Tuesday, November 29, 2016

ခရစ်ယန် ဓမ္မဆရာ အက်စ်ဂွန်အောင်ရဲ့ လိမ်လည်မှုများ

မောင်လေး ညီမလေးတို့ရေ -
လွန်ခဲ့တဲ့အပတ်က ရှင်းခိုင်းတဲ့ ခရစ်ယန် ဓမ္မဆရာ အက်စ်ဂွန်အောင်ရဲ့ ဗုဒ္ဓစာပေတွေကို ယူသုံးပြီး သာသနာတော်ကို ဆိုးရွာစွာ ပုတ်ခတ် ပြီး ဗုဒ္ဓဘာသာဝင်တွေ တရားတော်တွေအပေါ် ထင်ယောင် ထင်မှားဖြစ်အောင် ပြောထားတဲ့ ဗွီဒီအိုင်ဖိုင်လေးကို ရှင်းထားတာ ပြီးသလောက် တင်ပေးလိုက်ပါတယ်။

 နေ့စဉ်လည်း ပြီးတဲ့ထိ တင်ပေးပါ့မယ်။ 

 မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာလူမျိုးတွေ တင်မကဘူး မြန်မာနိုင်ငံတွင်းထဲမှာနေနေတဲ့ မြန်မာလူမျိုးတွေ ရဟန်းသံဃာတွေဘုန်းတော်ကြီးတွေ အားလုံးကို ကျနော် စကား လက် ဆောင် ပါးချင်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဓမ္မခန္တာပေါင်း ရှစ်သောင်းလေးထောင် ရှိတယ် အဲ့ဒိ ဓမ္မ ခန္တာပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ တရားတော် တွေထဲမှာ ကယ်တင် နိုင်တယ် ဆိုတာ မပါဘူး။

အထ္ထာဟိ အထ္ထနော နာထော ကိုယ့် ကိုယ်ကိုယ်သာလျှင် ကြိုးစား ကျင့်ကြံ ပါ တဲ့ ဗုဒ္ဓကပြောတယ်။ ကိုယ်ကျင့်နိုင်ရင် ရမယ် မကျင့်နိုင်ရင် မရဘူး ။ သူ့ကို ယုံကြည်ကိုးကွယ်နေလို့ နိဗ္ဗာန် မရောက်နိုင်ဘူး ကိုယ်ကျင့်မှ ကိုယ်ရမယ်။


 ပါဠိ အသံထွက် မှားနေပါတယ် အတ္တာဟိ အတ္တနော နာထောပါရှင် ။

ဗုဒ္ဓသာသနာတော်ရဲ့ ပိဋကတ်တော်မှာ ဓမ္မခန္တာပေါင်း ရှစ်သောင်းလေးထောင် ရှိပါတယ်။

ဒီရှစ်သောင်းလေးထောင်သော ဗုဒ္ဓ၀စန အားလုံးတို့သည် သံသရာမှ လွတ်ကြောင်း -
အပြန်ပြန် အထပ်ထပ် ပဋိသန္ဓေ တည်ခြင်းမှ လွတ်ဘို့ လမ်းပြ ကယ်တင်နိုင်သော တရားတော်များ သာဖြစ်ပါတယ်။

ဒီလို လမ်းပြ ကယ်တင်တဲ့နေရာမှာ ဗုဒ္ဓက -

နိဗ္ဗာန်ဆိုတာလည်းတစ်ကယ်ရှိ၏ လမ်းပြသူ ငါဘုရားလည်း အမှန်စင်စစ်ရှိ၏ မရောက်နိုင် သည်ကား မိမိတို့၏ ပျင်းရိမှု ပါရမီနုံချာမှု ကြောင့်သာဖြစ်၏ လို့မိန့်တော်မူ ပါတယ်။


( A ) တစ်ကယ်လို့ ဒလောက် ငယ်ငယ်လေးထဲက ကြိုးစားပြီးကျင့်ခဲ့တယ် သေတဲ့ထိ ကျင့်ခဲ့တယ် မရဘူး ဆိုရင်ရောတဲ့။
( B ) ကမ္မံခရောတိ ခရော်တော မိမိပြုလုပ်သည့် အရာသည် ကံဖြစ်တယ်။ ကံသာလျှင် အမိ ကံသာလျှင် အဖဖြစ်တယ်။ ဒါ့ကြောင့် မရနိုင်ဘူးလို့ ဗုဒ္ဓတရားမှာပြောတယ်


ကမ္မံခရောတိ ခရော်တော -
ပါဠိ မှားနေပါတယ်ရှင် ခရောတိ ခရော်တော ဆိုတဲ့ ပါဠိစကား လောကမှာ မရှိပါဘူး ။

ကမ္မဿကောမှိ = ကံသာလျှင်ကိုယ်ပိုင်ဥစ္စာဖြစ်ပြီး။
ကမ္မ ဒါယာဒေါ = ကံသာလျှင် အမွေခံ လို့ပဲ ရေးလို့ရပါမယ် ။ သူ့ကို စုလိုက်ရင် ….
ကမ္မဿကောမှိ၊ ဒါယဒေါ …. ဆိုတဲ့ ပါဠိပဲ ရှိပါတယ် ဓမ္မဆရာရယ် ။လုပ်ရက်ပါ့။

ကြားဖူးနားဝနဲ့ မှန်းတုတ်တာ ဿကောမှိက ကရောတိ ဖြစ်ပြီး ဒါယာဒေါ က ကရော်တော ဖြစ်ရော :(

 ကဲပါ ရှင်းတာလေး ဖတ်ကြည့်ကြဦး စို့ရဲ့ -


( A ) ဗုဒ္ဓ၀ါဒ ကျင့်စဉ်တွေမှာ ငယ်ငယ်လေးထဲက မနားမနေ ကြိုးစားကျင့်ကြံပြီး ဘာမှ ဖြစ်မလာဘူး ဆိုတာ ဗုဒ္ဓဘာသာမှာ မရှိပါဘူး ကျင့်သလောက် အကျိုးထူးပါတယ် -
မရဘူးဆိုတဲ့ ထုံးစံမရှိပါဘူး လို့ ပြောပါရစေ -

သတ္တ၀ါ အားလုံးဟာ ကိလေသာ နွံ့မှာ လူးလွန့် နစ်မွန်းနေကြတယ် ။ ဒုက္ခကို သူခလို့ ထင်နေကြတယ်။


ဗုဒ္ဓ၀ါဒ ဆိုတာ -


နွံထဲကနေ တက်လာကြည့်လိုက် မြေပေါ်ရောက်ပါတယ်။
မြေပေါ်ရောက်တာနဲ့ လမ်းတွေကိုတွေ့ပါတယ်။
ဒီလမ်းတွေ ကို တစ်လှမ်းရှောက်ရင် ဟိုး တစ်ပြ ကို လှမ်းမြင်နေ၇တဲ့ ၀ါဒပါ။
သက်သေမရှိ အာမခံချက်မရှိ သေရင် ရလိမ့်မယ် ဆိုတာယုံပြီး ပုံအပ်ရတဲ့ ဘာသာ မဟုတ်ပါဘူး ဓမ္မဆရာ။

လောကမှာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ ဘာသာတွေမှာ ကျင့်စဉ်ဆိုတာ မရှိပါဘူး ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ
ကြည့်ရင် တွေ့မယ်
လှမ်းရင် လှမ်းသလောက် ခရီး ရောက်မယ်
မျက်စီတဆုံး အထိ ရှေ့လမ်းကိုကြိုမြင်နေရတဲ့ မိမိကိုယ်တိုင် ကျင့်ကြံ သလောက် လက်တွေ့ သိမြင် ခံစားနိုင်တဲ့ ဘာသာဖြစ်ပါတယ်။

ဗုဒ္ဓ၀ါဒမှာ လွန်ခဲ့တဲ့ ဘ၀က ကံတွေကြောင့် ဒီဘမှာ အထိုက်အလျှောက်သာ အကျိုးပေးပေမယ့် ဒီဘ၀ကျင့်ကြံမှုတွေဟာ နောင်ဘ၀မှာ ပါရမီအနေနဲ့ ဆက်လက်ဖြည့်ကျက်ပါတယ်။

ဥပမာ မိမိသဏ္ဍန်မှာ တဏှာ စစ်သည် တစ်သောင်းရှိတယ်ဆိုပါစို့
ဒီဘ၀မှာ အနိမ့်ဆုံး ဒါန ( စွန့်လွှတ်ခြင်း တဏှာလောဘကို ပါယ်သတ်ခြင်း ) ကုသိုလ်နဲ့ တိုက်ထုတ်မယ်ဆိုရင် လာမယ့် ဘ၀မှာ တဏှာစစ်သည် အင်အား ကိုးထောင်လောက်ပဲ ကျန်ပါ့မယ် ။

ဒီ လွန်ခဲ့တဲ့ ဘ၀က ပြုခဲ့တဲ့ ဒါနဟာ ပါရမီအနေနဲ့ ဆက်လက် ဖြည့်ကျက်ပြီး လွန်ခဲ့တဲ့ ဘ၀က တဏှာ စစ်သည် ၁၀၀ ကိုတိုက်ထုတ်နိုင်ရင် ဒီဘ၀မှာ ၂ဆ တိုက်ထုတ်လာနိုင်တဲ့ အခါ နောင်လာမယ့်ဘ၀မှာ တဏှာစစ်သည် ၇၀၀၀ လောက်သာကျန်ပါတော့မယ်။

ဘ၀အဆက်ဆက် ဖြည့်ကျက်ပြီး တဏှာအင်အားယဲ့ယဲ့ ပဲကျန်လာတာနဲ့ နိဗ္ဗာန်လမ်းကို တန်းမြင်တော့တာပါပဲ။
ကြားထဲမှာ သီလနဲ့ ဘာဝနာလေးထပ်ဖြည့်လိုက်တော့ ဆိုဖွယ်ရာ မရှိပေါ့ ။

ဒီလို အသိ ဒီလို ပါရမီလေး ယူသွားနိုင်တဲ့ အသိလေးဟာလဲ ဒီဘ၀မှာ ဒီဘာသာဝင် ဖြစ်နေ တုန်း သာ လုပ်ခွင့်ရမှာပါ။

မိမိက နောင်ဘ၀ ဘာသာခြား ဖြစ်လာမလား ဗုဒ္ဓဘာသာဝင်ပြန်ဖြစ်ပြီး ဒီအသိတွေ ပြန်ရပါ့မလား မသိဘူးလေ။

ဒါကြောင့် ဒီဘ၀မှာ ဒီဘာသာဝင်ဖြစ်တုန်းလေး ဒီလို သိခွင့်ရချိန်မှာ နောင်ဘ၀တွေ အတွက်ပါ ဖြည့်ကျက်စရာ ပါရမီလေး ယူသွားခွင့် ရတာပေါ့။

ကဲ ဒီလောက်ဆို ငယ်ငယ်ထဲက သေတဲ့အထိ ယုံကြည်ပါတယ် တစာစာအော်ပြီး ဘာမှ သက်သေမရှိ မတွေ့ရပဲ ဘုမသိ ဘမသိသေသွားရတဲ့ ဘာသာဟာ ဘယ်ဘာသာလဲ ဆိုတာ ရှင်းပြီလို့ထင်ပါတယ်။

 ( B ) ဗုဒ္ဓက သတ္တ၀ါတွေဟာ သံသရာမှာ မိမိတို့ ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုကံတွေ ရဲ့ အစီအမံကို ခံနေကြရတယ်လို့ ဟောတော်မူခဲ့ပါတယ်။

ဒါပေမယ့် ဓမ္မဆရာ ပြောလိုက်တဲ့ အဓိပါယ်က -
ငယ်ငယ်ထဲက ကျင့်ကြံပြီး ဘာမှဖြစ်မလာတဲ့အခါ မင်းရဲ့ ကံကြောင့် မရတာဆိုပြီး ဗုဒ္ဓက ကံကို ပုံချ လူလည်လုပ်တယ်ဆိုတဲ့ သဘော စော်ကား သွားတာ ပါ။

အပေါ်မှာ ဖြေရှင်းပြီးသားဖြစ်တဲ့အတွက် လုံးဝမှားပါတယ်လို့ပဲ ပြောရမှာပါ။
ဗုဒ္ဓဘာသာဝင် ဖြစ်မှသာ ကံ - ကံ ရဲ့ အကျိုးကို သိခွင့်၇တာပါ ။

ဗုဒ္ဓဘာသာဝင်ဖြစ်မှသာ သတ္တ၀ါတွေဟာ သံသရာမှာ ၀ဲဂယက်မှာ တစ်ဝဲလည်လည် ကျင်လည်နေတာသိခွင့်ရတာပါ ။

ဗုဒ္ဓဘာသာဝင်ဖြစ်မှသာ ဒီသံသရာက လွတ်ကြောင်း တရားတွေကို သိခွင့်ရတာပါ။ဘာသာခြား ဖြစ်သွားရင် သိခွင့်မရပါဘူး ။

နူးလည်း ဒီဘ၀ ဒီသာသနာတော်ဝင်ဖြစ်လို့ ဒီအသိတွေရတာပါ။ သံသရာအတွက် အနိမ့်ဆုံး ဒါနလေးနဲ့ ဘာဝနာလေးကို ပါရမီဖြည့်ကျက်ဘို့သယ်သွားမှာပါ။


 အဲ့တော့ ကျနော်ပြောချင်တာက မြန်မာနိုင်ငံတင်မကဘူး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာလူမျိုးရဟန်းသံဃာတွေအားလုံးဟာ ရေနစ်နေတဲ့သူတွေ နဲ့တူတယ်။

ရေနစ်တဲ့ လူကို ကမ်းပေါ်ကနေပြီးတော့ ရေကူးနည်းသင်ပေးသလို သူ့ကို ရေကူးပြလို့လည်း မရဘူး။ နစ်နေတဲ့လူက မွန်းဘို့ပဲရှိတယ် ။ ဒီတော့ ရေနစ်နေတဲ့ လူတွေအတွက် ရေထဲကနေ လွတ်မြောက်ဘို့ ကယ်တင်တဲ့ ရေထဲက ဆင်းဆယ်တဲ့ လူရှိရမယ်။
.
ဘယ်လိုနည်းနဲ့ ပဲဆယ်ဆယ် ။လှေနဲ့ပဲဆယ်ဆယ် တံတားထိုးပြီးတော့ပဲဆယ်ဆယ် ၀ါးလုံးနဲပဲ ဆွဲဆယ်ဆယ် ကြိုးနဲ့ပဲဆယ်ဆယ် ကယ်တင်တဲ့ လူရှမှသာလျှင် ဘာမှမလုပ်ပဲနဲ့ ကမ်းကို ရောက်နိုင်မယ်။

 လောက လူသားတွေဟာ ရေနစ်နေသူတွေဆိုရင် ဗုဒ္ဓ၀ါဒဟာ
လှေတစ်စင်း ဖြစ်ပါတယ်။
ရေထဲမျောလာတဲ့ ၀ါးဖောင် ဖြစ်ပါတယ်။
ဖက်တွယ် ကူးခတ်စရာ သစ်တုံးဖြစ်ပါတယ်။

လောက လူသားတွေဟာ ကန္တာရထဲ လျှောက်နေသူတွေဆိုရင်
ဗုဒ္ဓ၀ါဒဟာ အိုအေစစ် ဖြစ်ပါတယ်

လောကလူသားတွေဟာ လွင်တီးခေါင်မှာ ဖြတ်နေသူတွေဆိုရင်
ဗုဒ္ဓ၀ါဒဟာ နားခိုရာ အရိပ်ကောင်း တစ်ခုဖြစ်ပါတယ်။

ရှင်တို့အယူအရ လူသားတွေက ရေနစ်နေသူတွေဆိုရင်တော့ ရှင်တို့ဖာသာ နစ်နေကြပေါ့ရှင်

ဗုဒ္ဓကတော့ သတ္တ၀ါအားလုံးဟာ ကိလေသာ နွံထဲမှာ လူးနေသူတွေဖြစ်တယ်လို့ ဟောခဲ့ ပါတယ်။
ကိလေသာနွံထဲက ရုန်းထွက်နိုင်အောင် မိမိကိုယ်တိုင် ကြိုးစားရမယ်လို့ ဟောပါ တယ်။

မိမိကိုယ်ကို တောင် မကယ်တစ်နိုင်သူတစ်ယောက်က လူသားတွေကို ကယ်တင်ဘို့ ဆိုတာ စိတ်ကူးယဉ်မျှသာဖြစ်ပါတယ် ။ မဖြစ်နိုင်ပါဘူး။

သူ့ကို ယုံကြည်ရင် ကယ်တင်ပေးနိုင်တယ်ဆိုရင် သူ့ကို အသက်တမျှ ယုံကြည်ြပြီး လတ်တစ်လော ဒုက္ခရောက်နေတဲ့ မွတ်စလင်နိုင်ငံတွေက ခရစ်ယန်တွေကို သာ ကယ်တင် သင့်တာပေါ့ ဓမ္မဆရာ ။

လက်တွေ့ ဘာမှ မလုပ်ပြနိုင်ပဲ မင်းယုံကြည်စွာသေလိုက် နောင်ဘ၀ ထာဝရ ရမယ် ဆိုတာ ကြီးကတော့ အဆင်မပြေပါဘူး ဓမ္မဆရာ။


 အဲ့လိုပဲ ကျနော်တို့ ကမ်မောဂ ဘာဝေါဂ ဒိတ်ထောဂ အ၀ိဇ္ဇောကလို့ခေါ်တဲ့ အာဝေါကလို့ခေါ်တဲ့ သံသရာ ရေယဉ်ကျောကြီးမှာအားလုံးက နစ်နေကြတယ်။
သံသရာ ရေယဉ်ကြောကြီးမှာနစ်နေတဲ့ အတွက် ရေကူးနည်းတွေဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး ။ဘာလို့လဲ ကူးလို့လဲမရနိုင်ဘူးအဲ့ဒိအတွက် ခရစ်တော် ယေရှုဘုရားက ရွေးနှုတ်ပြီးကယ်တင်ခဲ့တယ်။

ဗုဒ္ဓက ရေကူးပြတယ် ရေကူးနည်းတွေကို သွန်သင်ခဲ့တယ် ကမ်းပေါ်ကနေကူးပြခဲ့သလို ကူးပြခဲ့ပေမယ်လို့ သူကမဆွဲနိုင်ခဲ့ဘူး။

ယေရှု ခရစ်တော်က ကူးနည်းကို သင်မပေးဘူး မပြောပြဘူး။ သူပြောလိုက်တဲ့ အရာတစ်ခု က သူ့ကို ယုံကြည်ရင် ထာဝရအသက်ရမယ်တဲ့။ သူကိုယ်တိုင် ဆင်းပြီးတော့ ကယ်တင် ခဲ့တယ်။


Oh My Jesus !!!!

လို့သာအော်လိုက် ချင်တော့တာပဲ ဓမ္မဆရာ ပြောရင်းဟောရင်းနဲ့ ဘုရားချင်းရော ကုန်ပြီ ထင်ပါရဲ့ရှင်


 သြဃ လေးပါးက လွတ်မြောက်အောင် ကယ်တင်တယ် ဆိုတာ -
( ၁ ) ငါ ဆိုတဲ့ အတ္တ ( ဥပမာ- ငါသာလျှင် တစ်ဆူတည်းသော ) မရှိအောင် သင်ပြတာ

( ၂ ) နတ်ဘုံ ကောင်းကင်ဘုံ စတဲ့ ဘုံဘ၀တွေ မှာ နေချင်တဲ့ အတ္တ မရှိအောင် သင်ပြတာ

( ၃ ) ငါရုပ် ငါ့နာမ်တွေဟာ ငါထာဝရ ပိုင်မယ် ။ အရင်ဘ၀ဆိုတာ မရှိဘူး။ သေပြီး နောက်ဘ၀ ဆိုတာလည်း မရှိတော့ဘူး။ ထာဝရ အသက်ရမယ်။ စတဲ့ ဒိဋ္ဌိ အယူ ကို ပါယ်သတ် လိုက်တာ

( ၄ ) သစ္စာလေးပါးကို မသိတဲ့ မောဟ တွေ လုံးဝမရှိ အောင် ကယ်တင် တာကို ပြောတာပါ။

အဲ့တာက ဗုဒ္ဓလေ ။


ရှင်တို့ ဘုရားက

( ၁ ) ငါ ဆိုတဲ့ အတ္တ ( ဥပမာ- ငါသာလျှင် တစ်ဆူတည်းသော ) ကို လက်ခံခိုင်းတာ
( ၂ ) နတ်ဘုံ ကောင်းကင်ဘုံ စတဲ့ ဘုံဘ၀တွေ မှာ နေချင်တဲ့ လာအောင် ဆွယ်တာ
( ၃ ) ငါရုပ် ငါ့နာမ်တွေဟာ ငါထာဝရ ပိုင်မယ် ။ အရင်ဘ၀ဆိုတာ မရှိဘူး။ သေပြီး နောက်ဘ၀ ဆိုတာလည်း မရှိတော့ဘူး။ ထာဝရ အသက်ရမယ်။ စတဲ့ ဒိဋ္ဌိ အယူ ကိုဦးထိပ်ပန်ဆင်တာ။
( ၄ ) သစ္စာလေးပါးကို နကန်း တစ်လုံးမှမသိတာ လေ ဓမ္မဆရာ
အားလုံး ဆန့်ကျင်ဘက်ပဲ။


★ ★ နူးတို့ အယူက သြဃ လေးပါးကို ပါယ်သတ်တာ
★ ★ ဓမ္မဆရာတို့ အယူက အဲ့သြဃ လေးပါး ကို ဦးထိပ်ပန်ဆင်တာ အဲ့ သြဃ လေးပါး ရှိအောင် အဲ့ သြဃ လေးပါးထဲမှာ နစ်မျောနေအောင် လုပ်ပေးမှာလေ ဓမ္မဆရာ ။ ဘုရားတွေ ရောကုန်ပြီ ဓမ္မဆရာ။

 ဒီတော့ စာရင်းချုပ်လိုက်ရင် ရှင်ပြောတဲ့ သာဓက အရ-

သြဃ လေးပါးမှ ကယ်တင်သူဟာ ဗုဒ္ဓဖြစ်ပြီး ။
အပြင်က ရေကူး သင်နေသူက ရှင်တို့ ဘုရားဖြစ်သွား ပါတယ်။


ဘာလို့ လဲ ဒနေ့ကမ္ဘာက လူသားတွေ ကမ္မောဃ စတဲ့ သြဃလေးဖြာ သံသရာထဲကနေ ယေရှုခရစ်တော်ဟာ လက်ဝါးကားတိုင်မှာ အသက်ပေး ပြီးတော့ သေခြင်းတရားကို သုံးရက် မြောက်သောနေ့မှာ ထမြောက် ရှင်ပြန်ခဲ့တယ်။

ဘုရား ဘုရား ….. ယေရှုက သံသရာကို ယုံတယ်တဲ့ လား ဓမ္မဆရာရယ် ။ဘုရားနှစ်ပါး ကို ရောမွှေ ပေးထားတာပါလား ….

သွေးချင်း ကရင် လူမျိုးတွေပြောနေကျ စကားအတိုင်းပြောရရင် ဘုရား နှစ်ပါးကို ပေးညား ထားတာ ပါလား ။

သံသရာ ဆိုတဲ့ ရှေ့ဘ၀ နောက်ဘ၀ ရှိတာကို ယူတာက ဗုဒ္ဓ
သံသရာ ရှေ့ဘ၀ နောက်ဘ၀ မရှိ သူ့ကိုယုံရင် ထာဝရအသက် ပေးမယ့် လက်ဝါး ကပ်တိုင် က ယေရှုလေ

အခုတော့ ရှင်က သံသရာ ( သတ္တ၀ါတွေဟာ ၃၁- ဘုံမှာ သေခြင်း နဲ့ ရှင်ခြင်း ကြား ဆုန် ဆန် လူးလား ကူးခတ်နေကြပါတယ် ) ဆိုတဲ့ အယူကို လက်ခံတယ်လို့ တရားဝင် ပြောင်ပြောင်တင်းတင်း ၀န်ခံထားတဲ့ အတွက် ။

မိမိကိုယ်တိုင် ဗုဒ္ဓ နဲ့ ယေရှု ဘုရားချင်း မှားပြောနေတာ ဓမ္မဆရာ သတိ မထားမိ တော့ဘူး ထင်ပါရဲ့ရှင်။

ဘာလို့လဲဆို ဓမ္မဆရာတို့ ယေရှုက အရင် ဘ၀ ဆိုတာ မရှိဘူး သေသွားရင်လည်း မြေမှုံပြန်ဖြစ်တယ် နောက်ဘ၀မရှိဘူး ။ တစ်ချိန်ချိန် ထာဝရ ထမြောက်ခွင့် ပေးမယ် ဆိုတာ ကိုး။


★ ★ အောက်မှာ သြဃ လေးပါးကို အကျယ် ရှင်းထားပါတယ် ဓမ္မဆရာ နောက်နောင် ဘုရားချင်းမရောအောင်ပေါ့နော်။

ကာမောဃ ဆိုတာ

အဆင်း အသံ အနံ့ အရသာ အတွေ့ အထိ သာယာမှု လောဘ တွေ မရှိတော့ပဲ လွတ်မြောက် အောင် ကယ်တင် တယ်လို့ ပြောတာပါ ။

( ထာဝရအသက်နဲ့ မအို မနာ မသေ အမြဲတမ်း နုပျိုတာကို မျှော်မှန်းနေတဲ့ ခရစ်ယောဝါဒနဲ့ ဆန့်ကျင်ဘက်ပါလား ဓမ္မဆရာ )


ဘဝေါဃ ဆိုတာကတော့

ဘုံဘ၀တွေ ( လူ့ဘုံ နတ်ဘုံ ကောင်းကင်ဘုံ တွေ ) မှာ သာယာတဲ့ လောဘစိတ် မရှိတော့ပဲ လွတ်မြောက်အောင် ကယ်တင်တာကို ပြောတာပါ။
.
( မလွတ် မြောက်ချင်တဲ့အပြင် ငါ့ယုံရင် ကောင်းကင်ဘုံရောက်မယ်လို့ တောင် မဲဆွယ် ထားတာ မဟုတ်လား ဒါလည်း ဗြဒါးတစ်လမ်း သံတစ်လမ်းပဲ )


ဒိဋ္ဌောဃ ဆိုတာကတော့
သတ္တ၀ါရုပ်နာမ်တွေကို ငါ့ဟာ ငါ့ဥစ္စာ ငါထာဝရပိုင်တာ လို့ထင်မှတ်နေတဲ့ သက္ကာရ ဒိဋ္ဌိ
သေမှု မရှိတော့ပဲ ထာဝရ အသက်ရှည်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ
သေပြီး ဘာမှ မဖြစ်တော့ဘူး ထင်နေတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ စတဲ့ ဒိဋ္ဌိ အပြား ( ၆၂ ) ပါး လုံးဝ မရှိတာကိုဆိုတာပါ

( ရှင်တို့ ဘာသာက ဒိဋ္ဌိ ( 62 )ပါးလုံးကို ဦးထပ်ပန်ဆင်ကိုးကွယ်ထားတဲ့ ဘာသာလေ ဓမ္မဆရာ ။သေပြီး ဘာမှ မရှိတော့ဘူး ။ ထာဝရ အသက်ရမယ် လို့တောင် တစ်ထစ်ချ ပြောထားတာ မဟုတ်လား )


အဝိဇ္ဇောဃ ဆိုတာကတော့

သစ္စာလေးပါးတရားကို မမြင်နိုင်အောင် ဖုံးလွှမ်းနေတဲ့ မောဟတွေ မရှိတော့တာကိုပြောတာပါ။

( မြင်ဘို့နေနေသာသာ သစ္စာလေးပါးဆိုတာ ကို နကန်း တစ်လုံးမှမသိတဲ့ ဘာသာမဟုတ်လာ ဓမ္မဆရာ)


သူတပါးအသက်ကိုလည်းသတ် ဘုံဘဝတွေကိုလည်းနှစ်သက် မိမိကိုယ်နဲ့ မိမိကို ယုံကြည်သူတွေ ထာဝရ အသက်ရမယ် မသေတော့ဘူးလို့ အာမခံထားတဲ့ ယေရှုက ဓမ္မဆရာနဲ့ တွေ့မှ

ဘုံဘဝတွေကိုနှစ်သက်ပြီး မိမိကိုယ်နဲ့ မိမိကို ယုံကြည်သူတွေ ထာဝရ အသက်ရမယ် ဆိုတဲ့ အယူမှားတွေ ပျောက်အောင် ခရစ်တော်က ကယ်တင်မယ်လို့ ဖြစ်သွားတော့တယ် ။

နူးတောင် မျက်လုံးပြူးသွားတယ် ။ ခရစ်ယန်ကို ပူးသတ် နေသလားတောင် ထင်မိ တယ် ဓမ္မဆရာ ။

ပိုအံ့သြတာက ဒီဗွီဒီအိုဖိုင်ကို မြတ်မြတ်နိုးနိုး လိုက်ပြပြီး ဦးထိပ်ပန်ဆင်နေတဲ့ ခရစ်ယန် ဘာသာဝင်တွေကို ပေါ့။ခရစ်တော် အယူတွေ မှားကြောင်း လိုက်ပြနေသလိုပါပဲ။


ဒါ့ကြောင့် ယေရှုခရစ်တော်ရဲ့ ဂုဏ်တော်ကို ကြည့်တဲ့အခါမှာ ကိလေသာမာရ် ဒေ၀ပုတ္တ ….. ဆိုတဲ့ မာရ် ၅ပါးကို အောင်မြင်ခဲ့တဲ့ ဘုရားဖြစ်တယ် ဒါကြောင့် ဒီဘုရားက ဒီနေ့လည်း အသက်ရှင်တယ် နောင်လည်းအသက်ရှင်တယ် အရင်တုန်းကလည်းအသက်ရှင်တယ်။
ဒါကြောင့် အသက်ရှင်တဲ့ ဘုရားက ကျနော်တို့ကို ကယ်နေတယ် ကယ်နေတဲ့အချိန်လေးမှာ ကျနော်တို့ နစ်နေတယ် ။ မမောသေးဘူးပေါ့နော် ။ နစ်ပြီးရင် မွန်းပြီးပြုတ်ကျတော့မယ် ။ပြုတ်ကျသွားရင်တော့ ဒါမျှော်လင့်ချက်မရှိတော့ဘူး။နစ်နေတဲ့အချိန် လာပြီးကယ်တင်တဲ့ ကယ်တင်ရှင်ကို ကိုင်စွဲပြီး ကယ်ခံမယ်ဆိုရင် ထာဝရ အသက် ရရှိမှာဖြစ်တယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်။


ရှင်တို့ ခိုးယူသုံးစွဲနေတဲ့ ကျမတို့ သာသနာတော်ရဲ့စကား မာရ် ( ၅ ) ပါးကို ယေရှုခရစ် အောင်မြင်ပါတယ် ဆိုတဲ့ ဟောချက်ကို ကျမ ဖြေရှင်းပြီးသားပါ ။ အောက်က လင့်မှာ ဖတ်ကြည့်နော် ဓမ္မဆရာ။

https://www.facebook.com/photo.php?fbid=1687895021444977&set=a.1376905142543968.1073741826.100006734852492&type=3&theater ( ခရစ်ယန် ဘာသာဝင် သက်ရှင်းစင်ပြောတဲ့ ယေရှုအောင်နိုင်သော မာန်ငါးပါး )


 မြန်မာပါဠိကျမ်း ဗုဒ္ဓလက်စွဲကျမ်းထဲက ပါယ်ထားတဲ့ကျမ်းမှာ ယေရှုခရစ်က မယ်တော် မာရိ ကနေ မွေးမယ်ဆိုတာ ပါတယ်လို့ ကြားဘူးပါတယ် အဲ့တာဟုတ်ပါသလား
ဟုတ်ကဲ့ ကျနော်ကြားဘူးပါတယ် တွေ့ဘူးတယ် ဆိုတာ အရင်တုန်းကသတိမထားမိဘူး နောက်ပိုင်းမှာ သတိထားမိလာတယ် ။ 

အဲ့တာကဘာလဲဆို ဗုဒ္ဓက ပရိနိဗ္ဗာန်စံတော့မယ်။ သေတော့မယ်ပေါ့နော် ။ ကုသိနာရုံ အင်ကြင်းဥယျာဉ်မှာ မြောက်ဖက်ကိုခေါင်းထားပြီး အနောက်ဖက်ကို မျက်မှာမူပြီး တစောင်းနေတယ် ။

 အဲ့ဒီမှာ ရဟန်းပရိတ်သတ် လူပရိတ်သတ်တွေကို တရားဟောပြီး နေတဲ့အချိန်မှာ အာနန္ဒာကမေးတယ် ဘန္ဓေဘဂ၀ါ ဘုန်းတော်ကြီးတော်မူသောဘုရား ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရားလားတဲ့ ကိုယ်တော်မရှိတော့တဲ့အချိန် တပည့်တော်တို့ကို ဘယ်သူက သွန်သင်မလဲ လို့မေးတဲ့အခါ ဗုဒ္ဓက

 ငါ့ရဲ့ ဒီထားခဲ့တဲ့ကျမ်းဂါန်တွေကနေ သင်တို့ကို သွန်သင်လိမ့်မယ် လမ်းပြလိမ့်မယ် တဲ့ လမ်းပြလိမ့်မယ်ဆိုတော့ ဟုတ်ပြီ ဒါဆိုလို့ရှိရင် အရှင်ဘုရားက တစ်ဆုတည်းသောဘုရားလားတဲ့ ဆိုတော့ ဗုဒ္ဓကဘာပြောလဲဆိုတော့ အဟံဥတ္တမံပုတိသော ငါသည် ယောက်ျားတစ်ကာတို့ထက် ကြီးမြတ်သောလူသားပဲဖြစ်တယ်တဲ့ ဧကောဗုဒ္ဓေါ အတ္ထီတိ တစ်ဆူတည်းသော ဘုရားကတော့ ရှိတယ် ဇိနံမရဏံ စဘ၀ိတ်သတိ တဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ သေခြင်းမရှိဘူးတဲ့ သေရင်လည်း ရှင်ရမယ်တဲ့ ဗုဒ္ဓကဟောတယ် အဲ့လိုဟောခဲ့ပြီး ဘာဟောခဲ့လဲဆိုတော့ ဒါဆိုရင်တဲ့ အာနန္ဒာက အဲ့တစ်ဆူတည်းသောဘုရားက ဘယ်အချိန်ကြွလာမလဲတဲ့ အဲ့တာမှာ ဗုဒ္ဓက စိရံတိသတ္ထုသဒ္ဓမော လို့သူသုံးတယ် တစ်ကယ် တမ်းတော့ နှစ်ပေါင်း ၅၀၀ ကို ပြောခြင်းဖြစ်တယ်။

ဟုတ်ကဲ့ပါ
အဟံ ဥတ္တမံ ပုရိသော ဆိုတဲ့စကားဟာ ပါဠိမှာဘယ်လိုမှ ရေးလိုမရတဲ့စာကြောင်းပါ ပုရိသောကို အထူးပြု တဲ့ ပုဒ်ဟာ ပုရိသောနဲ့ လိင် ကိန်း ဝိဘတ်တူရပါတယ် 


ဥတ္တမော ပုရိသော ဆိုမှမှန်မယ် ဒါတောင် စာကြောင်းမပြည့်စုံပါဘူး
ဧကော ဗုဒ္ဓေါ အတ္ထိ ကတော့ ဘုရားမမိန့်ခဲ့တဲ့ပါဠိ လက်ဖြစ်ပါဠိဖြစ်ပါတယ် ။

ဇိနံ မရဏံ န ဘဝိဿတိလည်း လက်ဖြစ် ပါဠိပါ ဘုရားဟော မဟုတ် ပါဘူး
ဒီလိုလည်းရေးလို့ မရပါဘူး ဇိနဿ မရဏံ န ဘ၀ိဿတိ လို့ရေးရပါမယ် ။

ဇိနဿ=   = မြတ်စွာဘုရားအား
မရဏံ =သေခြင်းသည်
န ဘဝိဿတိ = မဖြစ်
ဇိနဿ ဆိုတဲ့ စတုတ္ထီ ဝိဘတ်ပဲ ရေးလို့ ရမယ် ဇိနံ နဲ့ရေးလို့ မရပါဘူး


ဆိုလိုတာက ပါဠိ - မြန်မာ အဘိဓါန်ဘေးချပြီး တစ်လုံးချင်းဘာသာပြန်ပြီး ပြန်ရေးထားတဲ့ သဘောပါ။
ဥပမာ ။ 

ငါ ကျောင်း ကို သွားတယ်
ငါ = I ကျောင်း = School ကို = to သွားသည် = go ဒါကို စုလည်း ရေးလိုက်ရော I school to go .ဖြစ်ကရော ။ သွားတာပဲ အင်္ဂလိပ်စကား။
သူလည်း ပါဠိ အဘိဓါန်ကြီးဘေးချပြီး အဲ့လိုဘာသာပြန်ထားတာပါ။


စိရံ တိဋ္ဌတု သဒ္ဓမ္မော က ဓာတုကထာအဋ္ဌကထာမှာ အရှင်မဟာဗုဒ္ဓဃောသရဲ့ ဆုတောင်းပါ။


အရှင်မဟာ ဗုဒ္ဓဃောသက သူရေးတဲ့ ကျမ်းတစ်စောင်ပြီးတိုင်း စိရံ တိဋ္ဌတု သဒ္ဓမ္မော 

( သာသနာတော် အထွဋ်ရှည် တည်တံ့ ခိုင်မြဲပါစေ ) 
လို့ဆုတောင်းလေ့ရှိပါတယ်။ ဒီဆုတောင်းပါ။ 
( ၅၀၀ ) နဲ့ ပတ်သက်တဲ့ အရိပ် အရောင်တောင် မပါ ပါဘူး


နောက်တစ်ခုက ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓဖြစ်တော်မူစဉ် ကနေစပြီး
ပထမ၀ါကို ဘယ်ဒေသမှာဆိုပြီး ၊ ဘယ်တရားတွေဟောခဲ့တယ်
ဒုတိယ၀ါကို ဘယ်ဒေသမှာဆိုပြီး ၊ ဘယ်တရားတွေဟောခဲ့တယ်
တတိယ၀ါ
စတုတ္ထ၀ါ စသည်ဖြင့် ( ၄၅ ) ၀ါပတ်လုံးနှစ်စဉ်ဝါဆိုတဲ့ ကျောင်းနဲ့ တစ်ဝါဆီမှာ ဟောတဲ့တရားတွေ ကိုစုစည်းထားပါတယ်။အဲ့တာကို ပိဋကတ် သုံးပုံလို့ခေါ်တာပါ။



ဟောတဲ့ တရားတွေမှာလည်း ဗုဒ္ဓက ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကြောင်းကြောင့် ၊ ဘယ်သူ့ ကိုအကြောင်းပြုပြီး ဘယ်တရားကို ဘယ်လိုဟောခဲ့တာ ငါတို့ကြားနာခဲ့ရ ပါသည် ဆိုပြီး ။
နေရာ ဒေသ အချိန် အကြောင်းအရာ ဒေသ ပြည့်စုံစွာ မှတ်တမ်းနဲ့ ပါရှိပါတယ် ။


ဒါကြောင့် ပိဋကတ်တော်တွေကို ခုလို စည်းကမ်းမဲ့ ပြောတာနဲ့ အမှားကို ချက်ချင်း သိပါတယ်။
သာဓက အနေနဲ့ ပြောရရင် ( ၁၃၅ ) မျိုးသော သွေးချင်လား သူခိုးလား ခွဲခြားတတ် သလို ပါပဲ ။ 

ပိဋကတ်တော်တွေက လိမ်လို့ လုံးဝမရပါဘူး။

ဒီတော့ ဓမ္မဆရာပြောတဲ့ ဗုဒ္ဓပရိနိဗ္ဗာန်စံခါနီးကိစ္စမှာလည်း 

ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ခါနီး ပြောကြားချက် မှာကြားချက်တွေကို အချိန်နဲ့ အမျှ ဘယ်အချိန်ဘာမှာခဲ့တယ် ။ 
ဘယ်အချိန် သုဘဒ္ဒပုရပိုဇ်ရောက်လာတယ် ။ 
ဘယ်ချိန်မှာ သုဘဒ္ဒပုရပိုဇ် ရဟန္တာဖြစ်တယ် ။ 
ဘယ်အချိန်မှာ ဘာမှာတယ် ။ 
ဘယ်အချိန်မှာ ပရိနိဗ္ဗာန်ပြုတယ်ဆိုတာ အစဉ်အတိုင်း ပါပါတယ် ။ 
ဒီအကြောင်းတွေကို နူးက ဗုဒ္ဓ၏ နောက်ဆုံးည ဆိုတဲ့ နာမည်နဲ့ ပိုစ့်တင် ထားပါတယ်။ ဖတ်ကြည့်နော် ။
အရှင်ဘုရားက ဘုရားအစစ်လားလို့ မေးတာ ဘယ်သူလဲ သိရတာပေါ့။


နောက်တစ်ခုက အရှင်အာနန္ဒာဟာသောတာပန်ပါ သောတာပန်ဖြစ်ဖြစ်ပြီးတဲ့သူဟ
ဓမ္မကိုသူကိုယ်ကျင့်ပြီး နိဗ္ဗာန်မြင်ပြီးသူဖြစ်လို့ ဒီဓမ္မကိုဟောတဲ့ဗုဒ္ဓကို လုံးဝ သံသယ မရှိတော့ပါဘူး သံသယမရှိသူက ဗုဒ္ဓကို အရှင်ဘုရားက စစ်မှန်တဲ့ဘုရားလား တစ်ဆူတည်းသော ဘုရားလားလို့ မေးပါ့မလား။

ဒါကြောင့် ဓမ္မဆရာပြောတဲ့ အနာဂ၀ိန်ဒစက္ခုကျမ်းကို တွေ့ချင်ရင် ဌာပနာထားတဲ့ ဘုရားတွေဖြိုကြည့်ဆိုပြီး ဘုရားတွေပါဖြိုရအောင် အိုင်နဲ့ ကျင်းနဲ့ သံသရာနဲ့ ရင်းပြီး လက်ရှိဘ၀ ဗွီဒီအို ဖိုင်မှာတောင် မိမိသွားရေ မိမိမနိုင်တော့ပဲ သွားရေတများများကျနေရှာ တဲ့ မဟာ အ၀ီဇိသွားတော့မယ် သနားစရာလူလိမ်နဲ့ သူ့ကိုထောက်ခံတဲ့ သူ့နောက်လိုက်တွေ စကားကို နားမယောင်ဘို့ ပဲ ပြောပါရစေ။

https://www.facebook.com/photo.php?fbid=1753058664928612&set=a.1376905142543968.1073741826.100006734852492&type=3&theater ( ဗုဒ္ဓ၏ နောက်ဆုံးည )


သို့သော်လဲ လူတွေက သာသနာ ၅၀၀၀ ဆိုပြီးစေတန်က သုညတစ်လုံးတိုးပေးလိုက်တာကိုး ။

သာသနာနှစ် ( ၅၀၀ ) သို့မဟုတ် ( ၅၀၀၀ ) နဲ့ ပတ်သက်ပြီးလည်း နူးပိုစ့်တင်ထားပြီးပါပြီ ။အောက်ကလင့်မှာ ဖတ်ကြည့်ပါ။

https://www.facebook.com/photo.php?fbid=1859209730980171&set=a.1376905142543968.1073741826.100006734852492&type=3&theater (((( သာသနာနှစ် ( ၅၀၀ ) လား ( ၅၀၀၀ ) လား ။ ))))


 မာနတ်က ဗုဒ္ဓကိုနိုင်တယ်လေ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓက ဘုရားအဖြစ် ခံယူမယ်ဆိုပြီး တောထွက်တုန်းက မာနတ်ကတားတယ် အဲ့မှာဘုရားဖြစ်မယ်ဆိုပြီးတော့ ကြေငြာတဲ့
နေ့မှာလဲမာနတ်ကလာတိုက်တယ်နောက်ပြီးတော့ဗုဒ္ဓကိုပရနိဗ္ဗာန်စံဘို့လာပြောတယ် နောက်ဆုံးအချိန်ရောက်တော့ ဗုဒ္ဓကို ဘယ်တော့ ပရိနိဗ္ဗာန်စံမလဲ ခင်ဗျားပရိနိဗ္ဗာန်စံတော့လို့ လာပြောတဲ့အခါ ဗုဒ္ဓက ဘာပြောလဲဆိုတော့နောက် ဆယ်လကြာရင် ငါပရိနိဗ္ဗာန်စံမယ်ဆိုပြီးဗုဒ္ဓက၀န်ခံခဲ့ရတယ် ။
အဲ့တော သူစံခါနီးမှာမာနတ်ကအမြဲတမ်း ဗုဒ္ဓကို ဘယ်လိုလာပြီး ပြောလိုက်လဲဆိုတော့ သုညတစ်လုံးပိုပေးလိုက်တယ်နှစ်ပေါင်း ငါးထောင်ဆိုတော့ ဒီနေ့ဗုဒ္ဓဘာသာဝင်တွေမနေနဲ့ စိရံတိဒ္ဓတု သတ္တမောနှစ်ပေါင်း ၅၀၀၀ သာသနာရှည်မယ်ဆိုပြီးတော့ လက်လျှောက်ကြတဲ့အခါမှာလွဲမှားမှုတွေ ရှိလာတယ်။
ဟုတ်ပြီ အဲံလိုနဲ့ ဗုဒ္ဓက ကုသိနာရုံ အင်ကြင်းဥယျာဉ်ထဲမှာ ဘာတရားတွေဟောတုန်းဆိုတော့ သုဒသသနသုတ္တံလိုကခေါ်တဲ့ သုတ်တစ်ခုကို ဟောတယ်
အဲ့တာပြီးတော့ သုဘဒ္ဒပရပိုဇ်ကို ရဟန်းဖြစ်စေတယ် အဲ့တာပြီးတဲ့ အခါမှ အနာဂ၀ိန်သ စက္ခုဆိုတဲ့ လကာင်္ကျမ်းကိုဟောတယ်
အဲ့တာပြီးတဲ့အခါ နောက်ဆုံး ဟန်ဒတာနိဘိက္ခဝေ အာမာန်တရာမိ ၀ရာဒါမသင်္ခါရ အပ္ပမာဒေန … ဂါထာနဲ့ နောက်ဆုံးဟောပြီးတော့မှ ဗုဒ္ဓက ဘာမှမပြောတော့ပဲ ၀ဇိပိတ်ပြီးတော့ သူရဲ့ တရာတော်တွေ အဏုလုံ ပဋိလုံ သုံးသပ်ရင် ပရိနိဗ္ဗာန်စံသွားတယ်။



 ဗုဒ္ဓက ဘုရားဖြစ်မယ့် ညမှာ မာရ်နတ်ကြီးကို အောင်မြင်တော်မူတော့ မာရ်နတ်ကြီးက မြေကြီးမှာ လက်သည်းနဲ့ အစင်းကြောင်းတွေခြစ်ပြီး ငါသာသိဒ္ဓတ္ထ လို့ကျင့်ကြံ အားထုတ်ခဲ့ရင် ငါဟာလောကမှာဘုရားဖြစ်ပြီ ဆုံးရှုံးခြင်းကြီးလေးစွလို့ ညည်းတွားတဲ့ခဲ့တယ်လို့ ဆိုပါတယ်။

မာရ်နတ်က မိမိကိုယ်ကို ထာဝရ ဘုရားလို့အထင်ရောက်နေသူပါ
ဗုဒ္ဓကို ရှုံးနိမ့်ပြီး မာရ်နတ်ဟာ ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးတရားချတဲ့ အတွက် နောင်တရပြီးပါပြီ

ဒါပေမယ့် သူ့စိတ်ထဲက လူသားတွေရဲ့ ထာဝရဘုရားဖြစ်ချင်စိတ်က မရပ်ပါဘူး
ဒါကြောင့် ဗုဒ္ဓဆီ ခနခန ချည်းကပ်ပြီး အရှင်ဘုရား ဘုရားရှင်တို့သည် ဘယ်အချိန် ပရိနိဗ္ဗာန် ပြုကြပါသနည်း
ဗုဒ္ဓက မာရ ဘုရားရှင်တို့မည်သည် ပရိတ်သတ် လေးပါးစုံတဲ့ အချိန်မှာ ပရိနိဗ္ဗာန်ပြုကြ ပါသည်
အရှင်ဘုရား ပရိသတ်လေးပါး စုံပြီး ဘယ်လောက်ကြာမှာ ဗုဒ္ဓတွေ ပရိနိဗ္ဗာန်ပြုကပါသလဲ အရှင်ဘုရားရော ဘယ်အချိန်မှာ ပရိနိဗ္ဗာန်ပြုမှာပါလဲ ဒီလိုလာလာမေးတာပါ။

( ဗုဒ္ဓမရှိမှ သူက လူသားတွေကို ကာမဂုံအာရုံမှာပျော်မွေ့စေပြီး သူက ထာဝရ ဘုရား လုပ်မှာကိုး လက်ရှိ လူတွေ သိန်းချီ သန်းချီ သတ်တဲ့ ခရူးဆိတ်တွေနဲ့ မဟာမေဒင် တွေဟာ ဗုဒ္ဓမရှိတဲ့နောက်ပိုင်း မာရ်နတ်ကြီးစနက်လို့ ပဲ နူးကတော့ထင်မိတယ်။ ဗုဒ္ဓ ဘယ်အချိန် ပရိနိဗ္ဗာန်ပြုမလဲသာ မသိတာ သူကထာဝရ တန်ခိုးရှင်က လုပ်ချင်သေးတာ ကိုး ။ )

မာရ်နတ်နဲ့ ပတ်သက်လို့ကတော့ ဒီလောက်ပါပဲ မာရ်နတ်က ဗုဒ္ဓကိုမနိုင်တာဘုရား မဖြစ်ခင်ညထဲကပါ။

ကျန်တာတွေကတော့ ဗုဒ္ဓ၏နောက်ဆုံးည မှာ ပါပြီးသားတွေပါ။
သုဘဒ္ဒပုရပိုဇ် ကိုတရားဟောပြီး ဗုဒ္ဓက ဘာကျမ်းမှမဟောပါဘူး သာသနာတော်နဲ့ ဆိုင်တဲ့ မိန့်မှာစရာရှိတာတွေကိုပဲ နောက်ဆုံးမိန့်မှာတော်မူခဲ့ပါတယ်။ ပိုစ့်မှာဖတ်ပါ။


 အဲ့ဒီမှာ အနာဂ၀ိန်နစက္ခုဆိုတဲ့ ကျမ်းကို အရေးကြီးပြီ ဘာလို့တုန်းဆိုတော့ ဒီကျမ်းက စတုတ္ထသင်္ဂါယနာ သီရိဓမ္မာ သောက မင်းကြီးလက်ထက် အထိ ဒါရှိခဲ့တယ်။
ပဉ္စမ သင်္ဂါယနာဖြစ်တဲ့ ထောင့်ရှစ်ရာ ခြောက်ဆယ်ကျော်ပေါ့ ( ၆၄-၆၅-၆၈ ) ၀န်းကျင်မှာ မန္တလေးမြို့မင်းတုန်းမင်းက ပဉ္စမအကြိမ် သင်္ဂါယနာတင်တော့ သူက သင်္ဂါယနာမတင်ခင် သမ္မာ ကျမ်းစာအုပ်က ဆရာကြီးယုဒသန်က ( ၁၈၂၉ ) ၀န်းကျင်လောက်မှာ ဘာသာပြန်ပြီးသွားပြီးတော့ ဘကြီးတော်ပဒုံမင်းလက်ထဲကိုအပ်ခဲ့တယ် အဲ့တော့ သူများက လက်ဆောင်ပေးတဲ့စအုပ်ဆိုတော့ သူကဖတ်၇တယ် အဲ့အချိန်မှာ မင်းတုန်းမင်းရဲ့ ငယ်နာမည်က မောင်လွင်လို့ခေါ်တယ် သူကကျောင်းမှာတက်ရင် သူ့ရဲ့ဖခင်ဘုရင်ကြီးနားထောင်တာကို ကြားခဲ့တယ် နောက်ဆုံးမှာတော့သူကဘုရင်ဖြစ်လာတယ်မင်းတုန်းမငးဆိုတာဖြစ်လာတော့ ဒီကျမ်းစာအုပ်ထဲကအကြောင်းကိုသိတယ် အနာဂ၀ိန်သစက္ခုကျမ်းဆိုတာလဲသိတယ်။ သိတဲ့အခါ သူစဉ်းစားတယ် အနာဂ၀ိန်နစက္ခုကျမ်းဆိုတာပါယ်လို့ရတယ် သမ္မာကျမ်းစာ မပါယ်နိုင်ဘူး တစ်ကျမ်းပါယ်ရမယ် ဒါကြောင့် အနာဂ၀ိန်နစက္ခုကျမ်းကိုပါယ်မယ် ဒါဆိုလို့ ရှိရင် လူတွေခရစ်တော်ကို မသိနိုင်ဘူး မဟုတ်ရင်တော့ မန္တလေးမှာတည်ထားတဲ့ ဘုရားတွေ ကျီးနားလိမ့်မယ်။ ဒါနဲ့ သူ ရှမ်းကလေးကျွန်းဆရာတော် ဗားဂရာဆရာတော် တောင်ဖီလာဆရာတော်တွေကိုလျှောက်ပြီးတော့ သင်္ဂါယနာတင်တဲ့ထဲမှာ ဒါမပါဘို့ပြောတယ်
အဲ့ဒိမှာ ဗန်းမော်ဆရာတော်ဦးပဏ္ဍိတက မဟုတ်ဘူး မှန်တဲ့နောက်ကိုလိုက်ရမယ် မှန်တဲ့ ဟာကိုသင်္ဂါယနာတင်ဆိုတော့ သင်္ဂါယနာကိာနှောင့်ယှက်သူဆိုပြီးတော့ မန္တလေးနန်းတွင်းထောင်ထဲမှာ ဦးပဏ္ဍိတကို သုံးနှစ် ထောင်ချခဲ့တယ်။
ခရစ်တော်ကိုတောင်မသိသေးဘူး သမ္မာတရားနဲ့ ပတ်သက်ပြီး ထောင်သုံးနှစ်ကျခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဘုန်းကြီးဦးပဏ္ဍိတ
အဲ့မှာ သူတို့ စာအုပ်ကို မတင်ခဲ့ဘူး မတင်ခဲ့တော့ ( ၁၈၆၄ ) ခုနှစ် ရန်ကုန် သုတာမ၀တီစာပုံနှိပ်တိုက်ကနေ ပုံနှိပ်တဲ့သူကတော့ ပဲခူးမြို့သာသနာမဏ္ဍိုင်ကျောင်းတိုက်မှာရှိတယ်။ ပထမမာန်လည်ဆရာတော်ကြီးရဲ့ပေစာနဲ့ ရေးထားတဲ့ စာမူလည်း ခုဆိုလို့ရှိရင် ပဲခူး၊က၀၊ရုံးကျောင်းဆရာတော်ဘဒ္ဒန္တဇာဂရက ( ၁၉၉၉ ) ခုနှစ်မှာ အဲ့ကျောင်းက ဘုရားမှာ ဌာပနာထားတယ်
ဒီပေစာထဲမှာဘာတွေ့ရသလဲဆိုတော့ နာဘိက္ခဝေ အင်ညံ ဧက ဓမ္မာမိဆိုပြီးတော့ ဗုဒ္ဓစဟောတဲ့တရားကို တွေ့ရတယ်
အဲ့မှာဘာတွေ့ရလဲဆိုတော့ ချစ်သားတို့ ငါတစ်ပါးသောအချိန်အခါမှာ တစ်ခုတည်းသောတရားတို့နဲ့ရျုမှတ်ပွားများ ဆင်ခြင်တဲ့အခါမှာ တစ်ဆူတည်းသောဘုရားကိုငါတွေ့ရတယ် ။
ထိုဘုရားဟာ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိသောသူ၏ အပျိုကညာကမွေးတဲ့သားဖြစ်တယ် သူက ဓါး လှံ လက်နက်နဲ့ ပရိနိဗ္ဗာန် စံမယ် ပရိနိဗ္ဗာန်စံပြီးမှ ထာဝရ အသက်နဲ့ ရှင်သောဘုရားဖြစ်တယ်လို့ဟောတယ်။


အနာဂ၀ိန္ဒစက္ခုကျမ်းဆိုတာရှိခဲ့ရင် ပိဋကတ်သုံးပုံ ကျမ်းအုပ်ပေါင်း ၄၉ - အုပ်ရဲ့ ဘယ်စာအုပ် ဘယ် နိကာယ ကျမ်းချက်ဘယ်လောက် ဘယ်အချိန်က ဘယ်နှစ်ဝါမြောက်မှာ ဘာကို အကြောင်း ပြုပြီး ဘယ်လို ဟောတော်မူခဲ့ပါသလဲ ။
ဖြုတ်ခဲ့တယ် ဆိုရအောင်ကလည်း ဓမ္မခန္တာပေါင်း ( ၈၄၀၀၀ ) က နဂိုအတိုင်း တစ်ခုမှမလျှော့ ။

မဟာပရိနိဗ္ဗာနသုတ်မှာပါသမျှကိုလည်း ဗုဒ္ဓ၏ နောက်ဆုံးညမှာ တင်ပြီးပါပြီး သုတ္တံထဲမှာလည်း ဗုဒ္ဓစံလွန်တော်မူချိန်အထိ အသေးစိတ် အချိန်မလပ် အကြောင်းတွေ ပါ ပါတယ်။ ဒါကို မာရိအကြောင်း ဘယ်အချိန်များ ဖြတ်ပြောလိုက်ပါလိမ့်။

ပြီးတော့ ဗုဒ္ဓက ပရိနိဗ္ဗာန် စံခါနီးမှာ သင်္ခါရတရားတွေက မမြဲကြဘဲ ပျက်စီးကြတယ် ဒါကြောင့် မမေ့မလျော့ နေကြလို့ဟောထားခဲ့ပါတယ် မမြဲဘူးဟောထားပါလျှက် ဗုဒ္ဓက မသေဘဲ အမြဲတည်တဲ့ထာရဝရဘုရားရှိတယ် လို့မိန့်တာ ဖြစ်နိုင်ပါ့မလား

အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
မြတ်စွာဘုရားတို့မည်သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် ပရိနိဗ္ဗာန်စံရိုး ထုံးစံမရှိ။ သူတပါးတို့၏ လုံ့လပယောဂ လုံးဝမရှိဘဲ လျက်သာလျှင် မိမိဖာသာ ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။ စသည်ဖြင့် ဘုရားရှင်ကိုယ်တောင်တိုင်ဟောထားပြီးသားရှိပါလျှက်
ဓားလက်နက်နဲ့ သေဆုံးပြိး ပြန်လည်ရှင်သန်ထမြောက်၏ ဆိုတော့ ဘုရားမဟုတ်တာ အသေချာ ပါပဲ ။ ထွက်ရပ်ပေါက် ဆရာ အဆင့်ထက်မပိုပါဘူး။

နောက်ဆုံးအနေနဲ့ သာသနာတော်ကို စော်ကားတဲ့ ယုဒသန် ရဲ့ ကမ်းကုန်အောင် ယုတ်ညံ့မှု အကြောင်း ကို ဆရာမောင်သွေးချွန် ရေးတဲ့ စောင်းပါး လေးနဲ့ နိဂုံးချုပ်လိုက် ပါတယ်။


ခရစ်နှစ် ၁၈၁၅ ခုနှစ်က အင်းဝရွှေနန်းတော်သို့ အမေရိကန်သာသနာပြု ဆရာယုဒသန် ရောက်လာပြီး ဘကြီးတော်မင်းကို သာသနာပြုခွင့် လျှောက်လွှာနဲ့အတူ ခရစ်ယာန် ကျမ်းစာ နမူနာကိုပါ ဆက်ကပ်ပါ တယ်။

ခရစ်ယာန်ကျမ်းစာအုပ်အဖွင့်မှာ
'ငါသည် ထာဝရဘုရားဖြစ်သည်၊ ဤ လောက၌ တစ်ဆူတည်းသော ဘုရားဖြစ်တယ်၊ အခြားသောဘုရားများကို မကိုးကွယ်ရ' စသည်ဖြင့် ပါရှိတယ်။ 


ဘကြီးတော်ဘုရင်ဟာ အဲဒီကျမ်းစာ အဖွင့်စာကြောင်းအချို့ကိုဖတ်ပြီး ဘာမှမပြော တော့ဘဲ စာအုပ်ကို ကြမ်းပေါ်ပစ်ချလိုက်တယ်။
(၂ဝ၁၅ စက်တင်ဘာလထုတ် ညိုမြ၏ အိုးဝေ လက်ဖက်ရည်ကြမ်းဝိုင်း စာ-၁၁၅)
ဆရာဦးညိုမြက ဒီလိုဆက်ပြီး မှတ်ချက် ရေးပါတယ်။

'ဆရာယုဒသန်ရဲ့ အကြိုက်ကိုလိုက်ပြီး မြန်မာဘုရင်က ဗုဒ္ဓဘာသာကျောင်းကန်စေတီ တွေ ဖျက်ပစ်ရတော့မလား။ ခရစ်ယာန်ဆရာကြီးဟာ အမှန် အားဖြင့် မြန်မာဘုရင်ကို မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုတစ်ရပ်လုံး ဖြိုဖျက်ပေးတော်မူဖို့ သံတော်ဦးတင်နေခြင်း မဟုတ်ပါလား' (၄င်းစာ -၁၁၆)

တကယ်လို့ ဘကြီးတော်ဘုရင်သာ ခရစ် ယာန်ဘာသာကို လက်ခံလိုက်ရင် အဲဒီအချိန် ကတည်းက မြန်မာတစ်နိုင်ငံလုံး ဗုဒ္ဓသာသနာ တော်ကြီး ပြိုပျက်သွားနိုင်ပါတယ်။

ဘာဖြစ်လို့ လဲဆိုတော့ ဘုရင်က မင်းမိန့်မင်းအာဏာနဲ့ 'ဗုဒ္ဓဘာသာမကိုးကွယ်ရ၊ ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်'လို့ အမိန့်ထုတ်လိုက်ရင် ဗုဒ္ဓသာ သနာတော်ကြီး ပြိုပျက်သွားနိုင်တယ်မဟုတ်ပါ လား။

တစ်ပြည်လုံးကို စည်းရုံးသာသနာပြုရ တာထက် ဘုရင်ကဲ့သို့သော အာဏာအရှိဆုံး ပုဂ္ဂိုလ်ကို သိမ်းသွင်းနိုင်ရင် တစ်ပြည်လုံးကို လွှမ်းမိုးပြီး ဖြစ်နေတော့တယ် မဟုတ်ပါလား။
မွန်ရာဇဝင်မှာ ဘုရင်ကို စည်းရုံးသိမ်း သွင်းပြီး ဗုဒ္ဓသာသနာတော်ကြီးကို ဖျက်ဆီးပစ် ခဲ့တဲ့ အစဉ်အလာ ထုံး သက်သေသာဓက အ ခိုင်အမာရှိပါတယ်။

ဥဿာ ပဲခူး နေပြည်တော် ကြီးကို အစိုးရတဲ့ တိဿဘုရင်ကြီးထံ ဘာသာ ခြား သာသနာပြုသံတမန်အဖွဲ့ရောက်လာပြီး အဆန်းတကြယ်နိုင်လှတဲ့ လက်ဆောင်ကောင်း တွေ ဆက်သတယ်။

သူတို့တိုင်းပြည် ဘယ် လောက်ထိ ဝပြောစည်ပင်ကြောင်းတွေ လျှောက်ထားတယ်။ သူတို့ဘုရင် ဘယ်လောက် ထိ ဘုန်းတန်ခိုးတေဇာသြဇာအာဏာကြီးမား ကြောင်းတွေြ<ွကားဝါပြောဆိုတယ်။ 


နောက်ဆုံး တော့ သူတို့ဘုရင်လိုဖြစ်ချင်ရင် သူတို့ဘာသာ ထဲ ကူးပြောင်းရမယ်၊ 

ဗုဒ္ဓဘုရားဆင်းတု ကိုး ကွယ်မှုတွေ စွန့်လွှတ်ရမယ်၊ 
ဘုရားဆင်းတု တော်တွေ ဖျက်ဆီးပစ်ရမယ် စသည်ဖြင့် ဖြား ယောင်းသွေးဆောင် ချောက်တွန်းပြောဆိုတော့ တယ်။

ဘုရင်ကလည်း အာဏာရူးဘုရင်၊ ဘုန်း ကြီးချင်တဲ့ ဘုရင်၊ ဆင်ခြင်တုံတရား တစ်ကျပ် သားတောင်မရှိတဲ့ ဘုရင်ဆိုတော့ ဘာသာခြား တွေပြောတဲ့အတိုင်း နန်းဦးမှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓဘုရားရုပ်ပွားတော်တွေသာမက တစ်ပြည် လုံးက ဘုရင်ဆင်းတုတော်တွေ စွန့်ပစ်စေ တယ်။ 

ဖျက်ဆီးပစ်စေတယ်။ 
စွန့်တဲ့နေရာမှာ မြစ်ချောင်းအင်းအိုင်တွေထဲသာမက အိမ်သာ ထဲအထိပါ စွန့်ပစ်စေတယ်။ 
မိုက်ချက်က ကမ်း ကုန်နေပြီ။

အဲဒီမှာ 'တလထော်'ဆိုတဲ့ သမီးငယ် လေးကတော့ သူ့အိမ်က ဗုဒ္ဓရုပ်ပွားတော်တွေ ကို မစွန့်ပစ်တဲ့အပြင် ပန်းဆီမီးအမွှေးနံ့သာ တွေနဲ့ ပူဇော်အထူးပြုနေပါသတဲ့။ 


ဒီသတင်း ဘုရင့်ထံ ပေါက်ကြားသွားတော့ သမီးငယ်လေး မင်းပြစ်မင်းဒဏ်သင့်ပြီပေါ့။ 

သမီးလေး တလ ထော်ကို ဆင်နဲ့နင်းသတ်အံ့ဆဲဆဲမှာ သမီးလေး က ဗုဒ္ဓဂုဏ်တော်တွေ ရွတ်ဆိုအာရုံပြုပြီး အဓိ ဋ္ဌာန်လိုက်တာနဲ့ မြောင်းထဲ၊ ချောင်းထဲ၊ အိမ်သာ ထဲ စွန့်ပစ်ထားတဲ့ ဘုရားရုပ်ပွားတော်တွေ လေထဲကြ<ွကတော်မူလာပြီး ကောင်းကင်ထဲ တည်နေတော်မူကာ အဖူးခံပါတယ်။

ဒီတော့မှ ဘုရင်ကြီးဟာ တို့ဘုရား၊ တို့သာသနာ ဒီ လောက်တန်ခိုးကြီးပါသလားဆိုပြီး အမြင်မှန်ရ သွားတာ။

ညောင်ရမ်းခေတ် မြန်မာရာဇဝင်မှာ လည်း သန်လျင်မှာ ပေါ်တူဂီလူမျိုး ဘာသာ ခြားငဇင်ကာ လွှမ်းမိုးအုပ်ချုပ်စဉ် ဗုဒ္ဓသာသနာ တော်ကြီးကို ဖျက်ဆီးပစ်ခဲ့တာပဲ။

ဘုရား ဆင်းတုတော်တွေ အရည်ကျိုပြီး အမြောက်ဆံ သွန်းလုပ်၊ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးတာ တောင် ပုန်းလျှိုးကွယ်လျှိုးလုပ်ခဲ့ရနဲ့...၊ ငဇင် ကာဆီ စစ်ကူတောင်းတဲ့ တောင်ငူဘုရင် နတ် သျှင်နောင်ပင်လျှင် ဗရင်ဂျီဘာသာထဲ ကူး ပြောင်းခဲ့ရတယ် မဟုတ်လား။

အဲဒီလို ဘာသာ သာသနာကို ဖျက်ဆီးသူတွေကို အနောက်ဖက် လွန်မင်းက ဆုံးမကွပ်မျက်နိုင်ခဲ့လို့သာ ဗုဒ္ဓသာ သနာတော်ကြီး အဓွန့်ရှည်ခဲ့တာ မဟုတ်ပါ လား။


တိုင်းပြည်တစ်ပြည်ကို မဆိုထားနဲ့၊ နေရာ ဌာနတစ်ခုမှာ ဘာသာခြားက အကြီးအကဲဖြစ် နေရင်တောင် ကိုယ့်ဘာသာ သာသနာ ယဉ် ကျေးမှုတွေ မရှင်သန်နိုင်ပါဘူး။

ဘကြီးတော်က ခရစ်ယာန်ကျမ်းစာကို ငြင်းပယ်လိုက်တဲ့အခါ ဆရာယုဒသန်တပ် ခေါက်ပြီး ပြန်သွားခဲ့ရပါတယ်။
ဒါပေမယ့် ဇွဲမ လျှော့ပါဘူး။ ခရစ်ယာန်ဘာသာ ပြန့်ပွားရေး အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ရာမှာ နောက်ဆုံးနည်း ကတော့ ဗုဒ္ဓဘာသာကို တိုက် ခိုက်ပြီး ခရစ်ယာန်ဘာသာက သာလွန်ကောင်း မွန်ကြောင်း ဝါဒဖြန့်တဲ့အနေနဲ့ 'ရွှေချိန်ခွင်' စာအုပ်ကို ပုံနှိပ်ထုတ်ဝေဖြန့်ချိပါတော့တယ်။


အမှန်တော့ ရွှေချိန်ခွင်သည် ဗုဒ္ဓ ဘုရားကို ပြစ်မှားစော်ကားတိုက်ခိုက်ထားတဲ့ စာတစ်အုပ်ဖြစ်ပါတယ်။

ရွှေချိန်ခွင်စာအုပ်ကို ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ကို မန္တလေးမြို့က ဗုဒ္ဓသာသနာပြုအသင်း ဥက္ကဋ္ဌ ဒကာဦးကျော်ရန်က ပေးပို့ဆက်ကပ်ခဲ့ ခြင်းဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်မှာ လယ်တီဆရာတော်ကြီးဟာ ကျန်းမာရေး လည်း မကောင်းလှပါဘူး။

'လယ်တီဆရာတော်ကြီးသည် ဦးကျော် ရန်ထံမှ ပေးပို့သော ရွှေချိန်ခွင်နှင့် မြန်မာတ မန်စာတို့၏ ရှင်းလင်းချက်ကို လက်ပတောင်း တောင် ဝါဆိုစင်္ကြန်ကျောင်း၌ ကိုယ်လက်မအီ မသာရှိစဉ် ရောဂါကို မငဲ့ကွက်ဘဲ ရေးသား တော်မူရာ ထိုနှစ် သက္ကရာဇ် ၁၂၆၉ ခုနှစ် သီတင်းကျွတ်လဆန်း ၈ ရက်နေ့ (အေဒီ-၂၈ စက်တင်ဘာလ၊ ၁၉ဝ၃ ခုနှစ်)တွင် ရေးသား ပြီးစီးပါသည်။' 

(ဦးအောင်မွန် လယ်တီဘဝဖြစ် တော်စဉ် စာ-၅၁၄)


'ရွှေချိန်ခွင်စာတွင် စာမျက်နှာ နံပါတ် ၅ ဂဏန်းမှစ၍ ၁ဝ ဂဏန်းတိုင် ဘုရားချင်း ချိန်စက်ပြိုင်ချက် ပါရှိ၏။'
'ရွှေချိန်ခွင် အဆို'
၁။ (က) အနှစ် ၄၅ နှစ်သာ ဘုရားအ ဖြစ်၌တည်သော ရှင်ဂေါတမကား မြတ်သ လား။
(ခ) အစမတင် အဆုံးမရှိ ကမ္ဘာအ ဆက်ဆက် အနန္တကာလပတ်လုံး ဘုရားဇာတိ နှင့် ပြည့်စုံတော်မူသော ထာဝရဘုရားကား မြတ်သလား။


၆-နံပါတ်မျက်နှာ အောက်ဆုံးကြောင်း၌
'တိုင်းမွန်၊ နိုင်ငံမွန်မြတ်မဟုတ် ခပ်ယုတ် ယုတ်ဖြစ်သော ကောဋ္ဌသ ဆယ့်ခြောက်ပြည် အတွင်း ဟိန္ဒူကုလား နတ်အမျိုးထဲမှာ ပေါ်လာ သော ရှင်ဂေါတမကား မြတ်သလော'
၇-နံပါတ်မျက်နှာ၌
(က) ကံ၏ကျွန်ဖြစ်သော ရှင်ဂေါတမ ကား မြတ်သလော။
(ခ) ကံ၏သခင်လော ကုတ္တရာဘုရင် ထာဝရဘုရားရှင်ကား မြတ်သလော။
၈-နံပါတ်မျက်နှာ၌
(က) ကကုသန်၊ ကောဏာဂုမ် စသော မရေတွက်နိုင်အောင် များစွာအတုရှိသော ရှင် ဂေါတမကား မြတ်သလော။
(ခ) ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ ၃ ပါး၌ တစ်ရံတစ်ခါမျှ ပြိုင်ဖက်နိုင်သူမပေါ် အတုမဲ့၊ အတုမရှိ ခပ်သိမ်းသော ပုဂ္ဂိုလ်တို့ထက် အလွန်အကဲထူးမြတ်တော်မူသော ဧကထာဝ ရဘုရားကား မြတ်သလော။
၉-နံပါတ်မျက်နှာ၌
(က) အသက်မရှိ အဝိညာဏက ရုပ် တု၊ ဆင်းတု၊ စေတီပုထိုးတည်းဟူသော ရှင်ဂေါ တမ၏ ကိုယ်စားတော်ကား မြတ်သလော။
(ခ) ဘုရားသခင်တစ်ဆူတည်းဖြစ် အောင် ပေါင်းဖက်သော ခမည်းတော်၊ သား တော်၊ သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူ သော သုံးပါးသောသူတို့တွင် တတိယသူအ တွင်း သက်သေဥပဇ္ဈာယ်အရာ ဝိညာဉ်တော် တည်းဟူသော ဘုရား၏ ကိုယ်စားတော်ကား မြတ်သလော။

စသည်ဖြင့် ဆရာယုဒသန်က ရွှေချိန် ခွင်မှာ မေးခွန်းတွေထုတ်ပြီး ဘုရားချင်းနှိုင်း ယှဉ်ပြခဲ့ပါတယ်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို ချိုးနှိမ်စော်ကား ရေးသားထားပြီး ထာဝရဘု ရားကို အမွှမ်းတင်ထားတာ တွေ့ရပါလိမ့်မယ်။


ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီးက ရွှေချိန်ခွင်ပါ ဆရာယုဒသန်ရဲ့ ရေးသားချက်များကို တစ်ချက်ချင်း ပြင်းပြင်း ထန်ထန် တုံ့ပြန်ချေဖျက်တော်မူခဲ့ပါတယ်။


(ယခု ကျွန်တော်တို့ရေးနေတာထက် အဆတစ် ရာမက ပြင်းထန်တဲ့စကားလုံးတွေနဲ့ ချေမှုန်း တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ဆရာတော်ဘုရား ကြီးရဲ့ အရေးအသားတွေဟာ အားပါလွန်းတဲ့ အတွက် တစ်ဖက်သား မခံနိုင်မှာစိုးလို့ အားလုံး ကို ဖော်ပြခြင်းငှာ မသင့်တော်ပါ။ အပြည့်အစုံ ကို ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာလက တရားဝင် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ခရစ်ယောဝါဒ ပုစ္ဆာအဖြေ ပေါင်းချုပ်မှာ ရှာဖွေဖတ်ရှုကြည့်ကြပါကုန်။)

မောင်သွေးချွန်
၂ဝ.၂.၂ဝ၁၆

ကဲ မောင်လေးညီမလေးတို့ရေ -
ဒီလောက်ဆို အက်စ်ဂွန်အောင်ကို ပါယ်ပြီးတော့ အက်စ်ဂွန်အောင် အမေးတွေနဲ့ ကိုးကား လူတွင်ကျယ်လုပ်နေသူ ခရစ်ယန်တွေရဲ့ စွပ်စွဲမှုတွေက မဟုတ်ဘူးဆိုတာ သိလောက်ပြီပေါ့နော်။


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

No comments:

Post a Comment