Friday, May 16, 2014

ဘ ဒၵ ဝ ဂၢိ ယ ညီ ေ နာ င္ ( ၃၀ ) ကို ေ ဟာ ၾကာ း သော အနမတဂ္ဂ သု တ် ......



မောင်လေးညီမလေးတို့ရေ ...
ရှင်တော်ဗုဒ္ဓသည် ... အလုံးစုံကို အကြွင်းမဲ့ သိမြင်သူမဟုတ်ပါ ဆိုပြီး ပိဋကပ်တော်တွေကို မိမိ ဖာသာ ပြင် ချင်သလို ပြင်ရေးထားတဲ့ ခရစ်ယန် တရားဟောဆရာတစ်ယောက်ရဲ့ ဒုတိယ စွပ်စွဲချက် လေးပါ ...။
.
★ (((( ရှင်တော်ဂေါတမသည် အလုံးစုံတို့ကို အကြွင်းမဲ့ မသိမမြင်ကြောင်းကို ကျမ်းသက်သေခံသည်မှာ။ အနမတဂ္ဂါယံဘိက္ခဝေ သံသာရော ပုပ္ပေ ကောဋိ နပညာယတိ အာဝိဇ္ဇာနိဝရဏာနံ သတ္တာနံ တဏှာသံယောဇနံ သန္ဓာဝတံ သိံသရတံ။
အ၀ိဇ္ဇာနိဝရရှိကုန်သော တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော ဤဘ၀မှသည်၊ ပြောင်းသွားကုန်သော သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော အစွန်းကို၊ ငါမသိငါမထင်နိုင်ကုန်။ (နိဒါန၀ါရ သံယုတ် အနမတဂ္ဂသုတ်)... ))))
.
ဤကဲ့သို့ နိဒါန၀ါရ သံယုတ် အနမတဂ္ဂသုတ် တွင်ပြသည်၊ ထိုသို့ ပြဆိုသည် ဖြစ်သောကြောင့်၊ ရှင်တော်ဂေါတမ၌ အလုံးစုံအရာ တို့ကို၊ သိမြင်နိုင်သော ဥာဏ်မရှိ ကြောင်းကို သိရလေသည်။
.........................................................................
★ ★ စွပ်စွဲချက် အတွက် အဖြေပါ ...
.
★ ★ ဘုရားရှင်လက်ထက်တော်အခါက ကောသလတိုင်းဘုရင် မဟာကောသလ မင်းကြီး မှာ သားတော် ( ၃၁ ) ပါး ရှိပါတယ်  ....
မဟာကောသလ မင်းကြီးဟာ မိဖုရား ခေါင်ကြီးက မွေးဖွားတဲ့ ပသေနဒီ ကောသလမင်းကို  မင်းမြှောက်ခဲ့ပါတယ် ...
ကျန်သားတော် အပါး ၃၀ ကတော့ ဘဒ္ဒဝဂ္ဂိယ ညီနောင် ၃ဝ ဆိုပြီးနာမည်တွင်ပါတယ်  ...
ဒီညီနောင် ( ၃၀ ) အနက် ( ၂၉ ) ပါးက အိမ်ထောင်ရှိပြီး တစ်ဦးကတော့ အိမ်ထောင်မရှိဖူးပေါ့ ...
.
★ ★ တနေ့မှာ  ညီနောင် ၃ဝ တို့ လှည့်လည် သွားလာရင်း အိမ်ထောင်မကျသေးတဲ့ ညီငယ်လေးဟာ ... ခရီးလမ်းမှာတွေ့တဲ့ အမျိုးသမီး တစ်ဦးနှင့် ရည်ငံသွားတယ်တဲ့ ...
.
ရက်အနည်းငယ်ကြာတော့ ဒီအမျိုးသမီး က လက်ဝတ် ရတနာတွေကိုခိုးယူထွက်ပြေးသွားတဲ့အတွက်  ညီနောင်များက လိုက်ရှာ ကြတဲ့အခါ  ဥရုဝေလတော မှာ ဘုရားရှင်နဲ့ ဆုံကြတာပေါ့ ...။
.
ဒါနဲ့ ညီနောင် ( ၃၀ ) က ဘုရားရှင်ကို ဒီအမျိုးသမီးကိုတွေ့မတွေ့ မေးမြန်းတဲ့အခါ  ဘုရားရှင်က  ....
.
★ ★ ★ မင်းသားတို့ ... 
ပျောက်သွား သူကို ရှာဖွေခြင်း နှင့် မိမိ ကိုယ်မိမိ ရှာဖွေခြင်း တို့တွင် မည်သည့် ရှာဖွေခြင်း က အကောင်းဆုံး ဖြစ်မည်နည်း ...
လို့မေးမြန်းပါတယ် ...
.
★ ★ ဒီအခါ မင်းသား တို့က
အရှင်ဘုရား သူများကို လိုက်ရှာ နေခြင်းထက် မိမိကိုယ် မိမိ ရှာဖွေခြင်း ကပို၍သင့်မြတ်ပါသည် ဘုရား လို့လျှောက်ထားကြတာပေါ့ ...
.
ဒီအခါမှာ မြတ်ဗုဒ္ဓ က အနမတဂ္ဂ ဒေသနာတော် ကို ဟောကြား တော်မူပါတယ် ....
.
** နသော ဘိက္ခဝေ သတ္တော သုလာဘရူပေါ ၊
 ယောန မာတာပိတဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ**
.
★ ★ ★ ချစ်သားတို့ ....
ဤ ရှည်လျားလှသော သံသရာကြီးထဲတွင် အမိ၊အဖ၊မောင်ကြီး၊မောင်ငယ်၊ညီ၊အစ်ကို၊ ညီမ၊အစ်မ၊သား၊ သမီး မတော်စပ်ခဲ့ဘူးသော ပုဂ္ဂုလ်ကို ငါဘုရား၏ ဉာဏ်တော်ဖြင့် ရှာဖွေ၍မရခဲ့ပေ။
( နိဒါန၊ ၀ဂ္ဂသံယုတ်ပါဠိ၊ အနမတဂ္ဂသုတ် )
.
★ ★ ★ ချစ်သားရဟန်းတို 
 သတ္တဝါတိုင်း အဝိဇ္ဇာနီဝရဏတဏှာ သံယောဇဉ်တွေစီးဆင်းပြီးနေသည့် အတွက် အစမထင်သော .. သံသရာမှာကျင်လည်နေကြရကုန်၏ 
ရှည်လျားလှသော သံသရာအတွင်း အလွန်များလှတဲ့ အနန္တသတ္တ၀ါတွေနဲ့ မိမိတို့တစ်တွေ အားလုံး ဆွေမျိုးတော် စပ်ခဲ့ဖူးကြ၏ ဆွေမျိုးမတော်ဖူးဘူးသူ တစ်ဦး တစ်ယောက်မျှပင် မရှိပေ။
.
လောကရှိသော သတ္တ၀ါများအားလုံးသည် (၃၁)ဘုံအတွင်း အရဟတ္တမဂ်ဖိုလ် မရမချင်း ဘ၀ပေါင်း များစွာက ပြုလုပ်ခဲ့သော ကံပေါင်းများစွာကြောင့် ဖန်ဖန်တလဲလဲ ဘ၀သံသရာခရီးမှာ လည်ပတ် စီးဆင်းနေကြ ရကုန်၏..။
.
အိပ်မပျော်သောသူအတွက်  ညဥ့်တာသည် ရှည်လျား၏။
ခရီးပန်းသူအတွက် တစ်ယူဇနာခရီးသည်ပင်လျှင်  ရှည်လျားလှ၏။
သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးသည် ရှည်လျားလှ၏
.
★ ★ ★ ချစ်သားတို့ ...
.ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် အဖန်ဖန် အခါခါ သံသရာ၌ ကျင်လည် ဖြစ်ပျက်ရခြင်းသည် အလွန် ရှည်ကြာလှ၏။ 
.
အစမထင်သော သံသရာ၌ အဖေသေ၍ ငိုရသော မျက်ရည်၊ မောင်သေ၍ ငိုရသော မျက်ရည်၊ အမိသေ၍ ငိုရသော မျက်ရည်၊ သမီးသေ၍ ငိုရသော မျက်ရည်တို့ မဟာသမုဒ္ဒရာ လေးစင်းမက ရှိ၏
 .

ပဋိသန္ဓေနေ၍ မွေးလာတိုင်း စို့ရသော အမိ နို့ရည်သည် သံသရာရှည်ကြာစွာ ဘဝပေါင်းများစွာ ရှိ၍ လေး စင်းသော သမုဒ္ဒရာရေထက် များကြောင်းကို အောက်မေ့ကြလေကုန်။ 
.
★ ★ ★ ချစ်သားတို့ ... 
မဟာပထဝီမြေကြီးကို အလုံးစုံ ရွှံ့ဖြစ်အောင် ရေဖြင့်နယ်၍ ဆီးစေ့ခန့် အလုံးကလေးများ လုံးကာ ထားပြီး သံသရာ အဆက်ဆက်က အမိဖြစ်ဖူးသော သူဟူသမျှကို တစ်လုံးစီ ပေးပါက ဆီးစေ့ ခန့် မြေကြီးများသည်သာ ကုန်၍ သွားရာ၏ ရှေးရှေးဘဝ သံသရာဝယ် အမိ မဖြစ်ဖူးသော သူကို ငါဘုရား ဥါဏ်တော်ဖြင့် ရှာဖွေ၍ မရနိုင် ...။
.
ဇမ္ဗူ ဒီပါ တစ်ကျွန်းလုံး ရှိ သစ်ပင်ကြီးငယ် တို့ကို အလုံးစုံကိုခုတ်၍ လက်လေးသစ်ခန့် အတိုအစ အပိုင်း ကလေးတွေ ပြုလုပ်ပြီး  ရှေးရှေးဘဝသံသရာက အဖဖြစ်ဖူးသူ ဟူသမျှကို တစ်ခုစီပေးပါက လက်လေး သစ်ရွယ် ဖြတ်ထားသော သစ်ပင်တို့သာ ကုန်သွားရာ၏။ ရှေးရှေးဘဝ သံသရာက အဖ မဖြစ်ဖူးသောသူကို ငါဘုရားဥါဏ်တော်ဖြင့် မတွေ့နိုင် ... မရှိနိုင် ...။

.
★ ★ ★ ချစ်သားတို့
လူ့ဘ၀သည် အလွန်ရခဲ၏။ 
လူ၏ဘဝ၌ တရားကို အားထုတ်မှ အိုခြင်း သေခြင်း လွတ်ရာ နိဗ္ဗာန်တရားကို ရနိုင်၏။ 
တိရစ္ဆာန်ဘဝ၌ တရားအားထုတ်၌ နိဗ္ဗာန်ကို မရနိုင်ချေ လို့ဟောတော်မူခဲ့ပါတယ်။
.
ဘုရားရှင်တရားကိုနာ အပြီးမှာ ညီနောင် ၃ဝ တို့လည်း မိမိကိုယ်ကို မိမိရှာဖွေခြင်းဖြင့် မြင့်မြတ်သော ရဟန္တာများ ဖြစ်သွား ကြပါတယ် ....။ 
ပစ္စည်းယူ တိမ်းရှောင် သွားသော အမျိုးသမီးကို အပြစ်တင် ရှာဖွေ ခြင်းဖြင့် အချိန်မဖြုန်း ကြတော့ပါဘူး ။

No comments:

Post a Comment