Friday, August 1, 2014

ညီမလေးတစ်ယောက် အမေး


 
 
 
မောင်လေးညီမလေးတို့ရေ ... သိတ်ဖြူစင်တဲ့ ညီမလေးတစ်ယောက်လာမေးတဲ့မေးခွန်းလေးပါ ... မောင်လေးညီမလေးတို့တွေလဲ ... အဓိကမလေးကမောင်လေးတွေပေါ့ ... ချင့်ချိန်စဉ်းစားတတ်အောင်ပါ ....

မမ ညီမလေး က ဗုဒ္ဓ ဘာသာ ၀င် တယောက်ပါ ဘုန်းကြီး ကျောင်းမရောက်ပေမဲ့ ဘုရာ မှန်မှန် ရှိခိုး ပီးမှ အိပ်ပါတရ် ဘာသာရေးကို အရမ်းကြီး အလုပ်ပေမဲ့ ပစ်လဲမထာတဲ့ သုမျိုးပေါ့ မမ ရယ်

ညီမ စိတ်ထဲမှာ မတင်မကျ ဖစ်နေတာလေး မေးချင်လို့ပါ

ညီမ သယ်ရင်း က ခရစ်ယာန် ဘာသာဝင် ပါ ညီမတို့က ငယ်ပေါင်း တွေပါ အရမ်းလဲ ချစ်ကြပါတရ် သူ့ ဘုရားကျောင်းလိုက်သွားပီး ဘုရားကျောင်းတတ်တဲ့ နေ့ ရှိသလို ညီမတို့ ဘုရား မှာ သူနဲ့အတူ အလှူ လုပ်တာတွေလဲ ရှိပါတရ်

ညီမ စိတ်ထဲမှာဖစိနေတာက သူ့ ဘာသာ ကို လက်ခံ လာတာပဲ မမ ညီမ ဟြေချင်တာက သူ့ဘာသာထဲ ၀င်ချင်သွားတာမျိုးတော့မဟုတ်ဘူး ညီမ ဘာသာ ညီမ လက်ခံ သွားတာ

ဘာသာ ဟြေင်းချင်စိတ်ကတော့ လုံးဝ မဖြစ်ပေါ်ပေမဲ့ ညီမ သခင်ယေရှု ကို လက်ခံ လာတရ်

သူ က တကယ်ရှိတရ် ကြီးမြတ်တရ် လေးစားတရ် တခါတလေ ညီမ စိတ်ညစ်စရာ တွေ ကို သူ့ကို တိုင်တည် မိတရ် ညီမ မှားနေပီလား မမ

ညီမ သူ့ကို တိုင်တည် ရင်ဖွင့်တည် အဲ့လောက်ပါပဲ ညီမတို့ ဘာသာရေးအလုပ်တွေကိုလဲ ညီမ လုပ်နေမြဲ လုပ်နေဆဲပါပဲ ညီမ အပေါ် အမ ရဲ့ အမြင်လေး သုံးသပ်ပေးပါမရယ်...ညီမ ငရဲကြီး မှာလဲ ကြောက်တရ်.. .. မမ Reply ကို ညီမစောင့်နေပါရစေနော်....ညီမလေး.. ...

★ ★ ညလေးလောလောဆယ် အမကအလုပ်မှာညလေးရဲ့ နောက်၎နာရီမှပြီးမယ် အမအော့ဖ်လိုင်း ပို့ထားပေး မယ်နော်

★ ★ ညီမလေးရေ အမတို့သာသနာတော်က ကံကံ၏အကျိုးကိုယုံကြည်တယ် လေ ညီမလေး နားလည်အောင် ပြောရရင် ဥပမာ ညီမလေးမှာ ခက်ခဲတဲ့ပြသနာ ရှိနေတယ်ဆိုပါတော့

ဒါကလဲ ဒီကံက ညီမလေးနောက်မှာ တကောက်ကောက် လိုက်ပါလာတဲ့ အရင် ကပြုခဲ့တဲ့ ကံတွေပေါ့ ညီမလေးရယ် ညီမလေးမှာ ဖြစ်မယ်ပျက်မယ်ဆိုတာပါလာပြီးသား ....

ဒါပေမယ့် အဲ့ဖြစ်ရမယ့်ကံ အပြစ်ကုန်သွားးရင် အကျိုးပေးခွင့်ကုန်သွားရင် အလိုလိုပြေလည်ပြီး ရပ်သွားတာပဲ ( အမပြောတာက ညီမလေးမှာ အပြစ် တမတ်ဖိုးရှိရင် တမတ်ဖိုးလောက် ကတော့ စိတ်ညစ် စိတ်ပူ စိတ်ဆင်းရဲရမှာ .... ) အဲ သူ့အတိုင်းအတာထိပြန်ခံရပြီးသွားရင်တော့ သူ့ဖာသာ တစ်နည်းနည်းနဲ့ပြေလည်သွားတာပဲလေ ...

ဒါကို ညီမလေးက ပူလောင်နေတယ် ..စိတ်ပူနေတယ် ... အင်း ငါတို့ဘာသာမှာ ဘုရားကို ဆုတောင်းရင် မဖြစ်ဖူး မိမိကံကြောင့်လို့ပဲပြောလိမ့်မယ် ဆိုပြီး ပြသနာတွေကလဲ အရမ်း တက်နေပြီ ဆိုတော့ ..... ညီမလေးကကြံ မိကြံရာ သူများဘုရားသွားဆုတောင်းတယ် ဆိုပါစို့ ... ဒါမှမဟုတ် တန်ခိုးရှင် ဆိုတာတွေမှာ သွားကပ်မယ်ဆိုပါစို့ .... ( အမှန်က မိမိပြုခဲ့တဲ့ကံ မိမိကိုယ်တိုင်ဓမ္မနဲ့ သုံးသပ်ဆုံးဖြတ်ရမှာ )

ဝဋ်ကြွေးကုန်လို့ပြသနာက သူ့အလိုလို တနည်းနည်းနဲ့ ပြေလည်သွားတာကို ဆုတောင်းလို့ ပြေလည် သွားတယ်လို့ ထင်ကုန်ရော .....

ညီမလေးမှတ်ထား လောကကြီးဟာ ညီမလေးသေနေ့စေ့ကံကုန်တာကလွဲလို လူတိုင်းကို မခံနိုင်တဲ့ သောက ဒုက္ခ မပေးဖူး ညီမလေးးး


ညီမလေးဆုမတောင်းလဲ အချိန်တန် ပြေလည်သွားမှာပဲလေ ညီမလေးမိသားစု ပတ်ဝန်းကျင် မှာလဲကြည့် လူတစ်ယောက်က သူ့ဟိုဘ၀တွေကအပြစ်က အကျိုးပေးချိန်ရောက်လာရင် .... ပြသနာတွေက ပူလောငိလိုက်တာ ဟော အချိန်လဲတန်ယော တနည်းနည်းနဲ့ပြေလည် သွားတာပဲ ကိုယ်ပြုတဲ့ကံ ကိုယ်သာခံရမယ်လေ .....

သူတို့ဘာသာက ဂီတနဲ့ အပျော်နဲ့ ဂုဏ်တွေနဲ့ ယုံတမ်းစကားတွေနဲ့ တဏှာနဲ့စည်းရုံးတယ် ညီမလေးလို သာသနာတော်ကို ထဲထဲဝင်ဝင်မသိသေး ... အဖြူထည်လေးတွေက ... သူတို့အကြိုက်ဆုံး သားကောင်ပေါ့ .... နားယောင်လွယ် တယ်လေ ... ကိုယ်က အဖြူထည် မကောက်ကျစ်တတ် တော့ သူတို့ကွေ့ ကောက် တာလဲ မမြင်ဘူးပေါ့ ....

ညီမလေးယုံတာအမအထင်

တဏှာကြောင့် နံပါတ်တစ်

လူဝင်ဆံ့လို့ နံပါတ် နှစ်

နောက်ဆုံးတစ်ခုကအပျော်ကြောင့်ပါ

သူတို့ကလည်း သို့လောသို့လော ရှိနေသယောင် အနားမှာပဲလာနေသယောင် ညီမလေးကို Brain Wash လုပ်ကြမယ် နောက်ဆုံး ညီမလေးက အူကြောင်ကြောင်နဲ့ အင်း ... ရှိတယ် ... ယုံတယ် ... ဖြစ်လာရော ... ။

ဒါပေမယ့် ယနေ့ထိတိုင် ... ထာဝရဆိုတာကို ဘယ်သူမှမတွေ့ဘူးသလို ... ဒီလောက် ဖျားနာနေတဲ့ အားနဲနေတဲ့ လောကကြီးကို လာကယ်တာမတွေ့သေးပါဘူး ..... ။

မေတ္တာရှင် ရွှေပြည်သာဆရာတော် ... အခုတော့ ဦးစိုးမြင့်ပေါ့ သူရေးဖူးတဲ့စာရှိတယ်ညီမလေး ....

တခြားဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်ဆင်းထားတာလို့ ဟောတယ်။

ဂေါတမဗုဒ္ဓကတော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာ မင်းတို့ကိုယ်တိုင်ပဲလို့ဟောတယ်။

သူတို့ဘုရားရှင်တွေဟာ မေတ္တာရှင်၊ ကရုဏာရှင်လည်းမှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-

၁) အသက်ရှည့်တဲ့သူတွေသာ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၂) အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၃)ရုပ်လှတဲ့သူတွေချည်းဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၎) အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၅) ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာသူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။

၆) အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။

၇) ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေဖြစ်အောင် ဖန်ဆင်းသင့်တယ်။

ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာ မဟုတ်ကြောင်း ထင်ရှား ပါတယ်။

လူသားတွေဟာ မိမိကိုယ်မိမိဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာ ဘုရားရှင်က "ဥပရိပဏ္ဏာသပါဠိတော်၊ စူဠကမ္မဘင်္ဂသုတ်" မှာ ဟောထားတယ်။

ဟုတ်ကျေးဇူးတင်ပါတရ် မမ ခုလို ဟြေပြပေးလို့ ညီမ လဲ စိတ်ထင့်နေတာ ခုတော့ နားလည်သွားပါပီ စိတ်လဲ ရှင်းသွားပါပြီ ကျေးဇူးပါပဲ မမ ....

★ ★ သာဓု သာဓု သာဓု ပါ ညီမလေးရယ် ....

(((((((( လူဆိုတာ တစ်ယောက်တည်း အထီးကျန် အားငယ်လာတဲ့အခါ တစ်စုံတစ်ဦး တစ်စုံတစ်ရာကို အားကိုးချင်လာတယ် အဖော်ပြုချင်လာတယ်.... အဲ့ဒီအခါမှာ ကိုယ့်ထက်သာလွန်မယ်ထင်တဲ့ တစ်စုံတစ်ရာကို တိုင်တည်အားကိုးသမှုပြုတာမျိုးပါ ပါလာတတ်တယ်.... ဒါဟာ လူ့သဘာဝပဲ.... ဒီတော့ အခုအမေးရှင်အနေနဲ့ မှားယွင်းတယ်လို့ မဆိုသာပါဘူး.... လူသားဆန်ဆန် ပြုမူမှုတစ်ခုသာဖြစ်ပါတယ်....

အဲ့သလို အားကိုးရှာမယ်ဆိုရင် သာသနာတော်မှာတော့ မိမိကိုယ်ကိုသာ အားကိုးရာရှာဖို့ ဟောကြားဆုံးမတော်မူခဲ့ပါတယ်.... ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင်ကြိုးစားပြီး မိမိကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေဟာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းအစစ်အမှန်ကို ရှာဖွေပါ.... အကျိုးတရားနောက်ကို မလိုက်ဘဲ အကြောင်းတရားအစစ်အမှန်ကို ရှာဖွေရမှာပါ.... အဲ့သလိုရှာဖွေနိုင်ဖို့ကတော့ စိတ်ဟာ တည်ငြိမ်အေးချမ်းနေဖို့ ကြည်လင်ပြတ်သားနေဖို့ လိုပါတယ်....

အဲ့သလိုမှ မဟုတ်ဘဲ တစ်စုံတစ်ယောက်ကိုမှ တိုင်တည်ချင်တယ်ဆိုရင်တော့လည်း လောကပါလ သမ္မာဒေဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကို တိုင်တည်သမှုပြုနိုင်ဖို့ မိမိရဲ့ စိတ်ကို အတန်ငယ်ကြည်လင်အောင်လုပ်ပြီး ကုသိုလ်ကောင်းမှုတစ်ခုခုပွားများပါ... မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုကြည်ညိုသမှုပြုပါ.... အဲ့သလိုဂုဏ်တော်ပွားများ ကုသိုလ်တရားတိုးပွားစေပြီးတဲ့နောက်မှာမှ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ အရိယာနတ်မင်းတွေကို တိုင်တည်ပြီး ကုသိုလ်အမျှပေးဝေပြီး အဲ့ဒီကုသိုလ်ရဲ့ သက်သေအရာမှာ တည်ခိုင်းပြီး ထိုကုသိုလ်အမျှပေးဝေတဲ့အကျိုးကျေးဇူးကို တုန့်ပြန်ချီးမြှင့်သောအားဖြင့် အခက်အခဲကို ကူညီပေးဖို့ တောင်းဆိုတိုင်တည်နိုင်ပါတယ်....
အဓိက လိုရင်းအချက်ကတော့ ကိုယ့်ရဲ့စိတ်ကိုကြည်လင်သန့်ရှင်းတည်ငြိမ်အောင်ပြုပြီးတော့မှ အခက်အခဲ စိတ်ညစ်စရာကို စိစစ်ခွဲခြားဖြေရှင်းနိုင်ဖို့ပါ....( မင်းကန်စီ ) ... ))))))
 
တစ်ချို့တွေက ထင်တတ်ကြတယ် ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ နတ်ဆိုတာပယ်ရမယ် နတ်ဆိုသမျှ အသုံးမဝင် အကျိုးမထူးဘူး ထင်တတ်ကြတယ် ထင်နေကြတယ်... တကယ်တော့ သာသနာတော်မှာ နတ်ဆိုတာနဲ့ အကုန်လုံးမပယ်ပါဘူး... ထေရဝါဒအစဉ်အဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ပရိတ်နိဒါန်းတွေမှာပဲ ကြည့်ပါ.... နတ်တွေကို မကိုးကွယ်ဖို့ပဲ ပါတယ် အမျှဝေ မေတ္တာပို့ နတ်နဲ့လူ လူနဲ့နတ် အပြန်အလှန်ချစ်ခင်မှုပြုပြီး ကောင်းကျိုးသယ်ပိုးဖို့ ဟောကြားခဲ့ပါတယ်.... လူသားတွေက ပလိနတ်စာနဲ့ ပူဇော် (ယာဇ်ပူဇော်ဖို့မဟုတ်ပါ) အမျှဝေ မေတ္တာပို့... နတ်တွေဖက်က ပြန်လည်ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ အခက်အခဲဘေးဘယာတွေ စောင့်ရှောက်ကာကွယ်ပေး.... အဲ့သလို အပြန်အလှန်ကူညီသမှုနဲ့ အကာအကွယ်ယူလို့ရပါတယ်... ယူဖို့သင့်ပါတယ်... ဘာကြောင့်လဲဆိုတော့ ထေရဝါဒသာသနာတော်ဟာ သုံးဆယ့်တစ်ဘုံ ရှေးဘဝ နောက်ဘဝကို ပယ်တဲ့အယူဝါဒမဟုတ်ဘဲ နတ်ဘုံ နတ်ရွာတွေရှိတယ်လို့ လက်ခံထားတဲ့ ဝါဒမို့ပါ....

ဒါကို တစ်ချို့သော လူတွေက နတ်မှန်သမျှ အကုန်ပယ်ရမယ် နတ်ကိုယုံကြည်ရင် ထေရဝါဒမစစ်ဘူး မိရိုးဖလာအဆင့်ပဲရှိတယ်လို့ ထင်နေကြတယ်.... အမှန်က ပူဇေမိ နဲ့ ဂစ္ဆာမိကို မသဲကွဲတာ... ပသတာ နဲ့ ကိုးကွယ်တာကို မကွဲပြားကြတာ... သုံးဆယ့်ခုနစ်မင်း အစိမ်းသေနတ်ကို ယာဇ်ပူဇော်တာမျိုး မကောင်းတာကိုသာကြည့်ပြီး နတ်မြတ်နတ်ကောင်း သမ္မာဒေဝ
နတ်မင်းတွေ အရိယာနတ်မင်းတွေကိုပါ သိမ်းကျုံးပစ်မှားကြတာတွေပါ....
 
 
ိမိစ္ဆာ မှောင်မိုက်ခြင်း စိက်ကွယ်ရာဖြစ်ခြင်း ထွက်ပေါက်ပိတ်ခြင်း မလွတ်မြောက်နိုင်ခြင်း /// ဒိဌိ ဆောင်ယူခြင်း သယ်ဆောင်ခြင်း ခံယူဆောက်တည်ခြင်း ////မိစ္ဆာ ဒိဌိ လွတ်မြောက်က်ခြင်း၏ ဆန်ကျင်ဘက်ဖြစ်သော မလွတ်မြောက်ခြင်းတည်မှီရာတို့ အားဆောင်ယူကျင့်သုံး လက်ဆင့်ကမ်းသယ်ဆောင်သောသဘောစု //////သမ္မာ မျှတသော လိုက်လျောညီထွေး ဖြစ်သော ၂ ဘက် အလယ်မှလွိတ်မြောက်ရာလမ်းဖြစ်သော ဒိဌိ………အထက်ပါအတိုင်း ဟူလို…………သမ္မာ နှင့် မိစ္ဆာ အား အလင်း အမှောင် ဟုအမြင်ရှိသည် နှင့် အလယ်အလက်လမ်းစဉ်မှ လွတ်ခါ အစွန်း ၂ ဘက်ဖြစ်သွားတက်ပေသည် ထိုအခါ သောတပန်၏ စံနှုန်းဖြစ်သော ဒိဌိ ဝီစိကိစ္စ သိလာဗတ္တပမာသ ဟု ဆိုအပ်သော စွန့် ရမည့် ၃ပါး တွင် ဒိဌိ ပြုက်ရန်ခက်သွား ပေမည် အကြောင်းမှာ အလင်း အမှောင်စွန်ရမည် ဆည်းဆာ အလယ် လမ်းစဉ် လိုက်ရ မည်အချက်ကြောင့် ဖြစ်သည် ထိုကြောင့် မိစ္ဆာအား အမှောင်ဟု ယူဆ၍ ရသော်လည်း သမ္မာအား အမှောင်၏ ဆန်ကျင်ဘက်အဖြစ်ယူ ဆမထားသင့် ကြောင်းမြင်မိပါသည် အမှားပါရင်ကျွန်ုပ် ( သေးနုပ်သောကျွန်) ၏ ဥာဏ်နည်းခြင်သာဖြစ်ပါသည် ။
 
 
ပဋ္ဌာန်း ဒေသနာမှာ ဒါနံ အလှူကို ဒေတိ ပေးလှူဧ။် တံ ထိုအလှူကို ဥပနိဿာ ဟ အမှီပြု၍ မာနံ ငါသာ လှူ နိုင်သည် ဆိုသော မာနသည် ဥပ္ပဇ္ဇတိ ဖြစ်ဧ။် ဒိဋ္ဌိ အယူမှား ခြင်းသည် ဥပ္ပဇ္ဇတိ ဖြစ်ဧ။်

ဆိုလိုတာက မာနဖြစ်လို့  ဒိဋ္ဌိ ဆိုတဲ့ အယူမှား ဖြစ်သွားတယ်လို့  ဆိုလိုတာပါ မာန ဆိုတာ အကုသိုလ် စေတသိတ်ပါ ဒီနေရာ မှာလဲ ဒိဋ္ဌိကို သာမာန်ပြောထားပေမယ် မိစ္ဆာဒိဋ္ဌိကို အရကောက်သွားပါတယ်
နောက်ထပ် သမ္မာ ဆိုတာ မှန်ကန်ခြင်းအနက်ကို ဟောတာပါ မျှတခြင်းကို ဟောတာမဟုတ်ပါဘူး
သမ ဆိုတဲ့ ပုဒ်က မှ မျှတခြင်း အနက်ကိုဟောပါတယ်
ဒီတော့ သမ္မာ ဒိဋ္ဌိမှန်တာ မဟုတ်ရင် မိစ္ဆာဒိဋ္ဌိ မှား တဲ့ အယူကိုပဲ ကောက်ရပါမယ် 
မှားမှန် ကြားမှာ အလယ် လမ်းစဉ် မရှိပါဘူး အမှန်လမ်းစဉ်ကို ရှောက်ရင် မိဇ္ဈိမ ပဋိပဒါ လမ်းစဉ်ပါပဲ 
ဧကာယနေမဂ္ဂေါ ဆိုတဲ့  စကားအရ နိဗ္ဗာန်သွားရာဟာ ဒီတစ်လမ်း ထဲရှိပါတယ်ဲ 
 
 
အဲဒီ ဒိဋ္ဌိ ကို လူသားတွေတင် မကပါဘူး အထက်ဗြဟ္မာပြည်က ဗြဟ္မာကြီးတွေတောင် မပါယ်သတ်နိုင်လို့ ရပ်ပြစ်ရှစ်ပါးထဲ ပါနေတာပေါ့။ နိဝရဏတွေ ပါယ်သတ်နိုင်သောကြောင့် မြတ်သောဘုံဌာန စံမြန်းရသော်လဲ သက္ကာယဒိဌိတန်းလန်းနဲ့မိုလို့ သက်တန်းကုန်အောက်ပြန်ကျ ဝက်ဖြစ်ရတာတွေ ကျမ်းဂန်မှာ ရှိပါတယ်။လူသားတွေ ဒိဌိရှိနေပါသေးတယ်။ အင်း သုံးမျိုးလုံး ပယ်နိုင်ပြီဆိုရင်တော့ ဗြဟ္မာထက်မြတ်သော ပရိယာနွယ်ဝငိ ဖြစ်သွားပြီး အပါယ်ပိတ်သွားပြီ ။အောက်သံသရာကို ဘယ်တော့မှ မကျရောက်တော့ပါ။ကျမနားလည်သော ဒိဌိ အကြောင်းလေးပါပ။ဲ 
 
 
 
မာလု လုပ်ချလိုက်ပြီ  ဂေါတမဗုဒ္ဓကတော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာ မင်းတို့ကိုယ်တိုင် ပဲလို့ဟောတယ်။ ဘယ်လိုဖန်ဆင်းတာလဲ ဆိုတာလေးရှင်းပြပါ သူများဘာသာ လက်ခံတာကို အပြစ်တင်သလိုမပြောနဲ့ ဖန်ဆင်ရှင် မရှိဆိုတာဗုဒ္ဓဘာသာဘဲ ရျိတယ် ကျန်ဘာသာကြီး၃ခုက လက်ခံတယ်။
 
 
 ၃၉။ ရဟန်းတို့ ရှည်သောကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါသည်ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရ၁ ဘုံ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သော နေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။၎ဝ။ ရဟန်းတို့ ရှည်သော ကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ဖြစ်၏၊ ထိုအခါသည်ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှားဖြစ်ပေါ်၏၊ ထိုအခါ တစ်ဦးတစ်ယောက်သော သတ္တဝါသည် အသက်ကုန်သော ကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊ ထိုသူသည့်ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက်ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သော နေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။ 
 
၄၁။ ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာ နေရသောကြောင့် မမွေ့လျော်သည်ဖြစ်၍ ”တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ”ဟု တောင့်တ၏။ထိုအခါ တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သော ကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊ ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ် ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာ ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။၄၂။ ရဟန်းတို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါအား ဤသို့ အကြံဖြစ်၏ -”ငါသည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင် သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊ အဘယ်ကြောင့် ဆိုသော် -
 
Ba Wa Thit ‘ 
 
တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ’ဟု ငါ့အား ရှေး၌အကြံ ဖြစ်ခဲ့၏၊ ငါ့အား ဤသို့ တောင့်တခြင်းလည်း ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤ (ဗြဟ္မာ့) ဘုံသို့ရောက်လာကုန်၏”ဟု အကြံဖြစ်၏။နောက်မှ ဖြစ်ပေါ်လာသော သတ္တဝါတို့အားလည်း ဤသို့ အကြံဖြစ်၏ -”ဤအသျှင်သည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအရှင်ဗြဟ္မာဖန်ဆင်းထား၏၊ အဘယ့်ကြောင့်ဆိုသော် -ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ်နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှဖြစ်ပေါ်လာကုန်၏”ဟု အကြံဖြစ်၏။၄၃။ ရဟန်းတို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါသည် အသက်လည်း သာ လွန်၍ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့သည်ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်းတိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။  
 
၄၄။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ့) ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (ဗြဟ္မာ့) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -”အကြင်အသျှင်သည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှမလွှမ်းမိုးနိုင်သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲ သတ္တဝါတို့၏ အဖဖြစ်၏၊ ငါတို့ကို ယင်းအရှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ ထို (ဗြဟ္မာ) သည် (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲ၏၊ (သေခြင်းမရှိ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘော မရှိ၊ (ထို့ကြောင့်) မြဲသော အရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအရှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ (ထို့ကြောင့်) ဤ (လူ့) ဘုံသို့ရောက်လာကုန်၏”ဟု ဆို၏။ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း အချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်၏။ (၁-၅)
 
 
 ဒီဃနိကာယ်- ဗြဟ္မဇာလသုတ် ဧကစ္စသဿတဒိဋ္ဌိ  
 
 
 အဲ့ဒီတော့ သူ့မှာ အယူအဆတစ်ခု ဘယ်လိုပေါ်လာတုန်းဆိုရင် “အဲ့ဒီ ဗြဟ္မာကြီးက ငါမရှိခင် ကတည်းကရှိနေတဲ့ဗြဟ္မာကြီး။ သူကဟိုမှာရှိနေတုန်း ငါကသေရတယ်။ သူသိပ်အသက်ရှည်တယ်။ သူက သေမှာမဟုတ်ဘူး။ ငါပဲသေရတယ်” ဆိုပြီးတော့ အဲ့ဒီလိုတွေးတာကနေပြီးတော့ သူကလူတွေကို တဆင့် ဖြန့်တယ်ပေါ့။ “မဟာဗြဟ္မာဆိုတာ၊ လောကကြီးကိုဖန်းဆင်းတာရှိတယ်။ ငါ့လည်းသူဖန်ဆင်းဆာ။ ငါက အစောကြီးသေရပြီး၊ အခုလူ့ပြည်မှာ လာဖြစ်ရတယ်” ဆိုပြီး သူကနေ လိုက်ဟောလိုက်တာနဲ့ “ထာဝရ ဘုရားဖန်ဆင်းတယ်” ဆိုတဲ့ အယူအဆပေါ်လာတယ်လို့ ဒီဃနိကာယ်ဗြဟ္မဇာလသုတ်မှာ ဒီလိုဟော ထားတယ်နော်။ ဒါ “ထာဝရဘုရား အယူအဆ” ဆိုတာ အဲ့ဒီက အစပေါ့။“လောကကို ဗြဟ္မာက ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ မတော်တဆပေါ်လာခဲ့တဲ့အယူအဆ တစ်ရပ်ပဲ “ တကယ်ကတော့ သူဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရာက ဒီအယူအဆတစ်ရပ်ပေါ်လာတယ်လို့ပြောတာ။ (ဒေါက်တာ နန္ဒမာလာဘိဝံသ)

 
ကမ္ဘာကြီး သက်တမ်းစေ့၍ ပျက်သောအခါ ကမ္ဘာပေါ်ရှိသတ္တ၀ါများ အထက်ဗြဟ္မာ့ဘုံ၌ဖြစ် ကြရသည်။ ကမ္ဘာပျက်သောအခါ ကမ္ဘာကြီးကိုလောင်သော မီးအရှိန်ကြောင့်အောက်အောက် နတ်ဘုံ ဗြဟ္မာ့ဘုံ များလည်း ပျက်ကြရသည်။ ကမ္ဘာသစ်တည်သောအခါအောက်အောက် ဗြဟ္မာ့ဘုံများလည်း အသစ်အသစ်ပြန် လည် ဖြစ်တည်ကြရပါသည်.။ထိုအခါ အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာတစ်ဦးသည် သက်တမ်းစေ့၍ သေဆုံးကာ အသစ်တည်သောအောက်က ဗြဟ္မာ့ဘုံတွင် ဗြဟ္မာဖြစ်လာခဲ့သည်။ သူတစ်ဦးတည်းသာဈာန်သမာပတ်ဖြင့် နေထိုင်ရင်းက ``တစ်ပါးသော သတ္တ၀ါများ ဤဘုံသို့ရောက်လာရင်ကောင်းမှာပဲ``ဟု တမ်းတမိသည်.။တစ်ဦးတည်း နေရသည်မှာ ကြာလာ သောကြောင့် မပျော်မရွှင်ဖြစ်ရာကတမ်းတမိခြင်းဖြစ်သည်..။ ထိုအခါ၌ အထက်ဗြဟ္မာ့ဘုံများက ဗြဟ္မာများသေလွန်သောအခါ ထိုဗြဟ္မာသစ်ဘုံသို့ ရောက်ရှိလာကြပါသည်။ ပထမဆုံးရောက်နေသောဗြဟ္မာကြီးက နောက်မှရောက်လာသော ဗြဟ္မာများကို သူတမ်းတလိုက်၍ ရောက်လာခြင်းကြောင့် သူဖန်ဆင်းလိုက်သော သားသမီးများဟု ယူဆလေသည်..။နောက်မှ ရောက်လာသော ဗြဟ္မာတို့ ကလည်း ရှေ့ဦးစွာရောက်နှင့်နေသောဗြဟ္မာကြီးသည် သူတို့ကို ဖန်ဆင်းသူ သူတို့ အဖဘုရားဟု ယူဆကြ လေသည်..။ရှေးဦးဗြဟ္မာကြီးသည် နောက်မှရောက်လာသော ဗြဟ္မာများထက် သက်တမ်း၊အရောင်အလင်း တန်ခိုးစသည်ဖြင့် အစစအရာရာ သာလွန်ပါသည်။ နောက်မှရောက်လာကြသောဗြဟ္မာများ သေဆုံးသွားသောအခါ လူ့ပြည်သို့ရောက်လာကြပါသည်။လူ့ပြည် မှာလည်း ကမ္ဘာသစ်တည်ကာ လူတွေအများကြီးရောက်နေကြချိန်ဖြစ်ပါသည်။ဗြဟ္မာ့ပြည်က ရောက်လာကြ သောသူများသည် အထုံဝါသနာအလိုက်ဈာန်ကျင့်စဉ်များကို ကျင့်ကြံကြသည့်အခါ ရှေ့ဘ၀(တစ်ဘ၀ကိုသါ)အောက်မေ့နိုင်သော ဉာဏ်ကို ရရှိလာကြသည်..။ (နှစ်ဘ၀သုံးဘ၀ စသည်ဖြင့်ဘ၀အဆက်ဆက်ကို တော့ မအောက်မေ့နိုင်ပါ)။ သူတို့၏ အဘိညာဏ်ဖြင့်သူတို့နေထိုင်ခဲ့ရာဗြဟ္မာ့ဘုံနှင့် သူတို့ကို ဖန်ဆင်းခဲ့သည်ဟု ယူဆခဲ့သောဗြဟ္မာကြီး ကို အောက်မေ့သတိရလာကြသည်..။ သူတို့ဉာဏ်မျက်စိဖြင့်လှမ်းကြည့်နေချိန်တွင် ဗြဟ္မာကြီးလည်း သက် ရှိထင်ရှား ရှိနေဆဲပင်..။ထိုအခါ သူတို့က ``ငါတို့ကို ဖန်ဆင်းသော မဟာဗြဟ္မာကြီးသည် အလွန်တန်ခိုးကြီးလေစွာ့။ သတ္တ၀ါတွေကိုလည်း ဖန်ဆင်းနိုင်တယ်။ ပျက်စီးခြင်းသဘောသေဆုံးခြင်းသဘောမရှိ မြင့်မြတ်လှ ပါပေစွာ့။ တစ်လောကလုံး၏ အမြတ်ဆုံးအဖြစ်ပေစွာ့`` ဟု မှတ်ယူသွားကြလေတော့သည်..။

 
အမှန်က သူတို့သာ နှစ်ဘ၀သုံးဘ၀မြင်နိုင်သော ဉာဏ်မျက်စိရှိခဲ့ပါလျှင် သူတို့ကို ဖန်ဆင်းသူဟုသူတို့ကိုးကွယ်နေ ကြသော ဗြဟ္မာကြီးလည်း သူတို့လိုပင် အထက်ဗြဟ္မာ့ဘုံကနေဆင်းသက်လာသည်ကို သိမြင်သွားနိုင်ပါ သည်။ထိုသို့ဆိုလျှင် ဖန်ဆင်းရှင်အယူဝါဒ ဖြစ်ပေါ်ရန် အကြောင်းမရှိပါ။သူတို့ကိုယ်တိုင် ဈာန်အဘိဉာဏ်ရပုဂ္ဂိုလ်ကြီးများဖြစ်ပါလျှက် သူတို့ကစတင်၍ ဖန်ဆင်းရှင်ဝါဒကို စွဲမြဲ စွာ မှတ်ယူလာခဲ့ကြပါသည်..။မှန်းဆပူဇော်လာခဲ့ကြသည်.။ နောင်လာနောက်သားများကလည်း သူတို့ကိုးကွယ်လာခဲ့သော ဖန်ဆင်းရှင်ကြီးကို ဆက်လက်ကိုးကွယ်လာရာက အစပြုကာဖန်ဆင်းရှင် တန်ခိုး တော်ရှင် ကောင်းကင်ဘုံတွင် အမြဲတည်နေသော၊မသေဆုံးသောထာဝရဘုရားအယူအဆဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်..။

 
 မြတ်စွာဘုရားရှင်က ဒီဃနိကာယ်- ဗြဟ္မဇာလသုတ် ဧကစ္စသဿတဒိဋ္ဌိအခန်းတွင် ဖန်ဆင်းရှင်၏ဇစ်မြစ်ကို ဟောကြားထား တော်မူခဲ့ပါသည်..။(အရှင်ဇဝန)

 
 ချမ်းမြေ့ကြပါစေရှင် ......

No comments:

Post a Comment