Tuesday, December 6, 2016

ပေးဆပ်ခြင်းဖြင့် ရှင်သန်အံ့

ပန်းများ လှပသလို
လူ့ဘ၀သည်လည်း လှပ ပါပေ၏
.
ပန်းများသည် မွှေးကြိုင် သင်းပျံ့သော ရနံ့မျာကို
သယ်ဆောင်လာကြ သလို ၊
ကုသိုလ်ကံ တည်းဟူသော မွှေးရနံ့ က
ကျွန်နုပ်တို့ကို လှပသော လူ့ဘ၀သို့
သယ်ဆောင်လာကြကုန် ပါပေ၏ ။
.
လှသော မွှေးသော ပန်းများကို လောက၌
ထိုက်ထိုက်တန်တန် အသုံးချ၍ ရသလို
လှသော မွှေးသော လူ့ဘ၀များကိုလည်း လောက၌
ထိုက်ထိုက်တန်တန် အသုံးချသင့်ပါပေ၏ …
.
ပန်းများကို ဘုရားတင်၍ ပူဇော်ခြင်းဖြင့်
ထိုက်ထိုက် တန်တန် အသုံးချသလို ၊
မိမိကိုယ်ကို ပူဇော်ခြင်းဖြင့်
မိမိတို့၏ ဘ၀များကို လောကအတွက်
ထိုက်ထိုက်တန်တန် ပေးဆပ် အသုံးချ ထိုက်ပါပေ၏ …..
.
ဓမ္မပဒ ၊ပုပ္ဖ၀ဂ် ….
.

No comments:

Post a Comment