နိဗ္ဗာန်နဲ့ တရားတော်တို့ကိုသင်သူဆရာ ။
ဂုဏ်ပြုအပ်ဆုံး .... ဥာဏ်အရင့်ဆုံး ... အကြင်နာဆုံး ...
မြေတို့ ... မိုးတို့ .... ငရဲတို့မှာ ... အတုမရှိသူ ...
မြေပေါ် .... မင်းသိဒ္ဓတ် တွင်တဲ့ ဗုဒ္ဓ .... ကမ္ဘာလောကကို ...ကယ်တင်ရှင် ရဲ့ ကျမ်းစာ။
လူတို့အတွက် မွေးပြန်ဖို့သူလာခဲ့တယ် ..... အမြင့်ဆုံးဘုံအောက်မှာ မင်းလေးပါး စံနေတယ် ... ကမ္ဘာကို အုပ်ချုပ်သူတွေ ... သူတို့ရဲ့အောက် ပိုနီးပေမယ့် မြင့်တဲ့ဘုံတွေမှာ အမြင့်ဆုံးဝိညာဉ်တို့ နှစ်သုံသောင်း စောင့်ကြ ... အဲ့ဒီမှာစောင့်စဉ် ဗုဒ္ဓမှာ သန္ဓေနိမိတ် ပေါ်လာတယ် ... နတ်တွေက နိမိတ်တွေအကြောင်းသိသမို့ ... ဆိုကြပြီ ....
ကမ္ဘာကယ်ဖို့ ဗုဒ္ဓ သွားရ ဦးမယ် ..... တဲ့
အိမ်း .... အကြိမ်ကြိမ်မှာ နောက်ဆုံးပ ... ။ ငါရော ... ငါ့တရား သိသူတွေပါ ... မွေးခြင်း သေခြင်း ဆုံးပြီ ။ .... တဲ့ ...သူပြန်ပြောတယ် ။
အဲ့ဒီည ဘုရင်သုဒ္ဓေါဒန ရဲ့ မာယာမိဖုရား ... အိမ်မက်ဆန်း မြင်တယ် ....။
ကောင်းကင်က ကြယ်တစ်စင်း ... ရောင်ခြည်တော်ခြောက်သွယ် လင်းလျှက် ... ဆင်ပြောင် ရဲ့ သဏ္ဍန်နဲ့ ယာကနေ သူ့ဝမ်းထဲဝင်သတဲ့ ...။ သူလန့်နိုးတော့ ... မိဖုရားရဲ့ရင် ပီတိလွှမ်းခဲ့ ... အောက်အရပ် ဆီကတေးသံနုနု ကြားရဲ့ ....
အိုအသင်တို့ ... ရှင်ရမယ့် သေသူ ... သေတဲ့ ရှင်သူတို့ ... ထကြ ကြားကြ မျှော်ကြ ... ဗုဒ္ဓလာပြီ ... တဲ့။
မနက်အာရုံကျင်း ... ဒီအကြောင်းကိုပြောပြရာ ... ဆံဖြူအိမ်မက်ဖတ်တို့က ...
အိမ်မက်ကောင်းပ ... ကက္ကဋ တာရာဟာ နေနဲ့ ယှဉ်နေတယ် ... မိဖုရားသားဖွားမယ် ...။ အံ့ဖွယ်ပညာရှင် သတ္တ၀ါအပေါင်း ကို အကျိုးပြုမယ့် ခလေးမြတ်ပေပဲ ...။
လူတို့ကို ... မသိမှုမှကယ်တင်လိမ့်မယ် ... ဒါမှမဟုတ် ... သူစိုးချင် ... ကမ္ဘာကို စိုးမယ် ...။
ဒီလိုနဲ့ မိဖုရား မာယာ သားကို မနာမကျင် မွေးဖွားခဲ့ တယ် ... ကျော့ရှင်းတဲ့ကိုယ်မှာ ... ယောက်ျားမြတ် လက္ခဏာ သုံးဆယ့်နှစ်ပါး ပါရဲ့ ...။ မင်းသားကို သဗ္ဗတ္ထသိဒ္ဓ ( အကုန်ပြည့်သူ ) လို့မှည့် ကြတယ် ..။
မင်းသားကို လာကြည့်တဲ့ သူစိမ်းတွေ ထဲမှာ ဆံဖြူ ရသေ့ အသိတ ပါရဲ့ ....
သူ့နားတို့ မြေဆန်တ မကြား .... နတ်သံကိုသာကြားသမို့ ... ညောင်ပင်အောက် ၀တ်ပြုနေစဉ် နတ်တို့ ဗုဒ္ဓဖွားကြောင်း တေးသီတာ ကြားခဲ့တယ် ... အသက်အရ အကျင့် ပညာအရ အံ့ဖွယ်ပ ...။ ကြည်ညိုဖွယ် အသွင်နဲ့ သူချဉ်းကပ်လာစဉ် ... မိဖုရားမာယာ သားငယ်ကို သူတော်စင်ခြေရင်း ချမယ်ပြုတယ် ...
အို ... မိဖုရား မပြုနဲ့ ... တဲ့ ပြောပြီး ... မြေပြင်ကို ရှစ်ကြိမ် အိုမင်းတဲ့ မျက်နှာနဲ့ ဦးခိုက်တော့တယ် ...။
အို ... ခလေး ၊ ငါရှိခိုးရဲ့ ... မင်းဟာသူပဲ နှင်းဆီအလင်း ခြေဖ၀ါးလက္ခဏာ ... လက္ခဏာကြီးပေါင်း သုံးဆယ့်နှစ်ပါး ၊ လက္ခဏာငယ် ရှစ်ဆယ် ငါမြင်ရပြီ ... မင်းဟာ ဗုဒ္ဓပဲ ....
မင်းတရားတွေဟောမယ် ... တရားသူကြားရသူအားလုံးကို ကယ်မယ် ... ငါတော့ ကြားမယ်မဟုတ် ... စောစောသေချင်သူ အသေစောခဲ့ပြီ ... ဒါပေမယ့် မင်းကိုငါဖူးရပြီ...။
မင်းမြတ် ... ဒါဟာ နှစ်အသင်္ချေမှာ တစ်ခါသာပွင့်တဲ့ ... ပွင့်ပြီးရင် ကမ္ဘာကို ပညာရနံ့ ၊ မေတ္တာပျားရည် လျှမ်းစေတဲ့ လူသား သစ်ပင်မှ ပန်းပွင့်ဖြစ်တယ် ... သင့်တော်ဝင်သစ်မြစ်က နတ်ကြာပန်းပွင့်ပြီ ...။
ချမ်းသာစွ နန်းတော် ... လုံးလုံးချမ်းသာစွတော့မဟုတ် ... သင်းဝမ်းကို ဒီသူငယ်ကြောင့် ဒါးစိုက်လိမ့် ...။
အသင်မိဖုရား ... ဒီမွေးမှုကြောင့် လူနတ်တို့ချစ်အပ်သူ ...။ မြင့်မြတ်လွန်းသမို့ နောက် ဒုက္ခ မခံထိုက်ပြီ ... ဘ၀ဆိုတာ ဒုက္ခပဲ ... ခုနှစ်ရက်နေရင် သင့်ဒုက္ခ မနာမကျင် နိဂုံးရောက်လိမ့်မယ် ...။
ဒီအတိုင်းဖြစ်ရဲ့ ... ခုနှစ်ရက်မြောက်ညနေမှာ ... မိဖုရားမာယာ ပြုံးစက်ရာ မနိုးတော့ဘူး ။တာဝတိံသာ အသာရောက် သွား ... နတ်သင်္ချေတို့ ရှိခိုးကြ ... ၀င်းပတဲ့ မိခင်မြတ်ကို ခယ လုပ်ကျွေးကြတယ် ...။
ခလေးငယ်အတွက် ... မွေးကြွေးပြုစုသူရတယ် ... မဟာပဇာပတိ မင်းသမီးတဲ့ ။ သူ့ရင်မြွာဟာ လောကကို နှုတ်နဲ့ ... နှစ်သိမ့်သူ ရဲ့ နှုတ်ကို နို့ရည်ကျွေးခဲ့တယ် ...။ ဒါနဲ့ ... ရှစ်နှစ်အကြာ .... သတိရှိသူ မင်းသားကို ... မင်းသားအတတ် သင်ပေးဖို့ အတွက် ... မူးမတ်စုံညီ ညီလာခံမှာ .... ဘုရင်က ....
မင်းကြီးတို့ ... သားတော်မင်းသား ... တတ်ရာသင်ဖို့ ... ဘယါသူ ပညာအရှိဆုံးလဲ .....
အဖြေက တစ်သံထဲထွက်လာတယ် ....
မင်းမြတ် .... ၀ဿ မိတ္တ ပညာအရှိဆုံး ... ကျမ်စားတွေ အနှံ့စပ်ဆုံး ... သုတရော ... လက်မှု ပညာပါ ... အရာရာ အတော်ဆုံးပါ ... တဲ့ ။
ဒါနဲ့ နေ့ကောင်းရက်သာ တစ်ရက်မှာ ... မင်းသားဟာ ဘောင်ပတ်လည် ကျောက်မျက်တွေစီထားတဲ့ နွားနီရောင် စန္ဒကူးသင်ပုန်းကိုကိုင် ... ပညာရှင်ရှေ့မှာ မျက်လွှာချပြီး ရပ်လိုက်တယ် ... ။ ဆရာက ...
သားးး ... ဒီစာကိုရေး ဆိုပြီး ဇာတ်မြင့်တို့သာကြားရတဲ့ ဂါယတိ ရွတ်တယ် ...
သြံ ... တတ်သ၀ိရွ ...
ရေနုမ် ဘရ်ဂေါ ဒေဝသျ ဓိမဟိ
ဓိယော ယော နုပြသောဒယာတ်။
( ဗြဟ္မဏ များ မနက် ည ဘုရားဝတ်ပြုရာမှာရွတ်တဲ့ဂါထာ ... စင်္ကြာဝဠာကို .. ဖန်ဆင်းတော်မူသူရဲ့ ... အလင်းရောင် အရှင်နေမင်းကိုရှိခိုးပါ၏... ဒါကြောင့် ငါတို့စိတ်ထဲမှာရှိနေတဲ့ အလင်းဟာ ... ငါတို့ ဥာဏ်အသိကို ... အမှန်တရားရှာဖွေရာမှာ လမ်းပြပါစေ ...တဲ့ )
အာစရိ ... ငါရေးပြီ .... မင်းသားငယ် ..အနူး အညံ့ ဖြေတယ် ... ပြီး သင်ပုန်းပေါ်မှာ ... အက္ခရာ အမျိုးမျိုးနဲ့ ရေးတော့တယ် ...
နာဂရီ ၊ ဒက္ခိဏ ၊ နီ ၊ မင်္ဂလ၊ ပရုရှ ၊ ယဝ ၊ တိရထိ ၊ ဥတ် ၊ ဒရဒ် ၊ သိချာနီ ၊ မန ၊ မဇ္ဈစာရ ၊ ရုပ်ပုံသက်ေတဘာသာစကား ၊ ဂူနေ .. ပင်လယ်နေလူတို့ အမှတ်အသားများ ၊ မြေအောက်မြွေတို့ကို၇ှိခိုးကြသူများ ၊ မီးလျှံ နေဝန်းကို ကိုးကွယ်သူများ ၊ မာဂီယန်များ ... မြေပုံပေါ်နေထိုင် သူများ ...စတဲ့ လူမျိုးအပေါင်းရဲ့ ထူးဆန်းတဲ့အရေးအသား တစ်ခုပြီးတစ်ခု ကညစ်နဲ့ သူရေးခြစ်တော့တယ် ....
ဒီတော့ ဝိသမိတ္တက ... တော်လောက်ပြီ ... ဂဏန်းသင်ကြစို့ ... ငါ့နောက်ကလိုက်ဆိုလေ ... လခ် ကိုရောက်တဲ့ထိ ရေတွက်ကြရအောင် ....
တစ် နှစ် သုံး လေး တစ်ဆယ် ... ပြီးဆယ်တွေကနေ ရာတွေထောင်တွေ ထိပ ... သူ့နောက်က ခလေး ဆက်တိုက် လိုက်ရွတ်တယ် ... မနားဘူး .... လခ် (တစ်သိန်း ) ... တစ်သိန်းပြည့်ပြီ ... ဒါပေမယ့် သူငယ်ဆက်ရွတ်တယ် ... အဲ့ဒီနောက်မှာ ... ကောဋိ .. နဟုတ .. နိန္နဟုတ .. ခမ္ဗ .. ဝိက္ခမ္ဗ .. အဗမ် .. တက္ကတ .. ကုမုဒ ... ဂုဏ္ဍိက .. နောက်ဆုံး ... ပဒုမ ရောက်သွားတယ် ။ ပဒုမဟာ ဟတ္တဂီရိကို အမှုန့်ထောင်းပြီး မြူတွေကို ရေတဲ့အခါ သုံးတယ် ....
နောက် .. ကာထ တဲ့ ... ညရဲ့ ကြယ်တွေကိုရေ ရတယ် ...
ကောဋိကာထ ... သမုဒ္ဒရာရေစက် ကိုရေဖို့ ...
ဏ္ဍင်္ဂ ... ၀န်းဝိုင်းတာတွေရဲ့ ကဲကုလပ် ...
သဗ္ဗနိက္ခေပ ... ဂင်္ဂါရဲ့ သဲတွေကိုရေတယ် ...
ဒီလိုနဲ့ ... အန္တရကပ် ရောက်လာရော ... ပမာဏက ဂင်္ဂါပေါင်း ဆယ်ကုဋေရဲ့သဲတွေကိုရေတာပါ ...
ဒိထက်ကျယ်တဲ့အတိုင်းအတာကတော့ ... အသင်္ချာ ပါ ... ဒါကတော့ အနှစ်တစ်သောင်းမှာ နေ့စဉ် မိုးရွာရင် ကမ္ဘာပေါ်ကျမယ့် မိုးရေစက်ပေါင်း ....
ဒိနောက် မဟာကပ္ပ ... ဒါနဲ့နတ်ဗြဟ္မာတို့ မိမိအနာဂတ်ကိုတွက်ချက်ကြတယ် ...
ကောင်းပ ... အမြတ်ဆုံးမင်းသား ... ဒါတွေမင့်သိရင် ... အလျှားအတိုင်းအတာရော ... သင်စရာ လိုပါအုန်း တော့ မလားကွယ် ...
ကျိုးနွံစွာသူငယ်ဖြေတယ် .....
အာစရိယ ... နားဆင်ပါ ...
ပရမာဏုမြူ ဆယ်ခု .. ပရသုခုမ တစ်
ပရသုခုမ ဆယ်ခု ... တြသာရန တစ် ..
တြသာရန ခွန်နှစ်ခု .. နေခြည်ထဲမျောတဲ့မြူ တစ် ..
မြူ ခုနှစ်ခု .. ကြွက်နှုတ်ခမ်းမွှေးတစ်မွှေး ..
အမွှေးဆယ်ပင် .. လီချ တစ် ..
ဆယ်လီချ .. တယုက ..
ဆယ်ယုက ... မုယောစပါးစေ့ တစ် ...
ဒါဆယ်စေ့ ... လက်တစ်ဆစ်...
ဆယ့်နှစ်ဆစ် .. တထွာ ....
ဒါကနေဆက်တော့ ...တောင် ... တုတ်အလျား .. လေးအလျှား .. လှံအလျှား .. လှံအလျှားပေါင်း နှဆယ်က .. တစ် ရှိုက် ... ဒါကအဆုတ်လေတစ်ခါဖြည့် ... ယောက်ျား တစ်ယောက်လှမ်းမယ့်အလျှား ... ဒါမျိုး လေးဆယ် .. တစ်ဂါဝုတ် .. လေးဂါဝုတ် ...တစ်ယူဇနာ ... ပြီးတော့ ဆရာ... သင်နားဆင်လိုပါလျှင် ... တစ်ယူဇနာရဲ့ တစ်ဖက်စွန်း က တစ်ဖက်စွန်းတွင်းမှာ ... နေမြူဘယ်နှစ်ခုရှိကြောင်းငါရွတ်ပြမယ် ... ပြောပြီး ချက်ချင်းမင်းသားငယ် ... ကျွမ်းကျင် ရွတ်ပြတော့တယ် ....
ဒါပေမယ့် ဝဿ မိတ္တ သူငယ်ရှေ့မှာ ဦးခိုက်နေပြီ .... သူက ...
မင်းဟာ .. မင့်ဆရာတွေရဲ့ ဆရာပဲ .. မင်းကဂုရု ... ငါမဟုတ်ဖူး ...
အို ၊ ငါရှိခိုးရဲ့ ၊ မင်းသား ...
စာအုပ်မလို ... အားလုံးကို ... မင်းသိကြောင်းနဲ့ ... ဂါရ၀တရားသိကြောင်း ပြဖို့ .. ငါ့ကျောင်းကို မင်းလာခဲ့တာပဲ ...
ဒီဂါရ၀တရားကို မင်းသား သူ့ဆရာတိုင်း အပေါ်မှာထားတယ် ...
စကားညင်သာ .. ပညာတော့ရင့် .. အသွင်မှာမင်းသား .. ဟန်မူ နူးညံ့ .. မ၀င့်ကြွား .. သူ့အလိုလိုက်တတ် .. နှလုံးသားသိမ်မွေ့ .. ကြောက်စိတ်တော့ကင်းတဲ့ သာကီသွေးပ ..။
No comments:
Post a Comment