Friday, December 15, 2017

ပဲခူးကခလေးတစ်ယောက်အမေး

မောင်လေးညီမလေးတို့ရေ …..
ဖေဖော်ဝါရီလ တုန်းက မောင်လေးတစ်ယောက် နူးပိုစ့်မှာ လာမေးတာလေးကို ပြန်ဖြေထားတာ လေးပါ
.
La Min
အမMa Louကို postနဲ့မဆိုင်ပေမဲ့ ကျနော်ဖြစ်နေတဲ့ ကံကံ၏အကျိုးပေါ်မှာ ဒွိဟဖြစ်နေတာလေးကို ရှင်းပြပေးစေချင်ပါတယ်။
.
ဗုဒ္ဓဘာသာဖြစ်ပေမဲ့ အထက်တန်းစား ဗုဒ္ဓဘာသာတွေလို စိတ်ထားမထားနိုင်နေတာလဲရှက်လှပါတယ်။
.
ခံစားနေရတာက ငရဲနဲ့ဥပမာပေးရင် နီးစပ်မယ်လို့ထင်ပါတယ်။ အဆုံးစွန်ပြောရရင် ခုချိန်သေရင်တောင် ဘဝကူးမကောင်းနိုင်လောက်ပါဘူး။
,
ဒီလိုပါ..
ကျနော်နဲ့မိသားစုကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် အမျိုးမျိုးနှိပ်စက်နေတဲ့ အသက်၇၀နီးပါး အမျိုးသမီးတယောက်ရှိပါတယ်။
.
သူက အတွင်းကယုတ်မာပေမဲ့ အများအမြင်မှာတော့ သူတော်ကောင်းပါ။ တသက်လုံး ဣသာ မစ္ဆရိယ ဂုန်းတိုက်မူတွေ မကောင်းပြုလုပ်မူတွေနဲ့ ကောင်းမြတ်တဲ့ဘာသာရေးကို ရောလုပ်ပေမဲ့ ကောင်းကျိုး တရားတွေသာ ဆတိုးခံစားနေရပါတယ်။
.
နောက်တယောက်က ကျနော်တို့ကော အခြားသူတွေ ကောအပေါ်မှာပါ စိတ်ထား အပြောအဆို အပြုအမူ မှန်ကန်လွန်းတဲ့အသက်၇၀နီးပါးအဖွားတယောက်ပါ။
.
ဘဝတလျှောက်လုံး ကောင်းတာတွေလုပ်နေပေမဲ့ အဆိုးဝါးဆုံးတွေကိုပဲ မဆုံးနိုင်အောင် ခံစားနေရပါတယ်။
.
ကျနော်ကိုယ်တိုင်ကတော့ ဒါန သီလမှာ အများထက် မနိမ့်ကျအောင်ပြုကျင့်နေပါတယ်။
ပဌာန်းကိုလစဉ်မပျက်ရွတ်ဖတ်ပူဇော်တယ် ဂုဏ်တော်ပွားတယ် မကျိုးမပေါက်တဲ့သီလကို သစ္စာဆိုတယ်။
.
ဒါပေမဲ့ ငရဲလိုခံစားနေရတဲ့ နေ့ညမနားရတဲ့ ခုလိုချိန်မှာတော့ ဝိပဿနာအကျင့်ကို ပေါ့လျော့နေတာနဲ့ ဒေါသမောဟကြီးလာတာတွေကိုတော့ ဝန်ခံပါတယ်။
.
အဲ့တော့ အမရယ်..အခုလိုမျိုး ကပြောင်းကပြန်ဖြစ်နေကြတဲ့အဖြစ်တွေကို ကျနော့်ရင်ထဲအေးသွားအောင် အချိန်ရရင်ရှင်းပြပေးပါအမခင်ဗျာ..
.
********************************
.
ပထမဆုံးပြောချင်တာက ဒီအမယ်အိုဟာ မကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုး တရားတွေ ခံစားနေရတာ ဟာ အတိတ်ကကောင်းခဲ့လို့ပါ ။
အခုသူလုပ်နေတာတွေကတော့ သံသရာမှာသူစားရမယ့် အဆိပ်သီးပါ။ ကံ ကံ၏အကျိုးပေါ် မှာ မမြင်မမှားအောင်ပါ။
.
အမဆိုလိုတာက ….
သူဟာ အတိတ်ကကောင်းလို့ ….
ပစ္စုပ္ပန်မှာ ကောင်းတယ် ခုထိလည်းကောင်းနေတုန်းပဲ အတိတ်ကြောင့် ။
ဒါပေမယ့် ဒီဘ၀ရဲ့အလွန် သို့မဟုတ် ဒီဘ၀အတွင်း အနာဂတ်မှာနဲ့ သံသရာမှာတော့ မသိဘူးရယ်။
.
မောင်လေး …..
အကြွေးတစ်ခုကို ဆပ်တဲ့နေရာမှာ ကိုယ်ယူထား သလောက် ပြန်ပေးရတယ် ။
ဆိုလိုတာက အတိတ်က အကုသိုလ်ကံတစ်ခုက အကျိုးပေးချိန် တန်လာရင် အကုသိုလ်ကံ များသလောက် ပူလောင် တာပဲ ။
.
ဒါပေမယ့် မောင်လေးရ အချိန်တန်ရင် မိမိပြုခဲ့တဲ့ အကုသိုလ်ကံ ဆိုတဲ့ မီးစာ လောင်မြိုက် မှုကုန်ရင် ပြီးသွားတာပါပဲ ။
.
မောင်လေးလို အမလည်း အမဖေဖေကို မေးဘူးတယ် ။
ဖေဖေ နူးမှန်နေရက်သားနဲ့ ဖြေရှင်းလို့မရဘူး ဖြေရှင်းခွင့်မရှိဘူး
လောကမှာ အမှန်တရားဆိုတာ မရှိဘူးလား
လောကမှာ ဖြေရှင်းခွင့်ဆိုတာ မရှိတော့ဘူးလား ။
လောကကြီးက ဒီလောက်တရားမဲ့ရလား ။
ဒီလောက်တောင် လက်ပိုက်ကြည့်နေရလားပေါ့ ။
.
ဒီတော့ ဖေဖေကပြောတယ် သမီးတဲ့ အမှန်တရားဟာ သိတ်တန်ဘိုးကြီးတယ် အမှန်တရား အတွက် အချိန်တစ်ခုတော့ စောင့်ရလိမ့်မယ်တဲ့။ အချိန်တန်ရင် အမှန်တရားကပေါ်လာမှာပဲတဲ့ ။
လောကကြီးက အမြဲတရားတယ်တဲ့
.
အဲ့ဒိအချိန်ဆို ပြသနာတွေက အေးသွားပြီလေ ဖေဖေလို့ပြောတော့ ။
အနည်းဆုံတော့ သမီးကိုယ့်လိပ်ပြာ ကိုယ်သန့် နေလိမ့်မယ်တဲ့ ဒီပြသနာနဲ့ပတ်သက်ပြီး သံသရာ မှာ အကုသိုလ်ကြွေး ပုခုံးပေါ်ထမ်း သွားရမှာ သမီးမဟုတ်ဘူးဆိုတာ တော့ကျိန်းသေသွားပြီလေ တဲ့ ။
.
သူတို့ ဘယ်လောက်ပဲလိမ်ပါစေ ။ သူတို့အုပ်စုတောင့်လို့ ဘယ်လောက် အသံကောင်း လွှင့်နေပါစေတဲ့ ။ ဘယ်လောက်ဂျောက်ချနေပါစေ ။ လူဆိုတာ မိမိကိုယ်ကို အသိဆုံးပဲတဲ့ ။
.
မိမိကိုယ်တိုင်သိတဲ့ အမှန်တရားဟာ မိမိနဲ့သံသရာမှာတစ်ပါထဲ ပါသွားတော့မယ့် မိမိရဲ့အဖော်ပဲတဲ့ ။
အဲ့ဒိအကုသိုလ်ကံ အသစ်တစ်ခုကို သံသရာတစ်ကွေ့မှာ အတိုးနဲ့ ပေးဆပ်ဘို့ သူထမ်းထားရပြီ တဲ့ ။
.
သူဟာ သူတစ်ပါးကို ချောက်ချဘို့ အရင်ဆုံးမုသားပြောရတော့မယ် ကံတစ်ခု ။ သူ့ မုသားကို လူတွေ ယုံဘို့ နောက်ထပ်အိုင်နဲ့ကျင်းနဲ့ မုသား ထပ်သုံးရတော့မယ်။
.
ပြီးရင်မိမိအပါင်းပါတွေပါ သူ့ဘက်ကပါဘို့ နောက်တစ်ကြိမ် စည်းရုံးရင်း လိမ်၇တော့မယ်။ မောင်လေးတို့ မိသားစု ပူလောင်သလောက် သူက အကုသိုလ်ကြွေးတွေကို သူ့ဘ၀ရဲ့ နေ၀င်ချိန်မှာ အာရ၀မ်းသာ ယူနေတာ ။
.
မောင်လေးတို့က အခုလိုပူလောင်ပြီးရင် အားလုံးအေးသွားပြီ ပြီးပြီ ၊
သံသရာမှာအကြွေးကြီးတစ်ခု ကျေသွားပြီ အကုသိုလ်ကံကြီးတစ်ခု ပုခုံးပေါ်ကပြုတ်ကျသွားပြီ ဒီလောက်ပဲ ။
.
လူလည်းသေမသွားဘူး ဘ၀ပျက်ရင်တောင် ကိုယ်လက်ကောင်းနေသ၍ ပြန်ထလို့၇သေးတယ်။
ဒါကို မောင်လေးတို့က သူ့ကိုမုန်းတီးပြီး ဆပ်နေတဲ့အကြွေးကို ဆောင့်ကြီးအောင့်ကြီး ဆပ်မနေ ပါနဲ့ ။
.
သူကမောင်လေးတို့အစား မောင်လေးတို့ အကုသိုလ်ကို ဘ၀နိဂုံးချုပ်ခါနီးမှာ ခေါင်းပြောင်း လက်လွှဲ ၀င်ပြီး ယူနေသူပါ။ သနားစရာကောင်းပါတယ် ။
.
သူ့ကို မုန်းနေသမျှ ကိုယ်ပဲပိုပူလောင်နေရမှာပေါ့ မဟုတ်ဘူးလား ။
သူ့ကိုဥပေက္ခာပြုလိုက် လုပ်ချင်သလောက်လုပ်စမ်း မင်းအကုသိုလ် များသလောက် ရာဂ များသလောက် အစွမ်းကုန် ယုတ်စမ်းဆိုပြီး ယုတ်ခိုင်းလိုက်ပါ မောင်လေး ။
အားလုံးဟာ အချိန်တန်ရင်ပြီးသွားမှာပေါ့ ။ မဟုတ်ဘူးလား။
.
နောက်အဖွားအို တစ်ယောက် ကတော့ အတိတ်တုန်းက လက်ရှိမောင်လေးတို့ကိုေ၈ျာက်တွန်း နေတဲ့ အဖွားအိုလိုဖြစ်ခဲ့လို့ဒီဘ၀ ခံနေ၇တာဆိုရင်ရော။
.
မောင်လေး ဒီနေ့ငွေရှာတာ မနက်ဖန်စားဘို့ပါ ။
ဒီလိုပဲ မနေ့က ရှာခဲ့လို့ ဒီနေ့စားရတာ မဟုတ်လား ။
မနက်ကထမင်းချက်ထားလို့ နေ့လည်မှာစားရတာ လေ။
ဒီလိုပဲ အတိတ်ကပြုခဲ့တာတွေဟာ ပစ္စုပ္ပန်မှာမောင်လေးတို့စားနေ၇တဲ့ အသီးအပွင့်တွေပါပဲ ။ ပစ္စုပ္ပန်မှာပြုနေတဲ့ ကုသိုလ် အကုသိုလ်တွေ ဟာလည်း သံသရာမှာ မိမိတို့ကိုယ်တိုင် စားသုံးရမယ့် ခံစားစံစား ရမယ့် ကံတွေပါပဲ ၊ ချမ်းမြေ့ပါစေ
.
Htoo Htoo Maung
အစ်မနူး သီးခြား ပို့စ် တင်ပေး စေချင်ပါတယ် အစ်မရေ


Khin Lay KhinKhin
သာဓု သာဓု သာဓုပါ ညီမလေးနူးနူးရေ.... ကျန်းမာရွှင်လန်းပါစေ
.
La Min
ကျေးဇူးအရမ်းတင်ပါတယ်မကြီး။ ခုချိန်ထိ သားကို ကိုယ်စိတ်ဆင်းရဲအောင် လုပ်နေတဲ့သူတွေကို မေတ္တာပို့လို့မရပေမဲ့ အတုံ့အလှည့်မဖြစ်အောင်ထိန်းနိုင်နေပါသေးတယ်။
.
သား သံသရာမှာ တဖက်သားကိုနှိပ်စက်ခဲ့လို့ ပြန်ခံရတာပေါ့။
ဒီအမျိုးသမီးလဲ ရွှေတိဂုံဘုရားကို ရွှေလှူ သံဃာကို ကားလှူထားပေမဲ့ အကျိုးပေးမစင်ကြယ်တော့ ပြန်တောင်သနားမိလာပါပြီမကြီး။ သားလဲ လောင်စရာကုန်ရင်တော့ ရပ်မှာပါလေ။
.
Chit Ko Ko
ဟုတ်တာပေါ့ ကိုကြီး အပေါ်က အစ်မပြောတာ နားထောင်ပြီးကတည်းက ကို La Min အပူတွေ ငြိမ်းနေပါပြီဗျာ. . . . .
အမြဲတမ်းအေးချမ်းသာယောပျော်ရွှင်ပါစေ. . . .
အခုလို စာတွေဖတ်ခွင့်ရလို့လဲ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ. . . .
.
Thit Sar Phyu
လမင်းရေ မကြီးလည်း သားကိုပြောဖူးပါတယ် သူနဲ့ကိုယ် အတုန့်အလှည့်ကြောင့် ဒီလိုတွေဖြစ်ရတာပါ ကိုယ်မသိပဲလုပ်ခဲ့တဲ့အရင်ဘဝက အကုသိုလ်ကဒီဘဝမှာခံရပင်မယ့် အမြဲလည်းခံရမှာ မဟုတ်ပါဘူး သူနဲ့ကိုယ် ဝဋ်ကြွေးကြေတာနဲ့ ပြီးဆုံးသွားမှာပါ။
.
အာ့လိုပဲ ကိုယ်ပြုတဲ့ကောင်းမှုတွေကြောင့် ဒီမေ ဒီဖေတွေနဲ့ဆုံရတာပါ အဖေနဲ့အမေက သားတွေ အတွက် သူတို့နိုင်သလောက်တာဝန်ထမ်းခဲ့ကြတာ အခုချိန်မှာ ကိုယ်က ကုသိုလ်ဖြစ်ဖို့ သူတို့ အတွက် ပြန်ပြီး လုပ်ကျွေးနိုင်နေပြီ :) ငါ့မောင်လေး စိတ်ချမ်းသာရမှာပီါ
.
Amaytharlay Luechaw
အစ်မရေကျေးဇူးပါဗျာ ဉာဏ်ထဲရှင်းသွားတာပဲ အစ်မလဲရှေးကပြုခဲ့တဲ့ပါရမီကုသိုလ်ကံက နဲနဲနောနောမဟုတ်ဘူးပဲ ကိုယ်သိတာတွေကို အများနားလည်အောင် ပြန်ပြောတဲ့နေရာမှာ အစ်မဟာ ကျနော်တို့ရဲ့စံပြပါ ကျနော့ရဲ့ဆရာသမားတစ်ယောက်ပါ အစ်မရဲ့ပါရမီမျိုးစေ့ ဒီထက်မက ကြီးကျယ်ပါစေလို့ ဆုတောင်းရင်း မေတ္တာတရားဖြင့်ပူဇော်လိုက်ပါတယ်
.
Htoo Htoo Maung
သာဓုပါ သာဓု သာဓု ကံနဲ့ ကံအကျိုးကို သံသယ ရှင်းရှင်း ယုံကြည်ဖို့ အတော် ဖတ်ရ ကျင့်ရ ပါလိမ့်မယ်။
.


ချမ်းမြေ့ကြပါစေ ....
.


No comments:

Post a Comment