Monday, November 7, 2016

အာသောက မင်းကြီးသည် ဘင်္ဂါလီ လူမျိုးဖြစ်သည်



မောင်လေး ညီမလေးတို့ရေ ---
ထုံးစံအတိုင်း ဦးဌေးလွင်ဦးရဲ့ အာသောက မင်းကြီးသည် ဘင်္ဂါလီ လူမျိုးဖြစ်သည် ဆိုတဲ့ သမိုင်း နဲ့ ကြားထဲမှာ ညှပ်ထည့်လိုက်တဲ့ ခိုးဝင်တွေရဲ့ သမိုင်းလိမ်လေးကို ဖြေရှင်းထားတာပါ ….
.
( 1 ) မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက်မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီးမှာ အာသောက(Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။visit RB p/shttp://en.wikipedia.org/wiki/Ashoka အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက် မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီး မှာ အာသောက (Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။ ဘန်ဂေါပြည်မာဂ ဓ နေ ပြည်တော်၌ အခြေစိုက်လျှက် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ ဗုဒ္ဓ သာသနာအား ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။ ထိုအင်ပါယာအား စန္ဒြဂုတ မောရိယ မင်းကြီးမှ စတင်ထူထောင် ခဲ့သောကြောင့် မောရိယ အင်ပါယာဟု ထင်ရှားခြင်း ဖြစ်ပြီး မောရိယာ အင်ပါယာမင်းဆက်များ အနက် ထူထောင်သူ စန္ဒြ မင်းကြီးနှင့် အာသောကမင်းကြီးတို့မှာ ထင်ရှားသူများ ဖြစ်ခဲ့သည်။မောရိယ အင်ပါယာ သည် ဘီစီ ၃၂၂ မှ ဘီစီ ၁၈၅ ထိ ဘုန်းမီးနေလ တောက်ပချိန် ဖြစ်ခဲ့သည်။ အထူး သဖြင့် မောရိယပြည့်ရှင်
အာသောကမင်းကြီး၏ လက်ထက်သည် ရခိုင်နယ်သမိုင်းမှ ဓည၀တီ (ဒန်န၀တီ) ခေတ် နှစ် ပေါင်း ၁၆၀၀ ခရီး၏ နောက်ဆုံး ခေတ်ကာလများ ဖြစ်လေသည်။ ထိုအချိန်ကာလတွင် ယခု မြန်မာနိုင်ငံထဲသို့ ပါဝင်နေသော ရခိုင်နယ်၏မြောက်ပိုင်း (လက်ရှိ ရခိုင်ပြည်နယ် ၏ ထက်ဝက်)သည် ဘင်္ဂလီပြည့်ရှင်များ ဖြစ်သည့် မောရိအင်ပါယာ အင်ပါယာ ပိုင်နက်၏ တောင်တန်းဒေ သသား များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဗုဒ္ဓဘာသာသည်လည်း ထိုဒေသများ သို့ ထိုးဖေါက်ရောက်ရှိလာခဲ့သည်။
…………
ဟုတ်ပါပြီ ....
ရှင်ပေးတဲ့ ၀ီကီလင့်ထဲမှာရေးထားတာက ----
အာသောကမင်းကြီးဟာဟိန္ဒူကွရှ်တောင်တန်း အာဖဂန်နစ်စတန် ကနေစလို့ လက်ရှိ ဘင်္ဂလား နဲ့ အင်ဒီးယား နိုင်ငံတွေအထိ သူ့အာဏာစက်ကျယ်ပြန့်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ် ။ သူသာ သနာပြုခဲ့တဲ့နေ ရာတွေရေးထားတာပါ...
မြို့တော်တွေကတော့ တက္ကသီလာ ဥဇ္ဇနီ ပါတလိပုတ် တို့ ဖြစ်ကြပါတယ်တဲ့ ။
မောရိယအင်ပါယာတည်ထောင်သူ Chandragupta Maurya ရဲ.မြေးတော်ဖြစ်ပါတယ်တဲ့။
.
တစ်ခုပြောပါရစေ ဘင်္ဂလား က အဲဒိအချိန်တုန်းက အင်္ဂတိုင်း ထဲမှာ ပါ ပါတယ်။ အင်္ဂတိုင်းနဲ့ မဂဓတိုင်းကြားမှာ စမ္မာဆိုတဲ့ မြစ်ရှိပါတယ်။ ဒီမြစ်ကို အကြောင်းပြုပြီး နှစ်နိုင်ငံက အမြဲစစ်ဖြစ်ကြ ပါတယ်။
.
အာသောကမင်းကြီးဟာ မဓဂတိုင်းသား မောရိယပြည့်ရှင်ဖြစ်ပါတယ်။
မဂဓတိုင်း မောရိယ အင်ပါယာ ပြည့်ရှင် အာသောကမင်းသည် အင်္ဂတိုင်းသားဘင်္ဂလား ဖြစ်ပါသည်ဆိုတဲ့ စကား နူးလည်း နားမလည်တော့ဘူး။
.
အင်္ဂတိုင်းကိုသိမ်းခဲ့လို့ ဘင်္ဂင်္ါလီဖြစ်ရကြေးဆို
အင်္ဂလိပ်တွေလည်း ဘင်္ဂလီဖြစ်ပြီပေါ့
ပြီးတော့ တူရကီတွေ
နောက်ဆုံး ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးလည်း ဘင်္ဂါလီ ဖြစ်ပြီလို့ပြောရမလိုလို
.
တစ်ခုတော့ သတိချပ်ပါ မောရိယအင်ပါယာဆိုတာ ဗုဒ္ဓနောက်မှ ပေါ်တဲ့ တိုင်းပြည်တွေ စုထားတဲ့ အင်ပါယာပါ ။
ဘာလို့ ဘုရားအစ မောရိယ လုပ်နေပါသလဲ မပြောတတ်တော့ပါဘူး။
ဗုဒ္ဓကိုတောင် ကပြား ဖြစ်အောင်လုပ်နေ သလိုပါလား။
ဝီကီမှာရေးထားတာ တင်ပေးလိုက်ပါတယ်။
.
His empire stretched from the modern Iranian provinces of Khorasan, Sistan and Balochistan (unpartitioned), through the Hindu Kush mountains in Afghanistan, to present-day Bangladesh and the Indian state of Assam in the east, and as far south as northern Kerala and Andhra Pradesh. The empire had Taxila, Ujjain and Pataliputra as its capital.
Ashoka was born to the Mauryan emperor Bindusara and a relatively lower ranked wife of his, Dharmā [or Dhammā]. He was the grandson of Chandragupta Maurya, founder of Mauryan dynasty.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( ၂ ) ဤနေရာ၌ ဆင်ခြင်ရန်မှာ ဒါန်န၀တီ (ဓည၀တီ) တိုင်းပြည်အတွင်းနေ ထိုင်ကြကုန်သော လူအပေါင်းအား သတ်ဖြတ်သုတ်သင်ပစ်လျှက် မောရိယအင်ပါယာထဲမှ ဗုဒ္ဓဘာသာများက အစားထိုးလိုက်ခြင်း မဟုတ်သကဲ့ သို့၊ ဒါန်န၀တီ (ဓည၀တီ)မှ လူသားများသည်လည်း ဗုဒ္ဓ ဂေါတမ မပွင့်မှီ သို့မဟုတ် အာသောကမင်းကြီး သာသနာမပြုမှီ ကမ္ဘာဦးကတည်းက မိုးကျရွှေကိုယ် ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ ပေ။ ဗုဒ္ဓသာသနာပြု များ ရောက် ရှိလာ၍ သာသနာပြုရာမှ ယခင်ရှိရင်းစွဲ ဘာသာဟောင်းမှ ဘာသာပြောင်းခဲ့ ခြင်းသာ ဖြစ်ပြီး လူမျိုးပြောင်းသွားခဲ့ခြင်း မဟုတ်ပေ။) သို့သော် မောရိယအင်ပါထဲမှ လူများ ဒါန်န၀တီ (ဓည၀တီ) ထဲသို့ သွားလာကူးသန်းလျှက်- လူတစ်ချို့ ကပြားများ ဖြစ်သွားနိုင်ခဲ့သည်။ ၎င်းမှာ ဘာသာတရားနှင့် မသက် ဆိုင်ပေ။ တိုင်းပြည်ရှိ လူအားလုံး ကပြားဖြစ်သွားနိုင်မည် မဟုတ်ဘဲ- မူလဘူတ လူမျိုးစု အကြွင်းအကျန် များ ရှိနေခဲ့မည်လည်း ဖြစ်သည်။မောရိအင်ပါယာမှ အာသောကမင်းကြီး၏ လက်ထက်တွင် စာပေ၊ကျောက်စာ အကြီး အကျယ်ထွန်းကား ပြန့် နှံ့ ခဲ့သည့် လှိုင်းဂယက်အတွင်း၌ ဒါန်န၀ဒီ (ဓည၀တီ)သည်လည်း ရှောင်ဖယ် နိုင်ခဲ့သည် မဟုတ်ကြောင်း-
ဓည ၀တီ၏ ရှေးအကျဆုံး ကျောက်စာရေးထိုးသည့် စာပေအက္ခရာများမှ သက်သေတည်လျှက် ရှိနေပေ သည်။ ထို စာပေ အက္ခရာအသုံးများမှာ ၁၁ ရာစု ဗမာအင်ပါယာ ဒါန်န၀ဒီ (ဓည၀တီ)သို့ မလွှမ်းမိုးမှီအထိ ရခိုင်နယ်၌ နှစ် ပေါင်း ၁၀၀၀ ကျော် တည်ရှိနေခဲ့သည်။ ဤနေရာ၌ သတိမူရန်မှာထိုရ ခိုင်ရှေးဟောင်းကျောက် စာ များသည် ရှေးဟောင်း မာဂဓအင်ပါယာ (ဘင်္ဂလီမောရိယ အင်ပါယာ) မှ အက္ခရာများအား နမူနာယူ၍ ရခိုင်စာပေအဖြစ် တည်ထွင်ခဲ့ခြင်း မဟုတ်ပေ။
ဆိုလိုသည်မှာ လက်တင်အက္ခရာတို့အား နမူနာယူ၍ (အသုံးပြု၍) မလေရှား၊ အင်ဒိုနီးယား၊ ဗီယက်နာမ် နိုင်ငံများ စာပေတီထွင်ခဲ့သော်လည်း ရေးသည့် အသံထွက်များ၊ ဖတ်ပြလျှင် နား လည်မှုများမှာ သက်ဆိုင်ရာ လူမျိုးတို့သာ ဖြစ်ပေသည်။ ဥပမာ ဗီယက်နာမ်စာတစ်ပိုဒ်အား လက်တင် အက္ခရာများဖြင့် ရေး ထားသော်လည်း-ထိုစာပိုဒ်အားအင်္ဂလိပ်တို့အား သော်လည်း ကောင်းပြင်သစ်တို့အားသော် လည်းကောင်း ဖတ်ခိုင်းသော် ဖတ်နိုင်မည် မဟုတ်သကဲ့သို့ ဖတ်ပြ၍ နားထောင်ခိုင်းလျှင်လည်း နားလည်မည် မဟုတ်ပေ။
သို့သော် ရှေးဟောင်း ရခိုင်ကျောက်စာတို့အား ဖတ်ခိုင်းလျှင် သို့မဟုတ် ဖတ်ပြ၍ နားထောင် ခိုင်းလျှင် ရိုဟင် ဂျာ ရှေးဟောင်းပူတီ ဆရာများ ဖတ်နိုင်သည်၊ နားလည်နေသည်မှာ အံ့သြ လောက်မည် မဟုတ်ပေ။
ထို ကျောက်စာ တို့အား ဖတ်ပြလျှင် ယခုခေတ် ရိုဟင်ဂျာများပင် အနည်းဆုံးထက်ဝက်ခန့် နားလည်နေပေ သည်။
ယခုအခါ ရခိုင်စစ်စစ်ဟု ခံယူထားသူများမှာ ထိုကျောက်စာတို့အား မဖတ်နိုင်ယုံမျှမက ဖတ်ပြလျှင်လည်း တစ်လုံးတစ်ပါဒ မျှနားလည်ခြင်း မရှိပေ။-
………………
.
မြန်မာနိုင်ငံမှာ မျိုးနွယ်စုပေါင်း ၁၃၅မျိုး ရှိပြီး ဘာသာစကားပေါင်း ၁၅၀ ကျော်ရှိပါတယ်။
မြန်မာနိုင်ငံဟာ မိမိကိုယ်ပိုင်စာ ကိုယ်ပိုင်စကားနဲ့ နေတဲ့ အတွက် စင်္ကာပူတွေလို ဖလစ်ပိုင် မလေးရှားတွေလို သူတစ်ပါးအက္ခရာ အငှားသုံးရတဲ့ နိုင်ငံတွေနဲ့ မနှိုင်းထိုက်ပါဘူး။
.
ရှေးဟောင်း ရခိုင်ကျောက်စာ မြန်မာကျောက်စာ ပျူကျောက်စာ မွန်ကျောက်စာ ပါဠိကျောက်စာ စတဲ့ ကျောက်စာ အားလုံးကို သမိုင်းသူတေသီမဟုတ်တဲ့ ဘယ်မြန်မာမှ မဖတ်တတ်ပါဘူး။
.
ဒီလိုပဲ တစ်လောကလုံးက နိုင်ငံတိုင်းက ရှေးဟောင်းကျောက်စာတွေကို သူတေသီမဟုတ်တဲ့ အဲ့ဒိနိုင်ငံသားတွေ မဖတ်တတ်ပါဘူး။
.
ဘင်္ဂလားက ခိုးဝင်တွေကဖတ် တတ်တယ်ဆိုတော့ လိမ်တာလည်း ကြည့်လိမ်မှပေါ့ရှင် ။
.
ကိုရီးယား ဂျပန် စာလုံးတွေဟာ ရှေးဟောင်း တရုတ်စာမို့လို့ ကိုရီးယား ဂျပန်သည် တရုတ်ဖြစ်ပါသည်လို့ သိမ်းလို့မရပြန်ဘူး။
.
ရခိုင်ကျောက်စာများဟာ ဘင်္ဂါလီဘာသာနဲ့ရေးတယ်လို့ ဘယ်သမိုင်း အထောက်အထား မှာမှမရှိပါဘူး။ ကျမတို့ လူမျိုးလိမ်ကို လက်မခံပါဘူး။
.
မြန်မာ ကမ္ဘောရီးယား ထိုင်း လာအို ဗီယက်နာမ် နိုင်ငံတွေက လူတွေဟာ မျက်နှာပေါက်ဆင်သလို စာရေးနည်းလည်း အနည်းငယ်ဆင်ပါတယ်။ ၁၀% လောက် အသံထွက်တူပါတယ်။
ဥပမာ မြန်မာစကား အန္တရယ် သီတာ မေမေ ဖေဖေ မာယာ ကလျှာ စတဲ့ စကားတွေကို ထိုင်းမှာလဲ သုံးပါတယ် ။ အဓိပါယ် အတူတူပါပဲ။
.
မြန်မာကိုအင်္ဂလိပ်က အိန္ဒိယ လက်အောက်ခံ အဖြစ် နှစ် ၁၀၀ ကျော်အုပ်ချုပ်သွားတော့ အိန္ဒိယ စကားတစ်ချို့ ကိုအလွယ်သုံးတာတွေရှိပါတယ်။
ဥပမာ အာလူးပူရီတို့ ဆမူဆာတို့ လိုတွေပေါ့
မြန်မာမှာမရှိဘူတဲ့ အစားကို အိန္ဒိယတွေက သယ်လာတော့ အိန္ဒိယတွေ ခေါ်တဲ့ အတိုင်းပဲ ခေါ်ရ တော့တာပေါ့ မြန်မာဝေါဟာရမှမရှိတာ။
.
ဒီလိုပဲ အင်ဒီးယား ပါကစ္စတန် အီရန် အီရတ် စတဲ့ ကုလားနိုင်ငံငံစကားတွေဟာ အာရဗ်ဘာသာနဲ့ ၄၀% ကျော် တစ်ထပ်ထဲတူပါတယ်။
ဘာလို့လဲဆိုရင် အာရဗ်ဖက်က အစ္စလာမ်ဘာသာဝင်တွေက သိမ်းပိုက် ပြီး သူတို့ ဘာသာကို ပြောင်းပေးခဲ့တာကိုး ။
.
ဒီတော့ လူမျိုးလိမ်တစ်ခု အတင်းနေရာဝင်ယူချင်တာနဲ့ ရခိုင်တို့ရဲ့ မြင့်မြတ်တဲ့ သမိုင်းကို ပေါက်ကရ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။
.
အဲသလိုပိုင်ဆိုင်ခဲ့ဖူးတိုင်းသာ ယဉ်ကျေးမှု မူလဇစ်မြစ် ဖြစ်ရမယ်ဆိုရင် ဘုရင့်နောင်မင်းတရားကြီး သိမ်းပိုက်ချိန်က ဘင်္ဂလားတွေက ဟံသာဝတီ နေပြည်တော်မှာမရှိခဲ့တော့လေ အခု ရှိနေတဲ့ ယဉ်ကျေးမှုတွေက ကျမတို့ဆီက ၁၅ ရာစုနှစ်ဒုတိယမြန်မာနိုင်ငံတော်ရဲ့ယဉ်ကျေးမှု အမွေတွေ မဖြစ်နိုင်ဘူးလား။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( 3 ) သို့ဖြစ်လျှင် ထိုဒါန်န၀ဒီ (ဓည၀တီ)ခေတ်မှ အုပ်ချုပ်သူများသည်- မိမိတို့၏ သမိုင်း မော်ကွန်းတို့အား ရေးထိုးရန် မိမိတိုင်းပြည်မှ မဟုတ်သော တိုင်းတစ်ပါးသား စာပေ ပညာ ရှင်တို့အား ပင့်ဆောင် လျှက်- မိမိနှင့် မိမိ၏ တိုင်းသူပြည်သား တစ်ဦးတစ်ယောက်မှ မတတ်သည့် ဘာသာစကား၊ ဖတ်ပြလျှင်လည်း နားမလည်သည့် ဘာသာစကားဖြင့် ရေးထိုးခဲ့ပါသလား၊- သို့မဟုတ် ဘုရင်မင်းများ အပါအ၀င် တိုင်းပြည်မှ စာ တတ်ပေတတ်များ တတ်သော၊ နားလည် သော ဘာသာ စကားဖြင့် သာ ရေးထိုးခဲ့ပါသလား- ဆိုသည်မှာကမ္ဘာ့ ပညာရှင်များ ရှေ့မှောက်၌ အထူး အထွေ အဖြေထုတ်ပေး ရန် လိုမည် မထင်ပါ။ ဒါန်န၀ဒီ (ဓည၀တီ)မှ ခေတ်နောက်ပိုင်းမှ စတင်ဝင်ရောက်လာသော
ဗုဒ္ဓသာသနာသည် ယခု ရခိုင်နယ်ဟု သတ်မှတ်ထားသည့် ဒေသ၏ အနောက်ပိုင်းမှ ၀င်လာ ခဲ့ပြီး-ဒါန်န၀ဒီ (ဓည၀တီ) ဗလ်ဆာလီ (ဝေသာလီ)ထိ ထိုဒေသများတွင် ရှေးဟောင်းလူမျိုးနှင့် မာဂဓအင်ပါယာမှ ကပြားများ- သာ ကြီးစိုးနေထိုင်ခဲ့သည်။ သို့ဖြစ်၍ ထို ဘာသာစကားသည် မာရ်မာကီး၊ ရိုဟင်ဂျာ၊ ဒိုင်းနက် လူမျိုးတို့၏ ဘာသာစကားဖြစ် နေခြင်းပင်။
……………………..
.
ရခိုင်ဒေသက တိုင်းရင်းသား မျိုးနွယ်စု ( ၇ ) စုလုံးရဲ့ ရှေးဟောင်းဘာသာများပဲ ဖြစ်ပါတယ်။ ရှေးဟောင် သမိုင်း အထောက်အထားတွေမှာ သမိုင်းစာမျက်နှာတွေမှာလဲ ဒီလူမျိုး ( ၇ ) မျိုး ပဲ ရှိပါတယ်။
ဦးနု အာဏာရဘို့ လုပ်ရာမှာ အသုံးချခဲ့တဲ့ ခိုးဝင်တွေကို ဘယ်လိုနည်းနဲ့ မှ လက်မခံ နိုင်ပါဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
( 4 ) ဗယ်ဆာလီ (ဝေသာလီ) ခေတ်နှောင်းပိုင်းတွင် လက်ရှိရခိုင်နယ်၏ တောင်ပိုင်းဒေသများမှ (ဗမာဖြစ်လာမည့်- ကမ်းယံ၊ သက်) လူမျိုးစုများ (ထိုလူမျိုးစု များမှာ မြန်မာနိုင်ငံဘက်မှ တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြား လမ်း၊ ဂွတောင်ကြား လမ်းများကို ဖြတ် ကျော်လျှက် ရောက်ရှိလာသော လူမျိုးများ ဖြစ်သည်။- ( ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ- အခြေပြု မြန်မာ့သမိုင်း အတွဲ ၁) ယခင် ဓည၀တီ၊ ဝေသာလီ လူမျိုးတို့မှာ ယခု ရခိုင်နယ်၏ တောင်ပိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့် ပြောင်းရွှေ့နေ ထိုင် နိုင်ခြင်းများမများခဲ့ပေ။)- ဗယ်ဆာလီ (ဝေသာလီ)နယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။
ထိုလူမျိုးတို့အား ဒါန်န၀တီမှ မူလလူမျိုးများက တောင်ပိုင်းမှစိမ့်ဝင်လာသူများကို တောသား လူမျိုးစုသဘော၊ ကျေးလက်ဒေသသား လူမျိုးစု သဘောကို ဆောင်၍ ရက္ခုဟု ခေါ်သည်။ (ရိုဟင်ဂျာ စကားအရ ရက္ခု ဆို သည်မှာ tribe (လူမျိုးနွယ်စု တစ်ခု)ဟူ၍ ဖြစ်သည်။ ထိုလူမျိုးစုမှာ မာဂဓီ ဘာသာစကား ကို ပြော ဆိုခြင်း ကြောင့် နောင်တွက် မော့ဂ် (မာဂဓီ)ဟု ခေါ်ဆိုလာခဲ့သည်။ သို့သော်
ထိုမော့ဂ် များမှာလည်း ဗုဒ္ဓဘာသာ ဇစ် ဖြစ်ဖြစ်၍ (အယူအနည်းငယ် ကွဲခဲ့ဟန်ရှိသော်လည်း)- ဗယ်ဆာလီ (ဝေသာလီ)မှ လူမျိုးများနှင့် ဘာသာယုံကြည် မှု တူညီနေခဲ့၍ ပြသနာ မရှိခဲ့ပေ။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ မောရိယ အင်ပါယာသည်လည်း မဂဓ အင်ပါယာ ဖြစ်၍ မာဂဓ အင်ပါယာသုံး ရှေးဟောင်း ဘင်္ဂလီစကားနှင့် မာဂဓ အင်ပါယာသုံး မာဂဓီစကား မတူညီပေ။ မာဂဓီ စကားသည်မာဂဓအင်ပါယာ ၏ မြောက်ပိုင်းတစ်ကြော၌ ပြောဆိုသော စကားဖြစ်ခဲ့ပြီး- မြန်မာနိုင်ငံသို့ ချင်းတွင်း မြစ်ဖျားဘက်မှ
ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။)
ဗယ်ဆာလီ (ဝေသာလီ) ခေတ်နောက်ပိုင်းတွင်း မောဂ် (ရက္ခု)များ အင်အားထွားလာပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့ကြောင်း- အုပ်ချုပ်ရေးဆိုင်ရာ ဘာသာစကား၊ ဘာသာစာပေ အပြောင်းအလည်း ကျောက်စာများ အားဖြင့် သိနိုင်ပေသည်။ ထိုမှစ မူလဘူတလူမျိုးတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မှေးမှိန်လာပြီး မောဂ် (ရက္ခု) တို့ အင်အားထွားလာကာ- အေဒီ ၉ ရာစုဆန်းတွင် လေးမြို့မင်းဆက်အား ထူထောင်ခဲ့သည်။ အခြားတစ်ဘက် တွင် အေဒီ ၁၁ ရာစု ဆန်းစ၌ မြို့နိုင်ငံလေးများဖြင့် ကွဲပြဲနေသည့် ဗမာများသည်လည်း
အနော်ရထာမင်း၏ လက်အောက်၌ စုစည်းသွားခဲ့ပြီး ဗမာအင်ပါယာ အဖြစ် ထွန်းကားလာခဲ့သည်။ ယခုရခိုင်နယ်၏ တောင်ပိုင်းဒေ သ များမှာ ယခင်မှစ၍ ဗမာမျိုးနွယ်များ ပြန့်ပွားပြီး ဒေသဖြစ်သဖြင့် အင်အားထွားလာသော ဗမာများက လေးမြို့ မင်းဆက်အား လက်အောက်ခံနိုင်ငံငယ် အဖြစ်
သိမ်းပိုက်သတ်မှတ်ခဲ့ပေသည်။
ထိုအခါ လေးမြို့ခေတ် နှောင်းပိုင်း ရက္ခု (ရခိုင်) ဘုရင်များသြဇာ မှေးမှိန်ခဲ့ရသော်လည်း- ရက္ခု ဟုခေါ်သည့် လူမျိုးမှာ ယခင်ကပင် ဗမာမျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ဗမာအင်ပါယာ၏ လက်အောက်၌ တောင်ပိုင်းမြောက် ပိုင်း ပေါင်းစပ်လျှက် ယခုရခိုင်ဟု ခေါ်သော ဒေသ၌ ဗမာစကား (ရှေးဟောင်းဗမာစကား)ပြော လူဦးရေမှာ များပြား ခဲ့ပြီး ဓည၀တီ၊ ဝေသာလီမှ မူလဘူတ လူမျိုးစုတို့ လူနည်းစု ဖြစ်ခဲ့ရသည်။ သို့သော် ဗမာလက်အောက်ခံ အောက် ၌ ရက္ခုရော- မူလလူမျိုးပါ အာဏာရှိသူများ မဟုတ်သဖြင့် အာဏာလုရန် အကြောင်းမရှိ-၊ ဘာသာ တူ နေသဖြင့် ဘာသာရေးအရ ရန်ဖြစ်ရန် အကြောင်းမရှိဘဲလျှက် ပြသနာကြီးကျယ်ခြင်းများ မတွေ့ရ သည့်အပြင်- ရံဖန်ရံခါဗမာတို့အား တော်လှန် ရန်အတွက် ပူးပေါင်းညီညွတ်ခဲ့သည့် အခြေအနေများ ကိုလည်း တွေ့ရ သည်။ဤခေတ်ကာလများသည်- ယခု ရခိုင်ဟု ခေါ်တွင်သော နယ်ထဲ၌ ရခိုင် ၏ မြောက် ဘက် မှ ၀င်ရောက်လာခဲ့သော မူလဘူတလူမျိုး သို့မဟုတ် တိဘက်မြန်မာများထက် လွန်စွာ ရှေး ကျသောလူမျိုး Negrito (အသားမဲသည့် လူ မျိုးနွယ်)များနှင့် နောက်ပိုင်းဝင်လာသော တိဘက်မြန်မာ လူမျိုးတို့လူမျိုးကြီးနှစ် ခု ထိပ်တိုက်တိုးသော ကာလ လည်း ဖြစ်ခဲ့သည်။
( ဌေးလွင်ဦး ) တဲ့
………………
.
ထားပါတော့ အောက်ပိုင်းက ပတ်လိမ်နေတဲ့ စာတွေကိုတော့ ရှင်းမနေတော့ပါဘူး
.
သူရေးသွားတာက ရခိုင်တွေဟာ နောက်မှရောက်လာပြီး နယ်မြေလု အပိုင်စီးသွားပါတယ် လို့ရေထားတဲ့ သဘောပါပဲ
.
ဘုရင့်နောင် မင်းတရားကြီးလက်ထက်က ဝေသာလီမှာ ဘင်္ဂါလီ မရှိခဲ့ပါဘူး။
.
တစ်လောက လုံးက ဘယ်နိုင်ငံသားမှ မဖတ်တတ်တဲ့ ဆိုင်ရာ ရှေးဟောင်းကျောက်စာ တွေကို ခိုးဝင်တွေပဲ ဖတ်တတ်တယ်ပြောလိုပြော
.
မဂဓ ဘာသာစကားဟာ ရှေးဟောင်း ဘင်္ဂလား ဘာသာလို့ပြောလိုပြော နဲ့ လိမ်နေတာပါ ။
.
ရခိုင်မှာလည်း ဘုရားရှင် ပွင့်တော်မမူခင် အချိန်ကစလို့ တိကျခိုင်မာတဲ့ အထောက်အထား နဲ့ သမိုင်းတွေ ရှိနေပါတယ် ။
.
ပြောရရင် ဒုတိယမြန်မာ နိုင်ငံတော် တည်ထောင်တဲ့ ဘုရင့်နောင်မင်တရားကြီး လက်ထက် မှာ ဘင်္ဂလားနယ်ဆိုတာ မြန်မာပိုင်ခဲ့တာပါ ။
.
နောက်ပိုင်းမှာလည်း ဗုဒ္ဓဘာသာ နေလို လလို ထွန်းလင်းပြီး ဗုဒ္ဓဘာသာဝင် ၇၅% နဲ့ ဟိန္ဒူ ဘာသာဝင် ၂၀% ရှိတဲ့ နိုင်ငံပါ ။
.
၁၂၁၂ ခုနှစ်မှာ တူရကီ ၃၀၀ က ၀င်တိုက်ခဲ့ပါတယ်။
.
အဲ့ဒိအချိန်ကစပြီး ရဟန်းတွေကိုသတ် ဘူရား ကျောင်းကန်တွေဖျက်ဆီး ဓါးမိုးဘာသာပြောင်းခိုင်း ခဲ့လို့ မွတ်စလင် နိုင်ငံဖြစ်သွား ရတဲ့နိုင်ငံတစ်ခုပါ။
.
ဒီတော့ အာရာဗ် မွတ်စလင် စကားနှောတဲ့ ဘင်္ဂေါ စကားသာ တတ်တဲ့ ၁၂၁၂ ခုနှစ်နောက်ပိုင်းမှ မွတ်စလင်ဖြစ်လာတဲ့ မွတ်စလင်တွေသည်
.
ဘုရင့်နောင် မင်းတရားကြီး ဘင်္ဂလားကို စိုးစံချိန်ကို လွန်လို့ ဟိုး မောရိယ လက်ထက်ထဲက ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်များပါဆိုတာကို ဘယ်ထမင်းစားတဲ့ ဥဏှောက်က လက်ခံမှာတုန်းရှင် ။
.
မိုဟာမက်တောင် မမွေးသေးလောက်ဖူးရယ်လေ ….
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
.
ဘုရာပွင့်ပြီးလပိုင်းအတွင်း ဆံတော်တွေရလို့ ရွှေတိဂုံစေတီတော် မြတ်ကြီး ရှိနေပြီး ...
.
အနော်ရထာလက်ထက်မှာ ထေရ၀ါဒ သာသနာတော်ဟာ ထူးကဲစွာ ပိုမိုပြန့်ပွားထွန်းကား လာခဲ့တဲ့ အတွက် မြန်မာ နိုင်ငံတော်မှာ ဗုဒ္ဓသာသနာတော် အုဋ်မြစ်ဟာ ဗုဒ္ဓ ပရိနိဗ္ဗာန် မစံလွန်မီထဲက ရှိနေခဲ့ပါပြီ ဆိုတာ ငြင်းစရာ မလိုတော့ပါဘူး ။
.
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ အာသောက ကနေ စခဲ့တာ မဟုတ်တဲ့အတွက် ဘင်္ဂလား နဲ့ ဆွဲညှိနေတာ အဆင်မပြေပါဘူးလို့ ပြောပါရစေ။

.
.
ချမ်းမြေ့ကြပါစေရှင် ….

No comments:

Post a Comment