Tuesday, December 20, 2016

ခရစ်ယာန်တစ်ယောက်ကပြောတယ် ဗုဒ္ဓကျမ်းများသည် ဟိန္ဒူဘာသာက ခိုးချပါသည်တဲ့

မောင်လေး ညီမလေးတို့ရေ ...
ဒီတစ်ခါတော့ ခရစ်ယန် တစ်ယောက်ပြောတဲ့ ဗုဒ္ဓဘာသာ ကျမ်းများသည် ဟိန္ဒူဘာသာက ခိုးယူထားပါသည်ဆိုတဲ့ စွပ်စွဲမှုကို ဖြေရှင်းထားတာလေးပါ ...
ဖတ်ကြည့်နော်
.
ဗုဒ္ဓစာပေများသည် ဟိန္ဒူစာပေများကို မှီငြမ်းပြုပြီး ရေးသာထားသောစာပေများဖြစ်သည်။
ဗုဒ္ဓဘာသာ ကျမ်းများသည် ဟိန္ဒူဘာသာမှ ခိုးယူသုံးစွဲထားသော ကျမ်းများသာဖြစ်သည် ။
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။
သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှု ကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူ ဘာသာဝင် သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။
.
တည်ထောင်သူ - ရှီးဝါး
စတင်ပေါ်ပေါက်ရာဌာန - အိန္ဒိယပြည်
ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ
ပဓာန ကျမ်းဂန် - ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ
.
★ ★ ဟုတ်ကဲ့ပါ ....
ဘုရားရှင် လက်ထက်တော် အခါက ဗုဒ္ဓ၀ါဒ မပေါ်ခင် မစ္ဇျိမ ဒေသမှာထင်ရှားကျော်ကြားတဲ့ တိုင်းကြီး ၁၆တိုင်းရှိပါတယ် ။
အဲ့တိုင်းကြီး ၁၆ - တိုင်း မှာ ဗြဟ္မဏ ဂိုဏ်းကြီး ( ၆ ) ဂိုဏ်း နဲု့ အယူဝါဒကြီး ( ၆ ) မျိုးကို ကိုးကွယ်ကြပါတယ်
(အိန္ဒိယဆိုတာ သန္ဓေတောင်မတည်သေးပါဘူး ) ။
ဂိုဏ်းဆရာကြီး တွေကတော့
ပုရဏကသပ ၊
မက္ခလိ ဂေါသာလ ၊
အဇိတကေသကမ္ဗလ ၊
ပကဓကစ္စာယန ၊
နိဂဏ္ဍနာဋပုတ္တ ၊
သဉ္စယဗေလဌပုတ္တ ….. တို့ပါ
ဗြဟ္မဏ ၀ါဒီတွေဖြစ်ပြီး ဗြဟ္မဏ၀ါဒကို ကိုးကွယ် ပါတယ် ။
.
ဗုဒ္ဓ ၀ါဒ ပေါ်ပေါက်လာတဲ့အခါမှာ ဒီဝါဒ ဆရာကြီးတွေရဲ့ တပည့်တွေဟာ ဗုဒ္ဓရဲ့တပည့်သားတွေ ဖြစ်ကုန်ပါတယ်။
.
ဒါပေမယ့် ဂိုဏ်းဆရာကြီး တစ်ချို့ကတော့ ဗုဒ္ဓကို မယှဉ်နိုင်တဲ့ အတွက် တစ်ချို့ က မိမိတို့ဂိုဏ်းကို တိတ်တဆိတ် ဖျက်လိုက်သလို တစ်ချို့က မိမိ ကိုယ်ကို ဂင်္ဂါမြစ်ထဲ ဆင်းပြီး သတ်သေကြပါတယ်။
ဒီဆရာကြီးတွေထဲက နိဂဏ္ဍနာဋပုတ္တ ၊ မဟာဝီရ ဆရာကြီးဟာ ဗုဒ္ဓကို ရှုံးနိမ့်ပြီး မိမိဝါဒကို ရပ်တန့်လိုက်ပေမယ့် သူ့ရဲ့ ဂျိမ်းဘာသာတော့ ထင်ရှားကျန်ခဲ့ပါသေးတယ်။
.
တစ်ခြားဂိုဏ်းတွေရှိပေမယ့် မထင်ရှားပါဘူး ။
ဗုဒ္ဓစံလွန်တော်မူတဲ့အထိ ဟိန္ဒူဆိုတဲ့ ၀ါဒ မရှိသလို မထင်ရှားသေးပါဘူး။
.
ဟိန္ဒူဆိုတဲ့ စကားဟာ ရှေးဟောင်း Sanskrit စကားဖြစ်ပါတယ် Sindhu လို့ခေါ်ပါတယ် ။
.
အိန္ဒိယ အနောက်မြောက်ပိုင်းမှာစီးဆင်းနေတဲ့ အင်နု မြစ်ကိုခေါ်တာပါ ။
အလယ်တန်း သမိုင်းမှာ သင်ပါတယ် အိန္ဒိယရဲ့ ထင်ရှားတဲ့ မြစ် အင်နု မြစ် ဂင်္ဂါမြစ် ဆိုတာပါ ။
.
ဂရိဘာသာကနေ ဆင်းသက်လာတာပါ ။
ဒီ Indu မြစ်ကို အကြောင်းပြုပြီး ဂရိလူမျိုးတွေက အင်နုမြစ် တစ်ဖက်ခြမ်းမှာ နေတဲ့ အသား မဲတဲ့ မျိုးနွယ်စုတွေကို အင်နုမြစ် တစ်ဖက်ကမ်းကလူမျိုးများ လို့ခေါ်ရာကနေ နောက်ပိုင်း အင်နု က လူမျိုးများလို့ခေါ်ကြပါတယ်။
.
ဒါပေမယ့် ခေတ်ပေါ် အိန္ဒိယ သမိုင်းပညာရှင်တွေ ကတော့ အာရာဗ်ဒေသရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်က ထင်ရှားတဲ့ လူမျိုးစုတစ်ခုဖြစ်တဲ့ Indica ဆိုတဲ့ လူမျိုး တွေနဲ့ ရောပြီး လွန်ခဲ့တဲ့ 4th century B.C.E က ရှိခဲ့တယ်လို့ ရောချပြီး မိမိဝါဒကို တစ်ခြား ၀ါဒတွေထက် သက်တမ်းရှည် သယောင် ဖန်တီးကြ ပါတယ်။
ဒါပေမယ့် လက်ရှိအင်ဒီးယားရဲ့ ဟင်ဒူဆိုတဲ့နာမည်ဟာ ဂရိတွေက အင်နု မြစ်တစ် ဖက်ကမ်းက လူမျိုးများလို့သတ်မှတ်ပြီးခေါ်တဲ့ နာမည် မျှသာပါ။
.
၁၃ - ရာစုနှစ်မှာတော့ Hindustan စကားကိုစတင်တည်ထွင်ပြီးနောက် အိန္ဒိယဆိုတဲ့ နာမည်နောက်တစ်မျိုး သတ်မှတ်ခဲ့ပါတယ် India ရဲ့ အဓိပါယ်ကတော့ Land of Hindus အင်နု သားတွေရဲ့ မြေလို့ အဓိပါယ် ရပါတယ်။
အိန္ဒယဆိုတဲ့ နာမည် စတင်ဖြစ်ပေါ်လာပုံပါ ။
ဗုဒ္ဓလက်ထက်တော်က အိန္ဒိယနိုင်ငံမှ မရှိသေးတာ ဘယ်လိုလုပ် ဟိန္ဒူ ဘာသာက ပေါ်အုန်းမှာလဲ။
ဗြဟ္မဏ ၀ါဒသာ ထွန်းကားပါတယ်။
.
၁၈ ရာစုနောက်ပိုင်းမှာတော့ ဥရောပ ကိုလိုနီနယ်ချဲ့တွေ လက်ထက်မှာမှ ဒီ အင်နုမြစ်ကမ်းက တံငါသည်တွေကို ဟင်ဒူလို့ ခေါ်ပြီး သူတို့ရှိခိုးတဲ့ နတ် ဘုရား ကို ဟိန္ဒူဘာသာလို့ စတင်သတ်မှတ် ခေါ်ယူသုံးစွဲခဲ့ပါတယ်။
.
ဟိန္ဒူ နတ်ဘုရားတွေဖြစ်တဲ့ ကရိရှနား ရှီဗာ ပိသနိုး ကာလီမာ စတဲ့ နတ်ဘုရား တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာထဲကရှိနေခဲ့ပြီး ကမ္ဘာမှာ လူတွေကိုကယ်ဘို့ အပြစ်ပေးဘို့ သူတို့ဟာ လူ့ဘ၀မှာခနခန လာဝင်စားတယ် ဆိုပြီး အယူရှိကြပါတယ်။
.
သူတို့အယူက ခရစ်ယန်တွေမွတ်စလင်တွေရဲ့ဘာသာ လိုပါပဲ နတ်ဘုရားက လူ့ပြည်ကို တမန်တွေ ခနခနလွှတ်တယ်ဆိုတဲ့ အယူပါ။
.
နောက်ဆုံး ဂေါတမမြတ်စွာဘုရား မိုဟာမက် စတာတွေကတောင် ကရစ်ရှနားက လူ့ပြည့်မှာ ခန ၀င်စားပြီးလူတွေကို ကယ်တယ်ဆိုပြီး ကျန်တဲ့ ဘာသာတွေကိုပါ မိမိလက်အောက်ဆွဲသွင်းပါတော့တယ်။
.
အတူတူပါပဲ မွတ်စလင်တွေ ဟာလည်း ….
ရှိသမျှဘုရားတွေ ကိုယ်တော်မူဆာက အစ ယေရှုအဆုံး အလာဟ်က လွှတ်တာပါ ဆိုပြီး ကျန်တဲ့ တမန်တော်တွေကို မွတ်စလင် လက်အောက် ဆွဲသွင်း ခဲ့တာ ပါပဲ။
.
ကမ္ဘာ့နောက်ဆုံး မွတ်စလင် ဘာသာထက် နောက်ကျမှ နာမည်ကြီးပေမယ့် သူတို့ ကျမ်းတွေ ဟာ ဗုဒ္ဓလက်ထက်တော်အခါက ဗြဟ္မဏ ဆရာကြီး တွေရဲ့ ဝေဒလေးပုံ အပါအ၀င် ကျမ်းတွေအားလုံးကို ရောသမမွှေပြီး wisdom ဆိုတဲ့ ပိဋကတ်သုံးပုံလို စာအုပ်တွေထုတ် .....
.
နှစ်ပေါင်း ( ၄၀၀၀ ) ကျော် သက်တမ်း ရှိတဲ့ အာရဗ် အင်ဒီကာ လူမျိုးတွေ နေရာ မှာ မိမိတို့ အင်နုမြစ်ကမ်းက တံငါသည် အစုကို အစားသွင်း ( လက်ရှိမွန်တွေလိုပေါ့ ) ပြီး ဟိန္ဒူတွေသည် ကမ္ဘာ့ရှေးအကျဆုံး လူမျိုးနဲ့ ဘာသာ ဖြစ်သည်လို့ လုပ်ပါ တော့တယ် ။
.
ရှေ့က ဘုရားတွေ တမန်တွေ အားလုံးဟာ ခရစ်ရှနားက လူဟန်ဖန်ဆင်းပြီး လူ့ပြည် မှာ လာဝင်စားတာလို့ပြောပြီး ကျမ်းတွေကို ခိုးယူတဲ့အပြင် ဘုရား အားလုံး ကိုပါ ဟင်ဒီ လက်အောက် သွင်းပါတော့တယ်။
.
ကဲ ဟိန္ဒူတွေရဲ့သမိုင်းအစစ်အမှန်ကတော့ဒိလောက်ပါပဲ။
ခရစ်ယန်ရော မွတ်စလင်ရောရဲ့ ကျမ်းဟောင်းကလည်း ဟိန္ဒူကျမ်းထက် မနိမ့်တဲ့ အချိန်ကတည်းက ရှိခဲ့တာပဲ မဟုတ်လား။
.
ဒါပေမယ့် ဘုရားကလွှတ်တဲ့ တမန်ပွင့်တဲ့အချိန်က နေ စတင်ရေတွက်ရင် ခရစ်ယန်ရော မွတ်စလင်ရော ဗုဒ္ဓဘာသာရော ဂျူးဘာသာထက် နောက်ကျ တာပေါ့ …
ဒီလိုပဲ ဟိန္ဒူလဲ ၁၃ရာစုမှ စတင်အသက်ဝင်တာပါ။
.
ခရစ်ယန် မွတ်စလင်ထက်ပိုနောက်ကျပါတယ်။ ဒီလောက်ပါပဲ။
ကျိန်းသေတာ ဗုဒ္ဓပွင့်ချိန်က အင်နုမြစ်ကမ်းနဖူးက တံငါသည် တွေဟာ မီးကို ကိုးကွယ် နေတဲ့ လူရိုင်းတွေအဆင့်ပါ ။
...........................................
.
ဂျူးဘာသာက ဗုဒ္ဓထက်စောတယ်လေ။
.
★ ★ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာကနေ ခိုးချပါတယ် ဆိုတာလေးကို ဖြေပေး တာပါ အကို ။
ဗုဒ္ဓလက်ထက်တော်က ဟိန္ဒူမပြောနဲ့ အိန္ဒိယနိုင်ငံတောင်မပေါ်သေးတာကို ရှင်းပြနေတာပါ။ သမိုင်းကတော့ မဖျောက်ဖျက်သင့်ဘူးမဟုတ်လား။
....................................
.
အမှန်တရားကိုလက်ခံတယ် ဆိုတာ ခိုးချတာလို့ ဆိုလိုခြင်း မဟုတ်။
နောက်တခု ဝေဒကျမ်းမှာ မီးပူဇော်ခြင်း လုံးဝ မပါရှိ။
၃၁ ဘုံး ၂၄ ပစ္စည်းတွေက ဟိန္ဒူဓမ္မကျမ်းများဖြစ်သော ဥပနီသျှတနှင့် ဒဿနိကကျမ်းတွေမှာ ပါရှိပြီးသာပါ။
ဗုဒ္ဓမြတ်စွာဘုရားသည် ဘယ်တော့မှ ဖန်ဆင်းရှင် ရှိသည် မရှိသည် အကြောင်း ကို ဟောထားတော်မူခြင်းမရှိပေ။ နောက်ပိုင်း ဗုဒ္ဓဝါဒီ ပညာရှင်များမှ ဖန်ဆင်းရှင် မရှိကြောင်းကို ဟောထား၏။ ကမ္ဘာ့သမိုင်း အကြောင်း ကောင်းကောင်းလေ့လာပါဦး။ ကျေးဇူးတင်ပါသည်။
.
★ ★ ဟုတ်ကဲ့ပါ ( ၃၁ ) ဘုံ ( ၂၄ ) ပစ္စည်းစတဲ့ ဗုဒ္ဓကျမ်းတွေ ရှိတာမဆန်းပါဘူး ။ ရောသမ မွှေထားတာမဟုတ်လား ။
.
ဖန်ဆင်းရှင်ကိုလက်မခံတဲ့ လောကမှာတစ်ခုထဲသော ၀ါဒဟာ ဗုဒ္ဓ၀ါဒပဲ ။ ဖန်ဆင်းရှင်ကို ထာဝရကို ယုံကြည်သူကို မိစ္ဆာဒိဌိ ( အသိမှား အယူမှားသူ ) လို့ အတန်တန်ပြောနေတာကို ဗုဒ္ဓက ဖန်ဆင်းရှင်ရှိမရှိ မဟောခဲ့ပါဘူး ဆိုတော့ ။ ထားပါတော့။
........................................
.
india လို့ နာမည်ရတာ နှစ်၇၀ လောက်ရှိသေးတာ။ အင်္ဂလိပ်တွေပေးခဲ့တာပါ။
အရင်က အာရိယဝရ်တ(aryavrat) (သို့) ဘာရတ်(bharat) လို့ခေါ်တာပါ။ လူရိုင်းလို့ ပြောချင်ရင် Mohenjo Daro မြို့(ယခု ပါကစ္စတန်) သိပ္ပံအထောက်အထားအရ နှစ်ပေါင်း ၅၀၀၀အရင်က ရှိခဲ့တဲ့ မြို့မှာ လူတွေ ဘယ်လိုအဆင့်အတန်ရှိရှိ နေလာတယ်ဆိုတာ လေ့လာစေလိုပါသည်။
.
★ ★ ဟိန္ဒူဘာသာ ကို စတင်းမျိုးစေ့ချ တည်ထောင်ပေးတဲ့ အင်ဒီးယား နှစ်ယောက်နာမည်ကို အရင်ပြောပြပါလား။
.
ဥပမာ ခရစ်ယန်ဘာသာကို စတင်တည်ထောင်သူ က St. Paul ဒီလိုပေါ့။
ဟိန္ဒူဘာသာ ဆိုတာကို စတင်အသုံးပြုတဲ့ ကျမ်းတွေပြုစုတဲ့ အင်ဒီးယား ကုလား ၂ယောက်ရှိတယ်။ အဲ့နှစ်ယောက်နာမည်ပြောပြပါလား ဟင် ။
...................................
.
Rosan Kumar သေချာမေး ပြီးမှဖြေမယ်
.
★ ★ ကျမပဲဖြေပေးပါ့မယ်
ရှရိ ကုမာရ လိလာဘတ္တနဲ့ ရှရီရှန်ကရကျာလယ တို့ပါ ။
တစ်ယောက်က နာလန္ဒဗုဒ္ဓတက္ကသိုလ်က ဆရာတော်ဟောင်းနဲ့ နောက်တစ်ယောက် ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးဖြစ်ပါတယ်။
သူတို့ဟာ သာသနာတော်အပေါ်မှာကြီးမားတဲ့ အပြစ်တွေပြုခဲ့ပြီး လူဝတ်လဲခိုင်းကာ သာသနာတော်ကနေ နှင်ထုတ်ခံရတဲ့ သူနှစ်ယောက်ပါ။
.
ဗုဒ္ဓဘာသာဝင်တွေက သပိတ်မှောက်လိုက်တဲ့အတွက် သူတို့ဟာ အိန္ဒိယ တောင်ပိုင်း ထရစ်ဗန်ဒရမ်မြို့က ထွက်ခွာသွားပြီးနောက်မှာ ဗုဒ္ဓဘာသာကို အမြစ်ဖြတ်ဘို့ သစ္စာပြုလိုက်ပါတယ် ။
ရှရီ ရှန်ကရကျာလယဟာ အနစ္စကဘုရင်ရဲ့ မိဖုရားကို သူ့ဘက်ပါအောင်ဆွဲဆောင်ပြီး အနစ္စကဘုရင်ကို အဆိပ်ကျွေးသတ်ခဲ့ပါတယ်။
မိဖုရားကြီးနဲ့ နန်းတွင်းက ဗြဟ္မဏတွေရဲ့ အကူအညီနဲ့ သူကမင်းဆရာဖြစ်လာတယ် ။ ဟိန္ဒူ အယူဝါဒဆိုင်ရာ အကြီးအကဲဖြစ်လာတယ်။
ရှရီရှန်ကရကျလယဟာ မိဘုရားကြီးထံက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ နဲ့ ဥပသကာ ဥပသိကာ တွေကို ကွက်မျက်ခွင့် ရအောင်ယူပြီး
ကွက်မျက်ခွင့် ရတဲ့အချိန်ကစလို့ နှစ်ပေါင်း ( ၂၅ ) နှစ်အတွင်း ၊ဗုဒ္ဓဘာသာဝင် ရဟန်း နှစ်သန်းကျော်နဲ့ ဗုဒ္ဓဘာသာဝင်မြောက်များစွာကို ရက်ရက် စက်စက် သတ်ဖြတ် ကွက်မျက်လိုက်တဲ့အတွက် နောက်ဆုံး ဗုဒ္ဓဘာသာဟာ အိန္ဒိယနိုင်ငံကနေ ပျောက်ကွယ်သွားရပါတော့တယ်။
.
သူဟာ ဝေဒန္တ သာသနာထူထောင်ဘို့ လိုအပ်တဲ့အချက် အလက် တွေကို ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဟောင်း ရှရီကုမာရလိလာဘတ္တ ဆီကရပါတယ်။
.
အဲ့တာတွေကတော့ ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ် ထဲက တရား တွေဖြစ်ပြီး ၊ မဇ္ဈိမနိကယ်နဲ့ တစ်ထပ်ထဲဖြစ်ပါတယ်။
ဟိန္ဒူ ဘာသာဝင်တွေက ရှရီ ရှန်ကာရကျလယကို ဝေရောဓနဗုဒ္ဓ ( ရုပ်ဖျက်ထားတဲ့ ဗုဒ္ဓ ) လို့ခေါ်ကြပါတယ်။
.
ရှေးဟောင်း ဗြဟ္မဏကျမ်းတွေဖြစ်တဲ့ -
ရစ်(ဂ်) ဝေဒ
အတ္ထာရ၀ ဝေဒ
ဇယ ဝေဒ
သာမ ဝေဒ
ပဉ္စ ဝေဒ
ခုဒ္ဒဂီတ
ဘဂ၀ါဂီတ
မဟာဘာရတ
ရာမာယန
ဥပနိသျှ
ပူရာဏ်
စတဲ့ ဟိန္ဒူတွေ ခိုးယူထားတဲ့ ဗုဒ္ဓလက်ထက်တော် အခါက ဗြဟ္မဏ ၀ါဒီတွေရဲ့ ကျမ်းတွေ မှာ ဗုဒ္ဓ၀ါဒတွေကို မတွေ့ရပဲ ....
.
ရှေးဟောင်း ဗြဟ္မဏကျမ်းတွေကို ခိုးယူပြီး ဟိန္ဒူ ၀ါဒကို အုတ်မြစ်ချ တည်ထောင်သူ ရှန်ကရ ကျာလယ ဆိုတဲ့ ဟိန္ဒူဆရာပြုစုခဲ့တဲ့ ဝေဒန္တ ကျမ်းမှာသာ ဗုဒ္ဓတရားတော်တွေကို တွေ့ရတာဖြစ်တာဖြစ်ပါတယ်။
.
ကဲဒီလောက်ဆို ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာကနေ ခိုးယူထားတာ မဟုတ်ဘူးဆိုတာ ရှင်းသွားပြီထင်ပါတယ်။
.
Notes ....
တည်ထောင်သူ - ရှီးဝါး( မှားနေပါတယ် ၊ ရှင်ပြောတာ မဟာသီဝ နတ်မင်းကိုပြောနေတာပါ )
.
စတင်ပေါ်ပေါက်ရာဌာန - အိန္ဒိယပြည် ( ဗုဒ္ဓလက်ထက်က အိန္ဒိယပြည် မပေါ်သေးတဲ့အတွက် ဟိန္ဒူဘာသာဆိုတာ ဗုဒ္ဓဘာသာထက်အများကြီးနောက်ကျတယ်ဆိုတာ သက်သေပါပဲ)
.
ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ ( နတ်တွေပါ ၊ ပုဂ္ဂိုလ်မဟုတ်ပါဘူး)
.
ပဓာန ကျမ်းဂန် - ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ ( ဒီကျမ်းတွေမှာ ဓမ္မခန္တာပေါင်း ရှစ်သောင်းလေးထောင် တဲ့က တစ်ကြောင်းမှ မပါ ပါဘူး )
.
.
ချမ်းမြေ့ကြပါစေရှင် ….
.
.

No comments:

Post a Comment