Showing posts with label သမိုင်းလိမ်ဌေးလွင်ဦး. Show all posts
Showing posts with label သမိုင်းလိမ်ဌေးလွင်ဦး. Show all posts

Monday, July 10, 2017

ဦးဌေးလွင်ဦးက ဗုဒ္ဓကိုယ်တိုင်လည်း အစ္စလာမ် ဂျီဟတ်လို တော်လှန်ရေးလုပ်ခဲ့ပါတယ်တဲ့

မောင်လေးညီမလေးတို့ရေ ….
ဦးဌေးလွင်ဦးရေးတဲ့ ပိဋက ကျမ်းတွေကို လိမ်လည် ဘာသာပြန်ထား ရောချထားပြီး ဗုဒ္ဓဘာသာမှာလည်း တော်လှန်ရေးဆိုတဲ့ ဂျီဟတ်ကို ဗုဒ္ဓကိုယ်တိုင်လုပ်ခဲ့ပါတယ်လို့ လိမ်လည်ပြီး ။
.
အကြမ်းဖက်ဘို့ မြှောက်ပေးထားတဲ့ တဲ့ အစ္စလာမ်တွေရဲ့ တော်လှန်ရေးဆိုတဲ့ ပိုစ့်ကို ဖြေရှင်းထားတာလေး တင်ပေးလိုက်ပါတယ်။
သူတစ်ပါးဘာသာကို ရိုင်းပြစွာ မဆဲဆိုကြဘို့တောင်းပန်ပါရစေ ….
.
ပြီးတော့ ရှမ်း အစ္စလာမ် ဘာသာဝင် ၊ ကရင် အစ္စလာမ် ဘာသာဝင်၊ မြန်မာ အစ္စလာမ် ဘာသာဝင် ၊ စတဲ့ တိုင်းရင်းသား သွေးချင်းအစ္စလာမ် ဘာသာဝင်တွေကို နူးတို့က အထူးချစ်ခင် လေးစား ပါတယ်။
.
နူးတို့ လက်မခံတာ ခိုးဝင်တွေ နယ်မြေတောင်းသူတွေ မြန်မာနိုင်ငံမြေပုံကို ဖဲ့မယ့်သူတွေနဲ့ အမိမြေအပေါ်မှာ သစ္စာစောင့်သိမှုမရှိတဲ့ သူခိုးဓါးရိုးကမ်းတွေကိုပါ ။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
တော်လှန်ရေး
မတော်မတရား ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုများနှင့် မျိုးပြုတ်သုတ်သင်ခံရခြင်းများအား မတတ်သာသည့် အဆုံး ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင်များ အနေဖြင့် မလွှဲမချောင်သာ တော်လှန်ရေး(ဂျီဟာ့ဒ်) ဆင်နွှဲရခြင်း အပေါ် ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓသာသနာဝင်များက အထင် အမြင် လွဲမှားယုံမျှမက - ဗုဒ္ဓသာသနာတွင် တော်လှန်ရေး ဆင်နွှဲခွင့်မရှိ၊ စစ်တိုက်ခွင့်မရှိလေ သယောင် ခံစားနေစေရန် ဟောပြောသွန်သင်ထားခြင်း ခံရလေတော့သည်။
.

★ ★ There are roughly 1,700 Mosques in England.
( Mosques across UK open doors to public - BBC News )
That compares to around 50,700 churches belonging to 340 different Christian denominations.
( UK Church Statistics, 2005-15 - British Religion in Numbers )
.
ဧရိယာ စတုရမ်းမိုင်ပေါင်း ၂၃၃၀၆၂ ( ၂သိန်း သုံးသောင်းကျော် ) စတုရန်းမိုင်ရှိတဲ့ အင်္ဂလန်မှာ
အစ္စလာမ် ဘာသာရေး အဆောက်အအုံ ..... ၁၇၀၀ နဲ့
ခရစ်ယန်ဘုရားကျောင်း .... ၅၀ ၇၀၀ ရှိပါသတဲ့ 

.
★ ★ There are 3186 mosques across USA.
And more than 500 000 churches there .

.
ဧရိယာစတုရန်းမိုင်ပေါင်း ၃၇ . ၉၇ သိန်း စတုရန်းမိုင်ရှိတဲ့ အမေရိကန်မှာ
ပလီ နဲ့ ဘာသာရေးကျောင်း ပေါင်း ၃၁၈၆ လုံးနဲ့
ခရစ်ယန် ဘုရားကျောင်းပေါင်း ၅သိန်း၆သောင်းကျော်ရှိပေမယ့် ။
.

★ ★ ဧရိယာစတုရန်းမိုင်ပေါင်း ၂သိန်း ၆သောင်းကျော်သာရှိတဲ့ မြန်မာပြည်မှာတော့
တရားဝင် ပလီပေါင်း ……. ၁၀၂၉ လုံး
တရားမ၀င် ပလီပေါင်း ….. ၁၆၆၆ လုံး
တရားဝင် ဘာသာရေးကျောင်း …. ၁၇၇ ကျောင်း
တရားမ၀င် ဘာသာရေးကျောင် ….. ၁၃၇၄၁ ကျောင်း
တရားဝင် ဗလီ နဲ့စာသင်ကျောင်းတွဲလျှက် ….. ၂၄၁ ကျောင်း
တရားမ၀င် ပလီနဲ့ စာသင်ကျောင်းတွဲလျှက် …. ၄၁ ကျောင်း
စတဲ့ အစ္စလာမ် ဘာသာရေး အဆောက်အအုံ ( 16895 ) ခု ရှိနေပေမယ့် 

.
၅ထောင်တောင် မပြည့်တဲ့ စေတီ ပုထိုးများ သာရှိတဲ့ ကျမတို့ ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံက ဘာသာရေး ဖိနှိပ် ချုပ်ချယ် တယ်တဲ့ လားရှင် ။ :'(
.
မြန်မာ့သမိုင်းမှာ ခိုးဝင် ဘင်္ဂလားတွေ က ရခိုင်းပေါင်း ၃သိန်းကျော်ကို မျိုးတုန်းသတ်ဖြတ် နယ်မြေ လုပြီး လက်ကျန် ရခိုင်တွေ ကိုပါ ငြိမ်းချမ်းရေး ညှိနှိုင်း မယ်ဆို ထမင်းဖိတ်ကျွေးပြီး အုတ်စုလိုက် ကို မျိုးတုန်း သတ်ဖြတ်ပြစ်တဲ့ ရာဇ၀င်ပဲရှိခဲ့ပါတယ်။
.
သူတစ်ပါးနယ်မြေကို လူသတ် ဓါးမိုးပြီး လုတယ် ။ ရဲစခန်းတွေဝင်စီးတယ်။ အမျိုးကောင်း သမီးတွေကို မုဒိန်းကျင့်တယ် ။ အကြမ်းဖက်မှုတွေကိုလုပ်တယ်။ ပြီးတော့ ခိုးဝင်တွေဖြစ်ပါလျှက်နဲ့ သူတစ်ပါးနယ်မြေမှာ ကျူးကျော်ပြီး ကိုယ်ပိုင်နယ်မြေတောင်းတယ်။
.
National Security ကိုထိခိုက်လို့ အကြမ်းဖက်သမားတွေကို တပ်မတော်က ချေမှုန်းတာကို လူမျိုးတုန်း သတ်ဖြတ်တယ် ဆိုတော့ နူးတို့လည်း ဘယ်လို နားလည်ရမှန်း မသိတော့ပါဘူး။ ထမင်းများ စားတာဟုတ်ရဲ့လား ဦးဌေး လွင်ဦးရယ်။
.
ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာဝင်တွေ စစ်တိုက်ခွင့်ရှိပါတယ် ။ သူတစ်ပါးနယ်မြေ မတရားလုတာ ။ လူသတ် ဓါးမိုး လည်လှီးပြီး ဘာသာရေးစစ်ပွဲ ဆင်နွဲတာ မရှိပါဘူး။
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ဤနေရာ၌ ဗုဒ္ဓဒေသနာမှာ ကိုယ်တော်ဂေါတမကိုယ်တိုင် နမူနာပြု ဦးဆောင်ပြုလုပ်ခဲ့သော ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို မဖေါ်ပြမှီ–
အစ္စလာမ်သာသနာမှ သွန်သင်သော တော်လှန်ရေးကို အကျဉ်းမျှ တင်ပြလို သည်။ အစ္စလာမ် သာသနာသည် စစ်သွေးကြွရန် သွန်သင်ခြင်း မရှိ၊ အစ္စလာမ် သာသနာဝင်တို့သည်လည်း လူသား များ ဖြစ်၍ လူသားပီပီ စစ်ဆိုသည်အား ရွံမုန်းတတ်သူများ ဖြစ်လေသည်။

★ ★ ရွံ့ မုန်းလို့ပဲ တစ်ကမ္ဘာလုံးက မွတ်စလင်မဟုတ်တဲ့ဒေသတွေမှာ တစ်ချိန်လုံး ၀က်ဝက်ကွဲ အကြမ်းဖက်နေကြတာမဟုတ်လားရှင် ။ ဘယ်အစ္စလာမ်တွေရဲ့ဒေသမှာများ တစ်ခြားဘာသာဝင်တွေ အကြမ်းဖက် နယ်မြေလုတာကြားဘူးလို့တုန်း ဟင် …
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
သို့သော် လူသားအပေါင်း ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် ဘုရားတရား အာရုံပြု ရာ ဘေးမဲ့ကျောင်းတော်မှ ဘုရားဝတ်ပြုသူတို့အား နိုင်ထက်စီးနင်းမောင်း ထုတ်ခြင်း၊ သာသနာရေး ခေါ် လူသားအပေါင်းအတွက် အကျိုးရှိရာ အကျိုးကြောင်း ငြိမ်းချမ်းသော နည်းဖြင့် တည်ဆောက်ရန် ကြိုးပမ်းတည်ဆောက်သော ၀ါဒ တစ်ခုခုအား မိရိုးဖလာ အစွဲအကြောင်းပြုလျှက် ၀ါဒရေးရာ နှိပ်ကွက်ညှင်းပန်းမှုများအား တော်လှန်ရန် အစ္စလာမ့်ဒေသနာမှ သွန်သင်ပေသည်။ 
.
★ ★ အိုကေလေ …
ဒီလိုသင်ထားရင်လည်း မိမိနယ်မြေကိုကျူးကျော်လာသူကိုပဲ လုပ်သင့်တာပေါ့။
သူတစ်ပါးမြေမှာနေ နယ်ပယ်တွေချဲ့ထွင် ပလီတွေခိုးဆောက် ဖျက်တော့ ငါတို့ကို နိုင့်ထက်စီးနင်လုပ်လို့ ဂျီဟတ်တယ်ဆိုတာကတော့ လူတွေရဲ့အလုပ်မှမဟုတ်ပဲ ။
ဒီလိုအပြုအမူမျိုး မွစ္စလင်နိုင်ငံတစ်ခု သို့မဟုတ် အာရဗ်ကမ္ဘာမှာ လုပ်လို့ရမလားရှင်။

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ထိုအကြောင်းကို ကျမ်းမြတ် ကုရ်အံ၏ ၂း၂၁၆ တွင် သင်တို့ရွံမုန်းသော်လည်း တော်လှန်ရေး ပြုလုပ်ခွင့်ကို ပြဌာန်းတော်မူပြီ။ ဟုလည်း ကောင်း- ၂း၂၁၇ တွင် နှိပ်စက်ညှင်းပန်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ဆိုးဝါး၏၊ တတ်နိုင်လျှင် သူတို့ သည် သင်တို့အား သင်တို့၏ သာသနာတော်အား ဖေါက်ပြန်သွားစေသည်ထိ တိုက်ခိုက်သတ်ဖြတ်ကြလတ္တံ့-- ဟု ဆိုထားပေသည်။ ထို့ကြောင့် အာဏာလုခြင်းမျိုး မဟုတ်ဘဲ မိမိ၏ အယူဝါဒပေါ်၌ ငြိမ်းချမ်းစွာ နေထိုင်ကျင့်ကြံ နေသူတို့အား မတော်မတရား ဖိနှိပ်ချုပ်ချယ်သော၊ ညှင်းပန်းသော သူတို့အား တော်လှန်ရမည် ဖြစ်သည်။ သို့သော် သူတစ်ပါးအား မိမိဘက်မှ ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခွင့် မရှိချေ၊ (၂း၁၉၀)။ 
.
★ ★ အခု တစ်ကမ္ဘာလုံးမှာဖြစ်နေသမျှတွေက သူတစ်ပါး ဒေသမှာ ရှင်တို့ဘက်က ကျူးကျော်တာလား
ရှင်တို့ အစ္စလာမ်တွေရဲ့ဒေသတွေမှာ သူတစ်ပါးက လာကျူးကျော်နေလို့လုပ်နေလားဆိုတာ တစ်လောကလုံးသိသပေါ့ရှင်။

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
မိမိအား စစ်မလိုသူ၊ စစ်မတိုက်လိုသူ ရန်မရှာသူ၊ မနှိပ်စက်သူသည် သူ့စိတ်နှင့်သူ ကြိုက်သည့် အယူဝါဒ၌ ယုံကြည်ပါစေ– ထိုသူ့ အား မည်သည့် အကြောင်းပြချက်နှင့်မျှ စစ်တိုက်ခွင့် တော်လှန်ခွင့် မရှိချေ၊ (၄း၉၀)။ ရန်လိုမှု၊ ရန်စဖြစ်ပေါ်စေမှု များ ဖြစ်တည်လာရန် လှုံဆော်ခြင်းလည်း မပြုရချေ၊ သမိုင်းဟောင်း အာဃာတ တရားများအား ပြန်ဖေါ်လျှက် သမိုင်းကြွေးဆပ်ရန် အညှိုးထားခြင်များလည်း မပြုရချေ၊ (၅း၂)။
.
★ ★ ရခိုင်မှာ ရဲစခန်း ၀င်စီးတာတွေ လှိုင်ခေခါင်းဖောက်တာတွေ အကြမ်းဖက်သင်တန်းပေးတာတွေ ။ နေ့စဉ် အပြစ်မဲ့ရခိုင်တွေကိုသတ်နေတာတွေ လတ်တစ်လော မနေ့ကပဲ လိပ်ရှာထွက်တဲ့ ရခိုင် လေးယောက်ကိုလုပ်ကြံတာတွေ က ရောရှင် ။
ရှင်တို့တွေဟာ ရှင်တို့ဘုရားကို အသုံးချပြီး ဘုရား အဆုံးအမနဲ့ ဆန်ကျင့်ဘက်တွေလုပ်နေသူတွေပ

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
အကယ်၍ တော်လှန်ရေးသာ မရှိခဲ့ပါက- ကျွန်ုပ်တို့ မြန်မာနိုင်ငံ အပါအ၀င်- ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ လာအို၊ ကမ်ဘောဒီးယား၊ ဗီယက်နမ်၊ သီရိလင်္ကလာ၊ နီပေါလ်၊ ဘူတန်၊ ထိုင်း– စသောနိုင်ငံများသည် သူ့ကျွန် ဘ၀မှ လွတ်မြောက်ခဲ့နိုင်ရန် အကြောင်းမရှိချေ။ သို့သော် ထိုနိုင်ငံများတွင် နိုင်ငံတော် စောင့်ရှောက်ရေး တပ် မတော်များ ဖွဲ့စည်းသော အခါ– ကျမ်းမြတ်ကုရ်အံ၏ သွန်သင်ချက်ဖြစ်သည့် ရဲဘော်မသေ၊ သေသော် ငရဲ မ လား ဆိုသည့်- (၂း၁၅၄) အား၊ ကုရ်အံဟူသည့် အမည်နာမအား ဖျောက်လျှက်- ကိုယ်ပိုင် ဆောင်ပုဒ် ဖြစ်သ ယောင် စိတ်ဓါတ်ရေးရာ မွေးမြူပေးနေရသည်သာ ဖြစ်တော့သည်။ 

★ ★ ထားပါတော့ ရှင်တို့ဘာသာရဲ့ သွန်သင်မှုနဲ့ ရှင်တို့လုပ်နေတာတွေ စိတ်မ၀င်စားဘူးရှင် ဆောရီးပါ။
ဒါပေမယ့် ရှင် အလွဲသုံးစား လုပ်နေတဲ့ ကိုရမ် ကျမ်းတွေထဲက ( ၂း၁၅၄ ) မှာပြောတာက …. 

وَلَا تَقُولُوا لِمَن يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِن لَّا تَشْعُرُونَ –
ဝါလာ့ သ့ကူးလူ လီမန် ယို့ကူသဲလူ ဖီ စာ့ဘီးလီ အလာ့ဟီ အာ့မွအာ့သို ဘဲ့လ် အာ့ဟ်ယားအွန် ၀ါ့ လဲကင်း သတ်ရှ်အိုရိုးန်

And do not say about those who are killed in the way of Allah, "They are dead." Rather, they are alive, but you perceive [it] not.

မွတ်စလင် တစ်ယောက်ဟာ အလာဟ်ရဲ့အလိုတော်ကျ ( ဘာသာရေးစစ်ပွဲဆင်နွှဲလို့ဖြစ်စေ အသေခံဗုံးခွဲလို့ဖြစ်စေ ဂျီဟတ်လို့ဖြစ်စေ ) အလာဟ်ရဲ့ လမ်းစဉ် အတိုင်းလုပ်ပြီး သေဆုံးသွားပြီဆိုပါစို့ ။
.
အသင်တို့ဟာ သူ့ကို သေဆုံးသူလို့ မသတ်မှတ်ရဘူး။ ထာဝရအသက်ရှင်သွားသူလို့မှတ်ရမယ်။ တဲ့ …..
.
ဘယ်မှာတုန်းရှင် ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့ စစ်သားတွေအကြောင်း …

..
★ ★ အစ္စလာမ်နိုင်ငံတွေက သူတို့နိုင်ငံ့ဝန်ထမ်း တပ်မတော်သားတွေသည် လည်း အလာဟ် အလိုတော်ကျ နယ်မြေသိမ်း ဂျီဟတ်စစ် ဆင်နွှဲနေသူတွေ မဟုတ်ပါဘူး။
မိမိနိုင်ငံတော်ကို ကာကွယ်နေကြတာပါ။ အလာဟ်ကို ကိုယ်စားမပြုပါဘူး။

.
လက်ရှိ အိုင်အက်စ် ဘရားသားဟုဒ် အယ်လ်ကိုင်ဒါ မူဂျာဟစ် ဆလာဖီ စတဲ့ အစွန်းရောက် အကြမ်းဖက် နယ်မြေလု လည်လှီးနေတဲ့ အဖွဲ့တွေက ဘယ် မွတ်စလင်နိုင်ငံတော်ရဲ့ တပ်မတော် ကိုမှ ကိုယ်စားမပြုပါဘူး။
.
မွတ်စလင်နိုင်ငံတိုင်းက စစ်သားတွေဟာ စစ်တိုက်တဲ့ အခါမှာ အလာဟ် အက္ကဘားလို့လည်း မအော်ပါဘူး။
.
ဒီတော့ အလာဟ် အက္ကဘားအော်သူ အလာဟ် ကို အသုံးချ အကြမ်းဖက်သူနဲ့ တိုင်းပြည် ကို ကာကွယ်တဲ့ စစ်သားတွေနဲ့ မရောချထိုက်ပါဘူး။

.
★ ★ ဒါကြောင့် ရဲသော်မသေ သေသော် ငရဲမလားဆိုတဲ့ မြန်မာစကားဟာ
အလာဟ်ကို အသုံးချနေတဲ့ အကြမ်းဖက်များရဲ့ အကြမ်းဖက်ပြီး သေရင် ထာဝရ ကောင်းကင်ဘုံ ရောက်မယ် ဆိုတဲ့ ကိုရမ် ဆူရာတ် ၂ ၊အာယတ် ၁၅၄ နဲ့ အဓိပါယ်ချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ပါတယ်။
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ဤနေရာ၌ ဆိုစရာ ရှိလာသည်မှာ– ထိုနိုင်ငံများမှ စစ်တပ်မတော်များအား ထိုတိုင်းပြည်မှ ဆရာတော်ကြီးများ က အဘယ်ကြောင့် မကန့်ကွက်ကြသနည်း၊ သို့မဟုတ် စစ်တပ်ရှိနေခြင်းသည် မပြောဆိုကြသနည်း၊ 
.
★ ★ နိုင်ငံ့ဝန်းထမ်း တိုင်းပြည်ကို ပြည်ပရန်က ကာကွယ်သူ နဲ့ ဗုဒ္ဓဘာသာ နဲ့ ရောထွေးနေပြီ ။
ဘုရားရှင်လက်ထက်တော်အခါကရော အဲ့အချိန်မတိုင်ခင် နှစ်ပေါင်း သိန်းချီ သန်းချီထဲက နိုင်ငံတိုင်း ဒေသတိုင်းမှာ တပ်မတော်ဆိုတာ ရှိခဲ့တယ်။
.
နတ်ပြည်မှာ နတ်စစ်သည် တရားစီရင်သူ အပြစ်ပေးသူ ၊ ငရဲပြည်မှာလည်း ငရဲမင်း ငရဲသား စတဲ့ သူ့နေရာနဲ့သူ ရှိကြတယ်။
.
တိုင်းပြည်မှာ တပ်မတော်တွေကို တားဆီး ဖျက်ဆီးပြစ်ပြီး လာသမျှရန်သူကို ပြန်မခုခံရ ကျူးကျော် သူ အားလုံးကို ကိုယ့်တိုင်းပြည်ထဲ ၀င်ပြီး လုပ်ချင်ရာ လုပ်ခွင့်ပေးလိုက်လို့ ပြောတဲ့သူ ရှိတယ် ဆိုရင် အဲ့ဒိလူဟာ စိတ်မနှံ့လို့ပဲ။
.
ဘုရားရှင်က ဓမ္မ မှန်သမျှကို ခွင့်ပြုပါတယ်။
အလယ် အလတ် လမ်းစဉ်ဆိုတဲ့ အဓိပါယ်ကို ရှင်မှ နားမလည်ပဲ။
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ထိုသို့ ပါဏာတိကံကြီး အား ကျူးလွန်နေသည့်- စစ်တပ်မှ စစ်ဗိုလ်ကြီးများ၊ ဗိုလ်ချုပ်ကြီးများ၏ ဆွမ်းကွမ်းဆက်ကပ်မှုများအား လိုလို လားလား အဘယ်ကြောင့် လက်ခံဘုန်းပေးနေကြသနည်း— ဟု ဖြစ်သည်။
.
★ ★ ပါဏာတိက ကံထိုက်ကြောင်း အင်္ဂါရပ်တွေရှိပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ ညီရင် ထိုက်ပါတယ်။
စစ်တပ်မှ အရာရှိများ စစ်သူကြီးများ သူရဲကောင်းများ အားလုံးသည် မိမိ အမိ နိုင်ငံတော်ကို ကာကွယ်နေသူများသာဖြစ်တယ်။
.
ဗုဒ္ဓဘာသာဝင် ဘုရင် စစ်သူကြီး ဖြစ်လျှက်နဲ့ သူတစ်ပါး နယ်မြေကို လုယက်သိမ်းပိုက်တယ် ဆိုရင်လည်း မိမိတို့ပြုတဲ့ အကုသိုလ် မိမိတို့ခံယုံပေါ့။
.
ဗုဒ္ဓက နိုင်ငံတော်ကာ ကွယ်ရေးကို ဘာအတွက် ၀င်ရောက်စွက်ဖက် ဖျက်ပြစ် ရမှာတုန်း။
ဗုဒ္ဓဘာသာနှင့်တစ်ကွ ဘုရားရှင် တရားတော် သံဃာတော်တို့ အားလုံးဟာ ဓမ္မကိုသာ လမ်းပြနေသူတွေဖြစ်တယ်။
လိုက်နာတာ မလိုက်နာတာ မိမိတို့အပိုင်း ….

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
သို့ဖြင့် ဗုဒ္ဓဒေသနာတော်အား ပြန်ကြည့်လျှင်-၊ (၁) ပိဋကတ်တော်၌- (က) စစ်သူရဲကောင်းကြီးများအား အဆင့် မြင့် ရဟန္တာကြီးများဖြင့် အစဉ်ပမာပေး ပြောဆိုကြောင်း– အင်္ဂုတ္တိုရ်ပါဠိ (၂၀) မဟာဝဂ်၊ သဠှသုတ်။ (ခ) စစ်မြေ ပြင်၌ ဆင်နင်း၍ သေရမူကလည်း ထိုသို့ သေခြင်းသည် မြင့်မြတ်ကြောင်း- ထေရထေရီဂါထာ၊ စတုတ္ထ၀ဂ်- သောဏပေါဋိရိယတ္တေရဂါထာ နှင့် ပိဋကတ်တော်၏ နေရာပေါင်းများစွာတွင် ဖေါ်ပြထားသည်။ 
.
★ ★ အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် (၂၀ - ၅ ) မဟာဝဂ်၊ ( ၆ ) သဠှသုတ် မှာ …..
မြတ်စွာဘုရားရှင် ဟာ ဝေသာလီပြည် မဟာဝုန်တော ပြသာဒ်ဆောင်ပေါက်တဲ့ ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် သဠှ လိစ္ဆဝီမင်းနဲ့ အဘယလိစ္ဆ၀ီ မင်းတို့က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး …
..
မြတ်စွာသော အရှင်ဘုရား …..
.
သီလစင်ကြယ်ခြင်း အကြောင်း
ချိုးခြံသော အကျင့်နှင့် မကောင်းမှုကို စက်ဆုပ်ခြင်း အကြောင်း ကြောင့် …..
သြဃ လေးပါးကနေ လွတ်မြောက်နိုင်တယ်လို့ ပညတ် ရှိကြောင်း သာမဏတွေဆီက ကြားသိလာခဲ့ ပါတယ် …..
.
ဒီအတွက် တပည့်တော်တို့ကို ဒီအကျင့် နှစ်ပါးအကြောင်းကို ဟော ပြပေးဘို့ တောင်းပန် လျှောက်ထားပါတယ် အရှင်ဘုရား …. လို့လျှောက်ကြတယ်။
.
ဒီအခါမှာ မြတ်စွာဘုရားရှင်က သီလစင်ကြယ်ခြင်း မကောင်းမှုကို စက်ဆုပ်ခြင်း အကြောင်း တရား ကိုဟောတော်မူပါတယ် ….
ဒီအကြောင်းတွေကိုရေးထားတာပါ
.
တရားတော်မှာ ရှင်ပြောတဲ့ အကြောင်းအရာတွေ တစ်လုံး တစ်ပါဒမှ မပါ ပါဘူး။

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
(ဂ) ကိုယ်တော် ဂေါတမကိုယ်တိုင် စစ်သူကြီး ဆက်ကပ်လှုဒါန်းသော ဆွမ်းကွမ်းတို့အား ဘုန်းပေးကြောင်း–အင်္ဂုတ္တိုရ်ပါဠိတော် (၂) မဟာဝဂ် သီဟ သုတ်–တို့တွင် ဖေါ်ပြထားပေသည်။ အကယ်၍ စစ်တိုက်သော သူရဲကောင်းတို့သည် ငရဲကောင်များ၊ ဗုဒ္ဓဒေသနာအား ဆန့်ကျင့်သူ၊ အဓမ္မ၀ါဒီများ ဖြစ်ခဲ့သော်–၊ အဆင့်မြင့် ရဟန္တာကြီးများအား ထိုသူရဲကောင်းကြီးများနှင့် ခိုင်းနှိုင်းပုံဆောင်လျှက် ပြောဆို သွန် သင်ရန် အကြောင်း မရှိချေ။ 
.
★ ★ သီဟသုတ်၊ က အင်္ဂုတ္တိုရ်၊ ကကုဓ၀ဂ်၊ ပဉ္စကနိပါတ်၊ မှာပါတာပါ ….
ဘုရားရှင်ဟာ တရားတော်တွေကို စဏ္ဍာလက စလို့ ဗြဟ္မဏတွေအထိ လေးစားစွာ ဟောကြား ကြောင်း နာကြားသင့်ကြောင်း ခြင်္သေကို ဥပမာပေးပြီး ဟောပြောတဲ့တရားပါ။
.
ဘုရားရှင်ကစလို့ သာသနာ့ဝန်ထမ်း သံဃာအားလုံးဟာ မိမိတို့ထံ သဒ္ဓါတရားထက်သန်စွာ လာရောက်လှူဒါန်းသမျှ ဆွမ်း ခဲဘွယ် လှူဖွယ် ၀တ္ထု အားလုံးကို အယုတ် အလတ် အမြတ် မရွေး လက်ခံရပါတယ်။
.
ခိုးသူက လှူရင်လည်း ခိုးတဲ့ အကုသိုလ်ကံက တစ်ခု လှူတဲ့ ကုသိုလ်ကံကတစ်ခုပါပဲ။ တစ်ခုကို တစ်ခုနဲ့ ချေဖျက်လို့ မရပါဘူး။ ဘယ်သံဃာက ခိုးပြီး လာလှူတယ်လို့ သိလို့လဲ ။
ဒါပေမယ့် ဓမ္မနည်းနဲ့ ရှာဖွေထားတဲ့ ၀တ္ထုမဟုတ်တဲ့အတွက် ကုသိုလ်ကံ အကျိုးပေးချင်းတော့ ကွာပါတယ်။
ဒါလည်း ရှင်းတို့ နားလည်းနိုင်တဲ့ ဥာဏ်ရည်မရှိ တဲ့အတွက် မရှင်းတော့ပါဘူး ။

.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ထိုထက်တိကျပြတ်သားစွာ ကိုယ်တော်ဂေါတမကိုယ်တော်တိုင် လုပ်ဆောင်ပြခဲ့သော အချက်မှာ-၊ လာဘ်စား သော မင်းအား အင်အားသုံး ဆန္ဒပြလျှက် သူ၏ အတိုက်အခံတို့၏ လုပ်ရပ်များအား တော်လှန်ဆန့်ကျင်ခဲ့ခြင်း ပင်ဖြစ်ပေတော့သည်။
.
★ ★ ★ ★ ဟုတ်ပါတယ် ဘုရားရှင်ရဲ့ ကျောင်းပရ၀ုဒ်မြေ တစ်နည်းပြောရရင် ဘုရားရှင်ရဲ့ နေရာမှာ အဓမ္မ၀ါဒီ တိတ္ထိတွေကို လာဘ်စား နေရာပေးပြီး သာသနာတော်ကို ဖျက်ဘို့ကြိုးစားတဲ့ ဘုရင်ကို အရှင်သာရိပုတ္တရာနဲ့ သံဃာ ( ၅၀၀ ) တို့ကို သွားရောက် ကန့်ကွက်စေပါတယ်။
.
လာဘ်စားတဲ့ ရှင်ဘုရင် က အဓမ္မလား
.
မိမိနယ်မြေမှာ လာပြီး မြေလု ဗိုလ်ကျ ဘုရင်အားကိုးနဲ့ ရမ်းကားနေတဲ့ အဓမ္မ ၀ါဒီ တိတ္ထိတွေ တိတ္ထိတွေဆီက ငွေယူပြီး သံဃာတွေကို ဆဲဆို နေတဲ့ ဘုရင့်နောက်လိုက် သေသောက်ကျူးတွေ ကို လက်မခံတဲ့ ဘုရားရှင်နဲ့ သံဃာတွေက အဓမ္မလားဆိုတာ
.
ရှင်တို့ထမင်းစားတယ်ဆိုရင်တော့ ခွဲခွဲခြားခြားသိမှာပါလို့ပြောပါရစေ ရှင်။

.
။။။။။။။။။။။။။။။။။။။။။။
.
★ ★ ဒါပေမယ့် ဦးဌေးလွင်ဦး ရေ ကျိန်းသေတာတစ်ခုကတော့ …… 
.
★ ★ လက်ရှိတစ်ကမ္ဘာလုံးမှာ ဖြစ်နေသမျှတွေဟာ ……
မွတ်စလင်တွေရဲ့ ဒေသ နဲ့ အာရဗ် ကမ္ဘာကို တစ်ကမ္ဘာလုံးက ဘာသာခြားတွေ က ဒုက္ခသည်အမည်ခံလို့ဖြစ်စေ
ခိုးဝင်လို့ဖြစ်စေ ၀င်လာပြီး နယ်မြေတောင်း နယ်မြေလု နေလို့ဖြစ်တဲ့ ပြသနာ မဟုတ်ပါဘူး။

.
★ ★ မွတ်စလင်တွေကသာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာခြားတွေရဲ့နယ်မြေတွေကို ပုံစံအမျိုးမျိုးနဲ့ဝင်ရောက် နေရာယူ နယ်မြေတောင်း လူသတ် အကြမ်းဖက် လို့ ဖြစ်နေတဲ့ ပြသနာတွေသာဖြစ်ပါတယ်။.
★ ★ ရှင်တို့ကို တစ်ခု ပြောပြချင်တာကတော့ ခေတ်တွေပြောင်းကုန်ပြီ တမန်တော် မိုဟာမက် ခေတ် မဟုတ်တော့ဘူး။
.
ဒါကြောင့် မိုဟာမက်ခေတ်က လုပ်ခဲ့တဲ့ နည်းနဲ့ ရှင်တို့ သူတစ်ပါးနယ်မြေကို အချောင် ရနိုင်မှာ မဟုတ်ပါဘူး ။
.
ရှင်တို့ဘာသာရဲ့ နာမည် မှာ အမဲစက်ပေါင်းများစွာ စွန်းထင်းသွားတာပဲ အဖတ် တင်ဘို့ ရှိပါတယ်။။

.
★ ★ အဓိက တရားခံတွေကတော့ ….
မိမိတို့ရဲ့ လာဘ် လာဘ အတွက် မိမိတို့ ဦးထိပ်ပန်ဆင်တဲ့ လောကမှာ အမြင့်မြတ်ဆုံး မိမိရဲ့ ဘာသာတရားကို သာမက မိမိဘာသာဝင် တွေရဲ့ အသက် အိုးအိမ် နဲ့တစ်ကွ မိမိရဲ့ အမိမြေ ကို သစ္စာမဲ့စွာ လဲလှယ် ထိုးကျွေး ချနင်းတဲ့ တစ်ဘ၀စံ အာဏာရှင် တွေကြောင့် ပဲဖြစ်ပါတယ် ။

.
★ ★ ရှင်တို့မှာ လည်း အပြစ်ရှိတယ်လို့ တထစ်ချ ပြောလို့မရပါဘူး …..
ရရင် ယူချင်ကြတာချည်းပဲမဟုတ်လား။
နိုင်ငံရေး သမားတွေကို ထိုက်တန်တဲ့ ရင်းနှီးမှုတွေပေးထားရတာကိုး ….
.
ရှင်တို့ဆီက ထောက်ပံ့ကြေးတနင့်တပိုးယူ ။ စားကောင်းအောင် သခင်အားရအောင် ရှင်တို့ကို ထိရင် ဆတ်ဆတ်ခါ နာပြ သံသရာနဲ့ ရင်းပြီး ဘာသာ သာသနာနဲ့ မြန်မာပြည်မြေပုံကို ငွေနဲ့ လဲလှယ် နေကြတဲ့ ကမ္ဘာမြေကြီး ကို လေးစေတဲ့ တစ်ဘ၀စံ တွေကသာ ပိုအပြစ်ကြီးတာပါ။
.
ကဲ ….
ချမ်းမြေ့ကြပါစေရှင် …..

Monday, November 7, 2016

အာသောက မင်းကြီးသည် ဘင်္ဂါလီ လူမျိုးဖြစ်သည်



မောင်လေး ညီမလေးတို့ရေ ---
ထုံးစံအတိုင်း ဦးဌေးလွင်ဦးရဲ့ အာသောက မင်းကြီးသည် ဘင်္ဂါလီ လူမျိုးဖြစ်သည် ဆိုတဲ့ သမိုင်း နဲ့ ကြားထဲမှာ ညှပ်ထည့်လိုက်တဲ့ ခိုးဝင်တွေရဲ့ သမိုင်းလိမ်လေးကို ဖြေရှင်းထားတာပါ ….
.
( 1 ) မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက်မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီးမှာ အာသောက(Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။visit RB p/shttp://en.wikipedia.org/wiki/Ashoka အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက် မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီး မှာ အာသောက (Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။ ဘန်ဂေါပြည်မာဂ ဓ နေ ပြည်တော်၌ အခြေစိုက်လျှက် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ ဗုဒ္ဓ သာသနာအား ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။ ထိုအင်ပါယာအား စန္ဒြဂုတ မောရိယ မင်းကြီးမှ စတင်ထူထောင် ခဲ့သောကြောင့် မောရိယ အင်ပါယာဟု ထင်ရှားခြင်း ဖြစ်ပြီး မောရိယာ အင်ပါယာမင်းဆက်များ အနက် ထူထောင်သူ စန္ဒြ မင်းကြီးနှင့် အာသောကမင်းကြီးတို့မှာ ထင်ရှားသူများ ဖြစ်ခဲ့သည်။မောရိယ အင်ပါယာ သည် ဘီစီ ၃၂၂ မှ ဘီစီ ၁၈၅ ထိ ဘုန်းမီးနေလ တောက်ပချိန် ဖြစ်ခဲ့သည်။ အထူး သဖြင့် မောရိယပြည့်ရှင်
အာသောကမင်းကြီး၏ လက်ထက်သည် ရခိုင်နယ်သမိုင်းမှ ဓည၀တီ (ဒန်န၀တီ) ခေတ် နှစ် ပေါင်း ၁၆၀၀ ခရီး၏ နောက်ဆုံး ခေတ်ကာလများ ဖြစ်လေသည်။ ထိုအချိန်ကာလတွင် ယခု မြန်မာနိုင်ငံထဲသို့ ပါဝင်နေသော ရခိုင်နယ်၏မြောက်ပိုင်း (လက်ရှိ ရခိုင်ပြည်နယ် ၏ ထက်ဝက်)သည် ဘင်္ဂလီပြည့်ရှင်များ ဖြစ်သည့် မောရိအင်ပါယာ အင်ပါယာ ပိုင်နက်၏ တောင်တန်းဒေ သသား များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဗုဒ္ဓဘာသာသည်လည်း ထိုဒေသများ သို့ ထိုးဖေါက်ရောက်ရှိလာခဲ့သည်။
…………
ဟုတ်ပါပြီ ....
ရှင်ပေးတဲ့ ၀ီကီလင့်ထဲမှာရေးထားတာက ----
အာသောကမင်းကြီးဟာဟိန္ဒူကွရှ်တောင်တန်း အာဖဂန်နစ်စတန် ကနေစလို့ လက်ရှိ ဘင်္ဂလား နဲ့ အင်ဒီးယား နိုင်ငံတွေအထိ သူ့အာဏာစက်ကျယ်ပြန့်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ် ။ သူသာ သနာပြုခဲ့တဲ့နေ ရာတွေရေးထားတာပါ...
မြို့တော်တွေကတော့ တက္ကသီလာ ဥဇ္ဇနီ ပါတလိပုတ် တို့ ဖြစ်ကြပါတယ်တဲ့ ။
မောရိယအင်ပါယာတည်ထောင်သူ Chandragupta Maurya ရဲ.မြေးတော်ဖြစ်ပါတယ်တဲ့။
.
တစ်ခုပြောပါရစေ ဘင်္ဂလား က အဲဒိအချိန်တုန်းက အင်္ဂတိုင်း ထဲမှာ ပါ ပါတယ်။ အင်္ဂတိုင်းနဲ့ မဂဓတိုင်းကြားမှာ စမ္မာဆိုတဲ့ မြစ်ရှိပါတယ်။ ဒီမြစ်ကို အကြောင်းပြုပြီး နှစ်နိုင်ငံက အမြဲစစ်ဖြစ်ကြ ပါတယ်။
.
အာသောကမင်းကြီးဟာ မဓဂတိုင်းသား မောရိယပြည့်ရှင်ဖြစ်ပါတယ်။
မဂဓတိုင်း မောရိယ အင်ပါယာ ပြည့်ရှင် အာသောကမင်းသည် အင်္ဂတိုင်းသားဘင်္ဂလား ဖြစ်ပါသည်ဆိုတဲ့ စကား နူးလည်း နားမလည်တော့ဘူး။
.
အင်္ဂတိုင်းကိုသိမ်းခဲ့လို့ ဘင်္ဂင်္ါလီဖြစ်ရကြေးဆို
အင်္ဂလိပ်တွေလည်း ဘင်္ဂလီဖြစ်ပြီပေါ့
ပြီးတော့ တူရကီတွေ
နောက်ဆုံး ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးလည်း ဘင်္ဂါလီ ဖြစ်ပြီလို့ပြောရမလိုလို
.
တစ်ခုတော့ သတိချပ်ပါ မောရိယအင်ပါယာဆိုတာ ဗုဒ္ဓနောက်မှ ပေါ်တဲ့ တိုင်းပြည်တွေ စုထားတဲ့ အင်ပါယာပါ ။
ဘာလို့ ဘုရားအစ မောရိယ လုပ်နေပါသလဲ မပြောတတ်တော့ပါဘူး။
ဗုဒ္ဓကိုတောင် ကပြား ဖြစ်အောင်လုပ်နေ သလိုပါလား။
ဝီကီမှာရေးထားတာ တင်ပေးလိုက်ပါတယ်။
.
His empire stretched from the modern Iranian provinces of Khorasan, Sistan and Balochistan (unpartitioned), through the Hindu Kush mountains in Afghanistan, to present-day Bangladesh and the Indian state of Assam in the east, and as far south as northern Kerala and Andhra Pradesh. The empire had Taxila, Ujjain and Pataliputra as its capital.
Ashoka was born to the Mauryan emperor Bindusara and a relatively lower ranked wife of his, Dharmā [or Dhammā]. He was the grandson of Chandragupta Maurya, founder of Mauryan dynasty.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( ၂ ) ဤနေရာ၌ ဆင်ခြင်ရန်မှာ ဒါန်န၀တီ (ဓည၀တီ) တိုင်းပြည်အတွင်းနေ ထိုင်ကြကုန်သော လူအပေါင်းအား သတ်ဖြတ်သုတ်သင်ပစ်လျှက် မောရိယအင်ပါယာထဲမှ ဗုဒ္ဓဘာသာများက အစားထိုးလိုက်ခြင်း မဟုတ်သကဲ့ သို့၊ ဒါန်န၀တီ (ဓည၀တီ)မှ လူသားများသည်လည်း ဗုဒ္ဓ ဂေါတမ မပွင့်မှီ သို့မဟုတ် အာသောကမင်းကြီး သာသနာမပြုမှီ ကမ္ဘာဦးကတည်းက မိုးကျရွှေကိုယ် ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ ပေ။ ဗုဒ္ဓသာသနာပြု များ ရောက် ရှိလာ၍ သာသနာပြုရာမှ ယခင်ရှိရင်းစွဲ ဘာသာဟောင်းမှ ဘာသာပြောင်းခဲ့ ခြင်းသာ ဖြစ်ပြီး လူမျိုးပြောင်းသွားခဲ့ခြင်း မဟုတ်ပေ။) သို့သော် မောရိယအင်ပါထဲမှ လူများ ဒါန်န၀တီ (ဓည၀တီ) ထဲသို့ သွားလာကူးသန်းလျှက်- လူတစ်ချို့ ကပြားများ ဖြစ်သွားနိုင်ခဲ့သည်။ ၎င်းမှာ ဘာသာတရားနှင့် မသက် ဆိုင်ပေ။ တိုင်းပြည်ရှိ လူအားလုံး ကပြားဖြစ်သွားနိုင်မည် မဟုတ်ဘဲ- မူလဘူတ လူမျိုးစု အကြွင်းအကျန် များ ရှိနေခဲ့မည်လည်း ဖြစ်သည်။မောရိအင်ပါယာမှ အာသောကမင်းကြီး၏ လက်ထက်တွင် စာပေ၊ကျောက်စာ အကြီး အကျယ်ထွန်းကား ပြန့် နှံ့ ခဲ့သည့် လှိုင်းဂယက်အတွင်း၌ ဒါန်န၀ဒီ (ဓည၀တီ)သည်လည်း ရှောင်ဖယ် နိုင်ခဲ့သည် မဟုတ်ကြောင်း-
ဓည ၀တီ၏ ရှေးအကျဆုံး ကျောက်စာရေးထိုးသည့် စာပေအက္ခရာများမှ သက်သေတည်လျှက် ရှိနေပေ သည်။ ထို စာပေ အက္ခရာအသုံးများမှာ ၁၁ ရာစု ဗမာအင်ပါယာ ဒါန်န၀ဒီ (ဓည၀တီ)သို့ မလွှမ်းမိုးမှီအထိ ရခိုင်နယ်၌ နှစ် ပေါင်း ၁၀၀၀ ကျော် တည်ရှိနေခဲ့သည်။ ဤနေရာ၌ သတိမူရန်မှာထိုရ ခိုင်ရှေးဟောင်းကျောက် စာ များသည် ရှေးဟောင်း မာဂဓအင်ပါယာ (ဘင်္ဂလီမောရိယ အင်ပါယာ) မှ အက္ခရာများအား နမူနာယူ၍ ရခိုင်စာပေအဖြစ် တည်ထွင်ခဲ့ခြင်း မဟုတ်ပေ။
ဆိုလိုသည်မှာ လက်တင်အက္ခရာတို့အား နမူနာယူ၍ (အသုံးပြု၍) မလေရှား၊ အင်ဒိုနီးယား၊ ဗီယက်နာမ် နိုင်ငံများ စာပေတီထွင်ခဲ့သော်လည်း ရေးသည့် အသံထွက်များ၊ ဖတ်ပြလျှင် နား လည်မှုများမှာ သက်ဆိုင်ရာ လူမျိုးတို့သာ ဖြစ်ပေသည်။ ဥပမာ ဗီယက်နာမ်စာတစ်ပိုဒ်အား လက်တင် အက္ခရာများဖြင့် ရေး ထားသော်လည်း-ထိုစာပိုဒ်အားအင်္ဂလိပ်တို့အား သော်လည်း ကောင်းပြင်သစ်တို့အားသော် လည်းကောင်း ဖတ်ခိုင်းသော် ဖတ်နိုင်မည် မဟုတ်သကဲ့သို့ ဖတ်ပြ၍ နားထောင်ခိုင်းလျှင်လည်း နားလည်မည် မဟုတ်ပေ။
သို့သော် ရှေးဟောင်း ရခိုင်ကျောက်စာတို့အား ဖတ်ခိုင်းလျှင် သို့မဟုတ် ဖတ်ပြ၍ နားထောင် ခိုင်းလျှင် ရိုဟင် ဂျာ ရှေးဟောင်းပူတီ ဆရာများ ဖတ်နိုင်သည်၊ နားလည်နေသည်မှာ အံ့သြ လောက်မည် မဟုတ်ပေ။
ထို ကျောက်စာ တို့အား ဖတ်ပြလျှင် ယခုခေတ် ရိုဟင်ဂျာများပင် အနည်းဆုံးထက်ဝက်ခန့် နားလည်နေပေ သည်။
ယခုအခါ ရခိုင်စစ်စစ်ဟု ခံယူထားသူများမှာ ထိုကျောက်စာတို့အား မဖတ်နိုင်ယုံမျှမက ဖတ်ပြလျှင်လည်း တစ်လုံးတစ်ပါဒ မျှနားလည်ခြင်း မရှိပေ။-
………………
.
မြန်မာနိုင်ငံမှာ မျိုးနွယ်စုပေါင်း ၁၃၅မျိုး ရှိပြီး ဘာသာစကားပေါင်း ၁၅၀ ကျော်ရှိပါတယ်။
မြန်မာနိုင်ငံဟာ မိမိကိုယ်ပိုင်စာ ကိုယ်ပိုင်စကားနဲ့ နေတဲ့ အတွက် စင်္ကာပူတွေလို ဖလစ်ပိုင် မလေးရှားတွေလို သူတစ်ပါးအက္ခရာ အငှားသုံးရတဲ့ နိုင်ငံတွေနဲ့ မနှိုင်းထိုက်ပါဘူး။
.
ရှေးဟောင်း ရခိုင်ကျောက်စာ မြန်မာကျောက်စာ ပျူကျောက်စာ မွန်ကျောက်စာ ပါဠိကျောက်စာ စတဲ့ ကျောက်စာ အားလုံးကို သမိုင်းသူတေသီမဟုတ်တဲ့ ဘယ်မြန်မာမှ မဖတ်တတ်ပါဘူး။
.
ဒီလိုပဲ တစ်လောကလုံးက နိုင်ငံတိုင်းက ရှေးဟောင်းကျောက်စာတွေကို သူတေသီမဟုတ်တဲ့ အဲ့ဒိနိုင်ငံသားတွေ မဖတ်တတ်ပါဘူး။
.
ဘင်္ဂလားက ခိုးဝင်တွေကဖတ် တတ်တယ်ဆိုတော့ လိမ်တာလည်း ကြည့်လိမ်မှပေါ့ရှင် ။
.
ကိုရီးယား ဂျပန် စာလုံးတွေဟာ ရှေးဟောင်း တရုတ်စာမို့လို့ ကိုရီးယား ဂျပန်သည် တရုတ်ဖြစ်ပါသည်လို့ သိမ်းလို့မရပြန်ဘူး။
.
ရခိုင်ကျောက်စာများဟာ ဘင်္ဂါလီဘာသာနဲ့ရေးတယ်လို့ ဘယ်သမိုင်း အထောက်အထား မှာမှမရှိပါဘူး။ ကျမတို့ လူမျိုးလိမ်ကို လက်မခံပါဘူး။
.
မြန်မာ ကမ္ဘောရီးယား ထိုင်း လာအို ဗီယက်နာမ် နိုင်ငံတွေက လူတွေဟာ မျက်နှာပေါက်ဆင်သလို စာရေးနည်းလည်း အနည်းငယ်ဆင်ပါတယ်။ ၁၀% လောက် အသံထွက်တူပါတယ်။
ဥပမာ မြန်မာစကား အန္တရယ် သီတာ မေမေ ဖေဖေ မာယာ ကလျှာ စတဲ့ စကားတွေကို ထိုင်းမှာလဲ သုံးပါတယ် ။ အဓိပါယ် အတူတူပါပဲ။
.
မြန်မာကိုအင်္ဂလိပ်က အိန္ဒိယ လက်အောက်ခံ အဖြစ် နှစ် ၁၀၀ ကျော်အုပ်ချုပ်သွားတော့ အိန္ဒိယ စကားတစ်ချို့ ကိုအလွယ်သုံးတာတွေရှိပါတယ်။
ဥပမာ အာလူးပူရီတို့ ဆမူဆာတို့ လိုတွေပေါ့
မြန်မာမှာမရှိဘူတဲ့ အစားကို အိန္ဒိယတွေက သယ်လာတော့ အိန္ဒိယတွေ ခေါ်တဲ့ အတိုင်းပဲ ခေါ်ရ တော့တာပေါ့ မြန်မာဝေါဟာရမှမရှိတာ။
.
ဒီလိုပဲ အင်ဒီးယား ပါကစ္စတန် အီရန် အီရတ် စတဲ့ ကုလားနိုင်ငံငံစကားတွေဟာ အာရဗ်ဘာသာနဲ့ ၄၀% ကျော် တစ်ထပ်ထဲတူပါတယ်။
ဘာလို့လဲဆိုရင် အာရဗ်ဖက်က အစ္စလာမ်ဘာသာဝင်တွေက သိမ်းပိုက် ပြီး သူတို့ ဘာသာကို ပြောင်းပေးခဲ့တာကိုး ။
.
ဒီတော့ လူမျိုးလိမ်တစ်ခု အတင်းနေရာဝင်ယူချင်တာနဲ့ ရခိုင်တို့ရဲ့ မြင့်မြတ်တဲ့ သမိုင်းကို ပေါက်ကရ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။
.
အဲသလိုပိုင်ဆိုင်ခဲ့ဖူးတိုင်းသာ ယဉ်ကျေးမှု မူလဇစ်မြစ် ဖြစ်ရမယ်ဆိုရင် ဘုရင့်နောင်မင်းတရားကြီး သိမ်းပိုက်ချိန်က ဘင်္ဂလားတွေက ဟံသာဝတီ နေပြည်တော်မှာမရှိခဲ့တော့လေ အခု ရှိနေတဲ့ ယဉ်ကျေးမှုတွေက ကျမတို့ဆီက ၁၅ ရာစုနှစ်ဒုတိယမြန်မာနိုင်ငံတော်ရဲ့ယဉ်ကျေးမှု အမွေတွေ မဖြစ်နိုင်ဘူးလား။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( 3 ) သို့ဖြစ်လျှင် ထိုဒါန်န၀ဒီ (ဓည၀တီ)ခေတ်မှ အုပ်ချုပ်သူများသည်- မိမိတို့၏ သမိုင်း မော်ကွန်းတို့အား ရေးထိုးရန် မိမိတိုင်းပြည်မှ မဟုတ်သော တိုင်းတစ်ပါးသား စာပေ ပညာ ရှင်တို့အား ပင့်ဆောင် လျှက်- မိမိနှင့် မိမိ၏ တိုင်းသူပြည်သား တစ်ဦးတစ်ယောက်မှ မတတ်သည့် ဘာသာစကား၊ ဖတ်ပြလျှင်လည်း နားမလည်သည့် ဘာသာစကားဖြင့် ရေးထိုးခဲ့ပါသလား၊- သို့မဟုတ် ဘုရင်မင်းများ အပါအ၀င် တိုင်းပြည်မှ စာ တတ်ပေတတ်များ တတ်သော၊ နားလည် သော ဘာသာ စကားဖြင့် သာ ရေးထိုးခဲ့ပါသလား- ဆိုသည်မှာကမ္ဘာ့ ပညာရှင်များ ရှေ့မှောက်၌ အထူး အထွေ အဖြေထုတ်ပေး ရန် လိုမည် မထင်ပါ။ ဒါန်န၀ဒီ (ဓည၀တီ)မှ ခေတ်နောက်ပိုင်းမှ စတင်ဝင်ရောက်လာသော
ဗုဒ္ဓသာသနာသည် ယခု ရခိုင်နယ်ဟု သတ်မှတ်ထားသည့် ဒေသ၏ အနောက်ပိုင်းမှ ၀င်လာ ခဲ့ပြီး-ဒါန်န၀ဒီ (ဓည၀တီ) ဗလ်ဆာလီ (ဝေသာလီ)ထိ ထိုဒေသများတွင် ရှေးဟောင်းလူမျိုးနှင့် မာဂဓအင်ပါယာမှ ကပြားများ- သာ ကြီးစိုးနေထိုင်ခဲ့သည်။ သို့ဖြစ်၍ ထို ဘာသာစကားသည် မာရ်မာကီး၊ ရိုဟင်ဂျာ၊ ဒိုင်းနက် လူမျိုးတို့၏ ဘာသာစကားဖြစ် နေခြင်းပင်။
……………………..
.
ရခိုင်ဒေသက တိုင်းရင်းသား မျိုးနွယ်စု ( ၇ ) စုလုံးရဲ့ ရှေးဟောင်းဘာသာများပဲ ဖြစ်ပါတယ်။ ရှေးဟောင် သမိုင်း အထောက်အထားတွေမှာ သမိုင်းစာမျက်နှာတွေမှာလဲ ဒီလူမျိုး ( ၇ ) မျိုး ပဲ ရှိပါတယ်။
ဦးနု အာဏာရဘို့ လုပ်ရာမှာ အသုံးချခဲ့တဲ့ ခိုးဝင်တွေကို ဘယ်လိုနည်းနဲ့ မှ လက်မခံ နိုင်ပါဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( 4 ) ဗယ်ဆာလီ (ဝေသာလီ) ခေတ်နှောင်းပိုင်းတွင် လက်ရှိရခိုင်နယ်၏ တောင်ပိုင်းဒေသများမှ (ဗမာဖြစ်လာမည့်- ကမ်းယံ၊ သက်) လူမျိုးစုများ (ထိုလူမျိုးစု များမှာ မြန်မာနိုင်ငံဘက်မှ တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြား လမ်း၊ ဂွတောင်ကြား လမ်းများကို ဖြတ် ကျော်လျှက် ရောက်ရှိလာသော လူမျိုးများ ဖြစ်သည်။- ( ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ- အခြေပြု မြန်မာ့သမိုင်း အတွဲ ၁) ယခင် ဓည၀တီ၊ ဝေသာလီ လူမျိုးတို့မှာ ယခု ရခိုင်နယ်၏ တောင်ပိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့် ပြောင်းရွှေ့နေ ထိုင် နိုင်ခြင်းများမများခဲ့ပေ။)- ဗယ်ဆာလီ (ဝေသာလီ)နယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။
ထိုလူမျိုးတို့အား ဒါန်န၀တီမှ မူလလူမျိုးများက တောင်ပိုင်းမှစိမ့်ဝင်လာသူများကို တောသား လူမျိုးစုသဘော၊ ကျေးလက်ဒေသသား လူမျိုးစု သဘောကို ဆောင်၍ ရက္ခုဟု ခေါ်သည်။ (ရိုဟင်ဂျာ စကားအရ ရက္ခု ဆို သည်မှာ tribe (လူမျိုးနွယ်စု တစ်ခု)ဟူ၍ ဖြစ်သည်။ ထိုလူမျိုးစုမှာ မာဂဓီ ဘာသာစကား ကို ပြော ဆိုခြင်း ကြောင့် နောင်တွက် မော့ဂ် (မာဂဓီ)ဟု ခေါ်ဆိုလာခဲ့သည်။ သို့သော်
ထိုမော့ဂ် များမှာလည်း ဗုဒ္ဓဘာသာ ဇစ် ဖြစ်ဖြစ်၍ (အယူအနည်းငယ် ကွဲခဲ့ဟန်ရှိသော်လည်း)- ဗယ်ဆာလီ (ဝေသာလီ)မှ လူမျိုးများနှင့် ဘာသာယုံကြည် မှု တူညီနေခဲ့၍ ပြသနာ မရှိခဲ့ပေ။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ မောရိယ အင်ပါယာသည်လည်း မဂဓ အင်ပါယာ ဖြစ်၍ မာဂဓ အင်ပါယာသုံး ရှေးဟောင်း ဘင်္ဂလီစကားနှင့် မာဂဓ အင်ပါယာသုံး မာဂဓီစကား မတူညီပေ။ မာဂဓီ စကားသည်မာဂဓအင်ပါယာ ၏ မြောက်ပိုင်းတစ်ကြော၌ ပြောဆိုသော စကားဖြစ်ခဲ့ပြီး- မြန်မာနိုင်ငံသို့ ချင်းတွင်း မြစ်ဖျားဘက်မှ
ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။)
ဗယ်ဆာလီ (ဝေသာလီ) ခေတ်နောက်ပိုင်းတွင်း မောဂ် (ရက္ခု)များ အင်အားထွားလာပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့ကြောင်း- အုပ်ချုပ်ရေးဆိုင်ရာ ဘာသာစကား၊ ဘာသာစာပေ အပြောင်းအလည်း ကျောက်စာများ အားဖြင့် သိနိုင်ပေသည်။ ထိုမှစ မူလဘူတလူမျိုးတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မှေးမှိန်လာပြီး မောဂ် (ရက္ခု) တို့ အင်အားထွားလာကာ- အေဒီ ၉ ရာစုဆန်းတွင် လေးမြို့မင်းဆက်အား ထူထောင်ခဲ့သည်။ အခြားတစ်ဘက် တွင် အေဒီ ၁၁ ရာစု ဆန်းစ၌ မြို့နိုင်ငံလေးများဖြင့် ကွဲပြဲနေသည့် ဗမာများသည်လည်း
အနော်ရထာမင်း၏ လက်အောက်၌ စုစည်းသွားခဲ့ပြီး ဗမာအင်ပါယာ အဖြစ် ထွန်းကားလာခဲ့သည်။ ယခုရခိုင်နယ်၏ တောင်ပိုင်းဒေ သ များမှာ ယခင်မှစ၍ ဗမာမျိုးနွယ်များ ပြန့်ပွားပြီး ဒေသဖြစ်သဖြင့် အင်အားထွားလာသော ဗမာများက လေးမြို့ မင်းဆက်အား လက်အောက်ခံနိုင်ငံငယ် အဖြစ်
သိမ်းပိုက်သတ်မှတ်ခဲ့ပေသည်။
ထိုအခါ လေးမြို့ခေတ် နှောင်းပိုင်း ရက္ခု (ရခိုင်) ဘုရင်များသြဇာ မှေးမှိန်ခဲ့ရသော်လည်း- ရက္ခု ဟုခေါ်သည့် လူမျိုးမှာ ယခင်ကပင် ဗမာမျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ဗမာအင်ပါယာ၏ လက်အောက်၌ တောင်ပိုင်းမြောက် ပိုင်း ပေါင်းစပ်လျှက် ယခုရခိုင်ဟု ခေါ်သော ဒေသ၌ ဗမာစကား (ရှေးဟောင်းဗမာစကား)ပြော လူဦးရေမှာ များပြား ခဲ့ပြီး ဓည၀တီ၊ ဝေသာလီမှ မူလဘူတ လူမျိုးစုတို့ လူနည်းစု ဖြစ်ခဲ့ရသည်။ သို့သော် ဗမာလက်အောက်ခံ အောက် ၌ ရက္ခုရော- မူလလူမျိုးပါ အာဏာရှိသူများ မဟုတ်သဖြင့် အာဏာလုရန် အကြောင်းမရှိ-၊ ဘာသာ တူ နေသဖြင့် ဘာသာရေးအရ ရန်ဖြစ်ရန် အကြောင်းမရှိဘဲလျှက် ပြသနာကြီးကျယ်ခြင်းများ မတွေ့ရ သည့်အပြင်- ရံဖန်ရံခါဗမာတို့အား တော်လှန် ရန်အတွက် ပူးပေါင်းညီညွတ်ခဲ့သည့် အခြေအနေများ ကိုလည်း တွေ့ရ သည်။ဤခေတ်ကာလများသည်- ယခု ရခိုင်ဟု ခေါ်တွင်သော နယ်ထဲ၌ ရခိုင် ၏ မြောက် ဘက် မှ ၀င်ရောက်လာခဲ့သော မူလဘူတလူမျိုး သို့မဟုတ် တိဘက်မြန်မာများထက် လွန်စွာ ရှေး ကျသောလူမျိုး Negrito (အသားမဲသည့် လူ မျိုးနွယ်)များနှင့် နောက်ပိုင်းဝင်လာသော တိဘက်မြန်မာ လူမျိုးတို့လူမျိုးကြီးနှစ် ခု ထိပ်တိုက်တိုးသော ကာလ လည်း ဖြစ်ခဲ့သည်။
( ဌေးလွင်ဦး ) တဲ့
………………
.
ထားပါတော့ အောက်ပိုင်းက ပတ်လိမ်နေတဲ့ စာတွေကိုတော့ ရှင်းမနေတော့ပါဘူး
.
သူရေးသွားတာက ရခိုင်တွေဟာ နောက်မှရောက်လာပြီး နယ်မြေလု အပိုင်စီးသွားပါတယ် လို့ရေထားတဲ့ သဘောပါပဲ
.
ဘုရင့်နောင် မင်းတရားကြီးလက်ထက်က ဝေသာလီမှာ ဘင်္ဂါလီ မရှိခဲ့ပါဘူး။
.
တစ်လောက လုံးက ဘယ်နိုင်ငံသားမှ မဖတ်တတ်တဲ့ ဆိုင်ရာ ရှေးဟောင်းကျောက်စာ တွေကို ခိုးဝင်တွေပဲ ဖတ်တတ်တယ်ပြောလိုပြော
.
မဂဓ ဘာသာစကားဟာ ရှေးဟောင်း ဘင်္ဂလား ဘာသာလို့ပြောလိုပြော နဲ့ လိမ်နေတာပါ ။
.
ရခိုင်မှာလည်း ဘုရားရှင် ပွင့်တော်မမူခင် အချိန်ကစလို့ တိကျခိုင်မာတဲ့ အထောက်အထား နဲ့ သမိုင်းတွေ ရှိနေပါတယ် ။
.
ပြောရရင် ဒုတိယမြန်မာ နိုင်ငံတော် တည်ထောင်တဲ့ ဘုရင့်နောင်မင်တရားကြီး လက်ထက် မှာ ဘင်္ဂလားနယ်ဆိုတာ မြန်မာပိုင်ခဲ့တာပါ ။
.
နောက်ပိုင်းမှာလည်း ဗုဒ္ဓဘာသာ နေလို လလို ထွန်းလင်းပြီး ဗုဒ္ဓဘာသာဝင် ၇၅% နဲ့ ဟိန္ဒူ ဘာသာဝင် ၂၀% ရှိတဲ့ နိုင်ငံပါ ။
.
၁၂၁၂ ခုနှစ်မှာ တူရကီ ၃၀၀ က ၀င်တိုက်ခဲ့ပါတယ်။
.
အဲ့ဒိအချိန်ကစပြီး ရဟန်းတွေကိုသတ် ဘူရား ကျောင်းကန်တွေဖျက်ဆီး ဓါးမိုးဘာသာပြောင်းခိုင်း ခဲ့လို့ မွတ်စလင် နိုင်ငံဖြစ်သွား ရတဲ့နိုင်ငံတစ်ခုပါ။
.
ဒီတော့ အာရာဗ် မွတ်စလင် စကားနှောတဲ့ ဘင်္ဂေါ စကားသာ တတ်တဲ့ ၁၂၁၂ ခုနှစ်နောက်ပိုင်းမှ မွတ်စလင်ဖြစ်လာတဲ့ မွတ်စလင်တွေသည်
.
ဘုရင့်နောင် မင်းတရားကြီး ဘင်္ဂလားကို စိုးစံချိန်ကို လွန်လို့ ဟိုး မောရိယ လက်ထက်ထဲက ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်များပါဆိုတာကို ဘယ်ထမင်းစားတဲ့ ဥဏှောက်က လက်ခံမှာတုန်းရှင် ။
.
မိုဟာမက်တောင် မမွေးသေးလောက်ဖူးရယ်လေ ….
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
.
ဘုရာပွင့်ပြီးလပိုင်းအတွင်း ဆံတော်တွေရလို့ ရွှေတိဂုံစေတီတော် မြတ်ကြီး ရှိနေပြီး ...
.
အနော်ရထာလက်ထက်မှာ ထေရ၀ါဒ သာသနာတော်ဟာ ထူးကဲစွာ ပိုမိုပြန့်ပွားထွန်းကား လာခဲ့တဲ့ အတွက် မြန်မာ နိုင်ငံတော်မှာ ဗုဒ္ဓသာသနာတော် အုဋ်မြစ်ဟာ ဗုဒ္ဓ ပရိနိဗ္ဗာန် မစံလွန်မီထဲက ရှိနေခဲ့ပါပြီ ဆိုတာ ငြင်းစရာ မလိုတော့ပါဘူး ။
.
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ အာသောက ကနေ စခဲ့တာ မဟုတ်တဲ့အတွက် ဘင်္ဂလား နဲ့ ဆွဲညှိနေတာ အဆင်မပြေပါဘူးလို့ ပြောပါရစေ။

.
.
ချမ်းမြေ့ကြပါစေရှင် ….

Friday, November 7, 2014

သမိုင်းလိမ် ဌေးလွင်ဦးရဲ့ မွတ်ဆလင်တွေက ဘာလုပ်နေလို့လဲ

  

မောင်လေးညီမလေးတို့ရေ ... သမိုင်းလိမ် ဌေးလွင်ဦးရဲ့ မွတ်ဆလင်တွေက ဘာလုပ်နေလို့လဲ? ဆိုတဲ့ သမိုင်းကြောင်းလွဲတာလေးတွေ ကိုဖြေရှင်း ထားတာလေး တင်ပေးလိုက်ပါတယ် ... စိတ်မတိုကြပဲ... သာသနာဝင်ကောင်းတွေပီပီ စိတ်ချမ်းသာစရာ ကွန်မန့်လေးတွေ ပေးပါရှင်...
သူပိုစ့်က အရမ်းရှည် တဲ့အတွက် ...မူရင်းပိုစ့်ကို ပြန်ကူး တင်မနေတော့ပဲ့ ... သူ့ပိုစ့်တစ်ပိုဒ်ချင်း ကို ပြန်ကူးပြီးရှင်းပြ တာလေးတင်ပေး လိုက်ပါတယ် .......


  http://islaminmyanmar.blogspot.com/2012/09/blog-post_2940.html
ဌေးလွင်ဦး.....MMCRM )))))))  ဒါက မူရင်းပိုစ့်လင့်ပါ...။
=============================

 ဖြေရှင်းချက်.....
 
(((((မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။ )))))
ဗုဒ္ဓဘာသာသည်... နီပေါ.. အိန္ဒယဇာတိ ခရစ်ယန်ဘာသာ သည် ... ဂျေရုဆလင်ဇာတိ ... မွတ်စလင် ဘာသာသည် ..ဆော်ဒီဇာတိ ...  အဲ့တာဘာဖြစ်လို့လဲရှင်.... 


★  ကျန်တဲ့ဘာသာတော့ စိတ်မ၀င်စားလို့ မသိဖူးရှင် ... မြန်မာ ဗုဒ္ဓဘာသာ ကတော့ ... မြတ်ဗုဒ္ဓကို ... အရင်ဆုံးဖူးခွင့်ရသူ ... တဖုဿ     နဲ့ပလ္လိက ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင် က ... .မြတ်ဘုရား ဆံတော်တွေကို ပင့်ခဲ့ပြီးး .. .ဥက္ကလာပ မင်းကြီးဆီ ဆက်သခဲ့ ရာ က ... ယ္ခုလက်ရှိ အားလုံး ဖူးမြော်ရပါသော ...နှစ်ပေါင်းး ၂၅၀၀ကျော် သက်တမ်းရှိ ရွှေတိဂုံစေ တီတော်မြတ်ကြီးကို.... အားလုံးဖူးမြင်နေရ တာသက်သေပါ ... ဒီအချိန်တွေတုန်းက မွတ်မပြောနဲ့ ..  ခရစ်ယန်ဘာသာတောင် ... မမွေးသေးပါဘူး ။
 

တိတိကျကျ ပြောရင် ... သာသနာတော် ပွင့်ထွန်းပေါ်တော်မူပြီး လပိုင်းအတွင်း မြန်မာနိုင်ငံကို သာသနာရောက်ပါတယ် ... မြတ်စွာ ဘုရားရှင် ကိုယ်စား ရည်စူးကိုးကွယ်စရာ ဆံတော်မြတ် များရောက်ရှိပါတယ် ... 

အဲဒီဆံတော်များနှင့် တကွ ပွင့်တော်မူပြီးသော ဘုရားရှင် သုံးဆူတို့ရဲ့ မွေတော်မြတ်များ ထပ်မံ ရရှိပါတယ် .. ရွှေတိဂုံစေတီတော်ကြီး မှာ ဌာပနာပြီး တည်ထား ကိုးကွယ်ကြပါတယ်... 

သာသနာမှာ ဗုဒ္ဓရတနာ နဲ့ ဓမ္မရတနာ ရတနာနှစ်ပါးကို ကိုးကွယ်ဆည်းကပ်ရာအမှန်အဖြစ် ကိုးကွယ်တဲ့ သရ ဏ ဂုံနှစ်ပါးခံယူဆောက်တည်တဲ့ ပထမဆုံးသော ဥပါသကာများအဖြစ် ဧတဒဂ်ဘွဲ့ထူးများ ရရှိခဲ့ပါတယ် ... 
အဲဒီကုန်သည် ညီနောင်ဟာ မြန် မာနိုင်ငံ ဥက္ကလာပ တိုင်းသားများဖြစ်ကြောင်း ရာဇဝင်၊ သာသနာဝင် မှတ်တမ်းများ အတိအကျအခိုင်အမာရှိပါတယ်... 

ကဲ ဒါဆို အဲဒီဥက္က လာ ပတိုင်းသားများဟာ ကုလားများလို့ ဆိုလို့ရပါ မလား... မြန် မာနိုင်ငံအတွင်းမှာ မူရင်းနေ လူမျိုးများဖြစ်ကြောင်း ခိုင်လုံနေပါပြီ.... အိန္ဒိယကဆင်းသက်လာတဲ့ အဘိရာဇာတို့တွေဟာ တကောင်း မတိုင်ခင်ကလေးကမှ ဆင်းသက်လာတာပါ...

  (((( ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့တယ်။ ဟိန္ဒူဘာသာဟာ မြန်မာလူမျိုးတွေကို စာပေအမွေပေးခဲ့တယ်။ (မြန်မာစာပေ ဟာတရုတ်စာပေက ဆင့် ပွား ဖြစ်တည်လာခဲ့တာ မဟုတ်ပါ။- ဟိန္ဒူ ဗြဟ္မီစာပေက ဆင့်ပွား ဖြစ်တည် လာခဲ့ခြင်း ဖြစ်တယ်။) ချက်ပြုတ်စာ သောက်ခြင်းဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ ယဉ်ကျေးမှု ဆိုင်ရာ အမွေများကိုပေးခဲ့တယ်။ တိုင်းပြည်တစ်ခု အဖြစ် ထူထောင်အုပ်ချုပ်နည်းပညာရပ်များကို ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနောက်မှာရောက်လာခဲ့တယ်။ မြန်မာအင်ပါယာကိုထူထောင်တဲ့ မြန်မာဘုရင် ကိုယ်တိုင်က ဗုဒ္ဓဘာသာကိုအားပေးကူညီခဲ့လို့ သူ့ရှေ့က ဟိန္ဒူဘာသာဟာ တိမ်ကောပျောက်ကွယ် သွားခဲ့ တယ်။တနည်းအာဖြင့် နဂိုရှိရင်းစွဲ ဟိန္ဒူဘာသာဝင် လူသားများက ဗုဒ္ဓဘာသာ အဖြစ်ဘာသာပြောင်းလဲသွားခဲ့တယ်။ဗုဒ္ဓဘာသာဟာလည်း မြန်မာလူမျိုးများ အတွက် ယဉ်ကျေးမှုကို သွန်သင်ပေးနိုင်ခဲ့တယ်။ )))))

★    ဒါကြောင့် သမိုင်းလိမ် ဌေးလွင်ဦးဆိုပြီး နာမည်ကြီးတာ...ဟုတ်ကဲ့ရှင် 
((((( အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ))))) ဆိုတဲ့ ကိုရ်အန်ကလွဲလို့ ဘာမှ မသင်ဖူး.. မလေ့လာဖူး... ဘာလောကဓါတ်... သိပ္ပံမှမသင်ဖူးတဲ့ ... အသိ ပညာ နုံချာလှတဲ့ ... မွတ်တွေကို ပြောသလိုတော့ ... မဟုတ်တာတွေ ရှောက်မပြောသင့်ပါဘူးရှင်...

ရှင်ရေးတဲ့အဲ့ဒီ၂ပိုဒ်အတွက်... အကိုး အကား သမိုင်းအထောက် အထားတော့ပြမှပေါ့... မိုဟာမက်ခေတ် မဟုတ်တော့ဖူးရှင်... ကမ္ဘာကြီးမပြားတော့ပါဘူး.... ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို... အိန္ဒိယဘုရင်ခံလက်အောက်ကနေ အုတ်ချုပ်စေ တဲ့အတွက်... ဟန္ဒူတွေအလုံးအရင်းး ရောက်လာတာ.. သမိုင်းအထောက်အထား အပြည့်အစုံရှိနေပါတယ် ... အဲ့သည်တော့ မြန် မာစာ မြန်မာစကား မြန်မာ့ ယဉ်ကျေးမှုဘယ်ကစလာလဲဆိုရင် .... ကျမ်းကိုး (၂၀)နဲ့ခိုင်ခိုင်မာမာရှင်းပြ ထားတဲ့ ...ဒီလင့်မှာ သွားကြည့် ရှင်။
http://moenatvilla.blogspot.com/2013/08/blog-post_16.html

((((( မြန်မာအင်ပါယာရဲ့ ပထမဆုံး ပုဂံခေတ်ကတည်းက အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာနဲ့ ခေတ်ပြိုင် မြန်မာပြည်ကို ရောက်လာခဲ့ တယ်။ ဘုရင် ကိုယ်တိုင်က အစ္စလာမ် သာသနာကို အားမပေးခဲ့လို့ အစ္စလာမ် သာသနာဟာ မြန်မာနိုင်ငံမှာ မကျယ်ပြန့်ခဲ့ပေမယ့်။))))))
 

တစ်ချို့ အစ္စလာမ် ဇွတ်ညင်းတွေက ပုဂံခေတ်ထဲက မြန်မာပြည်မှာ အစ္စလမ်ဘာသာ ရှိနေပြီဆိုပြီး ဇွတ်ပြောနေပေမဲ့ ထင်ရှားသော သက်သေ အထောက်အထားမရှိပါ ...  ပုဂံခေတ် ပင်းယ အင်းဝ ညောင်ရမ်းခေတ် စတာတွေမှာ အစ္စလာမ်အကြောင်း တစ်စုံတစ်ရာ မရှိပါ ( ဥပမာ ဗလီ ၀တ်ပြုသော အဆောက်အဦး ) ကုန်းဘောင်ခေတ်နှောင်းပိုင်းကြမှ အင်္ဂလိပ်နဲ့ အတူ ပါလာကြတာ ပါ ရှေးက ချစ်တီးတွေ ပဲ မွတ်စလင် တွေများတာ အရင်က ခေါ်လာတယ်ဆိုတာ ဂေါ်ရခါး တွေ ဆစ် ဘာသာဝင်တွေ ဟိနူ တွေ အများစု အင်္ဂလိပ်ဝင်လာတာမှာ မွတ်စလင် တစ်သိန်းလောက် လယ်ကုလား အနေနဲ့ သို့မဟုတ် အခြားနဲ့ရောက်လာတယ် နောင် India လွတ်လပ်ရေးရတော့ အနည်းငယ် ထွက်သွား တယ် အများစုကျန်ခဲ့တယ် paskistan ကွဲတော့ တသုတ်ကြီးထပ်ရောက်လာပြန် တယ် ဘင်္ဂလားမှာ အဆင် မပြေ ငတ်တော့ ရခိုင်ဘက်ကနေထပ်ဝင်လာတာလဲရှိပါတယ်။ သမိုင်းကို လိမ်လို့မရပါဘူး သမိုင်းဖျောက်ဖို့မကြိုးစားပါနဲ့

((((( အစ္စလာမ် သာသ နာ ၀င် မွတ်ဆလင်များဟာ ဘုရင်များနဲ့ လူထု ကိုယ်တိုင်က အားကိုး အားထား ပြုခဲ့ရသူများ ဖြစ်ခဲ့တယ်။ဥပမာ ရွှေဖျင်းညီနောင်ကို ကြည့်ပါ။ မြန်မာပြည်သူများ ကိုယ်တိုင် ဒီနေ့အထိအားထားကိုး ကွယ်နေ ရတဲ့ မင်းနှစ်ပါး ဖြစ်နေခဲ့တယ်။ ))))) 

★  ဗျတ်ဝိဗျတ်တ ရေမြောလာတာကို ဘုန်းကြီးက ကယ်ထားတယ် ..... သူတို့နှစ်ယောက်ဟာ ဘုန်းကြီးကျောင်း ... ဝေယျာဝစ္စလုပ်တယ် .... ဘုရားဝေယျာဝစ္စတွေလုပ်တယ် ... သာသနာတော် ပြန့် ပွားရေး အတွက် ပိဋကတ် ( ၃ ) ပုံ ပင့်တဲ့ထဲမှာကူညီခဲ့တယ် ... 

ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်တဲ့ အာဖဂန် ကုလားမျိုးတွေဖြစ်ကြတယ် ... ကဲပြော... ဘယ်မှာ လဲ မွတ်စလင်... ဘယ်ကျမ်း ကိုးနဲးများ စွပ်စွဲလိုက်တာတုန်း .... ဗျတ်ဝိဗျတ်တ ဘုရားဝတ်ပြုတဲ့ အထောက် အထားပြလေ .... 

အသားမစားပဲ .. အသီးအရွက်ပဲစားတဲ့ မွတ်စလင်... အများကြီးရှိသလို ... ၀က်သားစားတဲ့ မွတ်စလင်လဲ အများကြီးပါ. ... ၀က်သားမစားတဲ့ ဗုဒ္ဓ ဘာသာ ၀င်တွေလဲအများကြီးပါ .... ဟိန္ဒူတွေလဲ ၀က်သား မစားပါဘူး ... ပြီးတော့ အဲ့ဒိခေတ်အခါက မစ္ဇျိမ တိုင်းသားအများစု ၀က်သားမစားပါဘူး ... ၀က်သား မစားတိုင်း မွတ်ဇတ် သွင်းတာ လွန်တာပေါ့ ... ဂျူးတွေလဲ ၀က်သား မစားပေါင်....။ 

အဲ့ဒီ ဗုဒ္ဓဘာသာဝင် ကုလား နှစ်ယောက်ထဲက ... ညီတော်ဗျတ္တ က မယ်ဝဏ္ဍ နဲ့ အကြောင်း ပါပြီး မွေးလာတဲ့ သား နှစ်ယောက် ဖြစ်တဲ့ ရွှေဖျင်း ညီနောင်တို့ကို.... ဘုရင်ကချစ်လို့သနားလို့ မွေးစား တယ်။ ဘုရားတည်ခိုင်းတယ် .... ခလေးတွေပီပီ ... လောင်းကစား အပျော် အပါး မက်တော့ ဘုရားတည် တာမှာ ဂရုမစိုက်ပဲ ပစ်ခါခါ လုပ်လို့အမျက်ရပြီး ကွပ်မျက်ခံရတာ ။ ပါးစပ်ရာဇ၀င်နဲ့ သမိုင်းနဲ့ မရောပါနဲ့ ။

(((( ဒီနောက်ပိုင်း ခေတ်မှာ ဘိုဘိုရှား ဆိုတဲ့ မွတ်ဆလင်ကြီး ဟာ လည်း မြန်မာလူမျိုးများ ကိုယ်တိုင် အားကိုးအား ထားပြုနေရတဲ့ ဘိုးဘိုးအောင် အဖြစ် အခုခေတ်ထိ မြန်မာတွေရဲ့ နှလုံးသားမှာ စွဲမြဲနေပါတယ်။ တစ်ကယ်လို့ မွတ်ဆလင်တို့သာ မြန်မာလူမျိုးများ အပေါ်မှာ ဗိုလ်ကျစိုးမိုးခဲ့မယ်၊ အတင်းအဓမ္မ သာသနာပြုခဲ့မယ်၊ အယုတ် တမာတွေ လုပ်ခဲ့မယ် ဆိုရင် မြန်မာလူမျိုးတွေ ကိုယ်တိုင်က အဲ့လို ကိုးကွယ်ဆည်းကပ်မယ့် နေရာမှာ ထားပါ့ မလား။ ))))))

★    တစ်ကယ်ပါပဲရှင်... တတ်လဲတတ်နိုင်တယ် .... ဘိုးဘိုးအောင်သည် ... .မြန်မာသက္ကရာဇ် (၁၁၀၀) က တောင်တွင်းကြီးမြို့ အနောက်ဖက် ... ခရီး(၅)တိုင်အကွာ လက်ပံရှည်ရွာ သူကြီးး ဦးဘိုးနှောင်း-မယ်အိမ်ဖြူ နှင့် ဦးဘိုးပြည့်-မယ်အိမ်... တို.ရဲ့မြေး ဖြစ်ပြီး... ဘိုးမြတ်ညိုစံ-မယ်ငြိမ်းရာ တို့၏ ..သား ( ၃ ) ယောက်ဖြစ်သော....ဘိုးဒင်... ဘိုးအောင်.... မင်းရာင် ဟူသော... သား(၃)ယောက်အနက်မှ... ဘိုးအောင်မှာ... နောင် ဘိုးဘိုးအောင်ဖြစ်လာမည့် ပုဂ္ဂိုလ်ဖြစ်ပါသည်...။

★     ဘိုးဘိုးအောင်သည် အိမ်ထောင်မပြုသည့် အတွက်... သူ၏သားချင်းများ မှမွေးသော... တူ ( ၅ ) ယောက်၊ တူမ ( ၄ ) ယောက်... တူ တူမ ပေါင်း ( ၉ ) ယောက် ရှိနေခဲ့ပါသည်။ ထို့ကြောင့် တူ တူမ များမှ ဆက်လက်ပေါက် ဖွားလာသူများမှာ... ယ္ခုလောလောဆယ်ပင် လျှင်..ပြည်မြို့ နှင့် တောင် တွင်းကြီးမြို့ နယ်တို့တွင်... ရှိနေကြပြီး... သူတို့မှလည်း သူတို့၏ ဘိုးဘေး.. .တော်စပ်သူ ဘိုးဘိုးအောင် အကြောင်းကို ယ္ခုထက်တိုင် အပ်ကျ..မှတ်ကျ ပြောနေ နိုင်ကြတုန်းဖြစ်သည်။

★     အောက်လင့် ကတော့.. သုတေသီ ဆရာဇော်ရဲ့ ဘိုးဘိုးအောင် ၏အတ္ထုပတ္ထိစာအုပ်ပါ.... ကိုယ်တိုင်လေ့လာပြီးး.. .မြန်မာပြ ည်မှာလဲကိုယ်တိုင်လိုက်မေးလို့ရနေ ပါသေးတယ်... သာသနာပြု ပု၈္ဂိုလ်တစ်ယောက်ပါ...။ အောက်ကလင့်မှာဘိုးဘိုးအောင် အကြောင်း ဖတ်လို့ ရပါတယ်။

http://www.myanmarebooks.net/archives/7288


  ★  သမိုင်းကို... ကိုယ်တိုင်လဲ... လိမ်ချင်တိုင်းလိမ်ပြီး... လိမ်တာကို ဇွတ်မှိတ် ယုံတတ်တာ... .မြတ်ဗုဒ္ဓရဲ့သာသနာတော်ဝင်တွေ... မဟုတ်ပါဘူးရှင်....။ကာလာမသုတ္တံ ကို... လက်ကိုင်ထားတဲ့မြန်မာမှာ ဘယ်သမိုင်းမှ လိမ်လို့ မရဖူးရှင်...နော်။ ...... အော် .... .နောက်တခု ... ဘိုင်ဆတ်က ဘုရင်ကို အယုံသွင်းပြီး ..... ဘုရင့်အမိန့်နဲ့ ဦးဘိန် ကို တံတားဆောက်ခိုင်းတာ ... မွတ်စလင်တွေကို ခိုးသွင်း ဖို.နော်စစ်ရေးအတွက် ... သမိုင်းထပ်လိမ်မယ့်အစီအစဉ် များရှိနေရင်.... ဒီမယ်အထောက် အထားရှိတယ် ဆိုတာပြောပြတာပါ...။ (ကမ္ဘာကျော် ဦးဘိန်တံတားကို မွတ်စလင်တွေဆောက်ပါတယ် လုပ်နေတာကြားနေလို့ပါ )

(((((((မွတ်ဆလင်တွေဟာ ပုဂံခေတ်က စပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေမှာ ထမ်းဆောင်ခဲ့တယ်ပေမယ့်- တိုင်းပြည်ကို တော်လှန်ပုန်ကန်ခြင်း၊ အာဏာလုခြင်း၊ ပြည်သူများအပေါ် မတော်မတရား ဗိုလ်ကျခြင်းများ သမိုင်းမှာ ရှိခဲ့ပါသလား။ ))))

★  { လုပ်ကြည့်လို့မှမရတာ ကြေးစားခေါ်ထားတဲ့ ချီးကျုံးကုလားတွေ လူသတ်သမားတွေဟာကို }
 
(((( ကုန်းဘောင်ခတ်မှာ ဘုရင်တွေကိုယ်တိုင်က ချီးမြှောက်အားထား ရာထူးတွေ တစ်သီတစ် တန်းကြီး ပေးထား တယ်၊ မန္တလေး မြို့တော်က စေတီပုတိုး ဘုရားရုပ်ပွားတိုင်း အနီးမှာ မွတ်ဆလင်တွေကို ရပ်ကွက်တည် - ဘုရား စောင့်အဖြစ် ခန့်အပ်ထားခဲ့တယ်။ ထင်ရှားတဲ့ စေတီပုတိုးနဲ့ ဘုရားဆင်းတု အနီးတိုင်းမှာ ဘုရားစောင့် မွတ်ဆ လင်တွေ ဘုရားဝတ်ပြုဘို့ ၀တ်ပြုဆောင် (ဗလီ) များ ဆောက်လုပ်ပေးထားတဲ့  ဒီနေ့ထိ သမိုင်းက ဖျောက်လို့ မပျက်နိုင်သေးဘူး။ ))))

★  { ကြေးကုလားတွေကို နေစရာပေးထားတာပါ ... နေစရာလဲပေး ဘုရားကျွန်လဲ လုပ်ခိုင်း ပေါ့ ... ဟိုခေတ်က ဘုရားကျွန်ဆိုတာ အနိမ့်ဆုံးလေ အဆင့်လေ  .... ပြီးတော့ သစ္စာဖောက် အမျိုးယုတ် နတ်သျှင်နောင်နဲ့ ငဇင်ကာ အမျိုး ၃၀၀ ကျော်ကို ဓမ္မစေတီမင်းကြီးက မန္တလေးရွှေ့ပြီးဘုရားကျွန် ( တောင်းစားတဲ့သူတောင်းစားတွေ ) အနေနဲ့ထားခဲ့တာတွေဖြစ်ပါလိမ့်မယ်  }

((((  ယိုးဒယား သွားတိုက်တော့လည်း မြန်မာ မွတ်ဆလပ် စစ်သည်တွေက အယုဒ္ဓမြို့ရိုးကို အသေ ခံကျော် ဖြတ် မိုးထဲလေထဲ၊ ရွံထဲ ဗွက်ထဲ မှာ နိုင်အောင်တိုက် ယိုးဒယားစစ်တပ်ကို ယိုးဒယား ဘုရင်ဆီက ဆင်ဖြူကို သိမ်း မိမိရဲ့ သခင် မြန်မာဘုရင်ကို ဆင်ဖြူရှင် အဖြစ် အသက်နဲ့လဲပြီး သိဒ္ဓိတင်ပေးခဲ့တယ်။)))))

★  ဖြစ်ရလေရှင် ဆင်ဖြူရှင် ( ၁၇၆၃ - ၁၇၇၆ ) နန်းစံသက် ( ၁၄ ) နှစ်အတွင်း ဘယ်ယိုးဒယား နဲ့မှ စစ်မတိုက်ခဲ့ ပါဘူးရှင် .... တရုတ်မြန်မာ ပထမ ဒုတိယ တတိယ စတုတ္ထ ပဉ္စမ တရုတ် ဖက်ကစစ်ပြေငြိမ်း နှစ်ပေါင်း ( ၁၀ ) နှစ် သံတမန်ဆက်ဆံရေးမပြေပြစ်တာ နောက်ထပ် ( ၁၅ ) နှစ် လောက် ဆင်ဖြူရှင် နဲ့စဥ့်ကူးမင်း  လက်ထက် မှာဖြစ်ခဲ့တာ မဟုတ်လား ... စိတ်မှမှန်ရဲ့ လားရှင် ... အောက်မှာ သမိုင်း လင့်ပေးထားတယ်နော်

 https://sites.google.com/site/ttuhistory/war  

★  (((( မွတ်ဆလင်တွေဟာ သူတစ်ပါး ဘုရားကို မစော်ကား၊ ဌာပနာများကို ဖေါက်ထွင်းခိုးယူခြင်း မရှိ- သစ္စာရှိရှိ စောင့်ရှောက်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကို ရိုးသားတဲ့ သမိုင်း ပညာရှင်တိုင်း သိတယ်။ ရှေ့မှီနောက် မှီ ပညာရှိ သက်ကြီးရွယ်အို ဘုန်းကြီးတိုင်း သိတယ်။-
အင်္ဂလိပ် အုပ်ချုပ်စဉ်မှာလည်း လူမျိုးတစ်ရာ့တစ်ပါး မြန်မာနိုင်ငံထဲကို ၀င်လာခဲ့တယ်။- အဲ့ဒီ အထဲမှာ မွတ် ဆလင်တွေလည်း ပါဝင်ခဲ့တယ်။ မြန်မာပြည်ကို ၀င်လာခဲ့တဲ့ မွတ်ဆလင်တို့ရဲ့ သမိုင်းနောက်ခံကို ရိုးသားစွာ ပြန်ကြည့်ပါ။ မော်လမြိုင်ဈေးကြီး ကို ဆောက်ပေးခဲ့တယ်။ သိမ်ကြီးဈေးကြီးကို ဆောက်ပေး ခဲ့တယ်။ မြန်မာနိုင်ငံ ကို ဈေးကွက်စီးပွားထွန်းကားအောင် ဆောင် ရွက်ပေးခဲ့တယ်။ လက်လုပ်လက်စား မွတ်ဆလင်များကလည်း ထီးချုပ်တယ်၊ ကွမ်းယာရောင်းတယ်၊ အထည်ရောင်းတယ်၊ လယ်ယာကိုင်းကျွန်း လုပ်စားတယ်၊ ဒီထက် ပိုပြီး ဆင်းရဲရင် ဖိနပ်ချုပ်တယ်၊ ဆံပင်ညှပ်တယ်၊ နောက်ဆုံး မစင်ကျုံးတဲ့ အလုပ်ကို လုပ်ခဲ့တယ်။- နိမ့်ကျတယ်လို့ ထင်မှတ်ဘွယ် ရှိပေမယ့်- မရှိဆင်းရဲလို့ ရိုး ရိုးသားသား လုပ်စားတာပဲ ရှိတယ်။ မြန်မာလူမျိုးများ စာရိတ္တပျက် စေအောင်- အရက်ဆိုင် ဖွင့်ခဲ့တာ ဘိန်းဆိုင် ဖွင့်ခဲ့တာ မရှိ။ အမျိုးသားကောင်း သမီးပျိုများ တန်ဘိုးမဲ့သွား အောင်အပျော်ရုံ ထောင်ခဲ့တာ မရှိ။ မြန်မာ လူမျိုးများ ဆီက ခေါင်းပုံဖြတ် စားဘို့ အပေါင်ဆိုင်ဖွင့်ခဲ့တာ မရှိ။မွတ်ဆလင်တွေဟာ သမိုင်းနဲ့ ချီပြီး မြန်မာပြည်အပေါ် သစ္စာရှိခဲ့တယ်။မြန်မာလူမျိုးအပေါ် ကောင်း ကျိုးပြုခဲ့တာ ပဲ ရှိတယ်။
အင်္ဂလိပ်က မြန်မာကို နောက်ဆုံး သိမ်းတော့- မြန်မာအမတ်ကြီး ကင်းဝန်မင်းက အင်္ဂလိပ်ပေးတဲ့ ရာထူးကို လက်ခံယူပြီး မိမိ အတွက် ရာထူးကို မက်ခဲ့ပေမယ့်-၊ မြန်မာမွတ်ဆလင် စစ်ဗိုလ်ချုပ်ကြီး ၀လီခန်ကတော့ “ငါ့ သခင် (သီပေါမင်း) ကျွေးတဲ့ ထမင်း၊ ငါ့လည်ပင်းကို မကျော်သေးဘူး၊- ငါ့မှာ သခင်ဆိုတာ တစ်ပါးပဲ ရှိစေရမယ်၊ မင်းတို့ပေးတဲ့ ရာထူး (စစ်ဗိုလ်ချုပ်ကြီး အဖြစ် ပြန်လည် ခန့်အပ်ခြင်း) ကို ငါမမက်ဘူး၊” ဆိုပြီး- တိုင်းပြည်နဲ့ လူမျိုး အပေါ် ထားတဲ့ သစ္စာနဲ့ အင်္ဂလိပ်ပေးတဲ့ ရာထူးကို ဗြောင် ပါယ်ချခဲ့တယ် ဆိုတာလည်း သမိုင်းမှာ ငြင်းမရ နိုင်ဘူး။ )))))) 

 thann tue

★    သနားစရာအနေနှင့် ကိုယ်ချင်းစာပါတယ် ဋ္ဌေးလွင်ဦး ရေ ပုဂံခေတ်ကတည်းက မွတ်ဆလင်တွေ ရောက် လာခဲ့တယ် ဘုရင်က အားမပေးလို့သမိုင်းမှာ မကျယ်ပြန့်ခဲ့ရတာ လို့ရေးထား တယ်နော် ( ဋ္ဌေးလွင်ဦး ..ဘုရင်တွေက ငပေါတွေမှ မဟုတ်ထာပဲလေ ) ကောင်း မကောင်းသိလို့ အားမပေးခဲ့တာလေ ။

 ဋ္ဌေးလွင်ဦးပြောတဲ့ဘုရင်တွေ အဆက်ဆက်မှာ ကုလားစစ်သားတွေ ရှိခဲ့တာကို မေး လိုက်ပါ့မယ် ဗမာ့အမျိုးသားအရေးအတွက် လုပ်ခဲ့တဲ့စစ်သားတွေလား ကြေး စားတွေလား အဲဒါကို ခွဲပြီး ပြောပါ ၊ ကြေးစားတွေပါလို့ပြောလျှင် ငြင်းနိုင်မလား ။ ( တယေက်နှစ်ယောက်စသဖြင့် လက်ချိုးရေလို့ ရ နိုင်တဲ့ ကုလားတော့ ရှိကောင်းရှိနိုင်ပါ တယ် ။

★    မော်လမြိုင်ဈေးနှင့်သိမ်းကြီးဈေး ကို ဆောက် ပေးခဲ့တာတွေက မေတ္တာထားပြီး ကုလားတွေက အိပ်စိုက်ပြီး ဆောက်ပေးခဲ့တာလား ။ ဗမာတွေ လည်ပင်းကို အင်္ဂလိပ်က တက်နင်းထားတဲ့ အချိန်ကို အခွင်းကောင်း ယူပြီး ဆောက်ခဲ့တဲ့ဈေးတွေပါ ။ 

အဲဒီသိမ်ကြီးဈေးရဲ့အောက်ကိုရောက် သွားခဲ့ရတဲ့၊ဘယ်တော့ပြန်ပြီးပေါ်မ လာ နိုင်တဲ့ယခုမြင်နေရတဲ့ ဆူးလေ စေတီတော်လောက်ရှိတဲ့ ( ကျိုက်မြတ်သံချို ) စေတီတော်ကို ဖျက်ဆီးခဲ့တာ မင်းတို့ မွတ်ဆလင် ပိုင် ( စူလတန် ကုမ္ပဏီ )မဟုတ်ဘူးလား ။ 

★    ဆူးလေတောင်မှ လက်ကတယားယား ဖြစ်နေခဲ့တယ် မဟုတ်လား ၊အင်္ဂလန်က ဒါတော့ထားလိုက်လို့ အမိန့်ပေးလို့ ကျန်ခဲ့ရဒါ မဟုတ်ဘူးလား ။ကျိုက်မြတ်သံချို စေတီကို ဖျက်ပြီး ဆူးလေစေတီတော် ပိုင် မြေထဲမှ ယခု ဆူးလေအနီးက ဗလီကိုဆောက်ခဲ့တာ မဟုတ်ဘူးလား ။ 

ထားပါတော့ ပြောစရာတွေ များမှများစွာရှိထား ပါတယ် ဒါပေမဲ့ စာရှည်မှာစိုးလို့ တခုပဲမေးလိုက်တော့ မည် ( ၁၉၄၂ -ခုနှစ် ) မှာ ဗမာတိုင်းရင်းသား ရခိုင်တွေကို မင်းတို့ မွတ်ဆလာမ်တွေ ဘာလုပ်ခဲ့လဲ ( ခင်ဗျားတို့ ရခိုင်တွေကို ကျွန်တော်တို့မွတ်ဆလင်တွေက ဆလာမ် ပေးပါတယ်လို့ ပြောခဲ လုပ်ခဲ့လား ။

 ဋ္ဌေးလွင်ဦးကို အကြံပြုချင်တာက စာများများဖတ်ပါ ဖတ်ပြီးလျှင်လည်း ကျန်းမာရေးကောင်းတဲ့ ဦးနှောက်နှင့် စဉ်းစားပါလို့ပြောလိုက်ပါရစေ ။  

ချမ်းမြေ့ကြပါစေရှင် ....