား မြန်မာပြည်ရောက်တယ်၊ အာသောကမင်း မြန်မာပြည်ရောက်တယ် ဆိုတဲ့အပြောမျိုးတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ သို့သော် အိန္ဒိယတိုက်ဘက်က ဝင်လာတဲ့ ရှေးဦးရွေ့ပြောင်းနေထိုင်သူတွေတော့ ရှိနိုင်ပါတယ်။
၂။ တကောင်းရောက် သာကီမင်းမျိုးတို့ မင်းဆက် တစ်ဆယ့် ၁၇ ဆက်မြောက် သတိုးမဟာရာဇာလက်ထက် မလည် အရပ်မှာ မငြိမ်သက်လို့ မှန်နန်းကရေးပေမယ့် ဘာကြောင့်မငြိမ်သက်မှန်း ပြောမထားပါ။ မြန်မာ့ရှေးဦးသမိုင်း ၊ အရှေ့တောင်အာရှသမိုင်း နှင့် တရုတ်သမိုင်း မှတ်တမ်းတွေမှာတော့ မြန်မာပြည် မလည်အရပ်မှာ စစ်ဖြစ်တယ်ဆိုတဲ့ အထောက်ထားရှာမရပါ။
၃။ မလည် အရပ်မှာစစ်ဖြစ်စေကာမူ မင်းဖြစ်သူက သူ့ရဲ့ စစ်သည်တွေ နှင့် ထွက်ပြီး မတိုက်ဘဲ နန်းတော်ကထွက်ပြေးပြီး တောင်ယာလုပ်တယ်ဆိုတာက ယုတ္တိမရှိတဲ့ အကြောင်းပြချက်လိုဖြစ်နေပါတယ်။
၎။ မှန်နန်းရာဇဝင်အရ သတိုးမဟာရာဇာမင်းတို့ရဲ့ မြို့တော်မင်းနေပြည်ကို ထိပါးနိုင်တဲ့ မလည်အရပ်ဆူပူမှုဖြစ်တဲ့အခါ သားဖြစ်သူတွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ မွေးသဖခင်ကို သွားပြီးအကူအညီမပေးသလို ၊ ဖခင်ဖြစ်သူ သတိုးမဟာရာဇာဟာလည်းဘဲ သားတွေရှိရာ သရေခေတ္တရာကို မသွားခဲ့တာ ဘာကြောင့်ပါလဲ။
၅။ မင်း နှင့် မိဖုရား ဖြစ်သူ မထင်မရှားဘဝနဲ့ တောင်ယာလုပ်ရင်း ပျူစောထီးကို မွေးတယ်ပြောပေမင့် နောက်ပိုင်း တကောင်းထီးနန်းအကြောင်းကို မှန်နန်းကဆက်မပြောတာဘာကြောင့်ပါလဲ။
၆။ မွေးလာတဲ့ ပျူစောထီးကို ရသေ့ထံမှာ အပ်နှံတော့ ရသေ့က ဒီသူငယ် ပုဂံအရပ်မှာ မင်းဖြစ်မယ်လို့ဟောကိန်းထုတ်တယ်။ အမှန်တော့ မင်းမျိုးဖြစ်သူ ပျူစောထီးဟာ ပုဂံသွားပြီး တိရိစ္ဆာန် တွေနှင့် တိုက်ခိုက်ပြီး မင်းလုပ်မယ့်အစား ဘာကြောင့် မိဘတို့ရဲ့ မင်းနေပြည်ဟောင်း တကောင်းပြည် ပြန်ပြီး မင်းမလုပ်တယ်ဆိုတာ မှန်နန်းဆရာတို့ ရှင်းရှင်းလင်းလင်း မပြောတာ ဘာကြောင့်မှန်းမသိပါ။
၈။ မှန်နန်းရဲ့အဆိုအရ သရေခေတ္တရာမှာ မင်းလုပ်နေတဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ဟာ မျိုးရိုးအရ ပုဂံရောက်ပျူစောထီးနဲ့ ညီအကိုတော်စပ်တယ် လို့သွားတွေ့ပေမယ့် နောက်ပိုင်းတောက်လျှောက် သူတို့တွေအကြောင်းဆက်စပ်ပြီး ထပ်မပြောတာလည်းသတိထားမိပါတယ်။ သမိုင်းနောက်ခံထားပြီး ရေးတဲ့ ဝတ္ထုရေးဆရာတို့ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ရေးမယ်ဆိုရင်ဖြင့် လူကြိုက်များနိုင်တယ်
သို့ပေမယ့် မှန်နန်းကြံဆတဲ့ ပျူစောထီး မျိုးရိုးဟာ သာကီဝင်မင်းမျိုးကဆင်းသက်သူ ဖြစ်တာကြောင့် နှောင်းခေတ်မြန်မာတို့ သည်းခြေကြိုက်ဖြစ်လာပါတယ်။ သာကီမျိုးဟေ့ တို့မြန်မာတို့ ၊ မြန်မာအစ တကောင်းက တို့စတဲ့ စတဲ့ အဆိုတွေထွက်လာတဲ့အထိဖြစ်လာခဲ့ပါသေးတယ်။
ဒီလိုပြောတော့ ရှေးက ၁-၂ ရာစုနှစ်လောက်မှာ ပျူဂါမ ခေါ် ပုဂံအရပ်မှာ မင်းတွေမရှိ၊ လူတွေမရှိလို့ ပြောတာမဟုတ်ပါ။ အမှန်တကယ်ရှိခဲ့တဲ့ မင်းတွေကို ရှာဖွေဆန်းစစ်ဖို့ရာ သတိချပ်စေဖို့ရာပါ။ မှန်နန်းရာဇဝင်လာ ပျူစောထီးဇာတ်လမ်း နှင့် ပျူစောထီးအစ ကြောင်ဒူရစ်အဆုံး မင်းဆက်တွေဘယ်လိုက ဘယ်လိုဖြစ်လာတယ်ဆိုတာကို ရှေးဟောင်းသုတေသနအမြင်ဘက်က ချဉ်းကပ်ကြည့်တဲ့အခါ ယုတ္တိကင်းကွာနေတာတွေ့မိပါတယ်။
ခရစ်နှစ် ၁၅၅၀ လောက်မှာပြုစုရေးသားတယ်လို့ထင်ရတဲ့ နန်းစော ပါးစပ်ရာဇဝင် The Romantic History of Nan Chao မှာတော့ ဒီလိုတမျိုးပြောပါတယ်။ အာသောကမင်း Piao Chu Ti ပျူစောထီး သည် ချင်းမဲင်ခဝေး Chinmeng Kwei နှင့် စုံဖက်ပြီး တီမဲကျူး Ti Meng Chu (ထီးမင်းစော) ကိုမွေးဖွား။ အဲဒီမင်းစောထီးကမှ သား ကိုးယောက်ဖွားပြီး လူသားမျိုးနွယ်စု ကိုးခုတို့ရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။ အဲဒီ နန်းစောပါးစပ်ရာဇဝင် ကျမ်းဟာ သူ့ရှေ့က ကျမ်းတစ်ကျမ်းဖြစ်တဲ့ Pai Ku Chi ( Bai-gu-ji) ခေါ် ပိုင်မျိုးနွယ်စုတို့ရဲ့ ရှေးဟောင်း ဒဏ္ဍရီပုံပြင်ကို မှီငြမ်းထားတာသာဖြစ်တယ်လို့ ဆိုပါသေးတယ်။
နန်းစော ပါးစပ်ရာဇဝင်မှာတော့ အာသောကမင်းကို Piao Chu Ti ပျူစောထီး လို့ပြောထားပါတယ်။ ပျူစောထီးရဲ့ သားဟာ တီမဲကျူး Ti Meng Chu (ထီးမင်းစော) ဖြစ်ပြီး သူ့မျိုးဆက်တွေက
၁။ သားကြီး မဲင်ကျူးဖုလော် (အိန္ဒိယသားတို့ရဲ့ ဘိုးဘေး )
၂။ မဲင်ကျူးလီယယ် (တိဘက်တို့ရဲ့ ဘိုးဘေး )
၃။ မဲင်ကျူးနော့ (ဟန့်တရုတ်တို့ရဲ့ ဘိုးဘေး)
၎။ မဲင်ကျူးချို ခေါ် မင်းစောချို (အရှေ့မန်တို့ရဲ့ ဘိုးဘေး)
၅။ မဲင်ကျူးတူ (နန်းစော မဲင် တို့ရဲ့ ဘိုးဘေး )
၆။ မဲင်ကျူးထူးအော် (သီရိလင်္ကာသားတို့ရဲ့ ဘိုးဘေး)
၇။ မဲင်ကျူးလင် (ကျော်သသည်းတို့ရဲ့ ဘိုးဘေး)
၈။ မဲင်ကျူးစုန့် (ပိုင်မျိုးနွယ်တို့ရဲ့ ဘိုးဘေး)
၉။ မဲင်ကျူးချူ ( တိုင်း ခေါ် ထိုင်းတို့ရဲ့ ဘိုးဘေး)
ခရစ်နှစ် လေးရာစုလောက်မှာ ပြုစုတယ်လို့ ယူဆထားတဲ့ ဟွာရန်ဒေသသမိုင်း (သမိုင်းဆိုပေမယ့် ဒဏ္ဍရီသိပ်ဆန်) ဟွာရန်(ဇ်) ကူ-အော်ကျိရ် Hua-yang-kuo-chih မှာ ပျူစောထီးနဲ့ ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ်သွားတွေ့ပါတယ်။
ရှေးဟောင်း အိုက်လောင်နိုင်ငံ Ai-Lao Kingdom က ရှားယိ ဆိုတဲ့ တံငါသည်အမျိုးသမီးဟာ ရေထဲမြုပ်နေတဲ့ သစ်တုံးနဲ့ ထိမိပြီး သားဆယ်ယောက်ဖွားမြင်ပါသတဲ့။ အမှန်တော့ သူထိမိတဲ့ သစ်တုံးဟာ နဂါးတစ်ကောင်ဖြစ်နေပါသတဲ့။ နောက်တော့ တစ်နိုင်ထဲမှာရှိတဲ့ အခြားလင်မယားစုံတွဲမှာကြပြန်တော့ သမီး ၁၀ ဦးဖွားမြင်ပါသတဲ့။ ပြီးတော့ ဟိုဘက် ကျား ၁၀ ဦး ဒီဘက် မ ၁၀ ဦးစုံမက်အကြောင်းဖက်ပြီးသကာလ လူမျိုးနွယ်စုတွေရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။
ရှေ့မှာပြောခဲ့တဲ့ ပုံပြင်နှစ်ခုထဲက နန်းစော ပါးစပ်ရာဇဝင်လာ အာသောကမင်းဟာ Piao Chu Ti ပျူစောထီး ဖြစ်တယ်လို့ ပြောလိုက်ကတည်းက ဒီပုံပြင် ကိုပယ်ဖို့လုံလောက်သွားပါပြီ။ ဒုတိယ ပုံပြင်ကတော့ မြန်မာတို့ရဲ့ ပျူစောထီး ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်သွားတွေ့ပါတယ်။ မြန်မာတို့ ရဲ့ ပျူစောထီးဇာတ်လမ်းမှာတော့ နေနတ်သား နှင့် နဂါးမ စုံမက်၊ နဂါးဥတွေ ဥပြီးထားခဲ့၊ ဥတွေထဲက နှစ်လုံးက လူဖြစ်တဲ့ ဇာတ်လမ်းပါ။ ဟွာရန် ရာဇဝင်မှာကြပြန်တော့ လူမိန်းမ နှင့် နဂါး စုံမက်၊ လူတွေမွေးဖွားပြီး လူသားမျိုးနွယ်တချို့ရဲ့ ဘိုးဘေးတွေဖြစ်လာ ဆိုပြီးပြောထားတယ်။
မြန်မာတို့ရဲ့ ပျူစောထီးမူကွဲတစ်ခုမှာတော့ မုဆိုးပြုတ်ကျ ကျန်ခဲ့တဲ့ ဥ တစ်လုံးဟာ တရုတ်ပြည်ထိရောက်တယ်လို့ ဆိုပါသေးတယ်။ ယုတ္တိမရှိပါ။
ခရစ်နှစ် ၉ ရာစုကာလ တရုတ်မှတ်တမ်းတွေမှာ ရေးမှတ်ခဲ့တဲ့ နန်းစော မင်းဆက်တွေက
၁။ ယှီး နုလော် ( ၆၄၉-၇၄ )
၂။ လော်ရှဲင့် ( ၆၇၄-၇၁၂ )
၃။ ရှဲင့်လော်ဖီ ( ၇၁၂- ၂၈ )
၎။ ဖီလော်ကော် ( ၇၂၈-၄၈ )
၅။ ကော်လော်ဖဲင့် ( ၇၄၈-၇၈ )
ကော်လော်ဖဲင့် မင်းရဲ့ သားဖြစ်သူ ဖဲင့်ကျီးယိဟာ စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် သူ့အရိုက်အရာကို မြေးဖြစ်သူ ယိမိုရွှန်း ကဆက်ခံပါတယ်။
၆။ ယိမိုရွှန်း ( ၇၇၈-၈၀၈ ) ဒီမင်းလက်ထက်မှာ နန်းစောသံတမန်တွေနဲ့အတူ ပျူတီးဝိုင်းအဖွဲ့ တရုတ်ပြည်ကို သွားရောက်ဖျော်ဖြေရပါတယ်။
၇။ ရွှန်းကော်ချွမ်း ( ၈၀၈-၉ )
၈။ ချွမ်းလုန်ရှဲင့် ( ၈၀၉-၁၆ ) ၊ ချွမ်းလုန်ရှဲင့် ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းလိ အရိုက်ရာဆက်ခံ။
၉။ ချွမ်းလိ ( ၈၁၆-၂၄ ) ချွမ်းလိ ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းဖဲင့်ယို့ အရိုက်ရာဆက်ခံ။
၁၀။ ချွမ်းဖဲင့်ယို့ (၈၂၄ -၅၉ ) ဒီမင်းလက်ထက်မှာ မြန်မာတို့ရဲ့ သရေခေတ္တရာကို တိုက်ခိုက်ပျက်စီးတယ်လို့ ယူဆပါတယ်။
၁၁။ ရှီရ်လုန် ( ၈၅၉-၇၇ ) ဒီမင်းတက်လာပုံ မရှင်းပါ။
၁၂။ လုန်ရွှန်း ( ၈၇၇-၉၇ )
၁၃။ ရွှန်းဟွာ့ကျဲင် ( ၈၉၇ - ၉၀၂ ) ဒီမင်းလက်ထက်မှာဘဲ နန်းစောနန်းဆက်ပြတ်တယ်လို့ ဆိုပါတယ်။
အပေါ်မှာ တောက်လျှောက်ပြောခဲ့တဲ့ နန်းစောမင်းဆက်တွေကို ကြည့်တဲ့အခါ ဘိုးဘ အမည်စနစ်လို့ ခေါ်တဲ့ အဖေဖြစ်သူရဲ့ နာမည်နောက်ဆုံးစာလုံးကိုယူပြီး သားဖြစ်သူရဲ့ ရှေ့နာမည်အဖြစ်သုံးတဲ့ ဓလေ့ Patronymic System ဟာ နန်းစောမင်းဆက်တွေမှာ သုံးခဲ့တာတွေ့ရပါတယ်။
မြန်မာတို့ရဲ့ ပျူစောထီး၊ ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည် ၊ သေလည်ကြောင် စတဲ့ အမည်စနစ်မျိုးကို မြန်မာမြေပေါ်က ပျူတွေမသုံးပါ။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ရှေးဟောင်းသုတေသနက တူးပေါ်တွေ့ရှိတဲ့ ကျောက်အရိုးအိုးတွေပေါ်က ပျူမင်းဆက်တွေကိုကြည့်တဲ့အခါ အဲဒီလို ဘိုးဘအမည်စနစ် Patronymic System မသုံးတာ ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။
ဒီလို ဘိုးဘအမည်စနစ် Patronymic System ကို အိန္ဒိယသားတို့ဖြစ်တဲ့ သာကီဝင်မျိုးနွယ်တွေမှာလည်း သုံးတဲ့အထောက်အထားရှာမတွေ့ပါ။ ဒီတော့ မှန်နန်းအဆို ပျူစောထီးဟာ သာကီဝင်မင်းမျိုး ဆိုတဲ့အပြောကို ငြင်းချက်ပေးဖို့ နောက်ထပ်အကြောင်းရာတစ်ခုထပ်ရပြန်ပါတယ်။
ဒီအတိုင်းဆိုရင် ပျူစောထီး တည်ခဲ့ပါတယ်ဆိုသော ဗူးဘုရားသည်လဲ ဟုတ်မှဟုတ်ပါလေစ
ဆက်လက်ရှာဖွေ ပြီး မြန်မာသမိုင်း တလွဲ ကြီးတွေ ဖော်ပြပါဦးမည်
ဒီလိုနဲ့ စာရေးဆရာမ ဂျူး ရဲ့စကားကို ငှါးပြီးပြောချင်တာက ' ရာဇဝင်တွေထဲမှာ ပျူစောထီးကို ထားခဲ့ ' ဆိုတာပါဘဲ။
Ref;ရှေးမြန်မာ
မိုးဝေမဂ္ဂဇင်း အမှတ် ၂၁၄၊ ဖေဖော်ဝါရီ၊ ၁၉၈၆ ၊ စာ ၇၆-၇၉ ၊ အမှတ် ၂၁၅ မတ်၊ ၁၉၈၆၊ စာ ၁၂၂-၁၂၆ ပညာရှင် ရည်စိန်ရဲ့ ' ပျူစောထီး သုတေသန ' စာတမ်းကို မှီငြမ်းကိုးကားပါသည်။

အနောရထာ မတိုင်ခင်က ပေထက် အက္ခရာတင် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်




အနိရုဒ္ဓမတိုင်ခင်က ပေထက် အက္ခရာတင် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ရန်ဝင်း (တောင်တံခါး)
ဇန်န၀ါရီ ၁၅၊ ၂၀၁၀
(ပျူခေတ်) ရွှေပေချပ် ၂ဝ ပါ ရှေး (ပျူ) အက္ခရာဖြင့် ရေးထားသော ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံ ပါဠိတော်
ရွှေပေချပ် I II III IV နှင့် V မှ စာကြောင်းရေ ၃ ပထမ ပိုဒ် အထိ ကို ယနေ့ခေတ် မြန်မာအက္ခရာဖြင့် ပြန်ရေးသော်
(I -၁) သိဒ္ဓမ်ဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သင်္ခါရ ပစ္စယာ ဝိညာဏံ
(I -၂) ဝိညာဏ ပစ္စယာ နာမရူပံ နာမရူပ ပစ္စယာ သဠာယတနံ
(I -၃) သဠာယတန ပစ္စယာ ဖေဿာ ဖဿ ပစ္စယာ ဝေဒနာ ဝေဒန ပစ္စယာ
(II -၁) တဏှာ၊ တဏှ ပစ္စယာ ဥပါဒါနာ ဥပါဒါန ပစ္စယာ ဘဝေါ ဘဝ ပစ္စယာ
(II -၂) ဇာတိ ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝိတ ဒုက္ခ ဒေါ
(II -၃) မနဿုပါယာသ သမ္တဝ န္တိ ဧဝ မေတဿ ကေဝလဿ ဒုက္ခခန္မ
(III -၁) ဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယ တွေဝ အ သေသ ဝိရာဂနိရောဓါ
(III -၂) သင်္ခါရနိရောဓေါ သင်္ခါရ နိရောဓါ ဝိညာဏနိရောဓေါ ဝိညာဏ နိရောဓါ
(III -၃) နာမရူပ နိရောဓေါ နာမရူပ နိရောဓါ သဠာယတန နိရောဓေါ သဠာယ
(IV - ၁) တနနိရောဓါ ဖဿ နိရောဓေါ ဖဿ နိရောဓါ ဝေဒန နိရောဓေါ
(IV -၂) ဝေဒန နိရောဓါ တဏှနိရောဓေါ တဏှနိရောဓါ ဥပါဒါန နိရောဓေါ
(IV -၃) ဥပါဒါန နိရောဓါ ဘဝနိရောဓေါ ဘဝနိရောဓါ ဇာတိနိရောဓေါ
(V -၁) ဇာတိနိရောဓါဇရာ မရဏ သောက ပရိဒေဝိတ ဒုက္ခ ဒေါမနဿုပါယာ
(V-၂) သ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခခန္မဿ နိရောဓေါ
(V -၃) ဟောတီတိ။

မှတ်ချက်။ I II III IV V သည် ရွှေပေချပ်များဖြစ်၍၊ မြန်မာ ဂဏန်းများသည် စာကြောင်းရေ ဖြစ်သည်။ ရွှေပေ တချပ်လျှင် စာကြောင်း သုံးကြောင်းစီပါသည်။

ယနေ့ ရွတ်ဆိုပွားများကြသော ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံ ပါဠိတော် (နှိုင်းယှဉ်ကြည့်ရန်)
ပဋိစ္စသမုပ္ပါဒ် အနုလုံ ပါဠိ
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊
ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊
သဠာယတန ပစ္စယာ ဖေဿာ၊ ဖဿ ပစ္စယာ ဝေဒနာ၊
ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊
ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊
ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမန ဿုပါယာသာ သမBဝန္တိ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္မဿ သမုဒယောဟောတိ။
ပဋိစ္စသမုပ္ပါဒ် ပဋိလုံ ပါဠိ
အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊
သင်္ခါရ နိရောဓာ ဝိညာဏ နိရောဓော၊
ဝိညာဏ နိရောဓာ နာမရူပ နိရောဓော၊
နာမရူပ နိရောဓာ သဠာယတန နိရောဓော၊
သဠာယတန နိရောဓာ ဖဿ နိရောဓော၊
ဖဿ နိရောဓာ ဝေဒနာ နိရောဓော၊
ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊
ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊
ဘဝ နိရောဓာ ဇာတိ နိရောဓော၊
ဇာတိ နိရောဓာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္မဿ နိရောဓော ဟောတိ။
ရွှေပေချပ်များနှင့်အတူ တွေ့ရသော ရှေးအက္ခရာဖြင့် စာများရေးသားပါရှိသည့် ငွေကြုပ်
ရွှေပေချပ်များနှင့်အတူ တွေ့ရသော ရွှေသားဆင်းတုတော်

၁၁ ရာစုနှစ် သမိုင်းတင် ပုဂံခေတ်ဦးတွင် အနိရုဒ္ဓမင်းစော၏ လက်ထက်မှစ၍ မင်းနှင့်ပြည်သူတ ရပ်လုံး အတိုင်းမသိ အံ့ချီးဘွယ်ရာ သဒ္ဓါတရား နှင့် နက်ရှိုင်းစွာ သက်ဝင်ယုံကြည်မှု့ ကြောင့် ထေရဝါဒ ဗုဒ္ဓ ဘာသာသည် တရှိန်ထိုး တိုးတက်လာခဲ့လေသည်။ ထိုသို့ တိုးတက်လာခဲ့သည် မှန်သော်လည်း၊ ထိုခေတ် ထိုအချိန် တွင်မှ ပုဂံ ဒေသသို့ အဦးဆုံး ထေရဝါဒဗုဒ္ဓဘာသာ စတင်ရောက်ရှိလာခြင်း မဟုတ်ပေ။ ဟိန္ဒူ ဗြဟ္မဏ အယူဝါဒ၊ အခြားသောဒေသခံယုံကြည်မှုများ၊ မဟာယာနဗုဒ္ဓဘာသာနှင့်အတူ ထေရဝါဒ ဗုဒ္ဓ ဘာ သာသည် ပုဂံ ဒေသသို့ ရောက်ရှိ ကိုးကွယ်နေခဲ့ကြပြီးလေပြီ။

သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) သည် ၆ ရာစု၊ ၇ ရာစုနှစ်ခန့် တွင် အခြေတကျ ဖွံ့ဖြိုးတိုးတက် နေပြီ ဟု မှန်းဆရပေသည်။ သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) အရပ်ဒေသ သို့ ထေရဝါဒဗုဒ္ဓဘာသာ မည်သို့စတင် ရောက်ရှိလာခဲ့သနည်းဆိုသော အမေးပုစ္ဆာကို ဖြေဆိုရန် မလွယ်ကူပေ။ ကိုးကွယ်ယုံကြည်မှု၊ ဘာသာ စ ကား၊ ယဉ်ကျေးမှု၊ စာပေအနုပညာနှင့် လက်မှုပညာတို့မည်သည် ဆက်သွယ်နေသော ဒေသ တခုနှင့်တခု နည်းမျိုးစုံဖြင့် ကူးပြောင်း ရောက်ရှိ ပြန့်ပွားတတ်သော သဘောရှိပေသည်။ တနေရာနှင့် တနေရာ အပြန်အ လှန် ဖလှယ်တတ်သော သဘာဝလည်း ရှိသည်။

ထိုကဲ့သို့ပင် ပုဂံသို့ ထေရဝါဒဗုဒ္ဓဘာသာ စတင်ရောက်ရှိလာပုံနှင့်၊ အများပြောဆိုယုံကြည်နေကြ သော အနိရုဒ္ဓ၏လက်ထက်တွင် ပိဋကတ်တော်များ မည်ကဲ့သို့ ရောက်ရှိလာပုံ သမိုင်းမှတ်တမ်းများကို လေ့လာရာတွင်၊ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် နှောင်းခေတ်များတွင်မှ အသစ်ရေးထိုးထားသော ကျောက် စာ၊ ပေစာများ နှင့် ရာဇဝင် သမိုင်း မှတ်တမ်းများ ကိုသာ တွေ့ရှိရပေသည်။ ပုဂံခေတ်ထိုး ကျောက်စာ၊ မင်စာ နံရံဆေးရေးပန်းချီ စသည်များတွင်မူ အထောက်အထားတစုံတရာ မတွေ့ကြ ရသေးပေ။

မြန်မာ့ ရှေးခေတ်သမိုင်းကို ကျောက်စာများ၊ နံရံဆေးရေးပန်းချီ နှင့် မင်စာများ၊ ပေထက်အက္ခရာများ၊ လက်မှုပညာ အလုပ်အဆောင်များ၊ ခေတ်အဆက်ဆက် ပညာရှင်များ၏ သမိုင်းမှတ်တမ်းများ နှင့် ခေတ်အ ဆက်ဆက် လက်ကမ်း ပြောကြားခဲ့ကြသော ပါးစပ်ရာဇဝင် သမိုင်းများကို ကိုးကားပြီး ပြောဆိုရေးသားကြ ရပေသည်။ မှန်းဆချက်၊ အဓိပ္ပါယ် ကောက်ယူ ဖွင့်ဆိုချက်များသည် လေ့လာသူများ အနက် တဦးနှင့်တဦး တူညီမှု ရှိကောင်းမှရှိပေလိမ့်မည်။ နှောင်းတွေ့အထောက်အထား အသစ်များနှင့် သုတေသန လုပ်ရာမှ ဖေါ်ထုတ် ရရှိချက် များကြောင့် မြန်မာ့သမိုင်းကိုရေးသား ရာတွင် ပြင်ဆင် ဖြည့်စွက်မှု များ အမြဲတစေ လိုအပ်နေပေမည်။

မည်သည့်အချိန် မည်သည့်ခုနှစ်မှာ ရေးသားခဲ့ကြောင်း အထောက်အထားများ ရှာဖွေမတွေ့နိုင် သော် လည်း ဆိုညွှန်းခဲ့သည့် ထို ရွှေပေချပ် ၂ဝ တွင် သုံးစွဲသည့် (ပျူ) အက္ခရာများ၊ အတူတကွတွေ့ရသော သာ သနိကလက်မှုပစ္စည်းများ၊ ထိုဒေသမှ တွေ့ရသော စေတီများ၊ ဂူဘုရားများ၊ မြို့ရိုးများ၊ အုတ်ချပ်များ၊ မြေပုံ ဘုရားများ၊ ကျောက်ချပ်ရုပ်ကြွများ၊ အရိုးအိုးများ၊ အရိုးစု နှင့် မီးသွေးများ၊ ပုတီးစေ့များ၊ ပုံနှိပ် (ပျူ) ဒင်္ဂါး များ စသည့် အခြားခေတ်ပြိုင် ရှေးဟောင်းပစ္စည်းများ ကို ထောက်ရှုခြင်းအားဖြင့်၊ ပြည် မြို့နယ် အတွင်းရှိ ယနေ့ မှော်ဇာ ပတ်ဝန်းကျင်၊ ရှေး (ပျူ) ခေတ်အခါက သီရိခေတ္တရာ (ဂြီက္ခေတြ) ဖြစ်လိမ့်မည်ဟု မှန်းဆ ရသော ရှေး မြို့ရိုးကြီးအတွင်းက အရပ်ဒေသ တွင် ရာစုနှစ်များ ကြာရှည်စွာ (ပျူ) လူမျိုးစုများ နေထိုင် ခဲ့ကြသည်။

ထို (ပျူ) လူမျိုးစုများသည် ၆ ရာစုနှစ် မှ ၇ ရာစုနှစ် အတွင်း ကတည်းကပင် သမိုင်းတင် ၁၁ ရာစု နှစ် အနိရုဒ္ဓမင်းစော၏ လက်ထက် ပုဂံခေတ်ဦး အချိန်ထက် ပိုမို စောစီးစွာ ရှေး (ပျူ) အက္ခရာဖြင့် ရေးသား မှတ် တမ်းတင်ထားသော ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ကို ယုံကြည် ကျင့်ကြံ အားထုတ်နေကြပြီ ဖြစ် ကြောင်း သက် သေ ပြလျက်ရှိပေသည်။
.
ကိုးကား
(၁) ဗုဒ္ဓဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် ပါဠိတော် နှင့် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ (မိုးကုတ်ဆရာတော်ဘုရားကြီး)
(၂) ပျူဖတ်စာ [သီရိပျံချီ ဦးသာမြတ် MA (Rgn.), Bag (Bom)
(၃) ပျူတွေဘယ်ပျောက်သွားသလဲ (ဒေါက်တာ သန်းထွန်း)
(၄) တကောင်းမှ အသစ်တွေ့ရှိမှု ပျူအထောက်အထားများ (ချစ်စံဝင်း)
(၅) အနော်ရထာအရင်က မြန်မာနိုင်ငံ (ဗိုလ်မှုးဘရှင်)
(၆) ပုဂံမပျက်မီက မြန်မာ့သမိုင်း (ဒေါက်တာထင်အောင်)၊ အောင်သန်း(မန္တလေး) မြန်မာပြန်သည်။
(၇) Historical Sites In Burma (Aung Thaw)

·
 

ပေါက္ကံ/ အရိမဒ္ဒနာ/ သီရိပစ္စယ/ တမ္ဗ၀တီ/ ပုဏ္ဏဂါမ (သို့မဟုတ်) ပုဂံ

(၃) ပေါက္ကံ/ အရိမဒ္ဒနာ/ သီရိပစ္စယ/ တမ္ဗ၀တီ/ ပုဏ္ဏဂါမ (သို့မဟုတ်) ပုဂံ
အနော်ရထာမင်းကြီးသည် သထုံပြည်က အရိယာသံဃာတော် (၁၀၀၀)တစ်ထောင်ကိုလည်း ပင့်ဆောင်၍လာသဖြင့် ပိဋကတ်ကို သင်ကြားပို့ချတော်မူသော အရိယာသံဃာတော်တစ်ထောင် ဖြစ်လေသည်။
ထိုအခါ အရိမဒ္ဒနာမည်သော ပြည်သည် အနော်ရထာမင်း၏ အာနုဘော်ကြောင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာသုံးပါးဖြင့် အလွန်စည်ကားပြည့်စုံသည်၏ အဖြစ်ကြောင့် “ပုဏ္ဏဂါမ”ဟူသောအမည် ဖြစ်လေသည်။ ထိုစကားကို ထင်ရှားစေဦးအံ့။
-ပုဂံပြည်ကို အစတည်ထောင် ဖန်ဆင်းအပ်သော သမုတိမင်းကြီးသည် “ပေါက္ကံပြည်”ဟု အမည်နာမသမုတ်လေသည်။
-ထို့နောက် ပြူစောထီးမင်းလက်ထက် ငှက်ကြီး၊ ၀က်ကြီးစသော ရန်သူကို နှိမ်နင်းဖျက်ဆီးရသောကြောင့် “အရိမဒ္ဒနာ”ဟု တွင်ပြန်လေသည်။
-ထို့နောက် သေဉ်လည်ကြောင်ကြီးမင်းလက်ထက်မှ နေရာလည်းပြောင်း၍ “သီရိပစ္စယ”ဟု အမည်သမုတ်ပြန်သည်။
-ထို့နောက် သာရမွန်ဖျားမင်းလက်ထက်မှာ နေရာလည်းပြောင်း၍ ”တမ္ဗ၀တီ”ဟု သမုတ်ပြန်သည်။
-အနော်ရထာမင်းလက်ထက်၌ ရတနာသုံးပါးတို့နှင့်ပြည့်စုံသောကြောင့် ”ပုဏ္ဏဂါမ”ဟု တွင်ပြန်လေသည်။
-နောက်ကာလ၌ ဏ္ဏ အက္ခရာတို့လည်း ကြေ၍ မ-အက္ခရာလည်း နိဂ္ဂဟိတ်ဖြစ်၍ ”ပုဂံ”ဟု ယခုတိုင် တွင်လေသည်။
၎င်းပြင် ပုဂံဟု ခေါ်ဝေါ်ရေးသားခြင်းအကြောင်း ကျောက်စာ,သမိုင်း,ရာဇ၀င်,မင်းဆက်လင်္ကာ များတွင် တွေ့ရှိရသေးသည်ကား၊ ပုဂံပြည်ကို အစတည်ထောင်ဖန်ဆင်း၍ စံနေသော သမုတိရာဇ်မင်းသည်(ပြူ)ပျူလူမျိုးဖြစ်၍ မိမိအစတည်ထောင်သော နေရာကို ပျူလူမျိုးတို့၏ အမျိုး အရိုး တန်ခိုး ထင်ရှားစေရန် ”ပျူဂါမ”ဟု အစသမုတ်အမည်ပေးသည်ဟူ၏၊ “ပျူဂါမ”မှ “ပူဂါမ”ဖြစ်၏။ “ပူဂါမ”မှ “ပုဂါမ”ဖြစ်၏။ ဤသို့လျှင် အဆင့်ဆင့် “ယပင့်”ပျောက်၊ ဒီဃပျောက်၍ ရဿရောက်ပြီးလျှင် “ပုဂါမ” “ပုဂံ”ဖြစ်ကြောင်း သိရှိရ၏။ ။ ယုတ္တိရှိတန်၏။ ပျူလူမျိုးအစတည်သော ရွာဟု ဆိုလိုသည်။
သရေခေတ္တရာမင်းဆက်လင်္ကာတွင် -
“သရေခေတ္တရာ၊ ပျက်ပြီးခါလျှင်
ပုဂါရာမ၊ နဂရ၀ယ်
သမ္မတရာဇ်၊ ပြည်သစ်စံငြား။” ဟူ၍လည်းကောင်း၊
ရာဇ၀င်ချုပ်လင်္ကာတွင် -
“ခြောက်ဆယ်သာသနာ၊ ပြည့်သောခါလျှင်
မဟာသမ္ဘ၀၊ ပျူဂါမတွင်
ခြောက်နှစ်ရွှင်မှ၊ ”ဟူ၍လည်းကောင်း အဆိုရှိ၏။ ထို့ကြောင့် “ပုဂံ”ဟူသော အမည်တွင်ခြင်းသည် လက်ဦးတည်စ သမုတိရာဇ်မင်းက စ၍ ဖြစ်လာသည်ဟု မှတ်ဖွယ်ရာရှိသေး၏။
၎င်းပြင် မဇ္ဈိမဒေသမှ ၀ိဋဋူပဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဘိန္နကရာဇ်မင်းကြီး အစတည်သောနေရာကိုလည်း “ပုဂံ”ဟု သမုတ်သည်ဟူ၏။
မဟာသမ္ဘ၀ အစတည်သောနေရာကိုလည်း “ပုဂါမ”ဟု သမုတ်သည်ဟူ၏။
ဘိန္နကရာဇ်မင်းကြီး လက်ဦးတည်ထောင်သောပြည်ကို ယခုအခါ “အညာပုဂံ”ခေါ်သည်ဟု မှန်နန်းရာဇ၀င်နှင့် ပလိပ်စား ဧချင်းတွင်ဆို၏။ ထို့ပြင် အတွင်းဝန်မိုင်ခိုင်းမြို့စားမင်း ရေးသားသော ရာဇ၀င်ချုပ်များမှာ ဆိုသည်။
ဤသို့လျှင် အရိမဒ္ဒနာမည်သော ပုဂံပြည်၌ အနော်ရထာမင်းသည် သာသနာကို တည်စေပြီးနောက် လေးယောက်သော စစ်သူကြီးတို့ကို သီဟိုဠ်သို့ စေလွှတ်ပြန်၍ ပိဋကတ်သုံးပုံကို ယူဆောင်စေပြီးလျှင် သီဟိုဠ်ကယူဆောင်လာသော ပိဋကတ်နှင့် သထုံကယူဆောင်လာသော ပိဋကတ်ကို ရှင်အရဟံ တိုက်ဆိုင်၍ကြည့်ရှုရာ မကွဲမပြားတစ်သားတည်း တူညီလေသည်။
သထုံကယူဆောင်လာသော ပိဋကတ်လည်း ရှင်ဗုဒ္ဓဃောသမထေရ် သီဟိုဠ်မှ ယူဆောင်လာသော ပိဋကတ်ဖြစ်၍ တူညီလေသည်။
အနော်ရထာမင်းစောသည် သာသနာတော်၏ အညစ်အကြေး ဘေးရန်ဆူးငြောင့်များကို သုတ်သင်ရှင်းလင်း၍ သာသနာတော်ကို ရှင်အရဟံမထေရ်မြတ်နှင့်တကွ ကြည့်ရှုစောင်မ၍ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပြီးလျှင် နန်းစည်းစိမ် (၃၃)သုံးဆယ့်သုံးနှစ်တွင် နတ်ရွာစံတော်မူသည်။ ပိဋကတ်သမိုင်းတွင် စည်းစိမ် (၄၀)လေးဆယ်ဟု ဆို၏။
သာသနာသက္ကရာဇ် (၁၅၇၀)တစ်ထောင့်ငါးရာခုနှစ်ဆယ်၊ ကောဇာသက္ကရာဇ် (၃၈၈)သုံးရာရှစ်ဆယ့်ရှစ်ခုနှစ်၊ အနော်ရထာမင်း နန်းစံ(၉)ကိုးနှစ်၊ ရှင်အရဟံရောက်သည်ကစ၍ အရိမဒ္ဒနာမည်သော ပုဂံပြည်၌ သာသနာအဆက်ဆက်ပြန့်ပွားလာပြီးလျှင် အရိယာပုဂ္ဂိုလ်တို့ဖြင့် လည်းကောင်း၊ ကျမ်းဂန်တတ်ပုဂ္ဂိုလ်တို့ဖြင့်လည်းကောင်း၊ စေတီ-ပုထိုးစသော သာသနာ့အဆောက်အဦတို့ဖြင့်လည်းကောင်း ဘုရားရှင်သာသနာတော်သည် ကောင်းကင်အလယ်ချက်၌ တက်၍ထွန်းလင်းသော လပြည့်ဝန်းကြီးကဲ့သို့ ထွန်းလင်းတောက်ပ၍ ယနေ့ထက်တိုင်အောင် မြန်မာနိုင်ငံအားလုံးသို့ ပျံ့နှံ့၍ သာသနာတော်တည်ဆဲ ဖြစ်လေသည်။

Tuesday, February 24, 2015

အရည်းကြီးရွာသို့ အလည်ရောက်ခဲ့စဉ် ခဏဝယ်




ဦးကြီးတို့ ဆရာကြီး ဒေါက်တာသန်းထွန်း အနေနဲ့ အဲဒီကိစ္စကို ဘယ်လိုများ မြင် သလဲလို့ မွှေနှောက်ရှာကြည့်တော့..

''သန်းထွန်းရှစ်ဆယ်ပြည့် '' ဆိုတဲ့ စာအုပ် စာမျက်နှာ ၂၉၄ မှာ သူ့တပည့်တစ်ယောက်က ပြန်ရေးတဲ့ ''ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ (သန်းထွန်း) အကြောင်း '' ဆိုတဲ့ ဆောင်းပါးမှာ -

''အရည်းကြီး ဂိုဏ်းနဲ့ ပတ်သက်လို့ဆရာ့(ဒေါက်တာသန်းထွန်း) ပြင်ဆင်ချက်က အစဉ်အလာ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်သွားတယ်။ဆရာ့ပြင်ဆင်ချက်က

-၁) အရည်းကြီးဂိုဏ်းဟာ လူအများ ပြောသလောက်မဆိုး၊ အရည၀ါသီတွေဖြစ်တယ်။

၂) အရည်းကြီးကို ဘယ်ပုဂံမင်းကမှ မနှိပ်ကွပ်။

၃) ''ပန်းဦးလွှတ်'' တယ်ဆိုတဲ့ စကား ကျောက်စာမှာ မတွေ့ (the right of first wedding-night ဆိုတာ အလယ်ခေတ် ဥရောပတချို့နိုင်ငံတွေမှာတော့ ရှိတယ်။ )

၎) ပုဂံခေတ်နောက်ပိုင်းနဲ့ ပုဂံပျက်တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ (အရည်းကြီးတွေဟာ) ခေါင်းဆောင် တွေဖြစ်တယ်။

၅) ဓမ္မစေတီခေါ် ရာမာဓိပတိလက်ထက် အေဒီ ၁၄၈၈ မှာ ရှင်ဘုရင်က အာဏာစက်နဲ့ အားပေးလို့ သီဟိုဠ်ပြန် ဘုန်းကြီး တွေ အနိုင်ရပြီး အရည်းကြီးတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောကြတာ ဖြစ်တယ်။

၆) ဒါကြောင့် ၁၆ ရာစုနှစ်မှာ ရေးတဲ့ ရာဇ၀င်တွေမှာ မလိုလား တဲ့ အရည်းကြီးတွေကို အင်မတန်အဆိုးဖြစ်အောင် ရေးကြတာ ဖြစ်တယ်။

၇) အရည်းကြီးတွေကို အပြစ်ပြောမယ်ဆိုရင် ပြောစရာ တစ် ချက်ပဲရှိတယ်။ စိုက်ပျိုးဖို့ မြေယာတွေ ၀ယ်ယူပြီးရင် 'သေသားစားသောက်ပွဲ' ကျင်းပတာပဲ။ တခြား အပြစ်ပြောစရာ ဘာမှ မတွေ့ရ။

လို့ ရေးထားတာကို လေ့လာတွေ့ရှိရပါတယ်..။

အရည်းကြီးအကြောင်းကို ဒေါက်တာသန်းထွန်းက အကိုး အကားအထောက်အထား အားကိုးနဲ့ အဲသလို ကောက်ချက်ချ ပါတယ်..။

အရည်းကြီး တွေရဲ့ သဘောတရားရေးရာနဲ့ ပါတ်သက်ပြီး ဒေါက်တာ သန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇ၀င်စာအုပ် စာမျက်နှာ - ၃၀၃ မှာ အခုလို တစွန်းတစ တွေ့ရှိရပြန်ပါတယ်..။

'' တောကျောင်းရဟန်းတို့ကို အထူးကျေးဇူးတင်ထိုက်သော အချက်တစ်ခု ရှိသေး၏။ မြန်မာတို့ မူလနေရာကို ခရိုန်၊ ထိုမှ ချဲ့ထွင်နေထိုင်ရာကို တိုက်ဟုရှိရာ ပုဂံပျက်လျှင် တိုက် အရပ်များ ၌ မြေယာများစွာသည် ထွန်ယက်စိုက်ပျိုးရန် လူမရှိခြင်း၊ လူရှိ ပြန်လည်း လုံခြုံမှု မရှိခြင်းတို့ကြောင့် တောအတိပြန်၍ ဖြစ်ရ သည်။ တိုင်းပြည် မည်သို့အခြေအနေရှိမည်ကို အေဒီ ၁၃၇၅ ခုနှစ်ထိုး ကျောက်စာ၏ အောက်ပါ ကောက်နှုတ်ချက်ဖြင့် သိသာပါသည်။

''----- ကျောက်စာ -----

''တစ်ခါမျှ စိုက်ပျိုးခြင်းမပြုဖူးသော တောမြေ သို့မဟုတ် မြေစိမ်း နှင့်တကွ စိုက်ပျိုးဖူးလျက် တောပြန်ဖြစ်သော တောမြေတို့ကို ယခုတောကျောင်း ရဟန်းတို့က သက်ဆိုင်ရာအာဏာပိုင် တို့ထံ တွင် ငွေ၊ အစား၊အသောက်၊ အ၀တ်ပေး၍ယူ ပြန်၍ ထွန်ယက် နိုင်အောင် ကြံစည်အားထုတ်ပေးခဲ့ကြ၏။ ဤအချက်ကား ပြည်ရွာ ငြိမ်းချမ်း၍ အစာရေစာပေါများလျက် စီးပွားရေး ကုံလုံ အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် ယင်းတို့သည် အထူးကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ထိုခေတ် အစိုးရ၀ါဒနှင့်လည်း ကိုက်ညီသည်။

ထင်ရှားသော သာဓကတစ်ခုကား -

((-------- ကျောက်စာ ---------- ))

''ဤကျောက်စာအတိုင်းဆိုလျှင် တောကျောင်း သံဃာတို့၏ ခေါင်းဆောင်တစ်ဦး၏ လုံ့လဖြင့် ဧက ၅၀၀၀ ကျော်ခန့်ရှိသော မြေသည် စိုက်ပျိုး၍ရသော မြေဖြစ်လာသည့်အပြင် ထိုအခါက အုပ်ချုပ်ဆဲဖြစ်သော ဘုရင် (မိုဝ်ညင်သတိုဝ် ၁၄၂၆-၃၉) ကိုယ်တော်တိုင်လည်း တောမြေကို ထွင်ရာ၌ ပါဝင်ဆောင် ရွက် ခြင်းကို မှတ်သား ဂရုပြုဖွယ် တစ်ရပ်ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်မျိုး၏ ကြိုးစားချက်နှင့် ကောက်ပဲစိုက်ရန် ဘုရင်၏အားပေးခြင်း တို့ ကြောင့် ၁၅ ရာစု မြန်မာနိုင်ငံသည် ပြန်လည်နေသားတကျရှိ၍ စည်ကားရသည် ဆိုလျှင် တစ်နည်းအားဖြင့် မှန်ကန်နိုင်စရာ အကြောင်းရှိပါသည်။ ''

ခေတ်ဟောင်းမြန်မာရာဇ၀င် စာမျက်နှာ ၂၈၉ မှာလဲ အခုလို လေး တွေ့ရပြန်ပါတယ်..။

တစီးရှင် သီဟသူ လက်ထက်၌ ပင်းယမြို့တွင် သီလ၀န်ဂုဏ၀န် လဇ္ဇီပေသလ ရဟန်းသံဃာများစွာမရှိ- ပုဂံအရည်းကြီးတို့က ကြွင်းကျန်သော ရှင်ယောင် အရည်းကြီးတို့သာ များပြားစွာသတည်း ။''-ဟူသော အရေးအသားတွင် ပုဂံခေတ် ဦး အရည်းကြီးကို နှိမ်နင်း၍ ကြွင်းကျန်သမျှတို့သည် ပုဂံပျက် သည့်အခါတွင်မှ တစ်ဖန် အထင်အရှား နေပြန်သည်ဟူသော သဘောကို ဆောင်သောကြောင့် ထိုအရေးသားချက် တို့ကိုလေ့လာကြည့်ပါက ရှေ့နောက်လဲမညီ ရေးချင်သလို ရေး နေသော သူသာ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပါသည်

ထိုသို့သော ဦးကြီးတို့၏ ဆရာကြီး သမိုင်း သုတေသီတဦး၏ သမိုင်း မှတ်ချက်များအား ဦးကြီး နှင့် စာဖတ်သူများကိုယ်တိုင် တွေးဆ ကြည့်ကြပါ ခင်ဗျ ထိုအဆိုအရလဲ ပုဂံမှာ အရည်းကြီး ရှိတယ် ဆိုတာ ပေါ်လွင်ပါတယ်နော် ဦးကြီး

ယခုအခါ ရှာဖွေတွေ့ရှိထားသော အထောက်အထားများအရ အရည်းဆိုသူတို့ ပုဂံခေတ်၌ မရှိဟု ဆိုကြလေသည်

အထက်ပုဂ္ဂိုလ်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဇာ၊ မယိ ဒ္ဓိ၊ ဥုံဖွဂါထာ၊ မန္တရား၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မှော်၊ စုန်း၊ ကဝေ၊ ပယောဂ၊ ဗေဒင်၊ အဂ္ဂိရတ်၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်၊ နတ်ပူဇော်မှုများ ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ထိုအယူဝါဒများကို တိရ စ္ဆာန၀ိဇ္ဇာ (တိရ စ္ဆာန်တို့၏ အတတ်) ဟု ဗြဟ္မဇာလ သုတ်၊ သာမညဖလသုတ် စသည်တို့၌ဟောကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။

ထိုအယူဝါဒများသည် မဟာယာနမှတဆင့် မြန်မာနိုင်ငံအတွင်း သို့ ၀င်ရောက်လာခြင်း ဖြစ်၏။ ယခုမှ ၀င်ရောက်လာသည် တော့မဟုတ်။သရေခေတ္တရာခေတ်(အေဒီ-၄ရာစု)ကပင်မဟာယာနရောက်ရှိနေသည်ဟု ယူဆရသော အထောက်အထားများ ရှိနေပါသည်။

သရေခေတ္တရာမြို့ဟောင်းမှ တွေ့ရှိရသော ဗောဓိသတ္တရုပ်ကြွ ကျောက်ဆစ်လက်ရာ၊ ဘောဘောကြီး စေတီ၌တွေ့ရသော အ၀လောကိတေသွာရ ကြေးရုပ်တု၊ ဘုရားကြီးစေတီအနီးမှ တွေ့ရှိရသော အရိမေတ္တေယျ-ဘုရားလောင်းကြေးဆင်းတု၊ အ၀လောကိတေသွာရ ဘုရား လောင်း၏ ကြင်ယာတော်တာရာ ဒေ၀ီ၊ အရှေ့ဈေးဂူ အတွင်းမှ တွေ့ရှိရသော ကျောက်ချပ်တွင် မြတ်စွာဘုရားကို ၀ဲယာရံလျက် မကိုဋ်ဆောင်း ဗောဓိသတ္တ နှစ်ပါးပုံ၊ လေးမျက်နှာစေတီ တောင်ဘက်မုခ်ဗဟိုအူတိုင်နံရံတွင် ရုပ်ကြွဖော်ထားသော ကျောက်ပြားပေါ်၌ အရိမေတ္တေယျဘုရား လောင်းပုံနှင့် အ၀လောကိတေသွာရ ဘုရားလောင်းပုံများ ဖြစ် သည်။

ဖော်ပြပါအချက်အလက်များကို ထောက်ဆ၍ သရေခေတ္တရာ ခေတ်ကပင် မဟာယာနရောနှော နေကြောင်းသိရပါသည်။

ပုဂံ ခေတ်၌ကား သမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသနအထောက် အထားများအရ မဟာယာနတစ်ဖြစ်လဲ တန္တရ၀ါဒ ထွန်းကားခဲ့ ကြောင်းကို ပုဂံပေါ်တော်မူဘုရားရှိပန်းချီဆေးရေး၊ လောကနာ ထာသနပုံတော်များ၊ အပယ်ရတနာ လိုဏ်ဂူရှိ နံရံဆေးရေး ပန်းချီများ၊ ဗောဓိသတ္တပုံပါသည့် အုတ်ခွက်ဘုရားများက သက်သေခံ လျက်ရှိပါသည်။

ထို့ပြင် ပုဂံခေတ်ဦးပိုင်း အရည်းကြီးတို့၏ အလေ့အကျင့်များကို ထောက်ဆ၍လည်း သိနိုင်ပါသည်။ အရည်းကြီးတို့၏ အလေ့ အကျင့်များမှာ ပန်းဦးအလှူခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊ သေရည်သေရက်သောက်ခြင်း၊ အဂ္ဂိရတ် ထိုးခြင်း၊ အင်းချခြင်း၊ မန္တန်စုတ်ခြင်း၊ယတြာစီရင်ခြင်း၊ စုန်းကဝေ အတတ် တို့ကိုလေ့လာခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ နတ်ပူဇော်ပသခြင်း၊ ၀ိဇ္ဇာမယိဒ္ဓိ အတတ်တို့ကိုလိုက်စားခြင်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်တို့ကို ယုံကြည်လိုက်နာခြင်းတို့ ဖြစ်သည်။

ဒီလောက်ဆို ရှိကြောင်း ထင်ရှားပါပြီနော် သမိုင်းဆရာအားလုံး တညီတညွတ်တည်း ဆိုတယ်လို့ ဦးကြီး ပြောတဲ့ အတိုင်းဆို ဒေါက်တာ သန်းထွန်း မပါတာ စိတ်မကောင်းစရာပါပဲ ဦးကြီး ရယ် တကယ် ဆို သူလဲ ပါသင့်တယ် ရောမိရောရာ ငါလဲပါ ဆိုသလိုလေ သုက ဘာလို့ ဖဲ့ထွက်သွားရတာလဲ ဦးကြီး
သူလိုလူက ဖောက်တယ် ဆိုတော့ သမိုင်း လိမ်ချင်တိုင်း လိမ် မရတော့တာ သမိုင်းပညာရှင်များ တော်တော် စိတ်ညစ်ကြမှာပါ
ကိုယ်ချင်းစာမိပါတယ်ဗျာ ကျွန်တော် ပြောတာ မဟုတ်ဘူး နော်
ရှိတယ် ပြောတာဦးကြီးတို့ ဆရာကြီး ဦးသန်းထွန်း ပြောတာ

ကျန်တဲ့စစ်တိုက်တာ မတိုက်တာ ပန်းခူးတာ ကောက်တာ တွေ မပြောလိုပါ အဆိုပြုချက်တွင် ထိုအကြောင်းများ မပါဟု ပြောပြီး သားဖြစ်ပေသည် နောက် မဟာကဿပ ဂိုဏ်းနဲ့စပ်ပြီး ဆိုထားတာတွေ ထည့်မရေးလိုပါပြီ ခင်ဗျ

ပျော်ပါစေ ဦးကြီးခင်ဗျ
နောင်တော်ပျူဂါမ ကြီး ပိဋကတ်သုံးတွင် ဘယ်နားရှိသည်ကို ယူပြပေးဖို့ ထပ်ဆင့် တောင်းဆို ဆန္ဒပြုလိုက်ပါသည်

အောက်ကဟာက အခြားစာဖတ်သူများ အတွက်ပါ ဦးကြီး အနေနဲ့ကတော့ ဒီနေရာလောက်ဖတ်ရင်ပဲ လုံလောက်ပါ့ပြီ လို့ သတင်းကောင်းပါးရင်း အမျှ အမျှ ရေစက်ချလိုက်ပါကြောင်း

******************************************

ထိုအရည်းကြီးတို့၏ ၀တ်စားဆင်ယင်ပုံကို စလေဦးပုညက

“ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာလက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မည်းညစ်သည့်စီဝရံနှင့် တာတေလံ အကျင့်ဆိုးသောရှင်ဆိုးတကာ့ထိပ်ခေါင်ရှင်ယောင်တို့ရဲ့ထိပ်သီး၊ရှင်မထီး” ဟူ၍သရုပ်ဖော်ခဲ့ပါသည်။

အနော်ရထာမင်းသည်ရှင်အရဟံ(ဓမ္မဒဿီ) မထေရ်မြတ် နှင့် တွေ့၍ ထေရ၀ါဒဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်ပြီးနောက် ထိုအရည်းကြီးတို့အား နှိမ်နင်းခဲ့ပါသည်။ ငယ်ရွယ်သော အရည်း ကြီးတို့ကိုလူဝတ်လဲစေပြီး ဆင်ထိန်း၊ မြင်းထိန်းပြုလုပ် စေသည်။ အသက်အရွယ်ကြီးကုန်သော အရည်းကြီးတို့ကိုမူ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။

အရည်းကြီးအချို့သည်ရှမ်းပြည်နယ်ဘက်သို့ထွက်ပြေးကြကုန်၏တချို့မှာပုပ္ပားတောင်ခြေတစ်ဝိုက်၌ လည်းကောင်း၊ ပုဂံအနီး သမထီးရွာ၌လည်းကောင်း ခိုအောင်းနေကြပါသည်။

ဤသို့နှိမ်နင်းခဲ့ပါသော်လည်း အရည်းကြီးတို့သည် လုံးလုံး လျားလျား ပျောက်ကွယ်မသွား။ ခေတ္တတိမ် -ငုပ်သွားခြင်း မျိုးသာ ဖြစ်လေသည်။ ကျန်စစ်မင်းကြီးသည် ငရမန်ကန်းရန်ကို ခုခံကာကွယ်ရာ၌ ပုပ္ပားအရပ်၊ သမထီးအရပ်မှ အရည်းကြီးများ ကိုပြန်လည်ခေါ်ယူ၍ အကူအညီတောင်းရခြင်းက သက်သေ ပြနေပါသည်။

ထိုအရည်းကြီး အဆက်အနွယ်တို့သည် ပုဂံမင်းဆက် နရပတိစည်သူမင်းလက်ထက် နောက်ပိုင်းတွင် ပြန်လည် အင်အားကောင်းလာပါသည်။ တောကျောင်းဂိုဏ်းဟုပင် ဂိုဏ်းသီးခြား ခွဲထောင်ကြကုန်၏။

တောကျောင်းဂိုဏ်းသားတို့သည် နေ့ညမဟူအမဲသား၊ ငါးစား ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ အိန္ဒိယ တန္တရ၀ါဒီတို့၏ လုပ်ရပ်တချို့ဖြစ်သောနတ်ဘုရား၊ နတ်ဘုရားမ(သူရဿတီ) ပူဇော်ခြင်း၊ မန္တန်ရွတ်ခြင်း၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့စီရင်ခြင်း စသည့်ဂန္ဓာရီကျင့်စဉ်များကို အကောင် အထည်ဖော်ခဲ့ကြသည်။

ဂိုဏ်းသားတို့၏ ၀တ်စားဆင်ယင်ပုံမှာတမုတ်ဆိုး၊ တိန်းညက် ဆိုး၊ ပေါက်ပွင့်ဆိုး၊ နနွင်းဆိုးတို့ကိုဝတ် ဆင်ကြသည်။ ခြေနင်းဦး လန်စီးသည်။ ဖော့နားတောင်းတပ်သည်၊ နားပန်းဆံထားသည်။ ဦးထုပ်ဖျား၌မြွေစိမ်း ခေါင်း၊ မိုးကြိုးသွား၊ စွန်းမြီး၊ လင်းနို့တောင်၊ ဆွမ်းကော်ယောက်မတို့ကိုတပ်ဆင်ကြသည်။ ဦးထုပ်ဒေါက်ချာ များ ကိုဆောင်းကြသည်။

ဂိုဏ်းတည်ထောင်သူမှာ ရှင်ကဿပဖြစ်သည်။ ရှင်ကဿပ သည် အနိမ့်တောကျောင်းမှနေ၍ အရည်းကြီး ၀ါဒများကို ပြန့်ပွားအောင် ပြန်လည်တည်ထောင်သူ ဖြစ်သည်။

ရှင်ကဿပ မရှိသည့်နောက်၌လည်း တပည့်များက ဆက်လက် ဆောင်ရွက်ကြသောကြောင့် ပုဂံခေတ် ကုန်ခါနီးတွင် တော ကျောင်းဂိုဏ်း အထွတ်အထိပ်သို့ရောက်ခဲ့သည်။

ပင်းယခေတ် သက္ကရာဇ်၇၀၂-ခုနှစ်၊ ဥဇနာမင်းလက်ထက်တွင်
ထို ဂိုဏ်းမှ ရဟန်းတော်အချို့ သည် တောကျောင်း ဂိုဏ်းကို အတုလိုက်၍လောကီအတတ်ပညာများဖြစ်သောဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ ဆင်စီး၊ စစ်ဆင်မှု၊ စက်သွင်းလှဲထိုး စသည် များ သင်းကြားပေးကြကုန်၏။

ထို ကျောင်းသို့ ကလေးလူကြီး များစွာဝင်ထွက်သွား လာကြသည် ဖြစ်ရာပွဲတမျှစည်ကား သည်ကိုရည်ရွယ်၍ “ပွဲကျောင်း” ဟုခေါ်ဆိုကြသည်။ ထို့နောက်ကျောင်းများ၊ သံဃာ များ တိုးတက်များပြား လာသောအခါ ပွဲကျောင်းဂိုဏ်း ဟု ခေါ်တွင် ထင်ရှားလာပေသည်။

ပွဲကျောင်းဂိုဏ်း
စည်ပင်တိုးတက်လာသောအခါတောကျောင်းဂိုဏ်းမှာပွဲကျောင်းဂိုဏ်းအတွင်းသို့ရော နှောပေါင်းစပ်သွားပြီး (၁၅)ရာစုခန့်တွင် ပျောက်ကွယ်သွားလေသည်။

ပွဲကျောင်းဂိုဏ်းသည် ညောင်ရမ်းခေတ်အထိ တိုးတက်စည်ပင် လာခဲ့ သည်။ ညောင်ရမ်း ခေတ်နှောင်း ပိုင်း၌မူ အားနည်းသွား သည်ကို တွေ့ရသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်၌ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။

ဘိုးတော်ဘုရားသည် ထိုပွဲကျောင်းဂိုဏ်းက သင်ပေးသော ပညာဖြင့် နိုင်ငံတော်ကို ပုန်ကန်သည်ဟု အကြောင်းပြ၍ ဖျက်သိမ်းခြင်းဖြစ်သည်။ သို့သော်ပြည်သူနှင့် ရဟန်းသံဃာ တချို့မကျေနပ်မှုများ ပေါ်ပေါက်လာ သဖြင့်ပြန်လည်ဖွင့်လှစ် ရန်ခွင့်ပြုရသည်။ ပွဲကျောင်း အများအပြား ပျက်စီးကုန်ပြီဖြစ် ရကား အချို့လောက်သာ ဖွင့်လှစ်နိုင်တော့သည်။

ထိုပွဲကျောင်းများ ပြန်လည်စည်ကားစပြုချိန်မှာ မင်းတုန်းမင်းနန်း တက်ချိန်ဖြစ်သည်။ သက္ကရာဇ်၁၂၁၇- ခုနှစ်တွင် မင်းတုန်းမင်း သည်ပွဲကျောင်းများကိုလုံးဝဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် ပွဲကျောင်းများ ပျောက်ကွယ် သွားခြင်း ဖြစ်သည်။

သို့သော် ခေတ်အဆက်ဆက်ဆက်ဆံလာခဲ့ကြသော အရည်း ကြီးတို့၏ လုပ်ငန်းစဉ်များကား ကွယ်ပျောက်သွားခြင်း မရှိပါ။ သမိုင်း အထောက်အထားများနှင့် ထွက်ရပ်ပေါက်ဆိုသူတို့၏ ဘ၀ဖြစ်စဉ်များက သက်သေခံလျက်ရှိပါသည်။

မျက်မှောက်ခေတ်တွင် ဘိုးတော်စစ်ဆင်ရေးတစ်ရပ်ပြုလုပ်၍ နှိမ်နင်းခဲ့ဖူးပါသည်။ သို့သော် ပျောက်ကွယ် သွားခြင်း မရှိပါ။ လူအချို့သည်ဂိုဏ်းအမည်အမျိုးမျိုးဖြင့် အရည်းကြီးဝါဒ ကျားသေကို အသက်သွင်းလျက်သာ ရှိနေကြပါသေးသည်။

အဘယ့်ကြောင့် အရည်းကြီးဝါဒဟု ဆိုရပါသနည်းဟူမူ ထိုဂိုဏ်းအသီးသီးတို့၏ အထွတ်အမြတ်ထား ကြသော အရှင်အဇ္ဇဂေါဏ၊ရှင်မထီး၊ ဗားမဲ့၊ ဗားတမော့၊ ငရနဲဆရာတော် တို့ မှာထေရ၀ါဒအနွယ်ဝင်များမဟုတ် ကြပါ။ အရည်းကြီး အဆက်အနွယ်များသာ ဖြစ်သောကြောင့်ပါတည်း။

ထိုအရည်းကြီးဝါဒတို့သည် မဟာယာနမှဆင်းသက်လာကြောင်း ကိုလည်း အထက်တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ထိုသို့ ကြိုးပမ်းအားထုတ်ပါရန်လည်း ဒုတိယသင်္ဂါယနာတင်စဉ် အခါက အရှင်ယသမထေရ်မြတ်ကြီး သည် အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။

“ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် ရန်စွယ်၊ရန်ဘေး ကြုံတွေ့ရသည်ရှိသော် မိမိကိုယ်ရေးကိုယ်တာ ကိစ္စများကို စွန့်ပစ်၍ အန္တရာယ်များ မငြိမ်းမချင်း အစွမ်းကုန်ကြိုး ပမ်းကြရ မည်” ဟု မိန့်တော်မူခဲ့ပါသည်။

သမိုင်းစကားနှင့် ပြောရလျှင် အဲဒီပွဲကျောင်းဘုန်းကြီးဆို တာ ဒုတိယသင်္ဂါယနာတင်စဉ်က ဂိုဏ်းကွဲသွားပြီး ကောသမ္ဘီပြည့်မှာ သင်္ဂါယနာအပြိုင်တင်ကြတဲ့ မဟာသံဃိကဂိုဏ်သား တွေဖြစ် တယ်၊ အဲဒီ မဟာသံဃိကဂိုဏ်းကို မဟာယာနဂိုဏ်းလို့လည်း ခေါ်တယ်၊ မြောက်ဂိုဏ်းလို့လည်းခေါ်ပါတယ်။

ယခု မြန်မာ၊ ထိုင်း၊ သီဟိုဠ်မှာတည်ရှိတဲ့ဂိုဏ်းကိုတော့ ထေရဝါဒဂိုဏ်းလို့လည်းခေါ်တယ်၊ တောင်ဂိုဏ်းလို့လည်း ခေါ်တယ်၊ တောင်ဂိုဏ်းနှင့် မြောက်ဂိုဏ်းတို့ဟာဘုရားရှင်ရဲ့ သာသနာတော်က ခွဲထွက်တဲ့ ဂိုဏ်းတွေချည်းပဲ၊ ဒါကြောင့် မဟာယာနဂိုဏ်းဟာ မိစ္ဆာဒိဋ္ဌိဂိုဏ်း မဟုတ်ပါဘူး၊

“မြန်မာနိုင်ငံတော်မှာ အနော်ရထာမင်းလက်ထက်စပြီး ထေရဝါဒသာသနာရောက်ရှိခဲ့တယ်၊ ပွဲကျောင်းဂိုဏ်းကွယ် သွားသော်လည်း အလေ့အလာက ကျန်ရစ်တယ်၊ ပွဲကျောင်း ဂိုဏ်းဟာ ထုလုပ်ကိုးကွယ်တဲ့ ရုပ်ပွားတော်ဟာ အဝလောကိတေသရ ရုပ်ပွားတော်ဖြစ်တယ်၊ အဝလောကိတသရ ရုပ်ပွားတော်ဟာ ဂေါတမဘုရားရှင်ရဲ့ ရုပ်ပွားတော် မဟုတ်ဘူး၊ဗောဓိသတ္တခေါ်တဲ့ အလောင်းတော် နတ်သားရဲ့ ပုံသဏ္ဌာန်ဖြစ်ပါတယ်၊ နတ်ဝတ်ဒွါဒရာ နှင့်ဖြစ် တယ်၊
ပွဲကျောင်းဘုန်းကြီးများဟာ ဂေါတမဘုရားကိုကိုးကွယ်တာ မှန်တယ်၊ ဂေါတမရုပ်တုတော်ကိုလည်း ကိုးကွယ်ကြတယ်၊ သို့သော်လည်း အဝလောကိတေသရနတ်ဘုရားကိုလည်း အများအပြား ကိုးကွယ်ကြတယ်၊

အဲဒီ အဝလောကိတေသရနတ် ဘုရား မန္တာန်တော်က (ဥုံ မဏိပဒ္ဓေဟုံ) ဆိုတာ ဖြစ်ပါတယ်၊ ရှေးအစဉ်အဆက် အလေ့အလာနှင့် ရှေးက အဝလောကိတေသရ ရုပ်ပွားကိုပင် ဂေါတမဗုဒ္ဓအဖြစ် ဆက်လက်ကိုးကွယ်ခဲ့ကြတယ်။

အဝလောကီတေသရ နတ်ဘုရားရဲ့ ပုံတော်ကို ဂေါတမအဖြစ် အစဉ်အဆက်ကိုးကွယ်လာကြသလို ရှေးက ပွဲကျောင်းဓလေ့ ဖြစ်တဲ့ အတီးအမှုတ် အကအခုန်များကိုလည်း ထေရဂိုဏ်ဝင် ပုဂ္ဂိုလ်များက အမွေခံပြီး ဆက်လက်ပြုလုပ်လာခဲ့ကြတယ်၊ ဒီနေရာမှာ အဆိုအက စတင်ဖြစ်ပေါ်လာပုံကို ဆက်ပြောပေး ပါမယ်။”

“ကမ္ဘာဦးကလူတွေဟာ နတ်ဘုရားများကို စတင်ကိုးကွယ် ကြရာက ဝေဒကျမ်းများ ထင်ရှား ဖြစ်ပေါ်လာကြတယ်၊ ကမ္ဘာဦးလာ ဝေဒကျမ်းများဟာ (၁)ဣရုဝေဒ (သို့မဟုတ်) ရိဂဝေဒကျမ်း၊ (၂) ယဇုဝေဒကျမ်း၊ (၃) သာမဝေဒကျမ်း၊ (၄) အာထဗ္ဗဏ (သို့မဟုတ်) အတ္ထာရဝဝေဒကျမ်းရယ်လို့ ၄-မျိုးရှိတယ်။

အဲဒီ ၄-မျိုးအနက် (၁) ဣရုဝေဒကျမ်းဟာ ဂါထာပေါင်း၁၀၀၀-ပါရှိပြီး ကောင်းကင်ဘုံစံ နတ်ဘုရားများရဲ့ ဂုဏ်တော်များကို ချီးကျူးဖွဲ့ဆိုထားတာပါ၊

(၂) ယဇုဝေဒကျမ်းဟာ စုဏ္ဏိယတစ်ဝက်, ဂါထာတစ်ဝက်ပါရှိ သတဲ့၊ အဲဒီ ဂါထာများဟာ များသောအားဖြင့်ဥရုဝေဒကျမ်းက ဂါထာများဖြစ်သတဲ့၊ အဲဒီ ယဇုကျမ်းမှာ ဘာတွေပါသလဲဆိုတော့ ယဇ်ပူဇော်ရာမှာရွတ်ဖတ်တီးမှုတ်ရတဲ့ မန္တရားများ ပါရှိသတဲ့၊

(၃) သာမဝေဒကျမ်းလာ ဂါထာများဟာလည်း ဥရုကျမ်းလာ ဂါထာတွေပင် များသတဲ့၊ သို့သော် အဲဒီ ဥရုကျမ်းလာ (ကဗျာ) များကို ရွတ်ဆိုဖို့ စည်းကိုက်ဝါးကိုက်အသံထည်ပေးတဲ့ ကျမ်းဖြစ်တယ်၊

(၄) အာထဗ္ဗဏကျမ်းကတော့ ဂါထာပေါင်း ၆၀၀၀-ပါသတဲ့၊ သို့သော်ဥရုဝေဒကျမ်းလာ ဂါထာများနှင့် စုဏ္ဏိယျားဖြစ်ပြီး စုန်းကဝေ တစ္ဆေ မြေဖုတ်များကြောင့်ဖြစ်တဲ့ရောဂါများနှင့် အဖျားအနာအမျိုး ပျောက်ကင်းအောင် မန်းမှုတ်ရတဲ့ မန္တရားများ၊ ကာယသိဒ္ဓိ,ပီယသိဒ္ဓိစသော သိဒ္ဓိအမျိုးမျိုး ပြီးမြောက်စေနိုင်တဲ့ ဂါထာမန္တရားများ ပါဝင်သတဲ့။

ဒီ ဝေဒကျမ်းများဟာ နတ်ဘုရားများကို အမွှမ်းတင်ပြီးပူဇော်တဲ့ ကျမ်းတွေပဲ၊ ပူဇော်တဲ့နေရာမှာ အသားအသွေးဖြင့် ပူဇော်ခြင်း၊ အရက်သေစာဖြင့်ပူဇော်ခြင်းအထိ နယ်ချဲ့လာပြီးနတ်ဘုရားများ နှစ်သက်အောင်ရယ်လို့ ယဇုဝေဒလာ ရိုးရိုးရွတ်ဆိုပူဇော်ရုံမျှမက သာမဝေဒကျမ်းအရ စည်းကိုက် ဝါးကိုက် သီဆိုတီးမှုတ်မှု ဖြစ်လာတယ်၊ အဆိုအတီးပါလျှင်အဆိုအကဟာလည်း ပါစမြဲမို့ နတ်ဘုရားပူဇော်တဲ့ အကမျိုးစုံ ဖြစ်ထွန်းပေါ်ပေါက်လာတယ်။

နစ္စ, ဂီတ, ဝါဒိတဆိုတဲ့ အကအဆို အတီးအမှုတ်ဟာ လူတိုင်း ရဲ့ မွေးရာပါ ဝါသနာဖြစ်သတဲ့၊ ဂန္ဓဗ္ဗဆိုတဲ့ နတ်တွေဟာ အက အဆို အတီး အမှုတ် အလွန်ဝါသနာကြီးတဲ့ ကချေသည်မျိုးတွေ ဖြစ်ကြသတဲ့၊ ဒါကြောင့် အက အဆို အတီး အမှုတ်တွေနှင့် နတ်ဘုရားကိုပူဇော်ကြတဲ့အခါ သူ့ထက်ငါသာ အပြိုင်အဆိုင် ဘုရားပွဲကြီးများ ဖြစ်လာကြတယ်။

မဟာယာနသာသနာဟာ အိန္ဒိယမှာ တည်နေစဉ်က ဟိန္ဒူဝါဒ နှင့်ပူးပေါင်းခဲ့တယ်၊ ဟိန္ဒူဝါဒမှာ ဗိဿနိုးနတ်ဟာ အဝတာရ အဖြစ် လောကကြီးကို စောင့်ရှောက်သလို မဟာယာနကလည်း လောကိတေသရ နတ်ဘုရားလောင်းတော်က လောကကြီးကို စောင့်ရှောက်ခဲ့တယ်၊ ဟိန္ဒူများကနတ်ဘုရားကို အကြီးအကျယ် အကအဆို အတီး အမှုတ်များနှင့် ပူဇော်သလို မဟာယာနများ ကလည်း အကအဆို အတီး အမှုတ်များဖြင့် ဘုရားရှင်ကို ပူဇော် ခဲ့ကြတယ်၊ ဒါကြောင့် မဟာယာနဂိုဏ်းကို မြန်မာက ပွဲကျောင်း ဂိုဏ်းလို့ ခေါ်ခဲ့ကြတယ်၊ မြန်မာနိုင်ငံတော်မျာ ပွဲကျောင်းဂိုဏ်း ဟာမရှိသလောက် ပျောက်ကွယ်သွားပြီကွယ့်၊ တိုင်းပြည်စွန်နား မှာ နည်းနည်းပါးပါးမျှသာ ကျန်လိမ့်မယ်၊သို့သော် အစဉ်အလာ အက အဆို အတီး အမှုတ် ပူဇော်ပွဲကတော့ မပျောက်ကွယ်ဘဲ အမွေအနှစ်အဖြစ် ယနေ့ထိအောင်ကျန်နေတယ်”

Monday, February 23, 2015

ပျူနိုင်ငံတွင် ထေရ၀ါဒ ကျယ်ပြန့်စွာ ထွန်းကားခြင်း လုံးဝ(လုံးဝ) မရှိ

ပျူနိုင်ငံတွင် ထေရ၀ါဒ ကျယ်ပြန့်စွာ ထွန်းကားခြင်း လုံးဝ(လုံးဝ) မရှိ
************************************************************
ဒေါက်တာသန်းထွန်းက " မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ "
မြန်မာတွေအတွက် လောကီပညာဟာ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ၊ အတိတ်၊ နိမိတ် ၊ တဘောင်၊ စနည်း ၊ ဘဝေါ ဆိုပြီးရှိပါတယ်။ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ စတာတွေကို ပထမအုပ်စု ၊ ဗေဒင် ယတြာကို ဒုတိယအုပ်စု ၊ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ စတာတွေကို တတိယအုပ်စုဆိုပြီးအုပ်စု သုံးစုခွဲလို့ရမယ်ထင်ပါတယ်။
လောကီပညာ မှော်ပညာဆိုတာ ယုံကြည်မှုကိုအခြေခံကာ ဖြစ်တည်လာခြင်းဖြစ်ပြီး သမိုင်း မတင် မှီခေတ် ကာလကတည်းကရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
လွန်ခဲ့တဲ့အနှစ်တစ်သောင်းကျော်ကဖြစ်တဲ့ ပြဒါးလင်းဂူ ( ပဒတ်လိုဏ်ဂူ ) နံရံပေါ်မှာရေးခဲ့တဲ့ အရုပ်တွေထဲက သမင်ရုပ် ၊ နွားရုပ် နှင့် မှော်ဆရာရုပ်တွေဟာ သာမန်ရိုးရိုး အရုပ်တွေမဟုတ်ပါ။
မှော်ဆရာက ရွတ်ဖတ်ပြီး အရုပ်ကိုလှံနဲ့ထိုးကြရင် နောက်တစ်နေ့ အမဲလိုက်တဲ့အခါ သားကောင်တွေရမယ်လို့ ယုံကြည်ချက်မှုနဲ့ ဂူနံရံမှာရေးဆွဲခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါဟာ အတူကိုအတုလုပ်တဲ့ (Sympathetic Magic) မှော်အတတ်လို့ ထင်မြင်ချက် ပေးထားပါ တယ်။ အဲဒိ လောကီပညာဆိုင်ရာ ယုံကြည်မှုဟာ ယနေ့ခေတ်သစ်မြန်မာ့ယဉ်ကျေးမှုမှာတောင် ရှိနေပါသေးတယ်။
ပညာရှင်တချို့က မြန်မာ့လော့ကီပညာဟာ သရေခေတ္တရာ ခေတ် လောက်ကတည်းက စတယ် လို့ဆိုပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ မြန်မာ့သမိုင်းပုံစာအုပ်ထဲက " ပျူ " စာတမ်းငယ်ထဲမှာတော့ ပျူတွေဟာ သူတစ်ပါးအသက် မသတ်လိုလို့ ပိုးထည်မဝတ် ၊ သို့သော် ဗေဒင်မေးဝါသနာပါတယ် လို့ဆိုထားပါတယ်။
ဒီအတတ်ပညာများသည် ထေရ၀ါဒအလွန် ထွန်းကားနေသည် ဆိုသော ထိုပျူခောတ်တွင် ရှိနေသည်ဟု ဆိုထားသောကြောင့် ထိုအတတ်အကြောင်း ထည့်ပြောရမည် ဖြစ်သည်
ထိုအတတ်ပညာကို တန္တရ ၀ါဒဟု ခေါ်ပါတယ် တန္တရ ဆိုတာ အနက် က ကျမ်းစာ လို့ ပြန်တယ်
အဲဒီကျမ်းစာမှာ ဘာတွေ ပါသလဲ ဆိုရင် မန္တာန် မန္တရား မှော် အင်း အိုင် ခလှဲ့ လက်ဖွဲ့ စတဲ့ အကြောင်းတွေ ရေးထားတဲ့ ကျမ်းကို ခေါ်ဆိုပါတယ်
တန္တရဟာ ကရိယ။ကျာရယ။ယောဂ။အနုတ္တရယောဂ ဆိုပြီး လေးမျိုး ကွဲပါတယ်
အနုတ္တရယောဂ ကတော့ အမြတ်ဆုံးနဲ့ အနက်နဲဆုံးပါပဲ
တန္တရဟာ မဟာယာနသုတ္တံများနဲ့ မရှေးမနှောင်းမှာ ပေါ်လာတယ် ဒါပေမယ့်လို့ အနုတ္တရယောဂ ကတော့ တဖြည်းဖြည်း ကြီးထွားပေါ်ပေါက်လာတာပါ ဒီဝါဒမှာ အဆင့် ၇ ဆင့်ရှိတယ် စာရှည်မှာ စိုးလို့ မပြတော့ပါ
နောက်တစ်ခုက သတ္တိဝါဒ ဒါက သျှီဝနှဲ့ဇနီးတွေ ဖြစ်တဲ့ နတ်ဘုရားမတွေ ကိုပူဇော်တာ မိန်းမတွေ အများကြီးရှိပေမယ့်လို့ ထင်ရှားတာက ဒေ၀ီ နုရဂါ ကာလီ ဆိုတာတွေပဲ ဒီဝါဒက ဟိန္ဒူနဲ့ အာရယာန် မဟုတ်သူတွေ ပူးပေါင်းပြီး ပေါ်ထွက်လာတယ်လို့ ဆိုထားတယ်
၅-၆ ရာစုတွေမှာ အိန္ဒိယဘာသာတွေကို တန္တရ နဲ့ သတ္တိဝါဒ ဟာကူးစက်လာတယ် တန္တရ ဗုဒ္ဓဘာသာဟာ ဟိန္ဒူနဲ့ မဟာယာန နောက် တိုင်းရင်းဖြစ် အစွဲတွေ ပေါင်းစပ်နေတဲ့ဘာသာတစ်ခုပါ ဘုရားကျောင်းတစ်ခုတည်းမှာပဲ ဟိန္ဒနတ်ဘုရာများ မဟာယာနက နတ်ဘုရားများကို စုပြီးထား ကြပါတယ်
ဗိဟာရ်ပြည်မှာ ရှစ်ရာစု နှစ်ကစပြီး ဒီဝါဒ တန်ခိုးထွားကာ ဂိုပါလမင်းလက်ထက်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရုပ်ထုတွေထဲကို အတင်း နတ်ဘုရားတွေ ရောထည့်လိုက်တယ် ဒီအကြောင်းပြောနေ တာ ပျူနဲ့ ခောတ်ပြိုင် ဖြစ်နေလို့ပါ အရည်းနဲ့ ဆက်နွယ်မှု ရှိတာပြောပေး မလို့
တန္တရ၀ါဒဟာ ဗုဒ္ဓဘာသာ နဲ့ သျှီဝ ဆိုပြီး နှစ်မျိုးကွဲတယ်ဆိုပြီး ထေရ၀ါဒထဲ ကိုရောထည့်ပစ် လိုက် ပါတယ် ဒီအကြောင်း ဖြတ်ပါမယ်
မြန်မာပြည်ထဲ သွားရအောင် ဦးကြီးရယ် လေယာဉ်ဖိုးလေး မစပါဦး ပိုက်ဆံပြတ်နေပြီ
အိန္ဒိယပြည်က ဗုဒ္ဓဘာသာ (ထေရ၀ါဒမဟုတ်) မြန်မာကိုရောက်တာနဲ့ ဘယ်လို ပြောပြော သထုံကို မလွန်နိုင်သေးဘူး မဟုတ်လား ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောပါဦးမယ် သထုံကြီး သထုံလေး ဆိုတာရှိပါသေးတယ် ဒါထားဦးမယ်နော် ဦးလေး
သထုံမှထွန်းကားနေပြီနော် ပျူမှာ ထွန်းကားတယ်လို့တော့ ဦးကြီးပြောသလိုပဲ ဘယ်ကျောက်စာမှာ မှ မတွေ့ရသေးဘူး အပိုင်းအစတွေ သာတွေ့ရတယ် ရွှေပေလွှာတွေ ဘာတွေ ညာတွေ ဘယ်လို ပြောနေနေ မဟာယာနမှာ ရှိတဲ့ဟာတွေပဲပါတာ တွေ့ပါသေးတယ် ဒါကိုမဟုတ်ဘူးလို့ အဆိုပြု မယ်ဆိုရင် မဟာယာနကို စေ့ငုအောင် လေ့လာဖို့ လိုပါတယ် ဒါမှ တွဲမိမှာပါ ဦးလေးတို့ပြောတဲ့ ခောတ်ပြိုင်မရှိဘူးဆိုတာ ၅-၆-၈ ဆိုတဲ့ ရာစုတွေဟာ ပျူခောတ်ပါဘဲ ကျွန်တော်ပြောတာ လွဲနေ တယ်ထင်ရင် ခောတ်ပြိုင် သမိုင်းကိုပြန်လေ့လာပါ နောက် ပြန်ပြောနိုင်ပါတယ် မရှိဘူးလို့တော့ ယတိပြတ်မပြောနဲ့နော် ကိုယ်မဖတ်မိသေးဘူး လို့သာပြောပါ အထောက်အထားလိုချင်ရင် ဒီနေရာ မှာ ကိုယ်ကျွမ်းကျင်သလောက် မွှေပါခင်ဗျ ကျောက်စာ မှင်စာ ကနေစပြီး အခြားကျမ်းမျိုးစုံ ရနိုင် ပါတယ် https://archive.org/
ပုဂံကို စရောက်လာတဲ့ ၀ါဒဟာ အိန္ဒိယ မြောက်ပိုင်းကနေ ၀င်လာလာတဲ့ တန္တရ၀ါဒ ဗုဒ္ဓဘာသာ ပဲ ဖြစ်ပါတယ် ပျူခေတ်က ရှိနေတာလို့ ဆက်စပ်ပြောချင်တယ်ဆိုရင် အောက်ကမင်းနာမည် တွေပဲ ကြည့်ပါ ဘာကောင်တွေလဲ အရှင်းကြီးတွေ့ပါလိမ့်မယ် ဒါအကျဉ်းပြပေးထားပါတယ် ဦးကြီး
နောက် အခြားအထောက်အထား များစွာ ကျန်နေပါသေးတယ် မြန်မာနိုင်ငံ မှာတူးဖူးရထားပြီး မှတ်တမ်းမ၀င် စာရင်းမထင်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဈေးကွက် ခဏလေ့လာသင့်ပါတယ် လို့ အကြံပြူလိုပါတယ် ကတ်တလောက်တွေတောင် ထုတ်ဝေထားပါတယ် မှောင်ခိုဈေးကွက် ကျယ်ပြန့်ပုံ ပြောတာပါ ကြောက်မက်ဖွယ် ဈေးတွေနဲ့ လေလံပစ်တာတွေလဲ မြင်ခဲ့ရဖူးပါရဲ့ဗျာ
တရားဝင်တာပဲ ယူမယ်ဆို တွက်ကြည့်ပေါ့ ဘယ်လောက် ခုထိမ်းသိမ်းထားသလဲ အပြင်ရောက်နေ တဲ့ အမွေအနှစ် ဘယ်လောက်များလဲ ဆိုတာ သိမှာပါ အထင်ကရ မရှိတဲ့ ရှေးဟောင်းပစ္စည်း အထောက်အထားတွေ မှာလဲ သက်သေ ရှိပါတယ် ဒါပေမယ့် ကျွန်တော်က အဲဒါတွေလဲ ထည့်တွက် သင့်တယ်လို့သာပဲ အကြံပြုတာပါခင်ဗျ ဦးကြီး
ရှေး/သု တူးဖော်ရေးက ရရှိတဲ့ သုတေသနဆိုင်ရာ အထောက်ထားတွေကိုပြန်ကြည့်တဲ့အခါ အထက်ပါ မင်းတွေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရပါ။ ကျောက်စာဝန် တော်စိန်ခို ဦးဆောင်တဲ့ ၁၉၁၁ တူးဖော်မှုတွေကနေ ကျောက်အရိုးအိုး နှစ်လုံးတွေ့တယ်။ ၁၉၂၂ မှာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell ) ဦးဆောင်တဲ့ တူးဖော်မှုကနေ နောက်ထပ် ကျောက်အရိုးအိုးတစ်လုံးထပ်တွေ့တယ်။
ကျောက်အရိုးအိုးတွေအပေါ်မှာ ရေးထားတဲ့ ပျူစာတွေကို ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ၊ ဦးသာမြတ် ၊ ဦးမြ နှင့်အခြား ရှေးစာပညာရှင်တွေ ဝိုင်းပြီး အက္ခရာဖလှယ်ပြီးတဲ့ နောက်မှာတော့ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ အမှန်တကယ် စိုးစံခဲ့တဲ့ မင်းတွေရဲ့ နာမည်တွေ နှင့် သကနှစ်ကို သုံးတယ်လို့ ယုံကြည်ရတဲ့ ခုနှစ်တွေထွက်လာတယ်။ ကျောက်အရိုးအိုး တွေပေါ်မှာပါတဲ့ အဓိက ကျတဲ့စာကျင်းကိုကြည့်ရအောင်ပါ။
၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )
၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )
၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )
၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )
၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )
၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )
၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )
အထက်ပါ စာရင်းက မင်းတွေရဲ့ အမည်ကို ကျောက်အရိုးအိုးပေါ်က သက္ကတ အက္ခရာ တချို့ပါတဲ့ ပျူ စာလုံးပေါင်း ၁၁၂၇ လုံးကနေ ဖော်ထုတ်ရရှိတာပါ။ အထူးသဖြင့် မင်းနာမည်တွေကို သက္ကတ နာမည် နဲ့ ရေးထားလို့ ခုလို သိရတာဖြစ်ပါတယ်
နောက်တစ်ခု အုတ်ခွက်ဘုရား
အမျိုးအစား - မြေပုံဘုရား ( အများအခေါ် အုတ်ခွက်ဘုရား )
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ပုံစံခွက် သုံးပြီး မြေသားပုံဖော်
မူလနေရာ - မြန်မာ ( ပျူ )
အချိန်ကာလ - ၈ - ၁၀ ရာစု (this date according to Guy 2002; Luce suggests 10th-11thC)
မှတ်ချက် ။ ။ Guy က ၈ - ၁၀ ရာစုလို့ခန့်မှန်းပြီး ၊ လုစ် ကတော့ ၁၀-၁၁ ရာစုလို့ ခန့်မှန်းပါတယ်။ )
အရွယ်အစား
အမြင့် - ၈ စင်တီမီတာ
ဗျက် အကျယ် - ၆.၅ စင်တီမီတာ
ဒီမြေပုံဘုရား ကို လန်ဒန် ၊ဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲအဆင့် ရှေးပစ္စည်းစာရင်းမှာ တွေ့ရပါတယ်။ သမိုင်း သုတေသန စိတ်ဝင်စားသူတွေကတော့ ဒီမြေပုံဘုရားကို မှတ်မိချင်မှတ်မိပါလိမ့်မယ်။ ကျောက်စာဝန်ဟောင်း ဦးမြရေးတဲ့ " အုတ်ခွက် ရုပ်ပွါးဆင်းတုတော်များအကြောင်း " စာအုပ် ၊ ပုံ ၁၀၅ ဖြစ်ပါတယ်။ မြင်းကပါ အရှေ့ ကျဆင်းဘုရား အတွင်းကရရှိတယ်လို့သိရပါတယ်။
မြင်နေရတဲ့အတိုင်း အနည်းငယ်ရှင်းပြလိုပါတယ်။ လန်ဒန် ၊ဗြိတိလျှပြတိုက်မှူးအဆိုအရ မဟာဗောဓိပင်အောက်မှာဖြစ်တယ်။ ဦးမြကတော့ ဗောဓိပင်အကြောင်းပြောမထားပါ။ တင်ပြင်ခွေ ရုပ်ပွါးတော် သုံးခုလုံးရဲ့အပေါ်မှာ ထီးအမိုးငယ်ရှိပါတယ်။ ရုပ်ပွါးတော် သုံးခုလုံးရဲ့ အောက်မှာတော့ ကြာပလ္လင် ခံထားတယ်။ အုတ်ခွက်အလယ်က ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား တရားဟောနေဟန် " ဓမ္မစကြာ မုဒြာ " ဖြစ်ပြီး ၊ အာသနခေါ်တဲ့ ခြေဟန်ကို စစ်ဆေး ကြည့်တဲ့အခါ ဘယ်ခြေကို ညာခြေပေါ်ထပ် ခွေထားပြီးတည်ငြိမ်အေးဆေးတဲ့ ဟန် " ပဂျင်ကာသန " ဖြစ်တယ်။
ယာဘက် ရုပ်ပွါးဆင်းတုတော်ကတော့ အရိမေတ္တေယျ ကိုကိုယ်စားပြုတယ်။ လက်တော်မြေထိ ဘူမိဖဿမုဒြာ ဖြစ်ပြီးခြေဟန်ကတော့ " ပဂျင်ကာသန " ဖြစ်တယ်။ဝဲဘက် ရုပ်ပွါးတော်ဟာ ထူးခြားမှုရှိပါတယ်။ဦးခေါင်းမှာ မကိုဍ်ဆောင်းထားတဲ့ အပြင် ၊ မင်းဝတ်တန်ဆာဝတ်ဆင်ထားတယ်၊ စလွယ်လွယ်ထားတာဖြစ်လို့ ပိုပြီးထူးခြားတယ်။ ကြာပလ္လင်ပေါ် မင်းထိုင် ထိုင်နေဟန် " ရာဇလိလာသန" ဖြစ်ပြီး အဲဒိအချက်တွေအားလုံးအရ ပြောရရင် ဘုရားလောင်း ဗောဓိသတ္တဖြစ်တယ်။ မြေပုံဘုရားတစ်ခုလုံး ကိုခြုံပြီးပြောရရင်တော့ ဒါဟာ မဟာယာန ဟန်ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားကို ဘေးရံအရိမေတ္တေယျ နှင့် ဗောဓိသတ္တဘုရားလောင်း ယှဉ်တွဲ ပြုလုပ်ပူဇော်ကြခြင်းဟာ ပုဂံခေတ်ဦးပိုင်းမှာ လူကြိုက်များပုံပေါ်တယ်။အတွေ့ရများတယ်။ ဒါကြောင့် လုစ် က ပုဂံခေတ်ဖြစ်မယ်ဆိုပြီး ခန့်မှန်းပုံရတယ်။
ဒေါက်တာသန်းထွန်းရဲ့စာတမ်းတွေမှာတော့ ဒီမြေပုံဘုရားအကြောင်း ရေးထားတာမတွေ့ပါ။ ထုဆစ်ပုံဟန်ပန် မှာတော့ ဘုရားလောင်း ဗောဓိသတ္တ ကလွဲပြီး ကျန်တဲ့ ရုပ်ပွါးနှစ်ခုမှာ ပုဂံဟန်သိပ်မတွေ့ရပါ။ မျက်နှာတော် ဥခေါင်းတော်တို့က ပုဂံဟန် မပြ။ ဦးမြကတော့ ပျူ မှတ်တမ်းစာရေးထားတဲ့ ပုဂံ အနော်ရထာ ခေတ် မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ အုတ်ခွက်ဘုရားလို့ ဆိုပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အဲဒီမြေပုံဘုရားရဲ့ အောက်ခြေ အလယ်မှာ ရေးထားတဲ့ ပျူစာ ၇ လုံးတွေ့တယ် ၊ ပထမ စာလုံး နှစ်လုံးက ပျူ အက္ခရာနှင့် " ဗုဓ ( ဗုဒ္ဓ ) " ဆိုပြီးရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်းပြောတော့ ဦးမြရဲ့အယူဆကို ကြိုက်တယ်။ ကျန်တဲ့ စာလုံးတွေကတော့ ရာသီဥတုဒါဏ်ကြောင့် ဖတ်မရလောက်အောင် ဝါး (ပျက်) သွားပါပြီ။
ဒီဘုရားက ပျူနှောင်းပိုင်းချိန်ထိ ဘာသက်သေပြလဲ ဆိုရင် မဟာယာန ဖြစ်ကြောင်း အခိုင်အမာပြော ထားပါတယ် ဒါက ငြင်းမရတဲ့ အချက်ပါပဲ ဒီအချက်လိုမျိုး များစွာသော အထောက်အထားတွေ ရှိပါတယ် ဒါကြောင့် ပျူခောတ်မှာ ထေရ၀ါဒ မရှိလို့ ဆိုနိုင်တယ် သထုံကို ကျော်မသွားနိုင်သေးတဲ့ အချက်အလက်တွေ များစွာပါပဲ နောက် အိုးတွေ ဒင်္ဂါးတွေ မှာ ကြည့်ရင် သျှီဝ ကိုင်တဲ့ ခရင်းခွတွေ ပါနေတာဟာ ဘုရင်တွေဟာ ထေရ၀ါဒ မဟုတ်ဘူး ဆိုတာ အတိအကျကို ပြောနိုင်ပါတယ်
ထေရ၀ါဒနဲ့ မဟာယာန တူတာလေး နဲနဲ ထည့်ပေးလိုက်ပါမယ်
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။
ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။
ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊ မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။
ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး။
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
ဒါကြောင့် ပုံဂံမှာ အနောရထာ စခဲ့တယ် ဆိုတဲ့ အထောက်အထားစာပေတွေက ပိုခိုင်လုံနေသလား လို့ ယူဆပါတယ် ခင်ဗျ ဦးကြီး အနေနဲ့ စောဒက လွတ်လပ်စွာတက်ပါခင်ဗျ
အောက်က တစ်ခုကတော့ တူရွင်းတောင် ဘုရားကျောက်စာ
ပုဂံအရှေ့တောင် ၊ တူရွင်းတောင်ထိပ်။ ပုံ ၄၅ ။ စာရင်း ၄၆၅ ။
၁။ သဂရစ် ၅၈၆ မြက္ကသိုလနှစ် တပို့တွဲ
၂။ လဆန်း ၂ ရက် ကြာသာပတေင့ အား အရည်း
၃။ ငစိုက်သင် နှင့် ၊ ငစင်သင်လုံ မိန့်ကြားကာ ငစ
၎။ င်သင် မအောင် ငစိုက်သင်အောင်၏။ တရားသူ
၅။ ကြီးကားအကျိုးရှိ ၁၊ စတ္တ(ရုယ်) ၁၊ ကစ္စကာပတိ
၆။ ယ် ၁၊ ကစ္စပကြုံ ။ ဤသူ ၄ ယောက်သောကား
၇။ တရား(ကွ)န်း သာယာတွင် မေး ပေသတေး၊
၈။ တူရင်တောင်ထက် ငစိုက်သင် ပုထိုး ၂ လုံး
၉။ ဂူတလုံးလှူသော ယာ ၄ ပယ် ကျွန်
၁၀။ (ကား) ငစွယ်ဘုရား ကျွေးစေသတေး (။) သားမြေး
၁၁။ (တွ)င်လည်းကောင်း သူလည်းကောင်း လူစားမူကား
၁၂။ အဝစိယ်ကား အထက်လူစားမူသောကား
၁၃။ အောက်ဖြစ်စေ သတေး။ အဆွေ အဝ(ာ:)
၁၄။ အတိုင်းမသိရပါစေ သတေး။
အကျဉ်းချုပ်မြန်မာပြန်
သက္ကရာဇ် ၅၈၆ ခု ( ၁၂၂၅ ) တောကျောင်းရဟန်း နှစ်ပါးဖြစ်တဲ့ အရည်း " ငစိုက်သင်" နှင့် " ငစင်သင်လုံ" တို့ မြေပိုင်ဆိုင်မှုအတွက် အမှု ဖြစ်တယ်။ အမှုကို တရားသူကြီး ၄ ဦးပါ တရားကွန်သာယာ ( တရားရုံး ) မှာစစ်ဆေး ဆုံးဖြတ်တယ်။ ငစိုက်သင် တရားအောင် ( တရားနိုင် ) တယ်။ တရားနိုင်သူ ငစိုက်သင် က တူရွင်းတောင်ထက် မှာ ပုထိုး ၂ လုံး၊ ဂူ ၁ လုံး နဲ့ ဘုရားကျွန် အဖြစ် " ကျွန်ငစွယ်" ကိုလှူတယ်။
သူ့ကောင်းမှုကို လု့ယက်ဖျက်စီးသူမှန်သမျှသည် အဝီသို့ ကျပါစေ သတည်း။ သူ့ကောင်းမှုကုသိုလ် အကျိုးကို အဆွေပါးအားလုံး ရပါစေသတည်း၊ လို့ တိုတိုဘဲရေးခဲ့တယ်။
ဒေါက်တာ သန်းထွန်းရဲ့ စာတမ်းမှာ " အရည်း ငစိုက်သင် " ဟာ တောကျောင်း ရဟန်းဖြစ်တယ်လို့ အခိုင်အမာ ဆိုထားတယ်။နောက်တစ်ခုက ရဟန်း အရက်သောက်တယ် အင်းဆော့တယ်လို့လဲ သူ့ဆောင်းပါးမှာ ပါတယ်
ကျောက်စာက တိုသလောက် လေ့လာစရာ များပါတယ်
ဒီနေရာမှာ မေးခွန်းအနည်းငယ် မေးပါမယ် ပြန်ဖြေရှင်းပေးပါ ဦးကြီးခင်ဗျ
*****************************************************************
၁။ ကျောက်စာမှာ ရဟန်းရယ်လို့ တလုံးမှ မပါဘဲ ဘာကြောင့် ရဟန်းလို့ ယူရတာပါလဲ
၂။ရဟန်းနှစ်ပါးက မြေကို ဘာကြောင့် လုရတာလဲ
၃။ " ရဟန်းနှစ်ပါး အမှုဖြစ်တာ" ဆိုခဲ့ရင် ဘုရားဥပဒေတော်အရ သံဃာတော်တွေကသာ အမှုကို ဆုံးဖြတ်ရပါမယ် ဘာကြောင့် ဒီအမှုကို တရားသူကြီး ၄ ဦးထား ဆုံးဖြတ် ရတာပါလဲ
၎။ရဟန်း နှစ်ပါးပါလို့ ဆိုထားလျက်နဲ့ ဘယ် အကြောင်းကြောင့် ကျွန်ငစွယ် ဆိုပြီး ဖြစ်ရတာလဲ
၅။ရဟန်းချင်း ဖြစ်ပါလျက်နဲ့ ဘာကြောင့် ငစွယ်ကို ဘုရားကျွန် အဖြစ် လျှူတာပါလဲ
၆။ရဟန်းတစ်ပါးက ကျောက်စာရေးထိုးပြီးတော့ ကျိန်စာတိုက်မယ်လို့ ယူဆပါသလား
၇။ကျောက်စာထွင်းပြီး ကျိန်စာတိုက်ပါသည် ဆိုသော အချက်ကို ကျန်ရဟန်းသံဃာများက ခွင့်ပြုပါ မည်လား
၈။ရဟန်း အရက်သောက်သည် ဆိုသည် မှာ အချို့ရှိကောင်း ရှိနေနိုင်သော ကြောင့် စောဒဂ မတက် လိုပါခင်ဗျ
လွတ်လပ်သော အမြင်ကို လိုချင်သောကြောင့်သာ ၀ိနည်းများ ထည့်မဖော်ပြထားပါ သတိထားပြီး ဖြေဖို့ လိုအပ်တဲ့ မေးခွန်းတွေ ပါလို့ မေတ္တာဖြင့် အသိပေးပါသည် စာရိုက်ခြင်းသည်လဲ ၀စီကံ မြောက်၏လို့ ဆိုထားတာ ရှိပါတယ် ဦးကြီးခင်ဗျ
ဒီကျောက်စာပါ အမေး (၇) ချက်ကို ဖြေပေးစေလိုပါတယ် ဦးကြီးခင်ဗျ
ကျောက်စာထဲမှာလည်းတွေ့ရပြီး ဖြစ်နိုင်တာကို ခန့်မှန်း ( Studies Guess )ပြောရရင် မြန်မာတွေရဲ့ ပထမရွှေခေတ် ပုဂံ ၁၁ ရာစုလောက်မှာတော့ လောကီပညာ အားကောင်းစပြုနေ ပါပြီ။ ပုဂံဟာ စီးပွါးရေး ၊ နိုင်ငံရေးအင်အားတောင့်တင်းလာတဲ့အတွက် မိမိတို့ကောင်းမှုကုသိုလ် ဘုရားပုထိုးတည်ရာမှာလည်းကောင်း ဗိသုကာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ လယ်ယာလုပ် ငန်း၊ လက်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ အန္ဒိယသား လုပ်သားတွေတင် သွင်းနေရပါပြီ။
အခါပေး ပုဏ္ဏား ဟူးရားတွေဟာ ဘုရင့်နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ အဓိက ဦးစာပေး ပညာရှင်တွေ ဖြစ်နေပါပြီ။ တနည်းပြောတော့ သူတို့ဟာအဆင့်မြင့် လောကီပညာရှင်တွေပါပဲ။ သူတို့နှင့်အတူတပါတည်း တင်သွင်းမိရက်သားဖြစ်နေတာက ဟိန္ဒုအယူဝါဒ နဲ့ လောကီပညာ ဆိုင်အတတ်ပညာတွေပါဘဲ။ အတွင်း အပြင်မှာရှိတဲ့ အနုပညာလက်ရာတွေ ကိုကြည့်ပြီးနောက်မှာတော့ ယခုအခေါ် နန်းဘုရား ၊ စေတနာကြီးဘုရားတို့ဟာ ပုဂံခေတ် အန္ဒိယသားတို့ ဝတ်ပြုကိုးကွယ်ရာ ဟိန္ဒုနတ်ဘုရားကျောင်းတွေဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခြေ ရာနှုန်းပြည့်နီးပါးရှိပါတယ်။
မနုကျယ် ဓမ္မသတ် မြီးခန်းမှာတော့ မြို့စတေးခံရမယ့် လူဆီက ကြွေးမတောင်းရလို့ပါပြီးဖြစ်နေပါတယ်။ ဟုတ်မဟုတ်သေချာမပြောနိုင်ပေမယ့် မြို့ရိုး၊ ကျုံး ၊ နန်းတော်တည်ဆောက်တဲ့အခါ လူသတ်ပြီးစတေးတယ်ဆိုတာတော့ လူပြောသူပြောများတဲ့ လောကီပညာရပ် တစ်ခုအပါဝင် ဖြစ်နေပါတယ်။
ထီးလှိုင်မင်း ( ၁၀၈၄- ၁၁၁၃) (အများအခေါ် ကျန်စစ်သား) နန်းတက်ပြီး တစ်ဆယ့်ခုနှစ် နှစ်အကြာမှာ နန်းတော်သစ်တည်ဆောက်ပါတယ်။ နန်းတော်တည်ဆောက်ပုံအသေးစိတ်ကို မွန်ဘာသာနဲ့ ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့ပြီး ယခု" ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ " လို့ခေါ်ပါတယ်။
အဲဒိနန်းတည်ကျောက်စာဟာ ဗိသုကာပညာ ပန္နနက်တည်ဆောက်ပုံ စတာတွေထက် နေ့စဉ်စီမံတဲ့ အန္တရာယ်ကင်း လောကီအစီရင်တွေကိုသာ အသေးစိတ်မှတ်တမ်းတင်ထားခဲ့တာများပါတယ်။ ဒါဟာ ပုဂံခေတ်ဦးပိုင်းလောကီပညာအကြောင်းမှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသော အခိုင်မာဆုံး မှတ်တမ်းကျောက်စာဖြစ်ပါတယ်။
၎ နိုဝင်ဘာ ၁၁၀၁ မှ ၉ မေ ၁၁၀၂ အထိ နန်းတော်တည်ဆောက်ချိန် ၆ လကြာတယ်။ တည်ဆောက်ချိန်ခြောက်လဆိုပေမယ့် တည်ဆောက်မှုမှာ ပါဝင်သူတွေအားလုံးဟာ နေ့စဉ်ရက်ဆက်လုပ်ငန်းခွင်ဝင်ရတာမျိုးမဟုတ်ပါ။ လောကီပညာရှင် ဗေဒင်ပညာရှင် ပုဏ္ဏား ဟူးရားတွေရဲ့ တွက်ချက်မှုအရ အခါတော်ပေးတဲ့နေ့ရက်တွေအတိုင်းသာ တသဝေမတိမ်း လုပ်ရပါတယ်။ တည်ဆောက်ပုံအစ အဆုံးအသေးစိတ်ကို ဒေါက်တာသန်းထွန်းရဲ့ ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာစာတမ်းမှာဖတ်ပါ။ ဒီနေရာမှာတော့ စိတ်ဝင်စားစရာ လောကီအစီရင်တချို့ကိုသာရည်ညွန်းသွားပါမယ်။
၎ နိုဝင်ဘာ ၁၀၁၁ ။ ။ တည်ဆောက်မှုမှာပါဝင်တဲ့ သံပျင်ကြီး၊ သံပျင်ငယ်၊ ကလန် ၊ သူကြီး ၊ ယင်သင် ၊ ပုဏ္ဏား ၊ ဟူးရား ၊ ဗိသုကာ နဲ့ ဝေါထမ်းပုဏ္ဏား များ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ရတယ်။ မွန်လူမျိုး ၁၂၆ ယောက် ၊ မြေကာလသားအိုး ၁၂၀ ။ ဗိဿနိုး နတ်မင်းကိုပူဇော်။ ကောင်းမြတ်တဲ့အချိန်ကြရောက်ပြီလို့ စည်တီး။ နေ့သုံးဗဟိုရ် မှာတစ်ဆယ့်ခုနှစ်ဌာနတွေမှာရေဆေး။
၅ နိုဝင်ဘာ ၁၀၁၁ ။ ။ ရေဆေး ရေပက်တစ်ကြိမ်ထပ်ပြီးလုပ်။
၆ နိုဝင်ဘာ ၁၀၁၁ - ၂၄ ဇန်နဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။
၂၅ ဇန်နဝါရီ ၁၁၀၂ ။ ။ နောက်ထပ်တစ်ကြိမ် ရေဆေး ရေပက်လုပ်။
၂၆ ဇန်နဝါရီ ၁၁၀၂ - ၂၂ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။
၂၃ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ဝေါထမ်းပုဏ္ဏားများ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ပြီးရေခတ်ဆင်း။ ပန္နက်ရိုက် ရွှေကြိုးတား။
၂၄ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ တစ်ဗဟိုလ် တစ်နာရီ (စက်နာရီ ၉ နာရီ ၂၄ မိနစ်) မှာ အပြင်နက္ခတ်ကိုကြည့်ပြီး အတိတ်ကောင်း နိမိတ်ကောင်းဖတ်၊ စာနဲ့ရေး။ ရဟန်းတွေ ပရိတ်ရွတ်။
၂၅-၂၇ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။
၂၈ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ရွှေကာလသားအိုး ၈လုံး၊ ငွေကာလသားအိုး ၈လုံး၊ ကြေးကာလသားအိုး ၁၀၈လုံး။ ဓားလွယ်ကိုင်ထားတဲ့ မြန်မာနဲ့ အိုးကိုပွေ့ကိုင်မယ့်လူတွေက ပုဆိုးဖြူဝတ်ပြီး၊ ပေါင်းဖြူဆောင်း။
၁ မတ် ၁၁၀၂ ။ ။ နံနက် ၁၁နာရီ ၁၆ မိနစ်မှာ မဟာထေရ ၊ ရှင်အရဟံနဲ့ ပရိတ်ရွတ်သံဃာ ၈၁၀၈ပါးပရိတ်ရွတ် ၊ ခေါင်းဆောင် မဟာထေရှိပါးအတွက် ဖျာရှစ်ချပ်၊ ပန်းရေးပုဆိုး ၈ ထည်။ တူရွင်း ၈ ချောင်း။ ကာလသားအိုး ၁၀၈ လုံး။ ခရုသင်း ၁၀၈ခု။ ဖျာ ၁၀၈ ချပ်။ ပန်းရေးပုဆိုး ၁၀၈ထည်။ တူရွင်း ၁၀၈ ချောင်း။
ဒီမှာ ထုတ်ပြထားတဲ့ အချက်လေးတွေ အရင် ပြောပေးပါဦး ဦးကြီး တအားများသွားမှာစိုးလို့ ရိုက်ထားတဲ့ စာမျက်နှာ ၂၄ မျက်နှာစာ ဖြတ်ထားခဲ့ပါတယ် ဦးကြီးလဲ အေးအေးသက်သာ လုပ်ရအောင်လို့ရည်ရွယ်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျ
ဒီမှာကတော့ မာလုတင်လိုက်တဲ့ ပိုစ့်ပါ ဦးကြီး မမြင်မှာစိုးလို့ တွဲပေးလိုက်ပါတယ် ဦးကြီးအတွက် သီးသန့်ပါခင်ဗျ
https://www.facebook.com/permalink.php…
Unlike · ·