Sunday, April 27, 2014
သာသနာတော် အလံ
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံ၏ ကဆုန်လပြည့် (ဗုဒ္ဓနေ့)  တွင် ပထမဦးဆုံး စတင်အသုံးပြုခဲ့ပါတယ် ...
တီထွင်သူ အစစ်
သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဖြစ်ပါတယ် ....
ဒါပေမယ့်  အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene)က အမှန်တစ်ကယ်တည်ထွင် အကြံပေးခဲ့တာဖြစ်ပါတယ် ...။
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ 
အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ် အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်း ခဲ့ပြီး ဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာ လိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။
 အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ 
ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 
အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ 
ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ 
((( ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။)))
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ 
ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ 
ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေး များ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ 
ထိုအသင်းတွင် ဟင်နရီစတီး အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ 
စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့် အင်တိုက် အား တိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန်  ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြု ၍ သာသနာတော်အလံ တီထွင်ရန်” အကြံပေး တင်ပြခဲ့သည်။ 
၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော် မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ 
၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ 
သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ 
သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓ သာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ 
အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ (၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ 
သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင် ရွက် ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာမထေရ် သည် ၁၉၅၀ ပြည့်နှစ် တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာဆထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။
 မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့ အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ 
၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃ အစည်း အဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃ မဟာနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်သော်
  နီလ = အပြာရင့်ရောင်
  ပီတ = အ၀ါရင့်ရောင်
  လောဟိတ = အနီရောင်
  သြဒါတ = အဖြူရောင်
  မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
  ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် 
အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်ဖြစ်သည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်
(က)အခါကြီး ရက်ကြီးများ
 ကဆုန်လပြည့် (ဗုဒ္ဓနေ့)
 နယုန်လပြည့် (မဟာသမယနေ့)
 တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
ဝါဆိုပွဲတော် အခမ်းအနား
အဘိဓမ္မာအခါတော်နေ့
ကထိန်ပွဲတော်
ရဟန်းခံရှင်ပြုပွဲ
ဆွမ်းကြီးလောင်းလှူပွဲ
စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
ဘုရားထီးတင်ပွဲ
ဗုဒ္ဓပူဇနိယပွဲတော်
အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
သံဃာ့အစည်းအဝေး
သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း
 အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ
အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်
History
The flag was originally designed in 1885 by the Colombo Committee, in Colombo, Sri Lanka.
The committee consisted of Ven. Hikkaduwe Sri Sumangala Thera (chairman),
Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (father of Anagarika Dharmapala),
Andiris Perera Dharmagunawardhana (maternal grandfather of Anagarika Dharmapala),
Charles A. de Silva, Peter De Abrew, William De Abrew (father of Peter),
 H. William Fernando, N. S. Fernando and
Carolis Pujitha Gunawardena (secretary).
This flag was published in the Sarasavi Sandaresa newspaper of 17 April 1885 and was first hoisted in public on Vesak day, 28 April 1885 at the Dipaduttamarama, Kotahena, by Ven. Migettuwatte Gunananda Thera.
This was the first Vesak public holiday under British rule.
Colonel Henry Steel Olcott, an American journalist, founder and first president of the Theosophical Society, felt that its long streaming shape made it inconvenient for general use.
He therefore suggested modifying it so that it was the size and shape of national flags.
Modifications were made accordingly, which were adopted. The modified flag was published in the Sarasavi Sandaresa of 8 April 1886 and first hoisted on Vesak day 1886.
In 1889 the modified flag was introduced to Japan by Anagarika Dharmapala and Olcott—who presented it to the Emperor—and subsequently to Burma.
At the inaugural conference of the World Fellowship of Buddhists on 25 May 1950, its founder President Professor G P Malasekera proposed that this flag be adopted as the flag of Buddhists throughout the world; this motion was unanimously passed.
Colours
The six vertical bands of the flag represent the six colors of the aura which Buddhists believe emanated from the body of the Buddha when he attained Enlightenment:
Blue (Nīla): Loving kindness, peace and universal compassion
Yellow (Pīta): The Middle Path – avoiding extremes, emptiness
Red (Lohita): The blessings of practice – achievement, wisdom, virtue, fortune and dignity
White (Odāta): The purity of Dharma – leading to liberation, outside of time or space
Orange (Manjesta): The Buddha's teachings – wisdom
The sixth vertical band, on the fly, is made up of a combination of rectangular bands of the five other colours, and represents a compound of the other five colours in the aura's spectrum. This compound colour is referred to as Pabbhassara ('essence of light').
Saturday, April 26, 2014
မာလုကျပုတ္တ သုတ္တံ
ဗုဒ္ဓမြတ်စွာသည်..သာဝတ္တိပြည်  ဇေတဝန်ကျောင်း၌ သီတင်းသုံး  နေတော်မူစဉ်..
အရှင်မာလုကျ ပုတ္တရဟန်းသည်.. ဆိတ်ငြိမ်ရာအရပ်၌..နေလျက်.....
၁..လောကသည်..ဆက်တွဲသလော
၂..လောကသည်..မဆက်တွဲသလော
၃..လောကသည်..အဆုံးရှိသလော
၎..လောကသည်..အဆုံးမရှိသလော
၅..အသက်သည်ပင်..
ခန္ဓာကိုယ်ဖြစ်သလော..
၆..အသက်ကတခြား..ခန္ဓာက
တခြားဖြစ်သလော....
၇..သတ္တဝါသည်..သေပြီးနောက်
ဖြစ်သလော:-) .
၈..သတ္တဝါသည်..သေပြီးနောက်
မဖြစ်သလော..
၉..သတ္တဝါသည်..သေပြီးနောက်
ဖြစ်သည်လည်းရှိ..မဖြစ်သည်လည်း
ဖြစ်သလော..
၁၀...သတ္တဝါသည်..သေပြီးနောက်
ဖြစ်သည်ဟုလည်းမဆိုနိုင်..
မဖြစ်သည်ဟုလည်းမဆိုနိုင်သလော..
ဤအကြောင်းတရားများနှင့်..  ပတ်သက်၍.မြတ်စွာဘုရားသည်  .....  ငါ့အား..မဟောကြားပေ..
မဟောကြားခြင်းကြောင့်..  ငါမနှစ်သက်..သဘောမကျ.. ... မြတ်စွောဘုရားအား..ဤ အကြောင်းများကို..
မေးလျှောက်မည်..အကယ်၍ ဖြေဆိုခဲ့သော်..မြတ်.စွာဘုရားထံ၌  အကျင့်မြက်ကိုဆက်လက်ကျင့် 
သုံးမည်...  မဖြေဆိုနိုင်ခဲ့သော..သိက္ခာချ၍  လူဝတ်လဲတော့မည်..ဟု ကြံစည်ကာ... မြတ်စွာဘုရား ထံ 
သွား၍..မိမိ၏ ကြံစည်ချက်ကို.လျှောက်ထား ပြီးလျှင်....
.မြတ်စွာဘုရား .....  အသျှင်မြတ်စွာသည်.. ရိုးသားစွာဝန်ခံပါ..
ဤသို့..ရိုးသားစွာ..ဝန်ခံခြင်းသာ လျှင်ဖြောင့်မတ်သော သဘောတရား ဖြစ်ပါသည် ဟု..    လျှောက် 
ထား၏.....
ထိုအခါ ... ဗုဒ္ဓမြတ်စွာဘုရားက ... ..
မာလုကျပုတ္တ...ငါသည်သင့်အား  ဤအကြောင်းတရားများကို ဟောကြားမည်..ငါ့ထံ၌..
မြတ်သောအကျင့်ကိုကျင့်သုံးလှည့်  ဟူ၍လည်းဝန်ခံဖိတ်ခေါ်ခြင်းမ ရှိချေ....
သင့်ကလည်း.  ဤအကြောင်းများကို.. ဟောကြားခဲ့သော်....  မြတ်စွာဘုရားထံ၌..  မြတ်သောအကျင့်...
ကျင့်မည်ဟူ၍.. လျှောက်ထားခြင်းမရှိချေ..
ထိုကြောင့်..ဤအကြောင်းတရားကို ဘယ်သူကကတိထားခဲ့၍  ဘယ်သူကတောင်းပန် ခဲ့သောကြောင့်
ဟောကြားရမည်နည်း...
..မာလုကျ...ဥပမာအားဖြစ်.. အဆိတ်လူးမြှားစူးဝင်ခံနေရသော သူတစ်ယောက်သည်..ဆွေမျိုး
ဥာတိတို့က..ဆေးဆရာကိုခေါ် ဆောင်ပေးပါလျှက်နဲ့...  မြှားပြစ်သူသည်..မည်သို့..
သောသူပေနည်း...  
လေးသည်..ဒူးလေးလား.လော လင်းလေးလော..လေးညို့သည် မည်သည့်လျှောမျိုးနည်း..
မြှားသည်..မည်သည့်အသားမျိုးနည်း မြှားရွက်သည်..မည်သည့်  ငှက်တောင်မျိုးနည်း..မြှား၏
အရှိန်သည်..နှေးသလော.... မြန်သလော..မည်မျှစူးဝင်အား  ရှိသနည်း..ဟု...    ခွဲခြားမသိရသေး 
သမျှ...... ငါသည်...မြှားကိုမနှုတ်ဟု...ဆို ချေသော် ... 
ထိုကြောင်းအရာများကို မသိသေးမီ....ထိုပုဂ္ဂိုလ်သည်.. သေတန်ရာ၏..ဟု...ဟောတော် မူခဲ့သည်
မာလုကျပုတ္တ......လောကသည် ဆက်တွဲ၏စကားစသော.အယူ ရှိလတ်သော..မြတ်သောအကျင့်
ကိုကျင့်သုံးခြင်းသည်..မဖြစ်နိုင်ပေ.
လောကသည်ဆက်တွဲ၏စကား အယူရှိသော၎င်း..ဘဝ၌ဖြစ်ခြင်း  အိုခြင်း. .သေခြင်း.. စိုးရိမ်ပူဆွေ
ငိုကြွေးခြင်း. ကိုယ့်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းတို့သည်.. ထင်ရှားရှိကုန်၏..
ငါသည်...ထိုဖြစ်ခြင်း.အို..သေ.. စသောဆင်းရဲးတို့ကို..ယခု... မျက်မှောက်၌ပင်..ဖျက်ဆီးရမည်
ဟု.......ငါပညက်သည်.......
လောကသည်ဆက်တွဲးသည်  မဆက်တွဲးသည်..စသောအကြောင်း တို့သည်..အကျိုးစီးပွားနှင့်မစပ်
အကျင့်မြတ်၏..အခြေခံမဟုတ်
ဘဝဆင်းရဲး၌..ငြီးငွေခြင်း.. စွဲကပ်မှုကင်းခြင်း.ဘဝဆင်းရဲးတို့မှ ချုပ်ငြိမ်းခြင်း.ဘဝဆင်းရဲးကို..
ထိုးထွင်းသိမြင်ခြင်း..ငြိမ်းအေးခြင်း ငှါ.မဖြစ်ပေ.......
ထို့်ကြောင့်..ငါမဟော............ မဟောသည်းတိုင်းမှတ်ဆောင်ကြ ... သစ္စာတရားလေးပါးသည်ကာ
အကျိုးစီးပွားနှင့်လည်းစပ်..အခြေခံလည်းဖြစ်..
ဘဝဆင်းရဲး၌  ငြီးငွေခြင်း...အစွဲကွာခြင်း..  ဘဝဆင်းရဲးချုပ်ငြိမ်းခြင်း...... ဘဝဆင်းရဲးကိုထိုးထွင်းသိမြင်
ခြင်း...ငြိမ်းအေးခြင်းငှါ.ဖြစ်သောကြောင့် ...... ငါဟောတော်မူ၏.......
မှတ်ချက်......
((( ဤသုတ်က..ဗူဒ္ဓဟောသော တရားနှင့်..... မဟောသောတရားတို့ကို.. ခွဲခြားသိနိုင်ရန်တိုင်းတာရမည်..
ဟုတင်ပြလိုက်ပါသည်...... ))))
......မာလုကျပုတ္တသုတ္တံ.......
.........မဇ္ဇျိမနိကာယ...........
သာဝတ္ထိပြည်.ဇေတဝန်ကျောင်း
၌ဟောသောတရား.....
အားလုံးကျေးဇူးတင်ပါသည်..
N.N.T..2010
.....
ဒေးဒရဲမြို့..ကွင်းကျောင်းတိုက်..
Tuesday, April 22, 2014
ဘိက္ကူ နီများ သာသနာတော်ပါဝင်ခြင်း
Tun Ko အမ ရေ အားရင် ဘိက္ကူ နီမ တွေ့ကို သာသနာ မှာ ပါ ဝင် ခွင့် ပြု ရင် တာ ရှည် မခံဘူးလို့ ဟော တာ ရှိ မရှိ
ရှိ ရင် လည်း ဘယ် လို အပြစ် ကြောင့် ဆို တာ ပြောပြ ပေးပါ နော်
★ ★ အင်္ဂုတ္တရနိကာယ၊ဂေါတမီဝဂ်၊ ဂေါတမီသုတ်မှာ ဗုဒ္ဓက.....
အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့အတွက်ကြောင့် တစ်ကယ်လို့ ငါဘုရား သာသနာတော်ဟာ အနှစ် ( ၁၀၀၀ ) တည်မယ်ဆိုရင် .... အနှစ်ငါးရာသာ တည်လိမ့်မယ်။
အကယ်၍ ဘိက္ခူ နီ တွေဟာ .... ယ္ခု ငါဘုရားပြဌါန်းတဲ့ ဂရုဓံတရား ( ၈ ) ပါးကို တိတိကျကျ လိုက်နာမယ်ဆိုရင် .... သာသနာတော်ဟာ .... အနစ်တစ်ထောင် တည်မယ် ဆိုရင် ... အနှစ်တစ်ထောင်အတိုင်း ... အနှစ်တစ်သောင်းတည်မယ်ဆိုရင် ...အနှစ်တစ်သောင်းအတိုင်း တည်ပါလိမ့်မယ် လို့ ပြောတာပါ ....။
(ယ္ခု ဂရုဓံတရား ရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့ အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါ ပါဠိတော်မှာ ဟောတော်မူ ထားတာ ရှိပါတယ်။
ဂရုဓံတရားရှစ်ပါးပြဋ္ဌာန်မှုရဲ့ အရေးပါပုံ ကို သိစေချင်လို့ ဥပမာပေးတာပါ အကယ်၍ ဂရုဓံတရားရှစ်ပါး မပြဋ္ဌာန်းဘူးဆိုရင် ၁၀၀၀တည်မယ့် သာသနာဟာ ၅၀၀ပဲတည်လိမ့်မယ်လို့ဟောတာဖြစ်ပါတယ်ရှင်။
((((အနှစ် ၁၀၀၀ ဆိုတဲ့စကားဖြစ်ပေါ်လာကတော့ အမျိုးသမီးများ သာသနာဝင်လာတဲ့ ဂရုဓံရှစ်ပါးကို အကယ်၍ မပြဋ္ဌာန်းပါလျှင် သာသနာ ၁၀၀၀ တည်မည်ဆိုပါက ၅၀၀ သာတည်လိမ့်မည်။ ဂရုဓံရှစ်ပါးပြဋ္ဌာန်းလိုက်တဲ့အတွက် ၅၀၀ တည်မည့်သာသနာဟာ ၁၀၀၀ တည်လိမ့်မည်လို့ ဂရုဓံ ရှစ်ပါးပြဂဋ္ဌာန်းမှုရဲ့ အရေးပါ အရာရောက်တာကို သိစေလို၍ ဟောကြားတာဟု မသေမချင်း မှတ်ပါလေ။ Ashin kondanna )))))
https://www.facebook.com/photo.php?fbid=1413675018865233&set=pb.100006682441171.-2207520000.1396452237.&type=3&theater
  • Ba Wa Tit မြတ်စွာဘုရားရှင်သည် ဘိက္ခူနီသာသာနာအတွက် ဂရုဓံ (၈) ပါးကို ပညတ်ခဲ့ပါသည်။
    ၁။ ရဟန်းမသည် ၀ါတစ်ရာပင်ဖြစ်စေ။ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ခရီးဦးကြိုပြုရမည်။ အရိုအသေပေးရမည်။ 
    ၂။ ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ ၃။ ရဟန်းသံဃာထံသို့ လပြည့်လကွယ်နေ့တိုင်း ဥပုတ်အမေး သွားရမည်။ 
    ၄။ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့်ရဟန်းမ သံဃာ နှစ်ရပ်စလုံး၌ ကိုယ်တိုင်မြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာ ရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရမည်။ 
    ၅။ ဂရုကံ အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။ 
     ၆။ ၀ိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။ 
    ၇။ မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွားခြင်းမပြုရ။ 
    ၈။ ဤယနေ့မှစ၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုနိုင်ခွင့် မရှိပေ။ သို့သော် ရှေးရှေးက မထေရ်များသည် ဤသို့သော သင်္ကန်းဆိုင်ရာ ကျင့်ဝတ်များကို ကျင့်သုံးကြပေသည်ဟူ၍ကား ရည်ညွန်းပြောဆိုနိုင်သည်။ 
    ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောဆိုခွင့်ရှိပေသည်။မြတ်စွာဘုရားရှင်သည် အခြားအမူ့ကိစ္စများတွင် ကျူလွန်းမူ့ဖြစ်ပေါ်ပြီးမှ ၀ိနည်းတော် ပညတ်ချက်ကို ထုတ်ပြန်တော်မူလေသည်။ 
    ယခု မလွဲမရှောင်သာ ခွင့်ပြုလိုက်ရသောကိစ္စတွင်မူ ကြိုတင် ပညတ်ချက်များကို ချမှတ်တော်မူလေသည်ကို '' တစ်ဖက်ဆည်ကန်ကြီး၏ ကန်ဘောင်ကို ကန်ရေတွေ ကျိုးပေါက်ဆုံးရှူံးခြင်း မရှိသေးမှီကပင် ကြိုတင်၍ ဆည်ဖို့ထားရဘိသကဲ့သို့ ရဟန်းမများအတွက် ရာသက်ပန် မကျိုးပေါက်အောင် စောင့်ရှောက်ရန် ဂရုဓံတရား ရှစ်ပါးကို ကြိုကြိုတင်တင် ပညတ်၍ထားလိုက်သည် '' (အဂုင်္တ္တရ၊ အဋ္ဌကနိပါတ်၊ ပေါတမီသုတ် ပါဠိတော်နှင့် ကဋ္ဌကထာ)
    မာ လု ထို့ကြောင့် ဘိက္ခူနီ စတင်ချိန် က မိထွေးတော်ကြီး တစ်ပါးတည်းသာ ဂရုဓံတရား ၈ ပါး ကို ၀န်ခံခြင်းဖြင့် ရဟန်းဖြစ်ကာ သာကီဝင် မင်းသမီး ၅၀၀ တို့ကား ဘိက္ခူသံဃာ က ယခုခေတ် ရဟန်းခံသကဲ့သို့ ဉ တ္တိတုတ္ထကမ္မ၀ါစာ ဖြင့် ရဟန်းခံပေးရသည်ကို မှတ်သားရပေသည်။ ၄င်း နောက် သာသနာ့ဘောင် သို့ ၀င်ရောက်လာကြသော ဘိက္ခူနီတို့သည် အဋ္ဌ၀ါစိကူပသမ္ပဒါ ဟူသော ဘိက္ခူနီသံဃာတွင် ဉ တ္တိစတုတ္ထကမ္မ၀ါစာ ဖြင့် ပထမတစ်ကြိမ် ရဟန်းခံ၍ ဘိက္ခူသံဃာတွင် ဉ တ္တိစတုတ္ထကမ္မ၀ါစာဖြင့် ဒုတိယတစ်ကြိမ် ၊ စုစုပေါင်း ၂ ကြိမ် ဖြစ်၍ ကမ္မ၀ါစာ ၈ ကြိမ် ဖတ်ရသည့် နည်းဖြင့် ရဟန်း အဖြစ်ခံယူကြရလေသည်။
     ထိုမှတစ်ပါး အဍ္ဎကာသီဘိက္ခူနီ နှင့် ပတ်သက်၍ ဒူတေနူပသမ္ပဒါ ဟူသော ရဟန်းခံမှု တစ်မျိုး ကို အကြောင်းအားလျော်စွာ ဘုရားရှင် ခွင့်ပြုတော်မူရသေး၏။ အကြောင်းမှာကား ....
    အဍ္ဎကာသီဟူသော ကာသိတိုင်းမှ သူဌေးသမီး သည် အကုသိုလ်ကံ ကြောင့် အရွယ်ရောက်လျှင် ပြည့်တန်ဆာမ ဖြစ်ရ၏။
     နောင် တရားရ၍ ဘိက္ခူနီမများထံ၌ ပထမတစ်ကြိမ် ရဟန်းခံပြီး ဘိက္ခူသံဃာထံ၌ ရဟန်းခံရန် ဘုရားရှင်ရှိရာ သာဝတ္ထိမြို့ သို့ သွားရန် စီစဉ်လေ၏။ 
    ထိုအကြောင်း ကို သေသောက်ကြူး တို့သိ၍ “အဍ္ဎကာသီ သည် သင်္ကန်းဝတ်၍ သာဝတ္ထိသို့ သွားတော့မည် ၊ ငါတို့သည် အဍ္ဎကာသီ လူ့ဘ၀ က ချဉ်းကပ်နိုင်ကြသူများမဟုတ် ၊ သို့ဖြစ်၍ ယခု အဍ္ဎကာသီ သာဝတ္ထိသို့ အသွားတွင် ဖမ်းယူ မွေ့လျော်ကုန်ကြပါစို့” ဟုတိုင်ပင်ထားကြလေသည်။ 
    ထိုအခါ ဘိက္ခူနီမ တို့သည် သာဝတ္ထိသို့ မသွားဝံ့ကြတော့ချေ။ ထိုအကြောင်းကို ဘုရားရှင်ထံသို့ စေတမန်လွှတ်၍ လျှောက်ထားရာ မြတ်ဘုရား က “အနုဇာနာမိ ဘိက္ခဝေ ဒူတေနပိ ဥပသမ္ပာဒေတုံ” (ရဟန်းတို့ တမန်ဖြင့်လည်း ပဉ္ဖင်းခံပေးခြင်းငှာ ငါခွင့်ပြု၏” ဟု အခြားဘိက္ခူနီမ တစ်ဦးကို တမန်လွှတ်၍ ပဉ္ဇင်းခံခွင့်ပြုတော်မူလေသည်။ သို့သာ် ဤ သို့ ခွင့်ပြုခြင်းမှာ အဍ္ဎကာသီ တစ်ဦးတည်းအတွက်သာ ဖြစ်လေ၏။
     ထို့ကြောင့် ဘိက္ခူနီတို့၏ ပဉ္ဇင်းခံမှုတွင်
    (၁) ဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ ဟူသော ဂရုဓံရှစ်ပါး ကို ခံယူခြင်းဖြင့် ပဉ္ဇင်းခံခြင်း ( ၄င်းကား မိထွေးတော် မဟာပဇာပတိဂေါတမီ တစ်ဦးတည်း၏ ပဉ္ဇင်းခံခြင်း ဖြစ်၏)
    (၂) ဉ တ္တိစတုတ္ထ ကမ္မူပသမ္ပဒါ ဟူသော ဉ တ်လျှင် လေးကြိမ်မြောက် ကမ္မ၀ါစာဖြင့် (ဘိက္ခူသံဃာ၌သာ) ပဉ္ဇင်းခံခြင်း (၄င်း ကား မိထွေးတော် ၏ နောက်ပါ သာကီဝင် ၅၀၀ တို့၏ ပဉ္ဇင်းခံခြင်း ဖြစ်၏)
    (၃) ဒူတေနူပသမ္ပဒါ - ဟူသော တမန်လွှတ်၍ (နောက်တစ်ကြိမ် ဘိက္ခူသံဃာ၌) ရဟန်းခံခြင်း (၄င်းကား အဍ္ဎကာသီ တစ်ဦးတည်း၏ ပဉ္ဇင်းခံခြင်းဖြစ်၏)
    (၄) အဋ္ဌ၀ါစိကူပသမ္ပဒါ - ဟူသော ဘိက္ခူနီ သံဃာ၌ ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့် တစ်ကြိမ်၊ ဘိက္ခူသံဃာ ၌ ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့်တစ်ကြိမ် ၊ ၂ ကြိမ် ရဟန်းခံခြင်း
     (၄င်း ကား အထက်ဖော်ပြပြီးသော ၃ ဦးမှ တစ်ပါး အခြားသော ဘိက္ခူနီတို့၏ ပဉ္ဖင်းခံခြင်း ဖြစ်၏)
    ထို့ကြောင့် ရဟန်းယောကျာ်းတို့ ကဲ့သို့ ဧဟိဘိက္ခုပသမ္ပဒါ ဟူသော ဧဟိဘိက္ခုခေါ်၍ ရဟန်းဖြစ်စေခြင်း၊ 
    သရဏ ဂမနူပသမ္ပဒါ ဟူသော သရဏဂုံ သုံးပါးကို ခံယူဆောက်တည်စေခြင်းဖြင့် ရဟန်းဖြစ်စေခြင်း၊ 
    သြ၀ါဒ ပဋိဂ္ဂဟဏူပသမ္ပဒါ ဟူသော သြ၀ါဒ ကို ခံယူ၍ရဟန်းဖြစ်စေခြင်း ၊ 
    ပဥှာဗျာကရဏူပသမ္ပဒါ ဟူသော ပြဿနာကို ဖြေဆို၍ ရဟန်းဖြစ်စေခြင်း မျိုးကို ဘိက္ခူနီတို့၌ မရအပ် ဟု မှတ်သားရပေသည်
မိထွေးတော်ကြီးသည် ပါရမီအားလျော်စွာ ရဟန်းဖြစ်ပြီးမကြာမီ ရဟန္တာမ ဖြစ်၍ သာကီဝင်မင်းသမီး ၅၀၀ တို့သည် လည်း နန္ဒကောဝါဒ သုတ် အဆုံး၌ ရဟန္တာမ အဖြစ်သို့ ရောက်ကုန်၏။
((( Dr. ဇီဝက ဗုဒ္ဓဘာသာ/အတွေးအမြင် )))
ဧကောဓမ္မော
မောင်လေးညီမလေးတို့ရေ ....
( တစ်ချို့ ကိုသာ ရည်ရွယ်တာပါရှင် ... ၁၀၀ မှာ ၁ ယောက် လောက်ပါ ...)
ကျမငယ်ငယ်တုန်းကပေါ့ ....
အိမ်ကိုဦးစံသိန်းဆိုတဲ့ ဆရာတစ်ယောက်လာလေ့ရှိတယ် .... ဖေဖေ့ သူငယ်ချင်းပါ ... ဆေးဆရာဖြစ်တဲ့ အပြင် ရှေးလူကြီး ထုံးစံအတိုင်း အဘိဓမ္မာကိုအရေ ကျိုသောက် ထား တယ်ပေါ့
တိုက်တိုက်ဆိုင်ဆိုင် .... ကျမတို့မောင်နှမတွေသိချင်တာကို ... အမြဲတမ်း မညည်းမညူ ရှင်းပြတတ်တဲ့ အကို နှစ်ယောက် ... တစ်ယောက် ကအင်ဂျင်နီယာ တစ်ယောက်က နိုင်ငံကျော် အင်္ဂ၀ိဇ္ဖာ ပညာရှင် ...
ပြီးတော့ ဘိုးတော်အောင်မင်းခေါင်ရဲ့မြေး ဘဘဦးထွန်းမြင့်... ဒီဘဘ ကတော့ အားလုံးထဲမှာအတော်ဆုံး .... ကျမ သိချင်တာမှန်သမျှကိုလေ တစ်ခါမှမညည်းညူ ဖူးရယ် .... သူမသိတာလဲသိတ်မရှိဖူး ... မေးတာကိုဖြေတယ် ... အဆုံးသတ်မှ သူက ဆုံးမတာ .... သူတို့အားလုံးစုံနေတာ....
အဲ့အချိန်တွေက ကျမ က သိတ်ငယ်တယ် ... ဖေဖေက သူလ္ဘက်ရေဆိုင် သွားလဲခေါ် တယ် ... တနင်္ဂနွေ ဘုရားမှာ ပိဋကတ် အိုးကွဲတွေ ငြင်းခုန်ရင်လဲ ခေါ်သွားတယ် ... ကျမ ကဖေဖေနဲ့ ခွဲမနေဖူး ... ဖေဖေကလဲ ၀င်းဦးရဲ့ အတွယ်အတာ ကား သိတ်ကြိုက်တော့ ကျမ ကိုသွားလေရာခေါ်သွားတာ .... ပြီးတော့ ပြောသေးတယ် ... ခုပြောနေဆိုနေတာတွေကို သမီးလေးနားလည်ချင်မှ နားလည်မယ် ... ဒါပေမယ့် သမီးရဲ့ ဥဏှောက် အသစ်စက်စက်လေးထဲမှာ ဒါတွေဖေဖေက ရိုက်သွင်းထားလိုက်ပြီ ..သမီးကြီးလာလို့ စာနဲနဲဖတ်တာနဲ့ ... သမီးအားလုံးကို ပြန်သတိရ နားလည်သွားမှာ တဲ့ ...။
( သိတ်မှန်တယ်ရှင် ... အခုဆို စာလေးနဲနဲဖတ်မိတာနဲ့ ... ပြန်သတိရလာတယ် ... ငယ်ငယ်က ဖေဖေတို့ရဲ့ ငြင်းခုန်းပွဲလေးတွေကိုပေါ့ )
ဒါနဲ့ နူး က ဘဘ ကာဠ နဂါး ဘယ်မှာရှိလဲဟင် လို့ ... မေးတာပေါ့ ....။
ဘဘကပြောတယ် ... သူဇာတာ ဃနာနိုးဆွမ်း ရွှေခွက်မျှောတာတို့ ... အာသောက မင်းကြီးကို ဘုရားရှင်ပုံတူဖန်ဆင်းပြတာတို့ပေါ့ .... သေချာ၇ှင်းပြ တယ်.... ခလေးဆိုတော့ ... အရမ်းသိချင်တယ်... ကိုယ့်ဆီမှာ သာသနာကွယ် မှာကြောက် တယ်... ဘာမှန်းမသိပါပဲ ... အဲ့လိုတွေကြားရင် ...ရင်ထဲမှာ ဘုရားရှင်ရဲ့ ကြီးမြတ်ပုံတွေ သိပြီး ... ပီတိဖြစ်တယ် .. ပိုကြည်ညိုတယ် ...။
ဒီမှာပြသနာ တက်တော့တာ ...ဘဘဦးစံသိန်းက စဖောက်တော့တယ် ... ဒါဆိုဗျာ ... ရွှေခွက်မျှောတော့ နဂါးပြည်ရောက်တယ် ဆိုတာဘယ်သူသက်သေရှိလဲဗျာ ... ဘယ်ကျမ်းမှာ ပါလဲဗျာ .... ဘုရား ( ၄ ) ဆူပွင့်တာ ဘယ်သူသက်သေ အဆင့်ဆင့်ခံလာလဲဗျာ .... ဘယ်ကျမ်းမှာ ရှိလဲဗျာ ... နှိုက်နှိုက်ချွတ် ချွတ်တွေ မေးကုန်ရော ... ဖေဖေရယ် ဘဘဦးထွန်းမြင့်ရယ်က ပြုံးနေတယ် မဖြေဖူး ....။
ကျန်တဲ့ ၂ယောက်နဲ့ စကားများကြတာဝက်ဝက်ကွဲပေါ့ ..... နောက်ဆုံး အကို ( ၂ ) ယောက်ကို ကပ်သပ်မေးပြီး ..မဖြေနိုင်တော့မှ ... တွေ့တယ်နော် ..ဒါတွေလိုက်နေရင် သံသရာဆုံးမှာမဟုတ်ဖူး ... မဂ် ဖိုလ် နိဗ္ဗာန် ရောက်ကြောင်းမဟုတ်ရင် ...ဘုရားရှင်အလို မဟုတ်ဖူး ... ဒါတွေဖြေနေမယ့်အစား ... အေးသိချင်လား တရားငါးမိနစ် ထိုင်..အဲ့တာအကျိုးရှိတယ်လို့ ပြောလိုက်ပေါ့တဲ့ ...။
ဒီတော့ ဘဘဦးထွန်းမြင့်က တစ်ခွန်းပဲ ထပြောတယ်... တော်ကြတော့ဗျာ ... ဧကောဓမ္မော ဆိုတာ ခင်ဗျားတို့ အဘိဓမ္မာဆရာတွေ တွင်တွင်သုံးလာတာ ... ဗုဒ္ဓက ဧကော ဓမ္မောဆိုပေမယ့် .... တစ်ကယ်မသိနားမလည်လို့သိချင်သူတွေကို ဖြေခဲ့ပါတယ် ..ဖြေတဲ့ အခါမှာလဲ ဒိဗ္ဗစက္ခု ဥာဏ်တော်နဲ့ ဖြေတာပါ ( မနေ့ကအကိုစည်သူငြိမ်းချမ်းပြောတာလေးက ငယ်ငယ်ကဘဘပြောဖူးတာကိုသတိရစေပါတယ် ကျေးဇူးပါရှင် ) ....
ကဲဗျာ ဗုဒ္ဓက ဧကောဓမ္မောပဲ ဘာမှမပြောဖူးဆိုရင် ... မြင်းမိုရ်တောင် တို့ နတ်ပြည်တို့ ကာဠနဂါး တို့ ဆိုတာ ပိဋကတ်ကျမ်းတွေ မှာ ဘုရားရှင်အထင်အရှားပြောထားတယ်ဗျာ .... ဒါဆို ဘုရားရှင်က သူ့စကားသူမတည်သလိုဖြစ်မနေလား ဗျာ ... ခင်ဗျားလုပ်မှ ဗုဒ္ဓလဲ ခုတစ်မျိုးတော်ကြာ တစ်မျိုးဖြစ်တော့တယ်ဗျာ ... ဘုရားရှင်က ဖြေခဲ့ပါတယ် ဒါပေမယ့် အဆုံးသတ်မှာ ..ဒါတွေ လိုက်နေမယ့်အစား ... အချိန်ရှိတုန်းလေး သံသရာကလွတ်အောင်ကြိုးစား ပါလို့ ဟောခဲ့တာပါဗျာ ... ဗုဒ္ဓမဖြေတာလူသားအစတစ်ခုပါပဲဗျာ ... ဒါကလဲ အင်မတန် နက်နဲပြီး နားလည်ရခက်လို့ ရှင်းပြမရလို့ပဲဖြစ်မှာပါဗျာ တဲ့...။
ခင်ဗျာ ဘိုးဘွား ဆရာသမားတွေက ဒီခလေးကလေးကို ကျုပ်ရှင်းပြသလို ခင်ဗျား ကိုရှင်း ပြခဲ့လို့ ခင်ဗျား အဆင့်ဆင့် တက်လာပြီး ... အခု အဘိဓမ္မာဆရာတောင် ဖြစ်လာတယ်... ဒါတွေဟာ နိဗ္ဗန်ရောက်ကြောင်း နဲ့မဆိုင်တာ သိလာတယ် .... မဟုတ်လားဗျာ 
.
ဒီခလေးလေးတွေကိုလဲ ... နောင်အခါ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ် လာစေဖို့ .... အဆင့်ဆင့် သိခွင့်ပေးလိုက်ပါ ... နောင်လာမယ့်ခလေးတွေကို ... ခင်ဗျားလို ဧကောဓမ္မော ဆိုတာကြီး နားလည် လာအောင် ... ရင်ထဲမှာအဆင့်ဆင့် ဗုဒ္ဓရုပ်ပွား တည်ခွင့် ပေးလိုက်ပါတဲ့ ... 
.
ခင်ဗျားတို့ ဒီလိုပြောနေပုံနဲ့ နောင်အနှစ် ၁၀၀ မှာ .... ခလေးတွေဟာ ... ဗုဒ္ဓဆိုတာ ... ဖန်ဆင်းရှင်ရဲ့ တမန်လို ... ဒါကလွဲ လို့ကျန်တာမမေးနဲ့ ... မေးရင်မှားတယ် ဖြစ်ကုန်ကြရင်... 
.
ကျုပ်တို့ရဲ့ မြင့်မြတ်တဲ့ မဟာလူသား သမိုင်း အကြောင်း ... သူ့ရဲ့ စင်္ကြာဝဠာထက်ကျယ်ပြန့်တဲ့ သိမှုတွေကို ... ခလေးတွေ သိတော့မှာမ ဟုတ်ဖူးတဲ့ ....။
.
ဒါနဲ့နူးးလဲ ဖေဖေ့ကိုမေးတယ်... ဗုဒ္ဓဘာသာခြင်းအတူတူ ဒီလူကြီးက ဘာလို့ဒီလောက်ဆိုးရတာလဲ .. သူသိတာတွေ ..ဘာလို့ပြန်မပြောချင်တာလဲဟင်လို့ ... ဖေဖေကပြောတယ်
.
သမီး ... ဗုဒ္ဓဘာသာဝင်တွေမှာ အမျိုးအစား အများကြီးရှိတယ် ... ဥပမာ ဆရာဦးစံသိန်းလိုအမျိုးအစား ... သူတို့က အဘိဓမ္မာဆရာတွေ ... ပြီးရင် ဘုရားရှင်က မဂ် ဖိုလ် ရောက်ကြောင်းနဲ့ မဆိုင်တာ မဖြေဖူး ( ဘုရားရှင်က ဖြေခဲ့တာအများကြီး လူသားအစတစ်ခုပဲ အရမ်းခက်ခဲနက်နဲလို့ မဖြေတာ ) ဒါကိုဆွဲကိုင်ပြီး ရွှေတိဂုံ မြောက်ဖက်စောင်းတန်းမှာ ... အဘိဓမ္မာကိုအာဘောင် အာရင်းသန်သန် ငြင်းနေ ဖို့တော့ သိပ်စိတ်ဝင်စားတဲ့ သူတွေပေါ့တဲ့ ... 
.
သူတို့ လုပ်နေတာလဲ ဗုဒ္ဓ’လမ်းစဉ်မဟုတ်တာ လူတိုင်းသိ တယ်တဲ့ ... သူတို့ရဲ့စရိုက်တွေက ... လူကြားထဲမှာ မဖြေနိုင်တော့အောင်ကပ်သပ်မေးမယ် .. မဖြေနိုင်တော့ရင် ... တွေ့တယ်မလား ဒါတွေလိုက်နေရင်မပြီးတော့ဖူး ဒါတွေလုပ်မယ့်အစား ... တရားထိုင်ပါလား ... ၀ိပသနာအားထုတ်ပါလား .... ဆိုပြီး လူတွေကြားထဲ ညစ်ပုတ်ကပ်ကျယ်နဲ့ ... သူတတ်တာကိုသိဖို့ ..ကျန်တဲ့သူတွေကိုအမှီးလှန်ချိုး ..တတ်တဲ့ အမျိုးအစားတွေပေါ့တဲ့ ...။
.
သူတို့တွေဟာ ဘုရားရှင်ရဲ့ ဧကောဓမ္မောကိုကိုင်စွဲလို့
၂- ပါပိစ္ဆဣဿာပကတ - လူတစ်ဖက်သားအား နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာစိတ်ကြောင့်မေးခြင်း
၃- ပရိတဝ - မာနတရားဖြင့် သူတပါးအား မထီလေးစားပြုလိုသောကြောင့် မေးခြင်း
ဒီမေးခြင်း အကြောင်းအရာ နှစ်မျိုးနဲ့ လူတစ်ကာကို အနိုင်လိုက်ယူနေတဲ့ တရားငြင်းသမားတွေပေါ့တဲ့....
.
နူ နူးကတော့ ဘဘဦးထွန်းမြင့်သဘောအတိုင်း ... ခလေးတွေရဲ့ ရင်ထဲမှာ ... ဗုဒ္ဒပုံရိပ်တော်ကို အုတ်မြစ်ချပေးတဲ့ အဆင့်ပါရှင် ... ရှင်တို့နဲ့ တရားဆွေးနွေးငြင်းခုန်းနေလောက်အောင် မတတ်ပါဘူး ဆိုတာဝန်ခံပါရစေ ....။
ချမ်းမြေ့ကြပါစေရှင် ....
.
.