Tuesday, June 24, 2014

ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ အပိုင်း ၂ - ခ



၁၄။ ....... သဘာဝကို လွန်ဆန်၍ မရပါက အနော်မာမြစ်ကူးပြီး စံပယ်သောနောက် အဘယ့်ကြောင့် မုတ်ဆိတ်၊ ကျင်စွယ်တို့ကို နောက်ထပ်ရိတ်ပယ်ရခြင်း မရှိဆိုခြင်းကား အသဘာဝပင် မဟုတ်ပါလော အဘယ်နည်း လက်တွေ့ကျကျရှင်းပြပေးပါ။

★ ★  သဘာဝအတိုင်းရှည်နေလို့ ဘုရားရှင်မှာ ဆံတော် ရှိတာပေါ့ ....  ဘယ်ဗုဒ္ဓရုပ်ထုမှာ ကတုံးတုန်း ထားတုန်း ...။

၁၅။ ......  တောထွက်ပြီးနောက် ပြည်တော်ကို ပြန်လိုသော သိဒ္ဓတ္ထအား ကမ္ဘာမြေကြီးသည် ချာချာလည် ကာ ရှေ့တော်အရောက်ပို့ပေးသည်ဆိုသည်ကို ပထဝီအရ ရှင်းလင်းဖြေကြားပေးပါ။

★ ★ တစ်ကယ်ပါပဲရှင် .... တောထွက်ချင်လွန်းလို့ သံတံခါးမကြီး ( ၆ ) ဆင့်ကို ခက်ခက် ခဲခဲကျော်ဖြတ်ပြီး မှ တောထွက်တဲ့ ဗောဓိသတ်ဟာ .... ဘုရင်ဗိမ္မိ သာရနဲ့ သူတရားရှာ လှည့်လည်ရာ ဒေသတိုင်းက ဘုရင်တွေ က သူ့ကိုထီးနန်း အတင်းပေးတာတောင် အတင်းငြင်းဆန်ပတ်ပြေးနေရတာရှင် .... 

ဇတ်အမြင့်အနိမ့်အရမ်းခွဲတဲ့ ရဟူဒီတွေက ...  ... အဖေမရှိတဲ့ ခလေးဆို ပြည့်တန်ဆာခလေးမို့ .... လမ်းမှာတွေ့ ရင်တောင်  ချက်ချင်းလှညိ့ပြန် ရေချိုးကြတဲ့ .... ဘုရားကျောင်းမပြောနဲ့ .... ဒီခလေးမျိုး လမ်းဘေး မှာတောင် ဘယ်နေရာမှ ... နေခွင့်ထိုင်ခွင့် ၇ပ်ခွင့် မရှိတဲ့ခေတ်မှာ ... အဖေမရှိ ... မွေးနေ့မရှိ ... သိုးကျောင်း တဲ့ ပြည့်တန်ဆာမ က မွေးတဲ့ ခလေးကို  ( ၁၃ ) နှစ်သားမှာ  ရဟူဒီ ဘုန်းကြီးတွေ က ၀ိုင်းပြီး ဂိုဏ်းချုပ် တင်မြှောက်ကြပါတယ် လို့ လိမ်လည်ခဲ့တဲ့ သူဟာ ... ဗုဒ္ဓလို့ များထင်နေသလား ရှင် ....

၁၆။ ...... ဂိရိမေခလာဆင်သည် ယူဇနာ ၁၅၀ ( ၁၃+၁၅၀=၇၃၅၀ မိုင်) ရှိနေသောကြောင့် ထိုစစ်ပွဲသည် အပ်ဖျား၌ ဘောလုံးပွဲကျင်းပသည်နှယ် နယ်မြေဧရိယာ အရ သဘောသဘာဝအရ ရှင်းပြပေးကြပါ။

★ ★ အောင်ခြင်း ရှစ်ပါးထဲ မာန်နတ်လာတိုက်တဲ့ဆင်ကိုပြောတာလား ..... အဲ့တာ ဗုဒ္ဓပွင့်ပြီး  နှစ်တစ်ထောင် ကျာ် မှ ပေါ်လာတဲ့ သီဟိုလ် ဆရာတော်ကြီးတွေရေးထားတာပါ... ဗုဒ္ဓလဲ မဟောခဲ့ပါပဲနဲ့ ... ဒီဆရာတော် များ ..ဒီလောက် ဘာလို့တိတိ ကျကျအတိုင်းအတာ ကို သိနေရတာလဲ ... ကျမလဲမသိ ဘူးရှင် .... ကျိန်းသေ တာ ဗုဒ္ဓ အဲ့လိုမဟောထားပါဘူး ...။

ဘုရားဟော အစစ်တွေမှာ ဘုရားရှင်က ဘယ်နေရာမှာဘယ်အကြောင်းကြောင့် ဘယ်သူ့ကို ဘယ်လိုဟောပါတယ် ပါ ပါတယ်. ..။ 


အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသအဋ္ဌကထာကို မြန်မာလိုပြန်ပြီး ရေးထား တဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်။ 

နာလာဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ် ရဟန်းတော် အရှင်မဟာနာမ ဆိုသူက ရေးသားခဲ့တာပါ။ 


အဲ့ဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ ၊ ဋီကာတွေ ကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော် က (ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့ပါတယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတ ဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ 

အဲ့ဒီကျမ်းက စကားတွေကို ဖတ်ပြီး ဗုဒ္ဓဘုရားဟော တာပါ ဆိုပြီး ဝေဖန် ရင်တက်တက်စင်မှားမှာပေါ့...။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ 

ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ပဲ သူတစ်ပါး ဘာသာ ကို ရှုံ့ချချင်ဇော နဲ့ ရေးထားတယ်ဆိုတာ ပြရာရောက်ပါလိမ့်မယ်။ 

ခုနောက်ပိုင်းတွေမှာ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် တစ်ခြားဘာသာဝင်တွေ ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာ ဗုဒ္ဓ ဘုရားဟော အစစ် ၊ ဘယ်ဟာကနောက် စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူးပြောင်း ခဲ့ကြတာ တွေ အများကြီး ရှိပါတယ်....။ 

စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာပါ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။

အောင်ခြင်းရှစ်ပါးတို့ .... ၀ိပါက်တော် (၁၂) ပါးထဲက တာဝတိသာနတ်ပြည် ကိစ္စတို့ ဆိုတာ စာရေးဆရာ ရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။

၁၇။ .....  အရိမေတ္တယျ အလောင်းတော် သင်္ခစကြာဝတေမင်း သည် မိမိလက်သည်းဖြင့် မိမိလည်ပင်း ကို ဖြတ်၍၊ မိမိလက်တွင် ဦးခေါင်းကိုတင်ကာ အမည်မသိသော ဘုရားတွင် ဘုရားဆုပန်သည်မှာ ဦးခေါင်းပြတ် သည့်နောက် လက်ဖဝါးပေါ်တွင်တင်ကာ ဆုတောင်းနိုင်ပါဦးမည်လော။ သင့်မြတ်လျှော်ကန် စွာ ဖြေရှင်းပေးပါ။ဘုရားအား နား၊ နှာခေါင်း၊ လက်ချောင်း စသည်တို့ကို ဖြတ်၍ လှူခြင်းကို မပြုအပ်ကြောင်း အဌကထာတို့တွင် ဆိုထားပါသည်။ “အညံပန ကဏ္ဏနာသအင်္ဂုလိမာဒိံ ယံကိဥ္စိ ဆိန္ဒိန္တဿ တာဒိသံဝါ ဒုက္ခံ ဥပ္ပါ ဒေန္တဿ ဒုက္ကဋံ´´ဝိ၊ ဌ၊ ၄-၄၆) အရ နား၊ နှာခေါင်း၊ လက်ချောင်း စသည်တို့ကိုဖြစ်၍ လှူဒါန်းသောအလှူသည် အဘယ့်ကြောင့် ကျမ်းဂန်နှင့် မညီညွတ်သော်လည်း ဘုရားအလောင်းဖြစ်သော ထိုအရှင်သည် အပြစ်မဖြစ်သည့်အပြင် နောင်တွင် အနှိုင်းမဲ့ဖြစ်လာဦးမည်ဆိုက အဘယ်သို့နည်း။

★ ★  စွန့်ခြင်းကြီး ငါးပါး  
ဓန ပရိစ္စာဂ ..................  ပစ္စည်းဥစ္စာကို ပေးလှုခြင်း 
အင်္ဂ ပရိစ္စာဂ ..............  ခြေ ၊ လက် ၊ အင်္ဂါကို ပေးလှုခြင်း
ပုတ္တပရိစ္စာဂ  ................ သား၊ သမီးတို့ကို လှုခြင်း
စာရိယ ပရိစ္စာဂ ...............  သားမယားကို ပေးလှုခြင်း
ဇိဝိတ ပရိစ္စာဂ ..................  အသက်ကိုပေးလှုခြင်း
 

ကျန်တာတော့ အရိမေတ္တယျ  ဘုရားပွင့်တဲ့အခါ ကိုယ့်ဖာသာမေးလိုက်နော် ....  အရိမေတ္တယျ ဘုရားလောင်းက အခုဂေါ တမ ဘုရားရှင် သာသနာတော်ပြန့်ပွားချိန် မှာ ဖြတ်တာမဟုတ်တဲ့အတွက် .... သူလည်ပင်းဖြတ်လှူ စဉ်အချိန်က ခေါင်းပြတ်ကို လက်ဖ၀ါးပေါ် ဘယ်လိုတင်လဲ ကျမလဲ သမိုင်းရှာ မပေးနိုင် ဖူးလေ...  နော် ။

၁၈။ဘုရားအဆူဆူတို့သည်၊ဃနာနို့ဆွမ်း၊အပင်အောက်၊တောထွက်၊ဘုရားဖြစ်ဆိုသည်တို့တွင် တူညီသော အချက်ကား အိန္ဒိယနိုင်ငံသားများသာဖြစ်သောကြောင့်၊ ထိုနိုင်ငံသည် အဘယ်ကြောင့် ထိုဘုရားဖြစ်ခြင်း လိုက်စင်ကို ရထားကြပါသနည်း။

★ ★  အခုတောင်ဗုဒ္ဓ ပွင်ခဲ့တဲ့နေရာ က ရှေးဟောင်းမြို့ပျက်ဖြစ်နေတာ .... နောင်ကမ္ဘာက မီး ရေ လေ  နဲ့ပျက်ရ အုန်းမှာ ... အင်ဒီးယာဆိုတာဂျီး နာမည်နဲံတစ်ထပ်ထဲဘယ်လို၇ှိနိုင်မှာလဲ ..သေချာစဉ်းစားလဲပြောပါအုန်းရှင် .... ပိဋကတ်တော်မှာ ...ဒီအကြောင်းမပါ ပါဘူးရှင် ...။

၁၉။ စွန့်ခြင်းကြီးများကို အကြိမ်ကြိမ် ပေးလှူသော်လည်း မျောင်မင်းဘဝတွင် သူ၏ နှလုံးကို စားလို သော မျောက် မကြီးကိုကား မပေးလှူသည့်အပြင် အဘယ့်ကြောင့် မုသာကိုပင် ပြောခဲသနည်း။ 
ဤနေရာတွင် လျှောက်ပတ်စွာ ဖြေပေးပါ။ သား၊ မယား၊ ကျေးကျွန်၊ ဥစ္စာ စသည်တို့ကို လှူသော် လည်း သေ ရန်ကြောက် ၍ မလှူခြင်းတော့ မဖြစ်တန်ရာ။

★ ★ မဟုတ်သေးပါဘူး .... ဘုရားလောင်းမျောက်မင်းက ... မျောက်တွေလွတ်ရာကိုဖြတ်ကူးဖို့ နွယ်တန်းက တိုနေလို့ .... သူကိုယ်နဲ့ ဆက်ပြီး မျောက်တွေကိုကူးစေတာပါ .... အခုရှင်ပြောတာတော့ ကျမဖတ်မိတဲ့ထဲမပါဘူးရှင် ...။

စိတ်ညစ်တယ် .... အခု ရှင်ပြောနေတာနဲ့ဆင်ဆင်တူတာကတော့  စိုးပိုင်သီချင်းထဲက  မိချောင်းနဲ့ မျောက်ရဲ့ဒဏ္ဍာရီ သီချင်းပဲကြားဖူးတယ်  .... မျောက် ရဲ့ အသည်း ကိုမိကျောင်းမက စားချင်တယ်ဆိုလို့ ... မိကျောင်းထီးက သွားရှာတာ သဖန်းတောသွား ချင်နေ တဲ့မျောက်နဲ့တွေ့တာလေ ... အဲ့တာ ကာတွန်းလေ ... ပုံပြင်လေ ... 

၂၀။ မယ်တော်မာယ ဝမ်းသည် အညစ်အကြေးမှရှိသလို သိဒ္ဓတ္ထမင်းသားလောင်းသည် သူမ၏ ဝမ်း၌ တင်ပျဉ်ခွေထိုင်နေခြင်းဖြင့် ကိုယ်ဝန်ယူခဲ့သည်ကို ခန္ဒာဗေဒ၊ ဆေးပညာ အရ ရှင်းလင်းပေးပါ။
 ၂၁။ မယ်တော်မာယာ ဝမ်းဗိုက်သည် ဖန်မှန်လွှာအလား ( မှန်ငါးကလေးလို) ပကတိမျက်စိဖြင့် သူမဝမ်းထဲမှ သူငယ်ကို မြင်ရသည်မှာ ဆီလျှော်ပါသလော။ သူမသည် ဧကန် ( မှန်ငါးမဟုတ်) လူဖြစ်သောကြောင့် သင့်နှင့် ကျွန်ုပ်တို့၏ မိခင်များကဲ့သို့သော ဝမ်းဗိုက်ရှိမနေပါက သူမသည် အဘယ်သတ္တဝါနည်း။

★ ★ ဒါကတော့ ... ရှင်ရေးတဲ့ကျမ်းပဲနေပါလိမ့်မယ် .... ပိဋကတ်မှာရော အဌကထာမှာပါ ..မပါပါရှင် ...။

စိတ်ကူးတည့်ရာတွေရှောက်မရေးပါနဲ့ရှင် .... ကျမတို့သာသနာတော်က ... ရှင်တို့လို  သူများဘာသာက တိတ်တိတ်ခိုးသုံးနေရတဲ့ ကျမ်းလေးနဲ့ ...  ဟိုဂျောင်က ပတ်လိမ် ..ဒီဂျောင်ကပတ်လိမ်နေတဲ့ ဘာသာ မဟုတ်ပါဘူးရှင် .... ကျမ်းကိုးတိတိကျကျနဲ့ မေးမှပေါ့ ....  မေးခွန်းမများ  များအောင် ... ကိုယ်ပိုင်လုပ် စတိုရီတွေနဲ့ ပြောချင်ရာပြော ရေးချင်ရာရေးနေတော့တာပဲ ...။

၂၂။ ဃနာနို့ထည့်သော ရွှေခွက်ကို ရေတွင်ချရာ ဆန်တက်သည်ဆို၏၊ ယခု အသင်ချပြပါ သဘာဝ အတိုင်း အောက်သို့ဆုန်မည်လော၊ အထက်ဆန်မည်လား ဆိုသည်ကို ကြည့်လိုပါသည်။

★ ★ ရှင်တို့ ဘာသာမှာလဲ ရေကိုဆန်တက်တဲ့ အထောက်အထားတွေရှိနေပါတယ် ... သူများလို သေခါနီး နာမှာကြောက်လို့ ပုန်းရည်တွေ အသေအလဲ သောက်ပြီး အမူးလွန်သေရတဲ့ ဘုရားကိုကိုးကွယ်တဲ့ ...  လူတွေ အတွက် ဒါမျိုးက ထူးဆန်းနေပေမယ့် .... မကြားဖူးပေမယ့် .... ပါရမီရင့်သန်သူတွေအတွက် ဒီလိုမျိုးအဖြစ်ကမဆန်းပါဘူး ... 
လောလောဆယ် ... ဘုရားရှင်ကို အသာထား ... လက်ရှိခေတ်မှာ ... ရေဆူဆရာတော်ဆိုတာ ..ပေါ်ခဲ့ တယ်လေနော် ... ဆရာတော် တရားဟော ပရိတ်ရွတ်ရင် ပရိတ်ရေက ပွက်လာတယ်လေ ... ခုထိ လိုက်မေး လို့ရပါသေးတယ် .... ဘိုဘိုးအောင် ရဲ့အမျိုးတွေလဲ အခုထိ ရှိနေကြသေးတယ် ...မေးလို့ရ ပါတယ်ရှင် ...။

၂၃။ မိန်းမယူလို၍ အစွမ်းကောင်းပြရာဝယ် မြားဆရာကြီးများက တဦးတဦးလျှင် ၃၀ဝ၀ဝ ရှိသော မြားများကို သိဒ္ဓတ္ထက မြားတလက်ဖြင့် ဂျက်လီကဲ့သို့ ကာကွယ်ရင်း မြားဖြင့် အိပ်ကိုဆောက်၍ အဆုံး မြားများကုန်သောအခါ ထိုမြားအိမ်ထဲမှ အပျက်အဆီး မရှိ ခုန်ထွက်လာသည်မှာ မျက်လှည့်လေလား၊ လက်လှည့် ( စာ ) လေလား အကိုးအကား လက်တွေ့ဆန်ဆန် ဖြေရှင်းပေးပါ။

★ ★  မြှားပြစ်ပြိုင်ရာမှာ  .... နန္ဒက ကြေးဝါစည်ကို ( ၆ ) ဂါဝုတ် အကွာမှာထားတယ် 
အဇ္ဇုနက ( ၆ ) ဂါဝုတ် ...
ဒေ၀ဒတ္တက  ( ၈ ) ဂါဝုတ် ... 
သိတ္တဒတ္တ က အဝေးဆုံး ကြေးစည်ကို  ( ၁၀ ) ဂါဝုတ် အကွာမှာထားစေတယ် .... လှမ်းကြည့်ရင် ... ကြွေစေ့ အစက်လေးလောက်ပဲမြင်ရတာပ ....
နန္ဒ သူ့စည် ....
အဇ္ဇုန သူ့စည် ... အလယ် က ဖောက်ရဲ့ ... 
ဒေ၀ဒတ္တ မြားကိုအကျချိန်လွှတ်လိုက်ရာ  .... ပစ်ကွင်းနှစ်ဖက်စလုံး ဖောက်ထွက်သွားသမို့ ... ပရိတ်သတ်များအံ့သြမဆုံး
သိတ္တဒတ္ထ ... လေးမှာ ..မြားတစ်စင်းတပ် ... မြားချွန် မိုးကိုဖောက်ခွဲ ... အဝေးဆုံးစည်းကို တည့်တည့်ထွင်း ..ဖောက်ထွက် ... ဒီတွင်မရပ်သေးဘူး ... ကွင်းပြင်တစ်ဖက်ပြန်သွားရာ ... မမြင်ရတော့ဘူး .... အံ့မခန်းပါ့ ... လို့ ကျမ်းစာတွေမှာရေးထားပါတယ်  .... 
ကဲ ... ဘယ်မယ်တုန်း ရှင် ... ဂျက်လီလို က တာ .... ။

၂၄။ ပုဗ္ဗနိမိတ်ကြီး ၃၂ ပါးတွင် သိဒ္ဓတ္ထ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်တို့၌ မျက်ကန်း၊ နားပင်း၊ စကားအ၊ ခြေခွင်၊ လိမ်ကောက်တို့ကို အကောင်းပကတိ ဖြစ်ရကြောင်းကို ဗုဒ္ဓဝင်တို့တွင် သာ တွေ့ရသော် လည်း အခြား ကမ္ဘာ့သမိုင်းတွင်သော်၎င်း၊ ရှေးကျသော အိန္ဒိယ သမိုင်းတို့တွင်သော်လည်းကောင်း မတွေ့ရခြင်းက သမိုင်းမှားသည်လား၊ အယူအဆပင် လိုတာထက်ချဲ့ကား၍ မှားနေသည်လား ရှင်းပြပေးပါ။


★ ★ ခလေးတွေကို လိမ္မာစေချင်လို့ပြောတဲ့ ဒဏ္ဍာရီပုံပြင်တွေနဲ့ ... ဘုရားရှင်အဟောတွေကို .... ခွဲခွဲခြားခြား နားလည်ပါစေလို့ပြောပါရစေရှင် ... ။

ဝန်ခံချက်။ ။ အထက်ပါ မေးခွန်းများ အားလုံးတို့သည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်၊ ပထမကျော် ပါဠိပါရဂူ ဓမ္မာစရိယ ကထိက၊ အနေကဂန္တကာရက၊ အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင် စာအုပ်မှသာဖြစ်ပြီး၊ ခင်ချိုထွန်းစာပေမှဖြန့်ဝေ၍၊ ဘာသာရေး စာမူခွင့်ပြုချက် အမှတ် ၅၁/၉၇(၁) ဖြင့် ထုတ်ဝေထားသည်ဖြစ်သောကြောင့် အမှားအယွင်းအဖြစ်မှတ်ယူရန်ကား လုံးဝ မသင့်လျှော်ပါ http://ashinnanda.blogspot.com/

အခုရှင်ပေးတဲ့သက်သေအထောက်အထားကလဲအလိမ်ပါပဲရှင် .... ဆရာတော်နာမည်ကပါ အလိမ် ဖြစ်နေပါတယ် ....။

ချမ်းမြေ့ကြပါစေရှင် ....



No comments:

Post a Comment