ဗုဒ္ဓမြတ်စွာသည်..သာဝတ္တိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ်..
အရှင်မာလုကျ ပုတ္တရဟန်းသည်.. ဆိတ်ငြိမ်ရာအရပ်၌..နေလျက်.....
၁..လောကသည်..ဆက်တွဲသလော
၂..လောကသည်..မဆက်တွဲသလော
၃..လောကသည်..အဆုံးရှိသလော
၎..လောကသည်..အဆုံးမရှိသလော
၅..အသက်သည်ပင်..
ခန္ဓာကိုယ်ဖြစ်သလော..
၆..အသက်ကတခြား..ခန္ဓာက
တခြားဖြစ်သလော....
၇..သတ္တဝါသည်..သေပြီးနောက်
ဖြစ်သလော:-) .
၈..သတ္တဝါသည်..သေပြီးနောက်
မဖြစ်သလော..
၉..သတ္တဝါသည်..သေပြီးနောက်
ဖြစ်သည်လည်းရှိ..မဖြစ်သည်လည်း
ဖြစ်သလော..
၁၀...သတ္တဝါသည်..သေပြီးနောက်
ဖြစ်သည်ဟုလည်းမဆိုနိုင်..
မဖြစ်သည်ဟုလည်းမဆိုနိုင်သလော..
ဤအကြောင်းတရားများနှင့်.. ပတ်သက်၍.မြတ်စွာဘုရားသည် ..... ငါ့အား..မဟောကြားပေ..
မဟောကြားခြင်းကြောင့်.. ငါမနှစ်သက်..သဘောမကျ.. ... မြတ်စွောဘုရားအား..ဤ အကြောင်းများကို..
မေးလျှောက်မည်..အကယ်၍ ဖြေဆိုခဲ့သော်..မြတ်.စွာဘုရားထံ၌ အကျင့်မြက်ကိုဆက်လက်ကျင့်
သုံးမည်... မဖြေဆိုနိုင်ခဲ့သော..သိက္ခာချ၍ လူဝတ်လဲတော့မည်..ဟု ကြံစည်ကာ... မြတ်စွာဘုရား ထံ
သွား၍..မိမိ၏ ကြံစည်ချက်ကို.လျှောက်ထား ပြီးလျှင်....
.မြတ်စွာဘုရား ..... အသျှင်မြတ်စွာသည်.. ရိုးသားစွာဝန်ခံပါ..
ဤသို့..ရိုးသားစွာ..ဝန်ခံခြင်းသာ လျှင်ဖြောင့်မတ်သော သဘောတရား ဖြစ်ပါသည် ဟု.. လျှောက်
ထား၏.....
ထိုအခါ ... ဗုဒ္ဓမြတ်စွာဘုရားက ... ..
မာလုကျပုတ္တ...ငါသည်သင့်အား ဤအကြောင်းတရားများကို ဟောကြားမည်..ငါ့ထံ၌..
မြတ်သောအကျင့်ကိုကျင့်သုံးလှည့် ဟူ၍လည်းဝန်ခံဖိတ်ခေါ်ခြင်းမ ရှိချေ....
သင့်ကလည်း. ဤအကြောင်းများကို.. ဟောကြားခဲ့သော်.... မြတ်စွာဘုရားထံ၌.. မြတ်သောအကျင့်...
ကျင့်မည်ဟူ၍.. လျှောက်ထားခြင်းမရှိချေ..
ထိုကြောင့်..ဤအကြောင်းတရားကို ဘယ်သူကကတိထားခဲ့၍ ဘယ်သူကတောင်းပန် ခဲ့သောကြောင့်
ဟောကြားရမည်နည်း...
..မာလုကျ...ဥပမာအားဖြစ်.. အဆိတ်လူးမြှားစူးဝင်ခံနေရသော သူတစ်ယောက်သည်..ဆွေမျိုး
ဥာတိတို့က..ဆေးဆရာကိုခေါ် ဆောင်ပေးပါလျှက်နဲ့... မြှားပြစ်သူသည်..မည်သို့..
သောသူပေနည်း...
လေးသည်..ဒူးလေးလား.လော လင်းလေးလော..လေးညို့သည် မည်သည့်လျှောမျိုးနည်း..
မြှားသည်..မည်သည့်အသားမျိုးနည်း မြှားရွက်သည်..မည်သည့် ငှက်တောင်မျိုးနည်း..မြှား၏
အရှိန်သည်..နှေးသလော.... မြန်သလော..မည်မျှစူးဝင်အား ရှိသနည်း..ဟု... ခွဲခြားမသိရသေး
သမျှ...... ငါသည်...မြှားကိုမနှုတ်ဟု...ဆို ချေသော် ...
ထိုကြောင်းအရာများကို မသိသေးမီ....ထိုပုဂ္ဂိုလ်သည်.. သေတန်ရာ၏..ဟု...ဟောတော် မူခဲ့သည်
မာလုကျပုတ္တ......လောကသည် ဆက်တွဲ၏စကားစသော.အယူ ရှိလတ်သော..မြတ်သောအကျင့်
ကိုကျင့်သုံးခြင်းသည်..မဖြစ်နိုင်ပေ.
လောကသည်ဆက်တွဲ၏စကား အယူရှိသော၎င်း..ဘဝ၌ဖြစ်ခြင်း အိုခြင်း. .သေခြင်း.. စိုးရိမ်ပူဆွေ
ငိုကြွေးခြင်း. ကိုယ့်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းတို့သည်.. ထင်ရှားရှိကုန်၏..
ငါသည်...ထိုဖြစ်ခြင်း.အို..သေ.. စသောဆင်းရဲးတို့ကို..ယခု... မျက်မှောက်၌ပင်..ဖျက်ဆီးရမည်
ဟု.......ငါပညက်သည်.......
လောကသည်ဆက်တွဲးသည် မဆက်တွဲးသည်..စသောအကြောင်း တို့သည်..အကျိုးစီးပွားနှင့်မစပ်
အကျင့်မြတ်၏..အခြေခံမဟုတ်
ဘဝဆင်းရဲး၌..ငြီးငွေခြင်း.. စွဲကပ်မှုကင်းခြင်း.ဘဝဆင်းရဲးတို့မှ ချုပ်ငြိမ်းခြင်း.ဘဝဆင်းရဲးကို..
ထိုးထွင်းသိမြင်ခြင်း..ငြိမ်းအေးခြင်း ငှါ.မဖြစ်ပေ.......
ထို့်ကြောင့်..ငါမဟော............ မဟောသည်းတိုင်းမှတ်ဆောင်ကြ ... သစ္စာတရားလေးပါးသည်ကာ
အကျိုးစီးပွားနှင့်လည်းစပ်..အခြေခံလည်းဖြစ်..
ဘဝဆင်းရဲး၌ ငြီးငွေခြင်း...အစွဲကွာခြင်း.. ဘဝဆင်းရဲးချုပ်ငြိမ်းခြင်း...... ဘဝဆင်းရဲးကိုထိုးထွင်းသိမြင်
ခြင်း...ငြိမ်းအေးခြင်းငှါ.ဖြစ်သောကြောင့် ...... ငါဟောတော်မူ၏.......
မှတ်ချက်......
((( ဤသုတ်က..ဗူဒ္ဓဟောသော တရားနှင့်..... မဟောသောတရားတို့ကို.. ခွဲခြားသိနိုင်ရန်တိုင်းတာရမည်..
ဟုတင်ပြလိုက်ပါသည်...... ))))
......မာလုကျပုတ္တသုတ္တံ.......
.........မဇ္ဇျိမနိကာယ...........
သာဝတ္ထိပြည်.ဇေတဝန်ကျောင်း
၌ဟောသောတရား.....
အားလုံးကျေးဇူးတင်ပါသည်..
N.N.T..2010
.....
ဒေးဒရဲမြို့..ကွင်းကျောင်းတိုက်..
No comments:
Post a Comment