Sunday, February 1, 2015

ပထမဦးဆုံးဘုရားမည်သူ့ထံတွင် ဘုရားဆုပန်ခဲ့သနည်း ...



ဘုရားဖြစ်ဘို့အတွက် .... ဆုပန်ရတယ်ဆိုရင် ..... ပထမဆုံးဘုရားက ဘယ်သူ့ဆီမှာဆုပန်ပါသလဲတဲ့ ....... ( ဘာသာခြားမေးတာပါ )

★ ★ ဘုရားရှင်ကြီးတွေကို မေးတယ်လို့သဘောပေါက်မိပါတယ် ....
ဘုရားရှင်တိုင်း ဘုရားဖြစ်ရန် ... ပါရမီဖြည့်ကျင့်ရတာက  ကမ္ဘာပေါင်း သချေ် ( ၂၀ ) နဲ့ တစ်သိန်း ပါရမီဖြည့်ကျင့် ရပါတယ်။

★ ★ ပါဠိလို စေတောပဏိဓာနခေတ် လို့ ပြောလို့ရတဲ့ စိတ်နှင့် ဘုရားဖြစ်ရပါလို၏လို့ ဆုတောင်း တဲ့ ခေတ်က ကမ္ဘာပေါင်း (၇) သင်္ချေ ရှိခဲ့ပါတယ်...

★ ★    နောက် ၀ါစာပဏိဓာနခေတ်လို့ ပါဠိလိုခေါ်တဲ့ နှုတ်ဖြင့် ဘုရားဖြစ်ရပါလို၏လို့ ဆုတောင်း ခဲ့ ရတာက ကမ္ဘာပေါင်း (၉) သင်္ချေပါ ... ဒီအချိန်တွေမှာ ဘုရားဆု ပန်ပါတယ် ။

★ ★  နောက်ဆုံး ပါဠိလို ကာယာဝါစာပဏိဓာနခေတ်လို့ခေါ်တဲ့ လူအများသိတဲ့ ကိုယ်ရောနှုတ်ပါ ပါရမီဖြည့်ကျင့်ရတာကတော့ ကမ္ဘာပေါင်း လေးသင်္ချေနဲ့ တစ်သိန်းကာလကြာပါတယ် .... နောက်ဆုံး ကာလမှာ ဗျာဒိတ်တော် ခံယူ လေ့ရှိပါတယ် ...။
.
★ ★ ဒီတော့ ပထမဆုံးဘုရားက ဘယ်သူ့ဆီမှာဗျာဓိတ်တော်ခံယူသလဲဆိုရင် သူ့အချိန်အလိုက် .... ကြုံဆုံတဲ့ပစ္စေကဗုဒ္ဓါတွေကို ဆုပန်ခဲ့တယ်လို့ပဲပြောလို့ရမှာပါ .... သာသနာတော်ပကာလမှာ ပစ္စေက ဗုဒ္ဓတွေက ရံခါ ပွင့်တတ်ပါတယ် ...။

ချမ်းမြေ့ကြပါစေရှင် ....



No comments:

Post a Comment