Friday, December 15, 2017

လစ်ဘရယ် ခလေးတစ်စုနဲ့

မောင်လေးညီမလေးတို့ရေ
တစ်ခါက အွန်လိုင်းမှာသတင်းလိုက်ဖတ်ရင်း အမသူငယ်ချင်းစာရင်းထဲက ခလေးတစ်စု ပိုစ့်တစ်ခု တင်ပြီး ဆရာတော်တစ်ပါးကို ဟားတိုက်နေတာတွေလို့ အမြင်မတော်တာနဲ့ နူးက ၀င်ရှင်းပြမိတယ်ပေါ့။
သူတို့က တစ်ခြား လစ်ဘရယ်တွေနဲ့ စာရင် သိတ်သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ခလေးတွေပါ။ သူတို့နဲ့ အပြန် အလှန် ပြောတာလေးကို တင်ပေးတာပါ ဖတ်ကြည့်နော်။
.
ဟိုကိုယ်တော်နဲ့ ပက်သက်ပီး ကျတော်ကြားဖူးတဲ့ တရားပွဲအကြောင်းသတိရမိလို့ ပြောပြပရစေ
ဟာသလား တစ်ကယ်လားတော့ မသိဘူးဗျ
တရားပွဲတစ်ခုမှာ တရားဟောဘုန်းကြီးက ဘုရားအလောင်း မျောက်မင်းအကြောင်း ဟောတယ်ပေါ့ဗျာ
သိကြမှာပါ ကျတော်တို့ငချွတ်တုံးက သင်ခဲ့ရတဲ့ အာဇာနည်မျောက်မင်းအကြောင်းကို ဟောတာ
.
အတိုချုံးပြောရရင် ဘုရားအလောင်းမျောက်မင်းက သူငယ်သား မျောက်တွေကို မြစ်တစ်ဖက်ကမ်းကူးခိုင်းတဲ့အချိန်မှာ ဘုန်းကြီးဟောလိုက်ပုံက
"
ဒေဝဒတ်လောင်းမျောက်သည် ဘုရားလောင်းမျောက်မင်း၏ကျောပေါ်သို့ အရှိန်ဖြင့် ခုန်ချလိုက်လေတော့သတည်းးးးး"ဆိုတော့ အောက်ကတရားနာပိတ်သက်ကလဲ တစ်ညီတစ်ညွတ်ထဲ "သာဓု သာဓု သာဓု"တဲ့ဗျာ
.
ကိုယ့်ဘုရားအလောင်းတော်မျောက်မင်း နာကျင်ခံစားရတာကို ဘာမသိညာမသိ ရမ်းသာဓုခေါ်ကြတာ
.
အခုလဲဒီလိုပဲ ဟိုကိုယ်တော်က ဘုရားသူခိုးကို ကျေးဇူးတင်လဲ သာဓု ၊
စင်ပေါ်တက် တိပ်ကပ်ပီး ထိုင်နေလဲ သာဓု ၊
အံမယ်အခုဆိုအဆင့်တောင်မြင့်လာပီ အောက်ကပိတ်သက်ကလဲ ကိုယ်တော်နဲ့အပြိုင် မျက်လုံး အဝတ်စီးပီး ထိုင်နေကြတယ် အဲ အဝတ်လားဘာလားမသိပါဘူး စာကတော့ ရေးထားတယ်
.
ဘာတဲ့......`မကြည့်ရက်လို့ပိတ်ခဲ့ရပီ ဒီမိုကရေစီ ´တဲ့ တရားပွဲလား ဆန္ဒပြ ပွဲလား မသဲကွဲဘူးး Description: https://www.facebook.com/images/emoji.php/v9/f32/1/16/1f637.png😷 Description: https://www.facebook.com/images/emoji.php/v9/f32/1/16/1f637.png😷 Description: https://www.facebook.com/images/emoji.php/v9/f32/1/16/1f637.png😷
ဝီရဗလာ Description: https://www.facebook.com/images/emoji.php/v9/f20/1/16/1f61c.png😜
.
မောင်လေး ဘုန်းကြီးတွေတရားဟောတဲ့အခါ တရားတစ်ပိုဒ် အဆုံးသတ် မှသာဓု ခေါ်ရတာဗုဒ္ဓဘာသာဝင်ခလေးကအစသိတယ်လေ။
.
ပြီးတော့ ဘုရားလောင်းမျောက်မင်း ၀တ္တုမှာ
((( "
ဒေဝဒတ်လောင်းမျောက်သည် ဘုရားလောင်းမျောက်မင်း၏ကျောပေါ်သို့အရှိန်ဖြင့် ခုန်ချလိုက် လေတော့သတည်းးးးး ))) ဆိုတာနဲ့ အဆုံးမသတ်ဘူး။ ။
.
မောင်လေးက ဗုဒ္ဓဘာသာဝင်ဆိုရင် ဒီလောက်တော့သိမယ်ထင်ပါတယ်။
သာဓုရဲ့အဓိပ္ပါယ်ကလည် ဘုရားရှင်ရဲ့ တရားတော်တွေ မေတ္တာတရားတွေ ကိုနာကြားခွင့်ရတာ ကောင်းလေးစွ ကောင်းလေစွ ကောင်းလေစွဆိုတဲ့ အဓပ္ပါယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ်။
.
နောက်တစ်ခုက ဟိုဆရာတော်ကို အကြောင်းပြချက်မရှိပဲ တရားဟောခွင့်ပိတ်လိုက်တယ်။
ဒါကြောင့် လက်ခံပြီးသား တရားပွဲတွေကို သွားတယ် ဗုဒ္ဓဘာသာနိုင်ငံမှာ ဘာသာခြား အလိုကျ တရားဟောခွင့်ပိတ်ခံရတဲ့ အတွက် Tape ကပ်ထားလိုက်တဲ့ သဘောပဲ ။
.
..........................
.
ဟုတ် ကဲ့ ဒီလို မတော်မတဲ့ သာဓု ခေါ်ပုံတွေအကြောင်း ဆရာတော် ဦးဥာဏ်ဏိဿရ တို့ တခြားဆရာတော်ကြီးတွေ တရားဟောတဲ့ အထဲမှာ တကယ့်အဖြစ်အပျက်ကို ရီစရာမောစရာအနေနဲ့ ပြောထားတာတွေရှိပါတယ် အမ တရားများများနာကြည့်ပါ တွေ့ပါလိမ့်မယ်
.
စာသေချာဖတ်ရင်တော့ သာဓု အနုမောဓနာ ကို မခေါ်ဆိုသင့်တဲ့ နေရာမှာ ခေါ်ဆိုတဲ့အကြောင်း ကို အသားပေးပြီး ရေးထားတယ် ဆိုတာလေး တော့
.
အဲဒီလိုပြောထားတဲ့သက်သေလေးလေးအမကိုတစ်ချက်ပြပါအုန်းမောင်လေး။
.
မောင်လေး လူမြင်ကောင်းအောင် ကာကွယ်ပြ ဖြေရှင်းပြနေတဲ့အဖြေက မောင်လေးတို့နဲ့ သံသရာကိုပါသွားမယ်ကံ မဟုတ်ဘူး။
.
မောင်လေးတို့စိတ်နှလုံးထဲမှာရှိနေတဲ့ ကံကသာ မောင်လေးတို့ကျောပေါ် သံသရာ တစ်လျောက် ခွစီးပြီးလိုက်မှာ။
.
မောင်လေးတို့ခုလိုလာဖြေရှင်းပြနေလည်း မောင်လေးကိုယ်တိုင်နဲ့ စာဖတ်နေသူတွေ အားလုံး မောင်လေးတို့ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးနေ ပြောနေ တာလဲဆိုတာ သိနေတာပဲလေ။
.
အသံကောင်းဟစ်တာလည်း မုသာဒါဒကံတစ်ခုထပ်ကျူးလွန်တာပဲမောင်လေးတို့ရ။
.
ကဲ အမအချိန်တွေ ကုန်လှတယ်။
မိမိကိုယ်ကို ကမ္ဘာမြေကြီးကို လေးစေသူတွေ မဖြစ်ကြပါစေနဲ့
မောင်လေးက ဒီလိုလေး ပုတ်ခတ်ချင်လိုက်တဲ့ အတွက် ကံတွေ အများကြီး ကျူးလွန်သွားရပြီ ။
.
လီဆည်ရေးထားတဲ့ ကာယ မနော မုသာဝါဒကံ။
.
မိမိနဲ့အတူ သံဃာကို ၀ိုင်းစော်ကားဘို့ ဆော်သြတဲ့ သံဃဘေဒကံ။
.
မိမိနဲ့အတူ ၀ိုင်းပြီး ဟားတိုက်ပြောင်လှောင်ကြတဲ့ သူတွေရဲ့ကွန်မန့် တွေဖတ်ပြီး ရလာတဲ့ သာသနာ့ဝန်ထမ်းကို စော်ကားရတာ ၀မ်းမြောက်တဲ့ကံ ။
ကြည့်စမ်းမောင်လေး တန်သလား။
.
အဲ့တာတွေက မောင်လေးပုခုံးပေါ်အကြွေးတစ်ခုအနေနဲ့ သံသရာမှာ မောင်လေးဂုတ်ကို ခွစီးပြီးလိုက်တော့မှာ။
.
..........................
.
ကျတော်ပြောတာမှာ ဦးဝီရသူကိုပဲပြောတာပါ သံဃာစစ်စစ်ကို စိတ်နဲ့တောင် မပြစ်မှား ပါဘူးဗျာ
.
ဗုဒ္ဓဘာသာမှာဘယ်ဟာကိုသံဃာစစ်လို့ခေါ်သလဲ ဘယ်အရာကို သံဃာ အတုလို့ ခေါ်သလဲမောင်လေး ။
.
အမ သံဃာစစ် သံဃာတုဆိုတာမကြားဖူးဘူး။ အမကိုရှင်းပြပါအုန်း။ ပြီးတော့ ဒီဆရာတော်ကို သံဃာအတုလို့ ဘယ်အချက်တွေကိုထောက်ပြီး ပြောနိုင်တာတုန်း ။
.
ဒီဆရာတော် လုပ်နေတဲ့ ကောင်းတာတွေကိုကျတော့ မောင်လေးတို့ ဘာလို့ မျက်ကွယ်ပြု နေကြလဲ 
.
...................
.
လဇ္ဇီပုဂ္ဂိုလ်နဲ့ အလဇ္ဇီပုဂ္ဂိုလ်ဆိုတာတော့ အမ ကြားဖူးလားဗျ
.
ကဲ အမကို ပြောပြစမ်းပါအုန်း လဇ္ဖိ အလဇ္ဇိဆိုတဲ့အဓိပ္ပါယ်လေး။
.............................
.
မြတ် စွာဘုရားရှင်ချမှတ်ထားတဲ့ ဝိနည်းစည်းကမ်းတွေနဲ့ အညီနေရင် လဇ္ဇီ သူတော်ကောင်းပုဂ္ဂိုလ်လို့ခေါ်တယ်လို့ အကျဉ်းချုန်းမှတ်သားဖူးပါတယ်။
မနေရင်တော့ မသူတော်ပါပဲ၊ဒါမျိုးပုဂ္ဂိုလ်ဆိုရင် ကျနော်တို့ကတော့ ရှုံ့ချရမှာပါပဲ။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ စာအုပ်တွေဖတ်ကြည့် ပါအမ ပိုပြီးပြည့် စုံပါလိမ့်မယ်
.
အမမှာအဲ့စာအုပ်တွေအကုန်ရှိပါတယ်။
ထပ်ဖြေကြည့်ပါအုန်း ။ မပြည့်စုံသေးဘူးမောင်လေး။
.
အလ္လဇ္ဇီ နဲ့ ဒုဿီလ ပြီးတော့ အလ္လဇ္ဇိ ဘယ်နှစ်မျိုးရှိလဲ ။
အလ္လဇ္ဇီ ထိုက် မထိုက် ဘယ် အချက် တွေနဲ့ ဆုံးဖြတ်ရလဲ သိလားမောင်လေး။
.
ဘုရားဟောက မိမိလိုတာလေး တစ်ကြောင်းကို လိုတဲ့နေရာလေးမှာ ဆွဲသုံးဘို့ အသုံးချပြီး ဘုရားသားတော်တွေကို ပြန်ပုတ်ခတ်ဘို့ ဘို့ မဟုတ်ဘူး မောင်လေးတို့ရ ။
.
ဘုရားရှင်တောင် အခြေအနေ အချိန်အခါကို လိုက်ပြီး ဟောခဲ့တာ။
ဘုရားရှင်ဟောတဲ့ အခြေအနေနဲ့ တိုက်ဆိုင်မှသာ ဘုရားရှင် ဟောတာကို ယူသုံးရတာ မောင်လေးရ ။
.
ဥပမာ …..
ကာလာမနိဂုံးသားတွေက ဘုရားရှင်ကိုမေးတယ် ။
.
အရှင်ဂေါတမတဲ့ ကျွန်ုပ်တို့နိဂုံးကို အရှင်ဂေါတမ အပါအ၀င် အရှင်ဂေါမတ မရောက်ခင် ရှေးမဆွကပဲ မိမိတို့ကိုယ်ကို ဗုဒ္ဓလို့အမည်ခံတဲ့ ဆရာကြီးတွေရောက်ခဲ့ပါတယ် ။
.
ဝါဒတွေ တစ်ယောက်တစ်မျိုးမို့ ဘယ်သူက ဘုရားစစ်တယ် ဘယ်သူ့ဝါဒက ဓမ္မဆိုတာ မသိတော့ပါဘူးတဲ့။
.
ဒီတော့ ဘုရားရှင်က ကာလာမသုတ္တံကို ဟောတော် မူခဲ့ရတယ်။
.
အချုပ်ကတော့ မိမိကိုယ်တိုင်ကျင့်ကြံပြီးမှန်မှ လက်တွေ့အကျိုးရှိမှ လက်ခံဘို့ အချက် ၁၀ချက်ပါ။ မောင်လေးတို့ သိပါတယ်။
.
ဒါပေမယ့် ဘုရားရှင်က သူတရားဟောတိုင်း ငါ့တရားကို မယုံနဲ့ ငါပြောလို့လည်းမယုံနဲ့ လို့ မပြောခဲ့ဘူး။
သူကိုယ်တိုင် လောကမှာဘုရားဖြစ်တယ်လို့တရားဝင် ကျူးရင့် ခဲ့တာလေ။
ဆိုလိုတာ သူ့နေရာနဲ့ သူသုံးရတယ်။
.
ဒီမယ် မောင်လေးရ ….
ဝိနည်းဆိုတာ ဘုရားရှင်ကလွဲရင် ရဟန္တာတောင် မလွတ်ဘူး ရယ် ။
ဒီတော့ မြတ်စွာဘုရား ချတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မညီရင် အလ္လဇ္ဇိဆိုရင်တော့ ဘယ်စည်းကမ်းတွေနဲ့ မညီတာလဲကိုပါ ပြောရလိမ့်မယ်။
.
နောက်တစ်ခုက ….
တစ်ကယ်သာသနာတော်အကြောင်းသိတဲ့ တစ်ကယ့်နှလုံးသားမှာသာသနာတည်တဲ့ ဆရာတော်ဘုရားကြီးများနဲ့ လူပုဂ္ဂိုလ်တွေ ဘာကြောင့် ဒီအဖွဲ့ဒီပါတီကို ထောက်ခံနေ ရာကနေ ဖယ်ခွာသွားကြ၇ တာလဲ ။
.
အားလုံးအလ္လဇ္ဖိဖြစ်လို့လား ရဟန်းတုတွေဖြစ်နေလို့လား သာသနာဖျက်တွေ ဖြစ်နေ လို့လား ဆိုတာ မောင်လေးတို့သုံးသပ်ဘူးလား။
.
တစ်ချိန်က သိတဂူဆရာတော်ကစလို့ အမတို့အာားလုံး နှလုံးသားထဲက သွေးတစ် စက်စက် ကျအောင်နာကျင်ပြီး ၀န်ရံခဲ့တာ ပါမောင်လေး ။
.
လူ့ဘ၀က တိုတိုလေးပါ ။
ဘာကောင်းမှုမှမပြုနိုင်ရင်တောင် အကြွေးတော့ သယ်မသွားကြပါနဲ့ မောင်လေးတို့ ။
ကဲ အမပြောသင့်တာပြောပြီးပါပြီ ။
.
. ..................................
.
ရဟန္တာ အရှင်သူမြတ်တွေဘယ်လောက် ဝိနည်းစည်းကမ်းလိုက်နာတယ်ဆိုတာ အရှင်သာရိပုတ္တရာတို့ အရှင်မဟာကဿပမထေရ်တို့တွေ အကြောင်းဖတ်ဖူးရင် ဒီလို ပြောလိမ့်မည် မဟုတ်ဟူ၍သာ ပြောချင်ပါတော့သည်
.
ဘာပြဲဖစ်ဖြစ် ဘုရားရှင်ကိုယ်တော်တိုင်ကဟောတော်မူခဲ့တယ်လေမောင်လေး။
မိမိထက် သီလပိုသူကိုစော်ကားရင် ကံထိုက်တာပဲ ။
.
မောင်လေးတို့ဟားတိုက်နေတာက ဗုဒ္ဓရဲ့ မေတ္တာဓါတ်ပြည့်ဝတဲ့ ၀တ်ရုံတော်ကို ရုံထားတဲ့ သာသနာကွယ်မှာကြောက်လို့ ကာကွယ်နေတဲ့ သာသနာ့ဝန်ထမ်းဖြစ်နေတယ်။
.
....................................
.
ဟုတ်ပါတယ်ဗျ ကျတော်လဲ ကိုယ့်ထက်သီလရှိသူကို မစော်ကားရဲပါဘူး ဒါပေသိ ဘုရားဟောတရားမဟုတ်လို့ ထောက်ပြတယ်ပြောတယ်ဆိုတာကတော့ ဗုဒ္ဓ ဘာသာ ဝင်တိုင်းရဲ့ ဝတ်တရားလို့ထင်ပါတယ်ဗျ အမတို့လို နားလည်တဲ့သူတွေက ပိုပြောရမှာပါ ကျတော်ကတော့ အမတို့လောက်မသိပါ Description: https://www.facebook.com/images/emoji.php/v9/f7f/1/16/1f60a.png😊 Description: https://www.facebook.com/images/emoji.php/v9/f7f/1/16/1f60a.png😊
.
မောင်လေးက ကံဘယ်နှစ်ပါးများလုံနေလို့ ဟိုဆရာတော်ကို မောင်လေးလောက် သီလမရှိဘူးလို့ပြောဝံ့တာတုန်း ။ ISM မှိုင်းက သိတ်ကြောက်ဘို့ကောင်းတာပါလား ။
.
ဆန္ဒပြတာအာပတ်သင့်တယ်လို့ ဘုရားရှင်မဟော ခဲ့ပါဘူးမောင်လေး ။
လိုအပ်ရင် ဘုရားရှင် ကိုယ်တော်တိုင် ခွင့်ပြုခဲ့တာပဲမဟုတ်လား
.
ဘုရားရှင်ကိုတော်မြတ်ကြီးက သာသနာတော်ရဲ့နောက်ဆုံး အချိန်အကြောင်း ဟောတော် မူခဲ့တယ် မောင်လေးရ ...
.
တစ်ချိန်မှာ သာသနာ့ဝန်ထမ်းဆိုသူတွေဟာ လက်မှာ နားမှာ သက်န်းစလေးပန်ပြီး အိမ်ထောင်မှုပြု ကုန်သွယ် လယ်လုပ် သားမွေးပြုကြလိမ့်မယ်တဲ့ ။
.
ဒီလိုအချိန်မျိုးမှာတောင် သူတို့ဟာ ဘုရားရှင်ရဲ့တရားတွေကို ဟောတတ်တဲ့အတွက် သံဃာ့ဂုဏ်ကို ရည်မှန်းပူဇော်ရင်ငါဘုရားကို ပူဇော်သလိုအကျိုးများပါတယ်တဲ့ ။ စကားကဆုံးနေပြိမောင်လေး။
.
ဘယ်မှာလဲသံဃာတု ။
နောက်တစ်ခါဆင်ခြင်နော်မောင်လေး ။
မောင်လေးတို့က နားလည်လွယ်ပါတယ်။
ထက်မြက်ဖြတ်လတ်တဲ့လူငယ်တွေပဲ။
သာသနာတော်ကို ဘာနဲ့မှာ ရောထွေးပြီးမစော်ကားရဘူး ဟုတ်ပြီလား။
ချမ်းမြေ့ပါစေမောင်လေး။
.
..................................................
.
ကျေးဇူးပါဗျာ အမလဲရွှင်လန်းပါစေ၊ စိတ်ချပါအမ ကျတော်သံဃာကို မစော်ကားပါဘူး သာသနာကိုဖြတ်နေရင်တော့ တားစီးရမှာပေါ့လေ အမပြောတဲ့ လက်မောင်းကို သင်္ကန်းစလေးပတ်တဲ့ခေါတ်ကို စောစောစီးစီး မရောက်အောင်တော့ ကာကွယ်ရမှာပါ အမတို့မှာလဲ တာဝန်ရှိပါတယ် Description: https://www.facebook.com/images/emoji.php/v9/f7f/1/16/1f60a.png😊 Description: https://www.facebook.com/images/emoji.php/v9/f7f/1/16/1f60a.png😊ကျေးဇူးပါဗျာ
.
ကာကွယ်မယ်ဆိုရင်လည်း မိမိမှာ သူတို့ထက်သာတဲ့ သီလ သမာဓိ ပညာ ပြည့်စုံမှ ဖြစ်လိမ့် မယ် မောင်လေး
.
မိမိကိုယ်တိုင် ကံ တစ်ပါးလောက်တောင်မှ မလုံပဲ မိမိထက် သီလ သမာဓိ ပညာ ကြီးမြင့်သူတွေကို ဗုဒ္ဓဟော စာလေး တစ်ကြောင်းကို ဆွဲယူ သာသနာ ကိုပဲ စိတ်ပူနေသယောင် နဲ့ စော်ကား ဟားတိုက်တာတေ့ မလုပ်မိစေနဲ့
သံဃာမီး သင့်လိမ့်မယ် မောင်လေး
.
ပြီးတော့ မောင်လေးကာကွယ်နေတာ သာသနာကို မဟုတ်ဘူးမောင်လေး ကိုယ့်ဘက် မပါရကောင်းလား ဆိုပြီး အပြစ်ရှာနေတာ ။
.
စစ်အာဏာရှင်တွေ လက်ထက်ထဲကိုက ဒီကိုယ်တော်က ဒေါ်စုကို အရူးအမူးထောက်ခံ ထောင်ကျခံပြီး အစ္စလာမ် တွေရဲ့ ယဉ်ကျေးမှု ကျူးကျော်စစ်ကို ဆန့်ကျင်နေခဲ့တာ ။
.
ဒီဆရာတော်က ခုထိ ယဉ်ကျေးမှု ကျူးကျော် နယ်ချဲ့တဲ့ ရန်ကို တွန်းလှန်နေ တုန်းပဲ သူကမပြောင်းလဲပဲ သူ့ခံယူချက်အတိုင် တစိုက်မတ်မတ်သွားနေခဲ့တာပါ။
.
မောင်လေးတို့ သာပြောင်းလဲပြီး ငါတို့နဲ့လိုက်မပြောင်းရ ကောင်းလားဆိုပြီး ရန်လုပ် နေတာ မဟုတ်လား
.
မောင်လေးတို့အမြင်မကြည်တဲ့ထဲမှာ သီတဂူဆရာတော်ဘုရားကြီးကစပြီး မဘသအထိ အားလုံးပါနေတာ တွေရတယ်။
.
မောင်လေးတို့ဘက်ပါသူတွေ ဘယ်လို လူဖြစ်ဖြစ် မောင်လေးတို့သံဃာစစ်လို့ခေါ်တယ် ထောက်ခံတယ် ။
.
နောက်ဆုံး နေ့ဘက်ရဟန်း ညဘက်မိန်းမဆီပြန် ။ ပြင်ဦးလွင် စတာတွေမှာ မိန်းမနဲ့ ခလေး နဲ့ သက်န်ချွတ်ပြီး ပျော်ပါးပြတဲ့ ဒယ်အိုးလေးဆရာတော် တောင်မောင်လေးတို့က ထောက်ခံတယ်။
.
ဒီဆရာတော်ဒီမိုဘ၀တုန်းက စင်ပေါ်တက်ပြီးအော်ကြီးဟစ်ကျယ် တရားဟော အဖမ်းခံရ တုန်းကလည်း မောင်လေးတို့ မျက်ရည်စက်လက်ဝန်းရံခဲ့တာပဲမဟုတ်လား။ ။ အခုမှ ဘယ်လိုဖြစ် ၇တာလဲ။
.
ဒီ ဒယ်အိုးလေးဆရာတော် လည်း ၀ါဒမှိုင်းတစ်ခုကြောင့် အသေဆိုးနဲ့သေရတဲ့အပြင် သူ့ရဲ့လားရာကို မောင်လေးတို့ သိမှာပါ ။ စိတ်မကောင်းပါဘူး။ မောင်လေးတို့ ကိုအဲ့လို မဖြစ်စေချင်ဘူး။
.
ပြီးတော့ သာသနာတော် ပျောက်မှာ ကြောက်တဲ့ သူတွေသည် သာသနာဖျက်တွေ ဖြစ်တယ်လို့ အမတစ်ခါမှမကြားဖူးဘူးရယ်။
.
မောင်လေးအခု ကြားတာပဲဆိုပြီးတင်လိုက်တဲ့ပိုစ့်ကမှ မိမိသာသနာတော်ကို ဘာသာခြား ဟားတိုက်သရော်အောင် ။
.
သီလလေးအခိုက်အတန့် တည်ပြီး တရားနာနေသူတွေရဲ့ ကုသိုလ်ကိုပါ ပြက်ရယ်ပြုတာ မောင်လေးရ ။ အဲ့တာကမှသာသနာဖျက်တာခေါ်တာ။
.
.................................
.
အမ ကျတော်မအားတော့လို့နောက်မှ ပြန်ရေးတော့မယ် လောလောဆယ် ကျတော့သူငယ်ချင်း နဲ့ပဲဆွေးနွေးပေးပါအမ 
.
အမ ဆွေးနွေး ဘို့လာတာမဟုတ်ဘူး မှားနေတာကိုလမ်းပြတာပဲ ရှိပါတယ်။
.
ဝိသုဒ္ဓိမဂ်မှာ သံဃာတော်တွေကို လူတွေအနေနဲ့ မဝေဖန်သင့်ဘူး ဆိုတဲ့ အကြောင်းပါတယ်။
.
အကြောင်းမဲ့ အခွင့်ထူးခံအနေနဲ့ မဝေဖန်ရဘူးလို့ ဟောတာမဟုတ်ဘူး။
.
သာမာန်လူရဲ့ ဥာဏ်နဲ့ အရိယာရဲ့သဘောကို သိဖို့မလွယ်ဘူးလေ။
.
သီလ ရှိသူကို ပြစ်မှား စော်ကားမိရင် သီလရင့်ကျက်ရင် ရင့်ကျက်သလောက် ကိုယ့်မှာ အကု သိုလ် မဖြစ်ပေဘူးလား။
.
အရိယာပုဂ္ဂိုလ်ကို ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စော်ကား မော်ကား ပြောမိလို့ မဂ်တား ဖိုလ်တား အကုသိုလ်ကြီးတွေ ဖြစ်ကုန်မယ်ဆိုရင် သံသရာနဲ့ချီပြီး အကျိုး မနည်း ပေဘူး လား။
.
အမက စိတ်ပူလို့ပါ ။
ကဲ အေးချမ်းပါစေ မောင်လေးတို့။
.
(
လာမယ့်အပတ်မှာ အလ္လဇ္ဇီနဲ့ ဒုဿီလ ရဟန်းဖြစ်ကြောင်းတွေတင်ပေးပါ့မယ် )
.
ချမ်းမြေ့ကြပါစေရှင် ….
.
.


No comments:

Post a Comment