Saturday, May 10, 2014

သတ္တ၀ါ



မောင်လေး သက်ဝေဖြိုးမေးထားတာပါ ..... အားလုံးလဲသိသင့်တယ် ထင်လို့ ချတ်ဘောက်မှာဖြေရမယ့်အစား ... ပိုစ့်တင်ပေးတာပါ ....။

★ အမ …. မေးစရာရှိတယ်ဗျို့

★ ★ မေး

★ စကြာဝဠာအနန္တအတွင်းမှာ ရှိတယ့် သတ္တ၀ါအနန္တရဲ့ အရေအတွက်ဟာ ကိန်းသေလား။ တိုလားသလား။ ဒါမှ မဟုတ်လျှော့နည်းသွားတာလား။

★ ★ အနန္တလေ

★ အနန္တဆို မရေတွက်နိင်တာကိုပဲပြောတာ … တိကျတယ့် အတိုင်းတာ ပမာဏတော့ ရှိပြီးသားပဲကို မဟုတ်ဘူးလား။ တရားတပုဒ် ထည်းမှာ ဥပမာ ပြထားတယ်

ယုဇနာ ၅၀၀ အနားတဖက်စီ ကျယ်တယ့် ကန်းကြီးထည်းက မုန့်ညှင်းစေ့တွေ ဖြည့်ထားသလို သတ္တ၀ါတွေက လောကကြီးမှာ ပြည့်နေတယ်တဲ့။ မရေတွက်နိင်အောင် များပြားတယ် ရေးထားပါတယ်။

အဲသတ္တ၀ါတွေ ထည်းမှာ အရေတွက်အားဖြင့် ယှဉ်လျှင် အနည်းကျဉ်းလောက်ပဲက နိဗန် ရောက်ကြတယ်တဲ့ ဒါပေမယ့် ကျွန်တော် စဉ်းစားကြည့်တယ်။

ဥပမာပေါ့ ကမ္ဘာပေါ်မှာရှိတယ့် သမုဒ္ဒယာကြီး ၄ ဆင်းက ရေတွေဟာ အရမ်းများပါတယ်။ အဲများပြားလှတယ့် ရေတွေထည်းက နေပြီးတော့ တစ်နှစ်လျှင် ရေစက်လေး တစ်စက်စာ ပမာဏရှိတယ် ရေလေးဟာ အာကာသထည်းကို လွင့်စင်ဆုံးရှုံးနေတယ်ဆိုပါစို့...
ရေစက်လေး တစ်စက်ရယ့် ပမာဏဟာ မများပြားဘူးဆိုတာမှန်ပါတယ်။

ဒါပေမယ့် အဲဒီလိုပဲ အမြဲဆုံးရှုံးသွားမယ်ဆိုရင် တနေ့နေ့ တချိန်ချိန်မှာတော့ သမုဒ္ဒရာ ကြီးထည်းမှာ ရေတွေအားလုံးကုန်သွားမယ်ဆိုတာ သေချာပါတယ်။ အဲဒီအချိန်ကျရောက်ဖို့ အရမ်းကြာချင်ကြာလိမ့်မယ်။

ဒါပေမယ့် ကုန်သွားမှာပဲ မလား။ အဲဒီကုန်သွားတယ့် အချိန်ကို ကျွန်တော့တို့ မမှီနိင် ပါဘူး... ဒါပေမယ့် ကုန်သွားမယ်ဆိုတာ ကြိုသိနိင်တယ် မလား.....အဲအကြောင်းပြချက်က ယုတ္တိရှိတယ်မလား။

အဲဒီလိုပဲ စကြာဝဠာ အနန္တမှာ ရှိနေတယ့် သတ္တ၀ါတွေ ကို သမုဒ္ဒရာ ကြီးလိုသဘောထား။ အာကသထည်းကို လွင့်စင် ဆုံးရုံးသွားတယ့်ရေစက်ကလေးကို နိဗါန် ရောက်သွားတယ့် အရေတွက်လို့ မှတ်ကြည့်ကြမယ်။

ဒီအတိုင်း ဆိုရင် ဆက်ပြီးသွားမယ် ဆိုရင် မှန်းဆလို့ မရနိင်အောင် ဝေးကွာလှတယ့် တနေ့မှာ လောကကြီးမှာ သတ္တ၀ါတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားလိမ့်မယ်။

သံသရာလောကကြီးက အမြဲတည်မြဲတယ် ဆိုတယ့် ယူဆရင် အဲလိုတည်မြဲဖို့ အတွက် အသစ်သစ်သောသတ္တ၀ါတွေက အဲလျော့နည်းသွားတယ့် နိဗါန်ရောက်သွားတယ့် အရေတွက်ကို အစားထိုးဖို့ အသစ်တွေ ဖြစ်ပေါ်နေရမယ်။

အဲဒါကြောင့် အမ ကို မေးကြည့်တာလေ... အမ ဘယ်လိုယူဆလဲဆိုတာ.....

အနန္တသတ္တ၀ါတို့ရဲ့ အရေတွက်ဟာ ကိန်းသေလား။ လျှော့နည်းနေတာလား။ တိုးပွားနေတာလား။ ဆိုတာ.....

အနန္တ ဟူသော အဖြေဆိုရင်တော့ နားမလည်နိင်စရာ ဖြစ်ပါလိမ့်မည်။

အဖြေဟာ သုံးခုထည်းက တစ်ခု ဖြစ်ရမယ်။ ကိန်းသေလား.... တိုးနေတာလား.. လျှော့သွားတာလား တစ်ခုခုပေါ့။

မရေတွက်နိင်အောင်များပြားတာကို အနန္တလို့ ပဲခေါ်ပါတယ်။ ဒါပေမယ့် အနန္တဟာ လူသာမန်တွေမရေတွက်နိင်လို့သာ အနန္တလို့သတ်မှတ်ထားတာမဟုတ်လား။
သူ့မှာ တိကျတယ့် အတိုင်းတာ အရေတွက် ပမာဏကတော့ ရှိပြီးသားပါ။

★ ★ နိုး … မောင်လေးက ကိန်းသေ တွက်ထားသလိုပဲ ….. ဆိုကရေးတီးက … အင်ဖန်နတီဆိုတာကို လွန်ခဲ့တဲ့ နှစ် ၅၀၀ မတိုင်ခင်ကမှ … သိလာတာ …။

အင်ဖန်နတီဆိုတဲ့ စကားကို ဗုဒ္ဓက … ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၆၀၀ ) လောက် ကတည်းက ဟော ခဲ့တာ…

သင်္ချာ ဘာသာ ပြီးတော့ တွက်ချက်တာပါတဲ့ ဘာသာအားလုံးမှာ အင်ဖန်နတီဆိုတာ ရှိတယ် မောင်လေး …

၂၀ ကို ၆ နဲ့ စားကြည့်လေ …. ဒီတော့ အမတို့က Infinity သဘောတရားကို မပစ်ပယ်သင့်ဘူး။

((( ယုဇနာ ၅၀၀ အနားတဖက်စီ ကျယ်တယ့် ကန်းကြီးထည်းက မုန့်ညှင်းစေ့တွေ ဖြည့်ထားသလို သတ္တ၀ါတွေက လောကကြီးမှာ ပြည့်နေတယ်တဲ့။ ))) မောင်လေး ပြောတဲ့ ကန်ကြီးထဲမှာ အင်ဖန်နတီ (Infinity ) ကိုထည့်သွင်း ဆင်ခြင် လိုက် …အဲ့တာမောင်လေးလိုချင်တဲ့ အဖြေပဲ …။

★ စိတ်ညစ်နေပြီလား ခဏခဏ ခေါင်းလာစားလို့

★ ★ ညစ်ပါဘူးး

★ အားတော့ နာပါတယ် ဒါပေမယ့် ကျွန်တော့် တာဝန်က မေးရမှာပဲ
စိတ်ထည်းကတော့ မေတ္တာတွေပို့နေလောက်ပါပြီ ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး။
နောက်တစ်ခု.. စဉ်းစာမိတာ အမ ဟိုနေ့က ရေးတယ့် ဓါတ်၆ ပါးအကြောင်းကို
အမ ရေးထားတာလေးတွေ့တယ်

★ ★ အင်း

★ အတိုချုပ်ပြောရ ရင်တော့ ရုပ်နဲ့ နာမ် ပေါင်းစပ် တည်ရှိနေမှ သတ္တ၀ါလို့ ဖြစ်လာတယ်ဆိုရင်
ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိတယ့် ဗြဟ္မာ တွေကြတော့ သတ္တ၀ါလို့ ခေါ်လို့ မရဘူးပေါ သူတို့ကို သတ္တ၀ါးစာရင်းသွင်းလို့ မရတော့ဘူးပေါ့
ရုပ်သာရှိပြီးနာမ်မရှိတယ့် ဗြဟ္မာတွေကြတော့ သစ်ပင်တွေ ကျောက်ရုပ်ကြီးတွေနဲ့ ဆင်မနေဘူးလား ....။

★ ★ မောင်လေးရေ .... အမက အဘိဓမ္မာကို ... အခြေခံတောင် မလေ့လာဘူးသေးပါဘူး ... ခုမှ လေ့လာဖို့ ဆရာတော်တွေနဲ့ အကိုတော်တွေကို အကူအညီတောင်းထားတုန်းပါ .... ဒီတော့ အဘိဓမ္မာနဲ့ပတ်သက်တာဆို ... ပြောင်ပြောင် ( မင်းကန်စီ ) ကိုမေးရင် ပိုသင့်တော် ပါလိမ့်မယ် .... အမသိသလောက်ရှင်းပြရရင် .....

သတ္တ၀ါဆိုတာ …. သတ္တ + အာဝါသ ဆိုတဲ့ ပါဋိစကားကလာတာပါ
သတ္တ ဆိုတာကတော့ …. ၃၁ ဘုံမှာ ကိလေသာဆိုတဲ့ တပ်မက်မှု တဏှာ အစေးနဲ့ မလွှတ်နိုင်အောင် ငြိကပ်တွယ်တာတတ်ကြတဲ့ သူတွေကို သတ္တလို့ခေါ်ပြီး ….

အာဝါသဆိုတာကတော့ …. နေရာဌာနကိုတော့ ခေါ်တာပါ ….

ဒီတော့ သတ္တ၀ါဆိုတဲ့ အဓိပါယ်ဟာ …. ကိလေသာမှ မလွတ်ကင်းနိုင်သူများ ရဲ့ နေရာ ဌာနလို့အဓိပါယ်ရတာပေါ့ ….

လူ့ဘုံ … နတ်ဘုံ … အားလုံးကိုခေါ်တာပါ …
တိရိစ္ဆန်တို့မှာတော့ သူတို့နေရာလေးဟာ သူတို့ရဲ့ အာဝါသပါ ...

တခုတော့ရှိပါတယ် …. ရဟန္တာတွေက တဏှာတော့မရှိတော့ဘူး ၃၁ဘုံကို မတွယ်တာ တော့ဘူး … ဒါပေမယ့်တင်စားသော ရုဠှီနည်း အားဖြင့် သတ္တဝါလို့ခေါ်နိုင် ပါတယ် …

ဥပမာ ငယ်ငယ်တထဲက ၀ဲပေါက်သူတစ်ယောက်ကို …၀ဲထူလို့ခေါ်နေကြရာကနေ … ကြီးလာတော့လဲ … ၀ဲမပေါက်တော့မေမယ့် ..ခေါ်နေကျအတိုင်း …၀ဲထူလို့ခေါ်မိနေတာပေါ့ … ဒါမျိုးကို ရုဠှီနည်းလို့ခေါ် ပါတယ် ..။

ဘုရားက လွှဲရင် အားလုံးကို သတ္တဝါလို့ သုံးပါတယ် တစ်ယောက်ချင်းအတွက်တော့ ကိုယ့်ကိုယ်ကိုလည်း ကိုယ့် သတ္တဝါသပဲ ...

အထွတ်အမြတ်ထားသော ဘုရားမှတစ်ပါး တဏှာ မရှိတော့တဲ့ ရဟန္တာကိုတောင် သတ္တ၀ါလို့ ခေါ်သေးတာ …ကျန်တာအားလုံးကိုသတ္တ၀ါလို့ခေါ်တာပေါ့ ….

★ ★ ပြီးတော့ အသညသနဲ့ အရူပဘုံသားတွေဟာ … အယူမှားပြီး အဲ့ဘုံကို ရောက်ကုန်ကြရတာ … သူတို့တွေက ဈာန်ရပြီး …

သြော် …လောကမှာ စိတ်ဆိုတဲ့ … နာမတရားသာမရှိရင် … ဘယ်လောက် ဒါဏ်ရာ ..အနာတွေကိုယ်မှာရနေပါစေ … မဆင်းရဲနိုင်ဘူးလို့ အယူမှားသွားတဲ့ သူက …
ရုပ်မရှိတဲ့ … အသညသဘုံကိုရောက်တော့တာ …

ဒီလိုပဲ …ရုပ်သာမရှိပါစေ … ငါ့မှာ ဘာဝေဒနာမှ … ဘာေ၇ာဂါမှ မဖြစ်တော့ ဘူး ချမ်းသာ လေစွလို့ …. အယူမှားတဲ့ သူတွေကတော့ … အရူပ ဘုံကိုရောက်ေ၇ာ …

သူတို့က ရူပ အရူပဆိုတဲ့ ကုသလိုလ်ဆိုတဲ့ ကံကြောင့်ဖြစ်တာ … ကံကုန်တာနဲ့ လူတွေလိုပဲ …ပြန်ပြီးလည်ရတာ …

သိတ်တတ်ကြတာလေ … ဒါကြောင့် သူတို့အတတ်နဲ့ သူတို့စူး … အဲ့ဘုံတွေရောက်ပြီး … ဘုရားနဲ့ လွဲ လွဲနေတတ်ရော … တရားနာလို့ ဘုရားလှူလို့မှမရတာကို …
ဒါကြောင့် မရောက်သင့်တဲ့နေရာ ရပ်ပြစ်ရှစ်ပါးထဲ သူတို့ဘုံတွေထည့်ထားတာ ….

★ ★ ဗြဟ္မာဘုံတွေမှာ … သုဒ္ဓါဝါသ ( ၅ ) ဘုံကတော့ … အရိယာတွေချည်းနေလို့ သူတော်စင်တွေ နေတဲ့ … စင်ကြယ်တဲ့ … မြတ်သောဘုံ ( အရိယ ဘ၀ဂ္ဂ ) လို့ခေါ်တယ်။

ဒိထက်မြတ်တဲ့ ဘုံဖြစ်တဲ့ …. ဟိုး အထက်ဆုံး နေ၀သည နာသညာ ယတန ဘုံကတော့ …အမြင့်ဆုံး … အမြတ်ဆုံးဘုံဖြစ်လို့ … သဗ္ဗဘ၀ဂ္ဂ (သဗ္ဗဘ၀ဂ် ) လို့ခေါ်တာပေါ့ …။

နောက်တစ်ခုက …. သတ္တ၀ါတွေမှာ … အကြမ်းအားဖြင့် ….
ကမ္မဇရူပ
ဥတုဇရူပ
စိတ္တဇရူပ
အာဟာရဇရူပ ……
စတဲ့ အသီးအပွင့် သွေးသားစတဲ့ရုပ်ကို ဖြစ်စေတဲ့အကြောင်းတရား ၄မျိုးရှိရာမှာ ...

သစ်ပင် တွေမှာကတော့ ...

စိတ္တမရှိ စိတ္တဇရုပ်မရှိ
စိတ်လည်း မရှိလို့ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လည်းမရှိပါဘူး

ကမ္မ မရှိ ကမ္မဇရုပ်မရှိ
ကာယ ၀ဇီ မနော စတဲ့ ကံတွေ မရှိတဲ့ အတွက် …. ကံကြောင့်ဖြစ်သောရုပ်မရှိ ပါဘူး …

ဥတုရှိ တဲ့အတွက် တုဇရုပ် နဲ့
အာဟာရရှိတဲ့ အတွက် အာဟာရဇရုပ် ရှိပါတယ် ….

ဒါကြောင့် သစ်ပင်တွေကို သတ္တ၀ါလို့မခေါ်တာပေါ့ ….

ကဲ ဒါဆို …ငါ့မောင်လေးက ရူပ အရူပ ဗြဟ္မာ နဲ့ သစ်ပင် ခွဲတတ်ပြီပေါ့နော် ….

( အကိုတော် ဆရာတော် အရှင် ဥာဏိသရ Ashin Nanissara ကိုဦးတင်လျှက် )

ချမ်းမြေ့ကြပါစေရှင် ....

Comments ..... 
မင်းကန် စီ
အနန္တ ဆိုတဲ့ အယူအဆမှာညီအစ်ကိုတော်တွေးသလို ကျနော်တို့လည်း တွေးဖူးတယ်... ဧရာမပုပ်တောင်းကြီးထဲ မုန်ညင်းစေ့တွေထည့် တစ်လုံးစီယူပစ်.... တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အဲ့ဒီမုန်ညင်းစေ့တွေ ကုန်ကိုကုန်သွားရမယ်.... ဒါဆို တို့တတွေလည်း ဘာမှလုပ်မနေနဲ့ တစ်ချိန်ချိန်ကျွတ်တဲ့စာရင်းထဲ ပါကိုပါမှာပဲ လို့လေ....
ဒါပေမယ့် မြတ်စွာဘုရားဟောတော်မူခဲ့တာ စကြာဝဠာအနန္တပါ ထပ်ပါသေးတယ်လေ.... မယ်လုဆိုတဲ့ ဒေါ်အိုဇာကြီးပြောသလို အင်ဖနတီမှာ အင်ဖနတီထပ်မြောက်ပေါ့.... ဟုတ်ကဲ့လား.... ဒါဆို စကြာဝဠာတစ်ခုချင်းမှာ သတ္တဝါအနန္တ... စကြာဝဠာအနန္တက သတ္တဝါအနန္တ...........
ဘယ်မှဆုံးနိုင်ပါလိမ့်..........................
 ((( အတိုချုပ်ပြောရ ရင်တော့ ရုပ်နဲ့ နာမ် ပေါင်းစပ် တည်ရှိနေမှ သတ္တ၀ါလို့ ဖြစ်လာတယ်ဆိုရင်
ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိတယ့် ဗြဟ္မာ တွေကြတော့ သတ္တ၀ါလို့ ခေါ်လို့ မရဘူးပေါ သူတို့ကို သတ္တ၀ါးစာရင်းသွင်းလို့ မရတော့ဘူးပေါ့
ရုပ်သာရှိပြီးနာမ်မရှိတယ့် ဗြဟ္မာတွေကြတော့ သစ်ပင်တွေ ကျောက်ရုပ်ကြီးတွေနဲ့ ဆင်မနေဘူးလား ....။)))

ဒီနေရာမှာ မရှိတာနဲ့ ခဏရပ်နေတာနဲ့ ကွာသွားပါတယ်... ရုပ်သာရှိ နာမ်မရှိတဲ့ ဗြဟ္မာတွေနဲ့ နာမ်သာရှိ ရုပ်မရှိတဲ့ဗြဟ္မာတွေမှာ ရုပ်ဖြစ်စဉ် နာမ်ဖြစ်စဉ်တွေဟာ မရှိတာမဟုတ်ဘူး... ခေတ္တခဏ ဈန်တန်ခိုးနဲ့ ရပ်တန့်သွားတာပါ... ဈန်ကုသိုလ်ကုန်ချိန်မှာ သူတို့မလိုချင်ခဲ့တဲ့ ရုပ်တွေ နာမ်တွေဟာ သူတို့အလိုကိုမလိုက်ဘဲ အနတ္တ အစိုးမရဆိုတဲ့ သဘောတရားအတိုင်း ပြန်လည်ပေါ်ပေါက်လာရမှာပဲဖြစ်ပါတယ်... ဖယောင်းနဲ့ မီးဆာရှိနေရင် မီးနဲ့မတွေ့ခင်သာ မီးတောက်မစွဲသေးဘဲ မီးနဲ့တွေ့ရင် မီးတောက်စွဲကို စွဲရမှာ သဘာဝပါ.... သတ္တဝါရယ်လို့ ဖြစ်လာပြီး ကံကပြစ်ချရာမှာ ကျင်လည်နေရကတည်းကိုက လောင်စာအပြည့်နဲ့ပါ.... မီးနဲ့မတွေ့သေးလို့ အေးချမ်းနေတာပါ... ကိလေသာလောင်စာတွေ မဖယ်နိုင်သေးသမျှတော့ တစ်နေ့နေ့တစ်ချိန်ချိန် မီးနဲ့တွေ့ရင် လောင်ကိုလောင်ရဦးမှာပါ.... ကိလေသာလောင်စာတွေကို အကုန်အစင်ပယ်ရှင်းနိုင်မှသာလျှင် အမှန်တကယ် ရုပ်နာမ်ချုပ်ငြိမ်းတဲ့ အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာဖြစ်ပါတယ်....
အဆိုပါ ဗြဟ္မာတွေဟာ ရုပ်နာမ်ချုပ်ငြိမ်းသွားခြင်းမဟုတ်ပါမူဘဲ ခေတ္တခဏသာ ရပ်ဆိုင်းသွားတာဖြစ်ပါတယ်.... သစ်ပင် တော တောင် ဆိုတဲ့ သြကာသလောကနဲ့ လားလားမျှမဆိုင်တဲ့ သတ္တလောကသားတွေဖြစ်တဲ့အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရုပ်နာမ်အစုံနဲ့ နေရင်းဌာန အပါယ်လေးဘုံကို မလွဲမသွေ ပြန်ရဦးမှာပါ....

အဲ့သလို လောကသုံးပါးကို ခွဲခြားသိမြင်နိုင်တဲ့ လောကသုံးပါးမှာ အတုမရှိတဲ့ တစ်ဦးတည်းသော မဟာလူသား သဗ္ဗေညုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတုမရှိသဗ္ဗေညုဥာဏ်တော်ကြီးနဲ့ လောကသုံးပါးကို ခွဲခြားဟောပြောခဲ့လို့သာလျှင် ကျနော်တို့ ယခုလိုသိနိုင်ခြင်းဖြစ်ပါတယ်... သာသနာပမှာဆိုလျှင်တော့ ညီအစ်ကိုတော်ရဲ့ ယခုအမြင်မျိုးဟာ ဘုရားတစ်ဆူတောင် လုပ်လို့ရနိုင်တဲ့အမြင်မျိုးပါ... ခပ်တည်တည်နဲ့ ဖိန့်ဖိန့်ပေါ့လေ.. သင်္ခါရလောက သြကာသလောက သတ္တလောကဆိုပြီး လောကသုံးပါးကို ခွဲခြားသိမြင်တာ အတုမရှိ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးတော်ပါ...။
  (((Cos Mos ဝေနေယျဆိုတာ တရားဟောရင်ကျွတ်မဲ့သူ သတ္တဝါဆိုတာက တရားဟောပေးသော်လဲ မကျွတ်နိုင်သူလို့သိထားပါတယ် အမသိတာနဲ့မတူဘူးဖြစ်နေတယ် ရှင်းပြပါလား)))

ဟုတ်ကဲ့ အဲ့ဒီအယူကတော့ အခုမြန်မာပြည်မှာ တော်တော်လေးခေါင်းထောင်နေတဲ့ ပစ္စုပ္ပန်ကမ္မဝါဒီအယူနဲ့ တော်တော်လေးဆင်နေတယ်ဗျ.... သတ္တဝါဆိုတာ ကိလေသာရှိနေသူ ဆိုပီး ယူတာလေ....
ထေရဝါဒအယူမှာတော့ သတ္တဝါဆိုတာ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို မူလဘူတပိုင်ဆိုင်ထားသူလို့ ဆိုလိုပါတယ်.... ကျနော်တော့ အဲ့သလိုပဲ သဘောပိုက်မိတယ်ဗျာ..
 Sa Nay Thar
ကျနော်ကတော့ ရုပ်ပဲ ရှိ ဗြဟ္မဘုံ နာမ်ပဲရှိတဲ့ဗြဟ္မဘုံ ကို ကက်ဆက်နဲ့ ကဒ်ဆက်ခွေလိုပဲ မှတ်ထားလိုက်တယ်...ဒိဋ္ဌိဆိုတဲ့ ဘတ်ထရီ ကို မဖြုတ်ပဲ ဘ၀ကို လိုချင်တဲ့ တဏှာခလုတ်ကို လည်းမပိတ် သီချင်းမလာစေချင်လို့ ဘ၊လုပ်ရမယ်ဆိုတာ မသိတာကြောင် ခွေ ဆံ ထုတ်ထားမိတဲ့သဘောပဲ...လို့ပဲ မြင်တယ်ဗျာ...မဟုတ်လည်းပြန်ရှင်းပေးဦးဗျ...
 မင်းကန် စီ သူတို့က ခွေဆံထုတ်ထားလိုက်နိုင်တာမဟုတ်ဘူးဗျ.... Pause ဖမ်းထားလိုက်တာဆို ပိုမှန်မယ်.... ဒါတောင် ခလုပ်နှိပ်တာမျိုးမဟုတ်ဘဲ timer နဲ့ဖမ်းလိုက်တာမျိုးပေါ့... သတ်မှတ်ချိန်ပြည့်ရင် ပြန်ကိုမြည်လာမှာ မလွဲမသွေပါပဲ ....။

No comments:

Post a Comment