Sunday, July 28, 2013

ဘယ်သူအိမ်ရှင်လဲ.....






သမိုင်းလိမ်ဌေးလွင်ဦးသို့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

((((ဘယ်သူက အိမ်ရှင်လဲ
ဘယ်သူက အိမ်ရှင်လဲ
by အာဇန်း ဗီလိန် (Notes) on Sunday, 5 May 2013 at 04:47

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။

အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။

ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။

ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။



ဌေးလွင်ဦး(mmsy) )))))
---------------------------------------------------------------------------------------
 

((သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။))

ကောင်းလိုက်တာ.... မှန်ပါ့ဗျား... ဒါပေမယ့် သူများကျတော့ အစထိလိုက်ခိုင်းပြီး ကိုယ့်ကျမှ ကိုယ့်ဘက်ကိုယ်ယက်ပြီး ကက်ဆက်ဖွင့်သလိုလုပ်သွားပုံများ လိပ်မျိုးလို့တောင် မနှိုင်းချင်ဘူး.. မြင်းများလိုပဲ... (လိပ်က ကိုယ့်ဘက်ကိုယ်ယက်တာ နည်းနည်းနှေးသေးတယ်...အခုလုပ်ပုံက အမြန်ဆုံးနည်းနဲ့ အသားကုန်ယက်နေတာလေ)
ကဲ သမိုင်းကိုလိုက်ရင် အစထိလိုက်နော်... အဘိရာဇာဆိုတဲ့ သာကီမင်း အန္ဒိယက မြန်မာကိုပြေးလာတာက တကောင်းခေတ်မတိုင်မီက... ထားလိုက်ပါတော့ နှစ်ပေါင်းတစ်ထောင်ကျော်ပေါ့... အဲ...ဒါပေမယ့် အခုလက်ရှိ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်နေတဲ့ ကမ္ဘာ့ပထမဆုံး စေတီတော်... ကြည်ညိုဖွယ်ရာအတိစေတီတော်... ဘုရားရှင်လေးဆူရဲ့ ဓါတ်တော်မွေတော်တွေ ဌာပနာထားတဲ့ စေတီတော်ကြီးကို တည်ခဲ့တာက ဘုရားရှင်တော်ပွင့်ထွန်းပေါ်တော်ဆဲအချိန် အတိအကျပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က.... ဒါဆို အဲဒီစေတီတော်ကြီးကို တည်ထားခဲ့တဲ့ ဥက္ကာလာပမင်းကြီးက မြန်မာနိုင်ငံက မဟုတ်လို့ ဘယ်ကတုန်း... ခင်ဗျားပြောတဲ့ မြန်မာနိုင်ငံကို ကုလားကူးလာပါတယ်ဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း ဘယ်လောက်တုန်းကလဲ... သမိုင်းအထောက်အထားနဲ့ သက်သေပြ... ကျုပ်ပြောတာကို အခု ရွှေတိဂုံစေတီတော်ကြီးကို ပြပြီး ကျုပ်ဘက်ကလည်း သက်သေပြမယ်... ဒါဆို လူမျိုးအရ အိမ်ရှင် ဧည့်သည်ဆိုတာ ရှင်းပြီ... ဒါဆို သာကီမျိုးဟေ့ တို့ဗမာဆိုပြီး ဘာလို့ပြောသလဲ မကပ်နဲ့နော်... (ခင်ဗျားမစဉ်းစားမိလဲ ကျုပ်ကပဲ နည်းပေးတယ် မှတ်လိုက်ပေါ့ဗျာ..) မြန်မာပြည်မှာ မူရင်းရှိနေတဲ့ လူမျိုးတွေရယ် အဘိရာဇာတို့က ဆင်းသက်လာတဲ့ သာကီဝင်နွယ်တွေရယ် တရုတ်တိဘက်က ဆင်းလာတဲ့ တိုင်လူမျိုးတွေရယ်ပေါင်းပြီး ဗမာဆိုတဲ့ လူမျိုးဖြစ်ထွန်းပေါ်ပေါက်လာတာမို့ သာကီမျိုးဟေ့ တို့ဗမာလို့ ကျုပ်တို့က ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်ပါသဗျာ.... ဟဲဟဲ...

ကဲ ဘာသာအရ အိမ်ရှင် ဧည့်သည်ပြောမယ်... ကျုပ်တို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမသာသနာတော်ဟာ နှစ်ပေါင်း ၂၅၀၀ကျော်ပြီ.. ခင်ဗျားတို့ အစ္စလာမ်ဘာသာက ဘယ်အချိန်ကပေါ်တာလဲ... ဘယ်သူက စောလဲ.. စဉ်းစားပေါ့ ဦးဏှောက်ကလေးနဲ့... အဲဒီလို နောက်ကျမှပေါ်တာကိုတောင် ကျုပ်တို့ဆီမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော် ကတည်းက ရှိနေခဲ့တဲ့ သာသနာတော်က အိမ်ရှင်မဟုတ်ဘူးလား... ပြီးတော့ ဘာသာဆိုတာ အယူဝါဒလို့ ခင်ဗျားကပြောတယ်... ဟုတ်သမှ သိပ်ဟုတ်ပေါ့... အယူဝါဒပဲလေ... လက်ဆုပ်လက်ကိုင်မပြနိုင်မှတော့ အယူဝါဒပဲပေါ့... အဲ.... ဒါပေမယ့် ကျုပ်တို့ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တာကတော့ အယူဝါဒသက်သက်မဟုတ်လို့ ဘာသာမဟုတ်ဘူး.. သာသနာလို့ခေါ်ပါသဗျာ.... ဘာသာတွေအတွက် Religion ဆိုရင်လုံလောက်ပါတယ်... ဒါပေမယ့် ကျုပ်တို့ဟာက ဘာသာမဟုတ်ဘူး သာသနာ... အဆုံးအမ... ပြောတာယုံ.... တားမြစ်တာရှောင်ကြဉ်ရုံနဲ့ လမ်းမဆုံးဘဲ ကိုယ်တိုင် ဝိပဿနာတရားတော်ကို လေ့လာရှုမှတ်မှ လမ်းဆုံးနိဗ္ဗာန်ကို ရောက်နိုင်တဲ့ သာသနာတော်ပါ... ဝိဘဇ္ဇဝါဒပါ... ဝေဖန်ဆန်းစစ်လို့ရပါတယ်... ကြိုက်သလို ကြိုက်တဲ့အချိန်စမ်း.... ချက်ချင်းလက်ငင်းအကျိုးပေးတဲ့ သာသနာလို့ခေါ်တဲ့ ဗုဒ္ဓသာသနာတော်ကြီးပါဗျာ.... အယူဝါဒသက်သက်မဟုတ်ရပေါင်... အဲဒီတော့ အိမ်ရှင် ဧည့်သည် ဆိုတာလေးတွေ ဘာသာနဲ့ သာသနာမတူပုံလေးတွေ သေချာသိနိုင်ဖို့အတွက် မြန်မာသမိုင်း မြန်မာစာ မြန်မာစကားတွေကို သေချာလေ့လာလိုက်ပါဦးနော်.... အော် စကားစပ်လို့ ပြောလိုက်ဦးမယ် ခင်ဗျားတို့ဘာသာဝင်တွေ တစ်ချို့က တစ်ခါတစ်လေ အစ္စလာမ်သာသနာဆိုပြီး သာသနာဆို့တဲ့ အဓိပ္ပါယ်မသိပဲ မြန်မာစာ မြန်မာစကားအနက်အဓိပ္ပါယ် သေချာဂဏမသိပဲ စကားလုံးခိုးခိုးသုံးတာလဲ တော်တော်များများတွေ့ရတယ်နော်... အဲဒါလေးတွေကိုလဲ သေချာရှင်းပြလိုက်စမ်းပါဦးဗျာ.... စကားလုံးတစ်ခု သေချာမသိပဲ ခိုးမသုံးပါနဲ့လို့.. ရှက်စရာကောင်းလှပါတယ်လို့.... ဟီးဟီး....
**မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။
ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့ တယ်။ **)

မှားပြီးရင်း မှားပြန်ပေါ့ သမိုင်းကြောင်းကို.... ဟိဟိ.... ဟိန္ဒူဘာသာက အစောဆုံးဝင်ခဲ့တယ်ဆိုတာ ဘယ်သက်သေနဲ့ပြတာတုန်း.... ပုဂံခေတ် အနော်ရထာလက်ထက် သာသနာတော်ဝင်ရောက်လာပုံက အန္ဒိယကနေမဟုတ်ဘူးလေဗျာ.... ခင်ဗျားကလဲ လွဲပြန်ပြီ... မွန်တို့ဌာနီ ရာမည ဆိုတဲ့ သထုံပြည်ကနေလာတာလေဗျာ.... လေးတန်း ငါးတန်းလောက်တုန်းက သမိုင်းကို သေချာမကျက်ဘူးနဲ့တူတယ်.... ဘယ့်နှယ့် ကလေးတောင်သိတာကိုဗျာ... ဖစ်မှဖစ်ရလေခြင်း... ဟားဟား.... ပြီးတော့ အနော်ရထာလက်ထက်လောက်တုန်းကဆို အိန္ဒိယမှာတောင် ဗုဒ္ဒဘာသာနေလိုလလိုထွန်းတောက်နေတုန်းလေဗျာ... သီဟိုဠ်ဆိုမပြောနေပါတော့.... အဲဒီတော့ အဲဒီအချိန်မှာ ဟိန္ဒူဘာသာ အိန္ဒိယကနေ အရင်ဝင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဗျာ... အနော်ရထာမတိုင်ခင်က အရည်းကြီးဝါဒဆိုတာ ဟိန္ဒူလို့ ခင်ဗျားက ပြောချင်တာလား.. ဒါဆို ဟိန္ဒူကိုစော်ကားသလို ဖြစ်ပြီး ခင်ဗျားတို့စစ်မျက်နှာ နှစ်ဘက်ဖွင့်နေရမယ်နော် သတိလည်းထားဦး... ဟိန္ဒူဝါဒမှာ ပန်းဦးဆက်တယ်ဆိုတာ မရှိဘူးလေ..ဟုတ်ရဲ့လား... အဲဒါကြောင့်ပြောတာပေါ့... သမိုင်းကြောင်းလေးတွေ လေ့လာပါလို့...((မင်းကန်စီ))

Wednesday, July 24, 2013

ကိုယ်တော်အီဗရာဟီးမ် (မင်းကြီး သင်္ခါ) ( ၁ )



ကိုယ်တော်အီဗရာဟီးမ် (မင်းကြီး သင်္ခါ)

ကိုယ်တော် အီဗရာဟီးမ် ကို ကုရ်အံကျမ်းတော်တွင် အမည်နာမအားဖြင့် (၆၉)ကြိမ် ဖေါ်ပြပြီး။ ယုံကြည်ချက်၌ ယိုင်လဲမှု မရှိသော ပုဂ္ဂိုလ် (သရဏဂုံ မြဲသော ပုဂ္ဂိုလ်) “ဟနီးဖ်” ဟု ဘွဲ့တော်ရပေသည်။ အီဗရာဟီးမ် ဆိုသည့် အဓိပ္ပါယ်မှာ “လူမျိုးများ၏ ဖခင်” ဟု ဖြစ်ကြောင်း (သမ္မာကျမ်းစာ၏ ကမ္ဘာဦးကျမ်း ၁၇း ၆)၊ တွေ့ရပေသည်၊ အစ္စလာမ်ဘာသာဝင်တို့အား “မူဆလင်” ဟုခေါ်ခြင်းမှာ ကိုယ်တော် အီဗရာဟီးမ် လက်ထက်တော် ကတည်းက အသိအမှတ်ပြုပေးခဲ့သော အမည်နာမ ဖြစ်ပေသည်။ (၂၂း၇၈) နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင် ကိုယ်တော် မုဟမ္မွဒ်သည် သူ၏မျိုးနွယ်ထဲမှ ဖြစ်ပေသည်။
ဤနေရာ၌ တင်ပြစရာ အနည်းငယ် ရှိပေသည်၊ မြန်မာ ဗုဒ္ဓဘာသာများ အနေဖြင့်လည်း ဤဘဒ္ဒကမ္ဘာ၌ နောက်ဆုံးပွင့် ပညတ်ဘုရား တစ်ပါး ပွင့်ပေါ်ရန် ရှိပေသည်၊ ထို ကိုယ်တော်၏ အလျှင် စကြာဝတေးမင်းကြီး သင်္ခါ ပွင့်ပေါ်လာမည်ဟု ပိဋကတော် စက္က၀တ္တိသုတ်၌ ဆိုထားပေသည်၊ ထိုမင်းကြီးတွင် အချွေအရံ မိဘုရား များနှင့် ပြည့်စုံသည့် အပြင် အဖိုးထိုက်လှသော သားဦးရတနာနှင့် သားသမီးများ အထောင်အသောင်း ရှိလိမ့် မည်ဟု ဆိုထားပေသည်။ (စက္က၀တ္တိသုတ် ၁၀၆)၊ ပိဋကတော်လာ ဖေါ်ပြသော စကားလုံးများအား ရှေးသုံး ပေါရာဏ ဝေါဟာရများနှင့် မကောက်ယူခဲ့သော် မင်းကြီးသင်္ခါ၏ သမိုင်းသည် ကိုယ်တော် အီးဗရာဟီးမ်၏ သမိုင်းနှင့် လွန်စွာ နီးကပ်မှု ရှိပေသည်။
ထိုသုတ်တော်၌ မင်းကြီးပေါ်ထွန်းမည့် အရပ်သည် ကျူပင် မြက်ပင်နှင့်တောတောင် ထူထပ်မှုတို့ ကင်းသည့် လူအများနေထိုင်ရာ ဇဗ္ဗူဒီပါကျွန်းဟု ဆိုထားသဖြင့်၊ ထိုအရပ်သည် တောတောင်များ အလွန်ထူပြောသည့် ဟိမ၀န္တာနှင့် နီးစပ်သည့် အရပ်ဒေသဟု သတ်မှတ် နားလည်ရန် မဖြစ်နိုင်ပေ။ ထိုအင်္ဂါရပ်မှာ ကျွန်းဆွယ် တစ်ခုခု နှင့်သာ ကိုက်ညီမှုရှိပေသည်။ ထိုအချက်ကို အဆိုပါသုတ်တော်ပါ “ပင်လယ်လေးတန်နှင့် ၀န်းရံလျှက်ရှိသည်” ဟုဆိုခြင်းက တိကျခိုင်မာ စေပေသည်။ ၎င်းသည် အာရေဗျ ကျွန်းဆွယ်တွင် ပေါ်ထွန်းခဲ့သော ကိုယ်တော် အီဗရာဟီးမ်၏ သမိုင်းများနှင့် ကိုက်ညီနေသည်ကို တွေ့ရပေသည်။
(၁) မင်းကြီးတွင် သားသမီး အထောင်အသောင်း ရှိမည်ဟူသော အချက်မှာလည်း။ အီဗရာဟီးမ်အား ကောင်းကင်မှ ကြယ်များ၏ အရေအတွက်ကို မရေတွက်နိုင် သကဲ့သို့ သားသမီးမျိုးနွယ် များပြားစေမည် ဟူသော (သမ္မကျမ်းစာ ကမ္ဘာဦး (၁၅း ၅)နှင့် တိုက်ဆိုင် နေပါသည်။
(၂) မင်းကြီးတွင် အဖိုးထိုက်တန်သော သားဦးရတနာ ရှိလိမ့်မည်ဟူသော အချက်မှာလည်း။ အီဗရာဟီးမ်သည် အဘိုးမဖြတ်နိုင်သော သားဦးရတနာ အီစ္စမာအီးလ်ကို ရခဲ့ပေသည်၊ သူ၏ ဖခင်အပေါ်၌ အနစ်နာခံမှုကို ယခုအခါ အစ္စလာမ်ဘာသာဝင်ပေါင်း သန်း၂၀၀၀ ခန့်(ကမ္ဘာ့ လူဦးရေ၏ သုံးပုံ တစ်ပုံ နီးပါး)က “စွန့်လွှတ်စတေးမှု” (ကုရ်ဘာနီ)ကို နှစ်စဉ် ဆောင်ရွက် နေရခြင်းက သက်သေတည်နေပေသည်။ ထိုအချင်းအရာကြောင့် ကမ္ဘာ့လူသားပေါင်းများစွာသည် သားအဖနှစ်ဦးအား မည့်သည်အခါတွင်မှ မေ့ကွယ်၍ မရနိုင်ပေ။
(၃) မင်းကြီးမှာ ထိုဇဗ္ဗူဒီပါကျွန်းမှ ကေတုမတီမည်သော နေပြည်တော်၏ ပြည့်ရှင်မင်း ဖြစ်မည် ဟူသော အချက်ကိုလည်း ကုရ်အံကျမ်းလာ သုတ်တော် (၂း ၁၂၄) တွင် “သင့်အား လူသားတို့၏ ရှေ့ဆောင်အဖြစ် ခန့်အပ်တော်မူပြီ” ဟူသော အချက်က ထောက်ပြနေပြီး။ သူပြန်လည် ထူထောင်ခဲ့သော မက္ကာဟ်မြို့အား မြို့ရွာတို့၏ မိခင်ဟု ကုရ်အံကျမ်းတော်က ဆိုပေသည်၊ (၆း ၉၂)။
(၄) မင်းကြီးသည် စကြာဝတေးမင်းကြီး ဖြစ်သည် ဆိုခြင်းကို- သင့်အားလူမျိုးကြီး ဖြစ်စေမည်။ သင်၏ နာမကို ကြီးမြတ် စေတော်မူမည်၊ ခါနန်ပြည် (ယခု အာရဗ်ကမ္ဘာ) ကိုသင်၏ မျိုးနွယ်အား အစဉ်အမြဲ အပိုင်ပေးမည်။ (ကမ္ဘာဦး ၁၂း ၂။ ၁၇း ၁၀) ဟူ၍တိုက်ဆိုင်နေ ပြန်သည်။
(၅) အံ့သြစရာကောင်းသည်က မင်းကြီးသင်္ခါသည် ရှေးရှေးက မင်းကြီး မဟာပန်နဒ အတွက်တည်ဆောက် ခဲ့သော အဆောက်အဦးတော်ကို ပြန်လည် မြှင့်တင်တော်မူလိမ့်မည် ဟူ သောအချက်ပင်တည်း။ အီဗရာဟီးမ်သည် သူ၏ သားဦးရတနာနှင့်အတူ ရှေးဟောင်း လူသားတို့ အမြတ်တနိုးထားသော အဆောက်အဦး (၀တ်ကျောင်းတော်) ကို ပြန်လည် မြှင့်တင်တော်မူခဲ့သည် ဆိုသည်ပင်ဖြစ်၏၊ (ကုရ်အံ ၂း ၁၂၇)။

မင်းကြီးသင်္ခါသည် နောက်ဆုံးပွင့်ပေါ်မည့် မေတ္တယျ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ ) ဘုရားရှင် အတွက် ရှေးပြေးနိမိတ် ဖြစ်သည်ဟု ဆိုထားသကဲ့သို့

အစ္စလာမ်ဘာသာဝင်တို့က နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင်ဟု အခိုင်အမာ ယုံကြည်သော မုဟမ္မဒ် (မေတ္တာပို့ခံထိုက်သူ)ကိုယ်တော်၏ ရှေးပြေးနိမိတ်မှာ ကိုယ်တော်အီဗရာဟီးမ် ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ အနေဖြင့် ဘာသာတရားတစ်ခုနှင့် တစ်ခုအကြား နားလည်မှုရစေရန် ပိုမို နီးစပ်မှုရှိစေရန် စေတနာကောင်းများဖြင့် သုတေသန ပြုလုပ်သင့်ပေသည်။

ဌေးလွင်ဦး

.
ဆိုလိုတာက .....
ဗုဒ္ဓကျမ်းဂန်တွေမှာ စင်္ကြ၀တေးမင်းဟာ ဘဒ္ဒကမ္ဘာရဲ့ နောက်ဆုံးပွင့်မယ် အရိမေတ္တေယျ မြတ်စွာဘုရား လို့ အခိုင်အမာပါ ရှိသလို  ....
.
မွစ္စလင် အယူမှာလည်း အီဗရာဟင်ကနေ ဆင်းသက်လာတဲ့ မိုဟာမက်ဟာလည်း နောက်ဆုံး တမန်လိုကပြောတဲ့အတွက်
.

လူသူကင်းတဲ့ တောင်ပေါ်မှာ ဘုရားရှင်က တောင်းလို့ သူ့သားအရင်း အစ္စမေးကို လည်လှီးလိုက်တဲ့အခါမှာ အလှီးခံရတဲ့သူဟာ သူ့သားမဟုတ်ပဲ သူ့သားကျောင်းတဲ့သိုး တစ်ကောင် ဖြစ်သွားတယ်ဆိုတဲ့ ဒဏ္ဍရီလာ တမန် အီဗရာဟင် ဆိုတဲ့ လူက သင်္ခစင်္ကြ၀တေးမင်း ဖြစ်ပြီး
.
အီဗရာဟင် မျိုးဆက်ကနေ ဆင်းသက်လာတဲ့ မွစ္စလင်တွေရဲ့ နောက်ဆုံးတမန်မိုဟာမက်ဟာ အရိမေတ္တေယျ ဘုရား ဖြစ်ပါတယ်တယ် လို့ အခိုင်အမာ ဆိုလိုက်တဲ့သဘောပါ ။
.
အံ့သြပါ့ ကိုဌေးလွင်ဦးရယ် ......
အဲ့စကားကိုလေ ဆော်ဒီက ဘာသာရေးခေါင်းဆောင်တွေဆီမှာဖြစ်ဖြစ် နာမည်ကြီး AZHA တက္ကသိုလ်က ကျောင်းအုပ်ဆီမှာဖြစ်ဖြစ်သွားပို့ကြည့်လိုက်ပါလားဟင် ....
အကို့ကို လည်တောင်လှီးသတ်လိုက်လိမ့်ဦးမယ်။
ဂျူးတွေကို သွားပြရင်တော့ သူတို့ သမ္မာကျမ်းကို ပေါက်ကရဘာသာပြန်လို့ ရှင့်ကို နုတ်နုတ်စင်းကြလိမ့်မယ်။
.
ဘယ်မွစ္စလင်ဥသျှောင် နိုင်ငံမှ ဒီလို ၇ူးကြောင်ကြောင် ပေါက်လွှတ်ပဲစားအတွေး မတွေးကြဘူးရယ် ...။
ဘယ်လိုဖြစ်နိုင်မှာလဲရှင် ....
 .
ကဲ အရင်ဆုံး ကျမ်းဂန်လာ စကြ၀တေးမင်း အကြောင်း ပြောကြပါစို့ ....
စကြ၀တေးမင်း ......

အလျားယူဇနာ(၁၀၀)၊
အနံယူဇနာ(၂၅၀)၊
အ၀န်းယူဇနာ(၉၀၀) ရှိတဲ့ မဇ္ဈိမဒေသ အရပ် က မင်းမျိုးမင်းနွယ်မှာ မွေးဖွားမယ် ။
ကမ္ဘာတိုင်းမှာ မဇ္ဈိမဒေသ ဟာ ဘုရား ပစ္စေကဗုဒ္ဓ အဂ္ဂသာဝက၊ မဟာသာဝက စတဲ့ မြင့်မြတ်သူများ ဖြစ်ရာအရပ်ဖြစ်တယ်
.
ဒါကြောင့် ရေမရှိ အပင်မရှိ သဲကန္တာရလို ပစ္စန္တရစ်အရပ်မှာ ဘုရား ၊တန်ခိုးရှင်၊ ဗြဟ္မဏ၊ သူတော်စင်၊ မဖြစ် မပေါ် မပွင့်ပါဘူး
.
ပြီးတော့ စကြ၀တေးမင်းနဲ့ သူ့သားတော်ဟာ သိုးကျောင်းတဲ့ သိုးကုန်သည် သားအဖ မဟုတ်ပါဘူး ။ အလွန်တရာမြင့်မြတ်တဲ့ မဟာဆီ မဟာသွေးတွေပါ ။
.
သူ့မှာ ရတနာ ( ၇ ) ပါးရှိပါတယ် ....
စကြာရတနာ
ဆင်ရတနာ
မြင်းရတနာ
မြရတနာ
မိဖုရားရတနာ
သူဌေးရတနာ
သားကြီးရတနာ တဲ့ .....
.
စကြမင်းပေါ်တာနဲ့
စကြရတနာအရင်လာတယ်
ဆင်ရတနာ မြင်းရတနာ အတူတူဖွားတယ် ။ သာမန် ဆင်းမြင်းတွေနဲ့မနှိုင်းအပ်တဲ့ ဆဒ္ဒန်ဆင် အသထိုရ်မြင်းအမျိုးတွေဖြစ်တယ်။
.
ကုလားအုပ် ကို ရတနာလုပ်စီးပြီး ဆင် မြင်းဆိုတဲ့ အရာကို လုံးလား ပြားလားတောင် မသိတဲ့သူမဟုတ်ပါဘူး ။
.
မိဖုရားရတနာက အဆင်းလှတယ် ကြည်ညိုဖွယ်ရှိတယ် မြင့်ခြင်း၊ နိမ့်ခြင်း ဟူသော အပြစ်ခြောက်ပါး ကင်းတယ် ကိုယ်နံ့သင်းတယ် ။ ခံတွင်းနံ့ သင်းတယ် မဒ္ဒတိုင်းက မင်းမျိုး ဖြစ်တယ် မြောက်ကျွန်းသူ ဖြစ်တယ်။
.
အီဗရာဟင်ရဲ့ မိန်းမအကြောင်းကတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ် ကျွန်မဆိုလားပဲ ။
.
သူဌေးရတနာကတော့ မြေကြီးအတွင်း တစ်ယူဇနာတိုင်တိုင် အရှင်ရှိပြီး မြှုပ်ထားသော ဥစ္စာ၊ အရှင်မဲ့ မြှုပ်ထားသော ဥစ္စာတွေကို မျက်စိနဲ့ မြင်နိုင်တယ်။ စကြ၀တေးမင်း စုံစမ်းခိုင်းတဲ့ အခါ ပိုင်ရှင်မဲ့ ရတနာတွေကို ယူပေးတယ်။
.
သားကြီးရတနာသည် ပညာရှိသည်၊ လိမ္မာသည်၊ သူတစ်ပါး၏ အကြံအစည်ကို သိနိုင်သည်။
တစ်နေ့လုံးကုန် သိုးပတ်ကျောင်းနေ၇တဲ့ သိုးကျောင်းသားမဟုတ်သလို သူ့အဖေသူ့ကိုသတ်ဘို့လာတာကို တောင်သူ့အဖေပြောမှသိတဲ့ သိုးကျောင်းသားမဟုတ်ပါဘူး။
ရှင်ပြောသလို သားသမီး ထောင်ချီ မရှိပါဘူး သားတော်တစ်ပါးထဲပါ ..။
.
စကြ၀တေးမင်း သေပြီး (၇)ရက်မြောက်နေ့မှာ စကြာရတနာ ကွယ်တယ်
ဆင်၊ မြင်းရတနာ သေတယ်
မြရတနာ ပျောက်ကွယ်တယ်
မိဖုရားရတနာ တန်ခိုးအာနုဘော် ကွယ်တယ်
သူဌေးမျက်စိ သာမန်မျက်စိသာရှိတော့တယ်
သားကြီးရဲ့ ဉာဏ်ပညာလဲ သာမန်ပညာတတ် တစ်ယောက် အဆင့်သသာ ဖြစ်တော့တယ်။
.
မဟာသုဒသန သုတ်တော်အရ စကြ၀တေးကျင့်ဝတ်သုံးပါးရှိတယ် ...
ဒါန = အလှူပေးခြင်း၊
ဒမ္မ = က္ကနြေ္ဒကို ဆုံးမခြင်း၊
သံယမ = ငါးပါး၊ ရှစ်ပါးသီလတို့ကို ဆောက်တည်ခြင်း၊(တစ်နည်း) ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်း၊
(ဒီဃနိ ကာယ် ပါထိက၀ဂ် စက္က၀တ္တိသုတ်) အရ ဆယ်ပါး
သံမယ ဆယ်ပါးကတော့ ....

၁။ သားမယားတို့ကို သီလ၌ ဆောက်တည်စေခြင်း၊ အ၀တ် ပုဆိုး၊ နံ့သာ၊ ပန်း စသည်တို့ကို ပေးခြင်း၊ဘေးဥပဒ် မရှိအောင် စောင့်ရှောက်ခြင်း၊

၂။ အဘိသိက် ခံလေပြီးသော မင်းတို့အား မြည်း၊ မြင်း၊ အဿဇနေယျ စသော ရတနာတို့ကို ပေး၍ ချီးမြှောက်ခြင်း၊

၃။ မိမိထံ၌နေသော မင်းတို့ကို ထိုက်သည့်အားလျှော်စွာ ယာဉ်၊ သံလျင်းပေး၍ နှစ်သက်စေခြင်း၊

၎။ ပုဏ္ဏားတို့အား ထမင်း၊ အဖျော်၊ ပုဆိုး စသောလှူဖွယ်ဝတ္တုကို ပေးခြင်း၊ သူကြွယ်တို့အား မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ နွားလား စသည်တို့ကို ပေးခြင်း၊

၅။ နိဂုံး၊ ဇနပုဒ် နေသူတို့အား ထမင်း၊ မျိုးစေ့၊ ရိက္ခာ၊ ထွန်တုံး၊ ထွန်သွား၊ ကျွဲ၊ နွား စသည်တို့ကို ပေးခြင်း၊

၆။ ရဟန်းတို့အား ရဟန်းတို့နှင့်လျော်သော ပရိက္ခရာများ လှူဒါန်း၍ ပူဇော်ခြင်း၊

၇။ သားရဲတိရစ္ဆာန်တို့အား ဘေးမဲ့ပေး၍ သက်သာရာကို ရစေခြင်း၊

၈။ မတရားသော အမူအရာကို မပြုစေခြင်း၊

၉။ ဥစ္စာ မရှိသောသူတို့အား ဥစ္စာကိုပေးခြင်း၊

၁၀။ ရဟန်း၊ ပုဏ္ဏားတို့ထံသို့ကပ်၍ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိ၊ မှီဝဲအပ်၊ မမှီဝဲအပ် စသော တရားကိုမေး၍ အကုသိုလ်ကိုပယ်၊ ကုသိုလ်ကို ဆောက်တည်စေခြင်း၊
.
တစ်နှစ်တစ်ခါ ကုန်ဘာရီဆိုတဲ့ လည်လှီးတာနဲ့တင် တစ်ချက်မှ မညီတာသိလောက်ပြီ ထင်ပါတယ် ။
.
စကြ၀တေးမင်း တန်ခိုး .....
.
ကျွန်းကြီး လေးကျွန်း နှင့် အရံကျွန်းငယ် (၂၀၀၀) ကို အစိုးရတဲ့မင်းလို့ ကျမ်းဂါန်တွေကဆိုတယ်
ဇမ္ဗူဒိပ် မင်းအပေါင်းက ၀ပ်တွား ခညောင်းရတဲ့ မင်းဖြစ်တယ်
အလိုခပ်သိမ်းပြည့်စုံစေတတ်တဲ့ စကြရတနာရှိလို့ စကြ၀တေးမင်းလို့ခေါ်တယ်
 စကြ၀တေးမင်းကို မန္ဓာတု စကြာမင်း ၊ မန္ဓတ်မင်း လို့လည်းခေါ်တယ်
ဂေါတမ မြတ်စွာဘုရားအလောင်းဟာ မဟာသမ္မတမင်းကနေ စရေတွက်ရင် နှစ်ကျိပ်ရှစ်ပါးသော မင်းတို့မှာ ခုနစ်ဆက်မြောက် မန္ဓတ်မင်း ဖြစ်ဖူးပြီး
ကျွန်းငယ် အရံ (၂၀၀၀) နဲ့ တကွ ကျွန်းကြီး လေးကျွန်းမှာ စကြ၀တေးမင်း စည်းစိမ်ကို ခံစားတော်တယ်။
.
တန်ခိုး ၄-မျိုးရှိတယ်
.
လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊
လွန်ကဲသောအသက်ရှည်ခြင်း၊
အနာရောဂါကင်းခြင်း၊
အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း ......  စတာတွေဖြစ်တယ်။
.
အံ့ဘွယ် လေးပါး ရှိတယ် ......

ဘုန်းကံ ပါရမီအလျောက် အလွန်အဆင်း တင့်တယ်၍ အသံသြဇာရှိခြင်း ၊
သတ္တ၀ါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း ၊
ကောင်းကင်ခရီးဖြင့် သွားလာတတ်ခြင်း ၊
တရားနှင့်အညီ စိုးစံတတ်ခြင်း တို့ ဖြစ်တယ် ......

ဒီဂုဏ်တွေကြောင့် အခြားသော မင်း ၊ ပုဏ္ဏား ၊ သူကြွယ် ၊ ရသေ့ ၊ ရဟန်းတို့ဟာ အဆင်းကို ရှု၍မ၀ ၊ အသံကို ကို ကြား၍မ၀ ၊ တရားစကား နှီးနှော၍ မ၀ အောင် ဖြစ်ကြရတယ်
စကြာရတနာတန်ခိုးကြောင့် အခြားသော မင်းများ မတုပြိုင်နိုင်သော တန်ခိုးရှင်လည်း ဖြစ်တယ်။
.
ဗုဒ္ဓ၀င်မှာတော့ ဂေါတမ မြတ်စွာဘုရား အလောင်းတော်ဟာ ကောဏ္ဍညမြတ်စွာဘုရားထံတော်မှာ ဝိဇိတာ စကြာမင်းဖြစ်ပြီး
ရဟန်းအဖြစ် နဲ့

ပြီးတော့ သုဇာတမြတ်စွာဘုရားထံတော်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့တယ် ။
.
ကဲ .....
ပြောကြည့်ပါအုန်း အကို ဘယ်နေရာတွေမှာများ မြူတစ်မှုံစာလောက်လေးတောင် တူနေပါလိမ့် ရှင် ....
.
မိုဟာမက်နဲ့ ဂေါတမ ဗုဒ္ဓကွာခြားချက်ကိုတော့ လာမယ့်အပတ်ဆက်တင်ပေးပါ့မယ် ။
.
ချမ်းမြေ့ကြပါစေရှင် ....
.

http://islaminmyanmar.blogspot.com/2012/09/blog-post_2940.html 




ကိုယ်တော်အီဗရာဟီးမ်(မင်းကြီးသင်္ခါ) ပို့စ်ကို ဝေဖန်ခြင်း ( ၂ )

ရွက်ဝါ said...
ကိုဌေးလွင်ဦးသို့ ပေးစာ
ကိုယ်တော်အီဗရာဟီးမ်(မင်းကြီးသင်္ခါ) ပို့စ်ကို ဝေဖန်ခြင်း

ဖော်ပြပါပိုစ်မှာ ကိုဌေးလွင်ဦးက ‘ဘာသာတရားတစ်ခုနှင့်တစ်ခုကြား နားလည်မှုရစေရန်၊ ပိုမို နီးစပ်မှုရှိစေရန် စေတနာကောင်းများဖြင့် သုတေသန ပြုလုပ်သင့်ပေသည်’ လို့ နိဂုံးချုပ်ထားတာတွေ့ရတယ်။ စကား အသုံးအနှုံးလေးလည်း လှတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော့် အမြင်ကို ပြောပါရစေ။ အတွေးအခေါ် အယူအဆ မတူတဲ့ ဝါဒ ၂-ခုကို နားလည်မှုရှိရအောင်လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါလိမ္မယ်။ ဒါပေမဲ့ နီးစပ်မှုရှိအောင် ဆိုတာကတော့ ဘယ်နည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ နီးစပ်မှုရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုနေရင်တော့ အချိန်ကုန်လူပန်းတာပဲ အဖတ်တင်ပါလိမ္မယ်။ သမိုင်းကြောင်း ဝတ္ထုကြောင်းဆင်တူရာတွေကို ဝေါဟာရတွေပါ ကူးယူအသုံးချပြီး ရေးချင်ရာလျောက်ရေးရင်တော့ ရှုတ်ထွေးမှုတွေဆီ ဦးတည်နေလို့ ဘာသာတရား ၂-ခု လုံးအတွက် ဆိုးကျိုးတွေသာ ဖြစ်လာပါလိမ့်မယ်။

နားလည်မှုတွေ အပြန်အလှန်ရဖို့ဆိုတာကတော့ ကျွန်တော့်အနေနဲ့လည်း တတ်နိုင်သမျှ ကြိုးစားနေတဲ့ အရာပါပဲ။ လူတွေအားလုံးကို ကိုယ်နဲ့ ရိုးရာဓလေ့၊ ကိုးကွယ်သည့်ဘာသာ မတူညီသူတွေအပေါ်မှာ နားလည်ပေးတတ်တဲ့ အမြင်လေးတွေ ရှိစေချင်ပါတယ်။ ပိဋကတ်တော်မှာ ရှာဖွေရင်တော့ အချင်းချင်း နားလည်ပေးမှုအတွက် အဆင့်မြင့်တဲ့ အတွေးအခေါ်တွေ တွေ့ရပါလိမ္မယ်။

ဗုဒ္ဓဝါဒမှာ ဘယ်လောက်ပဲဆိုးဝါးတဲ့ ပြစ်မှုကို ကျူးလွန်သူဖြစ်ပါစေ။ သူ့စိတ်ထဲက ကိလေသာ အညစ်အကြေးသည်သာ အကြောင်းတရားဖြစ်တယ်။ အပြစ်တင်စရာ ပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့ ဆိုထားပါတယ်။ သူတပါးအပြစ်ကို ဒေါသစိတ်မပွားဘဲ ဒီလောက်ထိ သဘောထားကြီးကြီးနဲ့ ရှုမြင်ပေးတဲ့ အဆုံးအမကတော့ ကျွန်တော်ဖတ်ဖူးသလောက် အခြားဘယ်ကျမ်းဂန်မှာမှ မတွေ့ဖူးပါဘူး။

ဗုဒ္ဓဘုရားရှင်ဟာ သက်တော်ထင်ရှားရှိစဉ်က အတိုက်အခိုက်မျိုးစုံ ခံခဲ့ရပါတယ်။ မူဝါဒရေးရာ အရ တိုက်ခိုက်မှုတွေသာမက ပုဂ္ဂိုလ်ရေး မနာလိုမှုနဲ့ နာမည်ပျက်အောင် ကြံဆောင်တာတွေ၊ အသက်ကိုပါ ရန်ရှာတာတွေ ခံခဲ့ရပါတယ်။ ဒါတွေကိုလည်း ဗုဒ္ဓက အဲဒီပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကို သုံးသပ်ပြတာက လွဲလို့ လူဒုက္ခ၊ စိတ်ဒုက္ခ ဖြစ်စေနိုင်တဲ့ တုန့်ပြန်မှုမျိုးတွေ မလုပ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီကိစ္စတွေပေါ်မှာပဲ သုံးသပ်ပြပြီး ဝိပါက်တော် (၁၂) ခန်းတရားဒေသနာတို့ကို ဟောခဲ့ပါတယ်။ အဲဒီတရားတွေရဲ့ အဓိက အဆုံးအမကတော့ “ငါဘုရား အလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလ နုစဉ်အခါတုန်းက အဲဒီလို မှားယွင်းတဲ့ ကာယ၊ ဝစီ၊ မနော အမှုတွေကို ပြုခဲ့မိတယ်။ ဒါကြောင့် ခုဘုရားဖြစ်တဲ့ ဘဝမှာ ဒီလို ဝိပါက်တွေ ပါလာတယ်”- လို့ပဲ အလွယ်ပြောလို့ရပါတယ်။ သဒ္ဓါတရားရှိတဲ့သူတွေကတော့ ကျမ်းဂန်လာအတိုင်း ယုံကြည်ကြတယ်။ သဒ္ဓါတရားမရှိလို့ မယုံကြည်နိုင်ရင်လည်း အပြစ်မဆိုပါဘူး။ ပုံဝတ္ထုသက်သက် ဖြစ်တယ်လို့သာ သဘောထားကြပါ။

ဒါပေမဲ့ အဲဒီပုံဝတ္ထုကပေးတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဆုံးအမ ကတော့ လူ့လောကကို မကောင်းတဲ့ ကာယ၊ ဝစီ၊ မနော အမှုတို့ မပြုမိစေဖို့ သတိပေးထားတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ မိမိအသက်ကို ရန်ရှာသူ၊ ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ နာမည်ပျက်အောင် ကြံဆောင်သူတွေကိုတောင် ဒီလို ရှုမြင်ပေးနိုင်တယ် ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဝါဒရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ နားလည်ပေးနိုင်မှုတွေကို ကိုဌေးလွင်ဦးလည်း တီးမိခေါက်မိလောက်ပါပြီ။ အစ္စလာမ်အဆုံးအမတွေထဲမှာ အဲလိုဆင်တူရိုးမှား၊ ဒါမှမဟုတ် အဲဒီလောက် မြင့်မြင့်မားမား၊ ဒါမှမဟုတ် အဲဒီထက်သာလွန်တဲ့ အတွေးအခေါ်တွေရှိရင် (နားလည်ပေးမှုနဲ့ ပတ်သက်လို့ပေါ့) မျှဝေစေချင်ပါတယ်။

ကိုဌေးလွင်ဦးက နားလည်မှုဆိုတာလေးကို သုံးခဲ့လို့ ဒီလိုပို့စ်တွေရေးနေတဲ့ ကျွန်တော့်ရင်ထဲကိုလည်း ခန့်မှန်းတတ်အောင်၊ ကျွန်တော်တို့ ဘာသာတရား အဆုံးအမကိုလည်း အမြည်းသဘောလောက်ကလေး နက်နက်နဲနဲ တွေးခေါ်မိအောင် ပြောခဲ့တာပါ။

အခုဆက်ပြီး နီးစပ်မှုရှိစေရန်ဆိုတဲ့ စကားလေးကို ရှင်းပါရစေ။

ဖန်ဆင်းရှင်ဝါဒတွေနဲ့ ဗုဒ္ဓဘာသာကတော့ တောင်နဲ့မြောက်ပါ။ ဘယ်လိုမှ နီးစပ်မှုမရှိနိုင်ပါဘူး။ အဲဒီစိတ်ကူးနဲ့ သုတေသန ပြုလို့ကတော့ အချိန်ကုန် လူပန်းတာပဲ အဖတ်တင်ပါလိမ္မယ်။ မနီး,နီးအောင် ဆွဲရေးမယ်ဆိုရင်လည်း မူဝါဒရေးရာ ရှုတ်ထွေးမှုကို ဖန်တီးသလိုဖြစ်ပြီး ဝါဒ ၂-ရပ်လုံးအတွက် ကောင်းကျိုးဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က သူ့ကိုသူ တန်ခိုးရှင်တစ်ဦးဦးရဲ့ ကိုယ်စားလှယ်ဖြစ်တယ်၊ သားတော်ဖြစ်တယ်၊ အဲဒီတန်ခိုးရှင်နဲ့ သူနဲ့ တနည်းနည်း အဆက်အသွယ်ရှိတယ်- စတဲ့စကားတွေကို လုံးဝမပြောခဲ့ပါဘူး။ သူ့စကား ကိုလူတကာ လက်ခံလာဖို့ သဘာဝလွန် တန်ခိုးရှင်တစ်ဦးဦးဆီက အကူအညီ တစ်စုံတရာ မယူခဲ့ပါဘူး။
- ဒီလောကကြီးကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတယ်ဆိုတဲ့ အယူ၊
- ဖန်ဆင်းရှင်ဝါဒီတွေ ပြောပြောနေတဲ့ ဝိညာဉ်လို့ခေါ်တဲ့ ခိုင်မြဲတဲ့ နာမ်တရားအစုကလေး ရှိတယ်ဆိုတဲ့ အယူ တွေကို လွဲမှားသော အယူများအဖြစ် အထင်အရှား ဆုံးမထားပါတယ်။

ကျွန်တော်တို့ ဘာသာတရား အဆုံးအမတွေကိုကြည့်ရင် အကျိုးအကြောင်း ဆင်ခြင်ဟောကြားထားတာတွေသာ တွေ့ရပါလိမ္မယ်။

အစ္စလာမ် သာသနာမှာတော့ တစ်ဆူတည်းသော ဘုရားဆိုတာ သိပ်အရေးကြီးနေတယ်။ တစ်ဆူတည်းဖြစ်ကြောင်းကို ခိုင်လုံအောင် ပြောနိုင်ရင်ပဲ သူတို့မှာ ကျင့်ဆောင်စရာ ဘာတာဝန်မှ မရှိတော့သလို၊ တာဝန်တွေကုန်သွားပြီလား ထင်ရလောက်အောင် အရေးတကြီးရှင်းပြ နေကြတာတွေ့ရတယ်။ အခြားဘာသာတရားတွေမှာ တစ်ဆူမက များပြားနေတယ်ဆိုတာတွေကို ထောက်ထောက်ပြပြီး အလုပ်များနေကြတယ်။ တကယ်တန်းရှာကြည့်တော့လည်း အဲဒီထဲမှာ ဘာ philo၊ ဘာ Ethic မှမတွေ့ရဘူး။

ဒီလိုပြောလို့ စိတ်မရှိကြပါနဲ့။ နားမခံသာမှန်းသိပေမဲ့ ပြောရတာ အကြောင်းရှိပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ ကွန်မန့်လာရေးသူအချို့ကလည်း အတွေးအခေါ်ပိုင်း ကျင့်ဝတ်ပိုင်းကို တကယ်ဆွေးနွေးမယ်ဆိုရင် နောက်တွန့်နေကြတယ်။ ကျွန်တော့်အတွက် အခုလို ဘာသာရေးဆွေးနွေးမှုတွေကို အစပျိုးစေခဲ့တဲ့ ဝိုင်ဖိုရမ်က ညီအစ်ကို များလည်း နှုတ်ဆိတ်နေကြတယ်။ ကျွန်တော်ကတော့ အတွေးအခေါ်နဲ့ ကျင့်ဝတ်နောက်ကိုပဲ အဓိကလိုက်တယ်။ ဘယ်လိုအတွေးအခေါ်တွေရနိုင်မလဲ၊ ဘယ်လိုကိုယ်ကျင့်တွေပေးနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘာသာရေး စာပေတွေကို ဖတ်တယ်။

အဲဒီတော့ ကျွန်တော်အဓိက အကြံပေးချင်တာက ကိုဌေးလွင်ဦးအနေနဲ့ နီးစပ်မှုရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစ္စလာမ်သာသနာကို သုတေသနပြုချင်ရင် ခရစ်ယာန်တို့ ဂျူးတို့နဲ့ နှိုင်းယှဉ်ပြီး လုပ်ပါ။ ရကောင်း ရပါလိမ္မယ်။ သူတို့ တမန်တော်များကလည်း သဘာဝလွန် ထာဝရတန်ခိုးရှင်နဲ့ တစ်နည်းနည်း ပတ်သက်နေကြကြောင်း ကျမ်းဂန်တွေမှာတွေ့ရလို့ပါ။ အမှန်တကယ် နီးစပ်မှုတွေဖော်ထုတ်နိုင်ရင်လည်း ယနေ့ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်တာပေါ့။ ဗုဒ္ဓဝါဒနဲ့နှိုင်းယှဉ်ပြီး ပြုမိရင်တော့ တောင်နဲ့မြောက်ပမာ ဖီလာဆန့်ကျင်မှုတွေသာ တွေ့ရဖို့ရှိပါတယ်။

အခုဆက်ပြီး ကိုယ်တော်အီဗရာဟီးမ်နဲ့ ပတ်သက်လို့ပြောချင်တယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေမှာ စကြာဝတေးမင်းဆိုတာကို အလွန်တရာ မြင့်မြင့်မားမား အလေးထားမှုတွေ တွေ့ရတယ်။ လောကုတ္တရာဉာဏ်အဖြစ်နဲ့ ဘာမှ မတတ်လှမ်းနိုင်ရင်နေပါစေ။ သူ့ရဲ့ ကိုယ်ကျင့်နဲ့ မျှတတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုတွေကြောင့် သူသေတဲ့အခါမှာ သူ့အရိုးကို စေတီတည်ထားကိုးကွယ်ထိုက်တယ်လို့ ကိလေသာကင်းစင်သူ အရိယာများနဲ့တန်းတူ အလေးအမြတ်ပြုဖို့ လမ်းညွှန်ထားတယ်။

ဒီတော့စကြာဝတေးမင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်မလဲ- တွေးကြည့်ပါဦး။ ကိုယ်တော်အီဗရာဟီမ်နဲ့ နှိုင်းယှဉ်ဖို့ စကြာမင်းကျင့်ဝတ်တွေ ခဏဖယ်ထားရအောင်၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ နာယကဂုဏ် အဲဒါတွေလည်း အကုန်လုံး အပြည့်အစုံကြီးထည့်မပြောသေးဘူး။ မင်းကျင့်တရားထဲကမှ သီလဆိုတဲ့ တရားလေးနဲ့ မှတ်ကျောက်တင်ကြည့်ရအောင်။ ဗုဒ္ဓဝါဒအရ မင်းကောင်းမင်းမြတ်ဆိုတာ ၅-ပါးသော နိစ္စသီလကို မြဲရတယ်၊ အခါအားလျော်စွာ ဥပုသ်သီလကို ဆောက်တည်ရတယ်- လို့ဆိုထားတယ်။ ကိုယ်တော်အီဗရာဟီမ်က ၅-ပါးသောသီလမှ မြဲပါရဲ့လား။

ကျွန်တော်သမ္မာကျမ်းစာလည်း ဖတ်ကြည့်မိတယ်။ ကိုဌေးလွင်ဦးညွှန်းတဲ့နေရာတွေကိုပါပဲ ဖတ်ကြည့်မိတယ်။ အာဗြံ၊ အာဗြဟံ ဆိုတဲ့ အမည်နဲ့ ပုဂ္ဂိုလ်အကြောင်း အများကြီးဖတ်ရတယ်။ စုံစုံလင်လင်မဖတ်ရသေးလို့ ကျမ်းကိုးကြီးထည့်ပြီးတော့ ဝေဖန်ချက်မပေးတော့ပါဘူး။ မှတ်သားမိသလောက် အာဗြံရဲ့ဘဝကြမ်းလိုက်တာ။ ကျွန်မနဲ့လည်း သားတစ်ယောက်ထွန်းကားတယ်။ ဇနီးသည်နဲ့ကျွန်မ ပြဿနာတွေတတ်တယ်။ မိမိကိုယ်ဝန်လွယ်ထားတဲ့ ကျွန်မကို အကာအကွယ်မပေးနိုင်ခဲ့ဘူး။ မိမိဇနီးကို ဇနီးအဖြစ်အမှန်မပြောရဲခဲ့လို့ ဘုရင်ကဇနီးသည်ကို သိမ်းတာ ခံလိုက်ရသေးတယ်။ နောက်ပိုင်းမှာတော့ မကျူးလွန်ခင် မိမိလက်ထဲပြန်ရခဲ့တယ်။ ဇနီးသည်နဲ့ သားရတနာထွန်းကားတော့ ကျွန်မကမွေးတဲ့သားအပေါ် စိတ်တိုင်းကျ မစီမံနိုင်ဘူး။ နောက်တော့ ကိုယ့်သားအရင်းကို ယစ်ပူဇော်ဖို့ မသိနိုးနားခေါ်သွားရရှာတယ်။ ဘာမှ သူ့ဘဝမှာ မြင့်မြင့်မားမားရှာမတွေ့ဘူး။ အဲလိုလူမျိုးကိုများ ပိဋကတ်တော်ကလာရှိတဲ့ စကြာမင်းနဲ့ နှိုင်းယှဉ်ပြောဖို့ စိတ်ကူးခဲ့တာကတော့ စကြာဝတေးမင်းဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ကျင့်ဝတ်တွေကို နားလည်ဖို့တော့ ဝေးစွ၊ သာမာန် ကလျာဏပုထုဇဉ်တစ်ယောက် ကျင့်ဝတ်တောင် ဗုဒ္ဓဝါဒမှာ ဘယ်လိုဆိုထားသလဲဆိုတာ ကိုဌေးလွင်ဦး သဘောမပေါက်လို့ဖြစ်ပါလိမ္မယ်။

မေတ္တာပို့ခံထိုက်သူ မုဟမ္မဒ် နဲ့ ပတ်သက်လို့၊ မေတ္တေယျဆိုတဲ့ ဘုရားဘွဲ့တော် အဓိပ္ပာယ်နဲ့ ပတ်သက်လို့ နောက်စာမှာ ဆက်ဆွေးနွေးပါ့မယ်။

လေးစားစွာဖြင့်
ရွက်ဝါ

ကိုဌေးလွင်ဦးသို့ ပေးစာ

မေတ္တာပို့ခံထိုက်သူ မုဟမ္မဒ်နဲ့ ပတ်သက်လို့၊ မေတ္တေယျဆိုတဲ့ ဘုရားဘွဲ့တော်နဲ့ ပတ်သက်လို့ ဆက်ပြီးဆွေးနွေးပါ့မယ်။

ကိုယ်တော် အီဗရာဟီးမ် (မင်းကြီး သင်္ခါ)ပို့စ်မှာ ကိုဌေးလွင်ဦးရေးထားသမျှထဲမှ ဒုတိယ နောက်ဆုံးပိုဒ်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
မင်းကြီးသင်္ခါသည် နောင်အခါပွင့်ပေါ်မည့် မေတ္တယျ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) ဘုရားရှင်အတွက် ရှေးပြေးနိမိတ် ဖြစ်သည်ဟု ဆိုထားသကဲ့သို့ အစ္စလာမ်ဘာသာဝင်တို့ နောက်ဆုံးပွင့်ဉာဏ်စဉ်တော်ဆောင်ဟု အခိုင်အမာ ယုံကြည်သော မုဟမ္မဒ်(မေတ္တာပို့ ခံထိုက်သူ) ကိုယ်တော်၏ ရှေးပြေး နိမိတ်မှာ ကိုယ်တော် အီဗရာဟီးမ် ဖြစ်ပေသည်။

သင်္ခစကြာမင်းသည် မေတ္တေယျ ဘုရားရှင်၏ ရှေ့ပြေးနိမိတ်ဟူသော အသုံးအနှုံးကို ပိဋကတော်တွင် မတွေ့မိပါ။ သင်္ခစကြာမင်းနှင့် မေတ္တေယျဘုရားရှင်တို့မှာ ခေတ် အားဖြင့် တစ်ချိန်တည်းဖြစ်သည်- လို့ နားလည်ရပါတယ်။ မင်းကြီးလည်း စကြာမင်း စည်းစိမ်ကို စွန့်လွတ်ကာ မေတ္တေယျဘုရားရှင်ထံတော်၌ မြင့်မြတ်သော ရဟန်းဘဝကို ခံယူ၍ ထိုဘဝမှာပင် ရဟန္တာအဖြစ်ကို ရရှိလိမ္မယ်-လို့သာ ပါရှိပါတယ်။

သုတ္တန်ပိဋက၊ ဒီဃနိကာယ၊ ပါထိကဝဂ်၊ ၃-စက္ကဝတ္တိသုတ်၊ မှ ကျမ်းစာ တစ်ပိုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။
၁၀၈။ ရဟန်းတို့ ထိုအခါ သင်္ခစကြဝတေးမင်းသည် မဟာပနာဒမင်း၏ ဘုန်းကံကြောင့် သိကြားမင်းသည် ဝိသကြုံအား ဆောက်လုပ်စေအပ်သော ပြာသာဒ်ကို ထွက်ပေါ်စေ၍ (ထိုပြာသာဒ်၌) စိုးအုပ် နေပြီးသော် ထိုပြာသာဒ်ကို ပေးစွန့်၍ သမဏဗြာဟ္မဏ အထီးကျန်သူ ခရီးသွား ဧည့်သည် ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူလျက် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော မေတ္တေယျ မြတ်စွာဘုရား အထံ တော်၌ ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လတ္တံ့။ ဤသို့ ဝင်ရောက်ပြီးသော် ထို (ရဟန်း) သည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ချည်းကပ်ပြီးလျှင် မမေ့မလျော့သော ‘သတိ’ ပြင်းစွာ အားထုတ်သော ‘ဝီရိယ’ တည်ကြည်သော ‘သမာဓိ’ ရှိသည်ဖြစ်၍ နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးကောင်းသားများ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့။

ဒုတိယတစ်ချက် ပြောစရာရှိတာက ကိုဌေးလွင်ဦးရေးထားတဲ့ မေတ္တယျဆိုတာ စာလုံးပေါင်းမှားနေပါတယ်။ သဝေထိုးတစ်ခု ကျန်နေပါတယ်။ ဘုရားဘွဲ့တော် အမှန်မှာ မေတ္တေယျဖြစ်ပါတယ်။ သဝေထိုး တစ်လုံးကျန်သွားတော့ စာလုံးပေါင်းက မေတ္တာနဲ့ နီးစပ်သွားပါတယ်။ အရင်တုန်းကတော့ ဘုရားဘွဲ့တော်တွေရဲ့ အဓိပ္ပာယ်တွေကို ကျွန်တော် စိတ်မဝင်စားခဲ့ပါဘူး။ ဂေါတမဆိုတဲ့ ဘွဲ့တော်ဟာ ဘုရားရှင်၏ အမျိုးအနွယ် နာမည်ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ အဲဒါကြောင့် အခြားသော ဘုရားရှင်များမှာလည်း လူအမည်အားဖြင့် သီးခြားရှိပြီး၊ ဘုရားဖြစ်သောအခါ အမျိုးအနွယ်အမည်အားဖြင့် ထင်ရှားလာကြသည်- ဟုသာ အကြမ်းဖျင်းသဘောပေါက်ထားပါတယ်။ ကိုဌေးလွင်ဦးရဲ့ စာတွေကို ဖတ်ရခါမှ မေတ္တေယျဘုရားရှင်၏ အဓိပ္ပာယ်ကို ရှာဖွေရပါတော့တယ်။

ကံကောင်းတယ်ပဲ ဆိုရမလားမသိ။ ကျွန်တော့်လက်ထဲမှာ ဦးအောင်မွန်(မြတ်ဆုမွန်)ရေးသားသော ပွင့်တောမူမည့် မြတ်စွာဗုဒ္ဓမေတ္တေယျ ကျမ်းစာအုပ် ရှိနေပါတယ်။

အဲဒီကျမ်းထဲမှာ ဆရာကြီး ဦးအောင်မွန်က အဘိဓာန်လေးအုပ်ကို ကိုးကားပြီး မေတ္တေယျ၏ အဓိပ္ပာယ်ကို ပြဆိုထားပါတယ်။

၁) မေတ္တေယျ= မေတ္တေယျဘုရားလောင်း။
မြတောင်ဆရာတော် ဦပဏ္ဍဝံသ၏ ပညတ်နက်ကျမ်း။ ၁၈၉၇-ခုနှစ်။ (စာမျက်နှာ-၃၀၉)။

၂) မေတ္တေယျ= မိတ်ဆွေနှင့်စပ်သော၊ မေတ္တေယျဘုရား။
လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပါဠိအဘိဓာန်ချုပ်။ ၁၉၆၅-ခုနှစ် (စာမျက်နှာ-၃၇၄)။

၃) မေတ္တေယျ(မဲတြေယျ)= မိတ်ဆွေသို့သော။ မေတ္တေယျဘုရား။
ဦးဟုတ်စိန်၏ ပါဠိ-မြန်မာအဘိဓာန် တတိယပိုင်း။ ၁၉၅၆-ခုနှစ်။ (စာမျက်နှာ-၇၈၇)။

၎) မေတ္တေယျ(ပု)= (က) မေတ္တေယျဘုရား။ (ခ) မေတ္တေယျလုလင် (သုတ္တနိပါတပါဠိတော် ၌လာသော တိဿမေတ္တေယျလုလင်ကို ဆိုလိုသည်။ သုတ္တနိ။ ၄၉၉။ DPNN-II . 622.)
တိပိဋကပါဠိ-မြန်မာအဘိဓာန်၊ အတွဲ-၁၆။ ၁၉၈၉-ခုနှစ်။ (စာမျက်နှာ-၈၁၅)။

အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကြည့်ခြင်းဖြင့် မြန်မာပြည် ထေရဝါဒ စာပေများတွင် ဘုရား၏ ဘွဲ့တော်ကို အမည်အဖြစ်သာ ထားကြပြီး အဓိပ္ပာယ်မဖွင့်ဆိုကြတာကို တွေ့ရပါတယ်။ အဓိပ္ပာယ်ဖွင့်သောအခါတွင်လည်း ကိုဌေးလွင်ဦးယူသလို မေတ္တာပုဒ်ကို ယူကြသည် မဟုတ်ဘဲ မိတ်ဆွေဆိုသော ပုဒ်ကိုယူကြပါတယ်။

ဖော်ပြပါစာအုပ်၏ မေတ္တေယျ-ဟူသည် ခေါင်းစဉ်မှ နိဂုံးချုပ်စာကြောင်းကိုလည်း ကူးယူဖော်ပြပေးလိုက်ပါတယ်။
‘အရိမေတ္တေယျ’ ဟူသော ဘွဲ့တော်တွင် ‘မေတ္တေယျ’ သည် အနွယ်အမည် (ဂေါတ္တနာမ) ဖြစ်ပါက ထိုမေတ္တေယျ၏ အနက်ကို သီးခြားကြံဆရန်မလိုတော့ဘဲ ‘မြတ်သောမေတ္တေယျအနွယ်ဝင်ဘုရားရှင်’ ဟူ၍ အဓိပ္ပာယ်တစ်ရပ် ဖွင့်ဆိုနိုင်လေသည်။

ကိုဌေးလွင်ဦ ကြံဆထားသည့် (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) ဟူသော အနက်ကို မတွေ့ရပါ။ ကိုးကားချက်လည်း မပြ၊ စာလုံးပေါင်းပါမှားယွင်းနေသည့်အတွက် ကိုဌေးလွင်ဦး၏ အမှားသာ ဖြစ်လိမ္မယ်လို့ ထင်မိပါတယ်။

မေတ္တာပို့ခံထိုက်သူ ဟူသော စကားနှင့် ပတ်သက်ပြီးလည်း အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာ အယူဝါဒ အလွန်ကွဲလွဲနေနိုင်ပါတယ်။

အစ္စလာမ်ဘာသာဝင် အများစုက မုဟမ္မဒ် အမည်ကိုရေးလျှင် ကွင်းစကွင်းပိတ်တွင်း၌ မြန်မာဘာသာဖြင့် (ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ)ဟူ၍ ဖြစ်စေ၊ (ဆွ) ဟူ၍ ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် (Peace be upon him) ဟူ၍ ဖြစ်စေ ရေးတတ်ကြတာကို သတိထားမိပါတယ်။ အဲဒီအမူအကျင့်ကို နားမလည်ပါ။ အခြားသူများထက် ပိုမိုပြီး သူ့ကိုလေးစာပါသည်ဟု ပြသော သဘောမဟုတ်ဘဲ အခြားသူများထက်သူ့အား ပိုချစ်၊ ပိုသနား၊ ပိုမိုမေတ္တာထားပါသည်- လို့သာ အဓိပ္ပာယ်ထွက်နေပါတယ်။ အခြားသော သတ္တဝါများထက် မုဟမ္မဒ်ကို ပိုမိုမေတ္တာထားဖို့၊ ပိုပြီးသနားဖို့ လိုအပ်တယ်လို့ ယုံကြည်ထားကြပါသလား။ မတူညီသော မေတ္တာတရားကရော အမှန်တကယ် သန့်ရှင်းသောမေတ္တာ ဟုတ်နိုင်ပါမလား။ မျက်နှာလိုက်သော၊ မျက်နှာချိုသွေးသော မေတ္တာမျိုးဖြစ်မနေနိုင်ဘူးလား။ ထိုသို့မဟုတ်ပါက မုဟမ္မဒ် မဟုတ်သူ အခြားမည်သည့် သတ္တဝါမှ မေတ္တာပို့မခံထိုက်ဘူး- လို့များ ဆိုလိုချင်ကြပါသလား။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ မေတ္တာပို့လျှင် (၃၁) ဘုံကျင်လည်ကုန်သော ဟု အားလုံးခြုံပြီး ပို့တတ်ပါတယ်။ ဘုရားရှင်ကလည်း သတ္တဝါအားလုံးအပေါ်မှာ တူညီသော မေတ္တာထားဖို့ ဆုံးမထားပါတယ်။ နိဗ္ဗာန်ချမ်းသာမြတ်ကို စံဝင်သွားပြီးဖြစ်သော ပုဂ္ဂိုလ်များမှ အပ အားလုံးသော သတ္တဝါတို့ဟာ မေတ္တာပို့ခံထိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယူအရ တမန်တော် မုဟမ္မဒ်မှ မဟုတ် ငရဲ၊ တိရိစ္ဆာန်များမှ အစပြု၍၊ လူ၊နတ်၊ ဗြဟ္မာ အားလုံးသော သတ္တဝါတို့ဟာ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) များသာ ဖြစ်ကြပါတယ်။

ဗုဒ္ဓဝါဒမှ ဘုရားရှင်များနှင့် နှိုင်ယှဉ်ဖော်ပြမယ်ဆိုရင် ဗုဒ္ဓဝါဒမှ သတ်မှတ်သော စံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါလိမ္မယ်။

တမန်တော် မုဟမ္မဒ်နဲ့ အရိမေတ္တေယျဘုရားရှင်တို့ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်သော နောက်တစ်ချက်ကို ပြပါရစေ။ ကိုဌေးလွင်ဦး ကိုးကားသော စက္ကဝတ္တိသုတ်တော် မေတ္တေယျဘုရား ပွင့်တော်မူခြင်း အခန်းမှာ ဂေါတမဘုရားရှင်က နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားအကြောင်းဟောပြောရာတွင် အရဟံ ဂုဏ်တော်မှ အစပြု၍ ကိုးပါးစုံဂုဏ်တော်တို့ကို ထုတ်ဖော်ဟောကြားသွားပါတယ်။ အဓိပ္ပာယ်ကတော့ ရန်အပေါင်းကို အောင်နိုင်ပြီးဖြစ်သော၊ ကိလေသာ တို့မှကင်းစင်တော်မူသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော အတုမရှိ မြတ်စွာဘုရားလို့ ဆိုလိုက်ခြင်းသာဖြစ်ပါတယ်။

ဓမ္မစကြာသုတ်မှာလာရှိတဲ့ ဟီနော၊ ဂမ္မော၊ ပေါထုဇ္ဇနိကော ဆိုတဲ့ စကားအသုံးအနှုံးများကိုလည်း ပြန်လည် သတိရသင့်ပါတယ်။ အိမ်ထောင်သားမွေးခြင်း အလုပ်ကို ဗုဒ္ဓဘုရားရှင်က ယုတ်ညံ့လှစွာသော၊ ရွာသူရွာသားတို့၏ အကျင့်ဖြစ်သော၊ ပုထုဇ္ဇဉ်တို့ ပြုလုပ်ကြသော စသဖြင့် နာမဝိသေသနများ အမျိုးမျိုးပေးကာ သူတော်ကောင်းများနှင့် မအပ်စပ်ကြောင်း ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓဝါဒက ယုတ်ညံ့လှစွာသောဟု ကဲ့ရဲ့သော အိမ်ထောင်သားမွေးခြင်း အလုပ်ကိုပင် တမန်တော် မစွန့်လွှတ်နိုင်ခဲ့ပါ။ ရာဂကိလေသာတို့မှ မကင်းလွတ်ခဲ့ပါ။ အရဟံ အစရှိသော ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံသော မေတ္တေယျဘုရားရှင်နှင့် ဘယ်လိုမှ နှိုင်းယှဉ်၍ မဖြစ်နိုင်ပါဟုသာ ကိုဌေးလွင်ဦး၏ သုတေသန ပြုချက်များအပေါ် ကန့်ကွက်ပြောဆိုပါရစေ။

အခြေအနေပေးလျှင် အခြားပို့စ်များအတွက်လည်း ဆက်လက်ဆွေးနွေးပါဦးမယ်။

http://islamsasana.blogspot.com/2008/05/blog-post_28.html 

Tuesday, July 23, 2013

ဖန်ဆင်းရှင်ဆိုတာ

Thit Sar Shin ဆိုသော အစ္စလာမ်ဘာသာဝင်တစ်ယောက်မှ ဗုဒ္ဓဘာသာဝင်အားလုံး ကိုစိန်ခေါ်ပါသည် ဟုအစုပြု၍ ပုတ်ခတ်စိန်ခေါ်ထားမှုကြောင့် ဒီစတေးတပ်ကို ပြန်တင်တာပါ။ သူကဖန်ဆင်းရှင် မရှိကြောင်း သက်သေပြပါဆိုလို့ ပါ။

မေးရဦးမယ် အစ္စလာမ်ဘာသာဝင် အပေါင်းကို

ခင်ဗျားတို့ ပြောပြောနေတဲ့ ဟို အလ္လာရှင်မြတ် အလ္လာရှင်မြတ် ဆိုတာ အဲတာ ဘာလဲဗျ ဘယ်လိုပုံစံလဲ ပုတ်ခတ်ချင်တဲ့ သဘောမဟုတ်ဘူးနော် သိချင်တာပါ အလ္လာရှင်မြတ်က ယောက်ျားပုံစံလား မိန်းမ ပုံစံလား ပုံစံမရှိတာလား ဟိုမရောက် ဒီမရောက်လား တကယ်မရှိတာလား ရှိရဲ့သားနဲ့ ဖုံးကွယ်ထားတာလား ဒါမှ မဟုတ်တကယ်ရှိခဲ့တဲ့ တမာန်တော်မြတ် မိုဟာမက်ရဲ့ လုပ်ဇတ်တစ်ခုလား ကျမ်းစာထဲက ဘုရားလား ….လား

ကျွန်တော် ကြားဖူး ဖတ်ဖူး မှတ်ဖူး တာကတော့ အလ္လာရှင်မြတ်ဆီမှာ

မုရ်ရာက်ကဗ်- ရုပ်ဒြပ်ကင်းမဲ့ ခြင်းဂုဏ်တော်

ဂျေစင်မ် - ဥစ္စာကင်းမဲ့ ခြင်းဂုဏ်တော်

မကာန် - နေရာဌာနကို ကင်းမဲ့ လွန်မြောက်သော ဂုဏ်တော် (နေရာတိုင်း၌ ရှိသောဂုဏ်)

မုဟ်တာဂ်ျ - မှီခိုခြင်းအလျဉ်း ကင်းသောဂုဏ်

မာရ်အီး - ဖူးတွေ့နိုင်ခြင်း ကင်းသောဂုဏ်

မဟလ် - ပြောင်းလဲခြင်းကင်းသောဂုဏ်

ရှရီက် - ယှဉ်ဘက်မရှိ(ကိုးကွယ်ရာ တစ်ပါးတည်းသာရှိခြင်း) ဂုဏ်

စတဲ့ဂုဏ်တွေနဲ့ ပြည့်စုံတယ်လို ကြားဖူးတယ်။ ဒီဂုဏ်တွေ ဖုံးထားတာကြောင့်ပဲ ဘာမှန်းကို မသိတာပေါ့ ဟုတ်လား အလ္လာဆိုတာ

ကဲ ပြန်ကြည့်ရအောင် ရုပ်ဒြပ်ကင်းမဲ့ ခြင်းဂုဏ်တော်တဲ့ အဲမှာ စတွေ့တာပဲ ရုပ်ဒြပ်ကင်းမဲ့တယ်ဆိုတော့ နာမ်ဒြပ်တော့ ရှိမှာပေါ့ အဲလို ရုပ်မရှိဘဲ နာမ်သာရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူမှတော့ အရူပဗြဟ္မာ ကြီးလိုမျိုးပေါ့ ဒီလို ရုပ်ဒြပ်ကင်းမဲ့တော့ ဘာလဲဆိုတာ ပုံဖော်လို့မရဘူးပေါ့ ကောင်းပါလေ့ သူဟာနဲ့သူတော့ ဟုတ်နေတာပဲ။

နောက်တစ်ခု ဥစ္စာကင်းမဲ့ခြင်း ဆိုတော့ ဘာဥစ္စာလဲ ဘာမှမရှိတာပေါ့ ဘာမှမရှိဘဲ နာမ်ကြီးသက်သက်နဲ့ ဘယ်လိုလုပ်ဘုရားဖြစ်လာတာလဲ ကလေးအတွေးနဲ့လို့ ပြောရင်ပြော ဒီထက်တော့ မတွေးတတ်တော့ဘူး မတွေးတတ်လို့လဲ ခင်ဗျားတို့ ကို မေးရတာ။

နေရာ ဌာနကို ကင်းမဲ့လွန်မြောက်သော ဂုဏ် သွားပြီ လည်ကုန်ပြီ ရုပ်ဒြပ်ကင်းမဲ့တဲ့ အလ္လာရှင်မြတ်က နေရာတိုင်းမှာ ရှိတယ်ဆိုတော့ကာ နေရာတိုင်းနော် သူဘာသာနေတာမဟုတ်ဘူး နေရာတိုင်းမှာရှိနေတာ ရှိခြင်းဆိုတဲ့ သဘောကို ပြချင်ရင် ရှိတယ်ဆိုတဲ့ သဘောတရားလေးကလဲ သက်သေပြဖို့လိုတယ်လေ ရှုပ်သွားလားမသိဘူး ကျွန်တော်ပြောချင်တာက ရှိတယ် နေရာတိုင်းမှာ ဟုတ်ပြီ ဘာရှိတာလဲ ဘာအတွက်ရှိတာလဲ ဘာလုပ်ဖို့ ဘာရည်၇ွယ်ချက်နဲ့ရှိနေတာလဲ အခုကျွန်တော် ဒီစာ ရေးနေတဲ့ အချိန်မှာလဲ ကျွန်တော့ဘေးမှာ မကျေမနပ်နဲ့ ရှိနေမလား ရှိတယ်ဆို ဘယ်နားမှာရှိတာလဲ

နောက် မှီခိုခြင်းကင်းသောဂုဏ် ဒါကတော့ အငြင်းပွားစရာမလိုပါဘူး ဘုရား ဆိုမှတော့ မှီခိုနေလို့ဘယ်ရမလဲ အဲ ဒါပေမဲ့ မျက်စိလည်အောင် လုပ်ထားတာတော့ ချီးကျူးတယ်ဗျာ

လာပြန်ပြီ ဖူးတွေ့နိုင်ခြင်းကင်းသောဂုဏ် တဲ့ ကဲ ဒီအချက်ကစားသွားတာ အလ္လာဆိုတာဘာလဲ မေးတဲ့သူတွေ အတွက် အဖြေကောင်းပဲ လက်ဆုပ်လက်ကိုင်ပြစရာမလိုတော့ဘူး ဒါလေးနဲ့ ကိုင်ပေါက်လိုက်ရုံပဲ ကဲ မကောင်းလား။ ဖူးတွေ့နိုင်ခြင်းကင်းတယ် သက်ဝင်ယုံကြည်သူတွေအတွက်တော့ ဒီစကားက အငြင်းမပွားဘူး ဒါပေမဲ့ ဓမ္မဓိဌာန်ကျကျတွေးကြည့်ရင်တော့ တလွဲကြီး ဖူးတွေ့နိုင်ခြင်းမရှိဘူးဆို ဘယ်လို ကိုးကွယ်ဆည်းကပ်နိုင်မှာလဲ ရှုပ်နေတာပဲ ပြောဦးမယ် ကလေးအတွေးနဲ့လို့ ။ လူကြီးတွေ ဒါကို ဘယ်လိုတွေးမလဲ သိချင်လိုက်တာဗျာ

ပြောင်းလဲ ခြင်းကင်းသောဂုဏ် တဲ့ ကဲမေးခွန်းထုတ်စရာတော့ ပေါ်လာပြီ ပြောင်းလဲခြင်း ကင်းတယ်ဆိုတော့ ပြောင်းလဲမှုမရှိဘူးပေါ့ ဟုတ်တယ်နော် ပြောင်းလဲမှုသဘောဆိုရင် ပြောင်းလဲခြင်းရှိမရှိကို ဆန်းစစ်ဖို့ အရှိတရားက လိုလာပြန်ပြီ အလ္လာရှင်မြတ်ရဲ့ မူလဘူတ အရှိတရားက ဘာလဲဆိုတာ အဖြေမပေါ်သေးတော့ ပြောင်းလဲလား မပြောင်းလဲလားဆိုတာ မသဲကွဲဘူး ပြောင်းလဲခြင်းမရှိဆို ဘယ်ပုံစံကနေ ပြောင်းလဲခြင်းမရှိတာလဲ ။ သဏ္ဍာန်မရှိပဲ ပြောင်းလဲခြင်းမရှိတာကတော့ ကဲစဉ်းစားကြည့်ပေါ့ဗျာ

ရှရီက် ယှဉ်ဘက်မရှိ တဲ့ ဒါကတော့ ပြောစရာမရှိပါဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်ထားတဲ့ သဘောပေါ့

စဉ်းစားရင်း အဖြေရှာရင်းနဲ့ ကလေးအတွေးတွေပဲ ထွက်ထွက်လာတော့ သက်ဝင်ယုံကြည်သူတွေဆီ အကူအညီတောင်းတဲ့ သဘောပါ ကျေနပ်လောက်တဲ့ ယုတ္ထိရှိရှိ အဖြေလေးများရခဲ့ရင်တော့ အစ္စလာမ်ဘာသာ ဟာ မိုဟာမက်ရဲ့ လက်ရေးမှု မဟုတ်ဘူးဆိုတာ ကျွန်တော် လက်ခံလိုက်မယ် လက်မခံတဲ့ သူတွေကိုလဲ ခင်ဗျားတို့ကိုယ်စား အပင်ပန်းခံရှင်းပြပေးမယ်။ ဓမ္မဓိဌာန်ကျကျနော် ခင်ဗျားတို့ ဆီမှာလဲ ပညာတတ် ဟို သမိုင်းဆရာကြီး ဌေးလွင်ဦးတို့ ၊ ငြိမ်းချမ်းလုလင် မောင်မြင့်သိန်းတို့လို လူတွေအပြင် အစ္စလာမ် ဘာသာရေးဆိုင်ရာ ပေ့ခ်ျတွေရှိပါတယ် ကျွန်တော့ အမေးအတွက် အဖြေတော့ရှိမှာပါ။ ကျွန်တော်တို့ ကာဖိရ်တွေ လက်ခံနိုင်လောက်တဲ့ အဖြေပေါ့။ ကျေးဇူးတင်ပါတယ်…

လေးစားစွာဖြင့်

(သူရိန်နေ)


မင်းကန် စီ အရူပဘုံသားလည်း မဟုတ်သေးပြန်ဘူးဗျ...ဒေါသရှိတယ်ဆိုလို့ပြောတာ... ကျန်တဲ့အချက်တွေအရတော့ လုံးဝဗြဟ္မာပဲ... ရုပ်ဒြပ်မရှိဘူး... ရုပ်ဒြပ်မရှိမှတော့ ဥစ္စာကင်းမဲ့ ခြင်းဂုဏ်တော်၊ နေရာဌာနကို ကင်းမဲ့ လွန်မြောက်သော ဂုဏ်တော် (နေရာတိုင်း၌ ရှိသောဂုဏ်)၊ မှီခိုခြင်းအလျဉ်း ကင်းသောဂုဏ်၊ ဖူးတွေ့နိုင်ခြင်း ကင်းသောဂုဏ်၊ ပြောင်းလဲခြင်းကင်းသောဂုဏ် ဆိုတာတွေက အလိုလိုဖြစ်လာပြီပေါ့ဗျာ... အရူပဗြဟ္မာတွေဟာ ရုပ်မရှိဘဲ ဈာန်စိတ်ကလေးနဲ့ ပီတိကိုသာအာဟာရအဖြစ်ယူပြီး ကမ္ဘာများစွာအသက်ရှင်နေနိုင်ပါတယ်... အဲဒီတော့ ပကဗြဟ္မာကြီးဟာ သူ့ကိုယ်သူတောင် မြဲပြီထင်ခဲ့ရှာတာလေ... သူတစ်ဖြည်းဖြည်း ဘုံစဉ်တွေလျောကျလာတာကို သတိမထားမိဘဲဖြစ်နေတာ... ဒီတော့ သူတို့ပြောပြောနေတဲ့ ထာဝရဘုရားဆိုတာတွေဟာ ဗြဟ္မာတွေဖြစ်နိုင်ပါတယ်... ဒါပေမယ့် အဲဒါတွေမှာလည်း သက်တမ်းကန့်သတ်ချက်တစ်ခုရှိတယ်...လူသားတွေသက်တမ်းထက် အဆပေါင်းများစွာများနေလို့သာ ထာဝရလို့ထင်နေကြတာ...ဒီတော့ ရှရီက် - ယှဉ်ဘက်မရှိ ဆိုတာ မဟုတ်တော့ကြောင်းပေါ်လွင်သွားပြီ... အဲ ဒါပေမယ့် တစ်ခုထူးခြားတာက ဒီဗြဟ္မာက ဒေါသထွက်တတ်တယ်ဗျ... ဒါဆို အရူပလေးဘုံထဲက အထက်ဆုံးဘုံတွေကမဟုတ်တာတော့သေချာနေဘီ... ဘုံစဉ်လျောနေလောက်ဘီဗျ.... ဒေါသဆိုတာက ပူလောင်လွန်းလို့ ရုပ်ရှိတဲ့နတ်တွေဆိုဒေါသထွက်လွန်းရင် စုတေကြရရှာတယ်လေ.... သူလည်း ဒေါသလို စိတ်ကြမ်းမျိုးဖြစ်တတ်တယ်ဆိုရင်တော့ သိပ်အမြင့်ကြီးထဲကတော့ မဟုတ်တန်လောက်ဘူး...
ဗြဟ္မာပါလို့ အတိအကျမပြောဘူးနော်.... ဘာလို့လည်းဆိုရင် ဒေါသစိတ်ရှိနေတယ်ဆိုလို့... ပြီးတော့ တမာန်တော်ဆိုတာတွေကို စကားပြောတယ်ဆိုလို့... အဲဒီနှစ်ချက်အရပြန်တွက်ကြည့်ရင် စတုမဟာရာဇ်ဘုံသားတွေပိုဖြစ်နိုင်ချေရှိတယ်... တာဝတိံသာနတ်တွေတောင် လူတွေနဲ့အတတ်နိုင်ဆုံးခပ်ကင်းကင်းနေတယ်... မတတ်သာမှလာတယ်... လူတွေရဲ့အနံ့အသက်ကို သူတို့ကြောက်ကြတယ်... ဒီတော့ လူ့တွေနဲ့အနီးဆုံးနေတဲ့စတုမဟာရာဇ်တွေဖြစ်နိုင်တယ်... စတုမဟာရာဇ်မှာက အထက်နတ်ဘုံ ဗြဟ္မာဘုံတွေလို သက်တမ်းကန့်သတ်ချက်မရှိဘူး.... ကုသိုလ်ကံအရနေကြရတာ... ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ ဆူးလေဘိုးဘိုးကြီးတို့ကြည့်လေ.... ဘုရားရှင်လေးဆူလုံးကိုမှီခဲ့တာတောင် ရှိသေးတာကော... လူနဲ့လည်းပတ်သတ်တယ် လူ့သက်တမ်းထက်လည်းအများကြီး သူအလိုမကျရင်ဒေါသလည်းထွက်သေးတယ်ဆိုတော့ စတုမဟာရာဇ်ဖြစ်ဖို့ပိုနီးစပ်တယ်...

Mount Blue Mountain Creator လက်ခံတဲ့လူက Creator ကို Defination ဖွင့်တယ်။
လူသာသေသွားမယ်။ အဲ့ဒီ Defination ကို ဆံချည်တမြှင်မျှ အလွဲမခံနိုင်ဘူး။
အဲ့ဒါကို ယုံကြည်မှုလို့ ခေါ်ကြတယ်။ Basic ကတော့ အဲ့ဒါပါဘဲ။


Autumn Mtz အဓိကပြသနာက...ဒီလိုညှိယူလို့မရတာတွေကို... ပြီးတော့အေးအေးနေ တတ်တဲ့မေတို့ သာသနာဝင်တွေကို.... အတန်းညှိညှိပြီး.... စိန်ခေါ်တယ်.... မရရင်.. နင်တို့ဘုရားကဘာကြီးပါ ညာကြီးပါ သွေးမဆူဆူအောင်ကလိတယ်... မေတို့ကလဲသာသနာတော်နဲ့ပတ် သက်ပြီးသမိုင်းလိမ်ရင်ကို မရတာရှင်းပြရမှ... ရှင်းပြတဲ့အခါကျတော့ ရှင်းလေ ရှုံးလေ...ရှုံးလေ မဲလေ... အဲ့လိုတွေဖြစ်ကုန်တာ ပါ...။ Mount Blue Mountain...။


Hane Latt Htun မဟလ်  - ပြောင်းလဲခြင်းကင်းသောဂုဏ်
ပြောင်းလဲခြင်းကင်းသော ဂုဏ်ဆိုတာက ဘာကိုဆိုလိုတာလဲ???
ရုပ်ပိုင်းဆိုင်ရာလား?
စိတ်ပိုင်းဆိုင်ရာလား?
ရုပ်ပိုင်းဆိုင်ရာမှာဆို အစကတည်းက ရုပ်ဒြပ်မရှိတာကို မပြောင်းလဲဘူးလို့ အထူးတလည် ဂုဏ်ယူပြောနေတာကတော့ မဟုတ်လောက်သေးဘူးထင်မိတာပ

ဒါဆို စိတ်ပိုင်းဆိုင်ရာပေါ့ ကျွန်တော်ပြောဖူးပါတယ် ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးထဲကနေ နေရင်းထိုင်ရင်း ကမ္ဘာနဲ့ သက်ရှိ လူတွေ ပင်လယ်တွေကို ဖန်ဆင်းတာက သူ့ရဲ့ စိတ်ပြောင်းလဲမှုကြောင့် ဖန်ဆင်းပစ်လိုက်တယ်လို့ မဆိုနိုင်ဘူးလား
ထားပါဦး... အပြစ်သားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကိုဆေးကြောတဲ့အချိန် နူးရ် လက်ထက်မှာထင်ရဲ့ သူစိတ်ပြောင်းသွားလို့ သူကိုယ်တိုင်ဖန်ဆင်းထားတဲ့လူတွေကို ပြန်လည်ဖယ်ရှားတာက ပြောင်းလဲခြင်း မမည်ဘူးလား
အဲဒီနေရာမှာ ထွက်စရာတစ်ပေါက်တော့ရှိပါတယ် တမင် ဖွင့်ထားပေးတာပါ။


 

မင်းကန် စီ ရူပက္ခန္ဓာ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိဥာဏက္ခန္ဓာ ဆိုတဲ့ ရုပ်တရားတစ်ပါးရော နာမ်တရားလေးပါးရော အချိန်နဲ့အမျှ ပြောင်းလဲနေတာချည်းဖြစ်ပါတယ်... မပြောင်းလဲတာဆိုလို့ ပြောင်းလဲခြင်းတရားပဲရှိပါတယ်... အမြဲရှိတာဆိုလို့ မမြဲခြင်းတရားသာရှိပါတယ်... စက္ကန့်ပိုင်းအတွင်းမှာကို ကုဋေနဲ့ချီပြီးတော့ပြောင်းလဲနေပါတယ်... ဖြစ်နေ ပျက်နေပါတယ်... အဲဒီတော့ ပြောင်းလဲခြင်းကင်းသောဆိုတာ မရှိပါဘူး... တစ်ခုပဲ... ဘာလဲဆိုတော့ ပြောင်းလဲနေတာကိုပြောင်းလဲနေမှန်းမသိတာ... ပြောင်းလဲနေမှန်းမသိသာအောင် ပြောင်းလဲနေတာ... သက်တမ်းအားဖြင့် အများကြီးနည်းတဲ့လူသားတွေမပြောနဲ့ မိမိကိုယ်မိမိတောင် ပြောင်းလဲလို့ပြောင်းလဲမှန်းမသိအောင် ပြောင်းလဲမှုက အနုစိပ်လွန်းလို့ပါ... ခေတ်သိပ္ပံသဘောတရားနဲ့ချိန်ထိုးကြည့်ပါ...အီလက်ထရွန်ပြိုကွဲမှု အရမ်းကြာတဲ့အမျိုးအစားတွေဆိုရင် ပြိုလဲပြောင်းကွဲသွားမှန်းကိုမသိနိုင်တာမျိုးတွေရှိပါတယ်... သိပ္ပံပညာကိုတတ်သိနားလည်မှသာလျှင် အဲဒီသဘောတရားကိုသိနိုင်သလိုပဲ ဗုဒ္ဓရဲ့ဒေသနာသဘောကိုသိမှသာလျှင် မမြဲခြင်းတရားကို နားလည်ပါလိမ့်မယ်.....


Uvayama Muse ဖန်ဆင်းရှင် ဆိုတဲ့ သဘောကို ဖန်ဆင်းရှင်မရှိ ဆိုတဲ့ ရှုဒေါင့် သဘောကနေ ကြည့်လို့ မရဘူး ဗျ ဖြေမှာလည်း မဟုတ်ဘူး အဖြေလဲ မရှိဘူး ဖန်ဆင်းရှင် ရှိတယ် ဆိုတဲ့ ရှုဒေါင့်က ပဲ ကြည့် ရတယ်ဗျ ဒါဆိုရင် ဘာမှန်းမသိပေမဲ့ ယုံကြည်မှု တစ်ခုတော့ ရတယ် တစ်ကယ်တော့ ဖန်ဆင်းရှင် အယူ မှာ ရှိတဲ့ ဖန်ဆင်း ရှင် ရဲ့ ဂုဏ်တွေ ဟာ အပေါက်မရှိ ပတ်ပတ်လည် ပိတ်ဆို့ ထားတဲ့ သဘောတွေ ပဲ ခေတ်အဆက်ဆက် မေးမြန်းလာ နိုင်တဲ့ မေးခွန်းတွေ အားလုံး အတွက် ကြိုတင် ပိတ်ဆို့ ထားပြီးသား ပဲ လုံးဝ ဝေ ဖန် စမ်းစစ်ခွင့်မပေး တဲ့ မျက်ကမ်း ယုံကြည်မှု တစ်ခုကို တည်ထောင် ထားတာပဲ ဦးဇင်းတို့ ဘာသာ အမြင်နဲ့ ရုပ်နာမ်တွေ သွားမခွဲနဲ့ သူတို့ မှာ ရှိလည်း မရှိဘူး နားလည်းမလည်ဘူး မသ်နိုင်တဲ့ သဘော တစ်ခု ကိုပဲ လက်ကိုင်ထား မျက်စိမှိတ် ယုံကြည် ထားကြတယ် တစ်ကယ်က အခုထင်ရှားနေတဲ့ ဘာသာ ကြီးတွေဟာ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ ဘာသာ ပေါင်းစပ်ပြီး ထားတဲ့ ဘာသာတွေ ပါပဲ ဗုဒ္ဓရဲ့ ပရိနိဗ္ဗာန်ပြုပြီး ဂုဏ်တော် တွေ ကို ပုထုဇဉ် အမြင်နဲ့ လက်လှမ်းမီသလောက် ထုတ်ဖော်ပြီး ရှေးရိုး အယူတစ်ခုဖြစ်တဲ့ ဗြဟ္မဏ ဝါဒ ကမ္ဘာတည်ပုံ ဖန်ဆင်းပုံတွေ ကို ပေါင်းစပ်ထားတာပါ


https://www.facebook.com/thurein.nay.3/posts/150384535158968?comment_id=151781&offset=0&total_comments=18&notif_t=mentions_comment 

Monday, July 22, 2013

ရက်မြတ်ဝါဆို ( ၂ )




သန္ဓေ တောထွက် ၊ ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။ ၀ါဆိုလပြည့်၊ ထူးခြားနေ့ အောက်မေ့ ဤလေးဖြာ။

၁။ သန္ဓေယူသောနေ့
နတ်ဗြဟ္မာပေါင်း၊ ခွင့်တောင်းကြလေ၊
လောင်းတော်နတ်မင်း ၊ သက်ဆင်းစုတေ။
မယ်တော်ဝမ်းတိုက်၊ ကိန်းပိုက်သန္ဓေ၊
ဝါဆိုလ ၊ ပုဏ္ဏ ဒိဝသေ။

၂။ တောထွက်သောနေ့
နိမိတ်လေးဆင့်၊ ဘေးဖြင့်ထင်လေ၊
ယသော်ခင်လေး၊ ရင်သွေးရဝေ။
မငဲ့ကွက်လို့၊ တောထွက်တုံချေ၊
ဝါဆိုလ၊ ပုဏ္ဏ ဒိဝသေ။

၃။ ဓမ္မစကြာဟောသောနေ့
မိဂဒါတော၊ သာမောမြိုင်ခြေ၊
ပဉ္စ၀ဂ်အား ၊ မြတ်ဖျား စိန္တေ။
ဓမ္မစက်သုတ်၊ မြွက်ထုတ်လှစ်ခြွေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

၎။ တန်းခိုးပြာဋိကာ ပြသောနေ့
ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။


Ashin Kondanna 

https://www.facebook.com/photo.php?fbid=206332146191909&set=a.151947448297046.34609.100004453750414&type=1&theater
 

Sunday, July 21, 2013

လမြတ်ဝါဆို




မနက်ဖြန် ဟာ ကျမတို့ဗုဒ္ဓဘာသာဝင်တွေရဲ့
နေ့မြတ်တွေထဲက..အမြတ်ဆုံးနေ့တစ်နေ့ဖြစ်တဲ့
ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်.....

ဝါဆိုလပြည့်နေ့ကို...အမြတ်ဆုံးနေ့လို့တင်စားရခြင်းကတော့
မြတ်ဗုဒ္ဓရဲ့ ... နေ့ထူးနေ့မြတ် ( ၅ ) နေ့နဲ့ ထပ်တူကျတဲ့အတွက်ပါ...
ဒီနေ့မြတ်တွေကတော့

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)


တို့ပဲဖြစ်ပါတယ်......။

မွန်မြတ်လှတဲ့ လမြတ်ဝါဆိုအခါသမယမှာ....
မြန်မာနိုင်ငံသူနိုင်ငံသား.... ကမ္ဘာသူ ကမ္ဘာသားအပေါင်း
ကျန်းမာချမ်းသာကြပါစေ....ဘေးဘယာခပ်သိမ်းဝေးကွာကြပါစေ
ရန်သူမျိုးငါးပါးနှင့် သဘာဝဘေးအန္တရာယ်အပေါင်းမှာလဲကင်းဝေးကြပါစေ
မေတ္တာခြုံ လုံကြပါစေ.....လူသားချင်းမေတ္တာတရားရှေ့ထားလို့...အပြန်အလှန်လေးစား
တတ်ကြပါစေ.....အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ....
နှလုံးသားထဲ...ဘုရားတည်နိုင်ကြပါစေကြောင်းးးးဆုတောင်းလျှက်ပါရှင်.....။

˜º̶̶ƷʌuτuмиƸ̶º˜˜ 
 ( ၂၁ . ၇ .၁၃ )

Monday, July 15, 2013

အရှင်အာနန္ဒာ မထေရ် အကြောင်း

 ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း

https://www.facebook.com/photo.php?fbid=155168141340518&set=a.135098826680783.1073741826.133703853486947&type=1&theater



အရှင်အာနန္ဒာ မထေရ်

အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မောကွန်းတင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-၀ါကာလပတ်လုံး ဟောကြားတော်မူသော တရားဒေသနာအားလုံးကို သူမတူ နာယူမှတ်သားနိုင်သော ဉာဏ် ၀ီရိယ သတိ သမာဓိတရား အားကောင်းသူဖြစ်သည်။ မျက်ကွယ်တွင် ဟောအပ်သော တရားတို့ကိုလည်း မြတ်စွာဘုရားက အကျဉ်းချုပ်ပြန်ဟောပြသဖြင့် တရားဓမ္မရေးရာ သူမသိတာမရှိ အပြည့်အစုံ စုဆောင်းထားသော ဓမ္မဘဏ္ဍာတိုက်ကြီးပင်ဖြစ်သည်၊ “ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍစိုးကြီး”ဟုပင် ဂုဏ်ပြုခံရသည်။

မြတ်စွာဘုရားရှင်ထံ အနယ်နယ်မှ ရောက်လာသော ဘုရားဖူးများကိုလည်း ကာလဒေသ ပုဂ္ဂိုလ်လိုက်၍ စနစ်တကျ ဖူးတွေ့ခွင့်ရအောင် စီစဉ်တတ်သူလည်းဖြစ်သည်၊ အမျိုးသမီးတို့အတွက် နိဗ္ဗာန်လမ်းပွင့်စေမည့် ဘိက္ခုနီသာသနာတော်တစ်ရပ်ကို ထူထောင်ခွင့်ရအောင် အားပေးကူညီခဲ့သူ လည်းဖြစ်သည်။ နန်းတွင်းသူ နန်းတွင်းသားများကိုလည်း သာသနာနှင့်ယဉ်ပါးအောင် တရားဓမ္မသင်ပြဟောပြောပေးရသူလည်း ဖြစ်သည်၊ မြတ်စွာဘုရား၏ ကိစ္စအ၀၀ကို မငြီးမငြူ တလေးတစား အခါအားလျော်စွာ စီမံခန့်ခွဲတတ်သူလည်း ဖြစ်သည်၊ သာသနာတော်အရှည်တည်တံ့ရေး အတွက် ပထမသံဂါယနာပွဲကြီးတွင် သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋက ၀ိဿဇ္ဇက(အဖြေရှင်)အဖြစ် တာဝန်ယူတော်မူခဲ့သည်။ ဤသာသနာတော်ဝယ် ဧတဒဂ်ငါးတန် ရာထူးဋ္ဌာနန္တရ ငါးမျိုးပိုင်ရှင် ဖြစ်တော်မူ၏။ အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်သည် ယနေ့တိုင် မတုဘက်နိုင်သည့် အယူဝါဒရေးရာ မီးရှူးတန်ဆောင်ကြီးတစ်ရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။

လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူစဉ် အရှင်အာနန္ဒာအလောင်းလျာမှာ ပဒုမုတ္တရ မြတ်စွာဘုရား၏ ဖတူ မိကွဲ ညီငယ် သုမနမင်းသား ဖြစ်လေသည်။ သုမနမင်းသားသည် နယ်စွန်ရှိ သူပုန်ဘေးကို ငြိမ်းအေးအောင်ပြုသဖြင့် ခမည်းတော်က ဆုချရာ နောင်တော် မြတ်စွာဘုရားကို ၀ါတွင်းသုံးလ ပြုစုခွင့်ပြုရန် တောင်းဆိုခဲ့သည်။ “မြတ်စွာဘုရား၏ သဘောထားတော်ကို ရယူပါဦး”ဟု ခမည်းတော်က ဆိုသဖြင့် ဘုရားရှင်ထံလာခဲ့ရာ ဘုရားရှင်အားဖူးတွေ့ခွင့်ရရန် အခြားရဟန်းတို့ မတတ်နိုင်၊ ဥပဋ္ဌာကအလုပ်အကျွေးသုမနထေရ်ကသာ ဆောင်ရွက်ပေးနိုင်သဖြင့် သုမနမထေရ်ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို တစ်ဝါတွင်းလုံး ပြုစုလုပ်ကျွေးပြီး ဥပဋ္ဌာကအလုပ်အကျွေးဆုကို ပန်ခဲ့လေသည်။ ပဒုမုတ္တရဘုရားရှင်ကလည်း “နောင်သောအခါ ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာအမည်ဖြင့် ဥပဋ္ဌာကဘုရားအလုပ်အကျွေး ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထို့နောက် သံသရာဝယ် ဘ၀မျိုးစုံ ကျင်လည်ခဲ့ရသည်။ အထူးအားဖြင့် ဖြစ်လေရာရာ ဘ၀တိုင်း ဘုရားအလောင်းတော်၏ ပါရမီ ကူညီ ဖြည့်သူအဖြစ်များလေသည်။

နောက်ဆုံးဘ၀၀ယ် ကပိလ၀တ်နေပြည်တော်၌ သုဒ္ဓေါဒနမင်းကြီး၏ ညီတော် အမိတောဒနသာကီဝင်မင်း၏သား ဖြစ်လာလေသည်။ အာနန္ဒာမင်းသားဟု မည့်ခေါ်ခဲ့ကြသည်။ မြတ်စွာဘုရား ကပိလ၀တ်နေပြည်တော်သို့ ပထမဆုံးအကြိမ် ကြွရောက်တော်မူသည့် မဟာသက္ကရာဇ် ၁၀၄-ခုနှစ်တွင် ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ်၊ ဥပါလိတို့နှင့်အတူ အနုပိယသရက်ဥယျာဉ်၌ အရှင်ဗေလဋ္ဌသီသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုခဲ့ကြသည်။ မန္တာဏီပုတ္တ အရှင်ပုဏ္ဏမထေရ်၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ခဲ့သည်။

ပဌမဗောဓိခေါ် မြတ်စွာဘုရားရှင် ၀ါတော်နှစ်ဆယ်အတွင်း၌ အမြဲတမ်း အလုပ်အကျွေးမထေရ် မရှိခဲ့ပေ၊ တခါတရံ အရှင်နာဂသမာလထေရ်၊ တခါတရံ နာဂိတထေရ်၊ တခါတရံ ဥပ၀ါနထေရ်၊ တခါတရံ လိစ္ဆ၀ီမင်းသား သုနက္ခတ္တရဟန်း၊ တခါတရံ အရှင်သာရိပုတ္တရာ၏ညီ စုန္ဒ၊ တခါတရံ သာဂတမထေရ်၊ ရာဓထေရ်၊ မေဃိယထေရ် စသူတို့ လုပ်ကျွေးပြုစုကြသည်။ ထိုသို့ အလုပ်အကျွေးထေရ်မမြဲသဖြင့် မြတ်စွာဘုရားအတွက် ရံခါ အခက်အခဲ တွေ့ရတတ်သည်။

တနေ့သော် မြတ်စွာဘုရားသည် ဇေတ၀န်ကျာင်းတော်၌ သံဃာတော်များကို စည်းဝေးစေပြီး “ယခုအခါ ငါဘုရားသက်တော် ၅၅-နှစ်ကျော်ခဲ့ပြီ၊ အမြဲတမ်း အလုပ်အကျွေးမထေရ်ရှိမှ သင့်တော်မည်”ဟု မိန့်တော်မူသည်ကို ကြားရသောအခါ ရဟန်းတော်တို့ သန္တာန်ဝယ် သံဝေဂကြီးစွာ ဖြစ်လေသည်။

အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် စသော (အသီတိမဟာသာဝက) တပည့်ကြီး ရှစ်ကျိပ်တို့ အသီးသီး ထ၍ ထ၍ ပြုစုလုပ်ကျွေးခွင့်ပြုပါမည့်အကြောင်း တောင်းပန်ကြသော်လည်း မြတ်စွာဘုရားက မြစ်ပယ်တော်မူသည်။ ရဟန်းအချို့က အရှင်အာနန္ဒာကို အလုပ်အကျွေးအရာတောင်းဆိုရန် တိုက်တွန်းကြသည်။ မြတ်စွာဘုရားသည် တပည့်တော်ကို မြင်တော်မူပါသည်။ အကယ်၍ အလိုရှိတော်မူပါလျှင် “အာနန္ဒာ-ငါဘုရားကို လုပ်ကျွေးလော့ ဟု မိန့်တော်မူလိမ့်မည်၊ တောင်းမှရသော ရာထူးမျိုးကို မလိုချင်ပါ”ဟု ပြန်လည်ပြောဆိုလေသည်။ မြတ်စွာဘုရားကလည်း “ချစ်သားတို့-အာနန္ဒာကို မတိုက်တွန်းကြနှင့်၊ အာနန္ဒာသည် သူ့အလိုလိုပင် ပြုစုလုပ်ကျွေးပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် “ပယ်လေးတန် ပန်လေးပါး” ခေါ်ဆုရှစ်ပါးကို တောင်းခဲ့လေသည်။

(၁) မြတ်စွာဘုရား - အရှင်မြတ်ဘုရား လက်ခံရရှိသည့် ကောင်းမြတ်သောသင်္ကန်းနှင့်

(၂) ဆွမ်းတို့ကို မချီးမြှောက်စေလိုပါ၊

(၃) မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋီတတိုက်တည်းနေရန် ခွင့်မပြုစေလိုပါ၊

(၄) ဘုရားရှင်တစ်ပါးတည်းကိုသာ သီးခြားပင့်သော နေရာသို့ ဘုရားတပည့်တော်အား ခေါ်မသွားစေလိုပါ။

ဤပယ်လေးတန်ကို ခွင့်ပြုတော်မူရန် တောင်းခံလိုက်သည်၊ အကြောင်းမှာ “အာနန္ဒာပြုစုလုပ်ကျွေးသည်မျာ လာဘ်လာဘကို မျှော်ကိုး လုပ်ကျွေးခြင်းဖြစ်သည်”ဟု ပြောဆိုဖွယ် မရှိစေလိုသောကြောင့် ဖြစ်သည်။

တဖန် မထေရ်မြတ်တောင်းခံသည့် ပန်လေးဆုမှာ -

(၁) မြတ်စွာဘုရား - ရှင်တော်ဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်ကို ကြွတော်မူစေချင်ပါသည်၊

(၂) ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေ့ခွင့် ပေးတော်မူစေချင်ပါသည်၊

(၃) ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့် ပြုတော်မူစေချင်ပါသည်၊

(၄) ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို ဘုရားတပည့်တော်အား ပြန်လည်ဟောပြ ပေးတော်မူစေချင်ပါသည်။

ထိုအခါမှစ၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးရသူ ဖြစ်လာလေသည်။

မြတ်စွာဘုရားအား ရေပူရေချမ်း ကမ်းလှမ်းခြင်း၊ ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်း၊ ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်း စသည်တို့ကို ပြုစုပေးတော်မူရသည်။ တနေ့လုံး မြတ်ဘုရားအနီါးပါးဝယ် ၀တ်ကြီးဝတ်ငယ်ပြုစုပြီး ညအခါ ဆီမီးတိုင် ဆွဲကိုင်လျက် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီကျောင်းတော်ကို လှည်လည်ကာ ပြုစုစောင့်ရှောက်တော်မူသည်။

မြတ်စွာဘုရားသည် သံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်အာနန္ဒာမထေရ်အား -

(၁) ဗဟုဿုတ ဧတဒဂ် = အကြားအမြင်အများဆုံး၊

(၂) သတိမန္တ ဧတဒဂ် = သတိအကောင်းဆုံး၊

(၃) ဂတိမန္တ ဧတဒဂ် = ဉာဏ်ပညာအကောင်းဆုံး၊

(၄) ဓိတိမန္တ ဧတဒဂ် = ၀ီရိယအကောင်းဆုံး၊

(၅) ဥပဋ္ဌာက ဧတဒဂ် = ပြုစုလုပ်ကျွေးသူတို့တွင် အတော်ဆုံး ဟူသော ဧတဒဂ်ဘွဲ့ထူး ရာထူးဌာနန္တရငါးမျိုးတို့ကို ချီးမြှင့်တော်မူသည်။

အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အချိန်ပြည့် ပြုစုလုပ်ကျွေးနေရပြီး သာသနာတော်ရေးရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသဖြင့် ကိုယ်ရေးကိုယ်တာ ၀ိပဿနာရူပွားမူများကို အလေးမပေးနိုင်ခဲ့ပေ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလနှင့် ၄-ရက်အကြာ သံဂါယနာတင်ရန်အတွက် သံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အပါး ၅၀၀-ရွေးချယ်ကြရာ ဆဠဘိည၊ တေ၀ိဇ္ဇ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ၄၉၉-ပါးကို အရှင်မဟာကဿပက ရွေးချယ်ခဲ့သည်။ မြတ်စွာဘုရား၏ တရားဒေသနာအားလုံးကို အစအဆုံး အပြည့်အစုံသိသူမှာ အရှင်အာနန္ဒာသာဖြစ်၍ အရှင်အာနန္ဒာမပါသော သံဂါယနာပွဲသည် ပြည့်စုံမည့်ပွဲမဖြစ်နိုင်ပေ၊ သို့ဖြစ်၍ အရှင်မဟာကဿပသည် နောက်ဆုံးတစ်ပါးကို ရွေးချယ်ရန်အတွက် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူသည်၊ သံဃာ့ပရိသတ်ကလည်း အရှင်မဟာကဿပမထေရ်ကြီး လျာထားသည့်အတိုင်း အရှင်အာနန္ဒာကိုပင် မှန်ကန်စွာ ရွေးချယ်ပေးခဲ့ကြသည်။

အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သေးသဖြင့် ဘာကြောင့် ရွေးချယ်ရပါသနည်းဟု အရှင်မဟာကဿပက မေးတော်မူသောအခါ “အရှင်မြတ်ဘုရား-အရှင်အာနန္ဒာသည် မြတ်စွာဘုရားနှင့် အမြဲထာဝရ အနီးကပ်ပြုစု လုပ်ကျွေးနေထိုင်သူဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြားသမျှ မျက်မှောက် မျက်ကွယ် တရားအားလုံးကို တစ်ခုမကျန် ပြန်လည်နာကြားသင်ယူရသူဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို စုစည်းရာ သံဂါယနာပွဲသဘင်သည် အရှင်အာနန္ဒာမပါလျှင် ပြီးပြည့်စုံသောပွဲသဘင် ဖြစ်မည်မထင်ပါ။ အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သော်လည်း အဂတိလေးပါး လိုက်စားမည့်သူ မဟုတ်ပါ၊ ထို့ကြောင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အဖြစ် ရွေးသင့်ပါသည်”ဟု လျှောက်ထားကြသည်။ အမှန်မှာမူ အရှင်မဟာကဿပကိုယ်တော်တိုင်လည်း အရှင်အာနန္ဒာမပါက မဖြစ်နိုင်ကြောင်း သိတော်မူပြီး ဖြစ်ပါသည်၊ သို့သော် မိမိနှင့် ရင်းနှီးသူဖြစ်သဖြင့် မျက်နှာလိုက် ရွေးချယ်သည်ဟု သူတပါးတို့ အပြစ်တင်စကား ပြောကြားမူကင်းဝေးစေရန် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူခြင်း ဖြစ်သည်။

သံဂါယနာတင်ရေးကိစ္စ ရဟန္တာအရှင်မြတ်ကြီးများ ကြောင့်ကြမူ များနေကြသလောက် အရှင်အာနန္ဒာကမူ လှည့်လည်၍ တရားဟောနေ၏၊ ၀ဇ္ဇပုတ္တကမထေရ်ကြီးသည် တရားလှည့်လည်ဟောနေသော အရှင်အာနန္ဒာအား “ကိံ” တေ ဗိဠိဗိဠိကာ ကရိဿတိ-ငါ့ရှင် လှည့်လည်ပြီး တရားတွေ ဗလစ် ဗလစ် ဟောပြောနေဖို့ အချိန်မဟုတ်တော့ဘူး၊ ရဟန္တာဖြစ်အောင် အားသွန်ကြိုးပမ်းပါတော့လား”ဟု သတိပေးခဲ့ဖူး၏၊ ထိုအခါ အရှင်အာနန္ဒာသည် သံဂါယနာတင်အမီ ရဟန္တာဖြစ်ရေးအတွက် ကြိုးစားအားထုတ်တော်မူသည်၊ ဤသံဃာပရိသတ်တွင် ကိလေသာညှီစောနံသူ တစ်ဦးရှိသေးသည်ဟု သီတင်းသုံးဖော် မထေရ်အချို့ကလည်း ပြောဆိုကြသည်။

“အာနန္ဒာ-သင်သည် ပါရမီဘုန်းကံကြီးသူဖြစ်သည်။ ရဟန်းတရားကိုသာ အားထုတ်ပါ၊ မကြာမီရဟန္တာဖြစ်ပါလိမ့်မည်”ဟု တချိန်က မိန့်တော်မူခဲ့ဖူးသော မြတ်စွာဘုရား၏ စကားတော်တို့ကို ကြားယောင်မိသည်။ ထိုအချက်များအားလုံးကို ဆင်ခြင်သုံးသပ်ပြီး “ငါသည် သေက္ခအဖြစ်ဖြင့် သံဃာ့အစည်းအဝေးသို့ ၀င်ရန်မသင့်လျော်ဟု” စိတ်ကူးက အပြင်းအထန် တရားအလုပ် အားထုတ်တော်မူသည်။

သံဂါယနာမတင်မီ တစ်ရက်အလိုတွင် ကာယဂတာသတိတရားကို အပြင်းအထန် ရူပွားတော်မူရာ ၀ီရိယလွန်သဖြင့် တရားထူးမရဖြစ်နေ၏၊ အရုဏ်တက်ရန် နီးလာပြီဖြစ်သဖြင့် ခေတ္တမျှ အပန်းဖြေနားနေတော်မူရန် စင်္ကြံဦးမှ ဖယ်ခွာ၍ အိပ်ရာသို့ သတိပဋ္ဌာန်းတရားဖြင့် ကြွသွားတော်မူသည်။ အိပ်ရာပေါ်သို့ အရောက်တွင် အသာအယာ ခန္ဓာကိုယ်ကို လှဲချတော်မူစဉ် ကိလေသာအာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးတွင် မည်သည့် ဣရိယာပုတ်နှင့်နေ့စဉ် ရဟန္တာဖြစ်တော်မူသည်ဟု ပြော၍မရ၊ ဣရိယာပုတ်လေးပါးမှ လွတ်၍ ရဟန္တာဖြစ်တော်မူသည်။

ဘုရင်အဇာတသတ်သည် ဂိဇ္ဈကုဋ်တောင်ယံ စရည်းပင်ပေါက်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၌ ကြီးကျယ်ဆန်းပြား ခမ်းနားစွာ မဏ္ဍပ်ကြီးငယ်တို့ကို ဆောက်ကာ ပစ္စည်းလေးပါးတာဝန်ယူ၍ ပထမသံဂါယနာပွဲကို ကူညီအားပေးခဲ့သည်။ သံဃာအားလုံး စုံညီချိန်၌ အရှင်အာနန္ဒာသည် တန်ခိုးဖြင့် မြေ၌ငုပ်လျှိုးလာကာ မိမိအတွက်ထားသောနေရာ၌ တက်သစ်စနေ၀န်းအလား ဘွားကနဲထွက်ပေါ် ထိုင်နေတော်မူလာသည်၊ အရှင်မဟာကဿပ မထေရ်ကြီးသည် ၀မ်းသာပီတိဖြစ်ကာ “အကယ်၍များ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိပါမူ ယနေ့ ရဟန္တာအဖြစ် မြင်တွေ့ရသော အရှင်အာနန္ဒာကို ချီးကျူးတော်မူပေလိမ့်မည်၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသွားပြီးဖြစ်၍ ဘုရားရှင်ကိုယ်စား ငါကပင် ကောင်းချီးပေးတော့အံ့”ဟု တွေးကြံတော်မူကာ အရှင်အာနန္ဒအား ချီးကျူးတော်မူသည်။

သာသနာတော်နှစ် ၁-နှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့ ပထမသံဂါယနာသဘင်တွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ရဟန္တာမထေရ်ကြီး အပါး (၅၀၀) ကြွတော်မူကြသည်။ အရှင်မဟာကဿပ က သံဃနာယကထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး ပိဋကသုံးဖြာ၏ ပုစ္ဆကထေရ်တာဝန်ကို ယူတော်မူသည်။ ၀ိနယပိဋက၏ ၀ိဿဇ္ဇကခေါ် အဖြေရှင်တာဝန်ကို အရှင်ဥပါလိက ယူတော်မူသည်။ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက နှစ်ပုံ၏ အဖြေရှင်တာဝန်ကို အရှင်အာနန္ဒာကပင် ယူတော်မူသည်။

သံဃာ့မထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုတ်တခု တခုကို မေးစစ်တော်မူတိုင်း “ဧ၀ံ မေ သုတံ - ဤသို့ ကြားနာမှတ်သားဆောင်ထားဖူးပါသည်”ဟု အစချီကာ အရှင်အာနန္ဒာ၏ ဖြေကြားချက်သည် ပိဋကစာပေများအပေါ် အကြောင်းထုပ္ပတ်နှင့်တကွ မည်မျှခိုင်မာကြောင်း အာမခံချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပိဋကရေးရာ သုတ်ဒေသနာများကို စနစ်တကျမေးဖြေစိစစ်လျက် မှတ်တမ်းတင်တော်မူကြရာ သံဃာတော်အများက အတည်ပြုသောအားဖြင့် တညီတညာတည်း စုပေါင်းရွတ်ဆိုတော်မူကြသည်။ သံဂါယနာတင်ပွဲသည် ၇-လတိုင်တိုင် ကြာမြင့်ခဲ့၏၊ ဤသို့ အာဏာစက်နှင့် ဓမ္မစက် နှစ်ရပ် ပေါင်းစပ်ညီညာ သံဂါယနာတင်လိုက်ခြင်းဖြင့် အဓမ္မ၀ါဒီတို့ ပျောက်ကွယ်သွားလေတော့သည်။

အရှင်အာနန္ဒာမထေရ်သည် သက်တော် ၁၂၀-အထိ သာသနာတော်အကျိုးစီးပွားကို များပြားစွာ ဆောင်ရွက်တော်မူပြီး သာသနာတော်နှစ် ၄၀-ခုနှစ်တွင် ကပိလ၀တ်နှင့် ကောလိယအကြား ရောဟိဏီမြစ်အလယ်ထက်ကောင်းကင်၌ တေဇောဓာတ်လောင်၍ ပရိနိဗ္ဗာန် ပြုတော်မူလေသည်။ သရီရဓာတ်တော်များကို မြစ်နှစ်ဘက်ရှိ ပြည်သူများ ကိုးကွယ်ရန် အဓိဋ္ဌာန်ခဲ့၍ နှစ်ဖြာခွဲကာ ကျရောက်လာကြကုန်၏၊ တစ်သာသနာတွင်မှ တစ်ယောက်ဟု ဆိုစလောက်သော အရှင်အာနန္ဒာ၏ စွမ်းရည်နှင့် ဂုဏ်ကျေးဇူးကား ထေရ၀ါဒ သာသနာ့သမိုင်း၊ ပိဋကစာပေသမိုင်းတွင် အနိုင်းမဲ့ဖြစ်ပေတော့သည်။

အရှင်အာနန္ဒာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော် -


ဗဟုဿုတံ ဥပါသေယျ၊ သုတဉ္စ န ၀ိနာသယေ။
တံ မူလံ ဗြဟ္မစရိယဿ၊ တသ္မာ ဓမ္မဓရော သိယာ။
အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရမည်၊ မှီဝဲဆည်းကပ်၍ ရအပ်သော အကြားအမြင်ကိုလည်း မပျောက်မပျက်အောင် မှတ်သားရမည်။ ထိုသို့ အကြားအမြင်များပြားခြင်းသည် မဂ်တည်းဟူသော မြတ်သောအကျင့်၏ အကြောင်းရင်းမူလဖြစ်သည်၊ ထို့ကြောင့် ရှေးဦးစွာ တရားစာပေကို သင်ယူမှတ်သား ဆောင်ထားထိုက်ပေ၏။


ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တ ယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။
တရားတော်လျှင် မွေ့လျော်ရာရှိသော၊ တရားတော်၌ မွေ့လျော်သော၊ တရားတော်ကို အဖန်ဖန် ဆင်ခြင်ရူမှတ်သော၊ တရားတော်ကို အဖန်ဖန် အောက်မေ့ပွားများသော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်နိုင်။


အဗ္ဘတီတသဟာယဿ၊ အတီတဂတသတ္ထုနော။
နတ္ထိ ဧတာဒိသံ မိတ္တံ၊ ယထာ ကာယဂတာသတိ။
မြတ်စွာဘုရားတည်းဟူသော ဆရာလွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှ ကင်းကွာခဲ့ရသော ငါ့အား ကာယဂတာသတိသည်ပင် ငါ၏ အကျိုးစီးပွားကို ဆောင်တတ်သော အဆွေခင်ပွန်းကောင်း အစစ် ဖြစ်ပေတော့၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။