★ တခွပ်ခွပ် ခြေရဲ့ ဖုံလိပ် တောင်ပေါ်က လွင့် .... ဆိတ်ဖြူတွေ သိုးမဲတွေ ဖြေးဖြေးဆင်းလာ ... သိုးထိန်းအော်ကာ ... လေးကိုလွှဲကာနဲ့ပဲ ... ငမိုက်သားအုပ်ကို ... မြေပြန့်ဆီချီစေတယ် ...
အုပ်ထဲမှာ သားတစ်စုံနဲ့ သိုးမပါရဲ့ .... သိုးငယ်တစ်ကောင်က ဒါဏ်ရာရထားသမို့ နောက်က သွေးရဲရဲ နဲ့လှမ်း ... ရှေ့က အဖော်က ခုန်ပေါက် ... စိတ်ပူသူသိုးမ ဟိုဒီပြေးရှာတယ် ....
ဒီသားငယ် ဟိုသားငယ်ပျောက်မှာ တထင့်ထင့် ....
ဒါကို ဒို့အရှင်မြင်တော့ ... ကြင်ကြင်နာနာ ... သိုးခြေကျိုးလေး ... လည်ပင်းမှာထမ်းလိုက်ကာ... ဆိုတယ်
★ ★ သနားစရာ့ အမွှေးထူအမေ ... စိတ်အေးတော့ ... မင်းသွားရာ ငါမင့်သားကို သယ်ခဲ့ပေးမယ် ...
ဆုချွေသူတွေနဲ့ ... ဂူတွေမှာ ကမ္ဘာ ဒုက္ခ စရိယ ထိုင်ရှုနေတာထက်တော့ ... တိရစ္ဆာန်တစ်ကောင် ဒုက္ခရော့စေတာ မြတ်ရဲ့ ...
သိုးထိန်းတို့ကိုသူက ....
★ ★ ဒါ့ထက် ... အဆွေတို့ မွန်းတည့်ကြီးးမှာ .. သိုးအုပ် ဘယ်မောင်းကြမလဲ ... ညနေမှသိုးအုပ်ခြံ သွင်းမြဲပါ
★ သိုးထိန်းတွေက
ယဇ် ဆိတ်တရာ သိုးးတရာ အပို့ခိုင်းလို့ပါ ... ဒီယဇ်တွေကို ငါတို့သခင်ဘုရင်က ဒီနေ့ည သူ့ရဲ့ နတ်တွေကို ... ပူဇော် ပသ သတ်ဖြတ်ပါမယ်... လို့ပြောတယ် ...။
ဒီတော့သခင်က ငါလဲလိုက်မယ် ဆိုကာ ဖုန်ထဲ နေပူထဲ သိုးထိန်းတို့ဘေးကလျောက်ခဲ့တယ် ... သိုးမခ မျာအော် ရင်းသူနဲ့တဖ၀ါးမခွာ .... သနားစရာ
ဒီလိုနဲ့ သိုးထိန်းတို့နဲ့ ဒို့အရှင် ... မြို ထဲဝင်ခဲ့ကြတယ် ....
သိုးငယ်ကိုထမ်းလာသူ အရှင်ကိုမြင်တော့ အစောင့်တို့နောက်ဆုတ်ကြ ...
ဈေးသားတို့ လှည်းတွေကို ဘေးကပ်ပေးကြ ...
ဈေးထဲဝယ်သူရောင်းသူ လျာစစ်ပွဲရပ်ခါ ... ညင်သာတဲ့မျက်နှာကိုငေးကြ ...
တူကိုလက်နဲ့မြှောက်လျက် ပန်းပဲဆရာ ထုဖို့မေ့သွား
ယက်ကန်းသည် ယက်ထည်ပစ် ... စာချီ စာလွှာမေ့ ... ငွေအမ်းသူ ကြွေစေ့ရေတာ မှားသွား
နူးညံ့သလောက် လှပခန့်ညားမှုနဲ့ လှမ်းတဲ့ ဒို့သခင် ကိုငေးကြ ... မေးကြတယ်
ယဇ်ကောင်ထမ်းလာတာဘယ်သူလဲ ... သွားပုံ လှလိုက် ငြိမ်းချမ်းမှုပေးလိုက်တာ ... ဘာဇာတ်နွယ်ပါ့ မျက်လုံးလှလှဘယ်ကရပါ့ .... သိကြားလား ဒေ၀ရာဇာလားတဲ့ ...
သခင်ကတော့ ဈာန်ဝင်စားကာလျောက်လာရင်း ....
★ ★ သြော် .. သိုးထိန်းမရှိတဲ့ လမ်းပြမဲ့ ညမှာ လှည့်လည်နေကြတဲ့ သေမင်းဒါးဆီ မမြင်မစမ်း အော်ပြည်သွားနေတဲ့ ငါ့အမျိုးတွေ ....
★ ဒီတွင်တစ်ဦးက ... ယဇ်ပသဘို့ မင်းကြီးမှာလိုက်တဲသိုးတွေနဲ့အတူ ... ရသေ့မြတ်တစ်ပါး ... ဒီရောက်လာကြောင်းပါ ...။
ဘုရင်ယဇ်ခန်းမှာ ရပ်နေတယ် ... တစ်ဖက်တစ်ချက်မှာ ၀တ်ဖြူစင်ကျယ် ဗြဟ္မဏတွေ မန္တရားရွတ်ကြ အလယ်ခေါင်က ယဇ်ကလ္လင်ထက် ..ဟိန်းဟောက်နေတဲ့မီးကိုထိုးပေးကြတယ် .... မီးပုံပတ်လည်မှာ နှေးကွေး ... ထူပျစ် ... နီရဲ ... ချောင်းငယ် ... အခိုးလူစီးဆင်း ...တအော်အော် ယဇ်ကောင်တို့ရဲ့သွေးပ ....
လှဲထားတဲ့ ဆိတ်ခေါင်းကို နောက်ပြန်ချည် ... စင်းထားတဲ့လည်မှာ ... ဒါးဖိရင်း ပုဏ္ဏားအော်တယ်...
★ ကြောက်ဖွယ်နတ်တို့ ... ဒါဘုရင် ဗိမ္မိသာရရဲ့ ယဇ်အဖြစ်နဲ့ ယူဇနာအများကလာတာ ....
ပန်းထွက်တဲ့ သွေး ကိုကြည့် ... ၀မ်းမြောက်တော့
လောင်ကျွမ်းတဲ့ အသားနံ့ခံကာ ကြည်နူးလော့
ဘုရင့်ပြစ်မှုတွေ ဒီဆိတ်ပေါ်တင်ထားစေ
ဒါတွေကိုမီးက ..... လောင်ကျွမ်းဖျက်စီးစေ
ခုငါခုတ်ပေါ့ .....
★ ★ ဗုဒ္ဓ နူးညံ့စွာ ....
မခုတ်စေနဲ့ မင်းကြီး ဆိုကာ ယဇ်ကောင်ရဲ့ကြိုးတွေဖြေတယ် ... ဘယ်သူမှမတားရဲ ပြီး ခွင့်ပန်ကာ ... သူ့ဘ၀အကြောင်းပြောတယ် ...
ဘ၀ကို ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်မှမပေးနိုင်ဘူး ... မိမိဘ၀ကိုမိမိဖန်ဆင်းတယ်
ဘ၀ကို သတ္တ၀ါတိုင်းချစ်တယ် ... အနိမ့်ဆုံးထိ သတ္တ၀ါတိုင်း မြတ်နိုး သာယာ တယ် ...
သတ္တ၀ါတိုင်းကို ဂရုဏာ ထားခြင်းသည် ဆုတစ်ပါးပဲ
ကမ္ဘာဟာ အားနဲသူအဖို့ ပျော့ ... အင်အားကြီးသူအဖို့မြတ်တယ်
သိုးမ ... နတ်တို့ဆီအသနားခံ ... လူသားဟာသနားညှာတာမှုကင်းတယ်
မင်းမြတ် ... ဘ၀ အားလုံးဟာ အမျိုးတော်တယ် ...
သင်တို့သတ်တဲ့ သတ္တ၀ါတွေ ... နို့နဲ့သိုးမွှေး ပဏ္ဏာ သရှာတယ်
ကိုယ့်ကိုသတ်မယ့် လက်တွေကိုစိတ်ချယုံကြည်ရှာတယ်
ကံ ကံကြောင့် ... သေချိန်မှာ ...တစ်ချို့ ငှက် တစ်ချို့တိရစ္ဆာန်ဘ၀ နိမ့်ဆင်းကြရတယ်
တဖန် မီးလျှံကြီးဖြစ်တဲ့ မီးပွားခရီးမှာ ... လူဖြစ်တတ်ကြတယ်
သတ္တ၀ါရဲ့ကံကြမ္မာလမ်းကိုဟန့်တားခဲ့လျှင် ယဇ်ပူဇော်တာ ပြစ်မှု အသစ်သာဖြစ်တယ်
မိမိဝိညာဉ်ကို သွေးနဲ့ စင်အောင်ဆေးလို့မရဘူး
နတ်တွေ ကို သွေးနဲ့ပျော်အောင်လုပ်မရသလို လာဘ်ထိုးလို့မရဘူး
တရားမဲ့ ပြုလုပ်ခဲ့သမျှအတွက် အားလုံးပေးဆပ်ကြရမယ့် ၀ဋ်ကြွေးရဲု့ ဆံခြည်မျှင်လောက်ကိုတောင်မှ အပြစ်မဲ့ အနှောင်ခံ တိရစ္ဆာန်တို့ခေါင်းပေါ် ပုံချလို့မရဘူး
ဒါဟာ ကိုယ်စီကိုယ်ငှ လောကရဲ့ အမှန်တရား သစ္စတရားဆိုတဲ့ သင်္ချာနဲ့ တွက်ရတယ် ....
ဒီသင်္ချာက သိပ်တိကျတယ် ...
သတိရှိ သတိမရှိ ... အသိရှိ အသိမရှိ ... ဒေါသမဲ့ ဒေါသရှိ ... စတဲ့ ကာယ ၀ဇီ မနောတို့ ကပြုသမျှ အကောင်းကို အကောင်းနဲ့ ... အဆိုးကို အဆိုးနဲ့ ... အတိအကျတွက်တယ် ...တရွေးသားမျှမမှားဘူး ။ အဖြေရဲ့ ဆံတစ်ခြည်စာမျှလောက်တောင် .... တိရစ္ဆာန်အပေါ်ပုံချလို့မရဘူး ...။
အနာဂတ်အားလုံဟာ ... အတိတ်ရဲ့ အသီးဖြစ်တယ် ...
ဒီလို ဂရုဏာ ... သစ္စာ ... ခန့်ငြားမှုနဲ့ သနားစဖွယ်စကားလုံးများသုံးကာ ... သူပြောရာ ...
ပုဏ္ဏားတို့ သတ်မှုနဲ့ နီစွေးနေတဲ့ လက်ပေါ် အင်္ကျီနဲ့ ဖုံး
ဘုရင် ချဉ်းကပ်လာ ... လက်အုပ်ချီရပ် ..ဗုဒ္ဓကို ရှိခိုးပေါ့ ...
တို့သခင်ဆက်ပြောတယ် ....
သက်ရှိအားလုံးမိတ်ဆွေစိတ်ပွားကြရင် .... သွေးကင်းစင်ကြယ်တဲ့ အစာတွေ ... ရွှေရောင်စပါး သစ်သီးဝင်းဝင်း ... အားလုံးအတွက်ပေါက်နေတဲ့အပင်ချိုတွေ ... ရေကြည် ... လုံလောက်တဲ့ သောက်ဖွယ် စားဖွယ် စားသုံးရင် ဒီကမ္ဘာ လှစွ ....
★ ရှေးဘ၀က တို့အရှင် ဗြဟ္မဏမျိုးမှာဖြစ်ကာ ... ဒါလိဒရွာ အနီး မှာဖြစ်စဉ် ..အခါတပါး ..ငတ်မွတ်ခေါင်းပါး မှုဖြစ်တယ် ..တိရစ္ဆာန်တွေဟာ အစာရေစာအတွက် ကစဥ့် ကလျှားထွက်ပြေးးကြတယ် .... ဒီအချိန်မှာ ... ရိုးတခုရဲ့ နံရံပူကြား .... အစာငတ်လို့သေလုမျောပါးကျားမ ... စန့်စန့် လဲနေတာ တို့သခင်ဖြတ်သွား ရင်း မြင်ရဲ့ .... နံဘေးမှာ နို့ပိန်ခြောက်ကို ငတ်မွတ်အေည်မြည် ကျားငယ်နှစ်ကောင်...ဆွဲစို့နေကြရဲ့...။
ဘာမှမထွက်တဲ့ နို့သီးပိန် ၀ါးကြ .... မိခင်ပန် နာလွန်းလို့ စူးစူးဝါးဝါးအော်ရင်း ...သားငယ်တွေကို မိခင်စိတ်အပြည့် ကြင်နာစွာ လျှက်ပေးရဲ့
ဒီဆင်းရဲကိုမြင်ရာ ဗုဒ္ဓက မဟာဂရုဏာတော်က .... လွဲလို့ ဘာမှ မမှုတော့ပဲ ....
ဒီတောတွင်း သူသတ်မကို ကယ်ဘို့ လမ်းတစ်လမ်းပဲရှိတယ် ... အစာမရလို့နေ၀င်ချိန်သေကြတော့မယ် .... သားကောင်သွေးဒးစွန်း သွေးမရလို့ ပိန်လှီနေသူကို ...ဘယ်သက်ရှိ နှလုံးးသားကမှ...မသနား ...
ငါသူ့ကိုကျွေးရင် ငါကလွဲလို့ ဘယ်သူဆုံးမလဲ .... ငါပေးတဲ့ဒီမေတ္တာ အတွက် ... မေတ္တာဟာ အလွန်ဆုံးအမှုပြုလဲ ငါဘယ်မှာ ဆုံးရှုံးမလဲ ...။
ဒီလိုပြောပြီး ဖိနပ် ...အ၀တ် ..မျိုးမြတ်ချည်... ခေါင်းပေါင်း တောင်ဝှေးတို့ကို .... အသာထားခဲ့တဲ့ပြီး ....ပိန်လှီ မိခင်ရှေ့ထွက်လာ ကာ ....
ကဲ ... သူသတ်မ မိခင် ...ဒီမှာ သင့်ဖို့ အစာလေတဲ့ .....
သေဆဲမိခင် ... စူးစူးရိုင်းရိုင်းအော် ... ခလေးတွေဆီကခုန် ...စေတနာသားကောင်ကို မြေပေါ်လှဲ ...လက်သည်းဓါးကောက်တွေနဲ့ ... သူ့အသားကိုဖဲ့ ...အစွယ်ဝါ၀ါတွေ ..သွေးနဲ့ ရွှဲရွှဲ ပွဲတော်တည် တော့တယ် ...
ကြောင်ကြီးရဲ့လောင်ကျွမ်းအသက်ရှူသံဟာ ... ကြောက်ခြင်းကင်းတဲ့ မေတ္တာရဲ့နောက်ဆုံး သက်မနဲ့ရောပြီ .... ဒီလို တို့သခင်နှလုံးသားက ရှေးကပဲကြီးရဲ့ ....
ဒါကြားရာ နူးညံ့မှုအားကအောင်သမို့ .... ဘုရင် တို့သခင်ခြေဖ၀ါးအောက်ဝပ်ဆင်း .... ယဇ်ဆရာတွေ ကိုယ်တိုင် ယဇ်မီးလျှံတွေ ညှိမ်း ..ယဇ် သံမဏိ ဓါးကိုစွန့်ပြစ်ကြတယ် ....
နိုင်ငံတစ်ဝှမ်း နောက်နေ့ မောင်းကြေးနင်း လှည့်ပြီးအမိန့်တော်ပြန်တဲ့ကာ ... ကျောက်ပြား ကျောက်တိုင် မှာ ဒါထွင်းထုတယ် .....
ဘုရင်းဆန္ဒတော် .....
ယဇ်ပူဇော်ဖို့သတ်တာ ....
စားဖို့သတ်တာ .... ရှိခဲ့လေပြီ ....
ယနေ့မှနောက်ပိုင်း ..... ဘယ်သူမှ ဘ၀သွေးကို မဖိတ်စင်စေရ ....
လူသားကသာ အသိဥါဏ်ရှိသမို့ .... ဘ၀တိုင်းကိုတန်ဖိုးထား ...
ဂရုဏာရှိသူဆီ ... ဂရုဏာလာမြဲ ...
ယဇ် ဘို့ .... စားဘို့ ...မသတ်ရ .... ဒါပထမဆုံးကျောက်စာပဲ .... ကျောက်စာ တွေအားလုံး ဒိနောက်မှာ အစ ပြုတယ် .....
ဘုရင်ဗိမ္မိသာရ ... တို့အရှင်ကို ... သူထံမှာ နေဘို့ အများကြီးတောင်ပန်တယ် ....
အသင်မင်းသား နူးညံ့သူသင်နဲ့ ဒီအကျင့်အကြံတွေ မအပ်စပ် ....သင့်နူးညံ့တဲ့လက်က သံလျှက် ကိုင်ဘို့ တောင်းဘို့မဟုတ် .... မင်းသား ... ငါ့မှာ သားမရှိသေးဘူး .... ငါနဲ့နေလှည့်ပါ .... ငါ့နန်းမှာစံကာ ... ငါ့တိုင်းပြည်ကို သွန်သင်ပါ ....
★ ★ သိဒတ္ထ ပြတ်သားတဲ့စိတ်နဲ့ဆိုတယ် ....
မင်းမြတ် ... ဒါတွေ ငါ့မှာ ရှိခဲ့ ...စွန့်ခဲ့ .. သစ္စာ ရှာခဲ့ ... ခု ရှာဆဲ ... ရှာအုန်းမယ် ....
သိကြားနန်းတော်နဲ့ နတ်မယ်တို့ဖျားစေအုန်း ငါနေမယ်မဟုတ်ဘူး ....
တရားနိုင်ငံထူထောင်ဘို့ငါသွားနေတယ် ... ဂယာနဲ့ တောမြိုင်ရိပ်များဆီ ခရီးနှင်မယ် ...
အဲ့ဒိမှာ ငါ့အတွက်အလင်းရှိမယ်ထင်ရဲ့ ... ရတန်ကောင်းရဲ့ ...။
ဒီအလင်းဟာ ... ဒီကရသေ့တို့ကြားမှာရော.... သျှတြ တို့ကြားမှာရော ငါမတွေ့ဘူး ...
ဒါပေမယ့် ... ရစရာအလင်း ... အောင်စရာ သစ္စာတော့ ရှိလေရဲ့ ....
အို ..ဆွေစစ် .... ငါရရှိခဲ့လျှင် ... မုချပြန်လာကာ ... သင့်မေတ္တာ ... ဆပ်မယ် .... ။
ချမ်းမြေ့ကြပါစေရှင် ...
No comments:
Post a Comment