Thursday, June 15, 2017

ဘာသာခြားတွေဖတ်ရင် အစပိုင်းမှာနားလည်သလိုလိုနဲ့ နောက်ပိုင်းဘာမှမသိတာ ဗုဒ္ဓဘာသာရဲ့ အားနည်းချက်တဲ့

မောင်လေး ညီမလေးတို့ရေ …
ကိုပီတာ ဆိုတဲ့ ဘာသာခြား တစ်ယောက်ပြောထားတာလေးကို ပြန်ဖြေရှင်း ထားတာပါ။
ဖတ်ကြည့်နော် …။
ခရီးကပြန်လာပါပြီ ဗုဒ္ဓလက်ထက်တော်က သုဝဏ္ဏသာမ လို့တင်စားတဲ့ ရဟန္တာ တစ်ပါး အကြောင်းနဲ့ တရားတော်အချို့ အစချီရေးနေပါတယ်။

.
ဒီတစ်ခါတော့ ဗုတွေကို တည့်တည့်ပဲပြောချင်တယ်။
Buddism မှာ တရားဓမ္မတွေကို ဘာသာစကားဝေါဟာရနဲ့ ဖလှယ်ပုံဖော်ရာမှာ အားနည်းချက်များအလွန်ရှိနေပါတယ်။ တိကျတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့အလွန်ခက်နေပါတယ်။ အစကနဦးလေ့လာသူတစ်ယောက်အဖို့ အစပိုင်းတွင်နားလည်သလိုလိုဖြစ်သော်လည်း ဆက်လက်လေ့လာ လာသောအခါ ရှုပ်ထွေးမှုများစွာဖြစ်ပေါ်ကြုံ တွေ့လာပါတယ်။ နောက်ဆုံးအဓိပ္ပါယ်ကို အတည်ပြု ချင်တဲ့အခါ ဘယ်သူ့၊ ဘယ်ဘုန်းကြီးဆီသွားရောက်မေးမြန်းရမလဲ၊ ဘယ်သူဘယ်ပုဂ္ဂိုလ်ရဲ့လမ်းညွန်သင်ကြားမှုကို အတည်ယူရမလဲဆိုတာလဲ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ အဲတာ Buddism ရဲ့အားနည်းချက်အကြီးကြီးတစ်ခုလို့ပြောချင်ပါတယ်
.
မှတ်ချက်။ ဘာသာရေးစော်ကားလိုခြင်း ရည်ရွယ်ချက်မဟုတ်ပါ။ ဝေဖန်ခြင်းသာဖြစ်ပါသည်။ အကယ်၍ ဤကျွန်တော့် ပို့စ်သည် buddism အပေါ်စော်ကားသောသဘောသက်ရောက်နေပါက ပြောပါ။ ဆိုပါ။ ပို့စ်ကို ၂၄ နာရီအတွင်း ဖျက်ပါ့မည်။ ကျွန်ုပ်ကိုယ်တိုင်ပို့စ်ကို ဖျက်မရပါက gp admin တစ်ယောက်ယောက်ကို တောင်းပန်၍ ပို့စ်ကို ဖျက်ခိုင်းပါမည်။ ဆဲဆိုရုံ ဆဲဆိုပါက ပို့စ်ကို ဖျက်မည်မဟုတ်ပါ။ ဆဲဆိုသူကိုသာ block ပါမည်။
အားလုံးကို လေးစားပါသည်။
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
(((((ဒီတစ်ခါတော့ ဗုတွေကို တည့်တည့်ပဲပြောချင်တယ်။
Buddism မှာ တရားဓမ္မတွေကို ဘာသာစကားဝေါဟာရနဲ့ ဖလှယ်ပုံဖော်ရာမှာ အားနည်းချက်များအလွန်ရှိနေပါတယ်။ တိကျတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့အလွန်ခက်နေပါတယ်။ )))))

.
★ ★ ★ ★ ဗုဒ္ဓ၀ါဒဆိုတာ အဆုံးအမ ဗုဒ္ဓရဲ့အဆုံး အမ လောကရဲ့ သစ္စာတရား လောကရဲ့ အမှန်တရားကို လူတွေရဲ့ အသိစိတ်ထဲရောက်အောင် မီးမောင်းထိုးပြပြီး သံသရာက လွတ်မြောက်ကြောင်းကို ကျင့်ကြံရတဲ့ ၀ါဒဖြစ်ပါတယ်။
.
သူနဲ့ထိုက်သင့်တဲ့ သိမှု အဆင့်ဆင့်သိအောင်လုပ်မှရပါတယ်။
ယုံကြည်တယ် တစ်ယောက်နဲ့ တစ်ယောက်ချစ်ရမယ် ကျန်တာ ထာဝရက အားလုံးလုပ်ပေးလိမ့်မယ် ။
.
ယုံကြည်ယုံနဲ့ရပြီ အားလုံးရဲ့မကောင်းမှုတွေ အစားအသေလာခံတဲ့လူ ထာဝရက လွှတ်ပေး လိမ့်မယ် ဆိုပြီး ဒီလောက်နဲ့ ရပ်သွားတဲ့ဘာသာမဟုတ်တဲ့အတွက် ။ ယုံကြည်တယ်ဆိုတာနဲ့ ကိစ္စပြီးသွားသလောက်တော့မလွယ်ဘူးပေါ့။
.
ယုံကြည်လိုက် အေးဆေးသေလိုက် ဘယ်အချိန်လဲမသိဘူး ထာဝရ အသက် ရလိမ့်မယ် ဆိုတာလေးနဲ့ လောကမှာတာဝန်ကျေပြီလို့ ထင်နေတဲ့သူတွေအတွက်ခက်ပါလိမ့်မယ်။

.
((((အစကနဦးလေ့လာသူတစ်ယောက်အဖို့ အစပိုင်းတွင်နားလည်သလိုလိုဖြစ်သော်လည်း ဆက်လက်လေ့လာ လာသောအခါ ရှုပ်ထွေးမှုများစွာဖြစ်ပေါ်ကြုံ တွေ့လာပါတယ်။ )))))
.
★ ★ ဒါလဲမှန်တာပဲ ဥပမာပေါ့ သူငယ်တန်းမှာ က။ ခ။ ဂ ။ ဃ။ င သင်လာတယ် ရေးတတ် နေတယ် … ညအခါ လသာသာ ပေါင်းတတ်နေယုံနဲ့ နှလုံးခွဲစိတ်နည်း ဓါတုဗေဒ ဓါတ်ငွေ့ ထုတ်ဖော် နည်း ဟိုက်ဒြိုဂျင်ဗုံးလုပ်နည်း ငါဘာလို့မသိရတာလဲ မြန်မာဘာသာက အလကား ပါကွာ လို့ သွားပြောလို့မရဘူးလေ။
.
သူနဲ့ထိုက်တန်တဲ့ အသိရှိအောင် အဆင့် ဆင့် တတ်မှ သူနဲ့ထိုက်တန်တဲ့ အသိရှိမှရတော့မပေါ့။

.
(((((( နောက်ဆုံးအဓိပ္ပါယ်ကို အတည်ပြု ချင်တဲ့အခါ ဘယ်သူ့၊ ဘယ်ဘုန်းကြီးဆီသွားရောက်မေးမြန်းရမလဲ၊ ဘယ်သူဘယ်ပုဂ္ဂိုလ်ရဲ့လမ်းညွန်သင်ကြားမှုကို အတည်ယူရမလဲဆိုတာလဲ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ))))
.
★ ★ ရှင် ၁၀တန်းအောင်တဲ့သူဖြစ်ရင်တော့ နယူတန်နိယာမ အိုင်းစတိုင်းရဲ့ ရီလေးတစ်ဗတီကို သိချင်ရင် အထက်တန်းပြဆရာတိုင်း ရှင်နားလည်အောင်ရှင်းပြနိုင်ပါတယ်။
.
ရှင်က ညအခါ လသာသာ ပေါင်းတတ်ယုံနဲ့ အိုင်စတိုင်းက အလကားပါကွာ ဘာမှနားမလည် ပါဘူးပြောနေတာတော့ ရှင့်ရဲ့ အသိနည်းမှုပဲပေါ့ ။ ဗုဒ္ဓ၀ါဒကလဲဒီတိုင်းပါပဲ။
.
ရှင့်မှာ ရှင်မေးတဲ့မေးခွန်းနဲ့ ထိုက်တန်တဲ့အသိ သို့မဟုတ် ပါရမီ ရှိတယ်ဆိုရင် ရှင်မေးတာကို ဘယ်ရဟန်းတော်မဆို နားလည်အောင်အောင် ရှင်းပြပါလိမ့်မယ်။
.
ဗုဒ္ဓရဲ့တရားတော်များဟာ အစ အလယ် အဆုံး သုံးပါးလုံး အပို အလို မရှိ ပြည့်စုံတော်မူပါတယ်။
.
ဒါကြောင့် ပိဋကတ်တော်အပါအ၀င် ဗုဒ္ဓအဆုံးအမများဟာ လိုလို့ထပ်တိုးရတာမရှိ၊ မရသလို ။ပိုလို လျှော့ပြစ်ရတာ မရှိသလို ရလဲမရပါဘူး။
.
ဘာသာခြားတွေက မိမိတို့ကျမ်းတွေလိုထင်ပြီး ဗုဒ္ဓတရားတော်တွေက ပြင်တယ် ဘာတယ် ပြောတဲ့ အခါ တစ်ကယ့်ကျမ်းတတ်ကိုယ်တော်တွေက ဘာမှမဖြေရှင်းပဲ ရယ်နေကြတာဟာ ဒီအကြောင်းကြောင့်ပါပဲ ။
.
ပြင်ရင် တိုးရင် လျှော့ရှင် ၄၉ကျမ်းလုံး ကမောက်ကမဖြစ်သွားပါတယ်။
ဗုဒ္ဓကျမ်းဂါန်တွေဟာ အဲ့ဒိလောက်အထိ တိကျပါတယ်။
.
ရှင်က အပြုသဘောနဲ့ တင်တာ မဟုတ်တဲ့အတွက် ရှင်နားလည်လည်း မလည်ဘူးပြောမှာပါ ။
.
ရှင်နားမလည်ပေမယ့် ဒီပိုစ့်ကို ဖတ်နေတဲ့ မိရိုးဖလာထက်နိမ့်တဲ့ ဗုဒ္ဓဘာသာဝင်ခလေးတွေ တောင် ကျမရေးတာ ရှင်းလင်းစွာနားလည်ကြမှာပါ … သူတို့လိုနားလည်ဘို့ဆိုရင်တော့ ရှင်မူကြိုဘ၀က တက်မှရလိမ့်မယ်။

.
(((အဲတာ Buddism ရဲ့အားနည်းချက်အကြီးကြီးတစ်ခုလို့ပြောချင်ပါတယ် )))
.
★ ★ ဗုဒ္ဓကိုယ်တော်တိုင်က ဧဟိပဿိကော - လာပါ လေ့လာပါ ကြိုက်သလောက် စောဒက တက်ပါ စိတ်တိုင်းကျမှ ကျင့်ကြံပါလို့ စိန်ခေါ်ထားတဲ့ ဘာသာဟာ လောကမှာဗုဒ္ဓဘာသာ တစ်ခုပဲ ရှိပါတယ်။
.
ဗုဒ္ဓ၀ါဒမှ အဖြေမရှိတဲ့ ပုစ္ဆာ မရှိပါဘူး ။ ဒါကျိန်းသေပါတယ်။
.
ဘာသာရေးနဲ့ပါတ်သက်ရင် မိမိကိုယ်ပိုင်ဥါဏ် ဥဏှောက်ကို အသုံးမပြုနှင့် လို့ ပညတ်ထားတဲ့ ဘာသာက ဗုဒ္ဓဘာသာမဟုတ်ပါဘူးအကို။
.
ဗုဒ္ဓဘာသာမှာအားနည်းချက်ဆိုတာ မရှိပါဘူး။
ဗုဒ္ဓ တရားတော်တွေမှာ ရှေ့နောက်မညီတာ မရှိပါဘူး ခုတစ်မျိုး တော်ကြာ တစ်မျိုး မရှိပါဘူး။
.
ဘာလို့လဲဆိုရင် ဘုရားရှင်တို့မည်သည် စကားကို နှစ်မျိုး နှစ်ခွမပြောလို့ပါပဲ။
ဧကောဓမ္မောပါ အကို ။

.
အဲတော့ငါက ပို့စ်ကိုဖျက်ရမလား ဖျက်လို့တစ်ယောက်ယောက်ကပြောရင် ၂၄ နာရီအတွင်း ဖျက်ပေးမယ်ဘာကြောင့်ဖျက်ခိုင်းလဲထပ်မမေးဘူး
အိုခေ?

.
★ ★ ရှင်ဖျက်တာ မဖျက်တာရှင့်သဘော မဟုတ် မမှန်တာကို အမှန်ပြန်ရှင်းပြရမှာက ကျမတို့ တာဝန်လေ။ ကျမပြောပြီးပါပကော ဗုဒ္ဓဘာသာမှာ အဖြေရှိပါတယ်လို့ ။
.
နောက်ပြီး ကျုပ်က buddism ရဲ့ တရားအနှစ်တွေကို ဘာဖြစ်တယ်ဘ။ညာဖြစ်တယ် (တရား ကို ပုတ်ခတ်ပြောတာ ဘာတစ်ခုမှမပါဘူး)
.
★ ★ ဟုတ်ပါတယ် ပုတ်ခတ်တာ မပါပါဘူးအကို ။
.
ဒါပေမယ့် ရှင်ဒီလိုတင်တာကိုက အခုမှ အွန်လိုင်းတက်ခါစ အွန်လိုင်းဆိုတာကြီးကို အထင်ကြီးတဲ့ မသိနားမလည်တဲ့ မိရိုးဖလာထက်နိမ့်တဲ့ ဗုဒ္ဓဘာသာဝင် ခလေးတွေ သာသနာတော် အပေါ် ထင်ယောင် ထင်မှား ဖြစ်စေတယ်လေ ။
.
အဲ့ဒီလို ထင်ယောင်ထင်မှား မဖြစ်အောင် ဗုဒ္ဓဘာသာဝင်ဖြစ်ရတာကို ဂုဏ်ယူတတ်အောင် သာသနာတော် ရဲ့ အနှစ်သာရကို ၀င်ရှင်းပြတာပါ။
.
ရှင့်ကို ရှင်းပြနေတာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ အကိုက ဗုဒ္ဓဘာသာကို စိတ်ဝင်စား လို့မေးတာမှ မဟုတ်ပဲ ။
အားနည်းချက်တစ်ခုတော့တွေ့ပြီ ပိုင်ပြီဆိုပြီး ထောက်ပြ တဲ့ သဘော ရေးတာပဲလေအကို ။
.
ဒါပေမယ့် ဒီအတွက် ကျမက ရှင့်ကိုကျေးဇူးတင်ပါတယ် အကိုတော်။
ရှင်ဒီလိုထောက်ပြတဲ့ အတွက် ကျမက သာသနာတော်နဲ့ ဆိုင်တဲ့ အမှန်တရားတစ်ခု အနှစ်သာရ တစ်ခုကို ခလေးတွေကို ရှင်းပြခွင့် ရတယ်လေ မဟုတ်ဘူးလားအကို။
.
မှတ်ထားအကို ဗုဒ္ဓ၀ါဒဆိုတာ တစ်လှမ်းလျှောက်ရင် အလံတစ်ရာကို မိမိကိုယ်တိုင် လက်တွေ့ ကြိုတင် လှမ်းမြင်နေရပါတယ်။
.
သေပြီးမှ မဟုတ်ပါဘူး …
.

ချမ်းမြေ့ကြပါစေရှင် …

1 comment:

  1. သင့်တော်မှန်ကန်လှပါသည်။ ဗုဒ္ဓဘာသာကို ဘုန်းကံကြီးမားသူတို့သာလျှင် မှီခိုခွင့်ရကြပြီး ၊ ဗုဒ္ဓ၏တရားတော်များကိုလည်း ဉာဏ်ပညာကြီးမားသူတို့သာလျှင့် လေ့လာသင်ကြားဆည်းပူး နားလည်ခွင့်ရကြ၏။

    ReplyDelete