''သန်းထွန်းရှစ်ဆယ်ပြည့် '' ဆိုတဲ့ စာအုပ် စာမျက်နှာ ၂၉၄ မှာ သူ့တပည့်တစ်ယောက်က ပြန်ရေးတဲ့ ''ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ (သန်းထွန်း) အကြောင်း '' ဆိုတဲ့ ဆောင်းပါးမှာ -
''အရည်းကြီး ဂိုဏ်းနဲ့ ပတ်သက်လို့ဆရာ့(ဒေါက်တာသန်း
-၁) အရည်းကြီးဂိုဏ်းဟာ လူအများ ပြောသလောက်မဆိုး၊ အရည၀ါသီတွေဖြစ်တယ်။
၂) အရည်းကြီးကို ဘယ်ပုဂံမင်းကမှ မနှိပ်ကွပ်။
၃) ''ပန်းဦးလွှတ်'' တယ်ဆိုတဲ့ စကား ကျောက်စာမှာ မတွေ့ (the right of first wedding-night ဆိုတာ အလယ်ခေတ် ဥရောပတချို့နိုင်ငံတွေမှာတေ
၎) ပုဂံခေတ်နောက်ပိုင်းနဲ့ ပုဂံပျက်တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ (အရည်းကြီးတွေဟာ) ခေါင်းဆောင် တွေဖြစ်တယ်။
၅) ဓမ္မစေတီခေါ် ရာမာဓိပတိလက်ထက် အေဒီ ၁၄၈၈ မှာ ရှင်ဘုရင်က အာဏာစက်နဲ့ အားပေးလို့ သီဟိုဠ်ပြန် ဘုန်းကြီး တွေ အနိုင်ရပြီး အရည်းကြီးတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောကြတာ ဖြစ်တယ်။
၆) ဒါကြောင့် ၁၆ ရာစုနှစ်မှာ ရေးတဲ့ ရာဇ၀င်တွေမှာ မလိုလား တဲ့ အရည်းကြီးတွေကို အင်မတန်အဆိုးဖြစ်အောင် ရေးကြတာ ဖြစ်တယ်။
၇) အရည်းကြီးတွေကို အပြစ်ပြောမယ်ဆိုရင် ပြောစရာ တစ် ချက်ပဲရှိတယ်။ စိုက်ပျိုးဖို့ မြေယာတွေ ၀ယ်ယူပြီးရင် 'သေသားစားသောက်ပွဲ' ကျင်းပတာပဲ။ တခြား အပြစ်ပြောစရာ ဘာမှ မတွေ့ရ။
လို့ ရေးထားတာကို လေ့လာတွေ့ရှိရပါတယ်..။
အရည်းကြီးအကြောင်းကို ဒေါက်တာသန်းထွန်းက အကိုး အကားအထောက်အထား အားကိုးနဲ့ အဲသလို ကောက်ချက်ချ ပါတယ်..။
အရည်းကြီး တွေရဲ့ သဘောတရားရေးရာနဲ့ ပါတ်သက်ပြီး ဒေါက်တာ သန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇ၀င်စာအု
'' တောကျောင်းရဟန်းတို့ကို အထူးကျေးဇူးတင်ထိုက်သော အချက်တစ်ခု ရှိသေး၏။ မြန်မာတို့ မူလနေရာကို ခရိုန်၊ ထိုမှ ချဲ့ထွင်နေထိုင်ရာကို တိုက်ဟုရှိရာ ပုဂံပျက်လျှင် တိုက် အရပ်များ ၌ မြေယာများစွာသည် ထွန်ယက်စိုက်ပျိုးရန် လူမရှိခြင်း၊ လူရှိ ပြန်လည်း လုံခြုံမှု မရှိခြင်းတို့ကြောင့် တောအတိပြန်၍ ဖြစ်ရ သည်။ တိုင်းပြည် မည်သို့အခြေအနေရှိမည်ကို အေဒီ ၁၃၇၅ ခုနှစ်ထိုး ကျောက်စာ၏ အောက်ပါ ကောက်နှုတ်ချက်ဖြင့် သိသာပါသည်။
''----- ကျောက်စာ -----
''တစ်ခါမျှ စိုက်ပျိုးခြင်းမပြုဖူးသော တောမြေ သို့မဟုတ် မြေစိမ်း နှင့်တကွ စိုက်ပျိုးဖူးလျက် တောပြန်ဖြစ်သော တောမြေတို့ကို ယခုတောကျောင်း ရဟန်းတို့က သက်ဆိုင်ရာအာဏာပိုင် တို့ထံ တွင် ငွေ၊ အစား၊အသောက်၊ အ၀တ်ပေး၍ယူ ပြန်၍ ထွန်ယက် နိုင်အောင် ကြံစည်အားထုတ်ပေးခဲ့ကြ၏။ ဤအချက်ကား ပြည်ရွာ ငြိမ်းချမ်း၍ အစာရေစာပေါများလျက် စီးပွားရေး ကုံလုံ အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းဖြစ်သဖြင်
ထင်ရှားသော သာဓကတစ်ခုကား -
((-------- ကျောက်စာ ---------- ))
''ဤကျောက်စာအတိုင်းဆိုလျှင်
ခေတ်ဟောင်းမြန်မာရာဇ၀င် စာမျက်နှာ ၂၈၉ မှာလဲ အခုလို လေး တွေ့ရပြန်ပါတယ်..။
တစီးရှင် သီဟသူ လက်ထက်၌ ပင်းယမြို့တွင် သီလ၀န်ဂုဏ၀န် လဇ္ဇီပေသလ ရဟန်းသံဃာများစွာမရှိ- ပုဂံအရည်းကြီးတို့က ကြွင်းကျန်သော ရှင်ယောင် အရည်းကြီးတို့သာ များပြားစွာသတည်း ။''-ဟူသော အရေးအသားတွင် ပုဂံခေတ် ဦး အရည်းကြီးကို နှိမ်နင်း၍ ကြွင်းကျန်သမျှတို့သည် ပုဂံပျက် သည့်အခါတွင်မှ တစ်ဖန် အထင်အရှား နေပြန်သည်ဟူသော သဘောကို ဆောင်သောကြောင့် ထိုအရေးသားချက် တို့ကိုလေ့လာကြည့်ပါက ရှေ့နောက်လဲမညီ ရေးချင်သလို ရေး နေသော သူသာ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပါသည်
ထိုသို့သော ဦးကြီးတို့၏ ဆရာကြီး သမိုင်း သုတေသီတဦး၏ သမိုင်း မှတ်ချက်များအား ဦးကြီး နှင့် စာဖတ်သူများကိုယ်တိုင် တွေးဆ ကြည့်ကြပါ ခင်ဗျ ထိုအဆိုအရလဲ ပုဂံမှာ အရည်းကြီး ရှိတယ် ဆိုတာ ပေါ်လွင်ပါတယ်နော် ဦးကြီး
ယခုအခါ ရှာဖွေတွေ့ရှိထားသော အထောက်အထားများအရ အရည်းဆိုသူတို့ ပုဂံခေတ်၌ မရှိဟု ဆိုကြလေသည်
အထက်ပုဂ္ဂိုလ်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဇာ၊ မယိ ဒ္ဓိ၊ ဥုံဖွဂါထာ၊ မန္တရား၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မှော်၊ စုန်း၊ ကဝေ၊ ပယောဂ၊ ဗေဒင်၊ အဂ္ဂိရတ်၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်၊ နတ်ပူဇော်မှုများ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် ထိုအယူဝါဒများကို တိရ စ္ဆာန၀ိဇ္ဇာ (တိရ စ္ဆာန်တို့၏ အတတ်) ဟု ဗြဟ္မဇာလ သုတ်၊ သာမညဖလသုတ် စသည်တို့၌ဟောကြားတော်မူခြဲ့
ထိုအယူဝါဒများသည် မဟာယာနမှတဆင့် မြန်မာနိုင်ငံအတွင်း သို့ ၀င်ရောက်လာခြင်း ဖြစ်၏။ ယခုမှ ၀င်ရောက်လာသည် တော့မဟုတ်။သရေခေတ္တရာခေတ်(အေ
သရေခေတ္တရာမြို့ဟောင်းမှ တွေ့ရှိရသော ဗောဓိသတ္တရုပ်ကြွ ကျောက်ဆစ်လက်ရာ၊ ဘောဘောကြီး စေတီ၌တွေ့ရသော အ၀လောကိတေသွာရ ကြေးရုပ်တု၊ ဘုရားကြီးစေတီအနီးမှ တွေ့ရှိရသော အရိမေတ္တေယျ-ဘုရားလောင်းကြေး
ဖော်ပြပါအချက်အလက်များကို ထောက်ဆ၍ သရေခေတ္တရာ ခေတ်ကပင် မဟာယာနရောနှော နေကြောင်းသိရပါသည်။
ပုဂံ ခေတ်၌ကား သမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသနအထောက် အထားများအရ မဟာယာနတစ်ဖြစ်လဲ တန္တရ၀ါဒ ထွန်းကားခဲ့ ကြောင်းကို ပုဂံပေါ်တော်မူဘုရားရှိပန်းခ
ထို့ပြင် ပုဂံခေတ်ဦးပိုင်း အရည်းကြီးတို့၏ အလေ့အကျင့်များကို ထောက်ဆ၍လည်း သိနိုင်ပါသည်။ အရည်းကြီးတို့၏ အလေ့ အကျင့်များမှာ ပန်းဦးအလှူခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊ သေရည်သေရက်သောက်ခြင်း၊ အဂ္ဂိရတ် ထိုးခြင်း၊ အင်းချခြင်း၊ မန္တန်စုတ်ခြင်း၊ယတြာစီရင်ခြ
ဒီလောက်ဆို ရှိကြောင်း ထင်ရှားပါပြီနော် သမိုင်းဆရာအားလုံး တညီတညွတ်တည်း ဆိုတယ်လို့ ဦးကြီး ပြောတဲ့ အတိုင်းဆို ဒေါက်တာ သန်းထွန်း မပါတာ စိတ်မကောင်းစရာပါပဲ ဦးကြီး ရယ် တကယ် ဆို သူလဲ ပါသင့်တယ် ရောမိရောရာ ငါလဲပါ ဆိုသလိုလေ သုက ဘာလို့ ဖဲ့ထွက်သွားရတာလဲ ဦးကြီး
သူလိုလူက ဖောက်တယ် ဆိုတော့ သမိုင်း လိမ်ချင်တိုင်း လိမ် မရတော့တာ သမိုင်းပညာရှင်များ တော်တော် စိတ်ညစ်ကြမှာပါ
ကိုယ်ချင်းစာမိပါတယ်ဗျာ ကျွန်တော် ပြောတာ မဟုတ်ဘူး နော်
ရှိတယ် ပြောတာဦးကြီးတို့ ဆရာကြီး ဦးသန်းထွန်း ပြောတာ
ကျန်တဲ့စစ်တိုက်တာ မတိုက်တာ ပန်းခူးတာ ကောက်တာ တွေ မပြောလိုပါ အဆိုပြုချက်တွင် ထိုအကြောင်းများ မပါဟု ပြောပြီး သားဖြစ်ပေသည် နောက် မဟာကဿပ ဂိုဏ်းနဲ့စပ်ပြီး ဆိုထားတာတွေ ထည့်မရေးလိုပါပြီ ခင်ဗျ
ပျော်ပါစေ ဦးကြီးခင်ဗျ
နောင်တော်ပျူဂါမ ကြီး ပိဋကတ်သုံးတွင် ဘယ်နားရှိသည်ကို ယူပြပေးဖို့ ထပ်ဆင့် တောင်းဆို ဆန္ဒပြုလိုက်ပါသည်
အောက်ကဟာက အခြားစာဖတ်သူများ အတွက်ပါ ဦးကြီး အနေနဲ့ကတော့ ဒီနေရာလောက်ဖတ်ရင်ပဲ လုံလောက်ပါ့ပြီ လို့ သတင်းကောင်းပါးရင်း အမျှ အမျှ ရေစက်ချလိုက်ပါကြောင်း
**************************
ထိုအရည်းကြီးတို့၏ ၀တ်စားဆင်ယင်ပုံကို စလေဦးပုညက
“ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာလက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မည်းညစ်သည့်စီဝရံနှင့် တာတေလံ အကျင့်ဆိုးသောရှင်ဆိုးတကာ့ထ
အနော်ရထာမင်းသည်ရှင်အရဟံ(ဓမ
အရည်းကြီးအချို့သည်ရှမ်းပြည
ဤသို့နှိမ်နင်းခဲ့ပါသော်လည်
ထိုအရည်းကြီး အဆက်အနွယ်တို့သည် ပုဂံမင်းဆက် နရပတိစည်သူမင်းလက်ထက် နောက်ပိုင်းတွင် ပြန်လည် အင်အားကောင်းလာပါသည်။ တောကျောင်းဂိုဏ်းဟုပင် ဂိုဏ်းသီးခြား ခွဲထောင်ကြကုန်၏။
တောကျောင်းဂိုဏ်းသားတို့သည်
ဂိုဏ်းသားတို့၏ ၀တ်စားဆင်ယင်ပုံမှာတမုတ်ဆို
ဂိုဏ်းတည်ထောင်သူမှာ ရှင်ကဿပဖြစ်သည်။ ရှင်ကဿပ သည် အနိမ့်တောကျောင်းမှနေ၍ အရည်းကြီး ၀ါဒများကို ပြန့်ပွားအောင် ပြန်လည်တည်ထောင်သူ ဖြစ်သည်။
ရှင်ကဿပ မရှိသည့်နောက်၌လည်း တပည့်များက ဆက်လက် ဆောင်ရွက်ကြသောကြောင့် ပုဂံခေတ် ကုန်ခါနီးတွင် တော ကျောင်းဂိုဏ်း အထွတ်အထိပ်သို့ရောက်ခဲ့သည်။
ပင်းယခေတ် သက္ကရာဇ်၇၀၂-ခုနှစ်၊ ဥဇနာမင်းလက်ထက်တွင်
ထို ဂိုဏ်းမှ ရဟန်းတော်အချို့ သည် တောကျောင်း ဂိုဏ်းကို အတုလိုက်၍လောကီအတတ်ပညာမျာြး
ထို ကျောင်းသို့ ကလေးလူကြီး များစွာဝင်ထွက်သွား လာကြသည် ဖြစ်ရာပွဲတမျှစည်ကား သည်ကိုရည်ရွယ်၍ “ပွဲကျောင်း” ဟုခေါ်ဆိုကြသည်။ ထို့နောက်ကျောင်းများ၊ သံဃာ များ တိုးတက်များပြား လာသောအခါ ပွဲကျောင်းဂိုဏ်း ဟု ခေါ်တွင် ထင်ရှားလာပေသည်။
ပွဲကျောင်းဂိုဏ်း
စည်ပင်တိုးတက်လာသောအခါတောကေ
ပွဲကျောင်းဂိုဏ်းသည် ညောင်ရမ်းခေတ်အထိ တိုးတက်စည်ပင် လာခဲ့ သည်။ ညောင်ရမ်း ခေတ်နှောင်း ပိုင်း၌မူ အားနည်းသွား သည်ကို တွေ့ရသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်၌ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။
ဘိုးတော်ဘုရားသည် ထိုပွဲကျောင်းဂိုဏ်းက သင်ပေးသော ပညာဖြင့် နိုင်ငံတော်ကို ပုန်ကန်သည်ဟု အကြောင်းပြ၍ ဖျက်သိမ်းခြင်းဖြစ်သည်။ သို့သော်ပြည်သူနှင့် ရဟန်းသံဃာ တချို့မကျေနပ်မှုများ ပေါ်ပေါက်လာ သဖြင့်ပြန်လည်ဖွင့်လှစ် ရန်ခွင့်ပြုရသည်။ ပွဲကျောင်း အများအပြား ပျက်စီးကုန်ပြီဖြစ် ရကား အချို့လောက်သာ ဖွင့်လှစ်နိုင်တော့သည်။
ထိုပွဲကျောင်းများ ပြန်လည်စည်ကားစပြုချိန်မှာ မင်းတုန်းမင်းနန်း တက်ချိန်ဖြစ်သည်။ သက္ကရာဇ်၁၂၁၇- ခုနှစ်တွင် မင်းတုန်းမင်း သည်ပွဲကျောင်းများကိုလုံးဝဖ
သို့သော် ခေတ်အဆက်ဆက်ဆက်ဆံလာခဲ့ကြသော
မျက်မှောက်ခေတ်တွင် ဘိုးတော်စစ်ဆင်ရေးတစ်ရပ်ပြု
အဘယ့်ကြောင့် အရည်းကြီးဝါဒဟု ဆိုရပါသနည်းဟူမူ ထိုဂိုဏ်းအသီးသီးတို့၏ အထွတ်အမြတ်ထား ကြသော အရှင်အဇ္ဇဂေါဏ၊ရှင်မထီး၊ ဗားမဲ့၊ ဗားတမော့၊ ငရနဲဆရာတော် တို့ မှာထေရ၀ါဒအနွယ်ဝင်များမဟုတ်
ထိုအရည်းကြီးဝါဒတို့သည် မဟာယာနမှဆင်းသက်လာကြောင်း ကိုလည်း အထက်တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့ ကြိုးပမ်းအားထုတ်ပါရန်လည်း ဒုတိယသင်္ဂါယနာတင်စဉ် အခါက အရှင်ယသမထေရ်မြတ်ကြီး သည် အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
“ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက
သမိုင်းစကားနှင့် ပြောရလျှင် အဲဒီပွဲကျောင်းဘုန်းကြီးဆို
ယခု မြန်မာ၊ ထိုင်း၊ သီဟိုဠ်မှာတည်ရှိတဲ့ဂိုဏ်းက
“မြန်မာနိုင်ငံတော်မှာ အနော်ရထာမင်းလက်ထက်စပြီး ထေရဝါဒသာသနာရောက်ရှိခဲ့တယ်၊
ပွဲကျောင်းဘုန်းကြီးများဟာ ဂေါတမဘုရားကိုကိုးကွယ်တာ မှန်တယ်၊ ဂေါတမရုပ်တုတော်ကိုလည်း ကိုးကွယ်ကြတယ်၊ သို့သော်လည်း အဝလောကိတေသရနတ်ဘုရားကိုလည်း
အဲဒီ အဝလောကိတေသရနတ် ဘုရား မန္တာန်တော်က (ဥုံ မဏိပဒ္ဓေဟုံ) ဆိုတာ ဖြစ်ပါတယ်၊ ရှေးအစဉ်အဆက် အလေ့အလာနှင့် ရှေးက အဝလောကိတေသရ ရုပ်ပွားကိုပင် ဂေါတမဗုဒ္ဓအဖြစ် ဆက်လက်ကိုးကွယ်ခဲ့ကြတယ်။
အဝလောကီတေသရ နတ်ဘုရားရဲ့ ပုံတော်ကို ဂေါတမအဖြစ် အစဉ်အဆက်ကိုးကွယ်လာကြသလို ရှေးက ပွဲကျောင်းဓလေ့ ဖြစ်တဲ့ အတီးအမှုတ် အကအခုန်များကိုလည်း ထေရဂိုဏ်ဝင် ပုဂ္ဂိုလ်များက အမွေခံပြီး ဆက်လက်ပြုလုပ်လာခဲ့ကြတယ်၊ ဒီနေရာမှာ အဆိုအက စတင်ဖြစ်ပေါ်လာပုံကို ဆက်ပြောပေး ပါမယ်။”
“ကမ္ဘာဦးကလူတွေဟာ နတ်ဘုရားများကို စတင်ကိုးကွယ် ကြရာက ဝေဒကျမ်းများ ထင်ရှား ဖြစ်ပေါ်လာကြတယ်၊ ကမ္ဘာဦးလာ ဝေဒကျမ်းများဟာ (၁)ဣရုဝေဒ (သို့မဟုတ်) ရိဂဝေဒကျမ်း၊ (၂) ယဇုဝေဒကျမ်း၊ (၃) သာမဝေဒကျမ်း၊ (၄) အာထဗ္ဗဏ (သို့မဟုတ်) အတ္ထာရဝဝေဒကျမ်းရယ်လို့ ၄-မျိုးရှိတယ်။
အဲဒီ ၄-မျိုးအနက် (၁) ဣရုဝေဒကျမ်းဟာ ဂါထာပေါင်း၁၀၀၀-ပါရှိပြီး ကောင်းကင်ဘုံစံ နတ်ဘုရားများရဲ့ ဂုဏ်တော်များကို ချီးကျူးဖွဲ့ဆိုထားတာပါ၊
(၂) ယဇုဝေဒကျမ်းဟာ စုဏ္ဏိယတစ်ဝက်, ဂါထာတစ်ဝက်ပါရှိ သတဲ့၊ အဲဒီ ဂါထာများဟာ များသောအားဖြင့်ဥရုဝေဒကျမ်း
(၃) သာမဝေဒကျမ်းလာ ဂါထာများဟာလည်း ဥရုကျမ်းလာ ဂါထာတွေပင် များသတဲ့၊ သို့သော် အဲဒီ ဥရုကျမ်းလာ (ကဗျာ) များကို ရွတ်ဆိုဖို့ စည်းကိုက်ဝါးကိုက်အသံထည်ပေး
(၄) အာထဗ္ဗဏကျမ်းကတော့ ဂါထာပေါင်း ၆၀၀၀-ပါသတဲ့၊ သို့သော်ဥရုဝေဒကျမ်းလာ ဂါထာများနှင့် စုဏ္ဏိယျားဖြစ်ပြီး စုန်းကဝေ တစ္ဆေ မြေဖုတ်များကြောင့်ဖြစ်တဲ့ေ
ဒီ ဝေဒကျမ်းများဟာ နတ်ဘုရားများကို အမွှမ်းတင်ပြီးပူဇော်တဲ့ ကျမ်းတွေပဲ၊ ပူဇော်တဲ့နေရာမှာ အသားအသွေးဖြင့် ပူဇော်ခြင်း၊ အရက်သေစာဖြင့်ပူဇော်ခြင်းအထ
နစ္စ, ဂီတ, ဝါဒိတဆိုတဲ့ အကအဆို အတီးအမှုတ်ဟာ လူတိုင်း ရဲ့ မွေးရာပါ ဝါသနာဖြစ်သတဲ့၊ ဂန္ဓဗ္ဗဆိုတဲ့ နတ်တွေဟာ အက အဆို အတီး အမှုတ် အလွန်ဝါသနာကြီးတဲ့ ကချေသည်မျိုးတွေ ဖြစ်ကြသတဲ့၊ ဒါကြောင့် အက အဆို အတီး အမှုတ်တွေနှင့် နတ်ဘုရားကိုပူဇော်ကြတဲ့အခါ သူ့ထက်ငါသာ အပြိုင်အဆိုင် ဘုရားပွဲကြီးများ ဖြစ်လာကြတယ်။
မဟာယာနသာသနာဟာ အိန္ဒိယမှာ တည်နေစဉ်က ဟိန္ဒူဝါဒ နှင့်ပူးပေါင်းခဲ့တယ်၊ ဟိန္ဒူဝါဒမှာ ဗိဿနိုးနတ်ဟာ အဝတာရ အဖြစ် လောကကြီးကို စောင့်ရှောက်သလို မဟာယာနကလည်း လောကိတေသရ နတ်ဘုရားလောင်းတော်က လောကကြီးကို စောင့်ရှောက်ခဲ့တယ်၊ ဟိန္ဒူများကနတ်ဘုရားကို အကြီးအကျယ် အကအဆို အတီး အမှုတ်များနှင့် ပူဇော်သလို မဟာယာနများ ကလည်း အကအဆို အတီး အမှုတ်များဖြင့် ဘုရားရှင်ကို ပူဇော် ခဲ့ကြတယ်၊ ဒါကြောင့် မဟာယာနဂိုဏ်းကို မြန်မာက ပွဲကျောင်း ဂိုဏ်းလို့ ခေါ်ခဲ့ကြတယ်၊ မြန်မာနိုင်ငံတော်မျာ ပွဲကျောင်းဂိုဏ်း ဟာမရှိသလောက် ပျောက်ကွယ်သွားပြီကွယ့်၊ တိုင်းပြည်စွန်နား မှာ နည်းနည်းပါးပါးမျှသာ ကျန်လိမ့်မယ်၊သို့သော် အစဉ်အလာ အက အဆို အတီး အမှုတ် ပူဇော်ပွဲကတော့ မပျောက်ကွယ်ဘဲ အမွေအနှစ်အဖြစ် ယနေ့ထိအောင်ကျန်နေတယ်”
No comments:
Post a Comment