Sunday, June 22, 2014

ဗုဒ္ဓဘာသာဝင်များအတွက် အမြင်မရှင်းသည့်မေးခွန်း အပိုင်း ၂ - က



မင်္ဂလာပါမောင်လေးညီမလေးတို့ရယ် .....

ကို Pyae Phyo Maung က ( သူလဲ ခရစ်ယန်ထင်ပါတယ် ) .... အမဗဟုသုတ အရမ်းကြွယ်ဝပါတယ် ဒီမေးခွန် အဖြေ များဖြေကြားပေး ပါဆိုပြီး ... နူး ဝေါမှာ လာတင် ထားတဲ့ ..... ခရစ်ယန်လူလိမ် ... အက်စ် ဂွန်အောင်ရဲ့ မေးခွန်း ( ၂၄ ) ခုပါ ..... စာအရမ်းများလို့ တစ်ဝက်အရင် တင်ပေးလိုက် ပါတယ် ....

ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ အပိုင်း ၂

၁။ ပလ္လင်တော်၏ ကွာခြားချက်ကို ရှင်းပြပါ။က။မဏိဒိပဋီကာတစ်လက်မမှ မမြင့်(စုဒ္ဒသဟတ္ထုဗ္ဗေဓေါ ဥဗ္ဗေစ သဒ္ဒါ) -ပ၊ ၁၄၉။ခ။ ပရိတ်ကြီးဋီကာ ၁၄ တောင်။

★ ★ ဘယ်ပလ္လင်ကိုပြောတာလဲ ခွဲခွဲခြားခြားမေးပါရှင် ..... ဘုရားဖြစ်တော်မူရာ အပရာဇိတ ပလ္လင်ကတော့

...... ဘုရားအဖြစ်သို့ ရောက်တော်မူခါနီး ကဆုန်လပြည့် ညနေဆည်းဆာ အချိန်၌ ဗောဓိပင်အောက် အရှေ့မြောက်အရပ်၌ မြက်ထမ်းသမား ပေးလှူသော မြက် ၈ ဆုပ်ကို .... ကြဲဖြန့်တော်မူရာ မြက်အသွင် ကွယ်ပျောက်၍ တစုံတယောက်သော ပန်းချီဆရာ၊ ပန်းပုဆရာမျှ ရေးထုခြင်းငှါ မတတ်သာအောင် လွန်စွာ ဆန်းကြယ်သည့် တဆယ့်လေးတောင် ပမာဏရှိသော ရတနာပလ္လင်တော်ကြီးကို ပါရမီတော် အားလျော် စွာ ပေါ်ပေါက်တော် မူလာရသည်လို ဗုဒ္ဓ၀င် မှာဖော်ပြထားပါတယ် ... ( ဘုရားဟော မဟုတ်တဲ့ အတွက် ချင့်ချိန် ကျမ်းညှိရမှာပါ )

၂။ ဂေါတမ၏ မတူညီသော အရပ်တော်ဖေါ်ပြမှု။က။ ဗုဒ္ဓဝံသ ၁၆ တောင် ( သေဠသ ဟတ္ထုဗ္ဗေဓေ)ခ။ အဌကထာ ၁၈ တောင် ( အဌာရသ ဟတ္ထုဗ္ဗေဓေ)။

★ ★ အရပ်တော်အဆုံးအဖြတ်ကိုတော့ စာများတဲ့အတွက်သီးသန့်တင်ပေးပါ့မယ် ....။

၃။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားတို့တွင် ဒီပင်္ကရာ အပါအဝင်၁၉ဆူ၏ပါရမီဖြည့်ရာကာလကို ထင်ထင်ရှားရှားဖေါ်ပြပေးပါ။

★ ★ ဘုရားရှင်တိုင်း ဆုပန်ရတဲ့ကာလ က ကမ္ဘာပေါင် တစ်ဆယ့်ခြောက်သချေ် ပါရမီဖြည့်ကျင့်ပြီးဆုပန်ရတဲ့ ကာလကတော့ ကမ္ဘာပေါင်း လေးသချေ် နဲ့ ကမ္ဘာ တစ်သိန်းပါ ... စုစုပေါင်း ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်း ဖြစ်ပါတယ် ။

တစ်ကယ်ပါရမီဖြည့်ကျက် ကျင့်ကြံ ခဲ့တာကတော့ လေးသချေ် နဲ့ ကမ္ဘာတစ်သိန်းပါ .....

၎။ဂင်္ဂါဝါဠုမထားနှင့်ဦးဂေါတမနှင့်အရိမေတ္တယျမှအပအခြားဘုရားများကားအဘယ်သူထံတွင် ဘုရားဆုပန်ခဲ့သနည်း ဖေါ်ပြပါ။

★ ★ ကမ္ဘာပေါင်း သချေ် ( ၂၀ ) နဲ့ တစ်သိန်းမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်းပါ။ စုစုပေါင်း (၅၁၂၀၂၈) ဆူရှိပါတယ်။

ပါဠိလို စေတောပဏိဓာနခေတ် လို့ ပြောလို့ရတဲ့ စိတ်နှင့် ဘုရားဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့ ခေတ်က ကမ္ဘာပေါင်း (၇) သင်္ချေ ရှိခဲ့ပါတယ် ဘုရားပေါင်း (၁၂၅၀၀၀) ဆူ ပွင့်ခဲ့ပါတယ်။

နောက် ဝါစာပဏိဓာနခေတ်လို့ ပါဠိလိုခေါ်တဲ့ နှုတ်ဖြင့် ဆုတောင်းခဲ့တဲ့ ကမ္ဘာပေါင်း (၉) သင်္ချေအတွင်း ဘုရားပေါင်း (၃၈၇၀၀၁) ဆူပွင့်ခဲ့ပါတယ်။

နောက်ဆုံး ပါဠိလို ကာယာဝါစာပဏိဓာနခေတ်လို့ခေါ်တဲ့ လူအများသိတဲ့ ကမ္ဘာပေါင် လေးသင်္ချေနဲ့ တစ်သိန်း ကိုယ်ရော နှုတ်ပါ ပါရမီဖြည့်ခဲ့တဲ့ ကာလအတွင်းမှာတော့ ဘုရားအဆူပေါင်း (၂၇) ဆူသာ ပွင့်ခဲ့ပါတယ်။

ဒီတော့ သူ့အချိန်အလိုက် ....ကြုံဆုံတဲ့ပစ္စေကဗုဒ္ဓါတွေကို ဆုပန်ခဲ့တယ်လို့ပဲပြောလို့ရမှာပါ ....

အဲဒီ ပါရမီဖြည့်စဉ် ကမ္ဘာပေါင်း သင်္ချေ (၂၀ ) နှင့် တစ်သိန်းမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်း (၅၁၂၀၂၈) ဖြစ် လို့ သဗ္ဗုဒ္ဓေဂါထာမှာ ဘုရားပေါင်း ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကြိပ် ရှစ်ဆူလို့ ဆိုခဲ့တာပါ ။

၅။ အသိဆုံး၊ အတတ်ဆုံး၊ အမြတ်ဆုံးဟု အဘယ့်ကြောင့် အို၊နာ၊သေကိုမသိ၍ အစေခံထံ ၌ မေးမြန်း ရသနည်း။

အဲ့တာမေးတုန်းက ဘုရား အဖြစ်ကိုရောက်ပြီးပြီလားရှင် ..... ဘုရား အဖြစ်ကိုရောက်ရှိပြီးနောက်ပိုင်း ကိုပြောပါရှင် ...

★ ★ ဘုရင်တစ်ပါးရဲ့ ငယ်ဘ၀ဘာမှမသိတာကို အသာထား ... ကျမလို ဆင်းရဲသား မိန်းမတစ်ယောက်တောင် .... ရှစ်တန်းအထိ ... ယောက်ျားလေးတစ်ယောက်နဲ့ အသားချင်းထိရင် ကိုယ်ဝန်ရှိတတ်တယ်လို့ ထင်ခဲ့တာပါ .... မိဘတွေကမသိစေချင်လို့ ဖုံးကွယ်ထားရင် သားသမီးကသိစရာအကြောင်းမရှိပါဘူး ....

ဒီလိုပဲ ... ဗောဓိသတ်ငယ်ရွယ်စဉ် မိဘများက ... ဦးပြည်းကတုန်း ချိုါ်ခြံခြွေတာသူ ... သို့မဟုတ် ... စင်္ကြ၀တေးမင်း ဖြစ်မယ့်သူလို့ဟောခဲ့တာကြောင့် ....စက်ြဝတေးမင်းဖြစ်စေချင်တဲ့ မိဘတွေက ဒုက္ခဆိုတာကို ဖုံးကွယ်ထားခဲလို့မသိတာပါ ....

၆။ဂေါတမ၊ဝေသန္တရာ၊မဟော်သဓာ တို့သည်မွေးကင်းစမှစ၍ လမ်းစသွားခြင်း၊ စကားပြောခြင်းမျှားပြုသည် ကိုဗုဒ္ဓဝင်စာပေမှအပ အဘယ့်ကြောင့် မတွေ့ရသနည်း။

★ ★ ပိဋကတ် ပါဋိနဲ့ ဘုရားဟောတွေမှာ မရှိပါရှင် .... အဌကထာ ...ဆရာတော်ကြီးများက ဘုရားရှင်ကိုကြည်ညိုလွန်ပြီး ...လွန်လွန်ကြူးကြူးဖွဲဆိုထားတာလို့ပဲပြောပါရစေ ....။

၇။ထိုအသိဆုံး၊အတတ်ဆုံး၊ အမြတ်ဆုံးသူက အဘယ့်ကြောင့် ကျွတ်တန်းတရာကို တကယ် မသိသော ဥဒကနှင့် အာဠာရ ရသေ့ထံတွင် တပည့်ခံရပါသနည်း။

★ ★ ဘုရားရှင်တရားလှည့်လည်ရှာဖွေရာမှာ .... ဆရာပေါင်းများစွာတွေ့ခဲ့ပါတယ် .... ဒါပေမယ့် အာဠာရ ဥဒက ရသေ့ဆရာ နှစ်ပါးဆီက ... အသင့်အတင့် လေ့လာခဲ့ရပါတယ် ... ဒါပေမယ့် ဆရာတွေအားလုံးဟာ သူလိုချင်တဲ့ ဒုက္ခ ချုပ်ငြိမ်းရာတရားကို မပေးစွမ်း မသင်ပြနိုင်ခဲ့ပါဘူး ....

ဒီလိုနဲ့ ၀ိသာခါနက္ခတ်နဲ့ယှဉ်တဲ့ .... ကုဆုန်လပြည့်နေ့ မနက်ခင်းမှာ .... ဘယ်ပြင်ပ တန်ခိုးရှင်အကူ အညီမျှ မပါပါပဲ .... မိမိကိုယ်တော်တိုင် .. တစ်ပါးထဲ ဗောဓိပင်ရင်းမှာထိုင်ပြီး တရားကျင့်ကြံခဲ့ပါတယ် ....

ဒီအခါတစ်ခြားအယူဝါဒများရဲ့လွဲမှားတဲ့ နည်းလမ်းများကို တွေ့ရှိလာပါတယ် .... ဒုက္ခအပေါင်း အစနဲ့ ချုပ်ငြိမ်းရာ ... တရားများကိုကောင်းစွာသိမြင်လာပါတော့တယ် ... * ဘ၀ နှစ်သက်မှု တဏှာ * ဟာ ဆင်းရဲအပေါင်းရဲ့အရင်းခံဆိုတာသိလာရပါတယ် ....။

နောက်ဆုံးမှာတော့ သံသရာ ၀ဋ်ဆင်းရဲအပေါင်းကလွတ်မြောက်ကြောင်း ဟာ မဂ္ဂင် ( ၈ ) ပါးတရား သာဖြစ်တယ်ဆိုတာ ကိုယ်တွေ့သိလာရပါတယ် ....

အလောင်းတော် ဗောဓိသတ်ဟာ ... ဒီလိုနဲ့ ကဆုန်လပြည့်နေ့ ညဥ့် ဦးယံမှာ ... ရှေးဟောင်းနှောင်းဖြစ် အားလုံး ကို အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုသတိဥာဏ်တော် ....

သန်းခေါင်ယံမှာ ... လောကကြီးတစ်ခုလုံးကိုမျက်ဝါးထင်ထင် သိမ်းကျုံးမြင်နိုင်သော .... ဒိဗ္ဗစက္ခု ဥာဏ်တော်

အာရုဏ်တက်မယ့်ဆဲဆဲမှာ ... တစ်ထောင့်ငါးရာ ကိလေသာ အားလုံးစင်ကြယ် သဖြင့် အာသ၀က္ခယ ဥာဏ်တော် (သဗ္ဗညုတ ညဏ်တော် ) ရတော်မူလျှက် .... ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့ပါတယ် ....

၈။ပုဗ္ဗနိမိတ်ကြီးများတွင်ပါသည့် အတိုင်းမတီးပဲအလိုလို တူရိယာများမြည်ခြင်း၊ မိုးလေငလျှင်လှုပ်ခြင်း၊ အချည် အနှောင်လွတ်ကြခြင်း၊ ငရဲမီးငြိမ်းခြင်းတို့ကို အဘယ့်ကြောင့် ကမ္ဘာသမိုင်းတွင်မှတ်တမ်းမရှိပါသနည်း။သမိုင်းမှား၍လား၊ဗုဒ္ဓသမိုင်းမှားလို့လားသေခြာရှင်းလင်းပြပါ။ဟုတ်လျှင်ကမ္ဘာကသိသင့်ပေသည်။ကမ္ဘာများစွာကိုပင်ရေတွက်ပါက မဝေးသေးသော အိန္ဒိယ သမိုင်းသည် ထင်ရှားရပေမည်။

★ ★ လက်ရှိသိပ္ပံပညာက ငရဲပြည်ရောက်အောင်မသွားနိုင်သေးလို့မသိဘူးပဲထား .... ..... ရှင်တို့ကျတော့ရော .... ရှင်တို့ဘုရားမွေးနေ့ကိုသိလို့လား .... သမိုင်းမှာလဲမရှိဘူး ....

၉။ ငယ်ရာက ကြီးရသည်ကို ခန္ဓာဗေဒအရ လူတိုင်းကသိသော်လည်း သိဒ္ဓတ္ထသည် ၂၉ နှစ်ရောက်သည့်တိုင်အဘယ့်ကြောင့်မသိရသနည်း၊ဖွားဖက်တော်ကိုပင်ငုံ၍ကြည့်ပါကသိနိုင်သည် မဟုတ်ပါလော။မောင်စံကိုလည်း ကျီစားလို၍ မေးဟန်မတူပါလေ။

★ ★ အင်းး ယုတ်ညံ့လှတဲ့ ဘာသာဝင်ပါပဲ .... ဘုရားရှင်မေးတာ ... ငါေ၇ာ တစ်ချိန် မှာ ဒီလို အိုရမှာလား .... ဒီလို နာရမှာလား .... ဒီလိုပဲသေရမှာလား ... လို့မေးခဲ့တာပါ .... ။ဘုရင်မင်းမြတ်ကိုယ် တိုင် တောထွက် မှာကြောက်တဲ့အတွက် .... အသိမပေးနန်းတော်ကမထွက်ခိုင်းခဲ့တာပါ အို နာ သေ ဘေးဒုက္ခတွေ ပေးမမြင်တာပါ ... ဒါကြောင့်မသိခဲ့တာပေါ့ .... ငယ်ရာကကြီးတာ မသိစရာ အကြောင်း မရှိပါဘူး ...။

၁၀။သယမ္ဘုတံအလိုလိုညာဏ်ဖြင့်သိခြင်း ဟူသည်က၊ခ၊ဂ၊ဃ၊ငဆိုသော စာကိုကျောင်း မှာမသင်ပဲ တတ်ရပါမှဆရာမကူ သိသူဟုဆိုနိုင်ပေမည်၊ သို့သော်ဂေါတမသည် လက်ဦး ဆရာရှိခဲ့သောကြောင့်ဆရာမပါငါကိုယ်တိုင်သိသည်ဆိုခြင်းကကျေးဇူးကန်းသောတပည့်မိုက်အဖြစ်သို့မရောက်ပါသလော။အဘယ့်ကြောင့်မွေးကင်းစ၌အသိဆုံး၊ အတတ်ဆုံး၊ အမြတ်ဆုံးဟု ဆိုနိုင်ပါအံ့နည်း။

★ ★ ဗုဒ္ဓကိုယ်တော်တိုင်ပြောခဲ့တဲ့ .... သူရဲ့ လောကီဆရာဟာ ( ၅ ) ပါးရှိပါတယ် .....

၁။ဘုရားလောင်းမွေးဖွါးသည့်အချိန်၌လက္ခဏာဖတ်သော ရာမ,ဓဇ,လက္ခဏ,မန္တီ,ယည,သုယာမ,သုဘောဇန,သုဒတ္တ,ဟူသောပုဏ္ဏားရှစ်ယောက်။

၂။ပဒကကျမ်း, ဗျာကရုဏ်းကျမ်း, ဆဠင်္ဂကျမ်း, အတတ်တိုကို သင်ကြားပေးသော သဗ္ဗမိတ္တ မည်သော ပုဏ္ဏား

၃။ဘုရားလောင်းအား အို နာ သေ ရဟန်း နိမိတ်လေးပါးကို ပြ၍ ထိတ်လန့်ကြောက် ရွံ့စေပြိး တော ထွက်စေသော နတ်သား။

၎။အာကိဉ္စညာယတနဈာန်၏ ပရိကံကိုပြောကြားပြသပေးသော ကာလာမ၏ သားဖြစ်သော အာဠာရရသေ့။

၅။နေဝသညာ နာသညာယတန ဈာန်၏ ပရိကံကို သင်ကြားပြသပေးသော ရာမ၏ သားဖြစ်သော ဥဒကရသေ့။

တို့ဟာ ဘုရားရှင်ရဲ့ လောကီ ဆရာ ငါးပါးပါ

၁၁။ မောရိယသုတ်တွင် ဘုရားအလောင်းဥဒေါင်းမင်း အဘယ့်ကြောင့်နေကို ရှစ်ခိုး သနည်း။ နေကို ရှစ်ခိုးခြင်းသည် ဒိဌိပင်မည်သည်ဆိုသော စကားအရာတွင် ၄င်းနေရာ၌ အဘယ် သို့ဖြေရှင်းမည်နည်း။

★ ★ ရှင်ပြောတဲ့အချိန်က ... ဗုဒ္ဓပွင့်ပြီးပြီလားဟင် ..... ဗုဒ္ဓဘာသာထွန်းကားပြီလားဟင် ..... ဘုရားရှင်တေင် ဥဒေါင်းမင်းဘ၀ပဲရှိသေးတယ်လေရှင် ... တစ်ကယ်ပါပဲ ....

အလောင်းတော်ဥဒေါင်းမင်းအချိန်ကိုထား ... ဗုဒ္ဓ မမွေးခင် ...ဘုရားမဖြစ်ခင် ...တရားမရခင် ..ဗုဒ္ဓရဲ့ မိဘတွေတောင် ဟိန္ဒူ အယူနေရှိခိုးကြတယ်လေ .... ဥဏှောက် ထဲ ဥဏှေက်ရှိနေတာမှ ဟုတ်ရဲ့လားရှင် ... အင် အင်းတွေများထည့်ထားသလားမှတ်ရတယ် ....

၁၂။ ကေသာ၊ လောမာ စသော ၃၂ ကောဌာသစသော တရားတို့ကို ဥပေက္ခာပြုနိုင်သော သိဒ္ဓတ္ထမင်း သားသည် ၄င်း၏ ကိုယ်၌ အများနှင့်မတူ တမူထူးကဲစွာ ကျင်ကြီး၊ ကျင်ငယ် သွားရာ တွင် ရွှေ၊ ငွေ ၊ ရေမွှေးများ သာ သွားနေသောကြောင့် ဤ တရားကို မသိကျိုးကျွံပြုနေခြင်းပင်လော။

★ ★ ဒုက္ခပါပဲ ...ဘာတွေ ရှောက်ရေးထားတာတုန်းမသိ .... တပ်မက်မှု အားလုံးကို ဥပေက္ခာပြုနိုင် တယ်ပြော တာရှင် .... ရှင်ကဥပေက္ခာ မပြုနိုင်ရင်ကောက်သာ စားလိုက် ပါတော့ ရှင် ...။

၁၃။ မောင်းမ ၄၀ဝ၀ဝကို၎စုခွဲရာ၁စုတွင်ယသော်ဓရာကဦးဆောင်၍စေစားသောကြောင့်၊ အခြား သုံးဖွဲ့တွင် ဦးဆောင်မိဖုရား သုံးယောက်တို့ကား အဘယ့်ကြောင့် သမိုင်းတွင် မြုပ်ခဲ့သနည်း

★ ★ အမလေး ... ရှိတဲ့ ယသော်ဓရာတစ်ပါးတောင် တုန်ဏှိဘာဝေ .... ဖြစ်နေတဲ့ .... မိန်းမကို .အတင်းပေးစားထားရတဲ့ မင်းသားဟာ .... ဘယ့်နှာ မိန်းမတွေက ရှိမှာတုန်း ... ဘုရားရှင်ဆွေတော် မျိုးတော် တွေက ... ရာဇ၀င်ရှိသမိုင်းရှိတဲ့ အိန္ဒိယရဲ့ သြဇာ အကြီးဆုံး မင်းတွေနော် ... သမိုင်းထဲမှာလဲပါတယ် ....

သိုးလိုက်ကျောင်းရတဲ့ မိန်းမတစ်ယောက်က ဘယ်သူနဲ့ ရ ဘယ်ရက်မှာမွေးတဲ့ ခလေးမှန်းမသိ .... သေတော့လဲ တရားမ၀င် ပြည့်တန်ဆာ ( ၅ ) ယောက်လောက် နဲ့ ညားခဲ့တဲ့ လူပျို ဘုရားလိုမျိုး မိုးလုံးပြည့်မုသာဝါဒ နဲ့ လုပ်စားနေတဲ့ဘာသာမဟုတ်ရပါဘူးရှင် .... သမိုင်း ရှိပါတယ် ...။

ချမ်းမြေံကြပါစေရှင် .......

No comments:

Post a Comment