Thursday, February 5, 2015

ဗု ဒ္ဓ က ဘာ လူ မျိုး လဲ တဲ့


မောင်လေးညီမလေးတို့ရေ ... ဘာသာခြားတွေကတော့ .. မင်းတို့ဘုရားက ကုလားကြီးပါကွာ ... ထင်လင်းဦး အပါအ၀င် တစ်ချို့ ယုတ်ညံ့သူတွေကတော့ ... ကုလားလက်မခံရင် ... မင်းတို့ဘုရားလဲကုလားပဲ ... မြန်မာပြည်က ဂေါတမကိုနှင်ထုတ်ပလိုက် လို့ ... ပြောကြပြန်တယ် .... ဒီလိုဘာသာခြားတွေကပြောတော့ ... မိမိသာသနာတော်ဝင် ခလေးတွေကပါ အူကြောင်ကြောင်တွေ ဖြစ်ပြီး .... 
ကျွန်တော်တို့ ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားရှင်သည် မည်သည့်မျိး ရိုးဖြစ်ပါသနည်း။
ဆိုပြီးလုပ်လာကြပြန်ပါရော ... နှဲ့ပါများတော့ နဲ့လာတာပေါ့ ...။
.
သမိုင်းဆိုတာ အရေးကြီးတဲ့သမိုင်းအထောက်အထား အချက်အလက်တွေကိုဆန်းစစ်ဖို့ပါ ... ကမ္ဘာဦး အစ တုန်းက လူရိုင်းတွေက အခုဘာလူမျိုးဖြစ်နေပြီလဲဆိုတာ ကို အရေမရ အဖတ်မရ လိုက်စုံစမ်းဖို့ မဟုတ် ပါဘူး ...။
.
ဗုဒ္ဓကို နိပေါဖြစ်တယ် အင်ဒီးယားဖြစ်တယ် ... ကုလားဖြစ်တယ် ... ကော့ကေးဆပ်တောင်တန်းတွေက ဆင်းသက်လာသူဖြစ်တယ် ... မွန်ဂိုလွိုက်ဖြစ်တယ် ...  အာရီယမ် ဖြစ်တယ် ... ဒြာဝီဒီယမ်ဖြစ် ... အာဖရိ ကဖြစ်တယ်  ပြောချင် ရာတွေ ပြောနေ ကြတာပါ ...
.
ဗုဒ္ဓလက်ထက်တော်က အင်ဒီယား နိပေါ မရှိသေးပါဘူး .... 
ဒါကြောင့် ဗုဒ္ဓသည် အဲ့ဒိအချိန်တုန်းကမဂဓတိုင်း သကျမျိုးကဆင်းသက်လာတယ် ....အဲ့ခေတ်တုန်းက ရှိနေတဲ့  တိုင်းကြီး ၁၆တိုင်း နဲ့ပြည်နယ် ( ၂၀ ) လုံး မဂဓ ဘာသာကိုပြောကြတယ် နားလည်ကြတယ် ... 
ခုမှ အင်ဒီးယား အာဖဂန် ... နိပေါ ... အာရဗ် ... ဘာညာ သရကာ ခွဲထွက်ပြီး မိမိစာ မိမိစကားတွေဖြစ် ကုန်ပေမယ့် .... ခုထိလဲ အာရဗ် အင်ဒီးယား နိပေါစကားတွေ  ( ၄၀% ) ကျော်တူနေပါသေးတယ် .... ဘာလို့လဲဆို ဒီစကားကနေပဲခွဲထွက်လာတာကိုး ... 
.
ဗုဒ္ဓဟာ သကျ နွယ်ဖြစ်တယ် ... ပြီးတော့ ...  သကျအနွယ်ဝင်တွေဟာ ဗုဒ္ဓမပွင့်ခင် နှစ်ပေါင်း ( ၁၅၀၀ )  လောက်ထဲက ရှိခဲ့တာ ... 
သကျမျိုးနွယ်တွေဟာ ကောလိယမင်းဆက်တွေ လက်ထက်မှာ စစ်ရှုံးပြီး သကျ ဘုရင့်တွေထဲက တစ်ယောက်ဖြစ်တဲ့ အဘိရာဇာဟာ အရှေ့ဖက်ဖြစ်တဲ့ မြန်မာပြည်မြောက်ပိုင်း ထိစုန်ဆင်းပြီး ... တကောင်းမင်းဆက်ကို ထူထောင်မင်းပြုခဲ့တယ် ... မင်းဆက် ၃၃ဆက် ... နှစ်ပေါင်း ၁၀၀၀ ကျော်
.
ဒီလိုပဲ တစ်ခြားသကျဘုရင်တွေဟာလဲ ... အနောက်ဖက် ... တောင်ဖက် ... မြောက်ဖက် ... စတဲ့ ... အာရဗ် .. ဥရောပ အာဖရိက ...ဒေသတွေကို ပြောင်းပြီး ... မင်းပြုစိုးစံခဲ့တယ် ....  ကောလိယမင်းကတော့ မိမိဒေသမှာပဲ ပြန်လည်သိမ်းပိုက် မင်းပြုခဲ့တယ် ...။
.
 ဒီတော့သကျမျိုးနွယ်တွေဟာလဲ ... တစ်ကမ္ဘာလုံး  နေရာတိုင်းပြန့်နေ တာပါလို့ပဲ ပြောလို့ရမယ်  ... သကျမျိုးနွယ်တွေက နိပေါတွေပါ အင်ဒီးယားတွေပါ ... ကုလားတွေပါ ... ဒီလို Fixed လုပ်ပြီး ပြောလို့ မရဘူးလေ ... အဲ့အချိန်ကုလားလဲမပေါ်သေးဘူး ....  မြန်မာပြည်ကိုလဲ ... သကျဘုရင် အဘိရာဇာ တည်ခဲ့တာပဲ ။
.
ကဲ .... ကျမတို့ သက္ကရာဇ်တွေကို နောက်ပြန်သွားကြည့်ကြရအောင်ပါ ....
အခုလက်ရှိ ကမ္ဘာ့နိုင်ငံတွေက  .... အင်ဒီးယားမြန်မာ ဘာညာကွိကွ .... အာဖဂန် အာရဗ် ..... အာဖရိက ဥရောပ ...အစ္စရေး ဆော်ဒီ စသဖြင့် ... နာမည်အမျိုးမျိုး ရှိကြပါတယ် .... ဒါလက်ရှိ နိုင်ငံတွေနဲ့ လူမျိုးတွေ ပေါ့ ... 
.
အဲ့ထက်ရှေးကျတဲ့ နှစ် သုံးထောင်ကိုပြန်သွား ကြည့်ရင် ... ကမ္ဘာမှာ ကာသိတိုင်း၊ ကောသလတိုင်း၊ ဝဇ္ဇီတိုင်း၊ မလ္လတိုင်း၊ စေတီတိုင်း၊ ဝံသတိုင်း၊ ကုရုတိုင်း၊ ပဉ္စာလတိုင်း၊ မစ္ဆတိုင်း၊ သူရသေနတိုင်း စတဲ့ တိုင်းကြီး ၁၆တိုင်း နဲ့ ပြည်နယ် ၂၀ ပဲရှိမယ် ...  
နူးစောစောက အပေါ်မှာ ပြောခဲ့တဲ့ လူမျိုးတွေနိုင်ငံတွေ မရှိဘူးပြန်ဘူး  .... ဒါက ( ဗုဒ္ဓ ) လက်ထက်တော် မရောက်ခင်နဲ့ရောက်ပြီး အချိန်တွေပေါ့ .... 
(( ဒီတော့ လက်ရှိအာရဗ်ကမ္ဘာမှာသွားပြီး သင်တို့တွေက တိုင်းကြီး ၁၆ တိုင်းထဲက ဘယ်တိုင်းက ဘယ်လူမျိုးတွေပါလို့ သွားပြောရင် ငါတို့အာရဗ်ကမ္ဘာကိုစော်ကားတယ်ဖြစ်တော့မှာပေါ့ )))
.
အဲ့ဒိအချိန်ကနေ နောက်ထပ် နှစ် ၂၀၀၀ လောက်နောက်ကိုပြန်သွားကြရအောင် ....အာရီယမ် ဒြာဝီဒီ ယမ် ... ကော့ကေး ဆပ်တောင် တန်းတွေကနေ ဆင်းသက်လာသူတွေ ... မွန်ကိုလွိုက်တွေ ..... တာတာလူမျိုး မာယမ် လူမျိုးတွေ .... အပေါ်က တိုင်းကြီး ၁၆တိုင်းဆိုတာ မရှိသေးပြန်ဘူး .... 
((( ဒီအတိုင်းပဲ တိုင်းကြီး ( ၁၆ ) တိုင်းက လူတွေကို သင်တို့က မွန်ဂိုလွိုက်စစ်ဘီလူးတွေ ပါ  ကော့ကေး ဆပ်တောင်ပေါ်က လူရိုင်းတွေပါ လို့သွားပြောရင် ငါတို့မှာ ဒီလောက် ယဉ်ကျေးမှု ဖွံ့ဖြိုးတာကို စွပ်စွဲ ရပါ့မလား လို့ ၀ိုင်းသတ်ကြမှာပေါ့ )))) 
.
အဲ့လိုတဖြေးဖြေးနောက်ပြန်ဆုတ်သွားလိုက် ... ကျောက်ခေတ်ရောက်သွားလိမ့်မယ် ... လူလဲနဲနဲလေး ....ကမ္ဘာကလဲ ခုလိုအကြီးကြီးကျယ်ပြန့်မလာသေးဘူး .... 
အဲ့ဒီကနေ ကမ္ဘာဦးအစ ထိရောက်အောင်ကြည့်လိုက် ပေါ့ ဗုဒ္ဓဘယ်ကဆင်းလာလဲ ဆိုတာလေ ....  ဒီလောက်ဝါသနာပါနေကြရင် .... တစ်ကယ်ပါပဲ
တတိယကမ္ဘာစစ်ပြီးသွားရင် ... နိုင်ငံပေါင်း များစွာထပ်ပျောက်ကြလိမ့်အုန်းမယ် ... ဒီတော့ ရှင်တို့က ဘာတွေကိုပေါက်ကရသိချင်နေရတာတုန်း ..
.
ဗုဒ္ဓကိုယ်တော်တိုင်က ဇာတ် ဆိုတာကို ဖျက်ခဲ့တယ် ... အမျိုးဆိုတာကိုဖျက်ခဲ့တယ် ... လူသားဟာ လူသားပဲ ... ဇာတ် အမျိုး ဆိုတာလူတွေကလုပ်ကြတာပါလို့ .... ဟောတော်မူခဲ့တယ်လေ ...


ဒီတော့ ရှင်တို့ကို တစ်ခုမေးပါရစေ .... ရှင်တို့ ဘိုးဘေးတွေက အစက နေရာတစ်နေရာမှာအခြေချလာ ခဲ့မယ် ဆိုပါစို့ ... အဲ့ဒိနေရာဟာ ... အခုလက်ရှိသင်္ချိုင်းမြေဖြစ်နေပါပြီတဲ့ ... သင်တို့ဘိုးဘေးများသည် စန္ဒလက ဆင်းသက်လာသည်ဆိုရင် ရှင်တို့လက်ခံမှာလား ...
.
ဒါမှမဟုတ် ရှင်တို့ဘိုးဘေးတွေက အရင်က၀င်ဒါမီယာမှာနေကြဖူးတယ် ... ရှင်တို့ကျတော့  အခြေအနေမကောင်းလို့ သချိုင်းမှာနေနေ၇တယ်ဆိုပါစို့ ... ကူလီထမ်းနေရတယ် ဆိုပါစို့ ... ရှင်တို့တွေက ကူလီမျိုးရိုးတွေ .... ဒါမှမဟုတ် စန္ဒာလမျိုးရိုးတွေပါဆို ရှင်တို့လက်ခံမလား ။
.
( ၁၈၁၉ ) ခုမတိုင်ခင်ကပေါ့ ....  စင်္ကာပူဆိုတာ စင်္ကာပူမြစ်ဝက မလေးငါးဖမ်းရွာလေးတစ်ရွာပါ ... အိုရန်လော့ဆိုတဲ့ မလေးတံငါသည်လူမျိုးစုတွေဟာ ကမ်းရိုးတန်းအနီး မြစ်ချောင်းရိုးတစ်လျှောက် အဲ့ကျွန်းလေးပေါ်မှာ နေကြပါတယ် ...
ဒီကနေ ( ၁၉၄၅ ) မှာ အင်္ဂလိပ်လက်အောက်ကိုရောက်တယ် ... မလေးရှာနိုင်ငံပဲမလေးရှား ... အိုရန်လော့ တံငါသည် လူမျိုးစုပါပဲ ...
( ၁၉၆၃ ) မှာ မလေးရှားနိုင်ငံလွပ်လပ်ရေးရခဲ့တယ် .... ( ၁၉၆၅ ) မှာ မလေးရှားကနေ စင်္ကာပူမြစ်ဝ ကျွန်းပေါ် နိုင်ငံဆိုပြီး ခွဲထွက်လာတာကနေ စင်္ကာပူဖြစ်လာတယ် ...
ဒါလွန်ခဲ့တဲ့ နှစ်ဆယ်စုနှစ်အနည်းငယ်ကမှ စင်္ကာပူဖြစ်လာတဲ့ နိုင်ငံနော် ... ဒါပေမယ့် သူတို့ကို မင်းတို့ကမလေးလူမျိုးတွေထဲက ... အနိမ့်ကျဆုံး တံငါသည် မျိုးတွေပါ ... ပင်လမ်ကမ်းခြေတစ်လျှောက် ငါးဖမ်းစားတဲ့ ... မလေး တံငါသည် ဇာတ်နိမ့် သူတွေပါလို့ သွားပြောကြည့်ပါလား  ခွေးကိုက်တာထက် နာလိမ့်မယ် ... ထမသတ်ရင်ကံကောင်း ...။
.
ဒီလိုပဲ ( ၁၉၉၁ ) တုန်းက ဆိုဗီယက်အင်ပါယာက ( ၁၃ ) နိုင်ငံခွဲထွက်သွားတယ် ... လက်ရှိခွဲထွက်သွားတဲ့ ( ၁၃ ) နိုင်ငံကို မင်းတို့ကဆိုဗီယက်တွေပါကွာ ဆိုရင် ဘယ်လက်ခံမလဲ ...။
.
ဒီလိုပဲ .... ဗုဒ္ဓကိုလဲ နိပေါပါ ... အင်ဒီယားပါ .... ကုလားပါ ... မြန်မာပါ .... ဒီလိုသွားပြောရင် ရှင်တို့စော်ကားတာပဲ ... ဗုဒ္ဓကို ဇာတ်ဖျက်နေတာပဲ ။

ရှင်တို့တွေကလေ ... ဗုဒ္ဓရှိချိန်က မရှိသေးတဲ့လူမျိုးကို ... အတင်းဆွဲယူပြီး ဗုဒ္ဓက ဒီလူမျိုး ပါ ... ဟိုလူမျိုးပါ ဇွတ်အတင်း ဆွဲသွင်းနေတယ် .... ဗုဒ္ဓမပွင့်ခင် နှစ်တစ်သောင်းလောက် ကိုပြန်ကြည့် လိုက်လေ ... ဘယ်ကဆင်းသက်လာလဲလို့ ... ဘာလို့ ဟိုတုန်းကအရှိ ကို လက်ရှိနဲ့ ဆွဲညှိနေကြရတာလဲ ...။
.
ဒါကြောင့် ရှင်တို့ပြောလို့ရတာတစ်ခုပဲရှိပါတယ် .... ဗုဒ္ဓက မဂဓတိုင်း သကျ သာကီဝင် မျိုးနွယ်စုခေါင်းဆောင် .... ကပ္ပိလ၀တ္တပြည့်ရှင် ဘုရင် သုဒ္ဓေါဒနရဲ့ သားတော် အိမ်ရှေ့ဥပရာဇာ မင်းသား  တစ်ပါး လို့ပဲပြောလို့ရပါမယ် ။

No comments:

Post a Comment