Saturday, May 10, 2014

ကိ သာ ေ ဂါ တ မီ



ကဲ ... မောင်လေးညီမလေးတို့ရေ ... ထုံးစံအတိုင်း ဘယ်သူ့( ဘယ်ထေရီမ ) အကြောင်းလဲ .... ပြီးတော့ ... အမမှီငြမ်းတာ ...ဘယ်စာအုပ်ထဲကလဲ .... ဖြေပေးပါနော် ...

★ ★ အရှင် …. မနေ့က ဒီသဖန်းအုပ် မှာ ငါ့ကိုဂရုဏာပြခဲ့တာ အရှင်ပါပဲ …

မနေ့က ငါတစ်ကိုယ်တည်း ခလေးနဲ့ နေခဲ့တယ် … သူပန်းပင်အုတ်တွေမှာလျှောက်ကစားရင်း …
မြွေကိုတွေ့  … မြွေက သူ့လက်ပတ်တော့ သူကရယ်မောရင်း ..အေးစက်စက် ကစားဖော်ရဲ့ လျှာနှစ်ခွနဲ့ ပစပ်ကိုဟ ကစားခဲ့တယ် …

မကြာခင် သူဖြူလျှော် ငြိမ်သက်သွားးသမို့ … သူဘာကြောင့်မကစားသလဲ … ဘာကြောင့် ငါ့ရင်ကနေသူ့နှုတ်ခမ်းကွာကျစေသလဲ … ငါစဉ်းစားလို့မရခဲ့ ဘူး … တစ်ယောက်က ..သူသေတော့မယ်တဲ့ …။

အဖိုးတန်သား အဆုံးရှုံးမခံနိုင်သူ ငါကတော့ …. သူ့မျက်လုံးတွေဆီ အလင်းပြန်ဆောင်ပေး မယ့် ဆေးတောင်းခဲ့တယ် … မြွေသေးသေးလေးရဲ့ အနမ်းအမှတ်လေး ဟာ ငယ်လွန်းတယ် …
သူ့လိုချစ်စရာခလေးငယ်ကို မမုန်းတန်ရာဘူး …. သူဆော့ကစားတာလဲ နာစေမယ် မဟုတ်ဖူး လို့ထင်မိတယ် …

ဒီမှာတစ်ယောက်ကပြောတယ် … တောင်ပေါ်မှာ ရသေ့တစ်ပါးရှိတယ် …. သင်္ကန်းဝါ၀ါနဲ့ … ဟော အခုသူလာနေပြီ … မင့်သားရော ဂါအတွက် ဆေးများရှိမလား … ဒီရသေ့ဆီကတောင်း တဲ့ ….။

ဒါနဲ့ ငါလဲ နတ်လိုအသွင်နဲ့ သင့်ဆီကို …တုန်တုန်ရင်ရင်နဲ့လာ … ငိုယို …သားလေး မျက်နှာလွှမ်းအ၀တ်ကို လှပ်ပြပြီး သင့်ဆီက … ဘာဆေးများရှိမလဲ …ညွှန်ဖို့တောင်းခဲ့တယ် ….။

သင်က သူများလို ငါ့ကို မပြစ်ပယ်ပါ အရှင် … ငါ့ကိုနူးညံ့တဲ့ မျက်လုံးတွေနဲ့စိုက်ကြည့် …. ခလေးကိုစိတ်ရှည် လက်နဲ့ထိ ( အားလုံးကထိဘို့ ရွံ့ နေကြရဲ့ ) …သားလေးရဲ့ မျက်နှာလွှမ်း အ၀တ်ကို ပြန်ဖုံးပြီးဆိုတယ် …..

★ အိမ်း ….နှမ ငယ် … တဲ့
မင်းတစ်ခုရှာနိုင်ရင် …. ပထမ …. မင့်ကို …. ပြီး … သူ့ကို ကုနိုင်မှာ ရှိရဲ့ တဲ့ ….

ဆေးဆရာဆီလာရင် …အညွှန်းကို …ယူလာရစမြဲ ဖြစ်တယ် ….။ ဒါကြောင့် မုန်ညင်းနက်စေ့ တစ်ကျပ် သား ရှာချေ …။

တစ်ခုတော့ သတိထားလေ …. အမေ … သား …သမီး … ကျွန် .. သေခဲ့ဘူးရာအိမ်က … လက်က တော့ … မယူခဲ့လေနဲ့ … ဒီအစေ့မျိုး … ရှာနိုင်မယ်ဆို … ကုနိုင်မယ် .... တဲ့ … ဒီလိုသင်ပြောခဲ့တယ်အရှင် ….။

သခင် … အလွန်တရာ ..ကြည်နာစွာပြုံးတယ် …

★ ★ ★ အိမ်း ငါပြောရဲ့ … အဘယ် … နှမငယ် .. နို့ အစေ့ကိုကော … မင်းရပလား …။

★ ★ အရှင် …အေးသထက်အေးလာတဲ့ … ခလေးကိုရင်မှာပွေ့လို့ … ဒီတောမှာ …မြို့နားမှာ … တဲတိုင်းကို ငါလိုက်တောင်းခဲ့ပါတယ် …။

((( တဆိတ်ရှင် … သနားသဖြင့် ... မုန်ညင်းစေ့လေး … ပေးကြပါ … တစ်ကျပ်သား … အနက်နော် … )))

ရှိသူတိုင်းပေးကြရဲ့ …။ ဆင်းရဲသားတိုင်း … ဆင်းရဲသားကို …သနားသကိုး …။
ဒါပေမယ့်ငါက ….

((( အဆွေ … အဆွေရဲ့အိမ်မှာ .. လင် .. ဇနီး .. သားသမီး .. ကျွန် … တစ်ယောက်ယောက် သေခဲ့ တာများ ရှိသလား )))

မေးတဲ့ အခါ သူတို့ကဆိုတယ် …။

((( အို ..နှမ …ဘယ့်နှယ်မေးပါလိမ့် … သေသူ အလွန် မှ များပြား … ရှင်သူနဲတာပ ))) …. တဲ့ …။

ကျေးဇူးစကားဆို … မုန်ညင်းစေ့လေးပြန်ပေး … ပီး တစ်ခြားမှာတောင်းပြန်တယ် … တခြားသူ တို့ကလဲ …

((( ရော့ … မုန်ညင်းစေ့ … ကျွန်တော့ဖြင့် ဆုံးခဲ့ရဲ့ ))) ...

((( ရော့ မုန်ညင်းစေ့ အိမ်ကလူဖြင့်သေပေါ့ ))) ….

((( ရော့ မုန်ညင်းစေ့ … အစေ့ကိုစိုက်သောသူဖြင့် မိုးနှင့်ကောက်ရိတ်ချိန်ကြားဆုံးခဲ့ပြီ ))) ….

((( ရော့မုန်ညင်းစေ့ …ဖခင်ဆုံးခဲ့တာဖြင့် တစ်ပတ်ပင်မပြည့်သေး ပူဆွေးနေ ကြတုန်းပါ နှမ))) … တဲ့ ….။

အိုအရှင် မုန်ညင်းစေ့ရှိပြီး … သေတဲ့သူမရှိတဲ့ အိမ် တစ်အိမ် လေးမှ မတွေ့ခဲ့ရပါ ….။

★ ဒါနဲ့ နို့မစို့ …ပြုံးလဲ မပြုံးတော့တဲ့ …သားလေးကို .. ချောင်းနဘေး ..စပျစ်ရိုင်းတို့အောက်မှာ ထားခဲ့တဲ့ကာ … သင့်မျက်နှာ ရှာ … သင့်ခြေနမ်းပြီး … သူတို့ … ငါ့ကိုပြောသလို … ငါစိုးရိမ် မိသလို … ဘယ်မှာ ဒီအစေ့ကိုရှာ … သေခြင်းမဲ့ကိုရှာရမလဲ … မေးဖို့လာခဲ့ပါတယ် …အရှင် …။

သခင်ကဆိုတယ် ….

★ ★ ★ ငါ့နှမ … ဘယ်သူမှမတွေ့တာကို … မင်းသားလေးအတွက် ဆေးပြင်းရှာရင်း …မင်းတွေ့ခဲ့ပြီ … ။

မင်းချစ်တဲ့သူလေး … မင့်ရင်ခွင်မှာ မနေ့ကသေခဲ့တယ် … ။ ဒီနေ့ တစ်ကမ္ဘာလုံး မင်းလို အပူမျိုး နဲ့ငိုတာ … မင်းသိပီ ။

★ ★ ★ နှမ … မင့်မျက်ရေတွေတန့်ဘို့ …. သတ္တ၀ါအားလုံး ဒုက္ခဆိုတဲ့ ကျိန်စာကလွတ်မြောက်ဖို့ … လောက ငြိမ်းအေးဘို့ … အမှန်တရား ..ဆိုတဲ့ ..ဒီဆေးကိုငါ ရှာရဲ့ …
ချစ်နှမ … သွား …. မင့် ခလေးကို ဦးစွာ ပထမ မြေမြှုတ်လေ ….။

ချမ်းမြေ့ကြပါစေရှင် ....
Comments ....


  • မာ လု ထေရီတွေအကြောင်းက ထေရီအပါဒန်မှာရှိတာလူတိုင်းသိတာပေါ့အေ .... ပြီးတော့ ဗုဒ္ဓသမီးတော်များဆိုတာ ...မြန်မာတွေရဲ့ ရင်ထဲမှာ .... အတန်တန်သိပြီးသား ဖြစ်နေတယ်လေ ... တရားတော်တွေကိုဖယ်ပြီး .... အပဒါန်ကို ၀တ္ထုဆန် အားလုံးသိနားလည်လွယ်အောင်ရေးတာ ...အာအုပ်ပေါင်းသောင်းခြောက်ထောင်မရှိပါဘူး ... ဆရာကြီး ဘဘဦးသုခရယ် ... ဆရာဦးခင်အောင်လား ( နာမည်မှားနိုင်ပါတယ် ... ပြန်ရှာပေးပါ့မယ် ) ၂အုပ်ပဲရေးဘူးပါတယ် .... ။၂အုပ်စလုံး အရမ်းကျော်ကြားတဲ့အပြင် ... တစ်ကယ်ကိုမြန်မာအမျိုးသမီးလေးတွေကို သိမ်မွေ့နူးညံ့အောင်လမ်းပြပေးတဲ့ .... စာအုပ်နှစ်အုပ်ပါ ....
     ဒါပေမယ့် အခုကောက်နှုတ်ထားတာက ...ဒီစာအုပ်နှစ်အုပ်ထဲကမဟုတ်ပြန်ဘူး ..... ပြီးတော့ ထေရီတွေအကြောင်းထဲကမဟုတ်ပဲ .... ယ္ခု အကြိမ် ၁၀၀ နီးပါးထုတ်တာတောင် .... ထုတ်တိုင်း ... ထုတ်တိုင်း ကမ္ဘာ အရောင်းအသွက်ဆုံး စာအုပ်ဖြစ်ခဲ့တဲ့ .... ဗုဒ္ဓရဲ့ ဘ၀အကြောင်းကို .... ကဗျာရှည် ကျမ်းပေါင်း ၅ကျမ်းနဲ့ ဖော်ကြူးထားတဲ့ .... ဆာအက်ဒွန်အန်းလ်ထ် ရဲ့ Light of Asia ဆိုတဲ့ စာအုပ်ကို ... ဆရာမောင်သာနိုးက ...ဒီကဗျာအတိုင်း ...တိုက်ရိုက်ဘာသာပြန် ကဗျာပဲပြန်ရေးထားတဲ့ .... အာရှတိုက်ရဲ့အလင်းရောင်ဆိုတဲ့ .... ဗုဒ္ဓ ဘ၀ဖြစ်စဉ်ကနေ ...ဖော်ပြတာပါ ....။
  • လွန်ခဲ့တဲ့ ..နှစ်ပေါင်း ထောင်ကျော်အချိန်တွေက .... ခရစ်ယန်တွေ တန်ခိုးကြီးထွားပြီး ... လူသတ် ဘာသာပြောင်း ...တွေလုပ်နေတုန်းကပေါ့ ... ( မွတ်စလင်တွေလုပ်နေတဲ့ ...လူသတ်တာ ..ဘာသာပြောင်းတာ .... ဂှိဟတ်တာတွေ စတဲ့ ... ဘာသာရေးစစ်ပွဲတွေ ကိုခရစ်ယန်တွေက သနားတယ် ... ခရူးဆိတ်စစ်ပွဲဆိုတာ .... ခုချိန်ထိ ...ကမ္ဘာ မှာ နှစ်အကြာဆုံးဘာသာရေးစစ်ပွဲပေါ့ .... သူ့အချိန်တုန်းက သူလဲ ခုမွတ်တွေလိုပဲ သတ်တာပဲ တူတူပဲ ... တူဆို ကျမ်းတခုထဲက ကူးချထားကြတာကိုး ... ) အဲ့ ဒီလိုဖြစ်နေချိန် ... အင်္ဂလိပ်တွေကလောကကိုနေမ၀င်အင်ပါယာလုပ်ပစ်ပြီး ... အားလုံးကို ခရစ်ယန်ဇာတ်သွင်းနေချိန် ... ဗုဒ္ဓသာသနာတော် .... ယဲ့ယဲ့လေးကျန်ချိန်မှာ .... ဒီစာအုပ် တစ်အုပ်ထဲကသာ .... သာသနာတော်ကို .... ပြန်လည်ဦးမော့လာစေခဲ့တာပါ ....
    အခုချိန်အထိ ....ဥရောပ အာဖရိက က ...ဗုဒ္ဓဘာသာကူးပြောင်းသူအားလုံးဟာ ... ဒီစာအုပ်က အခြေခံကြတာများပါတယ် ... ဆရာမောင်သာနိုးကတော့ .... မူရင်းအင်္ဂလိပ်လိုက ...သူဘာသာပြန်တာထက် .... အဆပေါင်းများစွာ ကောင်းတယ်လို့ပြောခဲ့ပါတယ် ( ဒါလက်ခံတယ် ..တစ်ကယ်ကောင်းတာ ) ...ဒါပေမယ့် မြန်မာပြည်မှာ ဗုဒ္ဓရဲ့ အကြောင်းတွေ ဘယ်လောက်ပဲဖော်ကြူးရေးဖွဲ့ကြပေမယ့် ... ဆရာမောင်သာနိုး ဘာသာပြန်ထားတဲ့ ...အာရှတိုက်ရဲ့ အလင်းရောင်ကို မမှီသေးပါဘူး .... ။ 
     ဒီတော့မောင်လေးညီမလေးတို့ကိုဘာသိစေချင်တာလဲဆိုရင် ... ဥရောပက တန်ဖိုးထား လေးစားကြတဲ့ ...အမတို့ဗုဒ္ဓအကြောင်း ...သူတို့ရဲ့ အမြင် ..သူတို့ရဲ့ရေးဟန် .... သူတို့ရဲ့ တန်ဖိုးထားမှု .... အဲ့တာလေးကိုသိစေချင်တာ ....။ သူရေးသမျှ ကဗျာရှည်တွေထဲမှာ ... မင်းသားကို ငယ်ငယ်က စာသင်တဲ့ အခန်း .... အမတအားကြိုက်တာ..ကြုံရင် ခုလိုပဲ ပြန်ဖောက်သည်ချပေးပါအုန်းမယ် ...။

No comments:

Post a Comment