Thursday, June 15, 2017

ဘာသာခြားတွေဖတ်ရင် အစပိုင်းမှာနားလည်သလိုလိုနဲ့ နောက်ပိုင်းဘာမှမသိတာ ဗုဒ္ဓဘာသာရဲ့ အားနည်းချက်တဲ့

မောင်လေး ညီမလေးတို့ရေ …
ကိုပီတာ ဆိုတဲ့ ဘာသာခြား တစ်ယောက်ပြောထားတာလေးကို ပြန်ဖြေရှင်း ထားတာပါ။
ဖတ်ကြည့်နော် …။
ခရီးကပြန်လာပါပြီ ဗုဒ္ဓလက်ထက်တော်က သုဝဏ္ဏသာမ လို့တင်စားတဲ့ ရဟန္တာ တစ်ပါး အကြောင်းနဲ့ တရားတော်အချို့ အစချီရေးနေပါတယ်။

.
ဒီတစ်ခါတော့ ဗုတွေကို တည့်တည့်ပဲပြောချင်တယ်။
Buddism မှာ တရားဓမ္မတွေကို ဘာသာစကားဝေါဟာရနဲ့ ဖလှယ်ပုံဖော်ရာမှာ အားနည်းချက်များအလွန်ရှိနေပါတယ်။ တိကျတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့အလွန်ခက်နေပါတယ်။ အစကနဦးလေ့လာသူတစ်ယောက်အဖို့ အစပိုင်းတွင်နားလည်သလိုလိုဖြစ်သော်လည်း ဆက်လက်လေ့လာ လာသောအခါ ရှုပ်ထွေးမှုများစွာဖြစ်ပေါ်ကြုံ တွေ့လာပါတယ်။ နောက်ဆုံးအဓိပ္ပါယ်ကို အတည်ပြု ချင်တဲ့အခါ ဘယ်သူ့၊ ဘယ်ဘုန်းကြီးဆီသွားရောက်မေးမြန်းရမလဲ၊ ဘယ်သူဘယ်ပုဂ္ဂိုလ်ရဲ့လမ်းညွန်သင်ကြားမှုကို အတည်ယူရမလဲဆိုတာလဲ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ အဲတာ Buddism ရဲ့အားနည်းချက်အကြီးကြီးတစ်ခုလို့ပြောချင်ပါတယ်
.
မှတ်ချက်။ ဘာသာရေးစော်ကားလိုခြင်း ရည်ရွယ်ချက်မဟုတ်ပါ။ ဝေဖန်ခြင်းသာဖြစ်ပါသည်။ အကယ်၍ ဤကျွန်တော့် ပို့စ်သည် buddism အပေါ်စော်ကားသောသဘောသက်ရောက်နေပါက ပြောပါ။ ဆိုပါ။ ပို့စ်ကို ၂၄ နာရီအတွင်း ဖျက်ပါ့မည်။ ကျွန်ုပ်ကိုယ်တိုင်ပို့စ်ကို ဖျက်မရပါက gp admin တစ်ယောက်ယောက်ကို တောင်းပန်၍ ပို့စ်ကို ဖျက်ခိုင်းပါမည်။ ဆဲဆိုရုံ ဆဲဆိုပါက ပို့စ်ကို ဖျက်မည်မဟုတ်ပါ။ ဆဲဆိုသူကိုသာ block ပါမည်။
အားလုံးကို လေးစားပါသည်။
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
(((((ဒီတစ်ခါတော့ ဗုတွေကို တည့်တည့်ပဲပြောချင်တယ်။
Buddism မှာ တရားဓမ္မတွေကို ဘာသာစကားဝေါဟာရနဲ့ ဖလှယ်ပုံဖော်ရာမှာ အားနည်းချက်များအလွန်ရှိနေပါတယ်။ တိကျတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့အလွန်ခက်နေပါတယ်။ )))))

.
★ ★ ★ ★ ဗုဒ္ဓ၀ါဒဆိုတာ အဆုံးအမ ဗုဒ္ဓရဲ့အဆုံး အမ လောကရဲ့ သစ္စာတရား လောကရဲ့ အမှန်တရားကို လူတွေရဲ့ အသိစိတ်ထဲရောက်အောင် မီးမောင်းထိုးပြပြီး သံသရာက လွတ်မြောက်ကြောင်းကို ကျင့်ကြံရတဲ့ ၀ါဒဖြစ်ပါတယ်။
.
သူနဲ့ထိုက်သင့်တဲ့ သိမှု အဆင့်ဆင့်သိအောင်လုပ်မှရပါတယ်။
ယုံကြည်တယ် တစ်ယောက်နဲ့ တစ်ယောက်ချစ်ရမယ် ကျန်တာ ထာဝရက အားလုံးလုပ်ပေးလိမ့်မယ် ။
.
ယုံကြည်ယုံနဲ့ရပြီ အားလုံးရဲ့မကောင်းမှုတွေ အစားအသေလာခံတဲ့လူ ထာဝရက လွှတ်ပေး လိမ့်မယ် ဆိုပြီး ဒီလောက်နဲ့ ရပ်သွားတဲ့ဘာသာမဟုတ်တဲ့အတွက် ။ ယုံကြည်တယ်ဆိုတာနဲ့ ကိစ္စပြီးသွားသလောက်တော့မလွယ်ဘူးပေါ့။
.
ယုံကြည်လိုက် အေးဆေးသေလိုက် ဘယ်အချိန်လဲမသိဘူး ထာဝရ အသက် ရလိမ့်မယ် ဆိုတာလေးနဲ့ လောကမှာတာဝန်ကျေပြီလို့ ထင်နေတဲ့သူတွေအတွက်ခက်ပါလိမ့်မယ်။

.
((((အစကနဦးလေ့လာသူတစ်ယောက်အဖို့ အစပိုင်းတွင်နားလည်သလိုလိုဖြစ်သော်လည်း ဆက်လက်လေ့လာ လာသောအခါ ရှုပ်ထွေးမှုများစွာဖြစ်ပေါ်ကြုံ တွေ့လာပါတယ်။ )))))
.
★ ★ ဒါလဲမှန်တာပဲ ဥပမာပေါ့ သူငယ်တန်းမှာ က။ ခ။ ဂ ။ ဃ။ င သင်လာတယ် ရေးတတ် နေတယ် … ညအခါ လသာသာ ပေါင်းတတ်နေယုံနဲ့ နှလုံးခွဲစိတ်နည်း ဓါတုဗေဒ ဓါတ်ငွေ့ ထုတ်ဖော် နည်း ဟိုက်ဒြိုဂျင်ဗုံးလုပ်နည်း ငါဘာလို့မသိရတာလဲ မြန်မာဘာသာက အလကား ပါကွာ လို့ သွားပြောလို့မရဘူးလေ။
.
သူနဲ့ထိုက်တန်တဲ့ အသိရှိအောင် အဆင့် ဆင့် တတ်မှ သူနဲ့ထိုက်တန်တဲ့ အသိရှိမှရတော့မပေါ့။

.
(((((( နောက်ဆုံးအဓိပ္ပါယ်ကို အတည်ပြု ချင်တဲ့အခါ ဘယ်သူ့၊ ဘယ်ဘုန်းကြီးဆီသွားရောက်မေးမြန်းရမလဲ၊ ဘယ်သူဘယ်ပုဂ္ဂိုလ်ရဲ့လမ်းညွန်သင်ကြားမှုကို အတည်ယူရမလဲဆိုတာလဲ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ))))
.
★ ★ ရှင် ၁၀တန်းအောင်တဲ့သူဖြစ်ရင်တော့ နယူတန်နိယာမ အိုင်းစတိုင်းရဲ့ ရီလေးတစ်ဗတီကို သိချင်ရင် အထက်တန်းပြဆရာတိုင်း ရှင်နားလည်အောင်ရှင်းပြနိုင်ပါတယ်။
.
ရှင်က ညအခါ လသာသာ ပေါင်းတတ်ယုံနဲ့ အိုင်စတိုင်းက အလကားပါကွာ ဘာမှနားမလည် ပါဘူးပြောနေတာတော့ ရှင့်ရဲ့ အသိနည်းမှုပဲပေါ့ ။ ဗုဒ္ဓ၀ါဒကလဲဒီတိုင်းပါပဲ။
.
ရှင့်မှာ ရှင်မေးတဲ့မေးခွန်းနဲ့ ထိုက်တန်တဲ့အသိ သို့မဟုတ် ပါရမီ ရှိတယ်ဆိုရင် ရှင်မေးတာကို ဘယ်ရဟန်းတော်မဆို နားလည်အောင်အောင် ရှင်းပြပါလိမ့်မယ်။
.
ဗုဒ္ဓရဲ့တရားတော်များဟာ အစ အလယ် အဆုံး သုံးပါးလုံး အပို အလို မရှိ ပြည့်စုံတော်မူပါတယ်။
.
ဒါကြောင့် ပိဋကတ်တော်အပါအ၀င် ဗုဒ္ဓအဆုံးအမများဟာ လိုလို့ထပ်တိုးရတာမရှိ၊ မရသလို ။ပိုလို လျှော့ပြစ်ရတာ မရှိသလို ရလဲမရပါဘူး။
.
ဘာသာခြားတွေက မိမိတို့ကျမ်းတွေလိုထင်ပြီး ဗုဒ္ဓတရားတော်တွေက ပြင်တယ် ဘာတယ် ပြောတဲ့ အခါ တစ်ကယ့်ကျမ်းတတ်ကိုယ်တော်တွေက ဘာမှမဖြေရှင်းပဲ ရယ်နေကြတာဟာ ဒီအကြောင်းကြောင့်ပါပဲ ။
.
ပြင်ရင် တိုးရင် လျှော့ရှင် ၄၉ကျမ်းလုံး ကမောက်ကမဖြစ်သွားပါတယ်။
ဗုဒ္ဓကျမ်းဂါန်တွေဟာ အဲ့ဒိလောက်အထိ တိကျပါတယ်။
.
ရှင်က အပြုသဘောနဲ့ တင်တာ မဟုတ်တဲ့အတွက် ရှင်နားလည်လည်း မလည်ဘူးပြောမှာပါ ။
.
ရှင်နားမလည်ပေမယ့် ဒီပိုစ့်ကို ဖတ်နေတဲ့ မိရိုးဖလာထက်နိမ့်တဲ့ ဗုဒ္ဓဘာသာဝင်ခလေးတွေ တောင် ကျမရေးတာ ရှင်းလင်းစွာနားလည်ကြမှာပါ … သူတို့လိုနားလည်ဘို့ဆိုရင်တော့ ရှင်မူကြိုဘ၀က တက်မှရလိမ့်မယ်။

.
(((အဲတာ Buddism ရဲ့အားနည်းချက်အကြီးကြီးတစ်ခုလို့ပြောချင်ပါတယ် )))
.
★ ★ ဗုဒ္ဓကိုယ်တော်တိုင်က ဧဟိပဿိကော - လာပါ လေ့လာပါ ကြိုက်သလောက် စောဒက တက်ပါ စိတ်တိုင်းကျမှ ကျင့်ကြံပါလို့ စိန်ခေါ်ထားတဲ့ ဘာသာဟာ လောကမှာဗုဒ္ဓဘာသာ တစ်ခုပဲ ရှိပါတယ်။
.
ဗုဒ္ဓ၀ါဒမှ အဖြေမရှိတဲ့ ပုစ္ဆာ မရှိပါဘူး ။ ဒါကျိန်းသေပါတယ်။
.
ဘာသာရေးနဲ့ပါတ်သက်ရင် မိမိကိုယ်ပိုင်ဥါဏ် ဥဏှောက်ကို အသုံးမပြုနှင့် လို့ ပညတ်ထားတဲ့ ဘာသာက ဗုဒ္ဓဘာသာမဟုတ်ပါဘူးအကို။
.
ဗုဒ္ဓဘာသာမှာအားနည်းချက်ဆိုတာ မရှိပါဘူး။
ဗုဒ္ဓ တရားတော်တွေမှာ ရှေ့နောက်မညီတာ မရှိပါဘူး ခုတစ်မျိုး တော်ကြာ တစ်မျိုး မရှိပါဘူး။
.
ဘာလို့လဲဆိုရင် ဘုရားရှင်တို့မည်သည် စကားကို နှစ်မျိုး နှစ်ခွမပြောလို့ပါပဲ။
ဧကောဓမ္မောပါ အကို ။

.
အဲတော့ငါက ပို့စ်ကိုဖျက်ရမလား ဖျက်လို့တစ်ယောက်ယောက်ကပြောရင် ၂၄ နာရီအတွင်း ဖျက်ပေးမယ်ဘာကြောင့်ဖျက်ခိုင်းလဲထပ်မမေးဘူး
အိုခေ?

.
★ ★ ရှင်ဖျက်တာ မဖျက်တာရှင့်သဘော မဟုတ် မမှန်တာကို အမှန်ပြန်ရှင်းပြရမှာက ကျမတို့ တာဝန်လေ။ ကျမပြောပြီးပါပကော ဗုဒ္ဓဘာသာမှာ အဖြေရှိပါတယ်လို့ ။
.
နောက်ပြီး ကျုပ်က buddism ရဲ့ တရားအနှစ်တွေကို ဘာဖြစ်တယ်ဘ။ညာဖြစ်တယ် (တရား ကို ပုတ်ခတ်ပြောတာ ဘာတစ်ခုမှမပါဘူး)
.
★ ★ ဟုတ်ပါတယ် ပုတ်ခတ်တာ မပါပါဘူးအကို ။
.
ဒါပေမယ့် ရှင်ဒီလိုတင်တာကိုက အခုမှ အွန်လိုင်းတက်ခါစ အွန်လိုင်းဆိုတာကြီးကို အထင်ကြီးတဲ့ မသိနားမလည်တဲ့ မိရိုးဖလာထက်နိမ့်တဲ့ ဗုဒ္ဓဘာသာဝင် ခလေးတွေ သာသနာတော် အပေါ် ထင်ယောင် ထင်မှား ဖြစ်စေတယ်လေ ။
.
အဲ့ဒီလို ထင်ယောင်ထင်မှား မဖြစ်အောင် ဗုဒ္ဓဘာသာဝင်ဖြစ်ရတာကို ဂုဏ်ယူတတ်အောင် သာသနာတော် ရဲ့ အနှစ်သာရကို ၀င်ရှင်းပြတာပါ။
.
ရှင့်ကို ရှင်းပြနေတာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ အကိုက ဗုဒ္ဓဘာသာကို စိတ်ဝင်စား လို့မေးတာမှ မဟုတ်ပဲ ။
အားနည်းချက်တစ်ခုတော့တွေ့ပြီ ပိုင်ပြီဆိုပြီး ထောက်ပြ တဲ့ သဘော ရေးတာပဲလေအကို ။
.
ဒါပေမယ့် ဒီအတွက် ကျမက ရှင့်ကိုကျေးဇူးတင်ပါတယ် အကိုတော်။
ရှင်ဒီလိုထောက်ပြတဲ့ အတွက် ကျမက သာသနာတော်နဲ့ ဆိုင်တဲ့ အမှန်တရားတစ်ခု အနှစ်သာရ တစ်ခုကို ခလေးတွေကို ရှင်းပြခွင့် ရတယ်လေ မဟုတ်ဘူးလားအကို။
.
မှတ်ထားအကို ဗုဒ္ဓ၀ါဒဆိုတာ တစ်လှမ်းလျှောက်ရင် အလံတစ်ရာကို မိမိကိုယ်တိုင် လက်တွေ့ ကြိုတင် လှမ်းမြင်နေရပါတယ်။
.
သေပြီးမှ မဟုတ်ပါဘူး …
.

ချမ်းမြေ့ကြပါစေရှင် …

ဘာသာမဲ့ ၊ ခရစ်ယန် ၊ ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်တစ်ယောက်စီရဲ့အမေး



မောင်လေးညီမလေးတို့ရေ …
ဘာသာမဲ့ လို့ပြောတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရယ်
ခုတစ်လော သံဃာကို ဆဲနေသူတွေ အစုထဲက ဗုဒ္ဓဘာသာဝင်တစ်ယောက်ရယ်
ခရစ်ယန်တစ်ယောက်ရယ်
အစ္စလာမ်ဘာသာဝင်တစ်ယောက်ရယ် … ပြောထားတာလေးတွေကိုပြန်ရှင်ပြထားတာပါ ။

ဖတ်ကြည်နော် ။
ဘာသာမဲ့ဆိုတဲ့ ပထမဆုံး မောင်လေးကတော့ နားလည်ပြီး အဆင်ပြေသွားပါတယ်။ဗုဒ္ဓဘာသာကို ပြန်ပြီး တန်ဘိုးထား လာပါတယ်။
ခလေးတွေ ဆိုတာ ဖယောင်းလေးတွေနဲ့တူတယ်မဟုတ်လား။

.
လေးစားစရာ ဘုဒစ်လေးပါ
ငလျင်ခံရတဲ့အထဲ မြင့်မိုရ်တောင် ပါသွားပါတယ်တဲ့ဗျာ
အဲ့ မြင့်မိုရ်တောင် ဆိုတာ ဘယ်နားမှာလဲဗျကျုပ် က ဖန်ဆင်းခံ ဝါဒီ မဟုတ်ဘူး
Realism သမားလက်တွေ့ကျမှယုံကြည်တယ် အဲ့ဒါ realism
.
တမန်တော်ဆိုတာလည်း ဘာထူးလို့လဲ
သူတို့မှားရင် ရှောင်လို့ရအောင်
စိတ်ကူးယဉ်ပြီး ဘုရားကိုသူတို့ဖန်ဆင်းခဲ့တာ
တကယ်တော့ သူတို့ကဘုရားပဲဖန်ဆင်းရှင်ဝါဒ တွေကိုပြောနေတာ
စိတ်ကူးယဉ်ပြီး ရမ်းသန်းကိုးကွယ်နေတာ
.
ဗုဒ္ဓ ကတော့ ကိုယ်ဖြစ်ကိုယ်ခံ ပဲ
ဒါပေမဲ့ သူ့မှာလည်းထောက်ကွက်တွေရှိတယ်မြင့်မိုရ်တောင် ကိုအရင်ရှင်းပြပါငါမေးတာတွေကို မင်းရှင်းပြ မပြနိုင်ရင် မင်းအယူဝါဒက မှားနေလို့ပဲ
(Aungthu Phyo)


.
★ ★ ဟုတ်ပါပြီ ….
မြင်းမိုရ်တောင် ရှိ - မရှိကိုတော့ အောက်ကလင့်မှာဝင်ဖတ်ပါ ...
.
https://www.facebook.com/photo.php?fbid=1606416682926145&set=a.1376905142543968.1073741826.100006734852492&type=3&theater

မေးပါရစေ
မင်းက ဘာကို ကိုးကွယ်တာလဲ မောင်လေး
လက်တွေ့ကျကျဆိုရင် မင်းရဲ့ လက်ရှိအဖေတောင် မင်းအဖေပါဆိုတာ မကျိန်းသေဘူးကွ သိလား။
လောကမှာ ရံခါ ကြောင်းကျိုး ဆက်စပ် တွေးခေါ်ပြီး အမှန်ကို ယူရတာတွေ အများကြီးပဲ ။
.
မင်းပြောသလို တိကျမှဆိုရင် မင်းက မြန်မာရုပ် မြန်မာမှာနေတယ် မြန်မာစကားပဲပြောတတ်တယ် ဒါပေမယ့် ငါက မင်းမြန်မာမစစ်ဘူး မြန်မာဆိုတာ သက်သေပြ ဆိုရင်တောင်ခက်ပါလိမ့်မယ်။
.
မင်းပြောသလိုသက်သေမှဆိုရင် မင်းအဘိုးအဘေးတွေ ရှိတယ်ဆိုတာတောင် ယုံစရာ အကြောင်း မရှိဘူး ။
.
လူ့ဘ၀ကရခဲတယ်မောင်လေး ပြီးတော့ တိုတိုလေး ။
ကွန်မြူနစ်ဝါဒဆိုတာ စိတ်ဝင်စားစရာတော့ကောင်းသား
ဒါပေမယ့် နိုင်ငံရေးနဲ့ ဆိုင်တဲ့ ၀ါဒကို ဘာသာရေးနဲ့ သွားရောလို့မရဘူး။
အချိန်မလွန်ပါစေနဲ့မောင်လေး
အမတော့ ဒီလောက်ပဲပြောပါရစေ။
.
မင်းဟာ ရခဲတဲ့ ဘာသာဝင်ဖြစ်နေသေးတယ်။
ဒါပေမယ့် ကျန်တဲ့ဘာသာဝင်တွေဖြစ်သွားရင်လည်း မင်းကောင်းတာလုပ်သ၍ မင်းအတွက် အမြတ်ရှိသေးတယ်။
.
ဘာသာမဲ့ဆိုတာကလည်း ဘယ်လိုပြောရမလဲမောင်လေး
လူတိုင်းမှာ အချိန်နဲ့အမျှ မိမိမြင်တာ ကြားတာ ကြုံတွေ့ရတာတွေကို ကာယ ၀စီ မနောတွေနဲ့ ကံတွေပြုနေကြတယ်
.
ကောင်းတဲ့ကံ မကောင်းတဲ့ကံ အချိန်နဲ့အမျှပြုနေကြတာ ယုတ်စွအဆုံး မိမိ မိခင်ချက်ကျွေးတဲ့ ထမင်းဟင်းစားနေရင်းက ဟင်းက ပေါ့တယ် ငန်တယ် ကောင်းတယ် ဆိုးတယ် စသည်ဖြင့် တစ်ဖက်လူ စိတ်ညစ်အောင် ပျော်အောင် ကံသေးသေးလေးတွေပြုနေကြရတယ်။
.
ဒီကံတွေကို ကိုထိန်းဘို့ရာ ဘာသာတရားဆိုတာပေါ်လာတာမောင်လေး ။
.
ဘာသာမဲ့ဆိုကတည်းက အကုသိုလ်ကံတွေဒင်းကြမ်းပြည့်ပြီ အနိမ့်ဆုံးသူဟာ ဘာသာ ကိုးကွယ်သူတွေကို စော်ကားမယ်လေ။
.
ဒီတော့ အမပြောချင်တာက
နောင်တဆိုတာနောင်မှရတတ်တယ်။
ဗုဒ္ဓ၀ါဒအရကတော့ မိမိပြုတဲ့ မကောင်းမှုကို ကောင်းမှုနဲ့ ချေဖျက်လို့မရဘူး။
မကောင်းမှုကံတွေကသီးသန့် ကောင်းမှုကံတွေက သီးသန့် သွားတာ။
နောင်တဆိုတာနောင်မှရပေမယ့် ။
ဘာသာရေးတွေနဲ့ ပတ်သက်လို့ သိတ်နောက်ကျသွားရင် နောင်တက ရံခါ သိတ်အသုံးမတည့်တတ်ဘူးကွ။
ဒေ၀ဒတ်နဲ့ အဇာတသတ်ကိုပဲကြည့်လေ။
အမှန်ကိုမြင်ပါစေမောင်လေး ….

.
**********************
ဗုဒ္ဓဘာသာဝင်အတော်များများကမျက်ကမ်းလူမိုက်ငတုံးတွေဘုရားပုံတော်ရှိမှတရားကိုသိတယ်ဘုရားရဲ့ဂုဏ်တော်သုံးမှတရားနာရမှန်းသိတယ်။
မြတ်စွာဘုရားပုံတော်မရှိတောင်တရားကိုသိရင်မြတ်စွာဘုရားကိုသိမြင်နိုင်တဲ့အသိဥာဏ်လေ
နည်းနည်းမှရှိဘူး။ဆင်ခြေစဉ်းစားရကောင်းမှန်းလည်းမသိဘူး
မြတ်စွာဘုရားရဲ့တရားတော်တွေအာဂုံဆောင်ပြီးမိန်းမပေါင်ကြားမှာပျော်နေကြတယ်
ခရစ်တွေမေးခွန်ထုတ်မယ်ဆိုလည်းထုတ်စရာ။
မွတ်တွေမြတ်စွာဘုရားရဲ့ပုံတော်ကိုညစ်ညမ်းအောင်လုပ်မယ်ဆိုလည်းအခွင့်ကောင်းဘဲ့။
( Aung Moe )

((((( ဗုဒ္ဓဘာသာဝင် အတော်များများက မျက်ကမ်း လူမိုက် ငတုံးတွေ ဘုရားပုံတော်ရှိမှ တရားကိုသိတယ် ဘုရားရဲ့ ဂုဏ်တော်သုံးမှ တရား နာရမှန်းသိတယ်။ )))))
.
★ ★ ဘုရားပုံတော်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့အိမ်တိုင်းမှာရှိပါတယ် ။
ဘုရားဂုဏ်တော်နဲ့ တရားနာတာနဲ့ ဘာမှမဆိုင်ဘူး။
ဗုဒ္ဓဘာသာဝင် စစ်စစ်တွေရဲ့ အိမ်တိုင်းမှာ ညအိပ်ယာဝင်ချိန်တရားဖွင့်ကြ တရားနာကြပါတယ်။
ကျမ နှလုံးသားမှာ သာသနာတော်ခိုင်ခိုင်မာမာ အမြစ်တွယ်လာတာလည်း ဒီဓလေ့တွေကြောင့်ပါ။

.
((((( မြတ်စွာဘုရား ပုံတော်မရှိတောင် တရားကို သိရင်မြတ်စွာဘုရား ကိုသိမြင်နိုင်တဲ့ အသိဥာဏ်လေး နည်းနည်းမှရှိဘူး။ ဆင်ခြေစဉ်းစားရကောင်းမှန်းလည်းမသိဘူး။ ))))))
.
★ ★ မြတ်စွာဘုရားပုံမရှိတဲ့ မြတ်စွာဘုရားပုံထားလို့မရတဲ
ယုတ်စွအဆုံး အဲ့ဒိဒေသမှာသေခဲ့ရင်တောင်
ဗုဒ္ဓဘာသာဝင် တွေအတွက် ငါတို့မှာမြေမရှိဘူး
အလောင်းကို မိမိဖာသာလာသယ်သွား ဆိုပြီး
အလောင်းကို သုံရက်အတွင်း လာယူဘို့ သံရုံးကို လှမ်းပြောတဲ့
အာရဗ် မွတ်စလင်နိုင်ငံတွေလို ဒေသ တွေမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သာသနာတော်ကို ပိုပြီးယုံကြည်ကိုးစားတယ်။ ကြည်ညိုတယ်။ ထောက်ပံ့တယ်။
.
အဲ့တာဗုဒ္ဓဘာသာဝင်အားလုံးရဲ့ နှလုံးသားပဲ။
ဝေးဝေးမှာသွားရှာစရာကိုမလိုပါဘူး ကျမကိုယ်တိုင်ပါပဲ ။

.
(((( မြတ်စွာဘုရားရဲ့တရားတော်တွေအာဂုံဆောင်ပြီး မိန်းမပေါင်ကြားမှာပျော်နေကြတယ်။ ))))
.
★ ★ မြတ်စွာဘုရားရဲ့တရားတွေကို အာဂုံဆောင်နိုင်တာ ရဟန်းတော်မြတ်တွေပဲရှိပါတယ်
.
ဘယ်ကျမ်းတတ်ရဟန်းကများ မိန်းတွေနဲ့ ထွေးရောယှက်တင်နေတာတွေ့ဘူးပါလိမ့်။
.
ဘယ်ရဟန်းတော်မြတ်ကများ မိန်းမပေါင်ကြားကနေ တရားဟောနေတာတွေ့ဘူးပါလိမ့် ။
.
လူတစ်ယောက်ရဲ့ ယုတ်ညံ့မှုက သူကိုးကွယ်တဲ့ ဘာသာနဲ့တော့မဆိုင်ဘူးကွ အကိုရ ။
.
မိမိနဲ့ မိမိ မိဘ ရဲ့ သန္ဓေနဲ့ပဲဆိုင်တယ်။
.
ဘာသာတိုင်း နိုင်ငံတိုင်းမှာ ကောင်းတဲ့သူ ဆိုးတဲ့သူတွေရှိကြတယ် ။
လူကမွေးပြီးလူလိုကျင့်ကြံရင် လူလို့ခေါ်ထိုက်ပေမယ်။
တိရစ္ဆာန်သာသာ ကျင့်ကြံရင်တော့တိရစ္ဆာန်ပဲ အကို။


.
★ ★ နောက်တစ်ခု
ဘယ်ဗုဒ္ဓဘာသာဝင်မှ ကာမဆက်ဆံချိန်မှာ ဘုရားကို မတကြပါဘူး ။
ဒါပေမယ့် ငါကိလေသာမှာ ပျော်နေတုန်းပါလား ဆိုတဲ့ သံဝေဂရတဲ့ စိတ်လေး ပေါ်လာ ရင်တော့ ။ ဘုရားရှင် ရဲ့ အဆုံးအမတွေကို သတိရသွားတယ်။ ( ဒါကလည်း ပါရမီအခံ ကောင်းသူမှပါ ၊ ရှိခဲပါတယ် )
.
ဒီလို စိတ်လေး ဖြစ်ခဲ့ရင် မြင့်မြတ်သော သားမြတ် မွေးတတ်တယ် လို့ ဘုရားရှင် ကိုယ်တော်တိုင် ၀ိသာခါကျောင်းအမကြီးကို ဟောခဲ့ဘူးပါတယ်။
ကျမ သူတစ်ပါးဘာသာကို မပုတ်ခတ်တတ်ပါဘူး။
ဒါပေမယ့် မလွှဲသာလို့ တစ်ခုတော့ ပြောပါရစေ။ ဆောရီးပါ ။
.
★ ★ ကာမဆက်ဆံချိန် ဘုရားကို တစ်ချိန်လုံးအော်ပြီး တ နေတာ ဗုဒ္ဓဘာသာတွေ မဟုတ်ပါဘူး။
ကာမဆက်ဆံရင်း မိန်းမသားမြတ်ကြားထဲမှာသွားရေတွေ ဗပပွနဲ့ သေသွားတဲ့ သူဟာလဲ ဗုဒ္ဓ မဟုတ်ပါဘူး။
ဘယ်လောက်ဂုဏ်သိက္ခာချင်း ကွဲပြားတယ်ဆိုတာ ယှဉ်ပြတာပါ ။
သူတစ်ပါး ဘာသာကို ပုတ်ခတ်လိုစိတ် လုံးဝ မရှိပါဘူး ။
ခင်မင်ရတဲ့ ဘာသာခြား မိတ်ဆွေများ ကိုတော့ တောင်းပန်ပါတယ်။
ဒါလေးတော့ ပြောပါရစေ။

.
***********************
.
((((ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာ ဗုဒ္ဓဘာသာဝင်စကား
ဥပမာတစ်ခုပြောမယ် အလှူတစ်ခုလုပ်မယ် အလှူမှာကြွေးဖို့ ဝက်ဆယ်ကောင်သတ်တယ် ဆိုရင် အဲ့အလှူက ကုသိုလ်ဖြစ်အုံးပါ့မလား ))))
( Lian Pi )
.

★ ★ အလှူပြုတာဟာ ကောင်းတာဖြစ်တဲ့ အတွက် မိမိမှာ ပီတိဖြစ်သလောက် ကုသိုလ် ဖြစ်ပါတယ် ။
ဒါကြောင့် ကုသိုလ် ရပါတယ်။
.
ဝက်ကိုသတ်တာတော့ မကောင်းတဲ့ အမှုဖြစ်တဲ့အတွက် သတ်တဲ့ အကုသိုလ်ကံ သပ်သပ် ရပါတယ်။
ဗုဒ္ဓ၀ါဒမှာ ကံတစ်ခုကို နောက်ကံတစ်ခုနဲ့ ချေဖျက်လို့မရပါဘူး။

.
★ ★ ဒါကြောင့် မင်းရဲ့အမေးကို ဗုဒ္ဓအလိုတော်ကျဖြေရရင် …
အလှူအတွက် ကုသိုလ်ရသလို
သူ့အသက်သတ်တဲ့ အတွက် အကုသိုလ်လဲရပါတယ်။
နှစ်မျိုးစလုံးရပါတယ်။
( ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတာအဲ့တာကိုပြောတာလို့ပဲခေါ်မလား )
.
ဒီလိုသတ်တာတွေကလည်း တောတွေမှာနေကြတဲ့ မိရိုးဖလာထက်နိမ့်တဲ့ သာသနာတော်ဝင်တွေ ပြုလေ့ရှိပါတယ်။
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ဗုဒ္ဓအလိုတော်ကျကို မသိလို့ပါ ။
အဲ့ဒိ ဒေသတွေမှာရှိတဲ့ ရွာဦးကျောင်းဆရာတော်တွေ သာသနာ့ဝန်ထမ်းတွေ မှာ တာဝန်အများကြီးရှိပါတယ်။
သာသနာ့ဝန်ထမ်းဆိုတာ ဗုဒ္ဓအဆုံးအမတွေကို ပုထုဇဉ်တွေကို ဟောပြော သင်ပြ ပေးရမှာပါ။
.

*********************
.
ဗုဒ္ဓက ဖန်ဆင်းရှင်ကြောင်းဟောခဲ့တာတဲ့  မောင် အာရုံဦးက ဖတ်ခိုင်းနေပါတယ်
သူပြောတဲ့ နိကယ်ထဲမှာ ဗုဒ္ဓတကယ်ပဲဖန်ဆင်းရှင်ရှိကြောင်းဟောခဲ့သလား ဗုဒ္ဓ ဘာသာဝင်တို့ ဖြေပေးကြပါဦးလို့ 
((((( မဇျိမနိကယ် ဥပရိပဏ္ဍာသ ပါဠိတော် အပိုဒ် ၂၀ ကနေစပြီးဖတ်ကြည့်လိုက်ပါ... ss မပြတော့ဘူးနော် ခင်ဗျာတိုက ဗုဒ္ဓကျမ်းကို ကျနော်ထက် ပိုကြွမ်မယ်ထင်ပါတယ်... ))))
ဒါကအာရုံဦးပြတဲ့ အညွန်းလေးပါ

.
★ ★ သူထင်နေတာက ပိဋကတ်တော်ဆိုတာ ဓမ္မဟောင်းကျမ်းလို စာပိုဒ်လေးတွေနဲ့ စာအုပ် သေးသေးလေး တစ်အုပ်လို့ ထင်နေပုံပါပဲ။
.

ဥပရိပဏ္ဍာသ မှာ ပထမဆုံးဝဂ်က ဒေ၀ဒဟ၀ဂ် ။
ပထမဆုံးသုတ်က ဒေ၀ဒဟသုတ်
အဲ့ဒေ၀ဒဟသုတ်မှာ မှ တရားတော် ပေါင်း ၂၀ ရှိတယ်
တရားတော်တစ်ခုစီမှာ အပိုဒ်ပေါင်း များစွာရှိတယ်။
ဗုဒ္ဓကျမ်းတွေက လိမ်ရ ခိုးရခက်တယ်။
ဘယ်နိကာယ ဘယ်ဝဂ် ဘယ်သုတ္တံ ကျမ်းချက် ဘယ်လောက် စာပိုဒ်ရေဘယ်လောက် စာကြောင်းဘယ်လောက် ဘယ်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဗုဒ္ဓက ဘယ်နှစ်ဝါမြောက် မှာ ဘာအကြောင်းကြောင့် ဘယ်ဥယျာဉ် ဘယ်ဒေသမှာ ဘယ်လို ဟောခဲ့ တာလဲ ဆိုတာ အတိအကျရှိပါတယ်။
ဗုဒ္ဓ၀စနက နဲနဲလေးမှ လွဲလို့မရပါဘူး။
သဘာဝနဲ့ မညီတိုင်းပြန်ပြင်တဲ့ ဘာသာထဲမှာ ဗုဒ္ဓဘာသာ မပါ ပါဘူး
ပြန်ပြင်လို့လဲမရ စကောင်း ပါဘူး။
.
.

ချမ်းမြေ့ကြပါစေရှင်
.
.

မေတ္တာသုတ် အနက်

မောင်လေးညီမလေးတို့ရေ ….
မေတ္တာသုတ်ကို အမနူး နားလည်တဲ့အတိုင်း နားလည်လွယ်အောင် ပြန်ရေးပေးပါ ဆိုလို့ ရေးပေး ထားတာပါ …
နေက်တစ်ခုက နူးက ခရီးထွက်မှာနဲ့မအားတော့မှာမို့ နှစ်ပတ်စာ တစ်ခါထဲတင်ထားခဲ့တာပါ။
.
ဖတ်ကြည့်ပြီး မောင်လေး ညီမလေးတို့ကရော ဗုဒ္ဓဘာဝင်တွေအဖြစ်ခံယူပြီး အချက်ပေါင်း ဘယ်နှစ်ချက် နဲ့ ညီညွတ်နေပြီလည်းဆိုတာ အမကို ပြောခဲ့ကြအုန်းနော် ။

.
မှတ်ချက် ….
Like လုပ်ပြီး ပြောမသွားသူတွေကိုတော့ တစ်ချက်မှမမညီညွတ်တဲ့ တိတ္ထိတွေလို့ မှတ်ပါမယ် …

.
( ၁ ) သူတော်ကောင်းတရားကို ကျင့်ကြံအားထုတ်သူ ပါရမီရှိသော မြတ်သော နေထိုင်ခြင်း ရှိကုန်သော သူတော်ကောင်းတို့ မည်သည် ….
.
ကိုယ် နှုတ် နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏
စိတ်ထား တည်ကြည် ဖြောင့်မတ်ရာ၏
ဆိုဆုံးမ လွယ်ရာ၏
နူးညံ့သိမ်မွေ့ရာ၏
သူတစ်ပါးအပေါ် ထောင်လွှားသော မာနမရှိ
ရောင့်ရဲ လွယ်ရာ၏
မွေးမြူလွယ်ရာ၏
နည်းပါးသော အမှုကိစ္စရှိရာ၏
ပေါ့ပါးဖြူစင်သော အသက်မွေးခြင်းရှိရာ၏
တည်ငြိမ်သော ဣနြေ္ဒရှိရာ၏
အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဥာဏ်ပညာရှိရာ၏
.
ကိုယ် နှုတ် နှလုံး သုံးပါး ရုန့်ရင်းကြမ်းတမ်းမှုမရှိရ
သူတစ်ပါး ပစ္စည်းကို အချောင်လိုချင်သော အလကားရတာကို မက်မောတွယ်တာသောစိတ် မရှိရာ
ပညာရှိတို့ ကဲ့ရဲ့ ရှုံ့ချအပ်သော အမှုကို စိုးစဉ်းမျှ မပြုရာ
ခပ်သိမ်းသော သတ္တ၀ါတို့အား ကိုယ် စိတ် နှလုံး ချမ်းသာစွာ ရှိပါစေ
ဘေးဥပါဒ် ကင်းစင်စွာရှိပါစေ စသော လှိုက်လှဲသော မေတ္တာစိတ် ရှိရာ၏

.
( ၂ ) အလုံးစုံသော …
.
ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊
ထင်ရှားရှိသောသတ္တဝါ၊
မျက်စိဖြင့်မြင်အပ်သောသတ္တဝါ
မျက်စိဖြင့် မမြင်အပ်သောသတ္တဝါ၊
အဝေး၌နေသောသတ္တဝါ၊
အနီး၌နေသောသတ္တဝါ၊
ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသောသတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကြပါစေ ကုန်ရန်လည်း ကုသိုလ်ကောင်းမှုပြု မေတ္တာပို့သ အပ်ရာ၏

.
( ၃ ) တစ်ယောက်သောသူကတစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊
တစ်စုံတစ်ခုသော အမှုကိစ္စ၌တစ်ယောက်သောသူက တစ်ယောက်သောသူကိုညှဉ်းဆဲချုပ်ချယ်သော ကာယကံဝစီကံဖြင့်လည်းကောင်း၊
ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

.
( ၄ ) မိခင်သည် မိမိ၏ တစ်ဦးတည်းသော သားကို အသက်ပေး၍ စောင့်ရှောက်သကဲ့သို့ သတ္တ၀ါတို့ အပေါ်လည်း မိမိရင်သွေးကဲ့သို့ တန်းတူညီမျှသော မေတ္တာစိတ်ဖြင့် အသက်ပေး၍ စောင့်ရှောက်ခြင်း ဖြစ်ရာ၏
.
( ၅ ) လူ့ဘုံ နတ်ဘုံ ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ အသူရကာယ်ဘုံတည်းဟူသော အောက် ကာမဘုံ ( ၁၁ ) ဘုံ
ရူပ ဘ၀တည်းဟူသော အလယ်လောက ( ၁၆ ) ဘုံ
အရူပ ဘ၀တည်းဟူသော အထက်လောက ( ၄ ) ဘုံ စသော ( ၃၁ ) ဘုံသားအားလုံး ကိုယ်တွင်း ကိုယ်ပ ဘေးရန်မရှိ ချမ်းသာစေကြောင်း အတိုင်းမရှိသော မေတ္တာ ပွားများရာ၏

.
( ၆ ) ရပ်နေစဉ်သော်လည်းကောင်း၊
သွားနေစဉ်သော် လည်းကောင်း၊
ထိုင် နေစဉ်သော် လည်းကောင်း၊
လဲလျောင်း နေစဉ်သော် လည်းကောင်း၊
မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်အတွင်း မေတ္တာစိတ်နှင့်ယှဉ်၍နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း''ဟူ၍မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။

( မေတ္တာသုတ္တံ )
.
မေတ္တသုတ်ရွတ်ဖတ်ရခြင်းအကျိုးကြောင့်
မြင်အပ် မမြင်အပ်သော သတ္တ၀ါတို့က
မိမိတို့ ပို့သသော မေတ္တာ မျှဝေသော မိမိတို့ပြုခဲ့တဲ့ကောင်းမှုကုသိုလ် အဖို့ပါကတွေကို ရရှိတဲ့အတွက် တုန့်ပြန်တဲ့ မေတ္တာပြန်ရခြင်း
.
အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုးအတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သောဝေဒနာ ကင်းခြင်းမှစ၍ အထက် ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးကျေးဇူးကိုရရှိစေပါတယ်။
.
မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးအာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက် ဖွယ်သော အဆင်းအသံအစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ကြလေကုန်၊ မေတ္တာသုတ် အစွမ်းကြောင့် မိမိကို ပြန်လည်စောင့်ရှောက်ကြကုန်၏
.
မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။ ချမ်းသာစွာအိပ်ရ ၏၊ မကောင်းသောအိပ်မက်ကို မျှ မမြင်မက်၊
.
ဤသို့သောဂုဏ်ကျေးဇူးအပေါ င်းနှင့် ပြည့်စုံသောမေတ္တာသုတ်ပရိတ်တော်ကို ငါတို့ရွတ်ဖတ်ကြပါကုန်စို့ …. တဲ့

.
နူးကတော့ နံပါတ် ( ၁ ) ၈၀%
( ၂ ) ၈၀%
( ၃ ) ၅၀%
( ၄ ) ၅၀%
( ၅ ) ၆၀%
( ၆ ) ၅၀% လောက်တော့ လိုက်နာနိုင်တယ်ထင်ပါရဲ့ ….
.
ချမ်းမြေ့ကြပါစေရှင် ….


ဗုဒ္ဓဘာသာ ကျမ်းများသည် ဟိန္ဒူဘာသာက ခိုးယူထားပါသည်တဲ့

မောင်လေး ညီမလေးတို့ရေ ...
ဒီတစ်ခါတော့ ခရစ်ယန် တစ်ယောက်ပြောတဲ့ ဗုဒ္ဓဘာသာ ကျမ်းများသည် ဟိန္ဒူဘာသာက ခိုးယူထားပါသည်ဆိုတဲ့ စွပ်စွဲမှုကို ဖြေရှင်းထားတာလေးပါ ...
ဖတ်ကြည့်နော်
.

ဗုဒ္ဓစာပေများသည် ဟိန္ဒူစာပေများကို မှီငြမ်းပြုပြီး ရေးသာထားသောစာပေများဖြစ်သည်
ဗုဒ္ဓဘာသာ ကျမ်းများသည် ဟိန္ဒူဘာသာမှ ခိုးယူသုံးစွဲထားသော ကျမ်းများသာဖြစ်သည် ။
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။
သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှု ကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူ ဘာသာဝင် သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။
.
★ တည်ထောင်သူ - ရှီးဝါး
★ စတင်ပေါ်ပေါက်ရာဌာန - အိန္ဒိယပြည်
★ ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ
★ ပဓာန ကျမ်းဂန် - ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ

.
★ ★ ဟုတ်ကဲ့ပါ ....
ဘုရားရှင် လက်ထက်တော် အခါက ဗုဒ္ဓ၀ါဒ မပေါ်ခင် မစ္ဇျိမ ဒေသမှာထင်ရှားကျော်ကြားတဲ့ တိုင်းကြီး ၁၆တိုင်းရှိပါတယ် ။
အဲ့တိုင်းကြီး ၁၆ - တိုင်း မှာ ဗြဟ္မဏ ဂိုဏ်းကြီး ( ၆ ) ဂိုဏ်း နဲု့ အယူဝါဒကြီး ( ၆ ) မျိုးကို ကိုးကွယ်ကြပါတယ်
(အိန္ဒိယဆိုတာ သန္ဓေတောင်မတည်သေးပါဘူး ) ။
ဂိုဏ်းဆရာကြီး တွေကတော့
ပုရဏကသပ ၊
မက္ခလိ ဂေါသာလ ၊
အဇိတကေသကမ္ဗလ ၊
ပကဓကစ္စာယန ၊
နိဂဏ္ဍနာဋပုတ္တ ၊
သဉ္စယဗေလဌပုတ္တ ….. တို့ပါ
ဗြဟ္မဏ ၀ါဒီတွေဖြစ်ပြီး ဗြဟ္မဏ၀ါဒကို ကိုးကွယ် ပါတယ် ။
.
ဗုဒ္ဓ ၀ါဒ ပေါ်ပေါက်လာတဲ့အခါမှာ ဒီဝါဒ ဆရာကြီးတွေရဲ့ တပည့်တွေဟာ ဗုဒ္ဓရဲ့တပည့်သားတွေ ဖြစ်ကုန်ပါတယ်။
.
ဒါပေမယ့် ဂိုဏ်းဆရာကြီး တစ်ချို့ကတော့ ဗုဒ္ဓကို မယှဉ်နိုင်တဲ့ အတွက် တစ်ချို့ က မိမိတို့ဂိုဏ်းကို တိတ်တဆိတ် ဖျက်လိုက်သလို တစ်ချို့က မိမိ ကိုယ်ကို ဂင်္ဂါမြစ်ထဲ ဆင်းပြီး သတ်သေကြပါတယ်။
ဒီဆရာကြီးတွေထဲက နိဂဏ္ဍနာဋပုတ္တ ၊ မဟာဝီရ ဆရာကြီးဟာ ဗုဒ္ဓကို ရှုံးနိမ့်ပြီး မိမိဝါဒကို ရပ်တန့်လိုက်ပေမယ့် သူ့ရဲ့ ဂျိမ်းဘာသာတော့ ထင်ရှားကျန်ခဲ့ပါသေးတယ်။
.
တစ်ခြားဂိုဏ်းတွေရှိပေမယ့် မထင်ရှားပါဘူး ။
ဗုဒ္ဓစံလွန်တော်မူတဲ့အထိ ဟိန္ဒူဆိုတဲ့ ၀ါဒ မရှိသလို မထင်ရှားသေးပါဘူး။
.
ဟိန္ဒူဆိုတဲ့ စကားဟာ ရှေးဟောင်း Sanskrit စကားဖြစ်ပါတယ် Sindhu လို့ခေါ်ပါတယ် ။
.
အိန္ဒိယ အနောက်မြောက်ပိုင်းမှာစီးဆင်းနေတဲ့ အင်နု မြစ်ကိုခေါ်တာပါ ။
အလယ်တန်း သမိုင်းမှာ သင်ပါတယ် အိန္ဒိယရဲ့ ထင်ရှားတဲ့ မြစ် အင်နု မြစ် ဂင်္ဂါမြစ် ဆိုတာပါ ။
.
ဂရိဘာသာကနေ ဆင်းသက်လာတာပါ ။
ဒီ Indu မြစ်ကို အကြောင်းပြုပြီး ဂရိလူမျိုးတွေက အင်နုမြစ် တစ်ဖက်ခြမ်းမှာ နေတဲ့ အသား မဲတဲ့ မျိုးနွယ်စုတွေကို အင်နုမြစ် တစ်ဖက်ကမ်းကလူမျိုးများ လို့ခေါ်ရာကနေ နောက်ပိုင်း အင်နု က လူမျိုးများလို့ခေါ်ကြပါတယ်။
.
ဒါပေမယ့် ခေတ်ပေါ် အိန္ဒိယ သမိုင်းပညာရှင်တွေ ကတော့ အာရာဗ်ဒေသရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်က ထင်ရှားတဲ့ လူမျိုးစုတစ်ခုဖြစ်တဲ့ Indica ဆိုတဲ့ လူမျိုး တွေနဲ့ ရောပြီး လွန်ခဲ့တဲ့ 4th century B.C.E က ရှိခဲ့တယ်လို့ ရောချပြီး မိမိဝါဒကို တစ်ခြား ၀ါဒတွေထက် သက်တမ်းရှည် သယောင် ဖန်တီးကြ ပါတယ်။
ဒါပေမယ့် လက်ရှိအင်ဒီးယားရဲ့ ဟင်ဒူဆိုတဲ့နာမည်ဟာ ဂရိတွေက အင်နု မြစ်တစ် ဖက်ကမ်းက လူမျိုးများလို့သတ်မှတ်ပြီးခေါ်တဲ့ နာမည် မျှသာပါ။
.
၁၃ - ရာစုနှစ်မှာတော့ Hindustan စကားကိုစတင်တည်ထွင်ပြီးနောက် အိန္ဒိယဆိုတဲ့ နာမည်နောက်တစ်မျိုး သတ်မှတ်ခဲ့ပါတယ် India ရဲ့ အဓိပါယ်ကတော့ Land of Hindus အင်နု သားတွေရဲ့ မြေလို့ အဓိပါယ် ရပါတယ်။
အိန္ဒယဆိုတဲ့ နာမည် စတင်ဖြစ်ပေါ်လာပုံပါ ။
ဗုဒ္ဓလက်ထက်တော်က အိန္ဒိယနိုင်ငံမှ မရှိသေးတာ ဘယ်လိုလုပ် ဟိန္ဒူ ဘာသာက ပေါ်အုန်းမှာလဲ။
ဗြဟ္မဏ ၀ါဒသာ ထွန်းကားပါတယ်။
.
၁၈ ရာစုနောက်ပိုင်းမှာတော့ ဥရောပ ကိုလိုနီနယ်ချဲ့တွေ လက်ထက်မှာမှ ဒီ အင်နုမြစ်ကမ်းက တံငါသည်တွေကို ဟင်ဒူလို့ ခေါ်ပြီး သူတို့ရှိခိုးတဲ့ နတ် ဘုရား ကို ဟိန္ဒူဘာသာလို့ စတင်သတ်မှတ် ခေါ်ယူသုံးစွဲခဲ့ပါတယ်။
.
ဟိန္ဒူ နတ်ဘုရားတွေဖြစ်တဲ့ ကရိရှနား ရှီဗာ ပိသနိုး ကာလီမာ စတဲ့ နတ်ဘုရား တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာထဲကရှိနေခဲ့ပြီး ကမ္ဘာမှာ လူတွေကိုကယ်ဘို့ အပြစ်ပေးဘို့ သူတို့ဟာ လူ့ဘ၀မှာခနခန လာဝင်စားတယ် ဆိုပြီး အယူရှိကြပါတယ်။
.
သူတို့အယူက ခရစ်ယန်တွေမွတ်စလင်တွေရဲ့ဘာသာ လိုပါပဲ နတ်ဘုရားက လူ့ပြည်ကို တမန်တွေ ခနခနလွှတ်တယ်ဆိုတဲ့ အယူပါ။
.
နောက်ဆုံး ဂေါတမမြတ်စွာဘုရား မိုဟာမက် စတာတွေကတောင် ကရစ်ရှနားက လူ့ပြည့်မှာ ခန ၀င်စားပြီးလူတွေကို ကယ်တယ်ဆိုပြီး ကျန်တဲ့ ဘာသာတွေကိုပါ မိမိလက်အောက်ဆွဲသွင်းပါတော့တယ်။
.
အတူတူပါပဲ မွတ်စလင်တွေ ဟာလည်း ….
ရှိသမျှဘုရားတွေ ကိုယ်တော်မူဆာက အစ ယေရှုအဆုံး အလာဟ်က လွှတ်တာပါ ဆိုပြီး ကျန်တဲ့ တမန်တော်တွေကို မွတ်စလင် လက်အောက် ဆွဲသွင်း ခဲ့တာ ပါပဲ။
.
ကမ္ဘာ့နောက်ဆုံး မွတ်စလင် ဘာသာထက် နောက်ကျမှ နာမည်ကြီးပေမယ့် သူတို့ ကျမ်းတွေ ဟာ ဗုဒ္ဓလက်ထက်တော်အခါက ဗြဟ္မဏ ဆရာကြီး တွေရဲ့ ဝေဒလေးပုံ အပါအ၀င် ကျမ်းတွေအားလုံးကို ရောသမမွှေပြီး wisdom ဆိုတဲ့ ပိဋကတ်သုံးပုံလို စာအုပ်တွေထုတ် .....
.
နှစ်ပေါင်း ( ၄၀၀၀ ) ကျော် သက်တမ်း ရှိတဲ့ အာရဗ် အင်ဒီကာ လူမျိုးတွေ နေရာ မှာ မိမိတို့ အင်နုမြစ်ကမ်းက တံငါသည် အစုကို အစားသွင်း ( လက်ရှိမွန်တွေလိုပေါ့ ) ပြီး ဟိန္ဒူတွေသည် ကမ္ဘာ့ရှေးအကျဆုံး လူမျိုးနဲ့ ဘာသာ ဖြစ်သည်လို့ လုပ်ပါ တော့တယ် ။
.
ရှေ့က ဘုရားတွေ တမန်တွေ အားလုံးဟာ ခရစ်ရှနားက လူဟန်ဖန်ဆင်းပြီး လူ့ပြည် မှာ လာဝင်စားတာလို့ပြောပြီး ကျမ်းတွေကို ခိုးယူတဲ့အပြင် ဘုရား အားလုံး ကိုပါ ဟင်ဒီ လက်အောက် သွင်းပါတော့တယ်။
.
ကဲ ဟိန္ဒူတွေရဲ့သမိုင်းအစစ်အမှန်ကတော့ဒိလောက်ပါပဲ။
ခရစ်ယန်ရော မွတ်စလင်ရောရဲ့ ကျမ်းဟောင်းကလည်း ဟိန္ဒူကျမ်းထက် မနိမ့်တဲ့ အချိန်ကတည်းက ရှိခဲ့တာပဲ မဟုတ်လား။
.
ဒါပေမယ့် ဘုရားကလွှတ်တဲ့ တမန်ပွင့်တဲ့အချိန်က နေ စတင်ရေတွက်ရင် ခရစ်ယန်ရော မွတ်စလင်ရော ဗုဒ္ဓဘာသာရော ဂျူးဘာသာထက် နောက်ကျ တာပေါ့ …
ဒီလိုပဲ ဟိန္ဒူလဲ ၁၃ရာစုမှ စတင်အသက်ဝင်တာပါ။
.
ခရစ်ယန် မွတ်စလင်ထက်ပိုနောက်ကျပါတယ်။ ဒီလောက်ပါပဲ။
ကျိန်းသေတာ ဗုဒ္ဓပွင့်ချိန်က အင်နုမြစ်ကမ်းနဖူးက တံငါသည် တွေဟာ မီးကို ကိုးကွယ် နေတဲ့ လူရိုင်းတွေအဆင့်ပါ ။

...........................................
.
ဂျူးဘာသာက ဗုဒ္ဓထက်စောတယ်လေ။
.
★ ★ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာကနေ ခိုးချပါတယ် ဆိုတာလေးကို ဖြေပေး တာပါ အကို ။
ဗုဒ္ဓလက်ထက်တော်က ဟိန္ဒူမပြောနဲ့ အိန္ဒိယနိုင်ငံတောင်မပေါ်သေးတာကို ရှင်းပြနေတာပါ။ သမိုင်းကတော့ မဖျောက်ဖျက်သင့်ဘူးမဟုတ်လား

....................................
.
အမှန်တရားကိုလက်ခံတယ် ဆိုတာ ခိုးချတာလို့ ဆိုလိုခြင်း မဟုတ်။
နောက်တခု ဝေဒကျမ်းမှာ မီးပူဇော်ခြင်း လုံးဝ မပါရှိ။
၃၁ ဘုံး ၂၄ ပစ္စည်းတွေက ဟိန္ဒူဓမ္မကျမ်းများဖြစ်သော ဥပနီသျှတနှင့် ဒဿနိကကျမ်းတွေမှာ ပါရှိပြီးသာပါ။
ဗုဒ္ဓမြတ်စွာဘုရားသည် ဘယ်တော့မှ ဖန်ဆင်းရှင် ရှိသည် မရှိသည် အကြောင်း ကို ဟောထားတော်မူခြင်းမရှိပေ။ နောက်ပိုင်း ဗုဒ္ဓဝါဒီ ပညာရှင်များမှ ဖန်ဆင်းရှင် မရှိကြောင်းကို ဟောထား၏။ ကမ္ဘာ့သမိုင်း အကြောင်း ကောင်းကောင်းလေ့လာပါဦး။ ကျေးဇူးတင်ပါသည်။

.
★ ★ ဟုတ်ကဲ့ပါ ( ၃၁ ) ဘုံ ( ၂၄ ) ပစ္စည်းစတဲ့ ဗုဒ္ဓကျမ်းတွေ ရှိတာမဆန်းပါဘူး ။ ရောသမ မွှေထားတာမဟုတ်လား ။
.
ဖန်ဆင်းရှင်ကိုလက်မခံတဲ့ လောကမှာတစ်ခုထဲသော ၀ါဒဟာ ဗုဒ္ဓ၀ါဒပဲ ။ ဖန်ဆင်းရှင်ကို ထာဝရကို ယုံကြည်သူကို မိစ္ဆာဒိဌိ ( အသိမှား အယူမှားသူ ) လို့ အတန်တန်ပြောနေတာကို ဗုဒ္ဓက ဖန်ဆင်းရှင်ရှိမရှိ မဟောခဲ့ပါဘူး ဆိုတော့ ။ ထားပါတော့။

........................................
.
india လို့ နာမည်ရတာ နှစ်၇၀ လောက်ရှိသေးတာ။ အင်္ဂလိပ်တွေပေးခဲ့တာပါ။
အရင်က အာရိယဝရ်တ(aryavrat) (သို့) ဘာရတ်(bharat) လို့ခေါ်တာပါ။ လူရိုင်းလို့ ပြောချင်ရင် Mohenjo Daro မြို့(ယခု ပါကစ္စတန်) သိပ္ပံအထောက်အထားအရ နှစ်ပေါင်း ၅၀၀၀အရင်က ရှိခဲ့တဲ့ မြို့မှာ လူတွေ ဘယ်လိုအဆင့်အတန်ရှိရှိ နေလာတယ်ဆိုတာ လေ့လာစေလိုပါသည်။

.
★ ★ ဟိန္ဒူဘာသာ ကို စတင်းမျိုးစေ့ချ တည်ထောင်ပေးတဲ့ အင်ဒီးယား နှစ်ယောက်နာမည်ကို အရင်ပြောပြပါလား။
.
ဥပမာ ခရစ်ယန်ဘာသာကို စတင်တည်ထောင်သူ က St. Paul ဒီလိုပေါ့။
ဟိန္ဒူဘာသာ ဆိုတာကို စတင်အသုံးပြုတဲ့ ကျမ်းတွေပြုစုတဲ့ အင်ဒီးယား ကုလား ၂ယောက်ရှိတယ်။ အဲ့နှစ်ယောက်နာမည်ပြောပြပါလား ဟင် ။

...................................
.
Rosan Kumar သေချာမေး ပြီးမှဖြေမယ်
.
★ ★ ကျမပဲဖြေပေးပါ့မယ်
ရှရိ ကုမာရ လိလာဘတ္တနဲ့ ရှရီရှန်ကရကျာလယ တို့ပါ ။
တစ်ယောက်က နာလန္ဒဗုဒ္ဓတက္ကသိုလ်က ဆရာတော်ဟောင်းနဲ့ နောက်တစ်ယောက် ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

သူတို့ဟာ သာသနာတော်အပေါ်မှာကြီးမားတဲ့ အပြစ်တွေပြုခဲ့ပြီး လူဝတ်လဲခိုင်းကာ သာသနာတော်ကနေ နှင်ထုတ်ခံရတဲ့ သူနှစ်ယောက်ပါ။
.
ဗုဒ္ဓဘာသာဝင်တွေက သပိတ်မှောက်လိုက်တဲ့အတွက် သူတို့ဟာ အိန္ဒိယ တောင်ပိုင်း ထရစ်ဗန်ဒရမ်မြို့က ထွက်ခွာသွားပြီးနောက်မှာ ဗုဒ္ဓဘာသာကို အမြစ်ဖြတ်ဘို့ သစ္စာပြုလိုက်ပါတယ် ။

ရှရီ ရှန်ကရကျာလယဟာ အနစ္စကဘုရင်ရဲ့ မိဖုရားကို သူ့ဘက်ပါအောင်ဆွဲဆောင်ပြီး အနစ္စကဘုရင်ကို အဆိပ်ကျွေးသတ်ခဲ့ပါတယ်။
မိဖုရားကြီးနဲ့ နန်းတွင်းက ဗြဟ္မဏတွေရဲ့ အကူအညီနဲ့ သူကမင်းဆရာဖြစ်လာတယ် ။ ဟိန္ဒူ အယူဝါဒဆိုင်ရာ အကြီးအကဲဖြစ်လာတယ်။

ရှရီရှန်ကရကျလယဟာ မိဘုရားကြီးထံက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ နဲ့ ဥပသကာ ဥပသိကာ တွေကို ကွက်မျက်ခွင့် ရအောင်ယူပြီး
ကွက်မျက်ခွင့် ရတဲ့အချိန်ကစလို့ နှစ်ပေါင်း ( ၂၅ ) နှစ်အတွင်း ၊ဗုဒ္ဓဘာသာဝင် ရဟန်း နှစ်သန်းကျော်နဲ့ ဗုဒ္ဓဘာသာဝင်မြောက်များစွာကို ရက်ရက် စက်စက် သတ်ဖြတ် ကွက်မျက်လိုက်တဲ့အတွက် နောက်ဆုံး ဗုဒ္ဓဘာသာဟာ အိန္ဒိယနိုင်ငံကနေ ပျောက်ကွယ်သွားရပါတော့တယ်။
.
သူဟာ ဝေဒန္တ သာသနာထူထောင်ဘို့ လိုအပ်တဲ့အချက် အလက် တွေကို ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဟောင်း ရှရီကုမာရလိလာဘတ္တ ဆီကရပါတယ်။
.
အဲ့တာတွေကတော့ ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ် ထဲက တရား တွေဖြစ်ပြီး ၊ မဇ္ဈိမနိကယ်နဲ့ တစ်ထပ်ထဲဖြစ်ပါတယ်။
ဟိန္ဒူ ဘာသာဝင်တွေက ရှရီ ရှန်ကာရကျလယကို ဝေရောဓနဗုဒ္ဓ ( ရုပ်ဖျက်ထားတဲ့ ဗုဒ္ဓ ) လို့ခေါ်ကြပါတယ်။
.
ရှေးဟောင်း ဗြဟ္မဏကျမ်းတွေဖြစ်တဲ့ -
ရစ်(ဂ်) ဝေဒ
အတ္ထာရ၀ ဝေဒ
ဇယ ဝေဒ
သာမ ဝေဒ
ပဉ္စ ဝေဒ
ခုဒ္ဒဂီတ
ဘဂ၀ါဂီတ
မဟာဘာရတ
ရာမာယန
ဥပနိသျှ
ပူရာဏ်
စတဲ့ ဟိန္ဒူတွေ ခိုးယူထားတဲ့ ဗုဒ္ဓလက်ထက်တော် အခါက ဗြဟ္မဏ ၀ါဒီတွေရဲ့ ကျမ်းတွေ မှာ ဗုဒ္ဓ၀ါဒတွေကို မတွေ့ရပဲ ....
.
ရှေးဟောင်း ဗြဟ္မဏကျမ်းတွေကို ခိုးယူပြီး ဟိန္ဒူ ၀ါဒကို အုတ်မြစ်ချ တည်ထောင်သူ ရှန်ကရ ကျာလယ ဆိုတဲ့ ဟိန္ဒူဆရာပြုစုခဲ့တဲ့ ဝေဒန္တ ကျမ်းမှာသာ ဗုဒ္ဓတရားတော်တွေကို တွေ့ရတာဖြစ်တာဖြစ်ပါတယ်။
.
ကဲဒီလောက်ဆို ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာကနေ ခိုးယူထားတာ မဟုတ်ဘူးဆိုတာ ရှင်းသွားပြီထင်ပါတယ်။

.
Notes ....
တည်ထောင်သူ - ရှီးဝါး( မှားနေပါတယ် ၊ ရှင်ပြောတာ မဟာသီဝ နတ်မင်းကိုပြောနေတာပါ )
.
စတင်ပေါ်ပေါက်ရာဌာန - အိန္ဒိယပြည် ( ဗုဒ္ဓလက်ထက်က အိန္ဒိယပြည် မပေါ်သေးတဲ့အတွက် ဟိန္ဒူဘာသာဆိုတာ ဗုဒ္ဓဘာသာထက်အများကြီးနောက်ကျတယ်ဆိုတာ သက်သေပါပဲ)
.
ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ ( နတ်တွေပါ ၊ ပုဂ္ဂိုလ်မဟုတ်ပါဘူး)
.
ပဓာန ကျမ်းဂန် - ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ ( ဒီကျမ်းတွေမှာ ဓမ္မခန္တာပေါင်း ရှစ်သောင်းလေးထောင် တဲ့က တစ်ကြောင်းမှ မပါ ပါဘူး )
.
.
ချမ်းမြေ့ကြပါစေရှင် ….
.
.