Tuesday, April 22, 2014

ဘိက္ကူ နီများ သာသနာတော်ပါဝင်ခြင်း



Tun Ko အမ ရေ အားရင် ဘိက္ကူ နီမ တွေ့ကို သာသနာ မှာ ပါ ဝင် ခွင့် ပြု ရင် တာ ရှည် မခံဘူးလို့ ဟော တာ ရှိ မရှိ
ရှိ ရင် လည်း ဘယ် လို အပြစ် ကြောင့် ဆို တာ ပြောပြ ပေးပါ နော်

★ ★ အင်္ဂုတ္တရနိကာယ၊ဂေါတမီဝဂ်၊ ဂေါတမီသုတ်မှာ ဗုဒ္ဓက.....
အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့အတွက်ကြောင့် တစ်ကယ်လို့ ငါဘုရား သာသနာတော်ဟာ အနှစ် ( ၁၀၀၀ ) တည်မယ်ဆိုရင် .... အနှစ်ငါးရာသာ တည်လိမ့်မယ်။

အကယ်၍ ဘိက္ခူ နီ တွေဟာ .... ယ္ခု ငါဘုရားပြဌါန်းတဲ့ ဂရုဓံတရား ( ၈ ) ပါးကို တိတိကျကျ လိုက်နာမယ်ဆိုရင် .... သာသနာတော်ဟာ .... အနစ်တစ်ထောင် တည်မယ် ဆိုရင် ... အနှစ်တစ်ထောင်အတိုင်း ... အနှစ်တစ်သောင်းတည်မယ်ဆိုရင် ...အနှစ်တစ်သောင်းအတိုင်း တည်ပါလိမ့်မယ် လို့ ပြောတာပါ ....။

(ယ္ခု ဂရုဓံတရား ရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့ အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါ ပါဠိတော်မှာ ဟောတော်မူ ထားတာ ရှိပါတယ်။
ဂရုဓံတရားရှစ်ပါးပြဋ္ဌာန်မှုရဲ့ အရေးပါပုံ ကို သိစေချင်လို့ ဥပမာပေးတာပါ အကယ်၍ ဂရုဓံတရားရှစ်ပါး မပြဋ္ဌာန်းဘူးဆိုရင် ၁၀၀၀တည်မယ့် သာသနာဟာ ၅၀၀ပဲတည်လိမ့်မယ်လို့ဟောတာဖြစ်ပါတယ်ရှင်။

((((အနှစ် ၁၀၀၀ ဆိုတဲ့စကားဖြစ်ပေါ်လာကတော့ အမျိုးသမီးများ သာသနာဝင်လာတဲ့ ဂရုဓံရှစ်ပါးကို အကယ်၍ မပြဋ္ဌာန်းပါလျှင် သာသနာ ၁၀၀၀ တည်မည်ဆိုပါက ၅၀၀ သာတည်လိမ့်မည်။ ဂရုဓံရှစ်ပါးပြဋ္ဌာန်းလိုက်တဲ့အတွက် ၅၀၀ တည်မည့်သာသနာဟာ ၁၀၀၀ တည်လိမ့်မည်လို့ ဂရုဓံ ရှစ်ပါးပြဂဋ္ဌာန်းမှုရဲ့ အရေးပါ အရာရောက်တာကို သိစေလို၍ ဟောကြားတာဟု မသေမချင်း မှတ်ပါလေ။ Ashin kondanna )))))

https://www.facebook.com/photo.php?fbid=1413675018865233&set=pb.100006682441171.-2207520000.1396452237.&type=3&theater


  • Ba Wa Tit မြတ်စွာဘုရားရှင်သည် ဘိက္ခူနီသာသာနာအတွက် ဂရုဓံ (၈) ပါးကို ပညတ်ခဲ့ပါသည်။
    ၁။ ရဟန်းမသည် ၀ါတစ်ရာပင်ဖြစ်စေ။ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ခရီးဦးကြိုပြုရမည်။ အရိုအသေပေးရမည်။ 
    ၂။ ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ ၃။ ရဟန်းသံဃာထံသို့ လပြည့်လကွယ်နေ့တိုင်း ဥပုတ်အမေး သွားရမည်။ 
    ၄။ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့်ရဟန်းမ သံဃာ နှစ်ရပ်စလုံး၌ ကိုယ်တိုင်မြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာ ရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရမည်။ 
    ၅။ ဂရုကံ အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။ 
     ၆။ ၀ိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။ 
    ၇။ မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွားခြင်းမပြုရ။ 
    ၈။ ဤယနေ့မှစ၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုနိုင်ခွင့် မရှိပေ။ သို့သော် ရှေးရှေးက မထေရ်များသည် ဤသို့သော သင်္ကန်းဆိုင်ရာ ကျင့်ဝတ်များကို ကျင့်သုံးကြပေသည်ဟူ၍ကား ရည်ညွန်းပြောဆိုနိုင်သည်။ 
    ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောဆိုခွင့်ရှိပေသည်။မြတ်စွာဘုရားရှင်သည် အခြားအမူ့ကိစ္စများတွင် ကျူလွန်းမူ့ဖြစ်ပေါ်ပြီးမှ ၀ိနည်းတော် ပညတ်ချက်ကို ထုတ်ပြန်တော်မူလေသည်။ 
    ယခု မလွဲမရှောင်သာ ခွင့်ပြုလိုက်ရသောကိစ္စတွင်မူ ကြိုတင် ပညတ်ချက်များကို ချမှတ်တော်မူလေသည်ကို '' တစ်ဖက်ဆည်ကန်ကြီး၏ ကန်ဘောင်ကို ကန်ရေတွေ ကျိုးပေါက်ဆုံးရှူံးခြင်း မရှိသေးမှီကပင် ကြိုတင်၍ ဆည်ဖို့ထားရဘိသကဲ့သို့ ရဟန်းမများအတွက် ရာသက်ပန် မကျိုးပေါက်အောင် စောင့်ရှောက်ရန် ဂရုဓံတရား ရှစ်ပါးကို ကြိုကြိုတင်တင် ပညတ်၍ထားလိုက်သည် '' (အဂုင်္တ္တရ၊ အဋ္ဌကနိပါတ်၊ ပေါတမီသုတ် ပါဠိတော်နှင့် ကဋ္ဌကထာ)

    မာ လု ထို့ကြောင့် ဘိက္ခူနီ စတင်ချိန် က မိထွေးတော်ကြီး တစ်ပါးတည်းသာ ဂရုဓံတရား ၈ ပါး ကို ၀န်ခံခြင်းဖြင့် ရဟန်းဖြစ်ကာ သာကီဝင် မင်းသမီး ၅၀၀ တို့ကား ဘိက္ခူသံဃာ က ယခုခေတ် ရဟန်းခံသကဲ့သို့ ဉ တ္တိတုတ္ထကမ္မ၀ါစာ ဖြင့် ရဟန်းခံပေးရသည်ကို မှတ်သားရပေသည်။ ၄င်း နောက် သာသနာ့ဘောင် သို့ ၀င်ရောက်လာကြသော ဘိက္ခူနီတို့သည် အဋ္ဌ၀ါစိကူပသမ္ပဒါ ဟူသော ဘိက္ခူနီသံဃာတွင် ဉ တ္တိစတုတ္ထကမ္မ၀ါစာ ဖြင့် ပထမတစ်ကြိမ် ရဟန်းခံ၍ ဘိက္ခူသံဃာတွင် ဉ တ္တိစတုတ္ထကမ္မ၀ါစာဖြင့် ဒုတိယတစ်ကြိမ် ၊ စုစုပေါင်း ၂ ကြိမ် ဖြစ်၍ ကမ္မ၀ါစာ ၈ ကြိမ် ဖတ်ရသည့် နည်းဖြင့် ရဟန်း အဖြစ်ခံယူကြရလေသည်။
     ထိုမှတစ်ပါး အဍ္ဎကာသီဘိက္ခူနီ နှင့် ပတ်သက်၍ ဒူတေနူပသမ္ပဒါ ဟူသော ရဟန်းခံမှု တစ်မျိုး ကို အကြောင်းအားလျော်စွာ ဘုရားရှင် ခွင့်ပြုတော်မူရသေး၏။ အကြောင်းမှာကား ....
     
    အဍ္ဎကာသီဟူသော ကာသိတိုင်းမှ သူဌေးသမီး သည် အကုသိုလ်ကံ ကြောင့် အရွယ်ရောက်လျှင် ပြည့်တန်ဆာမ ဖြစ်ရ၏။
     နောင် တရားရ၍ ဘိက္ခူနီမများထံ၌ ပထမတစ်ကြိမ် ရဟန်းခံပြီး ဘိက္ခူသံဃာထံ၌ ရဟန်းခံရန် ဘုရားရှင်ရှိရာ သာဝတ္ထိမြို့ သို့ သွားရန် စီစဉ်လေ၏။ 
    ထိုအကြောင်း ကို သေသောက်ကြူး တို့သိ၍ “အဍ္ဎကာသီ သည် သင်္ကန်းဝတ်၍ သာဝတ္ထိသို့ သွားတော့မည် ၊ ငါတို့သည် အဍ္ဎကာသီ လူ့ဘ၀ က ချဉ်းကပ်နိုင်ကြသူများမဟုတ် ၊ သို့ဖြစ်၍ ယခု အဍ္ဎကာသီ သာဝတ္ထိသို့ အသွားတွင် ဖမ်းယူ မွေ့လျော်ကုန်ကြပါစို့” ဟုတိုင်ပင်ထားကြလေသည်။ 
    ထိုအခါ ဘိက္ခူနီမ တို့သည် သာဝတ္ထိသို့ မသွားဝံ့ကြတော့ချေ။ ထိုအကြောင်းကို ဘုရားရှင်ထံသို့ စေတမန်လွှတ်၍ လျှောက်ထားရာ မြတ်ဘုရား က “အနုဇာနာမိ ဘိက္ခဝေ ဒူတေနပိ ဥပသမ္ပာဒေတုံ” (ရဟန်းတို့ တမန်ဖြင့်လည်း ပဉ္ဖင်းခံပေးခြင်းငှာ ငါခွင့်ပြု၏” ဟု အခြားဘိက္ခူနီမ တစ်ဦးကို တမန်လွှတ်၍ ပဉ္ဇင်းခံခွင့်ပြုတော်မူလေသည်။ သို့သာ် ဤ သို့ ခွင့်ပြုခြင်းမှာ အဍ္ဎကာသီ တစ်ဦးတည်းအတွက်သာ ဖြစ်လေ၏။
     ထို့ကြောင့် ဘိက္ခူနီတို့၏ ပဉ္ဇင်းခံမှုတွင်
     
    (၁) ဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ ဟူသော ဂရုဓံရှစ်ပါး ကို ခံယူခြင်းဖြင့် ပဉ္ဇင်းခံခြင်း ( ၄င်းကား မိထွေးတော် မဟာပဇာပတိဂေါတမီ တစ်ဦးတည်း၏ ပဉ္ဇင်းခံခြင်း ဖြစ်၏)
     
    (၂) ဉ တ္တိစတုတ္ထ ကမ္မူပသမ္ပဒါ ဟူသော ဉ တ်လျှင် လေးကြိမ်မြောက် ကမ္မ၀ါစာဖြင့် (ဘိက္ခူသံဃာ၌သာ) ပဉ္ဇင်းခံခြင်း (၄င်း ကား မိထွေးတော် ၏ နောက်ပါ သာကီဝင် ၅၀၀ တို့၏ ပဉ္ဇင်းခံခြင်း ဖြစ်၏)
     
    (၃) ဒူတေနူပသမ္ပဒါ - ဟူသော တမန်လွှတ်၍ (နောက်တစ်ကြိမ် ဘိက္ခူသံဃာ၌) ရဟန်းခံခြင်း (၄င်းကား အဍ္ဎကာသီ တစ်ဦးတည်း၏ ပဉ္ဇင်းခံခြင်းဖြစ်၏)
     
    (၄) အဋ္ဌ၀ါစိကူပသမ္ပဒါ - ဟူသော ဘိက္ခူနီ သံဃာ၌ ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့် တစ်ကြိမ်၊ ဘိက္ခူသံဃာ ၌ ဉ တ္တိစတုတ္ထ ကမ္မ၀ါစာဖြင့်တစ်ကြိမ် ၊ ၂ ကြိမ် ရဟန်းခံခြင်း
     (၄င်း ကား အထက်ဖော်ပြပြီးသော ၃ ဦးမှ တစ်ပါး အခြားသော ဘိက္ခူနီတို့၏ ပဉ္ဖင်းခံခြင်း ဖြစ်၏)

    ထို့ကြောင့် ရဟန်းယောကျာ်းတို့ ကဲ့သို့ ဧဟိဘိက္ခုပသမ္ပဒါ ဟူသော ဧဟိဘိက္ခုခေါ်၍ ရဟန်းဖြစ်စေခြင်း၊ 
    သရဏ ဂမနူပသမ္ပဒါ ဟူသော သရဏဂုံ သုံးပါးကို ခံယူဆောက်တည်စေခြင်းဖြင့် ရဟန်းဖြစ်စေခြင်း၊ 
    သြ၀ါဒ ပဋိဂ္ဂဟဏူပသမ္ပဒါ ဟူသော သြ၀ါဒ ကို ခံယူ၍ရဟန်းဖြစ်စေခြင်း ၊ 
    ပဥှာဗျာကရဏူပသမ္ပဒါ ဟူသော ပြဿနာကို ဖြေဆို၍ ရဟန်းဖြစ်စေခြင်း မျိုးကို ဘိက္ခူနီတို့၌ မရအပ် ဟု မှတ်သားရပေသည်
မိထွေးတော်ကြီးသည် ပါရမီအားလျော်စွာ ရဟန်းဖြစ်ပြီးမကြာမီ ရဟန္တာမ ဖြစ်၍ သာကီဝင်မင်းသမီး ၅၀၀ တို့သည် လည်း နန္ဒကောဝါဒ သုတ် အဆုံး၌ ရဟန္တာမ အဖြစ်သို့ ရောက်ကုန်၏။
((( Dr. ဇီဝက ဗုဒ္ဓဘာသာ/အတွေးအမြင် )))

No comments:

Post a Comment