Tuesday, March 4, 2014

ဗုဒ္ဓဘာသာဝင်များအတွက် အမြင်မရှင်းသည့် မေးခွန်းများ



ဖြေရှင်းချက်လေတွေ မတင်တာ ၂ပတ်ကျော်နေလို့တဲ့ .... ဂျီကျနေတဲ့ ချစ်တဲ့  မောင်လေးညီမလေးတွေ အတွက် အက်စ်ဂွန်အောင် ရဲ့ ဗုဒ္ဓဘာသာဝင်များအတွက် အမြင်မရှင်းသည့် မေးခွန်းများ ထဲက နောက်ထပ် ( ၅ ) ခုကို ဖြေရှင်းထားတာလေး တင်ပေးလိုက်ပါတယ်ရှင် .....

( ၁ ) နိဗ္ဗန်ရောက်ဖူးသူများ၏ အမည် လိပ်စာ အတိအကျပြောပြပါ ....။

( ၂ )နိဗ္ဗာန်ဟူသည် ရှိသည်၊ မရှိသည် ဂေါတမက မပြောဟု ပြောလျှက်နှင့် အဘယ့်ကြောင့် မှန်းမျှော်နေသနည်း။

( ၃ ) ရှိသည်ဆိုလျှင်လည်း အဘယ်ကြောင့်ဗုဒ္ဓဘာသာဝင်းများ နိဗ္ဗန်မရောက်ကြသနည်း။

( ၄ ) သိပ္ပံသည် ဗုဒ္ဓ၏ ဟောချက်များကို မမှန်ကန်ကြောင်း သက်သေပြနေချိန်တွင် သိပ္ပံမှားကြောင်း သက်သေပြပေးပါ။

( ၅ ) အဘယ့်ကြောင့် “လူသေလူဖြစ်ကို မယုံပါဘဲ´´ ရှင်ဥက္ကဌ ၏ ကျောက်ကွင်းကို ကွက်ကျား ဆွဲကိုင်နေသနည်း။

======================================

 ( ၁ ) နိဗ္ဗန်ရောက်ဖူးသူများ၏ အမည် လိပ်စာ အတိအကျပြောပြပါ ....။

★ ★ ★ နိဗ္ဗန်ဆိုတဲ့ အဓိပါယ်ကို အရင်သိဖို့လိုတယ်ရှင် ...

နိဗ္ဗန်ဆိုတာ ချုပ်ငြိမ်းခြင်း ပါ ... ရှင်တို့ဘာသာဝင်တွေ ထင်နေတဲ့ဘုံမဟုတ်ပါဖူး ...
နိဗ္ဗန်ဆိုတာ ဘုံဌာနတစ်ခုမဟုတ်ပါဖူး .... နေရာဌာနတစ်ခုလည်း မဟုတ်ပါဘူး။

Paradise လို့ခေါ်တဲ့ ကောင်းကင်ဘုံ နဲ့လဲ မနှိုင်းယှဉ်အပ်ပါဘူး ...

နိဗ္ဗာန်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် အချိန် နေရာမရှိ တဲ့ သန္တိသုခ လို့ခေါ်တဲ့ အနှိုင်းမဲ့ သုခဖြစ်သော ဘ၀ပေါင်းများစွာက အထပ်ထပ် ခံစားလာရတဲ့ ဒုက္ခ ကွင်းဆက်ကြီး ပြတ်တောက် သွားခြင်းသာဖြစ်ပါတယ်။ ဘ၀ဆိုတာ မရှိတော့ဘူး။ ဆင်းရဲအပေါင်းချုပ်ငြိမ်းရာ လို့ အဓိပါယ်ရပါတယ်။

နိဗ္ဗန် ကို ဒါန သီလ ဘာဝနာ ၀ိပဿနာ  စတဲ့ အားထုတ်မှုတွေနဲ့ ခံစားကြည့်လို့ရပါတယ် ရှင်..။

( ၂ )နိဗ္ဗာန်ဟူသည် ရှိသည်၊ မရှိသည် ဂေါတမက မပြောဟု ပြောလျှက်နှင့် အဘယ့်ကြောင့် မှန်းမျှော်နေသနည်း။

★ ★ ★ ဒုက္ခပါပဲရှင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်က နိဗ္ဗန်ပါဆိုနေမှ နိဗ္ဗန်ကိုလမ်းပြသူဘုရားဘုရားရှင်က နိဗ္ဗန်ရှိ မရှိ မဟောဘူးလို့ပဲဖြစ်ရတယ် ရှင် ...။

ဘုရားရှင်က ( ၄၅ ) ၀ါပတ်လုံး ဒုက္ခ အတ္တ ချုပ်ငြိမ်းရာ နိဗ္ဗန်ရောက်ကြောင်း တရားတွေသာ တွင်တွင် ဟောခဲ့ပါတယ်ရှင် ....

ဘုရားရှင် ပြောခဲ့လားမပြောခဲ့လား နံပါတ် ( ၃ ) အဖြေကိုဖတ်လိုက်ပါရှင်...

======================================

( ၃ ) ရှိသည်ဆိုလျှင်လည်း အဘယ်ကြောင့်ဗုဒ္ဓဘာသာဝင်းများ နိဗ္ဗန်မရောက်ကြသနည်း။

နံပါတ် သုံးမေးခွန်းကတော့ ဘုရားရှင်လက်ထက်တော်အခါထဲက အမေးခံရတာပါ...။

★ကဲရှင် ... ကျမကလဲပြန်မေးမယ်.... ဆယ်တန်းမှာ အမှတ်ကောင်းကောင်း နဲ့ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်ရင် လိုင်းကောင်းကောင်းတက်ရပြီး ကိုယ့်ဘ၀တိုး တက်လာမယ်မှန်းသိရက်နဲ့ ဘာလို့ ဆယ်တန်း တဘုန်းဘုန်းကျနေကြတာတုန်း ....

★ကိုရ်အန်ကျမ်းလို စာအုပ်လေးတစ်အုပ် အလွတ်ရတာနဲ့ ဆော်ဒီ အီဂျစ် အင်ဒို ပါကစ္စတန်တွေမှာ စကောလာ သွားလို့ရရက်နဲ့ ဘာလို့ အလွတ်မကျက်နိုင်ရတာတုန်း ....

★ဘာလို့ ရှင်တို့ခရစ်ယန်တမန် နဲ့ မွတ်စလင်တမန်က .... မွတ်စလင် ၁% နဲ့ ခရစ်ယန် ၄၀၀၀၀ သာကောင်းကင်ဘုံရောက်မယ် လို့ ဘာလို့ပြောခဲ့တာတုန်း ...


★ရဟန်းတွေ ပိဋကတ် ( ၃ ) ပုံ အာဂုဏ်ဆောင်နိုင်ရင် သံဃ နာယက ဖြစ်မယ်မှန်းသိရက်နဲ့ဘာလို့ မဆောင်နိုင်ကြတာတုန်း ....


★ ★ဒါတွေအားလုံးဟာ...ဘ၀အဆက်ဆက်ဖြည့်ကျက်ခဲ့တဲ့ပါရမီ ... ကုသိုလ်ကောင်းမှု ပြီးတော့ ... စတဲ့ ကံ ပြီးတော့ ကိုယ့်ရဲ့ ဥါဏ်ရည်နဲ့ပဲဆိုင်တာပါလို့ပြောပါရစေ ....


( ၂ ) ( ၃ )မေးခွန်း အတွက် ဘုရားရှင်ဟောခဲ့တဲ့ ဂဏမောဂ္ဂလ္လာ နသုတ္တံ နဲ့ဖြေကြားလိုက်ပါတယ်...


★ ★ ★ မဇ္ဈိမနိကာယ်ဥပရိပဏ္ဏာသ(နှာ၊၅၂)ပါဠိတော်ဂဏမောဂ္ဂလ္လာ နသုတ္တ မှာ  ဂဏမောဂ္ဂလ္လာ ပုဏ္ဏား က ((((( ကော နု ခေါ ဘော ဂေါတမ ဟေတု ကောပစ္စယော၊ယံတိဋ္ဌတေ၀နိဗ္ဗာနံ၊တိဋ္ဌတိနိဗ္ဗာနဂါမီမဂ္ဂေါ))))) အစချီတဲ့ ဂါထာနဲ့ ဘုရားရှင်ကို ဘယ်လိုမေးသလဲဆိုတော့

အရှင်ဘုရား နိဗ္ဗာန်ဆိုတာလည်းရှိတယ်။ နိဗ္ဗာန်သွားရာလမ်းကြောင်းလည်းရှိတယ်။ လမ်းကိုညွှန်ပြသူ အရှင်ဘုရားလည်းရှိပါတယ်။ သို့ပါလျက်အရှင်ဘုရားရဲ့အချို့သောတပည့်များဟာ အဘယ်ကြောင့် နိဗ္ဗာန်ကိုမရောက်နိုင်ကြပါသနည်းလို့ မေးတဲ့အခါ ဘုရားရှင်က....

အိုပုဏ္ဏား…ရာဇဂြိုဟ်မြို့သွားရာလမ်းကိုအသင်ညွှန်းပေးနိုင်ရဲ့မဟုတ်လား။

 မှန်လှပါဘုရား။

ကဲ ဒါဆို .... ရာဇဂြိုဟ်သွားလိုသူနှစ်ဦးသင့်ထံလာပြီးခရီးလမ်းမေးကြမယ်…။ သင်က ဒီလမ်းက ရာဇဂြိုဟ်သွားတဲ့လမ်းပဲ။ ဒီလမ်းအတိုင်းသွားလျှင် ဘယ်လောက် အကွာမှာ ဘယ်ရွာ၊ ဆက်သွားလျှင် ဘယ်နိဂုံး… အဲ့ဒါလွန်လျှင် ရာဇဂြိုဟ်သို့ရောက်လိမ့်မယ်လို့အတိကျ ခရီးညွှန်းလိုက်ပြီဆိုပါစို့။

 ထိုမြို့လည်းရှိနေတယ် ထိုသို့သွားရာလမ်းလည်းရှိနေတယ် ညွှန်ပြသူ သင်ပုဏ္ဏားလည်းရှိနေပါ လျက် ထိုနှစ်ဦးအနက် တစ်ဦးသာ ရာဇဂြိုဟ်သို့အမှန်ရောက်သည် ဆိုရာတွင် ကျန်တစ်ယောက်သည် အဘယ်ကြောင့် မရောက်သည် ဖြစ်ရာသနည်းတဲ့။

ဒီတော့ ပုဏ္ဏားက အရှင်ဂေါတမ…. ထိုသူသည် ညွှန်ပြတိုင်း မသွားသောကြောင့်ဖြစ်ပါတယ် လို့ဖြေ ပါတယ်။

ဒီတော့ ဘုရားရှင် က ပုဏ္ဏားထို့ အတူပင်ဖြစ်၏။ နိဗ္ဗာန်ဆိုတာတကယ်ရှိ၏ ။ထိုသို့သွားရာလမ်းလည်း တကယ်ရှိ၏။ နှိုးဆော်တဲ့ ငါဘုရားလည်းရှိ၏။ သို့ရာတွင် ညွှန်ပြတိုင်းမလိုက်နာနိုင်ခြင်း ပါရမီ မရင့် သန်ခြင်းကြောင့် မရောက်ခြင်းကို ငါဘုရားလည်းမတတ်နိုင်။ အမှန်စင်စစ် ငါဘုရားသည် နိဗ္ဗာန် သွားရာ လမ်းကို ညွှန်ပြသူသာဖြစ်ပါတယ်တဲ့ ...။

======================================

( ၄ ) သိပ္ပံသည် ဗုဒ္ဓ၏ ဟောချက်များကို မမှန်ကန်ကြောင်း သက်သေပြနေချိန်တွင် သိပ္ပံမှားကြောင်း သက်သေပြပေးပါ။

★ ★ ★ ဖြစ်ရတယ်ရှင် .... ကျမ်းရဲ့ ပထမဆုံးစာမျက်နှာက စလို့ သပ္ပံ နဲ့တက်တက် စင် လွဲတာ ရှင်တို့ဘာသာလေ ရှင် ...ဘယ့်နှာ ပြောင်းပြန်တွေပြောနေ ရတာတုန်း .. တစ်ကယ်ပါပဲရှင်။

★ ★တစ်ကယ်တော့ ဗုဒ္ဓတရားတော် တွေ သည်သာ လောကမှာ သိပ္ပံနှင့် အကိုက်ညီဆုံးဆိုတာ... ဗုဒ္ဓသာသာဝင်တွေမှမဟုတ် ... ဘာသာစုံ ခေါင်းဆောင်များပါ ၀န်ခံထားတာပါ ...။

 ★ ★လက်ရှိ ကမ္ဘာနဲ့ သိပ္ပံပညာရှင်တွေလက်ခံထား တဲ့ ကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၁၄ ) ဘီလီယံ နီးပါး ရှိပြီး ... လက်ရှိကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၄ )ဘီဘီယံ ခွဲကျော်ပြီဆိုတာ နှစ်သန်းချီနေတဲ့ ပရိုင်းမိတ်တွေ ကျောက်ဖြစ်ရုပ်ကြွင်းတွေ သက်သေ နဲ့အတူလက်ခံတဲ့ အတွက် ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ကိုက်ညီနေပါတယ်... ကျန်တဲ့ ဘာသာ သုံးခုပြောတဲ့ ကမ္ဘာ့သက်တမ်း ဟာ နှစ် ( ၆၀၁၃)နှစ်ဆိုတာ ...တက်တက်စင်လွဲနေပါတယ် ....။

★ ★နောက်တစ်ခုက ...သမ္မာကျမ်းစာမှာရေးထားတာတွေကအ မှားမရှိဘူးဆိုရင်, ခရာဇ်တော်မ မွေးခင် နှစ်ပေါင်း(4004)လေးထောင် လေးခုနှစ်က ကမ္ဘာကြီးကို ဖန်ဆင်းတာပါဆိုတဲ့သမ္မန်ကျမ်း စာရဲ့အဆိုနှင့် ကမ္ဘာကြီးရဲ့ရောက်ဆဲ သက်တမ်းဟာ သန်းပေါင်း(4.5)ဘီလီယံရှိနေပြီ ဆိုတဲ့စကားတွေ အီလူရင်းခေါ် တဲ့ကျောက်ဆောင် တွေဟာနှစ်ပေါင်း(9)သန်းခန့်ရှိပြီဆိုတဲ့ဘူမိဘေဒသိပ္ပံပညာရှင် တွေရဲ့ထွက်ဆိုချက်တွေ နှင့် ဆန့်ကျင် နေသလိုပါပဲ ( Ko Moe Thu   )


 ★ ★တစ်ကယ်တော့ ဘုရားသခင်က လူတွေကိုဖန်ဆင်းတာ မဟုတ်ပါဘူး လူတွေကဘုရားသခင်ကို ဖန်ဆင်းထားတာပါ ခရဇ်တော်ဆဆိုတာဟာ ရဟန္တာမဟုတ်ပေမဲ့ ဈာန်အဘိဥာဏ် ရတဲ့သူတဦးပဲ သူ့ ကိုဖန်ဆင်းရှင်ရဲ့ သားတော် အဖြစ်လူတွေကသတ်မှတ်လိုက်တာ နောက်လူတွေ သတ်မှတ်တာ ကတော့မမှန်ဘူး ခရစ်တော်ရဲ့တရားတော်တွေထဲကို သူတို့ ရဲ့အယူအဆတွေနဲ့ လိုသလိုပုံသွင်းထားတာ ဒါ့ကြောင့်လည်းလက်တွေ့ ကျတဲ့သိပ္ပံပညာနဲ့ အံမကိုက်ဘူး

ဥပမာဗုဒ္ဓရဲ့တရားတော်ကငရဲမီး မုန်ညင်းစေ့လောက်အပူချိန်က ၁၃ မိုင်လောက်
ကျောက်တောင်ကိုပျောက်ဆုံးစေတယ်တဲ့
သမ္မာကျမ်းစာက ကြက်ဆင်တစ်ကောင်လောက် ကိုပျောက်ဆုံးစေတယ်တဲ့ အရမ်းကွာလွန်းတယ်
သိပ္ပံက ဘာတွေ့ရှိခဲ့လဲဆိုတော့ ငရဲအပူချိန်ဟာ သုံးသိန်းခွဲဒီဂရီ စင်တီဂရိတ်ရှိတယ်ဆိုတော့ ဗုဒ္ဓရဲ့တရားနဲ့ က တထပ်ထဲလို ဖြစ်နေတယ် ...။


ကမ္ဘာမြေကြီးရဲ့အသက်တမ်းဟာလည်းအခုဘူမိသိပ္ပံပညာရှင်တွေတွေ့ ရှိချက်ထက်အဆပေါင်း များစွာကြာမြင့်သေးတယ် သူတို့ လည်းဒီလောက်ပဲရှာ နိုင်သေးတယ်နောက် ပိုင်းတော့လည်း ဒီထက်နီးစပ်အောင် ရှာပေးနိုင်ပါလိမ့်မယ် ၁၉ ရာစုက အရိုးဟာ ၁၀နှစ်တကြိမ်ပျက်တယ်တဲ့ ခုတော့တစက္ကန့် ကိုအကြိမ်ပေါင်းများစွာပျက်တယ်တယ် တဲ့ ကြည့်စမ်း ဗုဒ္ဓဟောတဲ့အတိုင်း ဖော်ထုတ် နိုင်တာပဲ..။

ဟိုတုန်းကအိုလံပစ်ပြိုင်ပွဲတွေမှာတိုင်တာတစ္စကန့် ရဲ့ဆယ်ပုံတစ်ပုံ ခုတောတော့ တစက္ကန်ရဲ့တစက္ကန့် ရဲ့ သန်းပေါင်းတစ်ထောင်ပုံတစ်ပုံ အဲဒီလိုပါပဲ ကြာလေတိုးတက်လေ တိုးတက်လေဖေါ်ထုတ်နိုင်လေပဲ ဗုဒ္ဓတရားတွေကို မှီအောင်ဖေါ်ထုတ်နိုင်တာလည်းရှိတယ် မမှီတာတွေလည်းရှိတယ် ဗုဒ္ဓကအရာရာ သိတဲ့သဗ္ဗေညုတဥာဏ်နဲ့ ဟောထားတာ တချို့ ကိစ္စတွေကပုထုစဉ်တွေရဲ့ညာဏ် နဲ့ သိခွင့်မရှိဘူးကမ္ဘာပေါ်က ဘာသာတိုင်းမှာအစမ်းသပ်ခံနိုင်တာ ဆိုလို့ ဗုဒ္ဓဘာသာ တမျိုးပဲရှိပါတယ်။( Ko Myint Khine )

======================================

( ၅ ) အဘယ့်ကြောင့် “လူသေလူဖြစ်ကို မယုံပါဘဲ´´ ရှင်ဥက္ကဌ ၏ ကျောက်ကွင်းကို ကွက်ကျား ဆွဲကိုင်နေသနည်း။

 ကျောက်ကွင်း အရေးတော်ပုံ  ဖြေရှင်းစဉ် အချိန်က ရှင်ဥက္ကဌ ဟာ လူသေလူဖြစ်ဝါဒ နဲ့ ဘာမှမဆိုင်သေးတဲ့ တစ်ကယ့် ရဟန်းကောင်း ရဟန်းမြတ်  သာသနာပြုပုဂ္ဂိုလ် သာသနာ့ အာဇာနည် ရဟန်းတစ်ပါးဖြစ်နေစဉ် အချိန် တုန်းကမို့လို့ ပေါ့ရှင် .... လူသေလူဖြစ်ဝါဒမတိုင်ခင် ...သူရေးတဲ့ကျမ်းတွေ စာအုပ်တွေအားလုံးနီး ပါးက ... ထေရ၀ါဒ တွေအတွက် တစ်ကယ်ကောင်းတဲ့ စာအုပ်တွေပါ ...။

ချမ်းမြေ့ကြပါစေရှင် .....။

No comments:

Post a Comment