Monday, February 2, 2015

ဗုဒ္ဓက ယေရှုအကြောင်း ပြောသည်တဲ့



လွန်ခဲ့တစ် တစ်ပတ်က ညီမငယ်အကောင့်နဲ့ဝင်ပြီး သွားရှင်းထားတာလေးတွေပါ ... မောင်လေးညီမလေးတို့ဖတ်ကြည့်နော် ... ဘာသာခြားတွေမေးတာပါ
.
ယက်က္ခ ဘီးလူး
အခုခေတ်မှာဗုဒ္ဓဘာသာမြန်မာမိန်းက လေးတွေပြည်တန်ဆာဖြစ်နေတာ အရင် ဘုံတွေမှာဘာအပြစ်တွေလုပ်ခဲပါလဲ ဘယ်ကံကြောက်ပါလဲ
.
★ ★ သိဒ္ဓိဝင် ဇီဝက
ကာမေသုပါ
.
★ ★ Thet zaw
ကံကိုလုံးလုံးယူရင် ဗုဒ္ဓဝါဒမှာပယ်ပါတယ် (သဗ္ဗဟေတုကဒိဌိ) ကံပါလာပေမဲ့ ပစ္စုပ္ပန်အားထုတ်တဲ့ကံ(ကာယ ဝစီ မ နော) ကအဓိက အကျဆုံးပါ ဗုဒ္ဓဘုရားအယူပါ
.
★ ★ ★ ကာမေသုလို့ တန်းပြောရင်မှားပါတယ်ရှင် .... ဘယ်အကုသိုလ်ကံ ဖြစ်ဖြစ် ... ကံကံ၏အကျိုးကြောင့်ရှိသလို ... မိမိပယောဂကြောင့် ... အကုသိုလ်ကံ အသစ်ပြုကြတာ ရှိပါတယ် ....
.
ဥပမာ လူကြီးတွေရဲ့ အငယ်အနှောင်းတွေ ... ကိုယ်ဟန်ပြစားသူတွေ ... သူတို့ကိုယ်တိုင် လွယ်လွယ် ရတဲ့ငွေကို သာယာလို့ပါ .... ယောက်ျားကောင်းတစ်ယောက် ယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားလဲရပါတယ် ...
.
သက်သက်သာသာငွေရချင်လို့ ကျူးလွန်နေသူတွေကတော့ ကံအသစ်ပြုနေတာပါ ... ဟိုဘ၀က ၀ဋ်တွေ ကံတွေ နဲ့မဆိုင်ပါဘူး ...
.
ဥပမာ အမ္ဗပါလီလို ... ဘုရင့်သမီးဖြစ်ရက် ... ပြည့်တန်ဆာဖြစ်ရတယ် ...
.
တစ်ချို့ ဗမာမလေးတွေ ဘ၀ပေးကြောင့် ရွေးချယ်စရာမရှိလို့ မိသားစုအရေး အိပ်ယာထဲ လဲနေတဲ့ မိဘနဲ့မောင်နှမတွေအတွက် လုပ်နေရတယ် ....
.
တစ်ချို့ တစ်ဖက်နိုင်ငျွှာံ အနိုင် ကျင့်ရောင်းစား ခံရတယ် ....
.
ဒါပေမယ့် သူတို့ လွတ်အောင်ရုန်းတယ် နစ်မျော မနေသူတွေ ကသာ ...ဟိုဘ၀က ကံကိုပြန်ဆပ်တာ လို့ယူလို့ရပါမယ် ...
.
ပေါ့ပေါ့လေးနဲ့ လှလှပပလဲနေရတယ် ငွေလဲ အရချောင်တယ် ... ဒါမျိုးမိန်းမတွေကတော့ အကုသိုလ်ကံ အသစ်ပြုနေတာပါ ...၀ဋ်ကြွေးမဟုတ်ပါဘူး ...။
.
အွန်လိုင်းမှာလဲရှိကြပါတယ် ... ယောက်ျားလေးတွေကိုကြိုက် ငွေတောင်း ... ချူစား ... ယောက်ျားလေးတွေ ကလဲ ဒီလိုပါပဲ မိန်းခလေးတွေဆီက ချူစားကြတာတွေပါ ... ဒါလဲငရဲပါပဲ ... ဘယ်လိုနည်းနဲ့ပဲ အချောင် ရပါစေ ... မကောင်းတဲ့ကံပြုတာပါ ...။
.
နောက်တစ်ခုက ပြည့်တန်ဆာဆိုတာ ဘာသာတိုင်း နိုင်ငံတိုင်း မှာရှိပါတယ် ..ဗုဒ္ဓဘာသာထက် ကျန်တဲ့ ဘာသာပြည့်တန်ဆာတွေက ပိုပေါပါတယ် ... ရှင်တို့ အစ္စလာမ် ဘာသာမှာရောရှင် ... နိုင်ငံတစ်ကာနဲ့အချိုးချကြည့်ပါ ... ။
...................................................................................
.
Nay Zaw Zaw
ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်တွင်သင်္ဂါယနာလေးကြိမ်မြောက်၌ဗုဒ္ဓသည်ယေရှုအကြောင်းနှင့်ပတ်သက်သောအရာများဟောထားလျက်နှင့် သင်္ဂါယနာခြောက် ကြိမ်မြောက်တွင်ထိုအရာများကိုဘာသာရေးသမားများမှဖြတ်တောက်ထားလိုက်ပါသည် အဘယ်ကြောင့်နည်း
.
★ ★ မြန်မပြည်တွင် သင်္ဂါယနာ လေးကြိမ်မြောက် .... နောက်သင်္ဂါယနာခြောက်ကြိမ်မြောက် ... အင်း ... ဟုတ်ပြီ ... အဲ့တာကိုအရင်ရှင်းပြပါ ...
ပြီးရင်... ယေရှုအကြောင်း ဗုဒ္ဓက ဟောထားတယ် ဆိုတော့ ဘယ်နေရာမှာဟောထားလဲ ... ကျမ်းညွှန်းလေးတစ်ချက်ပြ ...
.
ဗုဒ္ဓ~အဓိပ္ပါယ်ဘုရား
ဧ ကောဗုဒ္ဓေါ~တဆူတည်းသောဘုရား
ဇိနံမရဏံနဘဝိသတိ
သေရာမှပြန်ရှင်သောဘုရား~ဘုရားစစ်တို့မည်ကားသေခြင်းမရှိ အထက်ပါစကားစုတို့သည်ဗုဒကအာနန္တာအားမိန့်ကြားခဲ့ခြင်းဖြစ်၏
.
★ ★ (((( ဗုဒ္ဓ~အဓိပ္ပါယ်ဘုရား )))) ....
.
မှားပါတယ်ရှင် နိုးထသူပါ ... အကျယ်ပြောရရင် ကိလေသာနွံမှ နိုးထသူ လွတ်မြောက်သူပါ ...
.
(((( ဧ ကောဗုဒ္ဓေါ~ တဆူတည်းသောဘုရား ))))
.
မှားပြန်ပါတယ် ဧကောဓမ္မောပါ .... သံသရာမှလွတ်မြောက်ကြောင်းဓမ္မ ကိုသာ လမ်းပြတာ ကိုပြောတာပါ ...
.
((( ဇိနံမရဏံနဘဝိသတိ ...သေရာမှပြန် ရှင်သောဘုရား~ ဘုရားစစ် တို့မည်ကားသေခြင်းမရှိ အထက်ပါစကားစုတို့ သည်ဗုဒ ကအာနန္တာအားမိန့်ကြားခဲ့ခြင်းဖြစ်၏ ))))
.
သနားစရာ သတ္တ၀ါတစ်ယောက်အနေနဲ့ စာနာမိပါတယ် .... ဘ၀ဆိုတာ သေခြင်းနဲ့ရှင်ခြင်း ကြား အဖန်ဖန် အထပ်ထပ် လည်ပတ်နေတာကိုပြောတာပါ ... ။
.
ကျမခင်မင်နေတဲ့ခရစ်ယန်ညီမလေးတွေကြောင့်ဘာမှမပြောတော့ပါဘူး ... အသင့်ရဲ့ အပြောအဆိုတွေက .. သင်ကိုးကွယ်တဲ့ ခရစ်တော်ရဲ့ နာမည်ကိုစွန်းထင်းစေပါတယ် ... ။
.
ချမ်းမြေ့ပါစေရှင်
.

No comments:

Post a Comment