Friday, August 29, 2014

ဓမ္မစေတီ ခေါင်းလောင်း သမိုင်း



ဓမ္မစေတီ ခေါင်းလောင်းကြီးအကြောင်း တင်ပေးပါလို့ ပြောတဲ့ မောင်လေး ညီမလေးတွေ အတွက်ပါ .. ဓမ္မစေတီ မင်းအကြောင်း နဲ့ သူ့ရြ့ စရိုက် လက္ခဏာ ကိုသိပါမှ ... ဘယ်လိုမင်းအမျိုးအစား ဆိုတာ .... သုံးသပ်ဆုံးဖြတ်လို့ရမှာပါ ....

★ ★ .ဓမ္မရာဇာ မင်း စိုးစံစဉ်အချိန်က မွန်တို့တိုင်းပြည် ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီမှာ ... ဗောဓိဂမုံး နဲ့ မယ်ထပ် ဆိုတဲ့ လင်မယားနှစ်ယောက် ရှိခဲ့တယ် ... တစ်နေ့မှာ မယ်ထပ် က ... ရဟန်းတစ်ပါး က မုဒရက်သီး တစ်လုံးနဲ့ ကြာသုံးပွင့် လာပေးတယ်ဆို တဲ့ ထူးဆန်းတဲ့ အိမ်မက်တစ်ခုမြင်မက်ခဲ့ပါတယ်။

ဒါကိုဗေဒင်ဆရာ ကိုမေးတဲ့အခါ ... ရှင်ဘုရင်ဖြစ်မယ် ... သူ့ရဲ့သွေးသား ( ၃ ) ဆက် တိတိ မင်းပြု ရမယ်လို့ ဟောခဲ့ပါတယ် ...

ဒီလိုနဲ့ ... သားယောက်ျားလေးမွေးပြီး ... မင်ထန်လို့အမည်ပေးခဲ့တယ် ... မင်းထန် အရွယ်ရောက် လာတော့ ... မိဘများကလဲ ဆင်းရဲလွန်းတဲ့အတွက် .... ဟံသာဝတီ မြို့ စနုကလ ဘုန်းတော်ကြီးကျောင်း ကို ပို့ခဲ့ပါတယ် ... စနုကလကျောင်း ခင်ကြီးက မင်းထန်ဟာ ... ကျမ်းဂန် စာပေများကို လျှင်မြန်စွာ တတ်သိ လွယ်တဲ့အတွက် ... ဓမ္မဓရ ဆိုတဲ့ နာမည်ပေးခဲ့ပါတယ် ....

ဒီကျောင်းမှာပဲ ပိဋကတ် ကျမ်းဂန်တွေကိုနှုတ်တိုက် အာဂုဏ်ဆောင်နိုင်သော ... ပကန်ဘောင်ရွာသား ... ကိုရင် တစ်ပါး လည်း ရှိခဲ့ပါတယ် ... သူ့ရဲ့ဘွဲ့နာမည်ကတော့ ဓမ္မဥာဏ လို့ခေါ်ပါတယ် .. ဥါဏ်အလွန် ထက်မြက် ပြီး အေးချမ်း စွာနေတတ်လို့ပါ ...

ဆရာတူတပည့် စာသင်ဖက်ဖြစ်တဲ့တွက် ... ဒီနှစ်ဦးဟာ ... အရမ်းချစ်ကြပါတယ် ... အထူးသဖြင့် ဓမ္မဥာဏ ဟာ ... ရိုးသားအေးချမ်းတဲ့အပြင် ... သူတစ်ပါးကို အမြဲ အလျှော့ပေးတတ်တဲ့အတွက် ... အမြဲအနိုင်ရ လိုတဲ့ ဓမ္မဓရ သူ့ကိုပိုခင်တာပေါ့ ...။

အခါတစ်ပါးမှာ ... မောင်ရှင် ဓမ္မဓရ ဟာ ... မြန်မာပြည် ... အညာ ပုဂံ အင်းဝ နေပြည်သည် ... မွန်တိုင်း နှင့် ကွဲပြားစွာ ... ဘုရားရှင် သာသနာတော် အစစ် ထွန်းကားပြီး လွန်စွာစည်ပင်သာယာလျှက် စာတတ် ပေတတ် ရဟန်း များပြာ၍ အေးချမ်းလှပေသည် ... စာပေ သင်ကြားရသော် ကောင်းမည် လို့ အကြံပေးပါတယ် ...

ဒီအခါ ဓမ္မဥာဏက ... ငါ့ရှင် ... ကျုပ်တို့ မွန်ဒေသက ရဟန်းတို့ဟာ .. အင်းအိုင် ခလှည့်လက်ဖွဲ့ နတ် နဂါး အဂ္ဂိယတ် တို့ကိုသာ ... နားလည် တစ်ဖက်ကမ်းခတ်ကြပေမယ့် ... မြန်မာ တို့ကတော့ ... ရှင်အရဟံ ကဲ့သို့ ... ဘာလောကီ ပညာကိုမှ စိတ်မ၀င်စားပဲ ... တရားကျင့်သော ရဟန်းများကိုသာ လက်ခံပြီး ... ဓါတ် နတ် ၀ိဇ္ဇာ ဂါထာ မန္တရား အဂ္ဂိယတ် ထိုးသော ဘုန်းကြီးများကို လက်မခံတဲ့ အတွက် .. ကျုပ်တို့ အတွက် ... ဆွမ်းကွမ်း ပင် ခက်ခဲ ဘို့ရှိတယ်လို့ပြောတာပေါ့ ...

ဒီတော့ ... ဓမ္မဓရက ... ဒီအတွက် ပူစရာမလိုမလိုပါဘူးငါ့ရှင် ... ယ္ခု အညာဒေသ အင်းဝမှာစိုးစံတော်မူတဲ့ မိုးညှင်းမင်းတရားကြီး ... ရဲ့ မိဘုရားရှင်စောပုဆိုတာ ..ငါတို့မွန်လူမျိုးဖြစ်တဲ့အတွက် ... မိဖုရား ကြီး စောင့်ရှောက် မှာပါ လို့ပြောတာပေါ့ ...

အော် ... အင်းဝမှာ ငတို့ ဟံသာဝတီ မိဖုရားရှိတယ်လား ဓမ္မဓရ ... ဘာလို့ ဟံသာဝတီ မိဖုရားဟာ အင်းဝကိုရောက်သွားရတာတုန်း ....

ငါ့ရှင်ဓမ္မဥာဏ သင်ဟာ မွန်ဖြစ်လျှက် ...မွန်သမိုင်းကိုမသိပါလား ...

သက္ကရာဇ် ( ၇၄၅ ) မှာ ...ဟံသာဝတီမှာ ..ရာဇာဓိရာဇ်မင်း နန်းစံသတဲ့ ... သားတော်ကြီး ဗညား ဓမ္မရာဇာ ကို ပုသိမ်စား ... ဗညားရန်ခိုက်ကို ဒလစား ... ဗညားကျမ်းကို မုတ္တမ စားစေပြီး ... သမီးတော် ရှင်စောပု မှာ ... ခင်ပွန်း သည် ဒဂုံစား သမိန်စည်သူ သေဆုံးပြီး ... သမီး နဲတကာထော် ၊ နဲတကာသင် ၊ နဲ့ သားတော် သမိန်ပရူ ခလေးသုံးယောက်အမေ မုဆိုးမ ... ဖြစ်ခဲ့ပြီး ... ဒဂုံမှာပဲ တပင်တိုင်နန်းနဲ့ စံစားနေ တာပေါ့ ....

ရာဇာဓိရာဇ် ကြီး နတ်ရွာစံတော့ ... သားတော်ကြီး ဓမ္မရာဇာနန်းတက်တဲ့အခါ ... ညီနှစ်ယောက် ပုန်ကန် တဲ့ အတွက် ... အင်းဝနဲ့မဟာမိတ်ဖွဲ့ဘို့ ... အင်းဝဘုရင် သီဟသူကို ချစ်လှစွာသော နှမတော် ရှင်စောပု ( အဲ့ဒိအချိန်က ၂၉ နှစ် ) ကို မြန်မာဘုရင်သီဟသူကို ... ဆက်သလိုက်တယ် ... မြန်မာဘုရင်ကလဲ ... အောက်ပြည် ဒဂုံထိအောင် သိမ်းပိုက်ပြီး ... သြဇာ ပျံ့နှံ့နေတဲ့ မွန်တို့ရန်ကငြိမ်းအောင် ... ရှင်စောပုကို မိဘုရားခေါင်ကြီး မြှောက်ခဲ့တယ် ....

ဘုရင်သီဟသူရ နတ်ရွာလားတော့ ရှင်စောပုက သားတော်မင်းလှငယ် ( ဘုရင်သီဟသူနဲ့ .... ရှင်စောပုရဲ့ ညီမအငယ်ဆုံး တလမည်ကျော်ရဲ့သား .... ရှင်စောပုရဲ့တူအရင်း ) နဲ့ .... မင်းလှငယ် နတ်ရွာလားတော့ .. ကလေးကျေးတောင်ညိုမင်းနဲ့ .... ပြီးတော့ ပခန်းတရဖျားနဲ့ ....အခုတော့ မိုးညှင်းမင်းတရားနဲ့ အဆင့်ဆင့် လက်ဆက်ခဲ့တယ် ငါ့ရှင် .... ( ရှင်စောပုဟာ မွန်တွေက စစ်မက်လာပြုလိမ့်မယ် ဆိုတဲ့ ဥပါယ် တမျဉ်နဲ့ မြန်မာ ဘုရင်တွေကို အဆင့်ဆင့် ခြိမ်းခြောက် လက်ဆက်ခဲ့ဟန်ရှိပါတယ် ... ကျန်စစ်သား မင်း လက်ထက်ကလဲ ... မွန်တွေရန်ကိုကြောက် လို့ချစ်ကြည်ရေး လုပ်ပြီး မွန်မင်းသမီး ခင်ဦးကို လက်ဆက်ခဲ့ရ ပါသေးတယ်)

ငါ့ရှင် ဓမ္မဓရ ... အ၀က မြန်မာတွေဟာ ... တယ်လဲရက်စက်ကြပါပေတကား ... မင်းတပါးသေတာတောင် ကိုယ့်ပြည် ကိုယ်မပြန်ရပဲ ... တမင်းပြီး တမင်း ဆက်ခါ ဆက်ခါ ရက်စက်နိုင်ကြပါပေရဲ့ ....

ငါ့ရှင် ဓမ္မဥာဏ ဒါတော့ မှားနေပြီ ငါတို့ မွန်မင်းတွေက ထီးနန်းလု မှာကြောက်လို့ပြန်အလာ မခံတာပါ ...။ သူတို့မြန်မာမင်း ရက်စက်တာ ဘာဟုတ်သေးလဲ ... ငါတို့မွန်မင်းတွေက ဒါ့ထက်တောင် ရက်စက် ကြသေးတယ် ...... ဘယ်လောက် ရက်စက်လဲ ဆိုရင် ....

မွန်ဘုရင် ရာဇာဓိရာဇ် အင်းဝကိုစစ်ချီတော့ .... သမက်တော်စောမရှက်နဲ့ သမီးတော် တလမည်ကျော် ကို ပြည်မြို့အထက်ခေါင်းလောင်းကျမှာထားခဲ့တယ် ....

မြန်မာတပ်တွေက ပြည်မြို့ထိ လိုက်တိုက် တော့ သမက်တော် စောမရှက်လဲ ဟံသာဝတီထိပြန်ပြေးရတယ် ... သမီးတော် တလမည်ကျော်ကိုတော့ ... မြန်မာတပ်များဖမ်းမိတော့ ... အင်းဝဘုရင်မင်းခေါင်က ... သူ့အမီးအရွယ် သနားတော်မူလို့ .... သားတော် သီဟသူနဲ့ လက်ဆက်ပေးခဲ့တယ် ...

စောမရှက် ဟံသာဝတီရောက်တော့ ... ဒလကျပြီး ပြန်ပြေးလာရတဲ့ ရာဇာဓိရာဇ်က ... သူ့သမက်ကို အသက်ဆုံးစေ လို့စီရင်တော်မူတယ် ....

ဒါပေမယ့် အင်းဝဘုရင်မင်းခေါင် ... သမက်တော် ကာမဏီနဲ့ သမီးတော် စောပြည့်ချမ်းသာကို ... ရခိုင် စား ပေးထားစဉ်တုန်းက ... ငါတို့ဘုရင် ရာဇာဓိရာဇ်က ရခိုင်ကိုအလစ်ဝင်တိုက် .... ကာမဏီကိုသတ် .... စောပြည့်မျမ်းသားကို အဓမ္မ မဖုရားမြှောက်ခဲ့ပါရောလား ... ဒါကြောင့်မြန်မာ ဘုရင်ရက်စက်တာထက် ... ငါတို့မွန်ဘုရင်ရက်စက်တာက ... သူတစ်ပါး သွက်သွက်ခါသွားတာပဲ လို့ ပြောသတဲ့ ...

ဒီလိုနဲ့... မောင်ရှင်နှစ်ပါး ... အင်းဝသို့ ဆန်တက်ကြရာ ... နှစ်ဆယ့်ငါးရက်အကြာ အင်းဝကိုရာက်ကြ ပါတယ် ...

အင်းဝသို့ရောက် ... စစ်ကိုင်းဖက်ကိုကူး .... ဘုန်းတော်ကြီး အရိယဓဇ ကျောင်းတော်မှာ.... စာပေကျမ်းဂန်များ လေ့လာနေစဉ် ... မွန်မိဖုရား ... ရှင်စောပုက မွန် ရဟန်းနှစ်ပါး ... ရောက်ရှိကြောင်း ကြားပြီး ... စိတ်ချရတဲ့ လူယုံကိုစေလွှတ်ဆက်သွယ်ပါတယ် .... ပြီးတော့ ဟံသာဝတီမှာ လက်ရှိမည်သူ ထီးနန်းစိုးစံနေကြောင်းစုံစမ်းပါတယ် .....

ဒီအခါ ဓမ္မဓရက ... ဒကာတော်မကြီးသားတော် ဗညားပရူ နတ်ရွာလားလို့ ဒကာတော်မကြီးမောင်တော် ... ဗညားကျန်း ထီးနန်းစိုးစံလျှက်ရှိကြောင်း .... ပြောပြပါတယ် ... ဒီလိုနဲ့မိဖုရာှးင်စောပုဟာ ... သာမဏေ နှစ်ပါးကို ... ပစ္စည်းလေးပါ ဒါယကာမကြီး ဟူ၍၄င်း .... မယ်တော်အရင်းဟူ၍၄င်း ... မိမိမှလည်း... သားအရင်း မှတ်ပါမည်ဆိုပြီး ... သားအရင်းအဖြစ်တရားဝင်မွေးစားကြေငြာပြီး .... မောင်ရင်နှစ်ပါးကို သားပြုမွေးစားထားတာပေါ့ ....

ဒီလိုနဲ့မောင်ရင်နှစ်ပါးဟာ ... ဘုန်းတော်ကြီး အရိယဓဇ ကျောင်းရောက်ပြီး ၃နှစ်အကြာ အသက် ၂၀ပြည့်မှာ ... ရှင်စောပုက ပစ္စည်းလေးပါး ဒါယိကာ ပြုပြီး ရဟန်းခံကြပါတယ် ....

ရဟန်းခံပြီး ... ဦးဇင်းများဟာ ... စာပေလေ့လာခြင်းမပြုကြတော့ပါပဲ ... ယောဂီ ... ၀ိဇ္ဇာ သိပ္ပံ အတတ်ဖြစ် တဲ့ အင်းအိုင် ... ခလက် ... လက်ဖွဲ့ ... မန္တာန် တို့ကိုသာ လေ့လာကြတော့တဲ့အတွက် ... ဆရာ ဘုန်းတော် ကြီးက ...

ဟံသာဝတီပြည် ...အကြေအောက်သား ... မောင်ပဉ္စင်းနှစ်ပါးသည် ... ဘုရားမကြိုက်သည့် ... ဒုစရိုက် ၀သီ ... အလဇ္ဇီ အမှုကို သာ ပြုလုပ်နေသည် ဟု မြည်တွန်တောက် တီးပြီး ကျောင်းမှနှင်ချတဲ့အတွက် ... သင့်ရဲ့ နားပူသောကျောင်းတွင်လည်း ကျုပ်တို့ကလဲမနေလိုဟု ပြောကာ ... စစ်ကိုင်း ခ၀ါဆိပ်အရပ်မှာ ... ကျောင်းဆောက် နေတော် မူပြီး မိဖုရားရှင်စောပု အိမ်သို့ ခနခန ကြွတော်မူကြသောဟူ၏ ....

မွန်တို့ကောက် သံကောက် ကိုးစင်း .... မြန်မာကောက် ပဲနေက်ကိုး တင်းဆိုတဲ့အတိုင်း ..... မိုးညှင်း မင်းတရားကြီး က ... တဖြေးဖြေးနဲ့ မိဖုရား ရှင်စောပုရဲ့ အလိမ် အညာ အပြစ် များကို သိလာပါတယ် ...

ဒီအခါ ရှင်စောပုဟာ ... ဦးဇင်း ဓမ္မဓရ တစ်ပါးထဲကို ... တိတ်တဆိတ်တွေ့ဆုံပြီး ... သားကြီးဓမ္မဓရ ... အခုဆိုမယ်တော် အိုမင်းမစွမ်းရှိပြီ .... အ၀မှာလည်း အဆင်မပြေတော့ဘူး ...မယ်တော်ကို ဟံသာဝတီ ရာက်အောင် ကြံဆောင်ပါ ... ဒဂုံဆံတော်ရှင်ဘုရားကို ဖူးရအောင်ကြံဆောင်ပါ ... မယ်တော် ပဲခူးရောက်လို့ ... ရွှေမှောက်သနင်း ... မင်းဖြစ်အောင် ကြံဆောင်ပေးနိုင်ရင် ... သားကြီးကို အိမ်ရှေ့ ဥပရာဇာ .... အပ်နှင်း ပြီး မယ်တော်လွန်လျှင် မင်းဖြစ်စေရပါမယ်လို့ ပြောခဲ့တာပေါ့

ဓမ္မဓရက .... မယ်တော် ...မကြောင့်ကျနှင် ... ဂါထာ မန္တာန် အင်းအိုင် ကိစ္စ ကျုပ် တစ်ဖက်ကမ်း ခတ်မျှ တတ်သည် .... ကျုပ် ရအောင်ကြံမည် လို့ကတိပေးပြီး ... ဓမ္မဓရ ရဲ့ အစီအမံနဲ့ .... အရင် ရှင်စောပုနဲ့အတူပါလာတဲ့ ... သရိကန်ပိုက် ဦးဆောင်တဲ့ မွန်ကျေးကျွန် တို့ကို ခေါ်ဆောင်ကာ ... ဟံသာဝတီသို့ လှေဖြင့် ထွက်ပြေးခဲ့ပါတယ် ... ( ဒီအချိန်တုန်းက အရှင် ဓမ္မဥာဏကလှေဦးစီး ဓမ္မဓရက ပဲ့ကိုင် တာဝန်ယူသောဟူ၏ )

ဒီလိုနဲ့ဓနုဖြူရွာကိုရောက်လာကြပြီး ... စုံစမ်းတော့ ... ရှင်စောပု၏ မောင်တော် မင်းမော်ဓော ဆင်းဖမ်းသွားရာ ကျွန်ယုံတစ်ယောက်သတ် ၍ သေပြီး ...ယ္ခု ရှင်စောပု နှမ ရှင်စောနှစ် နန်းထိုင်တာကိုကြားသိပြီး ...လူသူစုဆောင်း... အရီးပြင်းနှင်ချီတက်ကာ သံလျှင်ကိုရောက်လာပါတယ် ...

သံလျှင်ကိုရောက်ပြီး ရှင်စောပုဟာ ဓမ္မဓရရဲ့ အစီအမံနဲ့ .... သံလျင် ... ဓနုဖြူ .... မှော်ဘီ မြို့စားများကို ဆက်လက်စည်းရုံး သိမ်းသွင်းပြီး .... လူသူစုဆောင်းကာ ... ဒဂုံကို ဆက်လက် ထွက်ခွာပြီး ... ဒဂုံဆံတော်ရှင်ကိုဖူးမြော်ပါတယ် ... ဒဂုံ မြို့စားကို ဆုလာဘ်များစွာပေး သိမ်းသွင်းပြန်ပါတယ် .... ဒီနောက် ဗညားထော ဘွဲ့ကိုခံကာ ... ညီမတော်ရှင်စောနှစ်ကိုတွန်းလှန်ပြီး .... ဟံသာဝတီကို သိမ်းပိုက် မင်းလုပ်ခဲ့ပါတယ် .... အသက် ၅၃နှစ်ပါ ... ဟံသာဝတီစီပင်ဝပြော ခဲ့ပါတယ် ...

ဘုရင်မ ရှင်စောပု ဟာ ... မိမိကတိကို မေ့လျှော့ပြီး ..... ဗညားအိမ် ၊သီရိမနု ၊ ပိုက်ထရာဇာ ၊ ဗရမ်း ၊ ဗညားကျမ်း စတဲ့ အမတ် ( ၅ ) ယောက် ဦးစီးစေပြီး လက်ခံကံ ကျေးရွာများစွာပေးပြီး ၀တ်မိုး ၀တ်မြေတို့နှင့်တစ်ကွ ကပ္ပိယ ၃၀၀ နှင့်အတူ ... လိပ်ပြင်ကျောင်းတော်ကြီးကိုဆောက်လုပ်စေပြီး ဓမ္မဓရ ကို လှူဒါန်းခဲ့ပါတယ် ....

ဗညားလော ၊ ဗရု ၊ ရဲနောင် ၊ ပိုက်ထသူ ၊ အဲကံကောင်း ၊ နန္ဒသင်းရံ ။ မနူကံပိုက် ၊ အက္ကရပ် ၊ လိုက်ကံကောင်း ၊ ဇိမ်လကွမ်း ၊ ပိက်သင်ရန် စတဲ့ အမတ်ကြီး ( ၁၁ ) ယောက်ကို ကြပ်မတ်စေပြီး အတုလ၀ါသ မည်သော ကျောင်းတော်ကြီးကို ကျောင်းရံ ၃ထပ်နှင့်ဆောက်စေပြီး ... ကြေးပိသာ ၁၀၀၀ ထွက် ၀တ်မြေနှင့်တစ်ကွ ...ကပ္ပိယကျောင်းကျွန် ၃၀၀ နှင့် တစ်ကွ ... ဓမ္မဥာဏကို လှူ ဒါန်းတော် မူခဲ့ ပါတယ် ....

ဒီနောက် ရှင်စောပုဟာ မင်းအိုမှုံမှာ အမိတော ဆိုတဲ့နာမတော် အသစ် ခံယူကာ ဘိတ်သိတ် သွန်းပြန်ပြီး ..ဆက်လက်အုပ်ချုပ်ခဲ့ပါတယ် .... ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှု ထင်ရှားမှု အားလုံးဟာ ၀ိဇ္ဇာမယ သိဒ္ဓိလမ်း ပေါက်လုနီးပါးဖြစ်နေတဲ့ .... ဓမ္မဓရ နဲ့ ဓမ္မဥာဏတို့ရဲ့ တန်ခိုးပျာဋိဟာ အစွမ်းကြေင့်ဖြစ်ပါတယ် ။ လောကီပညာ စွမ်းပကားက အံ့သြစရာကောင်းပေစွ ....

ဓမ္မဓရ ... ဓမ္မဥာဏ နှစ်ပါးလုံးဟာ .... အင်း အိုင် ဓါထာ ယတြာ ပယောဂနည်း နတ်စိမ်း နတ်ရဲများကို စေခိုင်းခြင်း များကိုတစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြပါတယ် ....

တစ်နေ့မှာ အတုဝါလကျောင်းဆရာတော် ဓမ္မဥာဏက ငါသည် လောကီ ၀ိဇ္ဇာ အတတ်ကိုကို သိဒ္ဓိလမ်းပေါက် လုခမန်း ကျွမ်းကျင်ရကား ...ဗေဒင်ဟော ဆေးကု အင်းအိုင် လက်ဖွဲ့ မန္တာန် တို့ဖြင့် ကြံစည်နိုင်ခြင်း ပူးခြင်း ကပ်ခြင်း နတ်သွင်းခြင်း ပယောဂပညာတွင်လည်း တစ်ဖက်ကမ်းခတ် ပုဂ္ဂိုလ်ကျော်တစ်ပါးပင်ဖြစ် သည် ... ယ္ခု နောက်ဆုံး ငါတတ်အပ်သော .. ချစ်အောင် ခင်အောင် စွဲလမ်းအောင် ကြည်ညိုအောင် ... အစိမ်းတိုက်ပြီး ပီယလမ်းအတတ်ကိုလည်း တတ်မြောက်ခဲ့ပေပြီ .. ဒီအတတ်မျာဟာ ... ဗုဒ္ဓဘုရားရှင်အလိုတော်နဲ့ ဆန့်ကျင်သည့်အားလျှော်စွာ ... ရဟန်းဘောင် နှင့် မသင့်တော်တဲ့ အတွက် .... ငါလူဝတ်လဲမှ တော်မည် ဟု အကြံဖြစ်ပြီး ကျောင်းကို ရဟန်းကောင်း တစ်ပါးကို လွှဲခဲ့တဲ့ကာ အဂ္ဂိယတ် ပညာ ဆုံးခန်းတိုင်ဆည်းပူးရန်အတွက် လူဝတ် လဲခဲ့ပါတယ် ...

ဓမ္မဥာဏဟာ လူဝတ်လဲပြီး ဘုရင်မကြီးထံအခစားဝင်တဲ့အခါ ... ရှင်စောပုကပြုံးပြီး ... သာတော်ငယ် ... ဘာမျှမပူနှင့် မြို့ဝန် ဗညားအိမ် ထံခေတ္တ သွားနေချေ ... မယ်တော် ကတိအတိုင်း မြို့စား နယ်စား ရာထူးပေးမည် စောင့်ဆိုင် နေပါဆိုပြီးပြန်လွှတ်သတဲ့ ....

ရှင်စောပုဟာ ... ဓမ္မဥာဏ လူဝတ်လဲတဲ့အတွက် ... သူ့ရဲ့အစွန်းအစကို သိပြီးရကား ... ထီးနန်းကို စိတ်ပူတဲ့အတွက် ဓမ္မဓရကို ချက်ချင်း တိတ်တဆိတ် စာပို့စေပါတယ် ....

သာတော် ... မယ်တော်ရဲ့ အရိုက်အရာကို သားတော်အတွက်သာရည်စူးခဲ့ပါတယ် ... သို့သော်လဲ ဓမ္မဥာဏ သည် ယနေ့ပင် လူဝတ်လဲခဲ့ပေသည် .... အမှန်ဆိုရပါမူ ဓမ္မဥာဏ ၏ကျေးဇူးသည် မယ်တော်အပေါ်တွက် သိတ်မရှိချေ ... မယ်တော်လည်းမိန်းမသားဖြစ်တယ် .... ဒီအတွက် မယ်တော် စိုးရိမ်တယ် .... သားတော်ကြီးကိုပဲ အားကိုးတဲ့အတွက် .... နန်းတော်မှာ အနှစ်ကိုပဲထားချင်သည် ... သားတော်လဲ မပျော်ပိုက်ရင် လူထွက်ပါ မယ်တော့်နား မှာစောင့်ရှောက်ပါလို့ စာပို့တဲ့အတွက် ... အဲ့ဒီနေ့ပဲ ဓမ္မဓရ လူထွက်ခဲ့ပါတယ် ....

ဓမ္မဓရဟာ ... လူထွက်ပြီနောက်ပိုင်း ရှင်စောပု အလိုအတိုင်း ဓမ္မဥာဏကို အဆိပ်ခတ် လုပ်ကြံခဲ့ပါတယ် .... မိဖုရား ရှင်စောပုဟာ .... သူ၏သမီးအကြီး ကိုကတိပေးခဲ့တာက ... သမီးတော်အကြီး နှင့် လက်ဆက် သူကို ထီးနန်း အရာပေးမည် ... ဒီအတွက် လိပ်ပြင်ကျောင်း ဆရာတော်လူထွက် လေး ဟာ ဘုရင်ဖြစ်သင့်တဲ့အတွက် ... လိပ်ပြင်ကျောင်းဆရာတော်လေးနဲ့ ... လက်ထပ်ဖို့ တိုက်တွန်းခဲ့ပါတယ် ...

ဒါပေမယ့် သမီးကြီး နဲတကာထော်က .... ရှင်စောပု၏ ညီမ ရှင်စောနှစ် က ရင်ခွင်ပိုက် မင်းလောင်းအဖြစ် လျှာထား ထားသော .... အကိုကြီး၏သား တူတော် ဒဂုံမြို့ဝန် ဗညားအိမ် (( ရှင်စောပုက ညီမတော် ရှင်စောနှစ် ကို လုပ်ကြံ ဟံသာဝတီထီးနန်းကိုယူပြီး ... တူတော် ဗညားအိမ် ကိုလည်း မင်းလောင်းလျာ ကနေပယ်ဖျက်ပြီး .. ဒဂုံစားပေးထားခဲ့ပါတယ် )) နဲ့လက်ဆက်ပြီး ၀ိဟာရဒေ၀ီ ဘွဲ့ကိုခံယူ ခဲ့ပါတယ် ....

ဒီအခါ ရှင်စောပုဟာ ... ဗညားအိမ်နဲ့ နဲတကာထော်ကို ... ထီးနန်း လုမှာ စိုးတဲ့အတွက် ပုသိမ်ကိုပို့ပြစ်ခဲ့ ပါတယ် ...

ဒီနောက် ရှင်စောပု အသက် ( ၆၀ ) မှာ ... သားတော်ကြီး ဓမ္မဓရကို ... ဓမ္မစေတီဆိုတဲ့ နာမတော် ဘိတ်သိတ်ပြီး သမီးတော် နဲတကာသင် ကို ရာဇဒေ၀ီ နာမည်ဘိတ်သိတ်ကာ ... ဓမ္မဓရ ကို အိမ်ရှေ့အရာ အပ်နှင်း ... မိမိကိုယ်တိုင်ကတော့ ... အသက် ကြီးလာပြီဖြစ်တဲ့အတွက် ပုတီးနှင့် ပျော်ရမည့် အချိန်ဖြစ်ပေသည် ... ဒီအတွက် ဒဂုံသို့ပြောင်းရွှေ့ခါ ...ဟံသာဝတီနှင့် ဒဂုံ တို့မှာ အလှည့်ကျနေပြီး မင်းလုပ်မည်လို့ ... ဆုံးဖြတ်ခဲ့ပါတယ် ....

ဒီနောက် ရှင်စာပုက ... သမီးနှင့်သမက်ကို ဥပါယ်တမျဉ်နဲ့ ဟံသာဝတီသို့ အလည်ခေါ်ဆောင်ပြီး ... သမီးကို ပြန်သိမ်းခဲ့ပါတယ် ... ပြီးနောက် ရှငစောပုခိုင်းသည့်အတိုင်း ဓမ္မဓရ ခေါ် ဓမ္မစေတီ အိမ်ရှေ့မင်းသားက သမက်တော် ဗညားအိမ်ကို အဆိပ်ခတ်လုပ်ကြံခဲ့ပြန် ပါတယ် ....

ဓမ္မစေတီ အိမ်ရှေ့မင်းဟာ ပုသိမ်စား ... သမက်တော် ဗညားအိမ်ကို လုပ်ကြံပြီး မကြာခင်မှာပဲ ရှင်စောပုက ဓမ္မစေတီအိမ်ရှေ့မင်းကို ... ဗညားအိမ်မယား ရှင်စောပု၏ သမီး အကြီးမ နဲတကာထော် မုဆိုးမကို ... အဓမ္မ သိမ်းပိုက် စေခဲ့ပါတယ် ...

နဲတကာထော်ဟာ ... သေဆုံးရှာသူ ကြင်ယာတော်အတွက် စိတ်မကောင်းနေရသည့်ကြား .... အိမ်ရှေ့မင်းသိမ်းပိုက်တာကိုခံရပြန်တဲ့အတွက် ပူပင်သောက ပရိဒေ၀မီးမစဲပဲ ... သံဝေဂ ရကာ ... ဒဂုံဆံတော်ရှင်ဖူးမြော်ပါရစေဟု ခွင့်ပန်ပြီး ... ဒဂုံဆံတော်ရှင်ထံ မိမိဆံကေသာ အားလုံးကို တင်လှူပြီး ... ကျန်သောဆံပင်အတိုများကို ... ဆီမီးပူဇော်ကာ ... ဘ၀ဆက်တိုင်း ငါ့လင် ဗညားအိမ်နှင့် ပေါင်းဖက် ရပါစေဟု ဆုတောင်းပြီး ... ဘ၀နိဂုံးချုပ်ခဲ့ပါတယ်...

ဒိနောက် သက္ကရာဇ် ( ၈၃၃ ) ခုနှစ်မှာ ဘုရင်မရှင်စောပု ... နတ်ရွာစံတော်မူပြီး ... ဓမ္မစေတီ အိမ်ရှေ့မင်းသားဟာ သီရိပရမမဟာ ဓမ္မရာဇာ ဓိရာဇာ ဟူသော ဘွဲ့ဖြင့် မင်းအဖြစ်ကိုရောက်ရှိခဲ့ပါတယ် ..... သက္ကရာဇ် ( ၈၅၄ ) နန်းသက် ( ၂၁ ) နှစ်မှာ ... နတ်ရွာစံတော်မူခဲ့ပါတယ် .... ။

★ ★ ★ ဒါဆို ဓမ္မစေတီမင်းကြီးဟာ ... ဓမ္မစေတီခေါင်းလောင်းကြီးကို ဘယ်အချိန် ... ဘယ်ခုနှစ်မှာ ... လှူခဲ့တယ်ဆိုတဲ့ သမိုင်းအထောက် အထားရှာကြရအောင်ပါ ....

ဓမ္မစေတီမင်းကြီးဟာ ... စာတတ် ပေတတ် ... ရဟန်းလူထွက် ... ဖြစ်တဲ့အပြင် လောကီ ၀ိဇ္ဇာ အတတ်ပညာ ကို သိဒ္ဓိလမ်းပေါက် မတတ် ကျွမ်းကျင်ပြီး ... အင်းအိုင် လက်ဖွဲ့ မန္တာန် အတတ်များကို ဖစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ ဘုရင်ဖြစ်တဲ့အားလျှော်စွာ ... အဂ္ဂိယတ် ပညာကို အထူးလေ့လာလိုက်စားပါတယ် .... ဘုရင်ဟာ ...သူတင်မက သူ့မူးမတ်များကိုလည်း ကောင်းမှု ကုသိုလ် လုပ်ရန် ဆော်သြတဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ် ....

ဓမ္မစေတီမင်းဟာ သူမင်းပြုတဲ့တစ်လျှောက် ... ရေးထိုးခဲ့တဲ့ကျောက်စာများ ရှိခဲ့ပါတယ် .... သူရေးထိုးခဲ့တဲ့ကျောက်စာများကတော့ ....

( ၁ ) ကျိုက် ပွန် ရုပ်ပွားတော် လေးဆူကျောက်စာ

( ၂ ) အဇာပါလ စေတီ ကျောက်စာ

( ၃ ) သူကဌိထ စေတီ ကျောက်စာ

( ၄ ) ပဲခူး ဥပမ သမာဂဓ ကျောက်စာ

( ၅ ) ကလျှာဏီ ကျောက်စာ

( ၆ ) ပါဋိ မွန် မြန်မာ ပါရှိသော ဓမ္မစေတီ ကျောက်စာ ... တို့ဖြစ်ပါတယ် ...

ဓမ္မစေတီမင်းဟာ ... မိမိပြုလုပ်သော ကောင်းမှု မှတ်တမ်းကို အတော်ပင်... တိတိကျကျ ပြည့်စုံအောင် ရေးထိုးလေ့ ရှိသော မင်းတစ်ပါးဖြစ်ပါတယ် ... သို့သော် ဓမ္မစေတီမင်းကိုယ်တိုင် ရွှေတိဂုံစေတီတော်အား လှူဒါန်းသော ဒါန အလှူ မှတ်တမ်း ... တစ်ခုကိုမျှ မတွေ့ခဲ့ပါဘူး .... ကလျှာဏီ ကျောက်စာ ( စာ ၇၇ - ၈၈ ) တစ်ခုကလွဲလို့ပေါ့ ....

ဓမ္မစေတီမင်းကိုယ်တိုင်ရေးထိုးခဲ့သော ... ကလျှာဏီ မွန်ကျောက်စာ ( စာ - ၇၇ - ၈၈ ) မှာ ဘာရေးထားလဲ ဆိုတော့ .....

★ ★ ငါမင်းကိုယ်တိုင်သာလျှင် တိဂုံသို့သွား၍ အချိန် သုံးထောင်ရှိသော ကြေးစင် .... ငွေ ရောလျှက် သွန်း၍ လုပ်သော ခေါင်းလောင်းကို သက်တော်ထင်ရှား ... မြတ်စွာဘုရား၏ ဆံတော်ဓါတ် ... စေတီတော်အား သီတင်းကျွတ်လပြည့် ... ပ၀ါရဏာနေ့တွင် ... ပူဇော်ပြီးသည် လို့ရေးထားပါတယ် .... ( အချိန် သုံးထောင် တိတိပါ )

★ ★ ဒီလိုတင်လှူရတာကလည်း အကြောင်းရှိခဲ့ပါတယ် ... အရင်က ရွှေတိဂုံဘုရား ၀တ္တကမြေ အ၀န်းအ၀ိုင်းက တော်တော် ကျယ်ပါ တယ်။ ဒါပေမဲ့ ရှင်စောပုနဲ့ ဓမ္မစေတီမင်း လက်ထက်မှာ အခွန်အတုတ်ပိုရအောင် မြို့ရွာ ချဲ့တော့ ဘုရားဝတ်တော်မြေကို ချုံ့ပလိုက်ပါတယ် .... ဒါပေမဲ့ ဘုရားကို ရှေးမင်းတွေက လှူထားတဲ့ ၀တ္တကမြေကို ပြန်ယူလို့ မရပါဘူး ။ ဘုရားကို လှူပြီးသားကို ပြန်ယူတဲ့ ထုံးစံမရှိဘူး။

ဒါပေမယ့် ရှင်စောပုကလဲ ရွှေတိဂုံဘုရား အနောက်ဖက်မှာ ... ခံတပ်နန်းဆောင်ကိုဆောက်ခဲ့ပါတယ် ... ဒါကို ဓမ္မစေတီမင်းက ဘယ်လိုဖြေရှင်းလဲ ဆိုတော့ မြေကိုတော့ ချုံ့လိုက်တယ်။ ဒါပေမဲ့ မြေကို တန်ဖိုးတွက်လိုက်ပြီးတော့ အဲဒီတန်ဖိုးနဲ့ ညီတဲ့ ... ငွေကို ဘုရားကို ပေးရမယ်လို့ ဆုံးဖြတ်ပါတယ် .... ( ဘုရား ရှင်အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တာပါ ... အရမ်းကြောက်စရာကောင်းပါတယ် ... တစ်နေရာတွက်ရည်စူးတဲ့ငွေကိုတောင် ..တခြားတစ်နေရာမှာ ပြောင်းလှူရင် ငရဲကျပါတယ် ) ။

ဘုရားပိုင်မြေမှ ... မိမိပိုင်မြေအဖြစ် ပြောင်းလဲပေးလိုက်တဲ့အတွက် ... ထိုမြေပိုင်ဆိုင်သူ အားလုံဟာ ... ဘုရားကို တစ်ခုခု ပြန်လည် လှူဒါန်းရမယ်လို့ အမိန့်တော်ရှိခဲ့ပါတယ် ...

မိမိကိုယ်တိုင်လည်း ... ရွှေတိဂုံ အနောက်ဖက်ခြမ်း .. ရှင်စောပု နန်းတော်ရာ .. ရှင်စောပု သင်္ချိုင်း နေရာ များအတွက် ... မိမိကိုယ်အလေးချိန် ရှင်စောပု ကိုယ်အလေးချိန် နှစ်ဦးအလေးချိန်နှင့်အညီ ရွှေစင် ကိုချိန်တွယ်ပြီး ... ရွှေသက်န်းကပ်ခဲ့ပါတယ်လို့အဆိုရှိပါတယ် ... ( ဘုရားကို ငွေပေးပြီးမြေ၀ယ်တာပါ )

တစ်ဖန် ... ပြည်သူလူထုထံသို့လဲ ... ဘုရားမြေကို မိမိအပိုင်ရတဲ့အတွက် ... အိမ်တိုင်း ကြေးမထည့် မနေရ ... လက်ကျန် ဘုရားဝတ္တမြေ နေသူများမှလည်း ... နောင်အခါ အပြစ်ပြုမိလျှင် ... ကျေအောင် ဆိုပြီး ... အိမ်တိုင် ကြေးမထည့်မနေရ ဆိုပြီး ....ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို ဦးစီးစေလျှက် ... ကြေးများကောက်ခံခဲ့ပါတယ် ... ဒီအမတ်များဟာ ... အိမ်တိုင်းမှ ကြေး ပိသာလိုက်ေ ကာက်ယူ ခဲ့တဲ့ အတွက် ဒီအခါမှာ ကြေး တစ်သန်း ရှစ်သိန်း ရရှိခဲ့ပါတယ် ...

ဒီခေတ်က ငွေကြေးဟာ ကြေးဒင်္ဂါးတွေဖြစ်တဲ့အတွက် ...ကြေးစင် ဆယ်တင်း နှင့် ရှစ်တောင်း ရခဲ့တယ်ဆိုပါတယ် ...အဲ့ဒီခေတ်ကငွေကြေးဟာ ကြေးဒင်္ဂါးတွေဖြစ်တဲ့အတွက် .... ဒါတွေဟာ ကြေးဒင်္ဂါး အရေအတွက်ပါ .... ဒီအရေအတွက်ထဲကမှ ... ဒါကို ... ခေါင်းလောင်း သွန်းလုပ်ခဲ့တာပါ ....

ဒီလိုနဲ့ ( ၁၄၈၄ ) ဖေဖော်ဝါရီ ( ၅ ) ရက်နေ့မှာ စတင်သွန်းလုပ်ပါတယ် ... သို့သော်လည်း ခေါင်းလောင်းကြီး အသံမမြည်ခဲ့ဘူးလို့ဆိုပါတယ် .... ခုခေတ်မှာတောင် တန်ခိုးတော် ကြီးမြတ်တော်မူလှတဲ့ ... စတုမဟာရာဇ် နတ်မင်းများစောင့်ရှောက်တဲ့ ... ဆံတော်ရှင်ဘုရားဟာ ... ဘုရားမြေကို ကြေးဒင်္ဂါးနဲ့ ၀ယ်သလိုလုပ်ပြီး ... မတရားကောက်ခံထားတဲ့ ငွေနဲ့ ခေါင်းလောင်း သွန်းခဲ့တဲ့ အတွက် ... အသံမမြည်တာမဆန်းပါဘူး ....

ဒါပေမယ့် ... မွန်ရာဇ၀င်ဆရာများကတော့ ... ဒဏ္ဍာရီများနဲ့ အသက်သွင်းကြပါတယ် .... ခေါင်းလောင်းဟာ မိကျောင်းနကခတ်မှာ သွန်းလို့ မိကျောင်းကလျှာမပါတဲ့တွက် အသံမမြည်ဘူး ... မီကျောင်းဟာရေမှာပျော်တဲ့အတွက် .... ရေမှာပဲ အချိန်ကြာကြာနေလိမ့်မယ်ဆိုပြီး ... နောက်ပိုင်း ဒဏ္ဍာရီတွေ လုပ်လာကြပါတယ် .....

ဒီဒဏ္ဍာရီထဲက လောကဥာဏ ပုဏ္ဏားဆိုတာ နောက်ပိုင်း မင်းတိုင်ပင်ခံ ပုဏ္ဏားဖြစ်တယ်လို့ဆိုပါတယ် ... ဒါပေမယ့် ဓမ္မစေတီမင်းရဲ့ မင်းဆရာပုဏ္ဏား စာရင်း သမိုင်းအထောက်အထား မှာ ဒီနာမည်မရှိပါဘူး ...

တချို့ ဒဏ္ဍာရီများမှာလည်း ... ဘုရင်ကလူစာရင်းကောက်ခိုင်းတာ ကို ... အိမ်မှာရှိ တဲ့ကြေးစာရင်းတွေ ပါကောက်ပြီးသိမ်းယူပါတယ်လို့ အဓိပါယ်မရှိ လီဆည်ကြပြန် ပါတယ် .... ဘာဖြစ်ဖြစ်ပါ ။

★ ★ ★ အောက်မှာပေးထားတဲ့ ... သမိုင်းအထောက်အထားများကိုလဲ လေ့လာကြည့်လို့ရပါတယ် ... ကျောက်စာကလွဲလို့ ... ကျန်တဲ့ သမိုင်းစာတွေကတော့ မွန်တွေ ချဲ့ကားထားတဲ့ ဒဏ္ဏာရီတွေပါ ...

★ ★ တဖန် ... ကလျာဏီ ကျောက်စာတွင် ...

ဓမ္မစေတီမင်းကြီးသည် ... ရှင်စောပု ဘုရင်မ နန်းသက် ( ၇ ) နှစ် ... သက်တော် ( ၆၀ ) သက္ကရာဇ် ( ၈၂၀ - ၈၂၁ ) ကပင် မင်းအဖြစ်လွှဲပြောင်းခံရသည် .. ထိုမင်းသည် ရာမညတိုင်းအားလုံးကို အစိုးရတော်မူသည် ... မင်းအပေါင်းတို့နှင့် မဟာမိတ်ဖြစ်တော်မူသည်.... ပြည်သူများကို ရင်ဝယ်သားကဲ့သို့စောင့်ရှောက်၏ .... ဗေဒင်ကျမ်းဂန် ... ဂမ္ဘီရပညာများ တစ်ဖက်ကမ်း ခတ်၏ ကုမုဒြာ ကြာဖြူအဆင်း ... တန်ဆောင်မုန်း လဆန်း အဆင်းရှိ ဆင်ဖြူတော်ပိုင်သောကြောင့် ( စန္ဒီမာသ မာနတိသ ဂဖ ပတိဘူတော ) လို့ .... ကလျှာဏီ ကျောက်စာမှာ ပါရှိပါတယ် ။ ( ခေါင်းလောင်းအကြောင်းမပါရှိပါ ... ဒါ့အပြင် နန်းတက်နှစ် ၈၃၃ အစား ... အိမ်ရှေ့ဥပရာဇာ ပေးချိန် ၈၂၀ မှစပြီး တိုင်းပြည်အုပ်ချုပ်တယ်လို့ ပါရှိနေပါတယ် )

★ ★ ရွှေမော်ဓော ရာဇ၀င် သမိုင်း ကျောက်စာ မှာတော့ ....

ထိုမင်းသည် ဒဂုံမြို့သို့ ထွက်တော်မူလာ၍ မယ်တော်ဘုရင်မကြီးစံရာ သစ်တပ် နန်းတွင်းစံတော်မူလျှက် ... တိဂုံဆံတော်ရှင်မြတ်ကြီးကို ... အမျိုးမျိုး ပူဇော် လှူဒါန်းတော်မူသည် ... မိဖုရားကိုယ်လေး ရွှေချိန်ပြီးလျှင် ... ရွှေမျက်ပါးခတ်စေ၍ ရွှေသက်န်း ကပ်လှူတော် မူသည်


★ ★ မူရင်း မွန်ရာဇ၀င် ဦးတင်ပေ ( မူ ) ကျမ်းမှာကတော့ ....

ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့်ပတ်သက်ပြီး မူရင်း မွန်ရာဇ၀င် ဦးတင်ပေ မူ တွင် ... ဒဂုံဆံတော်ရှင်ဆွဲရအောင် ... ခေါင်းလောင်းကြီးသွန်းစေ ဗညားအိမ် အမတ်ကြီးကိုခန့်၍  ပယောင်ပုံစောက် တစ်ဆယ့်နှစ်တောင် .... ဘ၀ ခုနှစ်တောင် သွန်းမည်သောခါ ... သံဃာတော်တို့ကို မပြတ်သင်ရမည် ...တစ်သိန်းရှစ်သောင်းသော ကြေးကိုလည်း ... ခေါင်းလောင်းသွန်း၍ လှူသည် ...
လို့ဆိုထားပြီး ကြေး၁၈၀၀၀၀ ပိသာ လို့တိတိကျကျ ရေးမထားပါဘူး ....

★ ★ သန်လျှင်ရာဇ၀င်တွင်တော့ ....

ဗရင်ဂျီကုလား ငဇင်ကာသည် .... သိင်္ဂုတ္တရကုန်း ... ဆံတော်ရှင်စေတီတော်ကောင်းမှု ... ခေါင်းလောင်းကြီးကိုချ၍ အမြောက်သွန်းမည်ကြံသည်တွင် ... ဘုရားရှင်တန်ခိုးကြောင့် ... ပန်းအလွဲချောင်း တွင် သဘော်နှင့်တစ်ကွနစ်မွန်း၍ ... အမြောက်မသွန်းရ ရှိသည် ... လို့ပဲပါရှိပါတယ် ....

★ ★ ရွှေတိဂုံ သမိုင်းသစ်  မှာတော့ .....

ေ၇ွှတိဂုံသမိုင်းဟောင်းမှာတော့ ... ဓမ္မစေတီမင်းအကြောင်း မပါ၇ှိပေမယ့် ... ရွှေလှံတောင်ကျောင်း ... မွန် ရဟန်း အရိယာဝံသ အာဒိစ္စ ... ပြန်လည်ပြုစု ရေးသားသော သမိုင်းသစ်မှာတော့ ....
သက္ကရာဇ် ( ၈၃၄ ) ခုနှစ်တွင် ... ဥပရာဇာ အိမ်ရှေ့မင်းသည် ... ဓမ္မစေတီမင်း ဟူသော အမည်ဖြင့် မင်းပြု၏ ထိုမင်းသည် ကြေးစင် အချိန် တစ်သိန်းရှစ်သောင်း ... အစောက် တစ်ဆယ့်ခုနှစ်တောင် ... အ၀ ငါးတောင် ရှိ ခေါင်းလောင်းကြီး တစ်လုံးနှင့် ... ပိသာချိန် ငါးရာရှိ ခေါင်းလောင်းငယ် တစ်လုံးလှူတော်မူ၏ .....  လို့ပါရှိ ပါတယ် ...

သက္ကရာဇ် ( ၈၅၂ ) မှာ ရွှေတိဂုံစေတီပေါ်သို့တင်လှူပူဇော်ပြီး .... သက္ကရာဇ် ... (၉၆၅ - ၉၇၄ ) အတွင်း တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ မွန်းတည့် ( ၁၂ ) နာရီအချိန်တွင် ... ပေါ်တူဂီလူမျိုး ... ဒီဘရစ်တို ငဇင်ကာ က ဖြုတ်ယူပြီး သဘော်နှစ်စဖြင့် ဖောင်ဆောက်သယ်ယူရာ .. ပဲခူးမြစ် ... ရန်ကုန်မြစ် ... ပုစွန်တောင် ချောင်းဝ မြစ်သုံး ဆိုင်အရောက် ... ဖောင်ကျိုးကာ .လှေနှစ်စီးတိမ်းမှောက် နစ်မြုတ် ခဲ့ပြီး ရေအောက် စံနေခဲ့ပါတယ် ... လို့ ပြောထားပါသေးတယ် ...

သက္ကရာဇ် ( ၉၆၅ မှ ၉၇၄ ...  ငဇင်ကာ သံလျှင်မှာ မင်းပြုသက် ကိုးနှစ်  ) အတွင်း ( တိတိကျကျမသိ ... ထို ၉နှစ် အတွင်း တစ်နေ့မှာ ပေါ့ )  ပေါ်တူဂီလူမျိုး ငဇင်ကာ ယူသွား၍ ... ဒေါပုံမြစ်တွင်းကျနေသည် လို့ပဲ ပါရှိပါတယ် .... ရေကျချိန်တွင်  ပုစွန်တုတ်ကွေးကြီးကို တွေ့မြင်ကြရသည်ဟု အဆိုရှိကြသည် လို့ ရေးထားပါတယ် ...။   ( ပါးစပ် ရာဇ၀င် လို့ဆိုတဲ့ သဘောပါပဲ .. )

★ ★ ဦးဘသန်း ရာဇ၀င်လာ ဒီဗရစ်တို ငဇင်ကာအကြောင်း တွင် ...

သို့နှင့် ဒီဗရစ်တိုကား မိမိအခြေအနေ ခိုင်ပြီဟု သိလျှင် .... သံလျှင်ဝန်းကျင်ရှိ ဘုရားစေတီ တို့ကို ဖောက်ဖျက်ပြီး ဌာပနာတို့ကိုယူသည် ... စေတီများတွင်လှူထားသော .. ကြေးခေါင်းလောင်းများကို အမြောက်သွန်းလုပ်ရန်ယူသည် ... မြန်မာ မွန် အမြောက်အများကို ... ဘုရင်အာဏာဖြင့် ဗ၇င်ဂျီ ဘာသာ သို့ ... အတင်း သွတ်သွင်းသည် ... နတ်ရှင်နောင်သည် ဗရင်ဂျီဘာသာသို့ဝင်ပြီး ... ပြည်သူ များကို လည်း အဓမ္မ သွတ်သွင်းသည် ...

သက္ကရာဇ် ( ၉၇၄ ) တွင် အနောက်ဖက်လွန်မင်းတရားသည် ... ငဇင်ကာကို မိစ္ဆာဒိဌိဖြစ်ပြီး ဘုရားပုထိုးဖျက်စီးသူ ဟူ၍ ... ဖင်ဝတွင် တံကျဉ်လျှို သတ်စေသည် .... နတ်သျှင်နောင်ကိုလည်း ... ကုလားကျွန် ဟူ၍ သတ်စေသည် ... ဆွေစဉ်မျိုးဆက် လူ ၅၀၀ တို့ကို ... မြောက်ဖက် ရွှေဘိုနယ်တွင် .. ရွာတည်ကာ သီးသန့်ပါယ်ထားခဲ့သည် ... ဗရင်ဂျီ ရွာဟု ယခုတိုင်ရှိသည် ... လို့ပါရှိပါတယ် ... ခေါင်းလောင်းကြီး အကြောင်း မပါ ခဲ့ပါဘူး ....

★ ★ ခေါင်းလောင်းကြီးကို မျက်မြင်မှတ်တမ်းတင်ခဲ့သူ ... ( ၁၅၈၂ - နိုဝင်ဘာ - ၃ ရက်တွင် ) ဒဂုံသို့ရောက်ခဲ့သော  နိုင်ငံခြားသား ဂတ်စ်ပရိုဘယ်လ်တီ က ...

အမိုးနှင့်အညီ လက်ဝဲဖက်သို့လှည့်ကြည့်ရာ ... လှပသော တန်ဆောင်းအတွင်း ... ကြီးမားသော .. ခေါင်းလောင်းကြီးတစ်လုံးကို  မြင်ရ၏ ... အတူလာသော ပ်ါတူဂီတို့နှင့် တိုင်းကြည့်ရာ ... ခုနှစ်လှမ်း .. သုံးဖ၀ါးခန့်ရှိ၏ ... အထက်မှသည် အောက်အထိ စာအပြည့်ရှိ၏ ... အရေးအသား လှပသေသပ် စိပ်လွန်းသဖြင့် စာတစ်လုံးနှင့်တစ်လုံး ထိလျက်ရှိ၏ ... လို့ရေးထားပါတယ် ... ခေါင်းလောင်အ၀ ကို သူတိုင်းရာ မှာ ခေါင်းလောင်းတစ်ပတ်ဟာ ... သူ့ခြေ ( ၇ ) လှမ်း ( ၃ ) ဖ၀ါး စာ ရှိကြောင်း ... လုံးပတ်က သူ့ သုံးဖက်စာ ၇ှိကြောင်း ဖော်ပြထားပါတယ် ... ( ဒါဆို တန် ၃၀၀ ဖြစ်နိုင်မလား စဉ်းစားစရာပါ )

★ ★ ★ ★ ဒီတော့ နိဂုံးချုပ်ရရင် ...
★ ★ ဒီခေါင်းလောင်းကြီးဟာ ရှိချင်ရှိခဲ့ပါလိမ့်မယ် ... ဒါပေမယ့်  အားလုံးမျှော်လင့်တဲ့ တန် ၃၀၀ မဟုတ်ပါဘူး ... ဒီလောက်ကြီးတာကို ... သွန်းလုပ်မယ်ဆို ... ဘာလုပ်လုပ် တိတိကျကျ မှ ကြိုက်တဲ့ ဓမ္မစေတီမင်းက ... ဒီလောက် ကြီးမြတ်ဆုံး အလှူတွက် ကျောက် စာရေးမှာ ကျိန်းသေပါတယ် ....

★ ★ နောက်တစ်ခုက ... ဓမ္မစေတီမင်းဟာ ... ဘုရားရှင်အလိုတော်နဲ့ဆန့်ကျင်ပြီး အင်းအိုင် ခလှည့်တွေ စိတ်ဝင်စားခဲ့တာကို ... ပဲခူး ကခေါင်းလောင်း မှာရှိတဲ့ ... အင်းအိုင် တွေကိုကြည့်ရင်သိမှာပါ ....

★ ★ မြန်မာရာဇ၀င်သမိုင်းမှာလည်း .... စဥ့်ကူးမင်း ခေါင်းလောင်း ကြီး ကိုဆယ်ခဲ့ဘူးပါတယ် ... လောကပါလ နတ်မင်းကြီးတွေနဲ့ ... ဒဂုံဆံတော်ရှင် ကိုယ်တိုင်က ... လိုလိုလားလားရှိတဲ့အတွက် ... မြန်မာ့နည်းနဲ့ ဆယ်ပေမယ့် ... လွယ်ကူ အေးဆေး ပေါ့ပါးစွာ ဆယ်နိုင်ခဲ့ပါတယ် ....

★ ★ ခေါင်းလောင်းကြီး ရှိခဲ့ရင်တောင် .... မလိုတဲ့အတွက် ... ဆယ်မရကြတာပါ ... ဆယ်ဖို့ကြိုးစားသူ ... အဖွဲ့ နှစ်ဆယ်ထက် မနည်း ရှိခဲ့ဘူးပါတယ် .... အားလုံးဟာ ... ၀ိဇ္ဇာလိုင်း .. နတ် နဂါး ... အင်းအိုင် ခလှည့် လက်ဖွဲ့တွေကို ယုံကြည်ကြသူ ဓါတ် ဆရာ များချည်းဆိုတာ ထူးဆန်းစွာတွေ့ရမှာပါ ....

★ ★ ဒီတော့ ... ၀ိဇ္ဖာပညာကိုလိုက်စားရင်း ... နတ်ရွာစံတဲ့ ဘုရင်ဟာ ... ကိုယ်မသိတဲ့ ... ဘုံတစ်နေရာရာမှာ ရှိနေမယ့်ပုံပါ ... ပြီးတော့ သူနဲ့ လိုင်းတူ ဂိုဏ်းတူတွေကို သွေးဆောင်ပြီး ... ဒီခေါင်းလောင်းကို ကုန်းပေါ်ပြန်ရောက်ဖို့ ... ကြိုးစားနေတာဖြစ်ဖို့များပါတယ် ....

★ ★ နောက်တစ်ခုက လက်ရှိသိပ္ပံပညာထါန်းကားတဲ့ခေတ်မှာတောင်မှ ... တန် ၁၀၀ အလေးချိန်ရှိတဲ့ပစ္စည်းရွှေ့ပြောင်းဖို့ဆိုရင် ... အစိုးရအနေနဲ့ ... တော်တော်တိုင်ပတ်နေချိန်မှာ ... ငဇင်ကာက တန် ၃၀၀ ရှိတဲ့ခေါင်းလောင်းကို .... လှေနှစ်စင်းမှာ ၀ါးဖောင်တင်ပြီး .. သယ်တယ်ဆိုတဲ့ အချက်ကို ... ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ... .သေသေချာချာဥဏှောက်နဲ့ စဉ်းစားသင့်ပါတယ်

★ ★ ဘာပဲဖြစ်ဖြစ် .... ဂမ္ဘီရ ပညာဆိုတာ ဆန်းကြယ်ပါတယ် ... ဒါကြောင့် .. မောင်လေး ညီမလေးတို့ကလဲ  ... ကာလာမသုတ္တံကို လက်ကိုင်ထားလို့ ... ဘုရားရှင်အလိုတော်အတိုင်း ... ၀ိဘဇ္ဇ နိုင်ကြပါလို့ ... ပြောပါရစေရှင် ...

ကျမ်းကိုးများကတော့
ဆရာချစ်စံဝင်းရဲ့ ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်မျာ ...
ဓမ္မစေတီခေါင်းလောင် အထာက်အထားများ ..... 
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဓမ္မစေတီ 
နှင့် အခြား ကျမ်းကိုးများကတော့ စာထဲမှာ ပါ ပါတယ် ....

ချမ်းမြေ့ကြပါစေရှင် ....

Friday, August 1, 2014

ညီမလေးတစ်ယောက် အမေး


 
 
 
မောင်လေးညီမလေးတို့ရေ ... သိတ်ဖြူစင်တဲ့ ညီမလေးတစ်ယောက်လာမေးတဲ့မေးခွန်းလေးပါ ... မောင်လေးညီမလေးတို့တွေလဲ ... အဓိကမလေးကမောင်လေးတွေပေါ့ ... ချင့်ချိန်စဉ်းစားတတ်အောင်ပါ ....

မမ ညီမလေး က ဗုဒ္ဓ ဘာသာ ၀င် တယောက်ပါ ဘုန်းကြီး ကျောင်းမရောက်ပေမဲ့ ဘုရာ မှန်မှန် ရှိခိုး ပီးမှ အိပ်ပါတရ် ဘာသာရေးကို အရမ်းကြီး အလုပ်ပေမဲ့ ပစ်လဲမထာတဲ့ သုမျိုးပေါ့ မမ ရယ်

ညီမ စိတ်ထဲမှာ မတင်မကျ ဖစ်နေတာလေး မေးချင်လို့ပါ

ညီမ သယ်ရင်း က ခရစ်ယာန် ဘာသာဝင် ပါ ညီမတို့က ငယ်ပေါင်း တွေပါ အရမ်းလဲ ချစ်ကြပါတရ် သူ့ ဘုရားကျောင်းလိုက်သွားပီး ဘုရားကျောင်းတတ်တဲ့ နေ့ ရှိသလို ညီမတို့ ဘုရား မှာ သူနဲ့အတူ အလှူ လုပ်တာတွေလဲ ရှိပါတရ်

ညီမ စိတ်ထဲမှာဖစိနေတာက သူ့ ဘာသာ ကို လက်ခံ လာတာပဲ မမ ညီမ ဟြေချင်တာက သူ့ဘာသာထဲ ၀င်ချင်သွားတာမျိုးတော့မဟုတ်ဘူး ညီမ ဘာသာ ညီမ လက်ခံ သွားတာ

ဘာသာ ဟြေင်းချင်စိတ်ကတော့ လုံးဝ မဖြစ်ပေါ်ပေမဲ့ ညီမ သခင်ယေရှု ကို လက်ခံ လာတရ်

သူ က တကယ်ရှိတရ် ကြီးမြတ်တရ် လေးစားတရ် တခါတလေ ညီမ စိတ်ညစ်စရာ တွေ ကို သူ့ကို တိုင်တည် မိတရ် ညီမ မှားနေပီလား မမ

ညီမ သူ့ကို တိုင်တည် ရင်ဖွင့်တည် အဲ့လောက်ပါပဲ ညီမတို့ ဘာသာရေးအလုပ်တွေကိုလဲ ညီမ လုပ်နေမြဲ လုပ်နေဆဲပါပဲ ညီမ အပေါ် အမ ရဲ့ အမြင်လေး သုံးသပ်ပေးပါမရယ်...ညီမ ငရဲကြီး မှာလဲ ကြောက်တရ်.. .. မမ Reply ကို ညီမစောင့်နေပါရစေနော်....ညီမလေး.. ...

★ ★ ညလေးလောလောဆယ် အမကအလုပ်မှာညလေးရဲ့ နောက်၎နာရီမှပြီးမယ် အမအော့ဖ်လိုင်း ပို့ထားပေး မယ်နော်

★ ★ ညီမလေးရေ အမတို့သာသနာတော်က ကံကံ၏အကျိုးကိုယုံကြည်တယ် လေ ညီမလေး နားလည်အောင် ပြောရရင် ဥပမာ ညီမလေးမှာ ခက်ခဲတဲ့ပြသနာ ရှိနေတယ်ဆိုပါတော့

ဒါကလဲ ဒီကံက ညီမလေးနောက်မှာ တကောက်ကောက် လိုက်ပါလာတဲ့ အရင် ကပြုခဲ့တဲ့ ကံတွေပေါ့ ညီမလေးရယ် ညီမလေးမှာ ဖြစ်မယ်ပျက်မယ်ဆိုတာပါလာပြီးသား ....

ဒါပေမယ့် အဲ့ဖြစ်ရမယ့်ကံ အပြစ်ကုန်သွားးရင် အကျိုးပေးခွင့်ကုန်သွားရင် အလိုလိုပြေလည်ပြီး ရပ်သွားတာပဲ ( အမပြောတာက ညီမလေးမှာ အပြစ် တမတ်ဖိုးရှိရင် တမတ်ဖိုးလောက် ကတော့ စိတ်ညစ် စိတ်ပူ စိတ်ဆင်းရဲရမှာ .... ) အဲ သူ့အတိုင်းအတာထိပြန်ခံရပြီးသွားရင်တော့ သူ့ဖာသာ တစ်နည်းနည်းနဲ့ပြေလည်သွားတာပဲလေ ...

ဒါကို ညီမလေးက ပူလောင်နေတယ် ..စိတ်ပူနေတယ် ... အင်း ငါတို့ဘာသာမှာ ဘုရားကို ဆုတောင်းရင် မဖြစ်ဖူး မိမိကံကြောင့်လို့ပဲပြောလိမ့်မယ် ဆိုပြီး ပြသနာတွေကလဲ အရမ်း တက်နေပြီ ဆိုတော့ ..... ညီမလေးကကြံ မိကြံရာ သူများဘုရားသွားဆုတောင်းတယ် ဆိုပါစို့ ... ဒါမှမဟုတ် တန်ခိုးရှင် ဆိုတာတွေမှာ သွားကပ်မယ်ဆိုပါစို့ .... ( အမှန်က မိမိပြုခဲ့တဲ့ကံ မိမိကိုယ်တိုင်ဓမ္မနဲ့ သုံးသပ်ဆုံးဖြတ်ရမှာ )

ဝဋ်ကြွေးကုန်လို့ပြသနာက သူ့အလိုလို တနည်းနည်းနဲ့ ပြေလည်သွားတာကို ဆုတောင်းလို့ ပြေလည် သွားတယ်လို့ ထင်ကုန်ရော .....

ညီမလေးမှတ်ထား လောကကြီးဟာ ညီမလေးသေနေ့စေ့ကံကုန်တာကလွဲလို လူတိုင်းကို မခံနိုင်တဲ့ သောက ဒုက္ခ မပေးဖူး ညီမလေးးး


ညီမလေးဆုမတောင်းလဲ အချိန်တန် ပြေလည်သွားမှာပဲလေ ညီမလေးမိသားစု ပတ်ဝန်းကျင် မှာလဲကြည့် လူတစ်ယောက်က သူ့ဟိုဘ၀တွေကအပြစ်က အကျိုးပေးချိန်ရောက်လာရင် .... ပြသနာတွေက ပူလောငိလိုက်တာ ဟော အချိန်လဲတန်ယော တနည်းနည်းနဲ့ပြေလည် သွားတာပဲ ကိုယ်ပြုတဲ့ကံ ကိုယ်သာခံရမယ်လေ .....

သူတို့ဘာသာက ဂီတနဲ့ အပျော်နဲ့ ဂုဏ်တွေနဲ့ ယုံတမ်းစကားတွေနဲ့ တဏှာနဲ့စည်းရုံးတယ် ညီမလေးလို သာသနာတော်ကို ထဲထဲဝင်ဝင်မသိသေး ... အဖြူထည်လေးတွေက ... သူတို့အကြိုက်ဆုံး သားကောင်ပေါ့ .... နားယောင်လွယ် တယ်လေ ... ကိုယ်က အဖြူထည် မကောက်ကျစ်တတ် တော့ သူတို့ကွေ့ ကောက် တာလဲ မမြင်ဘူးပေါ့ ....

ညီမလေးယုံတာအမအထင်

တဏှာကြောင့် နံပါတ်တစ်

လူဝင်ဆံ့လို့ နံပါတ် နှစ်

နောက်ဆုံးတစ်ခုကအပျော်ကြောင့်ပါ

သူတို့ကလည်း သို့လောသို့လော ရှိနေသယောင် အနားမှာပဲလာနေသယောင် ညီမလေးကို Brain Wash လုပ်ကြမယ် နောက်ဆုံး ညီမလေးက အူကြောင်ကြောင်နဲ့ အင်း ... ရှိတယ် ... ယုံတယ် ... ဖြစ်လာရော ... ။

ဒါပေမယ့် ယနေ့ထိတိုင် ... ထာဝရဆိုတာကို ဘယ်သူမှမတွေ့ဘူးသလို ... ဒီလောက် ဖျားနာနေတဲ့ အားနဲနေတဲ့ လောကကြီးကို လာကယ်တာမတွေ့သေးပါဘူး ..... ။

မေတ္တာရှင် ရွှေပြည်သာဆရာတော် ... အခုတော့ ဦးစိုးမြင့်ပေါ့ သူရေးဖူးတဲ့စာရှိတယ်ညီမလေး ....

တခြားဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်ဆင်းထားတာလို့ ဟောတယ်။

ဂေါတမဗုဒ္ဓကတော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာ မင်းတို့ကိုယ်တိုင်ပဲလို့ဟောတယ်။

သူတို့ဘုရားရှင်တွေဟာ မေတ္တာရှင်၊ ကရုဏာရှင်လည်းမှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-

၁) အသက်ရှည့်တဲ့သူတွေသာ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၂) အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၃)ရုပ်လှတဲ့သူတွေချည်းဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၎) အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၅) ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာသူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။

၆) အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။

၇) ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေဖြစ်အောင် ဖန်ဆင်းသင့်တယ်။

ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာ မဟုတ်ကြောင်း ထင်ရှား ပါတယ်။

လူသားတွေဟာ မိမိကိုယ်မိမိဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာ ဘုရားရှင်က "ဥပရိပဏ္ဏာသပါဠိတော်၊ စူဠကမ္မဘင်္ဂသုတ်" မှာ ဟောထားတယ်။

ဟုတ်ကျေးဇူးတင်ပါတရ် မမ ခုလို ဟြေပြပေးလို့ ညီမ လဲ စိတ်ထင့်နေတာ ခုတော့ နားလည်သွားပါပီ စိတ်လဲ ရှင်းသွားပါပြီ ကျေးဇူးပါပဲ မမ ....

★ ★ သာဓု သာဓု သာဓု ပါ ညီမလေးရယ် ....

(((((((( လူဆိုတာ တစ်ယောက်တည်း အထီးကျန် အားငယ်လာတဲ့အခါ တစ်စုံတစ်ဦး တစ်စုံတစ်ရာကို အားကိုးချင်လာတယ် အဖော်ပြုချင်လာတယ်.... အဲ့ဒီအခါမှာ ကိုယ့်ထက်သာလွန်မယ်ထင်တဲ့ တစ်စုံတစ်ရာကို တိုင်တည်အားကိုးသမှုပြုတာမျိုးပါ ပါလာတတ်တယ်.... ဒါဟာ လူ့သဘာဝပဲ.... ဒီတော့ အခုအမေးရှင်အနေနဲ့ မှားယွင်းတယ်လို့ မဆိုသာပါဘူး.... လူသားဆန်ဆန် ပြုမူမှုတစ်ခုသာဖြစ်ပါတယ်....

အဲ့သလို အားကိုးရှာမယ်ဆိုရင် သာသနာတော်မှာတော့ မိမိကိုယ်ကိုသာ အားကိုးရာရှာဖို့ ဟောကြားဆုံးမတော်မူခဲ့ပါတယ်.... ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင်ကြိုးစားပြီး မိမိကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေဟာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းအစစ်အမှန်ကို ရှာဖွေပါ.... အကျိုးတရားနောက်ကို မလိုက်ဘဲ အကြောင်းတရားအစစ်အမှန်ကို ရှာဖွေရမှာပါ.... အဲ့သလိုရှာဖွေနိုင်ဖို့ကတော့ စိတ်ဟာ တည်ငြိမ်အေးချမ်းနေဖို့ ကြည်လင်ပြတ်သားနေဖို့ လိုပါတယ်....

အဲ့သလိုမှ မဟုတ်ဘဲ တစ်စုံတစ်ယောက်ကိုမှ တိုင်တည်ချင်တယ်ဆိုရင်တော့လည်း လောကပါလ သမ္မာဒေဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကို တိုင်တည်သမှုပြုနိုင်ဖို့ မိမိရဲ့ စိတ်ကို အတန်ငယ်ကြည်လင်အောင်လုပ်ပြီး ကုသိုလ်ကောင်းမှုတစ်ခုခုပွားများပါ... မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုကြည်ညိုသမှုပြုပါ.... အဲ့သလိုဂုဏ်တော်ပွားများ ကုသိုလ်တရားတိုးပွားစေပြီးတဲ့နောက်မှာမှ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ အရိယာနတ်မင်းတွေကို တိုင်တည်ပြီး ကုသိုလ်အမျှပေးဝေပြီး အဲ့ဒီကုသိုလ်ရဲ့ သက်သေအရာမှာ တည်ခိုင်းပြီး ထိုကုသိုလ်အမျှပေးဝေတဲ့အကျိုးကျေးဇူးကို တုန့်ပြန်ချီးမြှင့်သောအားဖြင့် အခက်အခဲကို ကူညီပေးဖို့ တောင်းဆိုတိုင်တည်နိုင်ပါတယ်....
အဓိက လိုရင်းအချက်ကတော့ ကိုယ့်ရဲ့စိတ်ကိုကြည်လင်သန့်ရှင်းတည်ငြိမ်အောင်ပြုပြီးတော့မှ အခက်အခဲ စိတ်ညစ်စရာကို စိစစ်ခွဲခြားဖြေရှင်းနိုင်ဖို့ပါ....( မင်းကန်စီ ) ... ))))))
 
တစ်ချို့တွေက ထင်တတ်ကြတယ် ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ နတ်ဆိုတာပယ်ရမယ် နတ်ဆိုသမျှ အသုံးမဝင် အကျိုးမထူးဘူး ထင်တတ်ကြတယ် ထင်နေကြတယ်... တကယ်တော့ သာသနာတော်မှာ နတ်ဆိုတာနဲ့ အကုန်လုံးမပယ်ပါဘူး... ထေရဝါဒအစဉ်အဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ပရိတ်နိဒါန်းတွေမှာပဲ ကြည့်ပါ.... နတ်တွေကို မကိုးကွယ်ဖို့ပဲ ပါတယ် အမျှဝေ မေတ္တာပို့ နတ်နဲ့လူ လူနဲ့နတ် အပြန်အလှန်ချစ်ခင်မှုပြုပြီး ကောင်းကျိုးသယ်ပိုးဖို့ ဟောကြားခဲ့ပါတယ်.... လူသားတွေက ပလိနတ်စာနဲ့ ပူဇော် (ယာဇ်ပူဇော်ဖို့မဟုတ်ပါ) အမျှဝေ မေတ္တာပို့... နတ်တွေဖက်က ပြန်လည်ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ အခက်အခဲဘေးဘယာတွေ စောင့်ရှောက်ကာကွယ်ပေး.... အဲ့သလို အပြန်အလှန်ကူညီသမှုနဲ့ အကာအကွယ်ယူလို့ရပါတယ်... ယူဖို့သင့်ပါတယ်... ဘာကြောင့်လဲဆိုတော့ ထေရဝါဒသာသနာတော်ဟာ သုံးဆယ့်တစ်ဘုံ ရှေးဘဝ နောက်ဘဝကို ပယ်တဲ့အယူဝါဒမဟုတ်ဘဲ နတ်ဘုံ နတ်ရွာတွေရှိတယ်လို့ လက်ခံထားတဲ့ ဝါဒမို့ပါ....

ဒါကို တစ်ချို့သော လူတွေက နတ်မှန်သမျှ အကုန်ပယ်ရမယ် နတ်ကိုယုံကြည်ရင် ထေရဝါဒမစစ်ဘူး မိရိုးဖလာအဆင့်ပဲရှိတယ်လို့ ထင်နေကြတယ်.... အမှန်က ပူဇေမိ နဲ့ ဂစ္ဆာမိကို မသဲကွဲတာ... ပသတာ နဲ့ ကိုးကွယ်တာကို မကွဲပြားကြတာ... သုံးဆယ့်ခုနစ်မင်း အစိမ်းသေနတ်ကို ယာဇ်ပူဇော်တာမျိုး မကောင်းတာကိုသာကြည့်ပြီး နတ်မြတ်နတ်ကောင်း သမ္မာဒေဝ
နတ်မင်းတွေ အရိယာနတ်မင်းတွေကိုပါ သိမ်းကျုံးပစ်မှားကြတာတွေပါ....
 
 
ိမိစ္ဆာ မှောင်မိုက်ခြင်း စိက်ကွယ်ရာဖြစ်ခြင်း ထွက်ပေါက်ပိတ်ခြင်း မလွတ်မြောက်နိုင်ခြင်း /// ဒိဌိ ဆောင်ယူခြင်း သယ်ဆောင်ခြင်း ခံယူဆောက်တည်ခြင်း ////မိစ္ဆာ ဒိဌိ လွတ်မြောက်က်ခြင်း၏ ဆန်ကျင်ဘက်ဖြစ်သော မလွတ်မြောက်ခြင်းတည်မှီရာတို့ အားဆောင်ယူကျင့်သုံး လက်ဆင့်ကမ်းသယ်ဆောင်သောသဘောစု //////သမ္မာ မျှတသော လိုက်လျောညီထွေး ဖြစ်သော ၂ ဘက် အလယ်မှလွိတ်မြောက်ရာလမ်းဖြစ်သော ဒိဌိ………အထက်ပါအတိုင်း ဟူလို…………သမ္မာ နှင့် မိစ္ဆာ အား အလင်း အမှောင် ဟုအမြင်ရှိသည် နှင့် အလယ်အလက်လမ်းစဉ်မှ လွတ်ခါ အစွန်း ၂ ဘက်ဖြစ်သွားတက်ပေသည် ထိုအခါ သောတပန်၏ စံနှုန်းဖြစ်သော ဒိဌိ ဝီစိကိစ္စ သိလာဗတ္တပမာသ ဟု ဆိုအပ်သော စွန့် ရမည့် ၃ပါး တွင် ဒိဌိ ပြုက်ရန်ခက်သွား ပေမည် အကြောင်းမှာ အလင်း အမှောင်စွန်ရမည် ဆည်းဆာ အလယ် လမ်းစဉ် လိုက်ရ မည်အချက်ကြောင့် ဖြစ်သည် ထိုကြောင့် မိစ္ဆာအား အမှောင်ဟု ယူဆ၍ ရသော်လည်း သမ္မာအား အမှောင်၏ ဆန်ကျင်ဘက်အဖြစ်ယူ ဆမထားသင့် ကြောင်းမြင်မိပါသည် အမှားပါရင်ကျွန်ုပ် ( သေးနုပ်သောကျွန်) ၏ ဥာဏ်နည်းခြင်သာဖြစ်ပါသည် ။
 
 
ပဋ္ဌာန်း ဒေသနာမှာ ဒါနံ အလှူကို ဒေတိ ပေးလှူဧ။် တံ ထိုအလှူကို ဥပနိဿာ ဟ အမှီပြု၍ မာနံ ငါသာ လှူ နိုင်သည် ဆိုသော မာနသည် ဥပ္ပဇ္ဇတိ ဖြစ်ဧ။် ဒိဋ္ဌိ အယူမှား ခြင်းသည် ဥပ္ပဇ္ဇတိ ဖြစ်ဧ။်

ဆိုလိုတာက မာနဖြစ်လို့  ဒိဋ္ဌိ ဆိုတဲ့ အယူမှား ဖြစ်သွားတယ်လို့  ဆိုလိုတာပါ မာန ဆိုတာ အကုသိုလ် စေတသိတ်ပါ ဒီနေရာ မှာလဲ ဒိဋ္ဌိကို သာမာန်ပြောထားပေမယ် မိစ္ဆာဒိဋ္ဌိကို အရကောက်သွားပါတယ်
နောက်ထပ် သမ္မာ ဆိုတာ မှန်ကန်ခြင်းအနက်ကို ဟောတာပါ မျှတခြင်းကို ဟောတာမဟုတ်ပါဘူး
သမ ဆိုတဲ့ ပုဒ်က မှ မျှတခြင်း အနက်ကိုဟောပါတယ်
ဒီတော့ သမ္မာ ဒိဋ္ဌိမှန်တာ မဟုတ်ရင် မိစ္ဆာဒိဋ္ဌိ မှား တဲ့ အယူကိုပဲ ကောက်ရပါမယ် 
မှားမှန် ကြားမှာ အလယ် လမ်းစဉ် မရှိပါဘူး အမှန်လမ်းစဉ်ကို ရှောက်ရင် မိဇ္ဈိမ ပဋိပဒါ လမ်းစဉ်ပါပဲ 
ဧကာယနေမဂ္ဂေါ ဆိုတဲ့  စကားအရ နိဗ္ဗာန်သွားရာဟာ ဒီတစ်လမ်း ထဲရှိပါတယ်ဲ 
 
 
အဲဒီ ဒိဋ္ဌိ ကို လူသားတွေတင် မကပါဘူး အထက်ဗြဟ္မာပြည်က ဗြဟ္မာကြီးတွေတောင် မပါယ်သတ်နိုင်လို့ ရပ်ပြစ်ရှစ်ပါးထဲ ပါနေတာပေါ့။ နိဝရဏတွေ ပါယ်သတ်နိုင်သောကြောင့် မြတ်သောဘုံဌာန စံမြန်းရသော်လဲ သက္ကာယဒိဌိတန်းလန်းနဲ့မိုလို့ သက်တန်းကုန်အောက်ပြန်ကျ ဝက်ဖြစ်ရတာတွေ ကျမ်းဂန်မှာ ရှိပါတယ်။လူသားတွေ ဒိဌိရှိနေပါသေးတယ်။ အင်း သုံးမျိုးလုံး ပယ်နိုင်ပြီဆိုရင်တော့ ဗြဟ္မာထက်မြတ်သော ပရိယာနွယ်ဝငိ ဖြစ်သွားပြီး အပါယ်ပိတ်သွားပြီ ။အောက်သံသရာကို ဘယ်တော့မှ မကျရောက်တော့ပါ။ကျမနားလည်သော ဒိဌိ အကြောင်းလေးပါပ။ဲ 
 
 
 
မာလု လုပ်ချလိုက်ပြီ  ဂေါတမဗုဒ္ဓကတော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာ မင်းတို့ကိုယ်တိုင် ပဲလို့ဟောတယ်။ ဘယ်လိုဖန်ဆင်းတာလဲ ဆိုတာလေးရှင်းပြပါ သူများဘာသာ လက်ခံတာကို အပြစ်တင်သလိုမပြောနဲ့ ဖန်ဆင်ရှင် မရှိဆိုတာဗုဒ္ဓဘာသာဘဲ ရျိတယ် ကျန်ဘာသာကြီး၃ခုက လက်ခံတယ်။
 
 
 ၃၉။ ရဟန်းတို့ ရှည်သောကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါသည်ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရ၁ ဘုံ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သော နေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။၎ဝ။ ရဟန်းတို့ ရှည်သော ကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ဖြစ်၏၊ ထိုအခါသည်ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှားဖြစ်ပေါ်၏၊ ထိုအခါ တစ်ဦးတစ်ယောက်သော သတ္တဝါသည် အသက်ကုန်သော ကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊ ထိုသူသည့်ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက်ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သော နေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။ 
 
၄၁။ ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာ နေရသောကြောင့် မမွေ့လျော်သည်ဖြစ်၍ ”တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ”ဟု တောင့်တ၏။ထိုအခါ တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သော ကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊ ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ် ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာ ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။၄၂။ ရဟန်းတို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါအား ဤသို့ အကြံဖြစ်၏ -”ငါသည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင် သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊ အဘယ်ကြောင့် ဆိုသော် -
 
Ba Wa Thit ‘ 
 
တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ’ဟု ငါ့အား ရှေး၌အကြံ ဖြစ်ခဲ့၏၊ ငါ့အား ဤသို့ တောင့်တခြင်းလည်း ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤ (ဗြဟ္မာ့) ဘုံသို့ရောက်လာကုန်၏”ဟု အကြံဖြစ်၏။နောက်မှ ဖြစ်ပေါ်လာသော သတ္တဝါတို့အားလည်း ဤသို့ အကြံဖြစ်၏ -”ဤအသျှင်သည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအရှင်ဗြဟ္မာဖန်ဆင်းထား၏၊ အဘယ့်ကြောင့်ဆိုသော် -ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ်နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှဖြစ်ပေါ်လာကုန်၏”ဟု အကြံဖြစ်၏။၄၃။ ရဟန်းတို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါသည် အသက်လည်း သာ လွန်၍ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့သည်ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်းတိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။  
 
၄၄။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ့) ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (ဗြဟ္မာ့) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -”အကြင်အသျှင်သည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှမလွှမ်းမိုးနိုင်သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲ သတ္တဝါတို့၏ အဖဖြစ်၏၊ ငါတို့ကို ယင်းအရှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ ထို (ဗြဟ္မာ) သည် (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲ၏၊ (သေခြင်းမရှိ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘော မရှိ၊ (ထို့ကြောင့်) မြဲသော အရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအရှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ (ထို့ကြောင့်) ဤ (လူ့) ဘုံသို့ရောက်လာကုန်၏”ဟု ဆို၏။ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း အချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်၏။ (၁-၅)
 
 
 ဒီဃနိကာယ်- ဗြဟ္မဇာလသုတ် ဧကစ္စသဿတဒိဋ္ဌိ  
 
 
 အဲ့ဒီတော့ သူ့မှာ အယူအဆတစ်ခု ဘယ်လိုပေါ်လာတုန်းဆိုရင် “အဲ့ဒီ ဗြဟ္မာကြီးက ငါမရှိခင် ကတည်းကရှိနေတဲ့ဗြဟ္မာကြီး။ သူကဟိုမှာရှိနေတုန်း ငါကသေရတယ်။ သူသိပ်အသက်ရှည်တယ်။ သူက သေမှာမဟုတ်ဘူး။ ငါပဲသေရတယ်” ဆိုပြီးတော့ အဲ့ဒီလိုတွေးတာကနေပြီးတော့ သူကလူတွေကို တဆင့် ဖြန့်တယ်ပေါ့။ “မဟာဗြဟ္မာဆိုတာ၊ လောကကြီးကိုဖန်းဆင်းတာရှိတယ်။ ငါ့လည်းသူဖန်ဆင်းဆာ။ ငါက အစောကြီးသေရပြီး၊ အခုလူ့ပြည်မှာ လာဖြစ်ရတယ်” ဆိုပြီး သူကနေ လိုက်ဟောလိုက်တာနဲ့ “ထာဝရ ဘုရားဖန်ဆင်းတယ်” ဆိုတဲ့ အယူအဆပေါ်လာတယ်လို့ ဒီဃနိကာယ်ဗြဟ္မဇာလသုတ်မှာ ဒီလိုဟော ထားတယ်နော်။ ဒါ “ထာဝရဘုရား အယူအဆ” ဆိုတာ အဲ့ဒီက အစပေါ့။“လောကကို ဗြဟ္မာက ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ မတော်တဆပေါ်လာခဲ့တဲ့အယူအဆ တစ်ရပ်ပဲ “ တကယ်ကတော့ သူဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရာက ဒီအယူအဆတစ်ရပ်ပေါ်လာတယ်လို့ပြောတာ။ (ဒေါက်တာ နန္ဒမာလာဘိဝံသ)

 
ကမ္ဘာကြီး သက်တမ်းစေ့၍ ပျက်သောအခါ ကမ္ဘာပေါ်ရှိသတ္တ၀ါများ အထက်ဗြဟ္မာ့ဘုံ၌ဖြစ် ကြရသည်။ ကမ္ဘာပျက်သောအခါ ကမ္ဘာကြီးကိုလောင်သော မီးအရှိန်ကြောင့်အောက်အောက် နတ်ဘုံ ဗြဟ္မာ့ဘုံ များလည်း ပျက်ကြရသည်။ ကမ္ဘာသစ်တည်သောအခါအောက်အောက် ဗြဟ္မာ့ဘုံများလည်း အသစ်အသစ်ပြန် လည် ဖြစ်တည်ကြရပါသည်.။ထိုအခါ အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာတစ်ဦးသည် သက်တမ်းစေ့၍ သေဆုံးကာ အသစ်တည်သောအောက်က ဗြဟ္မာ့ဘုံတွင် ဗြဟ္မာဖြစ်လာခဲ့သည်။ သူတစ်ဦးတည်းသာဈာန်သမာပတ်ဖြင့် နေထိုင်ရင်းက ``တစ်ပါးသော သတ္တ၀ါများ ဤဘုံသို့ရောက်လာရင်ကောင်းမှာပဲ``ဟု တမ်းတမိသည်.။တစ်ဦးတည်း နေရသည်မှာ ကြာလာ သောကြောင့် မပျော်မရွှင်ဖြစ်ရာကတမ်းတမိခြင်းဖြစ်သည်..။ ထိုအခါ၌ အထက်ဗြဟ္မာ့ဘုံများက ဗြဟ္မာများသေလွန်သောအခါ ထိုဗြဟ္မာသစ်ဘုံသို့ ရောက်ရှိလာကြပါသည်။ ပထမဆုံးရောက်နေသောဗြဟ္မာကြီးက နောက်မှရောက်လာသော ဗြဟ္မာများကို သူတမ်းတလိုက်၍ ရောက်လာခြင်းကြောင့် သူဖန်ဆင်းလိုက်သော သားသမီးများဟု ယူဆလေသည်..။နောက်မှ ရောက်လာသော ဗြဟ္မာတို့ ကလည်း ရှေ့ဦးစွာရောက်နှင့်နေသောဗြဟ္မာကြီးသည် သူတို့ကို ဖန်ဆင်းသူ သူတို့ အဖဘုရားဟု ယူဆကြ လေသည်..။ရှေးဦးဗြဟ္မာကြီးသည် နောက်မှရောက်လာသော ဗြဟ္မာများထက် သက်တမ်း၊အရောင်အလင်း တန်ခိုးစသည်ဖြင့် အစစအရာရာ သာလွန်ပါသည်။ နောက်မှရောက်လာကြသောဗြဟ္မာများ သေဆုံးသွားသောအခါ လူ့ပြည်သို့ရောက်လာကြပါသည်။လူ့ပြည် မှာလည်း ကမ္ဘာသစ်တည်ကာ လူတွေအများကြီးရောက်နေကြချိန်ဖြစ်ပါသည်။ဗြဟ္မာ့ပြည်က ရောက်လာကြ သောသူများသည် အထုံဝါသနာအလိုက်ဈာန်ကျင့်စဉ်များကို ကျင့်ကြံကြသည့်အခါ ရှေ့ဘ၀(တစ်ဘ၀ကိုသါ)အောက်မေ့နိုင်သော ဉာဏ်ကို ရရှိလာကြသည်..။ (နှစ်ဘ၀သုံးဘ၀ စသည်ဖြင့်ဘ၀အဆက်ဆက်ကို တော့ မအောက်မေ့နိုင်ပါ)။ သူတို့၏ အဘိညာဏ်ဖြင့်သူတို့နေထိုင်ခဲ့ရာဗြဟ္မာ့ဘုံနှင့် သူတို့ကို ဖန်ဆင်းခဲ့သည်ဟု ယူဆခဲ့သောဗြဟ္မာကြီး ကို အောက်မေ့သတိရလာကြသည်..။ သူတို့ဉာဏ်မျက်စိဖြင့်လှမ်းကြည့်နေချိန်တွင် ဗြဟ္မာကြီးလည်း သက် ရှိထင်ရှား ရှိနေဆဲပင်..။ထိုအခါ သူတို့က ``ငါတို့ကို ဖန်ဆင်းသော မဟာဗြဟ္မာကြီးသည် အလွန်တန်ခိုးကြီးလေစွာ့။ သတ္တ၀ါတွေကိုလည်း ဖန်ဆင်းနိုင်တယ်။ ပျက်စီးခြင်းသဘောသေဆုံးခြင်းသဘောမရှိ မြင့်မြတ်လှ ပါပေစွာ့။ တစ်လောကလုံး၏ အမြတ်ဆုံးအဖြစ်ပေစွာ့`` ဟု မှတ်ယူသွားကြလေတော့သည်..။

 
အမှန်က သူတို့သာ နှစ်ဘ၀သုံးဘ၀မြင်နိုင်သော ဉာဏ်မျက်စိရှိခဲ့ပါလျှင် သူတို့ကို ဖန်ဆင်းသူဟုသူတို့ကိုးကွယ်နေ ကြသော ဗြဟ္မာကြီးလည်း သူတို့လိုပင် အထက်ဗြဟ္မာ့ဘုံကနေဆင်းသက်လာသည်ကို သိမြင်သွားနိုင်ပါ သည်။ထိုသို့ဆိုလျှင် ဖန်ဆင်းရှင်အယူဝါဒ ဖြစ်ပေါ်ရန် အကြောင်းမရှိပါ။သူတို့ကိုယ်တိုင် ဈာန်အဘိဉာဏ်ရပုဂ္ဂိုလ်ကြီးများဖြစ်ပါလျှက် သူတို့ကစတင်၍ ဖန်ဆင်းရှင်ဝါဒကို စွဲမြဲ စွာ မှတ်ယူလာခဲ့ကြပါသည်..။မှန်းဆပူဇော်လာခဲ့ကြသည်.။ နောင်လာနောက်သားများကလည်း သူတို့ကိုးကွယ်လာခဲ့သော ဖန်ဆင်းရှင်ကြီးကို ဆက်လက်ကိုးကွယ်လာရာက အစပြုကာဖန်ဆင်းရှင် တန်ခိုး တော်ရှင် ကောင်းကင်ဘုံတွင် အမြဲတည်နေသော၊မသေဆုံးသောထာဝရဘုရားအယူအဆဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်..။

 
 မြတ်စွာဘုရားရှင်က ဒီဃနိကာယ်- ဗြဟ္မဇာလသုတ် ဧကစ္စသဿတဒိဋ္ဌိအခန်းတွင် ဖန်ဆင်းရှင်၏ဇစ်မြစ်ကို ဟောကြားထား တော်မူခဲ့ပါသည်..။(အရှင်ဇဝန)

 
 ချမ်းမြေ့ကြပါစေရှင် ......