Tuesday, November 29, 2016

မဟော်သဓာရဲ့ သားတရားစီရင်ခန်းဆိုတာ ဟီဘရူးကျမ်းထဲက ဆော်လမွန်ဘုရင်အကြောင်းကို ခိုးယူထားတာပါတဲ့



မောင်လေး ညီမလေးတို့ရေ …
.
လွန်ခဲ့တဲ့ ( ၆ ) လလောက်က ကိုကိုသက်ဆိုတဲ့ မောင်လေးလာဖြေရှင်းခိုင်းတဲ့ ပိုစ့်လေးတွေ ရှိပါတယ် ။ တစ်လချိန်း တစ်လချိန်းနဲ့ အခုဆိုသူဖြေရှင်းခိုင်းတာ ( ၆) ခုလောက်ရှိနေပြီ သူ့အလှည့်ကမရောက်နိုင်ဘူးလေ။ 
.
နူးလည်း မျက်နှာကလည်းပူ အာလည်းနာလာတာနဲ့ ပထမဆုံးတစ်ခုကိုဖြေရှင်းထားတာလေး တင်ပေးလိုက်ပါတယ် ။


.★ အမ ဒါလေးဖြေပေးပါလားဗျာ့ ခုတစ်လေားမှာ ခရစ်ယာန်တွေ ဒါနဲ့ပဲတိုက်ခိုက်နေတာတွေ့ရတယ် ခရစ်ယာန်ဘာသာဝင် အချစ် ခါးခါးကဒီလိုပြေား ထားတယ် အမ................

★ Budda ဘာသာဝင်တွေ ခိုးထားသော မဟောသဓာဇာတ်တော်ကြီး သည် ဗုဒ္ဓထက်နှစ်ပေါင်း ၄၀၀ ကျော်စောသော ဆော်လမွန် ဘုရင်ကြီးအကြောင်းဖြစ်သည်။.ဗမာပြည်မှာ ဗုဒ္ဓဘာသာနဲ့ပက်သက်ရင် အလိမ်အညာ အဖြီးအဖြန်းတွေက လက်ညိုးထိုးမလွဲ လို့ပြောရမယ်။အကောင်းဆုံးဥပမာကိုပြပါဆိုရင် ဘုရားသမိုင်းတွေပါ။.ဘုရားသမိုင်းတွေကိုကြည့်ရင် မြတ်စွာဘုရားက ဘယ်တုန်းက ဒီနေရာကိုလာပြီး ဗျာဒိတ် ပေးသွားတယ် ဘာညာဆိုပြီး ဘုရားဖူးတွေများများလာပြီး ပိုက်ဆံများများရအောင် သမိုင်းလိမ်တွေကို မျက်နှာပြောင်ပြောင်နဲ့ ရေးပြီး အလှုငွေတွေကိုအိပ်ထဲထည့် ဘာမှ မသုံးတက် မစားတဲ့ ဘုရားကိုဗန်းပြပြီး လုပ်စားနေကြတာက အထင်အရှားပါပဲ..…….

★ ★ ဘုရားသမိုင်းတွေနဲ့ပတ်သက်ပြီး အမှန်တွေရှိသလို အလိမ်အညာတွေရှိပါတယ်။.
မဇ္ဈိမဒေသကလွဲလို့ ဘယ်ဒေသကိုမှ ဈာန်ပျံမကြွပါဘူးလို့ နူးသိတဲ့ ဘုရားရှင်ဟာ ဟိုမယ် ဗျာဒိတ် ပေးတယ် ။
ဘယ်နေရာမှာဖြင့် ခြေတော်ရာချသွားတယ်ဆိုတာတွေကို။ နူးကအထူး လက်မခံပါဘူး။.

တစ်ကယ်ကတော့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ပေါ်ထွန်းခဲ့တဲ့ ဆဠာဘိည အဘိဥာဏ်ရတဲ့ ရဟန္တာတွေက ဘုရားရှင်အဆက်ဆက်ရဲ့ ပုံတော်တွေ တရားတွေကို ပြန်လည် ကြည်ညိုလို့ရတဲ့ အတွက် နောင်လာနောက်သားတွေ ဖူးခွင့် ကြည်ညိုခွင့် ရပါစေဆိုတဲ့ မေတ္တာနဲ့ ဘုရားရှင်ရဲ့ ခြေရာတော်ရာနဲ့ တစ်ထပ်ထဲတူတဲ့ ဘုရားရှင်တွေရဲ့ခြေတော်ရာပွားတွေကို ချန်ထားခဲ့တာ ဖြစ်ပါ လိမ့်မယ်။

( ဒါတွေဟာလည်း တစ်ကယ့်ဘုရားရှင်ရဲ့ ခြေတော်ရာအစစ်တွေလို့ သတ်မှတ် ရပါ မယ်။.ဒါပေမယ့် ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေက သူတို့ရဲ့ လာဘ် လာဘတွေအတွက် မိမိတို့ တန်ခိုးကြီးချိန် နေရာရချိန်တွေမှာ မိမိတို့ဖာသာရေးတဲ့ ပုံပြင်တွေနဲ့ သမိုင်းလိမ်တွေကို အသက် သွင်းခဲ့ကြတဲ့အတွက် သမိုင်းအမှန်တွေပျောက်ကုန်တာပါ။

သာသနာတော်ကို စောဒက တက်စရာတွေဖြစ်လာတာပေါ့။.
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဘုရားရှင်ရဲ့ တစ်ကယ့် အမှတ်အသားအဖြစ် မိမိတို့ နှလုံးသားထဲကနေ ဖြူစင်မွန်မြတ်တဲ့စေတနာ သဒ္ဓါနဲ့ ဆည်းကပ် ပူဇော်ရင် အကျိုးထူးပါတယ်။ 
ဘုရားရှင်ကို ပူဇော်သလို ကုသိုလ်ထူးရပါတယ်။

ဒီလို ဘုရားတစ်ကယ်ကြွတယ်ဆိုတဲ့ ခြေရာတော်ချခဲ့တယ်ဆိုတဲ့ သမိုင်းတွေကလည်း နိုင်ငံတိုင်းရှိပါတယ်။ 

ထိုင်းမှာဆို ခြေရာတော်အနည်းဆုံး ၉ခုရှိပါတယ်။.

ဘုရားရှင်ကို မိမိတို့နှလုံးသားထဲကနေ ကြည်ညိုလွန်ပြီး မိမိတို့ဒေသကို ဘုရားရှင် တစ်ကယ်ကြွလာစေချင်တဲ့ သဒ္ဓါနဲ့ ပြုခဲတဲ့ အမှားပါ။.ဒီအမှားကြောင့် သာသနာတော် ညစ်နွမ်းမသွားသလို ။.ဘုရားကိုယ်ပွား အစစ် အမှတ်နဲ့ ပူဇော်သူတွေမှာလည်း ထူးမြတ်တဲ့ ကုသိုလ်တွေရတဲ့အတွက် အပြစ်ပြောစရာမရှိပါဘူး။
( သမိုင်းရှုထောင့်ကကြည့်ရင်တော့ လက်မခံနိုင်လောက်အောင် အတော်ဆိုးရွားတာပေါ့။).

ဘုရားရှင်ကိုယ်တော်တိုင်က သက်ရှိထင်ရှား မြတ်ဘုရားအမှတ်နဲ့ ပူဇော်ကပ်လှူရင် အကျိုး များတယ် လို့ ဟောတော်မူခဲ့ပါတယ်။.

ဒါတွေဟာ ဘုရားရှင်တည်ထောင်တော်မူခဲ့တဲ့ ဗုဒ္ဓသာသနာတော်နဲ့ ဗုဒ္ဓဘာသာနဲ့ မဆိုင်ပါဘူး။မြန်မာပြည်က ဘုရားထက်ကြီးတဲ့ ဘုရားလူကြီး နဲ့ သမိုင်းလိမ်တွေရဲ့ အပြစ်ပါ။……...

ဒါပေမယ့် တစ်ခုတော့ စောဒက တက်ပါရစေ …
လောကမှာ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ကို ကြည်ညိုလွန်ပြီး မိမိတို့ဒေသကိုဘုရားရှင်ကြွခဲ့သယောင် ဇာတ်လမ်းတွေလုပ်ကြပေမယ့် ....

ဘုရားရှင်ရဲ့ တရားတော် ဓမ္မခန္တာပေါင်း ရှစ်သောင်းလေးထောင်ကိုတော့ လိမ်ခြင်း ပြင်ခြင်း တိုးခြင်း လျှော့ခြင်း လုံးဝ ( လုံးဝ ) မလုပ်ကြပါဘူး ။

ဘုရားဟောကိုမပြောနဲ့ အဌကထာကျမ်းတွေကိုတောင် ပြင်ဝံ့တဲ့ဗုဒ္ဓဘာသာဝင် လောကမှာ မပေါ်သေးပါဘူး။

ကျန်တဲ့ဘာသာတွေနဲ့ အထူးကွဲပြားတဲ့အချက်ပါ။.
အလိမ်ပေါ်တိုင်း ထပ်ထပ်ပြင်တဲ့ ဘာသာ မဟုတ်တာ လောကမှာဗုဒ္ဓဘာသာ တစ်ခုပဲရှိပါတယ်။
ကာတွန့်စာအုပ်လေးတစ်အုပ်စာလောက် ကျမ်းကနေ ၆၆ အုပ်ဖြစ်သွားတဲ့ ဘာသာတွေ ရှိတယ်လို့ ကြားဘူးဖတ်ဘူးပါတယ်။.


★ တကယ်တော့ ဗုဒ္ဓဟာ အိန္ဒိယနိုင်ငံရဲ.အပြင်ဘက်ကို ခြေတစ်ဖဝါးမှ သွားဖူးတာမဟုတ်တဲ့အပြင် သူ့နိုင်ငံထဲကိုတောင် နှံ့အောင်ရောက်ဖူးတာမဟုတ်ပါဘူး။…………..

★ ★ ဗုဒ္ဓလက်ထက်တော်အခါက အိန္ဒိယ နိုင်ငံဆိုတာ မပေါ်သေးပါဘူး ။
ဒီတော့ မရှိတဲ့ နိုင်ငံမှာ ဗုဒ္ဓက ဘယ်လို နှံ့အောင်သွားမှာတုန်း ရှင်။.
ဗုဒ္ဓက မစ္ဇျိမဒေသ တစ်ခုလုံးကို ၄၅ - ၀ါပတ်လုံး တရားလှည့်လည်ဟောကြားတော်မူခဲ့ပါတယ်။.
မစ္ဇျိမ ဒေသမှာ တိုင်းကြီး ၁၆တိုင်းရှိပါတယ်။ 
အီရန် အီရတ် အာဖဂန် ကနေပြီး ဒီဘက် ဘင်္ဂလားဒေ့ရှ် အထိ ပါ ပါတယ်။.
သမိုင်း အထောက်အထား သက်သေ အဆောက်အဦး ယုတ်ဆွအဆုံး နန်းတော်ရာအထိ အကုန်ရှိနေပါတယ်။.
သိုးတင်းကုတ်မှာ ဖအေ မပေါ်ပဲ ဘယ်တုန်းကမှန်းမသိ မွေးလာတဲ့ ယောက်ျား တစ်ယောက် မဟုတ် ပါဘူး။

★ အခုကျွန်တောရေးမှာက ကျွန်တော်တို့ငယ်ငယ်က ကျောင်းမှာသင်ခဲ့ဖူးတဲ့ မဟောသဓာ ဇာတ်တော်ကြီးဆိုတာ ဆော်လမွန်ဘုရင်ကြီး ရဲ.သမိုင်းကိုခိုးချထားတယ်ဆိုတာပါ။……………

★ ★ A tale a bout King David and Solomon are described as a story in Hebrew Bible .BUTKing Solomon and his empire never existed. ... for many decades yet not one iota of evidence of theexistence of King Solomon has been found ... 

တဲ့ဆော်လမွန်ဘုရင် အကြောင်းဟာ ဟီဘရူး ကျမ်းထဲက ဘုရင်တစ်ပါးရဲ့ အကြောင်း ဒဏ္ဏာရီ ပုံပြင်တစ်ပုဒ်ပါ။.ဒေးဗစ်နဲ့ ဆော်လမွန်ဘုရင်တို့ရဲ့ အင်ပါယာဆိုတာ ....

.မြန်မာက ဟိုးရှေးရှေးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုတ်စိုးသတဲ့ကွယ်ဆိုတဲ့ ပုံပြင်လို ပုံပြင်တစ်ပုဒ်ကို ဟီဘရူးကျမ်းထဲ ထည့်ပြီး အသက်သွင်းထားတဲ့ ဒဏ္ဏာရီတစ်ခု မျှသာပါ။.

ဘယ်သောအခါ တုန်းကမှ မရှိခဲ့သလို ဘာသက်သေ အထောက်အထား အဆောက်အအုံမှ ရှိမနေပါဘူး။နောဧသဘော်နဲ့နင်လားငါလားပါပဲ။.

.★ ဇာတ်ကြီးဆယ်ဘွဲ.ဆိုတာ ဇာတက ထဲမှာ ပါပါတယ်။တကယ်တော့ ငါးရာ့ငါးဆယ်(၅၅၀) နိပါတ်တွေဆိုတာ ဗုဒ္ဓဘာသာ ဇာတ်လမ်းတွေမဟုတ်ပဲ ဟိန္ဒူဇာတ်ကွက်တွေ သာဖြစ်တယ်လို့ ဆရာကြီးဒေါက်တာသန်းထွန်းက မြန်မာ့လောကွက် စာအုပ် (စာ-၂၃၈) မှာရေးထားပြီး ဗမာတွေ ဟာ ဗုဒ္ဓဘာသာတွေဖြစ်ပေမဲ့ ဒီ ဟိန္ဒူ ဇာတ်ကွက်တွေကို လက်ခံထားတာ အံ့သြစရာပါလို့ ဆရာကြီးက ဆိုထားပြန်ပါသေးတယ်။………….

★ ★ ( ၅၅၀ ) နိပါတ်တော်တွေဆိုတာ ဘယ်လိုပြောရမလဲ ….
ခလေးတွေ လိမ်မာယဉ်ကျေး သိမ်မွေ့ နူးညံ့ဘို အချင်းချင်းမေတ္တာတရား ထားကြစေဘို့ ရည်ရွယ်ပြီ့း  ဘုရားဟောတွေနဲ့ ကိုးကားပြီး စာပန်းချီချယ်ထားတာတွေပါ။

.ပြီးတော့ ၅၅၀က ဇာတကထဲပါတယ်လေ ပထမ သင်္ဂါယနာတင်တာမှာ ပါ မပါ တိတိကျကျ မသိပေမယ့် အာသောကကျောက်စာတွေမှာ ဇာတကပါ ပါတယ်။

.ပြီးတော့ စင်ပြိုင် သဂ်ါယနာ တင်တဲ့ ဂိုဏ်းမှာလည်း ဇာတကပါတာကိုကြည့်ခြင်းအားဖြင့်ပထမ သင်္ဂါယနာ တင်ထဲကိုက သင်္ဂါယနာမှာ ဇာတက ပါတယ်လို့ယူဆရတယ်။.))))

 ဒီဇာတ်လမ်းတွေက သီဟိုခေတ်မှ ပေါ်တာမဟုတ် ပါဘူး သာသာနှစ် နှစ်ရာကျော်ကတည်းက ရှိနေပြီဆိုတာ အသောကမင်းတည်ခဲ့တဲ့စေတီတော်တွေရဲ့ရုပ်လုံးရုပ်ကြွပုံတွေကြည့်ပြီးသိနိုင်ပါတယ် ။

ဂိုဏ်ကွဲတွေမှာလည်း ဇာတကပါ ပါတယ်ဒါကြောင့် ဂိုဏ်မကွဲခင်ကတည်းကရှိတဲ့ကျမ်း ဆိုတာ သံသယဖြစ်စရာမလိုပါဘူး
ကျိန်းသေတာကတော့ သီဟိုခေတ်မှပေါ်တာမဟုတ် ပါဘူး 
( ဆရာတော် Wana Warthi ).

အဌကထာ ဆရာတော်ကြီးများထဲမှာ ရဟန္တာမထေရ်မြတ်ကြီးတွေ ရှိကြပါတယ်။.
ဗုဒ္ဓအဟော ဇာတကတွေကို အဌကထာ အဖြစ် စာပန်းချီချယ်တဲ့နေရာမှာ ရဟန္တာ မထေရ်မြတ်ကြီးတွေဟာ ဥာဏ်တော်နဲ့သုံးသပ်ပြီး ဘုရားရှင်ရဲ့တစ်ကယ့် အတိတ်က အဖြစ်အပျက်ကို ရေးတာတွေ ရှိနိုင်ပါတယ်။.

ဟိန္ဒူဇာတ်ကွက်တွေဖြစ်တယ်ဆိုရအောင် ဘုရားရှင်လက်ထက်က ဟိန္ဒူဝါဒ ဟိန္ဒူဘာသာမှ မပေါ်သေးတာပဲ။
.ရံခါ ကျမ်းမာရေး ကောင်းပြီး ထမင်းစားတဲ့ ဥဏှောက်လေးတွေနဲ့သုံးသပ်တာတော့ကောင်းတာပေါ့ ရှင်။.
စွပ်စွဲရပြီးရောဆိုပြီး နသိုးကြိုးပြတ် ပြောနေတာတွေကတော့ အဆင်မပြေဘူးပေါ့။

★ မဟောသဓာ ဇာတ်တော်ထဲက သားတရားစီရင်ခဏ်းဖြစ်တဲ့ မိခင်အစစ်နဲ့အတုတို့ သားကိုလုတဲ့အခဏ်းမှာ မိခင်အစစ်က သူ့သားလေးနာကျင်တာကို မကြည့်ရက်နိုင်လို့ လွတ်ပေးလိုက်တဲ့ ဇာတ်လမ်းဟာ ဗုဒ္ဓထက် နှစ်ပေါင်း(၄၀၀) ကျော်စောပြီးပေါ်ခဲ့တဲ့ စောလမွန်ဘုရင်ကြီး ဘီစီ( ၉၈၆-၉၃၃) ရဲ. တရားစီရင်ခဏ်းကို ပုံတူ အတုံးလိုက်အတစ်လိုက် ခိုးချထားတာပါ။…………...

★ ★ ဇာတ်တော်ကြီး ဆယ်ဘွဲ့တော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ ပါရမီရင့်စဉ် တစ်ကျိပ် အကြောင်းတွေဖြစ်တဲ့အတွက် ခိုးချင်းခိုး တစ်ခြားဘာသာတွေကပဲ ခိုးဘို့ရှိပါတယ်။.

ဒီတော့ ဗုဒ္ဓပေါ်ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်လောက်မှ ပုံပြင်လိုလို ဒဏ္ဏာရီလိုလို ရဟူဒီဘုရားကျောင်းတွေမှာခလေးတွေကို မိမိတို့ဘုရားကို အထင်ကြီးအောင်ပြောပြနေတဲ့ ဒဏ္ဏာရီ ဆန်ဆန် ပုံပြင်တွေကနေ ….

ခရစ်နှစ် ၁၅၀၀ မှ စတင်ထုတ်ဝေတဲ့ Judgement of king Solomon ဆိုတဲ့ ထပ်ဖြည့် ဟီဘရူးကျမ်းစာမှာပါတဲ့ ဆော်လမွန်ဘုရင် တရားစီရင်ခန်း ဆိုတဲ့ ဟာကို ဗုဒ္ဓဘာသာက ခိုးချပါတယ်ဆိုတော့ကာ …

အဲ့ဒိ ( ဟိုးရှေးရှေးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုတ်စိုးသတဲ့ကွယ် ဆိုတဲ့ မြန်မာရှေးဟောင်း ပုံပြင်လို ).လောကမှာ တစ်ကယ် မရှိခဲ့တဲ့ ဆော်လမွန်ဘုရင်ရဲ့ တရားစီရင်ခန်းဆိုတဲ့ ဗုဒ္ဓပွင့်ပြီး နှစ်ပေါင်း ၁၅၀၀ လောက်ကမှ ထပ်ဖြည့်ထားတဲ့ စာအုပ်က ....

ဗုဒ္ဓရဲ့ မဟော်သဓာ သားတရား စီရင်ခန်း ကိုခိုးတာလား 
ဗုဒ္ဓကပဲ သူတို့ဒဏ္ဏာရီမရေးခင် ကြိုခိုးပြီး ဟောခဲ့တာလားဆိုတာ မိမိဖာသာပဲ စဉ်းစားကြပါကုန် ….

ကျမ်းခိုးတတ်တာက ဘယ်ဘာသာလည်းဆိုတာ တော့ မမေ့နဲ့ပေါ့ရှင်။.

★ စောလမွန်ဘုရင် ဘီစီ( ၉၈၆-၉၃၃) ဆိုတာ ရှေးဟောင်းအဇ္ဇရီယယ်(က္ကုသရေလ) ပြည်ကိုအုပ်စိုးခဲ့တဲ့ဘုရင်ကြီးဖြစ်ပါတယ်။(ကြည့်-မြန်မာ့စွယ်စုံကျမ်း အတွဲ(၄) စာ၂၀၂)။ ဒီမဟောသဓာဇာတ်ထဲက အခြားသောအကြာင်းအရာများဟာလည်း Arabian Night (တစ်ထောင့်တည) နဲ့ အီစွတ် ပုံပြင်ထဲမှာ ပါတဲ့ဝတ္တုတွေဖြစ်ပါတယ်။………..

★ ★ ကြည့် လုပ်ပုံ …...Aesop's Fables - WikipediaAesop's Fables or the Aesopica is a collection of fables credited to Aesop, a slave and storyteller believed to have lived in ancient Greece between 620 and 564 BCE...... The firstprinted version of Aesop's Fables in English was published on March 26, 1484, by William Caxton..

အီစွတ်ပုံပြင်များဆိုတာကတော့ ရှေးဟောင်း ဂရိတွေရဲ့ ဒဏ္ဏာရီ ပုံပြင်တွေပါတဲ့ ။.ဆိုလိုတာက ….ဟိုးရှေးရှေးတုန်းက ခရစ်မပေါ်ခင် နှစ်ပေါင်း ၆၀၀ လောက် အီစွတ်ဆိုတဲ့ ကျွန်တစ်ယောက် ရှိတယ်တဲ့ကွယ်။ဒီအီစွတ်က ညညတွေမှာ ခလေးတွေကိုပုံပြင်တွေပြောပြလေ့ရှိသတဲ့ ။ဒီလိုအစချီတဲ့ ပုံပြင်စာအုပ်ပါ။.အီစွတ်ပုံတွေကို ၁၄၈၄ခုနှစ် မတ်လ ၂၆ မှာ စတင်ထုတ်ဝေတာပါတဲ့ ။ဗုဒ္ဓပွင့်ပြီး နှစ် ၂ထောင်ကျော်မှပေါ်တဲ့စာအုပ်လေ။........

.One Thousand and One Nights is a collection of Middle Eastern and South Asian stories and .... At some time, probably in the early 8th century, these tales were translated into Arabic under the title Alf Layla, ..... 1814: Calcutta I, the earliest existing Arabic printed version, is published by the British East India Company..One Thousand and One Nights is a collection of Middle Eastern and South Asian stories and folk tales compiled in Arabic during the Islamic Golden Age..


တစ်ထောင့်တစ်ညပုံပြင်တွေကတော့ ရှစ်ရာစုလောက်က ပေါ်ခဲ့တဲ့ အာရဗ် ပုံပြင်တွေပါတဲ့ ဒီစာအုပ်ကတော့ ၁၈၁၄ ခုနှစ်မှာထွက်ပါတယ်တဲ့။
ဗုဒ္ဓလွန်ပြီး နှစ်ပေါင်း ၂၄၀၀ လောက်ကပုံပြင်တွေလေ ။.
မြန်မာမှာလညိး ဒီလိုပုံပြင် စာအုပ်တွေများပုံလို့ …
တောင်ပုလုမြို့စားကြီး သမိန်ပေါသွပ် ဗညားပိစိ ၊ ဂုရုကွေး ၊ ကြပ်ခလေးပုံပြင် စုံလို့
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းစိုးစံတုန်းက ဆိုတဲ့ပုံပြင်တွေဆို ထောင်ချီနေမလားပဲ။

ဗာရာဏသီဆိုတာ ဘုရားရှင်မတိုင်ခင်တည်းကရှိတဲ့တိုင်းပြည်နော်။အဲ့ဗာရာဏသီလေး ပုံပြင်ထဲပါတာနဲ့ ဟော တွေ့လား ဘုရားတောင်မပေါ်သေးတဲ့ခေတ်က ဘုရားက ခိုးချတယ်လို့သွားပြောလို့မရဘူးလေ။ဒီပုံပြင်နဲ့စာအုပ် ထွက်လာတဲ့နှစ်ကိုကြည့်ရမှာမဟုတ်လား ။

မနေ့တစ်နေ့က ထွက်လာတဲ့ ပုံပြင်စာအုပ်ထဲမှာ ပါတဲ့ ဟိုးရှေးရှေးတုန်းကဆိုတာကို သွားယူပြီး ဒါ လွန်ခဲ့တဲ့ နှစ်ဘယ်လောက်က သမိုင်းဆိုရင် မိမိရဲ့ ဥဏှောက်ကျပ်မပြည့်မှုကို မိမိဖာသာပဲခန့်မှန်းတော့ပေါ့။

★ ဒီဝတ္ထု(မဟောသဓာ) ဇာတ် တစ်ခုလုံးဟာ ဗုဒ္ဓဘာသာနဲ့ ဘာမှ မပက်သက်ပါဘူး လို့ အရှင်ဇာဂရာဘိဝံသ ဘာသာပြန်ဆိုတဲ့ History Of Indian Literature By Dr.MAURICE WINTERNITZ M,A.Ph.d ရေးတဲ့ အိန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေ ကဏ္ဍ စာအုပ်စာမျက်နှာ ၂၂၄ တွင်ရေးသားထားပါတယ်။……………...

★ ★ Dr.MAURICE WINTERNITZ ဆိုတာ ဟီဘရူး တရားဟောဆရာတစ်ယောက်ပါ ။ 
သူတို့ ခိုးယူထားတဲ့ ကျမ်းကို Comfirm လုပ်ဘို့ ဗုဒ္ဓဘာသာက သူတို့ဆီက ခိုးချတာပါလို့ ပြောင်းပြန် ရေးမှ ရတော့မပေါ့ ။ 

သူက ဘာသာပေါင်းစုံအကြောင်း စာအုပ်တွေ ရေးထားပါတယ်။ 
ပူးသတ် ပုတ်ခတ်ထားတာက အများစုပါ.
Judgment of SolomonClassification and parallelsThe Judgement of Salomon (School of Giorgione, 1500)အပေါ်ကခေါင်းစဉ် ၃ခုနဲ့ ဂူဂယ်မှာလိုက်ကြည့်ပါ …..

သားတရားစီရင်ခန်းဆိုတာ ဂျာမန်ဘုရင်သမိုင်းမှာလည်းရှိတယ် ။ 
ဂျိမ်းဘာသာသမိုင်း မှာလည်းရှိတယ်။
ပေါ်တူဂီသမိုင်းမှာလည်းရှိတယ်။
ဟိန္ဒူသမိုင်းမှာလည်းရှိတယ်။
နိုင်ငံအများကြီးရဲ့သမိုင်းတွေထဲက ဘုရင်တွေရဲ့ သားတရားစီရင်ခန်း တွေဖြစ်နေတယ်ဆိုတာ Judgment of Solomon .Classification and parallels ဆိုတဲ့ခေါင်းစဉ်နဲ့ရှာရင်တွေ့ပါလိမ့်မယ်။
ဘယ်သူက ဘယ်သူ့ဆီက ခိုးချလည်း သွားရှင်ကြပေတော့ရှင်။.

ဒါပေမယ့်ကျိန်သေတာကတော့ ဒီပုံပြင်အားလုံးဟာ ဗုဒ္ဓလွန်ပြီး နှစ်တစ်ထောင်ကျော်မှ ပေါ်လာတယ် ဆိုတာပါပဲ။.
နောက်ထပ်ကျိန်းသေတာ တစ်ခုက ဒေးဗစ်နဲ့ ဆော်လမွန်ဆိုတဲ့ဘုရင်တွေဟာ လောကမှာ မရှိခဲ့ပါဘူး ဒဏ္ဏာရီသက်သက်တွေပါ ဆိုတာပါပဲ။ဒီတော့ ဘယ်သူက ခိုးချတာလဲသိလောက်ပါပြီ ....

.★ (မှတ်ချက်-ဒီစာအုပ်ကို ရှာဖွေဖတ်ရှု.ဖို့ တိုက်တွန်းပါတယ် ဘာလို့လည်းဆိုတော့ ဒီစာအုပ်ဟာ ပဋိကတ် သုံးပုံထဲက တော်တော်များများဟာ ဘုရားဟောတွေမဟုတ်ပဲ သီဟိုဠ်(သီရိလင်္ကာ)က ကုလားဘုန်းကြီးတွေရဲ.လက်ချက်တွေဆိုတာကိုထောက်ပြထားပြီး ဟိန္ဒူ ဗြဟ္မဏတွေရဲ.မဟာဘာရတကျမ်းနဲ့ ပူရဏ် ကျမ်းတွေကိုခိုးချထားတာတွေကိုရေးသားထားလို့ဖြစ်ပါတယ်)။………..

★ ★ ပိဋကတ်သုံးပုံဆိုတာ ဗုဒ္ဓဟောတော်မူခဲ့တဲ့ ဓမ္မခန္တာပေါင်း ( တရားပေါင်း ) ရှစ်သောင်းလေးထောင်ကို သုံးပုံပုံပြီး ရွှေတောင်း သုံးတောင်းနဲ့ ခွဲထားတာကိုပြောတာပါ။ သုတ္တံ ၊ ၀ိနည်း ၊ အဘိဓမ္မာတဲ့ ။.

ဒီတော့ ဒီတရားတော် ရှစ်သောင်းလေးထောင်ဟာလည်း ခုထိ တစ်လုံးတစ်ပါဒမှ အရာမရွင်း ဘယ်နိုင်ငံနဲ့တိုက်စစ်စစ် တရားတစ်ခုလုံးမပြောနဲ့ စာလုံးတစ်လုံးတောင်မလွဲပဲရှိနေတာ ။ 

ဘယ်လိုလုပ် သီဟိုဠိဘုန်းကြီးတွေက သူတို့ဖာသာရေးရမှာတုန်း ။.
ဗုဒ္ဓတရားတော်တိုင်းမှာ ဘယ်အချိန်က ဘယ်မှာ ဘယ်နှစ်ဝါမြောက်မှာ ဘယ်အရာကို အကြောင်းပြုပြီး ဘယ်သူ့ကို ဘယ်လိုဟောတော်မူခဲ့ပါတယ်လို့ပါတယ်လေ။.
၄၅ ၀ါပတ်လုံးဟောတော်မူခဲ့တာကို အစဉ်အတိုင်း အတိအကျရေးထားတဲ့ တိကျတဲ့ တရားတော်ထဲကို ဘယ်သူ့လက်ချက်ဝင်ထည့်လို့ရမှာလဲရှင်။.

★ ★ နောက်တစ်ခုက …..
ဗုဒ္ဓလက်ထက်တော်အခါက ထင်ရှားခဲ့တဲ့ ဗြဟ္မဏ ဂိုဏ်းကြီး ( ၆ ) ဂိုဏ်း ရဲ့ ဂိုဏ်းဆရာကြီး ( ၆ ) ပါးဖြစ်တဲ့ …
ပုရဏကသပ ၊
မက္ခလိ ဂေါသာလ ၊
အဇိတကေသကမ္ဗလ ၊
ပကဓကစ္စာယန ၊
နိဂဏ္ဍနာဋပုတ္တ ၊
သဉ္စယဗေလဌပုတ္တ ….. 

တို့ရဲ့ ရှေးဟောင်း ဗြဟ္မဏကျမ်းတွေဖြစ်တဲ့ -

ရစ်(ဂ်) ဝေဒ
အတ္ထာရ၀ ဝေဒ
ဇယ ဝေဒ
သာမဝေဒ
ပဉ္စ ဝေဒ
ခုဒ္ဒဂီတ
ဘဂ၀ါဂီတ
မဟာဘာရတ
ရာမာယန
ဥပနိသျှ
ပူရာဏ်

စတဲ့ ဟိန္ဒူတွေ ခိုးယူထားတဲ့ ဗုဒ္ဓလက်ထက်တော် အခါက ဗြဟ္မဏ ၀ါဒီတွေရဲ့ ကျမ်းတွေ မှာ ဗုဒ္ဓ၀ါဒတွေကို မတွေ့ရပဲ …..
ရှေးဟောင်း ဗြဟ္မဏကျမ်းတွေကို ခိုးယူပြီး ဟိန္ဒူ ၀ါဒကို အုတ်မြစ်ချ တည်ထောင်သူ 

ရှန်ကရ ကျာလယ ဆိုတဲ့ ပါရာဇိက ကျပြီး ယုတ်ညံ့လွန်းလို့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းက နှင်ထုတ်ခံရတဲ့ ဗုဒ္ဓဘာသာဆရာတော်ဟောင်း တစ်ဖြစ်လဲ ဟိန္ဒူဆရာပြုစုခဲ့တဲ့ ဝေဒန္တ ကျမ်းမှာသာ ဗုဒ္ဓတရားတော် တွေထဲက အဂ္ဂည သုတ္တန်ကို တွေ့ရတာ ဖြစ်ပါတယ်။.

ကဲဒီလောက်ဆို ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာကနေ ခိုးယူထားတာ မဟုတ်ဘူးဆိုတာ ရှင်းသွားပြီ ထင်ပါတယ်။

★ ဘာသာရေးမှာ အလိမ်အညာတွေနဲ့ ဝါဒမှိုင်းတိုက်ခံထားရတာတွေရဲ.နေဝင်ချိန်ရောက်တော့မှာပါ။ဒီမိုကရေစီဝါဒဟာ အဲဒီဘာသာရေးအလိမ်အညာမှိုင်းတွေကို ရှင်းပြစ်မဲ့ ဓါးတလက်ဖြစ်လာတော့မှာပါ။ဒီမိုကရေစီမှာ အဲဒီလို သမိုင်းအလိမ်အညာတွေအတွက် နေရာမရှိနိုင်တော့ပါဘူး ......
................


★ ★ သမိုင်းတွေ သက္ကရာဇ်တွေ ကျမ်းတွေ ခိုးယူလိမ်ညာနေတဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အတွက် ရှင်ရှင်းမယ်ဆိုရင် ရှင်တို့ရဲ့ ဘာသာတူ ဒီမိုကရေစီ အရင့်အမာ နိုင်ငံကြီးတွေ မှာသာ သွားရှင်း သင့်တာ ပေါ့ရှင်။မဟုတ်ဘူးလား 



မောင်လေး ညီမလေးတို့ရေ …ဗန်းစကားနဲ့ ပြောရရင် ရင်ထဲမှာ ပန်းတွေပွင့်နေတာ မဟုတ်တဲ့အချိန်ဆိုတော့လေ့ ။ ဖြေထားတာတွေက နည်းနည်း ရင့်သီးကောင်းရင့်သီးပါလိမ့်မယ်။ ခွင့်လွှတ်ပါနော် …..



ဒါနဲ့ စကားမစပ် ပစ္စုပ္ပန် သားတရားစီရင်ခန်းမှာ ဘယ်သူက မိခင်အရင်းလဲရှင် ….


ချမ်းမြေ့ကြပါစေရှင်။..

No comments:

Post a Comment