Friday, May 30, 2014
၃၀ . ၅ . ၂၀၁၄ မွေးနေ့အမှတ်တရ
ချစ်သူငယ်ချင်းအားလုံးမင်္ဂလာပါရှင်....
ကျေမမွေးနေ့ လေးမှာ အမှတ်တရ 
မွေးနေ.လက်ဆောင်လေးတွေ ပို.ပေးတဲ့
အပြင်မှာမခင်ဖူးပေမယ့် အွန်လိုင်းမှာ
 ငယ်သူငယ်ချင်; ပြီးတော.မောင်နှမ အရင်းတွေလို
ဖေးမချစ်ခင်ကြတဲ့သူငယ်ချင်းအားလုံးကို .... 
အထူးကျေးဇူးပါရှင်......
ဒီအမှတ်တရ လက်ဆောင်လေးတွေဟာ 
ကျမ ဘ၀ရဲ့ မိုင်တိုင်လေးတစ်ခုပါပဲ
တသက်လုံးမြတ်မြတ်နိုးနိုးသိမ်းထားမှာပါ.....
အသက်တွေကြီးလာ ရင် .....
အမြတ်နိုးဆုံး အမှတ်အရလေးအနေနဲ.
ခနခန ဖတ်မိနေမှာ ကျိန်းသေပါတယ်ရှင်.....
အားလုံးကို မြတ်နိုး တန်ဖိုးထားလျှက်.......။
မာလု
ကျမ္မာပကတိချမ်းသာရှိဖြင့်
မိမိတတ်သိလေ့လာဆည်းပူးထားသမျှကို
အများအကျိုးအတွက်သည်ပိုးဆောင်ရွက်နိုင်ပြီး၊
ယ္ခုမွေးနေ့မွေးရက်မှစ၍ရောက်လေရာဘဝတိုင်းဘဝတိုင်း
မိဘစကားနားထောင်သောသမီးကောင်းရတနာဖြစ်ပါစေ။
 ((((ငါတို့ ညီမလေးမွေးနေ့ကို အကြောင်းပြု၍
 စေတုတ္တရာအလှူငွေတစ်သိန်းခွဲ လှူဒါန်းပါမည်))))
 ၃၀ ရက်နေ့မွေးနေ့မှသည် နှစ်အရာမက
 လှပသောဘဝကို ရပါစေ။ မနေ့ကတည်းက
 စိတ်ကလှူပြီးပေမယ့် လိုင်းမတက်လို့ စာမရေးလိုက်နိုင်တာပါ
Bo Mya Gyi
ညီမလေးမွေှးနေ့မှသည် နှစ်ပေါင်းများစွာလောကီ
 လောကုတ်တရား အကျိုး တို့ကို ဆထက်တပိုးတိုး၍
ဆောင်ရွက်နိုင်တဲ့ သူလေးဖြစ်ပါစေ. 
မာလုမွှေးနေ့အတွက် ပရဟိတလှူဒါန်း
Photo: ညီမလေးမွေှးနေ့မှသည် နှစ်ပေါင်းများစွာလောကီ လောကုတ်တရား အကျိုး 
တို့ကို ဆထက်တပိုးတိုး၍ 
ဆောင်ရွက်နိုင်တဲ့ သူလေး
ဖြစ်ပါစေ. မာလုမွှေးနေ့အ
တွက် ပရဟိတလှူဒါန်း
 Saw Wunna
မိနူးမွေးနေ့အတွက် ..စေတုတ္တရာသို့ 
အလှူငွေ တစ်သိန်းကျပ်လှူဒါန်းပါတယ်
  တွံတေး အရှင်လေး
တစ်နှစ်အိုပြန် ငါ့ရုပ်နာမ် သေရန်တစ်နှစ်နီးပြန်ပြီ
မသေသေးခင် သွားလမ်းစဉ် ကြိုတင်ပြင်မှသင်တော့မည်
ဒါနသီလ ဘာဝနာ သုံးဖြာလမ်းသာတွင်တော့မည်
မဂ္ဂင်ယဉ်ကြီး အမြန်စီး ခရီးထွက်သင့်သည်
မွေးနေ့အတွက် ကုသိုလ်ဆက် သက်ရှည်ကျန်းမာချမ်းသာစေ
မွေးနေ့ကြောင်းပြု ကုသိုလ်စု နိဗ္ဗာန်မျက်မှောက်ပြုပါစေ
Myonyunt Oo
ညီမလေး မာလု မွေးနေ့မှစ
 နှစ်ပေါင်း ၁၀၀ တိုင်
ကျန်းမာခြင်း ချမ်းသာခြင်း
လိုအင်ဆနဒ ပြည့် စုံခြင်းတို့နှင့် ပြည့်စုံပါစေ။
ဘာသာ သာသနာ အကျိုး ဆထက်တိုးလို့သယ်ပိုးနိုင်ပါစေ။
Zin Thu Saint
မွေးနေ့မှစ၍ သက်ဆုံးတိုင်ပျော်ရွှင်ပါစေအစ်မ. . .
စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် ဘာသာ၊ သာသနာအကျိုး၊ တိုင်းပြည်နဲ့လူမျိုး အကျိုးကို ဆထက်တိုးပြီး ထမ်းဆောင်နိုင်ပါစေ. . .
ဘဝ၏ငြိမ်းချမ်းမှုအစစ်အမှန်ကိုရရှိ ခံစားနိုင်ပါစေ. . . 
အစ်မနုးလေး အေးချမ်းပျော်ရွှင်ပြီး ဘာသာ သာသနာအကျိုး အများအကျိုးဆထက်တစ်ပိုး
ထမ်းဆောင်နိုင်ပါစေ ပြုပြုသမျှ ကောင်းမှု့ ကုသိုလ်အကျိုးကြောင့် သံသရာလမ်းကို ဘဝတိုတိုနှင့်
ဖြတ်သန်းနိုင်ပါစေဗျာ 
မွေးနေ့မှာ နောင်နှစ်ပေါင်းများစွာတိုင်အောင်
စိတ်ကြည်လင်ချိန် ရှည်လျားပါစေ။
အမျက်အအီမရှိ သောကမာနဒေါသတို့ ကင်းပ ပါစေ။
အနှောက်အယှက် ဘေးတို့မှလည်းကောင်း
အနှောက်အယှက် အတွေးတို့မှလည်းကောင်း
အစဉ်သဖြင့် နီးနီးလွတ်ငြိမ်းပါစေ။
သမ္မာရှစ်ချက် မြဲမပြတ် ကျင့်သုံးနိုင်ပါစေ။
Happy Birthday ......Aah Ma Nuu.......
Happy birthday.......
Happy birthday!! — feeling happy.
ချမွေးနေ့မှာပျော်ရွှင်စေပြီး အများအကျိုး
သာသနာ့အကျိုး မိသားစုအကျိုးကို စွမ်းစွမ်း
တမံဆောင်ရွက်နိုင်သော အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ
ကျန်းမာချမ်းသာစွာနဲ့ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ပြီး ဖြစ်လေရာဘဝတိုင်းမှာ မိသားစုနဲ့ဥမကွဲသိုက်မပျက် ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ရောဂါဘယများလဲကင်းရှင်းစေပြီး ပြီးပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်ရပါစေနော်!!!!!!!! ချစ်သူရေ ...
မာမီလေး Happy birthday ပါ
မာမီလေးယခုမွေးနေ့ကနေစပြီး
နောက်နှစ်ပေါင်းများစွာတိုင်တိုင်
စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်း
သာခြင်းတို့နဲ့ပြည့်စုံပြီး လောက
အကျိုးစီးပွားကိုသယ်ပိုးနိုင်သော
မိန်းကလေးဖြစ်ပါစေ။သားများ
အားလည်းအဖက်လုပ်ပြီး အရေး
တယူထားလာနိုင်ပါစေ။
ပုံ
တားထွေးလေး
ဆက်ရန်ပိုင်
Photo: မာမီလေး Happy birthday ပါ
မာမီလေးယခုမွေးနေ့ကနေစပြီး
နောက်နှစ်ပေါင်းများစွာတိုင်တိုင်
စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်း
သာခြင်းတို့နဲ့ပြည့်စုံပြီး လောက
အကျိုးစီးပွားကိုသယ်ပိုးနိုင်သော
မိန်းကလေးဖြစ်ပါစေ။သားများ
အားလည်းအဖက်လုပ်ပြီး အရေး
တယူထားလာနိုင်ပါစေ။
ပုံ
   တားထွေးလေး
   ဆက်ရန်ပိုင်
Tun Ko 
Happy Birthday အမ အ မေ ဒေါ် မာ လု heee
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ကိုယ်ကချစ်သောသူ ကိုယ့်ကိုချစ်သောသူများနှင့်ပျော်ရွင်စွာဘ၀ကိုဖြတ်သန်းနိုင်ပါစေ။ ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းကြပါစေ။ ဘာသာသာသနာအကျိုးကိုဆထက်တပိုးထမ်းဆောင်နိုင်ပါစေ
ချစ်ညလေး
Happy Birthday sister!!
ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းကျပါစေ...
Happy Birthday! ပါ အစ်မ။ ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ။
ပျော်ပျော်နေတတ် ပွင့်ပွင့် လင်းလင်း ပြောတတ်တဲ့ မ မာလု မွေးနေ့မှစ၍ ယခုထက်ပိုပြီး အများအကျိုး သယ်ပိုးနိုင်ပါစေ ၊သာသနာ့ရောင်တော် ပိုမို ဖွင့် နိုင်ပါစေ :)
Happy Birthday
အမကိုယ်ကျန်းမာစိတ်ချမ်းသာပီး
ထာဝရ ပျော်ရွှင် ပါစေ
မွေးနေ့မှသည်နောင်နှစ်ပေါင်းများအမျိုးဘာသာသာသနာအကျိုးသယ်ပိုးနိုင်ပါစေ
Happy birthday အမ မာလု
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
သာသနာအကျိုး သယ်ပိုးနိုင်ပါစေ
မွေးနေ့တရာတိုင်ပါစေ
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်
ဘာသာသာသနာအကျိုး
ဆထက်တပိုးရွတ်ဆောင်နိုင်ပါစေ
ဘဝနှင့်ဆန္ဒတထပ်ထဲရပါစေ
Happy Birth Day my fri @ my sis # Good Luck for all #
Thanyaw Zin
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ကိုယ်ကချစ်သောသူ 
ကိုယ့်ကိုချစ်သောသူများနှင့်ပျော်ရွင်စွာဘ၀ကိုဖြတ်သန်းနိုင်ပါစေ။ 
ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းကြပါစေ။ 
ဘာသာသာသနာအကျိုးကိုဆထက်တပိုးထမ်းဆောင်နိုင်ပါစေ
ချစ်ညလေး
Happy Birthday to you
Tun Ko 
Happy Birthday အမ အ မေ ဒေါ် မာ လု heee
ပျော်စရာမွေးနေ့ပေါင်းများစွားကို 
ချစ်တဲ့သူတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေ
 Happy birthday. ပါ မမ
HaPpY bIrThDaY tO yOu,
hApPy BiRtHdAy To YoU.
Yee Myo Swe
ပျော်ရွှင်ရသောမွေးနေ့ဖြစ်ပါစေ ချစ်ဆုံးရေ။လိုအပ်နေသေးတဲ့ဆန္ဒဆုတောင်းတွေ
အားလုံးလဲပြည့်ပါစေသော်
Angel Daewi
 ဘေးရန်​ကင်းကွာ၊စိတ်​၏ချမ်းသာ၊ကိုယ်
၏ချမ်းသာချင်းနဲ့ပြည့်​စုံပ်​​ စေ၊နှလုံးစိတ်
ဝမ်း​အေးချမ်းပါ​စေ၊​မေတ္တာနှလုံးအစဉ်​သုံး၊ရွှင်​ ပြုံးနိုင်​ပါ​စေ။
Eiei Mon
HAPPY BIRTHDAY မမနူး
ညက​နေမ​ကောင်းလို့​စော​စော အိပ်​လိုက်​တာ 
လိုင်းမတက်​လိုက်​ရလို့
နောက်​ကျသွားလို့ စိတ်​မ​ကောင်းဘူး
မမနူး ​ရေ စိတ်​၏ကျန်းမာခငြ်းကိုယ်​၏ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး
 အလင်းပြ​ပေးသူ အဖြစ်​မြင်​ခွင့်​ကြားခွင့်​ရပါ​စေ
ချစ်​ရတဲ့ မမနူး အာဘွား
Hnin Nwe Lay
ဒီနေကညီမမွေးနေ့ လား
ဒီမွေးနေ့ ကစလို့ 
စိတ်ချမ်းသာကိုယ်ကျမ်းမာချင်းများနှင်
အလုံးစုံပြည်ဝပါစေ
မျိုးစောင့် စစ်သည်
အမ နူးး မင်္ဂလာပါ
မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ
အမျိုးဘာသာသာသနာအကျိုးကို
ဒီထက်မက ဆထက်ထန်းပိုးနိုင်ပါစေ။
Zay Yar Tun
အမရေမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျတဲ့လူဖြစ်ပါစေခင်ဗျာ
လမ်းသရဲ မိုးတိမ်
happy birthday အစ်မ
မွေးနေ့မှစပီး
 နောင်နှစ်ပေါင်းများစွားတိုင်အောင်
ကျန်းမာပျော်ရွှင်စွာ ဘ၀ကိုဖြတ်သန်းနိုင်ပါစေ အစ်မ
HAPPY BIRTH-DAY NYIMALAY. 
ဒါမျိုးလေး မြန်မြန်ဝတ်နိုင်ပါစေ။ 
သာသနာအကျိုးကို
သက်ဆုံးတိုင်သယ်ပိုးနိုင်တဲ
့မွေးနေ့ရှင်လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် 
Happy birthday ပါ အမ:-)
မွေးနေ့မှာ ပျော်ရွှင်ပါစေဗပာုသုတ ရစေမဲ့ ပို့စ်တွေလဲ
များများေ၇းနိုင်ပါစေ:-)
Happy Birthday ဘဝကို ပျော်ရွှင်ငြိမ်းချမ်းစွာ
 နေ့ရက်တိုင်ကို ဖြတ်သန်းနှိင်ပါစေ
မမနူးရေပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော်
အစ်မနူးနူး Happy Birthday ကျန်းမာပျော်ရွှင်စွာ ဘဝကိုလျှောက်လှမ်းနိုင်ပါစေ
ချစ်ခင်လေးစား ရပါသော မာလု @ မမနူးရေ စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး နောင်နှစ်ပေါင်းများစွာတိုင် သာသနာ့ အကျိုးကို လည်းဆထက်တပိုးထမ်းဆောင်နိုင်တဲ့ သမီးတို့ရဲ့ သာသနာ့မိခင် အလင်းပြပေးသူ အဖြစ်မြင်ခွင့်ကြားခွင့်ရပါစေ ။
Net Naymin
ပျော်ရွှင်ဖွယ် မွေးနေ့ မှ နောင် နှစ်၁၂၀တိုင် 
ချမ်းမြေ့သာယာပါစေခင်ဗျာ
happy birthday..sis
good luck..
ချစ်ဆုံး..တဲရေး..မွေးနေ့ပေါင်းရာကျော် လိုရာပြည့်ဝ ..
စိတ်တိုင်းကျ၍ ..အေးမြ..သာယာ...ငြိမ်းချမ်းစွာ..
မေမေနှင့်အတူ ..မတောင့်မတ သာသနာ
ပြုနိုင်ပါစေ...
ရမ်းချစ်တယ်..
ကိုကောင်း +ရွှေရည် သိန်းတန်
Lovely message for a Lovely Person
from Lovely Friend
For a Lovely Reason
at a Lovely Time
from a Lovely Mind
in a Lovely Mood
in a Lovely Style
to wish you
Have a Lovely "Birthday"
ဒီနေ့က မမ မွေးနေဆိုသိဘူးအခုမှသိတယ်
Happy birthday:):):):):-
ချစ်သူငယ်ချင်းရေ....
မွေးနေ့မှစ သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ....
ရခဲလှတဲ့ လူ့ဘဝမှာ ရခဲလှတဲ့ သာသနာတော်ကြီးကို ကြုံကြိုက်တုန်း သာသနာမှာ ထောက်တည်ရာတစ်ခုကို ခိုင်ခိုင်မြဲမြဲ လွယ်လင့်တကူ ရယူနိုင်ပါစေ.....
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...
 Wen Ka Bar Lwan 
Happy Birthday .. ပါ ခညာ
သက်တော်ရာကျော် ရှည်ပါစေ ....
Win Ter
happy birth dayပါ
ကျမ္မာ ချမ်သာမှု
ထာဝရ ရရှိပါစေ
အသက်ရာကျော်ရှည်ပါစေရှင့်
Photo: အသက်ရာကျော်ရှည်ပါစေရှင့်
Naing Oo
အမ မာလု အခု ကျရောက်သော မွေးနေ့မှ
နောင် နှစ်ပေါင်းများစွာထိ ပျော်ရွှင် နိုင် ပါစေ။။။
Photo: အမ မာလု  အခု ကျရောက်သော မွေးနေ့မှ
နောင် နှစ်ပေါင်းများစွာထိ ပျော်ရွှင် နိုင် ပါစေ။။။
Tuesday, May 27, 2014
ငယ်ဘဝ
နိဗ္ဗာန်နဲ့ တရားတော်တို့ကိုသင်သူဆရာ ။
ဂုဏ်ပြုအပ်ဆုံး .... ဥာဏ်အရင့်ဆုံး ... အကြင်နာဆုံး ...
မြေတို့ ... မိုးတို့ .... ငရဲတို့မှာ ... အတုမရှိသူ ...
မြေပေါ် .... မင်းသိဒ္ဓတ် တွင်တဲ့ ဗုဒ္ဓ ....  ကမ္ဘာလောကကို ...ကယ်တင်ရှင် ရဲ့ ကျမ်းစာ။
လူတို့အတွက် မွေးပြန်ဖို့သူလာခဲ့တယ် ..... အမြင့်ဆုံးဘုံအောက်မှာ မင်းလေးပါး စံနေတယ် ... ကမ္ဘာကို အုပ်ချုပ်သူတွေ ... သူတို့ရဲ့အောက် ပိုနီးပေမယ့် မြင့်တဲ့ဘုံတွေမှာ အမြင့်ဆုံးဝိညာဉ်တို့ နှစ်သုံသောင်း စောင့်ကြ ... အဲ့ဒီမှာစောင့်စဉ် ဗုဒ္ဓမှာ သန္ဓေနိမိတ် ပေါ်လာတယ် ... နတ်တွေက နိမိတ်တွေအကြောင်းသိသမို့ ... ဆိုကြပြီ ....
 ကမ္ဘာကယ်ဖို့ ဗုဒ္ဓ သွားရ ဦးမယ် ..... တဲ့
အိမ်း .... အကြိမ်ကြိမ်မှာ နောက်ဆုံးပ ... ။ ငါရော ... ငါ့တရား သိသူတွေပါ ... မွေးခြင်း သေခြင်း ဆုံးပြီ ။ .... တဲ့ ...သူပြန်ပြောတယ် ။
အဲ့ဒီည ဘုရင်သုဒ္ဓေါဒန ရဲ့ မာယာမိဖုရား ... အိမ်မက်ဆန်း မြင်တယ် ....။
ကောင်းကင်က ကြယ်တစ်စင်း ... ရောင်ခြည်တော်ခြောက်သွယ် လင်းလျှက် ... ဆင်ပြောင် ရဲ့ သဏ္ဍန်နဲ့ ယာကနေ သူ့ဝမ်းထဲဝင်သတဲ့ ...။ သူလန့်နိုးတော့ ... မိဖုရားရဲ့ရင် ပီတိလွှမ်းခဲ့ ... အောက်အရပ် ဆီကတေးသံနုနု ကြားရဲ့ ....
အိုအသင်တို့ ... ရှင်ရမယ့် သေသူ ... သေတဲ့ ရှင်သူတို့ ... ထကြ ကြားကြ မျှော်ကြ ... ဗုဒ္ဓလာပြီ ... တဲ့။
မနက်အာရုံကျင်း ... ဒီအကြောင်းကိုပြောပြရာ ... ဆံဖြူအိမ်မက်ဖတ်တို့က ...
အိမ်မက်ကောင်းပ ... ကက္ကဋ တာရာဟာ နေနဲ့ ယှဉ်နေတယ် ... မိဖုရားသားဖွားမယ် ...။ အံ့ဖွယ်ပညာရှင် သတ္တ၀ါအပေါင်း ကို အကျိုးပြုမယ့် ခလေးမြတ်ပေပဲ ...။
လူတို့ကို ... မသိမှုမှကယ်တင်လိမ့်မယ် ... ဒါမှမဟုတ် ... သူစိုးချင် ... ကမ္ဘာကို စိုးမယ် ...။
ဒီလိုနဲ့ မိဖုရား မာယာ သားကို မနာမကျင်   မွေးဖွားခဲ့ တယ် ... ကျော့ရှင်းတဲ့ကိုယ်မှာ ... ယောက်ျားမြတ် လက္ခဏာ သုံးဆယ့်နှစ်ပါး ပါရဲ့ ...။ မင်းသားကို သဗ္ဗတ္ထသိဒ္ဓ ( အကုန်ပြည့်သူ ) လို့မှည့် ကြတယ် ..။
မင်းသားကို လာကြည့်တဲ့ သူစိမ်းတွေ ထဲမှာ ဆံဖြူ  ရသေ့ အသိတ ပါရဲ့ ....
သူ့နားတို့ မြေဆန်တ မကြား .... နတ်သံကိုသာကြားသမို့ ... ညောင်ပင်အောက် ၀တ်ပြုနေစဉ် နတ်တို့ ဗုဒ္ဓဖွားကြောင်း တေးသီတာ ကြားခဲ့တယ် ... အသက်အရ အကျင့် ပညာအရ အံ့ဖွယ်ပ ...။ ကြည်ညိုဖွယ် အသွင်နဲ့ သူချဉ်းကပ်လာစဉ် ... မိဖုရားမာယာ သားငယ်ကို သူတော်စင်ခြေရင်း ချမယ်ပြုတယ် ...
အို ... မိဖုရား  မပြုနဲ့ ... တဲ့ ပြောပြီး ... မြေပြင်ကို ရှစ်ကြိမ် အိုမင်းတဲ့ မျက်နှာနဲ့ ဦးခိုက်တော့တယ် ...။
အို ... ခလေး ၊ ငါရှိခိုးရဲ့ ... မင်းဟာသူပဲ နှင်းဆီအလင်း ခြေဖ၀ါးလက္ခဏာ ... လက္ခဏာကြီးပေါင်း သုံးဆယ့်နှစ်ပါး ၊ လက္ခဏာငယ် ရှစ်ဆယ် ငါမြင်ရပြီ ... မင်းဟာ ဗုဒ္ဓပဲ ....
မင်းတရားတွေဟောမယ် ... တရားသူကြားရသူအားလုံးကို ကယ်မယ် ... ငါတော့ ကြားမယ်မဟုတ် ... စောစောသေချင်သူ အသေစောခဲ့ပြီ ... ဒါပေမယ့် မင်းကိုငါဖူးရပြီ...။
မင်းမြတ် ... ဒါဟာ နှစ်အသင်္ချေမှာ တစ်ခါသာပွင့်တဲ့ ... ပွင့်ပြီးရင် ကမ္ဘာကို ပညာရနံ့ ၊ မေတ္တာပျားရည် လျှမ်းစေတဲ့ လူသား သစ်ပင်မှ ပန်းပွင့်ဖြစ်တယ် ... သင့်တော်ဝင်သစ်မြစ်က နတ်ကြာပန်းပွင့်ပြီ ...။
ချမ်းသာစွ နန်းတော် ... လုံးလုံးချမ်းသာစွတော့မဟုတ် ... သင်းဝမ်းကို ဒီသူငယ်ကြောင့် ဒါးစိုက်လိမ့် ...။
အသင်မိဖုရား ... ဒီမွေးမှုကြောင့် လူနတ်တို့ချစ်အပ်သူ  ...။ မြင့်မြတ်လွန်းသမို့ နောက် ဒုက္ခ မခံထိုက်ပြီ ... ဘ၀ဆိုတာ ဒုက္ခပဲ ... ခုနှစ်ရက်နေရင် သင့်ဒုက္ခ မနာမကျင် နိဂုံးရောက်လိမ့်မယ် ...။
ဒီအတိုင်းဖြစ်ရဲ့ ... ခုနှစ်ရက်မြောက်ညနေမှာ ... မိဖုရားမာယာ ပြုံးစက်ရာ မနိုးတော့ဘူး ။တာဝတိံသာ အသာရောက် သွား ... နတ်သင်္ချေတို့ ရှိခိုးကြ ... ၀င်းပတဲ့ မိခင်မြတ်ကို ခယ လုပ်ကျွေးကြတယ် ...။
ခလေးငယ်အတွက် ... မွေးကြွေးပြုစုသူရတယ် ... မဟာပဇာပတိ မင်းသမီးတဲ့ ။ သူ့ရင်မြွာဟာ လောကကို နှုတ်နဲ့ ... နှစ်သိမ့်သူ ရဲ့ နှုတ်ကို နို့ရည်ကျွေးခဲ့တယ် ...။ ဒါနဲ့ ... ရှစ်နှစ်အကြာ .... သတိရှိသူ မင်းသားကို ... မင်းသားအတတ် သင်ပေးဖို့ အတွက် ... မူးမတ်စုံညီ ညီလာခံမှာ .... ဘုရင်က ....
မင်းကြီးတို့ ... သားတော်မင်းသား ... တတ်ရာသင်ဖို့ ... ဘယါသူ ပညာအရှိဆုံးလဲ .....
အဖြေက တစ်သံထဲထွက်လာတယ် ....
မင်းမြတ် .... ၀ဿ     မိတ္တ ပညာအရှိဆုံး ... ကျမ်စားတွေ အနှံ့စပ်ဆုံး  ... သုတရော ... လက်မှု ပညာပါ ... အရာရာ အတော်ဆုံးပါ ...  တဲ့ ။
ဒါနဲ့ နေ့ကောင်းရက်သာ တစ်ရက်မှာ ... မင်းသားဟာ ဘောင်ပတ်လည် ကျောက်မျက်တွေစီထားတဲ့ နွားနီရောင် စန္ဒကူးသင်ပုန်းကိုကိုင် ... ပညာရှင်ရှေ့မှာ မျက်လွှာချပြီး ရပ်လိုက်တယ် ... ။ ဆရာက ...
သားးး ... ဒီစာကိုရေး ဆိုပြီး ဇာတ်မြင့်တို့သာကြားရတဲ့  ဂါယတိ ရွတ်တယ် ...
သြံ ... တတ်သ၀ိရွ ...
 ရေနုမ် ဘရ်ဂေါ ဒေဝသျ ဓိမဟိ
ဓိယော ယော နုပြသောဒယာတ်။
( ဗြဟ္မဏ များ မနက် ည ဘုရားဝတ်ပြုရာမှာရွတ်တဲ့ဂါထာ ... စင်္ကြာဝဠာကို .. ဖန်ဆင်းတော်မူသူရဲ့ ... အလင်းရောင် အရှင်နေမင်းကိုရှိခိုးပါ၏... ဒါကြောင့် ငါတို့စိတ်ထဲမှာရှိနေတဲ့ အလင်းဟာ ... ငါတို့ ဥာဏ်အသိကို ... အမှန်တရားရှာဖွေရာမှာ လမ်းပြပါစေ ...တဲ့ )
အာစရိ ... ငါရေးပြီ .... မင်းသားငယ် ..အနူး အညံ့ ဖြေတယ် ... ပြီး သင်ပုန်းပေါ်မှာ ... အက္ခရာ အမျိုးမျိုးနဲ့ ရေးတော့တယ် ...
နာဂရီ ၊ ဒက္ခိဏ ၊ နီ ၊ မင်္ဂလ၊ ပရုရှ ၊ ယဝ ၊ တိရထိ ၊ ဥတ် ၊ ဒရဒ် ၊ သိချာနီ ၊ မန ၊  မဇ္ဈစာရ ၊ ရုပ်ပုံသက်ေတဘာသာစကား ၊ ဂူနေ .. ပင်လယ်နေလူတို့ အမှတ်အသားများ ၊ မြေအောက်မြွေတို့ကို၇ှိခိုးကြသူများ ၊ မီးလျှံ နေဝန်းကို ကိုးကွယ်သူများ ၊ မာဂီယန်များ ... မြေပုံပေါ်နေထိုင် သူများ ...စတဲ့ လူမျိုးအပေါင်းရဲ့ ထူးဆန်းတဲ့အရေးအသား တစ်ခုပြီးတစ်ခု ကညစ်နဲ့ သူရေးခြစ်တော့တယ် ....
ဒီတော့ ဝိသမိတ္တက ... တော်လောက်ပြီ ... ဂဏန်းသင်ကြစို့ ... ငါ့နောက်ကလိုက်ဆိုလေ ... လခ် ကိုရောက်တဲ့ထိ ရေတွက်ကြရအောင် ....
တစ် နှစ် သုံး လေး တစ်ဆယ် ... ပြီးဆယ်တွေကနေ ရာတွေထောင်တွေ ထိပ ... သူ့နောက်က ခလေး ဆက်တိုက် လိုက်ရွတ်တယ် ... မနားဘူး .... လခ် (တစ်သိန်း )  ... တစ်သိန်းပြည့်ပြီ ... ဒါပေမယ့် သူငယ်ဆက်ရွတ်တယ် ... အဲ့ဒီနောက်မှာ ... ကောဋိ .. နဟုတ .. နိန္နဟုတ .. ခမ္ဗ .. ဝိက္ခမ္ဗ .. အဗမ် .. တက္ကတ .. ကုမုဒ ... ဂုဏ္ဍိက .. နောက်ဆုံး ... ပဒုမ ရောက်သွားတယ် ။ ပဒုမဟာ ဟတ္တဂီရိကို အမှုန့်ထောင်းပြီး မြူတွေကို ရေတဲ့အခါ သုံးတယ် ....
နောက် .. ကာထ တဲ့ ... ညရဲ့ ကြယ်တွေကိုရေ ရတယ် ...
ကောဋိကာထ ... သမုဒ္ဒရာရေစက် ကိုရေဖို့ ...
ဏ္ဍင်္ဂ ... ၀န်းဝိုင်းတာတွေရဲ့ ကဲကုလပ် ...
သဗ္ဗနိက္ခေပ ... ဂင်္ဂါရဲ့ သဲတွေကိုရေတယ် ...
ဒီလိုနဲ့ ... အန္တရကပ်  ရောက်လာရော ... ပမာဏက ဂင်္ဂါပေါင်း ဆယ်ကုဋေရဲ့သဲတွေကိုရေတာပါ ...
ဒိထက်ကျယ်တဲ့အတိုင်းအတာကတော့ ... အသင်္ချာ ပါ ... ဒါကတော့ အနှစ်တစ်သောင်းမှာ နေ့စဉ် မိုးရွာရင်  ကမ္ဘာပေါ်ကျမယ့် မိုးရေစက်ပေါင်း ....
ဒိနောက် မဟာကပ္ပ ... ဒါနဲ့နတ်ဗြဟ္မာတို့ မိမိအနာဂတ်ကိုတွက်ချက်ကြတယ် ...
ကောင်းပ ... အမြတ်ဆုံးမင်းသား ... ဒါတွေမင့်သိရင် ... အလျှားအတိုင်းအတာရော ... သင်စရာ လိုပါအုန်း တော့ မလားကွယ် ...
ကျိုးနွံစွာသူငယ်ဖြေတယ် .....
အာစရိယ ... နားဆင်ပါ ...
ပရမာဏုမြူ ဆယ်ခု .. ပရသုခုမ တစ်
ပရသုခုမ  ဆယ်ခု ... တြသာရန တစ် ..
တြသာရန ခွန်နှစ်ခု .. နေခြည်ထဲမျောတဲ့မြူ  တစ် ..
မြူ  ခုနှစ်ခု .. ကြွက်နှုတ်ခမ်းမွှေးတစ်မွှေး ..
အမွှေးဆယ်ပင် .. လီချ တစ် ..
ဆယ်လီချ .. တယုက ..
ဆယ်ယုက ... မုယောစပါးစေ့ တစ် ...
ဒါဆယ်စေ့ ... လက်တစ်ဆစ်...
ဆယ့်နှစ်ဆစ် .. တထွာ ....
ဒါကနေဆက်တော့ ...တောင် ... တုတ်အလျား .. လေးအလျှား .. လှံအလျှား .. လှံအလျှားပေါင်း နှဆယ်က .. တစ် ရှိုက် ...  ဒါကအဆုတ်လေတစ်ခါဖြည့် ... ယောက်ျား တစ်ယောက်လှမ်းမယ့်အလျှား ... ဒါမျိုး လေးဆယ် .. တစ်ဂါဝုတ် .. လေးဂါဝုတ် ...တစ်ယူဇနာ ... ပြီးတော့ ဆရာ... သင်နားဆင်လိုပါလျှင် ... တစ်ယူဇနာရဲ့ တစ်ဖက်စွန်း က တစ်ဖက်စွန်းတွင်းမှာ ... နေမြူဘယ်နှစ်ခုရှိကြောင်းငါရွတ်ပြမယ် ... ပြောပြီး ချက်ချင်းမင်းသားငယ် ... ကျွမ်းကျင် ရွတ်ပြတော့တယ် ....
ဒါပေမယ့် ဝဿ     မိတ္တ သူငယ်ရှေ့မှာ ဦးခိုက်နေပြီ .... သူက ...
မင်းဟာ .. မင့်ဆရာတွေရဲ့ ဆရာပဲ .. မင်းကဂုရု ... ငါမဟုတ်ဖူး ...
အို ၊ ငါရှိခိုးရဲ့ ၊ မင်းသား ...
စာအုပ်မလို ... အားလုံးကို ... မင်းသိကြောင်းနဲ့ ...  ဂါရ၀တရားသိကြောင်း ပြဖို့  .. ငါ့ကျောင်းကို မင်းလာခဲ့တာပဲ ...
ဒီဂါရ၀တရားကို မင်းသား သူ့ဆရာတိုင်း အပေါ်မှာထားတယ် ...
စကားညင်သာ .. ပညာတော့ရင့် ..  အသွင်မှာမင်းသား .. ဟန်မူ နူးညံ့ .. မ၀င့်ကြွား .. သူ့အလိုလိုက်တတ် .. နှလုံးသားသိမ်မွေ့ .. ကြောက်စိတ်တော့ကင်းတဲ့ သာကီသွေးပ ..။
Friday, May 16, 2014
ဘ ဒ္ဒ ဝ ဂ္ဂိ ယ ညီေ နာ င် ( ၃၀ ) ကိုေ ဟာ ကြား သော အနမတဂ္ဂ သု တ် ......
မောင်လေးညီမလေးတို့ရေ ...
ရှင်တော်ဗုဒ္ဓသည် ... အလုံးစုံကို အကြွင်းမဲ့ သိမြင်သူမဟုတ်ပါ ဆိုပြီး ပိဋကပ်တော်တွေကို မိမိ ဖာသာ ပြင် ချင်သလို ပြင်ရေးထားတဲ့ ခရစ်ယန် တရားဟောဆရာတစ်ယောက်ရဲ့ ဒုတိယ စွပ်စွဲချက် လေးပါ ...။
.
★ (((( ရှင်တော်ဂေါတမသည် အလုံးစုံတို့ကို အကြွင်းမဲ့ မသိမမြင်ကြောင်းကို ကျမ်းသက်သေခံသည်မှာ။ အနမတဂ္ဂါယံဘိက္ခဝေ သံသာရော ပုပ္ပေ ကောဋိ နပညာယတိ အာဝိဇ္ဇာနိဝရဏာနံ သတ္တာနံ တဏှာသံယောဇနံ သန္ဓာဝတံ သိံသရတံ။
အ၀ိဇ္ဇာနိဝရရှိကုန်သော တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော ဤဘ၀မှသည်၊ ပြောင်းသွားကုန်သော သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော အစွန်းကို၊ ငါမသိငါမထင်နိုင်ကုန်။ (နိဒါန၀ါရ သံယုတ် အနမတဂ္ဂသုတ်)... ))))
.
ဤကဲ့သို့ နိဒါန၀ါရ သံယုတ် အနမတဂ္ဂသုတ် တွင်ပြသည်၊ ထိုသို့ ပြဆိုသည် ဖြစ်သောကြောင့်၊ ရှင်တော်ဂေါတမ၌ အလုံးစုံအရာ တို့ကို၊ သိမြင်နိုင်သော ဥာဏ်မရှိ ကြောင်းကို သိရလေသည်။
.........................................................................
★ ★ စွပ်စွဲချက် အတွက် အဖြေပါ ...
.
★ ★ ဘုရားရှင်လက်ထက်တော်အခါက ကောသလတိုင်းဘုရင် မဟာကောသလ မင်းကြီး မှာ သားတော် ( ၃၁ ) ပါး ရှိပါတယ်  ....
မဟာကောသလ မင်းကြီးဟာ မိဖုရား ခေါင်ကြီးက မွေးဖွားတဲ့ ပသေနဒီ ကောသလမင်းကို  မင်းမြှောက်ခဲ့ပါတယ် ...
ကျန်သားတော် အပါး ၃၀ ကတော့ ဘဒ္ဒဝဂ္ဂိယ ညီနောင် ၃ဝ ဆိုပြီးနာမည်တွင်ပါတယ်  ...
ဒီညီနောင် ( ၃၀ ) အနက် ( ၂၉ ) ပါးက အိမ်ထောင်ရှိပြီး တစ်ဦးကတော့ အိမ်ထောင်မရှိဖူးပေါ့ ...
.
★ ★ တနေ့မှာ  ညီနောင် ၃ဝ တို့ လှည့်လည် သွားလာရင်း အိမ်ထောင်မကျသေးတဲ့ ညီငယ်လေးဟာ ... ခရီးလမ်းမှာတွေ့တဲ့ အမျိုးသမီး တစ်ဦးနှင့် ရည်ငံသွားတယ်တဲ့ ...
.
ရက်အနည်းငယ်ကြာတော့ ဒီအမျိုးသမီး က လက်ဝတ် ရတနာတွေကိုခိုးယူထွက်ပြေးသွားတဲ့အတွက်  ညီနောင်များက လိုက်ရှာ ကြတဲ့အခါ  ဥရုဝေလတော မှာ ဘုရားရှင်နဲ့ ဆုံကြတာပေါ့ ...။
.
ဒါနဲ့ ညီနောင် ( ၃၀ ) က ဘုရားရှင်ကို ဒီအမျိုးသမီးကိုတွေ့မတွေ့ မေးမြန်းတဲ့အခါ  ဘုရားရှင်က  ....
.
★ ★ ★ မင်းသားတို့ ... 
ပျောက်သွား သူကို ရှာဖွေခြင်း နှင့် မိမိ ကိုယ်မိမိ ရှာဖွေခြင်း တို့တွင် မည်သည့် ရှာဖွေခြင်း က အကောင်းဆုံး ဖြစ်မည်နည်း ...
လို့မေးမြန်းပါတယ် ...
.
★ ★ ဒီအခါ မင်းသား တို့က
အရှင်ဘုရား သူများကို လိုက်ရှာ နေခြင်းထက် မိမိကိုယ် မိမိ ရှာဖွေခြင်း ကပို၍သင့်မြတ်ပါသည် ဘုရား လို့လျှောက်ထားကြတာပေါ့ ...
.
ဒီအခါမှာ မြတ်ဗုဒ္ဓ က အနမတဂ္ဂ ဒေသနာတော် ကို ဟောကြား တော်မူပါတယ် ....
.
** နသော ဘိက္ခဝေ သတ္တော သုလာဘရူပေါ ၊
 ယောန မာတာပိတဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ**
.
★ ★ ★ ချစ်သားတို့ ....
ဤ ရှည်လျားလှသော သံသရာကြီးထဲတွင် အမိ၊အဖ၊မောင်ကြီး၊မောင်ငယ်၊ညီ၊အစ်ကို၊ ညီမ၊အစ်မ၊သား၊ သမီး မတော်စပ်ခဲ့ဘူးသော ပုဂ္ဂုလ်ကို ငါဘုရား၏ ဉာဏ်တော်ဖြင့် ရှာဖွေ၍မရခဲ့ပေ။
( နိဒါန၊ ၀ဂ္ဂသံယုတ်ပါဠိ၊ အနမတဂ္ဂသုတ် )
.
★ ★ ★ ချစ်သားရဟန်းတို 
 သတ္တဝါတိုင်း အဝိဇ္ဇာနီဝရဏတဏှာ သံယောဇဉ်တွေစီးဆင်းပြီးနေသည့် အတွက် အစမထင်သော .. သံသရာမှာကျင်လည်နေကြရကုန်၏ 
ရှည်လျားလှသော သံသရာအတွင်း အလွန်များလှတဲ့ အနန္တသတ္တ၀ါတွေနဲ့ မိမိတို့တစ်တွေ အားလုံး ဆွေမျိုးတော် စပ်ခဲ့ဖူးကြ၏ ဆွေမျိုးမတော်ဖူးဘူးသူ တစ်ဦး တစ်ယောက်မျှပင် မရှိပေ။
.
လောကရှိသော သတ္တ၀ါများအားလုံးသည် (၃၁)ဘုံအတွင်း အရဟတ္တမဂ်ဖိုလ် မရမချင်း ဘ၀ပေါင်း များစွာက ပြုလုပ်ခဲ့သော ကံပေါင်းများစွာကြောင့် ဖန်ဖန်တလဲလဲ ဘ၀သံသရာခရီးမှာ လည်ပတ် စီးဆင်းနေကြ ရကုန်၏..။
.
အိပ်မပျော်သောသူအတွက်  ညဥ့်တာသည် ရှည်လျား၏။
ခရီးပန်းသူအတွက် တစ်ယူဇနာခရီးသည်ပင်လျှင်  ရှည်လျားလှ၏။
သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးသည် ရှည်လျားလှ၏
.
★ ★ ★ ချစ်သားတို့ ...
.ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် အဖန်ဖန် အခါခါ သံသရာ၌ ကျင်လည် ဖြစ်ပျက်ရခြင်းသည် အလွန် ရှည်ကြာလှ၏။ 
.
အစမထင်သော သံသရာ၌ အဖေသေ၍ ငိုရသော မျက်ရည်၊ မောင်သေ၍ ငိုရသော မျက်ရည်၊ အမိသေ၍ ငိုရသော မျက်ရည်၊ သမီးသေ၍ ငိုရသော မျက်ရည်တို့ မဟာသမုဒ္ဒရာ လေးစင်းမက ရှိ၏
 .
ပဋိသန္ဓေနေ၍ မွေးလာတိုင်း စို့ရသော အမိ နို့ရည်သည် သံသရာရှည်ကြာစွာ ဘဝပေါင်းများစွာ ရှိ၍ လေး စင်းသော သမုဒ္ဒရာရေထက် များကြောင်းကို အောက်မေ့ကြလေကုန်။ 
.
★ ★ ★ ချစ်သားတို့ ... 
မဟာပထဝီမြေကြီးကို အလုံးစုံ ရွှံ့ဖြစ်အောင် ရေဖြင့်နယ်၍ ဆီးစေ့ခန့် အလုံးကလေးများ လုံးကာ ထားပြီး သံသရာ အဆက်ဆက်က အမိဖြစ်ဖူးသော သူဟူသမျှကို တစ်လုံးစီ ပေးပါက ဆီးစေ့ ခန့် မြေကြီးများသည်သာ ကုန်၍ သွားရာ၏ ရှေးရှေးဘဝ သံသရာဝယ် အမိ မဖြစ်ဖူးသော သူကို ငါဘုရား ဥါဏ်တော်ဖြင့် ရှာဖွေ၍ မရနိုင် ...။
.
ဇမ္ဗူ ဒီပါ တစ်ကျွန်းလုံး ရှိ သစ်ပင်ကြီးငယ် တို့ကို အလုံးစုံကိုခုတ်၍ လက်လေးသစ်ခန့် အတိုအစ အပိုင်း ကလေးတွေ ပြုလုပ်ပြီး  ရှေးရှေးဘဝသံသရာက အဖဖြစ်ဖူးသူ ဟူသမျှကို တစ်ခုစီပေးပါက လက်လေး သစ်ရွယ် ဖြတ်ထားသော သစ်ပင်တို့သာ ကုန်သွားရာ၏။ ရှေးရှေးဘဝ သံသရာက အဖ မဖြစ်ဖူးသောသူကို ငါဘုရားဥါဏ်တော်ဖြင့် မတွေ့နိုင် ... မရှိနိုင် ...။
.
★ ★ ★ ချစ်သားတို့
လူ့ဘ၀သည် အလွန်ရခဲ၏။ 
လူ၏ဘဝ၌ တရားကို အားထုတ်မှ အိုခြင်း သေခြင်း လွတ်ရာ နိဗ္ဗာန်တရားကို ရနိုင်၏။ 
တိရစ္ဆာန်ဘဝ၌ တရားအားထုတ်၌ နိဗ္ဗာန်ကို မရနိုင်ချေ လို့ဟောတော်မူခဲ့ပါတယ်။
.
ဘုရားရှင်တရားကိုနာ အပြီးမှာ ညီနောင် ၃ဝ တို့လည်း မိမိကိုယ်ကို မိမိရှာဖွေခြင်းဖြင့် မြင့်မြတ်သော ရဟန္တာများ ဖြစ်သွား ကြပါတယ် ....။ 
ပစ္စည်းယူ တိမ်းရှောင် သွားသော အမျိုးသမီးကို အပြစ်တင် ရှာဖွေ ခြင်းဖြင့် အချိန်မဖြုန်း ကြတော့ပါဘူး ။